← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉) - ယင်းဟွမ်ဟွမ်က ခင်ပွန်းအတွက် တကယ်ကို ကံကောင်းစေတဲ့ အဆောင်လေးပဲ(၁)

သူတို့၏ လက်များ ဆုပ်ကိုင်မိသွားသည့် အခိုက်အတန့်တွင် နှစ်ဦးစလုံးမှာ ဓာတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ရင်ခုန်နှုန်းများမှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။

“ဒီခံစားချက်မျိုး... မခံစားရတာ အတော်လေး ကြာခဲ့ပြီပဲ...”

သူမ၏ လက်လေးမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး အေးစက်နေကာ သူ၏ အရိုးများအထိ စိမ့်ဝင်သွားတော့မည့်အလား လန်းဆန်းအေးမြစေသော အရာလေး ဖြစ်လေသည်။

ထိုအချိန်တွင် ကောင်းကင်ယံမှ နေရောင်ခြည်က အလင်းတိုင်ကြီး တစ်ခုအလား ဖြာကျလာကာ သူတို့ နှစ်ဦးကို လွှမ်းခြုံထားခဲ့၏။

ဤမြင်ကွင်းမှာ အနည်းငယ် မျက်စိကျိန်းဖွယ် ကောင်းနေခဲ့သည်။

စည်ကားနေသော ရတနာရှာဖွေရေးလမ်းမကြီးပေါ်တွင် မရေမတွက်နိုင်သော အကြည့်များက သူတို့ နှစ်ဦးကို စောင့်ကြည့်နေကြလေသည်။

ပတ်ဝန်းကျင်ရှိ လူများမှာ ရှုပ်ထွေးသော ခံစားချက် မျိုးစုံ ရှိနေကြသော်လည်း ထိုအခိုက်အတန့်တွင် နှစ်ဦးလုံးမှာ အလွန် လိုက်ဖက်ညီသော စုံတွဲတစ်တွဲ ဖြစ်ကြောင်းကိုတော့ အားလုံးက ဝန်ခံရမည်သာ ဖြစ်သည်။

အချိန်အနည်းငယ်ကြာ ဆုပ်ကိုင်ထားပြီးနောက် လင်ချင်းကျူက သူမ၏ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။

ဝူယွမ်သည်လည်း ပတ်ဝန်းကျင်ရှိ အကြည့်များ ချက်ချင်းပင် ပူလောင်လာပြီး သူ့ကို အပေါက်ပေါင်းများစွာ ဖြစ်သွားအောင် ထိုးဖောက်တော့မည့်အလား ခံစားလိုက်ရ၏။

သေချာသည်ကတော့ မည်သည့်နေရာမှာပဲ ဖြစ်စေ လင်ချင်းကျူသည် အမြဲတစေ အတောက်ပဆုံးသူ ဖြစ်လေသည်။

လူအများအပြားက သူမကို စွဲလမ်းနေကြပြီး အချို့က အချိန်အတော်ကြာကတည်းက စွဲလမ်းနေခဲ့ကြကာ အချို့ကမူ မြင်မြင်ချင်း စွဲလမ်းသွားခဲ့ကြခြင်း ဖြစ်သည်။

ဤစွဲလမ်းမှုများအောက်တွင် ဝူယွမ်သည် သဘာဝကျကျပင် လူတိုင်း၏ မျက်စိဆံပင်မွေးစူးစရာ တစ်ခု ဖြစ်လာခဲ့လေတော့သည်။

“နတ်ဘုရားမလေးရဲ့ လက်ကို သူက တကယ်ကြီး ကိုင်လိုက်တာပဲ...”

ဤလူများသည် ဝူယွမ်၏ လက်ကို ဖြတ်ပစ်ချင်နေကြလေသည်။

သို့သော်ငြား စောစောက ဝူယွမ် လဲ့ချန်ကို အနိုင်ယူခဲ့စဉ်က ပြသခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကြောင့် သူတို့သည် စိတ်ကူးယဉ်ရုံသာ တတ်နိုင်ကြပြီး မည်သူကမျှ လက်တွေ့ အကောင်အထည်မဖော်ရဲကြပေ။

“ရှင် လုပ်နိုင်ခဲ့တာပဲ... အဲ့ဒီအချိန်တုန်းက ရှင့်ကို ကျွန်မ အထင်သေးမိခဲ့တာ...” လင်ချင်းကျူက ဝူယွမ်ကို ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။

“ကျွန်တော် တစ်ဝက်ပဲ လုပ်နိုင်သေးတာပါ... မပြီးသေးပါဘူး...”

ဝူယွမ်က ခေါင်းခါယမ်းလိုက်လေသည်။ သူ၏ စကားများတွင် လျှို့ဝှက် အဓိပ္ပာယ်တစ်ခု ပါဝင်နေ၏။

သူ၏ စွမ်းအားမှာ သူမကို အမီလိုက်နိုင်ပြီ ဖြစ်သော်လည်း သူသည် သူမကို မလိုက်နိုင်သေးကြောင်းကို လင်ချင်းကျူအား ပြောပြလိုခြင်း ဖြစ်သည်။

“ဟိဟိ... ဒါဆိုရင် ရှင် ကြိုးစားရဦးမှာပေါ့...”

လင်ချင်းကျူက ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်လေသည်။

သူမ ဆိုလိုသည်မှာ သူမကို ဝူယွမ် လိုက်ဖမ်းရန်အတွက် သူမက သဘောတူသော်လည်း လင်ချင်းကျူ ဖြစ်သော သူမကို လိုက်ဖမ်းနေသူများ အလွန်များပြားပြီး ဝူယွမ်၏ လက်ရှိ အဆင့်အတန်းဖြင့် ကိုးကောင်းကင် တိုင်ချင်းနန်းတော်သို့ လာရောက် တောင်းရမ်းရန် မလုံလောက်သေးကြောင်းပင်။

သူတို့ နှစ်ဦးကြားတွင် နားလည်မှု တစ်ခု ရှိနေပြီး အရာရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေရန် မလိုအပ်ပေ။

ပတ်ဝန်းကျင်ရှိ လူများမှာမူ လုံးဝ တွေဝေသွားကြသော်လည်း အရူးတစ်ယောက်ပင်လျှင် ထိုနှစ်ဦးကြားတွင် တစ်ခုခုတော့ သေချာပေါက် ရှိနေကြောင်းကို မြင်တွေ့နိုင်လေသည်။

“ဂိုဏ်းပြိုင်ပွဲမှာ စွမ်းဆောင်ရည် ကောင်းကောင်းပြသခဲ့ပါ... ရှင်က လဲ့ချန်ကို အနိုင်ယူနိုင်ပေမယ့် ယွမ်ဂိုဏ်းက ကိုင်တွယ်ရ မလွယ်ကူဘူး၊ ပြီးတော့ အခုဆို ရှင်က သူတို့နဲ့ ပြေလည်နိုင်မှာ မဟုတ်တဲ့ ပဋိပက္ခတစ်ခုထဲကို ရောက်နေလောက်ပြီ...”

လင်ချင်းကျူက တိုးတိုးလေး ပြောလိုက်လေသည်။ လူငယ်ယွမ်ဘုရင်၏ စွမ်းအားကို သူမ သေချာ မသိသေးသကဲ့သို့ ဝူယွမ်က သူ့ကို အနိုင်ယူနိုင်မည်လား ဆိုတာကိုလည်း သူမ မသိသေးပေ။

“စိတ်မပူပါနဲ့၊ သူတို့က ကျွန်တော့်အတွက် ခြိမ်းခြောက်မှု မဖြစ်စေနိုင်ပါဘူး... ဒီပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလာအောင် လုပ်နိုင်တဲ့သူဆိုလို့ နတ်မိမယ် ချင်းကျူ တစ်ယောက်ပဲ ရှိလောက်တယ်...”

ဝူယွမ်က အေးအေးဆေးဆေးပင် ပြုံးကာ သူမကို ကျီစယ်လိုက်လေသည်။

“ဂိုဏ်းပြိုင်ပွဲမှာ ရှင့်ရဲ့ စွမ်းဆောင်ရည်ကို အရင်ဆုံး စောင့်ကြည့်ရတာပေါ့...” လင်ချင်းကျူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဝူယွမ်နှင့် ဆက်လက် စကားမပြောရဲတော့ပေ။

ဝူယွမ်ထံတွင် ကျီစယ်သော စကားများ အလွန် များပြားလွန်းလှပြီး သူမသည် သူ၏ စည်းချက်ကို လုံးဝ လိုက်မမီနိုင်ပေ။

“ရွှစ်...”

လင်ချင်းကျူက ချက်ချင်းပင် လှည့်သွားပြီး သူမ၏ ကျောက်စိမ်းရောင် ခြေဖဝါးလေးများက ခပ်ဖွဖွ နင်းလိုက်ကာ ခြေဗလာလေးဖြင့် ကောင်းကင်ပြာ ကြာပန်းပေါ်သို့ နင်းလျက် သက်တံ အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

လင်ချင်းကျူ၏ ကျက်သရေရှိလှသော ပုံရိပ်လေးကို ကြည့်ရင်း ဝူယွမ်၏ မျက်နှာပေါ်တွင် ထူးခြားသော အပြုံးတစ်ခု ပေါ်လာခဲ့၏။

လင်ချင်းကျူ ထွက်ခွာသွားသည်နှင့် ဤဧရိယာရှိ အကြည့်များ အားလုံးမှာ ဝူယွမ်ထံသို့ ချက်ချင်းပင် စူးစိုက်ကျရောက်လာကြလေသည်။ စောစောက

စောစောက သူတို့ နှစ်ဦး၏ စကားပြောဆိုမှုက လူအများအပြားကို တွေဝေသွားစေခဲ့သော်လည်း အခြေအနေများအရ ဝူယွမ်နှင့် လင်ချင်းကျူတို့သည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း မဟုတ်ကြောင်းနှင့် သူတို့၏ စကားပြောဆိုမှုမှာလည်း သာမန် တွေ့ဆုံမှုတစ်ခုလို လုံးဝ မဟုတ်ကြောင်းကို ရှင်းလင်းစွာ သိရှိနိုင်ပေသည်။

“ညီငယ်ဝူယွမ်က လင်ချင်းကျူကို သိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး...”

ဝမ်ယန်မှာ အနည်းငယ် အံ့ဩသွားခဲ့လေသည်။

အဆင့်နိမ့် ပြည်ထောင်စုတစ်ခုမှ လာသော ဤညီငယ်သည် ဤကိုးကောင်းကင် နတ်သမီးလေးနှင့် မည်သို့ ပတ်သက်သွားခဲ့သနည်း ဆိုသည်ကို သူလည်း အလွန် သိချင်နေခဲ့၏။

ယင်းရှောင်ရှောင်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်ပြီး ဝူယွမ်၏ ကျောပြင်ကို မတတ်သာသည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ကာ သူမ၏ ဘေးတွင် ရုတ်တရက် အနည်းငယ် တိတ်ဆိတ်သွားသော ယင်းဟွမ်ဟွမ်ထံသို့ စိုးရိမ်တကြီးဖြင့် ခေါင်းလှည့်ကြည့်လိုက်လေသည်။

အစ်မ တစ်ယောက်အနေဖြင့် ညီမဖြစ်သူ၏ အတွေးလေးများကို သူမ၏ မျက်စိအောက်မှ မည်သို့ လွတ်ကင်းနိုင်မည်နည်း။

“ဒီရုတ်တရက် တိတ်ဆိတ်သွားပုံအရ သူမ သဝန်တိုနေတာ မဟုတ်ဘူးလား...”

လင်ချင်းကျူကဲ့သို့ အဘက်ဘက်မှ ထူးချွန်ပြောင်မြောက်သော အမျိုးသမီးတစ်ဦး၏ အရှေ့တွင် အမျိုးသမီး အများအပြားမှာ သိမ်ငယ်မှု၊ ရှုံးနိမ့်မှု ခံစားချက်မျိုးကို ခံစားရလောက်ပေသည်။

ထို့အပြင် ဝူယွမ်သည်လည်း အလွန် ထူးချွန်လှသည် မဟုတ်လော။ ကြည့်ရသည်မှာ သူမ၏ ညီမလေးက လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိပုံပင်။

“ညီမလေး နင်အဆင်ပြေရဲ့လား...”

ယင်းရှောင်ရှောင်က ယင်းဟွမ်ဟွမ်၏ ခေါင်းလေးပေါ်သို့ လက်ကို တင်လိုက်ပြီး သက်ပြင်းချကာ မေးလိုက်လေသည်။

ယင်းရှောင်ရှောင်၏ အကြည့်အောက်တွင် ယင်းဟွမ်ဟွမ်က သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ ထို့နောက် သူမ၏ နှုတ်ခမ်းလေးများက အပေါ်သို့ ကွေးတက်သွားခဲ့သည်။

သူမက ခေါင်း မော့လိုက်ပြီး မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် လင်ချင်းကျူ၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့သော နေရာဆီသို့ ကြည့်လိုက်ကာ ခေါင်းကို စောင်းလျက် ယင်းရှောင်ရှောင်ကို တိုးတိုးလေး ပြောလိုက်လေသည်။ “ငါ သူမထက် ပိုပြီး ထူးချွန်လာစေရမယ်...”

ယင်းရှောင်ရှောင်မှာ လန့်သွားခဲ့၏။ ဤအခိုက်အတန့်တွင် သူမက ဤမိန်းမပျိုလေး၏ တောက်ပပြီး လှပသော မျက်နှာလေးကို ကြည့်လိုက်လေသည်။

သူမ၏ မျက်ဝန်းများထဲတွင် ရေခဲပြာရောင် အမျှင်တန်းလေးများ ထွက်ပေါ်လာသကဲ့သို့ ရှိနေခဲ့၏။

ထိုအခိုက်အတန့်တွင် ယင်းရှောင်ရှောင်မှာ အနည်းငယ် တွေဝေသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ အရှေ့ရှိ မိန်းမပျိုလေးမှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသွင်ပြောင်းလဲမှု တစ်ခုကို အမှန်တကယ် ဖြတ်သန်းရမည့်ပုံ ရှိပြီး ထိုအချိန်ရောက်လာပါက သူမ၏ တောက်ပမှုမှာ လင်ချင်းကျူထက်ပင် ပို၍ မျက်စိကျဖွယ် ကောင်းလောက်မည်ဟု သူမ ထင်မှတ်နေမိလေသည်။

“အစ်မက နင့်ကို ယုံကြည်တယ်...”

သူမ၏ ညီမလေးမှာ စိတ်ပျက်အားငယ်မသွားရုံသာမက ပို၍ပင် ယုံကြည်မှု ရှိလာသည်ကို မြင်သောအခါ ယင်းရှောင်ရှောင်သည်လည်း အကြောင်းရင်း မသိဘဲ ဤအခိုက်အတန့်တွင် သူမအပေါ် အပြည့်အဝ ယုံကြည်မှု ရှိလာသကဲ့သို့ ခံစားလိုက်ရလေသည်။

ယင်းဟွမ်ဟွမ်က ချိုမြိန်စွာ ပြုံးလိုက်ရာ သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများထဲရှိ ရေခဲပြာရောင် အလင်းများမှာ သိမ်မွေ့စွာ ပြန်လည် ဆုတ်ခွာသွားခဲ့၏။

သို့သော်ငြား သူမကိုယ်တိုင်ပင် သတိမပြုမိလိုက်သည့် အရာမှာ မျက်ဆန်များ၏ အနက်ရှိုင်းဆုံး နေရာတွင် နက်မှောင်သော အရောင်များက ထိုရေခဲပြာရောင်နှင့် ဖြည်းညင်းစွာ ပေါင်းစပ်သွားခြင်းပင်။

အချစ်၏ လှုံ့ဆော်မှုနှင့် ပိုမိုထူးချွန်သော လင်ချင်းကျူတို့က ယင်းဟွမ်ဟွမ်၏ အရိုးများထဲမှ အနက်ရှိုင်းဆုံးနေရာရှိ မာနကို လောင်ကျွမ်းသွားစေခဲ့ပုံ ရလေသည်။

“ငါ မျက်စိကျနေတဲ့ ယောကျ်ားကို ဘယ်သူမှ လုယူသွားလို့ မရဘူး...”

ယင်းဟွမ်ဟွမ်ထံမှ မမြင်နိုင်လောက်အောင် သေးငယ်သော အပြောင်းအလဲမှာ အခြားသူများ၏ အာရုံကို မဖမ်းစားနိုင်ခဲ့သော်ငြား အပြစ်ရှိသလို ခံစားနေရသော ဝူယွမ်ကမူ ယင်းဟွမ်ဟွမ်ကို တိတ်တဆိတ် သတိထား စောင့်ကြည့်နေခဲ့ပြီး ဤအခိုက်အတန့်၌ ထိုမှေးမှိန်သော အပြောင်းအလဲလေးကို သူလည်း အာရုံခံမိလိုက်လေသည်။

“ဟွမ်ဟွမ်က သဝန်တိုနေတာလေ... ရေခဲသခင်မက အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ... ဘာလို့ လာပြီးဝင်ပါနေရတာလဲ...” ဝူယွမ်က သူ၏ ရင်ထဲမှ ညည်းတွားလိုက်လေသည်။

“မင်း သူမကို ဘယ်လို သိတာလဲ...” ဝမ်ယန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“လွန်ခဲ့တဲ့ ငါးနှစ်လောက်က မဟာယန် ပြည်ထောင်စုမှာ ငါတို့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြတယ်...” ဝူယွမ်က အနည်းငယ် အာရုံလွင့်နေဟန်ဖြင့် ပြုံးရင်း ခေါင်းခါယမ်းကာ ဖြေလိုက်လေသည်။

“တိုက်ပွဲ ဖြစ်တယ်လား...”

ဝမ်ယန်နှင့် အခြားသူများမှာ ပို၍ပင် တွေဝေသွားကြ၏။ ဘယ်လို တိုက်ပွဲမျိုးလဲ... ကြည့်ရတာ ပဋိပက္ခသိပ်များတဲ့ ဆက်ဆံရေးမျိုးနဲ့တော့ မတူပါဘူး...။

“အဲ့ဒီအချိန်တုန်းက ကျွန်တော့်ရဲ့ စွမ်းအားက အရမ်း အားနည်းနေသေးတာ... ရတနာ တစ်ခုအတွက် ကျွန်တော်တို့ တိုက်ခိုက်ခဲ့ကြပြီး ကျွန်တော်က သူမရဲ့ လက်ချက်နဲ့ သေလုနီးပါး ဖြစ်ခဲ့တာ...”

“ဒါပေမယ့် တိုက်ဆိုင်ချင်တော့ ကျွန်တော်က သူမကို ပြန်ကယ်ခဲ့ရတယ်လေ၊ ပြီးတော့ သူမက အဲ့ဒီရတနာရဲ့ တစ်ဝက်ကို ကျွန်တော့်ကို ဝေပေးခဲ့တာ... တိုက်ပွဲ ဖြစ်ပြီးမှ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်လို့ ပြောလို့ရတာပေါ့...”

ဝူယွမ်က ထိုသို့ ပြောလိုက်လေသည်။

သူပြောသည်မှာ အမှန်ပင် ဖြစ်သော်လည်း ရတနာကို ခွဲဝေယူခဲ့ကြသည့် နည်းလမ်းကိုတော့ အပြင်လူများကို ပြောပြရန် မသင့်တော်ပေ။

“သူမ အကြောင်းကို ဆက်မပြောကြတော့နဲ့၊ ဈေးဆက်ဝယ်ကြရအောင်...”

ဝူယွမ်က ဤကိစ္စအပေါ် များစွာ အာရုံမစိုက်တော့ဘဲ ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို ကြည့်ရှုရန် ပြင်ဆင်ရင်း လက်ကို ဝှေ့ယမ်းလိုက်လေသည်။

စောစောက သူတို့ တိုက်ခိုက်နေကြစဉ် ဟွမ်က သူ့အား ဆိုင်ခန်းတစ်ခုတွင် ပစ္စည်းကောင်း တစ်ခု ရှိနေကြောင်း ပြောပြထားခဲ့လေသည်။

“အဲ့ဒီမှာပဲ...”

ဟွမ်က သူ၏ အတွေးများကို ဝူယွမ်ထံသို့ ပေးပို့လိုက်၏။

ဟွမ် လမ်းညွှန်သည့်အတိုင်း ဝူယွမ်၏ အကြည့်များက မီးခိုးရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ရှိနေသော အပြာရောင်ကျောက်တုံး အလင်းတန်းအကာအကွယ် တစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။

ဤအချိန်တွင် ထိုအပြာရောင်ကျောက်တုံးပေါ်၌ အလင်းတန်းအစုအဝေး တစ်ဒါဇင်ကျော် ရှိနေပြီး အလင်းတန်း အစုအဝေး တစ်ခုချင်းစီ၏ အတွင်းမှ အားကောင်းသော လှိုင်းဂယက်များ ထွက်ပေါ်နေသဖြင့် အားမနည်းလှသော ဝိညာဉ်ရတနာ အချို့ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

“အဲဒီ ကြေးဝါအိုးကြီး...” ဟွမ်က ဝိညာဉ်စွမ်းအင်ဖြင့် သတင်းပို့လိုက်လေသည်။

အခန်း (၂၇၀) - ယင်းဟွမ်ဟွမ်က ခင်ပွန်းအတွက် တကယ်ကို ကံကောင်းစေတဲ့ အဆောင်လေးပဲ(၂)

ဝူယွမ်၏ အကြည့်များက ထောင့်တစ်နေရာသို့ ကျရောက်သွားရာ ထိုနေရာတွင် အနည်းငယ် မှေးမှိန်နေသော အလင်းတန်း အစုအဝေး တစ်ခု ရှိနေ၏။

ထိုအလင်းတန်း အစုအဝေး အတွင်းတွင် လက်ဖဝါးအရွယ်အစားခန့်ရှိသော ဟောင်းနွမ်းနေသည့် အနီရင့်ရောင် ကြေးဝါအိုး တစ်ခု ရှိနေလေသည်။

မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ဝူယွမ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့၏။ ဝူယွမ်၏ ယခင် စွမ်းဆောင်ရည်က သူ့ကို အနည်းငယ် စိုးရိမ်ပူပန်စေခဲ့သည်။

“သခင်လေး ဝူယွမ်... သဘောကျတဲ့ ရတနာလေးများ တွေ့လို့လား...” ဆိုင်ရှင်က ပြုံးရင်း မေးလိုက်လေသည်။

“ခင်ဗျားရဲ့ ပစ္စည်းတွေ အားလုံးက ကြည့်ကောင်းသားပဲ... ဈေးနှုန်းတွေက ဘယ်လိုရှိလဲ...”

ဝူယွမ်က ကြေးဝါအိုး အကြောင်းကို တိုက်ရိုက် မမေးဘဲ ပစ္စည်းတိုင်းကို မေးမြန်းလိုက်လေသည်။

သူ၏ ယခင် စွမ်းဆောင်ရည်မှာ ပေါ်လွင်လွန်းနေခဲ့ပြီး လူအများအပြား၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်နေခဲ့၏။

ယခု ပစ္စည်းများ ဝယ်ယူရာတွင် တစ်စုံတစ်ယောက်က သတိထားမိသွားပြီး သူ့နှင့် အပြိုင်အဆိုင် လုဝယ်မည်ကို သူ ကြောက်ရွံ့နေခဲ့သည်။

ဤနေရာရှိ လူများ အားလုံးမှာ ရက်စက်ကြမ်းကြုတ်သော သူများ ဖြစ်ကြလေသည်။

ကြေးဝါအိုးမှာ သာမန် ပစ္စည်းတစ်ခုနှင့် တူပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် မည်သည့် အခြေခံ စွမ်းအင် လှိုင်းဂယက်မျှ မရှိပေ။

၎င်းမှာ သာမန် မဟုတ်ကြောင်းကို မည်သူကမျှ သိနိုင်မည် မဟုတ်ဘဲ ဆိုင်ရှင်ကိုယ်တိုင်လည်း ဤကဲ့သို့ပင် ဖြစ်ကာ ၎င်းကို ရောင်းချခြင်းမှာ လောင်းကစား တစ်ခုပင် ဖြစ်လေသည်။

ဝူယွမ်က ပစ္စည်း အနည်းငယ်ကို ရွေးချယ်လိုက်ပြီး နောက်ဆုံးတွင် ၎င်းတို့ကို ကြေးဝါအိုးနှင့်အတူ ဝယ်ယူလိုက်လေသည်။

“ရှင်က ဒီပစ္စည်း နည်းနည်း‌လေးကို ဝယ်ဖို့အတွက် နိဗ္ဗာန်ဆေးလုံးတွေ အများကြီး သုံးလိုက်တာလား... အဲ့ဒီအထဲမှာ ပစ္စည်းကောင်းတွေများ ပါနေလို့လား...”

ယင်းဟွမ်ဟွမ်က ဝူယွမ်၏ နောက်သို့ လိုက်ပါရင်း သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“ဟဲဟဲ... နင် တစ်ယောက်ပဲ ဉာဏ်ကောင်းတယ်...”

ဝူယွမ်က ယင်းဟွမ်ဟွမ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

သူမသည် စောစောက လင်ချင်းကျူ၏ ကိစ္စကို လုံးဝ လျစ်လျူရှုထားပုံရပြီး လင်ချင်းကျူ အကြောင်းကိုလည်း မမေးဘဲ ဝူယွမ်နောက်သို့သာ လိုက်ပါကာ ပုံမှန်အတိုင်း စကားပြော ရယ်မောနေခဲ့လေသည်။

‘ဒီကောင်မလေးကလည်း အခုဆိုရင် သူမရဲ့ အတွေးတွေကို ဖုံးကွယ်တတ်နေပြီပဲ...’

သို့သော်ငြားလည်း ဝူယွမ်က နားလည်ထားလေသည်။ သူက ယင်းဟွမ်ဟွမ်၏ လက်မောင်းငယ်လေးကို တိုက်ရိုက် ဆွဲယူကာ တိုးတိုးလေး ပြောလိုက်၏။

“သွားကြစို့... အတွင်းထဲရောက်မှ ပြောကြတာပေါ့၊ အဲ့ဒါ ဘာလဲဆိုတာကို ငါလည်း မသိသေးဘူး... ဒါပေမယ့် ရတနာကောင်း တစ်ခု ဖြစ်တာတော့ သေချာတယ်၊ ဘယ်သူမှ မသိစေနဲ့...”

သူတို့ နှစ်ဦး အခန်းထဲသို့ ဝင်သွားကြပြီး တံခါးကို ချက်ချင်း ပိတ်လိုက်ကြလေသည်။

“အရမ်း လျှို့ဝှက်နေတာပဲ... ဘာမို့လို့လဲ...” ယင်းဟွမ်ဟွမ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

ဝူယွမ်က ကြေးဝါအိုးကို ထုတ်ယူလိုက်ပြီး ရယ်မောကာ ပြောဆိုလိုက်၏။

“ငါ့ရဲ့ ရတနာကြီးကို နင့်ကို ပြရတာပေါ့...”(အိုးနော်အိုး ရတနာအိုး👻)

“ဒါလေးပဲလား...” ယင်းဟွမ်ဟွမ်မှာ တွေဝေသွားမှန်း ထင်ရှားလှပေသည်။ ၎င်းမှာ အတော်လေး ကြီးမားသော်လည်း မည်သည့် ရတနာမျိုး ဖြစ်သည်ကို သူမ မခွဲခြားနိုင်ခဲ့ပေ။

“မလောပါနဲ့... တချို့ အရာတွေကို အပြင်ပန်း ကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရဘူးလေ...”

ဝူယွမ်က ဟောင်းနွမ်းနေပုံရသော ကြေးဝါအိုးကို သေချာစွာ အကဲခတ်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ အကြည့်များက ၎င်းအပေါ်တွင် အဆက်မပြတ် ဝေ့၀ဲနေခဲ့လေသည်။

“ဒီကြေးဝါအိုးက ရတနာတစ်ခုနဲ့ ဘယ်လိုလုပ် တူနေတာလဲ...”

ယင်းဟွမ်ဟွမ်က ဝူယွမ်အတိုင်း လိုက်ကြည့်ပြီး အကြိမ်ကြိမ် အကဲခတ်ကြည့်သော်လည်း ၎င်းမှာ သာမန်သာဖြစ်ပြီး အက်ကွဲနေသော ကြေးဝါအိုး တစ်ခုမျှသာ ဖြစ်သည်ဟု ခံစားနေရ၏။

ဟွမ်က ၎င်း၏ သာမန်မဟုတ်သော သဘောသဘာဝကို အာရုံခံမိသော်လည်း ဤအရာက အတိအကျ ဘာလဲဆိုတာကို သူ မသိခဲ့ပေ။

ဝူယွမ် ကိုယ်တိုင်သာလျှင် ၎င်းကို သုတေသန လုပ်နိုင်ပေသည်။

အချိန်အနည်းငယ်ကြာ အကဲခတ်ကြည့်ပြီးနောက် ဝူယွမ်သည် လှုပ်ရှားရန် ပြင်ဆင်လိုက်လေသည်။

ဇာတ်လမ်းကို သူ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး ၎င်းကို မြင်သောအခါ ကြေးဝါအိုး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်မည့် နည်းလမ်းကို သူ မှတ်မိသွားခဲ့၏။

သူ၏ ယခင်က မသိချင်ယောင်ဆောင်နေခြင်းမှာ ပုံမှန်အတိုင်း ဟန်ဆောင်မှု တစ်ခုမျှသာ ဖြစ်လေသည်။

သို့သော် ဟန်ဆောင်မှုကတော့ ဆက်လုပ်သွားရဦးမည် ဖြစ်သည်။

သူက ကြေးဝါအိုးပေါ်သို့ သွေးတစ်စက် အရင်ချလိုက်ပြီးနောက် ၎င်းကို ထုနှက်ကာ ရေလောင်းချလိုက်သော်လည်း ကြေးဝါအိုးမှာ ပြောင်းလဲခြင်း မရှိပေ။

ယင်းဟွမ်ဟွမ်က ဝူယွမ် အချိန်အတော်ကြာ လှည့်ပတ် ကစားနေသော်လည်း ဘာမှ ဖြစ်မလာသည်ကို ကြည့်ရင်း ခေါင်းကို ကုတ်ကာ ပြောလိုက်လေသည်။

“မီးနဲ့စမ်းကြည့်ပါလား၊...”

‘မင်း အဲ့ဒီလို ပြောလာမယ့်အချိန်ကို ငါက စောင့်နေခဲ့တာ...’

“ဟုတ်တာပေါ့... ငါက ဘာလို့ မီးကို အသုံးမပြုခဲ့ရတာလဲ၊ ဒါက ကြေးဝါအိုးဆိုတော့ မီးနဲ့ဆိုရင် အသုံးဝင်မှာ သေချာတယ်...”

ဝူယွမ်က စိတ်လှုပ်ရှားဟန်ဆောင်ကာ ပြောလိုက်ပြီးနောက် ယင်းဟွမ်ဟွမ်၏ နဖူးလေးကို ရုတ်တရက် ခပ်ဖွဖွ နမ်းလိုက်လေသည်။

“အို... ဟွမ်ဟွမ်လေးက အရမ်းဉာဏ်ကောင်းတာပဲ...”

ထို့နောက် သူက ကြေးဝါအိုးကို လေးနက်သော အမူအရာဖြင့် ကောက်ကိုင်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် လေထဲတွင် ပျံဝဲနေစေကာ ကြေးဝါအိုးကို လွှမ်းခြုံရန် နှလုံးကြွေမီးတောက်ကို ထုတ်လွှတ်လိုက်လေသည်။

ယင်းဟွမ်ဟွမ်မှာ ဝူယွမ်၏ ခိုးကြောင်ခိုးဝှက် အနမ်းကြောင့် တွေဝေပြီး ပျော်ရွှင်နေဆဲဖြစ်ကာ ဝူယွမ်က ကြေးဝါအိုးကို အာရုံစိုက်ကာ အလုပ်လုပ်နေသည်ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်ရင်း သူမ၏ ဖြူဖွေးသော နဖူးလေးကို ရှက်ရွံ့စွာဖြင့် ကိုင်တွယ်နေခဲ့၏။

မီးတောက်များက ကြေးဝါအိုးကို လွှမ်းခြုံသွားသည်နှင့်အမျှ အနီရင့်ရောင် ကြေးနီအရည်များ ပိုမိုထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးတွင် ကြေးဝါအိုးမှာ လုံးဝ လောင်ကျွမ်းသွားပြီး ဖြည်းညင်းစွာ စီးဆင်းနေသော အနီရင့်ရောင် ကြေးနီအရည်များသာ ကျန်ရစ်ခဲ့လေတော့သည်။

ထို့နောက် ကြေးနီအရည်များ စီးဆင်းနေစဉ် ရုတ်တရက် ၎င်းထံမှ အနီရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လေထုထဲ၌ အချင်းချင်း ယှက်နွယ်သွားကြလေသည်။

ယင်းဟွမ်ဟွမ် အာရုံစိုက်မိသွားခဲ့၏။ “တကယ်ကြီး အလုပ်ဖြစ်တာပဲ...”

သူမ အံ့ဩတကြီးဖြင့် ပြောလိုက်လေသည်။

သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်သော နည်းလမ်းက အမှန်တစ်ကယ် အလုပ်ဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။

‘ငါက တကယ်ကို ခင်ပွန်းသည်အတွက် ကံကောင်းစေတဲ့ အဆောင်လေးပဲ...’

အခန်း၏ အလယ်ဗဟိုတွင် အချင်းချင်း ယှက်နွယ်နေသော အနီရင့်ရောင် မျဉ်းကြောင်းများကို နှစ်ဦးစလုံးက ဝမ်းသာအံ့ဩစွာဖြင့် ကြည့်လိုက်ကြလေသည်။

“မဖျက်ဆီးဘဲနဲ့ ဘာကိုမှ တည်ဆောက်လို့ မရဘူး... ဒီအရာရဲ့ ပုံစံအစစ်အမှန် ဖော်ထုတ်ဖို့အတွက် အရင်ဆုံး အဲ့တာကို ဖျက်ဆီးပစ်ဖို့ လိုမယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူး... အဲ့ဒီ ဆိုင်ရှင် မသိခဲ့တာလည်း အံ့ဩစရာ မဟုတ်ပါဘူး၊ ဘယ်သူက ဒါကို မီးရှို့ပစ်ဖို့ ဆန္ဒရှိမှာလဲ...” ဝူယွမ်က တီးတိုးရေရွတ်လိုက်လေသည်။

“ဟွမ်ဟွမ်က အံ့ဩစရာကောင်းတုန်းပဲ... နင်က တကယ်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ...”

ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ခေါင်းကို အမြန် တွန်းဖယ်လိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်သွားကာ ပြောလိုက်လေသည်။

“ရပ်လိုက်... ကျွန်မအနားကို မကပ်နဲ့၊ ရှင်စိတ်လှုပ်ရှားရင်လည်း လှုပ်ရှားပေါ့... ကျွန်မကို လာလာမနမ်းနဲ့...”

ဝူယွမ်က ပြန်ပြောလိုက်၏။ “ဟူး... ငါက ကျေးဇူးတင်ကြောင်း ပြသနေတာ မဟုတ်ဘူးလား...”

ယင်းဟွမ်ဟွမ်က ပြန်ဖြေလိုက်လေသည်။ “လုံးဝ မလိုပါဘူးနော်...”

“ကောင်းပြီ... ဒီအရာက ဘာလဲဆိုတာကို အရင် ကြည့်ကြတာပေါ့...”

သံသယ အနည်းငယ်ဖြင့် သူတို့နှစ်ဦးသည် လေထုထဲတွင် ယှက်နွယ်နေသော မျဉ်းကြောင်းများကို စိုက်ကြည့်နေကြလေသည်။

ထိုမျဉ်းကြောင်းများက အချင်းချင်း ရစ်ပတ်သွားကြပြီး နောက်ဆုံးတွင် ထူးဆန်းသော လမ်းကြောင်း ပုံစံအချို့ကို ဖန်တီးလိုက်ပုံ ရလေသည်။ ၎င်းမှာ မြေပုံတစ်ခုနှင့် တူသည်...။

ဝူယွမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် သူ၏ စိတ်အာရုံက လှုပ်ရှားသွားကာ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ထိုပုံစံများနှင့် မျဉ်းကြောင်းများ အားလုံးကို ကူးယူလိုက်ကာ နီ၀မ်နယ်ပယ်အတွင်း သိမ်းဆည်းလိုက်လေသည်။

ဝူယွမ်၏ ကူးယူခြင်း ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ထိုအနီရင့်ရောင် မျဉ်းကြောင်းများမှာ စတင် ကျုံ့ဝင်လာပြီး နောက်ဆုံးတွင် သူ၏ အကြည့်အောက်၌ လက်ဖဝါး တစ်ဝက်ခန့် အရွယ်အစားရှိသော အနီရင့်ရောင် အလင်းတန်း ကတ်ပြားတစ်ခုအဖြစ်သို့ စုစည်းသွားလေတော့သည်။

သူ လက်ကို ဆန့်တန်းလိုက်ရာ အနီရင့်ရောင် အလင်းတန်း ကတ်ပြားမှာ သူ၏ လက်ဖဝါးထဲသို့ ကျဆင်းလာခဲ့၏။

တစ်ချက် ကြည့်လိုက်ရုံဖြင့် အလင်းတန်း ကတ်ပြားပေါ်တွင် လည်ပတ်နေသော မီးတောက်ပုံစံများကို မြင်တွေ့နိုင်ပြီး ထိုပုံစံများ၏ အထက်တွင် အလွန်အမင်း ရှေးကျသော မီးတောက်အက္ခရာ လေးခုကို ခပ်ရေးရေး မြင်တွေ့နိုင်လေသည်။

“လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်...”

“ငါ နောက်ထပ် စာရင်းသွင်းရမယ့် နေရာပဲ...” ဝူယွမ်က စိတ်ထဲ၌ တိတ်တဆိတ် တွေးလိုက်လေသည်။

“အို... တခြား တန်ဖိုးရှိတာ တစ်ခုခုများလားလို့ ငါ ထင်နေတာ...”

သို့သော် ယင်းဟွမ်ဟွမ်က သက်ပြင်းချလိုက်လေသည်။

“ဘာဖြစ်လို့လဲ...” ဝူယွမ်က သူမကို မေးလိုက်၏။

ယင်းဟွမ်ဟွမ်က ဖြေကြားလိုက်လေသည်။ “ကမ္ဘာခြားနတ်ဆိုး နယ်မြေထဲမှာ ရှေးဟောင်း ရတနာသိုက်တွေ အများကြီး ရှိတယ်... အဲ့ဒီအထဲမှာ လောင်ကျွမ်းခြင်း ကောင်းကင် ရှေးဟောင်းရတနာသိုက်က အကျော်ကြားဆုံးတွေထဲက တစ်ခုပဲ”

ဒီမြေပုံက သိပ်ပြီး တန်ဖိုးမရှိဘူး... ဘာလို့လဲဆိုတော့ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်ရဲ့ တည်နေရာကို လူအများကြီးက သိထားပြီးသားလေ... စူပါဂိုဏ်းကြီး ရှစ်ခုက လူတွေအားလုံး အခြေခံအားဖြင့် သိကြတယ်...”

“ဒါပေမယ့် တည်နေရာကို သိတာက တစ်ပိုင်းပေါ့... ဒီနေ့အထိ ဘယ်သူမှ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်ကို အောင်အောင်မြင်မြင် မဖွင့်နိုင်သေးဘူး...”

“ယွမ်ဂိုဏ်းကလည်း အဲ့ဒါကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့တာ၊ ဒါပေမယ့် သူတို့သူတို့လည်း မဖွင့်နိုင်သေးဘူး...”

“အဲ့ဒါကြောင့်မို့လို့ ဒါက ကြက်ဥနဲ့ ကြက်မ ဘယ်သူက အရင်ဖြစ်တာလဲ ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့... ဒါပေမယ့် ဒီအရာက ဘာအတွက် အသုံးဝင်တာလဲ...”

ဝူယွမ်က အနီရင့်ရောင် အလင်းတန်း ကတ်ပြားကို ကြည့်ရင်း ပြောလိုက်လေသည်။

သူက လက်ထဲရှိ အလင်းတန်း ကတ်ပြားကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။

“ဒီအရာမှာ အထူး လုပ်ဆောင်ချက် တစ်ခုခုတော့ သေချာပေါက် ရှိရမယ်... မဟုတ်ရင် ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားမှာ မဟုတ်ဘူး...”

ဤစကားကို ကြားသောအခါ ယင်းဟွမ်ဟွမ်၏ မျက်လုံးများလည်း လင်းလက်သွားခဲ့လေသည်။ “ဒါက ရတနာသိုက်ကို ဖွင့်ဖို့ သော့များ ဖြစ်နေမလား...”

တွေးကြည့်မည်ဆိုလျှင် ယင်းမှာ အမှန်တကယ် ဖြစ်နိုင်ချေ ရှိလေသည်။

ရတနာများကို ဖွင့်ရန်အတွက် အမျိုးမျိုးသော ထူးဆန်းသည့် အမှတ်အသားများကို ဝူယွမ် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။

“ငါတို့ အတွင်းထဲကို ဝင်သွားပြီးတာနဲ့ အတူတူ စမ်းကြည့်ပြီး ရှာဖွေကြတာပေါ့...”

“တကယ်လို့ အဲ့ဒါက လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်ရဲ့ သော့သာ တကယ်ဖြစ်နေရင်တော့ အရမ်းကောင်းမှာပဲ... အင်း... ငါ့ကို အနမ်းလေး တစ်ပွင့်ပေး...”

“ဟွန့်...”

... ဂိုဏ်းအသီးသီးမှ လူများ ကမ္ဘာခြားနတ်ဆိုးမြို့တော်သို့ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာကြသည်နှင့်အမျှ မြို့တော်မှာ ပိုမို၍ စည်ကားလာခဲ့လေသည်။

သုံးရက် ဆိုသော အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့၏။

ကမ္ဘာခြားနတ်ဆိုး မြို့တော် တစ်ခုလုံးမှာ လုံးဝကို ဆူညံပွက်လောရိုက်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ကောင်းကင်ယံ အထက်တွင် လေထုကို ခွင်းလာသော စူးရှသည့် အသံများမှာ လုံးဝ မရပ်တန့်တော့ပေ။

လူရိပ်များသည် ကျိုင်းကောင်များအလား ကောင်းကင်သို့ ပျံတက်သွားကြပြီး ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်း ဝင်ရောက်မည့် နေရာဆီသို့ အလျင်စလို သွားရောက်နေကြလေသည်။

စူပါဂိုဏ်းကြီးအားလုံးမှ တပည့်များမှာ ထိုနေရာတွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

ဂိုဏ်းပြိုင်ပွဲကြီးသည် နောက်ဆုံးတွင် တရားဝင် စတင်တော့မည် ဖြစ်ပေသည်။

All Chapters