← Chapters

ခင်ဗျားတို့ကို ကျုပ် ရပ်တန့်ပစ်မယ်

Vol. 10 Ch. 998

ခင်ဗျားတို့ကို ကျုပ် ရပ်တန့်ပစ်မယ်

Vol. 10 Ch. 998

ဘေးနားရှိ ပိုင်ကျိမ်းထျန်မှာ ခဲယဥ်းစွာ အသက်ရှူနေပြီး ပိုင်ရှောင်ချန်းကို လှမ်းကြည့်နေ၏။ ပိုင်ရှောင်ချန်း၏ ရိုးရှင်းသော လက်တစ်ချောင်း ဝှေ့ယမ်းမှုလေးက သူ့အား မည်သို့ဖြစ်ပျက်စေခဲ့သည်ကို တွေးလိုက်ရုံနှင့် သူ၏နှလုံးသားမှာ လေးလံကာ တုန်ယင်လာတော့သည်။

ပိုင်ရှောင်ချန်းက လျစ်လျူရှုနေသည်ကို မြင်သောအခါ ချိန်ဟဲ့ထျန်မှာ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ပြောသည်။

“ ဒီစစ်ပွဲကို မင်း မရပ်နိုင်ဘူး ပိုင်ရှောင်ချန်း။ ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်တဲ့ အကျိုးဆက်တွေကို မင်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး "

ပိုင်ရှောင်ချန်းက သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။

“ ခင်ဗျား မသေချင်ရင်... ပါးစပ်ပိတ်ထား "

ပိုင်ရှောင်ချန်း၏အကြည့်က ချိန်ဟဲ့ထျန်ကို ကြောက်လန့်တုန်ရီသွားစေ၏။ ချိန်ဟဲ့ထျန်မှာ ဒေါသထွက်နေသည့်တိုင် စကားဆက်မပြောရဲတော့ပေ။ ထို့အပြင် သူ စကားပြောလိုက်သည်က အတော်လေးစိတ်လိုက်မာန်ပါဖြစ်သွားခဲ့ကြောင်း သဘောပေါက်လိုက်သည်။ ပိုင်ရှောင်ချန်းသည် သေချာပေါက် သူ ထိနိုင်သည့် လူစားမျိုးမဟုတ်ပေ။

ပိုင်ရှောင်ချန်းက ဒေါသူပုန်ထနေသော ချိန်ဟဲ့ထျန်ကို လျစ်လျူရှု၍ သခင်မလေးဟုန်ချိန်ကို ထပ်မံ ကောက်ပွေ့လိုက်ပြီးနောက် သူမကို စုန့်ကျင်းဝမ်ဆီ လွှဲပေးလိုက်သည်။

" ဝမ်အာ၊ ကျစ်မိုကို ကိုယ့်အတွက် ဂရုစိုက်ပေးပါ။ ဒီက ကိစ္စတွေအားလုံး ပြီးရင် ကိုယ်ရှင်းပြပါ့မယ် " ထို့နောက် ပိုင်ရှောင်ချန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကောင်းကင်ယံတွင် သရဲကြီးဘုရင်သည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးအား တိုက်ခိုက်နေ၏။ သူတို့နှစ်ယောက်လုံး ပိုင်ရှောင်ချန်း ရောက်လာခဲ့သည်ကို သတိထားမိသော်လည်း သူ့ကို အာရုံစိုက်ရန် အချိန်မရှိပေ။ အနည်းငယ်မျှ အာရုံပျံ့လွင့်သွားသည်နှင့် ဆိုးရွားသောအကျိုးဆက်များကို ဦးတည်သွားစေနိုင်ကြောင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်လုံးသိကြသည်။

ယခုအချိန်တွင် ပိုင်ရှောင်ချန်းသည် စစ်ပွဲအားမည်သို့ရပ်တန့်ရန်နှင့်ပတ်သက်သော အကြံတစ်ခုအား စဥ်းစားထားပြီးဖြစ်သော်လည်း အောင်မြင်နိုင်မည်နှင့်ပတ်သက်၍မူ အကြွင်းမဲ့ မယုံကြည်နိုင်ပေ။

ကောင်းကင်ဧကရာဇ်ဖြစ်စေ၊ သချိုင်းစောင့်ကြီးဖြစ်စေ သူတို့ကို သူ၏အမြင်အား သဘောတူလာစေရန် နားချဖျောင်းဖျသည်မှတစ်ပါး တခြားမလုပ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းကို တိုက်ပွဲတွင် ပါဝင်ခွင့်မပေးနိုင်ပေ။ ထို့အပြင် ပထမဦးစွာ တိုက်ပွဲကို ချက်ချင်းရပ်တန့်စေရန် လိုအပ်သည်။

" အားလုံး အတိုက်အခိုက် ရပ်ကြ "

သူက ကျယ်လောင်စွာ ပြော၏။ သူ၏အသံသည် မိုးခြိမ်းသံများ ကုဋေပေါ်ကုဋေဆင့်၍ မြည်ဟည်းသွားသည့်အလား ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာ စုပေါင်း အော်ဟစ်နေသည့်အလား စစ်မြေပြင်တစ်ခွင် သူ၏လေသံကြီး ပဲ့တင်ထပ်နေတော့သည်။

"အတိုက်အခိုက် ရပ်ကြ "

" အတိုက်အခိုက် ရပ်ကြ "

" အတိုက်အခိုက် ရပ်ကြ "

တိုက်ပွဲနှစ်ဖက်ရှိ ကျင့်ကြံသူများမှာ အလွန်တရာတုန်လှုပ်သွားကြပြီး ထိုစကားလုံးများထဲတွင် ကောင်းကင်ဘုံကို ကျော်လွန်နေသည့် အငွေ့အသက်များအား အာရုံရလိုက်ကြသည်။ ချက်ချင်းပင် သူတို့သည် တုံ့ခနဲရပ်သွားကာ သူတို့ကြားလိုက်သည့် စကားလုံးများအား နာခံရန် ဖိအားပေးခံလိုက်ကြရသည်။

သို့သော် လူတိုင်းအား အတင်းအကြပ် အတိုက်အခိုက် ရပ်စဲလိုက်ပြီးနောက်မှာပင် ပိုင်ရှောင်ချန်း၏ရင်မှာ ဗြောင်းဆန်နေသေးသည်။ တိုက်ပွဲ၏ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ အောက်ဖက်စစ်မြေပြင်ပေါ်က မဟုတ်သလို နတ်အဆင့်ကျင့်ကြံသူများကြားက ရန်ပွဲလည်း မဟုတ်ကြောင်း သူသိသည်။ အရေးအကြီးဆုံးတိုက်ပွဲကား အပေါ်က နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်အကြားတိုက်ပွဲ ဖြစ်သည်။

" သရဲကြီး မိတ်ဆွေကြီး၊ ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး။ ကျုပ်စကား ခဏလောက်နားထောင်ပါ။ အတိုက်အခိုက်ရပ်ပါတော့ "

သူ့အသံကို အလျင်လိုမှုများက တွန်းအားပေးလိုက်ရာ လေပြင်းတစ်ချက်တိုက်ခတ်လိုက်သည့်အလား ကောင်းကင်ယံထိ မြင့်တက်သွားသည်။ အစောပိုင်းက သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့သည် ပိုင်ရှောင်ချန်း၏စွမ်းအားအနည်းငယ်ကို အာရုံခံမိခဲ့ကြပြီး သူက လူတိုင်းအား အတိုက်အခိုက် မည်သို့ရပ်တန့်သွားစေခဲ့သည်ကိုလည်း သတိထားမိခဲ့ကြသည်။ သို့သော် ယခုတွင် သူတို့နားဖြင့် သူ့အသံကို ကြားလိုက်ကြရာ ထိုလေသံထဲရှိ စူးရှပြတ်သားခြင်းကို အာရုံခံမိလိုက်ကြရာ နှစ်ဦးသား တအံ့တဩဖြစ်ကာ ပင့်သက်ရှိုက်သွားကြသည်။

သို့သော် သူတို့က တိုက်ခိုက်ရာတွင် မည်မျှစိတ်နှစ်ထားသည်ကို ထည့်တွက်ကြည့်ပါက သတိလက်လွတ်မပြုမူနိုင်ပေ။ သရဲကြီးဘုရင်က သူ၏ဧရာမသရဲလက်ကြီးအသွင်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းနေစဥ် ဖြစ်သည်။ ထိုသို့ဝှေ့ယမ်းလိုက်သဖြင့် လက်ကြီးသည် အနက်ရောင်မီးခိုးများအဖြစ် ပြိုကွဲသွားပြီးနောက် ပို၍ကြီးမားသော သီးခြားလက်ကြီးအဖြစ်ပြန်လည်ဖြစ်တည်လာကာ ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးထံ တဟုန်ထိုးပြေးဝင်သွားလေသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက သူ၏ကျန်ရှိသောလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်တွင် သူ့အား ကြယ်တာရာကောင်းကင်ကြီးကို ထမ်းထားသည့်ပုံပေါ်သွားစေသည့် ပုံရိပ်ယောင်ကြယ်တာရာမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများတောက်လောင်နေလျက် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီးနောက် လက်ညှိုးထိုးလိုက်ကာ သူ၏နောက်မှ မရေမတွက်နိုင်သော ကြယ်တာရာများအား သရဲကြီးဘုရင်ထံ ပြေးဝင်သွားစေလိုက်သည်။

သူတို့က ဆက်၍ တိုက်ခိုက်နေကြသည်ကို ပိုင်ရှောင်ချန်း မြင်သောအခါ သူ၏မျက်လုံးများ စူးရှသွားပြီး ဒေါသများ ဆူပွက်လာ၏။ သူက အသက်ကိုအောင့်၍ လေထဲ တဟုန်ထိုး ခုန်တက်လိုက်သည်။

ထို့နောက် သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန် ထုတ်ဖော်လိုက်ရာ နတ်အဆင့်မဟာစက်ဝန်း၏ အခိုးအငွေ့များ တလိပ်လိပ်ထွက်လာတော့သည်။ တချိန်တည်းမှာပင် သူ၏အပြင်အားများ သက်ဝင်လှုပ်ရှားလာကာ သူ၏ချီနှင့်သွေးများက ကျင့်ကြံခြင်းအခြေခံနှင့်ပေါင်းစပ်သွားပြီး နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ထက်သာလွန်သော စွမ်းအားထွက်ပေါ်လာတော့သည်။ ၎င်းသည်ကား... နတ်ဘုရားတစ်ပိုင်းအဆင့်စွမ်းအားပင်။

ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဟု မဆိုနိုင်သော်လည်း အတိုက်ခိုက်စွမ်းရည်အရ ထိုသည်နှင့် မကွဲပြားတော့ပေ။

သူက ကြယ်တစ်စင်းအလား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ တိုက်ခိုက်နေသည့်နေရာသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

အောက်ဖက်ရှိ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှ အခြားလူများမှာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။ သူတို့အားလုံးသည် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းများအကြား ပိုင်ရှောင်ချန်း အပြေးအလွှားဝင်ရပ်ခဲ့သည့် မြင်ကွင်းကို ပြန်တွေးနေကြတော့သည်။

" သူ ထပ်လုပ်နိုင်မလား ... "

စိတ်စွမ်းအင် ခေါင်းဆောင်ကြီးက ခပ်တိုးတိုးရေရွတ်လိုက်သည်။ စစ်မြေပြင်ပေါ်ရှိ လူတိုင်း မည်မျှပင်ပန်းနွမ်းနယ်နေကြောင်း စဥ်းစားကြည့်ပါက တိုက်ပွဲသာ အမှန်တကယ် ရပ်စဲသွားခဲ့လျှင် ၄င်းမှာ ကောင်းကင်တံတားကျင့်ကြံသူများနှင့် မြေရိုင်းသားများအတွက် ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ်ပေမည်။

အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူများသာ ထိုသို့ခံစားရခြင်းမဟုတ်။ ပိုင်ရှောင်ချန်း၏ အော်ဟစ်သံကြောင့် တိုက်ပွဲခေတ္တခဏရပ်စဲသွားပြီးနောက် ယခုအခါ အောက်ဖက်ရှိ ကျင့်ကြံသူများအားလုံး မျှော်လင့်ချက်အပြည့်ဖြင့် ကောင်းကင်ကို မော့ကြည့်နေကြလေသည်။

ပိုင်ရှောင်ချန်းက မီးလုံးကြီးတစ်လုံးပမာ လှိုင်းဂယက်များခြံရံလျက် ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားသည်။

" လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်း "

သူက ကောင်းကင်ယံသို့ ပျံတက်သွားရင်း ကြီးသထက် ကြီးလာ၏။

မီတာ ၆၀ အမြင့်။ မီတာ ၉၀ ။ မီတာ ၁၂၀...

သူ၏အရပ်မြင့်မားလာစဥ် သူ၏ခန္ဓာကိုယ်သည် ကြွက်သားအစိုင်အခဲများဖြင့် ပြည့်နှက်လာပြီး သူက ပြင်းထန်သောစွမ်းအင်တစ်ခု ထုတ်လွှတ်လိုက်သည်။ လူတိုင်း ကြည့်နေချိန်မှာပင် သူသည် မီတာ ၂၁၀ အမြင့် ရောက်ရှိသွား၏။

" ရှစ်ကြိမ်မြောက် လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်း "

သူက အော်ဟစ်လိုက်ရာ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များဖြင့် မီတာ ၂၄၀ အမြင့်တိုင်အောင် ဆက်လက်ကြီးထွားလာသည်။

မီတာ ၂၇၀...၊ မီတာ ၃၀၀...၊ မီတာ ၃၃၀...

ဤမျှနှင့်မပြီးသေးပေ။ မီတာ ၃၆၀၊ မီတာ ၃၉၀...

သူသည် သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့ တိုက်ခိုက်နေသည့်နေရာသို့ ရောက်သည့်အချိန်မှာ လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားလေပြီ။

" ဆယ့်တစ်ကြိမ်မြောက် ပြောင်းလဲခြင်း "

အလွန်ကျယ်လောင်လွန်းလှ၍ ကောင်းကင်နှင့်မြေကြီးကို အဆုံးသတ်နိုင်ဟန်တူသည့် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် မီတာ ၅၁၀ မြင့်မားပြီး လူသားမျိုးနွယ်တစ်စုလုံး၏ ဘိုးလေးကြီးနှင့် အမှန်အကန် ဆင်တူနေတော့သည်။

လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်းတစ်ခုစီသည် လူတစ်ယောက်၏ အရပ်အမြင့်ကို မီတာ ၃၀အားဖြင့် တိုးစေသည်။ ထို့ကြောင့် ပုံမှန်ဆိုလျှင် ဆယ့်တစ်ကြိမ်မြောက်ပြောင်းလဲခြင်းက ကျင့်ကြံသူတစ်ယောက်ကို မီတာ ၃၃၀ အမြင့်ထံ တွန်းပို့ပေးမည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းက နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်ကို ကျင့်ကြံခဲ့သောကြောင့် သူ၏မျက်လုံးတစ်ဖက်စီသည် နောက်ထပ်သုံးကြိမ်ပြောင်းလဲခြင်း၏ စွမ်းအားကို ထည့်ပေါင်းပေး၏။ ယင်းသို့ ခြောက်ကြိမ်ပြောင်းလဲခြင်း၏ စွမ်းအားကို ထည့်ပေါင်းခြင်းဖြင့် သူသည် မီတာ ၅၁၀ အမြင့်သို့ တိုးပို့ခံလိုက်ရတော့သည်။

သူ၏ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုး မြင့်တက်သွားပြီး သူ၏အပြင်အားက အကန့်အသတ်မရှိသော သွေးရောင်အလင်းများကို အဝတ်အစားသဖွယ် သူ့ကို ဝန်းရံသွားစေသည်။ မည်သည့်ရှု့ထောင့်မှကြည့်သည်ဖြစ်စေ သူ့အသွင်က လွန်စွာထင်းလင်းမြင်သာနေတော့သည်။

ထို့အပြင် တစ်ကမ္ဘာလုံး စတင်တုန်ခါလာပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများသာ အာရုံရနိုင်သော စွမ်းအင်အသစ်တစ်ခု ပေါ်ပေါက်လာ၏။ ၄င်းသည်ကား... တစ်ကမ္ဘာလုံးက ပိုင်ရှောင်ချန်းကို အသိအမှတ်ပြုသည့်အလား။

ယင်းမှာ ယခင်က သချိုင်းစောင့်ကြီး၊ ငရဲဧကရာဇ် နှင့် ကောင်းကင်ဧကရာဇ်တို့သာ အာဏာကိုင်စွဲနိုင်ခဲ့သော... ကမ္ဘာစွမ်းအားဖြစ်ပေသည်။

ပိုင်ရှောင်ချန်းက မည်သည့်နတ်ဘုရားစွမ်းရည်ကိုမှ ဂရုမစိုက်ဘဲ သူ့တို့နှစ်ယောက်အကြား ပြေးဝင်လာသည့်အတွက် သရဲကြီးဘုရင်မှာ မျက်နှာပျက်သွားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးမှာ လုံးဝမယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။

" တိုက်ခိုက်နေတာ ရပ်တော့ "

ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်၏။ သူ၏ဘိုးဘေးအသွင်ပြောင်းလဲခြင်းကြောင့် သူသည် လုံးဝရက်စက်ကြမ်းကြုတ်သည့်ပုံပေါက်နေ၏။ သူ၏မျက်နှာကြီးက အကျည်းတန်စွာ ရှုံ့မဲ့နေပြီး ညာလက်ကို လက်သီးအသွင်ဆုပ်ကာ ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ နတ်ဘုရားသိုင်းဖြစ်သော ကြယ်တာရာကောင်းကင်ကြီးကို ထိုးချလိုက်သည်။

သူ၏လက်သီးကြီးက မရေမတွက်နိုင်သော ကြယ်တာရာများကို ထိမှန်ကာ အဝေးသို့လည်ထွက်သွားစေသည်ဖြစ်၍ နားကွဲလုမတတ် အသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ တိုက်ကွက်အင်အားကြောင့် တုန်ရီသွား၏။ သူရင်ဆိုင်နေရသည်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။ သို့သော် သူ့ထာဝရသွေး၏ ပြန်လည်ကောင်းမွန်ခြင်းစွမ်းအားကြောင့် သူ၏ အထွတ်အထိပ်အဆင့်သို့ ပြန်ရောက်ရန် အသက်တစ်ရှိုက်သာ ကြာလိုက်သည်။

"ကျုပ် ရပ်လို့ ပြောနေတယ် "

သူက ဘယ်လက်ကို လက်သီးဆုပ်၍ သရဲကြီးဘုရင်ထံမှ လာနေသော အနက်ရောင်မီးခိုးလက်ကြီးထံ ထိုးသွင်းလိုက်သည်။

လေပြင်းများ တဝေါဝေါတိုက်ခတ်သွားပြီး အနက်ရောင်မီးခိုးလက်ကြီးမှာ အစိတ်စိတ်အမြွှာမြွာကွဲထွက်သွားတော့သည်။

သို့သော် ထိုမျှနှင့် မပြီးသေးပေ။ ထာဝရသွေးက သူ့ကို ပြန်လည်ကုသပေးချိန်မှာပင် သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်အား လူခွဲလိုက်သည်။ တတိယအကြိမ်အနေဖြင့်… သူက သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့၏ နားစည်များကို မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားစေနိုင်သည့် အော်ဟစ်သံကြီးဖြင့် ပြောလိုက်သည်။

" ခင်ဗျားတို့နှစ်ယောက်ကို မတိုက်ခိုက်တော့ဖို့ ကျုပ်ပြောနေတယ်လေ "

ဂျိန်းးးးးးး

ထိခိုက်ဒဏ်ရာရထားသော တအံ့တဩဖြစ်နေကြသည့် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူနှစ်ဦးကား နောက်သို့ လဲကျသွားတော့သည်။

All Chapters