← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

🍁 Chapter 25

ကျန်းယွမ်၏ ထိတ်လန့်နေမှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရွှယ်ဝေဝေမှာမူ ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး ရှုယင်းယင်းအား တိုးတိုးလေး ပြောလိုက်သည်။

"ငါ အခုလေးတင် HR ဘက်က သတင်းရတယ်၊ ကျန်းယွမ် နုတ်ထွက်သွားပြီတဲ့"

"ဟင်? မနက်ကတောင် ရှိနေသေးတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက် ရုတ်တရက်ကြီးလဲ" ရှုယင်းယင်းက နားမလည်စွာဖြင့် မေးလိုက်သည်။

"ဘယ်သူသိမှာလဲ"

ရွှယ်ဝေဝေကလည်း သူမနှင့်အတူ စဉ်းစားဟန်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ထို 'ရှောင်ချီ ' ဟု အမည်ရသူနှင့် အမြန်ဆုံး ဖရဲသီးဆက်စားပါစေဟု ဆုတောင်းနေမိသည်။ လူတိုင်းက နောက်ဆက်တွဲ အတင်းအဖျင်းကို စောင့်နေကြသည် မဟုတ်လား။

[ရှောင်ချီ... ယောင်ယောင် ရေးထားတဲ့ အချက်အလက်တွေထဲမှာတော့ ဒီကျန်းယွမ်က ကုမ္ပဏီမှာ သူ့ အဖေ ကျမ်းယွမ်ရဲ့ နေရာကို ဆက်ခံဖို့ စောင့်နေတဲ့ ရုပ်သေးရုပ် တစ်ရုပ်လို့

ပြောတာကို မှတ်မိတယ်မလား? သူ့သားကို သူ့ နေရာမှာခဲ့ပြီး ကျန်းရွေကအနားယူသွားရင်တောင် အဝေးကနေ အမိန့်ပေးလို့ရသေးတယ်လေ၊ ဘာလို့ နုတ်ထွက်သွားရတာလဲ၊ သူ.. တစ်ခုခု အမှားလုပ်မိလို့ ထွက်ပြေးတာများလား]

[ကျန်းရွေ့က ဉာဏ်များပြီး တွက်ကပ်တတ်တယ်ဆိုတဲ့ နေရာမှာ နာမည်ကြီးပဲ၊ သူက အမြဲတမ်းသတိထားပြီးမှ လှုပ်ရှားတတ်တာ၊ မကောင်းတာလုပ်ရင်လည်း ဘယ်လိုလုပ်မိနိုင်မှာလဲ။ ပြီးတော့ နင့်ရဲ့ ဒုတိယဒေါ်လေးအဖွဲ့နဲ့ ကျန်းရွေ့တို့က အလားအလာရှိတဲ့ ပြိုင်ဘက်တွေလေ၊ သူသာ တကယ် အမှားလုပ်မိရင် နင့်အဒေါ် အဲဒီကိစ္စကိုအကြောင်း ပြပြီး ရန်သူကိုဖယ်ရှားပြီးလောက်ပြီ၊ အဲတော့..ဘယ်လိုလုပ် သာမန် နုတ်ထွက်ရုံပဲဖြစ်မှာလဲ]

[အဲဒါလည်း ဟုတ်တာပဲ၊ ပြောရရင်တော့ အလုပ်ခွင်မှာ ဘက်ရွေးတာက တကယ်အရေးကြီးတယ်၊ သတိမထားမိပဲ.. အထူးသဖြင့် ရာထူးနိမ့်တဲ့ ဝန်ထမ်းငယ်လေးတွေ ဘက်ရွေး မှားမိရင် အမြဲတမ်း အမြောက်စာဖြစ်သွားနိုင်တယ်]

ထမင်းစားခန်းထဲရှိ ဝန်ထမ်းများမှာ ကုမ္ပဏီ၏ဌာနအသီးသီးမှ ဖြစ်ကြပြီး အချို့က ရှုယင်းယင်း စိတ်ထဲကအသံကို သိကြသော်လည်း အချို့မှာမူ အမှန်တရားကိုမသိကြဘဲ ရှုယင်းယင်း အသံကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

ထိုအချိန်တွင် မတော်တဆ ဖရဲခင်းထဲသို့ ရောက်လာကြသော ဝန်ထမ်းများအားလုံး သည်မျက်လုံးပြူး၊ နားစွင့်ကာ မလှုပ်မယှက်ဘဲ နားထောင်နေကြတော့သည်။

အခုက အဘိုး သေတမ်းစာ ရေးဆွဲနေတဲ့ အချိန်လေ၊ အ‌မွေဆက်ခံမယ့်သူအတွက် ပတ်ဝန်းကျင် ကောင်း ဖန်တီးပေးဖို့အတွက် အဘိုးက ကုမ္ပဏီရဲ့ပုတ်ပွနေတဲ့ အမြစ်‌တွေကိုအပြင်းအထန်ရှင်းလင်းပြီး လမ်းခင်းပေးမှာ သေချာတယ်]

[အပြောင်းလဲကြီး ပြောင်းလဲမယ့် ဒီလို ကြားကာလ အချိန်မှာ ရာထူးနိမ့်လေလေ..ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ရလေ..လေပဲ၊ ယာယီ လောဘလေးကြောင့် သူများရဲ့ နယ်ရုပ်လေး မဖြစ်သွားတာ အကောင်းဆုံးပဲ ၊ အထက်က လူတွေက သူတို့လိုတဲ့ လူအရေအတွက် ပြည့်အောင် အသုံးချပြီး မလိုတော့ရင် နယ်ရုပ် ဆိုတဲ့လူတွေပဲ စတေးခံရတာ..]

[နင် ဘာပြောချင်တာလဲ]

စနစ်က စိတ်ဝင်စားသွားသည်။

ရာထူးမရှိပဲ အလားအလာမရှိသည့် အမြောက်စာ ဝန်ထမ်းများမှာ ရုတ်တရက် ကျောပြင်ကို ဆန့်လိုက်ကြပြီး သူတို့ ခေါင်းပေါ်တွင် အသံ အချက်ပြ ဖမ်းစက် နှစ်ခုလောက် တပ်ထားချင် စိတ်ပင်ပေါက်သွားကြသည်။

[အခု ကုမ္ပဏီမှာ အုပ်စုသုံးစုရှိတယ်၊ တစ်စုက အဘိုးနဲ့အတူ စီးပွားရေးစတင်ခဲ့တဲ့ ကျန်းရွေ့ ဦးဆောင်တဲ့ အကြီးအကဲ သုံးယောက်အဖွဲ့၊ ဒုတိယအဖွဲ့က သားတစ်ယောက် မွေးထားပြီး အရည်အချင်းရှိတဲ့ ဒုတိယဒေါ်လေးရဲ့ အဖွဲ့...

သူကတော့ နဂိုထဲက အရည်အချင်း ရှိတော့ ကုမ္ပဏီရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို စောစောစီးစီး ကိုင်တွယ်ခွင့်ရထား‌တာပေါ့ ၊ တတိယအဖွဲ့ကတော့ အမြဲတမ်း ရည်ရွယ် ချက် မကောင်းတဲ့ ဦးလေးကူးချန်ရဲ့ အဖွဲ့ပဲ..... သူက နောက်ခံမရှိပေမဲ့ စကားပြောကောင်းပြီး အကြီးအကဲ တချို့ကို ရှယ်ယာတွေနဲ့ ဆွဲဆောင်ထားတယ်]

[ဒုဥက္ကဋ္ဌနေရာကို တွန်းပို့ခံထားရတဲ့ ငါ့အဖေကတော့ သနားစရာ အကောင်းဆုံးနဲ့ အားကိုးရာမဲ့ အဖြစ်ဆုံးပဲ၊ သူက ရည်မှန်းချက်လည်းမရှိဘဲ လူမုန်းများမယ့် အလုပ်တွေကို အတင်းအကျပ်လုပ်နေရပြီး ၊ လူတွေရဲ့ မုန်းတီးမှုတွေကို ဒိုင်ခံ အကုန်ခံနေရတဲ့သူပေါ့၊ အဲတော့..ဒုတိယဒေါ်လေး သူ့ကို ပစ်မှတ်ထားတာလည်း မဆန်းပါဘူး... တစ်ယောက်က လိုချင်တယ်၊ တစ်ယောက်က အသေအလဲဖက်တွယ်ထားတယ်၊ နင်ကော ဒါကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ်လို့ မထင်ဘူးလား?]

[တကယ်တော့ ဒီလို အကဲဆတ်တဲ့ အချိန်မျိုးမှာ အရေးအကြီးဆုံးလုပ်ရမှာက ကိုယ့်နေရာ ကိုယ်နေပြီး မုန်တိုင်းပြီးသွားမယ့် အချိန်ကိုစောင့်နေဖို့ပဲ၊ အခွင့်အရေးရပြီ ဆိုပြီး..လောဘတွေ ကြီးပြီး ..ရေနောက်မှာ ငါးဖမ်းဖို့ တွေးမနေသင့်ဘူး]

[နင် စဉ်းစားကြည့်လေ... အဘိုးက ဆောက်လုပ်ရေးဆိုဒ်မှာ အောက်‌ခြေအဆင့် အုတ်သယ်ရာကနေစပြီး အဆင့်ဆင့် ကြိုးစားလာလို့ ကမ္ဘာ့သူဌေးစာရင်းမှာ ထိပ်တန်းဆယ်ဦးစာရင်းဝင် စီးပွားရေးသမား တစ်ယောက် ဖြစ်လာတာ၊အဲလိုလူက သူ့ဘေးနားက လူတွေရဲ့ အတွေးတွေကို သူ မမြင်နိုင်ဘူးလို့ နင်ထင်လား၊ သူ့လက် အောက်ငယ်သားတွေရဲ့ ယင်ကောင်လို ဝဲပျံနေတဲ့ အကြံအစည်တွေကို သူ မခန့်မှန်းနိုင်ဘူးလို့‌ကော ထင်လား၊ တကယ်တော့ သူက အဲလို အသေးအဖွဲ ကိစ္စတွေကို လုပ်ရတာပျင်းနေလို့ပါ၊ ဘာလို့လဲဆိုတော့ ဝါရင့် စီးပွားရေးသမား တစ်ယောက်က ဘာပဲလုပ်လုပ် ပထမဆုံးစဉ်းစားတာက ကုန်ကျစရိတ် နဲနဲနဲ့ အကျိုးအမြတ်ကြီးကြီးကို ဘယ်လိုရမလဲ ဆိုတာပဲလေ]

[ငါ မှန်းကြည့်ရရင် အဘိုးက ခရုနဲ့ ကမာကောင်တွေ ရန်ဖြစ်နေတုန်း တံငါသည်က အမြတ်ထုတ်တဲ့ နည်းဗျူဟာကို သုံးချင်နေတာ သေချာတယ်၊ ဒါကြောင့် အခု လှုပ်ရှားဖို့ ပြင်နေတဲ့သူတွေက အဘိုး ချပေးလိုက်တဲ့ ငါးစာတွေပဲ၊ သူတို့အချင်းချင်း သတ်ဖြတ်ပြီးတဲ့နောက် အဘိုးက တစ်ချက် တည်းနဲ့ အကုန်လုံးကို ဖမ်းချုပ်လိုက်မှာ]

[ငါတော့.. သံသယဖြစ်မိတယ်၊ လူတွေရဲ့ စိတ်နှလုံးက အခန့်မှန်းရ အခက်ဆုံးပဲ မဟုတ်လား..၊ ပြီးတော့..တခြားသူတွေက ငါးစာကို အလွယ်တကူပဲ လာဟပ်လိမ့်မယ်လို့ အဘိုးက ဘာလို့ ဒီလောက် ယုံကြည်မှုလွန်ကဲ‌နေရတာလဲ]

စနစ်၏သံသယမှာ ထိုနေရာရှိ လူများ၏သံသယလည်း ဖြစ်သည်။

အဘိုးအို မည်မျှပင် စွမ်းဆောင်နိုင်ပါစေ၊ သူ နောက်တစ်လှမ်း ဆုတ်ခွာသွားသည်မှာ နှစ်အတော် ကြာပြီ ဖြစ်သည်။ အကြံအစည်ရှိသူတိုင်းက ဤအခွင့်အရေးကို အသုံးချကာ မိမိတို့၏ ယုံကြည်ရ သူများကို မွေးထုတ်နေကြပြီဖြစ်ရာ အဆိုပါ လူတစ်စုကို အဘိုးအိုက လုံးဝ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ထန်ဝမ်သည် အကောင်းဆုံး ဥပမာဖြစ်သည်။ သူမ၏ လုပ်ပိုင်ခွင့် အာဏာများက ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ရှုယန်ဝမ်ထက် သာလွန်နေသည်မှာ ကြာလှပြီဖြစ်သည်။ အဘိုးအိုသာ တကယ် ဉာဏ်ပညာ ကြီးမားပါက သူမကို တားဆီးသင့်သည်။ သို့သော် သူ ဘာမှမလုပ်ခဲ့ပေ။ ထို့အပြင် ပြီးခဲ့သည့် လက အဘိုးအိုကြီးမှာ ICU သို့ ရောက်သွားပြီး အသက်ပင် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သေးသည်။

ဘက်ရွေးထားပြီးသော အတင်းအဖျင်းသမားများက လှောင် ပြောင်ရယ်‌မောလိုက်ကြသည်။ အသုံးမကျသော ဖခင်ကို အားကိုးနေရသည့်အတွေ့အကြုံမရှိသေးသော ကောင်မလေးက လုပ်ငန်းအကြောင်းကို ဘာများ သိမှာမို့လို့လဲ?

ဟိုဘက်ဒီဘက် ဆိုပြီး ဘက်မရွေးပဲကြားနေ သီးသန့်အတင်း အဖျင်းသမားများကမူ သူတို့ သင်ခန်းစာရလိုက်ပြီဖြစ် ကြောင်းနှင့် ဆက်လက်၍ ဤအတိုင်းသာ နေထိုင်သွားမည်ဖြစ်ကြောင်း ကို တစ်ယောက်နဲ့ တစ်ယောက်ကြည့်ကာ ခေါင်းညိမ့်ပြီး အသံတိတ် သဘောတူနေကြသည်။

[ကြည့်ရတာ နင် လူတွေရဲ့ စိတ်နှလုံးကို နားမလည်သေးဘူးပဲ၊ အကြီးအကဲဖြစ်လောက်တဲ့ အရည်အချင်းရှိတဲ့သူတွေမှာ ဘုံတူညီတဲ့ ပြဿနာတစ်ခုရှိတယ်... အဲဒါက ဘဝင်မြင့်ပြီး မောက်မာ တာပဲ! ပြီးတော့ ဒီလိုလူမျိုးတွေကို ကိုင်တွယ်ဖို့ဆိုရင် သူတို့ကို အဆုံးအစမရှိ အတ္တတွေကြီးထွား လာအောင် လုပ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် မေ့သွား‌လောက်တဲ့အထိပေါ့၊ ဒါမှ..သူတို့ မျက်လုံးထဲမှာ ဘယ်သူ့ကိုမှ မမြင်တော့ဘဲ အနိုင်မခံ အရှုံးမပေးနိုင်ဘူး လို့ခံစားလာရတဲ့ အချိန်ကျမှ သူတို့ကို ထိထိရောက်ရောက်နဲ့ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ရင် သူတို့ရဲ့ ခန္ဓာကိုယ်ရော စိတ်ရောတစ်ခါ တည်း ပျက်စီးသွား လိမ့်မယ်]

[ဒီလောက်တောင် ချဲ့ကားပြောရလား၊ ငါတော့ မယုံပါဘူး] စနစ်က သံသယဝင်နေဆဲပင်။

ဘက်ရွေးထားတဲ့ အတင်းအဖျင်းသမားများတွေလည်း မယုံ ကြည်ကြောင်း ဖော်ပြကြသည်။

[ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့]

[အတည်မပြုနိုင်သရွေ့တော့ ငါ သံသယဝင်နေဦးမှာပဲ]

[အင်း... ငါနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ရွေးချယ်မှုတိုင်းကို ငါ လေးစားပါတယ်]

ဘက်ရွေးထားသော အတင်းအဖျင်းသမားများက သူတို့ စိတ်ထဲတွင် တိတ်တဆိတ် "တောက်" ခေါက်လိုက်ကြပြီး အချိန်အတော်ကြာသည့်တိုင် အသုံးဝင်သောအရာ တစ်ခုမှ မပါလာသဖြင့် ထမင်းစားရတာတောင် အနှောင့်အယှက်ဖြစ်လာရသည်။ ထိုကြောင့် စားနေတဲ့ ထမင်း နဲ့ ဟင်းကိုတောင် bed review ပေးရမယ် ဟု ဆိုကြသည်။

"ဘယ်သူက..ရှုယင်းယင်းလဲ၊ ထွက်ခဲ့စမ်း!"

ကျယ်လောင်လှသော အော်သံနှင့်အတူ လူတိုင်းက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

အဆင့်မြင့် ဒီဇိုင်းနာချုပ်ရဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျော့ရှင်းလှပစွာ ပြင်ဆင်ခြယ်သထားသော မျက်နှာနှင့် မလိုက်အောင်ကို ရန်လိုနေသည့် အမျိုးသမီးတစ်ဦး ထမင်း စားခန်း၏ တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

ဒေါသများ ပြည့်နှက်နေသော ထိုစူးရှသည့် မျက်ဝန်းများက ထမင်းစားခန်းထဲရှိ လူအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ဝေ့ကြည့်လိုက်ရာ လူများကို အလိုအလျောက် တုန်လှုပ်သွားစေသည်။

ဒါ နာမည်ကြီးတဲ့ ဒေါသအိုး ကျန်းစစ်စစ် မဟုတ်ဘူးလား? သူက ရှုယင်းယင်းဆီ လက်စားချေဖို့ ရောက်လာတာများလား။

အား...!!!

"ကျန်းယွမ်ရဲ့ ညီမက ဘာလို့ ဒီရောက်နေတာလဲ"

ရွှယ်ဝေဝေ နှလုံးသားမှာ တင်းကျပ်သွားသည်။ သူမက ရှုယင်းယင်းကို အရိပ်အမြွက်လေး ပေးချင် သော်လည်း သူမကို လန့်သွားစေမည်ကို စိုးရိမ်နေ‌သည်။ မည်သို့ပင်ဆိုစေကာမူ ကာယကံရှင်က သူမ၏ စိတ်ထဲကအသံကို အခြားသူများ ကြားနိုင်ကြောင်း သိပုံမရပေ။ မဟုတ်လျှင် သူမသည် ဤမျှ ပေါ်တင်ကြီး အတင်းအဖျင်းစားပြီး အထက်တန်းလွှာတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ခွဲရဲမည် မဟုတ်ပေ။

အကယ်၍ သူမသာ အမှန်အတိုင်း ပြောလိုက်ပါက နောက်ပိုင်း သူမ ဘယ်သွားပြီး ပျော်ရွှင်ရတော့ မလဲ၊ သူမရဲ့ အတင်းအဖျင်းအဖော်တွေလည်း ချက်ချင်းပျောက်ကွယ်သွားမှာပေါ့!

အတင်းအဖျင်းသမားများကလည်း သူမကို ချက်ချင်း သတိရသွားပြီး ဘာမှမပြောရန် သတိပေး သည့် မက်ဆေ့ချ်များကို ချက်ချင်းပင်ပို့လိုက်ကြသည်။

ရွှယ်ဝေဝေက သစ္စာရှိကြောင်း ပြသသည့်အနေဖြင့် အကြိမ် ကြိမ် အရိုအသေပေးနေသော စတစ်ကာကို ပြန်ပို့လိုက်သည်။

🍁 Chapter 26

"ကျန်းယွမ်ရဲ့ ညီမက ငါ့ဆီ ဘာလာလုပ်တာလဲ"

ရှုယင်းယင်းမှာ အလွန်နားမလည်နိုင်အောင် ဖြစ်နေသည်။

[ဒီအမျိုးသမီးမှာ ဖရဲသီးအကြီးကြီးရှိတယ်၊ သူ ရှာပါစေ!]

[ဘာ..အတင်းအဖျင်းလဲ..? ခွဲပြီး မြည်းကြည့်ကြစို့!]

သူတို့နှစ်ဦး၏စိတ်လှုပ်ရှားနေသော အသံများကြောင့် ရှုယင်းယင်းအတွက် ချွေးပြန်နေရသော သူများ၏အာရုံများချက် ချင်းပြောင်းသွားတော့သည်။ ပို့နေသည့် သတိပေးမက်ဆေ့ခ်ျ များလည်း ရပ်သွားကြသည်။

ဖရဲသီး..အကြီးကြီးဆိုပါလား....!

သူမ၏လူများကို အနိုင်ကျင့်ခံရချိန်တွင် စက္ကန့်ပိုင်းအတွင်း တိုင်ရန်နိုဆောရက်စ်အဖြစ် ပြောင်းလဲသွားတတ်သည်မှလွဲ၍ ကျန်အချိန်များတွင် ကျန်းစစ်စစ်မှာ အလွန်သဘောကောင်းသူ ဖြစ်သည်။ သူမ ဖခင်မှာရာထူးကြီးသော်လည်း သူမသည် သူ့ အစ်ကိုကဲ့သို့ မောက်မာပြီး ရိုင်းစိုင်းခြင်းမရှိပေ။

သူမသည် ပုံမှန်အားဖြင့် ပရဟိတ ညစာစားပွဲများ ကျင်းပခြင်း၊ ကျောင်းသားများနှင့် လယ်သမား များကို ကူညီခြင်း၊ ဝေးလံခေါင်သီသော တောင်တန်းဒေသများသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းခြင်းတို့ကို ပြုလုပ်လေ့ရှိပြီး စေတနာ့ဝန်ထမ်း လှုပ်ရှားမှုများတွင် အမြဲတမ်းတက်ကြွစွာ ပါဝင်လေ့ရှိသော အပြုသဘောဆောင်သည့် သံတမန်တစ်ဦး ဖြစ်သည်။

လူတိုင်းက ညီမဖြစ်သူကသာ ကုမ္ပဏီလုပ်ငန်းကို လွှဲပြောင်းရယူမည်ဆိုပါက အစ်ကိုဖြစ်သူထက် သေချာပေါက် ပိုလုပ်နိုင်မည်ဖြစ်ပြီး ဥက္ကဋ္ဌနေရာတွင် အစားထိုးရန် ဖခင်ဖြစ်သူ ကျန်းရွေ့အား ပိုမိုပံ့ပိုးပေးနိုင်မည် ဟု လူတိုင်း သက်မှတ် ထားပြီး..သူမ အတွက် မကြာခဏသက်ပြင်းချလေ့ရှိကြသည်။

ဒီလို ထက်မြက်ပြီး ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးမှာ ဘာတွေများ ရှိနေလို့လဲ?

ရုတ်တရက် ထွက်လာသော အသံကြောင့် ကျန်းစစ်စစ် မျက်နှာမှာ ပိုမှောင်မိုက်သွားသည်။

သူမက ဘာဖြစ်တာလဲဟု အစ်ကိုဖြစ်သူကိုမေးလိုက်ရာ သူက ဝါးကျည်တောက်ထဲမှ ပဲစေ့များ လောင်းချလိုက်သကဲ့သို့ ရှင်းရှင်းလင်းလင်းပြောပြလာခဲ့သည်။

အကိုဖြစ်သူ ပြောပြတဲ့ ထိုစကားများကို ကြားပြီးနောက် ကျန်းစစ်စစ်မှာ ရှုယင်းယင်းကို တစ်စစီ ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားတော့သည်။

တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ပျော်စရာအဖြစ် ဖြန့်ဝေတတ်တဲ့ ဒီလိုလူမျိုးက ကိုယ်ကျင့်တရားနဲ့ သိက္ခာတရားလုံးဝမရှိပဲ တကယ်ကို မုန်းစရာ‌ကောင်းလွန်းလှပေသည်။

ဒီနေ့တော့ သူမကို ရဲစခန်းပို့ပြီး ကောလဟာလဖြန့်မှု၊ အသရေဖျက်မှုတွေနဲ့ တရားစွဲပြီး မှတ်လောက်အောင် ထောင်ချပစ်မယ်!!!

"ရှုယင်းယင်း... ထွက်ခဲ့စမ်း၊ နင်..."

ကျန်းစစ်စစ်၏ စွပ်စွဲချက်များအားလုံး အသံတိတ်သွားသည်။ နှုတ်ခမ်းဖျားသို့ ရောက်နေသော် လည်း သူမ ဘာမှ ပြောမထွက်တော့ပေ။ ဒါက အရမ်းလွန်လွန်းတယ်!

အတင်းအဖျင်း လူအုပ်ကြီးက သူမကို အကြိမ်ကြိမ် ကြည့်လိုက်ပြီး အကြိမ်ကြိမ် အသံမထွက်နိုင်သည်ကို မြင်သော အခါ သနားစရာကောင်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

အရပ်မျက်နှာ အသီးသီးမှ သနားစဖွယ် အကြည့်များကို မြင်သောအခါ ကျန်းစစ်စစ်မှာ ရှက်လည်း ရှက်၊ ဒေါသလည်းထွက်ကာ မယုံနိုင်စွာဖြင့် ထပ်မံ ကြိုးစားကြည့်သော်လည်း ဘာတစ်ခုမှ ပြောမထွက်သေးပေ။

ထုံသွားပြီ! တကယ့်ကို ထုံကျဉ်သွားတာပဲ!

ဒီကမ္ဘာပေါ်မှာ ဒီလို ဆိုးရွားတဲ့ အရာမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ!!

[ဒီအစ်မလှလှလေးက သနားကြင်နာလွန်းတဲ့ မေတ္တာရှင်မကြီးပဲ!]

[ဘယ်လို... သနားကြင်နာလွန်းတဲ့ မေတ္တာရှင်မကြီး!]

ရွှယ်ဝေဝေပါးစပ်မှာ ဟသွားပြီး ထိုအတိုင်း ရပ်တန့်သွားကာ မျက်လုံးများမှာလည်း အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။

ပတ်ဝန်းကျင်ရှိ အတင်းအဖျင်း လူအုပ်ကြီးမှာလည်း အသက်ရှူရပ်မတတ် ဖြစ်သွားပြီး ထိုအတိုင်း တိတ်ဆိတ်သွားကြသည်။

ကျန်းစစ်စစ်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ မဟုတ်ဘူး... သူမက သနားကြင်နာ လွန်းတဲ့ မေတ္တာရှင်မကြီး မဟုတ်ဘူး၊ သူမက စိတ်ထားနူးညံ့ပြီး တခြားသူတွေ ဒုက္ခရောက်နေတာ ကို မကြည့်ရက်လို့ပါ။

[ကျန်းစစ်စစ်က သူ့ယောက်ျားအပြင်မှာ မယားငယ် ထားတာကိုအမြဲသိနေတာ၊ မနေ့ကပဲ အဲဒီမယားငယ်က ကလေးမွေးတယ်ဆိုတော့ သူ ကိုယ်တိုင်သွားပြီး မိခင်နဲ့ကလေးကို အိမ်ခေါ်လာပြီးကို ပြုစုပေးနေတာလေ၊ အခု သူတို့ သုံးယောက် အတူတူနေနေကြတယ်၊ ကျန်းစစ်စစ်က ကလေးထိန်းဖို့ တာဝန်ယူရပြီး သူ့ယောက်ျားနဲ့ မယားငယ်က သူ ကလေး ထိန်းတာကို ကြည့်ဖို့ တာဝန်ယူထားတယ်၊ မိသားစု လေးယောက်လုံး အရမ်းပျော်နေကြတာပဲ....]

[......]

ရှုယင်းယင်း၏တိတ်ဆိတ်မှုက ထမင်းစားဆောင် တစ်ခုလုံးကို နားကန်းလောက်အောင် ကျယ်လောင်နေသည်။

အတင်းအဖျင်း လူအုပ်ကြီးမှာလည်း ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြသည်။ ဒါက ဘယ်လို အတိတ်ဘဝက ရန်ငြိုးမျိုးလဲ.?

ကျန်းစစ်စစ် မျက်လုံးများ မှောင်မိုက်သွားပြီး လက်က ထမင်းစားခုံပေါ်သို့ ထောက်လျက်သား လဲကျသွားတော့ သည်။

ပြီးပြီ... လူတိုင်းက ရှုယင်းယင်းရဲ့ စိတ်ထဲကအသံကို ကြားနေရပြီ၊ ဒါပေမဲ့ သူမက ဘာမှ မေးခွန်းထုတ်လို့မရဘူး။

ထို့အပြင် သူမ လုပ်နိုင်ခဲ့လျှင်တောင် လူအများရှေ့မှာ သူ့ကိုယ် သူ ကာကွယ်ပြောဆိုလို့ မရဘူးလေ၊ ဒါ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်တာနဲ့ မတူဘူးလား?

သေချင်စရာကောင်းလိုက်တာ...!!!

[ဟင်း..ဒါဆို သူ့ရဲ့ ယောက်ျားက သူ့ကို လစဉ် မုန့်ဖိုး သန်းနဲ့ချီပေးတယ်၊ အလုပ်လုပ်ရတာကို သဘောကျပြီး အိမ်ပြန်ရတာကို မကြိုက်ဘူး၊ ပြီးတော့ ဇနီးသည်က ပိုက်ဆံရရင် ဘာမဆိုလုပ်ပေးတဲ့ ကျင့်ဝတ်နဲ့ အညီ မယားငယ်နဲ့ကလေးကိုပါ ကူညီစောင့်ရှောက်ပေးနေတယ်ဆိုတော့... ဒါအမ်...ခဏ‌နေပါဦး..ကျန်းစစ်စစ်ရဲ့ အဖေက ဖုန်းရိအကြီးအကဲ သုံးယောက်ထဲက တစ်ယောက်မဟုတ်လား၊ ရှယ်ယာ ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ဘီလီယံချီ ချမ်းသာတဲ့ မိသားစုကနေဆင်း သက်လာတဲ့..ဒီကျန်းစစ်စစ်က ၊ သူ့ ဂုဏ်သိက္ခာကို ဒီလောက်အထိ နှိမ့်ချစရာအကြောင်းမရှိဘူးလေ ၊ ဒါမှမဟုတ်.

သူ့ ယောက်ျားရဲ့ နောက်ခံက သူမ မိသားစုထက် ပိုကြီးနေလို့များလား..???]

[ဟားဟား... ငါ ရယ်လိုက်တော့မယ်၊ သူ့ ယောက်ျားက ကျန်းစစ်စစ်ရဲ့ ထောက်ပံ့မှုနဲ့ အောက်ကနေ အထက်ကိုတက်လာတဲ့နာမည်ကြီး ပန်းချီဆရာတစ်ယောက်ပဲ၊ ပန်းချီကား တစ်ကားကို သန်းဆယ်ချီကနေ စရောင်းရပြီး အနုပညာ အသိုင်းအဝိုင်းမှာတော့ ပါရမီရှင် အနုပညာရှင်လို့ သတ်မှတ်ခံထားရတယ်]

[တကယ်တော့ အဲဒီ ပန်းချီကားတွေကို ပရဟိတ လေလံပွဲတွေမှာ ကျန်းစစ်စစ်ကသာ ဈေးမတင်ပေးခဲ့ရင် အဲဒါတွေက ဘာမှ တန်ဖိုးရှိမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒါတွေကို ကျန်းစစ်စစ်က သူ့ယော်ကျ်ားကို တစ်ခါမှ မပြောပြခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူက သူ့ယောက်ျားကို လူတိုင်းအထင်ကြီးလေးစားနိုင်ဖို့ အဲဒီလူကို ရွှေချပေးနေတာလေ၊ ဘာပဲဖြစ်ဖြစ်ပါ သူတို့က တက္ကသိုလ်ကျောင်းတက်ထဲက အသိအမှတ်ပြုခံ ထားရတဲ့ ပါရမီရှင်တွေ‌လေ ၊ ပြီးတော့ အဲဒီလူက ကျောင်းတုန်းက မိန်းကလေးတွေရဲ့အပြစ်အနာအဆာကင်းတဲ့ အချစ်ဦးလေးဖြစ်ခဲ့တာကိုး]

[အာ... ချမ်းသာတဲ့ မိန်းက‌လေးတွေ အကုန်လုံးမှာ ဆင်းရဲ သားတွေကို ကယ်တင်ချင်တဲ့ မျိုးဗီဇ တွေများ ပါလာကြတာလား၊ ဆင်းရဲတဲ့ ပညာရှိတွေ၊ ပါရမီရှင်တွေကို မြင်ရင် သူတို့ကို အလိုလို နေကူရင်းကို ကူညီချင်နေကြတာပဲ၊ မဟုတ်ရင် သူတို့တွေက တစ်ကိုယ်လုံး ဓားနဲ့ အထိုးခံရသလို ခံစားရလို့လား?]

[နင် ငါ့ကို ခန့်မှန်းခိုင်း‌နေတာလား၊ ဒါဆို..ငါခန့်မှန်းကြည့်မယ်...ယောက်ျားဖြစ်သူက မိန်းမရဲ့ အကူအညီနဲ့ ပန်းချီကားတွေ အရောင်း သွက်လာပြီး မီဒီယာတွေကလည်း ချီးမွမ်းကြတဲ့အခါ အနုပညာမာနတွေ ကြီးထွားလာပြီး ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်တော့ဘူး..ဟုတ်တယ်မလား]

[ ဟုတ်တယ်..ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်ရုံတင်မကဘူး၊ ကျန်းစစ်စစ်ဆီက ထွက်နေတဲ့ ပိုက်ဆံနံ့ကိုပါ ရွံရှာလာပြီး သူ့ရဲ့ အနုပညာဝိညာဉ်နဲ့ မထိုက်တန်ဘူးလို့တောင် သက်မှတ်လိုက်တယ်‌ လေ၊ အဲဒီနောက်တော့ ဖန်တီးမှုအတွက် Muse နဲ့ စိတ်ကူးဉာဏ်အသစ်တွေ ရှာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျော်ဖြေရေး နေရာမျိုးစုံကို ဝင်ထွက်သွားလာတော့တာပဲ]

[အိုးမိုး... ဒီလောက်အရှက်မရှိတဲ့ လူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး!]

အမျိုးသမီး အတင်းအဖျင်းသမားများ၏လက်သီးများမှာ တင်းကျပ်သွားသော်လည်း အမျိုးသား အတင်းအဖျင်းသမားများကမူ ကိုယ့်နာမည်နဲ့ကိုယ် ဂုဏ်ယူနေကြသည်။ ထမင်းအပျော့စားပြီး ခက်ခဲတဲ့အလုပ်တွေကို လုပ်ချင်တဲ့သူ ဘယ်သူမရှိမှာလဲ!

[ပိုဆိုးတာက... တစ်ခါတုန်းက အဲဒီလူက သူ့ရဲ့ ကောင်းမွန်လှပါတယ်ဆိုတဲ့ သူငယ်ချင်းတွေကိုခေါ်ပြီး နိုက်ကလပ်မှာ သွားကစားတယ်‌လေ၊ ပြီးတော့ ပိုက်ဆံရှင်းဖို့ ကျန်းစစ်စစ်ကို ဖုန်းဆက်ခေါ်ပါ‌‌လေ‌ရော ၊ ပြီးတော့ သူ့မိန်းမနာရီဝက်အတွင်းရောက်လာမလာဆိုတာကို သူငယ်ချင်းတွေနဲ့ လောင်းကြေးထပ်ပြီး ချက်ချင်းပဲ ယွမ်နှစ်သောင်းနိုင်သွားတယ်တဲ့]

[WTF !]

အတင်းအဖျင်း လူအုပ်ကြီးမှာ စိတ်ထဲမှတပြိုင်နက်တည်း WTFFFF ဟု အံ့ဩတကြီး ရေရွတ်လိုက် ကြသည်။

ဒါ အရမ်းလွန်လွန်းတယ်၊ မမ‌လေးကျန်းက တကယ်လှပပြီး စိတ်ထားကောင်းတာပဲ :)

[ဒီလိုကြည့်ရင် မယားငယ်ကလေးမွေးတာကို သွားကူညီပေးတဲ့ သူ့ အပြုအမူက လက်ခံရ သိပ်မခက်တော့ဘူး မဟုတ်လား]

ရှုယင်းယင်းမှာ အံ့ဩလွန်း၍ ပါးစပ်များပင် လှုပ်သွားရသည်။

[နင်က ဒီလို နှိုင်းယှဉ်ချင်တယ်ဆိုရင်တော့... ဒါ တကယ့်ကို သေးသေးမွှားမွှားလေး ဖြစ်သွားပြီ]

[ ဒါနဲ့ ..အဲဒီလူက ဘယ်လိုရုပ်မျိုးမို့လို့ ကျန်းစစ်စစ်ကို ဒီလောက်တောင် စွဲလမ်းသွား‌စေတာလဲ]

["နေဦး...ငါ.ပို့ပေးမယ်.."]

စနစ်က ကျွမ်းကျင်သူကြီးလို နှာမှုတ်လိုက်ပြီးနောက် ပုံတစ်ပုံ ချပြလိုက်သည်။

စနစ်က ပေးပို့လာတဲ့ပုံကို ကြည့်ပြီးနောက် ရှုယင်းယင်းမှာ အသက်ရှူရပ်မတတ် ဖြစ်သွားပြီး အသက်ပြန်ရှူချိန်မှာ စက္ကန့် သုံးဆယ်ကျော်ကြာသွားသည်။

အတင်းအဖျင်း လူအုပ်ကြီးမှာလည်း သူမ ဘာကြောင့် အသက်ရှူရပ်မတတ်ဖြစ်သွားရတာ လဲဆို တာကို သိချင်နေကြသည့် သူတို့၏ စူးစမ်းလိုစိတ်များ ပိုမိုပြင်းထန်လာကြသည်။

စနစ်က ရှုယင်းယင်းကို ဝေမျှပေးတဲ့ ထိုရိုသေလေးစားဖွယ် လူရဲ့ ပုံကို မြင်ချင်စိတ်များဖြင့် နားရွက်များကိုကုတ်ကာ ပါးပြင်များကို ပွတ်သပ်နေမိကြသည်။

ကျေးဇူးပြုပြီး... အဲဒီ တောင်တန်းတွေပေါ်က ပန်းပွင့်လေးရဲ့ အသွင်အပြင်ကို ဖော်ပြပေးပါ!

[ဘယ်လိုဖော်ပြရမလဲ... သားရဲလို့ ပြောရင် တိရစ္ဆာန်တွေကို စော်ကားရာကျမယ်၊ ဒီလို ဖရိုဖရဲ ခွေးရုပ်မျိုးနဲ့များ ကျောင်းက မိန်းကလေးတွေရဲ့ အချစ်ဦးနေရာကို မှန်းဆရဲသေးတယ်ပေါ့? သူ ဘယ်ကနေများ ဒီလောက်ယုံကြည်မှုတွေ ရလာတာလဲ]

[ဒါနဲ့ ပတ်သက်ရင် နောက်ထပ်အတင်းအဖျင်း တစ်ခုနဲ့ ဆက်စပ်နေသေးတယ်]

All Chapters