← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

🍁 Chapter 27

[အိုးမိုး... ဒါတောင် အတင်းအဖျင်း ရှိသေးတယ်လား?! အချစ်ဦးဆိုတဲ့ ဇာတ်ကောင်က တမင်ကြံစည်ထားတဲ့ အစီအစဉ်လို့တော့ မပြောနဲ့နော်!]

[ဘင်ဂို... ယင်းယင်းက အရမ်း ဉာဏ်ကောင်းတာပဲ]

ထိုစကားထွက်လာသည်နှင့် တပြိုင်နက် အတင်းအဖျင်း လူအုပ်ကြီးမှာ လက်သီးလက်မောင်း တန်းကာ သူတို့ ခန္ဓာကိုယ်ထဲမှ ခုန်ဆင်းလာမည့် မျောက်များသကဲ့သို့ ပြောင်းလဲသွားပြီး ဤနေရာတွင် အမြစ်တွယ်နေချင်စိတ်ပင် ပေါက်သွားကြ တော့သည်။

ကျန်းစစ်စစ်မှာမူ ဖြူရော်နေသော မျက်နှာဖြင့် ရှုယင်းယင်းကို ကြည့်နေပြီး သူမ မျက်ဝန်းထဲတွင် နာကြည်းမှုနှင့် ဝမ်းနည်းမှု နှစ်မျိုးစလုံးပါဝင်နေသည်။

သူမ အစွမ်းကုန် ဖုံးကွယ်ထားခဲ့သေ အမှန်တရားက ယခုလို နည်းလမ်းဖြင့် လူသိရှင်ကြား ဖြစ်သွားတော့မှာလား?

[အား... ငါ့ကို လာမချီးမွမ်းနဲ့၊ မြန်မြန်ဆက်ပြောစမ်းပါ!]

ရှုယင်းယင်း သူမ လက်လေးများကို ပွတ်သပ်ကာ တိုက်တွန်းလိုက်သည်။

အတင်းအဖျင်း လူအုပ်ကြီးမှာလည်း အသက်အောင့်ကာ ပိုပေါက်ကွဲဖို့ကောင်းလာ‌သော အတင်းအဖျင်းများရောက် လာမည်ကိုစောင့်မျှော်နေကြတော့သည်။

စနစ်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။

[ကျန်းစစ်စစ်က ချမ်းသာတဲ့ အဖေရှိပေမဲ့ ငယ်ငယ်ကတည်း က အရမ်း နှိမ့်ချပြီးနေခဲ့တာ၊ ကျောင်းက သူငယ်ချင်းတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ချမ်းသာမှန်း ဘယ်တော့မှ ကြွားလေ့မရှိဘူး၊ ကျောင်းကို ကိုယ်ပိုင်ကားနဲ့ သွားရင်တောင် ကျောင်းနဲ့ တစ်လမ်းအကွာမှာ ကားရပ်ခိုင်းပြီး ကားပေါ်ကဆင်းပြီး လမ်းလျှောက်သွားလေ့ရှိတယ်၊ ဒီအကျင့်ကို သူမ တက္ကသိုလ်ရောက်တဲ့အထိ ထိန်းသိမ်းထားခဲ့တာလေ]

[ဒါပေမဲ့ အရာရာတိုင်းက ကံကြမ္မာဖန်တီးထားသလိုပဲ၊ တက္ကသိုလ်ပထမနှစ် ပထမဆုံးနေ့မှာ ကျန်းစစ်စစ်က ထုံးစံအတိုင်း ကားပေါ်ကဆင်းပြီး လမ်းလျှောက်သွားတာကို အဲဒီလူယုတ်မာက အမှတ်မထင်မြင်သွားတယ်၊ အဲဒီကစပြီး သူက သူမကို စတင်ပြီး စိတ်ဝင်စားသွားတာပဲ]

[အဲဒီအချိန်တုန်းက အဲဒီလူယုတ်မာက နာမည်နည်းနည်းရနေပြီ၊ သူ့ရဲ့ ပန်းချီကားတွေကိုလည်း ပရော်ဖက်ရှင်နယ် ဆရာတွေက အသိအမှတ်ပြုထားကြတယ်၊ ဒါပေမဲ့ လူကြိုက်မများတော့ ဈေးကြီးကြီးနဲ့ ရောင်းမထွက်ဘူးလေ၊ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ ဖန်တီးမှုတွေက လူနည်းစုပဲ ကြိုက်တဲ့ အမျိုးအစားဖြစ်နေလို့ပဲ၊ ပြီးတော့ သူ့မိဘတွေက သူ့ကို အနုပညာလမ်းကြောင်းပေါ် တင်ပေးဖို့အတွက် သူတို့ရဲ့ ပင်စင်လစာစရိတ်တွေ အကုန်ပုံအောခဲ့ရတာ]

[ဒါကြောင့် သူက ချမ်းသာတဲ့ မိန်းက‌လေးကျန်းကို ပစ်မှတ် ထားပြီး သူ့ကိုယ် သူ ရောင်းစားပြီး ထမင်းအပျော့စားဖို့ကြံစည်ခဲ့တာပေါ့]

[ကျွတ်ကျွတ်... အနုပညာအတွက် ကိုယ်ကျိုးစွန့်တယ်ဆိုတဲ့ စကားကို ဘယ်လိုများရောင်းစားရဲတာလဲ.. တကယ့်ကို အရှက်မရှိတဲ့ကောင်!]

ရှုယင်းယင်း: "......"

[ငါ ခန့်မှန်းရသလောက်ဆိုရင် အဲဒီလူယုတ်မာက ထမင်းအပျော့စားချင်တာ သိသာပေမဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကိုချပြီး အရင်မပိုးပန်းချင်ဘူး၊ ဒါကြောင့် သူ့ကိုယ်သူ ဈေးကွက်တင် တန်ဖိုးမြှင့် ပြီးမှ ကျန်းစစ်စစ်က သူ့ကို အရင်လိုက်ပိုးပန်းလာအောင် လုပ်ဖို့အကြံရသွားတာ မလား]

[အင်း... ဟုတ်တယ်၊ ဒါကြောင့်မို့လို့ သူက ငွေတိုးချေးစားတဲ့ သူတွေဆီက အတိုးနဲ့ ပိုက်ဆံချေးပြီး သူ့ကိုယ်သူ အနုပညာဆန်တဲ့ ပါရမီရှင်ဇာတ်ကောင်အဖြစ် ဖန်တီးဖို့ စတိုင်လစ်ငှားပြီး အဝတ်အစားနဲ့ မိတ်ကပ် အပြင်အဆင်တွေ သင်ယူတယ်၊ ပြီးတော့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာငှားပြီး အလစ်ရိုက်ထား သလို Snapshot ပုံလေးတွေ ရိုက်ခိုင်းခဲ့တယ်]

[ပြီးတော့ အွန်လိုင်းကနေ ရေတပ်ငှားပြီး ကျောင်းကွန်ရက်နဲ့ နာမည်ကြီး ဗီဒီယိုဝက်ဘ်ဆိုက်တွေမှာ လမ်းသွားလမ်းလာတွေ ရိုက်ထားသလို ပုံတွေ တင်ခိုင်းတယ်၊ ဆွေးနွေးမှုတွေကို အဆက်မပြတ် မြှင့်တင်ပြီး လူသိများအောင် လုပ်တယ်၊ နောက်...ကျောင်းက မိန်းကလေးတွေက သူ့ကို စတင်ပိုးပန်းပြီး သူ့အကြောင်း ပြောလာကြပြီး သူ့ကို သဘောကျတဲ့သူတွေ တန်းစီနေတဲ့အချိန်ကျမှ ကျန်းစစ်စစ်နဲ့ မတော်တဆ ဆုံတွေ့သလိုမျိုး ဖန်တီးပစ်ခဲ့တာ]

[နင် သိလား... ချမ်းသာတဲ့ မိသားစုက မိန်းက လေးတွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသားတွေက အချစ်နဲ့ ကင်းကွာနေတဲ့ အာဏာရှင်ဆန်တဲ့သူတွေ၊ ဒါမှမဟုတ် မကောင်းမှု ငါးပါးစလုံးနဲ့ ပြည့်စုံတဲ့ လူကြီးလူကောင်းတွေ ပဲဖြစ်လေ့ရှိတယ်၊ ဒါပေမဲ့ ဆင်းရဲသား ပညာတက် တွေကြတာ့ မတူဘူး.. သူတို့က..အရည်အချင်းရှိတယ်၊ ပါရမီပါတယ်၊ နာမည် ကောင်းရှိတယ်၊ စာနာသနားမှု့ရှိတယ် လေ၊ ဒီတော့..အဲလို အရည်အချင်းတွေရှိတဲ့ လူကိုပဲ လူတိုင်းက သဘာကျတာ ၊ အေး..အဲလို 'သိုးရေခြုံထားတဲ့ လူယုတ်မာမျိုးကပဲ' မိန်းကလေးတွေ ကို ရွှံ့နွံထဲ အလွယ်တကူ ကျဆင်းသွားအောင် လုပ်နိုင်ဆုံးပဲ၊ ပြီးတော့လည်း ကျန်းစစ်စစ်ကလည်း အဲလို..လူတိုင်းရဲ့ ပြင်းပြင်းထန်ထန် ဆွေးနွေးမှုတွေကြားကနေပဲ...သူ့ကို တကယ်ပဲ စိတ်ဝင်စားသွားခဲ့တာပေါ့]

[အဲဒီအချိန်မှာ အဲဒီလူယုတ်မာက ဘာမှ လုပ်စရာမလိုတော့ဘူး၊ ကျန်းစစ်စစ်ကို တခြားသူတွေထက် အချိန်နည်းနည်း ပိုကြာကြာကြည့်ပေးတာမျိုး၊ ဒါမှမဟုတ် တခြားသူတွေထက် စကားတစ်ခွန်း ပိုပြောပေးလိုက်တာမျိုးလေး လုပ်လိုက်ရုံနဲ့တင် ကျန်းစစ်စစ်က ကျောင်းက မိန်းကလေးတွေရဲ့ မနာလိုမှုနဲ့ မုန်းတီးမှု ပစ်မှတ် ဖြစ်သွားတော့တာပဲ]

[အဲဒီလို နောက်ကွယ်က မနာလိုမှုနဲ့ မုန်းတီးမှုတွေက ကျန်းစစ်စစ်အတွက်တော့ အောင်မြင်မှုဆိုတဲ့ ခံစားချက်ကို ကြီးထွားစေတဲ့ ဓာတ်ကူပစ္စည်းတစ်ခုဖြစ်သွားတော့တာပဲ၊ သူမလို ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတဲ့ မွေးရာပါမာနကြီးတဲ့ မင်းသမီးလေး ဆီမှာ ခစားချင်ကြတဲ့ သူတွေ အများကြီးရှိပေမဲ့..ဘယ်သူကမှ လက်လှမ်းမမီနိုင်တဲ့ အဲလိုနတ်သားလေးက သူမတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးတယ်ဆိုတာ လောက် သူမကို ကျေနပ်စေနိုင်တာ မရှိဘူးလေ]

[ကျွတ်ကျွတ်... ဒီဒုတိယတန်းစားဇာတ်လမ်းက ကောင်းပေမဲ့ မင်းသမီးလေးရဲ့ စရိုက်နဲ့တော့ တကယ့်ကို ကိုက်ညီနေတာပဲ]

[အဲဒီအချိန်မှာ ငါးက ငါးစာကို ဟပ်မိသွားပြီဆိုတော့ နောက် ပိုင်းအချိန်တွေက သူမထောင်ချောက်ထဲ ကျလာမယ့် အချိန်ကို စောင့်ဖို့ပဲ လိုတော့တာပေါ့]

[အိုးမိုင်ဂေါ့... ဘယ်လောက်တောင် သေချာကြံစည်ထားတဲ့ ဇာတ်လမ်းကြီးလဲ၊ ငါ မမှားဘူးဆိုရင် အဲဒီလူယုတ်မာက ဆန္ဒရှိလျက်နဲ့ ဟန်ဆောင်ငြင်းဆန်တဲ့ ကစားပွဲကို ကစားတော့မှာ မလား]

[ဟုတ်တယ်! ငါ့ရဲ့ ဝါရင့် အတင်းအဖျင်းအဖော်က တကယ့်ကို ခန့်မှန်းတာ တိကျတယ်၊ အဲဒီလူယုတ်မာက ကျန်းစစ်စစ်ရဲ့ ပိုးပန်းမှုကို ဆန္ဒရှိလျက်နဲ့ ငြင်းဆန်တဲ့ပုံစံမျိုး လုပ်တယ်၊ ပြီးတော့ တစ်ခါတလေကျရင် သူ့မိသားစုက ဆင်းရဲလို့ သူမနဲ့ မထိုက်တန်ဘူးဆိုပြီး ပြောတတ်သေးတယ်၊ တစ်ဖက်လှည့်နဲ့ ကျန်းစစ်စစ်ကို သူလိုအပ်တာတွေကို အရိပ်အမြွက်ပြပြီး သူမက သူ့ကို ကူညီလာအောင် လမ်းကြောင်းပေးတာပေါ့]

[ကျန်းစစ်စစ်ကလည်း မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ့ရဲ့ ထက်မြက်တဲ့ ဦးနှောက်က အဖြေတစ်ခုကိုအမြန်ပဲ ရှာတွေ့သွားတယ်‌လေ၊ အဖေဖြစ်သူရဲ့ အဆက်အသွယ်တွေကို သုံးပြီး သူ့ရဲ့ ဖန်တီးမှုတွေကို ပြပွဲတွေမှာ ပါဝင်ခွင့်ရအောင်လုပ်ပြီး နာမည်ရအောင် လုပ်ပေးတယ်၊ တစ်ချိန်တည်းမှာပဲ ပရဟိတလေလံပွဲတွေကို အသုံးချပြီး ဂရုစိုက်တတ်တဲ့ ပန်းချီဆရာချစ်သူ ဆိုတဲ့ဂုဏ်ပုဒ်ကို ဖန်တီးပေးခဲ့ပြန်တယ်၊ ဒီလိုနဲ့ မကြာဘူးသူက နာမည်ကောင်းရပြီး အောင်မြင်တဲ့ ပန်းချီဆရာအဖြစ်နဲ့ လူသိများလာခဲ့တာပေါ့]

[ငါ ထပ်ခန့်မှန်းကြည့်မယ်... ကျန်းစစ်စစ်က ဒီလောက် အများကြီး ကူညီပေးတာကို အဲဒီလူယုတ်မာက ကျေးဇူးမတင်တဲ့အပြင်၊ကျန်းစစ်စစ်ကိုလည်း ကိုယ့်သဘောနဲ့ကိုယ် ဆောင်ပြီး သူ့ကို မလေးစားဘူးလို့တောင် အပြစ်တင်သေးတယ် မလား]

[ဟုတ်တယ်... ဟုတ်တယ်... သူက ကျန်းစစ်စစ်ရဲ့ စီးပွားရေးဆန်မှုနဲ့ အကျိုးအမြက်ရှာမှုတွေကို ရွံရှာတယ်တဲ့၊ သူမရဲ့ တစ်ကိုယ်လုံးက ပိုက်ဆံနံ့တွေက သူ့ရဲ့ အနုပညာကို ညစ်ညမ်းစေပြီး၊ ဒါကလည်း သူ့အတွက် အကြီးမားဆုံး စော်ကားမှုပဲလို့ စွပ်စွဲခဲ့တာ]

[အိုးမိုင်ဂေါ့... ချမ်းသာတဲ့ ဒီအစ်မကြီးက ဒီလောက်တောင် ကောင်းတာကို၊ သူက ဘယ်လိုလုပ် ဒီလောက် အရှက်မရှိတဲ့ စကားမျိုး ပြောထွက်ရတာလဲ!]

လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်မိပြီဟေ့!

ထိုနေရာရှိ အမျိုးသမီး အတင်းအဖျင်းသမားများအားလုံး တိတ်တဆိတ် လက်သီးဆုပ်လိုက်ကြပြီး ထိုလူယုတ်မာကို တစ်ယောက်တစ်ချက်လောက် ထိုးပစ်ချင်စိတ် ပေါက်သွားကြသည်။ ဒါက ဘယ်လို ပြန်လည်အသုံးပြုလို့မရတဲ့ အမှိုက်မျိုးလဲ!

အမျိုးသား အတင်းအဖျင်းသမားများပင်လျှင် သူ့ကို အလွန် ရွံရှာသွားကြပြီး ဒီလို ချမ်းသာတဲ့ အစ်မမျိုးနဲ့ ဘာလို့ သူတို့ကြ မဆုံရတာလဲလို့ ခံစားလိုက်ရသည်။ တောက်..!!

လူတိုင်းက အရှိန်အဝါကျဆင်းသွားပြီဖြစ်သော ကျန်းစစ်စစ်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် သနားစရာကောင်းခြင်းနှင့် ကိုယ်ချင်းစာခြင်းများရောယှက်နေကြသည်။

အရင်ကဆိုလျှင် ကျန်းစစ်စစ်သည် အလွန် ရှက်ရွံ့စော်ကားခံရသည်ဟု ခံစားရမည်ဖြစ်သော်လည်း ကူးရှောင်၏ ငါးနှစ်ကြာ လေ့ကျင့်သင်ကြားမှုများကို ခံစားခဲ့ရပြီးနောက် လူတိုင်း၏သနားစရာ ကောင်းသောအကြည့်များက သူမအတွက် နှစ်သိမ့်မှုတစ်မျိုး ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမအပေါ် ပြုမူခဲ့သော ဖခင်ဖြစ်သူ၏ ရက်စက်မှုများကို ပိုမုန်းတီးလာစေသည်။

သူစိမ်းတွေတောင် သူမကို သနားရကောင်းမှန်း သိသေးတယ်၊ သူမရဲ့ အဖေကတော့ သူမကို သည်းခံဖို့ အတွင်တွင် ပြောနေခဲ့သည်... ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်သလဲ!

🍁 Chapter 28

[အဲဒီလူယုတ်မာရဲ့ အဲလိုတွေအပြစ်တင်တာကြောင့်ပဲ ကျန်းစစ်စစ်က သူ့အပြုအမူတွေကို ပြန်လည်ဆန်းစစ်ခဲ့ပြီး အမှားကို ဝန်ချ တောင်းပန် ခဲ့ရတယ်လေ ၊ အဲဒီနောက်တော့ ကျန်းစစ်စစ်က တခြားသူတွေရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်တော့ဘူး]

[နေပါဦး... ဒါက အဲဒီလူယုတ်မာရဲ့ မူလရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား၊ သူက ထမင်းအပျော့စားချင်တာ မဟုတ်ဘူးလား]

[သူက မူး‌နေတဲ့နေချိန်မှာဆို သူ့ရဲ့ မြင့်မြတ်မှုကို တံတွေးနဲ့ထွေးပြီး၊ သူ့ကိုယ်သူ အသုံးမကျဘူးလို့ ဆဲဆိုတာ ၊ ပြီးရင်တော့ ကြင်နာတတ်ပြီး လှပတဲ့ ကျန်းစစ်စစ်နဲ့ မထိုက်တန်ဘူးလို့ ပြောပြီး သူမကို သွယ်ဝိုက်တဲ့နည်းနဲ့ တောင်းပန် တော့တာပဲ၊ အဲဒီအချိန်ဆို ကျန်းစစ်စစ်က စိတ်‌တွေလှုပ်ရှားပြီး အပြစ်ကို မမြင် တော့တာဒါပေမဲ့ သူ နိုးလာတဲ့အခါတော့ အတိတ်မေ့သွားသလို ရွှေပျောက်သလိုနဲ့ အရင်ပုံစံတိုင်းပဲ

အေးစက်စက် အမူအရာ ပြန်ဖြစ်သွားတယ်လေ]

[တကယ့်ကိုပဲ... သူက အရမ်းကို ကောက်ကျစ်တာပဲ၊ မပြောနဲ့တော့... ကျန်းစစ်စစ်က နတ်သားလေးက အမှားဝန်ခံတာကို မြင်ပြီး ထပ်ပြီး ကျရှုံးသွားပြန်ပြီပေါ့၊ပြီးတော့လဲ သူ့ခံစားချက်တွေကို ထောက်ထားပြီး နောက်ကွယ်က‌နေပဲ တိတ်တ ဆိတ်ပဲ ကူညီတော့တယ်၊ ဒါကြောင့်လဲ ကောင်းမှု‌တွေလုပ်ပြီး နာမည်မချန်ရဲဘူး ဖြစ်သွားတာမလား...ဟုတ် တယ်မလား..]

[အင်း.ဟုတ်တယ်.. ပြီးတော့ အဲလိုလုပ်ရပ်ကြောင့်ပဲ အကျိုး ဆက်က အကျင့်ပါသွားတာပဲ၊ ကျန်းစစ်စစ်က သူ့ရဲ့ အကြောင်းပြချက်မရှိတဲ့ ပြဿနာရှာမှုတွေကိုအကန့်အသတ် မရှိ သည်းခံနိုင်လာတယ်၊ သူ့ရဲ့ အရှုပ်အရှင်းတွေကိုတောင် စိတ်ရှည်လက်ရှည် လိုက်ရှင်းပေးတက်လာတယ်၊ ဒီလို အလျှော့ပေးမှုတွေက အဲဒီလူယုတ်မာရဲ့ မောက်မာမှုကို တိုက် ရိုက်ပြုစုပျိုးထောင်ပေးလိုက်တာပဲ၊ ဒါကြောင့် သူက မယား ငယ်ကလေးမွေးတာကိုတောင်ကူညီဖို့ ပိုက်ဆံပေး ပြောလာတာပေါ့]

[မဟုတ်ဘူးလေ... ဒါက နံပါတ်တစ် ဘုရားလောင်းမကြီး အဆင့်တင် မကတော့ဘူး၊ ဒါက နှိပ်စက်ခံရတာကို သဘောကျတဲ့သူ မက်ဆိုးချစ် (masochist)အဆင့်ဖြစ်‌နေပြီ!!!!!]

[တကယ်တော့ သူ မလုပ်ချင်ပါဘူး၊ သူအကြိမ်ကြိမ်ကွာရှင်းချင်ခဲ့ပေမဲ့ အကြီးအကဲကျန်း တားထားခဲ့တာ.၊ ဘာလို့လဲ..ဆိုတော့ သူ အဲဒီလူယုတ်မာနဲ့ လက်ထပ်တုန်းက မင်္ဂလာမဆောင်ခင် သဘောတူစာချုပ် မချုပ်ခဲ့ဘူးလေ၊ အဲတော့ ကွာရှင်းလိုက်တာနဲ့ အဲဒီလူယုတ်မာက သူ့ ပိုင်ဆိုင်မှုရဲ့ တစ်ဝက်ကို ရသွားမှာ]

[ဟုတ်တယ်... ခန့်မှန်းနေစရာတောင် မလိုဘူး၊ ချမ်းသာတဲ့သူတွေက သူ့ကို အထင်သေးပြီး သတိထားနေတယ်လို့ ထင်ပြီး အဲဒီလူယုတ်မာ ဒေါသထွက်မှာ၊ သူ့မာနကို ထိခိုက်မှာ ကြောက်လို့ ကျန်းစစ်စစ်က ပိုင်ဆိုင်မှုတွေကို တရားဝင် မှတ်ပုံမတင်ခဲ့သလို မင်္ဂလာမဆောင်ခင် ချုပ်ရမယ့် သဘော တူစာချုပ်လည်း မချုပ်ခဲ့တာ ဖြစ်ရမယ်]

[နောက်နေတာလား... အဲဒီလူယုတ်မာက ချမ်းသာတဲ့ မိသားစုထဲဝင်ဖို့ ဒီလောက်တောင် ကြိုးစားခဲ့ရတာ၊ သူက ဘယ်လိုလုပ် လက်ဗလာနဲ့ ထွက်သွားပါ့မလဲ]

[ဒါပေမဲ့ အဲဒီလူယုတ်မာမှာ တရားမဝင် ကလေးရှိနေပြီလေ၊ ဒါက အိမ်ထောင်ရေးဖောက်ပြန်မှုရဲ့ ခိုင်လုံတဲ့ သက်သေပဲ၊ အပြစ်ရှိတဲ့သူက အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းသွားရမှာပေါ့!]

ရှုယင်းယင်းက စိတ်အားထက်သန်စွာဖြင့် ပြန်လည်ချေပလိုက်ရာ အတင်းအဖျင်း လူအုပ်ကြီးကလည်း စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

ကျန်းစစ်စစ်မှာမူ နာကျင်နေသော မျက်ဝန်းများဖြင့် ခါးသီးစွာ ပြုံးလိုက်သည်။

[ အဲလိုလဲ မဟုတ်ဘူး... အကြီးအကဲကျန်းက သူမကို ထွက်သွားခွင့်ကို မပြုတာ၊ ဘာလို့လဲဆိုတော့ ဒါက သူ့ရဲ့ ဂုဏ် သိက္ခာကို ထိခိုက်စေမှာမို့လို့ပဲ၊ ကျန်းမိသားစုက တင်းကျပ်တဲ့ မိသားစု စည်းကမ်းကြောင့် နာမည်ကြီးတာလေ၊ သား သမီးတွေကို ကွာရှင်းခွင့် ပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ သမက်ဖြစ် သူက အိမ်ထောင်ရေး ဖောက်ပြန်ပြီး မယားငယ်ကို အိမ်ထဲ ခေါ်သွင်းလာတယ်ဆိုတဲ့ အရှုပ်တော်ပုံကြီး ပေါက်ကြားသွားရင်လည်း မကောင်းဘူးလေ၊ ဒါကြောင့် အဘိုးကြီးက ကျန်းစစ်စစ် စုဆောင်းထားတဲ့ သက်သေအထောက်အ ထား အားလုံးကိုဖျက်ဆီးပစ်ပြီး သူမ အခက်ခဲဆုံးဖြစ်နေချိန်မှာ နေအိမ်အကျယ်ချုပ်ချထားလိုက်တာ!]

စနစ်က ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက်အတင်း အဖျင်း လူအုပ်ကြီးမှာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ ဒီလိုချမ်းသာတဲ့ မိသားစုရဲ့သမီးဖြစ်ရတာက သိပ်ပြီး အဆင်မပြေလှဘူး!

[ဒါက ဘယ်လိုထူးဆန်းတဲ့ အဖေလဲ၊ ကိုယ့်သမီးကို ဒီလိုမျိုး လိမ်ညာလှည့်စားတဲ့သူ ရှိသေးလား]

[ကျန်းစစ်စစ်က အဲဒီလူယုတ်မာကို ပိုးပန်းတုန်းက အဘိုးကြီးက နည်းမျိုးစုံနဲ့ တားဆီးခဲ့တာ၊ တစ်ဖက်လူက ရည်ရွယ် ချက် မကောင်းဘူးလို့ သူ ပြောခဲ့တယ်၊ ဒါပေမဲ့လဲ သမီးဖြစ်သူရဲ့ ခေါင်းမာမှုကို သူ မတားနိုင်ခဲ့ဘူး၊ ဒါကြောင့် ကျန်းစစ်စစ်က အဲဒီလူယုတ်မာရဲ့ မျက်နှာအမှန်ကို ရှင်းရှင်းလင်း လင်း သိသွားပြီးဒေါသထွက်၊ နောင်တရနေချိန်မှာ အဘိုးကြီးက သူမကို မကြာခဏလှောင်ပြောင်လေ့ရှိတယ်... အဖေစကား နားမထောင်လို့ အခုတော့ သူ့ရှေ့မှာ ဒုက္ခရောက်နေပြီလို့ ဆိုပြီးပြောတာပေါ့]

[အာ......]

[ပြီးတော့ သူမကို ဒီအမှားကို နက်နက်ရှိုင်းရှိုင်း မှတ်မိစေဖို့အတွက် အဘိုးကြီးက ကွာရှင်းခွင့်မပြု ဘူးလို့ အမိန့်ပေးခဲ့တယ်၊ ပြီးတော့ ကွာရှင်းရေး ရှေ့နေတွေကိုလည်း ဒီအမှုကို လက်ခံရဲရင် အလုပ်ပိတ်ပင်ခံရမယ်လို့ ပြောထားသေးတယ်]

[ဒါ... ဒါက အရမ်း လွန်လွန်းတယ်! ကလေးတွေ အမှားလုပ်မိရင်တောင် ခွင့်မလွှတ်နိုင်လောက်တဲ့ အထိတော့ မဟုတ်ပါဘူး၊ ငယ်ရွယ်ပြီး သွေးဆူနေချိန်မှာ ဘယ်သူကများ မျက်စိမကန်းဖူးလို့လဲ၊ ကျန်းစစ်စစ်ကို ဒီလို ကြည့်ရတာ တော်တော် သနားဖို့ ကောင်းတယ်၊ ဟင်း... တကယ်ပဲ ချမ်းသာတဲ့ မိသားစုတွေက အရမ်းထူးဆန်းတာပဲ!]

[ဟင်း... အချုပ်ပြောရရင်တော့ အရာအားလုံးက မိသားစုရဲ့ ဂုဏ်သိက္ခာအတွက်ပါပဲ]

စနစ်က မချင့်မရဲ သက်ပြင်းချလိုက်သည်။

အတင်းအဖျင်း လူအုပ်ကြီးက ဤကိစ္စကို မှတ်ချက်ပေးရန် ခက်ခဲကြောင်း ဆိုကြသည်။ နှစ်ဖက်စလုံး မှားနေသကဲ့သို့ ရှိပြီး၊ နှစ်ယောက်စလုံးတွင် အပြစ်မရှိသကဲ့သို့လည်း ခံစားရသည်။

ကျန်းစစ်စစ်က အနည်းငယ် ဝမ်းနည်းစွာ ပြုံးလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ယိမ်းယိုင်ကာ မနဲထရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်စဉ် ရှုယင်းယင်း၏ အသံကို ကြားလိုက်ရသည်။

[ငါသာ ကျန်းစစ်စစ် နေရာမှာဆိုရင်တော့ ငါ ဆက်ပြီး သည်းခံနေမှာ မဟုတ်ဘူး၊ အဲဒီလူယုတ်မာက အဘိုးကြီး ကွာရှင်းခွင့် မပေးတာကို အားကိုးပြီး သူမကို ရွံရှာအောင် လက်စားချေနေတာ၊ သူမရဲ့ ဂုဏ်သိက္ခာကို တစ်ဆင့်ပြီးတစ်ဆင့် နင်းခြေပြီး သူ့အပေါ်ထားတဲ့ ကျန်းစစ်စစ်ရဲ့ အချစ်တွေကို တိုက်စားပစ်နေတာ၊ ဒီလို ရက်စက်ပြီး အရှက်မရှိတဲ့ အမှိုက်မျိုးကို အမြန်ဆုံး ရှင်းပစ်သင့်တယ်... မျက်စိနောက်မခံနဲ့]

[ဒါမှမဟုတ်ရင် သူက သူ့ရဲ့ မှားယွင်းတဲ့ မာနကို အဆုံးအစမရှိ ချဲ့ကားလာလိမ့်မယ်၊ နင့်ဆီက စားပြီး နင့်ပစ္စည်းတွေကို သုံးနေရင်းနဲ့ နင်က သူ့ကို ဂုဏ်သိက္ခာ မပေးဘူး၊ နင် လက် နက်ချတဲ့ ပုံစံက သိပ်ပြီး ကြည်ညိုစရာမကောင်းဘူးလို့ အပြစ်တင်နေလိမ့်မယ်]

[မိဘတစ်ယောက်အနေနဲ့ ကလေးကိုမဆုံးမတာက အကြီးမားဆုံး ကနဦးအပြစ်ပဲ၊ ပြီးတော့လဲ ပြုစုပျိုးထောင်ပြီး မကာကွယ်ပေးတာက အကြီးမားဆုံး တာဝန်ပျက်ကွက်မှုပဲ၊ ဒါဆို သူက ဘာလို့ သူ့သမီးရဲ့ အမြင်မကြည်လင်မှုကို အပြစ် တင်ရတာလဲ၊ ဘာလို့ သူမကို သူကလှောင်ပြောင်ရတာလဲ၊ ပြီးတော့ သူ့သမီးကို သူ့ဂုဏ်သိက္ခာဆိုတဲ့ မျက်နှာပေါ် ရွှေချဖို့ ကိရိယာတစ်ခုအဖြစ်နဲ့ အသုံးချဖို့ သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ]

[ဘဝဆိုတာ တိုတိုလေးပါ၊ ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တတ်အောင် သင်ယူရမယ်‌‌လေ၊ ကိုယ့်ရဲ့ မှားယွင်းခဲ့တဲ့ အတိတ်နဲ့ ပြန်လည် သင့်မြတ်အောင် လုပ်ပြီး၊ ကိုယ်ကိုယ်တိုင် အကျဉ်းချထားတဲ့ ကိုယ့်ဝိညာဉ်ကို လွှတ်ပေးပြီး အနာဂတ်ကို ပြန်လည် ကြိုဆိုရမှာပေါ့]

[ကျန်းစစ်စစ်တင် မကပါဘူး... ထိခိုက်နာကျင်ခဲ့ရတဲ့ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ဖို့ အရင်သင်ယူသင့်တယ်၊ အမှားလုပ်မိတာကို မရှက်နဲ့၊ စွဲလမ်းနေတာထက် ဆုံးရှုံးမှုကို အချိန်မီရပ်တန့် လိုက်တာက အကောင်းဆုံးရွေးချယ်မှုပါပဲ]

ရှုယင်းယင်း၏ စကားများက ကျန်းစစ်စစ်အတွက် အလင်း ရောင်တစ်ခုကဲ့သို့ ဖြစ်သွားသည်။

သူမက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အနစ်နာခံခဲ့တယ်၊ ကူးရှောင်ကို ပိုးပန်းတုန်းကလည်း အဲဒီလိုပဲ၊ သူ့ကို ရပြီးနောက်မှာလည်း သူ့ဆီမှာ အကျင့်ဆိုးတွေ အများကြီးရှိနေမှန်း သိရတော့လည်း သည်းခံခဲ့တယ်။

သူ့ရဲ့ ပါရမီဆိုတာက အပေါ်ယံ ဟန်ဆောင်မှုတစ်ခုသက် သက်ပဲဆိုတာ သိလိုက်ရတော့လည်း သူမ သည်းခံခဲ့တယ်။

နောက်တော့ သူမက နိုက်ကလပ်အထိ သွားပြီး ပိုက်ဆံရှင်းပေးရတဲ့အထိ ဖြစ်လာတော့လည်း သူမ ဆက်လက် သည်းခံဖို့ ရွေးချယ်ခဲ့တယ်... မယားငယ်က ဗိုက်ကြီးနဲ့ အိမ်ကို ရောက်လာပြီး ကလေးမွေးတော့မယ်လို့ ပြောတဲ့အထိလဲ

ဆက်သည်းခံ နေတုန်းပဲ။

သူမက ချက်ချင်း ကွာရှင်းစာ တင်ခဲ့ပေမဲ့ နောက်တစ်နေ့မှာ ဖခင်ဖြစ်သူက အိမ်ကို ခေါ်ပြီး ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခဲ့တယ်။

ကူးရှောင်ရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု သက်သေတွေကို သူ့ရှေ့မှာ ချပြပြီး ကူးရှောင်က အိမ်ပေါ်ကနေ လက်ဗလာနဲ့ ဆင်းသွားရမယ်၊ ကျန်းမိသားစုဆီက အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်တောင် ယူသွားမှာ မဟုတ်ဘူးလို့ အလေးအနက် ပြောခဲ့တာတောင် သူက သဘောမတူခဲ့ဘူး။

သူမ ရှာထားတဲ့ သက်သေအထောက်အထားတွေကို သူက မီးရှို့ဖျက်ဆီးပစ်ခဲ့ပြီး သူမရဲ့ ကွာရှင်းခွင့်အမှုကို မကိုင်တွယ်ဖို့ ကွာရှင်းရေး ရှေ့နေတွေကို အမိန့်ပေးခဲ့တယ်၊ သူ‌ ပြောတာကို မလိုက်နာရင် အလုပ်ပိတ်ပင်ခံရမယ်လို့တောင် ခြိမ်း ခြောက်ခဲ့သေးတယ်။

အဲဒီအချိန်မှာ သူမ ပထမဆုံးအကြိမ် ခံစားလိုက်ရတာက သူမရဲ့ ဖခင်ဟာ သူ့ကိုအရမ်း စိမ်းကားသွားသလိုပဲ၊ သူက ငယ်ငယ်တုန်းကလို ကြင်နာတတ်ပြီး ချစ်ခင်တတ်တဲ့ ဖခင် မဟုတ်တော့ဘူး။

သူပြောခဲ့တဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာက အရေးကြီးတယ် ဆိုတဲ့ စကားကြောင့် သူမက အကြိမ်ကြိမ် သည်းခံခဲ့ရတယ်၊ ဒါပေမဲ့ အခုတော့ သူမ ဆက်သည်းမခံတော့ဘူး!

All Chapters