အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
🍁 Chapter 29
ရှုယင်းယင်းပြောတာ မှန်တယ်၊ ဘဝက သူ့ကို ဒုက္ခတွေ ပေးနေမှတော့ သူကလည်း ပိုကြီးမားတဲ့ ဒုက္ခတွေနဲ့ ဘဝကို ပြန်ဆပ်ရမှာပေါ့။
သူ့ရဲ့ ဂုဏ်သိက္ခာကို ဖြည့်ဆည်းပေးဖို့ သူမ တစ်ယောက် တည်း နာကျင်မှုတွေကို သည်းခံနေရချိန်မှာ ဘယ်သူကများ သူ့ အတွက် စဉ်းစားပေးခဲ့လို့လဲ?
ဘယ်သူမှ မရှိဘူး... ဘယ်သူမှ သူ့ အတွက် တစ်ခါလေးတောင် မစဉ်းစားပေးခဲ့ဘူး!
အပြင်လူတွေရဲ့ အမြင်မှာတော့ သူ့ရဲ့ ဒေါသအိုးဆိုတဲ့ ပုံစံက သူ့ရဲ့ ခံနိုင်ရည်မရှိတဲ့ အမာရွတ်တွေ ကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခု သက်သက်ပါပဲ၊ အရင်ကတော့ အစ်ကိုဖြစ်သူဆီက ဒေါသကို ငှားသုံးခဲ့ရပေမဲ့ အခုတော့ သူ အဲဒါကို မလိုတော့ဘူး... သူကိုယ့်အတွက် ကိုယ် အသက်ရှင်ချင်ပြီ။
သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရှုယင်းယင်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ပြီးနောက် လှည့်ထွက်ကာ မျက်နှာကို မော့ထားပြီး ရင်ဘတ်ထဲသို့လေ ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ခပ်သုတ်သုတ် လျှောက်သွားတော့သည်။
[ဟယ်... သူ ဘာလို့ ထွက်သွားပြန်တာလဲ၊ စောစောကမှ သူ ငါ့ကို ဆွဲဖြဲချင်နေတာ မဟုတ်ဘူးလား]
ရှုယင်းယင်း ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများ ပေါ်လာပြီး၊ သူမ အာရုံလွှဲပြီး အတင်းအဖျင်းစားနေတဲ့ မိနစ်အနည်း ငယ်အတွင်းမှာ သူမ ဘာလို့ ထွက်သွားရတာလဲဟု တွေးနေမိသည်။
[ဘယ်သူသိမှာလဲ... မိန်းမတွေရဲ့ စိတ်က အပ်တစ်ချောင်းလိုပဲ ခန့်မှန်းရခက်တယ်လေ] ဟု စနစ်က မျှတစွာ မှတ်ချက်ပေးလိုက်သည်။
ထိုနေရာရှိ အတင်းအဖျင်း လူအုပ်ကြီးကသာ ကျန်းစစ်စစ်၏ ရှုယင်းယင်းကို ကြည့်သွားသော အကြည့်တွင် စိတ်သက်သာရာရမှုများ ပြည့်နှက်နေကြောင်း သိကြသည်။
ပြီးတော့ သူမ လျှောက်သွားတဲ့ ပုံစံကလည်း ဒါကို ရှင်းရှင်း လင်းလင်း ပြောနေသလိုပဲ... ဒီနေ့ကစပြီး ငါက ကျန်းစစ်စစ် မဟုတ်တော့ဘူး၊ 'ကျန်းနျူဟူလူ စစ်စစ် (Zheng Niuhulu Sisi - ပိုမို ကြံ့ခိုင်သန်စွမ်းသူအဖြစ် ပြောင်းလဲသွားခြင်း)' ဖြစ်သွားပြီလို့..
လူတိုင်းက ရှုယင်းယင်းကို ထပ်မံ ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းများတွင် ပြင်းထန်သော လေးစားမှုနှင့် အထင်ကြီးမှုများ ပြည့်နှက်နေသည်။ ကျန်းစစ်စစ်၏ အသိဉာဏ်ပွင့်သွားစေသော စကားများက လူတိုင်းကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေခဲ့သည်။
ဤရိုးရှင်းပြီး လှပသော မိန်းကလေးငယ်လေး၊ အတင်း အဖျင်းစားခြင်းကိုသာ အပြည့်အဝ အာရုံစိုက်နေသူလေးသည် သူမ၏ အရသာခံမှုထဲတွင် ထိုးထွင်းသိမြင်မှုများစွာကို အမြဲတမ်း ဖော်ပြနိုင်ပြီး အဓိကအချက်ကို ထိမိစေသည်။
ကူကယ်ရာမဲ့ ဒုက္ခရောက်နေသော အတင်းအဖျင်းပိုင်ရှင်ကို ပြန်လည် အားတက်လာစေပြီး မည်းနက် နေတဲ့ လူယုတ်မာ အတင်းအဖျင်းပိုင်ရှင်များ၏ ဖုံးကွယ်ထားသော အပြစ်များကို ပုန်းအောင်းစရာ နေရာမရှိအောင် လုပ်နိုင်စွမ်းရှိသည့်... တကယ့်ကို တရားမျှတမှုရဲ့ အလင်းရောင်ပါပဲ!
အကယ်၍ ဖော်ထုတ်ခံရမည်ကို မကြောက်ပါက ရွှယ်ဝေဝေသည် တကယ်ကို ဦးဆောင်ပြီး လက်ခုပ်တီးချင်နေကာ မင်းသမီးလေးကို အားပေးရန်အတွက် ပရိသတ်တွေ မှုတ်တတ်တဲ့ လေချွန်သံ မျိုးတောင် မှုတ်ချင်နေသည်။
မင်းသမီးလေးက တကယ်ကို အံ့ဩစရာကောင်းတာပဲ၊ အတင်းအဖျင်းစားရုံတင် မကဘူး၊ အတင်းအဖျင်းပိုင်ရှင်ကိုပါ လမ်းညွှန်ပြသပေးသေးတယ်၊ ကမ္ဘာပေါ်က မှန်ကန်တဲ့ လမ်းစဉ်ပါပဲ!
အမြင်အရ ပြောရရင်တော့ ကျန်းမိသားစုဆီက သတင်းတွေ ထွက်လာမှာ သေချာတယ်၊ ကျန်းမိသားစုမှာ တစ်ခုခုဖြစ်တာနဲ့ ဖုန်းရိရဲ့အထက်တန်း စီမံခန့်ခွဲမှုမှာ သေချာပေါက် အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်၊ ဖုန်းရိက တကယ်ပဲ ပြောင်းလဲတော့မှာပဲ။
ထိုအချိန်တွင် အရင် ရှုယင်းယင်းကိုလှောင်ပြောင်ခဲ့သော ဘက်ရွေးထားသည့် လူစုမှာ ရုတ်တရက် ထိတ်လန့်သွားကြပြီး ထမင်းစားပန်းကန်များကို ကိုင်ကာ အမြန်ထရပ်လိုက်ကြပြီး ရန်သူကြီးကို ရင်ဆိုင်ရမည့် မျက်နှာထားများဖြင့်အားလုံး ထွက်ပြေးသွားကြတော့သည်။
ရှုယင်းယင်းလည်း ဗိုက်ဝသွားပြီဖြစ်ရာ ပန်းကန်ကိုသိမ်း ဆည်းပြီး ထွက်ခွာရန်ပြင်လိုက်သည်။
သူမ ထွက်သွားသည်နှင့် တပြိုင်နက် အတင်းအဖျင်းလူအုပ်ကြီးမှာ ချက်ချင်းဆူညံသွားကြပြီး ကျန်းမိသားစု၏နောက် ဆက်တွဲ ဖြစ်လာနိုင်ချေများနှင့် ကျန်းစစ်စစ် နောက်ဆုံး ဆုံးဖြတ်ချက်က ဘာဖြစ်လာမလဲ ဆိုသည်ကို အတူတကွ စုရုံးကာ ဆွေးနွေးကြတော့သည်။
---
ရုံးဆင်းချိန်နီးလာသောအခါ ရှုယင်းယင်းသည် စွင်းမင်ပေးအပ်သော တာဝန်များကို ပြီးစီးသွား သဖြင့် နောက်ဆုံးတွင် ထရပ်ပြီး လှုပ်ရှားရန်အချိန်ရသွားသည်။
သူမက လက်ဖက်ရည်သောက်ခန်းဆီသို့ အမြန်ဆုံး လျှောက်သွားကာ ရွှယ်ဝေဝေနှင့် စကားပြောချင်ပြီး အတင်းအဖျင်းအသစ်တစ်ခုကိုလည်း ရှာဖွေချင်နေခဲ့သည်။
[အတွင်းရေးမှူးစွင်းက ဘာလို့ ငါ့ကို စီးပွားရေး စစ်ပွဲရုပ်ရှင်တွေ ကြည့်ခိုင်းရတာလဲ၊ ငါ ဘာမှ သင်ယူလို့မရသလို ခံစားရတယ်?]
[သူမကို ဂရုစိုက်မနေပါနဲ့၊ နင်က အလုပ်လာတာ အတင်းအ ဖျင်းစားဖို့လေ၊ နင် လုပ်ချင်တာ လုပ်လို့ရပါတယ်၊ ကျန်တာတွေကို တွေးပြီး ခေါင်းစားခံမနေပါနဲ့]
[အင်း... အဲဒါလည်း ဟုတ်တာပဲ၊ ဘာပဲဖြစ်ဖြစ် ငါက အဘိုးကို ကုမ္ပဏီလာမယ်၊ ပြီးတော့ ဒုတိယဒေါ်လေး စီစဉ်ပေးတဲ့ အလုပ်တွေကို သေချာလုပ်မယ်လို့ပဲ ကတိပေးခဲ့တာလေ၊ ငါက အလုပ်ကြီးအကိုင်ကြီး လုပ်ချင်တယ်လို့မှ မပြောခဲ့တာ၊ ဒါပေမဲ့ ဒီလိုကြည့်ရတာ နည်းနည်းတော့ အရှက်မရှိသလိုပဲ]
ရှုယင်းယင်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။
[ကျွတ်ကျွတ်... နင့်ကိုယ်နင် ဘယ်လိုလုပ် ဒီလို ပြောနိုင်ရတာလဲ၊ နင်က မတိုက်ခိုက်ဘူး၊ မလုယူဘူး... ဒါက ဘယ်ချမ်းသာတဲ့ မိသားစုမှာမဆို ရှားပါးတဲ့ အရာပဲ၊ ချမ်းသာတဲ့ အဘိုးက အမွှေးတိုင်ထွန်းပြီး ဆုတောင်းဖို့တောင် နောက်ကျနေဦးမယ်၊ သူက နင့်ကို အရှက်မရှိဘူးဆိုပြီးဘယ်လိုလုပ် အပြစ်မြင်နိုင်မှာလဲ... စိတ်ချပါ!]
[အင်း... ဟုတ်ပါပြီ]
လက်ဖက်ရည်သောက်ခန်းအတွင်းတွင် ကုမ္ပဏီရှိ အတင်း အဖျင်းသမားများ၏ တစ်ဝက်ကျော်မှာ စုဝေးနေကြပြီဖြစ်ပြီး ကျန်းစစ်စစ်၏ နောက်ဆက်တွဲ အတင်းအဖျင်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ရှုယင်းယင်း ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်းက သူမအပေါ်သို့ ပူပြင်းတောက်လောင်သော အကြည့်များ ပို့လွှတ် လိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် ထမင်းစားခန်းထဲတွင် သူမသည် လူတိုင်း၏ စိတ်အားထက် သန်မှုကို လျင်မြန်စွာလက်ခံနိုင်ခဲ့ပြီး ပြုံး၍ နှုတ်ဆက်ပြီးနောက် သူမသည် လူတိုင်း၏ ဝိုင်းရံမှုဖြင့် အနားယူခန်းရှိ ဆိုဖာပေါ်တွင် အဓိကနေရာကို ယူကာ ထိုင်လိုက်သည်။
အတင်းအဖျင်းစားချင်သည့် ရည်ရွယ်ချက်ကို အရမ်းမသိ သာစေရန်အတွက် ရွှယ်ဝေဝေလည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော ရယ်စရာဇာတ်လမ်းများကို စတင် ပြောပြရာမှ လေထုမှာ လျင်မြန်စွာသက်ဝင်လှုပ်ရှားလာခဲ့သည်။
🍁 Chapter 30
ဖော်ထုတ်ခံလိုက်ရသော ရှန်ရှန်းမှာ ဒေါသတကြီးဖြင့် ရှုယင်းယင်းကို လက်ညှိုးထိုးကာ "မင်း..." ဟု ပြန်လည်ချေပရန် ပြင်လိုက်သည်။
သို့သော် အာဘာ အာဘာဖြင့် သူ စကားတစ်ခွန်းမျှပင် ပြောမထွက်တော့ပေ။
အရမ်း လွန် လွန်း တယ်!
ရှုယင်းယင်း နားမလည်စွာဖြင့် "ကျောင်းသားလေး... ငါ့မျက်နှာက ဘာဖြစ်နေလို့လဲ"
"မင်းက ရှုယောင် မိသားစုက ဘယ်သူလဲ"
ဤသေနာမက ဘယ်သူလဲဆိုတာကို သူ သိချင်နေသည်။ ယခုပြဿနာဖြေရှင်းပြီးသွားသောအခါ သူမကို သေချာ ပေါက် သင်ခန်းစာပေးရမည်။
ရှုယင်းယင်းမှာ ရုတ်တရက် အတင်းအဖျင်းစားရန်သာ အာရုံရောက်နေပြီး ကိုယ်တိုင် မိတ်ဆက်ရန်မေ့နေခဲ့သည်။
"အို့ တောင်းပန်ပါတယ်... ကျွန်မ မိတ်ဆက်ဖို့ မေ့သွားတယ်၊ ကျွန်မက ရှုယောင်ရဲ့ ဝမ်းကွဲအစ်မ ရှုယင်းယင်းပါ... ပထမဆုံးအကြိမ်တွေ့ဆုံတာဆိုတော့ ကူညီလမ်းညွှန်ပေးကြပါဦး"
သူမ ကောလျန်နှင့် ဖုန်းယွဲ့တို့ကို တစ်ယောက်ပြီးတစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်သည်။
၎င်းတို့သည် စိတ်ထဲကအသံများကြောင့် ထိုလူနှစ်ဦးမှာ သူတို့ရှေ့ရှိ နူးညံ့ပြီး အန္တရာယ်ကင်းပုံရသော အမျိုးသမီးငယ် လေးကို ပိုမိုကြောက်ရွံ့လာကြသည်။ မတော်တဆ သူမကို စိတ်ဆိုးအောင်လုပ်မိပါက သူမထံမှ အာရုံစိုက်မှုခံရပြီး ၎င်းတို့လျှို့ဝှက်ချက်များအား ဖောက်ခွဲလိုက်မည်ကို စိုးရိမ်နေကြသည်။
"ရှုယောင် ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်မ မသိသေးဘူးရှင့်" ရှုယင်းယင်း ပြုံး၍ မေးလိုက်သည်။
သူမက အကုန်သိပြီးသား မဟုတ်ဘူးလားဟု သူတို့နှစ်ဦးက တကယ်ပဲပြန်ပြောချင်ခဲ့ကြသည်။ သို့သော် ယခုလေးတင် သားကောင်ဖြစ်သွားသော ရှန်ရှန်း၏တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် စိတ်ထဲကအသံများကို ထုတ်ပြောနိုင်စွမ်းမရှိကြောင်း သိလိုက်ရသည်။
ကောလျန် မတတ်သာဘဲ စနစ်ဖော်ထုတ်သွားသည့်အတိုင်း ပြန်လည်ရှင်းပြလိုက်ရသည်။
"ဒါဆို ဘယ်သူ အရင်စလုပ်လဲဆိုတာကို သေချာသိရင်... ဘယ်လို အပြစ်ပေးမှာလဲ"
ဖုန်းယွဲ့ ပြုံးပီဲး "ကျောင်းသားတွေကြားမှာ တစ်ခါတလေ ပွတ်တိုက်မှုလေးတွေရှိတတ်ပါတယ်... ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် တမင်ရည်ရွယ်ပြီး နာကျင်အောင်လုပ်တဲ့ ဖြစ်စဉ်မျိုးမရှိသရွေ့... သာမန်အားဖြင့်တော့ ဖျန်ဖြေပေးတာကို အဓိကထားပါတယ်၊ ကျောင်းက အများဆုံးနှုတ်နဲ့ သတိပေးရုံလောက်ပါပဲ... မှတ်တမ်းတင်ထားမှာ မဟုတ်ပါဘူး"
"ကျောင်းမှာ စီစီတီဗွီရှိတယ်မဟုတ်ဘူးလား၊ အဲဒီကနေ ဘယ်သူ အရင်စလုပ်လဲဆိုတာ သိနိုင်တာပဲ အဲ့လိုဆို တာဝန်ရှိသူကို မြန်မြန်သိနိုင်မှာပဲလေ"
ရှုယင်းယင်း စကားပြောပြီးသည်နှင့် တပြိုင်နက် ရှန်ရှန်း လှောင်ပြောင်လိုက်သည်။
"တကယ်ပဲ ဦးနှောက်မရှိတဲ့ပန်းအိုးပဲ၊ ရန်ဖြစ်ဖို့ ဆုံးဖြတ်ထားမှတော့ ဘယ်အရူးက သက်သေချန်ထားခဲ့မှာလဲ... စီစီတီဗွီမမိတဲ့ နေရာတွေ ရှိတယ်ဆိုတာ မသိဘူးလား"
ရှုယင်းယင်း ပြုံးကာ "စီစီတီဗွီ မမိတဲ့နေရာ ရှိတယ်ဆိုတာကို ကျွန်မ တကယ်မသိပါဘူး... ဒါပေမဲ့ မင်းမှာက လူတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ အခြေခံအကျင့်စာရိတ္တတောင် ရှိပုံမပေါ်ဘူးနော်"
"မင်း..."
ရှုယောင် နှုတ်ခမ်းများ ရှားရှားပါးပါးကွေးတက်သွားသည်။ သူ့ ဝမ်းကွဲအစ်မက ဖရဲသီးပဲစားတတ်မည်ဟု ထင်ထား သော်လည်း သူမ စကားပြောရာတွင်လည်း ပိုင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဘယ်သူက ငါ့သားကို အကျင့်စာရိတ္တမရှိဘူးလို့ ပြောတာလဲ... ဘယ်သူလဲ!"
စူးရှပြီး အားပါသောအသံတစ်ခုက လူတိုင်း၏အနောက်ဘက်မှ ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်သောအခါ ပုလဲဆွဲကြိုးကိုဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် လှပသော အမျိုးသမီးတစ်ဦး က သူမ၏ကျော့ရှင်းသော ခန္ဓာကိုယ်ကိုယိမ်းနွဲ့ကာ သူတို့ဆီသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
ထို ခြိမ်းခြောက်နေသော အသွင်အပြင်ကို မသိသူများက ပြဿနာလာရှာသည်ဟုပင် ထင်မှတ်သွားနိုင်သည်။
ရှုယင်းယင်းအကြည့်များက သူမ ခြေထောက်ပေါ်ရှိဒေါသထွက်စရာကောင်းသော ဖိနပ်များဆီသို့ ရောက်ရှိသွားပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
[ဒါက အရှိန်အဝါမလုံလောက်လို့ ဒေါက်ဖိနပ်က လာဖြည့်ပေးနေတာပဲ... သူ့ ဒေါက်ဖိနပ်က ဂျိုင်းထောက် လောက်နီးပါးမြင့်နေပြီ... လည်ပင်းကျိုးသွားမှာ မကြောက်ဘူးလား]
ဘယ်သူလဲ ? ဘယ်သူ စကားပြောနေတာလဲ။
အယ်လီမှာ ဤကဲ့သို့ စက္ကန့်အနည်းငယ်မျှ အာရုံလွင့်သွားပြီး သူမ ခြေထောက်များလိမ်သွားကာ တကယ်ကြီး လဲကျသွားတော့သည်။
"အိုင့်!"
ခြိမ်းခြောက်နေသော မေးခွန်းထုတ်မှုမှာ ချက်ချင်းနူးညံ့ပြီး နာကျင်သောအော်သံအဖြစ်သို့ ပြောင်းလဲသွားရာ အရိုးတစ်ဝက်ကျော်ခန့်ပင် ကြေမွသွားသကဲ့သို့ ခံစားရစေသည်။
ထိုအရာကို မြင်သောအခါ ရှန်ရှန်း ခပ်သုတ်သုတ်ပြေးသွားပြီး သူမကို မင်းသမီးလေးတစ်ပါးကဲ့သို့ ပွေ့ချီရန် ငုံ့လိုက်သည်။
[အိုးမိုး... အိုးမိုး... အဲဒါ မင်းသမီးလေးကိုပွေ့ချီသလိုမျိုးလေ... မိထွေးကို အဲ့လိုချီတယ် အား... ငါ့မျက်လုံးတွေ! ]
ရှုယင်းယင်း ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
မူလက ဤအပြုအမူမှာ ဘာမှမဟုတ်သော်လည်း ရှုယင်းယင်းက သူတို့ ဖောက်ပြန်နေကြောင်း ဖော်ထုတ်ခဲ့သော ကြောင့် ဤအနေအထားမှာ ရုတ်တရက်မသန့်ရှင်းတော့ပေ။
အတင်းအဖျင်း လူအုပ်ကြီးမှာမူ သူတို့၏ရင်ဘတ်ထဲမှ အောင့်တက်လာသည်ဟု ခံစားလိုက်ရသည်။ ရွံစရာကြီး!
ပြီးတော့ ပွေ့ချီခံလိုက်ရသော အယ်လီမှာလည်း တွေဝေသွားသည်။ ဘယ်သူ စကားပြောနေတာလဲ။
သူမက ရှန်ရှန်းကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်ရာ တစ်ဖက်လူက သူမကို ခါးသီးသောအပြုံးဖြင့် ပြန်ကြည့်လိုက်သည်။
မမေးပါနဲ့... မေးရင်လည်း သူ ပြောလို့မရပါဘူး!
ရှုယင်းယင်း သူတို့နှစ်ဦး၏ကျောပြင်ကို တိတ်တဆိတ် ကြည့်ကာခန့်မှန်းလိုက်သည်။
[ရှောင်ချီ... သူတို့က အချစ်စစ်တွေလား ? မဟုတ်ရင်... ငါ့ရဲ့ ဒုတိယဦးလေးက သူ့မိထွေးနဲ့အိပ်ခဲ့လို့ ငါ့ရဲ့ အပြစ်ကင်းတဲ့ ဝမ်းကွဲမောင်လေးကို ဘာလို့လာဒေါသထွက်နေရတာလဲ]
ထိုစကားထွက်လာသည်နှင့် တပြိုင်နက် လူတိုင်းက အယ်လီကိုကြည့်လိုက်ကြပြီး သူတို့ စိတ်ထဲမှ အတင်းအဖျင်းများက ခုံပုလေးကိုရွှေ့ကာ အတင်းအဖျင်းစားရန်စောင့်နေကြတော့သည်။
[အချစ်စစ်က ဘာလုပ်ရမှာလဲ... ဒီအမျိုးသမီးက သူမရဲ့အလှအပကို အားကိုးပြီး အရမ်းကို ဂနာမငြိမ်ဖြစ်နေတာ... နေရာတိုင်းမှာ ယောက်ျားတွေကိုမြှူဆွယ်ပြီး ကြုံတဲ့သူနဲ့ ကြုံသလိုအိပ်နေတာလေ၊ ယောက်ျားတွေက သူ့အတွက် တံဆိပ်ခေါင်းတွေလိုပဲ... စုဆောင်းလို့ပြီးသွားရင် အဲဒါတွေအကုန်လုံးက အောင်ပွဲခံပစ္စည်းတွေ ဖြစ်သွားတာပဲ... အချစ်စစ် မဟုတ်ပါဘူး]
[ဝါး... ဒါဆို သူ တော်တော်စွမ်းတာပဲ]
[လောကကြီးအကြောင်း ဘာမှနားမလည်သေးတဲ့ ဒီလိုလူငယ်လေးမျိုးက သူ့ စားစရာ ဘယ်ဟုတ်ပါ့မလဲ၊ နင် မစဉ်းစားချင်ဘူးလား... နည်းနည်းလေးမြှူဆွယ်လိုက်တာနဲ့ ထောင်ချောက်ထဲဝင်လာတာလေ]
[အစတုန်းက သူမ ရှန်ရှန်းကို မြှူဆွယ်ခဲ့တာ... ပြီးတော့ သူ့အဖေကိုလက်ထပ်ခဲ့တာက သူ့ကို သဘောကျလို့ပါလို့ တကယ်ကြီးပြောခဲ့သေးတယ်၊ ပြီးတော့ သူ့အပေါ် သစ္စာရှိပါတယ်လို့လည်းပြောခဲ့တယ်လေ... အဲ့ဒါ ဒီလူငယ်လေးကို အံ့ဩမှင်သက်သွားစေပြီး လမ်းမှားရောက်သွားစေတာပေါ့]
[ဟုတ်တယ်... ရှန်ရှန်းလို ခန္ဓာကိုယ်သာ ကြီးထွားပြီး ဦးနှောက်မရှိတဲ့သူက လှည့်စားလို့အလွယ်ဆုံးပဲ... ဒီလိုဆိုတော့ ကြည့်ရတာ သူ ဘယ်တော့မှ အသားကောင်းကောင်း မစားဖူးဘူးထင်တယ်၊ အမြင်ကျဉ်းတယ်၊ ပညာလည်း မတတ်ဘူး... သူက အသုံးမကျတဲ့သူ မဟုတ်ဘူးလား!]
ကာယကံရှင် နှစ်ဦးစလုံး : "..." ယဉ်ကျေးမှုရော ရှိသေးရဲ့လား။
ရှန်ရှန်း ပါးစပ်မှာ တုန်ရီသွားသည့်အရိပ်အယောင်များပင် ထွက်လာတော့သည်။ သူ ဒီလောက်ကြီးတဲ့အချိန်ထိ... ဒီလို အရှက်ခွဲခံရတာမျိုး တစ်ခါမှမကြုံဖူးသေးဘူး... အီးဟီးး!
သူ့ လက်များမှာ အားပျော့သွားပြီး လူကိုမြေပြင်ပေါ်သို့ ပြန်လွှတ်ချလိုက်သည်။
အယ်လီမှာ နာကျင်စွာအော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ အမြန်ထရပ်ကာ ရှုယင်းယင်းအား လက်ညှိုးငေါက်ငေါက် ထိုး၍ တိုင်တန်းရန်ပြင်လိုက်သော်လည်း သူမ ပါးစပ်မှာ ပွင့်လိုက်ပိတ်လိုက်သာဖြစ်နေပြီး စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။
အတင်းအဖျင်းစားနေသောလူအုပ်ကြီးက သူမကို သနားစရာကောင်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဒီလို အရှက်ကွဲစရာကိစ္စမျိုးကို... ဘယ်လောက်ပဲ ဒေါသထွက်ပြီးဆဲဆိုချင်နေပါစေ၊ ထုတ်ပြောလို့ရတာမှ မဟုတ်တာ... ကိုယ့်မျက်နှာ ကိုယ်မထောက်တော့ဘူးလား။
ဤအချက်ကို တွေးမိသောကြောင့်လေလားမသိ၊ အယ်လီ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ၊ သူမရဲ့ သွားကို သူမကိုယ်တိုင် ရိုက်ချိုးပြီးမျိုချရုံကလွဲလို့ တခြား ရွေးချယ်စရာမရှိတော့ချေ။
သို့သော် စနစ်က ဤနေရာတွင် ရပ်တန့်လိုပုံမရဘဲ အတင်းအဖျင်းကို ဆက်လက်ဖောက်ချလိုက်ပြန်သည်။
[ပြီးတော့... အဲဒီ ကျေးဇူးကန်းတဲ့သားက သူ့အဖေအသက်ကြီးမှ ရထားတဲ့ သားလေးလေ၊ ဒါကြောင့် သူ့ကို ငယ်ငယ်ကတည်းက ရတနာလေးတစ်ပါးလိုပြုစုပျိုးထောင်ခဲ့ပြီး လူပေါင်းများစွာရဲ့အချစ်ကို ရထားခဲ့တာ၊ ဒါပေမဲ့ ရလဒ်ကတော့... သူက နောက်လှည့်ပြီး သူ့အဖေကိုသစ္စာဖောက်ခဲ့တာပဲ၊ ငါသာ သူ့အဖေနေရာမှာဆိုရင် သူ့ရဲ့ တတိယခြေထောက်ကို သေချာပေါက်ရိုက်ချိုးပစ်လိုက်ပြီ... ဟင်? မဟုတ်သေးဘူး!]
[ဘာဖြစ်လို့လဲ]
ရှုယင်းယင်းမှာ အတင်းအဖျင်းအကြီးကြီး ရှိနေသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။
အတင်းအဖျင်း လူအုပ်ကြီးမှာ ချက်ချင်းနားစွင့်လိုက်ကြပြီး အမြဲတမ်း အံ့ဩမှင်သက်နေသော ရှုယောင်ပင်လျှင် မသိစိတ်မှ သူ့ကျောပြင်ကို တင်းမတ်လိုက်သည်။ မပြောနဲ့တော့... အတင်းအဖျင်းစားရတာ တော်တော်စိတ်ဝင်စား စရာ ကောင်းတာပဲ!
[သူ့အဖေက သားဖြစ်သူနဲ့ မိထွေးတို့ရဲ့ ဇာတ်လမ်းကိုသိနေခဲ့တာတဲ့... အစပိုင်းမှာတော့ သူ ဒေါသထွက်ခဲ့ပေမဲ့၊ သူ့ရဲ့ တစ်ဦးတည်းသောမျိုးဆက်လေးက အသက် ၄၀ ကျော်မှရခဲ့တာဆိုတော့... အချိန်မရွေး အလွယ်တကူရနိုင်တဲ့ မိန်းမတစ်ယောက်ထက် အများကြီးပိုပြီးအဖိုးတန်တယ်လို့ သူ တွေးလိုက်တာလေ]
[ဟမ်?! ဒါကိုတောင် ဒီလိုလုပ်လို့ရသေးတယ်လား!]
[ရယ်စရာအကောင်းဆုံးကတော့ ရှန်ရှန်းက သူ့အဖေသိပြီး ခွင့်ပြုထားတယ်ဆိုတာကိုသိနေတာပဲ... သူ့မိထွေး တစ်ယောက်တည်းကသာ ဘာမှမသိဘဲ အမှောင်ထဲမှာကျန်နေခဲ့ပြီး၊ သူ့ကိုယ် သူ ရေထဲက ငါးတစ်ကောင်လို လွတ်လပ်ပြီး သားအဖနှစ်ယောက်လုံးကိုလက်ခုပ်ထဲထည့် ကစားနိုင်တယ်ဆိုပြီး ကျေနပ်နေခဲ့တာ]
[သူတော့ သွားပြီ... အချိန်အတော်ကြာအောင် ကစားနေခဲ့တာ၊ တကယ့် လူရွှင်တော်က သူကိုယ်တိုင် ဖြစ်နေတာကိုး... ဒါ ဘယ်လို အတိတ်ဘဝကရန်ငြိုးမျိုးလဲ... ဟားဟား!]
အတင်းအဖျင်း လူအုပ်ကြီးမှာ တိတ်တဆိတ်အသက်ရှူသွင်းလိုက်ကြသည်။ မင်းတို အသိုင်းအဝိုင်းက တကယ်ကြီး ရှုပ်ထွေးတာပဲ!
အယ်လီမှာ ထိုအချိန်တွင် တကယ်ဒေါသထွက်နေပြီး ရှန်ရှန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ရာ သူက နှာခေါင်းကိုပွတ်ကာ အပြစ်ရှိစိတ်ဖြင့် သူမကို ကြည့်ရန်ရှောင်လွှဲသွားသည်။