အခန်း (၁၀၉၉-၁၁၀၁)
Vol. 74 Ch. 1099-1101
အခန်း (၁၀၉၉) ဆူပူလှုပ်ရှားနေသော ရေအောက်စီးကြောင်း
တောအုပ်ထဲ၌ နက်နဲစွာအိပ်မောကျနေသော မင်ရှစ်ရင်သည် မိုးခြိမ်းသံကြောင့် လန့်နိုးလာ၏။ သူက ခြေထောက်အမြန်ကြွပြီး အလိုလိုလက်မြှောက်လိုက်မိသည်။
သစ်သားပြာက ချက်ချင်းပျောက်ကွယ်သွားလေ၏။
ဝုတ် ဝုတ် ဝုတ်
ချုံချီသည် အမြီးတနှံ့နှံ့ဖြင့် ပြေးလာ၏။
မင်ရှစ်ရင်သည် ဘေးဘယ်ညာကိုကြည့်ပြီးနောက် ခေါင်းကုတ်လိုက်၏။
“ငါ အိပ်မက်ထပ်မက်နေတာပဲဖြစ်ရမယ်။ ငါ ဘာဖြစ်နေတာပါလိမ့်။ ရှစ်စွင်းအကြောင်း အိပ်မက်မက်တယ်”
ဝုတ် ဝုတ် ဝုတ်
ချုံချီက လှည့်ပတ်ပြီး ဟောင်လိုက်သည်။
မင်ရှစ်ရင်က စိတ်တိုတိုဖြင့် ပြောလိုက်လေ၏။
“ဟောင်တာရပ်တော့ ငါ ခေါင်းကိုက်နေပြီ”
ပြီးနောက် သူသည် မီးခိုးရောင်ကောင်းကင်ကို မော့ကြည့်လိုက်၏။ ပတ်ဝန်းကျင်က မှုန်မှိုင်းပြီး မွမ်းကြပ်ဖွယ်ကောင်းသည်။
“ဘာလိုလိုနဲ့ တာ့ရှန်ကို ရောက်လာတာ နှစ်ဝက်ကြာသွားပြီ”
ဝုတ် ဝုတ် ဝုတ်
ချုံချီက အကြိမ်ရေတချို့ထပ်ဟောင်လိုက်လေ၏။
မင်ရှစ်ရင်သည် သိပ်သည်းသော တောအုပ်အပြင်ဖက်ကို သံသယဖြင့်ကြည့်လိုက်လေ၏။ အဝေးရှိ မြူများကြားထဲတွင် တောက်ပနေသော မျက်ဝန်းများစွာကို တွေ့လိုက်ရသည်။
“ဝံပုလွေတစ်အုပ်လား” မင်ရှစ်ရင်က ချုံချီ၏ခေါင်းကို ပုတ်လိုက်သည်။ “သွားကြမယ်။ အပြာရောင်သလင်း ဘယ်မှာလဲဆိုတာ ငါ သိပြီထင်တယ်”
ချုံချီကဟောင်တာရပ်လိုက်လေ၏။
မင်ရှစ်ရင်က ချုံချီ၏ကျောပေါ်ခုန်တက်ပြီးနောက် လေထဲပျံသန်းကာ လူသားမျိုးနွယ်ဆီ သွားလိုက်သည်။
လုကျိုးက အမြင်စွမ်းအားကို ဖြတ်တောက်လိုက်၏။
မင်ရှစ်ရင်၏ အရည်အချင်းနဲ့ဆို နှစ်ဝက်ကြာပြီးနောက် အပြာရောင်သလင်းကျောက်များကို မရှာနိုင်စရာအကြောင်း မရှိပေ။ အနက်ရောင်ကြာနယ်မြေ၏ သတင်းအချက်အလက်အရ ခရမ်းရောင်ကြာနယ်မြေ၏ အလုံးစုံကျင့်ကြံမှုနှင့် ခွန်အားသည် အနီရောင်ကြာနယ်မြေနှင့် တူပေ၏။ ဘာများမှားနိုင်စရာရှိမည်နည်း။
ထိုစဉ် လုကျိုးအောက်ရှိ အပူလှိုင်းက ပိုပူလောင်လာပုံပေါ်ပြီး သူ့ကိုမသက်မသာဖြစ်စေသည်။
“အထွတ်အထိပ်ဆန်းကြယ်စွမ်းအား”
လုကျိုး၏ မွေးဖွားနန်းဆောင်က မီးထပ်လောင်ပြန်ပြီဖြစ်သည်။ မြင့်မားသောအပူချိန် ခံနိုင်ရည် ရှိစေရေးအတွက် သူ၏မွေးဖွားနန်းဆောင်ကို ကူညီပေးဖို့ သူ ချန်ထားသည့် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား အနည်းငယ်ကို အသုံးပြုလိုက်သည်။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက သူ့မွေးဖွားနန်းဆောင်၏ခံနိုင်ရည်ကို အတော် မြှင့်တင်ပေးလိုက်၏။
ဤနေရာတွင် နှစ်ဝက်ကြာပြီးနောက် လူသားများမဆိုထားနှင့် သာမန်သတ္တုများတောင် အရည်ပျော်သွားလောက်သည်။
လုကျိုးက မျက်မှောင်ကျုံ့လျက် သူ့မွေးဖွားနန်းဆောင်ထဲရှိ ပြောင်းလဲမှုများကို လေ့လာလိုက်သည်။ တိုးတက်မှုက ၉၉ရာခိုင်နှုန်းပြီးမြောက်သွား၏။ နောက်ဆုံး ၁ ရာခိုင်နှုန်းက ပုံမှန်မဟုတ် ပြီးမြောက်ဖို့ ခက်ခဲနေသည်။
သူ့စွမ်းအားဗဟိုချက်၏ချီပင်လယ်သည် မီးလျှံအစင်းထောင်ချီကြောင့် ထိုးစိုက်ခံနေရသည်။
သူကခရမ်းရောင်တောက်ပသံကျောက်ကို ထုတ်လိုက်သော်ငြား ယင်းကို အသုံးပြုခြင်းက သူ့မွေးဖွားနန်းဆောင် စမ်းသပ်မှုကို ထိခိုက်စေမှာကို တွေးမိသောအခါ တွေဝေနေမိသည်။ ဆိုရလျှင် ခရမ်းရောင်တောက်ပသံကျောက်က အင်မတန် အေးစက်သည့်စွမ်းအင်ကို ထုတ်လွှင့်ပေးနိုင်သည်။ ယင်းက ဤနေရာရှိ ကြမ်းတမ်းခက်ထန်သော ပတ်ဝန်းကျင်ကို ဖျက်ဆီးမိမည်လားဆိုတာကို မည်သူက သိမည်နည်း။ အဆုံးကျ သူသည် အပြည့်အဝပြန်ကောင်းလာသည့် ခရမ်းရောင်တောက်ပသံကျောက်ကို ပြန်သိမ်းလိုက်၏။
သူ့၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားမကျန်တော့တာကို မြင်သောအခါ သူသည် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် ဆင်ခြင်သုံးသပ်ခြင်းအခြေအနေသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်၏။
မြင့်မားသောအပူရှိန်ကြောင့် ဤနေရာရှိ အသက်စွမ်းအင်တို့ အလွန်ပါးလျနေသည်။ ထို့ကြောင့် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် ယူရသည့်အချိန်က အလွန်ကြာမြင့်၏။
မည်သည့်နည်းနှင့်မဆို သူ အလျင်မလိုပေ။ မွေးဖွားနန်းဆောင်ထဲရှိ ပြောင်းလဲမှုများ ပြီးမြောက်ဖို့က အချိန်အတော်ကြာယူရဦးမည်။ သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အလျင်အမြန် ပြန်ဖြည့်တင်းနိုင်လျှင်တောင် သူ ထွက်သွားနိုင်ဦးမှာမဟုတ်ပေ။ သူက စိတ်အေးအေးထားပြီး အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပြန်ဖြည့်တင်းနေတာက ပိုကောင်းမည်။
အဆုံးမဲ့သမုဒ္ဒရာထဲတွင် ဖြစ်သည်။
လုလီက ထန်ခမ်း၏ကျောပေါ်တွင် လှဲပြီး သရေများကျနေသော ကျူးဟုန်ကုန်းကို မြင်သောအခါ ဆွံ့အသွားတော့သည်။ ကျူးဟုန်ကုန်းက တကယ်ပင် ဒေသခံအာဏာရှင်တစ်ယောက်အသွင် မရှိပေ။ သူ၏ပုံရိပ်က ခြိမ်းခြောက်နိုင်စွမ်း မရှိချေ။ သူ့အကူအညီကြောင့်သာ မဟုတ်လျှင် သူတို့က ကျူးဟုန်ကုန်း၏ ဩဇာတိက္ကမတစ်ခုတည်းကို အားကိုးရမည်ဆိုပါက ရေလွှမ်းခြင်းဂိုဏ်းက တပည့်တစ်သိန်းကျော် အညံ့ခံလာဖို့ လုပ်နိုင်ရန် ခက်ခဲလိမ့်မည်။
ဝှစ်
သူတို့ရှေ့၌ ပင်လယ်သားရဲတစ်ကောင်သည် ပင်လယ်ထဲမှ ရုတ်တရက်ခုန်ထွက်လာလေ၏။
“ဘာဖြစ်နေတာလဲ” လုလီက စိတ်ရှုပ်ထွေးသွားသည်။ ပုံမှန်ဆို ဤကဲ့သို့ရာသီဥတုမျိုး၌ ပင်လယ်သားရဲများသည် ပင်လယ်ထဲမှ ထွက်ခွာလေ့မရှိ။ ပင်လယ်ထဲမှ ပင်လယ်သားရဲတစ်ကောင် အဘယ်ကြောင့် ရုတ်တရက် ခုန်ထွက်လာသနည်း။ သူက ကျူးဟုန်ကုန်းကို အမြန်နှိုးလိုက်တော့သည်။
ကျူးဟုန်ကုန်းက မျက်လုံးဖွင့်ကာ အားနည်းဖျော့တော့စွာ ပြောလိုက်တော့၏။
“ကျုပ်တို့ အိမ်ရောက်ပြီလား”
“ငါတို့အိမ်ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ ဂရုစိုက် ရှေ့မှာတစ်ခုခုရှိနေတယ်”
သူတို့အချိန်အတော်ကြာပျံသန်းနေခဲ့သော်ငြား အဆုံးမဲ့သမုဒ္ဒရာ၌သာ ရှိနေသေးသည်။
ကျူးဟုန်ကုန်းက ရင်ထဲဗလာကျင်းသွားလေ၏။ သူက အခဲမကြေပြောလိုက်လေ၏။
“အဝါရောင်ကြာနယ်မြေထဲမှာ နေသင့်တာ။ ရိုးရိုးသားသားပြောရရင် အရှင်မင်းကြီးက ကျုပ်တို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ အဲ့ဒီမှာဆို မိန်းမနည်းနည်းယူနိုင်သေးတယ်”
လုလီက ပြောလိုက်၏။
“ဒါပေမဲ့ မင်းတကယ်တွေးပြီးပြီလား။ မင်းနဲ့ယှဉ်ရင် သူတို့အသက်က ဒယ်ပြားထဲက အသက်လိုပဲ။ သူတို့ အိုမင်းလာတဲ့အချိန် မင်းက တစ်ပုံစံထဲရှိနေဦးမှာ။ မင်းကလေးတွေ ရှိလာရင် မင်းက တစ်ပုံစံထဲ ရှိနေဦးမှာပဲ။ စဉ်းစားကြည့် မင်းရဲ့ကလေးက ဆံပင်တွေဖြူ၊ အိုမင်းရင့်ရော်နေပြီး အိပ်ရာထဲမှာ နာမကျန်း ဖြစ်ပြီးလှဲနေရပြီး သူတို့က မင်းကို စောဒကတက်မယ်ဆိုရင် ...”
“ဟုတ်ပြီ ဟုတ်ပြီ။ ခင်ဗျားပြောချင်တာ သောက်ရမ်းနားလည်သွားပြီ” ကျူးဟုန်ကုန်းသည် ထိုအကြောင်းတွေးမိသောအခါ ပခုံးတွန့်မိသွား၏။
ဗွမ်း
အနက်ရောင်ပင်လယ်သားရဲတစ်ကောင်သည် ပင်လယ်ထဲမှ ခုန်ထွက်လာ၏။
လုလီက မျက်မှောင်ကျုံ့ကာ ရေထဲရှိပြောင်းလဲမှုများကို လေ့လာလိုက်သည်။ နေရောင်အောက်တွင် ပင်လယ်မျက်နှာပြင်အောက်၌ တောင်ကဲ့သို့ကြီးမားသည့် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူက အမြန်ပြောကာ လန့်သွားလေ၏။
“မြန်မြန် ထျန်ခမ်းကို မြင့်မြင့်ပျံခိုင်း”
“ဟုတ်ပြီ” ကျူးဟုန်ကုန်းသည် အခြေအနေလေးနက်မှုကို သဘောပေါက်သွားပြီး ထျန်ခန်းကို မြူထဲပျံသန်းရန် အမြန်ဆော်ဩလိုက်လေ၏။ မြူထဲဝင်သွားသောအခါ သူတို့အမြင်စွမ်းအားက ထိခိုက်သွားလေ၏။ သူတို့က အောက်တွင်ဘာဖြစ်နေမှန်း မြင်နိုင်ဖို့ခက်ခဲသွားသည်။
အတွေ့အကြုံရှိသော လုလီက ပြောလိုက်သည်။
“မြူကို မကွဲသွားစေနဲ့။ ဖြည်းဖြည်းချင်း သွားမယ်။ ငါတို့ကို ရှာတွေ့သွားရင် အန္တရာယ်များလိမ့်မယ်”
“လောင်လု ဘာတွေဖြစ်နေတာလဲ”
လုလီက ပြောလိုက်၏။ “ပင်လယ်သားရဲဘုရင်”
“နောက်ထပ် ပင်လယ်သားရဲဘုရင်လား။ ကျုပ်တို့တွေ အောက်ဆင်းပြီး သူ့ကိုသတ်ပြီး အသက်ဓာတ်နှလုံးသား ယူမလား” ကျူးဟုန်ကုန်းက မေးလိုက်သည်။
“မယူဘူး” လုလီက ပြောလိုက်၏။
“မင်း ပင်လယ်သားရဲတွေအကြောင်း သိပ်မသိသေးဘူး။ အဲ့ဒီတုန်းက ငါ အနက်ရောင်အဖွဲ့အစည်းဆီက တာဝန်တစ်ခုလက်ခံပြီး ပင်လယ်သားရဲဘုရင်ကိုသတ်ဖို့ အဆုံးမဲ့သမုဒ္ဒရာဆီလာခဲ့တာ။ ငါတို့ ပင်လယ်သားရဲဘုရင်ကို ဘာလို့သတ်ချင်တာလဲဆိုတာ သိလား”
“ဘာလို့လဲဆိုတာ မသိချင်ဘူး။ ခင်ဗျားအဖြေက ကျုပ်ကို သေအောင်မွမ်းကြပ်စေမယ်ဆိုတာ သေချာတယ်” ကျူးဟုန်ကုန်းက ပြောလိုက်၏။
လုလီက သူ့ကို လျစ်လျူရှုထားကာ ဆက်ပြောလိုက်တော့သည်။
“ပင်လယ်သားရဲဘုရင်တွေက တခြားသားရဲတွေကို ထိန်းချုပ်တာ ဒါမဟုတ် ဦးဆောင်နိုင်စွမ်း ရှိနေတာကြောင့်ပဲ။ ပင်လယ်သားရဲဘုရင်တွေက အစွမ်းထက်တဲ့ပင်လယ်သားရဲတွေကို ဦးဆောင်ပြီး လူသားမျိုးနွယ်တွေကို တိုက်ခိုက်တတ်တယ်။ သူ့ရဲ့အကျဉ်းချထားတဲ့ ပိုင်နက်ကို ကာကွယ်ဖို့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပင်လယ်သားရဲဘုရင်ကို သတ်ဖို့လိုတာ”
“ဒါဆို သူတို့က ပိုသန်မာတဲ့ကျင့်ကြံသူတွေကို ဘာကြောင့် မပို့တာလဲ။" ကျူးဟုန်ကုန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။
“မွေးဖွားဇယားချပ်ရှစ်ခု ရှိတဲ့သူတွေက စီရင်သူတွေပဲ။ သူတို့အထက်မှာ အကြီးအကဲတွေရှိတယ်။ သူတို့က အဆင့်အတန်းမြင့်မားပြီး သူတို့အသက်ကို အလွယ်တကူ စွန့်စားမှာမဟုတ်ဘူး။ ငါ သေသွားခဲ့ရင် သူတို့က ပင်လယ်သားရဲဘုရင် ကုန်းပေါ်ရောက်မလာအောင် လူတွေပိုလွှတ်မှာ” လုလီက ပြန်ပြောလိုက်၏။
“ဒါဆို သူတို့ကို ဒီတစ်ခေါက် ပင်လယ်သားရဲဘုရင်ကို ဖြေရှင်းဖို့ ဘာကြောင့် တစ်ယောက်ယောက် မလွှတ်တာလဲ” ကျူးဟုန်ကုန်းသည် အောက်မှာ လှိုင်းသံကို နားထောင်ပြီးမေးလိုက်၏။
“ငါ မသိဘူး” လုလီက ခေါင်းခါလိုက်၏။
“ငါတို့ အပြင်ရောက်နေတာ ကြာပြီလေ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက တစ်ခုခုဖြစ်သွားတာ နေလိမ့်မယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ကိစ္စတွေဖြေရှင်းတဲ့အခါ သူ့နည်းလမ်းသူရှိပြီးသား။ ခြောက်လတစ်ကြိမ် တစ်စုံတစ်ယောက်က ပင်လယ်ဆီကင်းလှည့်ဖို့ စေလွှတ်ခံရတယ်။ ပင်လယ်သားရဲဘုရင်ပေါ်လာမယ်လို့ အာမခံချက်တော့ မရှိဘူး။ ဒါပေမဲ့ ကင်းလှည့်တဲ့သူပျောက်သွားပြီး ပင်လယ်သားရဲဘုရင်ကို မသတ်နိုင်ခဲ့ဘူးဆိုရင် ပင်လယ်သားရဲဘုရင်ကို ကမ်းစပ်ကို ဦးဆောင်မိရင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အဲ့ဒီအချိန် စီရင်သူတွေကိုလွှတ်မှာ”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ရွံ့ရှာစက်ဆုပ်ဖို့ကောင်းတာပဲ” ကျုးဟုန်ကုန်းက ပြောလိုက်၏။
“တစ်ခါတလေ ငါတို့မှာ ရွေးချယ်စရာမရှိဘူး”
“ကျုပ်တို့အခု ဘာလုပ်သင့်လဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လူထပ်မပို့ရင် ပင်လယ်သားရဲတွေက အဆင်အခြင်မဲ့လှုပ်ရှားမှာမလား” ကျူးဟုန်ကုန်းက စိုးရိမ်ပူပန်စွာမေးလိုက်၏။
“ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဒီဟာက အနက်ရောင်ကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေနားက အဆုံးမဲ့သမုဒ္ဒရာ အစိတ်အပိုင်း မဟုတ်လောက်ဘူး” လုလီက ပြောလိုက်၏။
“သွားပြီ။ သွားပြီ။ သွားပြီ ... ကျုပ်တို့လမ်းပျောက်သွားပြီ” ကျူးဟုန်ကုန်းက ပြောလိုက်၏။
“မဖြစ်နိုင်ဘူး” လုလီသည် သူ၏အိတ်ကပ်ထဲမှ တောက်ပနေသည့်ကျောက်စမ်းပြားကို ထုတ်ယူလိုက်၏။
ကျူးဟုန်ကုန်းက ကျောက်စိမ်းပြားကိုကြည့်ပြီး တအံ့တဩပြောလိုက်၏။ “လောင်လု ခင်ဗျားက ဒီလိုရတနာကို တစ်ယောက်တည်းသိမ်းထားတယ်ပေါ့”
“ဒါက ရတနာ မဟုတ်ဘူး။ လမ်းပြဖို့သုံးတာ။ အဝါရောင်ကြာနယ်မြေကို ငါတို့ပထမဆုံးအကြိမ် ရောက်တုန်းက သူက လင်းနေပြီးပြီ။ ဒါပေမဲ့ အဲ့ဒီတုန်းက အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ဖို့က ငါတို့ကျင့်ကြံဆင့်တွေက နိမ့်လွန်းနေတယ်”
အောက်မှကျယ်လောင်သည့် မိုးခြိမ်းသံတစ်သံထွက်ပေါ်လာပြီး မြူကိုခွင်းလာသည်။ ကျယ်လောင်လွန်းသဖြင့် သူတို့နှစ်ယောက်၏နားစည်ကို ထိခိုက်သွားစေကာ သူတို့ခေါင်းများ တဝီဝီ ဖြစ်သွားစေသည်။
လုလီက မျက်မှောင်ကျုံ့လိုက်ခိုင်မြဲစွာပြောလိုက်သည်။
“အဲဒါ အဆင့်မြင့် ပင်လယ်သားရဲဘုရင်ပဲ”
“...”
“မင်းအခု ဆင်းသွားမယ်ဆိုရင် သူ့ရဲ့ဗိုက်က မင်းရဲ့အိမ်အသစ်ဖြစ်သွားလိမ့်မယ်”
ကျူးဟုန်ကုန်း၏စိတ်ကိုဖတ်နိုင်သော လုလီက ကျူးဟုန်ကုန်းအောက်ဆင်းချင်သော ဆန္ဒကို ငြှိမ်းသတ်ပေးလိုက်သည်။ သူက ကျူးဟုန်ကုန်းကို ဝမ်ချောင်ကို အနိုင်ရခဲ့သည့် ကျူးဟုန်ကုန်း၏ အောင်ပွဲကို လက်လွှတ်စေချင်သည်။
“အဆင့်မြင့်ပင်လယ်သားရဲဘုရင်က ဒီလောက်အစွမ်းထက်တယ်လား”
“စီရင်သူတွေပဲ ဖြေရှင်းနိုင်လိမ့်မယ်။ ဒီတစ်ခုက ဘယ်သွားနေလဲဆိုတာ မသိဘူး။ လူသားတွေဆီ ကပ်ဘေး ကျရောက်လာမှာကိုပဲ စိုးရိမ်မိတယ်” လုလီက သက်ပြင်းချလိုက်သည်။
အနက်ရောင်ကြာနယ်မြေထဲရှိ တာ့ယွမ်၏ တော်ဝင်နန်းတော်ထဲတွင် ဖြစ်သည်။
အနက်ရောင်ဧကရာဇ်မူအာ့ထျဲက လက်နောက်ပစ်လျက် ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။
ထိုစဉ် လူတစ်ယောက်က ကမူးရူးတိုးဝင်လာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်၏။
“အရှင်မင်းကြီး အဆုံးမဲ့သမုဒ္ဒရာက ကြမ်းတမ်းခက်ထန်သားရဲတွေက အနီရောင်ကြာနယ်မြေဆီ ဦးတည်လာနေကြောင်း ရှေ့တန်းက သတင်းပို့ပါတယ်” မူအာထျဲ့က မျက်လုံးလက်သွားကာ လှည့်ပြောလိုက်သည်။
“သိပ်ကောင်းတယ်။ ဒီနေ့ကို စောင့်နေတာ”
“အရှင်မင်းကြီး ဝူဘုရင်က အလင်းအမှောင်မဟာမိတ်ကို သွားပါတယ်။ သူက ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိမယ်လို့ ယုံတယ်”
“ကောင်းပြီ” မူအာထျဲ့က သူ၏လူယုံတော် ကျန်းကုန်းကုန်းကို ပြောလိုက်၏။ “အန်းဆယ်ကို နန်းတော်ကို ခေါ်လာစေချင်တယ်လို့ မဟူရာဝိညာဉ်ဂိုဏ်းကို အကြောင်းကြားလိုက်”
…
အခန်း (၁၁၀၀) သင်ကြားရေးကို ပြီးမြောက်ခြင်း
အနက်ရောင် ဧကရာဇ် မူအာထျဲ့က ရထားလုံးပျံဖြင့် အမှောင်ဝိညာဥ်ဂိုဏ်းဆီ ပျံသန်းလာခဲ့သည်။
ညနေဘက်တွင် ရထားလုံးပျံက အမှောင်ဝိညာဥ်တောင်ထိပ်ဆီ ရောက်ရှိလာခဲ့၏။ အမှောင်ဝိညာဥ်ဂိုဏ်းမှ ဂိုဏ်းသားများစွာက အလျင်အမြန် ထွက်လာကာ မူအာထျဲ့ကို ကြိုဆိုလိုက်ကြသည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ဘုန်းတန်ခိုးကြီး အသက်ရှည်ပါစေ”
မူအာထျဲ့က လက်နောက်ပစ်လျက် ရထားလုံးပျံ၏ ကုန်းပတ်ပေါ် ထွက်လာသည်။ သူက အမှောင်ဝိညာဥ်ဂိုဏ်းမှ တပည့်များကို ကြည့်ကာပြောလိုက်၏။
“ကျင့်ဝတ်တွေ မလိုဘူး။ စစ်သည်တော် အန်းဆယ်က ဘယ်လိုလဲ”
မူအာထျဲ့၏ အမြင်တွင် အန်းဆယ်က ရှားပါးသည့် ပါရမီရှင်တစ်ယောက် ဖြစ်၏။ အမှောင်ဝိညာဥ်ဂိုဏ်း၏ အကူအညီဖြင့် အန်းဆယ်က မွေးဖွားဇယားချပ်များကို ပြန်လည်ကောင်းမွန်နိုင်လိမ့်မည်။ အန်းဆယ်က အထွတ်အထိပ်ကို ၅နှစ်အတွင်း ပြန်ရောက်လိမ့်မည်ဟု ယုံကြည်ထား၏။ ထို့ကြောင့် ထိုရှားပါး ပါရမီရှင်ကို တော်ဝင်နန်းဆောင်ဆီ ပြန်လည်ခေါ်ဆောင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာသည်က ပုံမှန်သာဖြစ်သည်။
တပည့်တစ်ယောက်က တုံ့ဆိုင်းသွားပြီး ပြောဖို့ အခက်တွေ့နေဟန် ပေါ်သည်။
ကျန်းကုန်းကုန်းက ထိုအရာကို မြင်သည့်အခါ ပြောလိုက်သည်။
“အရှင်မင်းကြီးရဲ့ ရှေ့မှာ ဘာမပြောနိုင်တာရှိလို့လဲ”
“အရှင် ကျုပ် မပြောနိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရှင် ဒေါသထွက်မှာဆိုးလို့ပါ”
“ငါ့ကို ပြောစမ်းပါ”
မူဟာထျဲ့က ပြောလိုက်သည်။
“အန်းဆယ်က ကျုပ်တို့အမှောင်ဝိညာဥ်ဂိုဏ်းရဲ့ တပည့်ကြီးတစ်ယောက်ဖြစ်ပြီးတော့ အားလုံးက လေးစားကြရတဲ့သူပါ။ ဒါပေမဲ့ ဒီတစ်ခေါက်ဒဏ်ရာက တော်တော်လေးကို ပြင်းထန်လွန်းတယ်။ ကောင်းကင်ပန်းပွင့် သန့်စင်ဆေးလုံးနဲ့ ပြန်လည်ကောင်းမွန်ရေး ဆေးရည်တွေကို သုံးပြီးသွားပြီ။ ဂိုဏ်းတစ်ခုလုံးရဲ့ အကူအညီနဲ့တောင် သူက မွေးဖွားယားချပ် ၅ခုအထိပဲ ပြန်ကောင်းနိုင်တယ်။ ကြည့်ရတာ မွေးဖွားဇယားချပ်အားလုံးကို ပြန်ကောင်းဖို့ နှစ်ဆယ်ချီ ကြာမြင့်မယ် ထင်တယ်” တပည့်တစ်ဦးက ပြောလိုက်သည်။
မူဟာထျဲ့က ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
“အမှောင်ဝိညာဥ်ဂိုဏ်းရဲ့ စွမ်းဆောင်ရည်နဲ့တောင် အန်းဆယ်က မွေးဖွားဇယားချပ်အားလုံးကို ပြန်မကောင်းနိုင်ဘူးတဲ့လား။ စစ်သည်တော် အန်းဆယ်က ငါ့ရဲ့ လက်ရုံးဆိုတာကို နားလည်သင့်တယ်။ ၁၀နှစ်ပဲဖြစ်ဖြစ် အနှစ်၂၀ပဲဖြစ်ဖြစ် ငါ စောင့်နိုင်တယ်။ သူပြန်ကောင်းလာသ၍ ငါစောင့်နိုင်တယ်”
မူဟာထျဲ့က ကောင်းကင်ပန်းပွင့် သန့်စင်ဆေးလုံးသည် အရေးမကြီးကြောင်း သိထားသည်။ အရေးကြီးသည်က ပြန်လည်ကောင်းမွန်ရေး ဆေးရည်သာ ဖြစ်၏။ ပြန်လည်ကောင်းမွန်ရေး ဆေးရည်ကို အမှောင်ဝိညာဥ်ဂိုဏ်းမှ ဂိုဏ်းချုပ်က မဟာလေဟာနယ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အကြီးအကဲက သက်ပြင်းချလိုက်ပြီး
“မွေးဖွားနန်းဆောင်ရဲ့ အရွယ်အစားက အကြောင်းအရင်းတချို့ကြောင့် တစ်ဝက်လျှော့ချခံလိုက်ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အမှောင်ဝိညာဥ်ဂိုဏ်းက မတတ်နိုင်ပါဘူး”
ကျန်းကုန်းကုန်းက ပြောလိုက်၏။
“အရှင်မင်းကြီးကို မလိမ်နဲ့။ ဧကရာဇ်တစ်ယောက်ကို လိမ်ညာတာက သေဒဏ်ပေးလို့ရတဲ့ အပြစ်ကြွေးဆိုတာ နားလည်တယ်မလား”
“အဲဒါကြောင့်လေ ကျုပ်တို့က မလိမ်ညာရဲလို့ အမှန်အတိုင်း လျှောက်တင်နေတာပါ။ အရှင်မင်းကြီး အန်းဆယ်က တော်ဝင်ခုံရုံးကို နှစ်ပေါင်းများစွာ ခစားလာတာဆိုတော့ သူ့ကို တွေ့သင့်ပါတယ်”
အကြီးအကဲက ဖိတ်ကြားသည့် လက်ဟန် ပြုလုပ်လိုက်သည်။
ယခုအခိုက်အတန့်တွင် သုသာန်တစ်စပြင်အလား တိတ်ဆိတ်သွားလေ၏။
ကျန်းကုန်းကုန်းပင် စကားမပြောရဲပေ။ သူက မူအာထျဲ့၏ အမူအရာကို လှည့်ကြည့်လိုက်သည်။
တစ်ကယ်တော့ အန်းဆယ်၏ မွေးဖွားဇယားချပ်များ ပြန်လည်ကောင်းမွန်လျှင် အမှောင်ဝိညာဥ်ဂိုဏ်းအတွက် အကျိုးရှိမည် ဖြစ်သည်။ ထို့ကြောင့် အမှောင်ဝိညာဥ်ဂိုဏ်းက သူ့ကို မကုသဘဲ ထားမည် မဟုတ်ပေ။ သူတို့အတွက် လိမ်ညာနေစရာ အကြောင်းအရင်းလည်း မရှိပေ။
ခဏအကြာတွင် မူအာထျဲ့က ပြောလိုက်သည်။
“နန်းတော်ကို ပြန်မယ်”
ကျန်းကုန်းကုန်းက အံ့အားသင့်သွားသည်။
“အရှင် စစ်သည်တော် အန်းဆယ်ကို တစ်ချက်လောက် သွားမကြည့်တော့ဘူးလား”
“ငါ နေလို့မကောင်းဘူး။ နောက်ရက်မှ ပြန်လာမယ်”
ကျန်းကုန်းကုန်းက ဧကရာဇ်များကို နှစ်ပေါင်းများစွာ ခစားလာသည်ဖြစ်ရာ မူအာထျဲ့၏ အတွေးကို ချက်ချင်း နားလည်လိုက်၏။ သူက အလျင်အမြန် ပြောလိုက်သည်။
“နန်းတော်ကို ပြန်မယ်”
ဤသို့ဖြင့် ရထားလုံးပျံက လှည့်ကာ တိမ်တိုက်အတွင်း ပျောက်ကွယ်သွားသည်။
တပည့်များက ရထားလုံးပျံကို ကြည့်ရင်း ဦးညွှတ်လိုက်ကြသည်။
၁၅မိနစ် ကြာမြင့်ပြီးသည့်နောက်တွင် အားနည်းနေဟန် ပေါ်သည့် အန်းဆယ်က အမှောင် ဝိညာဥ်ဂိုဏ်းထဲမှ ထွက်ပေါ်လာခဲ့သည်။ သူ့အနေဖြင့် ဤနေရာသို့ ရောက်လာဖို့ မလွယ်လှပေ။ သူ့ချပ်ဝတ်က သူ့အတွက် အတော်ကို လေးလံနေဟန်ပေါ်၏။ သူက လက်တစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“အကြီးအကဲ … အရှင်မင်းကြီးက ဘယ်မှာလဲ”
“သူ ထွက်သွားပြီ”
“ထွက်သွားပြီတဲ့လား။ မဖြစ်နိုင်တာ။ အရှင်မင်းကြီးက နန်းတော်ကို ကိုယ်တိုင်လာခေါ်မယ်လို့ ကတိပေးထားတယ်။ ဘယ်လိုလုပ် ထွက်သွားတာလဲ” အန်းဆယ်က မယုံကြည်နိုင်စွာ မေးလိုက်သည်။
“နိုးထလိုက်တော့ မင်းက အရင်တုန်းက အန်းဆယ် မဟုတ်တော့ဘူး။ မင်းရဲ့ အခြေအနေကို အရှင်မင်းကြီးဆီ အမှန်တိုင်း လျှောက်တင်ပြီးသွားပြီ။ အရှင်မင်းကြီးက ထွက်မသွားခင် တုံ့ဆိုင်းနေခြင်းတောင် မရှိဘူး။ မင်းက ကလေး မဟုတ်တော့ဘူးဆိုတော့ ဒီအဓိပ္ပာယ်ကို နားလည်မှာပါ”
အန်းဆယ်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လဲကျလုနီးပါး ဖြစ်သွားသည်။ သူက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။
“ငါ မင်းကို မသတ်တာကိုက ကောင်းလှပြီ။ ဒါ မင်းအတွက် လုပ်ပေးလိုက်တာပဲ။ မင်းရဲ့ လက်ရှိအခြေအနေနဲ့ တော်ဝင်နန်းတော်ကို ပြန်ရင်တောင် သေချာပေါက် သေရမှာ။ မင်းက အတိတ်တုန်းက လူအများကြီးကို ရန်စပြီးသွားပြီ။ အခု ဒီအခွင့်အရေးကို ယူပြီးတော့ အငြိမ်းစားယူလိုက်တော့”
အကြီးအကဲက ပြောလိုက်သည်။
“အငြိမ်းစားယူရမှာတဲ့လား”
အန်းဆယ်က ငေးမောစွာ ပြောလိုက်သည်။
“အန်းဆယ်” အကြီးအကဲ၏အသံက စိတ်မရှည်စွာ ထွက်ပေါ်လာသည်။
“တကယ်လို့ မင်း မကျေနပ်ဘူးဆိုရင် တော်ဝင်နန်းတော်ကို မနက်ဖြန် သွားလို့ရတယ်”
“...”
အကြီးအကဲက လှည့်ကာ ထွက်သွားပြီး အန်းဆယ်ကိုသာ ချန်ထားခဲ့သည်။
ခဏအကြာတွင် အန်းဆယ်က အံကြိတ်ကာ ကြယ်တာယာဒိုင်ခွက်ကို ထုတ်ဖော်လိုက်၏။ သူ့မှေးမှိန်နေသည့် မွေးဖွားဇုန်ကို ကြည့်ကာ ရေရွတ်လိုက်မိသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုစဥ် အနီးအနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ခင်ဗျားက မွေးဖွားဇယားချပ် ၁၀ခု ပါရမီရှင် မဟုတ်တော့ဘူး။ လက်တွေ့ကို ရင်ဆိုင်သင့်တယ်”
အန်းဆယ်က လှည့်ကာ ပြောသည့်သူကို လှည့်ကြည့်လိုက်သည်။
“ငါက မင်းရဲ့အစ်ကိုကြီး။ စကားကို ကြည့်ပြော”
“အစ်ကိုကြီးကသာ ကျုပ်ကို ရန်မစရင် ကောင်းလိမ့်မယ်”
ထိုသူက ယဥ်ကျေးသမှု ဦးညွတ်ကာ ပြောလိုက်သည်။
“ဝှစ်”
ထို့နောက် အန်းဆယ်ရှေ့မှောက်တွင် အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ပေ ၇၅၀ မြင့်မား၏။ အနက်ရောင်ကြယ်တာရာ ဒိုင်ခွက်ပေါ်တွင် မွေးဖွားဇယားချပ် ၈ခုက တောက်ပနေသည်။
တခြားသူအနေဖြင့် အန်းဆယ်ကို မတိုက်ခိုက်ဘဲ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ခဲ့သည်က လုံလောက်နေပြီ ဖြစ်၏။
ဤနှစ်များစွာတိုင် အမှောင်ဝိညာဥ်ဂိုဏ်းက အရင်းအမြစ်အားလုံးကို အန်းဆယ်အပေါ်သာ အသုံးပြုပေးခဲ့သည်။ သူ့မွေးဖွားဇယားချပ်များ ဖျက်ဆီးဆံရပြီးသည့်နောက်တွင် ဂိုဏ်းမှ အစွမ်းကုန် ကုသပေးခဲ့သော်လည်း သူက မွေးဖွားဇယားချပ် ၅ခုသာ ပြန်လည်ကောင်းမွန်ခဲ့၏။ တခြားတပည့်များအနေဖြင့် မကျေမနပ် မဖြစ်ဘဲ နေဖို့ရာ မဖြစ်နိုင်ပေ။ အန်းဆယ်က လုကျိုးအကြောင်း တွေးမိကာ အမုန်းတရားဖြင့် ရေရွတ်လိုက်သည်။
“သူက ဘယ်လို မိစ္ဆာကျင့်စဥ်မျိုး သုံးခဲ့တာလဲ...”
…………..
ကောင်းကင်ချားတောင်နိမိတ်၏ အနက်ပိုင်း
လုကျိုးက ကောင်းကင်ကျမ်းကို ဆက်လက် ဆင်ခြင်နေသည်။ ဤသည်က အပူချိန်ကို ဖြေရှင်းဖို့ မှော် နည်းလမ်းတစ်ခု ဖြစ်သည်။
ထိုအရာအပြင် သူ့ကိုယ်သူ ကောင်းကင်ကျမ်းဆင်ခြင်နေရာ၌ နစ်မြုပ်ထားသည့် အရေးသာချက်တစ်ခုက သူ့နားလည်နိုင်စွမ်းကို တိုးမြှင့်နိုင်ခြင်း ဖြစ်သည်။ တစ်ခုတည်းသော ဆိုးကျိုးတစ်ခုက သူသည် တရားထိုင်သည့် အနေအထားတွင် ရှိသည့်အတွက် တပည့်များကို စစ်ဆေးကြည့်ဖို့ နည်းလမ်း မရှိပေ။
“တင်း”
“တပည့်ဖြစ်သူ ယဲ့ထျန်းရှင်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀၀ ရရှိပါတယ်။
“တင်း”
“ယဲ့ထျန်းရှင်းက သင်ယူမှု ပြီးဆုံးသွားဖို့ လိုအပ်ချက်နဲ့ ပြည့်မီသွားပါပြီ။ သူမရဲ့ သင်ယူမှုကို အဆုံးသတ်လိုပါသလား”
လုကျိုးကို တရားထိုင်နေရာမှ ရုတ်တရက် သတိပေးသံကြောင့် အသိပြန်ဝင်လာသည်။ သူက မျက်လုံးဖွင့်ကာ စနစ်ကို ကြည့်လိုက်၏။
“ယဲ့ထျန်းရှင်းလား”
“တင်း တပည့်တွေက သူတို့ရဲ့ ဆရာဖြစ်သူဆီကနေ ထွက်ခွာသွားပြီး ကမ္ဘာကြီးဆီ ဝင်ရောက်သွားသည့်နောက်မှာ သူတို့ရဲ့ဆရာဖြစ်သူအတွက် ဆုလာဘ်တွေကို ပေးနိုင်ပါလိမ့်မယ်”
“မထင်မှတ်ထားစရာပဲ...”
လုကျိုးက ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် အရင်ပြီးမြောက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သူတို့က အခြားသူများနှင့် ယှဉ်လိုက်လျှင် ပါရမီအထုံ ထူးကဲသူများ ဖြစ်ကြ၍ ပွင့်ချပ် ၁၀ လွှာကိုပင် ရောက်ရှိနေကြလေပြီ။ ထို့အပြင် တောင်ပိုင်းတိုင်းပြည်မှ သူတို့၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့အတွက် အသက်ဓာတ်နှလုံးသား အလုံအလောက် ရရှိခဲ့သည်။
ထို့အပြင် သူတို့၏ တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးတို့၏ ကာကွယ်မှုဖြင့် ကောင်မလေးနှစ်ယောက်လုံးက စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းသည့်အခါ ဘေးကင်းကြလိမ့်မည်။
လုကျိုးက ပြောလိုက်သည်။
“သင်ကြားရေးကို ပြီးမြောက်မယ်”
“တင်း”
“တပည့် ယဲ့ထျန်းရှင်းက သင်ယူမှု ပြီးဆုံးသွားပါပြီ”
“တင်း”
“ဆုလာဘ်အနေနဲ့ ကြုံရာကျပန်း ကတ်တစ်ကတ် ချီးမြှင့်ခံရပါမယ်။ ဒီကတ်ကို အသုံးပြုတဲ့အခါ ရှားပါး အသုံးအဆောင်ပစ္စည်းတစ်ခု ချီးမြှင့်ခံရမယ်”
“တင်း”
“ယဲ့ထျန်းရှင်းက သင်ယူမှုပြီးမြောက်သွားတဲ့နောက်မှာ သူမက ဂိုဏ်းကို တည်ထောင်ပြီး တပည့်များကို လက်ခံနိုင်တယ်။ အများဆုံး လက်ခံနိုသည့် တပည့်အရေအတွက်-၃ယောက်”
“တင် ယဲ့ထျန်းရှင်းကို သင်ကြားပေးသည့်အတွက် အမှတ်များကို ရရှိမည်မဟုတ်ပါ”
“တင် ယဲ့ထျန်းရှင်းကို ကိုယ်တိုင်တွေ့ပြီး အတည်ပြုရမယ်။ လက်ရှိ ဒါက စနစ်အတွင်းမှာပဲ သက်ရောက်မှုရှိအုံးမယ်”
ယဲ့ထျန်းရှင်းက သင်ကြားရေးပြီးဆုံးသွားသည်မှာ ကိစ္စကောင်းတစ်ခုသာ ဖြစ်၏။
လုကျိုးက ကြုံရာကျပန်းကတ်ကို ကြည့်လိုက်သည်။
“ဖွင့်မယ်”
“တင်”
“ထိုးထွင်းအမြင်ကတ်ကို လက်ခံရရှိပါတယ်။ အစီအရင်ချိုးဖောက်ရေး နည်းစနစ်ကိုလည်း လက်ခံရရှိပါတယ်”
“တင်”
ထိုးထွင်းအမြင်ကတ် - ကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးက အားနည်းချက်ဆိုတာ ရှိတယ်။ ဒီထိုးထွင်းအမြင်ကတ်နဲ့ ပစ်မှတ်ရဲ့ အားနည်းချက်ကို ထိုးထွင်းမြင်ဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်။ ဒီကတ်က အခုကစပြီး စနစ်ကနေ ဝယ်ယူနိုင်ပါပြီ။
“ဒါက အတော်လေး ကောင်းတာပဲ”
လုကျိုးက စနစ်ကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ အသုံးအဆောင်ပစ္စည်း၏ ဇယားအောက်တွင် ထိုးထွင်းအမြင်ကတ်ကို ကုသိုလ်ရမှတ် ၂၀၀၀၀ ဖြင့် ရောင်းချနေသည်ကို မြင်လိုက်ရ၏။
သူက တန်ကြေးသည် လက်ခံနိုင်လောက်၍ ခေါင်းညိတ်လိုက်သည်။
“ဝုန်း”
ထို့နောက် ရုတ်ခြည်းဆိုသလို ကောင်းကင်ချား တောင်နိမိတ်ဝန်းကျင်မှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
“ဝုန်း”
လုကျိုးက မွေးဖွားနန်းဆောင်ကို ကြည့်ကာ ရေရွတ်လိုက်၏။
“နောက်ထပ် နည်းနည်းပဲ”
...
အခန်း (၁၁၀၁) သုတ်သင်ရေးအစီအစဉ် မီးတောက်လောင်နေသော ရွှေရောင်ကြာပွင့်
မွေးဖွားနန်းဆောင်ထဲတွင် တြိဂံ၃၆ခု၏တစ်ဝက်က မှိန်မှိန်လေး လှစ်ကနဲ လင်းလာလေ၏။ လုကျိုး၏ မွေးဖွားဇယားချပ်၆ခုသည် တစ်ခုပေါ်တစ်ခု ထပ်နေသည်။ သူသည် အတွေးတစ်ချက်ဖြင့် သူတို့ကို ခွဲထုတ်နိုင်သော်ငြား သူတို့ကို မပေါင်းစည်းနိုင်ပေ။ သူ၏မွေးဖွားစမ်းသပ်မှု ပြီးမြောက်မှသာလျှင် သူတို့ကို ပေါင်းစည်းနိုင်မည်ဖြစ်သည်။
မိမိ၏မွေးဖွားဇယားချပ်များကို ဝှက်ထားရန် နည်းလမ်းနှစ်ခု ရှိသည်။ ပထမအချက်က မွေးဖွားနန်းဆောင်ထဲရှိ တြိဂံ၃၆ခုကို သုံးပြီး လန်ရှီဟယ်ကဲ့သို့ အရံအတားတစ်ခု ဖွဲ့တည်ရန်ဖြစ်သည်။ ယင်းက အတော်လေး အထာကျသည့် နည်းလမ်းတစ်ခု ဖြစ်၏။ ဒုတိယအချက်မှာ မိမိ၏ မွေးဖွားဇယားချပ်များကို ထပ်ထားစေခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် သူ၏ မွေးဖွားဇယားချပ်၆ခုကို ထပ်ထားနိုင်မည်ဖြစ်၏။ အနားသတ်များကို ခပ်ရေးရေး မြင်နိုင်သော်ငြား မွေးဖွားဇယားချပ် အရေအတွက်ကို ရေတွက်ဖို့ ခက်ခဲနေဦးမှာဖြစ်သည်။
ဖုန်း
ဧရာမကျောက်တုံးသည် ပြင်းထန်သောတုန်လှုပ်မှုကြောင့် ပြုတ်ကျလာသည်။
လုကျိုးက မျက်မှောင်ကျုံ့မိသွားကာ လက်တစ်ဖက်မြှောက်လိုက်သည်။
လက်ဝါးစည်းတံဆိပ်တစ်ခု ပေါ်လာလျက် ကျောက်တုံးကို တွန်းထုတ်လိုက်လေ၏။
ကျောက်တုံးသည် ချော်ရည်ထဲ ဗွမ်းခနဲ ပြုတ်ကျသွားတော့သည်။
လုကျိုးက ခေါင်းမော့ပြီး ဘူးသီးခြောက်သဏ္ဌာန်ဂူဝကို ကြည့်လိုက်၏။
အရှိန်အဟုန်ပြင်းသောရေတံခွန်ပမာ ချော်ရည်က လျှံကျလာခဲ့လျှင် သူ ထွက်ပြေးရလိမ့်မည်။ မဟုတ်လျှင် မိစ္ဆာအိုကြီးကျိ သို့မဟုတ် မိစ္ဆာအိုကြီးလုက ရှိတော့မှာမဟုတ်။ သူ့ကို မီးသွေးမိစ္ဆာဟုသာ ခေါ်ရလိမ့်တော့မည်။
ဖုန်း ဖုန်း ဖုန်း
အချိန်ကြာလာသည်နှင့်အမျှ ကျောက်တုံးများကျလာသည့် အကြိမ်အရေအတွက်က တိုးလာသည်။
“ရွှေရောင်ဗုဒ္ဓခန္ဓာ” ရွှေရောင်ဗုဒ္ဓခန္ဓာပေါ်လာပြီး ကျလာသည့်ကျောက်တုံးများကို တားထားလိုက်၏။
“အပြင်မှာဘာတွေဖြစ်နေတာလဲ။ ကြမ်းတမ်းခက်ထန်သားရဲတွေလား”
သူ ဤနေရာသို့ ပထမဆုံးရောက်လာစဉ်က သေသွားသည့်ကျင့်ကြံသူများကို ရှာဖွေနေသည့် ကျင့်ကြံသူသုံးယောက်ကို အမှတ်ရမိသွားသည်။ ထိုသုံးယောက်က ထူးခြားသော မွေးဖွားဇယားချပ်သားရဲတစ်ကောင်သည် ဤပတ်ဝန်းကျင်၌ ပေါ်လာတတ်ကြောင်း ပြောခဲ့ဖူးသည်။ တစ်စုံတစ်ယောက်က ယခု ထိုကြမ်းတမ်းခက်ထန်သားရဲကို တိုက်ခိုက်နေသည်လော။
အချိန်ကိုက်က တကယ်ဆိုးရွားလွန်းလှပေ၏။
လုကျိုးသည် အကြားစွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။
သူ့အကြားစွမ်းအား၏ အကျယ်အဝန်းကို မီတာ ၁၀၀၀အထိ ဖြန့်ကျက်လိုက်သည်။ သူသည် လေတိုးသံများ၊ ချော်ရည်များပွက်ပွက်ဆူသံတို့ကို ကြားနိုင်သည်။ ထိုအရာအပြင် မူမမှန်တာ ဘာမှမရှိပေ။ သူ၏မွေးဖွားဇယားချပ်များကို အာရုံစိုက်တာက ပိုကောင်းလိမ့်မည်။
ကောင်းကင်ချားချိုင့်ဝှမ်းဒေသနားတွင်ဖြစ်သည်။
ကျင့်ကြံသူများစွာ ပျံသန်းနေတာကို တွေ့နိုင်၏။ အရပ်မျက်နှာအနှံ့၌ ကြမ်းတမ်းခက်ထန်သားရဲမျိုးစုံက လူသားများနှင့် တိုက်ပွဲဆင်နွဲနေလေ၏။
ဖုန်း ဖုန်း ဖုန်း
ဘန်း ဘန်း ဘန်း
ဝေဟင်ထဲတွင် သားရဲပျံများ၊ ကုန်းမြေပေါ်၌ သားရဲများ ရှိနေသည်။ ရှန်းကောင်းဟု သိထားကြသည့် သားရဲများလည်း ရှိသည်။ ကြံများ၊ စပါးအုံးမြွေများ၊ ကျားများ၊ ကျားသစ်များနှင့် အခြားသော တွားသွားသတ္တဝါများနှင့် ဆင်တူသည့် အမျိုးအမည် မခွဲခြားနိုင်သေးသည့် ကြမ်းတမ်းခက်ထန်သားရဲများလည်း ရှိသည်။
“ငါတို့ ထပ်ပြီး မထိန်းထားနိုင်တော့ဘူး။ ဒီကြမ်းတမ်းခက်ထန်သားရဲတွေက ရုတ်တရက်ပေါ်လာတာ အများကြီးပဲ။ ဒီမှာတင်မကဘူး ကျန်းနန်ပတ်လမ်းရဲ့ရှုကုန်းမြေနဲ့ ရှန်ပေ့ပတ်လမ်းမှာလည်း ပေါ်လာတဲ့ ကြမ်းတမ်းခက်ထန် သားရဲတွေလည်း အများကြီးရှိတယ်။ မြို့ဆီဆုတ်ခွာပြီး ပညာရှင်တွေ ရောက်လာတာကို စောင့်ရအောင်”
ကောင်းကင်ချားတောင်တန်းဒေသရှိ နေရာအနှံ့တွင် အလောင်းများ ပြန့်ကျဲနေသည်။
သားရဲပျံအချို့က အလောင်းများကို ထိုးဆိတ်လျက် သူတို့၏အသားများကို စားကာ သွေးကို သောက်နေ၏။ မြင်ကွင်းက မသတီစရာကောင်းနေတော့သည်။
အသက်ရှင်ကျန်ရစ်သည့် ကျင့်ကြံသူအများစုကလည်း သူတို့မျက်နှာပေါ်တွင် သွေးများစွန်းထင်းလျက် မောကြီးပန်းကြီး အသက်ရှုနေတော့သည်။
“ရှန်ပေ့ပတ်လမ်းကို နဝမဘုံကျောင်းက စောင့်ရှောက်ပေးနေတာ။ ကျန်းနန်ပတ်လမ်းကို တိမ်တိုက်တောင်၁၂ခုနဲ့ မီးတောက်ဂိုဏ်းတို့ စောင့်ကြပ်ပေးနေတယ်။ အဲ့ဒီနှစ်နေရာက အဆင်ပြေမှာပဲ။ ပြဿနာက ကောင်းကင်ချားတောင်တန်းဒေသပဲ”
“ကောင်းကင်ချားတောင်တန်းဒေသကို လက်လျှော့ပြီး နောက်ဆုတ်ရအောင်။ ကွမ်နန်ပတ်လမ်းထဲက မြို့တော်က ပညာရှင်တွေရောက်လာလိမ့်မယ်”
“မြို့တော်လား ကွမ်နန်ပတ်လမ်းလား။ အဲဒါ မိစ္ဆာဝေဟင်မျှော်နန်းရှိတဲ့နေရာမလား။ ငါတို့ သူတို့ကိုပဲ အားကိုးနိုင်မယ်ထင်တယ်”
ကျင့်ကြံသူတစ်ရာကျော်က တညီတညွတ်တည်း အရှေ့အရပ်ဆီပျံသန်းသွားလေသည်။
ဝေဟင်ထဲရှိ သားရဲပျံအရေအတွက်က တစ်ချိန်တည်းတွင် ဆက်လက်တိုးလာနေသည်။
ဝှစ်
ဖုန်း
ဧရာမပုံရိပ်ကြီးတစ်ခုသည် မြောက်အရပ်ကနေ ရောက်လာလေရာ ကမ္ဘာမြေကို တုန်လှုပ်သွားစေ၏။ ယင်းက ဧရာမဝံပုလွေလို သားရဲတစ်ကောင်ဖြစ်သည်။
“မကောင်းတော့ဘူး မြန်မြန်ပုန်းကြဟေ့”
“အဲဒါသားရဲဘုရင်တစ်ကောင်ပဲ”
သားရဲဘုရင်က အူလိုက်လေ၏။
“သွားပြီ ... အဲဒါ ငရဲဝံပုလွေဘုရင်ပဲ”
ဤမွေးဖွားဇယားချပ်သားရဲကို မှတ်မိသွားကြသော ကျင့်ကြံသူများသည် တုန်လှုပ် ခြောက်ခြားသွားလေ၏။
သာမန်ဝံပုလွေတို့သည် အုပ်စုဖွဲ့လှုပ်ရှားတတ်ပြီး တစ်ကိုယ်တည်းမနေ။ ကြမ်းတမ်းခက်ထန်သားရဲကဲ့သို့ ဝံပုလွေတို့ကလည်း အတူတူပဲဖြစ်သည်။ ဆိုရလျှင် ကြမ်းတမ်းခက်ထန်သားရဲများသည် သူတို့နှင့်ဆင်တူသော သားရဲများ၏ ဝိသေသလက္ခဏာကို ထိန်းသိမ်းထားသည်။
ထင်သည့်အတိုင်းပင် ငရဲဝံပုလွေတစ်အုပ်က ငရဲဝံပုလွေဘုရင်ပေါ်လာချိန်တွင် ရောက်လာသည်။
ငရဲဝံပုလွေဘုရင်က ပေ၄၀၀မှ ၅၀၀ခန့်မြင့်သည်။ တစ်ချက်ခုန်အုပ်လိုက်ရုံဖြင့် တိမ်တိုက်များထိသို့ ရောက်နိုင်သည်။ ၎င်း၏အရွယ်အစားနှင့် ခန္ဓာကိုယ်ကိုကြည့်လျှင် ယင်းသည် သားရဲဘုရင်ဆိုတာ သံသယဖြစ်ဖွယ်မရှိ။ ၎င်းက မွေးဖွားဇယားချပ်ငါးခု သို့မဟုတ် ခြောက်ခုကျင့်ကြံသူနှင့် ညီမျှသည်။
လေထဲ၌ အသံတစ်သံပြန့်လွင့်လာ၏။
“စိတ်တည်အောင်နေကြ။ အခုချိန်မှာ တခြားကြမ်းတမ်းခက်ထန်သားရဲတွေကိုစိတ်မပူနဲ့။ ငရဲဝံပုလွေကို တားနိုင်ဖို့ နည်းလမ်းတခုခုစဉ်းစား”
သူရဲကောင်းတို့သည် ဒုက္ခရောက်နေသည့်ကာလအတွင်း ပေါ်ပေါက်လာတတ်၏။
သူတို့ဘုရင်၏ ဦးဆောင်မှုအောက်တွင် ငရဲဝံပုလွေတစ်အုပ်က ခေါင်းမော့လျက်အူကြတော့သည်။ ကံကောင်းသည်မှာ သူတို့အရှိန်ကို အနည်းငယ်လျော့ချပေးနိုင်သည့် မြင့်မားသောသစ်ပင်များစွာ ရှိနေသည်။
“ထူးဆန်းလိုက်တာ။ ဒီဝံပုလွေက လူသားမြို့ကို ကျူးကျော်ရဲတဲ့အထိ အတင့်ရဲနေကြတာ။ သူတို့တွေ လူသားကျင့်ကြံသူတွေသတ်တာခံရမှာ မကြောက်ဘူးလား” ကျင့်ကြံသူတစ်ယောက်က ပြောပြီး ဇဝေဇဝါဖြစ်နေ၏။
“ဒီလောက်မရိုးရှင်းဘူး။ စဉ်းစားကြည့်လေ ဒီလောက်များတဲ့ကြမ်းတမ်းခက်ထန်သားရဲတွေ အများကြီးက အနီရောင်ကြာနယ်မြေထဲမှာ တပြိုင်နက်တည်းပေါ်လာတာ။ သားရဲတွေ ကြိုတင်စီစဉ်ထားတာ သိသာတယ်”
“သားရဲတွေက ဒီလောက်ဉာဏ်ကောင်းတယ်လား”
“ဖရိုဖရဲကုန်းမြေက ယင်ကျောက်အကြောင်း မေ့သွားပြီလား။ ဖုယီလည်း ရှိသေးတယ်။ ဉာဏ်ရည်မြင့်တဲ့ သားရဲနှစ်ကောင်ဖြစ်တဲ့ ယင်ကျောက်နဲ့ ဖုယီက အရင်တုန်းက ကြီးမြတ်သူတစ်ယောက် သတ်တာ မခံရသေးခင် လူသားတွေကို သတ်ဖြတ်ဖို့ သားရဲတွေအများကြီးကို ဦးဆောင်ခဲ့တာ ငါ ကြားဖူးတယ်”
ဖုန်း
ငရဲဝံပုလွေဘုရင်က ခုန်အုပ်လိုက်ပြီး ၎င်း၏သွင်ပြင်က ထိုက်တောင်တန်းကဲ့သို့ကြီးမားလွန်းလှပေ၏။ ယင်း၏ ခြေလက်လေးဖက်လုံးသည် ဧရာမထောက်တိုင်ကဲ့သို့ပင်။ ၎င်း၏ခေါင်းက လူတိုင်းရှေ့တွင် မော့ထား၏။ သူ၏အနက်ရောင်မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများဖြင့် တောက်ပနေသည်။
“တိုက်ခိုက်ဟေ့”
လေထဲ၌ အမိန့်သံတစ်သံထွက်ပေါ်လာသည်။
ချက်ချင်းပင် ကျင့်ကြံသူတစ်ရာကျော်က စွမ်းအင်ဓားမော့များ၊ စွမ်းအင်ဓားများ၊ အစီအရင် စည်းတံဆိပ်များ၊ တိုက်ခိုက်မှု တိုက်ကွက်မျိုးစုံက လေထဲပျံ့လွင့်လာတော့သည်။ လူတိုင်းက ယခုအချိန်၌ သူတို့စွမ်းအင်များကို ပြသနေတော့သည်။
ကောင်းကင်ထဲတွင်အနီရောင်စွမ်းအင်များ ဝေ့ဝဲနေ၏။ လေဆင်နှာမောင်း၏အရှိန်ဖြင့် ၎င်းသည် ငရဲဝံပုလွေဘုရင်ဆီသို့ ဦးတည်သွားတော့သည်။
ဖုန်း
လေထဲ၌ မိုးခြိမ်းသံတစ်သံ ပေါက်ကွဲလာတော့သည်။ ငရဲဝံပုလွေဘုရင်က အမြန်ဆုတ်ပြီးနောက် ရှေ့ခြေနှစ်ဖက်ကို မြှောက်ပြီး အူလိုက်လေ၏။ ကျန်သည့်ငရဲဝံပုလွေများကလည်း အူလိုက်သည်။ သူတို့ကိုယ်ထည်က ငရဲဝံပုလွေဘုရင်ထက်ပိုသေးသော်ငြား မြန်ဆန်၏။ သူတို့ကို လူအုပ်ကြီးထဲ ခုန်အုပ်ပြီး အစွယ်တငေါငေါဖြင့် စတင်တိုက်ခိုက်ကြတော့သည်။
လူသားကျင့်ကြံသူများနှင့် ငရဲဝံပုလွေများက ပြင်းထန်စွာတိုက်ခိုက်နေကြ၏။ လေထဲ၌ လတ်လတ်ဆတ်ဆတ် အသားများ၊ သွေးများပြည့်နေတော့သည်။ တစ်ခါတရံတွင် လူသားကျင့်ကြံသူများ လဲကျသွားပြီး တစ်ခါတရံတွင် ငရဲဝံပုလွေများလဲကျသွား၏။
ထိုစဉ် ငရဲဝံပုလွေဘုရင်က ဘေးတွင်ထိုင်နေ၏။ သူ၏မျက်လုံးက ရက်စက်မှုဖြင့် စိမ်းတောက်နေကာ အဝေးကနေကြည့်နေသည်။
တစ်ချိန်ထဲတွင် တာ့ထန်၌ ကြမ်းတမ်းခက်ထန်သားရဲများစွာပေါ်လာသည်။ လီယွင်ကျန်းက အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဦးဆောင်လျက် ကောင်းကင်သိုင်းခုံရုံးဆီရောက်လာသည်။
လီယွင်ကျန်းသည် စီးဝူယာ့ကို မြင်တွေ့သည်နှင့်ဒူးထောက်လိုက်သည်။
“ဆရာ ... တာ့ထန်က အန္တရာယ်ရှိနေပါပြီ။ နည်းလမ်းတစ်ခုခုစဉ်းစားပေးဖို့ တောင်းဆိုပါတယ်။ ဆရာပဲ ဒီအခြေအနေကနေ ကျွန်တော်တို့ကို ကယ်တင်နိုင်မှာ”
စီးဝူယာ့က မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။
“လီယွင်ကျန်း ... မင်းက တိုင်းပြည်ရဲ့အုပ်စိုးသူတစ်ယောက်။ မင်း ဒီလိုပြုမူလို့မရဘူး”
လီယွင်ကျန်းသည် နေ့စဉ်တိုင်းပြည်ပြဿနာများကို ဖြေရှင်းရာ၌ ပြဿနာမရှိပေ။ သို့သော် ယခုအခေါက်ပြဿနာက တာ့ထန်၏ရှင်သန်ရေးနှင့်သက်ဆိုင်နေသည်။ ထို့ကြောင့် သူက စိုးရိမ်ပူပန်နေမိ၏။ သူက ထရပ်ပြီးနောက်မေးလိုက်၏။
“ဆရာ ဆရာဖိုးဖိုး ဘယ်မှာလဲ”
“မင်းရဲ့ဆရာဖိုးဖိုးက တံခါးပိတ်ကျင့်ကြံနေသေးတုန်းပဲ။ သူတို့က ကြမ်းတမ်းခက်ထန်သားရဲတွေပဲ ဘာမှမဟုတ်ဘူး။ တကယ့်ပြဿနာက မင်းမှန်းဆနိုင်တာထက် ပိုကြောက်ဖို့ကောင်းတယ်” စီးဝူယာ့က လှည့်ပြောလိုက်၏။
“ဆရာ ဘာကိုဆိုလိုတာလဲ” လီယွင်ကျန်းက နမိတ်မကောင်းသည်ကို ခံစားမိပြီးမေးလိုက်သည်။
“ယင်ကျောက်ကို ငါ စကားပြောကြည့်ပြီးပြီ။ အမည်မဲ့မြေထဲက ကြမ်းတမ်းခက်ထန်သားရဲတွေက တာ့ထန်ကို ဆွဲချဖို့လူသားတွေနဲ့အတူ ကြံစည်နေတာ။ အဲ့ဒီလူသားတွေ ပေါ်လာမှာကို ငါစောင့်နေတာပဲ” စီးဝူယာ့က ပြောလိုက်၏။
“လူသားတွေလား” လီယွင်ကျန်းက အံ့ဩဆွံ့အသွားတော့သည်။
“ငါ ထင်တာမမှားရင် တရားခံက တာ့ယွမ်ရဲ့တော်ဝင်ခုံရုံးပဲ” စီးဝူယာ့က ပြောလိုက်သည်။
“အနက်ရောင်ကြာနယ်မြေလား” လီယွင်ကျန်းက မယုံနိုင်ဖြစ်နေ၏။
“သူတို့က ဆရာဖိုးဖိုးကို မကြောက်ဘူးလား”
“ဒါက စစ်ပွဲတစ်ပွဲလေ။ လူတစ်ယောက်က ပြိုင်ဖက်ကင်းကင်း မကင်းကင်း စစ်ပွဲတစ်ပွဲကို ဘယ်လိုလုပ်တားနိုင်ပါ့မလဲ။ တာ့ထန်ရဲ့ပတ်လမ်းဆယ်ခုအပြင် ပတ်လမ်းဆယ်ခုထဲမှာ လေးခုက ကြမ်းတမ်းခက်ထန်သားရဲတွေ ဝိုင်းတာ ခံထားရပြီးပြီ။ သားရဲဘုရင်တစ်ကောင်ပေါ်လာရင် ငါတို့ပြဿနာတက်မှာ” စီးဝူယာ့က မှုန်မှိုင်းသောလေသံဖြင့်ပြောလိုက်သည်။
ဆိုရလျှင် အနီရောင်ကြာနယ်မြေထဲ၌ ဘုံတစ်ထောင်လေပွေကျင့်ကြံသူ များများစားစားမရှိပေ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ လက်ဝါးကြီးအုပ်မှုအဆုံး၌ အနည်းစုကသာလျှင် အဆင့်ချိုးဖြတ်ပြီး ဘုံတစ်ထောင်လေပွေကျင့်ကြံသူများ ဖြစ်ကုန်သည်။ သို့သော် အနီရောင်ကြာနယ်မြေ၏ အလုံးစုံခွန်အားက အနက်ရောင်ကြာနယ်မြေ၏ အလုံးစုံခွန်အားနှင့် ယှဉ်လျှင် ဝေးလွန်းနေသေး၏။ နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားနေသေးလျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာ ဖြစ်လိမ့်မည်။
ထိုစဉ် ဝမ်တာ့ချွေ့က အပြင်ကနေ ကမန်းကတန်းပြေးဝင်လာပြီး ပြောလိုက်၏။
“သတ္တမသခင်လေး သားရဲဘုရင်ဖြစ်တဲ့ငရဲဝံပုလွေဘုရင်က ကောင်းကင်ချားတောင်တန်းဒေသမှာ ပေါ်လာပြီး အဲ့ဒီနားတစ်ဝိုက်က ကျင့်ကြံခြင်းဂိုဏ်းတွေက ထိခိုက်မှုများနေပါတယ်။ လက်ရှိ ကောင်းကင်ချားတောင်တန်းဒေသထဲမှာ လူတစ်ရာကျော်ပိတ်မိနေပြီး တခြားလူတွေက တိမ်တိုက်တောင်ဆီ ဆုတ်ခွာနေပါပြီ”
စီးဝူယာ့က ခေါင်းခါပြီးသက်ပြင်းချလိုက်၏။
“လာသင့်တာက အဆုံးကျရောက်လာပြီ။ ရှန်ပေ့ပတ်လမ်းမှာကော အခြေအနေဘယ်လိုရှိလဲ”
“ရှန်ပေ့ပတ်လမ်းကို နဝမဘုံကျောင်းက စောင့်ကြပ်နေတာ။ သူတို့က အခုတော့ ကြမ်းတမ်းခက်ထန်သားရဲတွေကို ထိန်းထားနိုင်သေးတယ်။ ဒါပေမဲ့ သူတို့လည်း သားရဲဘုရင်ပေါ်လာမှာပဲ စိတ်ပူနေတာ။ ကျန်းနန်းပတ်လမ်းက ပင်လယ်နဲ့နီးတယ်။ ထူးထူးခြားခြားလှုပ်ရှားမှုတစ်ခုရှိနေတာ။ ပင်လယ်သားရဲတွေပေါ်လာမလား သံသယဝင်မိတယ်”
လီယွင်ကျန်း “...”
“ရှန်နန်ပတ်လမ်းက အခုချိန်မှာ အဆင်ပြေနေပုံပါပဲ။ ဖြစ်နိုင်တာက မျှော်နန်းသခင်လုက အရင်တုန်းက အဲ့ဒီက ကြမ်းတမ်းခက်ထန်သားရဲတွေကို သတ်ခဲ့ပြီး သူတို့တွေက ကြောက်လန့်တာကြောင့် အဲဒီနေရာကို ချန်ရစ်ခဲ့တာ”
ဝမ်တာချွေ့က ဆက်ပြောလိုက်သည်။
“နောက်ထပ်သတင်းလည်း ရထားပါသေးတယ်။ အနက်ရောင်ကြာနယ်မြေက သင်္ကေတလမ်းကြောင်းကို ရှန်းနန်ပတ်လမ်းနဲ့ ကျန်းတုံ့ပတ်လမ်းမှာ ရှာတွေ့တယ်”
လီယွင်ကျန်းက အထိတ်တလန့်ပြောလိုက်၏။
“ဆရာပြောသလိုပဲ အနက်ရောင်ကြာနယ်မြေက နောက်ကွယ်ကနေ ပြဿနာရှာနေတာ”
ယင်းက နှစ်ဆကပ်ဘေးဖြစ်သည်။
စီးဝူယာ့က ပြောလိုက်၏။
“ငါထင်တာမမှားရင် တာ့ယွမ်တော်ဝင်ခုံရုံးက ဒါကိုစီစဉ်နေတာ ကြာပြီပဲဖြစ်ရမယ်”
သူက သူ့ဘေးရှိ စားပွဲဆီသွားကာ ရှေးဟောင်းဆိတ်သရေမြေပုံကို ထုတ်ပြပြီး ပြောလိုက်၏။
“သူတို့ပေါ်လာတဲ့နေရာတွေက ကျန်းနန်ပတ်လမ်း၊ ရှန်ပေ့ပတ်လမ်း၊ ကျန်းတုံ့ပတ်လမ်းနဲ့ ကျန်းပေ့ပတ်လမ်းတို့ပဲ။ ဒီနေရာတွေက တာ့ထန်ရဲ့နယ်စပ်နဲ့နီးတယ်။ ကြမ်းတမ်းခက်ထန်သားရဲအလောင်းတွေက သင်္ကေတလမ်းကြောင်းကို ဖြတ်ကျော်ဖို့ခက်ခဲလိမ့်မယ်။ ဒါကြောင့် သူတို့အပြင်ကပဲ တိုက်ခိုက်နိုင်တာ။ အနက်ရောင်ကြာနယ်မြေရဲ့လမ်းကြောင်းတွေက ဒီနေရာမှာပေါ်လာတာက ကြမ်းတမ်းခက်ခဲသားရဲတွေနဲ့ အတူဝိုင်းထားဖို့ပဲ”
ခဏအကြာ၌ စီးဝူယာ့က တည်ကြည်စွာပြောလိုက်၏။
“ကုန်းတွင်းပိုင်းသားရဲသုံးကောင်နဲ့ အရှေ့ဖက်ကပင်လယ်သားရဲတစ်ကောင်။ မထင်မှတ်ထားတာ မဖြစ်မိရင် သားရဲဘုရင်လေးကောင်ရောက်လာမှာကိုစိုးရိမ်မိတယ်” စီးဝူယာ့ကပြောလိုက်သည်။
“ဆရာ ဘယ်လိုလုပ် ဒီလောက်သေချာနေတာလဲ”
စီးဝူယာ့၏ တိကျသောမှန်းဆချက်များက တစ်ခါတရံတွင် စီးဝူယာ့က သူလျှိုတစ်ယောက်လားဟု သူ ခံစားမိသည်။
စီးဝူယာ့က မျက်နှာသေဖြင့်ပြောလိုက်သည်။
“မင်း ဒီကိစ္စတွေစိတ်ပူဖို့မလိုဘူး။ မင်းလုပ်ရမှာက ဒီနေရာတွေကို သိုင်းပညာရှင်တွေ စေလွှတ်ဖို့ပဲ။ ရန်သူကို စိတ်ရှုပ်ထွေးသွားအောင်လို့ ဂိုဏ်းဆယ်ဂိုဏ်းက ပညာရှင်တွေစေလွှတ်။ အဲ့ဒီပညာရှင်တွေကို ဂရုတစိုက်ရွေးချယ်ထားရမယ်။ သူတို့နာမည်တွေကို လျှို့ဝှက်ထားရမယ်။ မင်းတို့အားလုံးဒီတာဝန်ကို ဖြေရှင်းဖို့လိုတယ်”
လီယွင်ကျန်းက ပြောလိုက်၏။
“ဒါပေမဲ့ တာ့ထန်ရဲ့ကျင့်ကြံသူတွေက လုံလောက်အောင်မသန်မာဘူး”
“ငါပြောသလိုပဲလုပ်” စီးဝူယာ့ကပြောလိုက်၏။
“နားလည်ပါပြီ။ ဆရာပြောတာ နားထောင်ပါ့မယ်” ပြီးနောက် လီယွင်ကျန်းသည် အချိန်မဖြုန်းတော့ဘဲ တာဝန်ဆောင်ရွက်ရန် ထွက်သွားလေ၏။
ဝမ်တာ့ချွေ့က စီးဝူယာ့ဘေးနားကပ်ကာ မေးလိုက်တော့သည်။
“သတ္တမသခင်လေး မိစ္ဆာဝေဟင်မျှော်နန်းရဲ့ခွန်အားကို သုံးဖို့ စီစဉ်ထားတာလား။"
စီးဝူယာ့က အနည်းငယ်ပြုံးလိုက်လေ၏။ “မလိုတာလည်းဖြစ်လောက်တယ်”
ကောင်းကင်ချားတောင်တန်းဒေသတွင်ဖြစ်သည်။
ငရဲဝံပုလွေဘုရင်နှင့် ငရဲဝံပုလွေတို့သည် ကျင့်ကြံသူတစ်ရာကျော်ကို နောက်ဆုတ်ရန် ဖိအားပေးနေသည်။
အသက်ရှင်နေသေးသည့်ကျင့်ကြံသူများအားလုံးနီးပါးက သွေးထွက်သံယိုဖြစ်နေကာ တနည်းမဟုတ် တနည်းဒဏ်ရာရနေ၏။
“တောင်ကြားထဲပြန်ဆုတ်တာက ငါတို့ရဲ့တစ်ခုတည်းသော ထွက်ပေါက်ပဲ” တစ်စုံတစ်ယောက်က ကောင်းကင်ချားချိုင့်ဝှမ်းကို လက်ညှိုးထိုးပြလိုက်သည်။
“ကောင်းကင်ချားချိုင့်ဝှမ်းထဲမှာ ချော်ရည်တွေရှိတယ်။ အထဲဝင်ရင် ငါတို့အားလုံးသေရလိမ့်မယ်”
“အပူဒဏ်ကြောင့်သေတာက အကိုက်ခံရတာကြောင့် သေတာထက်ပိုကောင်းသေးတယ်။ သွားကြမယ်”
ယခုအချိန်၌ မူလကျင့်ကြံသူအရေအတွက်တစ်ဝက်သာကျန်တော့သည်။ သူတို့က ကောင်းကင်ချားချိုင့်ဝှမ်းဒေသသို့ သွားလိုက်သည်။ သူတို့ပျံသန်းနေစဉ် နေရာအနှံ့တွင် လူသားများ၏အလောင်းများနှင့် ကြမ်းတမ်းခက်ထန်သားရဲများ၏အလောင်းများကို တွေ့လိုက်ရသည်။
လူသားများနှင့်သားရဲများသည် ဘယ်တော့မှ သဟဇာတဖြစ်မှာ မဟုတ်ကြောင်း ရှေးသူတော်စဉ်များက ပြောခဲ့ဖူးသည်။ သို့သော်ငြား ရှေးသူတော်စဉ်တို့သည် ထိုစကားလုံးများအတွက် ရှင်းပြချက်မပေးခဲ့ပေ။
ထိုစဉ်ငရဲဝံပုလွေဘုရင်က ကောင်းကင်ချားတောင်တန်းထဲရှိ တောင်တန်းတစ်ခုပေါ်သို့ ခုန်လိုက်သည်။ ယင်းက ကျင့်ကြံသူများစွာကို အငိုက်မိသွားစေ၏။ သူတို့သည် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖွဲ့တည်ရန် အချိန်မရလိုက်ဘဲ လွင့်ထွက်သွားတော့သည်။
ငရဲဝံပုလွေဘုရင်နှင့်ယှဉ်လျှင် လူသားများက တကယ်သေးငယ်လွန်းပေ၏။
ကောင်းကင်ချားတောင်တန်းဒေသထဲတွင်သာမက တူညီသောမြင်ကွင်းသည် တာ့ထန်၏ ပတ်လမ်းလေးခု၌ ဖြစ်ပွားနေသည်။ သို့သော်ငြား ကောင်းကင်ချားတောင်တန်းထဲရှိကျင့်ကြံသူများက အစောဆုံးဖြစ်နေသည်ဟု ဆိုရမည်။
ကျင့်ကြံသူအဖွဲ့လိုက်က တောင်ခြားဆီသို့ ကျားကုတ်ကျားခဲပျံသန်းနေကြသည်။
ဝံပုလွေအုပ်က လိုက်ဖမ်းနေပြီးတောင်တန်းများပေါ် ခုန်တက်နေ၏။ လမ်းတစ်လျှောက်၌ သူတို့က ရုန်းကန်နေသူများကိုကိုက်ဝါးခဲ့သည်။
စွမ်းအင်ဓားမော့များနှင့် စွမ်းအင်ဓားများက လေထဲပြည့်နေကာ ကျင့်ကြံသူများက ဝံပုလွေများကို ဖယ်ချဖို့ကြိုးစားခဲ့၏။ ကျင့်ကြံသူများက ဖယ်ချဖို့ကြိုးစားလျက် ချိုင့်ဝှမ်းထဲဝင်သွားကြသည်။
“နေဦး ဒီမှာ ဘေးကင်းလောက်တယ်။ ဂူထဲကိုမဝင်နဲ့ဦး။ အထဲမှာပိုပြီး အန္တရာယ်များတယ်။ အခုဒီမှာ ပုန်းကြရအောင်”
ထိုစကားပြောပြီးသည်နှင့် ဂူထဲတွင် ဝံပုလွေအူသံပြည့်လာပြီး ချိုင့်ဝှမ်းဒေသ၌ ငရဲဝံပုလွေတစ်အုပ် ပေါ်လာ၏။ သူတို့က ခေါင်းမော့လျက် အူနေကာ သူတို့အောင်ပွဲကို ကြေညာနေသလိုပင်။
ကျင့်ကြံသူများသည် ကြောက်လန့်လွန်းသဖြင့် တပြိုင်နက်နီးပါး ဂူဆီဆုတ်ခွာနေကြသည်။
“မကြောက်နဲ့။ ဒီမှာ ချော်ရည်မြစ် ရှိတယ်။ ဝင်ပေါက်က ငရဲဝံပုလွေဘုရင်အတွက်သေးလွန်းနေတာ။ ငါတို့တွေ အဲ့ဒီငရဲဝံပုလွေတွေကို သတ်ဖို့ပဲလိုတာ”
ထိုစကားများပြောပြီးလျှင် ပြောပြီးချင်း ...
ဖုန်း
ကျောက်ခဲများလိမ့်ကျလာ၏။ လူတိုင်းက ကြောက်လန့်တကြားမော့ကြည့်လိုက်ကြသည်။
“ငရဲဝံပုလွေဘုရင် ဒီရောက်နေပြီ”
“ဒီဝံပုလွေတွေက ငါတို့ထင်ထားတာထက် ပိုကောက်ကျစ်တယ်”
ဖုန်း ဖုန်း ဖုန်း
လူတိုင်းက သူတို့၏ကာကွယ်ရေးစွမ်းအင်များကိုအသက်သွင်းကာ ကျလာသည့်ကျောက်တုံးများကို တားလိုက်၏။ မည်သို့ပင်ဆိုစေ ဒဏ်ရာရသည့်သူက များနေသေး၏။ တချို့ကဆို ကျောက်တုံးများ၏ အလေးချိန်ကို ခံနိုင်ရည်မရှိဘဲ ချော်ရည်ထဲပြုတ်ကျလုနီးပါးဖြစ်သွားသည်။ သူတို့သည် ဂူဝင်ပေါက်နား ရောက်နေပြီဆိုသော်ငြား အပူဒဏ်က သည်းမခံနိုင်စရာဖြစ်နေသည်။
“ငါတို့ဒီအတိုင်းဆက်သွားလို့မရဘူး။ အကူညီတောင်းဖို့ စဉ်းစားရမယ်” ကျင့်ကြံသူများထဲမှ တစ်ယောက်က ဆက်ပြောလိုက်၏။ သူက အဆောင်တစ်ခုကိုထုတ်ပြီး မီးညှိလိုက်သည်။ ပြီးနောက် စွမ်းအင်ကွင်းတစ်ခုကို ဖွဲ့တည်လိုက်သည်။
ဘာမှဖြစ်မလာပေ။
ယင်းကို မြင်သောအခါ ထိုလူက ခေါင်းခါပြီးပြောလိုက်သည်။ “အခု ငါတို့ကိုယ်ငါတို့ပဲ အားကိုးနိုင်တော့မယ်ထင်တယ်”
ထိုစဉ် အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသည့် အဖွဲ့ခေါင်းဆောင်ကပြောလိုက်သည်။
“ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်တဲ့သူတွေရှေ့တက်”
လူတစ်ယောက်သာလျှင် ရှေ့တက်လာ၏။
ဤလူသည် ရှန်းနန်ပတ်လမ်းရှိ တောင်ပိုင်းတောင်တန်းမြို့ထဲရှိ ဂိုဏ်းကြီးမှလာသူ ဖြစ်သည်။ သူသည် ကောင်းကင်ဝန်ကြီးဂိုဏ်းမှလာသူဖြစ်ပြီး ထိုဂိုဏ်းသည် လတ်တလောနှစ်များ၌ ထွန်းတောက်လာသည့်ဂိုဏ်း ဖြစ်၏။ သူသည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို လတ်တလောမှ ဖွဲ့စည်းပြီးတာ နှမြောစရာကောင်းလှပေ၏။ သူက လူသစ်သာ ဖြစ်နေသည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက မွေးဖွားဇယားချပ်သားရဲများကို လက်ဝါးကြီးအုပ်တာ ရပ်တန့်ခဲ့တာ သိပ်မကြာသောကြောင့် ထိုဖြစ်ရပ်က အံ့အားသင့်စရာမကောင်းပေ။
ကောင်းကင်ဝန်ကြီးများဂိုဏ်းက အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် အနီရောင်ကြာနယ်မြေပေါ် သူတို့၏ လက်ဝါးအုပ်မှုကို ဖယ်ရှားလိုက်သည့်အခွင့်အရေးကိုယူကာ သူတို့က ဤပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူများကို စုဝေးပြီး သူတို့ကျင့်ကြံသူများကို ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူများအဖြစ် ကျင့်ကြံနိုင်ရန်မျှော်လင့်ချက်ဖြင့် အသက်ဓာတ်နှလုံးသားများ စုဆောင်းပေးထားသည်။ ကြမ်းတမ်းခက်ထန်သားရဲများက ကောင်းကင်ချားဒေသ၌ ပေါ်လာသော သတင်းရသောအခါ သူတို့တွေဝေမနေဘဲ လူလွှတ်ခဲ့၏။ ထိုကဲ့သို့ ကိစ္စဖြစ်လာလိမ့်မည်ဟု မထင်ထားပေ။
“ဝံပုလွေငယ်တွေကို ပိတ်ဆို့ကြ” အဖွဲ့ခေါင်းဆောင်ပြောပြီးသည်နှင့် ငရဲဝံပုလွေ ၁၀ကောင်ကျော်က ဂူထဲဝင်လာပြီး အစွယ်တငေါငေါဖြင့် သူတို့၏လက်သည်းများကို ဝေ့ယမ်းကာ ကျင့်ကြံသူများကို ခုန်အုပ်တော့သည်။
ဘုံတစ်ထောင်လေပွေကျင့်ကြံသူသည် သူ၏စွမ်းအင်ဓားကို အသုံးပြုပြီး ဝံပုလွေများကို တစ်ကောင်ပြီးတစ်ကောင် တွန်းထုတ်လိုက်၏။
ပထမဆုံးဝံပုလွေတစ်သုတ်ကို တွန်းထုတ်ပြီးနောက် သူတို့သည် ဂူဝင်ပေါက်နား ဆက်လက် စောင့်ကြည့်နေသေးသည်။
ဖုန်း ဖုန်း ဖုန်း
ငရဲဝံပုလွေဘုရင်က စိတ်တိုလာပုံပေါ်၏။ ၎င်းက ယခင်ကထက် ပိုအားပြင်းပြင်းဖြင့် ခုန်အုပ်လိုက်သည်။
ထိုစဉ် ဂူထဲသို့ကျောက်တုံးများကျသည့်အရှိန်က ပိုမြန်ဆန်လာတော့သည်။
အမျိုးသားကျင့်ကြံသူတစ်ဦးနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဖိအားကို ခံနိုင်ရည်မရှိတော့ဘဲ စတင်ငိုကြွေးတော့သည်။
ယင်းကိုမြင်သောအခါ အဖွဲ့ခေါင်းဆောင်က ကျိန်ဆဲလိုက်သည်။
“အမှိုက် ဘာတွေငိုနေတာလဲ”
ငိုယိုခြင်းသည် ပြဿနာကို မဖြေရှင်းနိုင်ရုံသာမက လူတို့၏စိတ်ဓာတ်ကိုလည်း ဆွဲချလိမ့်မည်။ ဝံပုလွေအုပ်၏အမြင်တွင် အားနည်းသည့်ငိုနေသောကျင့်ကြံသူနှစ်ယောက်က ပိုအရသာရှိလိမ့်မည်။ ထိုကျင့်ကြံသူနှစ်ယောက်က ချက်ချင်းပင် အငိုတိတ်သွားလေ၏။
ဖုန်း
ကျောက်တုံးကြီးများက အပေါ်ကနေ ဆက်လက်ပြုတ်ကျလာသည်။
ထိုစဉ်
ဖုန်း
အဟတစ်ခုပွင့်လာသည့်တိုင် ဝံပုလွေဘုရင်က ဂူထိပ်ကိုဖြတ်ကျော်လျက် အပေါက်ကိုထိုးလိုက်သည်။
“သေစမ်း ... ငါတို့အထဲထပ်သွားဖို့လိုတယ်” ခေါင်းဆောင်က ပြောပြီးနောက် ကျန်သည့်သူများကို ဦးဆောင်ကာဂူအတွင်းသို့ သွားလိုက်သည်။
ယခုအချိန်တွင် မြင့်မားသော အပူချိန်ကို ဘယ်သူမှဂရုမစိုက်တော့ပေ။
ငရဲဝံပုလွေဘုရင်က တွင်းပေါက်ထဲ ခေါင်းတိုးဝင်ပြီး အစွယ်ပြလိုက်လေ၏။
အစောတုန်းက ငိုယိုခဲ့သည့် သတ္တိကြောင်သော ကျင့်ကြံသူနှစ်ယောက်သည် တုံ့ပြန်ချိန်တောင် မပြလိုက်ပေ။ သူတို့ အော်တောင်မအော်ရသေးခင် ငရဲဝံပုလွေ၏အစွယ်များကြားထဲသို့ ရောက်သွားသည်။
ကျန်သည့်ကျင့်ကြံသူများက ချိုင့်ဝှမ်းထဲရှိဂူထဲ ခပ်နက်နက်ပျံသန်းသွားတော့သည်။
ငရဲဝံပုလွေဘုရင်က နောက်တစ်ကြိမ်ထပ်အူလိုက်လေ၏။
ငရဲဝံပုလွေများကလည်း ဂူထဲချက်ချင်းလိုက်ဝင်လာသည်။
ငရဲဝံပုလွေဘုရင်က ၎င်း၏အုပ်စုကို အကြွင်းမဲ့ထိန်းချုပ်ထားသည့် အမိန့်တစ်ချက်ဖြင့် ယင်းက မည်မျှအန္တရာယ်များစေကာမူ အုပ်စုအတွင်းရှိ ဝံပုလွေများက အကြောက်တရားကင်းမဲ့စွာ တိုးဝင်သွား၏။ သူတို့အသက်ကိုပေးဆပ်ရမည်ကို မကြောက်ပေ။ သူတို့ဘုရင်၏အမိန့်က သူတို့ရှင်သန်လိုစိတ်ကို တိုက်စားသွားလေ၏။
ထိုဝံပုလွေများသည် အင်မတန် ရက်စက်ကြမ်းကြုတ်ကြလေ၏။ သူတို့က ဂူထဲဝင်လာချိန်တွင် သူတို့အရှိန်ကြောင့် အများစုက ချော်ရည်ထဲပြုတ်ကျသွားသည်။ သူတို့သည် ချော်ရည်များ၏ဝါးမျိုမှုကို ချက်ချင်းပင်ခံလိုက်ရသည်။
ကျန်ရှိသည့်ဝံပုလွေများသည် အစွန်း၌စုဝေးကာလူသားကျင့်ကြံသူများကို ဆာလောင်စွာ စိုက်ကြည့်နေ၏။
“ကြည့်လေ အပူချိန် မြင့်မားတာကြောင့် သူတို့ဝင်မလာရဲတဲ့ပုံပဲ”
“ပြဿနာက ငါတို့တွေ ကြာကြာမထိန်းထားနိုင်တာပဲ။ ဒီအတိုင်းဆက်ဖြစ်နေရင် အပူချိန်ကြောင့် ငါတို့တွေ ချက်ချင်းသေသွားမှာ ကျိန်းသေတယ်”
“တောင့်ထား မသေသေးသရွေ့ မျှော်လင့်ချက်ရှိတယ်"
ငြိမ်းချမ်းနေသည့်ကာလတွင်ဖြစ်စေ စစ်ဖြစ်နေသည့်ကာလတွင်ဖြစ်စေ အကောင်းမြင်သူများနှင့် အဆိုးမြင်သူများက အမြဲတစေရှိကြသည်။
“လူတိုင်းပဲ စုဝေးကြ။ ဘုံတစ်ထောင်လေပွေကျင့်ကြံသူရှိတဲ့သူက အဝမှာနေ။ အားလုံးပဲစွမ်းအင်တွေ အသက်သွင်းထားကြ”
ဘီး
လူတိုင်းသည် သူတို့၏စွမ်းအင်ကို အသက်သွင်းလျက် အပူဒဏ်ကို ခုခံလိုက်ကြသည်။
ဖုန်း
ဆူညံသံတစ်သံ ပေါ်ထွက်လာ၏။ ယခုအခေါက်တွင် ကံတရားက သူတို့ဖက်တွင်မရှိပေ။
ငရဲဝံပုလွေဘုရင်အတွက် နောက်ထပ်အပေါက်တစ်ပေါက်ဖောက်ရန် အချိန်တခဏပဲယူလိုက်ရသည်။
“သေစမ်း သူတို့တကယ်ငါတို့ကို သေတွင်းထဲတွန်းပို့နေတာပဲ။ ငါ မင်းနဲ့တိုက်ခိုက်မယ်” ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူက ဒေါသတကြီးပြောလိုက်၏။ သူက ခြေဆောင့်နင်းလျက် ဖွင့်ထားကာစ အပေါက်ဆီ ပျံသန်းသွားတော့သည်။
စွမ်းအင်ဓားတစ်သောင်းကျော်သည် ချက်ချင်းပင် ငရဲဝံပုလွေဘုရင်ဆီ တိုးဝင်သွားတော့သည်။
ငရဲဝံပုလွေဘုရင်က ၎င်း၏ခေါင်းနားတဝိုက်ကို လွှဲယမ်းလိုက်သည်။
ဘန်း ဘန်း ဘန်း
ငရဲဝံပုလွေဘုရင်ကစွမ်းအင်ဓားအားလုံးကို အလွယ်တကူလွင့်ထွက်သွားစေ၏။
ဘုံတစ်ထောင်လေပွေကျင့်ကြံသူသည် သူက ငရဲဝံပုလွေဘုရင်အတွက် ပြိုင်ဘက် မဟုတ်ပေ။ သူက ကောင်းကင်ပေါ်မှပြုတ်ကျလာ၏။ သူ့အောက်တွင် ချော်ရည်သာရှိသည်။
“သူ့ကိုကယ်ကြဟေ့”
“နောက်ကျလွန်းသွားပြီ”
ကျင့်ကြံသူများသည် ထိုကျင့်ကြံသူချော်ရည်ထဲ ပြုတ်ကျသွားသည်ကိုသာ ကူကယ်ရာမဲ့ကြည့်နေရုံသာ တတ်နိုင်သည်။
ရုတ်တရက် ကြမ်းတမ်းသော ကြယ်တံခွန်တစ်စင်းပမာ မီးအလင်းတန်းက ချော်ရည်ထဲမှ ပေါ်ထွက်လာ၏။
“အဲဒါဘာလဲ”
မကြာမီ၌ ကျင့်ကြံသူတို့သည် ခြေထောက်အောက်၌ ကြာပွင့်တစ်ပွင့်ရှိနေပြီး အပေါ်ဝတ်ကင်းမဲ့နေသည့် ချောမောခံ့ညားသော လူငယ်တစ်ယောက်ကို တွေ့လိုက်သည်။ သူက ထိုလူကို အလွယ်တကူ တွန်းထုတ်ပြီးနောက် ထိုလူချော်ရည်ထဲ မကျအောင် ကယ်တင်လိုက်သည်။ ပြီးနောက် သူ လှုပ်ရှားတာ မရပ်တန့်ဘဲ အပေါ်ထိ ဆက်တက်သွား၏။
ယင်းကို မြင်လိုက်ရသောအခါ ကယ်တင်ခံလိုက်ရသောလူက သူ၏အသက်သခင်ကို လှမ်းအော်ပြောလိုက်သည်။ “အဆင်အခြင်မဲ့ မလှုပ်ရှားနဲ့”
လူတိုင်းက ခေါင်းမော့လိုက်သည်။ သူတို့သည်ချောမောခန့်ညားသောလူ၏လက်ထဲ၌ ပေ၁၀၀၀ခန့် ရှည်သော စွမ်းအင်ဓားတစ်လက် ပေါ်လာတာကို တွေ့လိုက်ရသည်။
ဘန်း
စွမ်းအင်ဓားသည် ငရဲဝံပုလွေဘုရင်၏ မေးရိုးကို ထိုးဖောက်သွားလေ၏။
ငရဲဝံပုလွေဘုရင်သည် သနားစဖွယ် အော်ဟစ်ပြီးနောက် သွေးများစီးကျလာတော့သည်။ ထိုသွေးစက်များက မြေပြင်ပေါ်မထိသေးခင် လေထဲတွင် ရေငွေ့ပျံသွားလေ၏။
လူတိုင်းက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားတော့သည်။ ငရဲဝံပုလွေဘုရင်ကို ဓားတစ်ချက်တည်းဖြင့် ဒဏ်ရာရအောင်စွမ်းဆောင်နိုင်သည့်လူငယ်လေးက မည်သူနည်း။
သူတို့ပါးစပ်အဟောင်းသားဖြင့် ကြည့်နေစဉ် ထိုလူငယ်က ပြောလိုက်၏။
“ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါ။ ငါ ကျင့်ကြံနေတာကို ရာရာစစနှောင့်ယှက်ရဲတယ်ပေါ့။ ငါ မင်းကို ခွင့်မလွတ်ဘူး”
ထိုလူငယ်က လက်မြှောက်ပြီး သူ့လက်ဝါးကို ရှေ့သို့တွန်းထုတ်ကာ မရေမတွက်နိုင်သော ရွှေရောင်လက်ဝါးစည်းတံဆိပ်များ ပျံ့လွင့်လာ၏။
“တာအိုကိုးပါးဖြတ်တောက်ခြင်း စည်းတံဆိပ်လား။ ရွှေရောင်လက်ဝါးစည်းတံဆိပ်။ သူက ရွှေရောင်ကျင့်ကြံသူတစ်ယောက် ဒါ ဒါပေမဲ့ သူ့မှာ ကံမီးတောက်ရှိတယ်”
ကံမီးတောက်သည် အနီရောင်ကြာနယ်မြေ၌ တွေ့နေကြဖြစ်ပြီး အနီရောင်ကြာနယ်မြေရှိလူများအတွက် တစ်မူထူးကဲသောစွမ်းအင်အဖြစ်သတ်မှတ်ထားသည်။ သို့သော်ငြား မီးတောက်၏ သန့်စင်မှုက မြင့်မားလျှင် အရောင်က ရွှေရောင်ပြောင်းသွား၏။ မီးတောက်၏ သန့်စင်မှုပိုတောင်မြင့်မားလျှင် အပြာရောင် ဖြစ်လိမ့်မည်။
ဘန်း ဘန်း ဘန်း
ကိုးပါးဖြစ်တောက်ခြင်းလက်စည်းတံဆိပ်သည် ငရဲဝံပုလွေဘုရင်ကို နောက်သို့တွန်းထုတ်လိုက်၏။ ယင်းသည် အပေါ်၌ မရပ်ရဲတော့ချေ။ မည်သို့ပင်ဆိုစေ ဝံပုလွေအုပ်ကို အမိန့်ပေးဖို့ မမေ့ခဲ့ချေ။
ယင်းကို မြင်သောအခါ ဘုံတစ်ထောင်လေပွေကျင့်ကြံသူက ပြောလိုက်သည်။ “သတိထား”
လုကျိုးသည် ငရဲဝံပုလွေများကို ကြည့်တောင်မကြည့်ပေ။ သူ ခြေဆောင့်နင်းလိုက်ရာ လူတိုင်း၏ မျက်စိရှေ့၌ တလက်လက်တောက်ပသည့်အရာတစ်ခုပေါ်လာသည်။
လုကျိုးအောက်ရှိကံမီးတောက်က စတင်လည်ပတ်လာပြီးနောက် လက်ဝါးအရွယ်အစားရှိသည့် ကြာပွင့်များက လေထဲပေါ်လာသည်။ ထိုကြာပွင့်များနှင့်ထိမိသည့် ငရဲဝံပုလွေအားလုံးသည် ချက်ချင်းအသတ်ခံလိုက်ရသည်။
ပြီးနောက် လုကျိုးခြေထောက်အောက်ရှိ ကံမီးတောက်က ဂူဝင်ပေါက်ဆီ ပျံ့လွင့်သွားကာ သူ့ရှေ့ရှိအရာအားလုံးကို ဖျက်ဆီးပြီး အပေါက်၌ စောင့်ကြပ်နေသော ငရဲဝံပုလွေများကို သတ်ပစ်လိုက်၏။
ပြီးနောက် ကံမီးတောက်က လေထဲမြင့်တက်သွားပြီးနောက် ကြာပွင့်လေးများကို ထပ်မံ ထုတ်လွှင့်တော့သည်။ မကြာမီ၌ တောက်လောင်နေသော ကြာပွင့်က ချိုင့်ဝှမ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကြမ်းတမ်းခက်ထန်သားရဲအားလုံး၏ အသက်ကို အလွယ်တကူရိတ်သိမ်းလိုက်တော့သည်။
ထိုစဉ် လုကျိုးက လှည့်လာပြီး မေးလိုက်တော့သည်။ “မင်းတို့ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ”
“ဟုတ် ဟုတ် ဟုတ် မြန်မြန်ထွက်ရအောင်”
လူတိုင်းသည် လုကျိုးနောက်လိုက်ပြီး ဂူဝင်ပေါက်ဆီသို့ ပျံသန်းသွား၏။ သူတို့ထွက်ပေါက်ဆီသို့ ရောက်သောအခါ မီးကြာပွင့်က လည်ပတ်နေသေးပြီး ငရဲဝံပုလွေအားလုံးကို သတ်ဖြတ်နေတာကို တွေ့လိုက်ရ၏။
“ဒါ ဒါ ဒါက ဘယ်လိုအကွက်မျိုးလဲ”
သူတို့အသိပညာဗဟုသုတထဲ၌ ထိုအကွက်ကို သူတို့မည်ကဲ့သို့သိမည်နည်း။
လုကျိုးသည် ကျင့်ကြံသူများကို အာရုံစိုက်ရန်အချိန် မရှိခဲ့ပေ။ သူသည် သူ၏ ပထမဆုံး မွေးဖွားစမ်းသပ်ချက်၏ စွမ်းရည်ကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့၏။ ယင်းက မီးတောက်ရွှေကြာပွင့်ဟု သူ အမည်ပေးထားသည်။ မီးတောက်ရွှေကြာပွင့်က သူ၏ကြာပွင့်ကို ကံမီးတောက်ဖြင့် လောင်ကျွမ်းနေသည့် ရွှေရောင်ကြာပွင့်ငယ်လေးများ ထုတ်လွင့်ပေး၏။ သူတို့က မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်သည်။
လုကျိုးပုံရိပ်က လှစ်ခနဲ ပျောက်သွားပြီး မူလမီးတောက်ကြာပွင့်ပေါ်၌ ပေါ်လာ၏။
“စိတ်ဝိညာဉ်သဏ္ဌာန်”
ပေ ၆၅၀မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်သည် မီးတောက်ကြာပွင့်ပေါ်၌ ပေါ်လာ၏။
လူတိုင်းက ခေါင်းမော့လိုက်ပြီး မြင့်မားလှသောရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ တအံ့တဩ ဖြစ်ကုန်ကြသည်။ ယင်း၏တောက်ပနေသော အလင်းရောင်သည် ကောင်းကင်ချားတောင်တန်းဒေသတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ထိုစဉ် လုကျိုး၏ကယ်တင်မှုကို ရခဲ့သည့်လူက လေထဲ၌ ရုတ်တရက်ဒူးထောက်လိုက်၏။
“ဖြစ်ချင်တော့ လောင်ချန်းပေ့ကိုး ... ထိုက်တောင်တန်းကို မသိခဲ့မိတဲ့အတွက် ကျုပ်တို့ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ပြီးနောက် လူတိုင်းတညီတညွတ်တည်းဦးညွှတ်လိုက်တော့သည်။
ထိုစကားများကို ကြားသောအခါ စိတ်ဝိညာဉ်သဏ္ဌာန်ကို အချိန်အတော်ကြာ မဖွဲ့တည်ဖြစ်သော လုကျိုးက သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို လှည့်ကြည့်လိုက်၏။
စိတ်ဝိညာဉ်သဏ္ဌာန်၏ ပုံသဏ္ဌာန်က ခမ်းနားထည်ဝါသောအငွေ့အသက်ဖြင့် အဖိုးအိုတစ်ယောက် ဖြစ်သည်။ အမူအရာကွဲပြားနေသော်ငြား အရှိန်အဝါက ခြိမ်းခြောက်နိုင်စွမ်းရှိပြီး ကြောက်မက်ဖွယ်ကောင်းသည်။
လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် သူအိုမင်းစဉ်က သူ၏သွင်ပြင်မျိုးရှိသည်။ သူက ပခုံးတွန့်ပြီး ပြောလိုက်လေ၏။ ယင်းက လက်ခံနိုင်ဖွယ်ရှိသည်။
ထိုစဉ် လုကျိုးခြေထောက်အောက်ရှိ မီးတောက်ကြာပွင့်က အရှိန်မြင့်လာပြီးစတင်လည်ပတ်လာ၏။ မီးကြာပွင့်ငယ်များက ဝေဟင်ထဲပြည့်သွားကာ အရပ်မျက်နှာအနှံ့ပြန့်လွင့်သွားတော့သည်။
ဝေဟင်ထဲရှိ သားရဲပျံများတောင် ချမ်းသာရာမရခဲ့ပေ။ မီးကြာပွင့်ငယ်လေးများကြောင့် သူတို့အသက် ရိတ်သိမ်းခံလိုက်ရသည်။
ဝံပုလွေတစ်အုပ်က သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ပြာမဖြစ်သည့်သူများကလည်း မီးကြာပွင့်များကြောင့် တစစီဖြစ်သွားသည်။ ယင်းကိုမြင်သောအခါ ငရဲဝံပုလွေဘုရင်က ကြောက်လန့်သွား၏။ သူက ကောင်းကင်ကို မျက်နှာမူပြီးအူလျက် အမြီးကုပ်ပြီး ထွက်ပြေးတော့သည်။
လုကျိုးသည် ထွက်ပြေးသွားသော ငရဲဝံပုလွေဘုရင်ကို မြင်သောအခါ ပြောလိုက်တော့၏။
“မင်းတို့အားလုံးနေခဲ့ပြီး မီးငြှိမ်းကြ။ မကြာခင် ငါ ပြန်လာမယ်”
“လောင်ချန်းပေ့ ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
ယခုအချိန်တွင် မျက်စိထဲတွင် ငရဲဝံပုလွေသာရှိသော လုကျိုးက လေးနက်သောအသံဖြင့် ပြောလိုက်တော့သည်။
“တိရစ္ဆာန်ကောင် မင်းဘာထပ်စွမ်းနိုင်သေးလဲ ကြည့်ရသေးတာပေါ့”
ပြီးနောက် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းကာ ငရဲဝံပုလွေဘုရင်ဆီသို့ ကြယ်ပျံတစ်စင်းပမာ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပစ်ထုတ်လိုက်သည်။