အခန်း (၁၁၀၂-၁၁၀၄)
Vol. 74 Ch. 1102-1104
အခန်း (၁၁၀၂) ငရဲဝံပုလွေဘုရင်ကို သတ်ဖြတ်ခြင်း
မီးတောက်ရွှေကြာက အတော်လေး အားကောင်းလှသော်လည်း စွမ်းအားအမြောက်မြား ကုန်ဆုံးလေသည်။ ထိုအရာ၏ မီးတောက်က အလျင်အမြန် ပျံ့နှံ့သွား၏။ အချိန်မှီ မငြိမ်းသတ်ပါက အနီရောင်ကြာ နယ်မြေတစ်ခုလုံးကပင် မီးပင်လယ်ကြား အလွယ်တကူ လောင်ကျွမ်းသွားလိမ့်မည်။ ထို့အပြင် ကျင့်ကြံရေးလောကရှိ သစ်ပင်ပန်းမန်များက ပေါများလှ၏။ နေရာတိုင်းတွင် သစ်ပင်မျာစွာ ရှိနေပြီး မီးတောက်အတွက် မီးစာ ဖြစ်လာကြသည်။ နှစ်စဥ်နှစ်တိုင်း တာ့ထန်က တောမီးပျံ့နှံ့ခြင်းကို ကာကွယ်ဖို့အတွက် ကျင့်ကြံသူများကို အစောင့် ထားလေ့ရှိသည်။
ကျင့်ကြံသူများက လုကျိုးသည် မီးတောက်ကြာပွင့်ပေါ် ရောက်ရှိသွားသည်ကို ကြည့်နေကြသည်။ ထို့နောက် သူတို့က နောက်ထပ် မီးတောက်တစ်ခုဆီ အလျင်အမြန် သွားလိုက်ကြသည်။
“ငါတို့က ခက်ထန်သားရဲတွေကို မသတ်နိုင်ပေမဲ့ မီးကိုတော့ ငြှိမ်းနိုင်သေးတယ်။ လှုပ်ရှားကြ”
ကျင့်ကြံသူများက မီးစတင် ငြိမ်းလိုက်ကြသည်။ ထိုစဥ် တစ်စုံတစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“ဟေး အဲဒီလောင်ချန်းပေ့က ဘယ်သူလဲ။ သူ့ကို သိလား”
“ဟင့်အင်း။ သူ့ကို တစ်ခုမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သူ့စိတ်ဝိညာဥ်သဏ္ဌာန်ရဲ့ ပုံစံက ရှေးကျတယ်။ ကြည့်ရတာ ရွှေကြာနယ်မြေရဲ့ ကျင့်ကြံသူပဲ ဖြစ်လိမ့်မယ်”
“ရွှေကြာနယ်မြေကသူဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းကများလား”
“အဲ့လိုဖြစ်နိုင်တယ်။ ယွီချန်းရှုတောင် မျှော်နန်းသခင်လုလက်အောက်မှာ ရှုံးနိမ့်သွားတာပဲလေ။ အဲဒီလူရဲ့ သွင်ပြင်က ငယ်ရွယ်သေးပေမဲ့ သူက အသက်ကြီးနေတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တော့ ဖြစ်နိုင်တယ်”
အားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
……………...
လုကျိုးက မီးတောက်ကြာကို စီးနင်းလျက် အဝေးသို့ ပျံသန်းထွက်သွားသည်။ မြေပြင်ပေါ်ရှိ ခက်ထန်သားရဲများက အကြောက်တရားဖြင့် ထွက်ပြေးနေကြသည်။
လုကျိုးက ပျံသန်းလာသည့်အခါ သူက လေထဲရှိ သားရဲပျံများကို သတ်ဖြတ်ပစ်ခဲ့သည်။ သူတို့က အားနည်းလွန်း၍ သူတို့ကိုသတ်ဖြတ်ခြင်းက ကုသိုလ်ရမှတ် မရရှိစေပေ။ ကုသိုလ်ရမှတ် ရရှိဖို့ရာအတွက် သူ့အနေဖြင့် မွေးဖွားဇယားချပ် သားရဲများကို သတ်ဖြတ်ဖို့ရာ လိုအပ်၏။
အော်သံများက နေရာအနှံ့ ထွက်ပေါ်လာခဲ့သည်။
ငရဲဝံပုလွေဘုရင်က အရှိန်အပြည့်ဖြင့် ဆက်လက် ထွက်ပြေးနေသည်။ ထိုအရာ၏ ခန္ဓာကိုယ်က တိမ်တိုက်အထက် ရောက်ရှိနေပြီး ပြန်လည်ကျဆင်းလာသည့်အခါ ကမ္ဘာမြေက ထိုအရာ၏ အလေးချိန်ကြောင့် တုန်ခါသွားဟန်ပေါ်သည်။
“ဒီခက်ထန်သားရဲရဲ့ အရှိန်က ...”
လုကျိုးက ငရဲဝံပုလွေဘုရင်၏ အရှိန်ကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ ထိုအရာကို အမှီလိုက်ဖို့ရာ သိပ်မလွယ်ကူလှပေ။ ထိုအရာက အန္တရာယ်များသည့် နယ်မြေနှင့် ချောက်နက်ကြီးများကို ဖြတ်ဖို့ရာ တစ်ခုန်စာမျှသာ လိုအပ်ပေသည်။
“ငါက ရှေးဦးချီတစ်ဝက်ကို သုံးပြီးသွားပြီ”
လုကျိုးက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ့မီးတောက်ကြာက အားကောင်းလှသော်လည်း ရှေးဦးချီ အမြောက်အမြား ကုန်ဆုံးလေသည်။
မွေးဖွားဇယားချပ်က ရရှိထားတဲ့ စွမ်းရည်ဆိုတဲ့အတိုင်းပဲ...
မွေးဖွားဇယားချပ် ၆ခု၏ စွမ်းရည်ဖြင့် လုကျိုးက မွေးဖွားဇယားချပ်၏ စွမ်းအား ၂၄ ဆ ထုတ်သုံးနိုင်သည်။ သို့သော်လည်း သူက မွေးဖွားစမ်းသပ်ချက် စွမ်းရည်ကိုမူ နှစ်ကြိမ်သာ ထုတ်သုံးနိုင်လေသည်။
“ဝုန်း”
ငရဲဝံပုလွေဘုရင်က မြေပြင်ပေါ် ဆင်းသက်ပြီး တိမ်တိုက်ကြား ပြန်လည်ခုန်ထွက်သွားသည်။ ရုတ်ခြည်းဆိုသလို ထိုအရာ၏ ဦးတည်ချက်က ပြောင်းလဲလာ၏။ ထိုအရာ၏ အမြင်က မြင့်မားနေသည့် သစ်ပင်များကြား ဖြတ်သန်းသွားဟန်ပေါ်ပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။
သူက မဟာနည်းစနစ်ကို ထုတ်သုံးကာ ငရဲဝံပုလွေရှေ့မှောက် ပေါ်ထွက်လာ၏။ သူက တောင်ကို မော့ကြည့်လိုက်ရသလိုမျိုး မော့ကာ ပြောလိုက်သည်။
“တိရိစ္ဆာန်ကောင် အခု ထွက်မပြေးတော့ဘူးလား” လုကျိုးက ငရဲဝံပုလွေဘုရင်၏ ကျောကို ကြည့်လိုက်သည်။
အဆုံးမဲ့ပင်လယ်က နောက်တွင် ရှိနေပြီး ဆုတ်စရာလမ်း မရှိတော့ပေ။
ငရဲဝံပုလွေဘုရင်က ဦးခေါင်းကို ငုံ့ထားပြီး ခန္ဓာကိုယ်ကို ကွေးညွတ်ထားကာ အချိန်မရွေး ခုန်အုပ်ဖို့ အဆင်သင့်ဖြစ်နေဟန် ပေါ်သည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက ဟောင်ပြီး အစွယ်ဖြဲကာ လုကျိုးထံ ခက်ထန်စွာ ကြည့်လာလေသည်။
ငရဲဝံပုလွေဘုရင်က စောစောလေးက ထွက်ပြေးသွားစဥ်အခါက ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပြီး ကျင့်ကြံသူများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အနီးတွင်ရှိနေသည့်သူများက ရောက်လာကာ ကြည့်ရှုနေကြ၏။ မည်သို့ပင် ဆိုစေကာမူ သူတို့က သတ္တိကောင်းကြလျှင်ပင် အနားသို့ မကပ်ရဲပေ။
“အဲဒါက ငရဲဝံပုလွေဘုရင်ပဲ”
“အဲဒီလူငယ်လေးက ဘယ်သူလဲ။ သူက အရမ်းကို သတ္တိကောင်းလွန်းမနေဘူးလား”
“တာ့ထန်ရဲ့ ပတ်လမ်းလေးခုလုံးကို ခက်ထန်သားရဲတွေက ဖျက်စီးသွားတာ။ အနီရောင်ကြာကျင့်ကြံသူ လက်တစ်ဆုပ်လောက်ကပဲ ဒီသားရဲဘုရင်ကို စိန်ခေါ်ရဲလိမ့်မယ်။ “
ငရဲဝံပုလွေဘုရင်က အူလိုက်သည်။ ထိုအရာက နောက်မဆုတ်တော့ဘဲ လုကျိုးထံ ခုန်အုပ်လိုက်၏။ သူ့အမြင်တွင် လုကျိုးက သွားကြားပင် မညပ်ပေ။ သို့သော်လည်း သူက လူသားကျင့်ကြံသူများကို လျှော့တွက်မည် မဟုတ်ပေ။ သူခုန်အုပ်လိုက်သည့်အခါ ချုပ်တည်းမထားဘဲ ကမ္ဘာကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားမျိုးဖြင့် တိုက်ခိုက်လာခဲ့သည်။
“စိတ်ဝိညာဥ်သဏ္ဌာန်”
“ဝှစ်”
ပေ ၆၅၀ မြင့်မားသည့် ရွှေကြာ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ငရဲဝံပုလွေဘုရင်၏ ရှေ့တွင် ကြယ်တာရာဒိုင်ခွက်တစ်ခု ထွက်ပေါ်လာကာ ပိတ်ဆို့လိုက်သည်။
“ဝုန်း”
ငရဲဝံပုလွေဘုရင်က ကြယ်တာရာဒိုင်ခွက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
စွမ်းအားနှင့်တူသည့် လှိုင်းလုံးက ထွက်ပေါ်လာသည်။
အနီး တစ်နေရာရှိ ကျင့်ကြံသူများက သူတို့၏ ကာကွယ်ရေးစွမ်းအားကို ထုတ်သုံးရုံမှအပ ရွေးချယ်စရာ မရှိပေ။
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
“ရွှေရောင်စိတ်ဝိညာဥ်သဏ္ဌာန်လား။ သူက ရွှေကြာနယ်မြေက ကျင့်ကြံသူလား”
လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်အထက် ခုန်တက်လိုက်သည်။ သူ့လက်ထဲတွင် အမည်မဲ့ ပေါ်ထွက်လာသည်နှင့် ဝှေ့ယမ်းလိုက်၏။
စွမ်းအင်ဓားတစ်ချက်ခြင်းဆီက ပေတစ်ထောင် ရှည်လျားပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားကာ ကြည့်ရှုနေသူများ၏ မျက်လုံးကို စူးသွားစေသည်။
“ဘမ်း ဘမ်း ဘမ်း”
စွမ်အင်ဓားတစ်ချက်ခြင်းဆီက ငရဲဝံပုလွေဘုရင်၏ ဦးခေါင်းထက်ထိုးစိုက်လာသည်။
ငရဲဝံပုလွေဘုရင်က နာကျင်စွာ ညည်းညူနေရ၏။
အသက်ရှိုက်စာအနည်းငယ်အတွင်းတွင် သူ၏မျက်နှာအထက် သွေးများ စီးကျလာသည်။
“သူက အနည်းဆုံး မွေးဖွားဇယားချပ် ၆ခု ပညာရှင်ပဲ။ မဟုတ်ရင် ငရဲဝံပုလွေဘုရင်ရဲ့ ခုခံမှုကို အလွယ်တကူ ချိုးဖောက်နိုင်မှာ မဟုတ်ဘူး”
“မွေးဖွားဇယားချပ် ၆ခုတဲ့လား။ ရွှေကြာနယ်မြေက အဲ့လောက်တောင် အားကောင်းနေပြီလား”
“ဟေး။ မျှော်နန်းသခင်လုက အနည်းဆုံး မွေးဖွားဇယားချပ်၁၂ ခုလောက် ရှိတယ်လေ။ ၆ခုလောက်ရှိတာကို ဘာဖြစ်လို့များ အံ့အားသင့်နေတာတုံး”
“ရွှေကြာနယ်မြေရဲ့ ကျင့်ကြံရေးက အချိန်အတော်ကြာ ကန့်သတ်ခံထားရတာလေ။ ဒါပေမဲ့ သူတို့က အချိန်တိုအတွင်း အနီရောင်ကြာနယ်မြေကိုတောင် ကျော်လွန်သွားပြီလား။ ဒါက မူမမှန်လွန်းရာ မကျဘူးလား”
လူအုပ်ကြီးက အမျိုးမျိုးဆွေးနွေးနေစဥ် လုကျိုးက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ဖြင့် ပျံသန်းလာလိုက်သည်။
တစ်ချိန်တည်းဆိုသလို သူက ငရဲဝံပုလွေထံ စွမ်းအင်ဓားကို ပစ်လွှတ်ခဲ့သည်။
ရွှေရောင်စွမ်းအင်ဓားက ဘယ်ဘက်၊ ညာဘက်၊ အပေါ်အောက် ရွေ့လျားကာ ငရဲဘုရင်ထံ ထိုးစိုက်သွားပြီး ဒဏ်ရာပေးနိုင်လိုက်သည်။
အသက်ရှိုက်စာအနည်းငယ်အကြာတွင် ငရဲဝံပုလွေဘုရင်က တောင့်မခံနိုင်တော့ပေ။ သူက ကမ္ဘာမြေတုန်လုမတတ် အော်သံကြီး ခြုံလွှမ်းလာပြီး ခြေလက်ဖြင့် မြေကြီးပေါ် ဆောင့်လိုက်သည်။
“ဝုန်း”
ပတ်ဝန်းကျင်ရှိ တောင်များထံ တုန်ခါမှုများ ဖြစ်ပေါ်လာကာ ကျောက်တုံးများ ပြိုကျလာသည်။ သစ်ပင်များက ယိမ်းယိုင်သွားပြီး အမြစ်မှ ကျွတ်ထွက်တော့မလိုမျိုး ဖြစ်နေသည်။ ကျင့်ကြံသူတစ်ဦးက တံတွေးမျိုချကာ ပြောလိုက်သည်။
“ငါသာ မမှားရင် ဒီဓားပညာရှင်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဒုတိယတပည့် ယွီရှန်းရုန်ပဲ ဖြစ်ရမယ်”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဒုတိယတပည့် ယွီရှန်းရုန်လား”
“ဓားလမ်းစဥ်မှာ ဒီလိုအဆင့်မျိုးရောက်နိုင်တဲ့လူက လူနည်းနည်းပဲရှိတာ။ ကြည့်ရတာ သူက ယွီရှန်းရုန်ဖြစ်ပုံပဲ”
တစ်ချိန်တည်းဆိုသလို ငရဲဝံပုလွေဘုရင်က အော်သံကြီးထုတ်လွှတ်လာခဲ့သည်။ သို့သော်လည်း ထိုအော်သံက ယခင်ကနှင့် ကွဲပြားနေပြီး အသံလှိုင်းမှတုန်ခါနှုန်းက အားလုံး၏ နားစည်ကို နာကျင်လာစေသည်။
“သူ ရူးသွားပြီ”
“ ငါတို့တွေ သွားကူရမလား”
“မင်း သေချင်နေတာလား”
“ဘမ်း ဘမ်း ဘမ်း”
မည်သို့ပင် ဆိုစေကာမူ တိုက်ပွဲရှိ အခြေအနေက ယခင်ကကဲ့သို့ တစ်ဖက်သတ်သာ ဖြစ်ခဲ့သည်။ လုကျိုးက စွမ်းအင်ဓားကို ထိန်းချုပ်ပြီး ငရဲဝံပုလွေဘုရင်ကို တိုက်ခိုက်ခဲ့သည်။
အမွှေးအမျှင်များက ဖြူကောင်ကဲ့သို့ ထောင်မတ်လာလေသည်။
လုကျိုးက အရွယ်အစား သေးငယ်မှုကို အခွင့်ကောင်းယူကာ လှုပ်ရှားလိုက်ပြီး စိတ်ဝိညာဥ်သဏ္ဌာန်ကို သိမ်းဆည်းပြီးသည့်နောက် ဓားကိုဝှေ့ယမ်းလိုက်သည်။ ပျားတစ်ကောင်ကဲ့သို့ သူက ငရဲဝံပုလွေဘုရင်နား ဝေ့ဝဲနေကာ အဖက်ဖက်မှ လှုပ်ရှားနေသည်။
ငရဲဝံပုလွေဘုရင်က လက်ဝါးဖြင့် ပုတ်ထုတ်လိုက်သော်လည်း မြေကြီးကိုသာ ရိုက်မိလေသည်။
“တစ်ကယ့်ကို ခေါင်းမာတဲ့ သားရဲပဲ”
လုကျိုးက ရေရွတ်လိုက်သည်။ သူ့ဓားချက်အားလုံးက သူ့ပစ်မှတ်ကို ထိမှန်လေသည်။ အနည်းဆုံးတော့ သူက မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ထားပြီး မွေးဖွားဇယားချပ်၆ခု ရှိလေသည်။
သို့သော် ထိုသားရဲကို မသတ်နိုင်သေးပေ။
လုကျိုးက ထိုအရာကို လက်ခံဖို့ ငြင်းဆန်နေ၏။
“မင်းကို ဒီဓားချက်နဲ့ သတ်မယ်”
သူက လေထဲ ပျံသန်းသွားလိုက်သည်။ အမည်မဲ့က သူ့ရှေ့ဝဲပျံနေပြီး သူက လက်ဝါးကို ပူးကပ်လိုက်သည်။ သူက မျက်စိတစ်မှိတ်အတွင်း နေမင်းနှင့် ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားစေသည့် စွမ်းအင်ဓားသန်းချီက အစီအစဥ်တကျ ထွက်ပေါ်လာခဲံသည်။ ငရဲဝံပုလွေဘုရင်က သူ့ဘေးနားရှိ စွမ်းအင်ဓားများကိုကြည့်ကာ တုန်ယင်သွား၏။ ထိုအရာမက စွမ်းအင်ဓား၏ ခြိမ်းခြောက်မှုကို ခံစားရဟန်ပေါ်သည်။ သူက တုံ့ဆိုင်းခြင်းမရှိ ပင်လယ်ထဲ ခုန်ဆင်းသွားသည်။
လုကျိုးက စွမ်းအင်ဓားသန်းချီကို သူနှင့်တစ်ပါတည်း ယူဆောင်ကာ အဆုံးမဲ့ပင်လယ်ထဲ လိုက်လာခဲ့သည်။
ကျင့်ကြံသူအားလုံးက ထိုပုံရိပ်ကိုသာ ကြည့်နေကြ၏။ သူတို့က ငေးမောနေမိကြသည်။
“ဝုန်း”
ဗွမ်း
ငရဲဝံပုလွေဘုရင်က ပင်လယ်ထဲခုန်ဆင်းသည့်အခါ လှိုင်းလုံးကြီးများ ထွက်ပေါ်လာစေသည်။ လှိုင်းလုံးကြီးများက သွေးဖြင့်နီရဲနေပြီး ကမ်းခြေဆီ ရောက်ရှိလာ၏။ ပင်လယ်ရေ တက်လာသည့်အခါ ပတ်ဝန်းကျင် မီတာ၁၀၀က ရွှံ့နွံဖြစ်သွားလေသည်။
အမည်မဲ့က ဦးဆောင်လျက် စွမ်းအင်ဓားသန်းချီက ငရဲဝံပုလွေဘုရင်နောက် လိုက်လာခဲ့သည်။ သူတို့က ယခုအခိုက်အတန့်တွင် ရေကူးနေသည့် နဂါးတစ်ကောင်နှင့် တူလေ၏။
“ဘမ်း ဘမ်း ဘမ်း”
အမည်မဲ့က ငရဲဝံပုလွေဘုရင်ကို ပထမဦးဆုံး ရိုက်ခတ်လိုက်ပြီး အရိုးကျိုးသွားစေသည်။ ထိုအခိုက်အတန့်တွင် သူ့သွေးကြောင့် ပင်လယ်က အနီရောင် ပြောင်းလဲသွား၏။
ထို့နောက် စွမ်းအင်ဓားသန်းချီက ငရဲဝံပုလွေဘုရင်ဆီ တစ်ချက်ပြီးတစ်ချက် ကျဆင်းကာ ထိုးဖောက်သွားကြသည်။
ငရဲဝံပုလွေဘုရင်က အချိန်အတော်ကြာ အူလိုက်ပြီးသည့်နောက်တွင် ညည်းတွားလိုက်သည်။
ထိုအရာက ပင်လယ်ထဲ နစ်မြုပ်သွားရင်း အသံဝေဝေဝါးဝါးသာ ထွက်လာတော့၏။
“ဝှစ် ဝှစ် ဝှစ်”
“ဝုန်း ဝုန်း ဝုန်း”
ငရဲဝံပုလွေဘုရင်က ပင်လယ်ထဲ ထိုးဆင်းသွားစဥ် ခန္ဓာကိုယ်က ရုန်းကန်နေသည့်အတွက် လှိုင်းလုံးကြီးများ ထွက်ပေါ်လာစေသည်။ ထိုအရာက မသေဆုံးခင် နောက်ဆုံး ရုန်းကန်မှုများသာ ဖြစ်၏။
လုကျိုးက လေထဲမှ ပင်လယ်ပြင်ကို မထူးမခြားနား အကြည့်ဖြင့်သာ ကြည့်နေသည်။
၁၅မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် ငရဲဝံပုလွေဘုရင်က မလှုပ်ရှားတော့သည့်အတွက် ပင်လယ်ပြင်က ငြိမ်သက်သွားခဲ့သည်။
“တင်မ်”
“ငရဲဝံပုလွေဘုရင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”
အဝေးတစ်နေရာမှ ကျင့်ကြံသူများက နှလုံးခုန်မြန်လာကြသည်ကို ခံစားလိုက်ရသည်။ သူတို့၏ ပါးစပ်များက ခြောက်သွေ့နေကြပြီး တစ်ယောက်ပြီးတစ်ယောက် တံတွေးမျိုချနေကြသည်။ လုကျိုးက လက် အသာမြှောက်လိုက်ပြီး အမည်မဲ့က ပင်လယ်ထဲရှိနေဆဲဖြစ်ကာ သိပ်မကြာခင် ပင်လယ်ထဲ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ သိပ်မကြာခင် ငရဲဝံပုလွေဘုရင်၏ အလောင်းကလည်း ပင်လယ်မျက်နှာပြင်အထက် ထွက်ပေါ်လာခဲ့သည်။
လုကျိုးက ငရဲဝံပုလွေဘုရင်၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူပြီး အလောင်းကို ပင်လယ်ထဲ နစ်မြှုပ်စေလိုက်သည်။
သူက လက်ဝှေ့လိုက်ပြီး အမည်မဲ့ကို ထိန်းချုပ်လိုက်၏။ သူ့အနေဖြင့် အသက်ဓာတ်နှလုံးသားကို ရယူဖို့ အားစိုက်ထုတ်ခဲ့ရ၏။
“ဝှစ်”
ထိုစဥ် အမည်မဲ့က လုကျိုး၏ လက်ထဲ ပျံသန်းရောက်ရှိလာသည်။
ဆက်တိုက်ဆိုသလို သလင်းကျောက်လို ကြည်လင်နေသည့် လက်သီးအရွယ် အသက်ဓာတ် နှလုံးသားတစ်ခုကလည်း ထိပ်မှာ မျောလွင့်လာကာ ပင်လယ်မျက်နှာပြင်အထက် ထိုးဖောက်လာပြီး လေထုထဲ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
...
အခန်း (၁၁၀၃) ကျူးဟုန်ကုန်းက သူ၏စွမ်းရည်ကိုပြသခြင်း
အသက်ဓာတ်နှလုံးသားက လေထဲရောက်နေချိန်တွင် နေရောင်က ၎င်းအပေါ်တွင် အလင်းယိုင်သွားလေ၏။ ယိုင်သွားသောအလင်းက ပင်လယ်ထဲသက်တန့်ရောင်ကျဆင်းစေကာ အနီရင့်ရင့် ပင်လယ်ရေနှင့် ဆန့်ကျင်ဖက်ဖြစ်နေစေတော့သည်။
ကြည့်နေသောကျင့်ကြံသူများက အံ့ဩမှင်သက်ပြီး လေးစားနေကြ၏။
လုကျိုးက စနစ်အသိပေးရောက်လာရပြီးသည်နှင့် အသက်ဓာတ်နှလုံးသားက သူ၏လက်ထဲ ရောက်လာတော့သည်။
“တင်း ... ငရဲဝံပုလွေဘုရင်ရဲ့အသက်ဓာတ်နှလုံးသားရပါပြီ။ စွမ်းရည် ... ညအမြင်အာရုံခံနိုင်ရည်”
“မဆိုးဘူးပဲ”
လုကျိုးသည် အသက်ဓာတ်နှလုံးသားကို သူ၏အိတ်ထဲ ထည့်ချင်သည့်အချိန်တွင် သူက အပေါ်ဝတ် မရှိတာကို နောက်ဆုံးတော့ သဘောပေါက်သွား၏။ ချိုင့်ဝှမ်းတွင်ရှိစဉ်က သူ၏ဝတ်ရုံသည် ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။ သူက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
မိမိ၏ကြွယ်ဝချမ်းသာမှုကို ဘယ်တော့မှ ထုတ်မပြသင့်ပေ။ သူက အသက်ဓာတ်နှလုံးသားကို ပြောင်ပြောင်တင်းတင်းကိုင်ထားလျှင် လူတချို့စိတ်ထဲ မကောင်းသည့်စိတ်ကူးများပေါ်လာစေမှာ ကျိန်းသေသည်။ သူ၏ခွန်အားကို တစ်ချိန်လုံးထုတ်သုံးနိုင်မှာမဟုတ်ချေ။
ထိုစဉ် မီတာထောင်ချီအကွာရှိ သစ်ပင်ထိပ်ဖျားပေါ်မှ ကျင့်ကြံသူတစ်ယောက်သည် အသံပို့လိုက်လေ၏။
“ချန်းပေ့ ဂရုစိုက်ပါ”
လုကျိုးက ပင်လယ်ထဲရှိထူးဆန်းသောလှုပ်ရှားမှုများကို အာရုံခံမိပြီးဖြစ်သည်။ သူ ငုံ့ကြည့်လိုက်ချိန်၌ ဧရာမလှိုင်းများကို တွေ့ရသည်။ ပင်လယ်ထဲ၌ တစ်စုံတစ်ခုက ကမူးရူးထိုးရောက်လာတာ သိသာ၏။
ထိုစဉ် ကျင့်ကြံသူများစွာက ကမန်းကတန်းရောက်လာပြီး လုကျိုးနှင့် မီတာဒါဇင်အကွာ၌ ရပ်တန့်လိုက်ကြသည်။ သူတို့က ပင်လယ်ကိုငုံ့ကြည့်လိုက်ရာ ပင်လယ်ရေမျက်နှာပြင်အောက်၌ အရိပ်များကို တွေ့ရသည်။
လုကျိုးက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
“ပင်လယ်သားရဲတွေလာနေတာ မင်း ဘယ်လိုသိတာလဲ”
“လက်ရှိတာ့ထန်ထဲက နေရာတော်တော်များများက သားရဲဒီရေကို တွေ့ကြုံနေရတယ်။ ကျင့်ကြံသူအများစုက သူတို့ကိုခုခံကာကွယ်ဖို့ မြို့အသီးသီးမှာ စုဝေးနေကြတာ”
“ကြမ်းတမ်းခက်ထန်သားရဲတွေအများကြီး ဘာကြောင့် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်တာလဲ” လုကျိုးက ဇဝေဇဝါဖြစ်သွား၏။
ထိုကျင့်ကြံသူများက ခေါင်းခါလိုက်လေ၏။ “မင်းတို့အားလုံးနောက်ဆုတ်ပြီး မြို့တွေကို ကာကွယ်ကြ” လုကျိုးက တည်ငြိမ်စွာပြောလိုက်သည်။
“နားလည်ပါပြီ” ကျင့်ကြံသူများက ဦးညွှတ်လိုက်ကြသည်။
သူတို့ထွက်သွားတော့မည့်အချိန်တွင် သူတို့နားထဲ ပင်လယ်ထဲမှ တိုက်ခိုက်သံများကြားလိုက်ရသည်။ သူတို့သည် ရုတ်ရုတ်သဲသဲ ဖြစ်ရာဖက်ကို ကြည့်မိသောအခါ အဝေးရှိပင်လယ်ရေမျက်နှာပြင်ပေါ်၌ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို တွေ့လိုက်ရပြီး ယင်းက ပင်လယ်သားရဲများစွာကို လွင့်ထွက်သွားစေ၏။ စိတ်ဝိညာဉ်သဏ္ဌာန်၏ခွန်အားက အံ့အားသင့်ဖွယ်ကောင်းသည်။
“နောက်ထပ်ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်လား”
ကျင့်ကြံသူများသည် ချဉ်းကပ်လာသည့်ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို အထိတ်တလန့် ကြည့်နေကြသည်။ လုကျိုးကလည်း ဇဝေဇဝါဖြစ်နေသည်။ ရွှေကြာနယ်မြေမှာ ဒီလိုပညာရှင်တစ်ယောက်ဘယ်အချိန်က ပေါ်လာတာလဲ။ လူအနည်းစုပဲ အနီရောင်ကြာနယ်မြေကို လာရင်လာ မဟုတ်ရင် အဆုံးမဲ့သမုဒ္ဒရာကို သွားရဲတာ။ ကြမ်းတမ်းခက်ထန်သားရဲတွေကို တိုက်ခိုက်ဖို့ဆိုတာ ဝေလာဝေးပေါ့။
ဗွမ်း
လှိုင်းလုံးများက မြင့်တက်လာတော့သည်။
စိတ်ဝိညာဉ်သဏ္ဌာန်ကလည်း မြင့်တက်လာပြီး ကောင်းကင်ထဲလင်းထိန်သွားအောင် ၎င်း၏ နောက်ကျော၌ ရွှေရောင်စက်ဝန်းတစ်ခု ထုတ်ဖော်နေသည်။ လုကျိုးသည် ရွှေရောင်စက်ဝန်းကို မြင်သောအခါ ယင်းက ယွီရှန်းရုန်ဖြစ်မည်ဟု တွေးမိသည်။ သို့သော် ရွှေရောင်စက်ဝန်းက လှည့်ပတ်နေပြီး ပွင့်ချပ်၁၁ခုလုံး အရပ်မျက်နှာအနှံ့ ထွက်သွားပြီး ပင်လယ်သားရဲများကို သတ်ဖြတ်နေတာကို သူ တွေ့လိုက်ရ၏။
လုကျိုးသည် လက်သီးကို ဝေ့ယမ်းလျက် ပင်လယ်သားရဲများကို ထိုးနှက်နေသော ပုံရိပ်ကို တွေ့လိုက်ရသည်။
ထိုပုံရိပ်နီးကပ်လာသည်နှင့်အမျှ လေထဲတွင် ရယ်မောသံတစ်သံပေါ်ထွက်လာပြီး ပြောလိုက်၏။
“မင်းက ငါလိုလူကိုစားဖို့အတွက် ငယ်လွန်းပါသေးတယ်”
“လောင်ပါ့လား”
လုလီသည် ထန်ခမ်း၏ကျောပေါ်တွင် ရပ်နေလျက် ထန်ခမ်းက ကောင်းကင်ကနေ ခုန်ဆင်းလိုက်သည်။ သူက ကျယ်လောင်စွာအော်ပြောလိုက်၏။
“လောင်ကျူး မင်းရဲ့နောက်မှာ”
“စိတ်မပူနဲ့။ ငါ သူ့ကို ချီးထွက်အောင်ရိုက်ပစ်မယ်”
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က လှည့်လာပြီးနောက် ဧရာမပင်လယ်သားရဲကို ထိုးနှက်လိုက်သည်။ ၎င်းက ချက်ချင်းပေါက်ကွဲသွားလေ၏။
ကျူးဟုန်ကုန်းက ရယ်မောလိုက်လေ၏။ “ခင်ဗျား ဘယ်လိုထင်လဲ။ ကျုပ် အတော်သန်မာနေပြီ။ မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ရောက်တဲ့အချိန် တာ့ရှစ်ရှိုးနဲ့အာ့ရှစ်ရှိုးက ကျုပ်ကိုထပ်ပြီး အနိုင်ကျင့်နိုင်တော့မှာ မဟုတ်တော့ဘူး”
အချိန်အများစု၌ ကျူးဟုန်ကုန်းနှင့်လုလီ၏ အပြန်လမ်းခရီးက ချောမွေ့ခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းကသာ ပင်လယ်သားရဲများ စတင်ပေါ်ပေါက်လာတာပဲဖြစ်သည်။ ဤနည်းဖြင့် သူတို့အနီရောင်ကြာနယ်မြေသို့ ပြန်လာသည့်လမ်းတစ်လျှောက် အားလုံးကို တိုက်ခိုက်ခဲ့သည်။
“မင်းကိုယ်မင်း အထင်မကြီးနဲ့။ မင်းက ဒီသာမန်ပင်လယ်သားရဲတွေကိုပဲ သတ်ခဲ့တာ။ ပင်လယ်သားရဲဘုရင်ကို ငါတို့ရှောင်ခဲ့ရတုန်းက ခက်ခဲခဲ့တာကို မေ့သွားပြီလား။ မင်း သတ်ခဲ့တဲ့သားရဲတွေကို ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူက အလွယ်တကူ ဖြေရှင်းနိုင်တယ်။ ကြောက်ဖို့ကောင်းတာက မွေးဖွားဇယားချပ်သားရဲတွေနဲ့ သားရဲဘုရင်ပဲ”
ကျူးဟုန်ကုန်းက ပြောင်ချော်ချော်ပြုံးပြီးနောက် ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ ရှေ့မှာ ကမ်းစပ်ပဲ”
“တစ်ခုခုမှားနေပြီ။ ငါ အာရုံခံနိုင်တယ်။ ငါတို့ဦးတည်နေတဲ့ဖက်မှာ တစ်ခုခုဖြစ်နေတယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လူတွေ အုပ်စုဖွဲ့လှုပ်ရှားနေတာလား မသိဘူး” လုလီက ပြောလိုက်၏။
ကျူးဟုန်ကုန်းက မေးလိုက်သည်။
“သူတို့က ကျုပ်တို့ကို ကြိုဆိုဖို့ရောက်လာတာလား လောင်လု ခင်ဗျားက အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ ဒီလောက်တောင် မြင့်မားတဲ့အဆင့်အတန်းရှိမှန်း ကျုပ် မသိခဲ့ဘူး”
လုလီက ခေါင်းခါလိုက်၏။
“မမြင့်ဘူး။ ငါက သာမန်အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါပေမဲ့ မြင့်တက်လာတဲ့စွမ်းအင်က ထူးဆန်းတယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကတောင် မဟုတ်လောက်ဘူး”
“ခင်ဗျား ဘာတွေကြောက်နေတာလဲ။ ခင်ဗျားကို ကာကွယ်ဖို့ ကျုပ်ဒီမှာရှိနေတာပဲ” ကျူးဟုန်ကုန်းက ပြောပြီးသည်နှင့် သူ့ပတ်ဝန်းကျင်ရှိပင်လယ်သားရဲများသည် ကမ်းစပ်ဆီတဟုန်ထိုးသွားလေ၏။
ကျူးဟုန်ကုန်းက ထိတ်လန့်သွားတော့သည်။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းပြီး ခပ်မြန်မြန်ပျံသန်းသွားလိုက်၏။ သူက ပင်လယ်ကို ငုံ့ကြည့်ပြီးမေးလိုက်တော့၏။
“ဘာတွေဖြစ်နေတာလဲ။ လွန်ခဲ့တဲ့ရက်တွေတည်းက ထူးဆန်းနေတာ”
“ထင်တဲ့အတိုင်းပဲ။ အဲဒါ သားရဲဒီရေ။ ပင်လယ်သားရဲဘုရင်က အဲ့ဒီလမ်းကို ဦးတည်နေတာ” လုလီက ပြောလိုက်သည်။
“ဒါက အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အဖွဲ့သားတွေ အုပ်စုဖွဲ့နေရတဲ့အကြောင်းအရင်း ဖြစ်နေမလား။ သူတို့တွေက ပင်လယ်သားရဲတွေကို တားဖို့ ဒီကိုရောက်လာတာဖြစ်နိုင်တယ်မလား” ကျူးဟုန်ကုန်းက မေးလိုက်သည်။ လုလီသည် ယခင်က ထိုကဲ့သို့တာဝန်မျိုးထမ်းဆောင်ဖူးသောကြောင့် သူ၏သီအိုရီက မှန်သည်ဟု ထင်ခဲ့သည်။
လုလီက ခေါင်းခါပြီးပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။ အခုအချိန်မှာ ပင်လယ်သားရဲတွေကို တားဖို့ကနောက်ကျလွန်းသွားပြီ။ ဒါ့အပြင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ ပညာရှင်တွေအများကြီးရှိတယ်။ သူတို့သာ ဒါကို ဖြေရှင်းချင်တယ်ဆိုရင် စီရင်သူတစ်ယောက်နှစ်ယောက်လွှတ်တာက လုံလောက်နေပြီ။ ဒီနေရာကို အဖွဲ့လိုက်လွှတ်စရာအကြောင်းမရှိဘူး”
“ခင်ဗျား အခုဘာတွေအတွေးများနေတာလဲ။ ကမ်းစပ်ကို အရင်သွားကြမယ်။ ကျုပ် ပင်ပန်းနေပြီ” ကျူးဟုန်ကုန်းက ပြောပြီး ထန်ခမ်း၏ကျောပေါ် ခုန်တက်လိုက်လေ၏။
လုကျိုးနောက်ရှိ ကျင့်ကြံသူများသည် ကျူးဟုန်ကုန်းနှင့်လုလီကိုစိုက်ကြည့်နေကြ၏။ သူတို့ဆွံ့အနေကြသည်။ သူတို့ယနေ့များစွာ သင်ယူလိုက်ရသည်ဟု ခံစားမိသွားသည်။
ယခုအချိန်၌ သူတို့နှစ်ယောက်က ကမ်းစပ်နှင့် မီတာတစ်ထောင်သာ ကွာဝေးတော့၏။
“ရှေ့မှာ လူတွေရှိနေတယ်” ကျူးဟုန်ကုန်းက ဝေဟင်ထဲပျံဝဲနေသော ကျင့်ကြံသူများကို တွေ့လိုက်၏။
“သူတို့တွေက ပင်လယ်သားရဲတွေကို တားဖို့အတွက် ဒီရောက်လာတာပဲဖြစ်မယ်” လုလီကမှန်းဆလိုက်၏။ သူတို့ပုံစံကိုကြည့်လျှင် သူတို့ပင်လယ်သားရဲကို တားဖို့ ဤနေရာကို ရောက်လာတာဖြစ်နိုင်သည်။
ကျူးဟုန်ကုန်းက ပြောပြီး ထန်ခမ်းကို ပျံသန်းသွားဖို့ ထိန်းချုပ်လိုက်၏။
“ဘယ်သူက ဂရုစိုက်မှာလဲ။ အဲ့ဒီမှာ ရင်ဘတ်ဗလာနဲ့လူကို ကြည့်ဦး။ သူက အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ဆိုတာ သိသာတယ်”
ရုတ်တရက် ထန်ခမ်း၏အရှိန်က မပြောမဆို နှစ်ဆမြင့်တက်သွားတော့၏။ ယင်းက အလွန်စိတ်လှုပ်ရှားနေတာ သိသာသည်။
ကျူးဟုန်ကုန်းက စိတ်ရှုပ်ထွေးစွာပြောလိုက်၏။
“အရှိန်လျော့ အရှိန်လျော့”
ထန်ခမ်းက နှာမှုတ်လိုက်သည်။ ယခုအချိန်တွင် ၎င်းက ခန္ဓာကိုယ်မှ စွမ်းအင်များ ထုတ်လွှင့်နေပုံပေါ်၏။
သူတို့က ကမ်းစပ်နှင့် မီတာ ၅၀၀သာ ကွာဝေးတော့သည်။ ကျူးဟုန်ကုန်းက ထန်ခမ်းကို ထိန်းချုပ်ဖို့ကြိုးစားပြီး သူက သက်ပြင်းချကာ ငေါက်ငမ်းလိုက်လေ၏။
“မင်း ငါ့ရဲ့မာန်မာနဲ့ ဂုဏ်သိက္ခာကို ထည့်တွေးပေးနိုင်မလား။ ငါတို့ ကမ်းစပ်နားရောက်နေပြီ”
ထိုစကားများကြားသောအခါ ထန်ခမ်းက တကယ်အရှိန်လျော့ပေးလိုက်၏။
နှစ်ဖွဲ့က တစ်ဖက်နှင့်တစ်ဖက်လှမ်းကြည့်နေသည်။ လုကျိုးက ကျူးဟုန်ကုန်းနှင့် လုလီကို ဂရုတစိုက်ကြည့်နေသည်။
အချိန်က တကယ်ပင်လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျူးဟုန်ကုန်းသည် ယခင်ကထက်ပိုတောင် ဝဖီးလာပုံရပြီး လုလီကမူ သူတို့ပထမဆုံးတွေ့စဉ်ကထက် ပိုတည်ငြိမ်နေပုံပေါ်၏။
တစ်ချိန်တည်းတွင် သူတို့နှစ်ယောက်ကလည်း လုကျိုးကို ကြည့်ပြီး ခေါင်းအစခြေအဆုံး စစ်ဆေးလိုက်သည်။
လုလီက အမြဲတစေလေ့လာအားကောင်းသည်။ သူက ယခင်ကထက် ပိုနီစွေးနေသော ပင်လယ်ရေကို မြင်ပြီး ပင်လယ်ထဲမျောနေသော အလောင်းကို တွေ့လိုက်ရ၏။ သူက တအံ့တဩပြောလိုက်တော့သည်။
“ငရဲဝံပုလွေဘုရင်လား”
လုလီသည် အပေါ်ဝတ်ဗလာဖြင့် လူငယ်လေးကို ကြည့်လိုက်၏။ လူငယ်လေးကို အလွန်ရင်းနှီးနေပုံ ပေါ်သော်ငြား မည်သည့်နေရာတွင် တွေ့ခဲ့ဖူးမှန်း မမှတ်မိပေ။ သူ့ဦးနှောက်ကို မည်မျှ အလုပ်ပေးစေကာမူ ထိုလူငယ်လေး မည်သူမှန်းမဖော်ထုတ်နိုင်။ မည်သို့ပင်ဆိုစေ သူ ထိုလူငယ်လေးကို ယခင်က တွေ့ဖူးတာ ကြိမ်းသေ၏။
ကျူးဟုန်ကုန်းက ကျယ်လောင်စွာပြောလိုက်၏။
“ဟေ့ ... ပင်လယ်သားရဲတွေလာနေပြီ။ မင်း အသက်ရှင်ချင်တယ်ဆိုရင် ပြေးတာ ပိုကောင်းလိမ့်မယ်။ ငါ မင်းကို ကယ်ဖို့အချိန်မရှိဘူး။"
“ကောက်ကျစ်စဉ်းလဲတဲ့တပည့် အခု ဒီကိုဆင်းလာခဲ့”
ကောက်ကျစ်စဉ်းလဲတဲ့တပည့်လား၊ ဆင်းလာတဲ့လား ... ဒီလိုလေသံမြင့်မြင့်နဲ့ပြောတာ ဘယ်လိုပါလိမ့်။ ဒီလေသံကို အတော်ရင်းနှီးနေသလိုပဲ။
ကျူးဟုန်ကုန်းသည် ကောက်ကျစ်စဉ်းလဲသောတပည့်ဟု အခေါ်ခံရသောကြောင့် အနည်းငယ်ဆွံ့အသွား၏။
“ခင်ဗျားနဲ့ ငြင်းနေဖို့ အချိန်မရှိဘူး။ ဟေ့ ခင်ဗျား အဲ့ဒီမှာ အင်္ကျီမပါဘဲ ရပ်နေတာ ခင်ဗျားကိုယ်ခင်ဗျား ပင်လယ်နတ်ဘုရားလို့ထင်နေလား”
“မိုက်မဲလိုက်တာ” လုကျိုး၏ အသံလှိုင်းကပေါ်သွား၏။
ထန်ခမ်းက ထိတ်လန့်သွားပြီးနောက် လုလီနှင့် ကျူးဟုန်ကုန်းကို ပစ်ချကာ ရှေ့သို့တက်လာ၏။ ပြီးနောက် တစ်ချက်ခန့်ညီးတွားပြီးနောက် လုကျိုးရှေ့၌ ရပ်လိုက်သည်။ ၎င်း၏ခေါင်းကို ငုံ့ထားပြီးနောက် အမြီးလေးတနှံ့နှံ့လုပ်နေ၏။ သူက လုကျိုးရှေ့တွင် နာခံနေတာ သိသာသည်။
ကျူးဟုန်ကုန်း “...”
လုကျိုးက ခေါင်းညိတ်ပြီးနောက် ထန်ခမ်း၏ခေါင်းကို ပုတ်လိုက်သည်။ ပြီးနောက် သူက ပင်လယ်ကို လှည့်ကြည့်လိုက်၏၊။ ခဏအကြာတွင် သူ လှည့်လာပြီး ကမ်းစပ်ကို ဆင်းသက်လိုက်တော့သည်။
ထန်ခမ်းက လုကျိုးနောက်လိမ်လိမ်မာမာလိုက်သွားပြီး သူ့ဘေးတွင်ထို
င်နေ၏။
လုလီသည် ထိုမြင်ကွင်းကို ဇဝေဇဝါကြည့်လိုက်တော့သည်။
“လောင်ကျူး မင်းရဲ့ဝက်က မင်းကို သစ္စာဖောက်သွားတာလား”
ထိုစဉ် ကျူးဟုန်ကုန်းသည် မိုက်မဲလိုက်တာ ဟူသော စကားကြောင့် တောင့်ခဲသွားသည်။ ထိုစကားတစ်ခွန်းသည် အတိတ်တုန်းက သည်းမခံနိုင်ဖွယ်မှတ်ဉာဏ်များစွာကို ဆွဲယူပေး၏။ သူက တံတွေးမျိုချလိုက်သည်။ မဖြစ်နိုင်တာ ...
ထိုစဉ် လုကျိုးကမူ သူ၏အဋ္ဌမတပည့်ဆင်းလာမှာကို တည်တည်ငြိမ်ငြိမ်စောင့်နေ၏။
ကျူးဟုန်ကုန်း၏တုံ့ပြန်မှုက အတော်လေးနှေးကွေးသည်။ ဆိုရလျှင် လုကျိုး၏ရုတ်တရက်ပြောင်းလဲသွားသော သွင်ပြင်က လူတိုင်းအဖို့လက်ခံရခက်ခဲနေသည်။
…
အခန်း (၁၁၀၄) တကယ့်ရှစ်စွမ်း
ပင်လယ်လေပြေက ထပ်မံတိုက်ခိုက်လာကာ သူတို့အား အေးမြလန်းဆန်းသည့် ခံစားချက်ကို ဆောင်ကျဉ်းပေးလာသည်။ တောင်ကြားထဲရှိ ချော်ရည်ပူဂူနှင့် လုံးဝ ကွဲပြားနေ၏။ မြင့်မားသည့် အပူချိန်အောက်တွင် အချိန်အတော်ကြာ နေပြီးသည့်နောက်တွင် လုကျိုးက ပင်လယ်လေပြေကို အရမ်းသဘောကျနေမိသည်။
ကျူးဟုန်ကုန်းက မျက်လုံးကို ပွတ်ကာ ထန်ခမ်းအား ကြည့်ပြီး လှမ်းခေါ်လိုက်သည်။
“ထန်ခမ်း”
ထန်ခမ်းက ကျူးဟုန်ကုန်းဆီ ပျံသွားမည့် အရိပ်အယောင် မရှိပေ။
“ဟမ် ငါက အခက်အခဲတွေ ကြားကနေ မင်းကို ဒီလောက် ပြုစုပျိုးထောင်ထားရတာကို မင်းက သစ္စာဖောက်သွားတာပဲ။ ငါက သူ့လောက် ရုပ်မချောလို့လား”
ကျူးဟုန်ကုန်းက ဒေါသထွက်လွန်းပြီး ထန်ခမ်းဆီ ပြေးလွှားသွားလိုက်သည်။
ကျူးဟုန်ကုန်းက မီတာသုံးဆယ် ကွာသည့်အခါ လေထဲတွင် ရပ်တန့်လိုက်သည့်အခါ လုကျိုးက လက်ကို မြှောက်လိုက်သည်။
“မိစ္ဆာကိုယ်တော် လက်ဟန်စည်းတံဆိပ်”
လက်ဟန်စည်းတံဆိပ်က ပေဒါဇင်ချီ ကြီးမားလှပြီး ကျူးဟုန်ကုန်း ရှေ့မှ ထွက်ပေါ်လာသည်။
ကျူးဟုန်ကုန်းက တုန်ယင်သွားသော်လည်း ပြောလိုက်သည်။
“ကျုပ် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်”
ကြာပွင့်မဲ့ ပွင့်ချပ်ဆယ့်တစ်လွှာ ရွှေရောင်စိတ်ဝိညာဉ် သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်နှင့် မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်က အပြာရောင် အလင်းဖြင့် ရုတ်တရက် တောက်ပသွားသည်။
လက်ဝါးစည်းတံဆိပ်က လှုပ်ရှားလာပြီး လက်ငါးချောင်းဖြင့် ခပ်ဝဝ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆွဲကိုင်ကာ ရိုက်ချလိုက်သည်။
ဝုန်း
စိတ်ဝိညာဉ်သဏ္ဌာန်က မြေကြီးပေါ် လဲကျသွား၏။
ထို့နောက် မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်က ကျူးဟုန်ကုန်းကို ဆွဲယူလိုက်သည်။ သူက ရုန်းကန်ကာ အော်ဟစ်နေ၏။
“ကျုပ်ကို လွှတ် ကျုပ်ကို လွှတ်ပေး”
သို့သော် ကျူးဟုန်ကုန်းက မည်မျှပင် ရုန်းကန်နေစေကာမူ မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်မှ မလွတ်မြောက်နိုင်ပေ။ သူ တတ်နိုင်သည့်အရာ ဘာမှမရှိကြောင်း သိသွားပြီးသည့်နောက်တွင် ကူကယ်ရာမဲ့စွာ လှမ်းခေါ်လိုက်၏။
“လောင်လု ဘာစောင့်နေတာလဲ ကျုပ်ကို ကယ်ဦး”
လုလီက ကောင်းကင်မှ ထိုးဆင်းလာကာ လက်ဝါးချပ်ကို ထုတ်လွှင့်လိုက်သည်။
လုကျိုးက တည်ငြိမ်စွာဖြင့် ညာဘက်လက်ကို အသာ မြှောက်လိုက်သည်။
ဝုန်း
လက်ဝါးနှစ်ခု တွေ့ဆုံသည့်အခါ ဧရာမ လှိုင်းလုံးတစ်ခုက ထွက်ပေါ်လာသည်။
လုကျိုးက အသက်ဓာတ်စွမ်းအားကို အနည်းငယ် တွန်းမြှင့်လိုက်သည်။
လုလီက ရုတ်တရက်ဆိုသလို သူ့လက်ဝါးမှ စွမ်းအားကို ခံစားမိလိုက်၏။ သူက မီတာရာချီ လွှင့်စင်သွားပြီး တစ်စုံတစ်ခု လွှဲမှားနေသလို ခံစားနေရသည်။ ထို့နောက် သူက လုကျိုးကို ကြောက်လန့်တကြား ကြည့်လိုက်သည်။
ကျူးဟုန်ကုန်းက “...”
လုကျိုးက ကျူးဟုန်ကုန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဒါပဲ မင်း တတ်နိုင်တာလား”
ဒီအသံ ဒီလေသံမျိုးက...
ဒါတွေအားလုံးက မမေ့စရာ မှတ်ဉာဏ်တွေပဲ...
ကျူးဟုန်ကုန်းက ဒေါသထွက်လာမိသည်။ သူက ပြောလိုက်၏။
“လူတွေက ကျုပ်ရှစ်စွင်းကို အတုခိုးတဲ့အခါ အမုန်းဆုံးပဲ။ ဒီလက်သီးချက်ကို ယူလိုက်”
ကျူးဟုန်ကုန်းက မြေကြီးပေါ် ဆောင့်ကန်ကာ မြှားတစ်ချောင်းလိုမျိုး ထွက်ပေါ်လာသည်။
သူက လုကျိုးထံ စွမ်းအင်လက်သီးကို ထုတ်လွှတ်လိုက်၏။
ဘန်း ဘန်း
လုကျိုးက အေးအေးသက်သက်သာသာဖြင့် ကျူးဟုန်ကုန်း၏ စွမ်းအင်လက်သီးကို လက်ဝါးချက် ထုတ်ကာ ခြေဖျက်လိုက်သည်။
အကြိမ်ရာချီ ထိပ်တိုက်တွေ့ဆုံပြီးနောက်တွင် ကျူးဟုန်ကုန်းက ကမ်းခြေတစ်လျှောက် မီတာတစ်ရာ နောက်ဆုတ်လိုက်သည်။ ထို့နောက် သူက ခေါင်းကို မော့ကာ ပြုံးကာ ကြည့်လိုက်၏။
“ခင်ဗျားနောက်ကို ကြည့်လိုက်ဦး”
လုကျိုးက သူ့နောက်ကို မကြည့်ပေ။ သူ အကြည့်များက ကျူးဟုန်ကုန်းအပေါ်သာ ရှိနေလေ၏။
ဤတစ်ကြိမ် ပွင့်ချပ်ဆယ့်တစ်လွှာက လုကျိုး၏ နောက်ကျောမှ ပျံသန်းလာခဲ့သည်။
“ရွှေရောင်ဗုဒ္ဓခန္ဓာ”
ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်က လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် အမြင့် တူလေသည်။
ပွင့်ချပ်ဆယ့်တစ်လွှာကို ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်နှင့်အတူ တားဆီးနိုင်လိုက်၏။
လုလီက ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကို မြင်သည့်အခါ မျက်မှောင်ကျုံ့လိုက်သည်။
“သူက ဗုဒ္ဓဆရာသခင်တစ်ယောက်ပဲ။ သွားကြရအောင်”
ပွင့်ချပ်ဆယ့်တစ်လွှာ ရွှေရောင်ကျော့ကွင်းကို ရွှေရောင်ခန္ဓာဖြင့် ပိတ်ဆို့ထားသည်။
“ကောင်းပြီ”
ကျူးဟုန်ကုန်းက သူ့ပွင့်ချပ်ဆယ့်တစ်လွှာကို အလျင်အမြန် ရုတ်သိမ်းကာ ထွက်ပြေးဖို့ ပြင်လိုက်သည်။
လုကျိုးက ဘယ်ဘက်လက်ကို အသာတွန်းလိုက်၏။
ဘန်း
ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်က ကျူးဟုန်ကုန်း ကျောပေါ်သို့ ရောက်လာကာ မြေကြီးပေါ် ပြုတ်ကျသွားစေသည်။
လုကျိုးက ရွှေရောဗုဒ္ဓခန္ဓာကိုယ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက ပွင့်ချပ်ဆယ့်တစ်လွှာ ထွက်တာနဲ့ မောက်မာလို့ ရပြီ ထင်နေတာလား။ ရိုင်းပျလိုက်တာ”
ကျူးဟုန်ကုန်းက သူ့ရှေ့မှာ ရှိသည့် အယောင်ဆောင်သည် အတော်လေး ကောင်းကြောင်း ခံစားမိ၏။ အကယ်၍ သူသာ အယောင်ဆောင်ကို မကြည့်ဘဲ အသံကိုသာ နားထောင်ပါက ကွာဟချက်ကို ပြောနိုင်မည် မဟုတ်ပေ။
ဤတစ်ကြိမ် လုလီက အပြေးအလွှား ရောက်လာကာ ကျူးဟုန်ကုန်းကို ထူပေးလိုက်သည်။ သူတို့က သူတို့ရှေ့တွင် ရှိနေသည့် လူငယ်လေးအတွက် ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်၏။ တစ်ဖက်သူက သတ်ဖြတ်ဖို့ရန် ရည်ရွယ်ချက်နှင့် တိုက်ခိုက်နေခြင်း မဟုတ်သည်ကို မြင်တွေ့ပြီးနောက်တွင် ထိုလူငယ်လေးနှင့် အကျိုးအကြောင်းသင့် ပြောဆိုဖို့ ကြိုးစားလိုက်သည်။
“ကျုပ်တို့က ခင်ဗျားနဲ့ ရန်ငြိုး မရှိပါဘူး။ ဘာလို့ ခက်ခဲအောင် လုပ်ချင်နေရတာလဲ”
လုကျိုးက လုလီကို ခြုံငုံကြည့်ကာ ပြောလိုက်သည်။
“မင်း ကျင့်ကြံဆင့်က ပြန်မကောင်းသေးဘူးကိုး”
လုလီက အံ့အားသင့်သွားသည်။
သူက ဘယ်လိုလုပ် ပြောနိုင်တာလဲ...
ထိုစဉ် လေထုထဲမှ ကြည့်နေသည့် ကျင့်ကြံသူတစ်ဦးက လုကျိုးထံ ရောက်ရှိလာသည်။ သူတို့ ဆင်းသက်လာသည့်အခါ အဝေးတစ်နေရာမှ ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်ကြသည်။
“ကျန်းပေ့ သွားကြရအောင် အနက်ရောင်ကြာ ကျင့်ကြံသူတွေက ရောက်လာပြီ”
“အနက်ရောင်ကြာ ကျင့်ကြံသူတွေတဲ့လား”
လုလီက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ ထိုလူ ညွှန်ပြနေသည့် နေရာတစ်လျှောက်တွင် အနက်ဝတ်ကျင့်ကြံသူ အယောက်ငါးဆယ်က ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားပြီး ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ပထမအကြည့်နှင့်ပင် သူတို့က သေမင်းတမန်များနှင့် တူနေသည်။
သူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းလား”
ကျူးဟုန်ကုန်းက မျက်ခုံးကို ပင့်ကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ကောင်းတာပဲ။ ကျုပ်တို့က တစ်ဖက်တည်းပဲလေ”
လုလီက ပြောလိုက်သည်။
“မဟုတ်ဘူး။ တစ်ခုခု ထူးဆန်းနေတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ဘာလို့ ဒီရောက်လာတာလဲ”
နှစ်ဦးသားက စကားပြောနေစဉ် အယောက်ငါးဆယ်နီးပါး ရှိသည့် အနက်ဝတ် ကျင့်ကြံသူများက လုကျိုး၊ ကျူးဟုန်ကုန်း၊ လုလီနှင့် အခြားအနီရောင် ကြာကျင့်ကြံသူများကို ဝိုင်းထားလိုက်ကြသည်။
ဦးဆောင်လာသည့် အနက်ဝတ်ကျင့်ကြံသူက ထိုသုံးယောက်ကို ကြည့်ကာ ပြောလိုက်၏။
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ရောက်လာပြီ။ ဘုံတစ်ထောင်လေပွေအဆင့် ရှိတဲ့ ကျင့်ကြံသူတိုင်းက ငါတို့နဲ့ လိုက်ခဲ့ရမယ်”
လုကျိုးက ခေါင်းမော့ကာ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက လူတွေကို ကြည့်လိုက်သည်။ သူတို့ထဲက တစ်ဝက်က အနက်ရောင် အစောင့်အရှောက်များ ဖြစ်ပြီး နှစ်ဦးက အကဲဖြတ်သူများ ဖြစ်သည်။ စတုတ္တအကြီးအကဲ လုစစ်ပင် ဤနေရာတွင် ရှိနေလေ၏။
လုလီက ပြောလိုက်သည်။
“ငါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် လုလီပဲ။ ငါတို့က တစ်ဖက်တည်းပဲ”
စတုတ္ထအကြီးအကဲ လုစစ်က ပြောလိုက်သည်။
“လုလီ သစ္စာဖောက် ဒီလောက်နှစ်တွေ ကြာတာတောင် ထွက်လာသေးတယ်လား။ သူ့ကို ဖမ်းကြ”
အနက်ရောင် အစောင့်အရှောက် ခြောက်ဦးက လျှပ်စီးလို အလျင်ဖြင့် လုလီနှင့် လုကျိုးထံ ချဉ်းကပ်လာသည်။
လုလီက မျက်မှောင်ကျုံ့လိုက်၏။
“ငါက ကိစ္စတချို့ ရှိလို့ ပြန်မလာနိုင်တာ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို သစ္စာမဖောက်ခဲ့ဘူး။ အကြီးအကဲလု နားလည်ဖို့ မျှော်လင့်ပါတယ်”
“ငါတို့တွေ ပြန်သွားတဲ့အခါမှာ ရှင်းပြပေါ့”
လုစစ်က ပြောလိုက်သည်။
ကျူးဟုန်ကုန်းက သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ပြီးသွားပြီ … အခုတော့ တကယ်ကြီး အဆုံးသတ်သွားပြီ”
လုစစ်က လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။
“မင်းလည်း လိုက်ခဲ့”
လုကျိုးက ခေါင်းမော့ပြီး လူအုပ်ကို ကြည့်ကာ ပြောလိုက်သည်။
“အရင်တစ်ခေါက်က ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးဘူး ထင်တယ်”
“ဟမ် စစ်ပွဲက ဖြစ်တော့မှာ ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ ကျေးဇူးပြုပြီး နားလည်ပေးကြပါ”
လုစစ်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အမိန့်ပေးလိုက်သည်။
“သူတို့ကို ခေါ်သွား”
အနက်ဝတ် ကျင့်ကြံသူနှစ်ဦးက လုကျိုးထံ ချဉ်းကပ်လာသည်။ သူတို့က သူ့ရှေ့ ရောက်ရှိသည်နှင့် သူက လက်နှစ်ဖက်ကို လျှပ်စီးလို အလင်းဖြင့် မြှောက်ချလိုက်သည်။
ဘန်း ဘန်း ဘန်း
အနက်ဝတ်ကျင့်ကြံသူ နှစ်ယောက်က လက်များထုတ်နိုင်သွားပြီး အနောက်သို့ လွှင့်စင်သွားသည်။
လုစစ်က မျက်မှောင်ကျုံ့လိုက်၏။ ထိုသူက အတော်လေး အားကောင်းလှသည်။သူက ပြောလိုက်၏။
“လူငယ်လေး လုပ်တဲ့အခါမှာ သိုသိုသိပ်သိပ် လုပ်တာ အကောင်းဆုံးပဲ”
သူက ထပ်မံ လက်ဝှေ့လိုက်သည်။ ဤတစ်ကြိမ် အနက်ရောင်အစောင့်အရှောက် ဆယ်ယောက်က သူ့ကို ဝိုင်းကာ လုကျိုးကို ဝန်းရံလျက် စက်ဝိုင်းခြမ်းတစ်ခု ဖွဲ့စည်းလိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို လုကျိုးက တိတ်ဆိတ်နေလျက် ကောင်းကင်ကျမ်း စွမ်းအား၏ မန္တာန်ကို ရွတ်ဖတ်လိုက်သည်။
“ထွက်သွားစမ်း”
လုကျိုးက အလယ်တွင် ရှိနေသည့်အတွက် မိုးခြိမ်းလုမတတ် အသံလှိုင်းက အဖက်ဖက်သို့ ပျံ့နှံ့သွားကာ ကောင်းကင်ဘုံကိုပင် ထိုးဖောက်သွားသည်။
ဘန်း ဘန်း ဘန်း
လုလီ၊ ကျူးဟုန်ကုန်းနှင့် ထန်ခမ်းတို့ကပင် ချွင်းချက်မရှိ လွှင့်စင်သွားလေ၏။
ကျူးဟုန်ကုန်းက ခေါင်းထဲ တဟူးဟူးမြည်ကာ နားစည်များပင် နာကျင်စေမိသည်။ သူက သူ့အတွက် ပြီးဆုံးသွားပြီဟု ထင်မှတ်ထားခဲ့၏။ အယောင်ဆောင်က သူ့ရှစ်စွမ်း၏ အကြွင်းမဲ့တိုက်ကွက်ကို မည်သို့ အတုခိုးနိုင်သနည်း။
မည်သို့ပင် ဆိုစေကာမူ အနက်ရောင် အစောင့်အရှောက်များကလည်း လွှင့်စင်သွားကြသည်။ မွေးဖွားဇယားချပ်ကို အောင်မြင်ပြီးသည့်နောက်တွင် အပြောစွမ်းရည်က ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။
တိုက်ခိုက်ခံလိုက်ရသည့် အနက်ရောင် အစောင့်အရှောက်များက သွေးနှင့်ချီ ပြောင်းပြန်ဖြစ်သလို ခံစားနေရသည်။ သူတို့ထဲက ငါးယောက်၊ ခြောက်ယောက်က ပိုမိုအားနည်းသည့်အတွက် လွှင့်စင်သွားကာ သွေးအန်လိုက်ရသည်။
စတုတ္ထအကြီးအကဲ လုစစ်နှင့် အခြားသူများက အသံလှိုင်းကို ကာကွယ်ဖို့ အကာအကွယ်ကို ဖော်ထုတ်လိုက်ရသည်။
ဝုန်း ဝုန်း
တစ်ယောက်ပြီးတစ်ယောက် အားလုံးက မြေပြင်ပေါ် လဲကျသွားလေ၏။
လုစစ်နှင့် တခြားသူများကသာ မတ်တတ်ရပ်လျက် ရှိနေသည်။ သို့သော် သူတို့ကလည်း အခြားသူများထက် အခြေအနေမကောင်းလောက်ပေ။ ပြိုလဲလုနီးပါး ဖြစ်နေသည်။
တိုက်ကွက်တစ်ခုတည်းက အရမ်းအားကောင်းလှချည်လား...
ကျူးဟုန်ကုန်းနှင့် လုလီတို့က အပေါ်အင်္ကျီမပါသည့် လူငယ်လေးကို တအံ့တဩ ကြည့်နေလိုက်သည်။
တစ်ချိန်တည်းဆိုသလို ထိုလူငယ်လေး၏ ဆံပင်က မျက်စိနှင့် မြင်ရလောက်အောင် အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းဆိုသလို သူ့ချောမွေ့နေသည့် အရေပြားကလည်း အချိန်တိုက်စားခံရသည့်အလား အရေးကြောင်းများ ထွက်ပေါ်လာသည်။ သူ့ အဖြူရောင်ဆံပင်က လေထဲမျောလွှင့်နေရင်း မုတ်ဆိတ်နှင့် မျက်ခုံးတို့ကလည်း ဖြူဆွတ်သွားသည်။ သူ့မျက်ဝန်းကသာ အတူတူ ကျန်ရှိနေဆဲ ဖြစ်၏။ သိပ်မကြာခင် လုကျိုး၏ ရှုံ့တွနေသည့် မျက်နှာနှင့် ဝိဇ္ဇာလိုမျိုး အသွင်အပြင်က အားလုံးအရှေ့မှာ ပေါ်ထွက်လာခဲ့သည်။
လုကျိုးက ရွေးချယ်စရာ မရှိပဲ ရုပ်ဖျက်ကတ်ကို အသုံးပြုလိုက်ရ၏။
ကျူးဟုန်ကုန်းက ကြောင်အမိသည်။
အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ လူများကလည်း ပိုမိုကြောင်အနေကြ၏။ သူတို့က အသိဝင်လာသည့်အခါ အနက်ရောင်မျှော်စင် အဖွဲ့သားများ မွေးဖွားဇယားချပ် ဆုံးရှုံးရသည့် အချိန်ကို ပြန်လည်အမှတ်ရသွားကြသည်။
လုစစ်က ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဆင်းလာခဲ့ကြ”
အနက်ရောင်မျှော်စင် အဖွဲ့သားများက တပြိုင်နက် ဆင်းလာခဲ့ကြသည်။ လုစစ်က ဝတ်ရုံကို ကိုင်ကာ အပြေးအလွှား ရောက်ရှိလာသည်။ သူက ရှေးဦးချီကိုပင် နည်းနည်းလေးမှ ထုတ်မသုံးရဲပဲ အကြီးအကဲတစ်ယောက် မဟုတ်သည့်အလား အနားသို့ ရောက်လာသည်။ သူက လုကျိုးရှေ့မှောက် ရောက်ရှိသည့်အခါ ဒူးတစ်ဖက်ထောက်ကာ လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။
“လုစစ်က မျှော်နန်းသခင်လုကို ဂါဝရပြုပါတယ်”
ထို့နောက် အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ လူများကလည်း ဒူးထောက်ကာ ပြိုင်တူပြောလိုက်ကြသည်။
“မျှော်နန်းသခင်လုကို ဂါဝရပြုပါတယ်”
“...”
ဘာကြီး ဘာကြီးလဲ မျှော်နန်းသခင်လုတဲ့လား...
လုလီက မျက်မှောင်ကျုံ့လိုက်ပြီး စိတ်ရှုပ်ထွေးနေမိသည်။ သူက ကျူးဟုန်ကုန်းကို လှည့်ကြည့်လိုက်၏။
ဤတစ်ကြိမ် ကျူးဟုန်ကုန်းက တိတ်တဆိတ် မတ်တတ်ရပ်ပြီး ဝတ်ရုံကို ခါခတ်ကာ လက်နှစ်ဖက်ကို ပူးကပ်လျက် ဒူးထောက်လိုက်ပြန်သည်။ ထို့နောက် သူက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
“တပည့်က ရှစ်စွမ်းကို ဂါဝရပြုပါတယ်”
လုလီက ကျူးဟုန်ကုန်းသည် အရိုအသေ ပေးနေသည်ကို မြင်သောအခါ အံ့အားသင့်သွားလေ၏။ လူသားများက ထူးဆန်းသည့် စိတ်သဘောထား ရှိသည့် သက်ရှိများ ဖြစ်ကြသည်။ သူ့ဘေးဝန်းကျင်ရှိ လူများအားလုံးက ဒူးထောက်နေသည်ကို မြင့်သည့်အခါ သူကလည်း အလိုလို ဒူးထောက်လိုက်မိသည်။ ပြောရလျှင် သူ့ထက် အားကောင်းသည့် လုစစ်ကပင် ဒူးထောက်နေသည့်အတွက် သူက မည်သို့ မတ်တတ်ရပ်နေရဲမည်နည်း။
မည်သို့ပင်ဆိုစေကာမူ အနီကြာကျင့်ကြံသူများကလည်း ဒူးထောက်ထားသည်မှာ ကြာလှပြီ ဖြစ်၏။