အခန်း (၁၁၀၅-၁၁၀၇)
Vol. 74 Ch. 1105-1107
အခန်း (၁၁၀၅) ရှစ်စွင်း ... ရှစ်စွင်းက တကယ်ဉာဏ်အမြောအမြင် ရှိပြီး စွမ်းဆောင်ရည်ရှိပါပေတယ်
အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားအားလုံးတို့သည် အသက်ကျယ်ကျယ်မရှူရဲကြတော့ပေ။ သူတို့က တစ်ယောက်ကို တစ်ယောက်တောင်မကြည့်ရဲကြချေ။
လုစစ်၏မျက်နှာ၌ ချွေးသီးချွေးပေါက်များ ပြည့်နေပြီး စိုးရိမ်ပူပန်မှုကြောင့် သူ၏လက်က တုန်ယင်နေ၏။ လုကျိုးသည် ကျန်သည့်သူများကို အာရုံမစိုက်ပေ။ ထိုအစား တစ်ဖက်လှည့်ကာ လေသံအတက်အကျမရှိ ခေါ်လိုက်လေ၏။
“လောင်ပါ့”
ကျူးဟုန်ကုန်းက တုန်ယင်သွား၏။ သူက အမြန်ပြောလိုက်တော့သည်။
“ဖြစ်ချင်တော့ ရှစ်စွင်းက သူ့ရဲ့တည်ရှိမှုနဲ့ ပံ့ပိုးပေးချင်ခဲ့တာကိုး။ ရှစ်စွင်း အစောတုန်းက ရုပ်ဖျက်တာ ပြစ်ချက်မဲ့တယ်။ ဖောက်မြင်ဖို့ မဖြစ်နိုင်ဘူး။ ပြီးပြည့်စုံမှုဆိုတာ ဒါ ဒါကို ရှစ် ရှစ်စွင်း ... တပည့်မှားမှန်း သိပါပြီ” သူက ထပ်ပြီးကန်တော့လိုက်၏။
လုကျိုးက ထူးမခြားနားပြောလိုက်သည်။
“မင်းက တကယ်အံ့ဩစရာပဲ။ မင်းက ငါ့ကို အလေးမထားဘူးပဲ”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ... ဒါမျိုးကိစ္စမရှိပါဘူး။ ရှစ်စွင်း ရှစ်စွင်းရဲ့ရုပ်ဖျက်မှုက စကားလုံးနဲ့ ဖော်ပြလို့မရအောင် ပြီးပြည့်စုံလွန်းပါတယ်။ တပည့်ရဲ့ကျင့်ကြံမှုက တိမ်ပါးလွန်းတာကြောင့် ရှစ်စွင်း ရုပ်ဖျက်တာကို ဖောက်မြင်ဖို့မဖြစ်နိုင်ဘူး။ လောကကြီးထဲက သတ္တိအားလုံး ရထားမယ်ဆိုရင်တောင် ရှစ်စွင်းကို လျစ်လျူမရှုရဲပါဘူး”
လုကျိုးက မရေမရာပြောလိုက်၏။
“ငါ့နောက်ကွယ်မှာ မင်း စီမံနေတာကို ငါ မသိဘူးများ ထင်နေလား”
ကျူးဟုန်ကုန်းက မှင်တက်သွား၏။ သူက သတိပြန်ကပ်လာသောအခါ အမြန်ပြောလိုက်၏။
“ဒါမျိုးမရှိပါဘူး ရှစ်စွင်း။ ရှစ်စွင်းအတွက် လေးစားမှု၊ ရိုသေမှုတွေက နေနဲ့လလိုအပြောင်းအလဲ မရှိပါဘူး”
ပြီးနောက် သူသည် လုလီကို လက်ညှိုးထိုးပြီးနောက် ဆက်ပြောလိုက်သည်။ "တပည့်စကားတွေမှာ အလိမ်အညာမရှိပါဘူး။ လောင်လုက ဒါကို ထောက်ခံပေးနိုင်ပါတယ်။ တကယ်တော့ လောင်လုက ရှစ်စွင်းမကောင်းကြောင်း ပြောတဲ့အချိန်မှာ သူ့ကို တပည့်ချက်ချင်းဝေဖန်ပြစ်တင်မှာပါ”
လုလီ “...”
လုကျိုးက လုလီကို ကြည့်ပြီးမေးလိုက်၏။
“လုလီ ငါ့ကို မှတ်မိသေးလား”
လုလီသည် လုကျိုးကို တွေ့စဉ်က လုကျိုး၏သွင်ပြင်သည် သိပ်အသက်မကြီးသေးပေ။ ထိုကြောင့် သူသည် လုကျိုးကို ရင်းနှီးနေသည်ဟု ခံစားရသော်ငြား ထိုစဉ်က သူတွေ့ခဲ့သည်သူနှင့် မဆက်စပ်ခဲ့မိပေ။
“ကောင်းကင်ချားတောင်တန်းဒေသမှာ မင်းနဲ့ ပထမဆုံးတွေ့ခဲ့ဖူးပြီး မင်း ငါ့ကို မွေးဖွားဇယားချပ် မြေပုံပေးခဲ့တယ်” လုကျိုးက ပြောလိုက်၏။
လုလီက သဘောပေါက်သွားတော့သည်။ “ခင်ဗျားလား ... အဲ့ဒီပွင့်ချပ်ဆယ်လွှာကျင့်ကြံသူလေ”
ထိုစဉ် ကျူးဟုန်ကုန်းက ဝင်ဖြတ်ပြောလိုက်၏။
“ရှစ်စွင်း လောင်လုက ရှစ်စွင်းကို ပြောစရာတွေအများကြီးရှိတယ်လို့ပြောတယ်”
လုကျိုးက လုလီကို ကြည့်ပြီး မုတ်ဆိပ်သပ်လိုက်၏။
လုလီက ခေါင်းခါပြီးနောက် မျက်နှာထားတည်တည်ဖြင့်ပြောလိုက်၏။
“အဓိပ္ပာယ်မရှိ ပြောတာတွေ နားမထောင်ပါနဲ့။ ကျုပ် လုလီက ဖြောင့်မတ်မှန်ကန်တဲ့သူ။ ကျုပ်မှာ ပြောစရာရှိရင် ပြောမှာပေါ့။ ဒီမတိုင်ခင်က တစ်ခါပဲတွေ့ဖူးတာ။ ကျုပ်က ခင်ဗျားကို ဘာများပြောစရာရှိမှာလဲ”
“ဟေ့ ဟေ့ လောင်လု ကျုပ်တို့တွေ တာ့ချင်မှာရှိတုန်းက ခင်ဗျားပြောတာ ဒါမျိုးမဟုတ်ဘူးလေ”
“တော်လောက်ပြီ” လုကျိုးက ဖြတ်ပြောလိုက်သည်။ ပြီးနောက် သူက လုလီကို ကြည့်ပြီးပြောလိုက်သည်။
“မင်း ငါ့ကို ဘာပြောချင်မှန်းသိတယ်”
လုလီက ဇဝေဇဝါဖြစ်သွားလေ၏။
လုကျိုးက ပြောလိုက်သည်။ “မင်း ငါ့ရဲ့မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ချင်နေတာမလား”
“အမ်း” လုလီက မှင်တက်သွားတော့သည်။ သူ ဘာတွေဖြစ်နေမှန်း နားမလည်ပေ။
လုကျိုးက မျက်နှာထားတည်တည်ဖြင့် ဆက်ပြောလိုက်လေ၏။
“မင်း မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်မယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လက်ယာတမန်တော် ဖြစ်ခွင့်ပေးမယ်။ ငါတို့မှာ လက်ဝဲတမန်တော်ရှိပြီးသား။ ဆန္ဒရှိလား”
ကျူးဟုန်ကုန်းက မှင်တက်သွား၏။ ပြီးနောက် သူက အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ရှစ် ရှစ်စွင်း ဒီ ဒီလုလီက အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူ သူက ဘုံတစ်ထောင်လေပွေ”
လုကျိုးသည် ကျူးဟုန်ကုန်းပြောနေတာကို ဂရုမစိုက်ဘဲပြောလိုက်၏။
“မင်းကိုယ်မင်း ရိုက်”
ဖြောင်း
ကျူးဟုန်ကုန်းက သူ့ပါးစပ်ကို ရိုက်ဖို့တွေဝေမနေပေ။ ပြီးနောက် သူက ပြောလိုက်လေ၏။
“ရှစ်စွင်းကို ဖြတ်မပြောသင့်ပါဘူး”
လုကျိုးက လှည့်လာပြီးခေါ်လိုက်၏။
“လုစစ်”
လုစစ်သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ စတုတ္ထမြောက်အကြီးအကဲဖြစ်သည်။ သူသည် အနက်ရောင်မျှော်စင်၏ပင်မအဖွဲ့ဝင်များထဲမှ တစ်ယောက်ဖြစ်၏။
“မျှော် မျှော်နန်းသခင်လု ကျွန် ကျွန်တော် ဘာကူညီပေးရမလဲ” သူက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
လုကျိုးက ပြောလိုက်၏။
“လုလီက ငါ့ရဲ့မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်နေတယ်။ မင်း ကန့်ကွက်စရာရှိလား”
လုစစ်က ခေါင်းခါပြီး ပြောလိုက်တော့သည်။
“မရှိဘူးပေါ့ဗျာ။ လု လုလီက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ခွင့်ရတာ သူ့ရဲ့ကံကောင်းမှုပါပဲ”
လုလီ “...”
လုလီသည် လုစစ်နှင့် ကျန်သည့်မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များ၏ ရိုကျိုးသော သဘောထားကို ဇဝေဇဝါ ဖြစ်နေလေ၏။ သူတို့ ဘာမှားနေမှန်း မဖော်ထုတ်နိုင်ပေ။
လုကျိုးက ထပ်မေးလိုက်လေ၏။
“ရှားကျန်းလုံကကော”
“ဒီကိစ္စကို မျှော်စင်သခင်ရှားဆီ ကျုပ် သတင်းပို့လိုက်ပါ့မယ်။ မျှော်နန်းသခင် စိတ်မပူပါနဲ့။ လုလီက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တာကို ဘယ်သူမှကန့်ကွက်ရဲမှာမဟုတ်ပါဘူး”
တကယ်တော့ လုကျိုးသည် လုစစ်၏အကြောင်းပြန်မှုကို လုလီ ကြားစေရေးအတွက် ထိုမေးခွန်းများကို မေးလိုက်တာပဲ ဖြစ်သည်။ ဤလောကကြီးထဲရှိ သတ္တိအားလုံးပေးလျှင်တောင် အနက်ရောင်မျှော်စင်အဖွဲ့ကြီးက သူ့ကို မဆန့်ကျင်ရဲကြောင်း လုလီကို သိစေချင်၏။
“ကောင်းတယ်” လုကျိုးက ခေါင်းညိတ်လိုက်သည်။ ပြီးနောက်သူက လုလီဖက်လှည့်ပြောလိုက်သည်။
“မင်း လောင်ပါ့ကို ဂရုစိုက်ပေးခဲ့တာကို ထောက်ထားပြီး မင်းကို ကြင်နာသောအားဖြင့် မင်းကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ခွင့်ပေးမယ်။ လောကကြီးထဲက လူတိုင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်ပေမယ့် အခွင့်အရေးမရကြဘူးဆိုတာ သိသင့်တယ်။ ငါ မင်းကို ဒီအခွင့်အရေးပေးနေတာ မင်း ကျေးဇူးတင်သင့်တယ်”
လုလီ “...”
“ပြောဖို့မလိုဘူး မင်း မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီဆိုတာနဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့စည်းမျဉ်းတွေကို လိုက်နာရမယ်” လုကျိုးက ပြောလိုက်၏။
လုလီက စိတ်ရှုပ်ထွေးနေသေးသည်။ ထိုစကားအားလုံးက သူ့အတွက် အဓိပ္ပာယ်မရှိ။ ဘာတွေဖြစ်နေမှန်း သူ မသိပေ။
လုကျိုးက လုလီပြန်ပြောတာကို မစောင့်ဘဲ ကျန်သည့်သူများကို ပြောလိုက်၏။ “ထကြတော့”
အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှလူတိုင်း ထလိုက်၏။
အနီရောင်ကြာနယ်မြေကျင့်ကြံသူများကလည်း ထလိုက်ပြီး သူတို့အိမ်မက်မက်နေသလို ခံစားရသည်။
ဆန့်ကျင်ဖက်အနေဖြင့် ကျူးဟုန်ကုန်းက အရိုအသေပေးကာ ပြောလိုက်သည်။ "တပည့် မထဘူး။ ရှစ်စွင်းကို တပည့်မတွေ့ရတာ ကြာလှပြီ။ အခုရှစ်စွင်းကို ထပ်တွေ့နိုင်ပြီ။ တပည့် ဖော်ပြလို့မရအောင် စိတ်အခြေအနေကောင်းနေပါတယ်။ ဒါကြောင့် တပည့်ရဲ့ကျေးဇူးတရားနဲ့ ပျော်ရွှင်မှုကို ဖော်ပြဖို့ ဒူးဆက်ထောက်ပါမယ်”
“...”
မင်းရဲ့စကားတွေက တကယ်လှသားပဲ ....
လုလီက ကျူးဟုန်ကုန်းကို ဆွံ့အစွာလှည့်ကြည့်လိုက်သည်။
ထိုစဉ် လုကျိုးက ပြောလိုက်၏။
“လုလီ ငါ မင်းရဲ့အကြောင်းပြန်မှုကို စောင့်နေတယ်”
“ဒါက ဒါက” လုလီက သူ့ဘဝတွင် တစ်ခါမှ ထိုမျှ ဇဝေဇဝါမဖြစ်ဘူးပေ။
လုစစ်က အမြန်ဖြတ်ပြောလိုက်သည်။ "လုလီ မြန်မြန်ထ။ မျှော်နန်းသခင်လုကို နှုတ်ခွန်းဆက်လိုက်။ မျှော်နန်းသခင်လုက မင်းကို မျက်စိကျတာ မင်းရဲ့ကံကောင်းမှုပဲ”
လုလီက ထိတ်လန့်သွားတော့သည်။ ဒါ ဘာလဲဟ ... အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ၊ အာဏာနဲ့ ရိုးသားမှုက ဘယ်မှာလဲ။ ယခုအချိန်တွင် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားများ အားလုံးက သူ့ကို ကြည့်နေတာမြင်ပြီး ကြက်သီးထသွားလေ၏။
လုကျိုးက မုတ်ဆိပ်သပ်လျက် လုလီကို ကြည့်လိုက်သည်။
လုလီက မှင်တက်နေသေးပြီး ဇဝေဇဝါဖြစ်ကာ ဦးညွှတ်ကာ ပြောလိုက်လေ၏။
“လုလီက မျှော်နန်းသခင်လုကို နှုတ်ခွန်းဆက်ပါတယ်”
“တင်း ... လက်အောက်ငယ်သားတစ်ယောက်ရရှိတဲ့အတွက် ကုသိုလ်မှတ် ၁၀၀၀ ရရှိပါတယ်”
“သိပ်ကောင်းတယ်” လုကျိုးက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက လုစစ်နှင့်ကျန်သည့်သူများဖက် လှည့်ထွက်သွားသည်။
ကျူးဟုန်ကုန်းက ခေါင်းအနည်းငယ်မော့လိုက်၏။ သူ့ရှစ်စွင်းထွက်သွားတာကို မြင်သောအခါ သူ့နဖူးပေါ်ရှိသဲများကို ခါချပြီးနောက် လုလီဘေးရွှေ့လိုက်၏။
“လောင်လု ခင်ဗျားက တကယ်ကြည့်တတ်သားပဲ။ ကြိုဆိုပါတယ်”
“ထွက်သွား” လုလီသည် မြို့သို့ပထမဆုံးအကြိမ်ရောက်လာသည့် တောသားတစ်ယောက်ပမာ ခံစားမိပြီး လိုက်မမှီနိုင်ဖြစ်နေ၏။
“လောင်လု သူက ခင်ဗျားကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ခွင့်ပေးတာက ခင်ဗျားကို ကျေးဇူးတင်နေတာကြောင့်ပဲ” ကျူးဟုန်ကုန်းကပြောလိုက်၏။
ထိုစဉ် လုကျိုးက လှည့်လာပြီး မေးလိုက်သည်။ “မင်း ဘာအကြောင်းပြောနေတာလဲ”
“ဘာ ဘာမှမဟုတ်ပါဘူး။ ရှစ်စွင်းက အရည်အချင်းရှိပြီး ဉာဏ်အမြော်အမြင်ရှိတယ်လို့ ပြောနေတာပါ။ လောင်လုကိုတောင် မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ချင်စိတ်ရှိအောင် လုပ်နိုင်တယ်” ကျူးဟုန်ကုန်းက ပြောလိုက်၏။
လုကျိုးက လုလီကိုကြည့်ပြီးပြောလိုက်သည်။
“လုလီ မင်း ဆန္ဒမရှိဘူးလို့ပြောတာလား”
လုလီက ခေါင်းခါပြီးပြောလိုက်သည်။
“ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီးပြီဆိုမှတော့ ဘယ်လိုလုပ် ဆန္ဒမရှိမှာလဲ”
လုကျိုးသည် ကျန်သည့်သူများကို လျစ်လျူရှုထားလျက် မုတ်ဆိတ်သပ်ပြီး လုစစ်ကို မေးလိုက်တော့သည်။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အနက်ရောင်ကြာနယ်မြေထဲမှာ ဘာကြောင့်မနေတာလဲ။ ဘာကြောင့် ဒီကိုရောက်လာတာလဲ”
လုစစ်က ပြန်ပြောလိုက်၏။
“တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးနဲ့ အလင်းအမှောင်မဟာမိတ်တို့က အနီရောင်ကြာနယ်မြေထဲ ကျူးကျော် ဝင်ရောက်နိုင်တယ်လို့ သတင်းရထားလို့ပါ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်တွေက ပြိုလဲနေပြီဆိုတော့ အရင်ကလောက် မသန်မာတော့ဘူး။ အနီရောင်ကြာနယ်မြေမှာ ကြမ်းတမ်းခက်ထန်သားရဲတွေ အများကြီးရှိတယ်ဆိုတာသိတယ်။ ဒါကြောင့် အသက်ဓာတ်နှလုံးသားရဖို့ မျှော်လင့်ခဲ့တာပါ။ အစောတုန်းက ချန်းပေ့မှာ နှလုံးသားတစ်ခု တစ်ခုရှိတာကို တွေ့လိုက်တယ်” သူက အမြန်ပြောလိုက်၏။ “ကျေးဇူးပြုပြီး ကျွန်တော့ကို ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်လု”
လုလီနှင့် ကျူးဟုန်ကုန်းက လုကျိုး၏လက်ထဲရှိ အသက်ဓာတ်နှလုံးသားကို ကြည့်လိုက်သည်။
“ဒါက” လုလီသည် အသက်ဓာတ်နှသားကြောင့် ထူးခြားနေတာကို မပြောနိုင်ပေ။
လုကျိုးက အသက်ဓာတ်နှလုံးသားထဲ စွမ်းအင်များပို့လိုက်၏။ မျက်စိတစ်မှိတ်အတွင်း ရွံ့များပေနေသော သလင်းက ထွန်းလင်းတောက်ပလာ၏။ အစောတုန်းက သူသည် အသက်ဓာတ်နှလုံးသားကို သာမန်ပုံ ပေါ်အောင် စွမ်းအင်ကိုဖိနှိပ်ရန် ကနဦးချီကို အသုံးပြုခဲ့၏။
“သားရဲဘုရင်ရဲ့အသက်ဓာတ်နှလုံးသားလား” လုလီက အထိတ်တလန့်ပြောလိုက်သည်။
“ဒါက ငရဲဝံပုလွေဘုရင်ရဲ့အသက်ဓာတ်နှလုံးသားပဲ”
လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်ကုန်၏။
လုလီနှင့်ကျူးဟုန်ကုန်းသည် နီရဲနေသော ပင်လယ်ရေကို အလိုလိုကြည့်မိသွား၏။
လုကျိုးက ဆက်ပြောလိုက်သည်။
“ဒီလောက်အများကြီး ပို့စရာမလိုဘူးမလား။ ရှားကျန်းလုံက ဘာကြောင့်မလာတာလဲ”
“ကျွန်တော်တို့က အသက်ဓာတ်နှလုံးသားပဲလိုချင်တာပါ။ တော်ဝင်ခုံရုံးနဲ့ ပဋိပက္ခ မဖြစ်ချင်ဘူး။ ဒီတစ်ခေါက် သားရဲဒီရေက အတော်ထူးဆန်းတယ်။ ဉာဏ်ရည်မြင့်သားရဲတွေက ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ ထင်နေတာ။ ဒါကြောင့် တစ်ခုခုလွဲချော်သွားမှာကို ကာကွယ်ဖို့ လူတွေကို လွှတ်ခဲ့တာပါ” လုစစ်ကပြောလိုက်၏။
“အဲ့လိုလား”
“ကျွန်တော့်စကားထဲမှာ အလိမ်အညာတစ်ခွန်းပါခဲ့ရင် မျှော်နန်းသခင်လု ကျွန်တော့်ကို ခေါင်းဖြတ်နိုင်ပါတယ်။ ကျွန်တော် စောဒကမတက်ပါဘူး” လုစစ်က ပြောလိုက်၏။ ပြီးနောက် ခဏနားပြီး ထပ်ပြောလိုက်သည်။
“ဒီကိစ္စနောက်ကွယ်မှာ တာ့ယွမ်ရဲ့တော်ဝင်ခုံရုံး ရှိတယ်လို့ သံသယရှိမိပါတယ်။ သူတို့က ဒီမှာ သုတ်သင်ရေးအစီအစဉ်လုပ်မှာ”
လုကျိုးက မျက်မှောင်ကျုံ့ပြီးမေးလိုက်၏။ “အမြစ်ပြတ်သုတ်သင်ရှင်းလင်းရေး အစီအစဉ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အစီအစဉ် မဟုတ်ဘူးလား”
လုစစ်က ရိုးရိုးသားသားဖြေလိုက်၏။
“မဟုတ်ဘူး။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အစီအစဉ်မဟုတ်ပါဘူး။ အနက်ရောင်ကြာနယ်မြေက အင်အားစုတွေကြားထဲက တွေ့ကြုံနေကြ အစီအစဉ်တစ်ခု။ အစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်က မိမိရဲ့အကျိုးအမြတ်ကို နှောင့်ယှက်မဲ့အတားအဆီးတွေကို ဖယ်ရှားဖို့ပဲ။ ဒါမှ မိမိရဲ့ပစ်မှတ်ကို အပြည့်အဝထိန်းချုပ်နိုင်မှာ။ အဆုံးမဲ့သမုဒ္ဒရာက သားရဲတွေက လူသားတွေကို နှောင့်ယှက်လိမ့်မယ်။ တာ့ယွမ်ရဲ့တော်ဝင်ခုံရုံးက အနီရောင်ကြာနယ်မြေကို ဖျက်ဆီးဖို့ သားရဲတွေကို အသုံးချနေတာပါ”
“သူတို့ရဲတင်းနေတာပဲ” လုကျိုးက ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ လုစစ်က မဝံ့မရဲပြောလိုက်၏။
“မျှော်နန်းသခင်လု မျှော်နန်းသခင်လုက ရွှေကြာနယ်မြေက လာတာ။ သူတို့က ရွှေကြာနယ်မြေကို ဆန့်ကျင်ရဲမယ်လို့ မထင်ပါဘူး”
“အနီရောင်ကြာနယ်မြေက ငါ့ရဲ့နယ်မြေဖြစ်ကြောင်း မင်းကို ဘယ်သူမှ မပြောပြဘူးလား” လုကျိုးက မေးလိုက်၏။
“...”
လုစစ်က နဖူး၌ ချွေးများရွှဲနေပြီး အာခြောက်နေသည်။ သူ ခေါင်းအမြန်ညိတ်ကာ ပြောလိုက်၏။
“အနက်မျှော်စင်အဖွဲ့အစည်းက မိစ္ဆာဝေဟင်မျှော်နန်းကို ရန်သူဖွဲ့ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ မျှော်နန်းသခင်လု ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
“မင်း ပြန်ရောက်တဲ့အချိန် ရှားကျန်းလုံကို ပြောလိုက်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ပြိုလဲမှု တစ်ခါဖြစ်ပြီးရင် နောက်တစ်ခါ ထပ်ဖြစ်နိုင်တယ်”
လုစစ်က တုန်ယင်သွားကာ ဦးညွှတ်လိုက်၏။
“ကျွန်တော် နားလည်ပါပြီ”
…
အခန်း (၁၁၀၄) တကယ့်ရှစ်စွမ်း
ပင်လယ်လေပြေက ထပ်မံတိုက်ခိုက်လာကာ သူတို့အား အေးမြလန်းဆန်းသည့် ခံစားချက်ကို ဆောင်ကျဉ်းပေးလာသည်။ တောင်ကြားထဲရှိ ချော်ရည်ပူဂူနှင့် လုံးဝ ကွဲပြားနေ၏။ မြင့်မားသည့် အပူချိန်အောက်တွင် အချိန်အတော်ကြာ နေပြီးသည့်နောက်တွင် လုကျိုးက ပင်လယ်လေပြေကို အရမ်းသဘောကျနေမိသည်။
ကျူးဟုန်ကုန်းက မျက်လုံးကို ပွတ်ကာ ထန်ခမ်းအား ကြည့်ပြီး လှမ်းခေါ်လိုက်သည်။
“ထန်ခမ်း”
ထန်ခမ်းက ကျူးဟုန်ကုန်းဆီ ပျံသွားမည့် အရိပ်အယောင် မရှိပေ။
“ဟမ် ငါက အခက်အခဲတွေ ကြားကနေ မင်းကို ဒီလောက် ပြုစုပျိုးထောင်ထားရတာကို မင်းက သစ္စာဖောက်သွားတာပဲ။ ငါက သူ့လောက် ရုပ်မချောလို့လား”
ကျူးဟုန်ကုန်းက ဒေါသထွက်လွန်းပြီး ထန်ခမ်းဆီ ပြေးလွှားသွားလိုက်သည်။
ကျူးဟုန်ကုန်းက မီတာသုံးဆယ် ကွာသည့်အခါ လေထဲတွင် ရပ်တန့်လိုက်သည့်အခါ လုကျိုးက လက်ကို မြှောက်လိုက်သည်။
“မိစ္ဆာကိုယ်တော် လက်ဟန်စည်းတံဆိပ်”
လက်ဟန်စည်းတံဆိပ်က ပေဒါဇင်ချီ ကြီးမားလှပြီး ကျူးဟုန်ကုန်း ရှေ့မှ ထွက်ပေါ်လာသည်။
ကျူးဟုန်ကုန်းက တုန်ယင်သွားသော်လည်း ပြောလိုက်သည်။
“ကျုပ် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်”
ကြာပွင့်မဲ့ ပွင့်ချပ်ဆယ့်တစ်လွှာ ရွှေရောင်စိတ်ဝိညာဉ် သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်နှင့် မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်က အပြာရောင် အလင်းဖြင့် ရုတ်တရက် တောက်ပသွားသည်။
လက်ဝါးစည်းတံဆိပ်က လှုပ်ရှားလာပြီး လက်ငါးချောင်းဖြင့် ခပ်ဝဝ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆွဲကိုင်ကာ ရိုက်ချလိုက်သည်။
ဝုန်း
စိတ်ဝိညာဉ်သဏ္ဌာန်က မြေကြီးပေါ် လဲကျသွား၏။
ထို့နောက် မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်က ကျူးဟုန်ကုန်းကို ဆွဲယူလိုက်သည်။ သူက ရုန်းကန်ကာ အော်ဟစ်နေ၏။
“ကျုပ်ကို လွှတ် ကျုပ်ကို လွှတ်ပေး”
သို့သော် ကျူးဟုန်ကုန်းက မည်မျှပင် ရုန်းကန်နေစေကာမူ မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်မှ မလွတ်မြောက်နိုင်ပေ။ သူ တတ်နိုင်သည့်အရာ ဘာမှမရှိကြောင်း သိသွားပြီးသည့်နောက်တွင် ကူကယ်ရာမဲ့စွာ လှမ်းခေါ်လိုက်၏။
“လောင်လု ဘာစောင့်နေတာလဲ ကျုပ်ကို ကယ်ဦး”
လုလီက ကောင်းကင်မှ ထိုးဆင်းလာကာ လက်ဝါးချပ်ကို ထုတ်လွှင့်လိုက်သည်။
လုကျိုးက တည်ငြိမ်စွာဖြင့် ညာဘက်လက်ကို အသာ မြှောက်လိုက်သည်။
ဝုန်း
လက်ဝါးနှစ်ခု တွေ့ဆုံသည့်အခါ ဧရာမ လှိုင်းလုံးတစ်ခုက ထွက်ပေါ်လာသည်။
လုကျိုးက အသက်ဓာတ်စွမ်းအားကို အနည်းငယ် တွန်းမြှင့်လိုက်သည်။
လုလီက ရုတ်တရက်ဆိုသလို သူ့လက်ဝါးမှ စွမ်းအားကို ခံစားမိလိုက်၏။ သူက မီတာရာချီ လွှင့်စင်သွားပြီး တစ်စုံတစ်ခု လွှဲမှားနေသလို ခံစားနေရသည်။ ထို့နောက် သူက လုကျိုးကို ကြောက်လန့်တကြား ကြည့်လိုက်သည်။
ကျူးဟုန်ကုန်းက “...”
လုကျိုးက ကျူးဟုန်ကုန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဒါပဲ မင်း တတ်နိုင်တာလား”
ဒီအသံ ဒီလေသံမျိုးက...
ဒါတွေအားလုံးက မမေ့စရာ မှတ်ဉာဏ်တွေပဲ...
ကျူးဟုန်ကုန်းက ဒေါသထွက်လာမိသည်။ သူက ပြောလိုက်၏။
“လူတွေက ကျုပ်ရှစ်စွင်းကို အတုခိုးတဲ့အခါ အမုန်းဆုံးပဲ။ ဒီလက်သီးချက်ကို ယူလိုက်”
ကျူးဟုန်ကုန်းက မြေကြီးပေါ် ဆောင့်ကန်ကာ မြှားတစ်ချောင်းလိုမျိုး ထွက်ပေါ်လာသည်။
သူက လုကျိုးထံ စွမ်းအင်လက်သီးကို ထုတ်လွှတ်လိုက်၏။
ဘန်း ဘန်း
လုကျိုးက အေးအေးသက်သက်သာသာဖြင့် ကျူးဟုန်ကုန်း၏ စွမ်းအင်လက်သီးကို လက်ဝါးချက် ထုတ်ကာ ခြေဖျက်လိုက်သည်။
အကြိမ်ရာချီ ထိပ်တိုက်တွေ့ဆုံပြီးနောက်တွင် ကျူးဟုန်ကုန်းက ကမ်းခြေတစ်လျှောက် မီတာတစ်ရာ နောက်ဆုတ်လိုက်သည်။ ထို့နောက် သူက ခေါင်းကို မော့ကာ ပြုံးကာ ကြည့်လိုက်၏။
“ခင်ဗျားနောက်ကို ကြည့်လိုက်ဦး”
လုကျိုးက သူ့နောက်ကို မကြည့်ပေ။ သူ အကြည့်များက ကျူးဟုန်ကုန်းအပေါ်သာ ရှိနေလေ၏။
ဤတစ်ကြိမ် ပွင့်ချပ်ဆယ့်တစ်လွှာက လုကျိုး၏ နောက်ကျောမှ ပျံသန်းလာခဲ့သည်။
“ရွှေရောင်ဗုဒ္ဓခန္ဓာ”
ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်က လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် အမြင့် တူလေသည်။
ပွင့်ချပ်ဆယ့်တစ်လွှာကို ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်နှင့်အတူ တားဆီးနိုင်လိုက်၏။
လုလီက ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကို မြင်သည့်အခါ မျက်မှောင်ကျုံ့လိုက်သည်။
“သူက ဗုဒ္ဓဆရာသခင်တစ်ယောက်ပဲ။ သွားကြရအောင်”
ပွင့်ချပ်ဆယ့်တစ်လွှာ ရွှေရောင်ကျော့ကွင်းကို ရွှေရောင်ခန္ဓာဖြင့် ပိတ်ဆို့ထားသည်။
“ကောင်းပြီ”
ကျူးဟုန်ကုန်းက သူ့ပွင့်ချပ်ဆယ့်တစ်လွှာကို အလျင်အမြန် ရုတ်သိမ်းကာ ထွက်ပြေးဖို့ ပြင်လိုက်သည်။
လုကျိုးက ဘယ်ဘက်လက်ကို အသာတွန်းလိုက်၏။
ဘန်း
ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်က ကျူးဟုန်ကုန်း ကျောပေါ်သို့ ရောက်လာကာ မြေကြီးပေါ် ပြုတ်ကျသွားစေသည်။
လုကျိုးက ရွှေရောဗုဒ္ဓခန္ဓာကိုယ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက ပွင့်ချပ်ဆယ့်တစ်လွှာ ထွက်တာနဲ့ မောက်မာလို့ ရပြီ ထင်နေတာလား။ ရိုင်းပျလိုက်တာ”
ကျူးဟုန်ကုန်းက သူ့ရှေ့မှာ ရှိသည့် အယောင်ဆောင်သည် အတော်လေး ကောင်းကြောင်း ခံစားမိ၏။ အကယ်၍ သူသာ အယောင်ဆောင်ကို မကြည့်ဘဲ အသံကိုသာ နားထောင်ပါက ကွာဟချက်ကို ပြောနိုင်မည် မဟုတ်ပေ။
ဤတစ်ကြိမ် လုလီက အပြေးအလွှား ရောက်လာကာ ကျူးဟုန်ကုန်းကို ထူပေးလိုက်သည်။ သူတို့က သူတို့ရှေ့တွင် ရှိနေသည့် လူငယ်လေးအတွက် ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်၏။ တစ်ဖက်သူက သတ်ဖြတ်ဖို့ရန် ရည်ရွယ်ချက်နှင့် တိုက်ခိုက်နေခြင်း မဟုတ်သည်ကို မြင်တွေ့ပြီးနောက်တွင် ထိုလူငယ်လေးနှင့် အကျိုးအကြောင်းသင့် ပြောဆိုဖို့ ကြိုးစားလိုက်သည်။
“ကျုပ်တို့က ခင်ဗျားနဲ့ ရန်ငြိုး မရှိပါဘူး။ ဘာလို့ ခက်ခဲအောင် လုပ်ချင်နေရတာလဲ”
လုကျိုးက လုလီကို ခြုံငုံကြည့်ကာ ပြောလိုက်သည်။
“မင်း ကျင့်ကြံဆင့်က ပြန်မကောင်းသေးဘူးကိုး”
လုလီက အံ့အားသင့်သွားသည်။
သူက ဘယ်လိုလုပ် ပြောနိုင်တာလဲ...
ထိုစဉ် လေထုထဲမှ ကြည့်နေသည့် ကျင့်ကြံသူတစ်ဦးက လုကျိုးထံ ရောက်ရှိလာသည်။ သူတို့ ဆင်းသက်လာသည့်အခါ အဝေးတစ်နေရာမှ ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်ကြသည်။
“ကျန်းပေ့ သွားကြရအောင် အနက်ရောင်ကြာ ကျင့်ကြံသူတွေက ရောက်လာပြီ”
“အနက်ရောင်ကြာ ကျင့်ကြံသူတွေတဲ့လား”
လုလီက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ ထိုလူ ညွှန်ပြနေသည့် နေရာတစ်လျှောက်တွင် အနက်ဝတ်ကျင့်ကြံသူ အယောက်ငါးဆယ်က ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားပြီး ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ပထမအကြည့်နှင့်ပင် သူတို့က သေမင်းတမန်များနှင့် တူနေသည်။
သူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းလား”
ကျူးဟုန်ကုန်းက မျက်ခုံးကို ပင့်ကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ကောင်းတာပဲ။ ကျုပ်တို့က တစ်ဖက်တည်းပဲလေ”
လုလီက ပြောလိုက်သည်။
“မဟုတ်ဘူး။ တစ်ခုခု ထူးဆန်းနေတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ဘာလို့ ဒီရောက်လာတာလဲ”
နှစ်ဦးသားက စကားပြောနေစဉ် အယောက်ငါးဆယ်နီးပါး ရှိသည့် အနက်ဝတ် ကျင့်ကြံသူများက လုကျိုး၊ ကျူးဟုန်ကုန်း၊ လုလီနှင့် အခြားအနီရောင် ကြာကျင့်ကြံသူများကို ဝိုင်းထားလိုက်ကြသည်။
ဦးဆောင်လာသည့် အနက်ဝတ်ကျင့်ကြံသူက ထိုသုံးယောက်ကို ကြည့်ကာ ပြောလိုက်၏။
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ရောက်လာပြီ။ ဘုံတစ်ထောင်လေပွေအဆင့် ရှိတဲ့ ကျင့်ကြံသူတိုင်းက ငါတို့နဲ့ လိုက်ခဲ့ရမယ်”
လုကျိုးက ခေါင်းမော့ကာ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက လူတွေကို ကြည့်လိုက်သည်။ သူတို့ထဲက တစ်ဝက်က အနက်ရောင် အစောင့်အရှောက်များ ဖြစ်ပြီး နှစ်ဦးက အကဲဖြတ်သူများ ဖြစ်သည်။ စတုတ္တအကြီးအကဲ လုစစ်ပင် ဤနေရာတွင် ရှိနေလေ၏။
လုလီက ပြောလိုက်သည်။
“ငါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် လုလီပဲ။ ငါတို့က တစ်ဖက်တည်းပဲ”
စတုတ္ထအကြီးအကဲ လုစစ်က ပြောလိုက်သည်။
“လုလီ သစ္စာဖောက် ဒီလောက်နှစ်တွေ ကြာတာတောင် ထွက်လာသေးတယ်လား။ သူ့ကို ဖမ်းကြ”
အနက်ရောင် အစောင့်အရှောက် ခြောက်ဦးက လျှပ်စီးလို အလျင်ဖြင့် လုလီနှင့် လုကျိုးထံ ချဉ်းကပ်လာသည်။
လုလီက မျက်မှောင်ကျုံ့လိုက်၏။
“ငါက ကိစ္စတချို့ ရှိလို့ ပြန်မလာနိုင်တာ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို သစ္စာမဖောက်ခဲ့ဘူး။ အကြီးအကဲလု နားလည်ဖို့ မျှော်လင့်ပါတယ်”
“ငါတို့တွေ ပြန်သွားတဲ့အခါမှာ ရှင်းပြပေါ့”
လုစစ်က ပြောလိုက်သည်။
ကျူးဟုန်ကုန်းက သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ပြီးသွားပြီ … အခုတော့ တကယ်ကြီး အဆုံးသတ်သွားပြီ”
လုစစ်က လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။
“မင်းလည်း လိုက်ခဲ့”
လုကျိုးက ခေါင်းမော့ပြီး လူအုပ်ကို ကြည့်ကာ ပြောလိုက်သည်။
“အရင်တစ်ခေါက်က ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးဘူး ထင်တယ်”
“ဟမ် စစ်ပွဲက ဖြစ်တော့မှာ ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ ကျေးဇူးပြုပြီး နားလည်ပေးကြပါ”
လုစစ်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အမိန့်ပေးလိုက်သည်။
“သူတို့ကို ခေါ်သွား”
အနက်ဝတ် ကျင့်ကြံသူနှစ်ဦးက လုကျိုးထံ ချဉ်းကပ်လာသည်။ သူတို့က သူ့ရှေ့ ရောက်ရှိသည်နှင့် သူက လက်နှစ်ဖက်ကို လျှပ်စီးလို အလင်းဖြင့် မြှောက်ချလိုက်သည်။
ဘန်း ဘန်း ဘန်း
အနက်ဝတ်ကျင့်ကြံသူ နှစ်ယောက်က လက်များထုတ်နိုင်သွားပြီး အနောက်သို့ လွှင့်စင်သွားသည်။
လုစစ်က မျက်မှောင်ကျုံ့လိုက်၏။ ထိုသူက အတော်လေး အားကောင်းလှသည်။သူက ပြောလိုက်၏။
“လူငယ်လေး လုပ်တဲ့အခါမှာ သိုသိုသိပ်သိပ် လုပ်တာ အကောင်းဆုံးပဲ”
သူက ထပ်မံ လက်ဝှေ့လိုက်သည်။ ဤတစ်ကြိမ် အနက်ရောင်အစောင့်အရှောက် ဆယ်ယောက်က သူ့ကို ဝိုင်းကာ လုကျိုးကို ဝန်းရံလျက် စက်ဝိုင်းခြမ်းတစ်ခု ဖွဲ့စည်းလိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို လုကျိုးက တိတ်ဆိတ်နေလျက် ကောင်းကင်ကျမ်း စွမ်းအား၏ မန္တာန်ကို ရွတ်ဖတ်လိုက်သည်။
“ထွက်သွားစမ်း”
လုကျိုးက အလယ်တွင် ရှိနေသည့်အတွက် မိုးခြိမ်းလုမတတ် အသံလှိုင်းက အဖက်ဖက်သို့ ပျံ့နှံ့သွားကာ ကောင်းကင်ဘုံကိုပင် ထိုးဖောက်သွားသည်။
ဘန်း ဘန်း ဘန်း
လုလီ၊ ကျူးဟုန်ကုန်းနှင့် ထန်ခမ်းတို့ကပင် ချွင်းချက်မရှိ လွှင့်စင်သွားလေ၏။
ကျူးဟုန်ကုန်းက ခေါင်းထဲ တဟူးဟူးမြည်ကာ နားစည်များပင် နာကျင်စေမိသည်။ သူက သူ့အတွက် ပြီးဆုံးသွားပြီဟု ထင်မှတ်ထားခဲ့၏။ အယောင်ဆောင်က သူ့ရှစ်စွမ်း၏ အကြွင်းမဲ့တိုက်ကွက်ကို မည်သို့ အတုခိုးနိုင်သနည်း။
မည်သို့ပင် ဆိုစေကာမူ အနက်ရောင် အစောင့်အရှောက်များကလည်း လွှင့်စင်သွားကြသည်။ မွေးဖွားဇယားချပ်ကို အောင်မြင်ပြီးသည့်နောက်တွင် အပြောစွမ်းရည်က ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။
တိုက်ခိုက်ခံလိုက်ရသည့် အနက်ရောင် အစောင့်အရှောက်များက သွေးနှင့်ချီ ပြောင်းပြန်ဖြစ်သလို ခံစားနေရသည်။ သူတို့ထဲက ငါးယောက်၊ ခြောက်ယောက်က ပိုမိုအားနည်းသည့်အတွက် လွှင့်စင်သွားကာ သွေးအန်လိုက်ရသည်။
စတုတ္ထအကြီးအကဲ လုစစ်နှင့် အခြားသူများက အသံလှိုင်းကို ကာကွယ်ဖို့ အကာအကွယ်ကို ဖော်ထုတ်လိုက်ရသည်။
ဝုန်း ဝုန်း
တစ်ယောက်ပြီးတစ်ယောက် အားလုံးက မြေပြင်ပေါ် လဲကျသွားလေ၏။
လုစစ်နှင့် တခြားသူများကသာ မတ်တတ်ရပ်လျက် ရှိနေသည်။ သို့သော် သူတို့ကလည်း အခြားသူများထက် အခြေအနေမကောင်းလောက်ပေ။ ပြိုလဲလုနီးပါး ဖြစ်နေသည်။
တိုက်ကွက်တစ်ခုတည်းက အရမ်းအားကောင်းလှချည်လား...
ကျူးဟုန်ကုန်းနှင့် လုလီတို့က အပေါ်အင်္ကျီမပါသည့် လူငယ်လေးကို တအံ့တဩ ကြည့်နေလိုက်သည်။
တစ်ချိန်တည်းဆိုသလို ထိုလူငယ်လေး၏ ဆံပင်က မျက်စိနှင့် မြင်ရလောက်အောင် အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းဆိုသလို သူ့ချောမွေ့နေသည့် အရေပြားကလည်း အချိန်တိုက်စားခံရသည့်အလား အရေးကြောင်းများ ထွက်ပေါ်လာသည်။ သူ့ အဖြူရောင်ဆံပင်က လေထဲမျောလွှင့်နေရင်း မုတ်ဆိတ်နှင့် မျက်ခုံးတို့ကလည်း ဖြူဆွတ်သွားသည်။ သူ့မျက်ဝန်းကသာ အတူတူ ကျန်ရှိနေဆဲ ဖြစ်၏။ သိပ်မကြာခင် လုကျိုး၏ ရှုံ့တွနေသည့် မျက်နှာနှင့် ဝိဇ္ဇာလိုမျိုး အသွင်အပြင်က အားလုံးအရှေ့မှာ ပေါ်ထွက်လာခဲ့သည်။
လုကျိုးက ရွေးချယ်စရာ မရှိပဲ ရုပ်ဖျက်ကတ်ကို အသုံးပြုလိုက်ရ၏။
ကျူးဟုန်ကုန်းက ကြောင်အမိသည်။
အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ လူများကလည်း ပိုမိုကြောင်အနေကြ၏။ သူတို့က အသိဝင်လာသည့်အခါ အနက်ရောင်မျှော်စင် အဖွဲ့သားများ မွေးဖွားဇယားချပ် ဆုံးရှုံးရသည့် အချိန်ကို ပြန်လည်အမှတ်ရသွားကြသည်။
လုစစ်က ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဆင်းလာခဲ့ကြ”
အနက်ရောင်မျှော်စင် အဖွဲ့သားများက တပြိုင်နက် ဆင်းလာခဲ့ကြသည်။ လုစစ်က ဝတ်ရုံကို ကိုင်ကာ အပြေးအလွှား ရောက်ရှိလာသည်။ သူက ရှေးဦးချီကိုပင် နည်းနည်းလေးမှ ထုတ်မသုံးရဲပဲ အကြီးအကဲတစ်ယောက် မဟုတ်သည့်အလား အနားသို့ ရောက်လာသည်။ သူက လုကျိုးရှေ့မှောက် ရောက်ရှိသည့်အခါ ဒူးတစ်ဖက်ထောက်ကာ လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။
“လုစစ်က မျှော်နန်းသခင်လုကို ဂါဝရပြုပါတယ်”
ထို့နောက် အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ လူများကလည်း ဒူးထောက်ကာ ပြိုင်တူပြောလိုက်ကြသည်။
“မျှော်နန်းသခင်လုကို ဂါဝရပြုပါတယ်”
“...”
ဘာကြီး ဘာကြီးလဲ မျှော်နန်းသခင်လုတဲ့လား...
လုလီက မျက်မှောင်ကျုံ့လိုက်ပြီး စိတ်ရှုပ်ထွေးနေမိသည်။ သူက ကျူးဟုန်ကုန်းကို လှည့်ကြည့်လိုက်၏။
ဤတစ်ကြိမ် ကျူးဟုန်ကုန်းက တိတ်တဆိတ် မတ်တတ်ရပ်ပြီး ဝတ်ရုံကို ခါခတ်ကာ လက်နှစ်ဖက်ကို ပူးကပ်လျက် ဒူးထောက်လိုက်ပြန်သည်။ ထို့နောက် သူက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
“တပည့်က ရှစ်စွမ်းကို ဂါဝရပြုပါတယ်”
လုလီက ကျူးဟုန်ကုန်းသည် အရိုအသေ ပေးနေသည်ကို မြင်သောအခါ အံ့အားသင့်သွားလေ၏။ လူသားများက ထူးဆန်းသည့် စိတ်သဘောထား ရှိသည့် သက်ရှိများ ဖြစ်ကြသည်။ သူ့ဘေးဝန်းကျင်ရှိ လူများအားလုံးက ဒူးထောက်နေသည်ကို မြင့်သည့်အခါ သူကလည်း အလိုလို ဒူးထောက်လိုက်မိသည်။ ပြောရလျှင် သူ့ထက် အားကောင်းသည့် လုစစ်ကပင် ဒူးထောက်နေသည့်အတွက် သူက မည်သို့ မတ်တတ်ရပ်နေရဲမည်နည်း။
မည်သို့ပင်ဆိုစေကာမူ အနီကြာကျင့်ကြံသူများကလည်း ဒူးထောက်ထားသည်မှာ ကြာလှပြီ ဖြစ်၏။
...
အခန်း (၁၁၀၅) ရှစ်စွင်း ... ရှစ်စွင်းက တကယ်ဉာဏ်အမြောအမြင် ရှိပြီး စွမ်းဆောင်ရည်ရှိပါပေတယ်
အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားအားလုံးတို့သည် အသက်ကျယ်ကျယ်မရှူရဲကြတော့ပေ။ သူတို့က တစ်ယောက်ကို တစ်ယောက်တောင်မကြည့်ရဲကြချေ။
လုစစ်၏မျက်နှာ၌ ချွေးသီးချွေးပေါက်များ ပြည့်နေပြီး စိုးရိမ်ပူပန်မှုကြောင့် သူ၏လက်က တုန်ယင်နေ၏။ လုကျိုးသည် ကျန်သည့်သူများကို အာရုံမစိုက်ပေ။ ထိုအစား တစ်ဖက်လှည့်ကာ လေသံအတက်အကျမရှိ ခေါ်လိုက်လေ၏။
“လောင်ပါ့”
ကျူးဟုန်ကုန်းက တုန်ယင်သွား၏။ သူက အမြန်ပြောလိုက်တော့သည်။
“ဖြစ်ချင်တော့ ရှစ်စွင်းက သူ့ရဲ့တည်ရှိမှုနဲ့ ပံ့ပိုးပေးချင်ခဲ့တာကိုး။ ရှစ်စွင်း အစောတုန်းက ရုပ်ဖျက်တာ ပြစ်ချက်မဲ့တယ်။ ဖောက်မြင်ဖို့ မဖြစ်နိုင်ဘူး။ ပြီးပြည့်စုံမှုဆိုတာ ဒါ ဒါကို ရှစ် ရှစ်စွင်း ... တပည့်မှားမှန်း သိပါပြီ” သူက ထပ်ပြီးကန်တော့လိုက်၏။
လုကျိုးက ထူးမခြားနားပြောလိုက်သည်။
“မင်းက တကယ်အံ့ဩစရာပဲ။ မင်းက ငါ့ကို အလေးမထားဘူးပဲ”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ... ဒါမျိုးကိစ္စမရှိပါဘူး။ ရှစ်စွင်း ရှစ်စွင်းရဲ့ရုပ်ဖျက်မှုက စကားလုံးနဲ့ ဖော်ပြလို့မရအောင် ပြီးပြည့်စုံလွန်းပါတယ်။ တပည့်ရဲ့ကျင့်ကြံမှုက တိမ်ပါးလွန်းတာကြောင့် ရှစ်စွင်း ရုပ်ဖျက်တာကို ဖောက်မြင်ဖို့မဖြစ်နိုင်ဘူး။ လောကကြီးထဲက သတ္တိအားလုံး ရထားမယ်ဆိုရင်တောင် ရှစ်စွင်းကို လျစ်လျူမရှုရဲပါဘူး”
လုကျိုးက မရေမရာပြောလိုက်၏။
“ငါ့နောက်ကွယ်မှာ မင်း စီမံနေတာကို ငါ မသိဘူးများ ထင်နေလား”
ကျူးဟုန်ကုန်းက မှင်တက်သွား၏။ သူက သတိပြန်ကပ်လာသောအခါ အမြန်ပြောလိုက်၏။
“ဒါမျိုးမရှိပါဘူး ရှစ်စွင်း။ ရှစ်စွင်းအတွက် လေးစားမှု၊ ရိုသေမှုတွေက နေနဲ့လလိုအပြောင်းအလဲ မရှိပါဘူး”
ပြီးနောက် သူသည် လုလီကို လက်ညှိုးထိုးပြီးနောက် ဆက်ပြောလိုက်သည်။ "တပည့်စကားတွေမှာ အလိမ်အညာမရှိပါဘူး။ လောင်လုက ဒါကို ထောက်ခံပေးနိုင်ပါတယ်။ တကယ်တော့ လောင်လုက ရှစ်စွင်းမကောင်းကြောင်း ပြောတဲ့အချိန်မှာ သူ့ကို တပည့်ချက်ချင်းဝေဖန်ပြစ်တင်မှာပါ”
လုလီ “...”
လုကျိုးက လုလီကို ကြည့်ပြီးမေးလိုက်၏။
“လုလီ ငါ့ကို မှတ်မိသေးလား”
လုလီသည် လုကျိုးကို တွေ့စဉ်က လုကျိုး၏သွင်ပြင်သည် သိပ်အသက်မကြီးသေးပေ။ ထိုကြောင့် သူသည် လုကျိုးကို ရင်းနှီးနေသည်ဟု ခံစားရသော်ငြား ထိုစဉ်က သူတွေ့ခဲ့သည်သူနှင့် မဆက်စပ်ခဲ့မိပေ။
“ကောင်းကင်ချားတောင်တန်းဒေသမှာ မင်းနဲ့ ပထမဆုံးတွေ့ခဲ့ဖူးပြီး မင်း ငါ့ကို မွေးဖွားဇယားချပ် မြေပုံပေးခဲ့တယ်” လုကျိုးက ပြောလိုက်၏။
လုလီက သဘောပေါက်သွားတော့သည်။ “ခင်ဗျားလား ... အဲ့ဒီပွင့်ချပ်ဆယ်လွှာကျင့်ကြံသူလေ”
ထိုစဉ် ကျူးဟုန်ကုန်းက ဝင်ဖြတ်ပြောလိုက်၏။
“ရှစ်စွင်း လောင်လုက ရှစ်စွင်းကို ပြောစရာတွေအများကြီးရှိတယ်လို့ပြောတယ်”
လုကျိုးက လုလီကို ကြည့်ပြီး မုတ်ဆိပ်သပ်လိုက်၏။
လုလီက ခေါင်းခါပြီးနောက် မျက်နှာထားတည်တည်ဖြင့်ပြောလိုက်၏။
“အဓိပ္ပာယ်မရှိ ပြောတာတွေ နားမထောင်ပါနဲ့။ ကျုပ် လုလီက ဖြောင့်မတ်မှန်ကန်တဲ့သူ။ ကျုပ်မှာ ပြောစရာရှိရင် ပြောမှာပေါ့။ ဒီမတိုင်ခင်က တစ်ခါပဲတွေ့ဖူးတာ။ ကျုပ်က ခင်ဗျားကို ဘာများပြောစရာရှိမှာလဲ”
“ဟေ့ ဟေ့ လောင်လု ကျုပ်တို့တွေ တာ့ချင်မှာရှိတုန်းက ခင်ဗျားပြောတာ ဒါမျိုးမဟုတ်ဘူးလေ”
“တော်လောက်ပြီ” လုကျိုးက ဖြတ်ပြောလိုက်သည်။ ပြီးနောက် သူက လုလီကို ကြည့်ပြီးပြောလိုက်သည်။
“မင်း ငါ့ကို ဘာပြောချင်မှန်းသိတယ်”
လုလီက ဇဝေဇဝါဖြစ်သွားလေ၏။
လုကျိုးက ပြောလိုက်သည်။ “မင်း ငါ့ရဲ့မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ချင်နေတာမလား”
“အမ်း” လုလီက မှင်တက်သွားတော့သည်။ သူ ဘာတွေဖြစ်နေမှန်း နားမလည်ပေ။
လုကျိုးက မျက်နှာထားတည်တည်ဖြင့် ဆက်ပြောလိုက်လေ၏။
“မင်း မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်မယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လက်ယာတမန်တော် ဖြစ်ခွင့်ပေးမယ်။ ငါတို့မှာ လက်ဝဲတမန်တော်ရှိပြီးသား။ ဆန္ဒရှိလား”
ကျူးဟုန်ကုန်းက မှင်တက်သွား၏။ ပြီးနောက် သူက အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ရှစ် ရှစ်စွင်း ဒီ ဒီလုလီက အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူ သူက ဘုံတစ်ထောင်လေပွေ”
လုကျိုးသည် ကျူးဟုန်ကုန်းပြောနေတာကို ဂရုမစိုက်ဘဲပြောလိုက်၏။
“မင်းကိုယ်မင်း ရိုက်”
ဖြောင်း
ကျူးဟုန်ကုန်းက သူ့ပါးစပ်ကို ရိုက်ဖို့တွေဝေမနေပေ။ ပြီးနောက် သူက ပြောလိုက်လေ၏။
“ရှစ်စွင်းကို ဖြတ်မပြောသင့်ပါဘူး”
လုကျိုးက လှည့်လာပြီးခေါ်လိုက်၏။
“လုစစ်”
လုစစ်သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ စတုတ္ထမြောက်အကြီးအကဲဖြစ်သည်။ သူသည် အနက်ရောင်မျှော်စင်၏ပင်မအဖွဲ့ဝင်များထဲမှ တစ်ယောက်ဖြစ်၏။
“မျှော် မျှော်နန်းသခင်လု ကျွန် ကျွန်တော် ဘာကူညီပေးရမလဲ” သူက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
လုကျိုးက ပြောလိုက်၏။
“လုလီက ငါ့ရဲ့မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်နေတယ်။ မင်း ကန့်ကွက်စရာရှိလား”
လုစစ်က ခေါင်းခါပြီး ပြောလိုက်တော့သည်။
“မရှိဘူးပေါ့ဗျာ။ လု လုလီက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ခွင့်ရတာ သူ့ရဲ့ကံကောင်းမှုပါပဲ”
လုလီ “...”
လုလီသည် လုစစ်နှင့် ကျန်သည့်မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များ၏ ရိုကျိုးသော သဘောထားကို ဇဝေဇဝါ ဖြစ်နေလေ၏။ သူတို့ ဘာမှားနေမှန်း မဖော်ထုတ်နိုင်ပေ။
လုကျိုးက ထပ်မေးလိုက်လေ၏။
“ရှားကျန်းလုံကကော”
“ဒီကိစ္စကို မျှော်စင်သခင်ရှားဆီ ကျုပ် သတင်းပို့လိုက်ပါ့မယ်။ မျှော်နန်းသခင် စိတ်မပူပါနဲ့။ လုလီက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တာကို ဘယ်သူမှကန့်ကွက်ရဲမှာမဟုတ်ပါဘူး”
တကယ်တော့ လုကျိုးသည် လုစစ်၏အကြောင်းပြန်မှုကို လုလီ ကြားစေရေးအတွက် ထိုမေးခွန်းများကို မေးလိုက်တာပဲ ဖြစ်သည်။ ဤလောကကြီးထဲရှိ သတ္တိအားလုံးပေးလျှင်တောင် အနက်ရောင်မျှော်စင်အဖွဲ့ကြီးက သူ့ကို မဆန့်ကျင်ရဲကြောင်း လုလီကို သိစေချင်၏။
“ကောင်းတယ်” လုကျိုးက ခေါင်းညိတ်လိုက်သည်။ ပြီးနောက်သူက လုလီဖက်လှည့်ပြောလိုက်သည်။
“မင်း လောင်ပါ့ကို ဂရုစိုက်ပေးခဲ့တာကို ထောက်ထားပြီး မင်းကို ကြင်နာသောအားဖြင့် မင်းကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ခွင့်ပေးမယ်။ လောကကြီးထဲက လူတိုင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်ပေမယ့် အခွင့်အရေးမရကြဘူးဆိုတာ သိသင့်တယ်။ ငါ မင်းကို ဒီအခွင့်အရေးပေးနေတာ မင်း ကျေးဇူးတင်သင့်တယ်”
လုလီ “...”
“ပြောဖို့မလိုဘူး မင်း မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီဆိုတာနဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့စည်းမျဉ်းတွေကို လိုက်နာရမယ်” လုကျိုးက ပြောလိုက်၏။
လုလီက စိတ်ရှုပ်ထွေးနေသေးသည်။ ထိုစကားအားလုံးက သူ့အတွက် အဓိပ္ပာယ်မရှိ။ ဘာတွေဖြစ်နေမှန်း သူ မသိပေ။
လုကျိုးက လုလီပြန်ပြောတာကို မစောင့်ဘဲ ကျန်သည့်သူများကို ပြောလိုက်၏။ “ထကြတော့”
အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှလူတိုင်း ထလိုက်၏။
အနီရောင်ကြာနယ်မြေကျင့်ကြံသူများကလည်း ထလိုက်ပြီး သူတို့အိမ်မက်မက်နေသလို ခံစားရသည်။
ဆန့်ကျင်ဖက်အနေဖြင့် ကျူးဟုန်ကုန်းက အရိုအသေပေးကာ ပြောလိုက်သည်။ "တပည့် မထဘူး။ ရှစ်စွင်းကို တပည့်မတွေ့ရတာ ကြာလှပြီ။ အခုရှစ်စွင်းကို ထပ်တွေ့နိုင်ပြီ။ တပည့် ဖော်ပြလို့မရအောင် စိတ်အခြေအနေကောင်းနေပါတယ်။ ဒါကြောင့် တပည့်ရဲ့ကျေးဇူးတရားနဲ့ ပျော်ရွှင်မှုကို ဖော်ပြဖို့ ဒူးဆက်ထောက်ပါမယ်”
“...”
မင်းရဲ့စကားတွေက တကယ်လှသားပဲ ....
လုလီက ကျူးဟုန်ကုန်းကို ဆွံ့အစွာလှည့်ကြည့်လိုက်သည်။
ထိုစဉ် လုကျိုးက ပြောလိုက်၏။
“လုလီ ငါ မင်းရဲ့အကြောင်းပြန်မှုကို စောင့်နေတယ်”
“ဒါက ဒါက” လုလီက သူ့ဘဝတွင် တစ်ခါမှ ထိုမျှ ဇဝေဇဝါမဖြစ်ဘူးပေ။
လုစစ်က အမြန်ဖြတ်ပြောလိုက်သည်။ "လုလီ မြန်မြန်ထ။ မျှော်နန်းသခင်လုကို နှုတ်ခွန်းဆက်လိုက်။ မျှော်နန်းသခင်လုက မင်းကို မျက်စိကျတာ မင်းရဲ့ကံကောင်းမှုပဲ”
လုလီက ထိတ်လန့်သွားတော့သည်။ ဒါ ဘာလဲဟ ... အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ၊ အာဏာနဲ့ ရိုးသားမှုက ဘယ်မှာလဲ။ ယခုအချိန်တွင် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားများ အားလုံးက သူ့ကို ကြည့်နေတာမြင်ပြီး ကြက်သီးထသွားလေ၏။
လုကျိုးက မုတ်ဆိပ်သပ်လျက် လုလီကို ကြည့်လိုက်သည်။
လုလီက မှင်တက်နေသေးပြီး ဇဝေဇဝါဖြစ်ကာ ဦးညွှတ်ကာ ပြောလိုက်လေ၏။
“လုလီက မျှော်နန်းသခင်လုကို နှုတ်ခွန်းဆက်ပါတယ်”
“တင်း ... လက်အောက်ငယ်သားတစ်ယောက်ရရှိတဲ့အတွက် ကုသိုလ်မှတ် ၁၀၀၀ ရရှိပါတယ်”
“သိပ်ကောင်းတယ်” လုကျိုးက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက လုစစ်နှင့်ကျန်သည့်သူများဖက် လှည့်ထွက်သွားသည်။
ကျူးဟုန်ကုန်းက ခေါင်းအနည်းငယ်မော့လိုက်၏။ သူ့ရှစ်စွင်းထွက်သွားတာကို မြင်သောအခါ သူ့နဖူးပေါ်ရှိသဲများကို ခါချပြီးနောက် လုလီဘေးရွှေ့လိုက်၏။
“လောင်လု ခင်ဗျားက တကယ်ကြည့်တတ်သားပဲ။ ကြိုဆိုပါတယ်”
“ထွက်သွား” လုလီသည် မြို့သို့ပထမဆုံးအကြိမ်ရောက်လာသည့် တောသားတစ်ယောက်ပမာ ခံစားမိပြီး လိုက်မမှီနိုင်ဖြစ်နေ၏။
“လောင်လု သူက ခင်ဗျားကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ခွင့်ပေးတာက ခင်ဗျားကို ကျေးဇူးတင်နေတာကြောင့်ပဲ” ကျူးဟုန်ကုန်းကပြောလိုက်၏။
ထိုစဉ် လုကျိုးက လှည့်လာပြီး မေးလိုက်သည်။ “မင်း ဘာအကြောင်းပြောနေတာလဲ”
“ဘာ ဘာမှမဟုတ်ပါဘူး။ ရှစ်စွင်းက အရည်အချင်းရှိပြီး ဉာဏ်အမြော်အမြင်ရှိတယ်လို့ ပြောနေတာပါ။ လောင်လုကိုတောင် မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ချင်စိတ်ရှိအောင် လုပ်နိုင်တယ်” ကျူးဟုန်ကုန်းက ပြောလိုက်၏။
လုကျိုးက လုလီကိုကြည့်ပြီးပြောလိုက်သည်။
“လုလီ မင်း ဆန္ဒမရှိဘူးလို့ပြောတာလား”
လုလီက ခေါင်းခါပြီးပြောလိုက်သည်။
“ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီးပြီဆိုမှတော့ ဘယ်လိုလုပ် ဆန္ဒမရှိမှာလဲ”
လုကျိုးသည် ကျန်သည့်သူများကို လျစ်လျူရှုထားလျက် မုတ်ဆိတ်သပ်ပြီး လုစစ်ကို မေးလိုက်တော့သည်။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အနက်ရောင်ကြာနယ်မြေထဲမှာ ဘာကြောင့်မနေတာလဲ။ ဘာကြောင့် ဒီကိုရောက်လာတာလဲ”
လုစစ်က ပြန်ပြောလိုက်၏။
“တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးနဲ့ အလင်းအမှောင်မဟာမိတ်တို့က အနီရောင်ကြာနယ်မြေထဲ ကျူးကျော် ဝင်ရောက်နိုင်တယ်လို့ သတင်းရထားလို့ပါ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်တွေက ပြိုလဲနေပြီဆိုတော့ အရင်ကလောက် မသန်မာတော့ဘူး။ အနီရောင်ကြာနယ်မြေမှာ ကြမ်းတမ်းခက်ထန်သားရဲတွေ အများကြီးရှိတယ်ဆိုတာသိတယ်။ ဒါကြောင့် အသက်ဓာတ်နှလုံးသားရဖို့ မျှော်လင့်ခဲ့တာပါ။ အစောတုန်းက ချန်းပေ့မှာ နှလုံးသားတစ်ခု တစ်ခုရှိတာကို တွေ့လိုက်တယ်” သူက အမြန်ပြောလိုက်၏။ “ကျေးဇူးပြုပြီး ကျွန်တော့ကို ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်လု”
လုလီနှင့် ကျူးဟုန်ကုန်းက လုကျိုး၏လက်ထဲရှိ အသက်ဓာတ်နှလုံးသားကို ကြည့်လိုက်သည်။
“ဒါက” လုလီသည် အသက်ဓာတ်နှသားကြောင့် ထူးခြားနေတာကို မပြောနိုင်ပေ။
လုကျိုးက အသက်ဓာတ်နှလုံးသားထဲ စွမ်းအင်များပို့လိုက်၏။ မျက်စိတစ်မှိတ်အတွင်း ရွံ့များပေနေသော သလင်းက ထွန်းလင်းတောက်ပလာ၏။ အစောတုန်းက သူသည် အသက်ဓာတ်နှလုံးသားကို သာမန်ပုံ ပေါ်အောင် စွမ်းအင်ကိုဖိနှိပ်ရန် ကနဦးချီကို အသုံးပြုခဲ့၏။
“သားရဲဘုရင်ရဲ့အသက်ဓာတ်နှလုံးသားလား” လုလီက အထိတ်တလန့်ပြောလိုက်သည်။
“ဒါက ငရဲဝံပုလွေဘုရင်ရဲ့အသက်ဓာတ်နှလုံးသားပဲ”
လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်ကုန်၏။
လုလီနှင့်ကျူးဟုန်ကုန်းသည် နီရဲနေသော ပင်လယ်ရေကို အလိုလိုကြည့်မိသွား၏။
လုကျိုးက ဆက်ပြောလိုက်သည်။
“ဒီလောက်အများကြီး ပို့စရာမလိုဘူးမလား။ ရှားကျန်းလုံက ဘာကြောင့်မလာတာလဲ”
“ကျွန်တော်တို့က အသက်ဓာတ်နှလုံးသားပဲလိုချင်တာပါ။ တော်ဝင်ခုံရုံးနဲ့ ပဋိပက္ခ မဖြစ်ချင်ဘူး။ ဒီတစ်ခေါက် သားရဲဒီရေက အတော်ထူးဆန်းတယ်။ ဉာဏ်ရည်မြင့်သားရဲတွေက ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ ထင်နေတာ။ ဒါကြောင့် တစ်ခုခုလွဲချော်သွားမှာကို ကာကွယ်ဖို့ လူတွေကို လွှတ်ခဲ့တာပါ” လုစစ်ကပြောလိုက်၏။
“အဲ့လိုလား”
“ကျွန်တော့်စကားထဲမှာ အလိမ်အညာတစ်ခွန်းပါခဲ့ရင် မျှော်နန်းသခင်လု ကျွန်တော့်ကို ခေါင်းဖြတ်နိုင်ပါတယ်။ ကျွန်တော် စောဒကမတက်ပါဘူး” လုစစ်က ပြောလိုက်၏။ ပြီးနောက် ခဏနားပြီး ထပ်ပြောလိုက်သည်။
“ဒီကိစ္စနောက်ကွယ်မှာ တာ့ယွမ်ရဲ့တော်ဝင်ခုံရုံး ရှိတယ်လို့ သံသယရှိမိပါတယ်။ သူတို့က ဒီမှာ သုတ်သင်ရေးအစီအစဉ်လုပ်မှာ”
လုကျိုးက မျက်မှောင်ကျုံ့ပြီးမေးလိုက်၏။ “အမြစ်ပြတ်သုတ်သင်ရှင်းလင်းရေး အစီအစဉ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အစီအစဉ် မဟုတ်ဘူးလား”
လုစစ်က ရိုးရိုးသားသားဖြေလိုက်၏။
“မဟုတ်ဘူး။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အစီအစဉ်မဟုတ်ပါဘူး။ အနက်ရောင်ကြာနယ်မြေက အင်အားစုတွေကြားထဲက တွေ့ကြုံနေကြ အစီအစဉ်တစ်ခု။ အစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်က မိမိရဲ့အကျိုးအမြတ်ကို နှောင့်ယှက်မဲ့အတားအဆီးတွေကို ဖယ်ရှားဖို့ပဲ။ ဒါမှ မိမိရဲ့ပစ်မှတ်ကို အပြည့်အဝထိန်းချုပ်နိုင်မှာ။ အဆုံးမဲ့သမုဒ္ဒရာက သားရဲတွေက လူသားတွေကို နှောင့်ယှက်လိမ့်မယ်။ တာ့ယွမ်ရဲ့တော်ဝင်ခုံရုံးက အနီရောင်ကြာနယ်မြေကို ဖျက်ဆီးဖို့ သားရဲတွေကို အသုံးချနေတာပါ”
“သူတို့ရဲတင်းနေတာပဲ” လုကျိုးက ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ လုစစ်က မဝံ့မရဲပြောလိုက်၏။
“မျှော်နန်းသခင်လု မျှော်နန်းသခင်လုက ရွှေကြာနယ်မြေက လာတာ။ သူတို့က ရွှေကြာနယ်မြေကို ဆန့်ကျင်ရဲမယ်လို့ မထင်ပါဘူး”
“အနီရောင်ကြာနယ်မြေက ငါ့ရဲ့နယ်မြေဖြစ်ကြောင်း မင်းကို ဘယ်သူမှ မပြောပြဘူးလား” လုကျိုးက မေးလိုက်၏။
“...”
လုစစ်က နဖူး၌ ချွေးများရွှဲနေပြီး အာခြောက်နေသည်။ သူ ခေါင်းအမြန်ညိတ်ကာ ပြောလိုက်၏။
“အနက်မျှော်စင်အဖွဲ့အစည်းက မိစ္ဆာဝေဟင်မျှော်နန်းကို ရန်သူဖွဲ့ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ မျှော်နန်းသခင်လု ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
“မင်း ပြန်ရောက်တဲ့အချိန် ရှားကျန်းလုံကို ပြောလိုက်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ပြိုလဲမှု တစ်ခါဖြစ်ပြီးရင် နောက်တစ်ခါ ထပ်ဖြစ်နိုင်တယ်”
လုစစ်က တုန်ယင်သွားကာ ဦးညွှတ်လိုက်၏။
“ကျွန်တော် နားလည်ပါပြီ”
…
အခန်း (၁၁၀၆) စိတ်ရှုပ်ထွေးနေသည့် လုလီ
လုစစ်က ရိုရိုကျိုးကျိုး အနောက်နှစ်လှမ်း ဆုတ်လိုက်သည်။ ထို့နောက် သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ လူများကို လက်ဝှေ့လိုက်၏။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ လူများကလည်း တစ်ပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြသည်။
လုစစ်က အနီရောင်စွန်းထင်းနေသည့် ပင်လယ်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ သူက သက်ပြင်း ချပြီးသည့်နောက်တွင် ဦးညွှတ်ကာ ထွက်ခွာသွား၏။
အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ လူများကလည်း လုစစ်နောက်မှ လိုက်ပါသွားကြသည်။
လုကျိုးက သူတို့ကို မမြင်ရကြောင်း အတည်ပြုပြီးသည့်နောက်တွင် လုစစ်က လက်ကိုမြှောက်ကာ ပြောလိုက်၏။
“ရပ်ကြ”
“အကြီးအကဲလု … ကျူပ်တို့တွေ ဒီလိုပဲ ထွက်သွားတော့မှာလား”
“သားရဲ ဒီရေလှိုင်းမှာ အဆင့်မြင့်ခက်ထန်သားရဲတွေနဲ့ သားရဲဘုရင်တွေဆိုတာက ရှိမှာပဲ။ မျှော်နန်းသခင်လုက ငရဲဝံပုလွေဘုရင်ကို သတ်လိုက်ပြီဆိုတော့ ဘာမှတတ်နိုင်တဲ့အရာ မရှိဘူး။ ဒါပေမဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ပြန်မသွားသေးဘူး။ ကျန်းနန်ပတ်လမ်းကို သွားမယ်။ အဲ့ဒီ့အပိုင်းက နိမ့်တယ်ဆိုတော့ ကံကောင်းတယ်ဆိုရင် အဆင့်မြင့်ခက်ထန်သားရဲတွေနဲ့ တွေ့နိုင်တယ်” လုစစ်က ပြောလိုက်သည်။
“တော်ဝင်ခုံရုံးကလူတွေနဲ့ တွေ့ရင်ရော”
“ငါတို့တွေ ရှောင်သွားကြတာပေါ့”
အနက်ရောင်မျှော်စင်အဖွဲ့အစည်းရှိကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြသည်။
လက်ရှိအခြေအနေအပေါ် မူတည်၍ အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ တာ့ယွမ်က အစီအစဥ်မှ ဘေးထွက်နေပြီး ဘေးမှ အကျိုးအမြတ် ရုတ်သိမ်းသည်က ဘေးအကင်းဆုံး ဖြစ်ပေသည်။ တခြားသူများအတွက် တိုက်ပွဲက ခက်ထန်လေလေ အနက်ရောင်မျှော်စင်အဖွဲ့အစည်းအတွက် ပိုမို အရေးသာချက် များလေလေဖြစ်၏။
အနက်ရောင်မျှော်စင် အဖွဲ့သားများက ကျန်းနန်ပတ်လမ်းဆီ ပျံသန်းသွားကြသည်။ သူတို့ကို အဝေးမှကြည့်ပါက နဂါးနက်တစ်ကောင်လိုမျိုး ဖြစ်နေသည်။
………………
အနီရောင်ကြာနယ်မြေရှိ အဆုံးမဲ့ပင်လယ်ပြင် ကမ်းရိုးတန်းနား
ယခုအချိန်အထိ လုလီက စိတ်ရှုပ်ထွေးနေဆဲ ဖြစ်၏။ သူ မြင်တွေ့ရသလောက် ကျူးဟုန်ကုန်း၏ ဆရာဖြစ်သူသည် မွေးဖွားဇယားချပ် ၆ခု … အလွန်ဆုံး မွေးဖွားဇယားချပ် ၈ခုမျှသာ ရှိသေး၏။ ဤသည်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းတွင် အကဲဖြတ်သူတစ်ဦး၏ အင်အားသာ ဖြစ်သည်။ လုစစ်နှင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်းက သူ့ထံ အဘယ့်ကြောင့် ရိုကျိုးနေရသနည်း။
ဤအရာက အဓိပ္ပာယ်မရှိပေ။ အဆုံးသတ်တွင် သူက ဦးညွှတ်ကာ မေးလိုက်၏။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အဆင့်နိမ့်ကျသွားတယ်ဆိုတာက ဘာကို ပြောချင်တာပါလဲ”
လုကျိုးက လုလီကို ကြည့်ကာ ပြောလိုက်သည်။
“အဲ့လိုအဓိပ္ပာယ်ပဲလေ”
“...”
အနီရောင်ကြာကျင့်ကြံသူများက လုကျိုးထံ လျှောက်လာကာ ဦးညွှတ်လိုက်ပြီး ဒူးထောက်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့က မျှော်နန်းသခင်လုနဲ့ ဒီမှာတွေ့ရမယ်လို့ ထင်မထားမိဘူး။ ကျေးဇူးပြုပြီး ကျုပ်တို့တွေ ဂါရဝပြုတာကို လက်ခံပေးပါ”
လုလီ “…”
ဒါက လွန်ကဲနေတယ် မဟုတ်ဘူးလား…
အားလုံးက ဘာလို့ သူ့ဆီမှာ ဒီလောက်တောင်ရိုကျိုးနေရတာလဲ...
လုကျိုးက ပြောလိုက်သည်။.
“ထကြပါ”
“မျှော်နန်းသခင်လုကို ကျေးဇူးတင်ပါတယ်”
အနီရောင်ကြာကျင့်ကြံသူ ၃ဦးက ထရပ်ကာ လုကျိုးကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
ကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။
“ကံကောင်းလို့ မျှော်နန်းသခင်လုက အချိန်မှီပေါ်ထွက်လာပြီး ငရဲဝံပုလွေဘုရင်ကို သတ်နိုင်လိုက်တာ။ မဟုတ်ရင် ကောင်းကင်ချားတောင်နိမိတ်ဝန်းကျင်က မြို့တွေကတော့ ကျဆုံးသွားလောက်ပြီ”
လုလီနှင့် ကျုဟုန်ကုန်းတို့က ပြန်ရောက်ခါစဖြစ်သည့်အတွက် အဖြစ်အပျက်ကို နားမလည်ကြပေ။ လုကျိုးက လွန်ခဲ့သည့်နှစ်ဝက်ခန့်က တောင်ကြားထဲ တွေ့ခဲ့သည့် အသေကောင်စားကို အမှတ်ရသွားသည်။ သူက မေးလိုက်၏။
“ငရဲဝံပုလွေဘုရင်က ကောင်းကင်ချား တောင်နမိတ်ဝန်းကျင်မှာ ဘာလို့ပေါ်လာတာလဲ”
“တစ်ယောက်ယောက် ထိန်းချုပ်နေတာ တူတယ်။ ကြည့်ရတာ ဥာဏ်ရည်မြင့် သားရဲဆီကနေ အမိန့်ဖြစ်ပုံပဲ။ ကျုပ်တို့က အဲ့လိုအရာမျိုးတွေကို မသိနိုင်ဘူးလေ။ ဤသည်က အဓိပ္ပာယ်ရှိပေသည်။
မည်သို့ပင်ဆိုစေကာမူ လုကျိုးက စီးဝူယာ့နှင့် တခြားသူများထံ ပြန်ရောက်ပြီး စကားပြောလိုက်သည်နှင့် အရာအားလုံးကို သိရှိသွားလိမ့်မည်။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။
“ကောင်းပြီ။ ဒီနေရာမှာ အန္တရာယ်များတယ်ဆိုတော့ မင်းတို့တွေ သွားကြတော့”
“ဟုတ်ကဲ့”
သုံးယောက်သားက ရိုရိုကျိုးကျိုး ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားကြသည်။
လုကျိုးက မြေပြင်ပေါ်တွင် ဝပ်တွားနေဆဲ ဖြစ်သည့် ကျူးဟုန်ကုန်းကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက မထသေးဘူးလား”
“ရှစ်စွင်း ရှစ်စွင်း”
ကျူးဟုန်ကုန်းက နောက်ဆုံးတွင် ရပ်လာသည်။
လုကျိုးက ပြောလိုက်၏။
“မင်းက ပွင့်ချပ် ၁၁လွှာ ထွက်ခါစပဲ ရှိသေးတယ်။ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်မနေနဲ့”
“ဟုတ်ကဲ့ ရှစ်စွင်း”
လုလီက ပိုမိုစိတ်ရှုပ်ထွေးနေမိသည်။
“မျှော်နန်းသခင်လုက ၁၁ ချပ်မြောက် ပွင့်ချပ်ကို မအံ့သြဘူးလား”
လုကျိုးက ပြန်မဖြေခင် ကျူးဟုန်ကုန်းက လုလီကို ချက်ချင်းဝင်ပြောလိုက်သည်။
“ဒါပေါ့။ ကျုပ် ရှစ်စွင်းက ဗဟုသုတကြွယ်ဝတယ်ဆိုတာကို ခင်ဗျား မသိလောက်သေးဘူး”
လုလီ “...”
“အရင်ဆုံး ကွမ်နန်ပတ်လမ်းကို ပြန်ကြစို့”
လုကျိုးက ပြောလိုက်သည်။
“ဟုတ်ကဲ့”
…………….
နေ့တစ်ဝက် ကြာမြင့်ပြီးသည့်နောက်တွင် လုကျိုးနှင့် တခြားသူများက မြို့တော်ဆီ ရောက်ရှိလာသည့်အခါ ခက်ထန်သားရဲများကို နေရာအနှံ့ မြင်တွေ့နေရသည်။ အနီရောင်ကြာနယ်မြေတွင် ခက်ထန်သားရဲများ သောင်းကျန်းနေမှန်း သိသာလှသည်။ သူတို့က တော်ဝင်နန်းတော်ဆီ ပြန်ရောက်သည့်အခါ နန်းဆောင်ရှိ ကျင့်ကြံသူများက လုကျိုးထံ လာရောက်တွေ့ဆုံကြ၏။ သူက ရုပ်ဖျက်ကတ်ကို အသုံးပြုထားသည့်အတွက် အားလုံးက သူ့ကို မှတ်မိကာ ရိုရိုကျိုးကျိုး ကြိုဆိုကြသည်။
သိပ်မကြာခင် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာ၊ ခရုလေးနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ တခြားသူများကလည်း အပြေးအလွှား ရောက်လာကြသည်။ သူတို့က လုကျိုး၏ သွင်ပြင်ကို မြင်သည့်အခါ ထပ်မံ ကြောင်အမ်းသွားကြ၏။
ရှောင်ယွမ်အာက လုကျိုး၏ မုတ်ဆိတ်မွှေးကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ရှစ်စွင်း ရှစ်စွင်း ဘာလို့ ဒီလိုမျိုးဖြစ်သွားတာလဲ”
“မရိုင်းပျနဲ့” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“အိုး”
သူတို့၏ ရှစ်စွင်းကို လက်ညှိုးထိုးကာ ပြောခြင်းက မသင့်တော်ပေ။
သူတို့၏ တုန့်ပြန်ချက်အရ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ ကိစ္စများအပေါ် လက်ခံနိုင်စွမ်းက ယခင်ကထက် ပိုမိုကောင်းမွန်လာကြောင်း သိသာလာ၏။
လုကျိုးက လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။
“လောင်ချီက ဘယ်မှာလဲ”
“ချီရှစ်တိက ကောင်းကင်သိုင်းပညာခုံရုံးမှာပါ”
“သူ့ကို ခေါ်လိုက်။ သူနဲ့ တွေ့ချင်တယ်”
“ဟုတ်ကဲ့”
ထိုသို့ပြောပြီးသည့်နောက်တွင် လုကျိုးက တည်တံ့ရေးခန်းမဆောင်သို့ ပြန်သွားလိုက်သည်။ သူက အင်္ကျီကင်းမဲ့နေဆဲ ဖြစ်၏။ အားလုံးက ပုံရိပ်သည် အရေးကြီးကြောင်း သိထားသည့်အတွက် ရှင်းပြနေဖို့ မလိုပေ။
ရုပ်ဖျက်ကတ်၏ သက်ရောက်မှုက အနည်းဆုံး ၅ရက်ခန့် ကြာမြင့်လိမ့်မည်။ လုကျိုးက ယခု သက်ရောက်မှုကို ဖယ်ရှားလိုက်ဖို့ လိုအပ်သည်ဟု မထင်ပေ။ ငယ်ရွယ်သည့်သွင်ပြင်ကြောင့် သက်ရောက်မှုများစွာရှိလာသည်ကို စဥ်းစားလိုက်လျှင် ယခုအတိုင်းထားသည်က ကိစ္စဆိုးတော့ မဟုတ်ပေ။
လုကျိုး ထွက်သွားပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက ရှေ့ထွက်ကာ သူ့အကြီးများကို နှုတ်ဆက်လိုက်သည်။
“တာရှစ်ရှိုး၊ အာ့ရှစ်ရှိုးတို့ကို ဂုဏ်ပြုပါတယ်”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ရှေ့တိုးလာကာ ကျူးဟုန်ကုန်း ပခုံးကို ပုတ်ပြီး ခေါင်းညိတ်လိုက်ကြသည်။
“ဒီလိုမျိုးကပ်ဘေးကြီးမှာ အသက်ရှင်လာတာဆိုတော့ တကယ်ကို ကံကောင်းတာပဲ။ မင်း အဆုံးမဲ့ပင်လယ်ထဲ ခုန်ဆင်းသွားတယ်လို့ ကြားတုန်းက မင်းကို အံ့အားသင့်သွားမိတာ”
ယွီရှန်းရုန်က စီးဝူယာ့ဆီမှ ထိုစကားကို ကြားသည့်အခါ အမှန်တကယ် အံ့အားသင့်သွားခဲ့မိသည်။
“အဲဒါက ကိစ္စသေးသေးလေးပါ”
ယွီရှန်းရုန်က ချီးကျူးမှုကို ကပ်စေးနည်းမနေပေ။
“မင်းက သေခြင်းရှင်ခြင်းကို တွေ့ကြုံခံစားခဲ့ရတယ်ဆိုတော့ တစ်ခုခုတော့ ရလိုက်မှာပဲ။ မင်းရဲ့ စွမ်းအားက တည်ငြိမ်ပြီးတော့ ပိုအားကောင်းလာတာကို ခံစားမိတယ်။ ပါ့ရှစ်တိက ကံအပြောင်းအလဲ အခွင့်အရေးတချို့ ကြုံတွေ့ခဲ့တဲ့ပုံပဲ”
ကျူးဟုန်ကုန်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ရှစ်ရှိုး ရှစ်ရှိုးတို့က ကျွန်တော့်ကို အရမ်းကို ချီးကျူးလွန်းနေပြီ။ ကျွန်တော့ရဲ့ ကျင့်ကြံဆင့်က နည်းနည်းလောက် တိုးတက်လာရုံပါပဲ။ ဒါပေမဲ့ အခွင့်အရေးရှိရင် ရှစ်ရှိုးတို့နဲ့ နည်းနည်းလောက် လက်ရည်စမ်းချင်ပါသေးတယ်”
အားလုံး “...”
လောင်ပါ့က တကယ်ကို ရူးသွားပြီပဲ...
ယွီရှန်းရုန်၏ မျက်နှာအထက် သဘောတူသည့် အမူအရာမျိုး ချက်ချင်းပေါ်ထွက်လာသည်။
“အခု မင်းက ငါ့ကို စိန်ခေါ်ရဲနေပြီဆိုမှတော့ လောင်ပါ့ မင်းက တော်တော်တိုးတက်လာတာပဲ။ အနိုင်အရှုံးအပြင် မင်းရဲ့သတ္တိက တကယ်ကို ချီးကျူးစရာပဲ။ “
စောင့်နေလိုက်။ အစ်ကိုကြီးတို့ကို အနိုင်ယူပြမယ်။ အခုကစပြီး ဘယ်သူက လျှော့တွက်ရဲမလဲဆိုတာကို ကြည့်ရသေးတာပေါ့။...
ကျူးဟုန်ကုန်းက ထိုသို့တွေးမိသော်လည်း အပြင်ဘက်တွင် ရိုကျိုးလျက် ရှိသည်။
ထို့နောက် ကျူးဟုန်ကုန်းက ရှောင်ယွမ်အာကို ခေါ်လိုက်သည်။
“ရှောင်ရှစ်မေ့”
ရှောင်ယွမ်အာက ခါးထောက်ကာ ပြောလိုက်သည်။
“ပါ့ရှစ်ရှိုး မှားနေပြီ။ သူမကမှ ညီမတို့ရဲ့ ရှောင်ရှစ်မေ့”
“အာ...”
ကျူးဟုန်ကုန်းက ခရုလေးကို ကြည့်လိုက်သည်။ ရှောင်ယွမ်အာက အဖြစ်အပျက်များကို ရှင်းပြလိုက်သည်။
ကျူးဟုန်ကုန်းက အံ့အားသင့်ရာမှ အသိပြန်ဝင်လာသည့်အခါ ပြောလိုက်သည်။
“ရှစ်စွင်းက တကယ့်ကို အမြင်ကောင်းတာပဲ”
ခရုလေးက ကျူးဟုန်ကုန်းကို ဂါရဝပြုကာ နှုတ်ဆက်လိုက်သည်။
“ပါ့ရှစ်ရှိုးကို ဂါရဝပြုပါတယ်”
ကျူးဟုန်ကုန်းအနေဖြင့် နောက်ထပ် အငယ်တစ်ယောက် ရဖို့ရာ မလွယ်ကူလှပေ။ သူက အစ်ကိုကြီးတစ်ယောက်လို ပြုမူဖို့ အခွင့်အရေးကို မည်သို့ လက်လွတ်ခံမည်နည်း။
သူက လည်ချောင်းရှင်းကာ အလေးအနက် ပြောလိုက်သည်။
“အားနာဖို့ မလိုဘူး”
ဤတစ်ကြိမ် ယန်ကျန်းလော့၊ ရှန်ရှီ၊ ရှားချန်ချိုး နှင့် တခြားသူများက ရောက်ရှိလာကြသည်။
ယန်ကျန်းလော့က အမြင်ကောင်းသည့်အတွက် သူ ရောက်ရောက်လာခြင်း လုလီကို မြင်လိုက်ရသည်။ ပထမဦးစွာ သူက ကြောင်အမ်းသွားမိ၏။ သူက အမြင်မှားနေတာလားဟု မျက်လုံးကို ပွတ်ကာ ထပ်မံကြည့်လိုက်သည်။
ဒါက တကယ်ကို လုလီပဲ...
သူက လှမ်းခေါ်လိုက်သည်။
“ညီအစ်ကိုလု”
“ညီအစ်ကိုယန်”
နှစ်ဦးသား၏ ပြန်လည်တွေ့ဆုံမှုက ချစ်သူနှစ်ဦး၏ ပြန်လည်ဆုံစည်းမှုထက်ပင် ပိုမိုလွန်ကဲနေသေးသည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် နေကောင်းကြောင်း မေးမြန်းကြပြီး နှစ်ဦးလုံး အဆင်ပြေသည်ဟု ပြောပြီးသည့်နောက် အားပါးတရ ရယ်မောကြသည်။
ယန်ကျန်းလော့က မေးလိုက်သည်။
“ဒီတစ်ချိန်လုံး ဘယ်တွေရောက်နေတာလဲ”
“တာဝန်တစ်ခု သွားရင်းနဲ့ ဒဏ်ရာရပြီးတော့ အဝါရောင်ကြာနယ်မြေဆီ ရောက်သွားတာ။ လောင်ကျူးရဲ့ စတေးမှုကြောင့် ငါ အသက်ရှင်နိုင်ခဲ့တာ”
လုလီက ကျူးဟုန်ကုန်းကို လက်ညှိုးထိုးပြလိုက်သည်။ သူက တခြားသူ၏ လုပ်ရပ်ကို အခွင့်ကောင်းယူမည့်သူ မဟုတ်ပေ။
ယန်ကျန်းလော့က ခေါင်းညိတ်လိုက်၏။
“အသက်ကျောက်တုံးကြောင့်သာ မဟုတ်ရင် မင်းကို လိုက်ရှာပြီးလောက်ပြီ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကလည်း မင်း ထွက်သွားပြီးကတည်းက ကိစ္စတွေအများကြီး ဖြစ်ခဲ့တယ်လေ။ မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီနေ့ထိ အသက်ရှင်နေမှာ မဟုတ်ဘူး”
“အခု အားလုံးက အတိတ်ပါပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဘယ်လိုပြောင်းလဲသွားလို့လဲ။ တစ်ခုခု ထူးဆန်းနေတယ်။ အကြီးအကဲလုစစ်က မျှော်နန်းသခင်လုဆီ ဒူးထောက်နေတာကို တွေ့လိုက်ရသေးတယ်။ ဘာတွေဖြစ်နေတာလဲ။ ဒါနဲ့ ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ ရှိသင့်တာ မဟုတ်ဘူးလား”
လုလီက ပိုမို စိတ်ရှုပ်ထွေးသွားမိသည်။
ဤတစ်ကြိမ် သူက ထပ်မံ စိတ်ရှုပ်ထွေးနိုင်မလား မပြောတတ်တော့ပေ။
“အဲဒါက ဇာတ်ကြောင်း အရှည်ကြီးပဲ။ မင်းကိုတောင် မမေးရသေးဘူး။ ဘယ်လိုလုပ် မျှော်နန်းသခင်လုနဲ့ ပြန်လာတာလဲ”
ယန်ကျန်းလော့က မေးလိုက်သည်။ လုလီက ယန်ကျန်းလော့ထံ အဖြစ်အပျက်များကို ရှင်းပြလိုက်၏။
ယန်ကျန်းလော့က အမှန်တကယ် အံ့အားသင့်နေမိသည်။ သူက အဖြစ်အပျက်ကို နားလည်ပြီးသည့်နောက်တွင် ပြုံးကာ မေးလိုက်သည်။
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အဆင့်ကျသွားမှုအကြောင်း သိပြီးပြီလား”
လုလီက ထိုစကားများကို ထပ်မံကြားလိုက်ရသည်။ သူ့စိတ်ထဲ မသက်မသာ စိတ်ခံစားချက်တစ်ခု ထွက်ပေါ်လာကာ မေးလိုက်၏။
“အဲဒါက ဘာကိုပြောချင်တာလဲ”
“ငါ့ကို ကယ်ဖို့ မျှော်နန်းသခင်လုက တစ်ယောက်တည်းနဲ့ အစီအရင်တာအိုသင်္ကေတ ၃၆၀၀လုံးကို ဖြတ်ကျော်ခဲ့တာလေ။ အဲဒါကြောင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှာရှိတဲ့ အဖွဲ့သားတိုင်းက အနည်းဆုံး မွေးဖွားဇယားချပ်တစ်ခုဆီ ဆုံးရှုံးသွားကြတယ်။ မျှော်စင်သခင်ရှားက မွေးဖွားဇယားချပ် ၂ခု ဆုံးရှုံးသွားတယ်။
အဖြူရောင်မျှော်စင်အဖွဲ့အစည်းအရဲ့ မျှော်စင်သခင် လန်ရှီဟယ်ကလည်း အဲ့တုန်းက အဲ့ဒီ့မှာ ရှိနေတယ်လေ။ သတင်းက ကျင့်ကြံရေးလောကတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တာပဲ။ လူတွေက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အဆင့်နိမ့်ကျမှုလို့ ခေါ်ကြတယ်”
ယန်ကျန်းလော့က ပြောလိုက်သည်။
လုလီက မျက်လုံးအပြူးသား ဖြစ်နေ၏။ သူယခုခံစားနေရသည့် ခံစားချက်ကို တုန်လှုပ်မှုဖြင့်ပင် ဖော်ပြ၍ မရပေ။ သူက တံတွေးမြိုချကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အလွန်ဆုံး သူက မွေးဖွားဇယားချပ် ၆ခုပဲ ရှိတာလေ။ သူ့ကို ပထမဆုံးတွေ့တုန်းက ပွင့်ချပ် ၁၀လွှာပဲ ရှိခဲ့တာ”
...
အခန်း (၁၁၀၇) ဒါက ယုတ္တိရှိတယ်
လုလီ၏ အတွေးများအားလုံးက မျက်နှာပေါ်တွင် ထင်ဟပ်နေ၏။ မင်းငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား။
ယန်ကျန်းလော့က ပြောလိုက်သည်။
"အဲဒါက အဲဒီတုန်းကလေ။ မင်းအစောတုန်းကတော့မျှော်နန်းသခင်လုကို တွေ့တဲ့အချိန် ထူးဆန်းတာတစ်ခုခု ရှာမတွေ့ခဲ့ဘူးလား”
လုလီသည် အစောတုန်းက ဖြစ်ရပ်များကို ပြန်တွေးလိုက်၏။ အမှန်တကယ်ပင် ထူးဆန်းသောကိစ္စများစွာ ရှိသည်။ ဥပမာအနေဖြင့် လုကျိုးသည် ထိုစဉ်က ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက် ဟုတ်ခဲ့လျှင် သူသည် မည်ကဲ့သို့ ရုတ်တရက်ကြီး မွေးဖွားဇယားချပ်ငါးခု ကျင့်ကြံသူတစ်ယောက် ဖြစ်လာသနည်း။ ထိုစဉ်က သူသည် တာဝန်ထမ်းဆောင်ရန် အလျင်လိုနေခဲ့၏။ သူအသက်ရှင်နိုင်ခြေက သုညနီးပါး ဖြစ်နေမှန်း သိသောကြောင့် လုကျိုးအား မွေးဖွားဇယားချပ်မြေပုံ ပေးခဲ့၏။ နောက်ဆုံး၌ သူ ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ညီအစ်ကိုရယ် ခင်ဗျားပြောတာ မှန်တယ်။ အချိန်က ပြောင်းလဲသွားပြီ။ ဒါ့အပြင် အဲဒီတုန်းက မျှော်နန်းသခင်လုက သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာပဲဖြစ်ရမယ်”
"မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ကာစဆိုတော့ နားမလည်သေးတဲ့ ကိစ္စတွေရှိမှာ သဘာဝပဲ။ ပိုသိချင်တယ်ဆိုရင် တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးနိုင်တယ်” ယန်ကျန်းလော့က ပြောလိုက်၏။
"ဘယ်သူလဲ”
"ဘုရားကျောင်းသခင်ရှားလေ” ရန်ကျန်းလော့သည် အဝေး၌ ရပ်နေသော ရှားချန်းချိုးကို လက်ဝှေ့ယမ်း ပြလိုက်သည်။
ရှားချန်းချိုးက အပြုံးတစ်ပွင့်ဖြင့် ရောက်လာ၏။ သူ ရောက်လာသောအခါ လုလီကို ဦးညွှတ်လိုက်သည်။
ယဉ်ကျေးသူတစ်ယောက်ဖြစ်သည့် လုလီကလည်း ပြန်ပြီးအရိုအသေပေးလိုက်သည်။
ရန်ကျန်းလော့က ပြောလိုက်၏။
"ကျုပ်ရဲ့ညီအစ်ကိုက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ကာစ ဒီတော့ သူက ဒီအကြောင်း များများစားစား မသိသေးဘူး။ ခင်ဗျား အချိန်ရှိမလားလို့”
ရှားချန်းချိုးက နေကိုမော့ကြည့်ပြီးနောက် ဖြတ်ပြောလိုက်၏။
"ရှိတာပေါ့ ရှိတာပေါ့။ ကျုပ်မှာအချိန်အများကြီးရှိတယ်။ အချိန်မရွေး ပြောပြနိုင်တယ်”
လုလီက မေးလိုက်သည်။ "မနက်ဖြန်ဆိုရင်ကော”
"ဒီနေ့လုပ်လိုက်တာ ပိုကောင်းလိမ့်မယ်။ ကျုပ်ကိုယုံ စောစောသိလေ ပိုကောင်းလေပဲ” ရှားချန်းချိုးက ပြုံးလျက်ပြောလိုက်၏။
"အမ်း .... ဟုတ်ပြီလေ”
ဤနည်းဖြင့် ရှားချန်းချိုးက လုလီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီးနောက် အနားရှိ လှေကားသို့ လျှောက်သွားသည်။ သူက ပြောလိုက်၏။
"မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်တဲ့အချိန် ခင်ဗျားမှတ်ထားရမှာ တစ်ခုပဲရှိတယ်။ ပုံမှန်အခြေခံအသိအမြင်နဲ့ ဘာကိုမှဆုံးဖြတ်လို့မရဘူး။ ကျန်တာတွေကို ဖြေးဖြေးချင်း ပြောပြမယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ဆယ်ယောက်နဲ့ စလိုက်ရအောင်”
"..." လုလီသည် ဤနှစ်များအတွင်း မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ကျူးဟုန်ကုန်း ကြွားလုံးထုတ်တာ ကြားခဲ့ဖူး၏။ သူသည် ထိုအကြောင်းကို ထပ်ကြားရမည့်ပုံပေါ်သည်။
ထိုစဉ် စီးဝူယာ့နှင့် ကျောင်းဟုန်ဖုတို့က လုကျိုး ပြန်ရောက်ကြောင်း သတင်းရသည်နှင့် တော်ဝင်နန်းတော်ဆီသို့ သိုင်းခုံရုံးကနေ ကမန်းကတန်း ပြန်လာကြ၏။
သူတို့ တည်တံ့ရေးခန်းမသို့ ရောက်သောအခါ အနား၌ လူများများစားစားမရှိပေ။ ခန်းမထဲ၌ ရှေ့လျှောက်၊ နောက်လျှောက် လျှောက်နေသော လီယွင်ကျန်းကိုတွေ့လိုက်သည်။
"ဆရာ" လီယွင်ကျန်းက ဦးညွတ်ပြီးနောက် စီးဝူယာ့ကို နှုတ်ခွန်းဆက်လိုက်သည်။
စီးဝူယာ့က မေးလိုက်၏။ "မင်း ဒီကို ဘာကြောင့်ရောက်နေတာလဲ”
"ဆရာဖိုးဖိုး ပြန်ရောက်ကြောင်းကြားလို့ ကျွန်တော် ဒီကို လည်တာပါ”
"မင်းကိုငါခိုင်းထားတဲ့တာဝန် လုပ်ပြီးပြီလား” စီးဝူယာ့က မေးလိုက်၏။
"လုပ်ပြီးပါပြီ။ ဒါပေမဲ့ ဖိအားက ကြီးမားလွန်းတယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေက ပိုသန်မာလာတာ။ ကျန်းတုံပတ်လမ်းမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ရှိတယ်။ ကျန်းနန်ပတ်လမ်းမှာလည်း တူလောက်တယ်။ မွေးဖွားဇယားချပ်သားရဲတွေ ပိုပေါ်လာမယ်ဆိုရင် ကျွန်ေတာ်တို့တွေ မှန်းဆမရတဲ့ ကပ်ဘေးနဲ့ ရင်ဆိုင်ရမယ်” လီယွင်ကျန်းက ပြောလိုက်၏။
"မင်း စိတ်နည်းနည်းပူနေတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ဒါက ပုံမှန်ပဲ။ ဒီကိစ္စကို လောလို့မရဘူး။ အရင်ပြန်နှင့်။ တစ်ခုခုရှိရင် စာသတင်းပို့လိုက်မယ်” စီးဝူယာ့က ပြောလိုက်၏။
"ဒါဆို ကျွန်တော် ဆရာ့ကိုပဲဒုက္ခပေးရတော့မှာပဲ” လီယွင်ကျန်းက ဦးညွတ်ပြီး ထွက်သွားတော့သည်။
စီးဝူယာ့က လှည့်ပတ်ကြည့်ပြီး အနား၌ထိုင်နေသော ကျီဖုန်ရှင်းနှင့် ဝူဝူကိုတွေ့လိုက်သည်။ သူက မေးလိုက်၏။
"ငါ့ရဲ့ပါ့ရှစ်တိ ဘယ်မှာလဲ”
သူတို့ အဆုံးမဲ့သမုဒ္ဒရာကို သွားစဉ်က ကျူးဟုန်ကုန်းသည် အခြားသူများကို ကယ်တင်ရန် သူ့ကိုသူ စတေးခဲ့၏။ သူသည် အချိန်အတော်ကြာ အပြစ်မကင်းစိတ် ဖြစ်ပေါ်နေခဲ့သည်။ ယခု ကျူးဟုန်ကုန်း ပြန်ရောက်လာပြီဖြစ်သောကြောင့် သူ ကျူးဟုန်ကုန်းအဆင်ပြေနေကြောင်း ကိုယ်တိုင်အတည်ပြုပြီးမှ အပြည့်အဝစိတ်အေးနိုင်မှာပဲဖြစ်သည်။
ကျီဖုန်ရှင်းက ပြောလိုက်သည်။
"အဋ္ဌမသခင်လေးနဲ့ ဒုတိယသခင်လေးတို့က ခန်းမအရှေ့မှာ လက်ရည်ယှဥ်နေပါတယ်”
"လက်ရည်ယှဥ်တာလား” စီးဝူယာ့က အနည်းငယ် အံ့သြထိတ်လန့်သွားသည်။ သူ မိစ္ဆာဝေဟင်မျှော်နန်း ဝင်ချိန်မှစပြီး ကျူးဟုန်ကုန်းက သူတို့၏ တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးရှေ့၌ အနည်းငယ်မျှတောင် ကျိုးကြောင်းမသင့် ပြုမူတာကို တစ်ခါမျှမ တွေ့ဖူးပေ။ ကျူးဟုန်ကုန်းက အမြဲတစေ ကြောက်ရွံတတ်၏။ အဆုံးကျ ဤကိစ္စကို မစဉ်းစားဖို့ ဆုံးဖြတ်လိုက်ကာ လက်တလောကိစ္စအတွက်သာသွားလိုက်သည်။
စီးဝူယာ့သည် တည်တံ့ရေးခန်းမထဲဝင်သောအခါ ဦးညွတ်လိုက်ပြီး သူ့ရှစ်စွင်း၏ သွင်ပြင် ပြောင်းလဲမှုကြောင့် ထိတ်လန့်အံ့အားသင့်သွား၏။
"ရှစ်စွင်း"
"ရုပ်ဖျက်တဲ့ပညာ” လုကျိုးသည် သူ ရေးကြီးခွင်ကျယ်လုပ်ဖို့ မလိုအပ်ကြောင်း ညွှန်ပြလိုက်၏။
"ကျင့်ဝတ်ထုံးတမ်းတွေ မလိုဘူး။ ငါသွားတဲ့ နှစ်ဝက်အတွင်း ဘာတွေဖြစ်နေလဲ”
စီးဝူယာ့က ပြောလိုက်၏။
"တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးက အနီရောင်ကြာနယ်မြေနဲ့ စစ်ဖြစ်တော့မယ်”
"စစ်ပွဲလား” လုကျိုးက မျက်မှောင်အနည်းငယ် ကျုံ့မိသွားသည်။
"ကျွန်တော် ယင်ကျောက်ကိုပြောပြီးပြီ။ အမည်မဲ့မြေက ကြမ်းတမ်းခက်ထန်သားရဲတွေက ငြိမ်သက်မှု မရှိတော့ဘဲ လူသားနယ်မြေဆီ ကျူးကျော်ချင်နေပြီ။ တာ့ယွင်ရဲ့တော်ဝင်ခုံရုံးထဲမှာ သားရဲဘာသာစကား ကျွမ်းကျင်တဲ့ တစ်စုံတစ်ယောက်ရှိတာ ဖြစ်လောက်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ကြမ်းတမ်းခက်ထန်သားရဲတွေနဲ့ ပူးပေါင်းကြံစည်နေမှန်း ကျွန်တော် သေချာသိနေတာကြောင့်ပဲ။ အဆုံးမဲ့သမုဒ္ဒရာထဲက ပင်လယ်သားရဲတွေနဲ့ ကုန်းမြေကသားရဲတွေက ပုံမှန်မဟုတ်တဲ့ပုံပဲ။ သူတို့တွေက အနီရောင်ကြာနယ်မြေရဲ့ ပင်လယ်နားမှာစုဝေးနေတာ။ ဒါနဲ့သာဆိုရင်အနီရောင်ကြာနယ်မြေဆီ ကျူးကျော်ဖို့ တာ့ယွမ်အတွက် မဟာအခွင့်အရေးတစ်ရပ်ပဲ” စီးဝူယာ့က ပြောလိုက်၏။
"မူအာ့ထျဲက အတော်လေးရဲတင်းတာပဲ”
"မူအာ့ထျဲက အကြံအစည်အတော်များတယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ရှစ်စွင်းကို တွေ့တဲ့အချိန် သူကသည်းခံခဲ့ပြီး ဟန်ဆောင်ခဲ့တာပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက နာလန်ပြန်ထပြီး တာ့ယွမ်က အလင်းအမှောင်မဟာမိတ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတော့ မူအာ့ထျဲ ဒီလိုရည်မှန်းချက် ကြီးလာတာပုံမှန်ပဲလေ။ သူအရင်တုန်းက ရိုကျိုးချင်ယောင် ဆောင်ခဲ့ပေမဲ့ ဒီပြောင်းလဲမှုက ရုတ်ခြည်းဆန်လွန်းပြီး မူမမှန်ဘူး။ တစ်ခုခုတော့ငါးညီနံ့ရနေတယ်။ မူအာ့ထျဲက ဒီလောက်မတုံးအသင့်ဘူး”
"သူ နန်းတော်ထဲမှာလား”
"သူက ရှစ်စွင်း သူ့ကိုလာရှာမှာကြောင့် နန်းတော်ထဲမှာ မရှိတာ အတော်ကြာပြီ” စီးဝူယာ့က ပြန်ပြောလိုက်၏။
လုကျိုးက ခေါင်းအနည်းငယ်ညိတ်ပြီး စီးဝူယာ့ကို ကြည့်လိုက်၏။
"တုံ့ပြန်ဖို့အစီအစဉ်တွေ ရှိပြီးသားလား”
စီးဝူယာ့က ပြန်ပြောလိုက်၏။
"ရှိပါတယ်။ ရှစ်စွင်း ဒီမှာမရှိတုန်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းသခင် လန်ရှီဟယ်ဆီ ကျွန်တော် စာတစ်စောင် ပို့ခဲ့တယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းနဲ့ ပူးပေါင်းတာက မူအာ့ထျဲနဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ”
လုကျိုးက တိတ်ဆိတ်သွားကာ အတွေးနစ်နေလေ၏။ သူ၏ခွန်အားအစစ်အမှန်သည် မွေးဖွားဇယားချပ်ခြောက်ခု ကျင့်ကြံသူသာဖြစ်သည်။ သူ့၌ အထွတ်အထိပ်ဆန်းကြယ်ကတ် ရှိလျှင်တောင် တပြိုင်နက်တည်း နေရာများစွာတွင်ရှိသော ကြမ်းတမ်းခက်ထန်သားရဲတွေနဲ့ သားရဲဘုရင်တွေကို ဖြေရှင်းဖို့မဖြစ်နိုင်ပေ။ ထို့အပြင် တာ့ယွမ်နှင့် အလင်းအမှောင်မဟာမိတ်က တိုက်ခိုက်ဖို့ စောင့်နေလေ၏။
"ရှစ်စွင်း ကျေးဇူးပြုပြီး တပည့်ကိုခွင့်လွှတ်ပေးပါ။ တပည့် ဒီလိုမလုပ်ချင်ဘူး။ ဒါပေမဲ့ ဒီဟာကစစ်ပွဲ”
စီးဝူယာ့သည် လုကျိုး အချိန်အတော်ကြာ တိတ်ဆိတ်နေတာကို မြင်သောအခါ ဒူးတစ်ဖက် ထောက်လိုက်လေ၏။
"စိတ်မပူနဲ့ မင်းဘာမှ အမှားမလုပ်ခဲ့ဘူး” လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
စီးဝူယာ့က ရှင်းပြလိုက်၏။
"အနက်ရောင်မျှော်စင်အဖွဲ့အစည်း ဒါမှမဟုတ် တာ့မင်ရဲ့တော်ဝင်ခုံရုံးကိုသုံးဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ရှားကျန်းလုံနဲ့ ကုန်းစွန်းယွမ်ရွှမ်းက ကောက်ကျစ်လွန်းတာကြောင့် ပိုပြီးအားမထားရဘူး”
"ဒါဆို လန်ရှီဟယ်ကကော အားကိုးလို့ရလား” လုကျိုးသည် စီးဝူယာ့၏ အကဲဖြတ်မှုကိုကြားချင်၏။
"သူအသက်ရှင်ဖို့ အချိန်၅နှစ်ပဲကျန်တော့တာ။ သူ့အရည်အချင်းနဲ့ဆိုရင် သူ့ကံကြမ္မာကိုပြောင်းလဲဖို့ အားလုံးကြိုးစားပြီးတော့ဖြစ်မှာပဲ။ အားလုံးကြိုးစားပြီးတော့ ကျရှုံးခဲ့တာဖြစ်ရမယ်။ သေခြင်းတရားနဲ့ ရင်ဆိုင်နေရတဲ့လူတွေက အကျိုးအမြတ်နဲ့သွေးဆောင်မခံရတော့ဘူး။ ဒါ့အပြင် သူတို့တွေ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းအတွက်အကျိုးပဲရှိစေမှာ”
စီးဝူယာ့က ရှင်းပြလိုက်၏။
တကယ်ပင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပူးပေါင်းဆောင်ရွက်ရတာသဘောကျသော်ငြား သူတို့က အခွင့်အရေးမပေးခဲ့ပေ။
လုကျိုးက ပြောလိုက်၏။
"ငါတို့တွေ နောက်ဆုံး ကယ်တင်တာအနေနဲ့ပဲ လန်ရှီဟယ်နဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အားကိုးတာလည်း အကောင်းဆုံးပဲ”
"ရှစ်စွင်းပြောတာ မှန်ပါတယ်။ ကျန်းနန်ပတ်လမ်းဆီ ကျွန်တာ်တို့ တာ့ရှစ်ရှိုးကို လွှတ်သင့်တယ်။ သူတိုးတက်တာ အလွန်မြန်တယ်။ သူက ဒီနှစ်ဝက်အတွင်း စတုတ္ထမြောက်မွေးဖွားမယ်ဇယားချပ်ကို အသက်သွင်းပြီးပြီ။ နဂါးသွဲ့ကျောက်ဓားမော့ကို လွှမ်းမိုးအဆင့်ရောက်အောင် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကို မေးပြီးပြီ။ သူ့အဖို့ သာမန် မွေးဖွားဇယားချပ်သားရဲတွေကို ဖြေရှင်းဖို့လွယ်မှာပဲ” စီးဝူယာ့က ပြောလိုက်၏။
"ဒါဆိုရင် ကျွန်တော်တို့တွေ ရှန်ပေ့ပတ်လမ်းဆီ အာ့ရှစ်ရှိုးကို လွတ်သင့်တယ်။ သူ့ရဲ့ပွင့်ချပ်၁၁ခုက မွေးဖွားဇယားချပ်ငါးခုကျင့်ကြံသူနဲ့ယှဥ်နိုင်တော့ သူ့အတွက်ပြဿနာရှိမှာ မဟုတ်ဘူး”
ယွီကျန့်ဟိုင်နှင့်ယွီရှန်းရုန်မှလွဲရင် ကျန်သည့်သူများကိုစီမံရ ပိုခက်ခဲ၏။
လုကျိုးက ပြောလိုက်၏။ "လုလီနဲ့ ယန်ကျန်းလော့ကို ရှန်ပေ့ပတ်လမ်း၊ လောင်ပါ့ကို ကျန်းတုံပတ်လမ်း စောင့်ကြပ်ဖို့လွှတ်လိုက်”
"ပါ့ရှစ်တိလား"
"လောင်ပါ့က သူ့ရဲ့၁၁ချပ်မြောက်ပွင့်ချပ် ဖူးပွင့်ပြီးနေပြီ။ သူ့ရဲ့ကျင့်ကြံဆင့်က မင်းရဲ့အာ့ရှစ်ရှိုးနဲ့ တူတူပဲ” လုကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
စီးဝူယာ့က အနည်းငယ်မှင်သက်သွားတော့သည်။ ထိုစဉ်က သူ့ပါ့ရှစ်တိ၏စတေးမှုသည် ကောင်ချီးတစ်ခု ဖြစ်ခဲ့ပုံပေါ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ ကျူးဟုန်ကုန်း၏အသံက အပြင်ကနေပေါ်လာ၏။
"တပည့်က ရှစ်စွင်းကို နှုတ်ခွန်းဆက်ပါတယ်”
"လာခဲ့” ကျူးဟုန်ကုန်းသည် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်တို့နှင့်အတူ ခန်းမထဲ လျှောက်သွားလိုက်၏။
စီးဝူယာ့က လှည့်လာပြီး ကျူးဟုန်ကုန်းကို နှုတ်ဆက်တော့မည့်အချိန်တွင် ထိတ်လန့်သွားတော့သည်။
"လောင်ပါ့ ဘယ်လိုလုပ် မင်း ဖူး ဖူးယောင် ယောင်ကိုင်းနေတာတုံး”
ကျူးဟုန်ကုန်းက သူ၏ဒဏ်ရာရထားသောပါးနှစ်ဖက်နှင့် ပန်ဒါမျက်လုံးကို ထိကြည့်လိုက်သည်။ သူက နာကျင်မှုကြောင့် ရှုံမဲ့သွားတော့၏။
"အပေါ်ယံဒဏ်ရာလေးပါပဲ။ ရေးကြီးခွင်ကျယ် မဟုတ်ဘူး။ ပြုတ်ကျတာလေ၊ အားလုံးကိုတွေ့ရတာ စိတ်အခြေအနေကောင်းနေပြီး စိတ်လှုပ်ရှားနေတာ”
"ပြုတ်ကျလို့တဲ့လား” စီးဝူယာ့က စဉ်းစားဆင်ခြင်လျက် မေးလိုက်၏။ ကျူးဟုန်ကုန်း မည်သည့်အခြေအနေဖြစ်စေကာမူ ထိုမျှဒဏ်ရာမရသင့်ပေ မဟုတ်ပါလော။
ထိုစဉ် ယွီရှန်းရုန်က တည်တင်းသောမျက်နှာထားဖြင့် ပြောလိုက်လေ၏။
"ပါ့ရှစ်တိရဲ့ ကျင့်ကြံဆင့်က အတော်တိုးတက်လာတယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ဖော့သိုင်းကတော့ နည်းနည်းအားနည်းနေသေးတယ်။ ဒဏ်ရာတွေက ပြုတ်ကျလို့ရလာတာ။ ပြုတ်ကျတာက ကျင့်ကြံသူတွေအတွက် မရှိမဖြစ် သင်ခန်းစာတစ်ရပ်ပဲ။ ချီရှစ်တိ မင်းစိတ်ပူဖို့မလိုဘူး”
"အာ့ရှစ်ရှိုးပြောတာမှန်ပါတယ်”
စီးဝူယာ့က ရှေ့တစ်လှမ်းတိုးပြီး ကျူးဟုန်ကုန်း၏ပုခုံးကို ပြင်းထန်စွာ ပုတ်ချပြီးပြောလိုက်၏။
"မင်းအဆင်ပြေနေတာကောင်းတယ်”
"အား ......." ကျူးဟုန်ကုန်းက ချက်ချင်းပင် ဖင်ထိုင်လျက် ပြုတ်ကျသွားတော့သည်။
စီးဝူယာ့ "...."
ကျူးဟုန်ကုန်းက သူ့တင်ပါးကို ထိန်းထားလျက် ရှင်းပြလိုက်၏။
"ဒါဘာမှမဟုတ်ပါဘူး။ ကျွန်တော် ပြုတ်ကျတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ မျက်နှာ၊ တင်ပါး၊ ခြေထောက်နဲ့လက်တွေ ဒဏ်ရာရမှာ ကျိန်းသေတယ်လေ။ ဒီအသံထွက်တာ ယုတ္တိရှိတယ်မလား”
လုကျိုးက မုတ်ဆိတ်သတ်လျက် ဖြတ်ပြောလိုက်သည်။
"ဟုတ်ပြီ။ အခုတော့ လောင်ချီ စီမံလိုက်တော့”
"နားလည်ပါပြီ”