← Chapters

အခန်း (၁၁၁၁-၁၁၁၃)

Vol. 75 Ch. 1111-1113

အခန်း (၁၁၁၁-၁၁၁၃)

Vol. 75 Ch. 1111-1113

အခန်း (၁၁၁၁) လူစားသောအစီအရင်

ဘာမှအရေးကြီးတာ မတွေ့သဖြင့် လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ အမြင်စွမ်းအားကို ဖြတ်တောက်လိုက်သည်။

"ငါးရက်အတွင်း ပင်လယ်သားရဲတွေရောက်လာလိမ့်မယ်။ တစ်နည်းအားဖြင့် တာ့ယွမ်ရဲ့တော်ဝင်ခုံရုံးက လူတွေက ငါးရက်အတွင်း ပေါ်လာလောက်တယ်”

သူတို့၏လက်ရှိခွန်အားသည် မလုံလောက်ပေ။ တာ့ယွမ်၏တော်ဝင်ခုံရုံးနှင့် အလင်းအမှောင် မဟာမိတ်ထဲတွင် ဘုံတစ်ထောင်လေပွေ အတော်အတန် ရှိလောက်၏။ သူတို့ကို ကာကွယ်ရန် သူ့တပည့်များကို အားကိုးသည်က လက်လှမ်းလွန်းနေသေးသည်။

သူသည် ယွီရှန်းရုန်ကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်ပြီးနောက် ကောင်းကင်ကျမ်းစာ၏ အမြင်စွမ်းအားအတတ် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။

ရှန်ပေ့ပတ်လမ်းရှိ မြို့တော်မျှော်စင်တွင်ဖြစ်သည်။

ယွီရှန်းရုန်သည် သူ၏သက်တော်ရှည်ဓားကို ကိုင်ထားလျက် မြို့အပြင်ဖက်ရှိတောအုပ်ကို ကြည့်နေသည်။

ရာသီဥတုက အလွန်ဆိုးရွားနေ၏။ မိုးရွာပြီး မြူဆိုင်းနေတော့သည်။ ကျန်းတုံပတ်လမ်းနှင့် ကွဲပြားခြားနားနေလေ၏။

ထိုစဉ် အဝေးမှ ကျင့်ကြံသူတစ်ယောက် ပျံသန်းလာသည်။ သူက ဦးညွှတ်လျက်ပြောလိုက်သည်။

"ဒုတိယသခင်လေး ... ရာသီဥတု မကောင်းဘူး။ သခင်လေး အရင်ပြန်တာ ပိုကောင်းလိမ့်မယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေက ယာယီဆုတ်ခွာသွားတာဆိုတော့ ဘာပြဿနာမှာ ရှိဦးမှာ မဟုတ်ဘူး”

"အဆင်ပြေတယ်” ယွီရှန်းရုန်က လှည့်ပြီးပြောလိုက်၏။

"အဲ့ဒီဓားသမားပေါ်လာရင် ငါ့ကို အကြောင်းကြား”

"နားလည်ပါပြီ” ကျင့်ကြံသူက ဦးညွှတ်ပြီးနောက် ဆက်ပြောလိုက်၏။

"အဲ့ဒီဓားသမားက အလွန်ထူးဆန်းတယ်။ သခင်လေး မလာခင်တုန်းက ကျွန်တော်တို့ ကျင့်ကြံသူသုံးယောက် သူ့ဓားသွားအောက်မှာ သေသွားတာ” ယွီရှန်းရုန်က ပြုံးလိုက်၏။

"သူ့ရဲ့ဓားရေးကျွမ်းကျင်မှုက ငါ့ရဲ့အဆင့်သတ်မှတ်ချက်ကို မှီမယ်လို့ မျှော်လင့်တယ်”

"..."

ရှန်ပေ့ပတ်လမ်း ယခုအချိန်၌ အဆင်ပြေနေတာကို မြင်ပြီးနောက် လုကျိုးသည် ယဲ့ထျန်းရှင်းကို စစ်ဆေးလိုက်သည်။ လက်ရှိတွင် သူ ရောက်ရှိနေသည့်နေရာက အဆင်ပြေသည်။

သို့သော် တောအုပ်ထဲ၌ ကြမ်းတမ်းခက်ထန်သားရဲများစွာ ပြေးနေ၏။ လူသားများက မြို့ကြီးဆီသို့ ပြန်လည်ဆုတ်ခွာနေရသည်။

ကြမ်းတမ်းခက်ထန်သားရဲများ တစ်လိုင်းပြီးတစ်လိုင်းရောက်လာကာ လူသားများ မရှိသည့်နေရာကို သိမ်းပိုက်လိုက်သည်။

လုကျိုးသည် အမြင်စွမ်းအားကို ဖြတ်တောက်ကာ အတွေးနစ်သွားတော့သည်။ အထွတ်အထိပ်ဆန်းကြယ်ကတ်ဖြင့်တောင် ဤအခြေအနေကို သူ့တစ်ယောက်တည်း ပြောင်းလဲရန် ခက်ခဲလှသည်။ သူပြုလုပ်နိုင်ရန်က မူအာ့ထျဲ၊ ဖန်ရော့ရှီးနှင့် သားရဲဧကရာဇ်ကိုရှာရန်ပဲဖြစ်သည်။ သို့သော် သူတို့သုံးယောက်သည် အသတ်ခံရမှာကို ထိုင်စောင့်နေမည်လော။ မဟုတ်တာ သိသာ၏။

အခြေအနေက အတော်လေးရှုပ်ထွေးထားသည်။ ရှောင်ယွမ်အာနှင့် ခရုလေးက ဘုံတစ်ထောင်လေပွေအဆင့်သို့ မရောက်သေးပေ။ ထို့ပြင် သူ့၌ လုံလောက်သော တိုက်ခိုက်ရေးအတွေ့အကြုံ မရှိ။ သူ၏သတ္တမမြောက်နှင့် ပဉ္စမမြောက်တပည့်က တော်ဝင်နန်းတော်ကို စောင့်ကြပ်ရန်သာ သင့်တော်၏။

"ယန်ကျန်းလော့နဲ့လုလီက ကျန်းပေ့ပတ်လမ်းကို စောင့်ကြပ်နိုင်လောက်မှာ”

ပြီးနောက် လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်အကြောင်း စဉ်းစားလိုက်၏။ သူတို့၌ ကြွယ်ဝသော တိုက်ခိုက်ရေးအတွေ့အကြုံရှိပြီး သေရေးရှင်ရေးအခြေအနေများစွာကို ဖြတ်ကျော်ခဲ့၏။ သို့သော် သူတို့ယခုအနားတွင်မရှိပေ။ အချိန်ကျလာပါက လူမလုံလောက်မှာကို စိတ်ပူနေမိသည်။

လုကျိုးသည် အမြင်စွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်ပြန်၏။

မကြာမီ၌ မီးပြင်းဖိုကဲ့သို့ အရံအတားဝန်းရံနေသည့် နေရာတစ်ခုကို တွေ့သွားသည်။ နေရာတစ်ခုလုံး အနီရောင်အလင်းပြည့်နေ၏။

ဘန်း ဘန်း ဘန်း

ထိုစဉ် တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို လွှဲယမ်းလျက် လေးထောင့်သေတ္တာကို တွန်းကန်လိုက်သည်။

လေထဲ၌ စွမ်းအင်စည်းတံဆိပ်များပြန့်လာပြီး လေးထောင့်သေတ္တာက ပျံသန်းသွား၏။ ရံဖန်ရံခါ၌ လျို့ဟယ်တာအိုစည်းတံဆိပ်နှင့် ပါ့ကွက ပေါ်လာသည်။ တစ်ချိန်တည်းတွင် ကျန်သည့် အကြီးအကဲသုံးဦးက ဘေးတွင်ရပ်ကာ တိုက်ခိုက်မှုကို ကြည့်နေ၏။

ဘန်း

တွမ့်မူရှန်းက ချွေးစေးများပြန်နေကာ အပြာရောင်သွေးကြောများက သူ၏လက်မောင်းပေါ်၌ ဖောင်းကြွနေတော့သည်။ ထိုစဉ် သူက နယ်ရှင်လှံကို ထိုးစိုက်လိုက်ပြီး ချေမှုန်းနိုင်သော အဟုန်ကို ဆောင်ယူလိုက်၏။

"မပြည့်စုံသော နတ်ဒေဝါဖျန်ဖြေခြင်း”

လှံသည် လေးထောင့်သေတ္တာပေါ် ကျရောက်သွား၏။

ဖုန်း

လေးထောင့်သေတ္တာက မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။

ထိုစဉ် ဖန်လီထန်းက အပြုံးတစ်ပွင့်ဖြင့် ဝင်ပြောလိုက်သည်။

"ဟုတ်ပြီ ... တိုက်တာရပ်တော့။ ဒီတစ်လှည့် တွမ့်မူရှန်းနိုင်တယ်” လေးထောင့်သေတ္တာသည် ဟွားဝူတောက် ၎င်းးထဲမှ ပြန်ထွက်လာစဉ် လျင်မြန်စွာ ကျုံ့သွား၏။ သူက ချောင်းဆိုးပြီးနောက် သူ့ကိုယ်သူ ဟန်ချက်ထိန်းရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ ပြီးနောက် သူက သက်ပြင်းချပြီးနောက် ပြောလိုက်သည်။

"သိပ်သည်းမှုက မြင့်လွန်းတယ်။ တတိယသခင်လေး မကြာခင်မှာ ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်သင့်ပြီ”

"ငါ ထောက်ခံတယ်” ဖန်လီထန်းက ခေါင်းညိတ်လိုက်သည်။

ကျော့ယွီရှုက ဝင်ပြောလိုက်၏။

"ငါလည်းထင်တယ်။ နှစ်ဝက်ကျော် ကုန်လွန်သွားပြီးနောက် လောင်ဖန်နဲ့ငါတို့ ဒဿမမြောက်ပွင့်ချပ် အောင်မြင်စွာ ဖူးပွင့်နိုင်ခဲ့ပြီ။ တတိယသခင်လေးက ဒဿမမြောက်ပွင့်ချပ် မဖူးပွင့်ရသေးပေမဲ့ သူ့အလားအလာက ငါတို့ထက် ပိုကောင်းတယ်”

ဤနေရာရှိ လူများအနက် ဟွားဝူတောက်နှင့် တွမ့်မူရှန်းသာလျှင် ဒဿမမြောက်ပွင့်ချပ် မဖူးပွင့်သေးတာပဲဖြစ်သည်။

လန်လော့က အသက်ဓာတ်နှလုံးသားတစ်ခု ထုတ်ယူလျက် ပြောလိုက်သည်။

"လိုအပ်လာရင် မင်း ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ဖို့ ကူညီပေးဖို့ ငါတို့ရဲ့အသက်ဓာတ်နှလုံးသားတွေ မင်းဆီ ပေးနိုင်တယ်”

တွမ့်မူရှန်းသည် ထိုစကားကို ကြားသောအခါ ရင်ထဲထိသွားသည်။ သူက ပြောလိုက်သည်။

"အသက်ဓာတ်နှလုံးသားက ခင်ဗျားအပိုင်။ ဒါတွေကို ကျုပ်လက်မခံနိုင်ဘူး။ ဒဿမပွင့်ချပ် ဖူးပွင့်လာတဲ့အချိန် အသက်ဓာတ်နှလုံးသားတစ်ခု ရလိမ့်မယ်။ ခင်ဗျားရဲ့ကြင်နာမှုကို ကျုပ် အသိအမှတ်ပြုပါတယ်”

လူတိုင်းက ခေါင်းညိတ်လိုက်၏။

ဟွားဝူတောက်က ပြောလိုက်သည်။ "အရင်ဆုံး အနားယူဦး။ ကြယ်တာရာအစုအဝေးရဲ့အာနိသင်က တကယ့်ကို ထူးကဲတာ။ ဒီနေရာမှာ နှစ်ဝက်ကျင့်ကြံတာက အပြင်လောကမှာ ရှစ်နှစ်ကနေ ဆယ်နှစ်ကျင့်ကြံသလိုပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က ကြမ်းတမ်းခက်ထန်လွန်းတယ်”

ကြွယ်ဝသော ကနဦးချီအပြင် ပတ်ဝန်းကျင်က ကြမ်းတမ်းလွန်း၏။ ပူသည့်အချိန်တွင် အင်မတန်ပူပြီး အေးသည့်အချိန်တွင် အေးခဲနေတော့သည်။ အပင်များ၊ ရေများ မရှိ။ အဆုံးမဲ့ အသူရာချောက်နက်သာလျှင် ရှိပေ၏။

"အကြီးအကဲတို့ ကျေးဇူးပြုပြီး အရင်ဆုံးနားလိုက်ပါဦး။ ကျွန်တော် ဆက်ကျင့်လိုက်ဦးမယ်”

တွမ့်မူရှန်းက ပြောလိုက်၏။

အကြီးအကဲများစိတ်ထဲ သက်ပြင်းချလိုက်၏။ တွမ့်မူရှန်း၏ ဇွဲလုံ့လကို မြင်နိုင်သည်။ သူက အနားယူဖို့တောင် မရပ်ခဲ့ပေ။ သူတို့ အနားယူချိန်တွင်တောင် သူက ကျင့်ကြံနေသေး၏။

ဝူး

ကြယ်တာရာစုစည်းရေး အစီအရင်က ရုတ်တရက်မြည်ဟည်းလာသည်။

ကျော့ယွီရှုက ထရပ်လျက် သူမ၏နဂါးရစ်ခွေတောင်ဝှေးကို ဆွဲထုတ်ပြီးနောက် အစီအရင်အဆုံးသို့ ပျံသန်းသွားသည်။ "စိတ်မပူနဲ့ ငါတစ်ချက် သွားကြည့်လိုက်မယ်”

ဤနေရာရှိလူများအနက် ကျော့ယွီရှုသာလျှင် အစီအရင်များအကြောင်း သိတာဖြစ်သည်။ သူမက အဆုံးသို့ပျံသန်းပြီးနောက် ထွင်းစာများကို စစ်ဆေးကြည့်သည်။ ထူးဆန်းသော ဆူညံသံရင်းမြစ်ကို ရှာဖွေနေ၏။ သူမ မျက်မှောင်ကျုံ့ပြီး ရေရွတ်ပြောလိုက်သည်။

"ထူးဆန်းလိုက်တာ .., ကြယ်တာရာစုစည်းရေးအစီအရင်က ကွဲပြားတယ် မထင်ပေမဲ့ ဘာကြောင့် နည်းနည်းကျုံ့သွားရတာလဲ”

"ထပ်ကျုံ့သွားတာလား” ဖန်လီထန်းက အသံပို့လိုက်၏။

"ဟုတ်တယ်။ ဒီတစ်ခေါက် နှစ်မီတာလောက်ကျုံ့သွားပြီ။ ဒီနှုန်းနဲ့ဆိုရင် ကျွန်မတို့ကျင့်ကြံမှုနဲ့ကော နေရာသိပ်မကျန်လောက်တော့ဘူး။ ကြိမ်နှုန်းက ပိုမြင့်လာတာ” ကျော့ယွီရှုက ပြန်ပြောလိုက်၏။

"ဒီအစီအရင်က ထူးဆန်းလိုက်တာ။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေပြောတာတော့ အရင်တုန်းက အစီအရင်ထဲမှာ လူတော်တော်များများ သေခဲ့တယ်တဲ့။ ဒါကြောင့် သူတို့သေသွားတာများလား”

ကျော့ယွီရှုက ပြောလိုက်၏။ "မဟုတ်ဘူး။ ဒီအစီအရင်က သတ်ဖြတ်တဲ့အစီအရင်နဲ့မတူဘူး။ အခု ရှင်ပြောတော့မှပဲ ဒီမှာလူတွေအများကြီး သေခဲ့တယ်ဆိုတော့ အကြွင်းအကျန်တစ်ခုခု ဒါမဟုတ် တစ်ခုခုရှိသင့်တယ်”

သူမပြောပြီးသည်နှင့် အကြီးအကဲသုံးဦးသည် ချောက်ကမ်းပါးကို တညီတညွတ်တည်း ကြည့်လိုက်မိ၏။

ကျော့ယွီရှုက သဘောပေါက်သွားကာ ချက်ချင်းပျံသန်းသွားလိုက်သည်။

ဝှစ်

ချောက်ကမ်းပါးအောက်ခြေမှ လေများတိုက်ခတ်လာပြီး ယင်းက လတ်ဆတ်ကာ အေးမြလန်းဆန်းစေ၏။

ကျော့ယွီရှုက မျက်မှောင်ကျုံ့လိုက်ကာ တစ်စုံတစ်ခုလွဲချော်နေတာကို အာရုံခံမိသွားသည်။

"ချောက်နက်အောက်ခြေကနေ အသံလာတာပဲ။ လေပြင်းကြောင့် ဖြစ်လောက်တယ်”

"ဒါဖြစ်နိုင်တယ်။ ဒါပေမဲ့ အစီအရင်ကျုံ့သွားတာနဲ့ အသံက ဘာဆိုင်လို့လဲ။ ဒီလိုတိုက်ဆိုင်မှု ရှိနိုင်ပါ့မလား” ဖန်လီထျန်းက ပြောလိုက်၏။

အကြီးအကဲလေးဦးက တစ်ဦးနှင့်တစ်ဦးကြည့်လိုက်သည်။

ကျော့ယွီရှုက ပြောလိုက်၏။

"ဘယ်သူသိမှာလဲ။ ပြောရရင် ကြယ်တာရာစုဝေးခြင်းအစီအရင်က ရှေးပညာရှိတွေချန်ထားတဲ့ ရှေးအစီအရင်တစ်ခုပဲ။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက မသိသေးတဲ့ ကိစ္စတွေအများကြီးပဲ”

ဝူး

ထူးဆန်းသော ဆူညံသံသည် ယခင်ကထက်တောင် ပိုကျယ်လောင်လာပေ၏။

ထိုစဉ် လေပြေလေညင်းက ရုတ်တရက်ဆွဲငင်အားအဖြစ် ပြောင်းလဲသွားသည်။

ကျော့ယွီရှုက သူမ၏နဂါးရစ်ခွေတောင်ဝှေးကို အမြန်လွဲယမ်းကာ အဆောင်စည်းတံဆိပ် ထောင်သောင်းချီကို အမြန်ထုတ်လွင့်လိုက်သည်။ သူမ၏မူလနေရာသို့ ပြန်ဆုတ်လာပြီးနောက် ပြောလိုက်၏။ "ချောက်ကမ်းပါးနား မသွားနဲ့”

"ဘာတွေဖြစ်နေတာလဲ”

"ဒီကြယ်တာရာစုစည်းရေးအစီအရင်က မသေချာပေမဲ့ လူသားစားတဲ့အစီအရင်ဖြစ်လောက်တယ်”

ကျော့ယွီရှုက ပြောလိုက်၏။

"လူသားစားတဲ့အစီအရင်လား”

ဖန်လီထန်းက ထိတ်လန့်သွား၏။

"အကြီးအကဲကျော့ ခင်ဗျား နောက်နေတာလား။ ဒါသာ လူသားစားတဲ့အစီအရင်ဆိုရင် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေ ဘယ်လိုလုပ် ရှင်မှာလဲ”

ကျော့ယွီရှုက ပြောလိုက်၏။ "မသေချာဘူးလို့ ပြောသားပဲ။ ကြမ်းတမ်းခက်ထန်သားရဲတွေတောင် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေကို စားသောက်နေတာ။ ဒီအစီအရင်ကလည်း မစားဘူးလို့ ဘယ်သူက သိမှာလဲ”

"ဒါဆိုရင် ဘာစောင့်နေကြတာလဲ။ သွားကြမယ်” ဖန်လီထန်းက လှည့်ပြောလိုက်၏။

"ကြယ်တာရာစုစည်းရေးအစီအရင်က မိုးနဲ့မြေရဲ့ အဆီအနှစ်နဲ့ ကနဦးချီကို စုဝေးပေးရုံမကဘူး လူသားအဆီအနှစ်ပါ စုစည်းပေးနေမယ်ဆိုရင်ကော အခုတွေးကြည့်တော့ လူသားစားအစီအရင်တစ်ခု ဖြစ်မယ်လို့ ထင်မိသွားပြီ”

တွမ့်မူရှန်းက မျက်မှောင်ကျုံ့မိသွား၏။ သူ လှည့်ကြည့်မိလိုက်သည်။ ဤနေရာ၌ နှစ်ဝက်ကျော် ကျင့်ကြံပြီးနောက် ထွက်သွားရမှာ နှမြောနေ၏။

ဝူး

အသံက ကျယ်လာပြန်၏။

သူတို့နားရှိ မီးပြင်းဖိုကဲ့သို့ အရံအတားက ကျုံ့လာပြန်၏။ ယခင်ကနှင့်ယှဉ်လျှင် နှစ်ဆနီးပါး ဖြစ်သွားသည်။

လန်လော့က တည်ငြိမ်စွာ ပြောလိုက်၏။

"သွားကြမယ်”

လန်လော့သည် ကိုယ်ပျောက်တာအိုကျင့်စဉ်ကို အရင်ဆုံး သုံးလိုက်ပြီး ကြယ်တာရာစုစည်းရေး ဝင်ပေါက်သို့ သွားလိုက်ကာ ပုံရိပ်ယောင်များ ချန်ရစ်ခဲ့၏။ သူ ဝင်ပေါက်ဆီသို့ ရောက်တော့မည့်အချိန်တွင် ...

ဘန်း

သူ့ရှေ့၌ အရံအတားတစ်ခု ရုတ်တရက် ပေါ်လာကာ သူ နောက်သို့ လွင့်ထွက်သွားတော့၏။

ဝင်ပေါက်က ချိပ်ပိတ်ခံလိုက်ရသည်။

ဝူးးးးးးးးးးး

အသံသည် ယခင်ကထက် ပိုကျယ်လောင်လာသည်။

တစ်စုံတစ်ယောက်က ချောက်နက်၏ အောက်ခြေ၌ ရှေးဟောင်းလေမှုတ်တူရိယာတစ်ခုကို တီးခတ်နေသလိုပင်။

"ကျုပ် သွားကြည့်မယ်” တွမ့်မူရှန်းက မြန်ဆန်သောအရှိန်ဖြင့် ပျံသန်းသွားကာ နယ်ရှင်လှံကို ဝေ့ယမ်းလျက် လှိုင်းလုံးထောင်ချီကို ဆောင်ယူလာ၏။ စွမ်းအင်လှံထောင်သောင်းချီက ဝေဟင်ဆီ ဦးတည်သွားတော့သည်။

ဘန်း ဘန်း ဘန်း

တိုက်ခိုက်မှုသည် ဖြုံလောက်သော်ငြား တွမ့်မူရှန်းနှင့် သူ၏တိုက်ခိုက်မှုသည် အရံအတားကြောင့် တွန်းလှန်ခံလိုက်ရသည်။

ထိုစဉ် ကျော့ယွီရှုက ထိတ်လန့်နေသော အမူအရာဖြင့်ပြောလိုက်၏။

"မဟုတ်ဘူး။ တစ်ယောက်ယောက်က ဒီအစီအရင်ကို ထိန်းချုပ်နေတယ်”

...

အခန်း (၁၁၁၂) ငါတို့ရဲ့ ကောင်းချီးနဲ့အတူ မြင့်တက်သွားတော့

“တစ်ယောက်ယောက်က ကြယ်တာရာစုစည်းရေး အစီအရင်ကို ထိန်းချုပ်နေတဲ့ပုံပဲ”

အကြီးအကဲလေးဦးက ဘေးပတ်လည်ကို ကြည့်ကာ တရားခံကို လိုက်လံရှာဖွေဖို့ ကြိုးစားနေကြသည်။ ကံဆိုးစွာဖြင့် သူတို့က အချိန်အတော်ကြာ ရှာပြီးသည့်နောက်တွင်ပင် ဘာမှမတွေ့ခဲ့ရပေ။

“ဝုန်း”

တောင်ပေါ်မှ ကျောက်တုံးများက ၂ဖက်လုံးမှ လိမ့်ဆင်းလာသည်။

အကြီးအကဲလေးဦးလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြ၏။

“မစိုးရိမ်နဲ့။ ဒီနေရာကထွက်သွားဖို့ လမ်းကြောင်းရှာလိုက်မယ်။ ငါက တရားခံနဲ့ ပတ်သက်ပြီးတော့ပဲ စိုးရိမ်နေတာ”

ကျော့ယွီရှုက ပြောလိုက်သည်။

တွမ့်မူရှန်းက နယ်ရှင်လှံကို မြှောက်ကာ မြေကြီးထဲ ထိုးစိုက်လိုက်သည်။

“အဲဒီဥာဏ်များတဲ့သူကို ဖမ်းမိရင် သေချာပေါက် အပိုင်းပိုင်းအစစကို ထိုးစိုက်ပစ်အုံးမယ်”

“အခု အားသုံးနေရမဲ့အချိန် မဟုတ်ဘူး။ ထွက်လမ်းရှာပြီး ထွက်သွားစို့”

အကြီးအကဲလေးဦးက တစ်ပြိုင်နက် ပျံသန်းလိုက်ကြသည်။ သူတို့က မှိန်‌ဖျော့ဖျော့ အကာအယံသည် ကြယ်တာရာစုစည်းရေး အစီအရင်အတွင်း ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ သူတို့က ယခုအခါ အထဲတွင် ပိတ်မိနေပြီ ဖြစ်၏။

တောင်ကြားအောက်ခြေမှ ထူးထူးဆန်းဆန်းအသံများက တစ်ခုနှင့် တစ်ခု ထူးဆန်းစွာဖြင့် အားဖြည့်ပေးနေသည်။

“သတ္တမသခင်လေးကို ဆက်သွယ်လိုက်”

“ကောင်းပြီ”

လန်လော့က အစီအရင်ကို အသက်မသွင်းခင် မြေကြီးပေါ်မှ အစီအရင်စာရွက်ကို ရုတ်သိမ်းလိုက်သည်။ သို့သော်လည်း ထိုအဆောင်က မီးစွဲသွားသည်နှင့် ချက်ခြင်းဆိုသလို ငြိမ်းသက်သွား၏။

ဘာမှ ဖြစ်မလာခဲ့ပေ။

“သွားပြီ။ သတ္တမသခင်လေးနဲ့ ဆက်သွယ်လို့ မရတော့ဘူး” လန်လော့က ပြောလိုက်သည်။

……………..

လုကျိုးက သူ့ကိုယ်သူ ရေရွတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“အခုချိန် ငါ ပြေးသွားတယ်ဆိုရင်တောင် အချိန်မီမှာ မဟုတ်လောက်ဘူး”

မြို့တော်မှ မြောက်ပိုင်းနယ်မြေဆီ သွားဖို့ရာအတွက် အနည်းဆုံး ၂နာရီခန့် ကြာမြင့်မည် ဖြစ်၏။ အကယ်၍ ယခင်ကလိုဆိုပါက ပို၍ပင် ကြာမြင့်နိုင်သေးသည်။

သူက တွမ့်မူရှန်းကို ဗဟိုပြုလျက် မြင်ကွင်းကို ချဲ့ထွင်ဖို့ ကြိုးစားခဲ့သည်။ သူက လေထဲရှိ မြက်ပင်များ ယိမ်းဝေနေသည်ကို မြင်လိုက်ရသော်လည်း ‌ဘေးပတ်ဝန်းကျင်ကို ကြည့်သည့်အခါ ထူးထူးဆန်းဆန်းအရာ ဘာမှ မတွေ့ရပေ။ အမြင်စွမ်းအင်၏ လက်ရှိစွမ်းအားက သိပ်မလုံလောက်သေးပေ။

“ဝုန်း”

လေပြည်တစ်ချက် တိုက်ခတ်သွားပြီး ကြယ်တာရာစုစည်းရေး အစီအရင်က ကျုံ့သွားလေသည်။

အားကောင်းသည့် စုပ်ယူအားတစ်ခုက တောင်ကြားအောက်ခြေမှ ပေါ်ထွက်လာခဲ့၏။ တွမ့်မူရှန်းနှင့် အကြီးအကဲလေးဦးက သတိလက်လွတ် ဖြစ်သွားကြလေသည်။ ၅ယောက်သား တောင်ကြားအောက်ခြေသို့ ဆွဲယူခံလိုက်ရ၏။

“စိတ်ဝိညာဥ်သဏ္ဌာန်”

ဝှစ် ဝှစ် ဝှစ်

၅ယောက်သားက စိတ်ဝိညာဥ်သဏ္ဌာန်ကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။

၅ယောက်လုံးက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်များ ဖြစ်ပြီး ၃ခုက ပွင့်ချပ်၁၀လွှာရှိကာ ၂ခုကမူ ပွင့်ချပ်၉ လွှာသာ ရှိလေသည်။

သူတို့ စိတ်ဝိညာဥ်သဏ္ဌာန်မှ ထုတ်လွှတ်လာသည့် စွမ်းအားများက သူတို့အား စုပ်ယူအားကို ခုခံဖို့ ခွင့်ပြုပေးထားသည်။

“အကြီးအကဲကျော့ နည်းလမ်းရှာမယ်လို့ မပြောခဲ့ဘူးလား။ အခု ဘယ်မှာလဲ”

ဖန်လီထျန်းက မေးလိုက်သည်။

“ပါးစပ်ပိတ်ထား။ ငါ စဥ်းစားနေတယ်”

စုပ်ယူအားက စိတ်ဝိညာဥ်သဏ္ဌာန်များကိုပင် အနည်းငယ် ဆွဲယူနေ၏။ ၅ယောက်သားက ကနဦးချီကို အသုံးပြု၍ ခုခံထားရသည်။

“ဒါက လူသားစားသုံးရေး အစီအရင်က လူသားတွေကို စားသုံးတဲ့ပုံစံလား”

“သတ္တမသခင်လေးက ကြယ်တာရာစုစည်းရေးအစီအရင်ကို ကောင်းကင်မှာရှိတဲ့ ကြယ်တာရာ ၃၆၅လုံးကနေ အားဖြည့်ပေးထားတယ်လို့ ပြောဖူးတယ်။ ဒီအစီအရင်ကို ခင်းကျင်းဖို့ဆိုရင် ၃၆၅လုံးဆီက စွမ်းအင်တွေကို သန့်စင်ဖို့ လိုအပ်တယ်။ တစ်ကယ်တော့ ဒီအစီအရင်က ချုပ်နှောင်ရေးအစီအရင်နဲ့ဆိုရင် ၂ဆ ဖြစ်သွားလိမ့်မယ်။ တစ်ကယ်လို့ လူတစ်ယောက်က ဒီအစီအရင်အတွင်း ပိတ်မိနေတယ်ဆိုရင် သူတို့ဆီမှာ ဘယ်လို အထွတ်အထိပ်နည်းစနစ်ပဲရှိရှိ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ကျော့ယွီရှုက ပြောလိုက်သည်။

“စီးဝူယာ့က ဒါကိုသိရက်နဲ့ ငါတို့တွေကို ဘယ်လိုလုပ် လွှတ်လိုက်တာတုံး” ဖန်လီထန်းက ဆွံ့အနေမိသည်။

“ဒါက သူ့အမှား မဟုတ်ဘူး။ သူလည်း လူတွေက လှည့်ကွက်ကစားမယ်လို့ ထင်မထားလို့နေမယ်။ ဘယ်သူ့လက်ချက်ပါလိမ့်” ကျော့ယွီရှုက ပြောလိုက်သည်။

“အခု အဲဒီအကြောင်း စဥ်းစားနေရမဲ့ အချိန်မဟုတ်ဘူး။ အခု မြန်မြန်လွတ်ဖို့ နည်းလမ်းရှာ”

လန်လော့က ကိုယ်ပျောက်တာအိုကို အသုံးပြုကာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူက ဆယ်မီတာအထက် မြင့်တက်ပြီးသည့်နောက်တွင် စုပ်ယူအားကြောင့် ပြန်လည်ဆွဲချခံလိုက်ရသည်။ ၁၀ ကြိမ်ကြိုးစားပြီးသည့်နောက်တွင် သူက လက်လျှော့ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။

“ဝှစ် ဝှစ် ဝှစ်”

ထိုစဥ် အားကောင်းသည့် လေဓားက အပေါ်မှ ဆင်းသက်လာသည်။

စုပ်ယူအားက ရှေးဦးချီကို ဆွဲယူကာ သာမန်စွမ်းအင်ဓားများထက်ပင် ပိုမိုကြမ်းတမ်းသည့် စွမ်းအားတစ်ခု ဖြစ်ပေါ်လာစေသည်။

“ဘမ်း ဘမ်း ဘမ်း”

လေဓားများက စိတ်ဝိညာဥ်သဏ္ဌာန်ပေါ် ကျရောက်လာပြီး၅ယောက်လုံးကို ပြုတ်ကျသွားစေသည်။ တစ်ချိန်တည်းဆိုသလို သူတို့က တောင်ကြားထဲ ဆွဲယူခံနေရ၏။

“အောက်မှာ ဘာတွေရှိနေတာလဲ။ နောက်ထပ် အစီအရင်လား”

“ကြယ်တာရာစုစည်းရေး အစီအရင်ရဲ့ ဗဟိုချက်က ဒီမှာရှိတဲ့ပုံပဲ။ ငါတို့တွေ ဆွဲယူခံရလို့မဖြစ်ဘူး။ ငါတို့တွေ ပြုတ်ကျသွားရင် ဘယ်လိုဖြစ်မယ်ဆိုတာ သိမှာ မဟုတ်ဘူး”

ကျော့ယွီရှုက နဂါးရစ်ပတ်တောင်ဝှေးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

တောင်ဝှေးက လေထုထဲတွင် ဝှေ့ပတ်ကာ အဆောင်များစွာကို ထုတ်လွှတ်လာပြီး ကောင်းကင်မှ ကျဆင်းလာသည့် လေဓားများကို ခုခံပေးနေသည်။ ထိုအရာက သူတို့အပေါ်ရှိ ဖိအားကို အနည်းငယ် သက်သာသွားစေ၏။

အဆောင်က ရွှေရောင်လိပ်ပြာများသဖွယ် ဖြစ်ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ကျော့ယွီရှု၏ လှုပ်ရှားမှုက သူတို့ကို အချိန်တစ်ခု ဆွဲယူပေးနိုင်ခဲ့သော်လည်း ကြာရှည်မခံပေ။

“လေးထောင့်သေတ္တာ”

ဟွားဝူတောက်က လက်နှစ်ဖက်ကို ပူးကာ ပြောလိုက်သည်။

“ဝုန်း”

လေးထောင့်သေတ္တာက ကြီးမားလာပြီး လူ၅ယောက်၏ ခြေ‌ထောက်အောက်ခြေသို့ ရောက်လာကာ ပင့်မပေးထားသည်။

ဤသို့ဖြင့် ဟွားဝူတောက်က ဖိအားအားလုံးကို တစ်ယောက်တည်း ခုခံနေသည်။ ထိုအကြောင်းအရင်းကြောင့် သူသည် အချိန်ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး ဖိအားက အဆများစွာ တိုးပွားလာသည့်အခါ သူ့မျက်နှာက နီရဲလာလေ၏။ သူက သက်တောင့်သက်သာ မဖြစ်သလို ခံစားနေရသည်။

“ကျွန်တော် လုပ်လိုက်မယ်” တွမ့်မူရှန်းက ပြောလိုက်သည်။

သူက ဟွားဝူတောက်နှင့် အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးသည့်အတွက် လေးထောင့်သေတ္တာအပေါ် နားလည်နိုင်စွမ်းက ဟွားဝူတောက်ထက်ပင် ပိုကောင်းလေ၏။

မျက်စိတစ်မှိတ်အတွင်း သူက လေးထောင့်သေတ္တာ၏ အောက်ခြေတွင် ပေါ်ထွက်လာခဲ့သည်။

“နဂါးလှံ”

စွမ်းအင်လှံ သောင်းဂဏန်းက တန်းစီကာ ပေါ်ထွက်လာလေ၏

“ဘမ်း ဘမ်း ဘမ်း”

ကြယ်တာရာစုစည်းရေး အစီအရင်တွင် ထိပ်တိုက်တွေ့ကာ ပဲ့တင်သံများ ထွက်ပေါ်လာခဲ့သည်။

လေးထောင့်သေတ္တာက မီတာ၅၀မျှ မြင့်တက်သွားခဲ့၏။

“တွမ့်မူရှန်း တက်လာခဲ့တော့”

ဟွားဝူတောက်က လျှို့ဝှယ် စည်းတံဆိပ်ကို ချမှတ်ရင်း တွမ့်မူရှန်းကို ဆွဲခေါ်ကာ ပြောလိုက်သည်။ သူက တွမ့်မူရှန်းနှင့် ရင်ဆိုင်ရသည်ကို သဘောမကျသော်လည်း အချိန်အတော်ကြာ လက်ရည် စမ်းပြီးသည့်နောက်တွင် တွမ့်မူရှန်းကို သဘောကျလာမိသည်။ တွမ့်မူရှန်းကို အကျိုးအကြောင်းမသင့် လုပ်ဆောင်ဖို့ မည်သို့ ခွင့်ပြုပေးနိုင်မည်နည်း။

“အကြီးအကဲဟွား ဘာလုပ်နေတာလဲ” တွမ့်မူရှန်းက နားမလည်နိုင်ဖြစ်နေမိ၏။

“မင်းစွမ်းအားကို ချွေတာထား။ ဘာမှ မဆင်မခြင်မလုပ်နဲ့”

ဟွားဝူတောက်က လက်ဟန်ကို ပြောင်းလဲလိုက်သည်။ သူက သူသိထားသမျှ တာအိုလက်ဟန်အားလုံးကို ထုတ်သုံးလိုက်၏။

“ဘမ်း ဘမ်း ဘမ်း “

လေဓားက ပိုမိုအားကောင်းလာပြီး စုပ်ယူအားကပင် ရုတ်တရက် အဆများစွာ တိုးပွားသွားလေသည်။

လေးထောင့်သေတ္တာက အလျင်အမြန် ကျဆင်းသွားပြီး တောင်စွန်းမှ မီတာ၁၀၀မျှ ကျဆင်းသွားခဲ့သည်။

လုကျိုး၏ အမြင်က ထိုရုတ်တရက် စုပ်ယူအားကြောင့် သက်ရောက်ခံလိုက်ရ၏။ သူက လှည့်ကြည့်လိုက်သည့်အခါ ကြယ်တာရာစုစည်းရေးအစီအရင် အပြင်ဘက်တွင် အနက်ရောင်ပုံရိပ်တစ်ခု ချောင်းကြည့်နေသည်ကို မြင်လိုက်ရသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ ပုံမှန်သဘောတရားအရ အနက်ရောင်ကြာနယ်မြေမှ လူများသည် တွမ့်မူရှန်း၏ တည်နေရာကို မသိလောက်ပေ။

ထို့အပြင် သူတို့အနေဖြင့် တွမ့်မူရှန်းနှင့် အကြီးအကဲလေးဦးကို ပစ်မှတ်ထားဖို့လည်း မရှိပေ။

“ဒါက တိုက်ဆိုင်မှုတစ်ခုလား”

သူ့အမြင်အာရုံက ပိုမိုဆိုးရွားလာလေ၏။ သူက အမြင်စွမ်းအားမန္တန်ကို ရွတ်ဖတ်နေရသည်။ ထို့ကြောင့် အထွတ်အထိပ် စွမ်းအားကို များစွာ အသုံးပြုနေရ၏။ သိပ်မကြာခင် သူက တစ်ခြားသူများကို ရှင်းရှင်းလင်းလင်း ပြန်လည်မြင်လိုက်ရသည်။

လူ၅‌ယောက်ကို လေများ တိုက်ခိုက်နေလေ၏။ တစ်ချိန်တည်းဆိုသလို လေဓားများကလည်း သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်ပေါ် ကျဆင်းလာသည်။

“ဒီလိုသာဖြစ်နေရင် ငါတို့အားလုံး သေသွားလိမ့်မယ်”

ကျော့ယွီရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ထိုစကားကို ကြားကာ ဖန်းလီထန်းက ရယ်မောလိုက်၏။

“ဘာတွေရယ်နေတာလဲ”

လန်လော့က သိချင်စွာမေးလိုက်သည်။

“ငါက ဒီလောက်အကြာကြီး နေပြီးပြီ။ ဘာများကြောက်နေရအုံးမှာလဲ။ ပြီးတော့ ငါ့ဆီမှာ အကြံတစ်ခုရှိတယ်”

ဖန်လီထန်းက ပြောလိုက်သည်။

တစ်ခြား၃ဦးက ဖန်လီထန်းကို တစ်ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

တွမ့်မူရှန်း တစ်‌ယောက်တည်းကသာ စိတ်ရှုပ်ထွေးနေဟန်ပေါ်သည်။

“ဘာလဲ သူတို့က စိုက်ကြည့်တာ ပြိုင်နေတာလား”

မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးက ကျင့်ကြံရေးစန်များကို မကြာခဏ ဆွေးနွေးလေ့ရှိသည်။ အထူးသဖြင့် ကြာပွင့် မပါရှိသည့် ကျင့်ကြံရေးနည်းစနစ်များ ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် တစ်ခုတစ်ရံတွင် သူတို့က တစ်ဦးနှင့် တစ်ဦး တစ်ချက်ကြည့်ရုံမျှဖြင့် စိတ်ထဲတွင် ဘာရှိနေကြောင်း ပြောနိုင်ကြ၏။

ဖန်လီထန်းက ပြောလိုက်၏။

“ငါတို့အားလုံးရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်က ကြာပွင့်မပါဘူး။ ငါတို့ရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို အထပ်လိုက်တွန်းတဲ့ ပထမဦးဆုံး လေ့ကျင့်မှု အချိန်ကို မှတ်မိကြသေးလား”

“ဒါပေါ့၊ မှတ်မိတာပေါ့”

“အဲဒီနည်းစနစ်ကို သုံးရအောင်။ ဘယ်လိုထင်လဲ”

“ငါ သဘောတူတယ်” ကျော့ယွီရှုက ပြောလိုက်သည်။

“ငါလည်း မငြင်းဘူး”

အဲ့လိုဆိုရင် ငါ့ရဲ့အပေါင်းအပါတွေကို အဖော်ပြုဖို့ အသက်ကို စတေးရတာပေါ့” ဟွားဝူတောက်က ပြုံးကာ ပြောလိုက်သည်။

ကျော့ယွီရှုကလည်း ပြောလိုက်၏။

“လုပ်လိုက်ကြ‌ရအောင်”တွမ့်မူရှန်းက ကြောင်အမ်းအမ်း အမူအရာမျိုးဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့က ဘာတွေပြောနေကြတာလဲ”

“ဝှစ်”

ဖန်လီထန်းက တွမ့်မူရှန်း၏ ပခုံးကို ရုတ်တရက် ဆွဲကိုင်လိုက်သည်။ တစ်ခုပြီးတစ်ခု စွမ်းအင်စည်းတံဆိပ်များက တွမ့်မူရှန်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်သွား၏။ ထို့နောက် သူက လက်ထဲမှ သေရည်ဘူးသီးခြောက်ကို ထုတ်ကာ တွမ့်မူရှန်းကို မြှင့်တင်ပေးလိုက်သည်။

“ပထမတစ်‌ယောက်ပဲ”

“ဝှစ်”

ပွင့်ချပ်၁၀လွှာ စိတ်ဝိညာဥ်သဏ္ဌာန်က ပေ၂၀၀ မြင့်မားလာပြီး တွမ့်မူရှန်းအား လေထဲ မြင့်တက်လာစေသည်။ တစ်ချိန်တည်းဆိုသလို လေး‌ထောင့်သေတ္တာက ကျယ်ပြန့်လာပြီး အံ့မခန်းအလျင်ဖြင့် ကြီးထွားလာလေသည်။ ထို့အပြင် တွမ့်မူရှန်း ပြုတ်ကျလာသည့် အလျင်ထက် မြန်ဆန်သည့် အချိန်တစ်ခု ထွက်ပေါ်လာကာ တွမ့်မူရှန်းကို အလွယ်တကူ ပင့်မပေးထား၏။

“ရပ်လိုက်တော့”

တွမ့်မူရှန်းက အော်ပြောလိုက်သော်လည်း မည်သူကမှ သူ့စကားကို နားမထောင်ကြပေ။

ကျော့ယွီရှုက အင်မတန် အရည်အချင်းရှိသူ ဖြစ်၏။ သူမက ပထမစိတ်ဝိညာဥ်သဏ္ဌာန်၏ ထိပ်သို့သွားကာ နဂါးရစ်ပတ် တောင်ဝှေးဖြင့် ဝှေ့ယမ်းလိုက်သည်။

“ဝှစ်”

နောက်ထပ် ပေ၂၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်‌ပေါ်လာကာ တွမ့်မူရှန်းကို ထပ်မံ ပင့်တင်ပေးလိုက်သည်။

ထို့နောက် လန်လော့က တာအိုစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။

နောက်ထပ် ပေ၂၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာခဲ့၏။

“နောက်ဆုံးတစ်ခုကို ကျုပ်ဆီ အပ်ထားလိုက်”

ဟွားဝူတောက်က ပြောလိုက်သည်။

သူက အပေါ်သွားမည့်အစား လေးထောင့်သေတ္တာပေါ်တွင် ရပ်လိုက်သည်။

ဟွားဝူတောက်၏ ပေ၁၅၀ မြင့်မားသည့် ရွှေကြာက ဖန်းလီထျန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆုပ်ကိုင်ကာ အောက်ခြေမှ ပင့်တင်ပေးလိုက်သည်။

စိတ်ဝိညာဥ်သဏ္ဌာန် ၄ခုလုံးက ကောင်းကင်ကို ပင့်မထားသည့် တိုင်လုံးသဖွယ် ထိပ်သို့ ရောက်ရှိသွားလေသည်။

“အသက်ဓာတ်စွမ်းအား”

အကြီးအကဲ၃ဦးလုံးက သူတို့၏ အသက်ဓာတ်စွမ်းအားကို လန်လော့ဆီ ပေးလိုက်ကြသည်။

ထို့နောက် လန်လော့က ပြောလိုက်၏။

“မင်းဆီမှာ ရွေးချယ်စရာ မရှိဘူး။ တွမ်မူရှန်း ငါတို့ကောင်းချီးနဲ့ မြင့်တက်သွားလိုက်တော့”

“ဘမ်း”

လက်ဝါးချက်က တွမ့်မူရှန်း၏ နောက်ကျောဆီ ကျရောက်လာလေသည်။ သူက ပျံသန်းသွားရင်း စိတ်ထဲ ဗလာကျင်းသွားလေ၏။

...

အခန်း (၁၁၁၃) စစ်ပွဲစတင်ပြီ။ မင်းရဲ့ရန်သူက ငါပဲ

တွမ့်မူရှန်းသည် အကြီးအကဲလေးဦး၏ စွမ်းအားအပြည့်ပါသော လက်ဝါးရိုက်ချက်ဖြင့် ခံလိုက်ရသည်။ သူသည် ချောက်နက်အစွန်း ၁၀မီတာကို ဖြတ်ကျော်သွားသည့်အချိန်တွင်တောင် စုပ်ယူအားက သူ့ကို ထပ်ကာထပ်ကာ ဆွဲယူနေဆဲဖြစ်သည်။ သူ၏ နယ်ရှင်လှံကို အလိုလိုဆွဲထုတ်လိုက်၏။

“ပေါင် ၁၀၀၀၀အား”

နယ်ရှင်လှံသည် ရွှေရောင်နဂါးကဲ့သို့ ရွှေရောင်အလင်းဖျက်ကနဲပေါ်လာပြီးနောက် မြေပြင်ထဲ ထိုးစိုက်သွားကာ မြေပြင်ကို တုန်လှုပ်ပြီး အက်ကွဲသွားစေ၏။

အကြီးအကဲလေးဦး၏ ခွန်အားအပြည့် ရိုက်ချက်ကြောင့် အဝေးလွင့်ထွက်သွားသည်။

ဘန်း

နယ်ရှင်လှံကို မြေကြီးထဲထိုးစိုက်ထားပြီး တွမ့်မူရှန်းက တင်းကြပ်စွာဆုပ်ကိုင်ထားလျက် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ နောက်လှည့်ကြည့်လိုက်သော်ငြား စိတ်မပျော်ပေ။ အကြီးအကဲလေးဦးက မည်သည့်နေရာတွင် ရှိသနည်း။ သူသည် လန်လော့၏စကားကို ပြန်တွေးမိသွား၏။ ငါတို့ရဲ့ ကောင်းချီးနဲ့ မင်း တက်သွားလိုက်တော့ ... သူ အံကြိတ်လျက် ချောက်ကမ်းပါးအစွမ်းသို့ စိုက်ကြည့်နေစဉ် လေဓားသွားများ ကျလာပြီး သူ အဆင်မပြေဖြစ်မှုတို့ တိုးလာ၏။ သူ ကူကယ်ရာမဲ့နေတော့သည်။

စုပ်ယူအားသည် နောက်ထပ် ၁၅မိနစ်ကြာနေခဲ့၏။ ပြီးနောက် တွမ့်မူရှန်းသည် နယ်ရှင်လှံကို ဆွဲထုတ်ပြီးနောက် ချောက်ကမ်းပါးမှ ခုန်ဆင်းလိုက်သည်။ အချိန်အတော်ကြာပျံသန်းပြီးနောက် သူ အောက်ခြေကို မတွေ့မြင်ရသေးပေ။

“အကြီးအကဲကျော့”

“အကြီးအကဲဟွား”

ချောက်နက်အောက်ခြေမှ တုံ့ပြန်မှုမရှိပေ။ တွမ့်မူရှန်းသည် သူ၏ဘဝ၌ ထိုမျှ ကူကယ်ရာမဲ့မှုကို တစ်ခါမှ မခံစားဖူးပေ။

လုကျိုးက မျက်မှောင်ကျုံ့လျက် ဆက်ကြည့်နေလေ၏။ ယခုအချိန်၌ တွမ့်မူရှန်းသည် စိတ်လွတ်သွားပုံ ပေါ်၏။

ကြယ်တာရာစုစည်းရေးအစီအရင်၏ တမူထူးကဲပြီး အန္တရာယ်များသော သဘာဝကြောင့် လုကျိုးသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားအလုံးစုံကို အသုံးပြုပြီး ဟိန်းသံဖြင့်ပြောလိုက်၏။

“ပြန်လာခဲ့”

ထိုစကားဖြင့် မြင်ကွင်းက ဖြတ်တောက်ခံလိုက်ရသည်။

တွမ့်မူရှန်းသည် ဝေဟင်ထဲမှ မိုးခြိမ်းသံကြားလိုက်ရသောအခါ သူ တုန်ယင်သွားပြီး မော့ကြည့်လိုက်လေ၏။

“ရှစ်စွင်းလား”

သူက လှည့်ကြည့်ပြီး ရှစ်စွင်းကို ဆက်‌ရှာနေသော်ငြား မည်သူ့ကိုမှ မတွေ့နိုင်ပေ။

“ရှစ်စွင်းက အနားမှာရှိလား”

တွမ့်မူရှန်းသည် နှစ်ကြိမ်ခန့်ခေါ်ခဲ့သော်ငြား ကြယ်တာရာစုစည်းရေးအစီအရင်၏ မီတာ ၁၀၀၀အတွင်း တိတ်ဆိတ်နေတော့သည်။

ထိုစဉ် ရွှေရောင်အဆောင်များသည် လိပ်ပြာများပမာ အောက်ခြေမှ ပျံသန်းလာ၏။

“အကြီးအကဲကျော့လား” တွမ့်မူရှန်းက အပျော်လွန်သွားသည်။ သူသည် ရွှေရောင်သင်္ကေတများ ရှိရာဆီသို့ ပျံသန်းသွား၏။

သင်္ကေတများများစားစားမရှိပေ။ သို့သော် စကားလုံးတချို့ ဖွဲ့တည်နိုင်၏။ အစီအရင်က တစ်ခုခု မှားနေပြီ ... မျှော်နန်းသခင်ပဲ ငါတို့ကို ကယ်တင်နိုင်မှာ။ မြန်မြန်သွားပြီး ပြန်လာခဲ့။

တွမ့်မူရှန်းက စိတ်တည်ငြိမ်သွား၏။ ဆိုရလျှင် ထိုသင်္ကေတများသည် အကြီးအကဲလေးဦး အသက်ရှင်နေကြောင်း ဆိုလို၏။

ပြီးနောက် သူက ပျံသန်းလိုက်တော့သည်။ ကြယ်တာရာစုစည်းရေးအစီအရင်က ယခုဆို အိမ်တစ်လုံးခန့် ကျုံ့သွားကြောင်း ရှာတွေ့လိုက်၏။ “ငါ အရင်သွားသင့်ပြီ”

တွမ့်မူရှန်းသည် ဝင်ပေါက်ဆီသို့ သွားလိုက်သည်။ သူ၏လှံကို အလင်းအတားအဆီးဆီသို့ ထိုးစိုက်လိုက်သည်။ ယခုအခေါက်၌ အရံအတားက သူ့ကို အတွင်း၌ မထိန်းထားတော့ပေ။ သူက ဝမ်းသာသွားလျက် ကြယ်တာရာစုစည်းရေးအစီအရင်အပြင်ဖက်သို့ ကမူးရူးထိုးထွက်လာတော့သည်။

တွမ့်မူရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏။ အပြင်ဖက်ရှိလေက အေးမြပြီး လတ်ဆတ်သည်။ ပြီးနောက် သူ လှည့်ထွက်သွားတော့မည့်အချိန်တွင် ...

ကြယ်တာရာစုစည်းရေးအစီအရင်အလယ်၌ ခရမ်းရောင်အလင်းပွင့်တစ်ခု ပေါ်လာ၏။ ယင်းက အရပ်မျက်နှာခြောက်ပါး ပါ့ကွားစည်းတံဆိပ်တစ်ခုနှင့်တူသည်။

တွမ့်မူရှန်းက ဇဝေဇဝါ ဖြစ်သွားတော့သည်။ “အဲ့တာဘာလဲ”

အလင်းကွင်းက နားစည်ထိုးလောက်ဖွယ်ဆူညံသံထုတ်လွင့်ပြီးနောက် သားရဲတစ်ကောင် ထွက်ပေါ်လာ၏။ အလင်းကွင်းက ရက်ကွန်းဝံနှင့် ဆင်တူသော်ငြား သူ့၌ ချွန်ထက်ပြီး သေစေနိုင်သော လက်သည်းများ ရှိသည်။ ၎င်း ပြုလုပ်သည့် ဆူညံသံက ခွေးတစ်ကောင်နှင့်ဆင်တူပြီး နက်ရှိုင်းလှပေ၏။

“ကြမ်းတမ်းခက်ထန်သားရဲလား”

တွမ့်မူရှန်းသည် ကြမ်းထန်းခက်ထန်သားရဲများအားလုံး၌ ထူးဆန်းသော သွင်ပြင်ရှိသောကြောင့် သိပ်မအံ့ဩပေ။ သို့သော် ဤကြမ်းတမ်းခက်ထန်သားရဲက အလွန်ထူးဆန်းသော အရှိန်အဝါ ထုတ်လွှတ်နေ၏။

တကယ်တော့ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်သည် ကြယ်တာရာစုစည်းရေးအစီအရင်ထဲ၌ ရုတ်တရက် ပေါ်လာတာက ထူးဆန်းနေသည်။

ကြမ်းတမ်းခက်ထန်သားရဲသည် တွမ့်မူရှန်းကို မြင်သောအခါ ၎င်းသည် မြေကြီးကို ကုတ်ခြစ်ပြီးနောက် သူ့ဆီခုန်အုပ်လာသည်။

“သာမန်အရှိန်၊ သာမန်ခွန်အား၊ သာမန်အရွယ်အစား” တွမ့်မူရှန်း၏ ကြွယ်ဝသောတိုက်ခိုက်ရေး အတွေ့အကြုံသည် သူ့ကို ရန်သူ၏ခွန်အားကို မှန်းဆခွင့်ပေး၏။

ကြမ်းတမ်းခက်ထန်သားရဲက တွမ့်မူရှန်းရှေ့သို့ရောက်လာသောအခါ သူ တစ်ပတ်လှည့်လျက် သူ၏လှံဖြင့် ၎င်း၏ရင်ဘတ်ကို ထိုးစိုက်လိုက်၏။

ဘန်း

ကြမ်းတမ်းခက်ထန်သားရဲက ချက်ချင်းသေဆုံးသွားပြီး ၎င်း၏ခန္ဓာကိုယ်မှ ခရမ်းရောင်အငွေ့များ ထွက်ပေါ်လာသည်။ ခရမ်းရောင်အငွေ့များက တွမ့်မူရှန်း၏ခန္ဓာကိုယ်အနားတစ်ဝိုက် ခဏတဖြုတ်မျှ ရှိနေပြီးနောက် ပျောက်ကွယ်သွား၏။

“ဟမ် ... ဒီအတိုင်းပျောက်သွားပြီလား။ လျှပ်တပြက်ဆန်ပြီး ထူးဆန်းတဲ့သွင်ပြင်နဲ့ပေါ်လာပြီး တစ်ချက်တည်းနဲ့သေသွားတယ်လား”

တွမ့်မူရှန်းသည် မျက်မှောင်အနည်းငယ် ကျုံ့မိသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် သူ၏လှံထိပ်ဖျားမှ ကြမ်းတမ်းခက်ထန်သားရဲကို ခါချလိုက်၏။ ထိုကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲမျိုးက အသက်ဓာတ်နှလုံးသားတောင် မရှိ။ ၎င်းကို သတ်ဖြတ်ခြင်းက အရှိန်နှင့်စွမ်းအင် ဖြုန်းတီးရာသာ ရောက်သည်။

ထောက်

ကြမ်းတမ်းခက်ထန်သားရဲက မြက်ပင်များပေါ် ပြုတ်ကျသွားတော့သည်။

ပြီးနောက် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုက ပေါ်လာတော့၏။

ကြမ်းတမ်းခက်ထန်သားရဲ၏ခန္ဓာကိုယ်မှ မြင့်တက်လာသော ခရမ်းရောင်အငွေ့များသည် မြက်ပင်များနှင့် ထိမိပြီး အနားရှိသစ်ပင်များနှင့်ထိမိသောအခါ သူတို့သည် ပကတိမျက်လုံးဖြင့် မြင်နိုင်သောနှုန်းဖြင့် ညှိုးရော်သွားလေ၏။

“ဒါက ...” ယင်းကို မြင်သောအခါ တွမ့်မူရှန်းသည် ခရမ်းရောင်အငွေ့များက အဆိပ်ရှိသည်ဟု တွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီး အကြောဆန့်လိုက်၏။ သို့သော် သူ့မှာ ဘာမှမှားယွင်းနေတာ မတွေ့ရပေ။

“ဘာတွေဖြစ်နေတာလဲ”

ထိုစဉ် သူ၏လက်ဖဝါးရှိအဆောင်က အသံမြည်လာသည်။ သူက အမြန်ဖွင့်လိုက်၏။

ပြီးနောက် စီးဝူယာ့၏ရုပ်ပုံလွှာက သူ့ရှေ့၌ ပေါ်လာတော့သည်။

“စန်းရှစ်ရှိုး မင်း အဆင်ပြေလား”

“ငါ အဆင်ပြေတယ်။ သူတို့က ငါ့ကိုကယ်ခဲ့တာ။ သူတို့က ချောက်နက်အောက်ခြေမှာ ပိတ်မိနေတယ်”

တွမ့်မူရှန်းက ပြောလိုက်၏။

“ရှစ်ရှိုး အဆင်ပြေနေတာ ကောင်းတယ်။ ရှစ်စွင်းက ရှစ်ရှိုးကို နန်းတော်ဆီပြန်လာဖို့ အမိန့်ပေးထားတယ်။ သူက အကြီးအကဲလေးယောက်ကို ကယ်လိမ့်မယ်” စီးဝူယာ့က ပြောလိုက်၏။

တွမ့်မူရှန်းက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူသည် နောက်ထပ်အဆောင်တစ်ခုကို မီးရှို့လိုက်ပြီး ကြမ်းတမ်းခက်ထန်သားရဲ၏ အလောင်းဆီပစ်ထုတ်ကာ မေးလိုက်သည်။ “ဒါ ဘယ်လိုသားရဲမျိုးလဲ”

စီးဝူယာ့သည် အချိန်အတော်ကြာကြည့်ပြီးနောက် မျက်မှောင်ကျုံ့လိုက်၏။

“အဲဒါက လီလီဖြစ်လောက်တယ်။ ဒီကြမ်းတမ်းခက်ထန်သားရဲက မသန်မာဘူး။ ဒီမှာ ဘာကြောင့်ရှိနေတာလဲ”

“ကြယ်တာရာစုစည်းရေးအစီအရင်ထဲမှာ ရုတ်တရက်ပေါ်လာတာပဲ” တွမ့်မူရှန်းကပြောလိုက်၏။

“ဒီအစီအရင်က ရှုပ်ထွေးတာပဲဖြစ်ရမယ်။ တကယ်တော့ ကြယ်တာရာစုစည်းရေးအစီအရင်ထဲမှာ အစီအရင်တွေ အများကြီး ရှိလောက်တယ်။ ဒါပေမဲ့ သူ့ရဲဆောင်ရွက်ချက် ရုတ်တရက်ကြီး ပြောင်းလဲသွားတာ ယုတ္တိမရှိဘူး။ ကျင့်ကြံနေတုန်း ထူးဆန်းနေတာ တွေ့ခဲ့လား” စီးဝူယာ့က မေးလိုက်၏။

တွမ့်မူရှန်းက ခေါင်းခါလိုက်တော့သည်။

စီးဝူယာ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပြီ။ အရင်ဆုံးပြန်လာခဲ့”

ဘီး

ကြယ်တာရာစုစည်းရေးအစီအရင်ထဲရှိ ခရမ်းရောင်အလင်းစက်ဝန်းထဲမှာ နောက်ထပ် လီလီ ထွက်ပေါ်လာတော့သည်။

တွမ့်မူရှန်းက ပြောလိုက်၏။ "ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ထပ်ပေါ်လာပြန်ပြီ။ ငါ ဖြေရှင်းလိုက်မယ်”

စီးဝူယာ့က ပြောလိုက်၏။

“နေဦး ... စန်းရှစ်ရှိုး လီလီက မိစ္ဆာဆန်ပြီး အဆိပ်အငွေ့အသက်ရှိတယ်။ မြို့တွေနား ကပ်ခွင့်မပေးနဲ့။ သားရဲဘုရင်ဆီသွားခွင့်မပေးနဲ့။ မဟုတ်ရင် နောက်ဆက်တွဲက မှန်းဆမရဖြစ်လိမ့်မယ်”

“ဟုတ်ပြီ ငါ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့သားရဲမျိုးကို သက်ညှာပေးမှာ မဟုတ်ဘူး”

စီးဝူယာ့က ခေါင်းညိတ်ပြီးနောက် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

တွမ့်မူရှန်းသည် နယ်ရှင်လှံကို ဆုပ်ကိုင်ပြီးလွှဲယမ်းလိုက်သည်။

ဝှစ်

လီလီသည် ကြယ်တာရာစုစည်းရေးအစီအရင်ထဲမှာ ပေါ်ထွက်လာသည်နှင့် တွမ့်မူရှန်းက တွန်းထုတ်လိုက်သည်။

နယ်ရှင်လှံသည် ရွှေရောင်အလင်းဖြင့် ပေါက်ကွဲသွားကာ လီလီကို ထိုးစိုက်သွားတော့သည်။

ဘန်း

ယင်းသည် လီလီကို ကြယ်တာရာအစုအဝေးအစီအရင်မှ အရံအတားအထိ ထိုးစိုက်ထားသည်။

“ဟမ်” တွမ့်မူရှန်းသည် နယ်ရှင်လှံကို တွန်းထုတ်လိုက်ပြီးနောက် အရံအတားကို ထိလိုက်၏။ သူ၏လက်ဖဝါးက လျှပ်စီးကြောင်း ဖြတ်စီးသွားတာကို ချက်ချင်း ခံစားမိလိုက်၏။ သူ မျက်မှောင်ကျုံ့မိသွားသည်။

“ဒီတော့ မင်းထွက်ပြီးရင် ပြန်ဝင်နိုင်တယ်လား” တွမ့်မူရှန်းက အော်ပြောလိုက်၏။

“ငါ့ကို ဝင်ခွင့်ပေး”

သူ၏အသံသည် တောင်တန်းများနှင့် ပဲတင်သံထပ်သွားသော်ငြား ဘာမှမရှိပေ။

သူက မော့ကြည့်ပြီးနောက် အကြီးအကဲလေးယောက်အကြောင်း တွေးလိုက်မ၏။ သူက ချောက်ကမ်းပါး ရှိရာဖက်သို့ လက်သီးဆုပ်မိုးပြီး ရေရွတ်ပြောလိုက်သည်။

“အကြီးအကဲတို့အားလုံးကို စိတ်မပျက်စေရပါဘူး”

သူသည် သူ၏ရှစ်စွင်းအမိန့်ပေးသည့်အတိုင်းပြန်သွားပြီး အကြီးအကဲလေးဦးကို သူ၏ရှစ်စွင်း ကယ်တင်တာကို စောင့်နေရုံပဲ တတ်နိုင်၏။ ဤနည်းဖြင့် သူသည် နယ်ရှင်လှံကို ဆုပ်ကိုင်ပြီးနောက် ကျန်းပေ့ပတ်လမ်းဆီ ပျံသန်းသွားတော့သည်။

တွမ့်မူရှန်းထွက်သွားပြီးသည်နှင့် ခရမ်းရောင်အလင်းကွင်းက လင်းလာ၏။ မကြာမီ လီလီတစ်ကောင်ပြီးတစ်ကောင် ထွက်လာပြီး လီလီအကောင်ရေ တစ်ထောင်ကျော်သွား၏။

ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များသည် ချက်ချင်းညှိုးရော်ပြီး သေကုန်သည်။

တွမ့်မူရှန်းသည် ကျန်းပေ့ပတ်လမ်းရှိရာဖက်သို့ ပျံသန်းလာ၏။ ခဏအကြာတွင် သူ တောင်ထွတ်တစ်ခုပေါ်သို့ ဆက်သွားလိုက်သည်။ သူသည် နယ်ရှင်လှံကို မြေကြီးပေါ်သို့ ထိုးစိုက်ပြီးနောက် ကြမ်းတမ်းခက်ထန်သားရဲများ ပြေးလွှားနေသည့်တောအုပ်ကို လှည့်ကြည့်လိုက်သည်။ သို့သော် အားလုံးက အဆင့်နိမ့်ကြမ်းတမ်းခက်ထန်သားရဲများဖြစ်၏။ ထို့ကြောင့် သူတို့က ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိပေ။

“ဘာတွေဖြစ်နေတာလဲ”

တွမ့်မူရှန်းသည် ကြယ်တာရာစုစည်းရေးအစီအရင်ထဲ နှစ်ဝက်ကြာနေခဲ့ပြီး ပြင်ပလောကနှင့် ဖြတ်တောက်ခံထားရသော်ငြား ကိစ္စရပ်များ ထိုမျှများစွာ ပြောင်းလဲသွားလိမ့်မည်ဟု မထင်လားပေ။

သူသည် ကြယ်တာရာစုစည်းရေးအစီအရင်ရှိရာဖက်သို့ လှည့်ကြည့်လိုက်ပြီး ထိုဖက်ခြမ်းရှိ တောအုပ်ညှိုးရော်နေတာကို မြင်သောအခါ ထိတ်လန့်သွား၏။ ခရမ်းရောင်အငွေ့များက ခြောက်ကပ်သွားသော သစ်ပင်များကနေ ပေါ်ထွက်လာသည်။

ဘန်း

တွမ့်မူရှန်းသည် နယ်ရှင်လှံကို မြှောက်ပြီး မြေပြင်ပေါ် ရိုက်ချလိုက်ပြန်၏။ ပြီးနောက် သူသည် အဆောင်တစ်ခုကို ဆွဲထုတ်ကာ မီးရှို့လိုက်သည်။

“ချီရှစ်တိ အစီအစဉ်ပြောင်းလဲသွားပြီ။ ငါ ဒီသောက်လီလီတွေကို အရင်ဆုံးဖြေရှင်းပြီးမှာ မြို့တော်ကို ပြန်လာမယ်” တွမ့်မူရှန်းက ပြောလိုက်၏။

“အရမ်းပြင်းထန်နေလား ရှစ်ရှိုး ဘယ်မှာလဲ” စီးဝူယာ့က အလိုလိုမေးလိုက်မိသည်။ သူသည် အမည်မသိ ပြောင်းလဲမှုများကို သဘောမကျ။

“လီလီတွေ အများကြီးပဲ။ ကြယ်တာရာစုစည်းရေးအစီအရင်ထဲ ပြန်ဝင်ဖို့ နည်းလမ်းမရှိဘူး။ ငါ ကျန်းပေ့ပတ်လမ်းရဲ့မြောက်ဖက် မိုင် ၁၀၀ နီးပါးရောက်နေပြီ”

စီးဝူယာ့သည် မြေပုံတချို့ကို အမြန်ထုတ်ပြီး တည်နေရာကို မှတ်သားလိုက်၏။

“သူတို့ကို ပတ်လမ်းထဲ ဝင်ခွင့်မပေးနဲ့”

တွမ့်မူရှန်းက ပြုံးလျက် ပြောလိုက်သည်။

“စိတ်မပူနဲ့”

သူသည် နယ်ရှင်လှံကို ဆွဲထုတ်ပြီးနောက် တောင်ထိပ်ပေါ်၌ရပ်ကာ အဝေးကနေဖြည်းဖြည်းချင်း ချဉ်းကပ်လာသော လီလီတပ်ဖွဲ့ကြီးကို ကြည့်လိုက်၏။

တော်ဝင်နန်းတော်၏ တည်တံ့ရေးခန်းမထဲတွင်ဖြစ်သည်။

စီးဝူယာ့သည် ဤကိစ္စကို သူ့ရှစ်စွင်းထံ အသေးစိတ် သတင်းပို့လိုက်သည်။ လုကျိုးက မုတ်ဆိတ်သပ်လျက် မေးလိုက်၏။

“လီလီလား”

“လီလီတွေ အများကြီး ကြယ်တာရာစုစည်းရေးအစီအရင်ထဲကနေ ထွက်လာတယ်” စီးဝူယာ့က ပြောလိုက်သည်။

“ကြယ်တာရာစုစည်းရေးအစီအရင်ကနေ ဆွဲအားကို ရေးဆွဲထားတဲ့ ရှေးဟောင်းသင်္ကေတ လမ်းကြောင်းတစ်ခု ဖြစ်လောက်တယ်။ လက်ရှိသင်္ကေတလမ်းကြောင်းတွေက ကြမ်းတမ်းခက်ထန်သားရဲတွေ မပို့ပေးနိုင်ဘူး”

“ဒါက သုတ်သင်ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေမလား သံသယဝင်မိတယ်။ ကျွန်တော်တို့ရဲ့ ရန်သူတွေက အနီရောင်ကြာနယ်မြေကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားမလား စိုးရိမ်မိတယ်” စီးဝူယာ့က ခိုင်မာစွာပြောလိုက်၏။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ စာပို့ပြီး ကျန်းပေ့ပတ်လမ်းဆီ အကူညီပို့ပေးဖို့ သူတို့ကိုပြောလိုက်”

လုကျိုးက ပြောလိုက်သည်။

“အမ်း” စီး‌ဝူယာ့၏မျက်နှာပေါ်၌ အနေခက်သောအမူအရာပေါ်လာပြီး သူက ပြောလိုက်သည်။

“လန်ရှီဟယ်က ဆန္ဒရှိပုံမရဘူး”

“စာသာပို့လိုက်ပါ” လုကျိုးက ပြော၏။

“အကြီးအကဲလေးယောက် ဒုက္ခရောက်နေတာ၊ ဒီတော့ ငါ သူတို့ကို သွားကယ်ရမယ်”

“နားလည်ပါပြီ”

ထိုစဉ် မုန့်ချန်းသုံက ကမန်းကတန်း ဝင်လာသည်။ သူက ဒူးထောက်ပြီးပြောလိုက်သည်။

“မျှော်နန်းသခင် ... ကျန်းနန်ပတ်လမ်း၊ ရှန်ပေ့ပတ်လမ်းနဲ့ ကျန်းတုံံ့ပတ်လမ်းတို့မှာ သားရဲတွေ အများကြီးပေါ်လာတယ်။ အထူးသဖြင့် ကျန်းတုံပတ်လမ်းမှာ ဆိုးရွားနေပြီ”

စီးဝူယာ့က သက်ပြင်းချပြီးခေါင်းခါလိုက်တော့သည်။

“ထင်တဲ့အတိုင်းပဲ”

ဤလောကထဲ၌ ထိုကဲ့သို့တိုက်ဆိုင်မှုမျိုး မည်သို့ဖြစ်နိုင်မည်နည်း။ အရာအားလုံးက တွက်ချက်ပြီးသား ဖြစ်သည်။

ထိုစဉ် ကျောင်းဟုန်ဖုက ခန်းမထဲ ကမန်းကတန်း ဝင်လာသည်။ သူက လုကျိုးအား ဦးညွှတ်လျက် စာရွက်တစ်ရွက် ပေးပြီးပြောလိုက်သည်။

“သင်္ကေတခန်းမက ဒါကို ရှာတွေ့ခဲ့ပါတယ်။ ကျေးဇူးပြုပြီး မျှော်နန်းသခင် ကြည့်ပေးပါ”

စာရွက်ထဲတွင် ရေးထားသည့်သူက စာရွက်ထဲတွင် စုတ်ချက်တစ်ချက်တည်းဖြင့် ရေးထားတာ ဖြစ်သည်။

ကျောင်းဟုန်ဖုက ပြောလိုက်သည်။

“တစ်ဖက်လူက ကျွန်မတို့ရဲ့လမ်းကြောင်းတွေထဲက တစ်ခုကိုဖျက်ဆီးပစ်တာဖြစ်လောက်တယ်။ ကျွန်မ လမ်းကြောင်းကို ချိပ်ပိတ်ပြီးပြီ”

စီးဝူယာ့က ခေါင်းညိတ်ပြီးနောက် မဝံ့မရဲပြောလိုက်သည်။

“ရှစ်စွင်း”

လုကျိုး၏လက်နှစ်ချောင်းက လှုပ်သွားပြီး ထိုစာရွက်က ပြာဖြစ်သွားတော့သည်။

“လူတချို့က သင်ခန်းစာအပေးခံရပြီး ဘယ်လိုပြုမူရမှန်း မသိဘူး”

All Chapters