အခန်း (၁၁၁၇-၁၁၁၉)
Vol. 75 Ch. 1117-1119
အခန်း (၁၁၁၇) လျှို့ဝှက်ချက်မှုနှင့် ဝှက်ဖဲများ
သခင်လီဟု သိကြသော အားကောင်းသည့်ကျင့်ကြံသူသည် မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်ကြောင့် တင်းကျပ်စွာ ထိန်းချုပ်ခံလိုက်ရပြီး လုံးဝမလှုပ်နိုင်ပေ။ သူသည် မွေးဖွားဇယားချပ် နှစ်ခုဆက်တိုက် ဆုံးရှုံးသွားပြီး မိုးကြိုးသွားကတ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွား၏။ သူက အပြင်းအထန်ချောင်းဆိုးပြီးနောက် အနက်ရောင်ကြာ ကျင့်ကြံသူများနှင့် အဖြူရောင်မျှော်စင်ကျင့်ကြံသူများကြား ဆိုးရွားသောတိုက်ပွဲကို ကြည့်ရန် ခဲရာခဲဆစ် လှည့်လိုက်၏။ ပြီးနောက် သူက ရူးသွပ်စွာ ရယ်မောတော့သည်။
လုကျိုးက သူ့ကိုကြည့်ပြီးပြောလိုက်သည်။ "မင်း ဘာရယ်နေတာလဲ”
“ကျုပ်က ခင်ဗျားရဲ့တုံးအမှုနဲ့ အသုံးမကျမှုကို ရယ်နေတာ” သခင်လီက ပြန်ပြောလိုက်သည်။
ထိုစဉ် ဝတ်ရုံဖြူကျင့်ကြံသူက လုကျိုးဘေးသို့ ရောက်လာပြီး ဦးညွှတ်လိုက်၏။
“မျှော်နန်းသခင်လု ဒီလူရဲ့နာမည်က လီထျန်းဇယ် ... သူက အလင်းအမှောင်မဟာမိတ်က ကျားငါးကောင်ထဲက တစ်ကောင်။ သူ့ကို မွေးဖွားဇယားချပ်၈ခု ကျင့်ကြံသူအဖြစ် သိကြတယ်။ သူ့ရဲ့ သေအတူရှင်မကွာ မိတ်ဆွေက လုပ်ကြံသတ်ဖြတ်ရေးပညာရှင် ယဲ့လျိုရင်းပဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်၏။
“ဒီတော့ မင်းက ယဲ့လျိုရင်းကို လက်စားချေချင်တာလား”
လီထျန်းဇယ်က ချောင်းဟန့်ပြီးနောက် ပြန်ပြောလိုက်၏။
“ဟုတ်တယ် ... အမ် မဟုတ်ဘူး”
လီထျန်းဇယ်သည် သူ၏ဆန်တက်လာသော သွေးများနှင့်ချီကို ဖိနှိပ်ရန် အကောင်းဆုံးကြိုးစားခဲ့၏။ သူ၏မျက်လုံးက နီရဲနေကာ ပြောလိုက်တော့သည်။
“ဒီမှာ နာမည်ကျော်ကြားတဲ့ မျှော်နန်းသခင်လုနဲ့ တွေ့ရမယ်လို့ မထင်ထားဘူး။ အနက်ရောင်ဧကရာဇ်က ကျန်းတုံမြို့ကို လာမယ်ထင်နေလား”
လုကျိုးက မေးပြီးစိတ်ရှုပ်ထွေးသွားလေ၏။
“ရည်ရွယ်ချက်ကဘာလဲ”
“ဘာလို့ မခန့်မှန်းတာလဲ” လီထျန်းဇယ်သည် နောက်ထပ်သွေးတစ်ပွက်အန်လိုက်၏။ သူ၏ နှုတ်ခမ်းထက်၌ ထူးဆန်းသောအပြုံးတစ်ခုပေါ်လာကာ ပြောလိုက်တော့၏။
“ကျန်တဲ့ပတ်လမ်းနှစ်ခုကို ဘယ်လိုကူညီမှာလဲ။ အစတည်းက ဘာကြောင့်များ ဝင်စွက်ဖက်ရတာလဲ။ ခင်ဗျား အနီရောင်ကြာနယ်မြေရဲ့ကိစ္စကို ဝင်မစွက်ဖက်သင့်ဘူး”
ထိုစဉ် ကျူးဟုန်ကုန်းသည် ကြယ်တစ်စင်းပမာ မြေပြင်ပေါ်မှ ခုန်တက်ပြီးနောက် လီထျန်းဇယ်ရှေ့သို့ ဆင်းသက်လာသည်။
ဘန်း
ကျူးဟုန်ကုန်းက ပြောမနေဘဲ လီထျန်းဇယ်၏ရင်ဘတ်ကို ထိုးလိုက်ရာ သူ ချိုင့်ဝင်သွားစေ၏။
ကျူးဟုန်ကုန်းက ပြောလိုက်သည်။ “ဟန်ဆောင်နေသေးတုန်းလား။ ငါ မင်းကို ဘယ်လိုဖြေရှင်းမလဲကြည့်။ ဒီလိုဆိုရင်ကော”
လီထျန်းဇယ် “...”
ဘန်း
“ဘာကြည့်နေတာလဲ။ မင်းက ငါးသေတစ်ကောင်လိုပဲ ကြည့်နေသေးတုန်းလား”
ဘန်း ဘန်း ဘန်း
ကျူးဟုန်ကုန်းသည် လျှပ်ပြက်သကဲ့သို့ မြန်ဆန်လှသည့် အကန့်အသတ်မဲ့ခွန်အားများဖြင့် လက်သီးသုံးချက်ထိုးလိုက်၏။ သူ၏လက်သီးများသည် မိစ္ဆာကိုယ်တော်လက်ဝါးစည်းတံဆိပ်ဖြင့် ထိန်းချုပ်ခံထားရပြီး ပိုတောင်အစွမ်းထက်နေတော့သည်။
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”
“မင်း ငါ့ရဲ့လက်သီးကို နောက်ထပ်မြည်းစမ်းချင်လား”
ကျူးဟုန်ကုန်းက လက်သီးလက်မောင်းတန်းလျက် ခြိမ်းခြောက်ကာပြောလိုက်သည်။
“မြန်မြန် ငါ့ကို ရိုးရိုးသားသားပြော။ အခု အနက်ရောင်ဧကရာဇ်ဘယ်မှာလဲ”
“ကျုပ် ကျုပ် ကျုပ် မသိဘူး”
“သားရဲဧကရာဇ်ဘယ်မှာလဲ”
“ကျုပ် ကျုပ် ကျုပ် မသိဘူး”
“ဒီနေရာကို အသုံးမကျတဲ့ အကြံအစည်အပြင် နောက်ထပ် ဘာအသုံးမကျတဲ့ လျှို့ဝှက်အစီအစဉ်တွေကြောင့် ရောက်လာတာလဲ”
“ငါ မသိဘူး”
ဖုန်း
ကျူးဟုန်ကုန်း၏လက်သီးသည် လီထျန်းဇယ်၏ရင်ဘတ်ပေါ် ပြင်းထန်စွာ ကျရောက်သွားပြန်၏။
လီထျန်းဇယ်၏ ရင်ညန့်ရိုးများကျိုးသွားပြီး ချိုင့်ဝင်သွားကာ သွေးအန်တော့၏။
“မသိရင် မင်းကို အသက်ရှင်လျက်ထားတာ ဘာထူးမှာလဲ” ကျူးဟုန်ကုန်းက လက်သီးကို ဝေ့ယမ်းလျက် ထိုးလိုက်ပြန်၏။
လုကျိုးနှင့် ကျောင်းဟုန်ဖုသည် ယင်းကိုမြင်သောအခါ ဆွံ့အနေတော့သည်။
လီထျန်းဇယ်သည် ကျူးဟုန်ကုန်းနှိပ်စက်တာ မြင်နေရသောအခါ သူ ထိန်းချုပ်တာ လွန်သွားပြီဟု ခံစားလိုက်ရသည်။
“ဘာကြည့်နေတာလဲ။ ကြည့်နေသေးတုန်းလား”
ဘန်း ဘန်း ဘန်း ဘန်း
နောက်ထပ်လက်သီးလေးချက်ဆက်တိုက်ကျရောက်လာပြီးနောက် လက်သီးတိုင်းသည် ယခင်ကထက် ပိုအားကောင်းလာသည်။ ယင်းတို့က ကျူးဟုန်ကုန်း၏ ခွန်အားအပြည့်တိုက်ခိုက်မှုများဖြစ်သည်။
ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ပေါက်လာပြီးနောက် လီထျန်းဇယ်၏ကိုယ်ထဲ၌ ကျုံ့သွားပြန်၏။
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”
“မရိုက်နဲ့။ မရိုက်နဲ့။ ရိုက်တာ ရပ်တော့” လီထျန်းဇယ်က ခေါင်းခါလိုက်၏။
“မင်း စောစောတုန်းကများ ဘာကြောင့် မနာခံရတာလဲ”
ကျူးဟုန်ကုန်း၏ကြမ်းတမ်းခက်ထန်သော အမူအရာသည် ချက်ချင်းပျောက်ကွယ်သွားပြီးနောက် လုကျိုးဖက်လှည့်ကာ ပြုံးလျက်ဦးညွှတ်လိုက်သည်။
“ရှစ်စွင်း မေးချင်တာ မေးလို့ရပါပြီ”
လုကျိုးနဲ့ ကျောင်းဟုန်ဖု “...”
အလုပ်ဖြစ်တယ်လား။
ထိုအကြောင်းအရင်းကြောင့် ရှေးခေတ်ကာလထဲက ယခုအချိန်ထိ ညှင်းပန်းနှိပ်စက်မှုကို အမြဲတစေသုံးနေတာဖြစ်လောက်၏။ လူတို့၏သဘာဝကလည်း ထိုအတိုင်းသာဖြစ်လောက်သည်။ လူသားတို့သည် ခံစားချက်မျိုးစုံ၊ တပ်မက်ချက်မျိုးစုံနှင့် အားနည်းချက်မျိုးစုံရှိပြီး သူတို့ကို ရင်ဆိုင်ရာ၌ ၎င်းတို့ကို သုံးနိုင်သည်။
လုကျိုးသည် လီထျန်းဇယ်ကို အထင်ကြီးမိသည်ဟု ယခုအချိန်၌ ခံစားမိသွားသည်။ သူကမေးလိုက်၏။
“မူအာ့ထျဲ ဘယ်မှာလဲ”
လီထျန်းဇယ်က ပြောလိုက်သည်။ “ကျုပ် တကယ်မသိပါဘူး”
“သုတ်သင်ရှင်းလင်းရေး အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကဘာလဲ” လုကျိုးက မေးလိုက်ပြန်၏။
လီထျန်းဇယ်သည် ချောင်းထပ်ဆိုးပြီးနောက် ပြောလိုက်ပြန်သည်။
“မူအာ့ထျဲက သားရဲဧကရာဇ်နဲ့ သဘောတူညီချက်တစ်ခု ရထားတယ်ဆိုတာပဲသိတာပါ။ မူအာ့ထျဲက မိုးနဲ့မြေအတားအဆီးကို ချိုးဖြတ်ဖို့ အနီရောင်ကြာနယ်မြေကို သုံးဖို့ကြိုးစားနေရုံပါပဲ။ သူတို့က အစီအစဉ်တစ်ခုလည်း ပြင်ဆင်ထားတယ်။ အနက်ရောင်ကြာကျင့်ကြံသူတွေနဲ့ သားရဲဒီရေလေးခု အဲဒါက ဟန်ပြသက်သက်ပဲ”
“ဒုတိယအစီအစဉ်လား” လုကျိုးက မျက်ခုံးတစ်ဖက်ပင့်လိုက်၏။
“ကျုပ် မသိဘူး။ သိနေလို့လည်း အကျိုးမထူးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့အားလုံးက သေမှာပဲ။ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်ပဲဖြစ်တဲ့ သားရဲဒီရေ။ ရှေးခေတ်တည်းက သားရဲဒီရေက ရောက်လာလိမ့်မယ်။ အဲ့ဒီအချိန် ကျုပ်တို့အားလုံး အစာဖြစ်မှာပဲ” လီထျန်းဇယ်က ပြောလိုက်၏။ သူ စိတ်လွတ်သွားသည့်ပမာ ရယ်မောလျက် သူ၏အကြည့်တို့က လောင်မျိုက်နေသည်။
ကျောင်းဟုန်ဖုက ပြောလိုက်၏။ “သူ တစ်ခုခု ပြဿနာရှိနေပုံပဲ”
ကျူးဟုန်ကုန်းက ခေါင်းကုတ်ပြီးပြောလိုက်၏။
“သူ့မှာဘာပြဿနာရှိတာလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ။ ဘယ်လိုပြုမူရမလဲဆိုတာ ငါ့လက်သီးနဲ့ သူ့ကိုသင်ပေးလိုက်မယ်”
ဘန်း
ကျူးဟုန်ကုန်းသည် လျှပ်ပြက်သောအရှိန်ဖြင့် လှုပ်ရှားပြီးနောက် သူ၏လက်သီးသည် လီထျန်းဇယ်၏ ရင်ဘတ်ပေါ် ကျရောက်သွားပြန်၏။
ဤနည်းဖြင့် လီထျန်းဇယ်သည် နောက်ထပ်မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားပြန်သည်။ တစ်ချိန်တည်းတွင် ကနဦးချီများသည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲမှ ဝေ့တက်လာ၏။
“ကနဦးချီမုန်တိုင်း”
လီထျန်းဇယ်သည် ဝတ်ရုံနက်ကျင့်ကြံတစ်သောင်းကို လှည့်ကြည့်လိုက်၏။ ဝတ်ရုံဖြူကျင့်ကြံသူများ၏ ဝန်းရံပိတ်ဆို့မှုအောက်တွင် သူတို့က အခြေအနေဆိုးရွားနေကြသည်။
မွေးဖွားဇယားချပ်၈ခုရှိသော ပိရှောသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်ပမာ သူ့နားရှိသိုးများကို ဆုတ်ဖြဲလျက် ဝါးမျိုနေသည်။
အခုအချိန်၌ လီထျန်းဇယ်က အသိပြန်ကပ်လာပုံပေါ်သည်။ သူက ရယ်မောပြီးနောက် ပြောလိုက်သည်။
“ကျန်တဲ့နေရာသုံးခုက သွေးပင်လယ်ဖြစ်သွားလောက်မှာ စိုးရတယ်။ မိစ္ဆာအိုကြီးလု ခင်ဗျား အတွက်အချက် မှားခဲ့တာပဲ”
ထိုစဉ် အနက်ရောင်နှင့် အဖြူရောင်ကျင့်ကြံသူများသာလျှင် စစ်မြေပြင်တွင် မြင်နိုင်၏။ ပိရှောသည် ယခုချိန်၌ ဘုံတစ်ထောင်လေပွေကျင့်ကြံသူသုံးဦးဝိုင်းထားတာ ခံနေရ၏။
အသာစီးရနေသော်ငြား ဝတ်ရုံဖြူကျင့်ကြံသူများသည် ဝတ်ရုံနက်ကျင့်ကြံသူများ၏ အရေအတွက် သာလွန်သောကြောင့် ဖိအားမရှိဘဲမနေ။
လုကျိုးက ပိရှောဆီ အသံပို့လိုက်၏။ "အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မင်းကိုပဲ လွှတ်ခဲ့တာလား”
ပိရှောက ပြောလိုက်၏။
“ဟုတ်ပါတယ် မျှော်နန်းသခင်လု။ မျှော်စင်သခင်လန်က ပတ်လမ်းလေးခုနဲ့ မြို့တော်ဆီ အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲက လူအားလုံးလွှတ်ခဲ့တယ်”
ထိုစကားကို ကြားသောအခါ လီထျန်းဇယ်က မျက်မှောင်ကျုံ့မိသွားသည်။
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ဝင်မစွက်ဖက်သင့်ဘူး။ မင်းတို့တွေ တာ့မင်ကို မကြောက်ဘူးလား။ အရူးတွေ” ပြီးနောက် သူက ရယ်မောပြီးနောက်ပြောလိုက်၏။
ပိရှောက တိုက်ခိုက်နေစဉ်ပြောလိုက်သည်။ "ငါလိုလူတောင် သေမှာမကြောက်ရင် ငါတို့တွေဘာကြောင့် ကြောက်ရမှာလဲ” ဘုံတစ်ထောင်ကျင့်ကြံသူသုံးဦးသည် သူတို့၏မွေးဖွားဇယားချပ်များကို ထုတ်ယူလာပြီး တစ်ချိန်တည်းတွင် အရပ်မျက်နှာသုံးခုကနေ ပိရှောကိုတိုက်ခိုက်လိုက်၏။
ဘန်း ဘန်း ဘန်း
သူတို့၏ကြယ်တာရာဒိုင်ခွက်များက အလင်းတန်းများထွက်လာပြီး ပိရှော၏ကြယ်တာရာဒိုင်ခွက်ကို ချိုင့်ဝင်သွားစေသည်။ သူသည် သူ၏ကာကွယ်ရေးစွမ်းအင်ကို အမြန်အသက်သွင်းကာ နောက်ဆုတ်လိုက်လေ၏။
ယင်းကို မြင်သောအခါ လုကျိုးက ခုန်ဝင်ပြီး လေးအသွင်ရှိနေသည့် အမည်မဲ့ကို နောက်ထပ် ဆွဲထုတ်လိုက်၏။
ဘီး
လုကျိုးသည် မြို့ရိုးပေါ်ရှိ ဝေဟင်ထဲတွင် မီတာသုံးရာခန့်ရှိသည့် လေးကို ကိုင်ဆောင်ထား၏။ စွမ်းအင်မြားတစ်စင်းသည် ကောင်းကင်ကို ထိန်းထားနိုင်သော ထောက်တိုင်များနှင့်တူ၏။
လီထျန်းဇယ်က မျက်လုံးအပြူးသားဖြစ်သွားကာ ပြောလိုက်သည်။
“စွမ်းအင်မြားဖြစ်နေပြန်ပြီ”
ဖြုန်း
ကျူးဟုန်ကုန်းက လီထျန်းဇယ်ကို ရိုက်လိုက်၏။
“မသိတတ်လိုက်တာ။ လေးအတတ်က ငါ့ရှစ်စွင်းရဲ့ အားအနည်းဆုံးနဲ့ မထင်မရှားအဖြစ်ဆုံး စွမ်းရည်ပဲ။ ငါ့ရှစ်စွင်းက ဓားကိုသုံးဖို့ ဆုံးဖြတ်လိုက်ရင် မင်း သေသွားလောက်ပြီ”
ဝေဟင်ထဲ၌ လုကျိုးက ပြောလိုက်၏။ "သေပေတော့”
ဝှစ်
လုကျိုးသည် လေးကြိုးကို လွှတ်လိုက်သည်။ မြားသုံးသည် အသံတစ်သံတည်းထွက်လျက် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကာ လေကိုခွင်းသွားသည်။
ဘုံတစ်ထောင်လေပွေကျင့်ကြံသူများသည် ဧရာမစွမ်းအင်မြားကို မြင်သောအခါ သူတို့၏အမူအရာက ရုတ်ခြည်းပြောင်းလဲသွား၏။
“မြားတွေကို ပိတ်ဆို့လိုက်။ မင်းတို့သေသွားမယ်ဆိုရင်တောင် ငါ့အတွက် ပိတ်ဆို့ပေးရမယ်”
အနက်ရောင်ကြာကျင့်ကြံသူများသည် သူတို့၏ကာကွယ်ရေးစွမ်းအင်ကို အသက်သွင်းပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖွဲ့တည်ကာ ဘုံတစ်ထောင်လေပွေကျင့်ကြံသူသုံးယောက်ရှေ့၌ အတန်းလိုက်ရပ်လိုက်၏။
“မင်း မြားတွေကို ပိတ်ဆို့နိုင်မယ်များ ထင်နေလား”
လုကျိုးက လေးကြိုးကို ဆွဲလိုက်ပြန်သည်။ သူ၏လှုပ်ရှားမှုက မြန်လွန်းပြီး ပကတိမျက်လုံးဖြင့် မြင်ဖို့က မဖြစ်နိုင်။ လေထဲ မြည်ဟည်းသံပေါ်လာပြီးနောက် သူ၏လက်သည် လျှပ်ပြက်သောအရှိန်ဖြင့် ရှေ့နောက်ရွေ့သွား၏။
မြားများသည် မုန်တိုင်းတစ်ခုပမာ ကျရောက်လာပြီး အရပ်မျက်နှာအနှံ့ပစ်ခွင်းတော့၏။ ၎င်းတို့သည် လူပေါင်းရာချီ၏ရင်ဘတ်ကို ထိုးစိုက်သွားသည်။
လုကျိုးသည် ထိုတိုက်ခိုက်မှု၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား တဝက်နီးပါး အသုံးပြုခဲ့သည်။ ထို့ကြောင့် ရလဒ်ကို စိတ်ဝင်စားနေသည်။
သူက အမည်မဲ့ကိုသိမ်းပြီးနောက် ဆင်းသက်လိုက်၏။
မြားများ ဆက်လက်ကျဆင်းနေဆဲဖြစ်ကာ လူတစ်ထောင်နီးပါးသည် အသက်ရှိုက်စာအတွင်း သေဆုံးသွားသည်။
မည်သူမှ မြားသုံးစင်းကို တားဆီး၍မရပေ။
ဘန်း ဘန်း ဘန်း
မြားသုံးစင်းသည် ကြယ်တာရာဒိုင်ခွက်သုံးခုပေါ်ကျဆင်းသွား၏။
ကြယ်တာရာဒိုင်ခွက်သည် ၃၀ရာခိုင်နှုန်းခန့် လျော့သွားပြီး သူတို့အရွယ်အစားက တစ်ဆကျုံ့သွား၏။ တစ်ချိန်တည်းတွင် ဘုံတစ်ထောင်လေပွေကျင့်ကြံသူသုံးဦးက လေထဲလွင့်သွားကာ သွေးအန်တော့သည်။
“တင်း ... ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၉၀၀၀”
ပိရှောသည် ရင်ထဲထိသွားကာ မမေးဘဲ မနေနိုင်တော့ပေ။
“မျှော်နန်းသခင်လု ခင်ဗျားက အတည်အကျဘယ်နယ်ပယ်မှာလဲ”
လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန် သို့မဟုတ် မွေးဖွားဇယားချပ်များကို မည်သူမှ အတိအကျမသိပေ။ မည်သည့်နည်းနှင့်မဆို သူ့၌ မွေးဖွားဇယားချပ် ၁၂ခုအောက်ရှိသည်ဆိုတာကို မည်သူမှ မယုံ။
အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက အင်မတန် ထူးဆန်း၏။ လုကျိုး၏ မွေးဖွားဇယားချပ် ၇ခုနှင့် ပေါင်းလိုက်သောအခါ သူတို့သည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား၏ ခွန်အားကို ပိုတောင် မြှင့်တင်ပေးနိုင်သည်။
စွမ်းအင်မြားတို့သည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားမပါဝင်သော်ငြား သူ၏ကိုယ်ပိုင်စွမ်းအား ပါဝင်နေ၏။ မွေးဖွားဇယားချပ်သုံးခု ကျင့်ကြံသူသုံးယောက်ကို အလွယ်တကူ ရှင်းထုတ်ပေးနိုင်တာ အံ့ဩစရာ မရှိပေ။ ဆိုရလျှင် သူသည် ယှဉ်ကြည့်ပါက မွေးဖွားဇယားချပ်ပိုများသော လူများကို အလွယ်တကူ ရှင်းပစ်နိုင်၏။ ယခုအချိန်၌ လူတိုင်းက တူညီသည့်အတွေးများရှိနေကြသည်။ သာလွန်ကျွမ်းကျင်တဲ့ လေးသည်တော်ပဲ။
လုကျိုးက ပြောလိုက်သည်။ "ကျန်တာ မင်းဆီအပ်ထားမယ်"
ပိရှောက မပျံသန်းသွားခင် ပြောလိုက်၏။
“ဒီလိုပြီးတာတောင် ကျုပ် သူတို့ကို မယှဉ်နိုင်ရင် အရှက်ရမိမှာ”
လီထျန်းဇယ်ကာ ခေါင်းခါပြီးပြောကာ ရယ်မောလိုက်သည်။
“မျှော်နန်းသခင်လုကိုယ်တိုင် တိုက်ပွဲကို ကြီးကြပ်နိုင်ခဲ့တာပဲ။ ကျုပ် အချည်းနှီး ရှုံးနိမ့်ခဲ့တာ မဟုတ်ဘူး။ ကျုပ်နဲ့အတူ လူတွေအများကြီးသေစေချင်တယ်။ ဒါမှ ကျုပ် သေရကျိုးနပ်မှာ”
ပြီးနောက် လီထျန်းဇယ်၏ စွမ်းအားဗဟိုချက်ချီပင်လယ်သည် စွမ်းအားပမာဏများစွာဖြင့် ရုတ်တရက် ပေါက်ကွဲသွား၏။
ရုတ်တရက်တွင် ...
ဘန်း
လုကျိုး၏လက်ဝါးသည် ဒီရေလှိုင်းအားဖြင့် ပေါ်ထွက်လာသည်။
လီထျန်းဇယ်သည် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားတော့သည်။
“ခင်ဗျား”
...
အခန်း (၁၁၁၈) ထင်မှတ်မထားသော
လုကျိုးက တစ်ဖန် ရိုက်ထုတ်လိုက်သည်။ လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာပြီး လီထျန်းဇယ်၏ ချီပင်လယ်ကို ထိမှန်သွားခဲ့သည်။ သူ့ချီပင်လယ်က ဖန်လိုမျိုး ချက်ချင်း ကြေမွသွား၏။
ဤသို့ဖြင့် လုကျိုးက လီထျန်းဇယ်၏ ကျန်ရှိနေသော မွေးဖွားဇယားချပ်၂ခုကို ဖျက်ဆီးနိုင်ခဲ့သည်။
ထိုစဥ် လီထျန်းဇယ်၏ မျက်နှာက ရောင်ကိုင်းလာပြီး သွေးများဖြင့် ရွှဲနစ်နေသည်။
ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“သူက သူ့ကိုယ်သူ ဖောက်ခွဲဖို့ ကြိုးစားနေတာလား။ သူ့ရဲ့ချီပင်လယ်က ဖျက်ဆီးခံလိုက်ရပြီလေ။ ဒီလိုမလုပ်နိုင်တော့ဘူး”
လီထျန်းဇယ်က သေမင်းနှုတ်ခမ်းဝသို့ ကျရောက်နေလေသည်။
လုကျိုးက လီထျန်းဇယ်ကို မကြည့်ဘဲ ကျူးဟုန်ကုန်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒီနေရာကို ကောင်းကောင်းစောင့်ရှောက်ထား”
ကျူးဟုန်ကုန်းက ပြောလိုက်၏။
“ရှစ်စွင်း မစိုးရိမ်ပါနဲ့။ ကျွန်တော့ဆီ အပ်ထားလိုက်ပါ”
လုကျိုးက လေထဲပျံသန်းပြီး မြို့ဆီ ထွက်လာခဲ့သည်။ ကျောင်းဟုန်ဖူနှင့် နတ်ခြင်္သေ့က သူ့နောက်မှ လိုက်ပါလာကြ၏။ သိပ်မကြာခင် သူတို့က ကျန်းတုံမြို့၏ လျှို့ဝှက်င်္ကေတ ပတ်လမ်းနားဆီ ရောက်ရှိလာကြသည်။
“မျှော်နန်းသခင် ကျွန်မတို့အခု ဘယ်သွားမှာလဲ”
လုကျိုးက အနားယူနေဆဲဖြစ်သည့် နတ်ခြင်္သေ့ကို ကြည့်လိုက်သည်။
သူက အထွတ်အထိပ်ဆန်းကြယ်စွမ်းအား အနည်းငယ်မျှသာ ကျန်ရှိနေသေးသည်။ သူ့တွင် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား မရှိတော့လျှင်ပင် နတ်ခြင်္သေ့က ယခုအနေအထားတွင် အကူအညီဖြစ်မည် မဟုတ်ပေ။ နောက်ဦးတည်ရာသို့ နတ်ခြင်္သေ့ကို ခေါ်ဆောင်သွားဖို့ရာ မလိုအပ်ပေ။ ထို့ကြောင့် သူက ပြောလိုက်၏။
“မြို့တော်ဆီ အရင်ပြန်ကြမယ်”
“ဟုတ်ကဲ့”
……………………
မြို့တော်ဆီ ပြန်ရောက်လာပြီးသည့်နောက်တွင် လုကျိုးက တည်တံ့ရေးခန်းမဆောင်ဆီ ပြန်မသွားသေးဘဲ သင်္ကေတနန်းဆောင်တွင် အနားယူလိုက်သည်။ ထိုစဥ် သူက စနစ်မှ အသိပေးချက်ကို လက်ခံရရှိလိုက်၏။
“တင်း”
“ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ (နယ်မြေအပိုဆုလာဘ်က တိုးပွားလာပါတယ်။)”
လီထျန်းဇယ်က သေဆုံးသွားခဲ့သည်။
“မြို့တော်က အခြေအနေတွေကို စစ်ဆေးကြည့်လိုက်အုံး”
“ဟုတ်ကဲ့”
ကျောင်းဟုန်ဖူက အချိန်မဖြုန်းဘဲ နန်းတော်တံတိုင်းဆီ ဦးတည်လိုက်သည်။
ကျောင်းဟုန်ဖူ ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းကာ ပတ်လမ်းကြောင်း၃ခုရှိ အခြေအနေများကို ဆက်လက်စောင့်ကြည့်လိုက်သည်။
သူက ကျန်းတုံပတ်လမ်းရှိ ရန်သူ၏ အင်အားစုကို ထိနှက်ချက်ကြီးကြီး ပေးနိုင်ခဲ့ပြီဖြစ်၏။
အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အကူအညီဖြင့် ပြဿနာရှိမည် မဟုတ်ပေ။
ယခု ကျန်းနန်ပတ်လမ်း၊ ကျန်းပေပတ်လမ်းနှင့် ရှန်းပေပတ်လမ်းတို့သာ ကျန်ရှိတော့သည်။
သားရဲ ဧကရာဇ်နဲ့ သားရဲဘုရင်တို့က ဘယ်နေရာမှာ ပေါ်ထွက်လာမှာလဲ
မူအာထျဲ့ကရော ဘာတွေကြံစည်နေတာလဲ။
သိပ်မကြာခင် လုကျိုးက မြူခိုးများဖုံးလွှမ်းကာ မိုးရွာနေသည့် ကျန်းနန်ပတ်လမ်းကို မြင်တွေ့လိုက်ရသည်။
ပျက်စီးနေသည့် နဝမမြောက် ဘုံကျောင်း၏ ရှေ့တွင် သွေးအိုင်နှင့် အလောင်းများစွာ ရှိနေလေသည်။ ဤနေရာတွင် ခက်ထန်သည့် တိုက်ပွဲတစ်ခု ရှိခဲ့သည်မှန်း သိသာလှ၏။
လုကျိုးက သူ့ ဒုတိယတပည့် ယွီရှန်းရုန်သည် မြို့တံတိုင်းအထက် မီတာ၅၀၀တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
မိုးစက်များက ယွီရှန်းရုန်၏ ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံအထက် ကျဆင်းလာလေ၏။ သူက ညာဘက်လက်တွင် သက်တော်ရှည်ဓားကို ကိုင်ဆောင်ထားသည်။
သွေးနှင့် မိုး ရောနေသည့် ရေစက်များက ဓားဆီမှ ကျဆင်းလာ၏။
ထိုစဥ် ဝါးခမောက်ကို ဝတ်ဆင်ထားသည့် ပိန်ပါးပါး ကျင့်ကြံသူတစ်ဦးက ယွီရှန်းရုန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေလေသည်။ လုကျိုးက ယခုမှ စောင့်ကြည့်ခြင်း ဖြစ်သည့်အတွက် အဖြစ်အပျက်ကို နားမလည်နိုင်သောကြောင့် ဆက်လက်စောင့်ကြည့်လိုက်သည်။
ဝါးခမောက်ကို ဝတ်ဆင်ထားသည့်သူက ပြောလိုက်သည်။
“ငါ့ဘဝမှာ ဓားလမ်းစဥ်ကိုပဲ လျှောက်လှမ်းခဲ့တာ။ ငါ့ကို အနိုင်ပိုင်းနိုင်တဲ့သူတွေကို လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ရတယ်”
ယွီရှန်းရုန်က ခေါင်းအသာယမ်းလိုက်သည်။
“ကြည့်ရတာ မင်းရဲ့သတ္တိက ဦးနှောက်ထက် ကြီးနေတဲ့ပုံပဲ။ ငါ့ရဲ့ ရှစ်စွင်းက မင်းကို ဘယ်လောက် လွယ်လွယ်ကူကူ အနိုင်ယူခဲ့တယ်ဆိုတာ မေ့သွားပြီလား”
“မင်းရဲ့ ရှစ်စွင်းက ရှစ်စွင်းလေ။ မင်းက မင်းပဲ။ သူက သူ့ကျင့်ကြံဆင့်နဲ့ အခြားသူတွေကို ဖိနှိပ်ခဲ့တာ။ ဒါဓားရေးတိုက်ပွဲ မဟုတ်ဘူး။ မျှတတဲ့ တိုက်ပွဲဆိုတာက ဓားရေးလမ်းစဥ်ပဲ”
“ဒီတိုက်ပွဲက မျှတတယ်လို့များ ထင်နေလား”
ယွီရှန်းရုန်က ရယ်မောလိုက်သည်။
“ငါက အစီအရင်ကြောင့် မွေးဖွားဇယားချပ်၂ခု ဆုံးရှုံးပြီးသွားပြီဆိုတော့ မျှတပါတယ်”
“ကောင်းပြီလေ။ နောက်နှစ် ဒီနေ့လိုနေ့ရက်က အလင်းနဲ့အမှောင် မဟာမိတ်ရဲ့ ကျားငါးကောင်ဖြစ်တဲ့ ယဲ့လွီချူးနန်ရဲ့ နှစ်ပတ်လည် ဖြစ်လာလိမ့်မယ်”
ယွီရှန်းရုန်က ပြောလိုက်သည်။ သူ ဓားကို မြှောက်လိုက်သည့်အခါ ရေစက်များက ချက်ချင်းဆိုသလို အငွေ့ပျံသွား၏။
ယဲ့လွီချူးနန်က သက်ပြင်းချကာ ပြောလိုက်သည်။
“မင်းဆီမှာ အချိန်များများမရှိဘူး။ အနက်ရောင်ဧကရာဇ်ရဲ့ နတ်ဆိုးနည်းစနစ်က ပြီးပြည့်စုံတော့မှာ။ လူသားတွေမရပ်တန့်နိုင်တဲ့ ကပ်ဘေးကို ဆောင်ကြည်းလာတော့မှာ”
“မင်းပြောတာ ပြီးပြီလား”
“ပြီးပြီ”
“ကောင်းပြီလေ။ အခု မင်း သေရမဲ့အချိန်ပဲ”
“ဝှစ်”
သက်တော်ရှည်ဓားပေါ်ရှိ အနီရောင်သင်္ကေတများက သွေးနီရောင်တောက်ပလာပြီး စွမ်းအင်ဓားများ တစ်ချောင်းပြီး တစ်ချောင်း ထုတ်လွှတ်လာခဲ့သည်။
ယဲ့လွီချူးနန်က ဝါးခမောက်က ပြုတ်ကျသွားသည့်အခါ သူ့မျက်နှာအထက် ဓားရာများကို မြင်တွေ့လိုက်ရသည်။ မိုးစက်များက သူ့မျက်နှာပေါ် ကျဆင်းလာပြီး သွေးများကို ဖယ်ရှားပေးနေ၏။
ယွီရှန်းရုန်၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားကာ ကွေ့ယွမ်ဓားနည်းစနစ်ကို ထုတ်သုံးလိုက်သည်။
ပုံရိပ်(၃)ခုက တစ်ပြိုင်နက်ပေါ်ထွက်လာပြီး မိုးရေထဲတွင် ဝေဝေဝါးဝါး ဖြစ်နေလေသည်။
ယဲ့လွီချူးနန်က စွမ်းအင်စည်းတံဆိပ်များကို ယွီရှန်းရုန်ထံ ထုတ်လွှတ်လိုက်၏။
ယွီရှန်းရုန်က စွမ်းအင်စည်းတံဆိပ်များကို ထုတ်လွှတ်ပြီး ဆက်လက်ချီတက်လာသည်။
ပုံရိပ်(၃)ခုက (၆)ခြောက်ခုအဖြစ် ပေါ်ထွက်သွားသည်။
“အား...”
ယဲ့လွီချူးနန်က မျက်လုံးအပြူးသားဖြင့် အော်ပြောလိုက်သည်။
“ကြယ်ခုနှစ်လုံး ဓားအစီအရင်ပဲ”
ယဲ့လွီချူးနန်၏ ခြေထောက်ရှိ မြေကြီးမှ အနက်ရောင်ကြယ်စင်များ လေးမျက်နှာသို့ ထွက်ခွာသွားသည်။ တစ်ချိန်တည်းဆိုသလို ကြယ်စင် (၃)လုံးက သူ့အနောက်ဘက် ရှိနေလေ၏။ ထို့နောက် ခုနှစ်စင်ကြယ်က တစ်ပြိုင်တည်း လည်ပတ်ကာ နေနှင့် လမင်းတို့၏ အလင်းရောင်လိုမျိုး တောက်ပလာပြီး ယွီရှန်းရုန်ဆီ အလင်းတန်းတစ်ခု ထုတ်လွှတ်လာခဲ့သည်။
“ဘမ်း ဘမ်း ဘမ်း”
ပုံရိပ်(၆)ခုက ပြိုင်တူ လှုပ်ရှားလိုက်ကြပြီး သက်တော်ရှည်ဓားကို ဝှေ့ယမ်းကာ ရရှိလာသည့် စွမ်းအင်ဓားများကို ကာကွယ်လိုက်သည်။
“နှေးလွန်းတယ်”
ယွီရှန်းရုန်က ပြောလိုက်သည်။
“ဘမ်း ဘမ်း ဘမ်း”
ယွီရှန်းရုန်၏ ပုံရိပ်က လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး သက်တော်ရှည်ဓားဖြင့် သူတို့ကို ထိုးစိုက်လိုက်သည်။
ယဲ့လွီချူးနန်၏ ကြယ်တာရာဒိုင်ခွက်က တုန်ခါသွားလေသည်။
“နှေးတုန်းပဲ”
ယွီရှန်းရုန်၏ ပုံရိပ်က ထပ်မံပျောက်ကွယ်သွားပြီး မွေးဖွားဇယားချပ် (၇)ခုရှိသည့် ကြယ်တာရာဒိုင်ခွက်ထံ ရိုက်ချလိုက်သည်။ တစ်ချိန်တည်းဆိုသလို စွမ်းအင်ဓားများက နဂါးတစ်ကောင်လိုမျိုး အတန်းလိုက် ထွက်ပေါ်လာသည်။
“ထွက်သွားစမ်း”
ယဲ့လွီချူးနန်က အော်ပြောလိုက်သည်။ ထို့နောက် သူက စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ဖောက်ခွဲကာ ယွီရှန်းရုန်အား လွင့်စဉ်ထွက်သွားစေသည်။
သို့သော်လည်း ယွီရှန်းရုန်က ရုတ်တရက် ရပ်တန့်ပြီး မြေကြီးထဲ ဓားကို ထိုးစိုက်လိုက်သည်။
“ဝုန်း”
တည်ငြိမ်မှု အနှောင့်အယှက်
စွမ်းအင်ဓားများက ချက်ချင်းဆိုသလို ဝေဟင်အထက် ပြည့်နှက်သွားသည်။ မိုး၊ လေနှင့် ရှေးဦးချီတို့က စွမ်းအင်ဓားအဖြစ် ပြောင်းလဲသွားပြီး ယဲ့လွီချူးနန်ဆီ ဝင်ရောက်လာကြသည်။
“မင်းက ဘာလို့ အဲ့လောက်အားကောင်းနေရတာလဲ။ မင်းက မိစ္ဆာအိုကြီးလုရဲ့ တပည့်ရော ဟုတ်ရဲ့လား”
ယဲ့လွီချူးနန်က မျက်လုံးအပြူးသား ဖြစ်နေသည်။ ယွီရှန်းရုန်က ယဲ့လွီချူးနန်ကို လျစ်လျူရှုထားပြီး သက်တော်ရှည်ဓားကို မြေကြီးမှ ဆွဲထုတ်လိုက်သည်။ ယဲ့လွီချူးနန်၏ ကြယ်(၇)လုံးက ယွီရှန်းရုန်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားလေသည်။ သူလုပ်ဖို့ လိုအပ်သည်က သူ့ပစ်မှတ်ကို ရှင်းထုတ်ဖို့ရန်သာ ဖြစ်၏။ သက်တော်ရှည်ဓားကို ဆွဲထုတ်ပြီးသည့်နောက်တွင် သူက ယဲ့လွီချူးနန်ကို ထိုးစိုက်လိုက်သည်။
ပထမဓားချက်
ဒုတိယဓားချက်
တတိယဓားချက်
စတုတ္ထဓားချက်က ယဲ့လွီချူးနန်၏ လည်ပင်းအထက် ကျရောက်လာခဲ့သည်။
ယွီရှန်းရုန်က ကြယ်(၇)လုံး ဓားအစီအရင်ထဲ ဝင်ရောက်လာပြီသာ ဖြစ်၏။ သူ့ဓားက လျှပ်စီးလို အလျင်ဖြင့် ရွေ့လျားကာ တစ်ဖက်သူကို အသက်ရှူဖို့ အခွင့်အရေးမပေးပေ။
ယဲ့လွီချူးနန်းက ဆက်လက်ရှောင်ရှားရင်း နောက်ဆုတ်နေရသည်။
စွမ်းအင်ဓားများက ပိုမိုမြန်ဆန်လာပြီး ယွီရှန်းရုန်က အံ့မခန်းအလျင်ဖြင့် ဓားများကို ဝှေ့ယမ်းနေလေသည်။
ဤတစ်ကြိမ် ယဲ့လွီချူးနန်က လက်ဝါး(၂)ခုကို ပူးကပ်ပြီး ခြေလှမ်းကြီးကြီး နောက်ဆုတ်လိုက်ရသည်။
“ဒါက မင်း သေမဲ့နေရာပဲ”
ခုနစ်စင်ကြယ်ဓား အစီအရင်က ရုတ်တရက် ပိတ်ဆို့သွားလေသည်။
“ဘမ်း”
ဤတစ်ကြိမ် အစီအရင်အတွင်း တစ်စုံတစ်ခု ဖျတ်ခနဲ လက်သွားလေသည်။ နောက်စက္ကန့်ပိုင်းအတွင်း သူတို့က ယဲ့လွီချူးနန်အနီး ပေါ်ထွက်လာ၏။
“မင်း ပြောတာမှန်တယ်”
“ဝှစ် ဝှစ် ဝှစ်”
စွမ်းအင်ဓားက မျက်မှောင်ကြုတ်နေသည့် ယဲ့လွီချူးနန်ဆီ ဆက်လက်ကျဆင်းလာလေ၏။
ရုတ်ခြည်းဆိုသလို စွမ်းအင်ဓား၏ အရှိန်က အဆများစွာ တိုးပွားလာခဲ့သည်။
“ရပ်လိုက်”
စွမ်းအင်ဓားများက သက်ညှာခြင်းမရှိ ဆက်လက်ရှေ့တိုးလာသည်။
“ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့”
စွမ်းအင်ဓားများက ထပ်မံ အရှိန်မြှင့်လာ၏။
အန္တရာယ်နှင့် သေခြင်းတရားအငွေ့အသက်က ယဲ့လွီချူးနန်ထံ ကျရောက်လာပြီး စက္ကန့်ပိုင်းမျှ အေးခဲ့သွားဟန်ပေါ်သည်။ သူ့အနေဖြင့် ယွီရှန်းရုန်သည် စွမ်းအင်ဓား (၆)ခုသာ ကျန်တော့သည့်အချိန် စွမ်းအင်ဓားအားလုံးကို ပေါင်းစည်းလိုက်သည့်အခါ ရပ်တန့်သွားလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ ထို့နောက် သူတို့က သူ့ရင်ဘတ်ထဲ တစ်ခုပြီးတစ်ခု ထိုးစိုက်လာလေ၏။
“...”
တိုက်ပွဲက ဤသို့ဖြင့် အဆုံးသတ်သွားသည်။
ယဲ့လွီချူးနန်က တည်ငြိမ်နေသည့် ယွီရှန်းရုန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူလိုက်၏။
သူ့စွမ်းအင် ဗဟိုချက်ရှိ ချီပင်လယ်၏ အသက်ဓာတ်စွမ်းအားက ထွက်ပေါ်လာပြီး နာကျင်မှုက ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည်။
“ဘာလို့ မရပ်တာလဲ”
ယွီရှန်းရုန်က ခေါင်းခါလိုက်ပြီး
“ဘာလို့ရပ်ရမှာလဲ”
ယဲ့လွီချူးနန်၏ မြေကြီးပေါ် ပြုတ်ကျသွားပြီး သူက ထိုမေးခွန်းကြောင့် ကြောင်အနေဟန်ပေါ်သည်။ သူက ရုတ်တရက် တုံးအသလို ခံစားမိလိုက်၏။ အဆုံးသတ်တွင် သူက ကူကယ်ရာမဲ့စွာ ခေါင်းအသာယမ်းလိုက်ပြီး မေးလိုက်သည်။
“ငါ့ရဲ့ ဓားရေးကို ဘယ်လိုထင်လဲ”
ယွီရှန်းရုန်က ပြောလိုက်သည်။
“အမှန်တိုင်းကြားချင်လား။ အလိမ်အညာကို ကြားချင်လား”
“အမှန်အတိုင်း”
“အဲဒါက အပြင်ပန်းပဲ ကြည့်လို့ကောင်းတာ”
“...”
ယဲ့လွီချူးနန်က သွေးတစ်ပွက် အန်လိုက်ရသည်။ သူက ရင်ဘတ်ကို ခြောက်ကြိမ် ထိုးစိုက်ခံလိုက်ရပြီး သူ့မွေးဖွားဇယားချပ်များက ဖျက်ဆီးခုံလိုက်ရပြီ ဖြစ်သည်။ သိပ်မကြာခင် သူက အသက်မရှူတော့ဘဲ မြေကြီးပေါ် လဲကျသွားလေသည်။
မိုးရေများက ဆက်လက်ကျဆင်းနေပြီး သွေးများကို ဆေးကြောသွားလေ၏။
ပျက်စီးနေသည့် နဝမမြောက်ဘုံကျောင်းက မိုးရေအောက်တွင် ပိုပြီးတော့ အထီးကျန်ဖို့ ကောင်းနေသည်။
ယွီရှန်းရုန်တစ်ယောက်တည်းကသာ မတ်တပ်ရပ်လျက် ကျန်ရှိနေ၏။ သူက သက်တော်ရှည်ဓားကို မြေကြီးထဲ အလျင်အမြန် ထိုးစိုက်လိုက်သည်။ သူက နဝမမြောက်ဘုံကျောင်းကို လှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် သက်တော်ရှည်ဓား၏ ဓားရိုးကို ကိုင်ဆောင်လ်ုက်သည်။ ခဏအကြာတွင် သူက ပြေးထွက်သွား၏။ ဤသို့ဖြင့် လုကျိုးက ကောင်းကင်ကျမ်း၏ အမြင်စွမ်းအားကို ဖြတ်တောက်လိုက်သည်။
“ကျန်းနန်ပတ်လမ်း”
လုကျိုးက အနည်းငယ် စိုးရိမ်စွာ ရေရွတ်လိုက်သည်။ သူက နောက်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ စဥ်းစားနေလေ၏။
ခဏအကြာတွင် သူက စနစ်ကို ခေါ်လိုက်သည်။ သူ့ပိုင်ဆိုင်မှုထဲရှိနေသည့် ကတ်တစ်ကတ်ကို ကြည့်ကာ ရေရွတ်လိုက်၏။
“မင်းဆီမှာ သက်ရောက်မှုမျိုးရှိဖို့ မျှော်လင့်တယ်”
ထို့နောက် သူက နောက်ထပ်ပေါင်းစည်းရေး(၂)ကတ်ကို ထုတ်ယူလိုက်သည်။ သူ့တွင် (၁)ကတ်ရှိထားသည့်အတွက် ပေါင်းစည်းရေး (၃)ကတ်ကို ချက်ချင်းအသုံးပြုလိုက်သည်။
ဤတစ်ကြိမ် ကျောင်းဟုန်ဖူက သင်္ကေတခန်းမဆီ ပြန်ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။
“မျှော်နန်းသခင် အဖြူရောင်မျော်စင်အဖွဲ့အစည်းက လူတွေအများကြီး လွှတ်လိုက်ပါတယ်။ အကြီးအကဲ(၂)ဦးလည်း ပါတယ်။ ဒါပေမဲ့ အခြေအနေက သိပ်တော့ မကောင်းလှဘူး။ ခက်ထန်သားရဲတွေက အများကြီး ရှိနေတယ်။
ကံကောင်းတာက မြို့တော်ရဲ့ ကာကွယ်ရေးအစီအရင်က တစ်ခြားနေရာတွေထက် ပိုပြီးတော့ သာနေတာပဲ။ ကျွန်မတို့ အခု စိုးရိမ်စရာက အနက်ရောင်ကြာ ကျင့်ကြံသူတွေ ပေါ်ထွက်လာမှုပဲ။ သတ္တမသခင်လေးနဲ့ တစ်ခြားသူတွေက မြို့တံတိုင်းပေါ်မှာရှိတဲ့ တပ်ဖွဲ့တွေကို အမိန့်ပေးနေကြတယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“အခုနားလိုက်အုံး။ တစ်ကယ်လို့ သားရဲဘုရင် ဒါမှမဟုတ် သားရဲဧကရာဇ် ထွက်လာတယ်ဆိုရင် ချက်ချင်းအကြောင်းကြား”
“ဟုတ်ကဲ့”
ကျောင်းဟုန်ဖူထွက်သွားပြီးသည့်နောက်တွင် လုကျိုးက အတွေးနက်နေမိသည်။
မူအာထျဲ့နှင့် သားရဲဧကရာဇ်တို့က ဘယ်အရာကို စောင့်ဆိုင်းနေကြသနည်း။ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီဖြစ်သော်လည်း သူတို့(၂)ဦးက ပေါ်ထွက်မလာရသည့် အကြောင်းအရင်း မရှိပေ။
...
အခန်း (၁၁၁၉) ခုခံကာကွယ်သူ၏သတ္တိ
မြို့တော်တွင် ခံတပ်ကိုထိန်းထားရန် စီးဝူယာ့၊ ရှန်ရှီနှင့် ကျန်သည့်သူများ ရှိသည်။ သူတို့က ကြမ်းတမ်းခက်ထန်သားရဲများကို ဖြေရှင်းရန် လုံလောက်တာထက်ပိုပေ၏။ တစ်ခုတည်းသော စိုးရိမ်စရာက အနက်ရောင်ကြာတပ်ဖွဲ့၏ပေါ်ပေါက်လာမှုပဲဖြစ်သည်။ ရန်သူက အမှောင်ထဲတွင် ရှိနေစဉ် တာ့ထန်က အလင်းထဲတွင် ရှိနေ၏။
ရန်သူလေးယောက်သည် ဤပတ်လမ်းလေးခုကို ရွေးလိုက်သည့်အကြောင်းရင်းကို လုကျိုး သိချင်နေမိသည်။
ခဏအကြာ၌ သူသည် ဤကိစ္စကို မစဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။ အရေးကြီးသည်က သူ၏ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အမြန်ဆုံးပြန်လည်ဖြည့်တင်းရန်ဖြစ်သည်။ ဤအခြေအနေတွင် သူ့၌ အထွတ်အထိပ်ဆန်းကြယ်ကတ်များ ရှိနေလျှင်တောင် ကိစ္စရပ်များက ခက်ခဲနေဦးမှာပဲဖြစ်၏။ ဆိုရလျှင် အထွတ်အထိပ်ဆန်းကြယ်ကတ်၏ သုံးစွဲနိုင်သည့် အချိန်က အလွန်တိုတောင်းသည်။ ထိုအရာအပြင် အဆင့်မြင့် အထွတ်အထိပ်အသွင်ကတ်ကို ပေါင်းစည်းခြင်းက သူ့တွင် အထွတ်အထိပ်အသွင်ကတ်၃ခုရှိထားရမည်ဖြစ်သည်။
ပြီးနောက် လုကျိုးသည် ရှန်ပေ့ပတ်လမ်းတွင် ရှိနေသည့် ယွီကျန့်ဟိုင်ကို လေ့လာလိုက်သည်။ အခြေအနေက ယွီရှန်းရုန်ရှိရာ ကျန်းနန်ပတ်လမ်းထက် ပိုတည်ငြိမ်၏။
လုလီနှင့် ယန်ကျန်းလော့အတွက်မူ သူသည် သူတို့ကို လေ့လာရန်မလိုအပ်ချေ။ ဆိုရလျှင် ယန်ကျန်းလော့၌ မွေးဖွားဇယားချပ်၆ခုရှိ၏။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ပံ့ပိုးမှုဖြင့် ထိုနေရာ၌ ပြဿနာမရှိလောက်ပေ။
“အရင်ဆုံးကြိုးကိုင်သူကို ဖမ်းတာက အကောင်းဆုံးဖြစ်နေသေးတုန်းပဲ” လုကျိုးသည် အနက်ရောင်ဧကရာဇ်နှင့် သားရဲဧကရာဇ်ကို ရှာနိုင်သရွေ့သ၍ သူသည် ပြဿနာကို ဖြေရှင်းနိုင်မှာပဲဖြစ်သည်။
“သတင်းပို့ပါတယ်” ကျောင်းဟုန်ဖု၏အသံက အပြင်ကနေပြန့်လွင့်လာ၏။
“ဝင်လာခဲ့”
ကျောင်းဟုန်ဖု၊ လုချန်းရှန်နှင့် စီးဝူယာ့တို့က သင်္ကေတခန်းမထဲသို့ အတူတကွဝင်လာလေ၏။ လုကျိုးက ဇဝေဇဝါဖြစ်သွားသည်။
“လုချန်းရှန်လား”
လုချန်းရှန်သည် ခေါင်းမော့လိုက်ရာ ရုပ်ဖျက်ကတ်ကြောင့် အိုမင်းနေသေးသော လုကျိုးကို တွေ့လိုက်ရသည်။ သူက ဇဝေဇဝါဖြင့် မေးလိုက်လေ၏။ “မျှော်နန်းသခင်လု ဘယ်မှာလဲ"
ကျောင်းဟုန်ဖုက အနေခက်နေပုံဖြင့် ပြောလိုက်သည်။
“ဒါက မျှော်နန်းသခင်လုပဲ”
လုချန်းရှန်းသည် လုကျိုး၏ငယ်ရာမှ အသက်ကြီးသွားသော သွင်ပြင်ကြောင့် ဇဝေဇဝါ ဖြစ်သွားတော့သည်။ မည်သို့ပင်ဆိုစေ သူသည် လုကျိုးကို တလေးတစား နှုတ်ခွန်းဆက်လိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်လု”
“ဒီကို ဘာလို့ရောက်လာတာလဲ”
“မျှော်နန်းသခင်လု ထွက်သွားပြီးနောက်ပိုင်း တော်ဝင်ခုံရုံးက ကျုပ်တို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါပေမဲ့ တော်ဝင်ခုံရုံးထဲမှာ ကျုပ် သူလျှိုတွေထည့်ထားတာ သူတို့မသိဘူး။ ဒါ့အပြင် သတ္တမသခင်လေးရဲ့ လျှို့ဝှက်သတင်းကို ရပြီးတော့ လုမျိုးနွယ်ကို ဦးဆောင်ပြီး မြို့တော်ကနေ ထွက်ပြေးလာတယ်” လုချန်းရှန်းက ပြောလိုက်၏။
လုကျိုးက ခေါင်းညိတ်လိုက်သည်။ အဓိပ္ပာယ်ရှိပေသည်။ လုချန်းရှန်းသည် ယခင်က အနက်ရောင်ဧကရာဇ်ကို ရန်စခဲ့ပြီး လုမျိုးနွယ်က မြို့တော်၌ နေစရာမရှိတော့ပေ။ စီးဝူယာ့က ပြောလိုက်၏။
“ရှစ်စွင်း ... ကျွန်တော် အသစ်တစ်ခု ရှာတွေ့ထားပါတယ်”
“ပြော”
စီးဝူယာ့သည် သူရေးဆွဲထားသည့်မြေပုံကို မြေပြင်ပေါ်၌ ယာယီထားပြီးပြောလိုက်၏။
“ဒါက ကျန်းနန်ပတ်လမ်းရဲ့ ရှုကုန်းမြေပါ။ ဒါက ရှန်ပေ့ပတ်လမ်း၊ ကျန်းပေ့ပတ်လမ်း၊ ကျန်းတုန်ပတ်လမ်း။ ဒီပတ်လမ်းလေးခုက တာ့ထန်ရဲ့အစွန်အဖျားပိုင်းမှာ ရှိတာပဲ။ သူတို့သာ အမြစ်ပြတ်သုတ်သင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် နေရာမရွေးစလို့ရတယ်။ သူတို့ပတ်လမ်းလေးခုကို ရွေးစရာမလိုဘူး။ ဒါကြောင့် သူတို့မှာ တခြားအကွက်တွေရှိမယ်လို့ သံသယဝင်မိတယ်” သူသည် လုချန်းရှန်းကို တစ်ချက်ကြည့်ပြီးနောက် ဆက်ပြောလိုက်သည်။
“အရင်တုန်းက လုစစ်သူကြီးက အနက်ရောင်ဧကရာဇ်နဲ့ ကြိမ်ဖန်များစွာတွေ့ဖူးတယ်။ သူ သွားရောက်လည်ပတ်နေတုန်း ကျန်းကုန်းကုန်းက အရေးပါတဲ့လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြခဲ့မိတယ်” ထိုစဉ် လုချန်းရှန်းက ဝင်ပြောလိုက်၏။
“ကျန်းကုန်းကုန်းပြောတာတော့ အရှင်မင်းကြီးက မမှန်းဆနိုင်တဲ့ ကျင့်ကြံရေးလမ်းစဉ်ကို ရှာဖွေဖော်ထုတ်ဖို့ သူ့အခြေအနေကို မြှုပ်နှံထားတယ်တဲ့။ ဒါကြောင့် သူက အနက်ရောင်မျှော်စင်၊ တာ့မင်နဲ့ တခြားအင်အားစုတွေ ထွန်းတောက်လာတာကို ခွင့်မပြုထားရန် တခြားကိစ္စတွေကို လျစ်လျူရှုထားခဲ့တယ်”
လုကျိုးက ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။
“မှန်းဆမရတဲ့ ကျင့်ကြံရေးလမ်းစဉ်လား။ ဒီစစ်ပွဲနဲ့ ဘာဆိုင်လဲ”
လုချန်းရှန်းက ခေါင်းခါပြီးပြောလိုက်သည်။ “ကျုပ်မသိဘူး”
စီးဝူယာ့က မြေပုံကို ထောက်ပြပြီးပြောလိုက်သည်။
“သူတို့ရွေးထားတဲ့နေရာတွေက ကြမ်းတမ်းခက်ထန်သားရဲတွေ အများဆုံးရှိတဲ့နေရာပဲ။ သူတို့တွေက အခွင့်အရေးတစ်ခုကို စောင့်နေတာလို့ထင်တယ်”
လုကျိုးက မုတ်ဆိတ်သပ်ပြီးခေါင်းညိတ်လိုက်လေ၏။ “ဒီနေရာတွေမှာ မူမမှန်တာ တစ်ခုခုရှာတွေ့လား”
“ရှာမတွေ့သေးပါဘူး” စီးဝူယာ့က ခေါင်းခါလိုက်သည်။
“ဒီလိုအရေးကြီးတဲ့အချက်ကို မေ့နေတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ မမှတ်မိသေးတဲ့ပုံပဲ”
လုချန်းရှန်းက ပြုံးလိုက်၏။ ”လောဖို့မလိုဘူး။ မင်းက ဒီလိုကောက်နုတ်နိုင်တာကပဲ အံ့ဩဖို့ ကောင်းနေပြီးပြီ။ ကျန်းကုန်းကုန်းဆီက စကားတစ်ခွန်းတည်းနဲ့ ဒီလိုကောက်နှုတ်နိုင်တာကပဲ အံ့ဩဖို့ကောင်းနေပြီးသား”
ဤသတင်းအချက်အလက်သည် လုံးဝအသုံးမဝင်တာမဟုတ်ပေ။ အနည်းဆုံးတော့ မူအာ့ထျဲသည် လုကျိုးကို အလွန်ကြောက်ရွံ့နေကြောင်း ပြသနေ၏။ ထိုအကြောင်းအရင်းကြောင့် သူသည် ယခုအချိန်ထိ မျက်နှာမပြရဲတာပဲဖြစ်သည်။ အလင်းအမှောင်မဟာမိတ်နှင့် ကြမ်းတမ်းခက်ထန် သားရဲတို့သည် အမြှောက်စာများသာ ဖြစ်နေပုံပေါ်သည်။
ကျောင်းဟုန်ဖုက ပြောလိုက်၏။
“မျှော်နန်းသခင်က ကျန်းတုန်ပတ်လမ်းကိုသွားပြီး ကပ်ဘေးကို ယာယီဖြေရှင်းပြီးသွားပြီ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ပံ့ပိုးမှုနဲ့ ကျွန်မတို့မှာ ရှိနေတယ်။ မျှော်နန်းသခင်က အလင်းအမှောင်မဟာမိတ်ရဲ့ ခေါင်းဆောင် ထျန်းကျယ်ကို သတ်လိုက်ပြီးပြီ။ လူတိုင်းစိတ်ပူနေဖို့ မလိုတော့ဘူး။ ဒီမှာ မျှော်နန်းသခင်ရှိနေရင် မူအာ့ထျဲက ဘာမှလုပ်နိုင်တော့မှာမဟုတ်တော့ဘူး”
ထိုစကားကိုကြားသောအခါ စီးဝူယာ့က သတိပေးမိသွား၏။
“ရှစ်စွင်း ဒီလိုဖြစ်လေလေ ကျွန်တော်တို့ ပိုဂရုစိုက်လေလေပဲ။ သေကြေပျက်စီးမှုက မလွဲမသွေဖြစ်မှာ။ ပြန်ဆုတ်ခွာရမဲ့အချိန်ရောက်ရင် ကျွန်တော်တို့ ပြန်ဆုတ်ခွာရမယ်။ သွေဖီမှုတွေဖန်တီးဖို့ သူတို့ပန်းတိုင်ထဲ ကျွန်တော်တို့ ကျမသွားသင့်ဘူး”
လုကျိုးက ခေါင်းအနည်းငယ်ညိတ်လိုက်လေ၏။ “ဘာလုပ်ရမှန်း ငါ သိတယ်။ အခြေအနေကို ဆက်လေ့လာထား။ တစ်ခုခုထူးရင် ချက်ချင်း သတင်းပို့”
“နားလည်ပါပြီ”
လုကျိုးက လက်ဝေ့ယမ်းလိုက်ပြီး လူတိုင်းက သင်္ကေတခန်းမထဲမှ ထွက်သွားလေ၏။
ကျူးဟုန်ကုန်းကို စစ်ဆေးပြီးနောက် အနက်ရောင်ကြာတပ်ဖွဲ့နှင့် ကြမ်းတမ်းခက်ထန်သားရဲများကို ဖြေရှင်းပြီးကြောင်း ရှာတွေ့သွား၏။ ပြီးနောက် သူသည် အမြင်စွမ်းအားကို ဖြတ်တောက်ကာ ကောင်းကင်ကျမ်းစာ၏ဆင်ခြင်သုံးသပ်သော အခြေအနေသို့ ဝင်လိုက်သည်။
ကျန်းပေ့ပတ်လမ်းတွင်ဖြစ်သည်။
တွမ့်မူရှန်းသည် နေကို မျက်နှာမူနေ၏။ ပျောက်ကွယ်သွားသော နေအလင်းရောင်သည် သွေးစက်များအပေါ် ထွန်းလင်းတောက်ပနေပြီး သူ၏ခန္ဓာကိုယ်တွင် ရွှဲရွှဲစိုနေသော ချွေးများနှင့်သွေးများအပေါ် လင်းလက်နေတော့သည်။ သူ၏လှံကို အကြိမ်ရေမည်မျှ လွှဲခဲ့မိမှန်းမသိတော့ပေ။ သူ့ခြေထောက်အောက်ရှိ အလောင်းပုံသည် သူ့လှံကို လွှဲယမ်းခဲ့သည့်အကြိမ်အရေအတွက်နှင့် တူလောက်သည်။
လီလီအလောင်းများ ပုံလျက်သားရှိနေပြီး ၎င်းက ပေရာချီမြင့်မား၏။
တွမ့်မူရှန်းသည် အလောင်းတောင်ပေါ်တွင် ရပ်နေလျက် ဝင်လာသမျှ လီလီများကို တတ်စွမ်းသမျှ သတ်လျက် လွှဲယမ်းနေသည်။ လီလီက ရှေ့သို့တဟုန်ထိုးချီတက်လာစဉ် သူက သူတို့ကို သေအောင်ထိုးစိုက်မှာဖြစ်သည်။
သွေးနှင့်ခရမ်းရောင်အငွေ့များက လီလီတို့၏ အလောင်းမှ ပေါ်ထွက်လာသည်။ သူတို့နားရှိ ပန်းပွင့်များနှင့်သစ်ပင်များသည် ညှိုးရော်ကုန်တော့သည်။ “ထပ်ပြီး”
ဘန်း
“ငါ တတ်နိုင်သမျှ သူတို့ကို မြန်မြန်သတ်ရမယ်” အဝေးကနေဆို သူတို့သည် သွေးစွန်းနေသော ပုရွက်ဆိတ်များနှင့် တူနေတော့သည်။
ယခုအချိန်၌ တွမ့်မူရှန်းသည် မောပန်းနွမ်းနယ်မှုကြောင့် သူ၏လှုပ်ရှားမှုများ တဖြည်းဖြည်းနှေးလာတော့သည်။ သူတဖြည်းဖြည်း ထုံကျဉ်လာတော့၏
အချိန်မည်မျှကြာသွားသည်မသိ လီလီတပ်ဖွဲ့၏နောက်ဖက်၌ အနက်ရောင်အရိပ်တစ်ခုပေါ်လာသည်။ သူသည် ကျန်းပေ့ပတ်လမ်းတောင်ထွက်ရှိရာဆီသို့ တဟုန်ထိုးပျံသန်းသွားပြီး သွေးများရွှဲနေသော တွမ့်မူရှန်းကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။
“အစီအစဉ်ကို ဘယ်သူဖျက်ဆီးတာလဲလို့ သိချင်နေတာ။ လက်စသပ်တော့ အမှိုက်တစ်စပဲကိုး”
တွမ့်မူရှန်းက သူ့ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်၏။ သူ၏နယ်ရှင်လှံကို ရှေ့သို့ထိုးစိုက်ကာ မေးလိုက်သည်။ “မင်း ဘယ်သူလဲ”
ဝတ်ရုံနက်လူက ပြောလိုက်၏။
“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက မင်းက လုပ်သင့်တာကို လုပ်ခဲ့တာကိုး။ မင်း မသေခင် ဘာပြောဦးမလဲ”
တွမ့်မူရှန်းက မကြောက်ရွံ့ပေ။ ထိုအစား သူက ဇဝေဇဝါဖြင့် မေးလိုက်၏။
“ဒီလီလီတွေက ခင်ဗျားလုပ်ရပ်လား”
ဝတ်ရုံနက်ဖြင့်လူက ဘာကိုမှ ကွယ်ဝှက်ဖို့ စိတ်ထဲမထားပေ။
“အနီရောင်ကြာနယ်မြေက လူတွေက လောဘကြီးပြီးမိုက်မဲတယ်။ လီလီတွေက လူရဲ့ဝိညာဉ်တွေကို သန့်စင်ပေးနိုင်ပြီး သူတို့အပြစ်တွေကို ဆေးကြောပေးနိုင်တယ်”
“ငါ ဒါတွေမကြားချင်ဘူး။ ဒီဟာတွေက ဆိုးယုတ်တယ်။ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ” တွမ့်မူရှန်းက ပြောလိုက်၏။
ဝတ်ရုံနက်ကျင့်ကြံသူသည် အနည်းငယ်ဆွံ့အသွား၏။ မာကျောသော ကျောက်တုံးကဲ့သို့တုံးအသည့် သူ့ရှေ့က လူနှင့်ဆက်သွယ်ရန်ခက်ခဲနေသည်။
“ငါ မင်းကို သင်ခန်းစာမပေးရင် မင်း ဘယ်လိုစကားပြောရမလဲ သိမှာမဟုတ်ဘူး”
ဝတ်ရုံနက်ကျင့်ကြံသူက သူ၏လက်ကိုမြှောက်လိုက်ပြီး သူသည် တာအိုသင်္ကေတအဝိုင်းတစ်ခုကို လွှတ်ထုတ်ရန် တွေဝေမနေခဲ့ပေ။ အနက်ရောင်စည်းတံဆိပ်၏အလယ်၌ အနက်ရောင်အလင်း တောက်ပနေ၏။ သူ့ရှေ့ရှိ အမှိုက်ကို လက်ဝါးတစ်ချက်ဖြင့် အပြီးရိုက်သတ်ရန် ရည်ရွယ်ထားသည်။ သူ ခွန်အားများများစားစားသုံးရန် မရည်ရွယ်ထားချေ။ ၎င်းက ပုရွက်ဆိတ်တစ်ခုကို သတ်ရသကဲ့သို့ လွယ်ကူလှသည်။
တွမ့်မူရှန်း၏ အမူအရာကရုတ်ခြည်းပြောင်းလဲသွားတော့သည်။ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်မှ စည်းတံဆိပ်ကို သူ သိ၏။ ၎င်းက သူ၏အားနည်းသော ပွင့်ချပ်ကိုးလွှာခံနိုင်ရည်ရှိသည့်အရာမဟုတ်ပေ။ အဆုံးကျ သူသည် တိုက်ခိုက်မှုကို ပိတ်ဆို့ရန် သူ့ရှေ့၌ နယ်ရှင်လှံကို မြှောက်လိုက်သည်။
ဘန်း
တွမ့်မူရှန်း၏လက်များ ထုံကျဉ်သွားပြီး သွေးတစ်ပွက်အန်လိုက်ရ၏။ သူသည် အလောင်းတောင်ဘေးရှိ မြေပြင်ပေါ်ပြုတ်ကျသွား၏။ ကံကောင်းသည်မှာ သူ၏ကျင့်ကြံမှု ဝိသေသနှင့် နှစ်ပေါင်းများစွာ ရိုက်နှက်ခံခဲ့ရသည်များက သူ၏ခန္ဓာကိုယ်ကို ပုံသွင်းပေးပြီးဖြစ်သွားသည်။
ဝတ်ရုံနက်ကျင့်ကြံသူက အံ့ဩနေ၏။ သူက ရှေ့သို့ပျံသန်းသွားတော့သည်။ သူသည် သူ့ရှေ့ရှိ သေဆုံးသွားသော လီလီများကို ကြည့်ပြီး တအံအဩပြောလိုက်၏။
“သတ္တိရှိပြီး ကြံ့ခိုင်တဲ့သူပဲ။ မင်းက အစီစဉ်ကြီးတစ်ခုကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့တာ ဆိုးတယ်”
တွမ့်မူရှန်းက ခေါင်းမော့လိုက်၏။ သူသည် အလောင်းတော်ပေါ်၌ ပျံဝဲနေသော ဝတ်ရုံနက်ကျင့်ကြံသူကိုကြည့်ကာ သူ၏မျက်လုံးများ တောက်လောင်နေတော့သည်။
ဝတ်ရုံနက်ကျင့်ကြံသူက လှည့်ပြောလိုက်၏။
“မင်း တကယ်ကံဆိုးတာပဲ။ ငါ စိတ်မကောင်းပေမဲ့ မင်းနဲ့ကစားဖို့ အချိန်မရှိဘူး”
ပြီးနောက် ဝတ်ရုံနက်ကျင့်ကြံသူသည် လက်ဝါးစည်းတံဆိပ် ၃ခုတက်တိုက်တွန်းထုတ်လိုက်၏။ သူ၏ခွန်အားသည် ယခင်ကနှင့်ယှဉ်လာလျှင် တိုးလာတော့သည်။
လက်ဝါးစည်းတံဆိပ်၃ခုသည် တစ်ခုက အပေါ်၊ တစ်ခုက အလယ်၊ တစ်ခုကအောက်ဖြစ်ပြီး တွမ့်မူရှန်းကို ဝိုင်းထားကာ သူ ထွက်ပြေးလွတ်မြောက်နိုင်သည့်လမ်းအားလုံးကို ဖြတ်တောက်လိုက်၏။ ဤနည်းဖြင့် သူ ရှောင်နိုင်မှာ မဟုတ်တော့ပေ။ သူ မြေပြင်ပေါ်တွင် လှဲလျက် သက်ပြင်းချလိုက်သည်။
ဘန်း
ဝေဟင်မှ အဖြူရောင်အလင်းထိုးထွက်လာပြီး မြေပြင်ကို ထိုးဖောက်သွားကာ အနက်ရောင်လက်ဝါးစည်းတံဆိပ်များကို ပိတ်ဆို့လိုက်၏။
တွမ့်မူရှန်းက ခေါင်းမော့လိုက်ချိန် ဝေဟင်ထဲ၌ ပြုံးနေသည့် ဝတ်ရုံဖြူကျင့်ကြံသူကို တွေ့လိုက်ရသည်။
ဝတ်ရုံဖြူကျင့်ကြံသူက ပြောလိုက်သည်။
“မင်း သူ့ကို သတ်လို့မရဘူး”
ဝတ်ရုံနက်ကျင့်ကြံသူက အထိတ်တလန့်ပြောလိုက်၏။ “အဖြူရောင်မျှော်စင်အဖွဲ့အစည်းလား”
“ဒီလူရဲ့ဘေးကင်းရေးအတွက် မိစ္ဆာဝေဟင်မျှော်နန်းရဲ့စီးဝူယာ့က ငါ့ကို အပ်ထားတာ။ မင်း အခု ထွက်သွားလို့ရပြီ” ဝတ်ရုံဖြူကျင့်ကြံသူက ပြောလိုက်တော့သည်။