← Chapters

အခန်း (၁၁၂၀-၁၁၂၂)

Vol. 75 Ch. 1120-1122

အခန်း (၁၁၂၀-၁၁၂၂)

Vol. 75 Ch. 1120-1122

အခန်း (၁၁၂၀) ကပ်ဘေးကရောက်လာပြီလား

“ငါ့ကို တားနိုင်မယ်များထင်နေလား။ ငါက ဝူဘုရင် မဟုတ်ဘူး”

အဖြူဝတ်ကျင့်ကြံသူက အဖြူရောင် မျှော်စင်အဖွဲ့အစည်း၏ အကဲဖြတ်သူ နဥ်ဝမ်ချင်းမှလွဲ၍ တခြားသူ မဟုတ်ပေ။ နဉ်ဝမ်ချင်းက ပြုံးကာ သက်တောင့်သက်သာဖြင့် ပြောလိုက်သည်။

“မင်းက အလျင်လိုနေတဲ့ပုံပဲ။ မင်းရဲ့အ‌ငွေ့အသက်က ရှုပ်ယှက်ခတ်နေတယ်။ ကြည့်ရတာ ဒေါသထွက်နေတဲ့ပုံပဲ”

“ရမ်းသမ်းပြောမနေနဲ့” အနက်ဝတ်ကျင့်ကြံသူက ရှေ့တိုးလာသည်။

နှစ်ဦးသားက ခက်ထန်သည့် တိုက်ပွဲကို ဆင်နွှဲလိုက်ကြ၏။

စွမ်းအင်စည်းတံဆိပ်များက ဝေဟင်ထဲ ပြည့်နှက်သွားသည်။

တွမ့်မူရှန်းက ဒေါသထွက်လာကာ နယ်ရှင်လှံကို ဆုပ်ကိုင်ထား၏။ သူက ချောင်းတစ်ခါဟန့်လိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူ မတ်တတ်ထရပ်ပြီးသည့်အချိန် လီလီများက အလောင်းတောင်ပေါ် ကျော်တက်လာသည်ကို မြင်လိုက်ရသည်။ သူက အံကြိတ်လျက် လီလီများဆီ သူ့နယ်ရှင်လှံကို ကိုင်ဆွဲလျက် ပြေးဝင်သွားလိုက်သည်။

စွမ်းအင်လှံက ပေါက်ကွဲထွက်သွားပြီး လီလီ၏ ဦးခေါင်းများကို ထိုးဖောက်သွားသည်။ ဤသို့ဖြင့် သူတို့က ပြုတ်ကျသွားပြီး အလောင်းပုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြ၏။

“သွားကြစို့” နဥ်ဝမ်ချင်း၏ အသံက တွမ့်မူရှန်း၏ နားထဲ ဝင်ရောက်လာသည်။

“ကျုပ်တို့တွေ သွားလို့မရဘူး။ လီလီတွေ ကျန်းပေ့ပတ်လမ်းထဲ ဝင်ခွင့်ပြုလို့ မဖြစ်ဘူး” တွမ့်မူရှန်း ကနာကျင်မှုကို တောင့်ခံလျက် ပြောလိုက်သည်။ အကယ်၍ သူငယ်စဥ်အခါက ကျိထျန်းတောက်၏ လက်သီးချက်များကို တောင့်ခံခဲ့၍သာ မဟုတ်ရင် ယနေ့သေဆုံးသွားသည်မှာ ကြာမြင့်လှပြီဖြစ်၏။

ဤသည်က သူ့ကျင့်ကြံရေး နည်းလမ်း၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် အင်အားပြန်လည်ရရှိလာခြင်း ဖြစ်သည်။

နဉ်ဝမ်ချင်းက တစ်ဖက်လူ တိုက်ကွက်များကို ရင်ဆိုင်နေရင်း လီလီများကို လှမ်းကြည့်လိုက်သည်။ သူက လီလီများကို မမြင်တွေ့နိုင်သော်လည်း ထိုခက်ထန်သားရဲများဆီမှ အဆုံးမဲ့စွမ်းအင် စီးဆင်းနေမှုကို ခံစားမိလေသည်။ ခနအကြာတွင် သူက တွမ့်မူရှန်းကို ပြောလိုက်၏။

“ဒါပေမဲ့ ဒီလိုဆက်လုပ်နေလို့ မရဘူး”

တွမ့်မူရှန်းက နဉ်ဝမ်ချင်းနှင့် သူ့ပြိုင်ဘက်ကို ကြည့်ကာပြောလိုက်သည်။

“သူ့ကို ဖြေရှင်းနိုင်လား”

“ဒါပေါ့” နဉ်ဝမ်ချင်းက ဒဲ့တိုးသာ ပြန်ဖြေလိုက်သည်။

“အဲ့လိုဆိုရင် ဘာမှနောက်ဆုတ်နေစရာ မလိုဘူး။ ချီရှစ်တိကို လီလီ‌တွေကို ကျန်းပေ့ပတ်လမ်းထဲ ဝင်ခွင့်မပြုဘူးလို့ပြောထားတယ်” တွမ့်မူရှန်းက ပြောလိုက်၏။ သူ့မျက်ဝန်းက ယုံကြည်ချက်ဖြင့် တောက်ပနေပြီး လီလီများ ချီတက်လာသည်ကို ကြည့်နေမိသည်။

နဉ်ဝမ်ချင်းက ပတ်ဝန်းကျင်တွင် ညိုးနွှမ်းသွားသည့် အပင်များကို ခံစားမိသည်မှာ ကြာမြင့်လှပြီဖြစ်ကာ လီလီများက ထူးဆန်းကြောင်းသိထားသည်။ ထို့ကြောင့် သူက ပြုံးကာပြောလိုက်၏။

“ကောင်းပြီ။ မင်းရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးမယ်”

အနက်ဝတ်ကျင့်ကြံသူက ထိုသူနှစ်ဦး၏ စကားဝိုင်းကို ကြားကာ ဝင်ပြောလိုက်သည်။

“မင်းက အိပ်မက်မက်နေတာပဲ။ မင်းကပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ပဲ”

ထို့နောက် သူက နဉ်ဝမ်ချင်းကို ပြောလိုက်၏။

“မင်းက သူ့ကို ဘယ်လိုကာကွယ်မလဲဆိုတာကို ကြည့်ရသေးတာပေါ့”

အနက်ဝတ်ကျင့်ကြံသူက လှည့်ကာ လက်ဝါးချပ်ကို ရိုက်ထုတ်လိုက်သည်။

နဉ်ဝမ်ချင်းက လျှပ်တပြက် ပျောက်ကွယ်သွားပြီး လက်ဝါးစည်းတံဆိပ်ကို တားဆီးလိုက်၏။ ထို့နောက် သူက လက်ဝါးကို ပူးကပ်ပြီး အဖြူရောင်လက်ဝါးစည်းတံဆိပ် အမြောက်အများကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားစေသည်။

“ငါ ဒီမှာရှိနေရင် သူကို့ နည်းနည်းလေးမှ ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ပြိုင်ဘက်နှစ်ယောက်က မဆုတ်သာမတိုးသာ အခြေအနေသို့ ကျရောက်နေစဉ် တွမ့်မူရှန်းက သူ့နယ်ရှင်လှံဖြင့် ကျန်းပေ့ပတ်လမ်းကို ကာကွယ်ပေးနေသည်။

………………..

တစ်ညတာ ကုန်ဆုံးသွားပြီးသည့်နောက်တွင် လုကျိုးက အထွတ်အထိပ်ဆန်းကြယ်စွမ်းအား တစ်ဝက်ကျော် ပြန်လည်ရရှိနေပြီဖြစ်၏။ သူက အထွတ်အထိပ်ဆန်းကြယ်စွမ်းအား အပြည့်အဝ မကောင်းမွန်သေးသော်လည်း ပြန်လည်ကောင်းမွန်နှုန်းအပေါ် ကျေနပ်နေမိသည်။ ခရမ်းရောင်တောက်ပသံကျောက်ကို အသုံးပြုလေလေ ရတနာကောင်းဟု ခံစားမိလေလေ ဖြစ်၏။ ယဲ့ကျန်းက ထိုရတနာကို ဘယ်နေရာကရခဲ့တာလဲဟု စဉ်းစားနေမိသည်။

သူက အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့်ပတ်လမ်း လေးခုမှ အခြေအနေများကို စောင့်ကြည့်လိုက်သည်။ ယမန်နေ့ အဖြစ်အပျက်နှင့်ယှဉ်ပြီး ဘာမှကွဲပြားခြင်း မရှိသေးဘဲ ကျန်းတုံပတ်လမ်းက ငြိမ်ကျသွားပြီ ဖြစ်၏။

“ဘာတွေဖြစ်နေတာလဲ” လုကျိုးက စိတ်ရှုပ်ထွေးသွားမိသည်။ သူက အဖြေမထုတ်နိုင်ပေ။ ထို့ကြောင့် ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် ပြောလိုက်၏။

“မူအာထျဲ့နဲ့ သားရဲဧကရာဇ်က ဘာကိုစောင့်နေတာလဲ”

လုကျိုးက အလျင်လိုခြင်း မရှိပေ။ ရန်သူက ပိုမိုပုန်းအောင်းလေလေ သူ့အတွက် ပိုမိုအကျိုးမြတ် ဖြစ်ထွန်းလေ‌လေ ဖြစ်၏။ ထိုအတွေးဖြင့် သူက ကောင်းကင်ကျမ်းကို ဆက်လက်ဆင်ခြင်လိုက်သည်။

…

ဒုတိယနေ့ မနက်ခင်းပိုင်း

စီးဝူယာ့က ခန်းမအတွင်း ဝင်ရောက်လာကာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ရှစ်စွင်း လှုပ်ရှားမှုတချို့ရှိတယ်”

“ပြော”

“ကျန်းနန်ပတ်လမ်းကနေ ခက်ထန်သားရဲတွေက ကျန်းပေ့ပတ်လမ်းကို ဦးတည်နေကြတယ်။ အဲဒါတင်မကသေးဘူး ရှန်းပေပတ်လမ်းနဲ့ ကျန်းပေပတ်လမ်းက ခက်ထန်သားရဲတွေကလဲ ကျန့်ပေပတ်လမ်းဆီ ဦးတည်နေကြတယ်” စီးဝူယာ့က ပြောလိုက်သည်။

“ကျန်းပေ့ပတ်လမ်းလား” လုကျိုးက နားမလည်နိုင်ဖြစ်သွားမိ၏။

စီးဝူယာ့က ထပ်ပြောလိုက်သည်။

“ခက်ထန်သားရဲတွေရဲ့ လှုပ်ရှားမှုက အတော်လေးကို ထူးဆန်းတယ်။ ကြည့်ရတာ ကြယ်တာရာစုစည်းရေးအစီအရင်နဲ့ တစ်ခုခု ပတ်သတ်နေတဲ့ပုံပဲ”

ကြယ်တာရာစုစည်းရေးအစီအရင်တဲ့လား…

လုကျိုးက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။

“လောင်စန်း”

သူ့မျက်ဝန်းက အပြာရောင်တောက်ပလာသည်။ သိပ်မကြာခင် လီလီများ မီတာတစ်ရာလောက်ရှိအောင် မြင့်မားသည့် အလောင်းပုံကြီးကို မြင်လိုက်ရသည်။

နယ်ရှင်လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် တွမ့်မူရှန်းက ယခုအခါ သွေးများ ရွှဲနစ်နေပြီ ဖြစ်၏။ သို့သော်လည်း သူက စက်ယန္တရားသဖွယ် နယ်ရှင်လှံကို မမောမပန်း ဝှေ့ယမ်းနေဆဲ ဖြစ်သည်။

လုကျိုးက ချက်ချင်း အမိန့်ပေးလိုက်၏။

“ကျန်းပေ့ပတ်လမ်းကို သင်္ကေတလမ်းကြောင်း ဖွင့်လိုက်။ တိကျန်းကို ခေါ်သွား”

စီးဝူယာ့က လုကျိုး၏ စကားများအရ တစ်စုံတစ်ခု လွဲမှားနေကြောင်း ပြောနိုင်‌လေသည်။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ကျန်းပေ့ပတ်လမ်းမှာ သင်္ကေတလမ်းကြောင်း မရှိသေးဘူး”

“တိကျန်း” လုကျိုးက လှမ်းခေါ်လိုက်၏။

တိကျန်းက လျှပ်စီးလိုအလင်းဖြင့် အပြင်ဘက်မှ ပြေးဝင်လာသည်။

လုကျိုးက တိကျန်းကျောပေါ် ရပ်ကာ နောက်ထပ်စကားမဆိုဘဲ အပြင်ထွက်သွားသည်။ သူက အပြင်ဘက်သို့ ရောက်ရှိသည်နှင့် သူ့ရှေ့တွင်ပုံရိပ်တစ်ခု ပေါ်လာကာ သူ့ကို တားဆီးထား၏။

“ယင်ကျောက်လား” သူက ယင်ကျောက်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

ယခုတွင် အပြင်ထွက်လာသည့် စီးဝူယာ့က ခေါင်းမော့ကာ ကြည့်လိုက်၏။

“ကျွန်တော် ခရုလေးကို လှမ်းခေါ်လိုက်မယ်”

“မလိုဘူး”

လုကျိုးက အလျင်လိုနေသည်။ ထို့ပြင် ခရုလေးသာ သူ့နောက်လိုက်လာပါက သူ့အရှိန်က နှေးကျသွားလိမ့်မည်။ အဆုံးသတ်တွင် သူက တိကျန်း၏ ကျောပေါ်မှ ခုန်ဆင်းပြီး ယင်ကျောက်၏ ကျော်ပေါ် ပြောင်းတက်လိုက်၏။

“သွားကြစို့”

ယင်ကျောက်က တောင်ပံဖြန့်ကာ ကောင်းကင်မြင်းသဖွယ် ကျန်းပေ့ပတ်လမ်းထံ ပျံသန်းသွားသည်။

စီးဝူယာ့က ရှေ့နောက်လျှောက်ရင်း သူ့ရှစ်စွင်းနှင့် အတူလိုက်သွားရမည်လားဟု စဉ်းစားနေမိသည်။

ထိုစဉ် တိကျန်းက စိတ်ဓာတ်ကျနေသည့်အလား ပျော့ခွေနေ၏။

“အရူး အခုမနာလိုရမဲ့ အချိန် မဟုတ်ဘူး”

…

ကျန်းပေ့ပတ်လမ်းဆီ လမ်းတစ်ဝက်

လုကျိုးနှင့် ယင်ကျောက်တို့က ကောင်းကင်အထက် ပျံသန်းလာသည်။ ယင်ကျောက်၏ အနေအထားက ကောင်းကင်လွန်းနှင့် တူညီသည့်အတွက် အရှိန်က တိကျန်းထက် အနည်းငယ်သာ နှေးကွေး၏။

လုကျိုးက မော့ကြည့်လိုက်ပြီး သားရဲပျံများနှင့် ခက်ထန်သားရဲများက ကျန်းပေ့ပတ်လမ်းဆီ သွားနေသည်ကို မြင်လိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ” သူက တွေးနေမိသည်။

ယင်ကျောက်က အသံတစ်သံ ပြုလိုက်၏။ ကံဆိုးစွာဖြင့် လုကျိုးက သူ့ဆိုလိုရင်းကို နားမလည်ပေ။

ယင်ကျောက်၏ အသိဉာဏ်က လူကျိုး ထင်ထားသည်ထက် ပိုမိုမြင့်မားလေ၏။ ထိုအရာက လုကျိုးကို တစ်စုံတစ်ခု ပြဖို့ ကြိုးစားနေပြီး အနည်းငယ်နှိမ့်ကာ ပျံသန်းလိုက်သည်။

ထို့နောက် လုကျိုးက နားလည်ရခက်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

လင်းယုန်၊ သိမ်းငှက်နှင့် ငှက်ရိုင်းများနှင့် သားရဲများစွာက လူသားများ၏ အလောင်းများကို ပါးစပ်တွင် ကိုက်ချီလျက် ပျံသန်းလာကြသည်။

လုကျိုးက ငုံ့ကြည့်လိုက်၏။ တူညီလှစွာ မြေပြင်ပေါ်ရှိ ကျား၊ ကျားသစ်စသည့် တိရိစ္ဆာန်သားရဲများကလည်း သူတို့ပါးစပ်တွင် လူသားများ၏ အလောင်းကို ကိုက်ချီလျက် ပြေးလာနေကြသည်။

လူသားများ၏ အလောင်းကို သူတို့၏ ခန္တာကိုယ်အပေါ် သယ်ဆောင်သွားသည့် ‌မွေးဖွားဇယားချပ်သားရဲများပင် ရှိ၏။

အားလုံးက ကျန်းပေ့ပတ်လမ်းဆီ အရူးအမူးပြေးလွှားနေကြသည်။

ယင်ကျောက်က နောက်ထပ် အသံတစ်သံပြုကာ ကောင်းကင်ထက် မြင့်မြင့်ပျံသန်းလိုက်သည်။ ထိုအရာက တောင်ပံကို ဖြန့်သန်းပြီး အရှိန်ကို ရုတ်တရက်မြှင့်တင်လိုက်သည်။

“မင်းက ရှေးဦးချီးကို ဘယ်လိုသုံးရမလဲဆိုတာကို သိနေတာပဲ” လုကျိုးက စိတ်ထဲတွင် အံ့အားသင့်သွားမိ၏။

လူသားများက ဉာဏ်ကောင်းလာ၍ မည်သို့ကျင့်ကြံရမှန်း သိထားလေသည်။ အသိဉာဏ်မရှိသည့် အဆင့်နိမ့် ခက်ထန်သားရဲများကမူ မည်သို့ကျင့်ကြံရမှန်းမသိကြပေ။

သူတို့က သူတို့၏ အလိုလိုအသိစိတ်ဖြင့် လူသားများကို စားသုံးခြင်းသာ ဖြစ်၏။ သူတို့ရ ရှိသည့် အသက်ဓာတ်စွမ်းအားနှင့် အဆီနှစ် က သူတို့၏အသက်ဓာတ်နှလုံးသားကို ဖြည်းဖြည်းချင်း ဖွဲ့စည်းပေးနိုင်ခြင်း ဖြစ်သည်။

ထို့နောက် လုကျိုး၏ စိတ်ထဲ အ‌တွေးတစ်ခုထွက်ပေါ်လာသည်။ အကယ်၍ ယင်ကျောက်ကသာ ရှေးဦးချီကို မည်သို့အသုံးပြုရမှန်းသိလျှင် ယင်ကျောက်ထက် အဆင့်မြင့်သည့် ခက်ထန်သားရဲများက မည်သို့ကျင့်ကြံရမှန်းသိနေလိမ့်မည်။

…

အချိန်အတော်ကြာ ပျံသန်းပြီးသည့်နောက်တွင် လုကျိုးက တိမ်ဟုန်ကြားမှ အနီရောင်ရထားလုံးပျံတစ်ခုကို မြင်လိုက်ရသည်။

“အဲ့ကိုသွား”

ယင်ကျောက်က ခေါင်းအသာရမ်းလိုက်သည်။

လူကျိုးက ပြောလိုက်သည်။

“မစိုးရိမ်နဲ့။ အဲ့ဒီအနီရောင်ရထားလုံးရဲ့ ပိုင်ရှင်ကိုငါသိတယ်”

ထိုစကားများဖြင့် ယင်ကျောက်က အနီရောင်ရထားလုံးပျံဆီ ပျံသန်းသွားလိုက်၏။

အပြာဝတ်အမျိုးသမီးက ရထားလုံးပျံမှ ထွက်ပေါ်လာကာ လုကျိုးကို မြင်လိုက်သည်နှင့် အံ့အားသင့်သွားမိသည်။

“မျှော်နန်းသခင်လုလား”

လုကျိုးနှင့် ယင်ကျောက်တို့က အနီရောင်ရထားလုံးပျံ၏ ကုန်းပတ်ပေါ် ဆင်းသက်လိုက်ကြသည်။

အမျိုးသမီးအ‌‌စေခံများက ဦးညွှတ်ကာ နောက်ဆုတ်လိုက်ကြ၏။

လန်ရှီဟယ်၏ အသံက ရထားလုံးပျံအတွင်းမှ ထွက်ပေါ်လာသည်။

“ရှင့်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

လုကျိုးက ကုန်းပတ်ပေါ် ရပ်ကာ မေးလိုက်သည်။

“မင်းကရော ကျန်းပေ့ပတ်လမ်းကို သွားမှာလား” လန်ရှီဟယ်က ပြောလိုက်သည်။

“ဟုတ်တယ် လှုပ်ရှားမှုတွေကမူမမှန်ဘူး။ ကျွန်မ တစ်ချက်လောက် သွားကြည့်ချင်လို့”

“မင်းရော ဘယ်လိုထင်လဲ” သူက လက်နောက်ပစ်ကာ တောင်တန်းများကို ငုံ့ကြည့်လိုက်သည်။

ခက်ထန်သားရဲတွေက လူသားတွေကို မဝါးမျိုဘူး။ ကြည့်ရတာ သားရဲဧကရာဇ် ပေါ်ထွက်လာပုံပဲ။ အလောင်းတွေကို ဘာလုပ်မှာလဲတော့ ကျွန်မလဲ သေချာမသိဘူး” လန်ရှီဟယ်က ပြန်ဖြေလိုက်သည်။

လုကျိုးက ပြောလိုက်၏။

“သူတို့တွေက သေချင်မှတော့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

လန်ရှီဟယ်က ပြုံးကာပြောလိုက်သည်။

“မျှော်နန်းသခင်လုရဲ့ ယုံကြည်ချက်ကို အလေးစားဆုံးပဲ”

ထိုစဉ် ယင်ကျောက်က အသံတစ်သံ ပြုလုပ်လာသည်။

လုကျိုးက ယင်ကျောက်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။

လန်ရှီဟယ်က ယင်ကျောက်၏ အသံကိုကြားကာ ပြောလိုက်သည်။

“မျှော်နန်းသခင်လုက ယင်ကျောက်ကို ယဉ်းပါးအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

လုကျိုးက ပြောလိုက်သည်။

“မင်းကလည်း ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသားကို လိုချင်တာ မှတ်မိသေးတယ်”

“အဲဒါကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ နောက်မျှော်စင်သခင်ကို ပေးချင်လို့ပါ” လန်ရှီဟယ်က ပြောလိုက်သည်။

ယင်ကျောက်က ဆူဆူညံညံ အသံပြုလုပ်လာပြန်သည်။

လုကျိုးက ယင်ကျောက်သည် အရေးပါသည့် တစ်စုံတစ်ခုပြောပြဖို့ ကြိုးစားနေကြောင်း သိလိုက်၏။ သူက ယင်ကျောက်၏ ကျောပေါ် ချက်ချင်းခုန်တက်လိုက်သည်။ ဤသို့ဖြင့်

ယင်ကျောက်က အနီရောင်ရထားလုံးပျံမှ တုံ့ဆိုင်းခြင်းမရှိ ပျံသန်းထွက်သွားသည်။

လုကျိုးက ပြောလိုက်၏။

“ခဏ”

ယင်ကျောက်က ရပ်တန့်လိုက်၏။

လုကျိုးက မပြောခင် လန်ရှီဟယ်ကပြောလိုက်သည်။

“မျှော်နန်းသခင် ရှင်လဲ သွားသင့်ပြီ။ ယင်ကျောက်က အသိဉာဏ်ရှိတဲ့ သားရဲပါ။ ထူးခြားတဲ့ အာရုံခံနိုင်စွမ်း ရှိတယ်။ ကျွန်မ တစ်ယောက်တည်း ကျန်းပေ့ပတ်လမ်းဘက် သွားဖို့ လုံလောက်နေပါပြီ။ ကျွန်မ တစ်ယောက်တည်းနဲ့ တပ်သားထောင်ချီကို တိုက်ခိုက်နိုင်ပါတယ်”

“ကောင်းပြီလေ”

ယင်ကျောက်က ဦးတည်ချက် ချက်ချင်းပြောင်းလဲပြီး ပျံသန်းလိုက်သည်။ ထိုအရာက တောင်ပံကို ဖြန့်ပြီး ကျန်းပေ့ပတ်လမ်းဆီ ဦးတည်လိုက်သည်။

…

အခန်း (၁၁၂၁) ရက်စက်ကြမ်းကြုတ်သော မိစ္ဆာအိုကြီးလု

ယင်ကျောက်သည် တိမ်တိုက်များကို ဖြတ်ကျော်လျက် ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။

ယခုက လုကျိုးက ယင်ကျောက်၏ပျံသန်းသည့်အရှိန်ကို မျက်မြင်တွေ့ရသည့် ဒုတိယအခေါက် ဖြစ်သည်။ သို့သော် ပထမဆုံးအကြိမ်နှင့် ယှဉ်ကြည့်ပါက ကနဦးချီ နည်းပါးသွားတာကို သူ အာရုံခံမိ၏။ ယင်ကျောက်က ကနဦးချီကို အားကိုးစရာမလိုဘဲ အလွန်လျင်မြန်စွာ ပျံသန်းနိုင်သည်။ တိကျန်းနှင့် မတူပေ။ အရှိန်သည် တိကျန်း၏ အသက်ဓာတ်နှလုံးသားစွမ်းရည်ဖြစ်သည်။

လုကျိုးက သူနှင့်အတူ ယင်ကျောက်ကို ခေါ်လာခြင်းက မဆိုးရွားဟု တွေးမိသည်။ အစောတုန်းက ယင်ကျောက်၏ မူမမှန်မှုကို အာရုံခံမိသောကြောင့် မေးလိုက်လေ၏။

“ဘာလို့ကျန်းပေ့ပတ်လမ်းကို သွားနေတာလဲ”

“မင်း သားရဲဧကရာဇ်ရဲ့တည်နေရာကို အာရုံခံမိတယ်လို့ ပြောတာလား” လုကျိုးက ခန့်မှန်းလိုက်၏။ ထင်သည့်အတိုင်းပင် ယင်ကျောက်က ခေါင်းညိတ်လိုက်ပြန်သည်။

လုကျိုးက မုတ်ဆိတ်သပ်ရန်လက်မြှောက်ပြီးနောက် ရုပ်ဖျက်ကတ်မှ အာနိသင်မရှိတော့ကြောင်း မှတ်မိသွားသည်။ သူက လက်နောက်ပစ်ထားပြီး ငယ်ရွယ်နုပျိုကာ ဖျတ်လတ်မှုတို့ပြည့်နေ၏။ သူက ပြောလိုက်သည်။

“မင်း အကျိုးဆောင်ခဲ့တာပဲ။ မင်းကို သေချာပေါက် ဆုချီးမြှင့်မယ်”

ယင်ကျောက်က ခေါင်းခါပြီး ခေါင်းလေး ပြန်ကျုံ့သွားပြန်၏။ ယခုအခေါက်၌ လုကျိုးသည် ယင်ကျောက်ဘာကိုဆိုလိုမှန်း သူ့အား ပြောပြရန် ခရုလေးကို မလိုအပ်ပေ။ ယင်ကျောက်က မည်သည့်ဆုလာဘ်မှ မလိုချင်။

“မင်းတောင် သားရဲဧကရာဇ်ကို ကြောက်တယ်လား။ ငါရှိနေရင် မင်းကို ဘယ်သူမှ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

ယင်ကျောက်က ခေါင်းမော့လျက် ထူးဆန်းစွာ အော်သံပြုပြီးနောက် ၎င်း၏သစ္စာရှိမှုကို ဖော်ပြနေသည်။

“သိပ်ကောင်းတယ်”

သူတို့၏လက်ရှိပြုမူဆက်ဆံပုံအရ လုကျိုးသည် ခရုလေးကို ဘာသာပြန်ခိုင်းရန် ခရုလေးကို မလိုအပ်တော့ပေ။

ယခု ရှိနေသည့်အချိန်ကို အကျိုးရှိရှိ အသုံးချပြီး လုကျိုးက တွမ့်မူရှန်းကို စစ်ဆေးရန် ကောင်းကင်ကျမ်းစာ၏ အမြင်စွမ်းအားကို အသုံးပြုခဲ့သည်။

လုကျိုးသည် လီလီအလောင်းပုံကို တွေ့လိုက်ရ၏။ ပြီးနောက် အဝေးမှ ဝတ်ရုံနက်ကျင့်ကြံသူကို ရင်ဆိုင်နေသည့် နျဉ်ဝမ်ချင်းကို တွေ့လိုက်ရသည်။ နှစ်ယောက်လုံးမောပန်းနေပေ၏။

နဉ်ဝမ်ချင်း၏ ဝတ်ရုံဖြူက သွေးများ စွန်းထင်းနေပြီးဖြစ်သည်။ သူက ဘယ်ဖက်ပခုံးကို လက်တစ်ဖက်ဖြင့် ဖိထားလျက် ပြုံးကာပြောလိုက်သည်။

“ငါ မင်းကို ပြောသားပဲ။ မင်း သူ့ကို သတ်လို့မရဘူး”

ဝတ်ရုံနက်ကျင့်ကြံသူ၏ အခြေအနေကလည်း မကောင်းလှပေ။ သူ၏ဆံပင်များက မသေမသပ် ဖြစ်နေ၏။ မျက်နှာကလည်း ဖြူဖျော့နေသည်။

“မင်း ဘာလို့အနက်ရောင်ဧကရာဇ်ကို ဆန့်ကျင်နေတာလဲ”

“ဘာလို့မဆန့်ကျင်ရမှာလဲ”

“သိပ်ကောင်းတယ် ... မင်း သူ့ကို ကာကွယ်ချင်နေတယ်လား။ သူ့ကိုကြည့်လိုက် ဒီဟာပြီးရင် သူ အသက်ရှင်နိုင်မယ်ထင်နေလား” ဝတ်ရုံနက်ကျင့်ကြံသူသည် တွမ့်မူရှန်းကို ကြည့်လိုက်၏။

တွမ့်မူရှန်းသည် အလောင်းပုံပေါ်တွင် ရပ်နေကာ မြောက်ဖက်ကို မျက်နှာမူနေ၏။ လီလီတပ်ဖွဲ့ကြီးက အဆုံးမရှိပုံပေါ်၏။ နယ်ရှင်လှံကို သူ လွှဲယမ်းနေသည့်အရှိန်ကလည်း သိသိသာသာလျော့ကျလာသည်။ ရက်ပေါင်းများစွာ တိုက်ခိုက်ရခြင်းက သူ့ကို ဒဏ်ရာဒဏ်ချက်များစွာ ရစေ၏။ သူ၏လက်နှစ်ဖက်လုံး ဒဏ်ရာများရနေပြီး ပခုံး၊ နောက်ကျော၊ ခြေထောက်က သွေးထွက်နေလေ၏။ ယခုအချိန်၌ သူ ထိန်းထားနိုင်သည့် တစ်ခုတည်းသောအရာသည် သံမဏိကဲ့သို့ သန်မာသော သူ၏စိတ်ဆန္ဒပဲဖြစ်သည်။

နဉ်ဝမ်ချင်းက မမြင်နိုင်သော်ငြား တွမ့်မူရှန်း၏ အသက်ရှူသံကို ကြားနိုင်၏။ တွမ့်မူရှန်း၏ အသက်စွမ်းအင်အတက်အကျက အင်မတန်အားနည်းနေသည်။ သူက ဘေးကိုကြည့်ပြီး တွမ့်မူရှန်းကို ပြောလိုက်၏။

“အခု ထွက်သွားဖို့ သိပ်နောက်မကျသေးဘူး”

တွမ့်မူရှန်းသည် နဉ်ဝမ်ချင်းကို လျစ်လျူရှုထားပြီး သူ၏နယ်ရှင်လှံနှင့် ဆက်လက်တိုက်ခိုက်နေသည်။ ဝတ်ရုံနက်ကျင့်ကြံသူက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။

“သူ ထွက်သွားမယ်ဆိုရင်တောင် သူ အသက်ရှင်မှာ မဟုတ်ဘူး။ သူ ဘယ်လိုသားရဲမျိုး ရင်ဆိုင်နေလဲဆိုတာ သိလား”

နဉ်ဝမ်ချင်းသည် ထိုကြမ်းတမ်းခက်ထန်သားရဲများက အရွယ်အစားမကြီး၊ ခွန်အားသိပ်မရှိကြောင်း ပြောနိုင်၏။ သို့သော် အကောင်အရေအတွက်က များပြားလွန်းနေသည်။ အဆုံးမရှိဝင်လာနေသည်။

ဝတ်ရုံနက်ကျင့်ကြံသူက ပြောလိုက်သည်။

“လီလီ”

“လီလီလား”

“အဲ့ဒီသားရဲတွေက အမည်မဲ့မြေက လာတာ။ သူတို့တွေက မသန်မာပေမဲ့ သူတို့မျိုးပွားနှုန်းကာ အံ့အားသင့်စရာပဲ။ သူတို့အကောင်အရေအတွက် အများကြီးရှိတယ်။ အရေးကြီးဆုံးက သူတို့မှာ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတစ်ခု ရှိတယ်။ သူတို့ခန္ဓာကိုယ်ထဲမှာ ချီသွေးကြောရှစ်ခုကို ယိုယွင်းတိုက်စားနိုင်တဲ့ စွမ်းရည်တစ်မျိုး ရှိတယ်။ စွမ်းရည်နဲ့ ထိတဲ့အပင်တွေအားလုံး ညှိုးရော်သွားတာ” ဝတ်ရုံနက်ကျင့်ကြံသူက ပြောလိုက်၏။

နဉ်ဝမ်ချင်းက မျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။

“သူတို့တွေ ဒီလောက်ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားကင်းမဲ့တာ အနီရောင်ကြာနယ်မြေကို ဖြေရှင်းဖို့အတွက် ဒီသားရဲတွေကို သုံးတော့ ကောင်းကင်ဘုံက အပြစ်ပေးတာ ခံရမှာ မကြောက်ဘူးလား”

ဝတ်ရုံနက်ကျင့်ကြံသူက ရယ်မောလိုက်၏။

“ကောင်းကင်ဘုံက အပြစ်ပေးတာတဲ့လား။ ခင်ဗျားက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စီရင်သူ တစ်ယောက်ပဲ။ ဒီလိုရူးကြောင်ကြောင်စကားကို ဘယ်လိုလုပ်ပြောနိုင်တာလဲ”

နဉ်ဝမ်ချင်းက ဝတ်ရုံနက်ကျင့်ကြံသူကို လျစ်လျူရှုထား၏။ ထိုအစား သူသည် အသက်ပြင်းပြင်း ရှူနေသော တွမ့်မူရှန်းကို ပြောလိုက်သည်။

“တွမ့်မူရှန်း မင်း အကောင်းဆုံးလုပ်ထားပြီးပြီ။ ကျန်တာ ငါ့ဆီအပ်ထားလိုက်”

ပြီးနောက် နဉ်ဝမ်ချင်းသည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ အဖြူရောင်စည်းတံဆိပ်များ ဝေဟင်ထဲတွင် ပြည့်သွားတော့သည်။

ဝတ်ရုံနက်ကျင့်ကြံသူက နဉ်ဝမ်ချင်းသည် ဤကဲ့သို့အခြေအနေတွင်တောင် အားကောင်းသော တိုက်ကွက်ကို ထုတ်သုံးနိုင်သည့်အတွက် အံ့အားသင့်နေ၏။

ကနဦးချီကပေါ်ထွက်လာပြီး စွမ်းအင်စည်းတံဆိပ်သည် အရပ်မျက်နှာအနှံ့ပြန့်လွင့်သွားလေ၏။ ဝတ်ရုံနက်ကျင့်ကြံသူက ထိမိသွားကာ လက်ဝါးစည်းတံဆိပ်များစွာကို ထုတ်သုံးလိုက်သည်။

ဘန်း ဘန်း ဘန်း

လက်ဝါးစည်းတံဆိပ်များသည် စွမ်းအင်စည်းတံဆိပ်များကြောင့် ခံလိုက်ရသည်။

ဖုန်း

စွမ်းအင်စည်းတံဆိပ်များသည် ဝတ်ရုံနက်ကျင့်ကြံသူဆီကျရောက်သွားပြီး သူ၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမိကာ သူ့ကိုထိမိသွားစေ၏။

ဝတ်ရုံနက်ကျင့်ကြံသူက ရှေ့သို့တဟုန်ထိုးချီတက်သွားလျက် နဉ်ဝမ်ချင်း၏တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။

စွမ်းအင်စည်းတံဆိပ်များသည် လှိုင်းများပမာ ဝေ့တက်လာပြီး လီလီများကို လွင့်ထွက်သွားစေ၏။

ဂျွတ်

နောက်ဆုံးတော့ အသက်ရှုချိန်ရသွားပြီဖြစ်သော တွမ့်မူရှန်းက မြေကြီးထဲ နယ်ရှင်လှံကို ထိုးစိုက်ပြီးနောက် လှုပ်ရှားတာ ရပ်လိုက်တော့သည်။ သူ၏ခန္ဓာကိုယ်က တောင့်တင်းနေပြီး ရှေ့ဆက်သွားနေသည်။

လုကျိုးသည် သူ၏ကောင်းကင်ကျမ်းစာစွမ်းအားကို ဖြတ်တောက်ပြီးနောက် ခေါင်းခါလိုက်တော့သည်။

“ခေါင်းမာလိုက်တာ”

သူ စိတ်မတိုခဲ့ပေ။ သူ ဂရုတစိုက် စဉ်းစားကြည့်ပြီးနောက် သူ၏မည်သည့်တပည့်က ခေါင်းမမာဘဲ ရှိမည်နည်း။

ယင်ကျောက်က ငြီးတွားလိုက်ပြီးနောက် တောင်ပံကို ရုတ်တရက် တဖျပ်ဖျပ်ခတ်ကာ ငုံ့ဆင်းလိုက်တော့သည်။

လုကျိုးက အသိစိတ် ပြန်ကပ်လာသောအခါ ကျန်းပေ့ပတ်လမ်း ပြန်ရောက်လာမှန်း သိလိုက်ရသည်။

မြို့များက မြေပြင်ပေါ်၌ ပြားပြားဝပ်နေပြီး တောအုပ်များ၊ မြစ်များ၊ တောင်တန်းများကလည်း ပျက်စီးနေ၏။

လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။

“ဘာဖြစ်တာလဲ”

ယင်ကျောက်၏ ခန္ဓာကိုယ်က သိသိသာသာတုန်ယင်နေသည်။

“သားရဲဧကရာဇ်လား”

လုကျိုးသည် မြေပြင်မှာ ဧရာမခြေရာကို မြင်လိုက်၏။ ခြေရာအရ မည်မျှကြီးမားကြောင်း သူ မှန်းဆနိုင်ပြီဖြစ်သည်။ သားရဲဧကရာဇ်က ထင်သည့်အတိုင်းပင်။

မြေပြင်ပေါ်၌ များစွာသော ခြေလက်များကြားထဲ၌ အကောင်းပကတိအလောင်းတချို့သာ ရှိနေသည်။

“သူတို့ အစားခံလိုက်ရတာလား။ ဒါမှမဟုတ် ခေါ်သွားခံလိုက်ရတာလား” လုကျိုးက စိတ်ရှုပ်ထွေးနေသည်။

ကျန်းပေ့ပတ်လမ်းရှိ သစ်ပင်များကလည်း အမြဲတစေ စိမ်းလန်းစိုပြေနေခဲ့၏။ အဘယ်ကြောင့် ညှိုးရော်သွားသနည်း။

လုကျိုးသည် ကျန်းပေ့ပတ်လမ်းဆီသို့ လုလီနှင့် ယန်ကျန်းလော့ကို လွှတ်ထားပြီးဖြစ်၏။ သူတို့ဘာလုပ်နေလဲဆိုတာ သိချင်နေသည်။

ဖုန်း ဖုန်း ဖုန်း

ပေါက်ကွဲသံများဆက်တိုက်ပေါ်လာပြီး မြေပြင်က လှုပ်ခါနေ၏။ တိုက်ပွဲဖြစ်ပွားနေတာ အတော်ကြာပြီဆိုတာ သိသာသည်။

သားရဲဧကရာဇ်လား။

အဝေးကနေ လုကျိုးက မီးတောက်များ လွှမ်းခြုံနေသည့် ထူးဆန်းသော ရွှေရောင်ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်း၏တောင်ပံက ဧရာမငှက်ပျောရွက်များနှင့်တူနေသည်။ လေထဲပျံသန်းနေစဉ် မီးမှုတ်ထုတ်ကာ မြို့ကို မီးလောင်တိုက်သွင်းနေ၏။

တစ်ချိန်တည်းတွင် အနီရောင်မျက်လုံးဖြင့် ဧရာမဝက်ဝံရိုင်းတစ်ကောင်က မြို့ထဲ၌ သောင်းကြမ်းနေသည်။ အဆောက်အအုံများနှင့် နံရံများက ၎င်းရှေ့တွင် စာရွက်တစ်ရွက်ကဲ့သို့ ၎င်းကိုတားရန် လုံးဝအသုံးမဝင်ပေ။

အဖြူရောင်ကြာနယ်မြေမှ ကျင့်ကြံသူများစွာသည် ပြိုလဲနေပြီ ဖြစ်ပုံပေါ်၏။ သူတို့ ကြယ်တာရာဒိုင်ခွက်များ မှေးမှိန်နေသည်။

မြောက်ဘက်အကျဆုံးနေရာ၌ ပေ၅၀၀ခန့်ရှိသော အနီရောင်ငါးတစ်ကောင်က ပြင်းထန်စွာ ရိုက်နှက်နေလေ၏။

ကျန်သည့်သားရဲများနှင့် ကုန်းတွင်းပိုင်းသားရဲများသည် နောက်ကွယ်၌သာ ရှိနေလေ၏။

ထိုစဉ် အနက်ရောင်ကြာကျင့်ကြံသူသည် သူ၏စိတ်ဝိညာဉ်ကို ဖွဲ့တည်ပြီးနောက် အသံပို့လိုက်သည်။

“နောက်ဆုတ်ကြ ... နောက်ဆုတ်ကြဟေ့”

သားရဲဘုရင်သုံးပါးဖြစ်သည့် မျက်လုံးနီဝက်ဝံရိုင်း၊ ထူးဆန်းသည့် ရွှေရောင်ငှက်နှင့် ဧရာမငါးတို့က ကျန်းပေ့ပတ်လမ်း၌ စုဝေးနေသည်။ ထူးဆန်းသောရွှေရောင်ငှက်ကို တန်းဟူဟုခေါ်ပြီး မျက်လုံးနီဝက်ဝံရိုင်းကို ကြက်သွေးရောင်မျက်လုံးဝက်ဝံနတ်ဆိုးဟု ခေါ်ကာ အနီရောင်ငါးကိုမူ ဟုန်ကုန်းယွီဟု ခေါ်သည်။

“လုလီ အားလုံးကို ခေါ်သွားပြီး နောက်ဆုတ်လိုက်။ ငါ ဒါကို ဖြေရှင်းရအောင်”

ယန်ကျန်းလော့သည် ဝေဟင်မှ ဆင်းသက်လာပြီးနောက် အနီရောင်မီးတောက်များကို ပိတ်ဆို့ရန် သူ၏ ကြယ်တာရာဒိုင်ခွက်ကို တွန်းထုတ်လိုက်သည်။

တစ်မြို့လုံးက ငရဲတစ်ခုပမာပင်။ အဆောက်အအုံများစွာ ပြိုလဲနေပြီး သတ်ဖြတ်နေသည့်အသံများ လေထဲပျံ့လွင့်နေ၏။

ကြက်သွေးရောင်မျက်လုံး ဝက်ဝံနတ်ဆိုးက မာန်ဖီလျက် မြေပြင်ကို လက်ဖြင့်ကုတ်ချလိုက်သည်။ ယင်းက လင်းထိန်လာ၏။

ဖောင်း ဖောင်း ဖောင်း

၎င်း၏အစွယ်က လင်းလက်လာသည်။

ဖုန်း ဖုန်း ဖုန်း

ကျန်ရှိသည့်အဆောက်အအုံများက မြေပြင်ပေါ် လဲပြိုသွားပြီး ယိုင်နဲ့လာသည်။

ယန်ကျန်းလော့အပါအဝင် လူသားကျင့်ကြံသူများအားလုံး လှည့်ထွက်သွားတော့သည်။

လုလီသည် ယန်ကျန်းလော့ သွေးအန်တာကို မြင်သောအခါ ယန်ကျန်းလော့ထွက်သွားရန် ဖိအားပေးလိုက်၏။

“သွားကြမယ်”

အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူများစွာသည် သားရဲဘုရင်ကို တားဆီးရန် ကြိုးပမ်းခဲ့၏။ သို့သော် သူတို့သည် တန်းဟူ၏မီးတောက်မီးလျှံများကြောင့် လွင့်ထွက်သွားကြသည်။ ယခုက စစ်ပွဲတစ်ပွဲ မဟုတ်ပေ။ တစ်ဖက်သတ်ရိုက်နှက်ခြင်းသာဖြစ်၏။

တန်းဟူက တိမ်တိုက်များထဲ ပျံသန်းသွားပြီးနောက် တောင်ပံတဖျပ်ဖျပ်ခတ်ကာ ခုန်ဆင်းလိုက်သည်။

“ပြီးသွားပြီ” ယန်ကျန်းလော့၏ မျက်လုံးများက သွေးနီရောင်သန်းနေ၏။ သူက လုလီကို တွန်းထုတ်ပြီးနောက် လူသားမြို့ကို လှည့်ကြည့်လိုက်သည်။

“ကပ်ဘေးက ရောက်လာပြီ။ သားရဲဒီရေက ဒီမှာပဲ။ ကံကြမ္မာကိုပဲ အရာရာကို ဆုံးဖြတ်ခိုင်းလိုက်ရအောင်”

လုလီက အော်ပြောလိုက်လေ၏။ “မင်း ရူးသွားပြီ”

ယန်ကျန်းလော့က သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။ သူ၏ဧရာမ ကြယ်တာရာဒိုင်ခွက်က ကောင်းကင်ကို လွှမ်းထားသည်။

ကျင့်ကြံသူများအားလုံးက ကောင်းကင်ကို မော့ကြည့်လိုက်၏။

ယန်ကျန်းလော့က အလျင်စလို တောင်းပန်လိုက်သည်။

“မင်းရဲ့ ကြယ်တာရာဒိုင်ခွက်ကို ဖယ်ထားလိုက်။ အဓိပ္ပာယ်မရှိ စတေးတာမျိုး မလုပ်နဲ့”

ယန်ကျန်းလော့က ပြုံးပြီးပြောလိုက်လေ၏။

“ဒါဘာမှမဟုတ်ဘူး။ အလွန်ဆုံးမှ ငါ့အသက် ဆုံးရှုံးရုံပဲ”

ကြယ်တာရာဒိုင်ခွက်က ကျယ်လောင်စွာ မြည်ဟည်းနေ၏။

လူတိုင်း စိတ်ပျက်အားငယ်နေစဉ် ...

ဝှစ်

ကြမ်းတမ်းခက်ထန်သားရဲများ၏ နောက်ကွယ်မှ မြန်ဆန်သောအရှိန်ဖြင့် အပြာရောင်မြားတစ်စင်းက ပေါ်ထွက်လာပြီး မိုးကြိုးဖိအားဖြင့် တန်းဟူ၏ခေါင်းကို ထိုးစိုက်သွားတော့သည်။

ဘန်း

အသံက ကောင်းကင်ကို လှုပ်ခါသွားပြီး မြို့ထဲ ပဲ့တင်သံထွက်သွား၏။

တန်းဟူက သနားစဖွယ် အော်လိုက်ပြီးနောက် လေကို ရိုက်ကာ မီးလျှံများ မှုတ်ထုတ်တော့သည်။

ဝတ်ရုံဖြူကျင့်ကြံသူက အော်ပြောလိုက်၏။

“စစ်ကူတွေ ဒီရောက်လာပြီ”

လူတိုင်းက မြားလာရာဖက်ကို လှည့်ကြည့်လိုက်၏။

မီးခိုရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လုကျိုးက အားလုံးရှေ့၌ ပေါ်လာ၏။ သူ၏ တစ်ကိုယ်လုံး သတ်ဖြတ်လိုစိတ်များ ဖြာထွက်နေကာ ‌ယင်ကျောက်ကို စီးထားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် သားရဲဘုရင်သုံးကောင်ပေါ်၌ ပေါ်လာ၏။

“ထိုးထွင်းသိမြင်စွမ်းအားကတ်”

အလင်းစက်များ ပေါ်ထွက်လာ၏။ မကြာမီ၌ လုကျိုးသည် တန်းဟူဆီမှ မီတာသုံးဆယ်အကွာတွင် အနီရောင် အစက်တစ်စက်ကို တွေ့လိုက်ရ၏။

“အဲဒါက သူ့ရဲ့အားနည်းချက်လား”

သားရဲဘုရင်ကတ်များသည် ကျန်သည့်ကတ်များ သုံးဖို့မထိုက်ထန်ပေ။ ထိုးထွင်းသိမြင်ကတ်က လုံလောက်ပြီဖြစ်သည်။ ထိုးထွင်းသိမြင်စွမ်းအားကတ်၏ အကြီးမားဆုံးတန်ကြေးက ပစ်မှတ်၏ အားနည်းချက်ကို သိနိုင်တာပဲဖြစ်သည်။ သူသည် အချိန်ကြန့်ကြာခြင်းကြောင့်သာ မဟုတ်လျှင် သူသည် သူ၏မွေးဖွားဇယားချပ် ၇ခုဖြင့် သားရဲဘုရင်ကို သတ်နိုင်ပေ၏။

သူသည် လေထဲခုန်တက်ပြီးနောက် တန်းဟူဆီ ပျံသန်းသွားကာ လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

“မြစ်အစင်းတစ်ရာ ပင်လယ်သို့ ပြန်သွားစေ”

ကနဦးချီက ချက်ချင်းဝေ့တက်လာ၏။

ကွန်ဖြူးရှပ်ကျောင်းတော်မှ ရင်သပ်ရှုမောဖွယ် ကျယ်ပြန့်စွမ်းအားသည် ကောင်းကင်မှ ဆင်းသက်လာ၏။

ကောင်းကင်စွမ်းအားက အလျှော့ပေးခြင်းမရှိ အင်အားပြင်းသည်။ မိုးနှင့်မြေ၏ အသန့်စင်ဆုံးစွမ်းအားမှ ဖွဲ့တည်ထားခြင်းဖြစ်သည်။

ယခုအချိန်တွင် လုကျိုး၏လက်ငါးချောင်းက တောင်များပမာ သူ၏လက်ဖဝါးသည် ဝေဟင်ပမာ ကျရောက်လာတော့သည်။

ကျယ်ပြန့်ကောင်းကင်စွမ်းအားသည် ကံမီးတောက်ဖြင့် တောက်လောင်နေပြီး သူ၏ မွေးဖွားဇယားချပ်စွမ်းအင် မြှင့်တင်ပေးခြင်း ရထား၏။ ၎င်းက စွမ်းအင်များထိုးဖောက်ခံလိုက်ရသည့် တန်းဟူ၏ ကျောပေါ် ထိုးဖောက်ခံလိုက်ရသည်။

ယင်းသည် တန်းဟူဆီသို့ ဧရာမရွှေရောင်တစ်ထောင်ပြုတ်ကျလာသလိုပင်။

ဖုန်း

တန်းဟူသည် လက်ဝါးသဏ္ဌာန်တွင်းထဲ ဖိချေခံလိုက်ရပြီး ကမ္ဘာမြေကြီးက လှုပ်ခါခံလိုက်ရ၏။ သူ ဇက်ကျိုးသွားတော့သည်။

“တင်း ... ပစ်မှတ်တစ်ခု သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၈၀၀၀”

စစ်မြေပြင်သည် သုသာန်ကဲ့သို့တိတ်ဆိတ်သွားတော့၏။ လေထဲ၌ တရှဲရှဲမြည်နေသော မီးလျှံသာ ရှိတော့သည်။

ဟုန်ကုန်းယွီနှင့် ကြက်သွေးရောင်ဝက်ဝံတို့က တောင့်ခဲသွားကာ ဝေဟင်ထဲပျံသန်းနေသော လုကျိုးကို မော့ကြည့်ပြီး ကြမ်းတမ်းခက်ထန်သားရဲများအားလုံးကို ငုံ့ကြည့်လိုက်၏။

ခဏအကြာတွင် အမြန်ဆုံးသတိပြန်ကပ်လာသော ယန်ကျန်းလော့က သူ၏ကြယ်တာရာဒိုင်ခွက်ကို ရုပ်သိမ်းလိုက်ပြီး အမြန်ဒူးထောက်လိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”

ပြီးနောက် အဖြူရောင်ကြာကျင့်ကြံသူများနှင့်တာ့ထန်၏ကျင့်ကြံသူများသည် တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”

သူတို့အားလုံးသည် ပုဂ္ဂိုလ်တစ်ယောက် ပေါ်ပေါက်လာမှန်းသိ၏။ ထိုပုဂ္ဂိုလ် ပေါ်ပေါက်လာမှုဖြင့် ကပ်ဘေးက သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်။

“ကျင့်ဝတ်တွေအခုမေ့ထားလိုက်ဦး” လုကျိုးက တည်ငြိမ်စွာပြောလိုက်သည်။

“အခု နားထောင်။ ငါ အချိန်ကြပ်နေတယ်။ ဒါကြောင့် အချိန်တိုအတွင်း သားရဲဘုရင်တွေကို အပြီးသတ်ပေးပြီး ကျန်တာကို မင်းတို့ဆီအပ်ထားခဲ့မယ်”

...

အခန်း (၁၁၂၂ ) သားရဲဘုရင်သုံးကောင်ကို သတ်ဖြတ်ခြင်း

ယန်ကျန်းလော့က ပျော်ရွှင်မိသွားပြီး

"မျှော်နန်းသခင် တကယ်လို့ သားရဲဘုရင်သုံးကောင်ကို ဖြေရှင်းနိုင်မယ်ဆို ကျန်တာက ကျုပ်တို့ကာကွယ်နိုင်ပါတယ်”

လုကျိုးက သွေးနီရောင်ဝက်ဝံရိုင်းနှင့် ဟုန်ကုန်းယွီတို့ကို ကြည့်လိုက်ပြီးသည့်နောက် သူ့ဝန်းကျင်တွင် သွေးနီရောင်လွှမ်းနေသည်။ မြေကြီးနှင့် အလောင်းပုံများကို လှမ်းကြည့်နေလိုက်သည်။

"သားရဲဧကရာဇ်ကို မြင်မိလား"

လုလီက ပြန်ဖြေလိုက်သည်။

"သားရဲဧကရာဇ်က ခဏလေးပဲ ပေါ်လာတာ။ သူက သားရဲဘုရင်သုံးကောင်ကို ချန်ထားပြီးတော့ အလောင်းတွေကို သယ်ပြီး မြောက်ဘက်ကို သွားတယ်"

"အဲ့ဒါက ဘယ်လိုပုံစံနဲ့ တူလဲ"

လုကျိုးက အခြေအနေကို အဖြေထုတ်ဖို့ ကြိုးစားလိုက်သည်။

လုလီက ပြောလိုက်၏။

"ပေရာချီရှည်လျားပြီးတော့ ခြေထောက်က တောင်တစ်လုံးလိုမျိုး ကြီးမားတယ်။ ကျားခန္ဓာကိုယ်နှင့် အမြီးကိုးချောင်း ရှိတယ်။ အဲဒါက လွဲရင် ကျန်တာကို ကောင်းကောင်း မမြင်ရဘူး”

"ကျားခန္ဓာကိုယ်နှင့် အမြီးကိုးချောင်းနဲ့လား" လုကျိုးက ခေတ္တမျှ စဉ်းစားလိုက်သည်။

အမြီးကိုးချောင်းဖြင့် သူသည် မြေခွေး သားရဲဖြစိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သားရဲဧကရာဇ်တွင် ကျားခန္ဓာကိုယ် ရှိနေသည်တဲ့လား။ ဒါက အဓိပ္ပာယ် မရှိပေ။

ဤတစ်ကြိမ် သွေးနီရောင် တောဝက်ဝံရိုင်းနတ်ဆိုးက တခြား ခက်ထန်သားရဲများကို ဦးဆောင်လျက် ထပ်မံ တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းဆိုသလို ယင်ကျောက်က လှည့်ကာ တောင်ပံကို ဖြန့်လိုက်သည်။ ထိုတောင်ပံက ကြယ်တာရာများသဖွယ် တောက်ပနေပြီး မီတာ ရာချီ ကြီးထွားလာသည်။ အရွယ်အစား ကွာဟနေသော်လည်း သူတို့က ပုစဉ်းတောင်ပံသဖွယ် ပါးလွှာလွန်းလှသည်။ ထိုအရာက စူးစူးရှရှ အသံတစ်သံ ထုတ်လွှင့်လိုက်၏။

ထိုအရာသည် ကမ်းခြေဆီ တိုက်ခတ်လာသည့် လှိုင်းလုံးများသဖွယ် ခံစားရသည်။

ဤသို့ဖြင့် ခက်ထန်သားရဲများက ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ပြိုင်တူနောက်ဆုတ်သွားသည်။ သူတို့ နောက်ဆုတ်သည့်အရှိန်က အချိန်ကြာလာသည်နှင့်အမျှ ပိုမိုမြင့်မားလာ၏။

ထိုအရာကို လုလီက ပြောလိုက်သည်။

"ကျုပ်တို့တွေ လီလီတွေကို လွှတ်ပေးလို့မရဘူး”

“လီလီတွေလား”

"အဲဒီသားရဲတွေရဲ့ ခန္ဓာကိုယ်မှာ အဆိပ်စွမ်းအားတွေ ပါတယ်။ သူတို့က အားနည်းပေမဲ့ အဖျက်အဆီး များတယ်။ လီလီ ဒါမှမဟုတ် သူတို့ရဲ့ စွမ်းအားနဲ့ ထိတွေ့မိတဲ့သူက သေဆုံးသွားလိမ့်မယ်။ အဲ့ဒီသားရဲတွေက အတော်လေးကို ထူးဆန်းတယ်ဆိုတော့ အားလုံးကို သတ်ပစ်ရမယ်”လုလီက ပြောလိုက်သည်။

လုကျိုးက အဖြူဝတ် ကျင့်ကြံသူတစ်ယောက်ကိုမေးလိုက်သည်။

"ခင်ဗျားက အဖြူရောင် မျှော်စင် အဖွဲ့စည်းကလား"

"ဟုတ်ပါတယ်"

"လီလီကို သတ်ဖို့ကိစ္စကို မင်းဆီ လွှဲလိုက်မယ်။ အမှားမလုပ်နဲ့"

"မျှော်နန်းသခင်လုကို ကောင်းကောင်း ခစားပါ့မယ်"

ဤသို့ဖြင့် အဖြူဝတ်ကျင့်ကြံသူများက အဝေးတစ်နေရာဆီ ပျံသန်းထွက်သွားလေသည်။

ဝုန်း ဝုန်း ဝုန်း

အချိန်ကြာလာသည်နှင့်အမျှ ဟုန်ကုန်းယွီက အမြီးကို ဝေ့ယမ်းလျက် အပြိုအပျက်များကို ကောင်းကင်ထက် ပစ်လွှတ်လိုက်သည်။

ဝုန်း ဝုန်း ဝုန်း

ဟုန်ကုန်းယွီက ထပ်မံလှုပ်ရှားလိုက်ပြီး အဖြူဝတ်ကျင့်ကြံသူများကို လွင့်စဉ်ထွက်သွားစေသည်။ ထိုအရာက အဖြူဝတ်ကျင့်ကြံသူများကို တားဆီးနေမှန်း သိသာစေသည်။

"တိရစ္ဆာန်ကောင်"

လုကျိုးက ခက်ထန်စွာ ပြောလိုက်သည်။

လက်ဝါးစည်းတံဆိပ်က ဟုန်ကုန်းယွီကို ထိမှန်သွား၏။

ဤတစ်ကြိမ် လုကျိုးက အောက်ခြေမှ ခရမ်းရောင် မီးခိုးများကို မြင်တွေ့လိုက်ရပြီး ဟုန်ကုန်းယွီကို လွင့်စဉ်သွားစေသည်။

ထိုအရာက ဟိန်ကုန်ယွီ၏ အင်အား ကို မြှင့်တင်ပေးနေဟန်ပေါ်၏။

သူက ငုံ့ကြည့်လိုက်သည့်အခါ အားနည်းနေဟန်ပေါ်သည့် လီလီများကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ဟုန်ကုန်းယွီက လေထဲကတစ်ဆင့် လုကျိုးဆီ ခုန်အုပ်လိုက်သည်။

"မျှော်နန်းသခင် သတိထား" လုလီက ပြောလိုက်၏။

လုကျိုး၏ အမူအရာက တည်ငြိမ်နေပြီး ခုန်အုပ်လာသည်ကို တည်တည်ငြိမိငြိမ် ကြည့်နေ၏။

သူက ထိုးထွင်းကတ်ကို ခြေမွှလိုက်သည့်အခါ အလင်းတန်းက ဖျတ်ခနဲ တောက်ပလာပြီး ဟုန်ကုန်းယွီ၏ ရေယက်တောင်အောက် ဆယ်လက်မအကွာတွင် အနီရောင် အစက်ပြောက်တစ်ခုကို မြင်တွေ့လိုက်ရသည်။

လုကျိုးက သူ့လက်ဝါးချက်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

မဟာကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်က ဟုန်ကုန်းယွီ၏ ခန္ဓာကိုယ်ပေါ် အနီရောင် အစက်ပျောက်ဆီ ကျရောက်သွားသည်။

ထိပ်တိုက်တွေ့ဆုံမှု၏ သက်ရောက်မှုက အားလုံးကို ထိတ်လန့်သွားစေသည်။ သူတို့က စကားဖြင့် ဖော်မပြနိုင်အောင် အံ့ဩနေကြသည်။

ဟုန်ကုန်းယွီက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှ သွေးများ ယိုစီးကြလာသည့်အခါ ထိုအရာက ခရမ်းရောင် မီးခိုးငွေ့များအတွင်း အငွေ့ပျံသွားလေ၏။

"မသေသေးဘူးလား"

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက အထွတ်အထိပ်စွမ်းအားကို အသုံးပြုမထားသော်လည်း မွေးဖွားဇယားချပ်စွမ်းအားကို အမြောက်အမြား အသုံးပြုထားသည်။ မည်သို့ပင်ဆို‌စေကာမူ ထိုအရာက ဟုန်ကုန်းယွီကို ထိခိုက်သွားစေသည်။

"မျှော်နန်းသခင် ကျန်ရှိနေတဲ့ သားရဲဘုရင်တွေက အဖျက်စွမ်းအားကောင်းတယ်။သူက အားနည်းတယ်ဆိုပေမဲ့ လှုပ်ရှားလွယ်တယ်။ သူ့မီးတောက်ကလည်း အဖျက်စွမ်းအားကောင်းတယ်။

“သွေးနီရောင် ဝက်ဝံရိုင်းရဲ့ လွှမ်းမိုးမှုကလည်း ပြိုင်ဘက်ကင်းအဆင့် လက်နက်နဲ့တောင် ယှဉ်နိုင်တယ်” လုလီက ပြောလိုက်သည်။

ဝက်ဝံရိုင်းက ဘယ်ဘက်ဆီ ပြေးထွက်သွားပြီး လုကျိုးကို ခုခံလိုက်သည်။

လုကျိုးက နောက်မှ လိုက်ဖမ်းသွားစဉ် ဟုန်ကုန်းယွီက ထပ်မံ ပျံသန်းလာခဲ့သည်။ ထိုးထွင်းကတ်၏ သက်ရောက်ရောက်မှုက ပျောက်ကွယ်သွားခဲ့သော်လည်း လက်ဝါးစည်းတံဆိပ်က ထိုအရာ၏ အားနည်းချက်ကို မှတ်သားထားပြီးသားဖြစ်၏။ ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်တော်မှ ဒဏ်ရာက သိသာလှသည်။

ဟုန်ကုန်းယွီက ရောက်ရှိလာသည့်အခါ ရေမြားဖြင့် ပစ်ခတ်လိုက်သည်။‌ ရေမြားက ရေခဲပန်းဆွဲသဖွယ် ပြောင်းလဲသွားပြီး လုကျိုးထံ ပြေးဝင်လာသည်။

ဘန်း

အဆောက်အဦးတချို့က ပျားအုံသဖွယ် ပြောင်းလဲသွားသည်။

ကျင့်ကြံသူများက ရေခဲပန်းဆွဲများကို ရှောင်ရှားလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်လိုက်ကြသည်။

လုကျိုးက ဘယ်ဘက်လက်ကို မြှောက်ကာ ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ပြီး ရေခဲပန်းဆွဲများကို တားဆီးလိုက်သည်။

ဟုန်ကုန်းယွီက ပါးစပ်ဟကာ လုကျိုးဆီ ခုန်အုပ်လာခဲ့သည်။ ထိုအရာက လုကျိုးနှင့် သူ့ကြယ်တာရာဒိုင်ခွက်ကို တစ်လုတ်ထဲဖြင့် မျိုချဖို့ ကြိုးစားနေသည်။ ကြယ်တာရာနှင့် စိတ်ဝိညာဉ်သဏ္ဌာန်တို့က အားကောင်းသည့် ခုခံမှုများဖြစ်သော်လည်း သူတို့ပျက်စီးသည်နှင့် ကျင့်ကြံသူထံ ထိခိုက်မှု ကြီးမားစေနိုင်သည်။ ထို့ကြောင့် ဟုန်ကုန်းယွီက ထိုးဆင်းလာသည့်အခါ လုကျိုးက ကြယ်တာရာဒိုင်ခွက်ကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ညာဘက်လက်ကို အသာမြှောက်ပြီး အမည်မဲ့က ဓားပုံစံဖြင့် ပေါ်ထွက်လာသည်။

ထို့နောက် ကံမီးတောက် တောက်လောင်နေသည့် ရွှေရောင်စွမ်းအင်ဓားက လုကျိုး၏ လက်မှ ထွက်ပေါ်လာသည်။ ပေတစ်ရာရှည်လျားသည့် စွမ်းအင်ဓားက ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်တော် ကျဆင်းသွားသည့် နေရာအတည်တကျသို့ ကျ‌ရောက်သွားသည်။

ဟုန်ကုန်းယွီ၏ အော်သံက ယခင်ကထက်ပင် ပိုမိုပြင်းထန်လာ၏။ မြေကြီးက တုန်ခါသွားကာ တိမ်နှင့် လေဟုန်ကိုပင် ကင်းစင်သွားစေသည်။

လုကျိုးက အမည်မဲ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ဟုန်ကုန်းယွီ၏ အားနည်းချက်ကို ထပ်မံ ထိုးဆွလိုက်သည်။သူက လေထဲတွင် ရပ်နေ၍ မုန်တိုင်းအလယ်တွင် ရှိနေသည့် လှေငယ်လေးသဖွယ် ဖြစ်နေသည်။

"မျှော်နန်းသခင်လု" ယန်ကျန်းလော့က အဝေးမှ ပျံသန်းလာသည်။ လုကျိုးက မော့ကြည့်လိုက်ပြီး သွေးနီရောင်ဝက်ဝံရိုင်း ချီတက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာ၏ မျက်လုံးက ကြောက်မက်ဖွယ် အလင်းဖြင့် တောက်ပနေပြီး အမွေးအမျှင်များက ရွှေရောင်မြားသဖွယ် ထောင်မတ်နေသည်။ ယန်ကျန်းလော့က စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်ပြီး သွေးနီရောင် ဝက်ဝံရိုင်းကို တားဆီးဖို့ ကြိုးစားလိုက်သည်။

ဘန်း

ယန်ကျန်းလော့နှင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်တို့က သွေးနီရောင် ဝက်ဝံရိုင်းနှင့် ရင်ဆိုင်သည့်အခါ တစ်ပြိုင်တည်း လွင့်စဉ် ထွက်သွားကြသည်။

ကြယ်တာရာဒိုင်ခွက်က အနည်းငယ် ချိုင့်သွားပြီး မွေးဖွားဇယားချပ် တစ်ခု ဆုံးရှုံးတော့မည် ဖြစ်ကြောင်း ပြသနေသည်။ သူ့ကြွယ်ဝလှသည့် အတွေ့ကြုံများဖြင့် သူက ကြယ်တာရာ ဒိုင်ခွက်ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး သားရဲအား သူ့ရင်ဘတ်ကို ထိမှန်ခွင့်ပြုလိုက်သည်။

ကံကောင်းစွာဖြင့် သက်ရောက်မှုနောက်မှာ အားအများစုသည် ကြယ်တာရာဒိုင်ခွက်မှ စုပ်ယူပြီးသား ဖြစ်၏။ မဟုတ်ပါက အားအပြည့် ထိပ်တိုက်ရင်ဆိုင်မှုသည် ယန်ကျန်းလော့ကို ပြားသွားစေလိမ့်မည်။

လုလီက ယန်ကျန်း‌လော့ဆီ အပြေးအလွှား ရောက်ရှိလာသည်။

ဝုန်း ဝုန်း

သွေးနီရောင် ဝက်ဝံရိုင်းက ဆက်လက်ချီတက်လာ၏။ ထိုအရာ၏ ခြေသံက ပိုမိုပြင်းထန်လာသည်။

ဟုန်ကုန်းယွီကလည်း သေမင်းနှုတ်ခမ်းဝတွင် ရုန်းကန်နေဆဲ ဖြစ်၏။ အမည်မဲ့က ထိုအရာ၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်ထားဆဲ ဖြစ်၏။

ထိုစဉ် လုကျိုးက သူ့ဓားကို မဆွဲထုတ်ဘဲ ဟုန်ကုန်းယွီကို ထားခဲ့ပြီး အားအပြည့်ဖြင့် သွေးနီရောင်ဝက်ဝံရိုင်း၏ ရင်ဆိုင်ဖို့ လုပ်ဆောင်မည့်ဟန်ပေါ်နေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့အမူအရာက ပုံမှန်နှင့်ကွဲပြားမှုမရှိဘဲ ညာဘက်လက်ကို ‌အသာအယာ မြှောက်ကာ ပြောလိုက်၏။

"ငါက စွမ်းအားကို မပြတာနဲ့ ငါ့ကို အားနည်းတဲ့ ကြောင်ပေါက်လေးများ ထင်နေလား"

လုကျိုးက သာမန်အသေရိုက်ချက်ကဒ်ကို ခြေမွှပစ်လိုက်၏။

ဝဲဂယက်တစ်ခု ပေါ်ထွက်လာကာ လုကျိုးက ထိုအရာကို ပစ်လွှတ်လိုက်သည်။ ကွန်ဖြူးရှပ်‌ကျောင်းတော်၏ ကောင်းကင်စွမ်းအားက ထွက်ပေါ်လာသည်။

လုကျိုးခန္ဓာကိုယ်အမြင့်ရှိ ရွှေရောင်လက်ဝါး စည်းတံဆိပ်က လုကျိုး၏ အရပ်လောက်သာ ရှိသည်။ သွေးနီရောင်ဝက်ဝံရိုင်းနှင့် နီးကပ်လာသည်နှင့် ထိုအရာက ကြီးမားကျယ်ပြန့်ကာ ပေရာချီ မြင့်မားသွားပြီး သွေးနီရောင် ဝက်ဝံရိုင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

ဝုန်း

ကောင်းကင်စွမ်းအား၏ လက်ဝါးစည်းတံဆိပ်က သွေးနီရောင်ဝက်ဝံရိုင်း၏ မျက်နှာအထက် ဘက်ကို ကျရောက်လာပြီး သေစေလောက်သည်ထိ နာကျင်မှု ပေးစွမ်းလာသည်။

သွေးနီရောင်ဝက်ဝံရိုင်းက နာကျင်စွာ အော်ငြီးလိုက်၏။

ဝုန်း ဝုန်း

ကောင်းကင်စွမ်းအားက ယခုအခါ ဝေဟင်ကို ဖုံးလွှမ်းထားသည့်အတွက် သွေးနီရောင်ဝက်ဝံရိုင်းကို ယင်ကောင်သဖွယ် ခြေမွှပစ်လိုက်သည်။

ဝုန်း ဝုန်း

သွေးနီရောင်ဝက်ဝံရိုင်း၏ ဦးခေါင်းခွံ့၊ အရိုး၊ ကျောရိုးတို့က‌ ကြေမွသွားသည်။ အရိုးတစ်ခုပင် အကောင်းတိုင်း မကျန်ခဲ့ပေ။

နားကွဲလုမတတ် အော်သံကြီးက အဆုံးတွင် ထွက်ပေါ်လာ၏။

“ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ရှစ်ထောင် ရရှိပါတယ်”

သွေးနီရောင်ဝက်ဝံရိုင်းက ကောင်းကင်စွမ်းအား၏ လက်ဝါးစည်းတံဆိပ်အတွင်း လဲလျောင်းနေပြီး ထိုအရာက ပျောက်ကွယ်သွားခြင်း မရှိပေ။

ထိုစဉ် ဟုန်ကုန်းယွီကလည်း ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။

ထိုအရာ၏ ခန္ဓာကိုယ်က လေထဲ တွန့်လိမ်နေသည်။

လုကျိုးက လက်နှစ်ဖက်ဖြင့် အမည်မဲ့ကို ဆုပ်ကိုင်ကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ ပေခုနစ်ရာမြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က ဝေဟင်အထက် ပေါ်ထွက်လာခဲ့၏။

ထို့နောက် လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်၏ ဦးခေါင်းရှိရာဆီ ပျံသန်းသွားလိုက်၏။ စိတ်ဝိညာဉ်သဏ္ဌာန်က သူ့ကို သယ်ဆောင်သွားပြီး ဟုန်ကုန်းယွီ၏ ကိုယ်ကို ထပ်မံထိုးစိုက်လိုက်သည်။ ဤသို့ဖြင့် ဟုန်ကုန်းယွီက လှုပ်ရှားမှု ရပ်တန့်သွားလေ၏။

"တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ရှစ်ထောင် ရရှိပါတယ်”

လုကျိုးက အမည်မဲ့နှင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဟုန်ကုန်းယွီဆီမှ ထွက်လာခဲ့၏။

ဝုန်း

ဟုန်ကုန်းယွီက မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျလာ၏။

"ယင်ကျောက်"လုကျိုးက လှမ်းခေါ်လိုက်သည်။သူက အနားယူဖို့ မရပ်တန့်ဘဲ အချိန်ဖြုန်းမနေပေ။

ယင်ကျောက်က လုကျိုး၏ ရည်ရွယ်ချက်ကို နားလည်ဟန်ဖြင့် လုကျိုးဆီ လျှပ်စီးလို အလင်းဖြင့် ရောက်ရှိလာသည်။

"ကျန်းပေ့ပတ်လမ်း"လုကျိုးကပြောလိုက်သည်။

ယင်ကျောက်က တောင်ပံခတ်ကာ ဝေဟင်အထက် ပျံသန်းသွားလေ၏။ အားလုံးက လုကျိုး ထွက်သွားသည်ကို တအံ့တဩ ကြည့်နေကြသည်။

သူတို့က စိတ်ခံစားချက်များ လွှမ်းမိုးခံထားရပြီး တမေ့တမော ဖြစ်နေ၏။

တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။

"မျှော်နန်းသခင် အသက်ဓာတ်နှလုံးသား‌တွေ"

"ငါ့အတွက် သိမ်းထားလိုက်"

ယင်ကျောက်က တောင်ပံကို ဖြန့်ကာ မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားလေ၏။

လုကျိုး ထွက်သွားပြီးသည့်နောက်တွင် လုလီက ယန်ကျန်းလော့ကို ခေါ်ကာ မြို့ထံပျံသန်းလာပြီး သားရဲဘုရင်သုံးကောင်၏ အလောင်းကို ကြည့်လိုက်ကြသည်။ သူက အချိန်အတော်ကြာ စိတ်ငြိမ်အောင် မထိန်းနိုင်ခဲ့ပေ။

All Chapters