← Chapters

အခန်း (၂၄၆၉-၂၄၇၀)

Vol. 187 Ch. 2469-2470

အခန်း (၂၄၆၉-၂၄၇၀)

Vol. 187 Ch. 2469-2470

အခန်း(၂၄၆၉)

“ကောင်လေး သေစမ်း”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် လေးလံသော တောင်ကြီးတစ်တောင်ကဲ့သို့ ဖိအားမျိုးသည် ကျန်းချန် အပေါ်သို့ ချက်ချင်းဆိုသလို သက်ရောက်လာခဲ့သည်။

အဘိုးအိုက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ် သွေးစွမ်းအားများသည် ကြီးမားသော သွေးပုံရိပ်ယောင် အဖြစ်သို့ စုစည်းသွားခဲ့သည်။

ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးသည် အရောင်အဆင်းကင်းမဲ့သွားခဲ့ပြီး နေနှင့်လသည်ပင် မှေးမှိန်သွားခဲ့၏။

သွေးပုံရိပ်ယောင်သည် ဟင်းလင်းပြင်ကို ဖောက်ထွင်းလာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော မျက်နှာပေါက်နှင့် ဆန်းကြယ်သော အပြုံးတစ်ခုကို ဖန်တီးကာ ကျန်းချန်ကို ဝါးမျိုတော့မည့်အလား ဖြစ်နေခဲ့၏။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် ရှေးဟောင်း ရွှေရောင်ဓားဖြင့် အင်‌မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်းကို ထုတ်ဖော်ကာ သွေးပုံရိပ်ယောင်ကို ခုတ်ပိုင်းလိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး ကြယ်တာရာကောင်းကင်ယံ ပင်လျှင် တုန်ခါသွားခဲ့သည်။

တောက်ပသော ဓားအလင်းနှင့် သွေးပုံရိပ်ယောင် တို့သည် တစ်ချိန်တည်းမှာပင် ပေါက်ကွဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်ရှိ ကြယ်တာရာ ကောင်းကင်ယံတွင် တိုက်ခတ်သွားခဲ့သည်။

“ကောင်လေး ငါမင်းကို အထင်သေးမိပြီထင်တယ်.. မင်းက ဒီလို ဓားသိုင်းမျိုး တတ်မြောက်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ကျန်းချန်က သူ၏ တိုက်ခိုက်မှုကို ဆန်းကြယ်သော ဓားချက်ဖြင့် တားဆီးလိုက်သည်အားမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ ရှေ့မှ နတ်ဘုရင် နဝမအဆင့် ကောင်လေးသည် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် သူ့ကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အထူးသဖြင့် ထိုကောင်လေး အစောပိုင်းက ထုတ်ဖော်လိုက်သည့် ဓားသိုင်းသည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ပြီး သူယခင်က မြင်ဖူးခဲ့သည့် အင်မော်တယ်ဓားသိုင်း တချို့နှင့် ယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမည်မဟုတ်ပေ။

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

“အဘိုးကြီး.. ခင်ဗျားက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပေမဲ့ ထင်သလောက်လည်း မဟုတ်ပါလား”

“ကောင်လေး.. ငါ့ရှေ့မှာ မောက်မာလို့ရမယ်လို့ ထင်မနေနဲ့.. ဒီနေ့ ငါမင်းကို မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားကို ပြသပေးမယ်”

“ဝုန်း..”

စကားဆုံးသည်နှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကောင်းကင်ယံ ဆီသို့ ပျံတက်သွားခဲ့သည်။

ပြင်းထန်သော စွမ်းအင် လှုပ်ခတ်မှုများသည် ကြယ်တာရာကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ရာကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေခဲ့သည်။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း”

ကျန်းချန်က ဓားကွက် တစ်ကွက်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ရာ သူ၏ လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားသည် အနည်းငယ် တုန်ခါသွားခဲ့သည်။

ခန့်ညားထည်ဝါသော အင်မော်တယ် အရှိန်အဝါနှင့် ဓားဆန္ဒသည် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ကိန်းအောင်းနေသည့် ဓားပုံရိပ်ယောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဓားပုံရိပ်သည် မီတာတစ်ရာခန့် အထိ မြင့်မား၏။

၎င်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် ကြယ်တာရာကောင်းကင်ယံတွင် အနက်ရောင် အက်ကွဲကြောင်းကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

ကျန်းချန်၏ ဓားပုံရိပ်ယောင်သည် လောကထဲကို ဆင်းသက်လာသည့် ဓားအင်မော်တယ်တစ်ပါး ကဲ့သိုပင်။

“ဓားသိုင်းကတော့ မဆိုးပါဘူး.. နှမြောဖို့ကောင်းတာက မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က နိမ့်ကျနေတာပဲ.. မင်းရဲ့ လက်ရှိခွန်အားနဲ့တော့ ငါနဲ့ ယှဥ်ဖို့ အရည်အချင်း မရှိသေးဘူး”

စကားဆုံးသည်နှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော သွေးစွမ်းအားသည် သွေးရေတံခွန်ကြီးတစ်ခုနှယ် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့သည်။

ထိုသွေးစွမ်းအားများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်ယံ တစ်ဝက်လောက်ကို လွှမ်းခြုံသွားခဲ့ကာ သူတို့နှစ်ယောက် တိုက်ခိုက်နေသည့် ကြယ်တာရာကောင်းကင်ယံကို သွေးနီရောင်ကမ္ဘာကြီး အဖြစ် အရောင်ပြောင်းသွားစေခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကြယ်တာရာကောင်းကင်ယံသည် သွေးစွမ်းအား၏ ကြောက်မက်ဖွယ်ရာကောင်းသော ဖိနှိပ်မှုကြောင့် အဆက်မပြတ် ပေါက်ကွဲနေခဲ့သည်။

ယင်းအချိန်တွင် နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည့် ဓားပုံရိပ်ယောင်သည် ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ သွေးနီရောင်ကမ္ဘာကြီးကို ဖြိုခွင်းပစ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် အဘိုးအိုသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုကောင်လေး တတ်မြောက်ထားသည့် အင်မော်တယ်ဓားသိုင်းသည် အမှန်တကယ်ပင် သာမန် မဟုတ်ပေ။

သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်ညှိုးမှ သွေးစွမ်းအားကို ထုတ်ဖော်ကာ ကျန်းချန်၏ ဓားပုံရိပ်ယောင်ကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။

“တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဓားသိုင်းပဲ.. ဒီဓားသိုင်းနဲ့သာဆိုရင် ကပ်ဘေးအထွတ်အထိပ် အဆင့် ရောက်နေတဲ့ ကျင့်ကြံသူတောင် ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်.. ဒါပေမဲ့ နှမြောဖို့ကောင်းတာက မင်းဒီနေ့ ရင်ဆိုင်နေရတာက ငါဖြစ်နေတာပဲ.. မင်းဘယ်လောက်ပဲ ရုန်းကန်နေပါစေ.. ဒီနေ့ မင်း ငါ့လက်ကနေ လွတ်မှာမဟုတ်ဘူး သေဖို့သာ ပြင်ထားလိုက်တော့”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပို၍ ပြင်းထန်လာခဲ့၏။

ထိုကောင်လေး၏ ပါရမီနှင့် ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

နတ်ဘုရင် နဝမအဆင့်ဖြင့်ပင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို တောင့်ခံနိုင်ခဲ့သည်။

သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာပင် ထိုကဲ့သို့ပါရမီရှင်မျိုးကို ယှဥ်နိုင်သူ အတော်လေး ရှားပါးလိမ့်မည်ဟု သူ ထင်မြင်မိသည်။

ထိုကောင်လေးသာ အုပ်စိုးသူအဆင့်ကို ထိုးဖောက်သွားလျှင် သာမန် မဟာယာနအဆင့် ကျင့်ကြံသူများပင် ယှဥ်နိုင်တော့မည် မဟုတ်လောက်ပေ။

“သွေးမြစ်ငရဲဘုံ”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက အေးစက်စက် ကြုံးဝါးလိုက်သည်။

သူ၏ စွမ်းအားများသည် တစ်ခဏအတွင်း အထွတ်အထိပ်အထိ ပေါက်ကွဲထွက်လာခဲ့၏။

သူက လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ လက်ထိပ်ကနေ သွေးရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုသွေးရောင်အလင်းတန်းသည် အစတွင် သာမန်အရွယ်အစားမျှသာ ရှိသော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ပေပေါင်းထောင်ချီ ကျယ်ပြန့်သွားခဲ့ပြီး ကြယ်တာရာကောင်းကင်ယံထက်တွင် သွေးမြစ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သွေးမြစ်ထဲတွင် သွေးအခိုးအငွေ့များ ထွက်ပေါ်နေခဲ့ပြီး ရံဖန်ရံခါတွင် ကြောက်မက်ဖွယ်ရာကောင်းသော မျက်နှာကြီးများ ပေါ်လာခဲ့သည်။

သွေးမြစ်ထဲမှ ယုတ်ညံ့သော အရှိန်အဝါများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ကျန်းချန်ကို ဝါးမျိုတော့မည့်အလား ဖြစ်နေခဲ့၏။

ဤအချိန်တွင် ကျန်းချန်၏ မျက်နှာ အမူအရာသည် တည်ငြိမ်နေခဲ့သည်။

သူက ရှေးဟောင်းရွှေရောင်ဓားဖြင့် ဓားကွက် တစ်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ကြယ်တာရာ ကောင်းကင်ယံ တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး ရှေးဟောင်း ရွှေရောင်ဓားမှ ထွက်ပေါ်လာသည့် ဓားအလင်းသည် ကောင်းကင်ယံတွင် ဓားပုံရိပ်ယောင် အဖြစ် နောက်တစ်ကြိမ် စုစည်းသွားခဲ့သည်။

ယင်းနောက်တွင် နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသည့် ဓားပုံရိပ်ယောင်သည် ကြယ်တာရာ ကောင်းကင်ယံတွင် ရင်သပ်ရှုမောဖွယ် တည်ရှိနေသည့် သွေးမြစ်ကြီးကို ဓားချက်တစ်ချက် ထုတ်ဖော်၍ ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း..”

ကောင်းကင် တုန်ဟည်းမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ကြယ်တာရာ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

သူတို့ နှစ်ယောက် ရှိနေသည့် ကြယ်တာရာ ကောင်းကင်ယံသည် ကမ္ဘာနှစ်ခု ဖြစ်သွားသကဲ့သို့ပင်။

တစ်ဖက်တွင် တောက်ပသော ဓားပုံရိပ်ယောင်၏ စွမ်းအားများ ပြည့်နှက်နေခဲ့ပြီး တစ်ဖက်တွင်မူ သွေးမြစ်၏ စွမ်းအားများ ရှိနေခဲ့ကာ တစ်ဖက်နှင့် တစ်ဖက် ပြတ်ပြတ်သားသားပင် ကွဲပြားနေခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား နှစ်ခုသည် ကြယ်တာရာ ကောင်းကင်ယံတွင် ခဏတာ ထိပ်တိုက် ရင်ဆိုင်ပြီးနောက် အဆုံးသတ်၌ ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်သည် ပေပေါင်းထောင်ချီ အကွာအဝေး အထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။

သူ၏ အရှိန်အဝါက အားနည်းသွားခဲ့ပြီး သူ၏ မျက်နှာကလည်း ယခင်ထက် ပို၍ ဖြူဖျော့သွားခဲ့သည်။

ကျန်းချန်၏ ဆန့်ကျင်ဘက်ရှိ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ အခြေအနေကမူ သိသိသာသာပင် ပိုကောင်းနေခဲ့သည်။

အဘိုးအိုက ကြယ်တာရာ ကောင်းကင်ယံတွင် ခြေဆယ်လှမ်းကျော်မျှသာ နောက်ဆုတ်သွားခဲ့ရပြီး သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို အေးအေးဆေးဆေးပင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

“မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူက တကယ်ကို ကိုင်တွယ်ရ မလွယ်ပါလား”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် မတည်မငြိမ် ဖြစ်နေသည့် စွမ်းအားများကို ဖိနှိပ်ရန် အတင်းအကျပ် ကြိုးစားလိုက်သည်။

သူ နတ်ဘုရင် အဆင့်တွင် ရှိစဥ်က ပုံမှန်အားဖြင့် အဆင့်ငယ် နှစ်ဆင့် သုံးဆင့်လောက်ကို အဆင့်ကျော်၍ တိုက်ခိုက်နိုင်ခဲ့သည်။

ယခုအခါ သူ၏ ကျင့်ကြံမှုသည် နတ်ဘုရင် နဝမအဆင့် အထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း ခြေလှမ်းတစ်ဝက် အုပ်စိုးသူ အဆင့်နှင့် ညီမျှသည့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် အလွန်တရာ ရုန်းကန်နေခဲ့ရသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရင်အဆင့်နှင့် အုပ်စိုးသူ အဆင့်ကြား သို့မဟုတ် ကပ်ဘေးအဆင့်နှင့် မဟာယာနအဆင့်ကြားတွင် ကျော်ဖြတ်၍ မရနိုင်သည့် ချောက်ကမ်းပါးကြီး တစ်ခု ရှိနေမှန်း သိနိုင်ပေသည်။

“ရွှယ်ဝူ မင်းဘာတွေလုပ်နေတာလဲ.. နတ်ဘုရင် နဝမအဆင့် ကောင်လေးတစ်ယောက်ကို ရှင်းလင်းဖို့ ဒီလောက်တောင် ကြာနေရလား.. အဲဒီကောင်ကို မြန်မြန်ရှင်းပြီး ငါ့ကို လာကူဦးဟ”

ထိုအချိန်မှာပင် မိုင်ပေါင်းထောင်ချီ အကွာအဝေးရှိ ကြယ်တာရာ ကောင်းကင်ယံကနေ ထိတ်လန့်တကြား ရေရွတ်လိုက်သည့် အသံတစ်သံ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အသံလာရာ ဆီသို့ လှမ်းကြည့်လိုက်ရာ မိုင်ပေါင်းထောင်ချီ နေရာတွင် ဝူကျန့်ထျန်းသည် အလွန်တရာ အားကောင်းသော တိုက်ကွက်များဖြင့် တစ်ဖက်မှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူအား ဖိနှိပ်ထားသည်ကို မြင်လိုက်ရသည်။

ဝူကျန့်ထျန်းသည် နတ်ဘုရားနယ်မြေ ပြန်လည် နာလန်မထူခင်ကတည်းကပင် နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသည့် ကျင့်ကြံသူ ဖြစ်ပြီး ပါရမီ အလွန်တရာ ထူးခြားသည်။

ဝူကျန့်ထျန်းသည် နတ်ဘုရင် နဝမအဆင့်တွင် ရှိနေစဥ်ကပင် မဟာယာနအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ထိုက်ချင်းဘိုးဘေးကို တိုက်ခိုက်နိုင်ခဲ့သည်။

ယခုအခါတွင် သူက ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သဘာဝကျစွာပင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။

ထို့ကြောင့် သာမန် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် သူ့ကို ယှဥ်ပြိုင်ရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

အခန်း(၂၄၆၉)ပြီး၏။

အခန်း(၂၄၇၀)

ကျန်းချန်က အကြည့်လွှဲလိုက်ပြီး တခြားသော နေရာများဆီ အကဲခတ် ကြည့်လိုက်သည်။

မင်ယွဲ့ရှင်းနှင့် မဟာယာနအဆင့် ကျင့်ကြံသူဖြစ်သည့် သွေးနတ်ဆိုး တို့သည် ကြယ်တာရာကောင်းကင်ယံ၏ မိုင်ပေါင်းသောင်းချီ အကွာအဝေးသို့ ရောက်ရှိသွားကြပြီး ထိုနေရာရှိ ပတ်ဝန်းကျင် တစ်ခုလုံးကို အဆုံးမဲ့ ကြယ်တာရာမုန်တိုင်း တစ်ခု ဖြစ်ပေါ်စေခဲ့၍ အတွင်းမှ အခြေအနေကို မြင်တွေ့နိုင်ရန် မဖြစ်နိုင်တော့ပေ။

ဆရာသခင်စန်းမင်နှင့် အခြားသော မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးလတို့သည်လည်း ခွန်အားချင်း တူညီနေကြပြီး မည်သည့်ဘက်ကမှ အသာမရသေးပေ။

ကျန်းချန်တို့ တည်ဆောက်ထားသည့် ကြယ်ကောင်းကင် မြို့တော်၏ ကာကွယ်ရေး အစီအရင်သည် အလွန်တရာပင် အစွမ်းထက်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားသည် နတ်ဘုရားနယ်မြေထက် များစွာ ပို၍ သန်မာသော်လည်း မဟာယာနအဆင့် ကျင့်ကြံသူ၏ အကူအညီမပါလျှင် ၎င်းတို့အနေဖြင့် ကြယ်ကောင်းကင်မြို့တော်ကို တစ်ခဏအတွင်း ထိုးဖောက်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။

ရှင်းလင်းစွာဆိုရလျှင် လက်ရှိ တိုက်ပွဲအခြေအနေသည် နတ်ဘုရားနယ်မြေ အတွက် အလွန်တရာ ဆိုးရွားမနေသေးပေ။

မင်ယွဲ့ရှင်း အနေဖြင့် မဟာယာနအဆင့် ကျင့်ကြံသူကို ထိန်းထားနိုင်သရွေ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်သည် သူတို့ကို အနိုင်ယူရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

“ကောင်လေး.. မင်းက နတ်ဘုရင်အဆင့်လောက်နဲ့ ငါ့ကို ဒီလောက်အထိ ဖိအားပေးနိုင်တယ် ဆိုတော့ ဘယ်ဆိုးလို့လဲ”

အခြားသော မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက တိုက်ပွဲတွင် ရှုံးနိမ့်တော့မည့် အခြေအနေအား မြင်လိုက်ရလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများသည် ပိုမို၍ အေးစက်လာခဲ့သည်။

ထိုအဘိုးအို စကားပြောဆိုနေစဥ်မှာပင် ဆန်းကြယ်သော သွေးအလင်းတန်းများသည် အဘိုးအို၏ မျက်ခုံးနှစ်ခု ကြားတွင် ရုတ်တရက် စုစည်းလာခဲ့ပြီး တတိယမျက်လုံး တစ်လုံး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ကောင်လေး.. ဒီနေ့ ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ အထွတ်အမြတ် စွမ်းအားကို မင်းအမြင်ကျယ်အောင် ပြသပေးမယ်.. သွေးဆာနေတဲ့ နတ်ဆိုးမျက်လုံး.. ဖွင့်စမ်း”

“ဝုန်း..”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ နဖူးအလယ်ရှိ တတိယမျက်လုံးသည် ပွင့်လာခဲ့ပြီး အတွင်းရှိ သွေးနီရောင်မျက်စိသူငယ်အိမ်သည် သွေးရောင်လွှမ်းသော နေမင်းကြီးကဲ့သို့ ဆန်းကြယ်သော သွေးအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

ကြယ်တာရာ ကောင်းကင်ယံ တစ်ခုလုံးသည် မှောင်မိုက်သွားခဲ့ပြီး ကြောက်မက်ဖွယ် သွေးရောင်များသည် ကောင်းကင်ယံတွင် ပြည့်နှက်သွားခဲ့ကာ ကြယ်တာရာ ကောင်းကင်ယံရှိ အရာအားလုံးသည် ထိုမျက်လုံး၏ ဆွဲဆောင်ခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေခဲ့သည်။

တဖြည်းဖြည်းနှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကျောဘက်ရှိ ကြယ်တာရာ ကောင်းကင်ယံသည် အတောမသတ်နိုင်အောင် လှုပ်ခတ်လာခဲ့ပြီး နှိုင်းယှဥ်၍ မရလောက်အောင် ကြီးမားလှသည့် ဧရာမမျက်လုံး တစ်လုံး ထွက်ပေါ်လာခဲ့သည်။

ထိုမျက်လုံးသည် သွေးနီရောင် ရှိပြီး ပြင်းထန်သော သွေးနံ့များ ထွက်ပေါ်နေကာ သွေးရောင်လွှမ်းသော နေမင်းကြီး တစ်စင်း ကဲ့သို့ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကျောဘက်တွင် တည်ရှိနေခဲ့သည်။

၎င်းက ကြယ်တာရာ ကောင်းကင်ယံ၏ မိုင်ပေါင်းထောင်ချီ ဧရိယာကို သွေးနီရောင် ကမ္ဘာကြီး အဖြစ် ပြောင်းလဲပစ်လိုက်၏။

အနက်ရောင် ဝတ်စုံဝတ် အဘိုးအို၏ ကျောဘက်ရှိ ဧရာမမျက်လုံးမှ ထွက်ပေါ်လာသည့် သွေးဆာနေသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သော မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ပင် ထိုသွေးရောင်မျက်လုံးကြီး ဆီမှ အန္တရာယ်ရှိသော အရိပ်အငွေ့ကို ပင်ကိုသိစိတ် အရ ခံစားမိနေခဲ့၏။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်နေစဥ်မှာပင် အနက်ရောင်ပုံရိပ် တစ်ခုသည် ကျန်းချန်၏ နံဘေးတွင် တ‌စ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်လာခဲ့သည်။

“ဝူရှင်း”

သူ့နံဘေးတွင် ပေါ်လာသည့် ရင်းနှီးသည့် ပုံရိပ်ကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။

ဝူရှင်းက သွေးနီရောင် မျက်လုံးကြီးကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ကြယ်ကောင်းကင်မြို့တော်က လောလောဆယ် အန္တရာယ်မရှိသေးဘူး.. ဒီအဘိုးကြီးရဲ့ သွေးဆာနေတဲ့မျက်လုံးကို မင်းတစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး.. ငါမင်းကို ကူညီပေးမယ်”

“ကောင်းပြီ”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ ခွန်အားများကို အထွတ်အထိပ်အဆင့် အထိ မြှင့်တင်လိုက်ကာ အပြာရောင်ဧကရာဇ် ဓားကွက်ကို တိုက်ရိုက်ပင် အသုံးပြုလိုက်သည်။

“ဝုန်း..”

ကျယ်‌လောင်သော အသံကြီး ထွက်ပေါ်လာခဲ့ပြီး အင်မော်တယ်စွမ်းအားများ လွှမ်းခြုံနေသည့် အပြာရောင် ပုံရိပ်ယောင် တစ်ခုသည် အလင်းတံခါးကနေ ထွက်လာခဲ့ကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်၍ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို တိုက်ခိုက်လိုက်သည်။

“ဖျက်ဆီးခြင်း နတ်လက်ဝါးသိုင်း”

ကျန်းချန် တိုက်ခိုက်လိုက်သည့် တစ်ချိန်တည်းမှာပင် ဝူရှင်း၏ ခန္ဓာကိုယ်ကနေ ဖျက်ဆီးခြင်း နတ်အလင်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားများ ကိန်းအောင်းနေသည့် အနက်ရောင် လက်ဝါးကြီး အဖြစ်သို့ ပြောင်းလဲကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုဆီ သက်ရောက်လာခဲ့၏။

ရှေးခေတ်ကာလမှ ဖျက်ဆီးခြင်း လမ်းစဥ်ကို အထူးပြုသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ပြန်လည် မွေးဖွားလာသူ ဖြစ်သည့် အလျောက် ဝူရှင်းသည် သူ၏ ဘဝဟောင်းမှ အထွတ်အထိပ် အခြေအနေကို ပြန်လည် မရောက်ရှိသေးသော်လည်း ဖျက်ဆီးခြင်းစွမ်းအား အပေါ် ထိန်းချုပ်မှုတွင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်ပြီး ကျန်းချန်ထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။

ဤကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ဦး ပူးပေါင်းလိုက်သော အခါတွင် မဟာယာနတစ်ပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုပင်လျှင် ယင်းအချိန်၌ ဖော်မပြနိုင်သော အေးစက်မှုကို ခံစားလိုက်ရသည်။

“သွေးဆာနေသောမျက်လုံး.. ဝါးမျိုစမ်း”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက စူးရှစွာ အော်ဟစ်လိုက်သည်။

“ဝုန်း..”

သူ၏ ကျောဘက်တွင် တည်တံ့နေသည့် ကြီးမားလှသော သွေးမျက်လုံးထံကနေ ရုတ်တရက် သွေးမုန်တိုင်း တစ်ခု ပေါက်ကွဲထွက်လာခဲ့၏။

အရာအားလုံးကို ဝါးမျိုနိုင်သော စွမ်းအားများ ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ် သွေးမုန်တိုင်းသည် ကျန်းချန်နှင့် ဝူရှင်း ဆီသို့ တစ်ခဏအတွင်း တိုးဝင်လာခဲ့သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော ဆန်းကြယ်သည့် စွမ်းအားသုံးခုသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကြယ်တာရာကောင်းကင်ယံတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင် ကြယ်တာရာကောင်းကင်ယံ တစ်ခုလုံးသည် ပရမ်းပတာ ဖြစ်သွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကျောဘက်မှ ကြီးမားသော သွေးမျက်လုံးကနေ ထုတ်ဖော်လိုက်သည့် သွေးမုန်တိုင်းသည် ကျန်းချန်တို့ နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ဘဲ အပြာရောင် ဧကရာဇ်ဓားချက်နှင့် ဖျက်ဆီးခြင်း လက်ဝါးတို့၏ အားကောင်းသော ဖိနှိပ်မှုအောက်တွင် ချေမှုန်းခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်း‌ထောင်ချီ ဧရိယာကို လွှမ်းမိုးထားသော သွေးမုန်တိုင်းကြီးသည် ကြယ်တာရာ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကျောဘက်မှ သွေးမျက်လုံးကြီးသည်ပင် ကျန်းချန်တို့ နှစ်ယောက် ထုတ်ဖော်လိုက်သော စွမ်းအား၏ သက်ရောက်မှုကြောင့် အဝေးသို့ လွင့်စင်သွားပြီး ပေါက်ကွဲထွက်သွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ကိုယ်တိုင်သည်လည်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ပေပေါင်း ထောင်ချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့ကာ သွေးများကို အန်ထုတ်လိုက်ရသည်။

သူက ဖြူဖျော့သော မျက်နှာဖြင့် ဆန့်ကျင်ဘက်ရှိ ကျန်းချန်တို့နှစ်ယောက်ကို ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

“ဒီနတ်ဘုရားနယ်မြေမှာ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ထူးချွန်တဲ့ ပါရမီရှင်တွေ အများကြီး မွေးဖွားလာရတာလဲ”

သူ့ရှေ့မှ လူနှစ်ဦးသည် နတ်ဘုရင် နဝမအဆင့်တွင်သာ ရှိသေးသော်လည်း ထူးချွန်သော ပါရမီရှင်များ ဖြစ်ပြီး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ယှဥ်ပြိုင်နိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။

ထိုနှစ်ဦး ပူးပေါင်းလိုက်သောအခါတွင် သူပင်လျှင် အနည်းငယ်မျှ တောင့်မခံနိုင်တော့ပေ။

ဤကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးသည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင်ပင် မွေးဖွားလာရန် မလွယ်ကူပေ။

သို့သော်လည်း သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ လက်ချက်ဖြင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည့် နတ်ဘုရားနယ်မြေတွင်မူ ထိုကဲ့သို့ ပါရမီရှင်နှစ်ဦးသည် မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့သည်။

ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

ကျန်းချန်နှင့်အတူ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို နောက်ဆုတ်အောင် တိုက်ခိုက်ပြီးနောက်တွင် ဝူရှင်းသည် အဘိုးအိုကို အသက်ရှူဖို့ပင် အခွင့်အရေးပေးရန် အစီအစဥ် မရှိခဲ့ပေ။

သူက ခန္ဓာကိုယ်အတွင်းမှ ဖျက်ဆီးခြင်း စွမ်းအားများကို ထုတ်ဖော်ကာ ဖျက်ဆီးခြင်း ဓားတစ်လက် အဖြစ် တိုက်ရိုက်ပင် စုစည်းလိုက်သည်။

“ဖျက်ဆီးခြင်းဓား.. သွားစမ်း”

ဝူရှင်း၏ အကြည့်က ဓားတစ်စင်းကဲ့သို့ ထက်ရှနေခဲ့သည်။

သူက ဖျက်ဆီးခြင်းဓားကို တိုက်ရိုက်ပင် ထိန်းချုပ်ကာ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။

“ဝုန်း..”

ကြယ်တာရာ ကောင်းကင်ယံ တစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။

ဝူရှင်း၏ ဖျက်ဆီးခြင်းဓားသည် ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်း စွမ်းအားကို သယ်ဆောင်ကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုဆီသို့ သက်ရောက်လာခဲ့၏။

“လူသားဧကရာဇ်ဓားပိုင်းဖြတ်စမ်း”

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည်လည်း တွေဝေမနေတော့ဘဲ ရှေးဟောင်းရွှေရောင်ဓားနှင့် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ပေါင်းစည်းကာ အနက်ရောင် ဝတ်စုံဝတ် အဘိုးအိုကို တိုက်ခိုက်လိုက်သည်။

နောက်ထပ် တစ်ကြိမ် ပူးပေါင်း တိုက်ခိုက်လာသော ကျန်းချန်တို့နှစ်ဦးကို ကြည့်ရင်း အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ စိတ်ထဲတွင် ဖော်မပြနိုင်သော အေးစက်မှုများကို ခံစားနေရ၏။

သူ့ရှေ့မှ လူငယ်နှစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။

အနည်းငယ် ပေါ့ဆလိုက်သည်နှင့် သူက ထိုနှစ်ဦး၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားပေလိမ့်မည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက တုံ့ဆိုင်းမနေရဲဘဲ ကျယ်‌လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ကျောဘက်တွင် ကြီးမားသော သွေးမျက်လုံးကို နောက်တစ်ကြိမ် ပြန်လည် စုစည်းလိုက်သည်။

“ဝုန်း..”

သွေးမျက်လုံး စုစည်းလာပြီးနောက်တွင် ကြောက်မက်ဖွယ် သွေးမုန်တိုင်းသည် သွေးမျက်လုံးထံကနေ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြီး လူသားဧကရာဇ်ဓားနှင့် ဖျက်ဆီးခြင်းဓား တို့ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

အခန်း(၂၄၇၀)ပြီး၏။

All Chapters