အခန်း (၁၁၂၆-၁၁၂၈)
Vol. 76 Ch. 1126-1128
အခန်း (၁၁၂၆) နတ်ဆိုးဆန်ဆန်
ထိုက်တောင်တန်းလောက်ကြီးမားသည့် လုဝူ၏ ရှေ့ခြေက ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ထိုအရာ၏ အမြင်တွင် လုကျိုး၏ အရွယ်အစားက ရွှေရောင်ဗုဒ္ဓခန္ဓာနှင့် ကွဲပြားမှု မရှိပေ။
အားလုံးက အသက်အောင့်ထားလိုက်ကြ၏။ သူတို့က ထိုအရာမှ ရှေ့ခြေသည် ရွှေရောင်လူသားကို ခြေမွှပစ်နိုင်မည်လား မသိပေ။ တစ်ချိန်တည်းဆိုသလို အနက်ရောင်ကြာ ကျင့်ကြံသူများကလည်း ပြိုင်တူ နောက်ဆုတ်လိုက်ကြ၏။
“ဝုန်း”
ရှေ့ခြေက ကျဆင်းလာခဲ့သည်။
လုကျိုးက မြေပြင်ပေါ် ကျရောက်လာ၏။ သူ့ရွှေရောင်ဗုဒ္ဓခန္ဓာက တိုင်လုံးသဖွယ် ဖြစ်နေပြီး အမည်မဲ့က ဓားပုံသဏ္ဌာန်ဖြင့် ကိုင်ဆောင်ထားသည်။
လုဝူ၏ ရှေ့ခြေက မြေကြီးနှင့် မီတာ၂၀၀အကွာတွင် ရပ်တန့်သွားခဲ့၏။
ရှေ့ခြေရဲ့ခုခံမှုက အမည်မဲ့နှင့် ယှဥ်နိုင်နေတာလား။
ဒါက သားရဲဧကရာဇ်ရဲ့ စွမ်းရည်လား။
လုကျိုးက ထိုအရာကို မြင်သည့်အခါ အံ့အားသင့်သွားမိသည်။ အကယ်၍ သူသာ ၁၀မိနစ်ခန့် နောက်ကျသွားပါက သူ့အသက်အန္တရာယ် ရှိလာနိုင်သည်။
အထွတ်အထိပ် ဆန်းကြယ်စွမ်းအား
အမည်မဲ့က အပြာရောင်အလင်းဖြင့် တောက်ပလာခဲ့သည်။
“ဘမ်း”
ပြိုင်ဘက်ကင်းအမည်မဲ့ကို အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် ပေါင်းစည်းထားပြီးသည့်နောက် လုကျိုး၏ ပြိုင်ဘက်ဆီမှ စွမ်းအားပြင်းပြင်းကို ခုခံပြီး မီတာဝက်မျှ တွန်းပို့နိုင်ခဲ့ကာ ရှေ့ခြေကို ထိုးဖောက်သွားခဲ့သည်။
“ဝေါင်း”
လုဝူက ရှေ့ခြေကို နာကျင်စွာ ပြန်လည်ရုတ်သိမ်းလိုက်၏။ ထို့နောက် ပါးစပ်မှ မြူများကို ထပ်မံထုတ်လွှတ်လာသည်။ ဤသို့ဖြင့် ခရမ်းရောင်မြူများက မြေကြီးပေါ် ဝေ့ဝဲနေသည့် ခရမ်းရောင်မြူခိုးများက ပိုမိုအားကောင်းလာဟန်ပေါ်သည်။ လီလီ၏ အလောင်းများကပင် ထိုခရမ်းရောင်မီးခိုးများကြောင့် တိုက်စားခံလိုက်ရ၏။
“ကြည့်ရတာ ကျန်းပေ့ ပတ်လမ်းရဲ့ မြောက်ပိုင်း ဓားချောက်နက်မှာ ငရဲဖြစ်လာတော့မဲ့ပုံပဲ”
လုကျိုးက လုဝူကိုဖြေရှင်းဖို့ အလျင်လိုခြင်း မရှိပေ။ သူက မြေပြင်ပေါ်မှ လေထဲ ခုန်တက်လိုက်၏။
လုကျိုးက သူတို့၏ စွမ်းအင်ဓားများကို ဆက်တိုက်ထုတ်လွှတ်နေသည့် အနက်ရောင်ကြာ ကျင့်ကြံသူ ရာချီကို ကြည့်လိုက်သည်။
ကောင်းကင်ကျမ်း၏ ရနံ့စွမ်းအား
“မူအာထျဲ့ မင်း ဘယ်ပုန်းမလဲ ကြည့်ရသေးတာပေါ့”
ရနံ့စွမ်းအားဖြင့် လုကျိုးက မသက်ဆိုင်သည့် ရနံ့အားလုံးကို စစ်ထုတ်ပြီး မူအာထျဲ့၏ ရနံ့ကို ဖမ်းယူနိုင်ခဲ့သည်။ မူအာထျဲ့၏ တည်နေရာကို သိရဖို့ သိပ်မကြာလိုက်ပေ။
လုကျိုး၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး လူအုပ်ကြားတွင် ရှိနေသည့် အနက်ရောင်ကြာ ကျင့်ကြံသူတစ်ဦးကို ထိုးစိုက်လိုက်သည်။
“ဝှစ်”
အမည်မဲ့က ပေရာချီရှည်လျားသည့် စွမ်းအင်ဓားတစ်ချောင်းကို ထုတ်လွှင့်လာပြီး အနက်ရောင်ကြာကျင့်ကြံသူ၏ ရင်ဘတ်အတွင်း ထိုးစိုက်သွားခဲ့သည်။
“ဘမ်း”
အနက်ရောင်ကြာ ကျင့်ကြံသူ၏နောက်တွင် ပုန်းကွယ်နေသည့် မူအာထျဲ့က စွမ်းအင်ဓားကို လက်သီးဖြင့် ပြန်လည် တားဆီးလိုက်သည်။ သူ့အမူအရာက အံ့အားသင့်နေလေ၏။
ထိုစဥ် ခက်ထန်သားရဲများကလည်း လုကျိုးဆီ ဒီရေလှိုင်းအလား ပြေးဝင်လာသည်။
လုကျိုးက သူတို့ကို အာရုံမစိုက်ပေ။ သူက မူအာထျဲ့ကိုသာ အာရုံစိုက်ထားပြီး ဆက်လက် တိုက်ခိုက်နေသည်။ သူက ခက်ထန်သားရဲများထက်ပင် ပိုမိုကြမ်းတမ်းပြီး ရန်သူဆီ ချီတက်လာခြင်း ဖြစ်၏။ သိပ်မကြာခင် သူက မူအာထျဲ့ရှေ့ရောက်လာကာ မျက်နှာချင်းဆိုင် ဖြစ်သွားကြသည်။
မူအာထျဲ့က နှလုံးခုန်မြန်နေမိပြီး သူ့မျက်ဝန်းကလည်း အပြူးသားဖြစ်နေမိသည်။ သူ့အသက်ရှူနှုန်းက မြန်ဆန်လာကာ စွမ်းအင်လက်သီးများကို ရူးသွပ်စွာ တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေခဲ့သည်။
“ဘမ်း ဘမ်း ဘမ်း”
မူအာထျဲ့၏ စွမ်းအင်လက်သီးချက်က လုကျိုးထံ မုန်တိုင်းသဖွယ် ကျရောက်လာ၏။ သူက လုကျိုးကို အရူးအမူး တိုက်ခိုက်နေပြီး လုကျိုးဝန်းကျင်တွင် ပုံရိပ်များစွာကို ချန်ထားလေသည်။
မူအာထျဲ့က မွေးဖွားဇယားချပ် ၁၀ခုသာ ရှိတော့သော်လည်း လုကျိုး၏ တကယ့်စွမ်းအားက သူနှင့် မယှဥ်နိုင်သေးပေ။ ထို့အပြင် သူက အားလုံး ထုတ်သုံးထားခြင်းဖြစ်၏။
“ဘမ်း ဘမ်း ဘမ်း”
စွမ်းအင်လက်သီးချက်က ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကို လှိုင်းတွန့်ထင်စေခဲ့သည်။
လုကျိုးက တည်ငြိမ်လျက် ရှိနေပြီး မလှုပ်မယှက် ရပ်တန့်နေသည်။
အသက်ရှိုက်စာ အနည်းငယ်အကြာတွင် မူအာထျဲ့က လေထဲ နောက်ဆုတ်လိုက်သည်။ သူက နာကျင်မှုကို တောင့်ခံကာ မေးလိုက်၏။
“ဘာလို့လဲ”
လုကျိုးက ခေါင်းမော့ကာ မူအာထျဲ့ကို ကြည့်လိုက်သည်။
“မင်း ပြီးသွားပြီလား”
“မျှော် မျှော်နန်းသခင်လု ကျုပ် ကျုပ် ကျုပ်တို့ စကားပြောရအောင်”
“မင်းပြီးတယ်ဆိုရင် အခု မင်းသေရမဲ့အလှည့်ပဲ”
လုကျိုးက ပြောလိုက်သည်။ လုကျိုးက တိကျန်း၏ စွမ်းရည်ကို အသုံးပြုကာ မူအာထျဲ့ရှေ့မှောက် ပေါ်ထွက်လာ၏။ တစ်ချိန်တည်းဆိုသလို သူ့လက်တွင် ကိုင်ဆောင်ထားသည့် အမည်မဲ့က စွမ်းအင်ဓားတစ်သန်းကို ထုတ်လွှတ်လာခဲ့သည်။
စွမ်းအင်ဓားများက အတန်းလိုက်ရှိနေပြီး နဂါးတစ်ကောင်သဖွယ် ဖြစ်နေလေ၏။ လုကျိုးက တိုက်ခိုက်မှုကိုသာ အာရုံစိုက်ထားဖို့ လိုအပ်သည်။ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ဖြင့် သူ့အနေဖြင့် ခုခံဖို့ အာရုံစိုက်စရာမလိုပေ။ သူက အားကောင်းသည့်သူကို အရင်ဖြေရှင်းခြင်းဖြင့် စွမ်းအားကို ချွေတာနိုင်လေ၏။
လုကျိုးက မွေးဖွားဇယားချပ် (၇)ခု ရှိထားသော်လည်း စွမ်းအင်ဓားများက မွေးဖွားဇယားချပ်(၈)ခု ကျင့်ကြံသူစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကိုပါ ပေါင်းစည်းလိုက်လျှင် စွမ်းအင်ဓားများက သေစေနိုင်လောက်၏။
“ငရဲလက်စွပ်”
ငရဲလက်စွပ်က အလင်းဖြင့် တောက်ပလာလေ၏။
မူအာထျဲ့၏ ခန္ဓာကိုယ်က ပိုမိုအားကောင်းလာခဲ့သည်။ သူ့လက်နှင့် ခန္ဓာကိုယ်က ရွှေရောင်ဖုံးလွှမ်းထားသလိုမျိုး ဖြစ်နေသည်။ တစ်ချိန်တည်းဆိုသလို သူက ခရမ်းရောင်အလင်းဖြင့် မှိန်ဖျဖျ တောက်ပနေ၏။
“ဘမ်း ဘမ်း ဘမ်း”
မူအာထျဲ့က လုကျိုး၏ စွမ်းအင်ဓားများကို တွန်းကန်လိုက်သည်။ သူက လုကျိုး၏ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်(၅)ခုနှင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ဖျက်ဆီးခဲ့မှုကြောင့် တုန်လှုပ်နေမှုကြောင့် သူက ချုပ်တည်းမထားဘဲ အားလုံးကို ထုတ်သုံးလိုက်သည်။ သူက စွမ်းအင်ဓားသန်းချီကို သူ့ငရဲလက်စွပ်နှင့် စွမ်းအင်လက်သီးတို့ဖြင့် တားဆီးခဲ့၏။
နှစ်ဖက်လုံးက တစ်ပြိုင်နက် လွင့်စဉ်ထွက်သွားကြသည်။
မူအာထျဲ့က မျက်လုံးအပြူးသားဖြင့် သူ့လက်သီးများကို ကြည့်လိုက်သည်။
သူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“မျှော်နန်းသခင်လု ခင်ဗျားက ပိုပြီးတော့ အားနည်းသွားတာပဲ”
“အဲ့လိုလား”
လုကျိုးက လျှပ်စီးလို အလျင်ဖြင့် ထပ်မံတိုက်ခိုက်လာလေ၏။
ဤတစ်ကြိမ်တွင် လုဝူ၏ ရှေ့ခြေက ကောင်းကင်ထက်မှ ထပ်မံကျဆင်းလာသည်။ ဤတစ်ကြိမ် ယခင်ကထက် ပိုမိုကြီးမားကာ အားကောင်းလေ၏။
လုကျိုးက မျက်မှောင်အသာကြုတ်ကာ
“တိရိစ္ဆာန်ကောင်”
လုကျိုးက လှည့်ကာ သာမန်အသေရိုက်ချက်ကတ်ကို ခြေမွှလိုက်သည်။
ကောင်းကင်စွမ်းအင်လက်ဝါးစည်းတံဆိပ်က လုဝူထံ ကျရောက်လာ၏။
နေမင်းနှင့် လမင်းလိုမျိုး ကြီးမားသည့် လုဝူ၏ မျက်လုံးက ကျယ်ပြန့်ကောင်းကင်စွမ်းအင် လက်ဝါးစည်းတံဆိပ် ရောက်ရှိလာသည်ကို ကြည့်နေလေသည်။ ထိုအရာ၏ ရှေ့ခြေက ဦးတည်ချက်ပြောင်းကာ လက်ဝါးစည်းတံဆိပ်ကို ရိုက်ထုတ်လိုက်သည်။
“ဝုန်း”
မြေကြီးကပင် တုန်ခါသွားခဲ့သည်။
မီတာ၁၀၀၀ပတ်လည်အတွင်းရှိ အားလုံးက တုန်ခါမှုကို ခံစားမိလိုက်ကြသည်။
ကောင်းကင်စွမ်းအင် လက်ဝါးစည်းတံဆိပ်က လုဝူ၏ ရှေ့ခြေကို ဖြတ်သန်းပြီး နှလုံးသားပေါ် ကျရောက်လာသည်။
“ဘမ်း”
“ဝေါင်း”
လက်ဝါးစည်းတံဆိပ်က ကျရောက်လာခဲ့သည်။
လုဝူ၏ တောင်တန်းနှင့်တူသည့် ခန္ဓာကိုယ်ကြီးက နောက်လန်ကျသွားသည်။ ထိုအရာက အကြိမ်အနည်းငယ် နောက်ဆုတ်လိုက်ရပြီး စကားကို ဖျစ်ညှစ်ပြောလိုက်သည်။
“လူသား”
လုဝူ၏ ရှေ့ခြေက ကျိုးသွားခဲ့ပြီး ရင်ဘတ်မှ သွေးများစီးကျနေလေ၏။
လူသားနှင့် ခက်ထန်သားရဲများက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းနေကြသည်။
“သူက လုဝူရဲ့ ခုခံမှုကို တကယ်ကြီး ချိုးဖောက်နိုင်ခဲ့တာလား”
ထိုစဥ် လုကျိုးတွေးမိသည်က
“ထင်ထားတဲ့အတိုင်း ဆုလာဘ်မရှိဘူးဘဲ”
လုဝူက လူသားများနှင့် ကွဲပြား၏။ လုကျိုးက ဆုလာဘ်မရခင် ထိုအရာ၏ အသက်ဓာတ်နှလုံးသား (၄)ခုလုံးကို ဖျက်ဆီးပစ်ဖို့ လိုအပ်သည်။ အသက်ဓာတ်နှလုံးသားတစ်ခုတည်းကို ဖျက်ဆီးခြင်းအတွက် ဆုလာဘ်ရရှိမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက သာမန်အသေရိုက်ချက်ကတ်ကို သုံးသည့်အတွက် နောင်တမရပေ။ သူက မူအာထျဲ့ဆီ ဆက်လက်ပျံသန်းသွားလိုက်၏။
ထိုအရာကို မြင်ကာ မူအာထျဲ့က အမြီးကုတ်ကာ ထွက်ပြေးတော့သည်။
“မင်းက ဘယ်သွားမှာတုန်း”
လုကျိုး၏ ပုံရိပ်က ဖျက်ခနဲ ပျောက်ကွယ်သွားခဲ့၏။
ထိုစဥ် အလင်းနှင့် အမှောင်မဟာမိတ်၏ ကျင့်ကြံသူများ၏ တိုက်ခိုက်လိုစိတ်က ပိုမိုအားပျော့လာခဲ့သည်။
“ဒီလိုမျိုးပြင်းထန်တဲ့ တိုက်ခိုက်ရေးနည်းလမ်းနဲ့ င့ါဘဝမှာ ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ”
“သူက တိုက်ကွက်တွေအားလုံးကို လျစ်လျူရှုထားတယ်ဆိုတာကို သတိထားမိလား။ သူက တိုက်ကွက်တွေကနေ သက်ရောက်မခံရဘူး”
“အနက်ရောင်ဧကရာဇ်က ထွက်ပြေးဖို့ ကြိုးစားနေတာလား”
မူအာထျဲ့က လုဝူ၏ တည်နေရာဘက် ထွက်ပြေးကာ လုကျိုးကလည်း နောက်မှ အနီးကပ် လိုက်ပါလာသည်။
လုကျိုးကလည်း တစ်ချိန်တည်းဆိုသလို ခက်ထန်သားရဲများကလည်း လုကျိုးနောက်မှ လိုက်ပါလာကြ၏။
ဤတစ်ကြိမ် ဝေဟင်ထက်မှ အဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းလာသည်။
နေမင်းက ဘယ်ဘက်တွင်ရှိပြီး လမင်းက ညာဘက်တွင်ရှိကာ လန်ရှီဟယ်က ကောင်းကင်မှ နတ်သမီးသဖွယ် ဆင်းသက်လာလေ၏။ ဤသို့ဖြင့် သူမက မူအာထျဲ့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
လန်ရှီဟယ်၏ မျက်လုံးများက အသာပိတ်ထားပြီး သူမ၏ လက်ကို ပိုက်ထားလျက်ရှိသည်။ သူမ၏ ဆံပင်များက ကြည်လင်နေသည့် ကောင်းကင်လိုမျိုး အပြာရောင်ဖြစ်နေကာ မျက်ခုံးကြားတွင် နေမင်းနှင့် လမင်း အသေးစားသဏ္ဌာန် ပုံစံရှိနေသည်။
ထို့နောက် နေမင်းနှင့် လမင်းတို့ဆီမှ ကြောက်မက်ဖွယ်ကောင်းသည့် အလင်းတန်း(၂)ခု ကျရောက်လာ၏။ တစ်ချိန်တည်းဆိုသလို အဖြူရောင်ကြာနယ်မြေနှင့် အနက်ရောင်ကြာနယ်မြေတို့၏ အကြီးမားဆုံး ကြယ်တာရာဒိုင်ခွက်က လန်ရှီဟယ်၏ အနောက်မှ ထွက်ပေါ်လာပြီး တြိဂံ(၃၆)ခုက တောက်ပနေကာ အားကောင်းသည့် လေများက အဘက်ဘက်မှ တိုက်ခတ်နေသည်။
မူအာထျဲ့က ခေါင်းကိုမော့ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“မိုးမြေစွမ်းအားလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက မိုးမြေစွမ်းအားကို ဘယ်လိုလုပ် လှုံ့ဆော်နိုင်တာလဲ”
လန်ရှီဟယ်က မျက်လုံးအသာဖွင့်လိုက်သည်။ နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းဆီမှ အလင်းတန်းများက အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး အနက်ရောင်ကြာ ကျင့်ကြံသူများနှင့် ခက်ထန်သားရဲများကို သတ်ဖြတ်နေကြသည်။ တိုက်ကွက်တစ်ခုတည်းဖြင့် သူမက ကျန်းပေ့ပတ်လမ်းရှိ ရန်သူတစ်ဝက်ကျော်ကို သုတ်သင်ပစ်နိုင်ခဲ့သည်။
မီတာ၁၀၀၀ပတ်လည်အတွင်း အေးစက်မှု ကျရောက်လာပြီး နှင်းပွင့်များ ကျဆင်းလာသည်။ ထိုစဥ် တြိဂံ(၃၆)ခုက ရုတ်တရက် မှေးမှိန်သွားပြီး လျှို့ဝှက်ဆန်းကြယ်ကာ ထက်ရှသည့် ဓားတစ်ချောင်းက လုဝူထံ ပျံသန်းလာ၏။
“ဝုန်း”
လုဝူက တိမ်တိုက်အတွင်း ခုန်တက်ကာ မြေကြီးပေါ် ခြေရာ လက်ရာသာ ချန်ထားခဲ့သည်။
ထိုထက်ရှသည့် ဓားက ရုတ်တရက်ဆိုသလို ဦးတည်ရာ ပြောင်းလဲသွားပြီး မူအာထျဲ့ဆီ ရောက်ရှိလာ၏။
“ဘမ်း”
မူအာ့ထျဲက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ကျုံ့သွားသည့်အတွက် လဲကျသွားသည်။ ဤသို့ဖြင့် သူက နောက်ထပ်မွေးဖွားဇယားချပ် (၁၁)ခုကို ဆုံးရှုံးသွားခဲ့ရ၏။
“လန်ရှီဟယ် မင်း”
လန်ရှီဟယ်၏ ဆံပင်အရောင်က ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး သူမက နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းကို သိမ်းဆည်းပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“သတိထား လုဝူက မရိုးရှင်းဘူး”
ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားသည့် လုကျိုးက ပြောလာသည်။
“ငါ မင်းကို လျှော့တွက်မိသွားတာပဲ”
ထိုလှုပ်ရှားမှုက လန်ရှီဟယ်သည် အဖြူရောင်မျှော်စင် အဖွဲ့အစည်းအတွင်း လက်ရည်စမ်းစဥ်အခါကထက် ပိုမိုအားကောင်းလေ၏။
“ဝှစ်”
ကောင်းကင်ရှိ တိမ်တိုက်များက ဝေ့ပတ်လာသည်။
“လုဝူ”
လန်ရှီဟယ်က ခေါင်းမော့ကာ မိုးကုပ်စက်ဝန်းကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူမက မိုးကုပ်စက်ဝန်းဆီ ပျံသန်းထွက်လာသည်။
လုကျိုးက လန်ရှီဟယ်ကြောင့် လဲကျနေသည့် မူအာထျဲ့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက အချိန်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အချိန်များစွာ ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။
(၅)မိနစ်ခန့်သာ ကုန်ဆုံးသွားပြီးသည့်နောက် စစ်ပွဲ၏ အနေအထားက ပြောင်းလဲသွားခဲ့သည်။ အနက်ရောင်ကြာ ကျင့်ကြံသူများနှင့် ခက်ထန်သားရဲအများစုက သူနှင့် လန်ရှီဟယ်တို့လက်ချက်ဖြင့် သေဆုံးသွားကြပြီဖြစ်၏။
လုကျိုးက အဆင့်မြင့် လျှော့ချရေးကတ်ကို ကြည့်လိုက်သည်။
ကြည့်ရတာ အဆုံးသတ်ရတော့မဲ့ အချိန်ပဲ။
သူက အရာအားလုံးပြီးဆုံးအောင် အချိန်တချို့ ချွေတာထားသည်။
အလင်းနှင့်အမှောင်မဟာမိတ်၏ ကျဲပျယ်လီနှင့် တခြားသော တာ့ယွမ်ပညာရှင်များကလည်း ရှိနေဆဲဖြစ်၏။ ကံကောင်းစွာဖြင့် သူ့အနေဖြင့် အထွတ်အထိပ်ဆန်းကြယ် စွမ်းအားတချို့နှင့် မွေးဖွားဇယားချပ်စွမ်းအားတချို့ ကျန်ရှိနေသေးသည်။ ထိုအရာက လန်ရှီဟယ်နှင့် သူမ၏ မွေးဖွားဇယားချပ် (၁၃)ခုကြောင့်သာ ဖြစ်၏။ မဟုတ်ပါက သူ့အနေဖြင့် ဤမျှ လွယ်ကူမည် မဟုတ်ပေ။
ထိုစဥ် မူအာထျဲ့က အားပါးတရ ရယ်မောလိုက်၏။ သူက ဖြည်းဖြည်းချင်းထရပ်ကာ ကျောကို မတ်မတ်ရပ်ပြီး အရူးတစ်ယောက်လို ရယ်မောလိုက်သည်။
လုကျိုးက လက်နောက်ပစ်ကာ မေးလိုက်သည်။
“မင်းက သေရတော့မဲ့အချိန်မှာ ဘာလို့များ ရယ်မောနေရတာလဲ”
မူအာထျဲ့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“မျှော်နန်းသခင်လု ခင်ဗျားက လန်ရှီဟယ်ထက် အားကောင်းတယ်။ လုဝူကတောင် ခင်ဗျားကို ကြောက်ရတယ်။ ဒါပေမဲ့ ကျုပ်က ဘာလို့ထွက်မပြေးတာလဲ သိလား”
သူက လုကျိုး၏ ပြန်ဖြေမှုကို မစောင့်ဆိုင်းဘဲ ဆက်ပြောလိုက်သည်။
“တကယ်လို့ လီလီနဲ့ ကိစ္စမှာ တစ်စုံတစ်ယောက်ကသာ ကျုပ်အစီအစဥ်ကို ဝင်ရောက်မစွက်ဖက်ခဲ့ရင် လန်ရှီဟယ်နဲ့ ခင်ဗျားက ကျုပ်ကို ရှာတွေ့မှာမဟုတ်ဘူး။ ခင်ဗျားက ကျုပ်ပြိုင်ဘက် မဖြစ်နိုင်ဘူး”
လုကျိုးက မျက်မှောင်အသာကြုတ်ကာ “မင်းက လီလီရဲ့ နောက်ကွယ်မှာ နေတာလား။ ဖန်းရော့ကျစ်နောက်မှာ မဟုတ်ဘူးလား”
မူအာထျဲ့က ဆက်လက်ရယ်မောလိုက်သည်။
“အဲ့ဒီ့အရူးက နယ်ရုပ်တစ်ရုပ်ဘဲ။ ပြီးတော့ လုဝူလည်းအတူတူပဲ။ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က နက်ရှိုင်းတယ်ဆိုတာ သိထားပေမဲ့ ကျုပ်က ကျန်းပေ့ပတ်လမ်းအထိ ရောက်လာတယ်လေ။ အကြောင်းအရင်းကို မသိချင်ဘူးလား”
“ဟမ်”
မူအာထျဲ့က ဆက်လက် ရယ်မောလိုက်၏။ သိပ်မကြာခင် သူ့ရယ်မောသံကြားတွင် ဒေါသအရိပ်အယောင်များပါ ရောနှောလာခဲ့သည်။ သူက လက်ကို မြှောက်လိုက်သည့်အချိန် အဝတ်အစားများက စုတ်ပြဲနေသည့်အတွက် အနက်ရောင်သင်္ကေတများဖြင့် ဖုံးလွှမ်းနေသည့် သူ့ခန္ဓာကိုယ်ကို ထုတ်ပြလာခဲ့၏။ သူက သူ့လက်ထဲတွင် ခရမ်းရင့် သလင်းကျောက်တစ်ခုကို ကိုင်ဆောင်ထားပြီး အကြည့်များ တောက်ပလျက်ရှိ၏။
“လာစမ်းပါ”
ထို့နောက် သူက သလင်းကျောက်ကို မြေပြင်ပေါ် ခြေမွပစ်လိုက်သည်။
“ဝုန်း”
မြောက်ဘက်၊ တောင်ဘက်၊ အရှေ့နှင့် အနောက်ဘက်တို့တွင် သွေးကြောများနှင့်တူသည့် အရာများက လင်းလက်လာ၏။ ထိုသွေးကြောများအားလုံးက မြောက်ပိုင်းဓားကြောင်းလမ်း၏ မြောက်ဘက်ပိုင်းနှင့် ဆက်နွယ်နေလေသည်။
“ကြယ်တာရာစုစည်းရေး အစီအရင်လား”
လုကျိုးက မြောက်ဘက်ကို လှည့်ကြည့်လိုက်၏။
“အဲဒါတွေက လီလီရဲ့ ထွက်ပေါက်ပဲ။ အဲ့ဒီ့ပစ္စည်းတွေက အမည်မသိကုန်းမြေကနေရတဲ့ အထွတ်အထိပ် မြင့်မြတ်ပစ္စည်းပဲ။ အဲဒါက မိုးမြေရဲ့ စွမ်းအားကို စုပ်ယူပြီးတော့ မရဏစွမ်းအားကို စုဝေးနိုင်တယ်”
“ခင်ဗျား ကျုပ်ကို မတားနိုင်ပါဘူး။ ကျုပ် သေရင်တောင် အထွတ်အထိပ်မြင့်မြတ်ပစ္စည်းက ကျုပ်ကို အသက်ပြန်သွင်းနိုင်တယ်”
“ဝှစ်”
မြေပြင်ပေါ် ကျရောက်နေသည့် သွေးအဆီအနှစ်များနှင့် လီလီ၏ ခရမ်းရောင်ချီများက ရစ်ပတ်ကာ အထွတ်အထိပ် မြင့်မြတ်ပစ္စည်းဆီ စီးဆင်းသွားကြသည်။ ခက်ထန်သားရဲများ၏ သွေးအဆီအနှစ်များကလည်း ထိုပစ္စည်းထံ အသက်ဓာတ်စွမ်းအားကို ထောက်ပံ့ပေးနေဟန်ပေါ်၏။
သိပ်မကြာခင် ကောင်းကင်ထက် ဝဲကတော့တစ်ခု ထွက်ပေါ်လာကာ စွမ်းအားများကို အထွတ်အထိပ် မြင့်မြတ်ပစ္စည်းထံ လမ်းကြောင်းပေးနေသည်။
မူအာထျဲ့က ပြောလိုက်သည်။
“မျှော်နန်းသခင်လု ခင်ဗျားက ကျုပ်ကို ဒီနေ့ ကူညီပေးခဲ့တာဆိုတော့ ကျုပ် နတ်ဆိုးကျင့်စဥ် အောင်အောင်မြင်မြင် ကျွမ်းကျင်သွားရင် ခင်ဗျားကို အမှတ်ရနေပါ့မယ်”
“မင်းက ငါ့ကို အသုံးချခဲ့တာလား”
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။
အရာအားလုံးက ယခုအခါ ရှင်းလင်းသွားပြီ ဖြစ်၏။ မူအာထျဲ့က ဤပတ်လမ်း(၄)ခုကို သီးသန့်ရွေးချယ်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ ခက်ထန်သားရဲများက အလောင်းများကို သယ်ဆောင်လာသည်မှာလည်း မထူးဆန်းတော့ပေ။ လီလီများစွာ ရှိနေသည့်အချက်လည်း မထူးဆန်းတော့ပေ။
“တကယ်လို့ ခင်ဗျားရဲ့ တပည့်က ကျုပ်အစီအစဥ်ကို ဖျက်ဆီးပစ်ခဲ့တာကြောင့်သာ မဟုတ်ရင် ပတ်လမ်း(၄)ခုမှာရှိတဲ့ သေဆုံးသွားတဲ့ သွေးအဆီအနှစ်တွေအားလုံးကို စုပ်ယူနိုင်လိမ့်မယ်။ အဲ့ဒီ့အချိန်ကျရင် ခင်ဗျားက ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်ရဲ့ နတ်ဆိုးကျင့်စဥ် ပြီးမြောက်သွားတာနဲ့ မွေးဖွားဇယားချပ် (၁၄)ခုပညာရှင်နဲ့တောင် ယှဥ်နိုင်လိမ့်မယ်။ ပြီးတော့ ကျုပ်က မွေးဖွားဇယားချပ်နဲ့ ကန့်သတ်ခံထားရမှာ မဟုတ်သလို ဘယ်တော့မှ သေဆုံးတော့မှာ မဟုတ်ဘူး”
လုကျိုးက အနီရောင်ရထားလုံးပျံကို လှမ်းကြည့်လိုက်သည်။ သူက အချိန်မဖြုန်းလိုတော့ပေ။
အဆင့်မြင့်လျှော့ချရေးကတ်က လုကျိုး၏ လက်ထဲ ပေါ်ထွက်လာသည်။
“မူအာထျဲ့ သက်ရှိတွေအားလုံးက သဘာဝရဲ့ စည်းမျဥ်းဥပဒေကို လိုက်နာကြရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သက်ရှိတွေအားလုံးက အနှေးနဲ့အမြန် သေဆုံးကြရမှာပဲ”
လုကျိုးက လက်ကို အသာမြှောက်လိုက်သည်။
ထိုစဥ် ကောင်းကင်အထက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မလွတ်မြောက်နိုင်တော့သည့် ပိုက်ကွန်သဖွယ် ဖြစ်ပေါ်လာသည်။ ထိုပိုက်ကွန်က မြေကြီးသဖွယ်ကြီးမားပြီး သွေးကြောများဖြင့် တောက်ပနေလေ၏။
မူအာထျဲ့က ယုံကြည်ချက်ရှိစွာဖြင့် စွမ်းအင်လက်သီးထောင်ချီကို ထုတ်လွှတ်လိုက်သည်။
“ဘမ်း ဘမ်း ဘမ်း”
စွမ်းအင်လက်သီးချက်များက ထိုပိုက်ကွန်နဲ့ ထိတွေ့သွားပြီး အလျင်အမြန် ပြုတ်ကျလာလေ၏။ မူအာထျဲ့က ဖြတ်ကနဲ ပျောက်ကွယ်သွားကာ ပိုက်ကွန်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားးလိုက်သည်။
“ဘမ်း”
ဤတစ်ကြိမ် ပိုက်ကွန်က ရုတ်ခြည်း ကျုံ့သွားပြီး မူအာထျဲ့၏ ရင်ဘတ်ပေါ် ကျရောက်လာသည်။
မူအာထြဲ့၏ ဘုံတစျထောငျလပှေစေိတျဝိညာဥျသဏ်ဍာန်က ပေါ်ထွက်လာပြီး ပြန်လည်ပျောက်ကွယ်သွား၏။ ပိုက်ကွန်က ရုတ်ခြည်းဆိုသလို အလင်းတန်းအဖြစ်ပြောင်းလဲကာ သူ့ကြယ်တာရာဒိုင်ခွက်အတွင်း ဝင်ရောက်သွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်အလင်းက ကြယ်တာရာဒိုင်ခွက်အတွင်း ဝင်ရောက်သွားပြီး မွေးဖွားဇယားချပ်((၅)ခုကို ချက်ခြင်းဆိုသလို မှေးမှိန်ကျသွားစေသည်။ မူအာထျဲ့က မွေးဖွားဇယားချပ်အားလုံးကို မဆုံးရှုံးလိုက်ရသော်လည်း လုကျိုးက စိတ်ထဲ မထားပေ။
အနှစ်ချုပ်အားဖြင့် မူအာထျဲ့သည် မြေကြီးပေါ်ထိုင်ကာ တုန်တုန်ယင်ယင် ဖြစ်နေ၏။
လုကျိုးက အချိန်ကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။ သူ့တွင် (၂)မိနစ်ခန့်သာ ကျန်ရှိတော့၏။ မူအာထျဲ့က မွေးဖွားဇယားချပ် (၄)ခုသာရှိတော့သည့်အတွက် သူ့အနေနှင့် ဘာမှကြောက်စရာ မရှိတော့ပေ။ သူက လုဝူကို ဖြေရှင်းရန်သာ လိုအပ်၏။ လန်ရှီဟယ်နှင့် လုဝူ၏ ပြင်းထန်သည့်တိုက်ပွဲကို မမြင်နိုင်ပေ။
“ဝှစ်”
ဤတစ်ကြိမ် လျှို့ဝှက်ဆန်းကြယ် အထွတ်အထိပ် မြင့်မြတ်ပစ္စည်းက ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
လူသား၊ ခက်ထန်သားရဲနှင့် သားရဲပျံများ၏ အလောင်းများက ပျက်စီးနေသည့် ခြေလှမ်းများနှင့်အတူ မျောလွင့်လာလေ၏။
ခရမ်းရောင် မီးခိုးများကလည်း မီတာ ၁၀၀၀ဝန်းကျင်အထိ ပျံ့နှံ့လာသည်။ ထိုအရာက ကမ္ဘာမြေပေါ်တွင် ငရဲလိုမျိုးဖြစ်၏။ ထိုခရမ်းရောင် မီးခိုးဝန်းကျင်ရှိ အပင်အားလုံးက ချက်ခြင်းဆိုသလို ခြောက်သွေ့သွားကြသည်။
တစ်ချိန်တည်းဆိုသလို သွေးအဆီအနှစ်၊ ရှေးဦးချီနှင့် အထွတ်အထိပ် မြင့်မြတ်ပစ္စည်းကို လွှမ်းခြုံသွားကြသည်။
လီလီ၏ အလောင်းများက များပြားလွန်းသည့်အတွက် ခရမ်းရောင်မီးခိုးများက အားလုံး၏ မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေကာ အားလုံး၏ မြင်ကွင်းကို မှေးမှိန်လာစေသည်။
လုကျိုးက အထွတ်အထိပ်ပစ္စည်းထံ လက်ဝါးချက်ကို ရိုက်ထုတ်လိုက်သည်။
“ဘမ်း”
“အသုံးမဝင်ဘူး။ ဒါက အထွတ်အထိပ် မြင့်မြတ်ပစ္စည်းပဲ”
မူအာထျဲ့က ပြောလိုက်သည်။
“ဘမ်း”
လုကျိုးက မူအာထျဲ့ကို အာရုံမစိုက်ဘဲ ထပ်မံရိုက်လွှတ်လိုက်၏။
သို့သော် အထွတ်အထိပ် မြင့်မြတ်ပစ္စည်းပေါ်တွင် ခြစ်ရာပင်မထင်ပေ။ သို့သော် ခရမ်းရောင်မီးခိုးများက အထွတ်အထိပ် မြင့်မြတ်ပစ္စည်းထဲ စီးဝင်သွားသည့်အခါ ဘာမှ လှုပ်ရှားမှုရှိဟန် မပေါ်ပေ။ မူအာထျဲ့က မျက်လုံးအပြူးသားဖြင့် ပြောလိုက်၏။
“မလုံလောက်သေးဘူးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“မဖြစ်နိုင်ဘူး”
“မဟုတ်သေးဘူး။ အချိန်က အသက်ပဲ။ မြန်မြန်လုပ်။ ငါ့ကိုပေး”
မူအာထျဲ့က ရှေ့တိုးကာ အထွတ်အထိပ်မြင့်မြတ်ပစ္စည်းကို ဆွဲယူဖို့ ကြိုးစားလိုက်သည်။ သူက ကနဦးချီအားလုံးကို လှုံ့ဆော်ကာ အထွတ်အထိပ်မြင့်မြတ်စ္စည်းမှ စွမ်းအားကို စုပ်ယူလိုက်သည်။
“ဘမ်း”
မူအာထျဲ့က စွမ်းအားကို စုပ်ယူနေစဥ် အထွတ်အထိပ်မြင့်မြတ်ပစ္စည်းက သူ့ကို လွင့်စဉ်သွားစေ၏။
“ဝှစ်”
ထိုအရာက ဆူဆူညံညံ အသံပြုလာကာ ခရမ်းရောင်လက်နက်များဖြင့် တောက်ပလာခဲ့သည်။ မူအာထျဲ့က စိတ်ရှုပ်ထွေးသွားပြီး ဘာဖြစ်သွားမှန်း နားမလည်နိုင်ပေ။
တူညီလှစွာ လုကျိုးကလည်း ထိုအရာသည် ထူးဆန်းကြောင်း ထင်မိ၏။
“ဝှစ်”
မြေပြင်ပေါ်ရှိ သွေးကြောများက ဖြတ်ကနဲ တောက်ပလာပြီး ကောင်းကင်တွင်လည်း သွေးကြောများ ပေါ်ထွက်လာကာ မိုးမြေကို ဆက်သွယ်ပေးထားဟန်ပေါ်သည်။
ထိုစဥ် နေရောင်ရထားလုံးပျံပေါ်မှ တွမ့်မူရှန်းက ရုတ်ခြည်းဆိုသလို မျောလွင့်လာ၏။ လန်ရှီဟယ် ချန်ထားခဲ့သည့် ကာကွယ်ရေးစွမ်းအားက ပြိုလဲသွားလေသည်။ ဤတစ်ကြိမ် လေထုထဲရှိ သွေးကြောများက တွမ့်မူရှန်းကို ထိန်းချုပ်နေဟန်ပေါ်၏။
နဥ်ဝမ်ချင်းကလည်း ရုတ်ခြည်းအပြောင်းအလဲကြောင့် အံ့အားသင့်သွားလေသည်။ သူက ရှေ့ကိုတိုးကာ ခရမ်းရောင်မီးခိုးများကို ရှင်းထုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ခရမ်းရောင်မီးခိုးများက ပြင်းထန်လွန်းသည့်အတွက် သူ့အနေဖြင့် အပြည့်အဝ မရှင်းထုတ်နိုင်ပေ။ သူက မျက်လုံးကန်းနေသော်လည်း သူ့ပတ်ဝန်းကျင်ရှိ အန္တရာယ်ကို အတိအကျ ခံစားမိဆဲဖြစ်၏။ အဆုံးသတ်တွင် သူက အကူအညီသာ တောင်းခံလိုက်ရ၏။
“မျှော်နန်းသခင်လု”
လုကျိုးက ဖျက်ကနဲ ပေါ်လာကာ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ဖြင့် တွမ့်မူရှန်းကို ရုပ်သေးရုပ်လိုမျိုး ထိန်းချုပ်နေသည့် သွေးကြောများကို တားဆီးလိုက်၏။ ကံဆိုးစွာဖြင့် သွေးကြောများက သူ့ကို ကျော်ဖြတ်ကာ တွမ့်မူရှန်းဆီ မြွေတစ်ကောင်လိုမျိုး ဝင်ရောက်လာသည်။ သိသာလှစွာ အထွတ်အထိပ်မြင့်မြတ် ပစ္စည်းက တွမ့်မူရှန်း၏ ခန္ဓာကိုယ်မှ လီလီ၏ မိစ္ဆာစွမ်းအားများကို စုပ်ယူချင်နေဟန်ပေါ်သည်။
ဤတစ်ကြိမ် လုကျိုးက တစ်စုံတစ်ခုကို တွေးမိသွားလေ၏။ သူက လှည့်ကာ တွမ့်မူရှန်းကို ကြည့်လိုက်သည်။ သူက တွမ့်မူရှန်း၏ စွမ်းအင်ဗဟိုချက်ကို ထိကာ အော်ပြောလိုက်၏။
“မင်းက နတ်ဘုရားဆိုရင်တောင် သူ့အသက်ကို ယူလို့ မရဘူး”
“ဝုန်း”
တွမ့်မူရှန်း၏ ချီပင်လယ်က အစိမ်းရောင်အလင်းဖြင့် တောက်ပလာ၏။
မူအာထျဲ့က စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။
“မဟာလေဟာနယ်မျိုးစေ့လား”
မဟာလေဟာနယ် စွမ်းအားကို ခံစားမိသည့် နဥ်ဝမ်ချင်းကလည်း တအံ့တသြဖြင့် ရေရွတ်လိုက်သည်။
“လီလီရဲ့ တိုက်စားစွမ်းရည်က သူ့ကို မသတ်နိုင်တာ မထူးဆန်းတော့ပါဘူး။ မထူးဆန်းတော့ဘူး”
မဟာလေဟာနယ် မျိုးစေ့၏ စွမ်းအားက ပင့်ကူအိမ်သဖွယ် သွေးကြောများကို ဝါးမျိုလိုက်ဟန်ပေါ်သည်။
ရုတ်ခြည်းဆိုသလို အထွတ်အထိပ် မြင့်မြတ်ပစ္စည်းက လေထုထဲ ပျံသန်းလာ၏။
မဟာလေဟာနယ်စွမ်းအား၏ သန့်စင်မှုနှင့် မြင့်မြတ်မှုကို မယှဥ်နိုင်တော့သည့်အလား ရုတ်ခြည်းဆိုသလို ပေါက်ကွဲထွက်သွားသည်။
ထို့နောက် ခရမ်းရောင်မီးခိုးများက တွမ့်မူရှန်းဆီ ရုတ်ခြည်း စီးဝင်လာ၏။
...
အခန်း (၁၁၂၇) သွေးစတေးခြင်း၏မဟာပညာ
မြင့်မြတ်သောပစ္စည်းထဲမှ ခရမ်းရောင်အငွေ့များသည် ဒီရေသဖွယ် ရုတ်တရက် ပေါ်ထွက်လာသော်ငြား ကူးခပ်နေသော နဂါးတစ်ကောင်ကဲ့သို့ မဟာလေဟာနယ်မျိုးစေ့၏စွမ်းအင်က ၎င်းကို ဖိနှိပ်လိုက်၏။ မည်သို့ပင်ဆိုစေ တွမ့်မူရှန်းသည် အထွတ်အထိပ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်သာဖြစ်နေသောကြောင့် သူ့ကို ဝါးမျိုပစ်ရန်မိစ္ဆာစွမ်းအင်က သန်မာလွန်း၏။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး” မူအာ့ထျဲက သူ့ဖာသာသူ ရေရွတ်ပြောနေသည်။ သူက ဧကရာဇ်တစ်ပါး၏ အမူအကျင့်မျိုး ဆုံးရှုံးသွားပြီးဖြစ်ကာ အရူးတစ်ယောက်လိုမျိုး ဝေဟင်ထဲ ပျံသန်းလျက် တွမ့်မူရှန်းကို ထိုးနှက်ရန် ရည်ရွယ်လိုက်သည်။
မွေးဖွားဇယားချပ်ကျင့်ကြံသူတစ်ယောက်ကတောင် လုကျိုးအတွက် ပြိုင်ဖက်မဟုတ်လေရာ မွေးဖွားဇယားချပ် ၄ခုသာကျန်သည့် မူအာ့ထျဲက လုကျိုးကို ဘယ်လိုလုပ်ယှဉ်နိုင်မည်နည်း။
ဘန်း
လုကျိုးသည် မည်သည့်စွမ်းအင်ကိုမှမသုံးဘဲ မူအာ့ထျဲကို ရိုက်ရန် ဗုဒ္ဓခန္ဓာကိုသာ အသုံးပြုခဲ့သည်။
မူအာ့ထျဲသည် သူ၏လက်ထုံကျဉ်လာတာကို ခံစားမိသောအခါ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းနက်ရောင် သင်္ကေတများသည် သူ့ခန္ဓာထဲ ပြန်ဝင်သွားပုံပေါ်၏။ သူ၏ခန္ဓာကိုယ်က စတင်ပုပ်သိုးလာတော့သည်။
“အမြစ်ပြတ်သုတ်သင်ရေးအစီအရင်ကြောင့် မင်းက တာ့ထန်ရဲ့မဟာပတ်လမ်း၁၀ခုထဲက ၄ခုဆီ ကြမ်းတမ်းခက်ထန်သားရဲတွေကို လွှတ်ခဲ့ပြီး လူတွေအများကြီးသတ်ခဲ့တာ။ အဆုံးကျ မင်းရဲ့ပန်းတိုင်က သွေး အဆီအနှစ်ကို စုပ်ယူဖို့ပဲ။ ဒါမှ သွေးအဆီအနှစ်နဲ့ လီလီရဲ့မိစ္ဆာစွမ်းအင်ကို ပေါင်းစည်းဖို့ မြင့်မြတ်တဲ့ ပစ္စည်းကို သုံးနိုင်မှာလေ။ ဒီနေရာဆီ ကြမ်းတမ်းခက်ထန်သားရဲတွေဆင့်ခေါ်တာ ကူညီပေးဖို့ လုဝူကိုတောင် ရထားသေးတယ်။ မင်း မသေမျိုးတစ်ပါးဖြစ်ဖို့ ကျင့်ကြံနိုင်ပြီ။ မဆိုးဘူးပဲ ... တကယ့်ကိုကောင်းလှတဲ့အကြံအစည်” လုကျိုးက ပြောလိုက်၏။
မူအာ့ထျဲက ရူးသွပ်စွာရယ်မောလိုက်သည်။ သူက မလိုလားမှုများဖြင့် တောက်လောင်နေကာ တွမ့်မူရှန်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
ထိုစဉ် နဉ်ဝမ်ချင်းကပြောလိုက်သည်။
“ရှေးခေတ်ကာလရဲ့သွေးစတေးခြင်းမဟာပညာက မိုးနဲ့မြေကို မီးပြင်းဖိုအဖြစ်သုံးပြီး လူသားနဲ့သားရဲတွေရဲ့သွေးတွေကို စတေးမှုအနေနဲ့သုံးတာ။ မိစ္ဆာစွမ်းအင်နဲ့ဆို သူတို့တွေက ထာဝရရှင်သန်မှုရအောင် ကျင့်ကြံနိုင်ဖို့ မွန်မြတ်တဲ့ပစ္စည်းကို သုံးနိုင်တယ်။"
သူက ခေါင်းခါပြီးဆက်ပြောလိုက်၏။
“မူအာ့ထျဲ ဒီသွေးစတေးမှုအတွက် ပြင်ဆင်မှုတွေအများကြီး မင်း လုပ်ထားတာပဲ။ အမည်မဲ့မြေကလာတဲ့ လီလီတွေက သူတော်စင်တွေနဲ့ ရှေးဟောင်းသင်္ကေတလမ်းကြောင်းက ချန်ထားတဲ့ အခင်းအကျင်း မရှိဘဲ ဒီနေရာကို ရောက်လာဖို့ မဖြစ်နိုင်ဘူး။ တာ့ယွမ်က သင်္ကေတပညာရှင်တွေ မွေးထုတ်ဖို့နဲ့ သင်္ကေတကျောင်းတော်တောင်ဖွင့်ဖို့ဒီလောက်အာရုံစိုက်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ”
ထိုစဉ် ရွှေရောင်ဗုဒ္ဓခန္ဓာက ပျောက်ကွယ်သွား၏။ ၁၀မိနစ်ကုန်ဆုံးသွားတော့သည်။ ကံကောင်းသည်မှာ လုကျိုးသည် အစောတုန်းက ကုသိုလ်မှတ်တချို့ရလာခဲ့၏။ လိုအပ်လာပါက သူသည် ကတ်များကို ထပ်မံပေါင်းစည်းနိုင်သည်။ ထို့ကြောင့် စိတ်ပူစရာမရှိပေ။ ထို့အပြင် ဖန်ရော့ကျစ်သေပြီဖြစ်ကာ မူအာ့ထျဲသည် မွေးဖွားဇယားချပ် ၄ခုကျင့်ကြံသူတစ်ယောက်ဖြစ်သွား၏။
လုကျိုးက နဉ်ဝမ်ချင်းဖက်လှည့်ကြည့်လိုက်သည်။
“သွေးစတေးခြင်းမဟာပညာလား”
နဉ်ဝမ်ချင်းက ရှင်းပြလိုက်၏။
“ကျုပ်က အပေါ်ယံပဲနားလည်တာပါ။ ကျုပ် သိထားပုံအရ သွေးစတေးခြင်းက ကျင့်ကြံသူတစ်ယောက်ကို မွေးဖွားဇယားချပ် အကန့်အသတ်မဲ့ ရရှိစေပြီး ယိုယွင်းတိုက်စားခြင်းစွမ်းအား ချီးမြှင့်ပေးတာ ရှေးခေတ်ကာလတည်းကစပြီး ကျင့်ကြံခြင်းက ကောင်းကင်ကို ဖီဆန်တဲ့လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ အကန့်အသတ်ကို ဖြတ်ကျော်ပြီး မိုးနဲ့မြေအတားအဆီးကို ဖြတ်ကျော်ရင်းနဲ့ အသက်ရှည်လာတာ။ တစ်ဖက်မှာတော့ အားကောင်းတဲ့ကြမ်းတမ်းခက်ထန်သားရဲတွေက အဲ့ဒီကန့်သတ်ချက်ကို လက်မခံကြဘူး”
“မွေးဖွားဇယားချပ်အကန့်အသတ်ကနေလွတ်မြောက်ပြီး မိုးနဲ့မြေရဲ့အတားအဆီးကို ဖြိုခွဲပြီးတော့ ထာဝရရှင်သန်မှုကို ရယူဖို့လား။ အံ့ဩဖို့ကောင်းလိုက်တဲ့ သွေးပူးဇော်ခြင်းပညာပဲ”
လုကျိုးသည် လှောင်ပြောင်မှုဖြင့်ပြောလိုက်သည်။
အဆုံးကျ မူအာ့ထျဲက လူသားတစ်ယောက်မဖြစ်ချင်ဘူးလို့ ဆိုလိုတာမဟုတ်လား။
အနက်ရောင်ဧကရာဇ်မူအာ့ထျဲက တွမ့်မူရှန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေ၏။
“လူသားတွေက သက်ရှိအရာအားလုံးထက်သာလွန်တယ်။ ကျင့်ကြံခြင်းအရာမှာ တိရစ္ဆာန်ရော အပင်တွေက လူသားတွေနဲ့မယှဉ်နိုင်ဘူး။ ဒါပေမဲ့ အဲ့ဒီတိရစ္ဆာန်တွေနဲ့အပင်တွေရဲ့သက်တမ်းက လူသားတွေထက်သာတယ်။ သေမျိုးအပင်လေးတစ်ပင်ကတောင် နှစ် ၁၀၀ ဒါမှမဟုတ် နှစ် ၁၀၀ကျော် အလွယ်တကူရှင်နိုင်တာ။ လိပ်တစ်ကောင်ကတောင် နှစ်ပေါင်း ၁၀၀၀၊ နှစ်ပေါင်း ၁၀၀၀၀ ရှင်နိုင်သေးတယ်။ လူသားတွေရဲ့သက်တမ်းက အကန့်အသတ်မရှိခဲ့ရင် စကြဝဠာကြီးကို လူသားတွေ အချိန်ကြာမြင့်စွာ အုပ်ချုပ်နိုင်မှာ။ လောကကြီးထဲက အရာရာက စစ်စေမှုနဲ့မျှခြေရှိတယ်။ ကောင်းကင်ကချမှတ်ခဲ့တဲ့ဒီစည်းမျဉ်းက ကျိုးကြောင်းမသင့်တာမဟုတ်ဘူး” နဉ်ဝမ်ချင်းက ပြောလိုက်၏။
ထိုစဉ် တွမ့်မူရှန်းက နာကျင်စွာအော်လိုက်သည်။ မဟာလေဟာနယ်မျိုးစေ့နှင့် မိစ္ဆာစွမ်းအင်တို့က တိုက်စားနေကြပြီး သူ သေလည်းမသေ ရှင်လည်းမရှင်နိုင်ဖြစ်နေသည်။
ယင်းကိုမြင်သောအခါ မူအာ့ထျဲက မကောင်းသောစိတ်ကြောင့် ကျေနပ်ပီတိဖြစ်နေသည်။
“သူ မလုပ်နိုင်ဘူး ... သူ မလုပ်နိုင်ဘူး။ မဟာလေဟာနယ်မျိုးစေ့က အဲ့ဒါကို မဖိနှိပ်နိုင်ဘူး”
ဘန်း
မူအာ့ထျဲသည် တွမ့်မူရှန်းဆီ ခုန်ဝင်သွားပြန်၏။ သူ၏လက်ချောင်းပေါ်ရှိ ငရဲမင်းလက်စွပ်က တောက်ပစွာထွန်းလင်းနေပြီး သူ၏ခွန်အားကိုမြှင့်တင်ပေးသည်။ ယခုအချိန်၌ သူ၏မျက်စိထဲတွင် မဟာလေဟာနယ်မျိုးစေ့သာ ရှိတော့သည်။ သူက ထပ်တလဲလဲရေရွတ်ပြောလိုက်၏။
“မဟာလေဟာနယ်မျိုးစေ့ ... မဟာလေဟာနယ်မျိုးစေ့”
မူအာ့ထျဲက လေထဲခပ်မြင့်မြင့်မခုန်ရသေးခင် အပေါ်ကနေ ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် သူ၏ရင်ဘတ်ပေါ် ပြင်းထန်စွာ ကျလာ၏။
ဖုန်း
လုကျိုးသည် လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူသည် လူပုံသဏ္ဌာန်တွင်းပေါက်ထဲ လဲနေသော မူအာ့ထျဲကို ငုံ့ကြည့်လိုက်သည်။ သူ၏လက်ကို ရုတ်သိမ်းပြီးနောက် လက်နောက်ပစ်ထားကာ ပြောလိုက်၏။
“ငါ မင်းကို ငရဲမင်းလက်စွပ်ပေးခဲ့ပေမဲ့ မင်းက ငါ့ကို ဆန့်ကျင်ဖို့ ရာရာစစအဲဒါကို သုံးရဲတယ်ပေါ့”
မူအာ့ထျဲက သွေးအန်နေစဉ် ခရမ်းနက်ရောင်သင်္ကေတများက သူ၏ခန္ဓာကိုယ်ကို ဆက်လက်ပုပ်သိုးသွားစေ၏။ ငရဲမင်းလက်စွပ်သည် အစတည်းက သူ့အပိုင်ဟု ပြောချင်ခဲ့သည်။ သို့သော် သူ ရှင်းမပြချင်တော့ပေ။ သူက ယင်းကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သောကြောင့် သူ ခံစားရမည့် တန်ပြန်သက်ရောက်မှုက သည်းမခံနိုင်စရာပေ။
လုကျိုးသည် လက်နှစ်ချောင်းကြား ဓားအသွင်အမည်မဲ့ကို ကိုင်ဆောင်ထားပြီး မြောက်ပိုင်းဓားချောက်နက်ပေါ်၌ ပျံဝဲနေ၏။
ယင်းကို မြင်သောအခါ မူအာ့ထျဲသည် ကြည်လင်ပြတ်သားမှုပြန်လည်ရရှိလာပုံပေါ်ကာ ပြောလိုက်၏။
“မင်းက ငါ့ကို သတ်လို့မရဘူး။ ငါ့ကိုသတ်ရင် သူ သေမှာပဲ”
လုကျိုးက အမည်မဲ့ကို လွဲယမ်းလိုက်၏။ ပြီးနောက် သူသည် လေထဲမျောလွင့်နေသော အမည်မဲ့ကို လေထဲတွန်းထုတ်လိုက်၏။
ဓားအသွင်ဖြင့် အမည်မဲ့သည် မူအာ့ထျဲဆီသို့ တိုးဝင်သွား၏။ လမ်းတဝက်၌ တစ်ခုကနေနှစ်ခု၊ နှစ်ခုကနေ လေးခု ကွဲထွက်သွားသည်။
မူအာ့ထျဲဆီရောက်သောအခါ စွမ်းအင်ဓားထောင်ချီက သူ၏ရင်ဘတ်ကို များပမာ ထိုးဖောက်သွား၏။
“တင်း ... မွေးဖွားဇယားချပ်သုံးခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၂၀၀၀”
“တင်း .... ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀။ နယ်မြေအပိုကုသိုလ်မှတ် ၁၅၀၀”
မူအာ့ထျဲသေသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှ ခရမ်းနက်ရောင်အငွေ့များသည် လေထဲမြင့်တက်လာ၏။ မကြာမီ၌ အရိုးစုပုံသာကျန်တော့သည်။
ငရဲမင်းလက်စွပ်က တဖျစ်ဖျစ်မြည်လျက် လေထဲပျံတက်လာသည်။
လုကျိုးက ၎င်းကိုကြည့်လိုက်၏။
တစ်ဖက်တွင်မူ နဉ်ဝမ်ချင်းက သက်ပြင်းချပြီးခေါင်းခါလိုက်တော့သည်။ သူ မမြင်နိုင်သော်ငြား မူအာ့ထျဲ၏အသက်ငွေ့မရှိတော့တာကို အာရုံခံမိသည်။ ခဏတာတိတ်ဆိတ်နေပြီးနောက် သူသည် ဆူညံသံတစ်သံကြားလိုက်ရ၏။ သူ့ရင်ထဲ ထိတ်ကနဲဖြစ်သွားကာ ခေါ်လိုက်မိသည်။
“မျှော်နန်းသခင်လု”
“သူ့မိစ္ဆာအတတ်တချို့ စုန်းအတတ်တချို့နဲ့ သူ့ကို ပြန်ပြီးအသက်မသွင်းနိုင်အောင်လို့ သူ့ရဲ့အရိုးကို မီးရှို့လိုက်တာ” လုကျိုးက ပြောပြီးနောက် အမည်မဲ့ကိုသိမ်းကာ တွမ့်မူရှန်းဖက်ကြည့်လိုက်လေ၏။
မဟာလေဟာနယ်မျိုးစေ့၏ ကြောက်မက်ဖွယ်စွမ်းအင်သည် လီလီထုတ်လွင့်သည် ခရမ်းရောင်အငွေ့အသက်ကို ဆက်လက်ဝါးမျိုဆဲဖြစ်သည်။
စွမ်းအင်နှစ်ခုက မုန်တိုင်းပင်လယ်ထဲတွင် ပွတ်တိုက်မိသည်။
ဝှစ် ဝှစ် ဝှစ်
ထောက် ထောက် ထောက်
ကြမ်းတမ်းခက်ထန်သားရဲများအပါအဝင် အလောင်းများက လေထဲမျောလွင့်နေပြီးနောက် တစ်ခုပြီးတစ်ခု မြေပြင်ပေါ် ပြုတ်ကျလာတော့သည်။
ထိုစဉ် တွမ့်မူရှန်းက နာကျင်စွာဟိန်းဟောက်လိုက်၏။ သူ၏အရေပြားပေါ်၌ သွေးကြောများ ဖောင်းကြွနေလျက် ပေါက်ထွက်တော့မည့်ပုံပေါ်သည်။
လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်ပြီးနောက် အပြာရောင်ကြာပွင့်ကို တွမ့်မူရှန်းဆီ တွန်းထုတ်လိုက်၏။
တွမ့်မူရှန်း၏ ကိုယ်ပေါ်၌ အပြာရောင်ကြာက ဖူးပွင့်နေပြီး ကုသရေးစွမ်းအားက တွမ့်မူရှန်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလေ၏။ ပြီးနောက် လောင်ကျွမ်းနေသော စွမ်းအင်များကို အသက်စွမ်းအင်က ရင်ဆိုင်တိုက်ခိုက်နေ၏။ မကြာမီ၌ မဟာလေဟာနယ်မျိုးစေ့သည် တွမ့်မူရှန်း၏ စွမ်းအားဗဟိုချက် ချီပင်လယ်ဆီ ပြန်ရောက်လာကာ အပြာရောင်ကြာပွင့်သည် မိစ္ဆာစွမ်းအင်ကို ဖိနှိပ်လိုက်၏။
ဤနည်းဖြင့် ခရမ်းရောင်အငွေ့များလောင်ကျွမ်းတာ ရပ်တန့်သွားတော့သည်။
တွမ့်မူရှန်းသည် သတိလစ်သော်ငြား သူနာကျင်နေပုံမပေါ်။ ရုတ်တရက် သူက မျက်လုံးဖွင့်လိုက်၏။ ယခုအချိန်၌ သူ၏မျက်လုံးက အစိမ်းရောင်အလင်းတောက်ပနေပြီး မဟာလေဟာနယ်စွမ်းအင်သည် သူ၏ဒွါရ၇ခုမှ ယိုယွင်းစိမ့်ထွက်လာပုံပေါ်၏။ သူ၏မျက်လုံးများ သွေးနီရောင်သန်းနေသည်။ သူ၏မျက်လုံးထဲရှိ သွေးကြောများက ပေါက်ကွဲတော့မည့်ပုံပေါ်၏။ ပြီးနောက် သူသည် စတင်မောပန်းလာတော့သည်။
လုကျိုးက တွမ့်မူရှန်း၏သစ္စာရှိမှု လျင်မြန်စွာ လျော့ကျနေတာကို မြင်ရ၏။ သူက မိုးခြိမ်းသံဖြင့် ပြောလိုက်တော့သည်။
“တွမ့်မူရှန်း”
တွမ့်မူရှန်း၏ ခန္ဓာကိုယ်က တုန်ယင်နေလျက် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ သူက ရုန်းကန်နေရပုံပေါ်ပြီး သူ၏သစ္စာရှိမှုက တက်လိုက်ကျလိုက်ဖြစ်နေ၏။
တွမ့်မူရှန်းက တချက်ချက်အော်လိုက်သည်။ သူ၏သွေးကြောများက အရေပြားပေါ်၌ ဖောင်းကြွနေပြီး ဆံပင်များ မသေမသပ်ဖြစ်နေကာ လေထဲလွင့်နေ၏။
ဝှစ်
တွမ့်မူရှန်းက လက်ဆန့်ထုတ်လိုက်ရာ နယ်ရှင်လှံက သူ၏လက်ထဲပျံသန်းလာတော့သည်။
ဤနည်းဖြင့် ခရမ်းရောင်အငွေ့များသည် နယ်ရှင်လှံဆီသို့ ချက်ချင်းတိုးဝင်လာသည်။
မဟာလေဟာနယ်စွမ်းအင်များသည် ခရမ်းရောင်အငွေ့များကို ထပ်မံတိုက်ခိုက်ပြန်၏။
ရုတ်တရက် တွမ့်မူရှန်းသည် သူ၏နယ်ရှင်လှံကို လွှဲယမ်းလိုက်၏။ သူက ရူးသွပ်နေပြီး စိတ်ရိုင်းဝင်နေသည်။ သူ၏ ပစ်မှတ်က နဉ်ဝမ်ချင်းပဲဖြစ်သည်။
စွမ်းအင်မြားတို့သည် သည်းထန်သော မိုးပမာရွာသွန်းကျလာသည်။ စွမ်းအင်လှိုင်းတို့က အစွမ်းထက်သော အဖျက်စွမ်းအားပါဝင်နေသည်။
နဉ်ဝမ်ချင်းက လေထဲနောက်ဆုတ်နေရပြီး စွမ်းအင်လှိုင်းများကို ပိတ်ဆို့ရန် လက်ဝါးစည်းတံဆိပ်များ ဆက်တိုက်သုံးနေ၏။ သူက စိုးရိမ်ပူပန်စွာပြောလိုက်၏။
“တွမ့်မူရှန်း မင်း ဘာလုပ်နေတာလဲ”
နဉ်ဝမ်ချင်းသည် တွမ့်မူရှန်းက မတူတော့မှန်း ရှင်းရှင်းလင်းလင်းခံစားမိ၏။ တွမ့်မူရှန်း ပြန်လည်မွေးဖွားလာသလိုပင်။ သူ၏စွမ်းအားနှင့် အရှိန်တို့သည် ယခင်ကနှင့်ယှဉ်လျှင် ကွဲပြားနေပေ၏။
လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။
ဘန်း ဘန်း ဘန်း
စွမ်းအင်မြားတို့ ဆက်လက်ကျနေဆဲဖြစ်သည်။ ယိုယွင်းတိုက်စားခြင်း မိစ္ဆာစွမ်းအင်က တွမ့်မူရှန်းကို လွှမ်းခြုံထား၏။ သူက စိတ်ထင်ရာတိုက်ခိုက်နေသည်။
နဉ်ဝမ်ချင်းသည် တွမ့်မူရှန်းကို ထိခိုက်မှုမရှိအောင် စွမ်းအင်လှိုင်းတို့ကို ဖယ်ရှားဖို့အကောင်းဆုံး ကြိုးစားနေသည်။
ထိုစဉ် အရပ်မျက်နှာအနှံ့ရှိ ကျန်ရှိသည့်ကြမ်းတမ်းခက်ထန်သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ဆုတ်ခွာကုန်၏။ သူတို့သည် အစိမ်းရောင်စွမ်းအင်နှင့် ခရမ်းရောင်အငွေ့များသည် နဂါးနှစ်ကောင်ကဲ့သို့ အချင်းချင်း ရစ်ခွေနေတာကို ကြည့်ပြီး သူတို့တုန်ယင်နေ၏။
ထိုစဉ် တွမ့်မူရှန်း၏တိုက်ခိုက်မှုများသည် ကြမ်းတမ်းသည်ထက်ကြမ်းတမ်းလာကာ နဉ်ဝမ်ချင်းက ပြောလိုက်တော့သည်။
“ငါ တောင်းပန်ပါတယ်”
ပြီးနောက် နဉ်ဝမ်ချင်းက သူ၏လက်ဝါးဖြင့်ရိုက်လိုက်တော့၏။
ဖုန်း
လက်ဝါးသည် နယ်ရှင်လှံကို ရိုက်မိသွားပြီး တွမ့်မူရှန်း၏ရင်ဘတ်ကို ထိမိသွား၏။ သူ၏လက်က ထုံကျဉ်သွားကာ နောက်သို့လွင့်ထွက်သွားတော့သည်။
ယင်းကို မြင်သောအခါ လုကျိုးသည် မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်ကို ထုတ်ဖော်လိုက်တော့သည်။
“တွမ့်မူရှန်း”
လုကျိုး၏မိုးခြိမ်းသံသည် တွမ့်မူရှန်းကို စက္ကန့်အနည်းငယ်မှင်သက်သွားစေပုံပေါ်သည်။ ထိုစဉ် မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်က တွမ့်မူရှန်းကို ဖမ်းဆုပ်လိုက်၏။
လုကျိုးက ရှေ့သို့ပျံသန်းသွားပြီး တွမ့်မူရှန်းရှေ့သို့ ရောက်သွား၏။ သူက သူ၏တတိယတပည့်ကို ဂရုတစိုက် လေ့လာလိုက်တော့သည်။
တွမ့်မူရှန်းက နာကျင်စွာငြီးတွားပြီး ယိုယွင်းတိုက်စားသည့်ခရမ်းရောင်အငွေ့များကို တောင့်ခံနေသည်။
သူက လက်နှစ်ဖက်ဖြင့်ခေါင်းကိုကိုင်ထားပြီး ပေါက်ကွဲသွားတော့မည့်ပုံပေါ်၏။
“ရှစ် ရှစ်စွင်း ... ကျုပ် ကျုပ် တ တပည့်လမ်းကဖယ်”
တွမ့်မူရှန်းက အော်ပြောလိုက်၏။
နယ်ရှင်လှံက လည်ပတ်သွားပြီးနောက် မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်ကို ထိုးစိုက်လိုက်၏။
ဘန်း ဘန်း ဘန်း
နယ်ရှင်လှံသည် တွမ့်မူရှန်းက မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်မှ လွတ်အောင်ရုန်းဖို့ ဖြိုခွင်းရန် လုံလောက်အောင် မသန်မာပေ။
ထိုစဉ် နဉ်ဝမ်ချင်းက လေးနက်တည်ကြည်စွာပြောလိုက်၏။ “မိစ္ဆာစွမ်းအင်က သူ့ကိုယ်ထဲ ဝင်နေပြီ။ ကျုပ် စိုးရိမ်တာ တတိယသခင်လေးက သူ နတ်ဆိုးပူးကပ်ခံနေရမှာကိုပဲ”
...
အခန်း (၁၁၂၈) ထွက်ခွာခြင်း
“နတ်ဆိုး ပူးကပ်ခံရတာလား”
နတ်ဆိုး ဟူသောအဓိပ္ပာယ်က အမြဲတမ်း မရှင်းလင်းခဲ့ပေ။ ဆိုးသည့်အရာများကို လုပ်သည့်သူများကို နတ်ဆိုးဟု ခေါ်ဆိုကြ၏။ သမာသမတ်လမ်းစဉ်မှ ကျင့်ကြံသူများက သူတို့ပုံစံအတိုင်း လိုက်မလုပ်သည့်သူများကိုလည်း နတ်ဆိုးဟု သမုတ်ကြသည်။ သမာသမတ်မကျသည့် လမ်းစဉ်များကို ကျင့်ကြံသူများကိုလည်း နတ်ဆိုးဟု ခေါ်ကြ၏။
နတ်ဆိုးဆိုတာ ဘာလဲ။ အားလုံးက နတ်ဆိုးပဲ
“ကျုပ်တို့တွေ သူ့ခန္ဓာကိုယ်ထဲက လီလီရဲ့ တိုက်စားစွမ်းအားကို ဖယ်ရှားပြီးတော့ မဟာလေဟာနယ်မျိုးစေ့ရဲ့ စွမ်းအားကို တည်ငြိမ်အောင် ထိန်းရမယ်။ ဒါပေမဲ့ တိုက်စားစွမ်းအားက အရမ်းကို အားပြင်းလွန်းတယ်။ သူက လီလီတွေအများကြီးကို သတ်ခဲ့ပြီးတော့ စွမ်းအင်အမြောက်အများ စုပ်ယူခဲ့မိတာ။ သူ့ကို လီလီတွေနဲ့ဖြေရှင်းဖို့ သဘောမတူခင် ဒီကိစ္စကို တွေးခဲ့မိသင့်တာ” နဉ်ဝမ်ချင်းက ထိုကိစ္စအတွက် သူ့ကိုယ်သူသာ အပြစ်တင်နေသည်။
အနက်ရောင်ဧကရာဇ် မူအာထျဲ့က မွေးဖွားဇယားချပ်၏ ကန့်သတ်ချက်များကို ဖယ်ရှားဖို့ အသုံးပြုလိုသည့် မိစ္ဆာစွမ်းအားက မိုးမြေ၏ အချုပ်အနှောင်များကို မည်သို့ အားပျော့သွားစေနိုင်မည်နည်း။
အကယ်၍ မဟာလေဟာနယ်မျိုးစေ့ကြောင့်သာ မဟုတ်လျှင် တွမ့်မူရှန်းက အမှုန့် ဖြစ်သွားလောက်လေပြီ။
“ ဒါက မင်းရဲ့ အမှားမဟုတ်ဘူး” လုကျိုးက တွမ့်မူရှန်း၏ မျက်နှာအထက် နာကျင်နေသည့် အမူအရာကို ကြည့်ကာ အပြာရောင်ကြာပွင့်က်ု ထုတ်လွှင့်လိုက်သည်။
တွမ့်မူရှန်းကို ဗဟိုပြုလျှက် မီတာထောင်ချီပတ်လည်အတွင်း အသက်ဓာတ်စွမ်းအားများက စုဝေးလာ၏။ မြက်ပင်၊ ပန်းမန်နှင့် သစ်ပင်များက ချက်ချင်းဆိုသလို ပြန်လည်ရှင်သန်လာကြသည်။ သူတို့က မျက်စိနှင့်မြင်နိုင်လောက်သည့် အနေအထားဖြင့် စိမ်းစိုလာကြ၏။ သူတို့ထဲ စိမ့်ဝင်နေသည့် မိစ္ဆာစွမ်းအင်က အပြာရောင်ကြာပွင့်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။
မဟာလေဟာနယ်စွမ်းအားနှင့် ခရမ်းရောင်မီးခိုးများကလည်း အပြာရောင်ကြာပွင့်စွမ်းအားကြောင့် ယာယီဖိနှိပ်ခံလိုက်ရသည်။
လုကျိုးက ကိစ္စများသည် ဤသို့ဆက်ဖြစ်နေ၍ မဖြစ်ကြောင်း သိထားလေ၏။ သူ့အနေဖြင့် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား သိပ်မကျန်တော့ပေ။ မိစ္ဆာစွမ်းအားကောင်းလွန်းနေသည့်အတွက် သူ့အနေဖြင့် တွမ့်မူရှန်းသည် လီလီ မည်မျှသတ်ခဲ့သည်ကို တွေးကြည့်၍ ရပေသည်။ သူက မြောက်ပိုင်းရှိ လီလီအလောင်းပုံကို လှမ်းကြည့်လိုက်၏။
ထိုစဉ် တွမ့်မူရှန်းက အသိပြန်ဝင်လာဟန်ဖြင့် နယ်ရှင်လှံကို လှမ်းဆွဲကာ လှံနည်းစနစ်ကိုထုတ်သုံးပြီး လုကျိုးကို ရင်ဆိုင်လေသည်။ သိသာလှစွာ သူသည် စိတ်လွတ်နေပြီး သူ့ရှစ်စွင်းကိုပင် ပြန်လည်မမှတ်မိပေ။
လုကျိုးက တွမ့်မူရှန်း၏ သစ္စာရှိမှု ကျဆင်းသွားသည်ကို မြင်သောအခါ ပြောလိုက်၏။
“ မသိတတ်တဲ့ တပည့် မင်းလုပ်ရဲတယ်လား”
ကောင်းကင်ကျမ်း၏ အပြောစွမ်းအားက တွမ့်မူရှန်းကို ချက်ချင်းဖိနှိပ်လိုက်၏။
တွမ့်မူရှန်းက နယ်ရှင်လှံကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားရင်း တုန်တုန်ယင်ယင် ဖြစ်လာလေသည်။ သူ့အသိစိတ်က ဝေဝါးနေပြီး လက်တွေ့နှင့် ပုံရိပ်ယောင်ကို မခွဲခြားနိုင်တော့ပေ။
“ရှစ်စွင်းလား”
တွမ့်မူရှန်းက ငြီးတွားလိုက်ပြီးသည့်နောက်တွင် နယ်ရှင်လှံကို သူ့ဘက်သူလှည့်လိုက်၏။
ထိုအရာကို မြင်ကာ လုကျိုးက လက်ဝှေ့လိုက်ပြီး တွမ့်မူရှန်းနှင့် နယ်ရှင်လှံကို လွင့်ထွက်သွားစေသည်။ သူကသက်ပြင်းချကာ ပြောလိုက်၏။
“ငါ ရှိနေသရွေ့ မင်း မသေရပါဘူး”
နဉ်ဝမ်ချင်းက တွမ့်မူရှန်ဆီ ပြေးဝင်သွားလိုက်သည်။ သူက လက်ဟန်စည်းတံဆိပ်တချို့ကို ပြုလုပ်ပြီး တွမ့်မူရှန်းကို ဖမ်းယူကာ အနီရောင်ရထားလုံးပျံဆီ ပြန်လည်သယ်ဆောင်လာခဲ့၏။
လုကျိုးက အနီရောင်ရထားလုံးပျံဆီ ပျံသန်းလာပြီးသည့်နောက်တွင် နဉ်ဝမ်ချင်းက ဦးညွှတ်ကာ ပြောလိုက်၏။
“သူ့ကို ချုပ်ထားပါတယ်။ အခု ယာယီ ချိုးဖောက်နိုင်ဦးမှာ မဟုတ်ဘူး”
ခဏအကြာတွင် သူကပြောလိုက်သည်။
“ဒီလိုအခြေအနေမှာတောင် သူက မျှော်နန်းသခင်လုကို မှတ်မိတဲ့ပုံပဲ။ ဆရာတစ်ရက် တစ်သက်လုံးမိဘဆိုတဲ့ စကားပုံအတိုင်းပဲ”
လုကျိုးက တည်ငြိမ်သွားပြီဖြစ်သည့် တွမ့်မူရှန်းကို ကြည့်လိုက်သည်။ သူကဘာမှမပြောဘဲ လက်နောက်ပစ်လျှက် ကောင်းကင်ကိုသာ မော့ကြည့်နေ၏။
နဉ်ဝမ်ချင်းက ပြောလိုက်သည်။
“ဒါက အဆိုးထဲက အကောင်းပါပဲ။ သူ့ဆီမှာ မဟာလေဟာနယ်မျိုးစေ့ ရှိထားတယ်။ နောင်အနာဂတ်ကျရင် သူက အထွတ်အထိပ်တည်ရှိမှု ဖြစ်လာလိမ့်မယ်။ တကယ်လို့ ကျုပ်ခန့်မှန်းတာသာ မှန်တယ်ဆိုရင် မဟာလေဟာနယ်မျိုးစေ့ရဲ့ စွမ်းအားက အပြည့်အဝ အသက်မဝင်သေးဘူး။ မဟာလေဟာနယ်မျိုးစေ့ရဲ့ စွမ်းအားကို သုံးပြီး မိစ္ဆာစွမ်းအင်ကို ဖယ်ထုတ်ဖို့ သူ့ကို ကူညီပေးနိုင်လောက်တယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။
နဉ်ဝမ်ချင်းပြောသည်က အဓိပ္ပာယ်ရှိလေသည်။
နဉ်ဝမ်ချင်းက ဆက်ပြောလာ၏။
“မဟာလေဟာနယ်မျိုးစေ့ အသက်သွင်းနိုင်မလား ဆိုတာကတော့ သူ့ကံပေါ် မူတည်နေတယ်။
ဒဏ္ဍာရီတွေအရတော့ နှစ်သုံးထောင်နေမှ မဟာလေဟာနယ်မျိုးစေ့ ဆယ်စေ့ ပေါ်ထွက်တယ်တဲ့။ မျိုးစေ့တစ်စေ့ချင်းစီက နေမင်း၊ လမင်း၊ မိုးမြေနှင့် အဆုံးမဲ့အသက်ဓာတ်ရဲ့ အဆီအနှစ်တွေ ကိန်းအောင်းနေတယ်။ ဒါပေမဲ့ ဘယ်သူကမှ အသက်မသွင်းနိုင်ကြဘူး”
ဝုန်း ဝုန်း ဝုန်း
တိမ်တိုက်ကြားတွင် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာလေ၏။ သိပ်မကြာခင် တိမ်တိုက်များက ပြိုကွဲသွားပြီး လုဝူက ကောင်းကင်ထက်မှာ ကျဆင်းလာသည်။
လန်ရှီဟယ်က နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းကို ကိုင်ဆောင်ထားပြီး လုဝူရှေ့ ရောက်လာကာ စွမ်းအားကို ထုတ်လွှင့်လိုက်သည်။
“မျှော်စင်သခင်လန်” အပြာဝတ်အမျိုးသမီးက စိုးရိမ်စွာဖြင့် လှမ်းခေါ်လိုက်သည်။
လုကျိုးက လှည့်ကြည်ကာ ပြောလိုက်၏။
“မလှုပ်နဲ့”
ထို့နောက် သူက အနီရောင်ရထားလုံးပျံမှ ကောင်းပင်အထက် ခုန်ဝင်လိုက်သည်။
လန်ရှီဟယ်က လုကျိုးသည် တိမ်တိုက်များကြား ပျံသန်းလာသည်ကို မြင်သည့်အခါပြောလိုက်၏။
“သတိထား အဲဒါက ကျွန်မထင်ထားတာထက် အားကောင်းတယ်”
လုဝူက လှည့်ကာ ဟိန်းဟောက်လိုက်သည်။
အသံလှိုင်းက ပြင်းထန်သည့် လေဟုန်များကို ဖြစ်ပေါ်လာစေ၏။
လုကျိုးက ဖြတ်ခနဲပျောက်သွားကာ အသံလှိုင်းများကို အလွယ်တကူ တားဆီးလိုက်သည်။
ဝုန်း
မြေပြင်ပေါ်တွင် မီတာရာချီရှိသည့် အပေါက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ထဲတွင် သာမာန်အသေရိုက်ချက်ကတ် တစ်ကတ် ပေါ်ထွက်လာခဲ့၏။
“မင်းက မကောင်းတဲ့သူကို ကူညီပေးမှတော့ အသက်ရှင်ရက်ထားလို့ မဖြစ်တော့ဘူး”
လုဝူက အမွှေးအမျှင်များ ထောင်မတ်လာကာ ပြောလိုက်သည်။
“ရေခဲ”
ဝှစ်
ကျန်ရှိနေသည့် ခက်ထန်သားရဲများနှင့် အလောင်းများက မျက်စိတစ်မှိတ်အတွင်း အေးခဲသွားလေ၏။ လေထုနှင့် မြေကြီးကပင် အေးခဲသွားဟန်ပေါ်သည်။
နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့ကလည်း အလျင်အမြန် လည့်ပတ်ကာ လန်ရှီဟယ်ကို ကာကွယ်ပေးနေ၏။
ထိုအရာကို မြင်ကာ နဉ်ဝမ်ချင်းက အော်ပြောလိုက်သည်။
“ပြေးတော့”
ထို့နောက် နဉ်ဝမ်ချင်းက တွမ့်မူရှန်းနှင့် အပြာဝတ်အမျိုးသမီးကို ဆွဲကာ တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးသွားတော့သည်။
ဤတစ်ကြိမ် လုကျိုးက သူ့ဆီရောက်လာသည့် အရိုးခိုက်လုမတတ် အအေးဓာတ်ကို ခံစားမိနေသည်။
“မီးတောက်ရွှေကြာ”
မီးတောက်ရွှေကြာက လုကျိုး၏ ခြေထောက်အောက်တွင် ချက်ချင်း ပေါ်ထွက်လာ၏။ ဆူဆူညံညံအသံများဖြင့် ထိုအရာက ရေခဲကို လောင်ကျွမ်းပစ်နေသည်။ သားရဲဧကရာဇ်က သူတို့ထင်ထားသည်ထက် အမှန်တကယ် အားကောင်းလာ၏။
မြောက်ပိုင်း ဓားချောက်နက်ထဲမှာတုန်းက ဒီစွမ်းအားကို ဘာလို့ထုတ်မသုံးပါလိမ့်။ မူအာထျဲ့၊ လုဝူ … ဘယ်သူကဘယ်သူ့ကို နာမ်ရုပ်အနေနဲ့ သုံးနေတာလဲ။
လုကျိုး၏ အမြင်အာရုံက ဆိုးဝါးလာခဲ့သည်။ သူက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသည့် ရေခဲအလွှာကို မြန်မြန်ဖျက်ဆီးပစ်ရမည် ဖြစ်ကြောင်း သိထား၏။
ရွှေရောင်မီးတောက်ကြာပွင့်က အရှိန်မြင့်မြင့်ဖြင့် လည်ပတ်နေသည်။
ဝှစ်
မီးတောက်ရွှေကြာအသေးစား ထွက်ပေါ်လာပြီး ရေခဲကို ဖျက်ဆီးပစ်နေသည်။
ထိုစဉ် လုဝူက အခွင့်အရေးကို အရယူကာ နဉ်ဝမ်ချင်းဆီ ပြေးသွားလိုက်သည်။
“ကျစ် လူသားတွေထွက်သွားစမ်း” လုဝူကပြောလိုက်သည်။ သူခြေတစ်လှမ်းဖြင့် မီတာတောင်ချီကို ဖြတ်ကျော်လာပြီး နဉ်ဝမ်ချင်းဆီ ရောက်ရှိလာခဲ့သည်။
နဉ်ဝမ်ချင်းက လုဝူထံ လက်ဝါးစည်းတံဆိပ် မြောက်များစွာကို ထုတ်လွှတ်လိုက်၏။ သို့သော် သူတို့က လုဝူ၏ ခန္ဓာကိုယ်ကို အယားပြေရုံမျှသာ ဖြစ်သည်။
လုဝူက ခေါင်းငုံ့ကာ ဟိန်းဟောက်လိုက်သည်။
နဉ်ဝန်ချင်းက ပေ၇၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို အလျင်အမြန် ထုတ်ဖော်လိုက်၏။
ဘန်း
လုဝူက ရှေ့ခြေဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ရိုက်ခတ်ပြီး နဉ်ဝမ်ချင်းအား လွင့်စဉ်ထွက်သွားစေသည်။
နဉ်ဝမ်ချင်းက မြေပြင်ပေါ်ရောက်လာပြီး သူ့အတွင်းအင်္ဂါများက အနည်းငယ် ဒဏ်ရာရရှိသွားသည်။ သူက လုဝူအတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေ။
လုဝူက တစ်လှမ်းချင်းစီ ရှေ့တိုးလာ၏။ သူကခေါင်းကိုငုံ့ကာ အပြာဝတ်အမျိုးသမီးနှင့် တွမ့်မူရှန်းကို ကြည့်လိုက်ပြီး စကားတစ်ခွန်းသာ ပြောလိုက်၏။
“ထွက်သွားစမ်း”
အပြာဝတ်အမျိုးသမီးက ထွက်သွားရုံမှအပ ရွေးချယ်စရာ မရှိပေ။ သို့သော်လည်း သတိမေ့နေသည့် တွမ်မူရှန်းက မလှုပ်ရှားနိုင်ပေ။
လုဝူက ခေါင်းငုံ့လာပြီး အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကာ သူ့ထံ အဖက်ဖက်မှ လေဟုန်များကို ဆွဲယူနေသည်။ သူအသက်ရှုလိုက်သည့်အခါ အားကောင်းသည့် လေဟုန်တစ်ခု ထွက်ပေါ်လာခဲ့၏။
“သူ့ကို မထိနဲ့” နဉ်ဝမ်ချင်းက အော်ပြောလိုက်သည်။ သူက လုဝူသည် မဟာလေဟာနယ်မျိုးစေ့၏ တည်ရှိမှုကို ခံစားမိပြီး ဝါးမျိုလိုနေကြောင်း မှတ်ယူမိသွားသည်။ မဟာလေဟာနယ်မျိုးစေ့က အကြွင်းမဲ့ရတနာတစ်ခုဖြစ်၍ လူသားနှင့် ခက်ထန်သားရဲများက တက်မက်ကြသည်။
လုဝူက နဉ်ဝမ်ချင်းကို မျက်လုံးထောင့်မှ ကြည့်ကာ အသံတစ်သံပြုလိုက်ပြီး စကားမပြောပေ။
ဝုန်း ဝုန်း
နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့က ရေခဲကို ချိုးဖောက်နိုင်သည့်အတွက် လန်ရှီဟယ်က ရေခဲထုကြားမှ လွတ်မြောက်လာခဲ့၏။
သူမ၏ အဖြူရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကြယ်တာရာဒိုင်ခွက်တို့က ကောင်းကင်ကို ဖုံးလွှမ်းထားဟန်ပေါ်၏။
လုဝူက ခေါင်းကို မော့ကာ လန်ရှီဟယ် လွတ်မြောက်လာသည်ကို မြင်သည့်အခါ ဟိန်းဟောက်လိုက်သည်။
မြေကြီးပင် တုန်လှုပ်သွား၏။
နဉ်ဝမ်ချင်းက ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျလာစဉ် အပြာဝတ်အမျိုးသမီးကျင့်ကြံသူကမူ သတိမေ့သွားခဲ့သည်။
တွမ့်မူရှန်းက သတိမေ့မြောလျှက် မျက်မှောင်ကြုတ်လိုက်၏။ သူက သူ့သခင်၏ ခေါ်ဆိုမှုကို ကြားနေသည့်အလား နယ်ရှင်လှံက သူ့လက်ထဲ ရောက်ရှိလာခဲ့သည်။
ထိုစဉ် လုဝူက ပြောလိုက်၏။
“ သွားတော့”
ထို့နောက် လုဝူက ခေါင်းငုံ့ပြီး တွမ့်မူရှန်းကို ကိုက်ချီကာ ခုန်ထွက်သွားပြီး တိမ်တိုက်များကြား ပျောက်ကွယ်သွားခဲ့သည်။