← Chapters

အခန်း (၁၁၃၂-၁၁၃၄)

Vol. 76 Ch. 1132-1134

အခန်း (၁၁၃၂-၁၁၃၄)

Vol. 76 Ch. 1132-1134

အခန်း (၁၁၃၂) ဆုလာဘ်

မင်ရှစ်ရင်က ထပ်မံ အိပ်ပျော်နေသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

သူ့လေးယောက်မြောက်တပည့်က တစ်နေကုန် ဘာတွေလုပ်နေတာလဲ။

သူက ဆူငေါက်ချင်သော်လည်း အကျိုးအကြောင်းဆင်ခြင်စိတ်က သူ့ကို တားဆီးခဲ့သည်။ ဤမျှအကွာအဝေးကို အသံပို့လွှတ်ဖို့ရာအတွက် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား အမြောက်အများ ကုန်သွားလိမ့်မည်။ ထို့အပြင် သူက မင်ရှစ်ရင်၏ ယခင်အပြုအမူများကို ပြန်လည်အမှတ်ရလိုက်ပြီး သူသည် သစ်သားပြာကျင့်စဉ်ကို ကျင့်ကြံနေခြင်းဖြစ်နိုင်ကြောင်း တွေးမိသွား၏။

သူက အမြင်စွမ်းအားကို ဖြတ်တောက်တော့မည့်ဆဲဆဲတွင်

ဝုတ် ဝုတ် ဝုတ်

ချုံးချီ၏ ဟောင်သံက ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ဝှစ်

မင်ရှစ်ရင်က နွယ်ကိုင်းများကိုဖယ်ကာ လေထဲပျံသန်းလာ၏။

ပတ်ဝန်းကျင်အရ လုကျိုးသည် မင်ရှစ်ရင်က တာအိုဘုံကျောင်းတစ်ခုအတွင်း ရှိနေကြောင်း ပြောနိုင်လေ၏။ ထိုအရာက ထူးကဲကာ ငြိမ်းချမ်းလှသည်။

မင်ရှစ်ရင်က ချုံးချီကို ကြည့်ကာမေးလိုက်၏။

“တစ်ယောက်ယောက်ကို တွေ့လို့လား”

ဝုတ် ဝုတ် ဝုတ်

မက်ရှစ်ရင်က သူ့ဝတ်ရုံရှည်ကို သေသပ်အောင် ပြင်လိုက်ပြီးသည့်နောက် တောင်အောက်ကို လှမ်းကြည့်လိုက်၏။ မည်သူမှ မမြင်ရပေ။

“ဟောင်မနေနဲ့တော့။ ရှစ်စွင်းဆီ သတင်းပို့ဖို့ နောင်နှစ်တစ်ဝက်နေရင် ပြန်မှာ။ အပြာရောင် သလင်းကျောက်ကို ရှာဖို့ လွယ်တာမဟုတ်ဘူး။ ငါ့အတွက် အပြာရောင်သလင်းကျောက်ကို ရှာဖို့ တစ်လကျော်တောင် အချိန်ကုန်ခဲ့တယ်။ ရှစ်စွင်းကိုတော့ တစ်နှစ်ခွဲလောက် ကြာတယ်လို့ ပြောရမယ်။ ပြီးတော့ အခက်အခဲတွေနဲ့ ပညာရှင်တွေများစွာရဲ့ လိုက်ဖမ်းမှုကို ခံရသေးတယ်လို့လဲ ပြောရမယ်။ ရလဒ်အနေနဲ့ ဒဏ်ရာအပြင်းအထန်ရ ရှိသွားတယ်ပေါ့ … အဲ့လိုပဲပြောရမယ်”

ဝုတ် ဝုတ် ဝုတ်

ချုံးချီက ဆက်လက် ဟောင်လိုက်သည်။

“မင်းကလည်း ရှစ်စွင်းကို သေချာအကြောင်းကြား။ ဒီမှာအန္တရာယ်များပြီးတော့ အတော်လေး ဆိုးဝါးတယ်ဆိုတာကို ပြောလိုက် ပြီးတော့ ဒီနေရာက စုန်းအတတ် ကျင့်ကြံသူတွေက အားပြင်းတယ်ဆိုတာကိုပါ ပြောလိုက်။ တာရှစ်ရှိုးနဲ့ ရှစ်စွင်းတို့က စုန်းအတတ် ကျင့်ကြံသူတွေကို အမုန်းဆုံးပဲ”

ဝုတ် ဝုတ် ဝုတ်

“မင်းသဘောတူရင်လည်း ပြီးတာပဲ။ နောက်ရက်ကျမှ စုန်းအတတ် ကျင့်ကြံသူတချို့ကို ရှာပြီးတော့ မင်းကို နှိပ်ပေးခိုင်းလိုက်မယ်” မင်ရှစ်ရင်က ပြောပြီးသည့်နောက်တွင် တာအို ဘုံကျောင်းအတွင်း ပြန်လည်ဝင်ရောက်သွားသည်။

သူက ခြေလှမ်းဆန့်ရင်း ခါးမှ လှုပ်ရှားမှုတချို့ကို ခံစားမိခဲ့၏။

“ဟမ်”

မင်ရှစ်ရင်က အဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။

သိပ်မကြာခင် မုန့်ချန်းသုံက သူ့မျက်စိရှေ့ပေါ်ထွက်လာသည်။ မုန့်ချန်းသုံက ဦးညွှတ်ကာ ပြောလိုက်၏။

“စတုတ္ထသခင်လေး မျှော်နန်းသခင်က ခုချက်ချင်းပြန်လာဖို့ အမိန့်ပေးလိုက်တယ်”

မင်ရှစ်ရင်က ခေါင်းကုတ်ကာ ပြောလိုက်၏။

“ဘာလို့ အလျင်လိုနေတာလဲ။ ကျူပ်က သလင်းကျောက်‌တောင် ရှာမတွေ့သေးဘူး။ အချိန်ထပ်ပေးပါဦး”

မုန့်ချန်းသုံက ပြောလိုက်၏။

“စတုတ္ထသခင်လေး ကျုပ်က မျှော်နန်းသခင်ကြီးရဲ့ အမိန့်ကို ပြန်ပြောပေးတာပါ။ ကျန်တာတော့ မင်းဘာသာမင်း ဆုံးဖြတ်သင့်တယ်”

“ဟေ့ မသွားသေးနဲ့ဦး”

မုန့်ချန်းသုံ၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။

မင်ရှစ်ရင်က ဘေးတွင် လျှာတန်းလန်းဖြင့် ထိုင်နေသည့် ချုံးချီကို ကြည့်ကာ ပြောလိုက်၏။

“ဘာကြည့်နေတာလဲ ငါတို့ရဲ့နေ့ရက်ကောင်းလေးတွေ အဆုံးသတ်တော့မယ်”

ဝုတ် ဝုတ် ဝုတ်

…

လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အမြင်စွမ်းအားကို ဖြတ်တောက်လိုက်၏။

စောစောလေးက သူသည် မုန့်ချန်းသုံကို သူ့အမိန့်အား သူ့တပည့်ဆီ ပို့ဆောင်ဖို့ ပြောခဲ့သည်။

အခုတလော လွှတ်ထားပေးသည့်အတွက် သူ့လေးယောက်မြောက် တပည့်က အပျင်းကြီးလာဟန် ပေါ်၏။

…

နေ့လယ်ဘက်တွင် လုလီနှင့် ယန်ကျန်းလော့တို့က တော်ဝင်နန်းဆောင်ဆီ သားရဲဘုရင် အသက်ဓာတ်နှလုံးသား သုံးခုကို ကိုင်ဆောင်ရင်း ပြန်ရောက်ရှိလာသည်။

“မျှော်နန်းသခင် ဒါက ဟုန်ကုန်းယွီ၊ ကြက်သွေးရောင် တောဝက်ရိုင်းနဲ့ တန်းဟူတို့ရဲ့ အသက်ဓာတ်နှလုံးသားတွေပါ” ယန်‌ကျန်းလော့က အသက်ဓာတ်နှလုံးသား သုံးခုကို လုကျိုးရှေ့ ထားကာ ပြောလိုက်သည်။

ထိုအသက်ဓာတ်နှလုံးသားသုံးခုက ဤသားရဲဒီရေလှိုင်းမှ အကြီးမားဆုံးဆုလာဘ် ဖြစ်၏။

လုကျိုးက ခေါင်းညိတ်ကာ ထိုနှစ်ဦးကို ကြည့်ပြီး “မင်းတို့တွေ ဒဏ်ရာရလာတာလား”

“အသေးစားဒဏ်ရာလေးပါ။ ဘာမှမပြင်းထန်ပါဘူး” ယန်ကျန်းလော့က ပြန်ဖြေလိုက်သည်။ သူက ထိုသို့ပြောနေသော်လည်း သူ့အနေဖြင့် လူအုပ်စုကို ဦးဆောင်ပြီး ခက်ထန်သားရဲဘုရင်သုံးကောင်ကို တားဆီးဖို့ မလွယ်လှပေ။

လုကျိုးက အပြာရောင်ကြာပွင့်ကို သူတို့နှစ်ဦးဆီ ပို့ဆောင်ပေးလိုက်၏။

ထိုနှစ်ဦးသားက အပြာရောင်ကြာပွင့်ဖြင့် ကုသခံရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည့်အတွက် များများစားစား မစဉ်းစားခဲ့မိကြပေ။ သူတို့နှစ်ဦးက သူတို့၏ ဒဏ်ရာများက တစ်ဝက်ကျော် ပြန်လည်ကောင်းမွန်လာသည်ကို မြင်သည့်အခါ အံ့အားသင့်သွားကြ၏။

“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်”

“ကောင်းပြီ မင်းတို့တွေသွားပြီး အနားယူကြတော့”

နှစ်ဦးသားက ခန်းမမှ ထွက်သွားပြီးသည့်နောက်တွက် လုကျိုးက သူ့ရှေ့တွင် ရှိနေသည့် အသက်ဓာတ်နှလုံးသားသုံးခုကို ကြည့်လိုက်သည်။ ဟူကျောက်နှင့် ငရဲဝံပုလွေဘုရင်၏ အသက်ဓာတ်နှလုံးသားအပြင် ယခုအခါ သားရဲဘုရင် ငါးကောင်၏ အသက်ဓာတ်နှလုံးသားများ ရှိနေပြီဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူက သူတို့ကို အသုံးမပြုနိုင်သေးပေ။ သူတို့၏ ဂုဏ်သတ္တိအရ အသုံးပြုရမည် ဖြစ်၏။ အသက်ဓာတ်နှလုံးသားများကို မျက်ကန်းလို အသုံးပြုရခြင်းက နှမြောစရာကောင်းလှသည်။

…

နောက်နေ့ရက်

နောက်ဆုံးတွင် ရှောင်ယွင်ဟယ်က တော်ဝင်နန်းဆောင်ဆီ ပြန်ရောက်ရှိလာသည်။ သူက တည်တံ့ရေးခန်းမဆောင်အတွင်း ဝင်ရောက်လာသည်နှင့် အပြာရောင်သလင်းကျောက်များကို ထုတ်လိုက်၏။

“အစ်ကိုလု ဒီအပြာရောင်သလင်းကျောက်တွေကို ရဖို့အတွက် အတော်လေးကို အားစိုက်ထုတ်ခဲ့ရတာ”

ရှောင်ယွင်ဟယ်က ပြုံးကာပြောပြီး အပြာရောင်သလင်းကျောက်များကို လုကျိုးထံ ပေးလိုက်သည်။

လုကျိုးက အပြာရောင် သလင်းကျောက်များကို ကြည့်ကာ ခေါင်းညိတ်ပြီး လက်ဝှေ့လိုက်၏။ အပြာရောင် သလင်းကျောက်များက သူ့လက်ထဲ ပျံသန်းလာသည်။

“ တင်း ဒုတိယစိတ်ဝိညာဉ်သဏ္ဌာန် - အပြာရောင် သလင်းကျောက် စုစည်းခြင်း (၇/၉)”

ဆက်တိုက်ဆိုသလို လုကျိုးက ခေါင်းညိတ်ကာ‌ ပြောလိုက်၏။

“မင်းရဲ့ မွေးဖွားနန်းဆောင်ကို ထုတ်လိုက်”

ရှောင်ယွင်ဟယ်က သူ၏ ကြာပွင့်ကို ထုတ်လိုက်သည်။

လုကျိုးက အချိန်မဖြုန်းဘဲ အပြာရောင်ကြာပွင့်ကို ထုတ်လွှတ်ကာ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများကို အသုံးပြု၍ ရှောင်ယွင်ဟယ်၏ မွေးဖွားနန်း‌‌ဆောင်ကို ပြင်ဆင်ပေးလိုက်သည်။

ရှောင်ယွင်ဟယ်က အားကောင်းသည့် အသက်ဓာတ်ကို ခံစားမိပြီး သူ့‌‌မွေးဖွားနန်းဆောင်ရှေ့ ပျက်စီးနေသောနေရာများ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည်ကို မြင်လိုက်ရသည်။ ပြန်လည်ကောင်းမွန်လာနှုန်းက ယခင်ကနှင့် ယှဥ်လျှင် နှေးကွေးနေသော်လည်း သူက အတော်‌လေးကို အံ့အားသင့်ကာ စိတ်လှုပ်ရှားနေဆဲ ဖြစ်၏။

၁၅မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်တွင် ကုသမှုက အဆုံးသတ်သွားခဲ့သည်။

လုကျိုးက ‌မွေးဖွားနန်းဆောင်ကို ကြည့်ပြီး ပျက်စီးနေသည့် မွေးဖွားဇုန် နှစ်နေရာကို ကြည့်လိုက်သည်။

“ခဏလောက် အနားယူပြီးသွားရင် နောက်ထပ်‌ မွေးဖွားဇယားချပ်တစ်ခုကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အားစိုက်ထုတ်မှုတော့ လိုအပ်လိမ့်မယ်”

“နောက်ထပ်‌ မွေးဖွားဇယားချပ်တစ်ခု ပြန်ကောင်းအောင်လုပ်နိုင်တာနဲ့ကို ကျေနပ်နေပါပြီ။ ထပ်ပြီး မတောင်းဆိုရဲတော့ပါဘူး” ရှောင်ယွင်ဟယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လုကျိုးက မေးလိုက်၏။

“ ရှားကျန်းလုံက မင်းနဲ့တိုက်ခိုက်ဖို့ သဘောတူလိုက်ပြီ။ ယုံကြည်ချက် ရှိရဲ့လား”

လုကျိုး ဆိုလိုသည်မှာ ရှောင်ယွင်ဟယ်သည် တိုက်ခိုက်ဖို့ရာအတွက် နှောင့်နှေးထားသင့်သည်ဟူ၍ ဖြစ်သည်။ ရှောင်ယွင်ဟယ်က ၁၁ခုမြောက် မွေးဖွားဇယားချပ်ကို ပြန်လည်ကောင်းမွန်သည်အထိ စောင့်ဆိုင်းသင့်၏။ ထိုအချိန်အခါကျလျှင် ရှားကျန်းလုံကို အနိုင်ယူဖို့ ပြဿနာရှိတော့မည် မဟုတ်ပေ။

ရှောင်ယွင်ဟယ်က ပြောလိုက်၏။

“အစ်ကိုလု မစိုးရိမ်ပါနဲ့ ဘာပဲဖြစ်ဖြစ် ကျုပ်က သူ့ကို လေ့ကျင့်ပေးခဲ့တာလေ တကယ်လို့ သူ့လှည့်ကွက်ထဲ မကျခဲ့ရင် ကျုပ်အတွက် ပြိုင်ဘက် မဟုတ်ပါဘူး။ ပြီးတော့ အခု သူ့ဆီမှာ မွေးဖွားဇယားချပ် ၁၀ခုပဲ ရှိတော့တာလေ”

“သူက ထပ်ပြီး လှည့်စားမှာကို မစိုးရိမ်ဘူးလား” လုကျိုးက ရှားကျန်းလုံအကြောင်း များများစားစား မသိပေ။ သို့သော်လည်း ယခင်တွေ့ဆုံမှုအတွင်း ရှားကျန်းလုံသည် အတော်တန် သတိကြီးသူဖြစ်ကြောင်း သိထား၏။ ရှားကျန်းလုံသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ ထွက်သွားမည့်အစား တာအိုသင်္ကေတများနောက်တွင် နေခဲ့သူဖြစ်၏။

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“တူညီတဲ့အမှားမျိုး ထပ်မလုပ်တော့ပါဘူး”

“မင်းက ငါ့ကို အပြာရောင် သလင်းကျောက်တွေ ပေးမှတော့ ငါ့ကို အကူအညီတစ်ခု တောင်းနိုင်တယ်။ အဲဒါက ရှားကျန်းလုံရဲ့ အသက်လဲ အပါအဝင်ပဲ” လုကျိုးက ပြောလိုက်သည်။

ဤသည်က အကောင်ကြီးကြီး၏ လေသံ ဖြစ်၏။ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ သခင်က ဘာမှမဟုတ်ပေ။

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“ကျုပ်တို့ကြားမှာ ရန်ငြိုးရှိတယ်၊ တကယ်လို့ အစ်ကိုလုကို သူ့ကို သတ်ခိုင်းလိုက်မယ်ဆိုရင် ကျုပ်နှလုံးသားထဲက စိတ်နတ်ဆိုးကို သတ်ဖို့ ခက်ခဲသွားလိမ့်မယ်”

“ကောင်းပြီလေ”

ဤတစ်ကြိမ် ရှောင်ယွမ်အာ၏ လေသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

“ရှစ်စွင်း စစ်ရှစ်ရှိုး ပြန်ရောက်လာပြီ”

“သူ့ကို ဝင်ခိုင်းလိုက်”

သိပ်မကြာခင် ရှောင်ယွမ်အာက ထော့နဲ့ထော့နဲ့ဖြစ်နေသည့် မင်ရှစ်ရင်ကို ခန်းမထဲတွဲခေါ်လာသည်။

မင်ရှစ်ရင်က နာကျင်သည့်အမူအယာဖြင့် ဒူးထောက်ကာ ပြောလိုက်၏။

“ရှစ်စွင်းကို ဂါဝရပြုပါတယ်။ ကျွန်တော် ကံကောင်းထောက်မစွာနဲ့ အပြာရောင်သလင်းကျောက်တွေကို ပြန်လည်ယူဆောင်လာခဲ့ပါပြီ။ ရှစ်စွင်း စိတ်မပျက်ဖို့ မျှော်လင့်ပါတယ်”

လုကျိုးက မင်ရှစ်ရင်၏ ပြဇာတ်ကို လစ်လျှူရှုထားပြီး လက်ဆန့်ကာပြောလိုက်သည်။

“အပြာရောင် သလင်းကျောက်”

မင်ရှစ်ရင်က အပြာရောင် သလင်းကျောက်များကို ထုတ်ယူလိုက်၏။ ထိုအရာကို မြင်ကာ ရှောင်ယွမ်အာက ပြောလိုက်၏။

“ညီမ ကူညီပေးမယ်”

ရှောင်ယွမ်အာက အပြာရောင်သလင်းကျောက်များကို လုကျိုးထံ ပေးပြီးသည့်နောက်တွင် ပြောလိုက်သည်။

“ရှစ်စွင်း စစ်ရှစ်ရှိုးက အခက်အခဲအများကြီး ကျော်ဖြတ်ခဲ့ရတာ။ သူက ပညာရှင်အများကြီးရဲ့ လိုက်ဖမ်းတာကို ခံခဲ့ရပြီးတော့ ဒဏ်ရာအများကြီး ရခဲ့သေးတယ်”

မင်ရှစ်ရင်က အားတင်းပြုံးကာ လက်ဝှေ့လိုက်ပြီး “ကျွန်တော်ရဲ့ ဒဏ်ရာက ဘာမှမဖြစ်လောက်ပါဘူး။ ဒါက ကျွန်တော့်ရဲ့တာဝန်ပဲလေ။ ဆုလာဘ် မတောင်းဆိုရဲပါဘူး”

“ငါက ဆုလာဘ်အကြောင်း ပြောလို့လား” လုကျိုးက မေးလိုက်သည်။

“ကျွန်တော်က အဲ့လိုမဆိုလိုပါဘူး။ ကျွန်တော့်အလုပ်လုပ်ရုံပါပဲ” မင်ရှစ်ရင်က အလျင်စလို ပြောလိုက်၏။

“မင်းရဲ့ ဒဏ်ရာတွေက ဘယ်လိုလဲ”

“အသေးစား ဒဏ်ရာလောက်ပါပဲ။ အခုတောင် ခက်ထန်သားရဲတွေကို သွားပြီး သတ်နိုင်သေးတယ်။ ရှစ်စွင်း မစိုးရိမ်ပါနဲ့” မင်ရှစ်ရင်က ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။

“ဒီလိုဆိုရင် မြို့တော်အပြင်ဘက်မှာ ခက်ထန်သားရဲတွေ ရှိနေတုန်းပဲ။ သွားသတ်လိုက် ”

“အာ”

“မင်းမှာ ငြင်းဆန်စရာရှိလား”

“မ မရှိပါဘူး … ကျွန်တော် ချက်ချင်း သွားလိုက်ပါ့မယ်”မင်ရှစ်ရင်က ခါးသီးသီးအမူအရာဖြင့် တည်တံ့ရေးခန်းမဆောင်မှ ထွက်လာလိုက်သည်။

ရှောင်ယွမ်အာက မင်ရှစ်ရင်ကို တည်တံ့ရေးခန်းမအပြင်ဘက် အမှီလိုက်လာပြီးသည့်အခါ မေးလိုက်၏။

“ စစ်ရှစ်ရှိုးက ထော့နဲ့ထော့နဲ့ မဖြစ်တော့ဘူးလား”

“အား နာလိုက်တာ”

…

“ တင်း_ ဒုတိယစိတ်ဝိညာဉ်သဏ္ဌာန် - အပြာရောင်သလင်း‌ကျောက် စုစည်းခြင်း(၉/၉)”

“တင်း တာဝန်ပြီးမြောက်ခဲ့ပါပြီ”

...

အခန်း (၁၁၃၃) တမူထူးကဲသော

“တင်း ... ပြီးပြည့်စုံတဲ့ အပြာရောင်သလင်းကျောက်တစ်ခု ရပါပြီ။ ဒါကို အသုံးပြုပြီးရင် သင့်ရဲ့အလားအလာကို ဖွင့်နိုင်ပါမယ်။ အသုံးပြုဖို့ ကုသိုလ်မှတ် သုံးသိန်းလိုအပ်ပါတယ်”

လုကျိုးသည် နောက်ဆုံးတစ်ခွန်းတစ်ခွန်းကို ကြားမိသောအခါ မျက်မှောင်ကျုံ့မိသွား၏။

လုကျိုးဘေးရှိ ရှောင်ယွင်ဟယ်က လုကျိုးဘာဖြစ်နေမှန်း မသိပေ။ သူက မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာ ထွက်သွားရာဖက်ကို ကြည့်ပြီးပြောလိုက်လေ၏။

“အစ်ကိုလု အစ်ကို့မှာ ဒီလိုအရည်အချင်းရှိတဲ့တပည့်တစ်ယောက်ရှိတာ ကျုပ်တကယ်အားကျမိတယ်။ အပြာရောင်သလင်းကျောက်သုံးခု ရှာတွေ့ဖို့ ၁၀နှစ် အချိန်သုံးခဲ့ရပေမဲ့ သူက နှစ်ခုရှာတွေ့ဖို့ နှစ်ဝက်ပဲ အချိန်ယူခဲ့ရတာ။ ရှားပါးတဲ့ပါရမီရှင်ပဲ”

လုကျိုးက အသိစိတ်ပြန်ကပ်လာပြီး မေးလိုက်လေ၏။

“နှစ်ဝက်လား။ သူ နှစ်ဝက်အတွင်း အပြာရောင်သလင်းကျောက်တွေ ရှာတွေ့ခဲ့တာလို့ ထင်နေတာလား”

“သူက အပြာရောင်သလင်းကျောက်တွေ ရှာတွေ့ဖို့ ၃နှစ်ကနေ ၅နှစ် အချိန်ယူခဲ့ရတာများလား”

ရှောင်ယွမ်ဟယ်က ပြုံးလျက်မေးလိုက်သည်။

လုကျိုးက ပြောလိုက်၏။ “ကျုပ်ရဲ့ကောက်ကျစ်တဲ့ အဲဒီတပည့်က တစ်လအတွင်း အပြာရောင်သလင်းကျောက်တွေ ရှာတွေ့ခဲ့တာ။ ဒါပေမဲ့ သူက ပျင်းရိပြီး ဇိမ်ကျကျ နေချင်လို့ အချိန်ဆွဲထားခဲ့တာပဲ။ သူ့ရဲ့ကောင်းမှုနဲ့ ဟာကွက်တွေက ချေဖျက်ပြီးသားဖြစ်သွားပြီ။ ဒါကြောင့် သူ့ကို အပြစ်ပေးတဲ့အနေနဲ့ ကျန်တဲ့ကြမ်းတမ်းခက်ထန်သားရဲတွေကို ရှင်းဖို့ လွှတ်လိုက်တာ”

ရှောင်ယွင်ဟယ် “...”

မြို့တော်မှာ တကယ်နေစရာနည်းလမ်းမရှိဘူးပဲ။ မွေးဖွားဇယားချပ် ၁၀ခု ပြန်ကောင်းဖို့က သူ့အတွက် မလွယ်ပေမဲ့ သူပြန်လာတဲ့အချိန်ထိ ရိုက်ချက်တစ်ချက်ပြီးတစ်ချက် ခံစားနေရတယ်။ သူ တကယ်မွန်းကြပ်လာပြီ။

လုကျိုးက ရှောင်ယွမ်ဟယ်ကို တစ်ချက်ကြည့်ပြီး မေးလိုက်လေ၏။ “ခင်ဗျားစိတ်ထဲ တစ်ခုခုရှိနေလား”

“မရှိပါဘူး ... မရှိပါဘူး ... မရှိပါဘူး” ရှောင်ယွင်ဟယ်က လက်ဝေ့ယမ်းပြလိုက်လေ၏။

“ကျုပ်ရဲ့မွေးဖွားနန်းဆောင်ကို ပြန်ပြင်ပြီးပြီဆိုပေမဲ့ ကုစားဖို့ကလိုနေသေးတယ်။ အစ်ကိုလု အချိန်ကို မဖြုန်းတော့ပါဘူး။ ကျုပ် အခုသွားလိုက်ပါဦးမယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။ “ဟုတ်ပြီ”

ရှောင်ယွင်ဟယ် ထွက်သွားပြီးနောက် လုကျိုးသည် တာဝန်ပြဇယားကို ဖွင့်လိုက်၏။ တာဝန်ကို ဇဝေဇဝါကြည့်လိုက်မိတော့သည်။

“ဒုတိယမြောက်စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းဖို့ ကုသိုလ်မှတ် သုံးသိန်းလိုအပ်တာလား”

သူ့၌ ကုသိုလ်မှတ် လေးသိန်းလေးသောင်းသာကျန်ပြီး ဝှက်ဖဲများများစားစားမကျန်တော့ပေ။ သူသည် ကုသိုလ်မှတ်သုံးသိန်း အသုံးပြုလိုက်ပါက ကုသိုလ်မှတ် တစ်သိန်းကျော်ကျော်သာကျန်လိမ့်မည်။ ယင်းက အဆင့်မြင့်ကတ်တစ်ခုပေါင်းစည်းဖို့တောင် မလုံလောက်ပေ။ သို့သော် သူ၏ကျင့်ကြံဆင့် တိုးတက်လာသောကြောင့် အသုံးပစ္စည်းကတ်များ သုံးစရာနေရာသိပ်မရှိတော့ပေ။ အစပိုင်းက အကြပ်အတည်းကို ပြစ်ချက်မဲ့ကတ်များအသုံးပြုခြင်းဖြင့် အများစုကို ဖြေရှင်းခဲ့၏။ ပြစ်ချက်မဲ့ကတ်များ ပေါင်းစည်းရန် သုံးခု၌ တစ်ခုကို အသုံးပြုခဲ့မိတာ နှမြောစရာကောင်းလှပေသည်။ ထိုမှအပ သူသည် အသေရိုက်ချက်ကတ်များများစားစားမသုံးခဲ့ပေ။

စိတ်ထဲတွင် ထိုအတွေးဖြင့် နောက်ဆုံး၌ လုကျိုးက တင်ပလင်ခွေချိတ်ထိုင်ကာ ပြောလိုက်တော့၏။

“အသက်သွင်းမယ်” အပြာရောင်သလင်းကျောက်ကိုးခုသည် သူ့ရှေ့၌ ပေါ်လာပြီး ပြီးပြည့်စုံသည့် အပြာရောင်သလင်းကျောက်တစ်ခု ဖွဲ့တည်လိုက်သည်။ သလင်းအမြုတေက တောက်ပသည့် အပြာရောင်လင်းကျောက်ဖြင့် လင်းထိန်နေသည့် မြေဆီပါဝင်နေသည်။

ဂျွတ်

အပြာရောင်သလင်း အက်ကွဲသွားပြီးနောက် သလင်းထဲရှိမြေဆီက ဖုန်မှုန့်ကဲ့သို့ လေထဲ မျောလွင့်လာသည်။ မြေဆီက လုကျိုးခန္ဓာကိုယ်နားတစ်ဝိုက် လှည့်ပတ်နေပြီး အလင်းမှုန်များက သူ၏ခန္ဓာကိုယ်ပေါ် ကျရောက်လာကာ သူ၏အသားအရေပေါ် အရည်ပျော်သွားတော့၏။

သူ၏ထူးကဲချီသွေးကြောရှစ်ခုက ငြိမ်သက်မနေတော့တာကို ခံစားမိလိုက်သည်။ ချီသွေးကြောများထဲ အပူစီးဆင်းသွားပြီး သူ၏ခန္ဓာကိုယ်ထဲတလျှောက်ပြန့်နှံ့သွားလေ၏။ ပုရွက်ဆိတ်အကောင်ရေ တစ်သောင်းက သူ၏ခန္ဓာကိုယ်ထဲ သွားနေသလို ခံစားရသည်။

အပူက သူ၏တစ်ကိုယ်လုံးလှည့်ပတ်နေပြီးနောက် နောက်ဆုံး၌ သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲ ရောက်သွားတော့သည်။

သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်သည် အသက်စွမ်းအင်များဖြင့် ချက်ချင်းပြည့်သွားလေ၏။ ချီပင်လယ်၏ နံရံသည် ပေါက်ကွဲတော့မည့် ဆဲလ်လိုဖြစ်နေသည်။

“အထွတ်အထိပ်ဆန်းကြယ်စွမ်းအား”

လုကျိုးသည် သူ့စွမ်းအားဗဟိုချက်တည်ငြိမ်စေရန် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်လေ၏။

ဤနည်းဖြင့် အပူက သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲ တစ်ညလုံးစီးဝင်နေတော့သည်။

နောက်နေ့နံနက်၌ ဖြစ်သည်။

လုကျိုး၏ စွမ်းအားဗဟိုချက်ချီပင်လယ်က ပုံမှန်အတိုင်းပြန်ဖြစ်သွားလေ၏။ သူက ထရပ်ကာ သံသယများဖြစ်နေ၏။ ဒီအတိုင်းပုံမှန်ပြန်ဖြစ်သွားတာလား။

သူက အကြောဆန့်ကြည့်လိုက်ပြီး ရိုးရှင်းသည့်လေ့ကျင့်ခန်းတချို့လုပ်ခဲ့သော်ငြား ဘာတိုးတက်မှုမှ မတွေ့ပေ။

ပြီးနောက် သူ့စွမ်းအားဗဟိုချက်ချီပင်လယ်ထဲရှိ အသက်စွမ်းအင်ကို လှုပ်ရှားရန်ကြိုးစားလိုက်ချိန် သူ့ယခင်က ခံစားခဲ့မိသည့် တစ်ဆို့သော ခံစားချက်က ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ပထဆုံးပိတ်ဆို့ခံရပြီးနောက် သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်ကို အမြဲတစေစစ်ဆေးခဲ့ပြီးမှ သူသည် အသက်စွမ်းအင် သို့မဟုတ် ကနဦးချီကို သုံးတာဖြစ်သည်။ ယင်းက သူ့ကို ပိုနှေးသွားစေသော်ငြား သိုင်းပညာရှင်များကြားထဲမှ တိုက်ပွဲတစ်ပွဲက စက္ကန့်ပိုင်းနှေးခြင်းကလည်း သေစေနိုင်၏။

“ငါ့ရဲ့ကျင့်ကြံမှုမှာ အပြောင်းအလဲမရှိဘူး။ ငါ့မှာ မွေးဖွားဇယားချပ် ၇ခုရှိနေသေးတယ်” သူသည် သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။

သူက စနစ်မျက်နှာပြင်ကို ထပ်ဖွင့်လိုက်သည်။ ဒုတိယမြောက်စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားပြီဖြစ်ကာ သူ၏ကုသိုလ်မှတ်သုံးသိန်းလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

“ဒုတိယမြောက်စိတ်ဝိညာဉ်သဏ္ဌာန်လား”

လုကျိုးက အခင်းပေါ်ပြန်ထိုင်ပြီးနောက် သူ၏အင်္ကျီလက်ကို ဝေ့ယမ်းလိုက်၏။

ဘီး

ရွှေရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်လေးက သူ့ရှေ့၌ ပေါ်လာသည်။ ကြာပလင်ပေါ်၌ မွေးဖွားဇယားချပ် ၇ခုက ထွန်းလင်းတောက်ပနေ၏။ သူ ကြိမ်ဖန်များစွာကြည့်ခဲ့သောကြောင့် ငြီးငွေ့နေပြီဖြစ်သည်။ ယခု သူ ထပ်မကြည့်ချိန်၌ အသစ်အဆန်းမတွေ့ရပေ။

လုကျိုးက သူ၏အင်္ကျီလက်ကို ဝေ့ယမ်းကာ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းလိုက်သည်။ ထိုစဉ် လုကျိုးက သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်ထဲ သိမ်မွေ့သောပြောင်းလဲမှုတစ်ခုကို ခံစားမိ၏။ သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲ အေးမြသည့်စွမ်းအားတစ်ခု စီးဆင်းသွားတာခံစားမိသည်။ စွမ်းအင်က အားနည်းသော်ငြား ၎င်းကို ရှင်းရှင်းလင်းလင်းခံစားမိ၏။

လုကျိုး လက်ဝေ့ယမ်းလိုက်ပြန်သည်။

“စိတ်ဝိညာဉ်သဏ္ဌာန်”

ဘီး

အပြာရောင်စွမ်းအင်ဖျော့ဖျော့က သူ့ရှေ့၌ဖွဲ့တည်လာပြီး လူသားပုံသဏ္ဌာန်ဖွဲ့တည်လာ၏။ ယင်းက သေးပြီး အလွန်သေးငယ်၏။ ၎င်း၏အရွယ်အစားကို သူ တမင်တာချုံ့ထားတာမဟုတ်ဘဲ ၎င်း၏အရွယ်အစားအစစ်အမှန် ဖြစ်သည်။

“ဒါ ... ဒါက ဒုတိယမြောက်စိတ်ဝိညာဉ်သဏ္ဌာန်လား” လုကျိုးက အံ့ဩသွားသည်။ သူ၏ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားအစားခံလိုက်ရသည်ဟု ခံစားမိသည်။ မည်သို့ပင်ဆိုစေ ကုန်ဆုံးမှုက လျစ်လျူရှုထားနိုင်၏။ စိတ်ဝိညာဉ်သဏ္ဌာန်က ကလေးတစ်ယောက်၏အခြေခံထိုက်ကျိ စိတ်ဝိညာဉ်သဏ္ဌာန်ကဲ့သို့ဖြစ်နေသည်။

“အခြေခံထိုက်ကျိလား"

သူ၏လက်ရှိကျင့်ကြံဆင့်နှင့် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့်ဆို အသုံးပစ္စည်းကတ်များမသုံးဘဲ မွေးဖွားဇယားချပ် ၈ခု သို့မဟုတ် ၉ခု ကျင့်ကြံသူများကို ဖြေရှင်းဖို့က သူ့အတွက် ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။ သို့သော် အခြေခံထိုက်ကျိ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် မည်သူ့ကို တိုက်ခိုက်နိုင်မည်နည်း။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့်ဆို သူသည် ရွှေရောင်စည်းတံဆိပ်ကို လှည့်နိုင်ပြီး သူ၏အပြာရောင် လက်ဝါးစည်းတံဆိပ်ကို ခဏတာ အပြာရောင် ဖြစ်အောင် ပြောင်းလဲနိုင်၏။ ဤအခြေခံထိုက်ကျိ စိတ်ဝိညာဉ်သဏ္ဌာန်က ပုံတူမဟုတ်ဘူးလား။

“တင်း ... အခြေခံထိုက်ကျိစိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်ပါပြီ။ နောက်တစ်ဆင့်မြှင့်တင်ဖို့က ၂၀နှစ်ကုန်ပါမယ်”

ထိုအသိပေးစာကို မြင်သောအခါ လုကျိုးသည် စနစ်က တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ သူ့ကို အပြာရောင်စွမ်းအင်ကျင့်ကြံရန် လမ်းညွှန်နေသည်ဟု ရုတ်တရက်ခံစားမိသွား၏။ သူသည် ကံစမ်းမဲမှ အပြာရောင်ကျမ်းစာကို ရရှိချိန်မှစပြီး သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ထူးကဲစွမ်းအားနှင့် ကောင်းကင်ကျမ်းစာစွမ်းအား၊ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားတို့ကို ဖွဲ့တည်ခဲ့သည်။

“အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက ထူးခြားတဲ့ကျင့်ကြံရေးလမ်းစဉ်ရှိနေတာများလား” လုကျိုး တအံ့အဩပြောလိုက်မိ၏။ ပြီးနောက် သူက စနစ်ကို စိတ်ထဲကျိန်ဆဲမိလိုက်သည်။

“f*ck … တခြားသူတွေက ကျင့်ကြံဖို့အချိန်လိုအပ်ပေမဲ့ ငါကတော့ ကျင့်ကြံဖို့ ငါ့အသက်လိုအပ်နေတာ”

သို့သော် စဉ်းစားပြီးနောက် အချိန်သည် အသက်နှင့် ညီမျှသည်လောဟု တွေးမိသွားသည်။

“အဆင့်မြှင့်တင်မယ်” လုကျိုးက ရေရွတ်ပြောလိုက်တော့သည်။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၌ ပြောင်းလဲမှုမရှိပေ။ အချိန်တချို့ကြိုးစားပြီးနောက် ပြောင်းလဲမှု မရှိသေးပေ။

လုကျိုးသည် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်မိ၏။ ၎င်းက အားနည်းနေပုံ ပေါ်သည်။

လုကျိုးသည် သူ၏ စွမ်းအားဗဟိုချက်ချီပင်လယ်ထဲရှိ စွမ်းအင်ကို သာမန်ကျင့်ကြံသူတစ်ယောက် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်ချိန်တွင်သုံးသကဲ့သို့ သုံးလိုက်၏။

ဘီး

နောက်ဆုံး၌ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က လှုပ်ရှားလာ၏။ ၎င်းက လျင်မြန်စွာ လှည့်ပတ်လာသည်။ လုကျိုးသည် ၎င်း၏သက်တမ်းလျော့ပါးသွားပြီး သူ၏အသက်စွမ်းအင်များ အပြာရောင်စွမ်းအင်ဆီ တိုးဝင်သွားတာကို ခံစားမိ၏။

အသက်ရှိုက်စာအနည်းငယ်အတွင်း အပြာရောင်စွမ်းအင်သည် သူ၏၁၀နှစ်စာ အသက်စွမ်းအင်ကို စုပ်ယူသွားသည်။ ၎င်းသည် လက်သီးဆုပ်အရွယ်အစားမှ လက်သီးဆုပ်နှစ်ခုစာအရွယ်အစားသို့ ကြီးလာသည်။ သို့သော် ကလေးတစ်ယောက်နှင့် တူနေသေးဆဲဖြစ်သည်။

“အသွင်နှစ်မျိုးပြောင်းစွမ်းအားလား”

“အသွင်နှစ်မျိုးပြောင်းစွမ်းအား စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကိုမြှင့်တင်ဖို့ သက်တမ်း၅၀သုံးရပါမယ်”

“သေစမ်း” လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ ပြီးနောက် သူသည် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်လက်မြှင့်တင်နေသည်။

တစ်နှစ်ပတ်လုံး ကောင်းကင်ကျမ်းစာစွမ်းအားကို ဆင်ခြင်သုံးသပ်ခဲ့သော ကောင်းကျိုးသည် ယခုအချိန်၌ ပေါ်လာ၏။ လုံလောက်သော အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အဖို့ ပြည့်‌ဝသော စုပ်ယူရန်လွယ်ကူသည်။

နှစ်နာရီကြာသွားပြီးနောက် အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်၏ခေါင်းပေါ်၌ အပြာရောင် ကြာပွင့်သုံးခု လှစ်ကနဲပေါ်လာပြီး လှစ်ခနဲ ပျောက်သွားလေ၏။

ယင်းက သိပ်သည်းခြင်းသုံးပါး ပန်းပွင့်စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်သည်။

လုကျိုးသည် စနစ်မျက်နှာပြင်ကို ထပ်ကြည့်လိုက်၏။ ကြီးမြတ်လှသည့် လေးတောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မြှင့်တင်ဖို့ သက်တမ်း ၁၀၀ ကုန်လိုက်မည်။

“ငါ့မှာ နှစ်တွေ လုံလုံလောက်လောက်ရှိသေးလို့တော်သေးတယ်”

သူသည် သက်တမ်းအနည်းအကျဉ်းကို ဂရုမစိုက်ပေ။ ထို့အပြင် သူ့၌ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်း တဝက်ရှိနေသေး၏။

“အဆင့်မြှင့်တင်မယ်” လုကျိုးက လက်မြှောက်လိုက်၏။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က သူ၏လက်ဖဝါးပေါ်၌ ပေါ်လာပြီးစတင်လှည့်ပတ်နေတော့သည်။ ယခင်က ကဲ့သို့ပင် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်များက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဆီတိုးဝင်သွားလေ၏။

...

အခန်း (၁၁၃၄) မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ထောင်

ပုံမှန်အားဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်၏ အဆင့်က တိုးမြင့်လာသည်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မြင့်တင်ရခြင်းက ပိုမိုခက်ခဲလာလိမ့်သည်။ သို့သော်လည်း လုကျိုးက ယခုအခါ ဘုံတစ်ထောင်လေပွေအဆင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းထားသည့် မွေးဖွားဇယားချပ် ၇ခု ကျင့်ကြံသူဖြစ်ပြီး အထွတ်အထိပ်ဆန်းကြယ် စွမ်းအားကိုပင် ပိုင်ဆိုင်ထားသည့်အတွက် ထိုသို့အားနည်းသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မြင့်တင်သည့် နှုန်းက သာမာန်ကျင့်ကြံသူများထက် မြန်ဆန်လှသည်။ ထိုအရာက သူ့အတွက် ပန်းခြံထဲ လမ်းလျှောက်နေသလိုမျိုးဖြစ်၏။

ရွှေကြာနယ်မြေတွင် နှစ်တစ်ရာက အမြောက်အများ ဖြစ်၏။

အကယ်၍ ပွင့်ချပ်ကိုးလွှာ သို့မဟုတ် ပွင့်ချပ်ဆယ်လွှာ ရှိထားသည့်သူပင် သူတို့က နှစ်တစ်ရာသက်တမ်းကို အလွယ်တကူ လက်လျှော့နိုင်ကြမည်မဟုတ်ပေ။ ထိုအရာသည်

နှစ် ၁၀၀ သက်တမ်းဆုံးရှုံးမှုကို လျစ်လျှူရှုထားနိုင်သည့် စွမ်းအင် ပိုင်ဆိုင်ထားသော ဘုံတစ်ထောင်လေပွေအဆင့် ဝင်ရောက်သွားသည့် အခါတွင်သာ ဖြစ်၏။

“အစတည်းက ကောင်းကင်ကျမ်းစွမ်းအားက စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့စည်းနိုင်တယ်လို့ ဆိုလိုနေတာလား” လုကျိုးက စဉ်းစားလိုက်သည်။

သူက အာရုံထွေပြားနေစဉ် စိတ်ဝိညာဉ်သဏ္ဌာန်ထိပ်ရှိ ပန်းပွင့်၃ခုက သက်တမ်းနှစ်၅၀ကို စုပ်ယူသွားလေသည်။ တစ်ချိန်တည်းဆိုသလို စိတ်ဝိညာဉ်သဏ္ဌာန်၏ အရွယ်အစားက ဆက်တိုက်ကြီးမားလာ၏။

တည်တံ့ရေးခန်းမဆောင်၏ အပြင်ဘက်

မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးက လုကျိုးကို လာရောက်တွေ့ဆုံကြသည်။ သူတို့က အနီးနား ရောက်ရှိလာသည့်အခါ ရင်းနှီးနေပြီးသား စွမ်းအင်လှုပ်ခတ်မှုကို ခံစားမိလိုက်၏။ သူတို့က ချက်ချင်းဆိုသလို ရပ်တန့်လိုက်ကြသည်။

“ရင်းနှီးနေတဲ့ ခံစားချက်ပဲ။ အခု မသွားဘဲ ‌နေရအောင်” ဖန်လီထန်းက ပြောလိုက်သည်။

တခြားသုံးယောက်ကလည်း ခေါင်းညိတ်လိုက်ကြ၏။

“အားကောင်းတဲ့ လေးထောင့်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းတဲ့အခါမှာ ဖြစ်လာသလိုမျိုးပဲ။ ဒါက အားနည်းနေပေမဲ့ သိသာတယ်။ ဒါပေမဲ့ အသက်ဓာတ်စွမ်းအားကတော့ အတော်လေးကို ကောင်းတယ်” လန်လော့က တည်တံ့ရေးခန်းမဆောင်ကို ကြည့်ရင်း ပြောလိုက်သည်။

အချိန်အတော် ကြာမြင့်ပြီးသည့်နောက်တွင် အကြီးအကဲလေးဦးက ထိုကဲ့သို့သော ထူးထူးဆန်းဆန်း အရာများကို အသားကျနေပြီ ဖြစ်၏။

ကျော့ယွီရှုက အကြည့်များ တောက်ပလာကာ “အစ်ကိုကြီးက သူ့ရဲ့ငယ်ရွယ်တဲ့ သွင်ပြင်ကို ထိန်းထားဖို့ လုပ်နေတာများလား”

“ပြန်လည်နုပျိုခြင်းပညာရပ်က အတော်လေးကို ခက်ခဲတယ်။ အရင်တုန်းကတောင် ကိုးလွှာမြောက်ပွင့်ချပ်ကို ဘယ်သူမှမထွက်ခဲ့စဥ် အခါတုန်းကတောင် ကျင့်ကြံသူအများကြီးက ငယ်ရွယ်မှုကို ပြန်ရရှိဖို့ ကြိုးစားခဲ့ကြဖူးတယ်။ သူတို့ရဲ့ ငယ်ရွယ်မှုကို ရရှိအောင် သူတို့က လျှို့ဝှက်နည်းစနစ်၊ စုန်းအတတ်နဲ့ မိစ္ဆာကျင့်ကြံရေး တွေကိုတောင် ထုတ်သုံးဖို့ တုံ့ဆိုင်းမနေကြဘူး။ ဘာပဲဖြစ်ဖြစ် လူအများကြီးက ကျရှုံးသွားကြရတာချည်းပဲ” လန်လော့က ပြောလိုက်သည်။

“မျှော်နန်းသခင်က လျှို့ဝှက်နည်းစနစ်တချို့ကို ကျင့်ကြံနေတယ်လို့ ပြောချင်တာလား” ဖန်လီထန်းက မေးလိုက်သည်။

“အဲ့ဒီဖြစ်နိုင်ခြေကို ဖယ်ထားလို့တော့ မရဘူး”

အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ သူတို့က စွမ်းအင်လှုပ်ခတ်မှု ရုတ်ခြည်း ပြောင်းလဲမသွားခင်အထိ အချင်းချင်းဆွေးနွေးနေခဲ့ကြသည်။

လန်လော့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“စွမ်းအားအတက်အကျက အားကြီးတဲ့ လေးထောင့်စိတ်ဝိညာဉ်သဏ္ဌာန် မဟုတ်တော့ဘူး။ အခုစွမ်းအင်ငါးမျိုး စကြဝဠာ စိတ်ဝိညာဉ်သဏ္ဌာန်ပဲ”

“ငါလဲ အဲ့လိုမျိုး လုပ်နိုင်တယ်” ဖန်လီထန်းက သူ့ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို စိန်ခေါ်လိုက်သည်။ ထို့နောက်သူက ထိုအရာ၏ စွမ်းအားကို ဖိနှိပ်ကာ ကျုံ့ပေးလိုက်၏။

ကြာပွင့်များက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြလေသည်။ သူက အခြေခံထိုက်ကျိ စိတ်ဝိညာဉ်သဏ္ဌာန်အဖြစ် ပြောင်းလဲနိုင်သည်။ ထို့နောက် သူက အသွင်နှစ်မျိုးပြောင်း စွမ်းအား စိတ်ဝိညာဥ်သဏ္ဌာန်အဖြစ် ထပ်မံပြောင်းလဲလိုက်သည်။

အားလုံးက ခေါင်းအသာယမ်းလိုက်၏။ ထိုအရာသည် တစ်စုံတစ်ခု လွဲမှားနေကြောင်း သိသာလှသည်။

“အဲဒါဆိုရင် ကျွန်မ ဘာလုပ်နိုင်တယ်ဆိုတာကို ကြည့်ရအောင်” ကျော့ယွီရှုက သူမ၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို စိန်ခေါ်လိုက်သည်။ သူမ၏ အသိပညာနှင့် နည်းစနစ်များအရ သူမ၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို အခြေခံထိုက်ကျိ စိတ်ဝိညာဥ်သဏ္ဌာန်အဖြစ် ပြောင်းလဲနိုင်သည်။

ရလဒ်ကမူ အတူတူ ဖြစ်၏။ စိတ်ဝိညာဥ်သဏ္ဌာန်ကို အသွင်နှစ်မျိုးပြောင်း စွမ်းအား စိတ်ဝိညာဥ်သဏ္ဌာန်အဖြစ် ပြောင်းလဲဖို့ရာ မခက်ခဲပေ။ သို့‌သော်လည်း သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်က ထိုသို့ပုံစံပေါ်နေသော်လည်း တစ်စုံတစ်ခုက မဟုတ်ပေ။

“အဲဒါပဲ ကျွန်မတို့ရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်က ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်လေ။ ဘယ်လောက်ပဲ အသွင်ပြင်ကို ပြောင်းပြောင်း အထဲက စွမ်းအားတွေက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန် ဖြစ်နေအုံးမှာပဲ”

“မင်း ပြောတာဟုတ်တယ်”

“ထားလိုက်ပါတော့။ နောက်တစ်ရက်မှပဲ လာတွေ့ရအောင်”

အကြီးအကဲလေးဦး ထွက်သွားသည်နှင့် လုလီနှင့် ယန်ကျန်းလော့တို့က အနီးနား လျှောက်လမ်းမှ ထွက်ပေါ်လာကြပြီး အကြီးအကဲလေးဦးကို ကြည့်လိုက်ကြသည်။

“ ညီအစ်ကိုယန် ခင်ဗျား မိစ္ဆာဝေဟင်မျှော်နန်းကို ပုံမှန်အမြင်နဲ့ အကဲဖြတ်လို့မရဘူးလို့ ပြောတုန်းက သံသယ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဒါကဘာလဲ။ လူတွေက မြင့်တက်ပြီး ရေတွေက စီးဆင်းတယ်။ ဒါက ပုံမှန်ပဲလေ … အခြေခံထိုက်ကျိ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြောင်းလဲတဲ့ အဓိပ္ပာယ်ကိုတော့ ရှင်းလင်းပြနိုင်မလား” လုလီက စိတ်ရှုပ်ထွေးစွားဖြင့် မေးလိုက်သည်။

ယန်ကျန်းလော့က ခေါင်းကုတ်ကာ ပြောလိုက်၏။

“မေးခွန်းတွေအများကြီး မမေးတာအကောင်းဆုံးပဲ။ သိုသိုသိပ်သိပ်နေ”

ထို့နောက် ယန်ကျန်းလော့က လမ်းလျှောက်သွားရင်း ပါးစပ်ပိတ်ထားလိုက်တော့သည်။

“သိုသိုသိပ်သိပ်နေ သိုသိုသိပ်သိပ်နေ”

လုလီက တည်တံ့ရေးခန်မဆောင်ကို လှမ်းကြည့်ကာ ရေရွတ်လိုက်၏။

“အဲဒါဆိုတော့ ငါမျှော်နန်းသခင်နဲ့ ပထမဦးဆုံးတွေ့တုန်းက သူကဟန်ဆောင်နေခဲ့တာလား” လုလီက ထိုအတွေးဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ဉာဏ်များလိုက်တာ…

………………

စွမ်းအားကြီးလေးထောင့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ နှစ်တစ်ရာကြာမြင့်ခဲ့သော်လည်း စွမ်းအင်ငါးမျိုး စကြဝဠာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ နှစ်သုံးရာ ကြာမြင့်ခဲ့သည်။ ထိုအရာက ယခင်ထက် သုံးဆကျော် ဖြစ်၏။ သူအဆင့် တက်လာလေလေ ကုန်ဆုံးသည့်သက်တမ်းက ပိုမိုများလာလေလေ ဖြစ်သည်။

လုကျိုးက သူ့အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အကဲဖြတ်ပြီး အနည်းငယ်မျှသာ ကုန်ဆုံးသေးကြောင်း တွေ့ရှိလိုက်ရသည်။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားကုန်ဆုံးမှုက မများလှပေ။

…

နေ့တစ်ဝက်ခန့် ကြာမြင့်ပြီးသည့်နောက်တွင် နေလုံးက ဝင်သွားခဲ့လေပြီ။

နေရောင်က ပြတင်းပေါက်မှတဆင့် တည်တံ့‌ရေးခန်းမဆောင်အတွင်း ဖြာကျနေ၏။ နေရောင်က စိတ်ဝိညာဉ်သဏ္ဌာန်၏ အပြာရောင်ကို ပိုမိုတာက်ပစေသည့်အတွက် ယခင်ကထက် ပိုမိုတက်ကြွနေဟန်ပေါ်သည်။

လူကျိုးက ရေရွတ်လိုက်၏။

“အပြာရောင်ကြာနယ်မြေရော ရှိမလား မသိဘူး”

ထိုအရာက တည်ရှိသည်ဖြစ်စေ မတည်ရှိသည်ဖြစ်စေ ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့ သူကိုယ်တိုင်ကိုသာ မှီခိုနိုင်သည်။

မဟာလေဟာနယ်မှ အပြာရောင်သလင်းကျောက်၊ မဟာလေဟာနယ်မျိုးစေ့ ကြီးထွားရာ မြေကြီးက အပြာရောင်သလင်းကျောက်ပဲ…

ကျိထျန်းတောက်က မဟာလေဟာနယ်ကနေ မဟာလေဟာနယ်မျိုးစေ့ကို ရရှိခဲ့တယ်။ အပြာရောင်ကြာကရော မဟာလေဟာနယ်နဲ့ ဆက်နွယ်နေမှာလား။

ဝှစ်

စိတ်ဝိညာဉ်သဏ္ဌာန်က အရွယ်အစားကြီးမားလာသည်။

“တင်း စွမ်းအင်ငါးမျိုး စကြဝဠာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်ခဲ့ပါပြီ”

“တင်း နောက်အဆင့်ကို တက်လှမ်းဖို့ သက်တမ်းနှစ် ၉၀၀ ကျသင့်ပါမယ်”

…

၁၀နှစ်နဲ့ နှစ်၁၀၀က မများလှသော်လည်း နောက်အဆင့်ကို တက်လှမ်းဖို့ သက်တမ်းနှစ် ၉၀၀ကျသင့်သည်ဆိုလျှင် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်က နှစ် ၁၀၀၀၀ လောက် ကျသင့်နေမည်လား။

သို့သော်လည်း လုကျိုးက စိတ်ထဲမှာသာ ညည်းတွားလိုက်သည်။ အဆုံးသတ်တွင် သူက ဆက်လက် တက်လှမ်းဖို့သာ ဆုံးဖြတ်လိုက်၏။

အချိန်ကုန်လွန်လာသည်နှင့် အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တို့၏ ကွဲပြားချက်တို့က ပိုမိုသိသာလာခဲ့သည်။

အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်ကို အဆင့်မြင့်တင်ဖို့ လိုအပ်သည့် အခက်အခဲနှင့် အချိန်တို့က ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်နှင့် ယှဉ်လိုက်လျှင် ပိုမိုများပြားလေသည်။ သူ၏ ကြွယ်ဝလှသည့် အတွေ့အကြုံများဖြင့်ပင် ပါရမီထူးကဲသည့်သူကသာ အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်ကို ကျင့်ကြံနိုင်ကြောင်း ကောက်ချက်ချမိ၏။ သူတို့က စွမ်းအင်ငါးမျိုး စကြဝဠာ စိတ်ဝိညာဉ်သဏ္ဌာန်အဆင့်တွင် နှစ်နှစ်မှသုံးနှစ်အထိ ရပ်တန့်နေနိုင်သည်။

…

စွမ်းအင်ငါးမျိုး စကြဝဠာ စိတ်ဝိညာဉ်သဏ္ဌာန်မှ ခြောက်သွယ် ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဉ်သဏ္ဌာန်ကို တက်လှမ်းဖို့ရာအတွက် နှစ်ရက်တာ ကြာမြင့်ခဲ့သည်။

“တင်း ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်ခဲ့ပါပြီ”

“တင်း နောက်အဆင့်ကိုတက်လှမ်းဖို့ သက်တမ်းနှစ်၂၀၀၀ ကျသင့်ပါမယ်”

လုကျိုးက လက်ကိုဝှေ့လိုက်သည်။ သူက ခြောက်သွယ် ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဉ်သဏ္ဌာန်၌ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သက်တမ်းနှစ် ၅၀၀၀ထဲ တစ်ဝက်ခန့်သာ ကျန်ရှိတော့လေ၏။ အကယ်၍ သူသာနောက်နှစ် ၁၀၀၀ သုံးလိုက်ရမည်ဆိုရင် သူ့အတွက် အသက်ရှင်ဖို့ နှစ်များများ ကျန်ရှိမည် မဟုတ်ပေ။

ထို့နောက် သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ သူက ထိုအရာကို ကြည့်ရင်း သူ့ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို သက်တမ်းအစား အပြင်စွမ်းအားအဖြစ် အသုံးပြုနိုင်မည်လားဟု စဉ်းစားနေမိသည်။

“ငါရဲ့ ကိုယ်ပိုင်သက်တမ်းကို သုံးဖို့ မထိုက်တန်ဘူး”

လုကျိုးက လက်ဝှေ့လိုက်သည်။

ဝှစ်

အပြာရောင် ခြောက်သွယ် ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဉ်သဏ္ဌာန်က ရွှေရောင်ဘုံတစ်ထောင်လေပွေအဆင့် စိတ်ဝိညာဉ်သဏ္ဌာန်နားတွင် ထွက်လာခဲ့သည်။ တစ်ခုက ကြီးမားကာ တစ်ခုက သေးငယ်၏။

“စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုလုံးကိုပြိုင်တူဆင့်ခေါ်နိုင်သားပဲ”

ခဏအကြာတွင် လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားကို စမ်းသပ်ကြည့်ဖို့ အကျိုးမရှိသေးပေ။ ဘာပဲဖြစ်ဖြစ် အားနည်းနေသေးသည် မဟုတ်ပါလော။

ထိုစဉ် ခန်းမအပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာခဲ့၏။

“ရှစ်စွင်း အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အကြီးအကဲနဉ်ဝမ်ချင်းက တွေ့ဖို့ရောက်လာပါတယ်”

“ဝင်ခဲ့”

ဤသို့ဖြင့် လုကျိုးက ထိုစိတ်ဝိညာဉ်သဏ္ဌာန်ကိစ္စကို ဆက်လက် စဉ်းစားမနေတော့ပေ။

ရှောင်ယွမ်အာက နဉ်ဝမ်ချင်းကို တည်တံ့ရေးခန်းမဆောင်အတွင်း ခေါ်ဆောင်လာခဲ့သည်။

“မျှော်နန်းသခင်လုကို ဂါဝရပြုပါတယ်” နဉ်ဝမ်ချင်းက ဦးညွှတ်လိုက်၏။

“ဘာကိစ္စများလဲ” လုကျိုးက မေးလိုက်သည်။

“မျှော်စင်သခင်လန်က မျှော်နန်းသခင်လုနဲ့ တွေ့ချင်နေလို့ပါ” နဉ်ဝမ်ချင်းက ပြောလိုက်သည်။

“ငါ့ကိုတွေ့ချင်တာလား” လုကျိုးက နားမလည်နိုင်ဖြစ်သွားမိ၏။

နဉ်ဝမ်ချင်းက သက်ပြင်းချကာ ရှင်းပြလိုက်သည်။

“မျှော်စင်သခင်လန်က အချိန်များများစားစား မကျန်တော့ဘူး။ သားရဲဧကရာဇ်နဲ့တိုက်ပွဲက သူမအတွက်ပိုပြီးတော့ ဆိုးဝါးသွားစေခဲ့တယ်။ ကျုပ်စိုးရိမ်တာက…”

သူက စကားလမ်းကြောင်းဖြတ်ကာ နောက်တစ်ခု ပြောင်းပြောလိုက်သည်။

“မျှော်စင်သခင်လန်က တာ့ထန်ရဲ့ မြို့တော်ကို လာချင်ပေမဲ့ ဒီခရီးစဉ်ကို မလာနိုင်လို့ပါ”

“ငါက ကတိတည်မှာပါ”လုကျိုးက ပြောလိုက်သည်။

နဉ်ဝမ်ချင်းက ထိုစကားကို ကြားသည့်အခါ ပျော်ရွှင်သွားလေသည်။

“တာ့မင်က ကျုပ်တို့ကို လောဘတကြီး မျက်စိကျနေတာ။ သူတို့တွေက မျှော်စင်သခင်လန် ထွက်သွားတဲ့အထိ စောင့်နေကြတာလေ။ မျှော်နန်းသခင်လုရဲ့ စကားတွေနဲ့ ကျုပ် စိတ်အေးသွားရပါပြီ”

လုကျိုးက ရုတ်တရက် ကောက်မေးလိုက်သည်။

“မင်းက တာ့မင်ရဲ့ အဖွဲ့သား မဟုတ်ဘူးလား”

“...”

နဉ်ဝမ်ချင်းက အံ့အားသင့်သွားလေ၏။ သူ့မျက်နှာအထက် ရှက်ရွံ့သည့်အမူအရာမျိုး ပေါ်ထွက်လာခဲ့သည်။

“ကျုပ်က တာ့မင်ကဆိုပေမဲ့ အဲဒါက အတိတ်ပါပဲ။ အရင်တုန်းက သတ္တမသခင်လေးရဲ့ စကားတွေက ကျုပ်ကို အသိပြန်ဝင်လာခဲ့တယ်လေ။ အဲ့ဒါကြောင့် မလှည့်စားဖို့ ဆုံးဖြတ်လိုက်တော့တာ”

“မြင်းတွေရဲ့ အင်အားကို အကွာအဝေးက ဆုံးဖြတ်ပေးတယ်ဆိုတဲ့အတိုင်းပဲ။ အချိန်ကလည်း လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို သိနိုင်တယ်။ မင်းရဲ့အပြုအမူတွေက မင်းရဲ့အသက်ကို ကယ်တင်ခဲ့တာပဲ” လုကျိုးကပြောလိုက်သည်။

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်လု”

All Chapters