← Chapters

အခန်း (၁၁၄၁-၁၁၄၃)

Vol. 77 Ch. 1141-1143

အခန်း (၁၁၄၁-၁၁၄၃)

Vol. 77 Ch. 1141-1143

အခန်း (၁၁၄၁) ကံကြမ္မာကို ပြောင်းလဲတာလား

အခြေခံအသိတရားသည် လူတစ်ယောက်က တစ်ပြိုင်နက်တည်း အရောင်တစ်ခုထက် ပိုကျင့်ကြံရန် မဖြစ်နိုင်မှန်း ပြောပြနေ၏။ စုန်းအတတ်ကဲ့သို့အရာမျိုးက သက်ရောက်နိုင်သည့် အချက်အလက်တချို့ ရှိသည်။ သို့တည်းမဟုတ် နယ်မြေတစ်ခုကို အပြည့်အဝ မကူးပြောင်းရသေးသည့် အခြေအနေမျိုးတွင်လည်း ဖြစ်နိုင်သည်။ သို့သော် ထိုအချက်အလက်နှစ်ခုလုံးက အပြာရောင် ကြယ်တာရာဒိုင်ခွက်ကို ရှင်းရှင်းလင်းလင်း မထောက်ပံ့ပေးနိုင်ပေ။

ဝေ့ကျင်းယဲ့က ပွင့်လင်းပြီး အတင့်ရဲသောလူငယ်တစ်ယောက်ဖြစ်၏။ သူသည် ဤသို့သော အခြေအနေမျိုးနှင့် ပက်ပင်းတိုးသောအခါ အပြည့်အဝ အံ့ဩဆွံ့အနေသည်။

တစ်ဖက်တွင် ဝေ့ကျန်းနန်ကမူ ဆင်ခြင်တုံတရားရှိ၏။ ကြယ်တာရာဒိုင်ခွက်ကို မြင်ပြီးနောက် သူစတင်စဉ်းစားတော့သည်။ သတင်းအချက်အလက်အပိုင်းအစတချို့ကို အတည်ပြုနေ၏။

ပထမအချက်မှာ ချင်မျိုးနွယ်မှ ချင်မော့ရှန်းသည် သူ့ရှေ့မှလူကြောင့် ဒဏ်ရာရသွားတာဖြစ်နိုင်၏။ ချင်မော့ရှန်း၏ မွေးဖွားဇယားချပ်ဖျက်ဆီးခံရပြီးနောက် နှစ်ဖက်က ရန်သူများဖြစ်လာ၏။

အဓိကအချက်မှာ စာအုပ်တစ်အုပ်ကို မျက်နှာဖုံးဖြင့် မဆုံးဖြတ်သင့်တာ အမှန်ပဲဖြစ်သည်။ ယင်းက ဤအမျိုးသမီးကိုလည်း ရည်ညွှန်း၏။ ဤအမျိုးသားနှင့် အမျိုးသမီး၏ကျင့်ကြံဆင့်က သူတို့ထက်မနိမ့်ပေ။

တတိယနှင့် အရေးအကြီးဆုံးအချက်ကမူ သူတို့ရှေ့ရှိလူ လုချန်းပေ့က အမှန်ပဲ ဆန်းကြယ်လှသည်။ သူသည် မဟာလေဟာနယ်မှ လာတာဖြစ်နိုင်ခြေ ရှိသည်။

ဝေ့ကျန်းနန်သည် အမှားမလုပ်မိစေရန် တည်ငြိမ်စွာနေဖို့အရေးကြီးမှန်း သိနေ၏။ ဤဗဟုသုတက သူ့ကို အမည်မသိကုန်းမြေသို့ လာစဉ်က အတိတ်တုန်းက ငရဲဂိတ်ဝကို ကြိမ်ဖန်များစွာ ရှောင်ရှားနိုင်အောင် ကူညီပေးခဲ့၏။ ယခုတစ်ခေါက်တွင်လည်း ခြွင်းချက်မဟုတ်ပေ။ နောက်ဆုံး၌ သူက ပြောလိုက်သည်။

“ဒါ တကယ်အမြင်ကျယ်စေတာပဲ”

လန်ရှီဟယ်၏ ခံစားချက်က ယခုဆို သူမ အနက်ရောင်အဖွဲ့အစည်းတွင် ရှိစဉ်ကနှင့် ဆင်တူပေ၏။ ရှောင်ယွင်ဟယ်ကဲ့သို့ပင် သူတို့သည် ယခင်က သူတို့ကိုယ်သူတို့ အမြင့်ဆုံးနေရာ၌ ရပ်တည်နေသော ပညာရှင်ဟု ထင်ခဲ့သည်။ သို့သော် ထိုသို့မဟုတ်တာ သိသာနေ၏။

“ဒီလို ကြယ်တာရာဒိုင်ခွက်မျိုးအရင်က တွေ့ဖူးလား” လန်ရှီဟယ်က မေးလိုက်တော့သည်။

ဝေ့ကျန်းနန်က ခေါင်းခါပြီးပြောလိုက်တော့သည်။

“ကျုပ် ဒါမျိုးမတွေ့ဖူးဘူး”

“ဒါဆို ရှင်တို့ဘာကြောင့် မအံ့ဩတာလဲ” လန်ရှီဟယ်က အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။

“ဟိုးအရင်တုန်းက မိုးနဲ့မြေက တသားတည်းဖြစ်ကြောင်း တာ့ချင်မှာ ဒဏ္ဍာရီတစ်ခု ပြန့်နှံ့ခဲ့ဖူးတယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ဖိအားကြောင့် ကွဲထွက်သွားပြီး လူသားတွေကို တစ်ယောက်နဲ့တစ်ယောက် သီးခြားဖြစ်သွားစေတာ”

လန်ရှီဟယ်က ပြောလိုက်၏။

“မျှော်နန်းသခင်လုရဲ့ ကြယ်တာရာဒိုင်ခွက်က ဆန်းကြယ်တဲ့ဖိအား ပါဝင်နေတယ်လို့ ပြောတာလား။ ဒါဆို ဒါကို ဘယ်လိုထင်လဲ”

သူမမေးပြီးနောက် လေထဲ၌ သူမ၏ဆံနွယ်များက လွင့်သွားပြီး သူမ လက်ဖဝါးထဲတွင် အဖြူရောင် ကြယ်တာရာဒိုင်ခွက်က ပေါ်လာ၏။ သူမလက်ချောင်းများကြား အပြာရောင်အလင်းဖျော့ဖျော့ ပေါ်လာကာ ကြယ်တာရာဒိုင်ခွက်ပေါ်၌ အလင်းဖျော့ဖျော့ ရှိနေ၏။ သို့သော်ငြား အလင်းဖျော့ဖျော့သည် ခဏတာ လင်းခဲ့ပြီးနောက် ပျောက်ကွယ်သွားတော့သည်။

“ဒါက...” ဝေ့ကျန်းနန်က အင်မတန် အံ့ဩသွားတော့သည်။ သူ့ရှေ့ရှိ အမျိုးသားနှင့် အမျိုးသမီးက မဟာလေဟာနယ်မှ လာလေသလားဟု တွေးမိသွား၏။

လုကျိုးသည် မျက်လုံးထောင့်ကနေ လန်ရှီဟယ်ကို တစ်ချက်ကြည့်လိုက်၏။ ယနေ့ သူမ လုပ်ရပ်များနှင့် စကားများက အလွန်ထူးဆန်းနေ၏။ ဘာကိုသက်သေပြဖို့ ကြိုးစားနေတာလဲ။ မည်သို့ပင်ဆိုစေ ဤကိစ္စကို အချိန်ဆွဲဖို့မသင့်ပေ။

ဝေ့ကျန်းနန်က ဦးထပ်ညွှတ်ပြီး ပြောလိုက်၏။

“ကျုပ်တို့တွေက ထိုက်တောင်တန်းကို မသိခဲ့ဘဲ နောက်ထပ်ပညာရှင်တစ်ယောက်ကို ရန်စလုနီးပါး ဖြစ်ခဲ့တာပဲ”

လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်၏။

“ကိစ္စမရှိဘူး ... ငါက သဘောထားကျဉ်းတဲ့လူ မဟုတ်ဘူး။ မင်းတို့တွေ အမည်မသိကုန်းမြေကို ဘယ်လိုလုပ် ရောက်လာတာလဲ”

ဝေ့ကျန်းနန်က အမှန်အတိုင်းဖြေလိုက်၏။

“ကျုပ်တို့နှစ်ယောက်က ဆုကြေးတာဝန်တစ်ခုကို လက်ခံထားတာပါ။ အဆင့်မြင့်ကျင့်စဉ်တွေ လက်နက်နဲ့ ဆေးလုံးတွေအတွက် လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်ကို ရှာပေးဖို့ အမည်မသိကုန်းမြေကို လာတာပါ။ ဆုကြေးထုတ်အဖွဲ့အစည်းက အမည်မသိကုန်းမြေကို ဦးတည်ပေးတဲ့ သင်္ကေတလမ်းကြောင်းတစ်ခု ရှိပါတယ်။ ဒီနေရာနဲ့ မိုင်ထောင်ချီအကွာမှာရှိတာပါ”

“မိုင်ထောင်ချီအကွာလား”

ထိုစဉ် ဝေ့ကျန်းနန်သည် လုကျိုး၏တောင်းဆိုချက်နှစ်ခုကို ပြန်တွေးမိသွားပြီး အမြန်ပြောလိုက်၏။

“လုချန်းပေ့ ... ချန်းပေ့ရဲ့တောင်းဆိုချက်တွေကို ကျုပ်တို့ညီအစ်ကိုနှစ်ယောက် မကူညီပေးနိုင်တာ ခွင့်လွှတ်ပေးပါ။ ကျုပ်တို့ သင်္ကေတလမ်းကြောင်းကနေ ပြန်ရောက်တဲ့အချိန် တစ်စုံတစ်ယောက်က ကျုပ်တို့ကို ရှာဖွေလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့ ထူးဆန်းတဲ့အသုံးအဆောင်တွေ အဆောင်တွေ ပိုင်ဆိုင်ထားမယ်ဆိုရင် သူတို့သေချာပေါက် ရှာတွေ့သွားမှာ”

ဝေ့ကျင်းယဲ့က ဝင်ပြောလိုက်၏။

“ကျုပ်တို့မှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဒီနေရာကို လာဖို့အသက်စွန့်စားမှာမဟုတ်ပါဘူး"

အဆင့်မြင့်နယ်မြေထဲတွင်တောင် ကျင့်ကြံသူများကို အားကြီးသူနှင့် အားနည်းသူ ခွဲခြားနေသေးသည်။

လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။

“မေ့လိုက်တော့။ ကိစ္စတွေက လွယ်တာမှ မဟုတ်တာ။ မင်းတို့ အမည်မသိကုန်းမြေကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

ဝေ့ကျန်းနန်က ပြောလိုက်၏။ “နှစ်ဝက်လောက်ရှိပါပြီ”

“နှစ်ဝက်လား” လုကျိုးက အံ့ဩသွားတော့၏။ တကယ်ပင် ဤကဲ့သို့ ကြမ်းတမ်းခက်ထန်သော ပတ်ဝန်းကျင်၌ နှစ်ဝက်ကြာရှင်သန်နေထိုင်ဖို့က မဖြစ်နိုင်ပေ။ ကြမ်းတမ်းခက်ထန်သားရဲများကို အမြဲတစေသတိထားရမည်။ အမည်မဲ့မသိကုန်းမြေကို မဆိုထားနှင့် သာမန်လူတစ်ယောက်ကသာ ခြံဝန်းထဲ၌ နှစ်တစ်ဝက်ခန့် နေရမည်ဆိုလျှင် ရူးသွပ်သွားလိမ့်မည်။ သူတို့နှစ်ယောက်၏အခြေအနေကို ဆိုရိုးစကားတစ်ခုဖြင့် ပြီးပြည့်စုံစွာ ဖော်ပြနိုင်၏။ လူတွေက ပိုက်ဆံအတွက်သေတယ်။ ငှက်တွေက စားစရာအတွက် သေဆုံးတယ်။ ဤလောကကြီး၌ ရှင်သန်နေထိုင်ဖို့က မလွယ်ကူလှပေ။

ဝှစ် ဝှစ် ဝှစ်

သားရဲပျံတစ်အုပ်သည် အဝေးရှိ ကောင်းကင်ထဲ စုဝေးလာပြီး တိမ်စိုင်တိမ်လိပ်များ အနည်ထလာသည်။

ဝေ့ကျန်းနန်က နောက်လှည့်ကြည့်ပြီးပြောလိုက်၏။

“အခုသားရဲဘုရင်သေပြီဆိုတော့ သားရဲဘုရင်အသစ်က သူ့နေရာကို ယူလိမ့်မယ်။ ကျုပ်တို့သွားမှရမယ်။ ဒီနေရာက အန္တရာယ်များလွန်းတယ်” ပြီးနောက် သူက လုကျိုးဖက်လှည့်ပြောလိုက်၏။ "လုချန်းပေ့ ကျုပ်ညီအစ်ကိုနဲ့ကျုပ် အစောတုန်းက ခင်ဗျားပြောတဲ့ကိစ္စကို စောင့်ကြည့်နေပါ့မယ်။ နောင်ကျ ထပ်တွေ့ဖို့မျှော်လင့်ပါတယ်”

သူတို့နှစ်ယောက်က လေးနက်စွာ ဦးညွှတ်ပြီးနောက် အဝေးသို့ပျံသန်းသွားတော့သည်။

“သူတို့ကို မတားတော့ဘူးလား” လန်ရှီဟယ်က မေးလိုက်သည်။

“ဘာအကျိုးရှိမှာလဲ” လုကျိုးက မေးလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်ရဲ့ တန်ကြေးက မနည်းလွန်းဘူးလေ” လန်ရှီဟယ်က ပြောလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက် ငါ့အတွက် အသုံးမဝင်ဘူး။ ဒီကမ္ဘာပေါ်မှာ ငါ့ရဲ့မွေးဖွားဇယားချပ်ကို ဖျက်ဆီးမဲ့သူ မရှိဘူး” လုကျိုးက ပြောလိုက်၏။

“...”

ပြီးနောက် သူတို့နှစ်ယောက်သည် အဝေးရှိတိမ်စိုင်တိမ်လိပ်ကို ကြည့်လိုက်၏။ လေအေးက ဖြတ်တိုက်လာသည်။

အရိုးစိမ့်အောင် အေးသည့် လေကြောင်းပေလော။ သို့တည်းမဟုတ် ကနဦးချီ အသုံးပြုမှု များသောကြောင့် ပေလောမသိ လန်ရှီဟယ်သည် အကြိမ်များစွာ ချောင်းဆိုးတော့သည်။

နောက်ဆုံး၌ သူတို့နှစ်ယောက်က ပြန်လှည့်လာပြီး သင်္ကေတလမ်းကြောင်းဆီပျံသွားလိုက်၏။

ကောင်းကင်ထဲ အလင်းတိုင် ပေါ်ထွက်လာပြီးနောက် သူတို့နှစ်ယောက်မြင်ကွင်းထဲ ပျောက်ကွယ်သွားတော့သည်။

အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲရှိ သင်္ကေတခန်းမထဲတွင် ဖြစ်သည်။

သင်္ကေတစက်ဝိုင်းက လင်းထိန်လာပြီး မြည်ဟည်းလာကာ အလင်းတိုင်တစ်ခုပေါ်လာ၏။

အမျိုးသမီးလက်ထောက်နှစ်ဦးက ဘေးနား စောင့်နေကာ လုကျိုးနှင့်လန်ရှီဟယ်တို့ သင်္ကေတစက်ဝန်းထဲ ပေါ်လာသောအခါ ဦးညွှတ်လိုက်၏။

“မျှော်စင်သခင်၊ မျှော်နန်းသခင်လု” အမျိုးသမီးလက်ထောက်နှစ်ဦးက သူတို့နှစ်ယောက်ကို တလေးတစား နှုတ်ခွန်းဆက်လိုက်သည်။

ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က လန်ရှီဟယ်ကို မြင်သောအခါ ခေါင်းမော့ပြီး တအံ့တဩ ဖြစ်သွားလေ၏။

“မျှော်စင်သခင်”

လုကျိုးက လန်ရှီဟယ်ကို လှည့်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။

လန်ရှီဟယ်၏ မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျောနေသည်။ မည်သို့ပင်ဆိုစေ သူမက အားတင်းထားပြီး သူမရှေ့ရှိ မိတ်ဆွေများရှေ့၌ သူမက ထူးမခြားနား ပြောလိုက်၏။

“ကျွန်မ အဆင်ပြေတယ်”

လုကျိုးက ခေါင်းခါပြီး ပြောလိုက်သည်။ “မင်း အခြေအနေ မကောင်းဘူး”

လန်ရှီဟယ်က ပြောလိုက်သည်။

“ကျွန်မကိုယုံ အခု ကျွန်မအဆင်ပြေတယ်”

လန်ရှီဟယ်သည် ယခုဤအဆင့်သို့ရောက်နေပြီဖြစ်သည်။ ထိုသို့တိုင် သူမက ခေါင်းမာနေသေးသည်။ လုကျိုးက ခေါင်းခါပြီးနောက် လက်နောက်ပစ်ထားလျက် သင်္ကေတစက်ဝန်းထဲမှ ထွက်လာသည်။

လုကျိုးသည် သင်္ကေတခန်းမအပြင်သို့ ထွက်တော့မည့်အချိန်တွင် လန်ရှီဟယ်က ပြုံးပြီးပြောလိုက်၏။

“ကျွန်မ နောက်ဆုံး တောင်းဆိုစရာတစ်ခု ရှိပါတယ်။ မျှော်နန်းသခင်လု သဘောတူဖို့ မျှော်လင့်ပါရဲ့”

လုကျိုးက ရပ်တန့်သွားကာ လှည့်မကြည့်ဘဲပြောလိုက်၏။

“မျှော်နန်းသခင်လုနဲ့ နောက်တစ်ခေါက် လက်ရည်ယှဉ်ချင်ပါတယ်”

“ဟမ်”

“လက်ရည်ယှဉ်ရအောင် မျှမျှတတ” လန်ရှီဟယ်က ပြောလိုက်၏။

လုကျိုးက နောက်ဆုံးတော့ လန်ရှီဟယ်ကို လှည့်ကြည့်လိုက်၏။ လန်ရှီဟယ်က ထူးဆန်းသည်ထက် ထူးဆန်းလာသည်။ သူမ မျက်ဝန်းထဲရှိ အပြုံးတစ်ပွင့်၊ လေးနက်တည်ကြည်မှု၊ မျှော်လင့်စောင့်စားမှုတို့ကို တွေ့လိုက်ရသည်။ သူမက ကိစ္စရပ်များကို ဖော်ထုတ်ခဲ့ပြီးဖြစ်ပုံပေါ်သည်။ သူမ ယုံကြည်ချက် ပြန်ရရှိလာ၏။

လုကျိုးက လက်နောက်ပစ်ထားလျက် မေးလိုက်သည်။ “မင်း ငါ့ကို အနိုင်ရဖို့ ယုံကြည်ချက်ရှိလား”

လန်ရှီဟယ်က ခေါင်းခါလိုက်၏။ ပြီးနောက် ခေါင်းပြန်ညိတ်ကာ ပြောလိုက်တော့သည်။

“ရှင် ဘယ်လိုလုပ်ခဲ့လည်း သေချာမသိပေမဲ့ ရှင်ရဲ့အစစ်အမှန်ကျင့်ကြံဆင့်က မွေးဖွားဇယားချပ်၁၂ခု မဟုတ်သလို ၁၃ခု မဟုတ်တာ သေချာတယ်”

“မင်း ဘာလို့ ဒီလိုပြောတာလဲ” လုကျိုးက မေးလိုက်လေ၏။

“အမည်မသိကုန်းမြေက ကျွန်မကို အဖြေပေးတာ” လန်ရှီဟယ်က လက်မြှောက်လိုက်ရာ သူမ လက်ဖဝါးပေါ်၌ အပြာရောင်အလင်း လှစ်ခနဲပေါ်လာလေ၏။ ပြီးနောက် သူမက ပြောလိုက်သည်။

"မိုးနဲ့မြေရဲ့စွမ်းအားလား”

လုကျိုးက ပြောလိုက်သည်။

“စွမ်းအင်အရံအတားက မိုးနဲ့မြေရဲ့စွမ်းအားကို စုပ်ယူပြီး အပြာရောင်ဖြစ်လာတယ်။ ဒါပေမဲ့ မဟုတ်ဘူး မင်းက မှားယွင်းနေတယ်”

“မွန်မြတ်တဲ့ ပစ္စည်းတွေက” လန်ရှီဟယ်က ဆက်လက်ခန့်မှန်းလိုက်၏။

လုကျိုးက ဘာမှဆက်မပြောတော့ပေ။ ဆိုရလျှင် လန်ရှီဟယ်က မည်သည့်နည်းနှင့်မဆို အဖြေကို ခန့်မှန်းနိုင်မှာ မဟုတ်။

ပညာရှင်များအားလုံး၌ လွန်ကဲသော ယုံကြည်ချက်ရှိသည်။ တစ်ခါတစ်ရံတွင် ယုံကြည်ချက်ရှိခြင်းနှင့် ဘဝင်မြင့်ခြင်းကြားတွင် ရှိသော မျဉ်းကြောင်းက အနည်းငယ် ဝေဝါးနေ၏။ ထိုကြောင့် ရှင်းရှင်းလင်းလင်း အကဲဖြတ်နိုင်ရန် အရေးပါသည်။ လူတိုင်းက အကဲမဖြတ်နိုင်တာတော့ ဆိုးလှပေ၏။ လူတိုင်းက ယွီရှန်းရုန်လို စိတ်သဘောထားကြည်လင်ပြီး အမြဲတစေ အမှားလုပ်ခဲတာ မဟုတ်ပေ။ သို့သော် ရှင်းလင်းသည့်ဆုံးဖြတ်ချက်ဖြင့် ဘဝင်မြင့်နေသည့်သူများလည်း ပိုများသည်။

လန်ရှီဟယ်က ယုံကြည်ချက်ရှိခြင်းနှင့် ဘဝင်မြင့်ခြင်းကြား မခွဲခြားနိုင်ပုံပေါ်၏။

လုကျိုးက လှည့်လာလျက် သင်္ကေတခန်းမထဲမှ ထွက်သွားကာ ပြောလိုက်၏။

“လက်ရည်ယှဉ်ဖို့ ကျော်လိုက်ရအောင်။ မျှတတဲ့တိုက်ပွဲဆိုရင် မင်း တစ်ကွက်တောင် ခံနိုင်ရည်မရှိမှာ စိုးတယ်”

လန်ရှီဟယ် “...” သူမ၏ လက်ချောင်းက အနည်းငယ်တုန်ယင်နေ၏။

ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က လန်ရှီဟယ်ဘေးသို့ ရောက်လာကာ သူမကို တွဲပေးလိုက်၏။

“မျှော်စင်သခင် အဆင် ... အဆင်ပြေရဲ့လား”

ဖုန်း

ကောင်းကင်ထဲ မိုးခြိမ်းလာတော့သည်။

လန်ရှီဟယ်က သက်ပြင်းချလျက် သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။

“လန်ရှီဟယ် အချိန်တန်လောက်ပြီ”

ကောင်းကင်က နက်မှောင်နေကာ တိမ်စိုင်တိမ်လိပ်များ ပြည့်နှက်နေပြီး လေပြင်းလျက် အချိန်မရွေး မိုးသက်မုန်တိုင်းများ ကျတော့မည်ဟု ထင်ရသည်။ ရာသီဥတုက ဆိုးရွားလှပေ၏။

ပြီးနောက် အရိပ်တစ်ခုလှစ်ကနဲပေါ်လာကာ လေထဲတွင် ပေါ်ပေါက်လာ၏။

ဘီး

ပေတစ်သိန်းမြင့်သော အဖြူရောင်မျှော်စင်က လှုပ်ခါနေ၏။ လုကျိုးက မော့ကြည့်လိုက်သည်။

အဖြူရောင်မျှော်စင်နားတွင်ရှိသည့် တိမ်စိုင်တိမ်လိပ်များက ကွဲထွက်သွားတော့သည်။ ယင်းသည် ဝတ်ရုံဖြူကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ဖမ်းစားထားတော့သည်။

အကြီးအကဲများက အဝေးကနေ အမြန်ထွက်လာ၏။

ယဲ့ထျန်းရှင်း၊ စီးဝူယာ့နှင့် ရှောင်ယွမ်အာတို့ကလည်း ၇၂လွှာသို့ ပျံသန်းလာတော့သည်။

“မျှော်စင်သခင်လန် ... ရှစ်စွင်းကော” ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

လုကျိုး၏တပည့်သုံးယောက်က ပျံသန်းလာလျက် ထူးထူးဆန်းဆန်းပြုမူနေသော လန်ရှီဟယ်ကို ဖြတ်ကျော်ကာ လုကျိုးနားသို့ ဆင်းသက်လာသည်။

ရှောင်ယွမ်အာက မေးလိုက်၏။ “ရှစ်စွင်း သူ ဘာဖြစ်တာလဲ။ သူ့မျက်နှာက လျိုရှစ်ကျဲထက်ပိုဖြူနေတယ်”

လုကျိုးက လက်နောက်ပစ်ထားလျက် ဆက်လက်လေ့လာလိုက်သည်။ သူသည်လည်း ဘာဖြစ်နေမှန်း မသိပေ။

ထိုစဉ် နဉ်ဝမ်ချင်းက ပျံသန်းလာလျက် ဘေးတွင် ဆင်းသက်လိုက်၏။ သူက နားစွင့်ထားပြီးနောက် ခေါင်းခါလိုက်သည်။

“မျှော်စင်သခင်က အဖြူရောင်မျှော်စင်ရဲ့ စွမ်းအားနဲ့အစီအရင်ကို သုံးပြီး သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ ကောင်းကင်ကို ဖီဆန်ချင်တာ။ ဒါက သူ့ရဲ့တစ်ခုတည်းသောနည်းလမ်းပဲ”

…

အခန်း (၁၁၄၂) တာအိုသင်္ကေတ ၃၀၀၀၀

“ကောင်းကင်ဘုံကို ဖီဆန်ပြီးတော့ ကံကြမ္မာကို ပြောင်းလဲတာလား” စီးဝူယာ့က မော့ကြည့်ရင်း မေးလိုက်သည်။

အဖြူရောင်မျှော်စင်က အလွှာမြင့်မြင့် ကိတ်မုန့်တစ်လုံးနှင့် တူညီ၏။ တိမ်တိုက်အတွင်း ထိုးမတ်နေသည့်အစိတ်အပိုင်းက မီးခိုးတိုင်နှင့် တူသည်။

အဖြူရောင်မျှော်စင်၏ အဓိကကိုယ်ထည်က သိပ်သည်းစွာ ပြည့်နှက်နေသည့် တာအိုသင်္ကေတများဖြင့် ဖုံးလွှမ်းထားသည်။ ထိုတာအိုသင်္ကေတများက အဖြူရောင်အဆောက်အဦးအတွင်း ပုန်းအောင်းနေသည်။ ကနဦးချီ ထွက်ပေါ်လာသည့်အခါ သင်္ကေတများက တစ်ခုပြီးတစ်ခု လင်းလက်ပြီး ပင့်ကူအိမ်သဖွယ် ပျံ့နှံ့လာပေသည်။

လန်ရှီဟယ်က အထက်သို့ ဆက်လက်ပျံသန်းနေသည်။

နဉ်ဝမ်ချင်းက ပြောလိုက်၏။

“မျှော်စင်သခင်လန်က ဒီလိုရွေးချယ်မှု လုပ်ထားတာ ဟိုးကတည်းကပဲ။ သူမရဲ့ ကံကြမ္မာကို သွေဖယ်ဖို့ ကျင့်ကြံဆင့် ချိုးဖောက်တာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သက်တမ်း တိုးမြင့်ဖို့ နည်းလမ်းကို ရှာရမယ်လေ။ နောက်ဆုံးတစ်ခုက အသုံးမဝင်ဘူး။ ရှေ့ကတစ်ခုကတော့ အခွင့်အရေး ရနိုင်တယ်”

နဉ်ဝမ်ချင်းက ဆက်ပြောလိုက်သည်။

“အဖြူရောင်မျှော်စင်က နဂိုတုန်းက ဒီလောက်မမြင့်ဘူး။ ကမ္ဘာရဲ့ အသန့်စင်ဆုံးစွမ်းအားတွေကို စုပ်ယူဖို့အတွက် မျှော်စင်သခင်လန်က အဲဒါကို ပေတစ်သိန်းမြင့်မားအောင် လုပ်ခိုင်းခဲ့တာ။

တာအိုထုံးတမ်းဗိမာန်က အထပ်၈၀မှာ ရှိတယ်လေ အဲဒီနေရာက ကနဦးချီ အသိပ်သည်းဆုံးပဲ။ ကျင့်ကြံရေးအတွက် အကောင်းဆုံးပေါ့။

အဖြူရောင်မျှော်စင်က မာကြောမှုကြောင့် ရပ်တည်နိုင်တာ မဟုတ်ဘဲ နံရံပေါ်မှာရှိတဲ့ တာအိုသင်္ကေတတွေကြောင့်လည်း ပါတယ်။ အနက်ရောင်မျှော်စင်မှာ ကာကွယ်ပေးတဲ့ တာအိုသင်္ကေတ ၃၆၀၀ ရှိတယ်မလား။ အဖြူရောင်မျှော်စင်နဲ့ ယှဉ်လိုက်ရင် သူတို့က ဘာမှမဟုတ်သေးဘူး။ အဖြူရောင်မျှော်စင်က အနည်းဆုံးတာအိုသင်္ကေတ ၃၀၀၀၀ ရှိတယ်”

လုကျိုးနှင့် တခြားသူများက လေထဲ ဆက်လက်မြင့်တက်နေစဲဖြစ်သည့် လန်ရှီဟယ်ကို ဆက်လက် စိုက်ကြည့်နေကြသည်။

လန်ရှီဟယ်သည် အသက်ရှင်သန်ဖို့ရာအတွက် နည်းလမ်း မှန်သမျှ ကြိုးစားခဲ့သည်ကို တွေးကြည့်လို့ ရပေသည်။ သူမက အမည်မသိကုန်းမြေထဲ အကြိမ်ရေတချို့ခိုးဝင်ခဲ့ဖူးသည် မဟုတ်ပါလော။

နဉ်ဝမ်ချင်းက ထပ်ပြောလိုက်သည်။

“တာအိုသင်္ကေတ ၃၀၀၀၀က အဖြူရောင်မျှော်စင်ကို အားဖြည့်ပေးရုံတင် မကဘူး ပတ်ဝန်းကျင်က ကနဦးချီတွေကိုလည်း စုဝေးပေးတယ်။ မျှော်စင်သခင်လန်က နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့ကို အသုံးပြုပြီးတော့ အဲဒီစွမ်းအားကို အသက်သွင်းနိုင်တယ်လေ”

ထို့‌နောက် သူက ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။

“မျှော်စင်သခင်လန်က မျှော်နန်းသခင်လုနဲ့ တိုက်ခိုက်တုန်းက စွမ်းအားအပြည့်အဝ ထုတ်သုံးမထားဘူး။ လုဝူနဲ့ ရင်ဆိုင်တုန်းကလည်း စွမ်းအားအပြည့် ထုတ်သုံးမထားခဲ့ဘူး”

လန်ရှီဟယ်နှင့် နဉ်ဝမ်ချင်းတို့၏ အပြုအမူအရ သူတို့သည် လိမ်ညာနေဟန်မပေါ်ပေ။ မွေးဖွားဇယားချပ် ၁၃ခု အသက်သွင်းထားနိုင်သည့်သူက ကျင့်ကြံရေးတွင် အမှားလုပ်ခဲ့မိသည် ဆိုလျှင်ပင် လျှို့ဝှက်နည်းလမ်း မည်သို့မရှိဘဲ နေမည်နည်း။ အကယ်၍ သူမက စွမ်းအားအပြည့်အဝ ထုတ်မသုံးလျှင် သူမ၏ စွမ်းအားက မည်သို့ဖြစ်မည်နည်း။

တာအိုသင်္ကေတများက ပထမအလွှာမှ အလွှာသုံးဆယ်အထိ ဆက်လက် လင်းလက်လာခဲ့သည်။ သူတို့က တစ်လွှာပြီးတစ်လွှာ ဆက်လက် တောက်ပနေဆဲ ဖြစ်၏။

ရှောင်ယွမ်အာကလည်း ပြန်လည် ပြောလိုက်သည်။

“ကျွန်မရဲ့ ရှစ်စွင်းကလည်း စွမ်းအားပြည့် ထုတ်မသုံးခဲ့ပါဘူး”

နဉ်ဝမ်ချင်းက ရှောင်ယွမ်အာ၏ စကားကို မတုံ့ပြန်ဘဲ ပြောလိုက်သည်။

ရှောင်ယွမ်အာက နဉ်ဝမ်ချင်းကို ကြည့်ကာ သူက မမြင်နိုင်ကြောင်း အမှတ်ရသွားလေ၏။ သူမက မေးလိုက်သည်။

“ရှင်က မယုံဘူးလား”

“မင်းကို ယုံပါတယ် … ဒါပေါ့ ယုံတာပေါ့”

နဉ်ဝမ်ချင်းက အသာပြုံးကာ ပြောလိုက်သည်။ သူက ရှောင်ယွမ်အာသည် အတွေ့အကြုံ နုနယ်သေးပြီး အသက်အရွယ် ငယ်ရွယ်သေးသည့်အတွက် သူမနှင့် ငြင်းဆန်ရအောင် သူ့ကိုယ်သူ နိမ့်ကျစေမည် မဟုတ်ပေ။

သို့သော်လည်း ရှောင်ယွမ်အာဘေးတွင် ရပ်နေသည့် စီးဝူယာ့က ယဉ်ယဥ်ကျေးကျေး ဝင်ပြောလာခဲ့သည်။

“အကဲဖြတ်သူနဉ် ကျုပ်တို့ကို ခွင့်လွတ်ပေးပါ။ ကျုပ်ရဲ့ ကျိုးရှစ်မေ့က တဲ့တိုးပဲ ပြောတတ်လို့ပါ။ သူတို့က နားထောင်ရတာ နားကလောနေပေမဲ့ အမှန်တရားတွေပါ”

နဉ်ဝမ်ချင်းက ပြောလိုသည့် စကားများကိုပင် ပြန်လည်မြိုချလိုက်ရသည်။

တာအိုသင်္ကေတများက ဆက်လက်တောက်ပနေဆဲ ဖြစ်၏။

သူတို့က အထပ်၈၀သို့ ရောက်သောအခါ လန်ရှီဟယ်က ရပ်တန့်သွားခဲ့သည်။ နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့ကလည်း နှစ်ပိုင်းကွဲထွက်သွားကာ သူမ၏ ဘေးဘက်သို့ ပျံသန်းလာ၏။

ပတ်ဝန်းကျင် ကနဦးချီများကလည်း စတင်ထွက်ပေါ်လာကာ လေဟုန်ပင် တိုက်ခတ်သွား၏။

“အားလုံး အာရုံစိုက်ကြ”

အကြီးအကဲများက အဖက်ဖက်သို့ ပျံသန်းသွားကာ ကနဦးချီက အဝေးသို့ ပျံ့နှံ့သွားပြီး အပြစ်ကင်းသူများကို သက်ရောက်မှု မရှိအောင် ကာကွယ်ပေးလိုက်ကြသည်။

လန်ရှီဟယ်က လုကျိုးကို ငုံ့ကြည့်လိုက်၏။

“အောင်မြင်နိုင်ခြေက နည်းပါးမှန်း သိပေမဲ့ ကျွန်မ ကြိုးစားကြည့်ချင်တုန်းပဲ”

လုကျိုးက ဘာမှမပြောပေ။

လန်ရှီဟယ်က ရုတ်တရက်ဆိုသလို တိမ်တိုက်ဆီ ပျံသန်းသွားသည်။

အလွှာ ၁၀၀ မြောက်အနီးတွင် အဖြူရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းဆိုသလို တာအိုသင်္ကေတများက လင်းလက်လာပြီး မျှော်စင်ထိပ်ဆုံးအထိ ရောက်ရှိလာကာ အလင်းက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အလင်းပေးနေသည်။

ကောင်းကင်ရှိကနဦးချီက လေမုန်းတိုင်သဖွယ် လှည့်ပတ်လာ၏။

ဝုန်း

လျှပ်စီးများက စတင်လင်းလက်လာကာ မိုးကြိုးသံများလည်း လိုက်ပါလာခဲ့သည်။

ကောင်းကင်ရှိ ကနဦးချီက စွမ်းအားစည်းတံဆိပ်အဖြစ် ပြောင်းလဲသွားကာ တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့ဆုံနေကြပြီး မိုးကြိုးသံထက်ပင် ကျယ်လောင်သည့် အသံများကို ဖန်တီးလာသည်။

နဉ်ဝမ်ချင်းက ရုတ်တရက် ပျံသန်းသွားကာ လေထဲ ရပ်တန့်လိုက်သည်။ သူ့အကြည့်ထဲ ခပ်ယဲ့ယဲ့ အပြုံးမျိုး ရှိနေ၏။

ခဏအကြာတွင် သူက မြောက်ဘက်သို့ ပျံသန်းသွားကာ မျက်မှောင်အသာကြုတ်လိုက်သည်။

“တာ့မင်ကလူတွေ ရောက်လာပြီ”

စီးဝူယာ့က ချက်ချင်းဆိုသလို သဘောပေါက်သွားလေ၏။ ထို့နောက် သူကပြောလိုက်သည်။

“ဖြစ်ချင်တော့ သူမက နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ချင်ပေမဲ့ တာ့မင်က သူတွေက ဒီအခွင့်အရေးကို ယူပြီး ပြဿနာလာရှာမှာကို စိုးနေခဲ့တာပဲ။ အဲဒါကြောင့် ရှစ်စွင်းကို ဒီမှာနေဖို့ ဖိတ်ကြားနေတာ မထူးဆန်းတော့ပါဘူး”

လုကျိုးက လက်နောက်ပစ်ကာ ရပ်လျှက်ရှိသည်။ သူက ထိုအရာကို မှန်းဆထားပြီးသား ဖြစ်၍ မေးလိုက်သည်။

“ငါက အဖြူရောင်မျှော်စင် အဖွဲ့အစည်းဘက်ကနေ ရပ်တည်ပေးမယ်ဆိုတာ သေချာလား”

နဉ်ဝမ်ချင်းက ထိုစကားများကို ကြားသည့်အခါ မလုံမလဲ အမူအယာမျိုး ဖြစ်လာလေသည်။

တင်းလင်းက အဝေးမှ ပျံသန်းလာကာ ပြောလိုက်သည်။

“မျှော်နန်းသခင်လုကို အသုံးချဖို့က မျှော်စင်သခင်လန်ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး”

ဤတစ်ကြိမ် လန်ရှီဟယ်၏ အသံက အပေါ်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

“ကျွန်မ အောင်မြင်မြင် ကျရှုံးရှုံး ကျွန်မက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင် မဟုတ်တော့ဘူး”

ဝှစ်

နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့က မျက်စိစူးလောက်ဖွယ် အလင်းတန်းကို ထုတ်လွှတ်လာသည့်အတွက် အဖြူရောင်ကြာပွင့်ကလည်း စတင်လည်ပတ်လာသည်။

ဝုန်း ဝုန်း ဝုန်း

ကောင်းကင်ရှိ လျှပ်စီးများက တဖြတ်ဖြတ်လက်လာကာ စွမ်းအားစည်းတံဆိပ်ကလည်း စတင် ဗြောင်းဆန်လာလေ၏။

ဘန်း ဘန်း ဘန်း

စွမ်းအားစည်းတံဆိပ် ပမာဏ အမြောက်အများက အဖြူရောင်မျှော်စင်ဆီ ကျရောက်လာစဉ် တာအိုသင်္ကေတ ၃၀၀၀၀ကျော်က ပြိုင်တူ လင်းလက်လာသည်။

ဝုန်း

အပြာရင့်ရင့် လျှပ်စီးများက ကျဆင်းလာပြီး တိမ်တိုက်ကို ထိုးခွင်းခဲ့သည်။ ထိုအရာက လန်ရှီဟယ်၏ နေရာဆီမရောက်ခင် အဖြူရောင်မျှော်စင်မှ ကျဆင်းလာလေ၏။

ဤတစ်ကြိမ် နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့က အထက်သို့ ပျံသန်းသွားကာ မျှော်စင်၏ ထိပ်နားတွင် ဝေ့ဝဲနေကြသည်။

ဝှစ်

အဖြူရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့် မိုးမြေကြားမှ စွမ်းအားတို့ကြားမှ ပဲတင်သံက ထွက်ပေါ်လာခဲ့သည်။

လုကျိုးက ထိုအရာကို မြင်မှ မျက်မှောင်ကြုတ်လိုက်၏။ သူကသာ အံ့အားသင့်နေခြင်း မဟုတ်ပေ။ ထိုအစား သူက ခေါင်းအသာယမ်းကာ သက်ပြင်းချလိုက်သည်။

ကမ္ဘာကူးလာသူ တစ်ယောက်အနေဖြင့် သူက ‌‌မွေးဖွားဇယားချပ် ၁၂ ခုပညာရှင် ဖြစ်နေလျှင်ပင် ကောင်းကင်စမ်းသပ်ချက်မိုးကြိုးကို ရင်ဆိုင်ဖို့ နှစ်ကြိမ် ပြန်လည်စဉ်းစားရလိမ့်မည်။

ကျင့်ကြံရေးလောကကို သာမန်အမြင်ဖြင့် ဆုံးဖြတ်၍ မရနိုင်သော်လည်း လူသားများက အသွေးအသားဖြင့် ဖွဲ့စည်းထားသည် မဟုတ်ပါလော။

ထိုအရာ၏ စွမ်အားက လူတစ်ယောက်ကို ပြာဖြစ်သွားစေနိုင်သည်။

ကျင့်ကြံသူ မည်မျှက ထိုအရာ၏ စွမ်းအားကို ခုခံနိုင်ကြမည်နည်း။

ထိုအရာကို စမ်းသပ်ကြည့်ဖို့ မည်သူကမှ ယုံကြည်ချက် မရှိကြ၍ ဘယ်သူကမှ မသိကြပေ။

ဝုန်း

စွမ်းအားစည်းတံဆိပ်နှင့် လျှပ်စီးတို့က ပြိုင်တူလင်းလက်လာသည့်အခါ သူတို့က မိုးကြိုးချက်၏ အဆင့်နိမ့်ပုံစံမျိုး ဖြစ်လေသည်။

ဤတစ်ကြိမ် အဖက်ဖက်မှ ကျင့်ကြံသူများက ပြေးဝင်လာကြသည်။

နဉ်ဝမ်ချင်းက အဖြူရောင်မျှော်စင်အဖွဲ့သားများထံ အသံပို့ဆောင်ကာ ပြောလိုက်သည်။

“အပြင်လူတွေကို အနီးကပ်ခွင့်မပြုဘူး။ မဟုတ်ရင် သက်ညှာခြင်းမရှိဘဲ သတ်ပစ်”

အဝေးမှ အသံတစ်သံထွက်ပေါ်လာခဲ့၏။

“ကျုပ်က တာ့မင်ရဲ့ မင်းဆရာ ကုန်းစွန်းယွမ်ရွှမ်းပါ။ ကျုပ်က မျှော်စင်သခင်လန်ရဲ့ ကျန်းမာရေးကို စိုးရိမ်လို့ရောက်လာတာပါ”

အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ နောက်ထပ် အကဲဖြတ်သူ ပိရှောက ပြန်ပြောလိုက်သည်။

“ကျုပ်တို့ဘက်ကလည်း နောက်ဆုံးအနေနဲ့ ပြောမယ်။ ဘယ်သူ့ကိုမှ အနီးကပ်ခွင့်မပြုဘူး”

ထင်ထားသည့်အတိုင်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက အနီးမကပ်ကြပေ။ သူတို့က လမ်းကြောင်းတွင်ရပ်ကာ ပေ ၁၁၅၀ မြင့်မားသည့် အဖြူရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မော့ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာအထက် အံ့အားသင့်မှုနှင့်လေးစားမှုတို့ကို မြင်တွေ့နိုင်လေသည်။

ကုန်းစွန်းယွမ်ရွှမ်းက အသံပို့ဆောင်ကာ ပြောလိုက်သည်။

“ကျုပ် အကြံကို နားထောင် … သေမျိုးတွေက မိုးမြေရဲ့ စွမ်းအားကို မထိန်းချုပ်နိုင်ဘူး”

“မင်းဆရာ စိုးရိမ်ပေးနေဖို့မလိုပါဘူး” ပိရှောက ပြန်ပြောလိုက်သည်။

ဝုန်း

နောက်ထပ် လျှပ်စီးချက်က အဖြူရောင်မျှော်စင်ထံ ကျရောက်လာခဲ့သည်။

တစ်ချိန်တည်းဆိုသလို တာအိုသင်္ကေတ ၃၀၀၀၀ ကျော်က လင်းလက်လာပြီး စိတ်ဝိညာဉ်သဏ္ဌာန်အနီးတွင် မစုဝေးခင် အလင်းက အပြာရောင်တောက်ပလာခဲ့သည်။

စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက ပျံသန်းသွားပြီး လျှပ်စီးမှ စွမ်းအားကို ဝင်ဖျက်လိုက်သည်။

မိုးမြေ၏ စွမ်းအားက ကြယ်တာရာဒိုင်ခွက်အတွင်း စီးဆင်းသွားကာ တြိဂံ ၃၆ခုအား အပြင်းအထန် လည်ပတ်လာစေပြီး အရွယ်အစား ကြီးမားလာသည်။

လန်ရှီဟယ်က သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။

“မျှော်စင်သခင်”

“မျှော်စင်သခင်လန်”

ထိုအရာကို မြင်ကာ ကုန်းစွန်းယွမ်ရွှမ်းက လက်ဝှေ့ပြီး ပြောလိုက်သည်။

“သွားပြီး တစ်ချက်ကြည့်ကြမယ်”

ကျင့်ကြံသူအားလုံးက အဖြူရောင်မျှော်စင်ဆီ ချဉ်းကပ်လာကြသည်။ ဤတစ်ကြိမ် ပေတစ်သိန်း မြင့်မားသည့် အဖြူရောင်မျှော်စင်ထိပ်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“မင်းတို့အားလုံး ထွက်သွားစမ်း”

မှိန်ဖျော့ဖျော့အလင်းတန်းက လန်ရှီဟယ်၏ မျက်ဝန်းထက် ထွက်ပေါ်လာကာ သက်ရှိအားလုံးကို ကျော်ဖြတ်သွားလေသည်။

ဤသည်က ကုန်းစွန်းယွမ်ရွှမ်းနှင့် ကျင့်ကြံသူများကို ရပ်တန့်သွားစေ၏။

“အားပြင်းလိုက်တဲ့ စွမ်းအားပဲ။ အားလုံးရပ်ကြ” ကုန်းစွန်းယွမ်ရွှမ်းက ပြောလိုက်သည်။

ဤသို့ဖြင့် မည်သူကမှ ရှေ့မတိုးရဲကြတော့‌ပေ။

ဝုန်း

နောက်ထပ် မိုးကြိုးချက်က ထပ်မံ ကျဆင်းလာပြန်သည်။

ဘန်း

အဖြူရောင်မျှော်စင်မှ အပြိုအပျက်များ စတင်လိမ့်ကျလာသည့်အတွက် အားလုံးက အလန့်တကြား ဖြစ်သွားကြသည်။

ကုန်းစွန်းယွမ်ရွှမ်းကက သူ့လူများကို အနီးနားသို့ ခေါ်လိုသော်လည်း ကြောက်မက်ဖို့ကောင်းသည့် စွမ်းအားကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့လူများကို နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။

“နောက်ဆုတ်ကြ”

တာ့မင်၏ ကျင့်ကြံသူများက မီတာ ၁၀၀၀ နောက်ဆုတ်လိုက်ကြသည်။

တိမ်မဲက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

လန်ရှီဟယ်၏ အမူအယာက ပိုမိုမသက်မသာဖြစ်လာလေ၏။

“နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်း”

နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့က အဖြူရောင်မျှော်စင်ထိပ်တွင် အပြင်းအထန် လှည့်ပတ်လာကြသည်။

ခဏအကြာတွင် သူကခေါ်လိုက်ပြန်သည်။

“ကြယ်တာရာစက်ဝန်း”

ဤသို့ဖြင့် အဖြူရောင်မျှော်စင်ထက် ကြီးမားသည့် ကြယ်တာရာစက်ဝန်းက လန်ရှီဟယ်ကို အဖြူရောင်မျှော်စင်ထိပ်သို့ ခေါ်ဆောင်သွားလေသည်။

…

အခန်း (၁၁၄၃) ကောင်းကင်ကို တုန်လှုပ်စေ

တာအိုသင်္ကေတသုံးသောင်းသည် အဖြူရောင်မျှော်စင်၏အမြင့်ဆုံးနေရာထိ ရောက်သွားတော့သည်။ ပင့်ကူအိမ်ကဲ့သို့ တာအိုသင်္ကေများက အဖြူရောင်အလင်းဖြင့် လင်းလက်နေလေ၏။ ပြီးနောက် သင်္ကေတများသည် မျှော်စင်မှ မြင့်တက်လာပုံရကာ အဖြူရောင်ကြယ်တာရာဒိုင်ခွက်ဆီ ကပ်တွယ်သွားပြီး စက်ဝိုင်းတစ်ခု ဖွဲ့တည်လိုက်၏။

ယင်းက ဤနေရာရှိလူများ သူတို့ဘဝတွင် မြင်ဖူးသည့် တာအိုသင်္ကေတအရေအတွက် အမြင့်ဆုံး ဖြစ်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ တာအိုသင်္ကေတ၃၆၀၀၀က လောကကြီးကို မှင်သက်စေဖို့ လုံလောက်နေပြီးသားဖြစ်သည်။ စက်ဝိုင်းသင်္ကေတရှိနေသည့် တာအိုသင်္ကေတ ၃၀၀၀၀ဟု ပြောရန် မလိုအပ်တော့ပေ။

ဖုန်း

မီတာ ၅၀၀၀၀ အကျယ်ရှိ ဝေဟင်က တိမ်စိုင်တိမ်မဲများ ညိုမဲနေ၏။ ယခုကဲ့သို့ နေ့ခင်းကြောင်တောင်၌ ညအမှောင်ယံဆင်းသက်လာသလိုပင် မိုးကြိုးများ လျှပ်စီးများက ဝေဟင်ထဲ တဖျပ်ဖျပ်လက်နေပြီး မိုးသည်းထန်စွာ ရွာသွန်းကျတော့မည့်ပုံ ပေါ်၏။

“အရှင် အဖြူရောင်မျှော်စင်နား ချဉ်းကပ်ရဦးမှာလား” ကျင့်ကြံသူတစ်ယောက်က ကုန်းစွန်းယွမ်ရွှမ်းကို မေးလိုက်၏။

ကုန်းစွန်းယွမ်ရွှမ်းက ဝေဟင်ထဲရှိ အဖြူရောင်ကြယ်တာရာဒိုင်ခွက်ကို ကြည့်ပြီးပြန်ပြောလိုက်သည်။

“မလိုဘူး”

“ဘာလို့လဲ။ သူ အောင်မြင်သွားရင်ကော” ကျင့်ကြံသူက မေးလိုက်လေ၏။

“သူက ကောင်းကင်ကို ဖီဆန်ပြီး ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေတာ။ ရှေးခေတ်ကာလတည်းက အောင်မြင်ခဲ့တဲ့သူ များများစားစားမရှိဘူး။ ကောင်းကင်ဘုံထဲမှာ ငါတို့က ပုရွက်ဆိတ်တွေပဲ။ သူက မိစ္စာဝေဟင်မျှော်နန်းနဲ့ ဆက်ဆံရေးကောင်းရှိရင်တောင် ကိစ္စမရှိဘူး။ ဒီကိစ္စမှာ သူတို့ သူ့ရဲ့အောင်မြင်မှုကို ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ သူ အောင်မြင်မလားဆိုတာ ငါလည်း သိချင်တယ်”

ကျင့်ကြံသူက ခေါင်းညိတ်ပြီးနောက် ဝေဟင်ထဲ၌ ဆန်တက်လာသည့် ကနဦးချီများကို လှည့်ကြည့်လိုက်သည်။

ကောင်းကင်ထဲတွင် တိမ်စိုင်တိမ်မည်းများက အနက်ရောင်နဂါးများပမာ သွားလာနေပြီး လျှပ်စီးများသည် မိုးခြိမ်းသံများနှင့်အတူ ပေါ်ပေါက်လာသည်။

မိုးနှင့်မြေ၏စွမ်းအားက အဖြူရောင်ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွားစဉ် တရှဲရှဲအသံများ မြည်လာ၏။ အလင်းစက်ဝန်းသည် ကြယ်တာရာဒိုင်ခွက်ကို ထိမိတိုင်း၌ လှိုင်းဂယက်ထသွားသည်။

တာအိုသင်္ကေတ ၃၀၀၀၀သည် ကြယ်တာရာဒိုင်ခွက်ဆီ ဆက်လက်ကပ်တွယ်နေ၏။ ၎င်းသည် ပိုမိုသိပ်သည်းပြီး လေးလံလာဖို့ အချိန်သိပ်မယူရပေ။ ယခင်ကထက် ပိုတောင် တောက်ပသောအလင်းများဖြင့် ထွန်းလင်းနေတော့သည်။

ယင်းကိုမြင်သောအခါ စီးဝူယာ့က အထိတ်တလန့်ပြောလိုက်လေ၏။

“အဖြူရောင်မျှော်စင်က မိုးနဲ့မြေရဲ့စွမ်းအားကို ကြယ်တာရာဒိုင်ခွက်ထဲကို ပို့ပေးနေတာ။ သူက ဒီနည်းလမ်းနဲ့ အဆင့်တက်ဖို့ မျှော်လင့်နေတာပဲ။ ရဲတင်းလိုက်တဲ့အကွက်ပဲ”

ထိုစဉ် ရှောင်ယွမ်အာက မေးလိုက်လေ၏။

“ချိရှစ်ရှိုး မိုးနဲ့မြေ စွမ်းအားက မိုးကြိုးလျှပ်စီးလား”

“အဲ့လိုမျိုးဟာပဲ” စီးဝူယာ့က ရှင်းပြလိုက်၏။

“လူသားတွေက လျှပ်စီးကိုမြင်နိုင်ပြီး မိုးခြိမ်းသံကို ကြားနိုင်တယ်။ သူတို့တွေက တောင်တန်းတွေနဲ့ ကျောက်တုံးတွေကို ခွဲနိုင်တဲ့လျှပ်စီးစွမ်းအားကို မျက်မြင်တွေ့ရတာ။ ဒီလိုစွမ်းအားမျိုးက တုန်လှုပ်ဖို့ ကောင်းပြီး ခမ်းနားထည်ဝါတယ်။ ဒီလိုစွမ်းအားရှေ့မှာဆို လူသားတွေက မပြောပတော့ဘူး။ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေက လျှပ်စီးဖိအားပြည့်စွမ်းအားကို တစ်စိတ်တစ်ပိုင်း ခုခံနိုင်စွမ်းရှိပေမဲ့ သူတို့ခဏတဖြုတ်ပဲ တောင့်ခံထားနိုင်မှာ။ ဒါ့အပြင် သူတို့အဲဒါတွေကို အနိုင်မယူနိုင်ဘူး။ လူသားတွေက ရှင်သန်နိုင်စွမ်းကို ကျင့်ကြံတယ်။ ရှင်သန်နိုင်စွမ်းက စွမ်းအင်အဖြစ် ပြောင်းလဲသွားတဲ့အခါ အဖျက်စွမ်းအား ပါဝင်လာတယ်။ ဒါပေမဲ့ အဲ့ဒီစွမ်းအားက မိုးနဲ့မြေစွမ်းအား ကိန်းအောင်းနေတဲ့ လျှပ်စီးနဲ့ မတူဘူး။ မိုးနဲ့မြေစွမ်းအားကို ထိန်းချုပ်အသုံးချဖို့ဆိုရင် သတ္တိလိုအပ်တယ်”

ရှောင်ယွမ်အာသည် စီးဝူယာ့၏ စကားကို အပြည့်အဝနားမလည်သော်ငြား ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူက မေးလိုက်တော့သည်။

“မမလန်က အန္တရာယ်နဲ့ တွေ့မှာလား”

“ဟုတ်တယ် သူ အန္တရာယ်များနေတယ်”

ဖုန်း

လေထဲ၌ နောက်ထပ်မိုးခြိမ်းသံကျယ်လောင်စွာ ပေါ်လာပြီးနောက် အားနည်းသည့်ကျင့်ကြံသူများစွာ၏ ခေါင်းနှင့် နားစည်ကို ထိခိုက်နာကျင်သွားစေသည်။

ကျင့်ကြံသူမဟုတ်သည့် သာမန်လက်ထောက်တချို့ကမူ မြေပြင်ပေါ်ချက်ချင်းပြုတ်ကျကုန်ကာ သူတို့၏ ဒွာရ၇ပေါက်မှ သွေးစီးကျလာ၏။ ယင်းက သာမန်မိုးကြိုးမဟုတ်ပေ။ မိုးနှင့်မြေ၏ စွမ်းအား ပါဝင်နေသော ဤမိုးကြိုးပစ်ချက်သည် တာအိုသင်္ကေတ၃၀၀၀၀နှင့် ဆွဲခေါ်ခံလိုက်ရသည်။

ဘန်း ဘန်း ဘန်း ဘန်း

ထိုစဉ် လျှပ်စီးများလက်လာပြီး အဖြူရောင်မျှော်စင်ကို တပြိုင်နက်တည်းထိမှန်သွားတော့၏။

တာအိုသင်္ကေတ ၃၀၀၀၀၏ အကာကွယ်ဖြင့်တောင် တိမ်တိုက်များအထိ ထိုးထွက်နေသော မျှော်စင်သည် မိုးကြိုးပစ်ချက်ကို မရှောင်ရှားနိုင်ခဲ့ပေ။

ပတ်ဝန်းကျင်ထဲရှိ အဖြူရောင်မျှော်စင်အဖွဲ့အစည်းကျင့်ကြံသူများက တန်ပြန်သက်ရောက်မှုကို ပိတ်ဆို့ရန် သူတို့၏ ကာကွယ်ရေးစွမ်းအင်များကို ထုတ်သုံးလိုက်၏။

ဖုန်း ဖုန်း ဖုန်း

မီးပွင့်များက လက်လာသည်။

အဖြူရောင်ကြယ်တာရာဒိုင်ခွက်က ထိခိုက်မှုတစိတ်တပိုင်းကို စုပ်ယူနိုင်ခဲ့စဉ် ကျန်သည့်ဖိအားက ထူးဆန်းသော ရှုထောင့်ကနေ အဖြူရောင်မျှော်စင်ကို ထိမှန်သွားပြီးနောက် လန်ရှီဟယ်ကို ထိမိပြီး ပြန်ကန်လာ၏။

လေထဲတွင် ဆံနွယ်များလွင့်နေသော လန်ရှီဟယ်က ချက်ချင်းပင် သွေးတစ်ပွက်အန်လိုက်ရ၏။

လူတိုင်း အထိတ်တလန့် အော်လိုက်သည်။

ဖုန်း ဖုန်း ဖုန်း

ယခင်ကထက်ပိုသန်မာသည့် မိုးကြိုးများပစ်ခတ်လာတော့သည်။

အဖြူရောင်မျှော်စင်၌ အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာ၏။ တာအိုသင်္ကေတ၏ အကာအကွယ်က ယခင်ကလောက် အားကောင်းသည့်ပုံ မပေါ်ပေ။

ယင်းကိုမြင်သောအခါ ကျင့်ကြံသူများစွာသည် ရှေ့တိုးသွားလျက် ကြယ်တာရာဒိုင်ခွက်ကို ပံ့ပိုးပေးရန် ရည်ရွယ်ခဲ့သည်။ သူတို့လေထဲပျံသန်းချိန်၌ မိုးကြိုးပစ်တာခံလိုက်ရသည်။ သူတို့ဆံပင်များ မီးကျွမ်းကုန်ပြီး သူတို့မျက်နှာများက ကျောက်မီးသွေးကဲ့သို့ဖြစ်နေကာ ဝေဟင်မှ ပြုတ်ကျလာတော့သည်။

ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး ကုန်းစွန်းယွမ်ရွှမ်းက အမြန်ပြောလိုက်၏။ “နောက် ထပ်ဆုတ်မယ်”

တာ့မင်ကျင့်ကြံသူများသည် နောက်ထပ် မီတာတစ်ရာဆုတ်ခွာ၏။ သူတို့နည်းနည်းပိုလုံခြုံသွားသည်ဟု ခံစားလိုက်ရသည်။ သူတို့က ဝေဟင်ထဲရုန်းကန်နေသော လန်ရှီဟယ်ကို ကြည့်ပြီး သူမ အချိန်မရွေး ပြုတ်ကျလာနိုင်သည်ဟု ထင်နေသည်။ သို့သော် ယင်းက သူမ၏ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို စမ်းသပ်ပေးနေတာလည်းဖြစ်သည်။ ယင်းက သူမ၏ကြောက်မက်ဖွယ်ကောင်းသော ခွန်အားအတွက် အထောက်အထားလည်းဖြစ်၏။

ဤနည်းဖြင့် သူတို့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလျက် ပွဲကို အေးအေးလူလူကြည့်နေသည်။

“လန်ရှီဟယ် ရှင်လိမ့်မယ်လို့ မထင်ဘူး။ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးသား။ ငါတို့ တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ မိုးကောင်းကင်က ငါတို့ဖက်မှာ ရှိနေတဲ့ပုံပဲ”

ကုန်းစွန်းယွမ်ရွှမ်းက တောက်ပသည့်အကြည့်ဖြင့် ပြောလိုက်၏။

“တော်ဝင်မင်းဆရာက အမြော်အမြင်ရှိပါပေတယ်”

စီးဝူယာ့က အသံတိုးတိုးဖြင့်မေးလိုက်၏။

“ရှစ်စွင်း ကျွန်တော်တို့ သူ့ကို ကူညီသင့်လား”

လုကျိုးက ဝေဟင်၌ တဖျပ်ဖျပ်လက်နေသော လျှပ်စီးကိုကြည့်ပြီးပြောလိုက်၏။

“ငါတို့ သူ့ကို မကူညီနိုင်ဘူး”

ရှောင်ယွမ်အာက အထိတ်တလန့်ဖြစ်သွားကာ မေးလိုက်တော့၏။

“ဘာလို့လဲ”

“အန္တရာယ်များလွန်းတယ်” လုကျိုးက ပြန်ပြောလိုက်၏။

“ဒီစွမ်းအားက လူသားကျင့်ကြံဆင့်အတွက် အကန့်အသတ်ထက်ကျော်လွန်တယ်။ လန်ရှီဟယ်က ကြယ်တာရာဒိုင်ခွက်နဲ့ တာအိုသင်္ကေတကပေးတဲ့ခုခံမှုကို အားကိုးပြီးအခုချိန်အထိ ရှင်နိုင်တာ”

ထိုစကားများကို ကြားသည့်နဉ်ဝမ်ချင်းကလည်း သက်ပြင်းချလိုက်သည်။ စီးဝူယာ့က ခေါင်းညိတ်ပြီး ပြောလိုက်၏။

ဖုန်း

အဖြူရောင်မျှော်စင်က မိုးကြိုးပစ်တာခံလိုက်ရပြီး လဲကျလာ၏။

အဖြူရောင်မျှော်စင်အဖွဲ့သားများက ရှောင်တိမ်းလိုက်၏။

ထိုစဉ် နဂါးတစ်ကောင်နှင့်တူသည့် ခရမ်းရောင်မိုးကြိုးက ဖျက်ခနဲလက်လာပြီး ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွားတော့သည်။

“အဲဒါဘာလဲ” လူတိုင်း အထိတ်တလန့်ဖြစ်သွားတော့သည်။

ထိုစဉ် အဖြူရောင်အဖွဲ့အစည်းကျင့်ကြံသူအားလုံး သူတို့၏မျက်လုံး မှိတ်ထား၏။ သူတို့ ဤမြင်ကွင်းကို မကြည့်နိုင်ပေ။

ရှောင်ယွမ်အာတောင် သူမ၏မျက်နှာလှလှလေးကို ကာဖို့ လက်နှစ်ဖက်မြှောက်လိုက်၏။

အဝေးကနေကြည့်နေသော ကုန်းစွန်းယွမ်ရွှမ်းကတောင် နှလုံးခုန်သံမြန်လာတော့သည်။ သူ၏အကြည့်က ထူးဆန်းသောအလင်းတစ်ခု ပြည့်နေကာ သူ့ဖာသာသူတွေးလိုက်၏။ ပြိုင်ဖက်ကင်း လန်ရှီဟယ်က နောက်ဆုံးသေတော့မယ်။

တာ့မင်သည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အုပ်စိုးမှု အဆုံးသတ်မှာကို စောင့်ဆိုင်းနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

ဖုန်း

မိုးကြိုးက ဧရာမအဖြူရောင်ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွား၏။ ကြယ်တာရာဒိုင်ခွက်က တရှဲရှဲ မြည်လာပြီးနောက် လင်းလာတော့သည်။

တစ်ဖက်တွင်မူ အားကောင်းသောရိုက်ချက်က လန်ရှီဟယ်ကို ပြုတ်ကျသွားစေသည်။

နေမင်းလမင်းနှင့် ကြယ်တာရာစက်ဝန်းတို့က နောက်သို့လွင့်ထွက်သွားကာ မရေမတွက်နိုင်သော စွမ်းအင်စည်းတံဆိပ်များ ပစ်ထုတ်တော့၏။

လန်ရှီဟယ်ပြုတ်ကျသွားနှင့် အဖြူရောင်မျှော်စင်ကလည်း ပြိုလဲသွားသည်။

အဖြူရောင်မျှော်စင်အဖွဲ့အစည်း ကျင့်ကြံသူများသည် ပေတစ်သိန်းမြင့်သော အဖြူရောင်မျှော်စင်သည် မိုးနှင့်မြေ၏ စွမ်းအားကြောင့် တဖြည်းဖြည်းချင်း ဖျက်ဆီးခံလိုက်ရတာကို ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်၏။

လန်ရှီဟယ်က ဆက်လက်ပြုတ်ကျနေသည်။

နဉ်ဝမ်ချင်းက မမြင်ရသော်ငြား လန်ရှီဟယ်အမြင့်ကနေ ပြုတ်ကျလာတာကို အာရုံခံမိ၏။ သူက အမြန်အော်ပြောလိုက်သည်။

“မျှော်စင်သခင်လန် ခင်ဗျား အလွှာ၈၀ထက် ကျော်ပြီးကျလို့မရဘူး။ ခင်ဗျား လေ့ကျင့်ရေးခန်းမကို လွန်ရင် အရာအားလုံး အချည်းနှီးဖြစ်သွားမယ်”

အလွှာ၈၀အောက်ရှိ တာအိုသင်္ကေတများက မျှော်စင်ပေါ်တွင် ရှိနေသေးပြီး ကြယ်တာရာဒိုင်ခွက်နှင့် ပူးတွဲထားခြင်းမရှိတာ သိသာ၏။

လန်ရှီဟယ်သည် သူမအောက်ရှိ ကျယ်ဝန်းလှသောမြေကို အလိုလိုကြည့်မိ၏။ သူမ မျှော်စင်ထိပ်ဖျားကနေ မကြာခဏ ကြည့်လေ့ရှိသည့် လှပသောကမ္ဘာပဲဖြစ်သည်။ ယခုအချိန်၌ သူမ ရုတ်တရက် သေးသိမ်သည်ဟု ခံစားလိုက်ရသည်။ သူမမှာ တာအိုသင်္ကေတ၃၀၀၀၀ ရှိတော့ကော ဘာဖြစ်သေးလဲ။ တာအိုသင်္ကေတ ၃သိန်းရှိရင်တောင် သူမ ကောင်းကင်ကို ဖီဆန်နိုင်မှာမဟုတ်ဘူး။ အဆုံးကျ သူမသက်ပြင်းချပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေ၏။

ထိုစဉ် လုကျိုးက သူ၏ကုသိုလ်မှတ်များကို တွက်ချက်လိုက်သည်။ ပြီးနောက် သူက လေးတစ်စင်းပမာ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံထွက်သွားလျက် သူ၏လက်ထဲ၌ ပစ်ချက်မဲ့ကတ်ကို ကိုင်ထားသည်။

နဉ်ဝမ်ချင်းသည် အတက်အကျကို ခံစားမိသောအခါ မဝံ့မရဲလှမ်းခေါ်လိုက်၏။

“မျှော်နန်းသခင်လုလား”

ထိုစဉ် လန်ရှီဟယ်၏ သေခြင်းတရားကို စိတ်အားထက်သန်စွာ စောင့်ကြိုနေသည့် ကုန်းစွန်းယွမ်ရွှမ်းက ကောင်းကင်ထဲရှိ ပုံရိပ်တစ်ခုကို သတိပြုမိသွားသည်။ သူက အသက်ရှုကြပ်သွားလေ၏။

“အဲဒါက မျှော်နန်းသခင်လုလား” ကုန်းစွန်းယွမ်ရွှမ်းဘေးရှိ ကျင့်ကြံသူကမေးလိုက်၏။

“သခင် ကျွန်တော်တို့ အခုဘာလုပ်သင့်လဲ”

“ဆက်စောင့်ကြည့်ထား။ သူတို့အားလုံး သေမယ်လို့ ခံစားမိနေတယ်” ကုန်းစွန်းယွမ်ရွှမ်းက ပြောလိုက်၏။

ကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။

“သခင်က အမြော်အမြင်ရှိပါတယ်”

မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် သေသွားလျှင်တောင် အဖြူရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ ခရမ်းရောင်ကြာနယ်မြေနှင့် အဝါရောင်ကြာနယ်မြေတို့သည် တာ့မင်နှင့် ယှဉ်ပြိုင်နိုင်သည့်အင်အားစု ရှာဖွေရန် ခက်ခဲလိမ့်မည်။

လန်ရှီဟယ်သည် သူမကျရှုံးတော့မည်ဟု တွေးမိချိန်၌ ရွှေရောင်လက်ဝါးစည်းတံဆိပ်က သူမကို အောက်ကနေ ပင့်တင်ပေးလိုက်သည်။

လုကျိုးက ခုန်တက်လာလျက် အပြစ်တင်ဖွယ်ရာမရှိပြောလိုက်သည်။

“မိုက်မဲပြီး အကြောက်တရားကင်းမဲ့တယ်”

လန်ရှီဟယ်က ထိတ်လန့်သွားတော့သည်။ သူမ လှည့်ကြည့်လိုက်ချိန် လုကျိုးက သူ့လက်ကို ကောင်းကင်ကို ဆန့်လိုက်ပြီး ရိုက်ထုတ်လိုက်တာ တွေ့လိုက်ရ၏။

ဖုန်း

ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် မိုးကြိုးကြောင့် ပြိုကွဲသွား၏။

လုကျိုးက ထပ်ရိုက်လိုက်၏။ ရွှေရောင်လက်ဝါးစည်းတံဆိပ်က ထပ်မံပြိုကွဲသွားသည်။ သူက ထပ်တလဲလဲ ရိုက်နှက်နေကာ ရွှေရောင်လက်ဝါးစည်းတံဆိပ်က ထပ်တလဲလဲပြိုကွဲနေ၏။ ၎င်းက အချည်းနှီးပဲ ဖြစ်သည်။ လန်ရှီဟယ်က ပြုံးလျက် ပြောလိုက်တော့သည်။

“အသုံးမဝင်ဘူး။ ဒါ အသုံးမဝင်ဘူး။ ကောင်းကင်ကို ဖီဆန်ပြီး ကံကြမ္မာကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး”

လုကျိုးက သူမ၏ ထူးခြားသောအမူအကျင့်ကို လျစ်လျူရှုထားပြီး ကောင်းကင်ကို လက်ဝါးစည်းတံဆိပ် ထပ်ပို့လွှတ်နေ၏။

အထွတ်အထိပ်ဆန်းကြယ်စွမ်းအား

အထွတ်အထိပ် ဆန်းကြယ်စွမ်းအားသည် အရှေ့၌ ပေါက်ကွဲထွက်လာပြီး ကောင်းကင်တမျှ ကြီးမားသော အပြာရောင်လက်ဝါးစည်းတံဆိပ်သည် လုကျိုး၏လက်ဝါးမှ ပေါ်ထွက်လာ၏။

တိမ်တိုက်များ ကွဲထွက်သွားပြီး ကမ္ဘာမြေကြီး လှုပ်ခါလာကာ မိုးခြိမ်းသံတစ်သံပေါ်ထွက်လာ၏။

အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ဖြည့်တင်းပေးထားသည့် လက်ဝါးစည်းတံဆိပ်သည် ခရမ်းရောင်မိုးကြိုးနှင့် တိုက်မိသွားပြီး တိုက်မိသည့်ဖိအားက ကောင်းကင်ကို ထက်ခြမ်း ခြမ်းလိုက်သည်ဟု ထင်ရသည်။

မကြာမီ၌ တိမ်စိုင်တိမ်မည်းများ ပြိုကွဲသွားတော့သည်။

“ဒါက...” ကုန်းစွန်းယွမ်ရွှမ်းက ထိတ်လန့်သွား၏။

“ဒါ ဘယ်လိုစွမ်းအားမျိုးလဲ”

All Chapters