အခန်း (၁၁၄၄-၁၁၄၆)
Vol. 77 Ch. 1144-1146
အခန်း (၁၁၄၄) အဆင့်တက်ခြင်း
ကုန်းစွန်းယွမ်ရွှမ်းနှင့် အခြားသူများက ပါးစပ်ဟောင်းလောင်းဖြင့် ကောင်းကင်ကြေမွလုမတတ် အပြာရောင် လက်ဝါးစည်းတံဆိပ်ကို စိုက်ကြည့်နေကြသည်။
ထိုအချက်က လုကျိုး၏ လက်ဝါးစည်းတံဆိပ်သည် တာအိုသင်္ကေတ သုံးသောင်းထက် ပိုမိုအားကောင်းကြောင်း ပြသနေ၏။ ထိုအရာက နဂါးလိုမျိုး ခရမ်းရောင်လျှပ်စီးထက်ပင် ပိုမိုအားကောင်းနေနိုင်သည်။ သို့သော်လည်း ထိုအရာက မည်သို့ဖြစ်နိုင်မည်နည်း။ ထိုအရာက မယုံကြည်နိုင်ဖွယ် ကောင်းလွန်းလှသည်။
ကုန်းစွန်းယွမ်ရွှမ်းက လူသားတစ်ယောက်သည် မိုးမြေအထက် တည်ရှိနေမည်ဟု မယုံကြည်နိုင်သလို လူသားကျင့်ကြံသူများသည် ထိုသို့စွမ်းအားမျိုး ကိုင်ဆောင်ထားနိုင်လိမ့်မည်ဟုလည်း မယုံကြည်ပေ။ ထင်ထားသည့်အတိုင်း ကြည်လင်နေသည့် ကောင်းကင်က စက္ကန့်ပိုင်းမျှသာ ကြာမြင့်ပြီးသည့်နောက်တွင် တိမ်မည်းများက ထပ်မံ ဝှေ့တက်လာသည်။
လုကျိုး၏ ခန္ဓာကိုယ်အပေါ် ဖြာကျနေသည့် နေရောင်က မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေ၏။
လုကျိုးက မျက်မှောင်ကြုတ်ကာ
"လာနောက်နေတာလား"
လက်ဝါးစည်းတံဆိပ်က သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အကုန်လုံးနီးပါးကို အသုံးပြုခဲ့ရသည်။ သူက ထိုအရာသည် မိုးကြိုးစမ်းသပ်ချက်ကို အဆုံးသတ်ပစ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့မိ၏။ တိမ်မည်းများက ထပ်မံ ရောက်ရှိလာလိမ့်မည်ဟု ထည့်တွက်မထားပေ။ ကြည့်ရသည်မှာ လန်ရှီဟယ်အနေဖြင့် ထွက်ပြေးဖို့ နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။
လုကျိုးက အောက်ဆင်းလာပြီး လန်ရှီဟယ်အထက် မီတာအနည်းငယ်အကွာတွင် ရပ်တန့်လိုက်သည်။
လန်ရှီဟယ်က သူမသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်တစ်ယောက်၏ အနေအထားကို ထိန်းသိမ်းထားဖို့ ဂရုစိုက်တော့ဟန် မပေါ်ပေ။ သူမက ပြောလိုက်၏။
"မျှော်နန်းသခင်လုရဲ့ လက်ဝါးစည်းတံဆိပ်က မိုးမြေကို ခွဲနိုင်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”
လုကျိုးက သူမကို မတုံ့ပြန်ဘဲ ကြည့်သာကြည့်လိုက်သည်။ သူက သူမ ထွက်ပြေးသင့်ကြောင်း ပြောချင်နေမိသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် တိမ်မည်းများက ဝှေ့တက်လာကာ မိုးကြိုးချက်က ထပ်မံကျဆင်းလာသည်။ ဤတစ်ကြိမ် မိုးကြိုးချက်စွမ်းအားက ယခင်ထက် အဆတစ်ရာ မြင့်မားနေသည်။ ထိုအရာက ဆူနာမီ၊ မီးတောင်ပေါက်ကွဲမှုနှင့် ဒီရေလှိုင်းများ ပေါင်းစည်းထားသလိုမျိုး ဖြစ်၏။
လုကျိုးက ဖျတ်ခနဲ ပျောက်ကွယ်သွားကာ လန်ရှီဟယ်အထက် ရပ်နေရင်း ကောင်းကင်ကို လူသားမဆန်သည့် အမြန်နှုန်းဖြင့် ကြည့်လိုက်သည်။
လန်ရှီဟယ်၏ ကြယ်တာရာဒိုင်ခွက်က ယခုအခါ တာအိုသင်္ကေတများဖြင့် ဆက်နွယ်ထားသည့်အတွက် အလွယ်တကူ ထွက်မသွားနိုင်ပေ။
ထိုစဥ် ကုန်းစွန်းယွမ်ရွှမ်းက လက်သီးဆုပ်ကာ ပြောလိုက်သည်။
"အရမ်းကောင်းတယ်"
ကုန်းစုန်းယွမ်ရွှမ်း ထင်ထားသည့် ရလဒ်က လက်တွေ့ဖြစ်လာတော့မည် ဖြစ်သည်။
တစ်ချိန်တည်းဆိုသလို လုကျိုးက ပြစ်ချက်မဲ့ကတ်ကို ချေမွလိုက်၏။
ဘန်း
လုကျိုး ဝန်းကျင်တွင် ရွှေရောင်ဗုဒ္ဓခန္ဓာက ထွက်ပေါ်လာသည်။ တောက်ပနေသည့် ရွှေရောင်စည်းတံဆိပ်များက အဖက်ဖက်သို့ ပျံ့နှံ့သွား၏။
မိုးကြိုးချက်က ရွှေရောင်ဗုဒ္ဓခန္ဓာအပေါ် ကျဆင်းလာပြီး နေရာတိုင်းတွင် မီးပန်းများသဖွယ် ထွက်ပေါ်လာသည်။ ထိုအရာက လှပကာ အံ့သြဖို့ကောင်းလှ၏။
အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ ကျင့်ကြံသူများက ထိုမြင်ကွင်းကို တငေးတမော ကြည့်ရှုနေကြသည်။
တခြားတစ်ဖက်တွင် စီးဝူယာ့၊ ရှောင်ယွမ်အာနှင့် ယဲ့ထျန်းရှင်းတို့က အတော်လေး တည်ငြိမ်နေကြ၏။
နဥ်ဝမ်ချင်းကသာ စိတ်ပူလျက် ကျန်ရှိနေသည်။ သူက ရလဒ်ကို မသိရသည့်အတွက် ပိုမိုစိုးရိမ်လာမိသည်။ သူက သူ့အာရုံဖြင့် အတက်အကျလှိုင်းကို ခံစားနေရုံသာ တတ်နိုင်သည်။ လုကျိုးက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားနှင့် ရွှေရောင်ဗုဒ္ဓကိုယ်ကို အသုံးပြုထားသောကြောင့် သူ့အနေဖြင့် ထိုအရာကို အာရုံမခံနိုင်ပေ။ ထို့ကြောင့် သူသည် ဆိုးဆိုးဝါးဝါး တစ်စုံတစ်ခုဖြစ်ပျက်သွားသည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ တအံ့တသြ ရေရွတ်သံများကို ကြားလိုက်ရ၏။
"မျှော်နန်းသခင်လုက ဒီလိုစွမ်းအားမျိုး ရှိနေတာပဲ"
"ငါတို့ရဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက တကယ်ကို ကံကောင်းတာပဲ"
"သူက ကောင်းကင်ဘုံနဲ့တောင် ယှဥ်နိုင်လောက်တယ်ဆိုတော့ ကျင့်ကြံဆင့်က ဘယ်လောက်များ နက်ရှိုင်းနေလိုက်မလဲ"
...
ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်က ကောင်းကင်အထက် ဝံ့ဝံ့စွားစွားတောက်ပလာကာ မိုးကြိုးချက်များကို တောင့်ခံနေသည်။
လန်ရှီဟယ်ကလည်း ပြောလိုက်၏။
"ရှင်က မိုးမြေရဲ့ စွမ်းအားကို မသုံးဘူးလား"
ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်က ဗုဒ္ဓဘာသာ၏ ဗဟာနည်းစနစ်တစ်ခုသာ ဖြစ်၏။
လုကျိုးက လန်ရှီဟယ်ကို လျစ်လျူရှုထားပြီး လူအုပ်၏ လေးစားမှုနှင့် အံ့အားသင့်မှုကို ခံယူနေစဥ် စိတ်ထဲကမူ စိုးရိမ်နေမိသည်။ အချိန်မလုံလောက်ခဲ့လျှင် နောက်တစ်ကြိမ် သူ ဘာလုပ်ရမည်နည်း။
သူက အဆင့်တက်လှမ်းတော့သလိုမျိုး ခန္ဓာကိုယ်ထဲ ရင်းနှီးပြီးသား ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။ ဆယ်စက္ကန့်ပြည့်သွားသည်နှင့် သူက တစ်စုံတစ်ခုကို လုပ်ရမည်ဖြစ်သည်။ သူ့အနေဖြင့် ထပ်မံ တောင့်မခံနိုင်တော့ပေ။
ဆယ်စက္ကန့်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး ရွှေရောင်ဗုဒ္ဓခန္ဓာက အလျင်အမြန် ကျုံ့သွားကာ ပျောက်ကွယ်သွားခဲ့သည်။
မိုးကြိုးချက်များက မိုးသဖွယ် ရွာဆင်းကာ ကျရောက်လာသည်။
"အမ် ရှင်က ဘာလို့ ရွှေရောင်ဗုဒ္ဓခန္ဓာကို ဘာလို့ဆက်မသုံးရတော့တာလဲ" လန်ရှီဟယ်က နားမလည်နိုင်ဖြစ်နေမိ၏။
လုကျိုးက လှည့်ကာ ကောင်းကင်အထက် ပြည့်နှက်နေသည့် မိုးကြိုးများကို ကြည့်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက အချိန်သည် နှေးကွေးသွားကြောင်း ခံစားမိလိုက်၏။ သူက ရေထဲ နစ်မြှုပ်နေသလိုမျိုး ခံစားနေရသည်။
အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူများက မော့ကြည့်ကာ စိုးရိမ်နေကြ၏။
အမ် ငါအဆင်ပြေတယ်လား ...
လုကျိုးက နားမလည်နိုင်ဖြစ်နေမိ၏။ မူလက သူသည် ရွှေရောင်ဗုဒ္ဓခန္ဓာနှင့် အသေရိုက်ချက်ကတ်များကို အသုံးပြုကာ မိုးကြိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူက မိုးကြိုး ထိမှန်ပြီးသည့်နောက်တွင်ပင် ဘာမှမခံစားမိပေ။ သူက ကောင်းကင်ကို မော့ကြည့်ပြီး သူ့ဆီ ဆက်တိုက် ကျရောက်နေသည့် မိုးကြိုးများကိုပါ ကြည့်လိုက်သည်။ ထိုစဥ် သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲ အပြာရောင်အလင်းတန်း ဝင်ရောက်လာသည်။
တစ်ချိန်တည်းဆိုသလို မိုးကြိုးချက်များက လန်ရှီဟယ် အပေါ် ကျရောက်လာလေ၏။
လုကျိုးက စိတ်ထဲ အသံတစ်သံ ကြားလိုက်ရသလို ခံစားမိလိုက်ပြီး မျက်လုံးအသာမှိတ်ထားလိုက်သည်။ သူက ချီပင်လယ်ထဲတွင် အပြာရောင် လူသားအသွင်ကို မြင်နေရသည်။
စွမ်းအင် ၅မျိုး စကြဝဠာ စိတ်ဝိညာဥ်သဏ္ဌာန်လား ...
ထိုအရာက သူ့ဒုတိယမြောက် စိတ်ဝိညာဥ်သဏ္ဌာန် ဖြစ်၏။
သူက မိုးမြေ၏ စွမ်းအားသည် အပြာရောင် လျှပ်စီးတန်းများသဖွယ် စွမ်းအင် ၅မျိုး စကြဝဠာ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိမှန်နေသည်ကို ကြည့်နေလိုက်သည်။ သို့သော်လည်း ထိုစိတ်ဝိညာဥ်သဏ္ဌာန်က မပျက်စီးရုံသာမက စွမ်းအားများကို လောဘတကြီး စုပ်ယူနေဟန်ပေါ်သည်။
...
မိုးကြိုးချက်များက လန်ရှီဟယ်နှင့် လုကျိုးအပေါ် ဆက်လက်ကျဆင်းလာပြီး နှစ်ဦးသားက လေထဲတွင် ရပ်တန့်နေဟန် ပေါ်သည်။
လန်ရှီဟယ်က မျက်လုံးအသာမှိတ်ထားလိုက်၏။ မိုးမြေကြားရှိ အပြာရင့်ရင့် စွွမ်းအားက သူမကို ဆက်တိုက်ထိမှန်ကာ ဒဏ်ရာပေးနေသည်။
တစ်ချိန်တည်းဆိုသလို လုကျိုးက လန်ရှီဟယ်၏ ခန္ဓာကိုယ်သည် အနည်းငယ် ထူးဆန်းလှကြောင်း မြင်တွေ့လိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ။ ဒီနေ့ လန်ရှီဟယ်နဲ့ ပတ်သက်ပြီးတော့ အရာအားလုံးက ထူးဆန်းနေတယ်။ ငါက ရိုက်ချက်အများစုကို ပိတ်ဆို့ထားပေမဲ့ မိုးမြေရဲ့ စွမ်းအားက ငါ့ဆီကို ရေတံခွန်လိုမျိုး ကျရောက်နေတာ။ သူမ ခံစားရတာလောက်က ရေတံခွန်ဆီက ရေစက်လောက်ပဲရှိတယ် ...
...
မြေပြင်ပေါ်တွင်
မည်သူကမှ ဘာဖြစ်နေမှန်းမသိကြသလို အပေါ်ကိုလည်း မော့မကြည့်ရဲကြပေ။
ကုန်းစုန်းယွမ်ရွှမ်းက သက်ပြင်းချလိုက်၏။
"နှမြောစရာပဲ"
...
လုကျိုးက သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကို ထပ်မံ အာရုံခံစားလိုက်သည်။
အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်က လောဘတကြီးဖြင့် မိုးမြေစွမ်းအားများကို စုပ်ယူနေသည်။
ဒီလိုအရာမျိုးဖြစ်လာလိမ့်မယ်လို့ဘယ်သူကများ သိမှာလဲ ...
အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်က အကောင်းအတိုင်း ရှိနေဆဲဖြစ်၏။ ထိုအရာသည် ရေကို မကြောက်သည့် ငါးတစ်ကောင်လိုမျိုး ကောင်းကင်ကို မကြောက်သည့် ငှက်တစ်ကောင်လိုမျိုး ဖြစ်နေသည်။
ထွက်ပေါ်နေသည့် စွမ်းအားများက အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်ထဲ ဆက်လက်စီးဝင်သွားကြသည်။ လုကျိုး၏ ချီပင်လယ်ထဲ မကြာခင် အသံတစ်သံ ထွက်ပေါ်လာ၏။
သူက အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်သည် အရွယ်အစား ကြီးမားလာကြောင်း ခံစားမိလိုက်သည်။
ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဥ်သဏ္ဌာန်လား ...
အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်က ဆက်လက်တောက်ပနေသည်။
လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်၏ အရွယ်အစားကို အလျင်အမြန် ထိန်းထားလိုက်သည်။ အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်က မိုးမြေ၏ စွမ်းအားများကို ဆက်လက်စုပ်ယူရင်း မိုးကြိုးချက်များကို ခံယူနေသည်။
၁၅မိနစ်လောက် ကြာမြင့်ပြီးသည့်နောက်တွင် ရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
ခုနှစ်စင်ကြယ် ဝိညာဥ် စိတ်ဝိညာဥ်သဏ္ဌာန်
သူသိထားသည့် ဗဟုသုတအရ လုကျိုးသည် သူ့အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကြောင့် အံ့အားသင့်ဆဲ ဖြစ်၏။ ထိုအရာ ကြီးထွားနှုန်းက သူ့နားလည်နိုင်စွမ်းကို ပြောင်းပြန်လှန်ပစ်လိုက်သလိုမျိုး ဖြစ်၏။
...
နောက်ထပ် ၁၅မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်ရှိ မိုးကြိုးအရေအတွက်က သိသိသာသာ လျော့ကျသွားခဲ့သည်။
ဤတစ်ကြိမ် ရှောင်ယွမ်အာက ပြောလိုက်၏။
"ညီမ ရှစ်စွင်းကို သွားကယ်လိုက်မယ်"
"မသွားနဲ့" စီးဝူယာ့က ရှောင်ယွမ်အာကို ဆွဲထားလိုက်သည်။
"ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတွေတောင် မိုးမြေစွမ်းအားကို မဖြေရှင်းနိုင်ဘူး”
"ဒါပေမဲ့ ရှစ်စွင်းက ... "
"သေချာကြည့်။ သာမန်အခြေအနေအောက်မှာဆိုရင် မိုးမြေရဲ့ စွမ်းအားကို ထိမှန်တာနဲ့ သေတာမျိုး ဒါမှမဟုတ် ဒဏ်ရာရတာမျိုး ဖြစ်သွားမှာပဲ။ ဒါပေမဲ့ ရှစ်စွင်းက အကောင်းအတိုင်း ရှိသေးတယ်လေ။ တကယ်တော့ သူက သက်ရောက်မခံရတဲ့ပုံပဲ” စီးဝူယာ့က ပြောလိုက်သည်။
ရှောင်ယွမ်အာက ကောင်းကင်ကို စိုက်ကြည့်ကာ စီးဝူယာ့က အမှန်တိုင်းပြောနေသည်ကို သိသွားခဲ့သည်။
...
ဤတစ်ကြိမ် လုကျိုးက အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်၏ စုပ်ယူနှုန်းသည် သိသိသာသာ နှေးကွေးလာကြောင်း ခံစားမိလိုက်၏။ တစ်ချိန်တည်းဆိုသလို သူက အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်မှ အေးစက်စက် စွမ်းအင် ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။ သူက ယခင်ကုန်ဆုံးသွားသည့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများက တဖန်ပြည့်နှက်လာသည်ကို တွေ့ရှိလိုက်ရ၍ အံ့အားသင့်သွားမိသည်။
ဒါက အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်ရဲ့ စွမ်းရည်တစ်ခုလား ...
လုကျိုးက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရုံသာမက စုစုပေါင်း ပမာဏသည်လည်း တိုးမြင့်လာဟန်ပေါ်သည်။
ရုတ်ချည်းဆိုသလို ရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာ၍ လုကျိုးက အသိပြန်ကပ်လာသည်။
ရှေးဦးချီနှင့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားတို့က သူ့စွမ်းအင်ဗဟို်ချက်ရှိ ချီပင်လယ်ထဲ ချက်ချင်းပြည့်နှက်လာသည်။
အပြာရောင် စိတ်ဝိညာဥ်သဏ္ဌာန်က အောင်အောင်မြင်မြင် အဆင့်တက်လှမ်းသွားကာ နည်းလမ်းရှစ်သွယ် ဆက်သွယ်ရေး စိတ်ဝိညာဥ်သဏ္ဌာန် ဖြစ်လာခဲ့သည်။
…
အခန်း (၁၁၄၅) ဆန်းကြယ်သော အထောက်အထား
လုကျိုးက မျက်လုံးဖွင့်လိုက်လေ၏။ သူ၏စိတ်အခြေအနေက ကြည်လင်နေတော့သည်။ သူ၏ ထူးကဲချီသွေးကြောရှစ်ခုနှင့် အတွင်းကလီစာများသည် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် ပျံ့နှံ့နေပုံရ၏။ သူက လှုံ့ဆော်မှုများ ထိုးသွင်းခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
သူ၏အာရုံခံစားမှုကနေ သူ၏အပြာရောင်နည်းလမ်းရှစ်သွယ်ပေါင်းစည်း စိတ်ဝိညာဉ်သဏ္ဌာန်က မိုးနှင့်မြေ၏ စွမ်းအားကို ဆက်လက်စုပ်ယူခြင်းမရှိတော့တာကို သတိပြုမိသွား၏။ သူက ယခုဆို အထွတ်အထိပ်ဆန်းကြယ်စွမ်းအား၏ အရင်းအမြစ်သည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဆိုတာ ကြိမ်းသေသွားသည်။
ပုံမှန်ကျင့်ကြံမှုအဆင့်လိုက်သည် ခန္ဓာကိုယ်ကို အရင်ဆုံးပုံသွင်း၏။ ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နိုင်မည်။ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုဖြင့် မိမိ၏ စွမ်းအားဗဟိုချက်ချီပင်လယ်ကနေ အသက်စွမ်းအင်များကို လှုပ်ရှားစေခိုင်းနိုင်မည်။ မိမိထိန်းချုပ်နိုင်သည့် အသက်စွမ်းအင်ပမာဏက စိတ်ဝိညာဉ်သဏ္ဌာန်ခွန်အားနှင့် အချိုးကျ၏။
သို့သော် လုကျိုး၏စနစ်က သူ့အတွက်ကျင့်ကြံမှုစနစ်ကို ပြောင်းလဲပစ်လိုက်ပုံပေါ်၏။ အစက သူသည် ထူးကဲစွမ်းအားရရှိပြီး ကောင်းကင်ကျမ်းစာမှ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ရထား၏။ ပြီးနောက် သူသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အားကိုးပြီးထူးကဲစွမ်းအားနှင့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ထုတ်သုံးပြီး စနစ်က သူ ပိုသန်မာလာပြီး အပြာရောင်စိတ်ဝိညာဉ်ကို ထိန်းချုပ်နည်းကို စောင့်ဆိုင်းနေပုံရ၏။
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားအားလုံးကို ပိုင်ဆိုင်ထားသော်ငြား အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ကောင်းကင်ကျမ်းစာစွမ်းအား ၇ခုကိုလည်း ပိုင်ဆိုင်ထား၏။ နောက်ထပ်စွမ်းရည်များ ပိုင်ဆိုင်မလားဆိုတာက အချိန်ကြာမှပြောနိုင်လိမ့်မည်။
ထိုစဉ် လျှပ်စီးများက နည်းသည်ထက်နည်းလာ၏။ သူတို့က လုကျိုးကို ထိခိုက်အောင်မလုပ်နိုင်ပေ။ သူက သူ့ကို မမြင်ကြ။
သူသည် ပစ်ချက်မဲ့ကတ်ဖြုန်းမိတာကို သတိရသွားသောအခါ စိတ်ဓာတ် အနည်းငယ် ကျသွားတော့သည်။ သို့သော် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က တစ်ထိုင်တည်း ၃ဆင့်တက်သွားတာကို တွေးမိသောအခါ ဆုံးရှုံးမှုကို လက်ခံနိုင်သည်ဟု ခံစားမိ၏။
ယခင်က သူသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို စွမ်းအင်ငါးဖြာစကြဝဠာစွမ်းအင်အဖြစ်သုံးစွဲရန် သက်တမ်း ၂၀၀၀ကျော် သုံးခဲ့ရသည်။ နောင်ကျ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ကဲပြောင်းလဲရန် မည်မျှ ကုန်ဆုံးမည်နည်း။ သူက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုဆင့်ကဲပြောင်းလဲရန် မိုးကြိုးပစ်သည့်နေရာကို ရှာရမည်လော။ သူ ထိုသို့ပြုလုပ်နိုင်သည့် အခြေအနေ၌ သူ၏သက်တမ်းကို မည်သို့ ဖြုန်းတီးရမည်နည်း။ သို့သော် ခဏတဖြုတ်စဉ်းစားပြီးနောက် အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ တာအိုသင်္ကေတ ၃၀၀၀၀ မရှိဘဲ ထိုသို့ ဖြစ်နိုင်ခြေ မရှိလောက်ဟု တွေးမိသွားသည်။ တာအိုသင်္ကေတများအစား သူသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းကဲ့သို့ မွန်မြတ်သော ကျောက်စိမ်းကို စတင်ရှာဖွေသင့်၏။
ထိုစဉ် အဝေးကနေလေ့လာနေသော ကုန်းစွန်းယွမ်ရွှမ်းသည် လုကျိုးနှင့် လန်ရှီဟယ် သေလားရှင်လား မပြောနိုင်ပေ။ သူ မြင်သမျှက ကြယ်တာရာဒိုင်ခွက်ပေါ်ရှိသွေးနှင့် လန်ရှီဟယ်၏ ခန္ဓာကိုယ်ပဲဖြစ်သည်။ လုကျိုးက မိုးကြိုးများအကြား မလှုပ်မယှက်ဖြစ်နေတာကို သူ တွေ့ရ၏။
ယခုအချိန်၌ ကုန်းစွန်းယွမ်ရွှမ်းသည် သူ လုကျိုးထံ၌ မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးပြီး အဖြူရောင်မျှော်စင် အပြင်ဖက် မြေပြင်ပေါ်၌ လဲကျနေသည့် မြင်ကွင်းကို ရုတ်တရက် တွေးမိသွားသည်။ ထိုသို့ တွေးမိသွားပြီး သူ၏နှလုံးခုန်နှုန်းမြန်လာကာ သွေးများ လောင်ကျွမ်းလာကာ အသက်ရှူနှုန်းက ပြင်းလာ၏။
အခုထက် ပိုကောင်းတဲ့အခွင့်အရေး ရှိပါဦးမလား ... ကုန်းစွန်းယွမ်ရွှမ်းက တွေဝေမနေဘဲ အမိန့်ပေးလိုက်၏။
“သွား”
စကားတစ်ခွန်းဖြင့် ကျင့်ကြံသူများစွာသည် အဖြူရောင်မျှော်စင်သို့ တစ်ဟုန်ထိုးတက်သွား၏။
လေများ ဝေ့တက်လာပြီး စွမ်းအင်စည်းတံဆိပ်များ လေထဲပျံ့လွင့်လာ၏။
နဉ်ဝမ်ချင်း၏နားရွက်က မြင့်တက်လာပြီးပြောလိုက်၏။
“သူတို့ကို တားထား”
အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အကြီးအကဲများနှင့် အဖွဲ့သားများက လူဖြန့်လျက် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖွဲ့တည်လိုက်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုပြီးတစ်ခု ပေါ်လာကာ အဖြူရောင်မျှော်စင်ကို ပိတ်ဆို့လိုက်သည်။
အချိန်အတိုင်းတာတစ်ခုအထိ နှစ်ဖက်မှ ကျင့်ကြံသူများသည် ပြင်းထန်သောတိုက်ပွဲတစ်ခု ဆင်နွဲနေကြသည်။
စွမ်းအင်စည်းတံဆိပ်က ကောင်းကင်ကို လွှမ်းမိုးထား၏။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် တာ့မင်၏နောက်ဖက်၌ တည်ရှိသောကြောင့် ၎င်းသည် လူသားမြို့များနှင့် ဝေးသဖြင့် လူအနည်းအကျဉ်းသာ ရှိသည်။ ထိုအကြောင်းအရင်းကြောင့် ကျင့်ကြံသူများသည် ထိန်းချုပ် မထားတော့ဘဲ သူတို့၏ စည်းတံဆိပ်များကို ပစ်ထုတ်လိုက်၏။
တာ့မင်၏ကျင့်ကြံသူများ၏ အလုံးစုံခွန်အားသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အင်အားထက် နိမ့်သော်ငြား တာ့မင်ကျင့်ကြံသူများ၌ အရေအတွက် အားသာချက်ရှိသည်။
ယခုအချိန်၌ ကျင့်ကြံသူတစ်ဒါဇင်ခန့်က အဖြူရောင်မျှော်စင်အဖွဲ့အစည်းကျင့်ကြံသူများကို ဖြတ်ကျော်သွားပြီး လန်ရှီဟယ်နှင့် လုကျိုးဆီသို့ ပျံသန်းသွား၏။ ယင်းကို မြင်သောအခါ ယဲ့ထျန်းရှင်းက လှမ်းအော်လိုက်၏။
“ရှစ်စွင်း”
ယဲ့ထျန်းရှင်းက ပျံသန်းရန်တွေဝေမနေဘဲ လိပ်ပြာကဲ့သို့စွမ်းအင်စည်းတံဆိပ်များ လေထဲ ပြည့်လာ၏။
“သူ့ကိုတားထား”
အဖြူရောင်ကျင့်ကြံသူနှစ်ဦးက လေထဲပျံဝဲလျက် ယဲ့ထျန်းရှင်းကို ဖြေရှင်းတော့သည်။
ဘန်း ဘန်း ဘန်း
တာ့မင်ကျင့်ကြံသူ ၇ယောက် ၈ယောက်ခန့်က လက်ထဲ၌ ဓားကိုကိုင်ထားလျက် အဖြူရောင်မျှော်စင်ဆီ ပျံသန်းသွားစဉ် သူတို့မျက်နှာထက်၌ ဝမ်းသာသောအမူအရာရှိနေ၏။ သူတို့ပျံသန်းရဲသောကြောင့် လျှပ်စီးများ ပျောက်ကွယ်သွားပြီဟု ဆိုလိုထားတာပဲဖြစ်သည်။ လုကျိုးကိုလည်း ကန့်သတ်မထားတော့ကြောင်း ဆိုလို၏။
ကျင့်ကြံသူများက သူတို့ဓားကို ထိုးစိုက်လိုက်သောအခါ လုကျိုးက မျက်လုံးဖွင့်လိုက်ချိန် အပြာရောင်အလင်းက လှစ်ခနဲပေါ်လာ၏။ သူက အားလုံးကို သိမ်းကြုံးကြည့်ပြီး ပြောလိုက်တော့၏။
“ရာရာစစ”
လုကျိုးက ကျောမတ်လျက် သူ၏ခြေထောက်အောက်တွင် အပြာရောင်ကြာပွင့်က ဖူးပွင့်လာတော့သည်။
အပြာရောင်ကြာပန်းက ယခင်ကနှင့် အနည်းငယ်ကွဲပြားနေ၏။ ယင်းက ပိုတောက်ပနေက အရောင်ပိုထင်းလာ၏။
အသံတိတ်စွမ်းအားကို ရရှိရန် မိမိ၏ခန္ဓာကိုယ်ထဲ သမာဓိဆောက်တည်ပြီး အလင်းပမာ ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ရမည်။ ဤက မယိမ်းယိုင်သော သမာဓိပေတည်း။ ဤကျင့်စဉ်ဖြင့် ကျင့်ကြံသူအားလုံးကို နောက်သို့ လွင့်ထွက်သွားစေသည်။
ဘန်း ဘန်း ဘန်း
ကျင့်ကြံသူများ သွေးအန်ကုန်တော့သည်။ အားလုံး၏မျက်နှာထက်တွင် ကြောက်လန့်နေသော အမူအရာ ရှိနေ၏။
“သူ အဆင်ပြေနေလား။ ပြေး”
“ပြေးကြဟေ့”
“မိစ္ဆာအိုကြီးလု ပြေးနေတယ်။ ပြီးသွားပြီ ... အဆုံးသတ်သွားပြီ”
“တော်ဝင်မင်းဆရာ ဘယ်မှာလဲ။ တော်ဝင်မင်းဆရာ ဘယ်မှာလဲ”
ထိုစကားများ ကြားသောအခါ အစောတုန်းက အပျော်လွန်နေသော ကျင့်ကြံသူများအားလုံးသည် မေးမနေတော့ဘဲ အကုန်နောက်ဆုတ်ကာ ကုန်းစွန်းယွမ်ရွှမ်းကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
အဖြူရောင်မျှော်စင်မှ အကြီးအကဲများသည် ထွက်ပြေးသူများကို လိုက်ဖမ်းနေ၏။
ဆန့်ကျင်ဖက်အနေဖြင့် လုကျိုးကမူ နေရာတွင်နေကာ သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို အာရုံခံလိုက်၏။
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က အစွမ်းထက်သော်ငြား ၎င်းသည် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ထောက်ပံ့ပေးရာ၌ ကောင်းကင်ကျမ်းစာစွမ်းအားကို ယခု မယှဉ်နိုင်သေးပေ။ ကောင်းကင်ကျမ်းစာစွမ်းအားကို တစ်ခေါက်သာလျှင် ထုတ်လွင့်ပေးနိုင်၏။
နည်းလမ်း၈သွယ် ဆက်သွယ်ရေး စိတ်ဝိညာဉ်သဏ္ဌာန်က ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်နှင့် ဝေးနေသေးတာပင်။
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်အဖြစ် ဆင့်ကဲ ပြောင်းလဲသွားသောအခါ သူသည် ကောင်းကင်ကျမ်းစာ စွမ်းအားကို တစ်ခါထက်ပိုပြီး အသုံးပြုနိုင်တာ ဖြစ်နိုင်လောက်၏။ ပြောရန်မလို ၎င်းက ထိုအချိန်ကျ ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်နေလိမ့်မည်။
အသိစိတ် ပြန်ကပ်လာပြီးနောက် လုကျိုးသည် သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ သူသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကျင့်ကြံသူများသည် တာ့မင်မှကျင့်ကြံသူများကို လိုက်ဖမ်းတာ တွေ့တာကို မအံ့ဩခဲ့ပေ။ ခဏအကြာ၌ သူက လန်ရှီဟယ်ကို ကြည့်လိုက်၏။
“ဟမ်” လန်ရှီဟယ်က မျက်လုံးမှိတ်ထားသည်။ သူမ ရခဲ့သောဒဏ်ရာများနှင့် သွေးအစွန်းအထင်းများက ပျောက်ကွယ်သွား၏။ ပိုတောင် ထူးဆန်းနေသည်က သူမ၏ အရှိန်ဝါနှင့်ချီတို့က ယခင်ကထက် အဆပေါင်းရာချီ ပိုသန်မာလာတာပဲဖြစ်သည်။ သူမ၏ဆံနွယ်များသည် မိုးမခပင်ပမာ တောက်ပနေ၏။
နေမင်းလမင်းနှင့်ကြယ်တာရာစက်ဝိုင်း၏သွင်ပြင်ကလည်း ပြောင်းလဲသွားပုံပေါ်သည်။ တစ်ဖက်တွင်မူ အဖြူရောင်ကြယ်တာရာဒိုင်ခွက်က ပျောက်သွားတာ ကြာပြီဖြစ်၏။
လုကျိုးက ဇဝေဇဝါဖြစ်နေ၏။ လန်ရှီဟယ်က အဆင့်ချိုးဖြတ်တက်သွားတာများလား။ သူက သူမကို ဆက်လက်လေ့လာနေသည်။ သူမပြောင်းလဲနေသည်ဟု သူ ခံစားမိသည်။ သို့သော် မည်သည့်နေရာတွင် ပြောင်းလဲသွားမှန်း အတိအကျ မပြောနိုင်။ သူမ အရှိန်အဝါက ဆန်းကြယ်ပြီး ထူးဆန်းနေ၏။ ထူးဆန်းသည့်အငွေ့အသက်က သန်မာလွန်းလှသည်။
ဝှစ်ဝှစ်ဝှစ်
ကောင်းကင်မှ တာအိုသင်္ကေတ ၃၀၀၀၀ ပျောက်ကွယ်သွားပြီး အဖြူရောင်မျှော်စင်၏ နံရံဆီ ပြန်ရောက်သွားတော့သည်။
အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ ကျင့်ကြံသူများ အားလုံးက ပြန်လှည့်လာပြီး ကောင်းကင်ကို တိတ်ဆိတ်စွာ မော့ကြည့်လိုက်ကြ၏။
တိမ်စိုင်တိမ်မည်းများက ပျောက်ကွယ်သွားပြီဖြစ်သည်။
လုကျိုးက ဝေဟင်ထဲဆက်လက်ပျံဝဲနေခြင်းက အကြံကောင်းမဟုတ်ဟု တွေးမိ၏။ ထို့ကြောင့် လန်ရှီဟယ်ကို တွန်းထုတ်ရန် လက်ဝါးစည်းတံဆိပ်သုံးလိုက်၏။ သို့သော် လက်ဝါးစည်းတံဆိပ်ကို သူမနား ရောက်သွားသည်နှင့် ၎င်းက ပျောက်ကွယ်သွားတော့သည်။
ထူးဆန်းလိုက်တာ
လုကျိုးက နောက်ထပ်လက်ဝါးစည်းတံဆိပ် ပို့လွှတ်လိုက်၏။ ယင်းက ပျောက်ကွယ်သွားပြန်သည်။ သူက သုံးကြိမ်လုပ်ခဲ့ပြီးနောက် ရလဒ်က တူညီနေ၏။
ထိုစဉ် လန်ရှီဟယ်က မျက်လုံးဖွင့်လျက် လုကျိုးနှင့် မီတာ၃၀၀အကွာဆီ လက်ဝါးစည်းတံဆိပ် ပစ်လွှတ်လိုက်သည်။
“လန်ရှီဟယ်” လုကျိုး၏ အသံက နက်ရှိုင်းနေသည်။ အပြာရောင်အလင်းက သူ၏လက်ဖဝါးထဲမှ ချက်ချင်း ဖူးပွင့်လာလေ၏။
ဘန်း
“မျှော်စင်သခင်”
“ရှစ်စွင်း”
လူတိုင်း တအံ့တဩအော်လိုက်ကာ ဇဝေဇဝါဖြစ်နေပုံပေါ်သည်။ သူတို့ဘာဖြစ်နေမှန်း မသိပေ။
အဖြူရောင် လက်ဝါးစည်းတံဆိပ်က လုကျိုးကို အထိအခိုက်မရှိဖြတ်ကျော်သွားပြီးနောက် သူက လန်ရှီဟယ်ကို ငုံ့ကြည့်လိုက်၏။
လန်ရှီဟယ်က အံ့ဩသွားပုံမပေါ်ပေ။
“ရှင် ပိုသန်မာလာပြန်ပြီ”
လုကျိုးက လန်ရှီဟယ်ကို ခဏတဖြုတ်လေ့လာပြီးနောက် ပြောလိုက်သည်။
“မင်းက လန်ရှီဟယ် မဟုတ်ဘူး”
လန်ရှီဟယ်ပုံရိပ်က လှစ်ခနဲပေါ်လာပြီး လုကျိုးနား ကပ်သွား၏။ သူမ၏မျက်ဝန်းသည် နေမင်းလမင်းနှင့် ကြယ်တာရာအလင်းတို့ဖြင့် ထွန်းလင်းတောက်ပနေပုံပေါ်ကာ တည်ငြိမ်စွာပြောလိုက်၏။
“လန်ရှီဟယ်က ကျွန်မ ...ကျွန်မက လန်ရှီဟယ်ပဲ။ ဘာမှကွဲသွားတာမရှိဘူး”
လုကျိုးက မျက်မှောင်ကျုံ့လိုက်ပြီး လန်ရှီဟယ်ကို ကြည့်လိုက်၏။
“ကွာခြားတာရှိတာပေါ့”
လန်ရှီဟယ်က ခေါင်းမော့ပြီးပြောလိုက်၏။
“ဟုတ်လောက်တယ်။ အခုအားလုံးမှတ်မိသွားပြီ”
လန်ရှီဟယ်သည် အဖြူရောင်မျှော်စင်၊ ကျယ်ဝန်းလှသောနှင်းကုန်းမြေ၊ တောင်တန်းများနှင့် စိုးရိမ်ပူပန်စွာ မော့ကြည့်နေသည့် ကျင့်ကြံသူများကို ကြည့်လိုက်၏။ သူမ လက်ဝါးကိုဝေ့ယမ်းလိုက်ရာ နေမင်းလမင်းနှင့် ကြယ်တာရာစက်ဝန်းက ရှေ့သို့ပျံသန်းလာ၏။ အရာအားလုံးက စိမ်းသက်နေပြီး တစ်ချိန်တည်းတွင် ရင်းနှီးနေ၏။
မှတ်ဉာဏ်များသည် နေမင်းလမင်းနှင့်ကြယ်တာရာစက်ဝန်းထဲမှ ရေစီးသည့်ပမာ ထွက်ပေါ်လာသည်။
“မင်း ဘယ်သူလဲ” လုကျိုးက မေးလိုက်သည်။
လန်ရှီဟယ်က လုကျိုးကိုကြည့်ပြီး သက်ပြင်းချလိုက်တော့သည်။
“လူသားတွေက တူညီနေတုန်းပဲ။ သူတို့က သွေးထွက်သံယိုဖြစ်တဲ့အထိ တိုက်ခိုက်ရတာကြိုက်တယ်”
အဖြေမဟုတ်သော ဤအဖြေက ပိုတောင်စိတ်ရှုပ်စရာကောင်းသည်။
လန်ရှီဟယ်က ဆန်းကြယ်စွာပြောလိုက်၏။
“နှစ်ပေါင်းထောင်ချီကြာသွားပြီ။ ဒါကို ငါ ငြီးငွေ့နေပြီ”
…
အခန်း (၁၁၄၆) ထိပ်တန်းနေရာ
လုကျိုးက လန်ရှီဟယ်၏ အဖြေကြောင့် စိတ်ရှုပ်ထွေးသွားမိသည်။ အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ အကြီးအကဲနှင့် အကဲဖြတ်သူများကလည်း စိတ်ရှုပ်ထွေးကာ နားမလည်နိုင်ဖြစ်နေကြ၏။ သူတို့က လန်ရှီဟယ်၏ ဒဏ်ရာများသည် ပျောက်ကင်းသွားပြီး သူမသည် အဆများစွာ ပိုအားကောင်းလာကြောင်း မြင်နိုင်သည်။ သို့သော်လည်း သူမက ဤသို့ စကားမျိုးကို အဘယ့်ကြောင့် ပြောရသနည်း။
လုကျိုးက ကွေ့ပတ်ပြောနေသည့် အနေအထားကို သဘောမကျပေ။ ထိုအရာက လန်ရှီဟယ်နှင့် ပြောဆိုသည့်အခါနှင့် ကွဲပြားနေသည်။ သူက အသံမြှင့်ကာ မေးလိုက်၏။
"မင်းကို နောက်တစ်ခေါက် ထပ်မေးမယ်”
လန်ရှီဟယ်က ခေါင်းယမ်းကာ ဖြတ်ပြောလိုက်သည်။
"ရှင့်ဆီမှာ သတ်ဖြတ်ငွေ့ရှိတယ်။ အဲဒါက အသုံးမဝင်ဘူး။ ရှင်အခု မြင်နေရတာက ပုံရိပ်ယောင်တစ်ခုပဲ”
"ပုံရိပ်ယောင်လား” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သိပ်မကြာခင် လန်ရှီဟယ်၏ အရှိန်အဝါက အမည်မသိကုန်းမြေတွင် အဘယ့်ကြောင့် ထူးဆန်းနေမှန်း သဘောပေါက်သွားခဲ့သည်။ တစ်ခါတစ်ရံတွင် အားကောင်းကာ တစ်ခါတစ်ရံတွင် အားနည်းနေလေ့ ရှိ၏။
"ရှင်က ကျွန်မကို မယုံဘူးလား”
"ဘာလို့ ယုံရမှာလဲ” လုကျိုး၏ အကြည့်များက တောက်ပလာသည်။ သူက လန်ရှီဟယ်က ယခင်ထက် ယခုပိုမိုအားကောင်းလာကြောင်း ခံစားမိ၏။
"ကြည့်လိုက်"
လန်ရှီဟယ်က အပြာဝတ် အမျိုးသမီး အစေခံကို ကြည့်ကာ လက်အသာ ဝှေ့ယမ်းလိုက်သည်။ အပြာဝတ် အမျိုးသမီးက ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် အလင်းပျောက်များအဖြစ် ပျောက်ကွယ်သွားလေ၏။
အားလုံးက အပြာဝတ် အမျိုးသမီး ရပ်နေခဲ့သည့်နေရာကို တအံ့တသြဖြင့် ကြည့်လိုက်ကြသည်။ ဤသည်က သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေ၏။
တစ်စုံတစ်ယောက်က မေးလာခဲ့သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
စီးဝူယာ့က ပြောလိုက်သည်။
"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
လန်ရှီဟယ်အပါအဝင် လူအားလုံးက စီးဝူယာ့ကို လှည့်ကြည့်လာသည်။
လန်ရှီဟယ်က စီးဝူယာ့အပေါ် အတော်လေး စိတ်ဝင်စားနေဟန်ပေါ်၏။
စီးဝူယာ့က ပြောလိုက်သည်။
"ဖြစ်နိုင်ခြေ ၂ခုရှိတယ်။ ပထမတစ်ခုက စုန်းအတတ်ကနေပြီးတော့ လူတစ်ယောက်ကို ထိန်းချုပ်ပြီး ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်လိုက်တာ။ ရုပ်သေးရုပ်ရဲ့ အသိစိတ်၊ အပြုအမူနှင့် အရာအားလုံးကို ရုပ်သေးဆရာကပဲ ထိန်းချုပ်ထားလိမ့်မယ်။ ဒုတိယအနေနဲ့ ရှေးဟောင်းစာအုပ်တွေအရ သက်ရှိနဲ့တူတဲ့ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးဖို့ အထွတ်အထိပ်ပစ္စည်းတွေ ရှိတယ်လို့ ကြားဖူးတယ်”
အကြီးအကဲတစ်ဦးက ခေါင်းခါကာ ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး။ ဒါလုံးဝ မဖြစ်နိုင်ဘူး။ ငါ လေးစားရတဲ့ မျှော်စင်သခင်လန်က အသွေးအသားနဲ့ မဟုတ်ဘူးလို့ ဆိုလိုနေတာလား။ မဖြစ်နိုင်ဘူး။ ငါလေးစားရတဲ့ မျှော်စင်သခင်လန်က တကယ့်ကို သက်ရှိလူတစ်ယောက်ပဲ”
ရုပ်သေးရုပ်များက အသွေးအသား မရှိသလို အသိစိတ် သို့မဟုတ် စိတ်ခံစားချက်များလည်း မရှိပေ။ ထိုအရာက အထွတ်အထိပ်ပစ္စည်းများမှ ဖန်တီးထားသည့် ပုံရိပ်ယောင်များအတွက်လည်း အတူတူသာ ဖြစ်၏။
နောက်ထပ် အကြီးအကဲတစ်ဦးက ပျံသန်းလာကာ ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် မျှော်စင်သခင်လန်ရဲ့ ကျင့်ကြံဆင့်က အထွတ်အထိပ် ပြန်ရောက်သွားတာကိုတော့ ဂုဏ်ပြုချင်ပါတယ်”
"မျှော်စင်သခင်လန်ကို ဂုဏ်ပြုပါတယ်" အဖြူဝတ် ကျင့်ကြံသူများက ပြိုင်တူ ဒူးထောက်ကာ ပြောလိုက်ကြသည်။
လန်ရှီဟယ်က သူတို့ကို ကြည့်ပြီးသည့်နောက်တွင် စီးဝူယာ့ကို ကြည့်ကာ ပြောလိုက်သည်။
"တတိယဖြစ်နိုင်ချေလည်း ရှိသေးတယ်။ မင်းရဲ့ ကျင့်ကြံဆင့်က သေချာတဲ့ အနေအထားတစ်ခုကို ရောက်သွားပြီးတဲ့နောက်မှာ ပုံရိပ်ယောင်ကို ဖန်တီးဖို့ ဖြစ်လာနိုင်တယ်”
"..."
ဆက်တိုက်ဆိုသလို လန်ရှီဟယ်က လှည့်ကာ အဖြူဝတ်ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။
"ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ မျှော်စင်သခင်လန် မဟုတ်တော့ဘူး”
သူမ စောစောလေးက ပြောခဲ့သလိုမျိုး သူမက အရာအားလုံးကို ငြီးငွေ့နေပြီ ဖြစ်၏။
ထိုစကားများကို ကြားကာ အဖြူရောင်မျှော်စင် အဖွဲ့သားများက တစ်ယောက်နှင့် တစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ သူတို့က လန်ရှီဟယ်သည် အဓိပ္ပာယ် မရှိသည့် စကားများကို ထုတ်ပြောမည် မဟုတ်ကြောင်း နားလည်ထား၏။ သူမက ဆုံးဖြတ်ချက် ချထားသည့်အ ခါ ပြောင်းလဲနိုင်ဖို့ အခွင့်ရေး မရှိပေ။
လုကျိုးက မေးလိုက်သည်။
"အခုဘာလုပ်မှာလဲ"
"မျှချေကို ထိန်းရမှာပေါ့" လန်ရှီဟယ်က ပြောလိုက်သည်။
"မျှချေတဲ့လား"
"လူသားနဲ့ ခက်ထန်သားရဲတွေကြားက မျှချေ၊ ကုန်းမြေနဲ့ အဆုံးမဲ့ ပင်လယ်ကြားက မျှချေ၊ ကျင့်ကြံရေးလောကနဲ့ သေမျိုးလောကကြားက မျှချေ … ဒီကမ္ဘာမှာ ရှိတဲ့အရာအားလုံးတွေက မျှချေညီသင့်တယ်။ တကယ်လို့ အတိမ်းအစောင်းဖြစ်သွားခဲ့ရင် ကမ္ဘာက ပြိုလဲသွားလိမ့်မယ်” လန်ရှီဟယ်က ပြောလိုက်သည်။
"မင်းက ဒီနေရာမှာနေဖို့ ပုံရိပ်ယောင်ပဲဆိုရင် ဘာလို့ ငါ့ကို ကူညီခဲ့တာလဲ” လုကျိုးက မေးလိုက်သည်။
"လူသားတွေက အရမ်းကို အားနည်းလွန်းတယ်။ လူသားတွေက မိုးမြေရဲ့ မျှချေကို ထိန်းသိမ်းဖို့ သူတို့ကြားမှ ပိုမိုအားကောင်းတဲ့ ပညာရှင်တွေကို လိုအပ်တယ်” လန်ရှီဟယ်က တည်ငြိမ်စွာ ပြောလိုက်သည်။
နောက်ထပ် မျှချေညီတဲ့ ကိစ္စပဲလား ...
"အဲဒီလိုဆိုရင် မင်းကသွားပြီး မျှချေညီအောင် ထိန်းလိုက်ပေါ့" လုကျိုးက ပြောလိုက်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက ကောင်းကင်မှ ဆင်းသက်လာ၏။
ထိုစဥ် လန်ရှီဟယ်က ဖြတ်ခနဲ ပျောက်ကွယ်ကာ လမ်းကြောင်းတိုင်း ပုံရိပ်ယောင်များသာ ချန်ထားခဲ့သည်။ တစ်ချိန်တည်းဆိုသလို အဖြူရောင် ကြယ်တာရာဒိုင်ခွက်က ဝေဟင်အထက် ဝံ့ဝံ့ကြွားကြွား တောက်ပလာသည်။
လုကျိုးက လှည့်ကာ လက်ဝါးချက်ကို ထုတ်လွှင့်လိုက်၏။
ဘန်း
လုကျိုး၏ လက်ဝါးချက်က အဖြူရောင် ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွားသည်။
လန်ရှီဟယ်၏ စွမ်းအားတိုးမြှင့်လာမှုကြောင့် လုကျိုးအား ပေ ၁သိန်းမြင့်မားသည့် အဖြူရောင်မျှော်စင်အထက် တွန်းပို့လိုက်သည်။
သူမက အဖြူရောင် ကြယ်တာရာဒိုင်ခွက်ကို ရုတ်တရက် ပြန်ရုတ်သိမ်းလိုက်သည့်အခါ လုကျိုး၏ လက်ဝါးချက်က လန်ရှီဟယ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။
မထိမခိုက် ကျန်ရှိနေသည့် လန်ရှီဟယ်က ပြောလိုက်သည်။
"ရှင့်ရဲ့ အလားအလာက အတော်လေးကို မြင့်တယ်။ ရှင်က အထွတ်အထိပ် သက်ရှိဖြစ်လာဖို့ အခွင့်အရေး ရှိတယ်။ မိုးမြေရဲ့ စွမ်းအားက ကျွန်မ ဒီမှာ ချန်ခဲ့တဲ့ ပုံရိပ်ယောင်ကို ပျက်စီးသွားစေပြီဆိုတော့ ဒီမှာကြာကြာ နေလို့ မဖြစ်တော့ဘူး။ ကျွန်မ သွားရတော့မယ်”
"မင်းက ဘယ်သူလဲ" လုကျိုးက ထပ်မေးလိုက်သည်။ သူက အချိန်မရွေး မျှချေကို အပြောင်းအလဲ ဖြစ်စေဖို့ အသုံးပြုပစ္စည်းကတ်ကို သုံးဖို့ရာ အဆင်သင့်ဖြစ်နေပြီ။
"နေရာတိုင်းမှာ မျှချေကို ထိန်းသိမ်းဖို့ တည်ရှိမှုဆိုတာ ရှိတယ်။ ရှင် အဆုံးမဲ့ပင်လယ်ကို ရောက်ဖူးတယ်မလား” လန်ရှီဟယ်က မေးလိုက်သည်။ သူမက သူ့ကို တိုက်ရိုက်အဖြေမပေးပေ။ လုကျိုး အဖြေကို မစောင့်ဘဲ သူမက ဆက်ပြောလိုက်၏။
"အဆုံးမဲ့ပင်လယ်ရဲ့ အရှေ့ဘက်မှာ ရှိတဲ့ ခွန်က ပင်လယ်ရဲ့ မျှချေကို ထိန်းသိမ်းထားတဲ့ တည်ရှိမှုပဲ။ ကျွန်မနဲ့ ခွန် ကြားက ကွဲပြားမှုက ခွန်က တကယ့် ခက်ထန်သားရဲဖြစ်ပြီးတော့ လန်ရှီဟယ်ကတော့ ကျွန်မရဲ့ ပုံရိပ်ယောင်တစ်ခုပဲ"
"အဲဒါဆိုတော့ မင်းက ဒီနည်းလမ်းနဲ့ မျှချေကို ဆက်ပြီး ထိန်းနိုင်တာပေါ့”
"မဟုတ်ဘူး။ မဟာလေဟာနယ်က ရှင် ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးတယ်” လန်ရှီဟယ်က ခေါင်းယမ်းကာ ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
"မင်းက မဟာလေဟာနယ်ကလား” လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ သူက အတော်လေး အံ့အားသင့်နေမိသည်။
ထိုစဥ် နေမင်း၊ လမင်းနှင့် ကြယ်တာရာ စက်ဝန်းတို့က စတင်လှည့်ပတ်လာသည်။
လန်ရှီဟယ်က သူမ လက်ကို မြှောက်လိုက်သည့်အခါ နေမင်း၊ လမင်းနှင့် ကြယ်တာရာ စက်ဝန်းတို့က နှစ်ပိုင်းကွဲထွက်သွားပြီး ဘေးဘက်တစ်ဖက်တစ်ချက်ဆီ ရောက်ရှိလာသည်။
ဝေဟင်အထက်ရှိ ရှေးဦးချီက သူမဆီ စီးဝင်လာကြသည်။ ထိုစဥ် နေမင်း၊ လမင်းနှင့် ကြယ်တာရာ စက်ဝန်းတို့က နေမင်း လမင်း တို့၏ အလင်းရောင်နှင့် ယှဥ်နိုင်လောက်အောင် တောက်ပလာလေ၏။
"ရှင်က အားနည်းလွန်းသေးတယ်။ ရှင့်ရဲ့ မိုးမြေစွမ်းအားကို ဝှက်ထားတာ အကောင်းဆုံးပဲ”
ဝှစ်
ဝေဟင်အထက် မပြောပြနိုင်လောက်ဖွယ် ဧရာမကြီးမားသည့် ကြယ်တာရာ ဒိုင်ခွက်တစ်ခုက မိုးကုပ်စက်ဝိုင်းကို လွှမ်းခြုံသွားခဲ့သည်။
မြေပြင်ရှိ ကျင့်ကြံသူများက ေခါင်းမော့ကာ ကြည့်လိုက်ကြ၏။ ထိုမြင်ကွင်းက ကောင်းကင်ရှိ ကြယ်တာရာအားလုံးသည် အဖြူရောင် မျဥ်းတန်းဖြင့် ဆက်နွယ်ထားသလိုမျိုး ပန်းချီကားကို ကြည့်နေရသလိုမျိုးဖြစ်နေသည်။
ထို့နောက် မှော်ဆန်ဆန် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
အဖြူရောင်မျှော်စင်၏ အပြင်ဘက်တွင် မြေပြင်ပေါ် ကျဆင်းနေသည့် နှင်းများက ချက်ချင်းဆိုသလို အရည်ပျော်ကျသွားသည်။
ကျင့်ကြံသူများက ဘေးပတ်လည်ကို တအံ့တသြဖြင့် ကြည့်လိုက်ကြ၏။ သိပ်မကြာခင် မြက်ပင်များက ကြီးထွားလာသည်။
အဖြူရောင်မျှော်စင်ထက်ရှိ အပြိုအပျက်များကလည်း မျောလွင့်လာကာ သူ့အလိုလို ပြန်လည်ပြုပြင်နေကြသည်။ တာအိုသင်္ကေတများကလည်း ပြန်လည်ကောင်းမွန်သွား၏။
ဤသည်က ပြီးမြောက်ဖို့ အသက်တစ်ရှိုက်စာသာ လိုအပ်ခဲ့သည်။
မြေပြင်က အဖြူရောင် ကြယ်တာရာဒိုင်ခွက်ကြောင့် လင်းထိန်နေလေသည်။
ဝှစ်
နေမင်း၊ လမင်းနှင့် ကြယ်တာရာ စက်ဝန်းတို့က ကောင်းကင်အထက် ပျံသန်းလာပြီး မျက်စေ့ဖြင့် မမြင်နိုင်လောက်အောင် မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။
လန်ရှီဟယ်က မျက်မှောင်အသာကြုတ်ပြီး ကြယ်တာရာဒိုင်ခွက်ကို သိမ်းဆည်းလိုက်၏။ သူမက သူမကို ထိန်းချုပ်နေသည့် လျို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုကို ခံစားမိသည်။ မည်သို့ပင်ဆိုစေကာမူ သူမက ဆက်လက် စဥ်းစားမနေတော့ပေ။ သူမက မပျက်မစီးရှိနေသည့် အဖြူရောင်မျှော်စင်ကို ကျေနပ်စွာ ကြည့်ပြီးသည့်နောက်တွင် ပြောလိုက်၏။
"ယဲ့ထျန်းရှင်း အခုကစပြီး မင်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ မျှော်စင်သခင်ပဲ"
ထို့နောက် သူမ၏ ခြေ လက်နှင့် ဆံပင်တို့က ဖြည်းဖြည်းချင်း အလင်းပျောက်အဖြစ် ပျောက်ကွယ်သွားခဲ့သည်။ သူမက အပြီးတိုင် ပျောက်ကွယ်မသွားခင် လုကျိုးကို ပြောခဲ့၏။
"ရှင့်ကို မဟာလေဟာနယ်မှာ တွေ့ဖို့ စောင့်နေမယ်"
"မဟာလေဟာနယ်လား"
အားကောင်းသည့် လေပြင်းတစ်ချက် တိုက်ခတ်သွားလေသည်။ သူက မဟာလေဟာနယ်အကြောင်း မေးလိုစဥ် လန်ရှီဟယ်က အပြီးတိုင် ပျောက်ကွယ်သွားခဲ့၏။
ထိုစဥ် အားလုံးက ကောင်းကင်ကို တငေးတမောကြည့်နေကြသည်။ အချိန်အတော် ကြာမြင့်ပြီးသည့်နောက်တွင် အဖြူရောင်မျှော်စင် အဖွဲ့သားများက ဦးညွှတ်ကာ ပြောလိုက်ကြသည်။
"မျှော်စင်သခင်လန်ကို နှုတ်ဆက်ပါတယ်”
စီးဝူယာ့က ခေါင်းအသာယမ်းကာ သက်ပြင်းချလိုက်၏။ လန်ရှီဟယ်က ရုပ်သေးရုပ် မဟုတ်သလို အထွတ်အထိပ် ပစ္စည်းမှ ပုံရိပ်ယောင်တစ်ခုလည်း မဟုတ်ပေ။ သူမက သက်ရှိနှင့် တူလွန်းလှသည်။
လုကျိုးက နေမင်း၊ လမင်းနှင့် ကြယ်တာရာ စက်ဝန်းတို့ ပျောက်ကွယ်သွားသည့် နေရာကို လှမ်းကြည့်လိုက်၏။ ဤအရာအားလုံးက မဟာလေဟာနယ်၏ တည်ရှိမှုကို အတည်ပြုဖို့ လိုအပ်နေသည်။
စိမ်းစိုနေသည့် မြေပြင်နှင့် အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည့် အဖြူေရာင်မျှော်စင်တို့က လန်ရှီဟယ်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းမျှသာဖြစ်၏။ တကယ့် လန်ရှီဟယ်ဆိုလျှင် မည်မျှ အားကောင်းသလဲ တွေးကြည့်၍ ခက်ခဲလိမ့်မည်။
လုကျိုးက ထိုအကြောင်းကို ဆက်လက် စဥ်းစားမနေတော့ပေ။ မည်သူကမှ အထွတ်အထိပ် သက်ရှိကို မြင်ဖူးကြသည် မဟုတ်ပေ။
ထိုစဥ် လုကျိုးက ဆင်းသက်လာခဲ့၏။
"ရှစ်စွင်း" ယဲ့ထျန်းရှင်းက ခေါ်လိုက်သည်။
"ရှစ်စွင်း အဆင်ပြေရဲ့လား” ရှောင်ယွမ်အာကလည်း ပြေးလာသည်။
လုကျိုးက အဖြူရောင် တိမ်တိုက်အထက် ရပ်တည်နေသည့် အဖြူရောင်မျှော်စင်ကို လှည့်ကြည့်လိုက်သည်။ ဤတစ်ကြိမ် ကျင့်ကြံသူများစွာက တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြ၏။
ထို့နောက် အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ အကြီးအကဲ၊ အကဲဖြတ်သူနှင့် အဖွဲ့သားများက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်ကြသည်။
"မျှော်စင်သခင်ရဲ့ ရာထူးကို ကျေးဇူးပြုပြီး လက်ခံပေးပါ"
အားလုံးက ယဲ့ထျန်းရှင်းအား မျှော်လင့်ချက် တောက်ပနေသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။