အခန်း (၁၁၄၇-၁၁၄၉)
Vol. 77 Ch. 1147-1149
အခန်း (၁၁၄၇) လမ်းညွှန်ခြင်း
ယဲ့ထျန်းရှင်းက မှင်တက်နေမိသည်။ သူမက အကူအညီ တောင်းခံသည့်ပမာ သူမရှစ်စွင်းကို ကြည့်လိုက်၏။ သူမသည် အတိတ်တုန်းက လရောင်ဆွတ်နန်းတော်၏ နန်းတော်သခင် ဖြစ်ခဲ့ဖူးသော်ငြား အဖြူရောင်မျှော်စင်အဖွဲ့အစည်းကမူ လုံးဝကွဲပြားခြားနားနေပေ၏။ ယခင်က သူမသည် အတော်လေး ယုံကြည်ချက် ရှိသေးသည်။ သို့သော် အစောတုန်းက လန်ရှီဟယ်၏ခွန်အားကို မျက်မြင်တွေ့ပြီးနောက် သူမယုံကြည်ချက် ကင်းမဲ့သွားတော့သည်။ သူမ ရှစ်စွင်းက ဆုံးဖြတ်ပေးဖို့ သူမကို ကူညီဖို့မျှော်လင့်နေမိ၏။ သူမရှစ်စွင်း အမိန့်ပေးသရွေ့တွေဝေမနေဘဲ ထမ်းဆောင်မှာဖြစ်သည်။
လုကျိုးက ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။ ဆိုရလျှင် သူ၏တပည့်က ကလေးတစ်ယောက် မဟုတ်တော့ပေ။ ယခုအချိန်၌ သူသည် သူမကို ကာကွယ်ပေးနိုင်သော်ငြား သူသည် သူမကို တစ်သက်လုံး ကာကွယ်ပေးနိုင်မှာမဟုတ်ပေ။ သူမကိုယ်တိုင် ဆောင်ရွက်ရမည့်ကိစ္စတချို့ ရှိနေသေးသည်။
ယဲ့ထျန်းရှင်းက သူမရှစ်စွင်း၏အတွေးကို နားလည်၏။ သူမက အသက်ပြင်းပြင်း ရှူပြီးနောက် ဝေ့ဝိုက်ကြည့်ကာ လူတိုင်းကို ပြောလိုက်၏။
“အားလုံးပဲထကြပါ”
“ကျေးဇူးတင်ပါတယ် မျှော်စင်သခင်ယဲ့” လူတိုင်းက ထရပ်လိုက်၏။
အကြီးအကဲတင်းလင်က သူမဘေးရှိကျင့်ကြံသူများကို အမြန်ညွှန်ကြားလိုက်သည်။
“အဖြူရောင်မျှော်စင်ကို ရှင်းလင်းကြ။ အရာအားလုံး နေရာတကျ ဖြစ်အောင်လုပ်။ ပြီးတော့ မျှော်စင်သခင်ယဲ့အတွက် အမျိုးသမီးလက်ထောက်နှစ်ယောက်လည်း စီစဉ်ပေးလိုက်ဦး”
“နားလည်ပါပြီ”
ကျင့်ကြံသူများသည် ပြင်ဆင်မှုများပြုလုပ်ရန်ထွက်သွားလေ၏။
ပြီးနောက် တင်းလင်က ယဲ့ထျန်းရှင်ရှေ့သို့သွားကာ ဦးညွှတ်လျက်ပြောလိုက်သည်။
“မျှော်စင်သခင် လိုအပ်တာရှိသေးရင် ကျွန်မကို လွတ်လွတ်လပ်လပ်လာရှာပါ”
ယဲ့ထျန်းရှင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်ရာထူးကို လက်လွှဲယူလိုက်ပြီဖြစ်၏။ သူမအဖို့ ကျွမ်းကျင်သူများစွာကို အမိန့်ပေးဖို့ လွယ်မှာမဟုတ်သောကြောင့် သူမက ပြောလိုက်၏။
“အားလုံးပုံမှန်အတိုင်းပဲ သွားမယ်။ ကျွန်မ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ချင်တယ်”
နဉ်ဝမ်ချင်းက ပြုံးလျက်ပြောလိုက်၏။
“မျှော်စင်သခင်ယဲ့က မဟာလေဟာနယ်စွမ်းအင်ကို ပိုင်ဆိုင်ထားပြီး အခု မွေးဖွားဇယားချပ်နှစ်ခု ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ။ မျှော်စင်သခင်က နောင်ကျ မျှော်စင်သခင်လန်ကို ကျော်တက်ဖို့ ပြဿနာရှိမှာ မဟုတ်ဘူး”
လူတိုင်းသည် ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။ အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ ယခင်မျှော်စင်သခင်လန်သည် သူမ၏၁၃ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းချိန်၌ အသက်ထောင်ချီ ရှိနေပြီဖြစ်သည်။ သူမက မဟာလေဟာနယ်စွမ်းအင် ပိုင်ဆိုင်ထားသော်ငြား နောက်ကျလွန်းသွားပြီ ဖြစ်၏။ ယှဉ်ကြည့်လျှင် လက်ရှိမျှော်စင်သခင်က အလားအလာ ပိုမြင့်မားပြီး ပိုတောက်ပသည့်အနာဂတ်ရှိသည်။
အကြီးအကဲတစ်ဦးက ဦးညွှတ်ကာပြောလိုက်တော့သည်။
“အရေးအကြီးဆုံးက မျှော်စင်သခင်ယဲ့ရဲ့အကြောင်းကို လျှို့ဝှက်ထားဖို့ပါပဲ။ ဒီကိစ္စကို အပြင်လူတွေ သိခွင့်မပေးနိုင်ဘူး”
ကျန်သည့်အကြီးအကဲများက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။ ဤအရေးကိစ္စသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အနာဂတ်နှင့်သက်ဆိုင်နေသည်။
“တာ့မင်ကကော ... သူတို့ဒီနေ့ လူတွေအများကြီးလွှတ်လိုက်တာ။ နောင်ကျ သူတို့လူ ထပ်လွှတ်မလားဆိုတာ ဘယ်သူက သိမှာလဲ”
“ကုန်းစွန်းယွမ်ရွှမ်းက ထွက်ပြေးသွားပြီ။ မျှော်စင်သခင်လန်ရဲ့အင်အားနဲ့ မျှော်နန်းသခင်လု ကိုင်ဆောင်ထားတဲ့ အင်အားကို မြင်ပြီးတော့ သူက အခုဆိုပုန်းပြီး စိတ်ရှုပ်ထွေးနေလောက်ပြီ။ သူ ထွက်လာရဲမှာမဟုတ်လောက်ဘူး။ အခုဆို တာ့မင်အကြောင်း စိတ်ပူစရာမလိုဘူး။ သူတို့နောက်ထပ် ဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့” အကြီးအကဲက ပြောလိုက်၏။ ပြီးနောက် သူက ယဲ့ထျန်းရှင်းဖက် လှည့်မေးလိုက်သည်။
“ဘာတွေးထားလဲ မျှော်စင်သခင်”
ယဲ့ထျန်းရှင်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အကြီးအကဲ အကြံပေးတဲ့အတိုင်း ကျွန်မတို့ လုပ်ကြတာပေါ့”
ယခုအချိန်၌ လုကျိုး၏တည်ရှိမှုသည် ပံ့ပိုးမှုတစ်ခု တားဆီးမှုတစ်ခု ဆောင်ရွက်ပေး၏။
ယဲ့ထျန်းရှင်းသည် ယုံကြည်မှုတည်ဆောက်ရန် အကြီးအကဲ၏အကြံပြုချက်ကို နားထောင်ခဲ့သည်။ အကြင်နာတရားနှင့် ခြိမ်းခြောက်မှုနှစ်ရပ်လုံးအသုံးပြုပြီး လူတို့၏စိတ်နှလုံးကို ရဖို့လွယ်ကူ၏။
ယဲ့ထျန်းရှင်းက လုကျိုးကို ကြည့်ပြီးမေးလိုက်သည်။ “ရှစ်စွင်း ကိစ္စတွေ ဒီလိုဖြေရှင်းတာ မှန်လား”
လုကျိုးကခေါင်းညိတ်လိုက်၏။
“မှန်တယ် ... မင်းက အခု မျှော်စင်သခင် ဖြစ်နေပြီ။ ကိစ္စတွေအားလုံး ဖြေရှင်းနိုင်တယ်”
“ဟုတ်ကဲ့” ယဲ့ထျန်းရှင်းက ပြောလိုက်၏။
“တပည့်တစ်ခု တောင်းဆိုစရာရှိပါတယ်ရှစ်စွင်း”
“ပြော”
“ချန်ဟွမ်းက တပည့်ကို အများကြီး ကူညီပေးခဲ့တယ်။ တပည့်အခက်ခဲဆုံးအချိန်မှာ တပည့်ကို သွန်သင်ပေးခဲ့တာ ချန်ဟွမ်းမရှိဘဲ မလုပ်နိုင်ဘူး” ယဲ့ထျန်းရှင်းက ဦးညွှတ်ကာပြောလိုက်၏။
“ချန်ဟွမ်းလား ... အကြီးအကဲများနှင့် စီရင်သူများသည် တအံ့တဩကြည့်လိုက်ကြသည်။
တင်းလင်က မယုံနိုင်စရာမေးလိုက်တော့သည်။
“ချန်ဟွမ်းက လူသားတွေကို နားလည်တဲ့ရှေးသားရဲတစ်ကောင်ပဲ။ မျှော်စင်သခင် ချန်ဟွမ်းကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာလား”
လုကျိုးက ပြောလိုက်၏။
“ချန်ဟွမ်းလေးပဲကို ...ရေးကြီးခွင်ကျယ် လုပ်နေဖို့ မလိုဘူး။ ပိုကြီးတဲ့ သင်္ကေတလမ်းကြောင်းဖန်တီးဖို့ ကျောင်းဟုန်ဖုကို ပြောလိုက်မယ်”
ယဲ့ထျန်းရှင်းက ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးပါ ရှစ်စွင်း”
တင်းလင်က ဘေးကနေပြောလိုက်၏။
“ချန်ဟွမ်းက အရွယ်အစားနည်းနည်း ကျုံ့နိုင်လောက်တယ်။ ဧရာမသင်္ကေတလမ်းကြောင်းတစ်ခု တည်ဆောက်ဖို့ အချိန်အတော်ကြာယူရလိမ့်မယ်။ ဒါပေမဲ့ အားလုံးပူးပေါင်းဆောင်ရွက်ရင် ပြဿနာရှိမှာ မဟုတ်ဘူး။ မျှော်စင်သခင် ချန်ဟွမ်းက အရွယ်အစားဘယ်လောက်ရှိလဲ မေးလို့ရမလား”
ယဲ့ထျန်းရှင်းက ခဏတဖြုတ်စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။ "ကျွန်မတို့ ပထမဆုံး တွေ့တုန်းက သူက ပေ ၁၀၀၀ရှည်တာ။ မိစ္ဆာဝေဟင်မျှော်နန်းဆီပြန်ရောက်ပြီးတော့ တဝက်ကျုံ့သွားတယ်”
တင်းလင်၊ ကျန်သည့်အကြီးအကဲများနှင့် စီရင်သူများ “...”
အကြီးအကဲတစ်ယောက်က ပြောလိုက်၏။
“သူ့ရဲ့အရွယ်အစားအမှန်ကို မဖုံးကွယ်ထားရန် အရှည်က ပေ ၁၀၀၀ရှိလောက်တယ်။ သားရဲဘုရင်တစ်ကောင်ရဲ့ ခွန်အားရှိမှာပေါ့။ ချန်ဟွမ်းက ဆန်းကြယ်တဲ့ရှေးသားရဲတစ်ကောင် အရွယ်ရောက်ပြီးလောက်ပြီး နောင်ကျ ပိုသန်မာလာမှာ ကြိမ်းသေတယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“မင်းတို့အားလုံး အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ကိစ္စတွေကို မင်းတို့ဖာသာဖြေရှင်းလို့ရတယ်” ထိုသို့ပြောပြီးနောက် လုကျိုးက လှည့်ထွက်သွား၏။
ရှောင်ယွမ်အာက ယဲ့ထျန်းရှင်းကို ပြောလိုက်သည်။
“လျှိုရှစ်ကျဲ ... ညီမ နောက်မှ အစ်မဆီလာလည်မယ်”
“ဟုတ်ပြီ”
တင်းလင်းက ယဲ့ထျန်းရှင်းကို ဦးညွှတ်လျက် မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများကို လိုက်ပို့မည် ဖြစ်ကြောင်း ညွှန်ပြလိုက်၏။
တင်းလင်းက လုကျိုးနှင့်ကျန်သည့်လူများကို နှင်းတောင်တန်းပေါ်ရှိ သင်္ကေတလမ်းကြောင်းကို ဦးဆောင်ခေါ်သွားသည်။
သူတို့ပျံသန်းနေစဉ် ရှောင်ယွမ်အာ၏ ဆော့ကစားတတ်သော သဘာဝကြောင့် သူမ ဘယ်ယိမ်းညာယိမ်း ပျံသန်းနေရာ အနည်းငယ် နောက်ကောက်ကျသွားစေ၏။
ယင်းကို မြင်သောအခါ လုကျိုးက ပြောလိုက်၏။
“အဓိပ္ပာယ်မရှိလိုက်တာ ... မင်း ကျင့်ကြံနေတာ ကြာလှပြီ။ ဒါတောင် ဘုံတစ်ထောင်လေပွေအဆင့် မရောက်သေးဘူး။ မင်း တစ်ချိန်လုံး ဆော့ကစားမနေသင့်ဘူး”
ရှောင်ယွမ်အာသည် လုကျိုးပြောလိုက်သည်နှင့် လိမ္မာသွားတော့၏။ သူမက လုကျိုးဆီသွားလိုက်သည်။
“ဒီနှစ်အတွင်း တပည့် ဘုံတစ်ထောင်လေပွေအဆင့်အတွင်း ဝင်မယ်လို့ ကတိပေးတယ်”
“မင်း လုပ်နိုင်မှာသေချာလား” လုကျိုးက မေးလိုက်၏။
“ဟုတ် ... တပည့်ကတိပေးတယ်” ရှောင်ယွမ်အာက လက်တစ်ဖက်မြှောက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ဒီနှစ် ဘုံတစ်ထောင်လေပွေအဆင့်ကို ဝင်ရောက်ပြီး နောက်နှစ်ကျ လျှိုရှစ်ကျဲကို ကျော်တက်မယ်။ ပြီးရင် ငါးနှစ်အတွင်း အာ့ရှစ်ရှိုးကို ကျော်တက်မယ်”
တင်းလင်း “...”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ။ ရှစ်စွင်း မင်းကိုယုံတယ်”
တင်းလင်း “...”
တစ်ယောက်က ထိုစကားများကို ပြောရဲသည်။ ကျန်တစ်ယောက်ကလည်း ထိုစကားများကို ယုံရဲ၏။
အနီရောင်ကြာနယ်မြေ၏ တော်ဝင်နန်းတော်ရှိ တည်တံ့ရေးခန်းမထဲတွင်ဖြစ်သည်။
လုကျိုးသည် ခန်းမသို့ပြန်ရောက်ပြီး မကြာမီ၌ တွမ့်မူရှန်းကို လေ့လာရန် အမြင်စွမ်းအားကို အသုံးပြုလိုက်သည်။ နက်မှောင်နေသေးတာကို မြင်သေးသောအခါ သူက အမြင်စွမ်းအားကို ဖြတ်တောက်လိုက်၏။
ပြီးနောက် လုကျိုးသည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ပြောင်းလဲမှုနှင့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ကြီးထွားမှုကို လေ့လာလိုက်သည်။
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန် ပြောင်းလဲမှုသည် နည်းလမ်းရှစ်သွယ် စိတ်ဝိညာဉ်သဏ္ဌာန်အဖြစ် ဆင့်ကဲ ပြောင်းလဲလာသော်ငြား အလွန်အားနည်းနေသေးသည်။ ၎င်းက အထွတ်အထိပ်ဆန်းကြယ်စွမ်းအား များများစားစား မထည့်ထားပေ။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်အဖြစ် ဆင့်ကဲပြောင်းလဲခြင်း မပြုမီ သူက ကောင်းကင်ကျမ်းစာပေါ်၌ ဆင်ခြင်သုံးသပ်မှုကို အားထားသေး၏။ သူသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းရည်ကို ဆက်လက် လေ့လာရဦးမည်။
ခဏအကြာ၌ သူသည် လန်ရှီဟယ်က ကောင်းကင်ကျမ်းစာမှ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို မိုးနှင့်မြေစွမ်းအားအဖြစ် မှားသွားတာကို ပြန်တွေးမိသွား၏။ သူက ခေါင်းခါပြီး သူ့ဖာသာသူ တွေးမိသွား၏။
“ငါ လိမ်ဖို့လိုသေးလို့လား။ သူတို့နားလည်မှု လွဲချင်တယ်ဆိုရင် သူ့ကို နားလည်မှုလွဲခွင့် ပေးထားလိုက်မယ်”
ပြီးနောက် လုကျိုးသည် စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။
“တင်း ... ဒုတိယမြောက် စိတ်ဝိညာဉ်သဏ္ဌာန်၏ ချီအဆင့်အတန်း နည်းလမ်းရှစ်သွယ် ဆက်နွယ် ... နောက်တစ်ဆင့်ကို အဆင့်တက်ရန် သက်တမ်း ၃၅၀၀ လိုအပ်ပါသည်”
မေ့လိုက်တော့ ... လုကျိုးက ခေါင်းကိုက်လာလေ၏။
အဆင့်တက်ခြင်းက သက်တမ်းများ ပိုလိုအပ်မှန်း ထင်ထားပြီးသားဖြစ်သည်။ အထူးသဖြင့် ဤစိတ်ဝိညာဉ်သဏ္ဌာန်သည် အဆင့်သုံးဆင့်တက်ပြီးနောက်ဖြစ်သည်။ သို့သော် သုံးစွဲမှုက မြင့်မားလွန်းပေ၏။ သူ ယခင်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင်အခြင်မဲ့စွာ အဆင့်တက်ခြင်း မပြုခဲ့တာ ကံကောင်းသည်ဟု တွေးမိသွား၏။ မဟုတ်လျှင် သူ ဆုံးရှုံးမှုကြီး ခံစားရလိမ့်မည်။
သူက သက်တမ်းကို ကြည့်လိုက်သည်။
ကျန်ရှိသောသက်တမ်း ၁၃၆၄၈၉၉ (၃၇၃၉နှစ်တွင် နှစ်ပေါင်း ၆၀၀သည် အကြောင်းပြန်လှန်ကတ်မှ ဖြစ်သည်)
အဆုံးကျ လုကျိုးသည် သူ၏နည်းလမ်းရှစ်သွယ် စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မတက်ဖို့ ရွေးလိုက်၏။ ထိုအစားသူသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းကို ထုတ်လိုက်၏။
သူက တပလင်ခွေချိတ်ထိုင်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို အာရုံခံကာ ကနဦးချီကို သုံးပြီး အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းထဲရှိ ကျန်ရှိသောသက်တမ်းများကို စတင် စုပ်ယူလိုက်သည်။
ဤနည်းဖြင့် သူ၏စုပ်ယူသည့်အရှိန်က နှစ်ဆဖြစ်ကြောင်း ရှာတွေ့သွားသည်။
အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းမှ အစိမ်းရောင်အငွေ့များသည် လုကျိုး၏ခန္ဓာကိုယ်ထဲ တိုးဝင်သွား၏။
တစ်နာရီမပြည့်မီ၌ သူသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းထဲရှိ သက်တမ်းအားလုံးကို အပြည့်အဝ စုပ်ယူပြီးသွားပြီဖြစ်သည်။ ရလဒ်အနေဖြင့် ကျောက်စိမ်းက ပြုတ်ကျပြီး ယခုဆို အမှိုက်သာဖြစ်သွားသည်။
သူက စနစ်မျက်နှာပြင်ကို ကြည့်လိုက်သောအခါ သူ၏သက်တမ်း နှစ်၅၀၀၀တိုးလာတာကို တွေ့လိုက်ရ၏။
ထိုစဉ် ဆေးရည်များ ဖြည့်ထားသည့် ရေစည်ထဲထိုင်နေသော ချင်မော့ရှန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်လေ၏။
“ငါ့ရဲ့ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်း”
သူက ဒေါသထွက်နေသော အမူအရာဖြင့်ထရပ်လိုက်သည်။
ထိုစဉ် ကျော့ရှင်းသောအမျိုးသားတစ်ဦးဝင်လာသည်။ သူကပြောလိုက်သည်။
“ချင်သခင်လေး အရင်တုန်းက ဒါကို သည်းခံဖို့ ကျုပ် ပြောခဲ့တယ်မလား။ ဘယ်လိုလုပ် ထပ်မေ့သွားတာလဲ”
“ငါ့ရဲ့ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းဖျက်ဆီးခံလိုက်ရပြီ။ ငါ ဘယ်လိုလုပ် သည်းခံရမလဲ” ချင်မော့ရှန်းက အံကြိတ်လျက် ပြောလိုက်၏။
“နှစ်တစ်သန်းသက်တမ်းရှိတဲ့ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းက ရှားပါးတဲ့ မွန်မြတ်တဲ့ပစ္စည်းဆိုတာ သိတယ်။ ဒါပေမဲ့ အဲဒါမရှိတော့ရင်လည်း မရှိတော့ဘူးပေါ့။ နောင်ကျ အသစ်တစ်ခု ရှာလို့ရတာပဲ။ မင်းရဲ့မွေးဖွားဇယားချပ်ကို ပြန်ကုသဖို့ အာရုံမစိုက်ခဲ့ရင် နောင်ကျ တစ်သက်လုံး ကုသနိုင်မှာမဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ ချင်မော့ရှန်းက ရေစည်ထဲ ထိုင်လိုက်ပြန်၏။ ကျော့ရှင်းသည့် ပညာတတ်အမျိုးသားက ထပ်ပြောလိုက်သည်။
“ကြီးမြတ်တဲ့သခင်ချင်က သခင်လေးကို ကောင်းကောင်းဆက်ဆံတာပဲ။ သူ့ရဲ့ပံ့ပိုးမှုနဲ့ဆိုရင်နောင်ကျ လက်စားမချေနိုင်မှာကို ဘာလို့ကြောက်နေမှာလဲ”
ချင်မော့ရှန်း၏ဒေါသက တဖြည်းဖြည်းချင်း လျော့ပါးသွားပြီးနောက် သူက မေးလိုက်သည်။
“ကြီးမြတ်သောသခင်ချင် အပြင်ထွက်လာပြီလား”
“ထွက်လာပြီ။ အထွတ်အမြတ်ခန်းမက မိုးနဲ့မြေဖြစ်စဉ်တစ်ခု ပေါ်လာကြောင်း သတင်းပို့ခဲ့တယ်။ မဟာလေဟာနယ်ထဲက အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက် သူတို့နေရာဆီ ပြန်လာပြီ” ပညာရှိက ပြန်ပြောလိုက်၏။
“သူက တာ့ချင်က မဟုတ်ဘူး။ တခြားနယ်မြေက ဖြစ်လောက်တယ်” ထိုပညာရှိက ပြောပြီးက ခဏ ရပ်တန့်လိုက်၏။ ပြီးနောက် ဆက်ပြောလိုက်၏။
“နောက်ဆုံးအခေါက်က မင်း တခြားနယ်မြေကို သွားတဲ့အချိန် တစ်စုံတစ်ယောက်ဆီမှာ မင်းရဲ့ မွေးဖွားဇယားချပ် ဆုံးရှုံးခဲ့တယ်။ အဲ့ဒီလူက မဟာလေဟာနယ်ဆီ ပြန်သွားတဲ့ အထွတ်အထိပ်ပုဂ္ဂိုလ် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
ဝှစ်
ချင်မော့ရှန်းသည် ထိုစကားများကြားသောအခါ ယိုင်သွား၏။ သူ၏အမူအရာက အလွန် မှုန်မှိုင်းသွားတော့သည်။
ချင်မော့ရှန်း၏တုံ့ပြန်မှုကို ပြောသောအခါ ပညာရှိက မဝံ့မရဲပြောလိုက်သည်။
“အကယ်၍လို့ပြောလိုက်တာ။ ဒါ ခန့်မှန်းရုံပဲ။ မျှခြေထိန်းသိမ်းမှုအုပ်စုကြောင့်သာ မဟုတ်ရင် တာ့ချင်က နယ်မြေအားလုံးကို ပေါင်းစည်းပြီးဖြစ်နေလောက်ပြီလို့မထင်ဘူးလား”
ချင်မော့ရှင်းက တောင့်တင်းသွား၏။ သူက ထပ်ပြောလိုက်သည်။
“ထပ်မပြောနဲ့တော့။ ငါ့မွေးဖွားဇယားချပ်ကို ဖျက်ဆီးသွားတဲ့လူရဲ့ပုံကို ဘယ်တော့မှ မမေ့ဘူး။ မင်းပြောတာ လုံးဝမဖြစ်နိုင်ဘူး”
ပညာရှိက ခေါင်းညိတ်ပြီးပြောလိုက်၏။ “ဟုတ်ပြီ။ ကျေးဇူးပြုပြီး ကြိုးစားပမ်းစား ကြိုးစားပေးပါဦး။ သွားတော့မယ်။ တခြားကိစ္စရှိရင် လာရှာလို့ရတယ်” ထိုပညာရှိ ထွက်သွားပြီးသည့်တိုင် ချင်မော့ရှန်းက အအေးရေကန်ထဲ၌ လုကျိုးနှင့်တွေ့စဉ် လုကျိုး၏သွင်ပြင်ကို ပြန်တွေးနေ၏။ သူက လက်သီးကျစ်ကျစ်ဆုပ်လျက် သူ၏ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းဆုံးရှုံးသွားမှုကို စဉ်းစားနေမိသည်။
လုကျိုးသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းထဲရှိ သက်တမ်းများကို စုပ်ယူပြီးနောက် သူ့ရှေ့၌ အသက်ဓာတ်နှလုံးသားငါးခုကို ထားလိုက်သည်။ ထိုအသက်ဓာတ်နှလုံးသားငါးခုသည် ငရဲဝံပုလွေဘုရင် ဟူကျောင်း၊ ဟုန်ကုန်းယွီ၊ ကြက်သွေးရောင်မျက်လုံး၊ ဝက်ဝံနတ်ဆိုးနှင့် တန့်ဟူတို့ ပိုင်ဆိုင်တာဖြစ်သည်။
ငရဲဝံပုလွေဘုရင်၏အသက်ဓာတ်အနှလုံးသားက ညဖက်အမြင်အာရုံချီးမြှင့်ပေး၏။
လန်ရှီဟယ်နှင့်အတူ အမည်မသိကုန်းမြေကို သွားပြီးနောက် လုကျိုးသည် ညဖက်အမြင်စွမ်းအားက အသုံးတည့်မည်ဟုထင်သည်။
ဟူကျောင်းနှင့် ဟုန်ကုန်းယွီကမူ ရေကိုထိန်းချုပ်နိုင်စွမ်းရှိသည်။
လုကျိုးက သူသည် တူညီသည့်စွမ်းရည်ပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် ထိုစွမ်းရည်ကို အသုံးဝင်သည်ဟု မထင်ပေ။ သူက မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းရန် ၎င်းတို့ကို ဖိအားပေး အသုံးပြုခဲ့မည်ဆိုပါက အချည်းနှီးဖြစ်ရုံသာမက ၎င်း၏အာနိသင်လည်း လျော့ကျသွားလိမ့်မည်။ တစ်ခါတစ်ရံ၌ မသင့်တော်သော မွေးဖွားဇယားချပ်နှစ်ခုကို အသက်သွင်းခြင်းက သင့်တော်သော မွေးဖွားဇယားချပ်တစ်ခု၏ စွမ်းအားနှင့်တောင် မယှဉ်နိုင်ပေ။
ကြက်သွေးရောင်မျက်လုံး ဝက်ဝံနတ်ဆိုး၏ အသက်ဓာတ်နှလုံးသားက မိမိ၏ခုခံမှုကို တိုးစေသည်။ ခုခံမှုများသည် အသက်ဓာတ်နှလုံးသားများ၏ စွမ်းရည်နှင့်မတူပေ။ စွမ်းရည်များနှင့် မတူဘဲ ခုခံမှုသည် ၎င်း၏ခွန်အား တိုးစေတာပဲဖြစ်သည်။
လုကျိုးက ယင်းကို သိမ်းထားလျှင် ကောင်းမည်ဟု တွေးသည်။
တန့်ဟူ၏ အသက်ဓာတ်နှလုံးသားကမူ လုကျိုးအတွက် အသုံးမဝင်သည့် မီးခုခံမှု ချီးမြှင့်ပေးတာ ဖြစ်သည်။
အဆုံးကျ လုကျိုးသည် အသက်ဓာတ်နှလုံးသားငါးခုထဲမှ နှစ်ခုသာ သိမ်းထားရန် ဆုံးဖြတ်လိုက်၏။
“ဒီအသက်ဓာတ်နှလုံးသား သုံးခုကို ဘယ်သူ့ဆီပေးသင့်လဲ” လုကျိုးက စဉ်းစားနေလျက် သူ့စိတ်ထဲ၌ တပည့်များ၏ နာမည်က ပေါ်လာသည်။
ထိုစဉ် တည်တံ့ရေးခန်းမထဲမှ အသံတစ်သံ ပေါ်ထွက်လာ၏။
“ယွီရှန်းရုန်က ရှစ်စွင်းကို တွေ့ခွင့်တောင်းပါတယ်”
“ဝင်ခဲ့”
ယွီရှန်းရုန်သည် လက်ထဲတွင် သက်တော်ရှည်ဓားကို ကိုင်ထားလျက် လျှောက်သွားသည်။
ယွီရှန်းရုန်သည် နဝမဘုံကျောင်း၏ရှေ့တွင် အလင်းအမှောင်မှ ကျားငါးကောင်ထဲမှ တစ်ကောင်နှင့် တိုက်ခိုက်နေခဲ့ကြောင်း လုကျိုး ရုတ်တရက် သတိရသွား၏။ ထို့ကြောင့် သူ မေးလိုက်၏။
“မင်း ဒဏ်ရာရထားလား”
ယွီရှန်းရုန်က အပြုံးဖျော့ဖျော့ဖြင့် ပြန်ပြောလိုက်သည်။
“အပေါ်ယံဒဏ်ရာလေးပါပဲ။ နဝမဘုံကျောင်းကို ရောက်တဲ့အချိန် ပြန်ကုစားလိုက်ပါ့မယ်”
လုကျိုးသည် စိတ်ကျေနပ်စွာခေါင်းညိတ်ပြီးနောက် မေးလိုက်၏။
“ဖုယီရဲ့အသက်ဓာတ်နှလုံးသားကို စုပ်ယူထားလား”
“ဟုတ်ကဲ့။ စုပ်ယူထားပါတယ်။ အာနိသင်က လက်ခံနိုင်ဖွယ် ရှိတယ်။ ဒါပေမဲ့ သာမန် အသက်ဓာတ်နှလုံးသားတွေလို အသုံးမဝင်တဲ့ပုံပဲ” ယွီရှန်းရုန်က ပြန်ပြောလိုက်၏။
ယင်းက ထင်ထားပြီးသားအရာ ဖြစ်သည်။ မိမိအဆင့်တက်သွားလေ သာမန်အသက်ဓာတ်နှလုံးသားများ၏ ထိရောက်မှုက လျော့နည်းလာလေဖြစ်သည်။
ထို့အပြင် ယွီရှန်းရုန်၏ ပွင့်ချပ်၁၁လွှာကျင့်ကြံဆင့်က သူ့ဖာသာသူ အသက်ဓာတ်နှလုံးသား တစ်ခုတည်းဖြင့် မြှင့်တင်နိုင်သည့်အရာမဟုတ်ပေ။ နောင်ကျ အဆင့်တက်ချင်သည်ဆိုပါက အသက်ဓာတ်နှလုံးသားများ၏ အရည်အသွေးသည်လည်း ပိုမိုမြင့်မားလာ၏။
ရှောင်ယွင်ဟယ်သည် မွေးဖွားဇယားချပ်၅ခု ဆုံးရှုံးပြီးနောက် သူ၏မွေးဖွားဇယားချပ် ပြန်ကုစားရန် သာမန်အသက်ဓာတ်နှလုံးသားမှ စွမ်းအင်များကို စုပ်ယူခြင်းက သူ့အတွက် အသုံးမဝင်တာ အံ့ဩစရာမရှိပေ။
လုကျိုးက လက်ဝေ့ယမ်းပြီး ပြောလိုက်၏။ "ဒီအသက်ဓာတ်နှလုံးသားတွေကို မင်းရဲ့တာ့ရှစ်ရှိုးနဲ့ မျှလိုက်”
အသက်ဓာတ်နှလုံးသား၃ခုပေါ်လာ၏။
ယွီရှန်းရုန်သည် သူ၏ဓားအိမ်ကို မြှောက်ပြီးနောက် အသက်ဓာတ်နှလုံးသား၃ခုက ဓားအိမ်ပေါ်၌ အတန်းလိုက်ချိတ်သွား၏။ အသက်ဓာတ်နှလုံးသားတွေကိုမြင်သောအခါ ယွီရှန်းရုန်က ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်၏။
“ရှစ်စွင်း ရှစ်စွင်းက ကျွန်တော့ကို အသက်ဓာတ်နှလုံးသားတွေအများကြီးပေးပြီးပါပြီ။ ဒါတွေက ...”
လုကျိုးက လက်မြှောက်ပြီးဖြတ်ပြောလိုက်၏။
“ငါ့မှာဒါတွေပြတ်လပ်တယ်များထင်လား”
ထိုစကားကို ကြားသောအခါ ယွီရှန်းရုန်က ခေါင်းငုံ့ပြီး ပြောလိုက်၏။ “ကျေးဇူးပါ ရှစ်စွင်း။ နောက်ထပ်ပြောစရာရှိသေးတယ်”
“ပြော”
ယွီရှန်းရုန်၏အမူအရာက လေးနက်တည်ကြည်သွားကာပြောလိုက်၏။
“ကျန်းနန်ပတ်လမ်းတိုက်ပွဲကာလမှာ ကျွန်တော်ဓားလမ်းစဉ်နဲ့ ပတ်သက်ပြီး ဉာဏ်အလင်းပွင့်မှုတချို့ ရခဲ့ပါတယ်။ ရှစ်စွင်းရဲ့လမ်းညွှန်မှုတချို့ တောင်းခံချင်ပါတယ်”
လုကျိုးက ထရပ်လိုက်၏။
ယွီရှန်းရုန်က ဒူးတစ်ဖက်ထောက်လျက်သားဖြင့် သူက မျက်လွှာချထားတာဖြစ်သည်။
လုကျိုးက လက်နောက်ပစ်ထားလျက် ယွီရှန်းရုန်ရှေ့တွင်ရပ်ကာ ရုတ်တရက်မေးလိုက်၏။
“မင်း ငါ့နဲ့ကျင့်ကြံလာတာ နှစ်ဘယ်လောက်ကြာသွားပြီလဲ”
ယွီရှန်းရုန်က ပြန်ပြောလိုက်၏။ “ကျွန်တော်က တာ့ရှစ်ရှိုးဝင်ပြီး ငါးနှစ်အကြာမှာ ရောက်လာတာ။ ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာတဲ့အချိန်ပေါင်းရင် ရှစ်စွင်းနဲ့အတူ ကျင့်ကြံခဲ့တာ နှစ်ပေါင်း ၂၇၅နှစ်ရှိပါပြီ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ သူသည် ယွီရှန်းရုန်က မိစ္ဆာဝေဟင်မျှော်နန်းသို့ပြန်လာကာစ မြင်ကွင်းကို တွေးမိသွာ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်များစွာကုန်လွန်သွားပြီဖြစ်သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။
“တကယ်ပဲ ငါတို့လက်ရည် မယှဉ်တာ ကြာလှပြီ”
လက်ရည်ယှဉ်တာလား ... ယွီရှန်းရုန်က စိတ်ထဲထိတ်လန့်သွားလေ၏။
လုကျိုးက သူ့လက်ကိုဝေ့ယမ်းလျက်ပြောလိုက်သည်။
“ဓားလမ်းစဉ်က အဆုံးမဲ့တယ်။ ဒီနေ့ မင်း ဘယ်လောက်တိုးတက်လာလဲဆိုတာ ငါ ကြည့်မယ်။ သွားပြီး ပြင်ဆင်ထား။ ပြီးရင် လာခဲ့မယ်”
ယွီရှန်းရုန် “...”
ကျူးဟုန်ကုန်းက တံခါးဘေးရှိနံရံနားကပ်မှီကာ ပြောလိုက်သည်။
“အာ့ရှစ်ရှိုးက ငါ့အလေးစားဆုံးလူဖြစ်ဖို့ တန်တုန်းပဲ။ သူက တကယ်ရှစ်စွင်းကို စိန်ခေါ်ရဲတယ်။ စစ်ရှစ်ရှိုး ဘာကြောင့် လာမကြည့်တာလဲ”
“အာ့ရှစ်ရှိုးက ရှစ်စွင်းကို စိန်ခေါ်နေတာလား”
ကျွီ .... တံခါးပွင့်လာ၏။
မင်ရှစ်ရင်က အပြင်သို့ထွက်လာကာ ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်တော့သည်။
“ခွေးလေး ငါ့ကို မင်းကျောပေါ်သယ်သွား။ သွားကြည့်ကြရအောင်”
ဝုတ် ဝုတ် ဝုတ်
ချုံးချီက ကမူးရှူးထိုး ပြေးထွက်သွားကာ တည်တံ့ရေးခန်းမဆီ လေပြင်းတစ်ခုနှယ်သွားလေ၏။
မင်ရှစ်ရင် “...”
ကျူးဟုန်ကုန်းက မင်ရှစ်ရင်၏ ကျောကိုပုတ်ကာပြောလိုက်၏။ "စစ်ရှစ်ရှိုး ဒေါသမထွက်ပါနဲ့။ ထန်ခမ်း မင်း စစ်ရှိုးကို သယ်သွား”
တည်တံ့ရေးခန်းမအပြင်ဖက်ရှိ ရင်ပြင်ထဲတွင်ဖြစ်သည်။
ယွီကျန့်ဟိုင်က ယွီရှန်းရုန်ဆီ လျှောက်သွားပြီးနောက် ယွီရှန်းရုန်ကို လက်မထောင်ပြကာ ပြောလိုက်သည်။
“အာ့ရှစ်တိ ဒီတစ်ခေါက် မင်းနိုင်တယ်”
ယွီရှန်းရုန်၏ အမူအရာက ပြောင်းလဲမှု မရှိပေ။ သူက တည်တံ့ရေးခန်းမရှိရာဖက်ကို ကြည့်ပြီး မေးလိုက်၏။
“တာ့ရှစ်ရှိုး ကျုပ်ကို ဘာကြောင့် ဟာသလုပ်နေတာလဲ”
“မင်းကို ဟာသ မလုပ်ပါဘူး။ မင်းကို တကယ်ချီးကျူးနေတာ” ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ဓားလမ်းစဉ်က ရှည်တယ်။ အဲ့လိုပဲ ဓားမောလမ်းစဉ်ကောပဲ။ ကျွန်တော့ကို ချီးကျုးမဲ့အစား ဘာကြောင့်များ တာ့ရှစ်ရှိုးရဲရဲရင့်ရင့်နဲ့ ကျွန်တော့် သာဓကအတိုင်း မလုပ်တာလဲ” ယွီရှန်းရုန်က အပြုံးတစ်ပွင့်ဖြင့် မေးလိုက်တော့သည်။
ယွီကျန့်ဟိုင် “...”
“အာ့ရှစ်ရှိုး” ရှောင်ယွမ်အာက လှမ်းခေါ်လိုက်၏။ ယွီရှန်းရုန်ကမော့ကြည့်လိုက်ရာ ရှောင်ယွမ်အာသည် သူမလက်ထဲ၌ တစ်စုံတစ်ခုကို သယ်လာလျက် ခရုလေးနှင့် ပြေးလာသည်ကို တွေ့လိုက်ရ၏။
ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်၏။
“ကျိုရှစ်မေ့ ရှောင်ရှစ်မေ့”
“ဒီမှာ”
“အဲဒါဘာလဲ”
“တိမ်ယံခြေလှမ်းဖိနပ် ... ရှစ်စွင်းက ရှစ်ရှိုးကို ရိုက်တဲ့အချိန် ဒါကို သုံးပြီး မြန်မြန်ပြေး”
ရှောင်ယွမ်အာသည် ယွီရှန်းရုန်အား ဖိနပ်တစ်စုံပေးပြီးရှင်းပြလိုက်၏။
သူမက ခေါင်းကုတ်လျက်ပြောလိုက်သည်။
“အာ့ရှစ်ရှိုးပေးထားတဲ့ တိမ်ယံငှက်မွေးဝတ်စုံက အမျိုးသားတွေအတွက် မသင့်လျော်တာ နှမြောစရာပဲ။ မဟုတ်ရင် ညီမယူလာခဲ့မှာ”
ယွီရှန်းရုန် “...”
တိမ်ယံငှက်မွေးဝတ်စုံက အမျိုးသားတွေအတွက် မသင့်လျော်မှန်း မင်း သိတယ်ဆိုမှတော့ တိမ်ယံဖိနပ်က သင့်တော်မယ်လို့ ဘာကြောင့်များထင်နေတာလဲ။
ယွီရှန်းရုန်က မျက်နှာထားတည်တည်ဖြင့်ပြောလိုက်သည်။
“ကိစ္စရပ်တွေမှာ သက်ရောက်မှုတွေရှိတယ်။ အမျိုးသားနဲ့အမျိုးသမီးကြား ကွာဟချက်တွေ ဂရုစိုက်စရာမလိုဘူး။ ကျိုရှစ်မေ့ မင်းကတကယ်ကြင်နာတတ်တာပဲ” ယွီရှန်းရုန်သည် မျက်လုံးထောင့်ကနေ ယွီကျန့်ဟိုင်ကို တစ်ချက်ကြည့်ပြီးနောက် သိမ်မွေ့သောအပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
“တိမ်ယံဖိနပ်က တာ့ရှစ်ရှိုးက ညီမဆီပေးထားတာပဲ ဒါဘယ်လိုလုပ် လက်ခံလို့ရမလဲ။ တာ့ရှစ်ရှိုးက ခဏနေကျ သူ့ရဲ့ဓားမော့လမ်းစဉ်နဲ့ပတ်သတ်ပြီး ရှစ်စွင်းဆီက လမ်းညွှန်မှုတောင်းခံဖို့ စီစဉ်နေတာ။ ဒီဖိနပ်က သူ့အတွက် အသုံးတည့်လောက်တယ်”
ယွီကျန့်ဟိုင် “...”
ယွီကျန့်ဟိုင်က ငြင်းတော့မည့်အချိန်တွင် တည်တံ့ရေးခန်းမဖက်မှ အသံတစ်သံကြားလိုက်ရသည်။
“လောင်တာ့ မင်း ဓားမော့ကျင့်စဉ်သုံးပြီး ငါနဲ့လက်ရည်ယှဉ်ချင်တာလား” လုကျိုးက လက်နောက်ပစ်ထားပြီး ခန်းမထဲမှ ထွက်လာ၏။
“မင်းတို့အားလုံး သင်ယူဖို့စိတ်အားထက်သန်နေတာရှားရှားပါးပါးပဲ။ ဟုတ်ပြီ ... ငါသိသမျှ သင်ပေးမယ်”
ယွီကျန့်ဟိုင် “...”
…
အခန်း (၁၁၄၈) ရှစ်စွင်းက နှိပ်စက်တာကို သဘောကျနေတဲ့သူပဲ
မဖြစ်သေးဘူး မဖြစ်သေးဘူး။ ဒါကအလုပ် မဖြစ်ဘူး။ ငါအတိတ်တုန်းက ခံစားခဲ့ရတာ မလုံလောက်သေးဘူးလား။ ငါက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း လုပ်ရမယ်…
ယွီကျန့်ဟိုင်က လူအုပ်ကြားမှ ထွက်ကာ တည်တံ့ရေးခန်းမဆောင်ရှေ့ သွားလိုက်သည်။ သူက လုကျိုးထံ ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်ပြီးသည့်နောက် ပြောလိုက်၏။
“ရှစ်စွင်းကို ဂါဝရပြုပါတယ်”
လုကျိုးက သူ့မျက်နှာအထက် လက်ခံသည့်အမူအရာမျိုးရှိနေသည်။ သူကတည်တံ့ရေးခန်းမဆောင်ရှေ့ လျှောက်သွားကာပြောလိုက်သည်။
“လူငယ်မျိုးဆက်က အကြီးတွေကို စိန်ခေါ်ပြီးတော့ တိုးတက်အောင် လုပ်သင့်တယ်။ ဒီကဏ္ဍမှာ မင်းတို့အားလုံးက လောင်စန်းဆီကနေ သင်ယူသင့်တယ်။ လောင်စန်းက မင်းတို့လောက် ပါရမီမထူးကဲပေမဲ့ သူက အင်မတန်ကြိုးစားပြီးတော့ ဘယ်တော့မှလည်း ငြီးတွားခြင်း မရှိဘူး။ သူ့ဆီမှာ မင်းတို့ရဲ့ ပါရမီ၊ ကံကောင်းမှုနဲ့ ဉာဏ်ရည် မပိုင်ဆိုင်ထားပေမဲ့ သူ့ကို အထင်မသေးကြနဲ့။ ကမ္ဘာကြီးက လျှို့ဝှက်ဆန်းကြယ်တယ်။ ဘယ်သူက နောက်ဆုံး အနိုင်ရရှိတဲ့သူ ဖြစ်လာမလဲဆိုတာကို ဘယ်သူမှမသိဘူး”
ထို့နောက် လုကျိုးက ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။
“နေနဲ့ လတို့က တောက်ပနေပြီးတော့ မြစ်နဲ့ ပင်လယ်ပြင်တို့ကလည်း ပြောင်းပြန်လှန်သွားနိုင်တယ်။ အရှေ့ပိုင်းတောင်ရှေ့မှ လူအားလုံးက သူရဲကောင်းပဲ။ လောင်တာ့ ငါ့ကို စိတ်မပျက်စေနဲ့”
ယွီကျန့်ဟိုင် “...”
ထိုစဉ် ယွီကျန့်ဟိုင်က မည်သည့် ရွေးချယ်စရာများ ရှိဦးမည်နည်း။ သူ့နှုတ်ခမ်းဖျားရှိ စကားအားလုံးကို ပြန်လည်မျိုသိပ်လိုက်ရသည်။
“ကျွန်တော် ကြိုးစားပါ့မယ်”
…
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းရှိ အကြီးအကဲလေးဦးက အံ့ဩခြင်း မရှိပေ။ သူတို့က ကြယ်တာရာစုစည်းရေး အစီအရင်မှ ပြန်လာပြီးသည့်နောက် မဆုတ်မနစ် လေ့ကျင့်ခဲ့ကြသည်။ သူတို့၏ တိုးတက်နှုန်းက မြန်ဆန်လွန်းလှသည့်အတွက် ကြယ်တာရာစုစည်းရေးအစီအရင်မှ အကျိုးအမြတ် ရရှိခဲ့ကြောင်း သံသယဖြစ်ဖို့ မလိုပေ။ သူတို့က နှစ်များစွာ ချွေတာပြီးသား ဖြစ်သွားလေ၏။ သူတို့က နေရက်ကောင်း ပိုင်ဆိုင်နေသည့်အတွက် ယွီရှန်းရုန်၏ လမ်းစဉ်အတိုင်း လိုက်ကာ လမ်းညွှန်မှုကို တောင်းခံခဲ့သည်။ ထိုစဉ် ယန်ကျန်းလော့နှင့် လုလီတို့ကလည်း လျှောက်လှမ်းလာကာ အကြီးအကဲလေးဦးကို ဦးညွှတ်လိုက်ကြ၏။
လုလီက အကြီးအကဲလေးဦးနှင့် အချိန်ကုန်ဆုံးလျှက်ရှိကာ သူတို့ဆီမှ ဦးနှောက် ဆေးခံထားရသလို ခံစားနေရသည်။ ထိုအရာအပြင် သူက အဝါရောင်ကြာနယ်မြေတွင် ရှိစဉ်အခါက မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်အကြောင်းများကို ကျူးဟုန်ကုန်းဆီမှ များစွာ နားထောင်ခဲ့ရသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် လုကျိုးက သူ့တပည့်များကို မည်သို့သင်ကြားပေးမည်ကို မြင်တွေ့နိုင်ဖို့ အခွင့်အခါကောင်းဟု ထင်မိသည်။
“လက်ယာတမန်တော် လာကြည့်တာ ကောင်းတယ်။ ဒါက ကျုပ်တို့ သင်နိုင်တဲ့ အခွင့်အရေးပဲ။ တကယ်လို့ ကျုပ်တို့ရဲ့ သက်တမ်းကြောင့်သာ မဟုတ်ဘူးဆိုရင် မျှော်နန်းသခင်လုကို ဘယ်သူကများ ဆရာအနေနဲ့ မတင်မြောက်ချင်ဘဲ နေပါ့မလဲ” ဖန်လီထန်းက ပြောလိုက်သည်။
လုလီကလည်း ပြောလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်၁၀ယောက်လုံးက ထူးချွန်ကြတယ်။ ဒါလာကြည့်တာက ပုံမှန်ပါပဲ။ ပြီးတော့ မျှော်နန်းသခင်ရဲ့ နည်းစနစ်တွေကိုလည်း မြင်ချင်လို့လေ”
“ကောင်းတယ် ကောင်းတယ်။ သေချာကြည့်ထားနော်” ဖန်လီထန်းက ပြုံးကာပြောလိုက်သည်။
ဤတစ်ကြိမ် ယန်ချန်းလော့က လုလီ၏ ပခုံးကို ပုတ်ကာ မေးလိုက်သည်။
“မျှော်နန်းသခင်လုက မင်းရဲ့ဘိုးဘေးနဲ့ တူတယ်ဆိုတာ တကယ်ပဲလား”
လုလီက ယန်ကျန်းလော့ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။ တကယ်၍ တခြားသူက သူ့ဘိုးဘေးကို ဟာသလုပ်လာပါက ထိုသူကို ရိုက်နှက်ပြီးလောက်လေပြီ။ သို့သော် ယန်ကျန်းလော့ ဖြစ်နေသည့်အတွက် သူက ပြန်ဖြေလိုက်၏။
“ငယ်ငယ်တုန်းကပဲ ပုံတူကို မြင်ဖူးတာ။ ဝေဝေဝါးဝါးပဲ မှတ်မိတော့တယ်။ ပြီးတော့ ဦးလေးရဲ့ စာကြည့်ခန်းကို ဘယ်သူမှ ဝင်ခွင့်ပေးမထားဘူးလေ။ ဒါပေမဲ့ ဦးလေးက ငါ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ခဲ့တယ်လို့ ကြားတော့ ပုံတူကို ပြခဲ့တယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် အတော်လေး တူတယ်လို့တော့ ပြောရမှာပဲ”
“ငါက မင်းကို နောက်နေတာပါ။ စိတ်ထဲ မထားနဲ့။ ဒါနဲ့ မျှော်နန်းသခင်က ငါတို့ကို လမ်းညွှန်ချက်တချို့ပေးရင် ပိုကောင်းမသွားဘူးလား”
………………………………………………………………………………
ဤတစ်ကြိမ် အဖွဲ့ထဲဝင်ရောက်လာသည့် မုန့်ချန်းသုံက ပြောလိုက်သည်။
“မျှော်နန်းသခင်အပေါ် နားလည်မှုအရ သူက ကျင့်ကြံရေးနဲ့ ပတ်သက်တဲ့အခါမှာ အတော်လေးကို ရက်ရောတယ်။ ဒါပြီးသွားရင် သူ့ဆီ အကြံဉာဏ်တောင်းခံကြည့်ပေါ့”
“ဟုတ်ပြီ”
အားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ အရင်ရောက်လာသည့်သူက အရင်တောင်းဆိုနိုင်သည့် စည်းမျဉ်းရှိပြီး မည်သူက နီးကပ်သည် မည်သူကဝေးကွာသည်ဟု ကွာဟချက်လည်း ရှိပေသည်။ လုကျိုးက သူ့တပည့်များကို သင်ကြားပြီးသည့်နောက်မှ လမ်းညွှန်ချက်တောင်းဖို့ရာ နောက်မကျသေးပေ။
…
တော်ဝင်နန်းဆောင်အတွင်း ကျင့်ကြံသူများ လေ့ကျင့်ဖို့ရာအတွက် လေ့ကျင့်ရေးကွင်းတစ်ခု ရှိလေသည်။ ထိုအရာက နေရာကျယ်ကာ ဂိုဏ်းတချို့နှင့်ယှဉ်လိုက်လျှင် နေရာကျယ်ကာ သက်တောင့်သက်သာ ရှိလှသည်။ ပြိုင်ပွဲကွင်းအတွင်း ဝင်ရောက်လာသည့် လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အပြင်လူများက တိုက်ပွဲကို စောင့်ကြည့်နေမည်ကို စိုးရိမ်စရာ မလိုအပ်ပေ။ လက်ရှိတွ င်ရှိနေသည့်သူအားလုံးက သူ့လူများသာ ဖြစ်၏။
သူက အသက်ပြင်းပြင်ရှူပြီးသည့်နောက်တွင် ယွီရှန်းရုန်က လုကျိုးရှေ့ ရောက်ရှိလာသည်။ လုကျိုးက အနည်းငယ် စိတ်လှုပ်ရှားနေသည့် ယွီရှန်းရုန်ကို မြင်သည့်အခါ ပြောလိုက်၏။
“မင်းဆီမှာ ရှိသင့်တဲ့ ယုံကြည်ချက်တွေ အကုန်လုံးကို ထုတ်လိုက်”
ယွီရှန်းရုန်က အသက်ပြင်းပြင်ရှူကာ လုကျိုးရှေ့ရပ်လိုက်သည်။
ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။ ကလေးဘဝက စိတ်ဒဏ်ရာကြောင့် သူ့ဆရာမှလွဲ၍ အခြားသောသူများနှင့် ယှဉ်ဆိုင်ရသည့်အခါ စိတ်လှုပ်ရှားခြင်း မရှိပေ။ သူက အနည်းငယ် တုံ့ဆိုင်းနေမိ၏။ သို့သော်လည်း သူ့ရှစ်စွင်း၏ စကားများက သူ့ယုံကြည့်ချက် ကင်းမဲ့မနေသင့်ကြောင်း သတိပေးနေသည်။
လုကျိုးက ထပ်ပြောလိုက်သည်။
“သစ်သားတုတ် နှစ်ချောင်းကို ယူခဲ့”
“ဟုတ်ကဲ့”
“...”
ယွီကျန့်ဟိုင်က မနေနိုင်ဘဲ နောက်ဆုတ်လိုက်မိသည်။
ထိုခံစားချက်က ရင်းနှီးလွန်းနေ၏။ သစ်သားတုတ်များက တကယ့်လက်နက် မဟုတ်သော်လည်း ကြည့်ရှုသူများက စိတ်ဝင်စားစရာကောင်းသည်ဟု ထင်နေကြသည်။
မုန့်ချန်းသုံက သစ်သားတုတ် နှစ်ချောင်းကို ယူလာပြီး ယွီရှန်းရုန်နှင့် လုကျိုးကို ပေးလိုက်သည်။
ဆရာတပည့်နှစ်ယောက်က အချင်းချင်း မျက်နှာချင်းဆိုင်လျှက် ရှိနေသည်။
ယွီရှန်းရုန်က သူ့လက်ထဲတွင် ရှိနေသည့် တုတ်ကို ကြည့်ကာ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်စဉ်အခါက အသုံးပြုခဲ့သည့် သစ်သားဓားကို ပြန်လည်အမှတ်ရသွား၏။ သူ့ရှစ်စွင်းက သစ်သားဓားကို မကျိုးအောင်ကာကွယ်နိုင်သည့် အချိန်မှ ဓားရေးပညာအတွက် သင်ကြားခွင့်ပြုခဲ့သည်။ ပုံမှန်အားဖြင့် ဤသည်က အခြေခံသာ ဖြစ်၏။ အစစ်အမှန် ဓားရေးပညာရပ်သည် ခန္ဓာကိုယ်ဖြင့် လေ့ကျင့်ခြင်းသာ ဖြစ်၏။
“ရှစ်စွင်း စပါ” ယွီရှန်းရုန်က သစ်သားတုတ်ကို တင်းတင်းကိုင်ထားပြီး ပြောလိုက်သည်။
ကနဦးချီများက စတင်ပျံ့နှံ့လာ၏။
လုကျိုးက မလှုပ်ရှားပေ။ ထိုအစားသူက လက်တစ်ဖက်ကို နောက်ပစ်လိုက်သည်။ ဤတစ်ကြိမ် ရှောင်ယွမ်အာက လက်ဝှေ့ကာ လှမ်းအော်လိုက်၏။
“အာ့ရှစ်ရှိုး လုပ်နိုင်ပါတယ်”
ဤအခိုက်အတန့်တွင် ယွီရှန်းရုန်က ပြေးထွက်သွားသည်။ သစ်သားတုတ်ချောင်းတွင် စွမ်းအင်များက ရစ်ပတ်လာပြီး စွမ်းအင်ဓားတစ်ခု ထွက်ပေါ်လာခဲ့သည်။
လုကျို၏ စိတ်ထဲ အနည်းငယ် တုန်ယင်သွား၏။ သူက ယွီရှန်းရုန် ပွင့်ချပ်၁၁လွှာ ထွက်ပေါ်ပြီးကတည်းက တစ်ခါမှ လက်ရည် မစမ်းခဲ့ဖူးပေ။ ယွီရှန်းရုန်က တည်ငြိမ်မှုအနှောင့်အယှက် အနှစ်သာရနှင့် ဓားမဲ့လမ်းစဥ်၏ အနှစ်သာရကို ဆုပ်ကိုင်ထားနိုင်သူ ဖြစ်၏။ ဓားနည်းစနစ်နှင့် ပတ်သက်လာသည့်အခါ လက်ရှိ ယွီရှန်းရုန်က အတိတ်မှ ပွင့်ချပ် ၈လွှာ ယွီရှန်းရုန်ထက် အတော်လေးကို သာလွန်နေပေသည်။
စွမ်းအင်ဓားက လုကျိုး၏ ရှေ့မှောက်ရောက်ရှိလာ၏။
ဓားချက်တစ်ချက်
ဓားချက်နှစ်ချက်
ဓားချက်သုံးချက်
ထိုဓားချက်များက လုကျိုးဆီ ရောက်ရှိလာသည်။ သူတို့အားလုံးက မြန်ဆန်လွန်းလှ၍ ပုံရိပ်များသာ မြင်တွေ့နိုင်သည်။
လုကျိုးက ဘေးဘက် ရှောင်ရှားလိုက်သည်။ ဤသည်က လက်ရည်စမ်းပွဲဖြစ်သည့်အတွက် လှုပ်ရှားမှုနှင့် တိုက်ကွက်များက မျက်စိပသာဓ တင့်တယ်လှသည်။
ယွီရှန်းရုန်က သူ့ဓားပျောက်သွားသည့်အချိန်တိုင်း သူ့ဓားတွင် ပုံရိပ်ရာချီ ချန်ထားခဲ့သည်။
အားလုံးက ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေကြ၏။
ယွီရှန်းရုန်က စွမ်းအင်ဓားထောင်ချီကို တည်တည်ငြိမ်ငြိမ် ထုတ်လွှင့်လိုက်သည်။ လုကျိုးက ကောင်းကင်ကျမ်းစွမ်းအား သို့မဟုတ် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုဖို့ စီစဉ်မထားပေ။ ထိုအစား သူက သူ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကိုသာ အသုံးပြုပြီး ယွီရှန်းရုန်၏ ကျင့်ကြံရေးကို နားလည်အောင် လုပ်ဆောင်နေသည်။
ဤတစ်ကြိမ် ယွီရှန်းရုန်က ရုတ်တရက် လှုပ်ရှားလိုက်၏။ သူ့လက်ထဲတွင် ရှိနေသည့် သစ်သားတုတ်က အသံမြည်ကာ ပြန်ထွက်လာသည်။ ဤသို့ဖြင့် စွမ်းအင်ဓား ၁၀၀၀၀ က မိုးကုတ်စက်ဝန်းအတွင်း လှိုင်းလုံးသဖွယ် ပျံ့နှံ့ထွက်လာသည်။
လုကျိုးက စတင် တိုက်ခိုက်လိုက်၏။
ဝိညာဉ်သုံးပါးသို့ ပြန်လည်ဝင်ရောက်ခြင်း
ယွီရှန်းရုန်က အံ့အားသင့်သွားခဲ့သည်။ သူက သစ်သားတုတ်ကို ကိုင်ဆောင်ထား၍ နောက်ဆုတ်လိုက်၏။
ထိုပုံရိပ်၃ခုက ၆ခု၊ ၉ခု အစရှိသဖြင့် ပြောင်းလဲသွားခဲ့သည်။
ဘန်း
အားပြင်းပြင်းရိုက်ချက်က ယွီရှန်းရုန်ကို လွင့်ထွက်သွားစေ၏။ သူက မြေပြင်ပေါ်ပြန်မရောက်ခင် ပုံရိပ်တစ်ခုက သူ့လက်မောင်းဆီ ရောက်ရှိလာသည်။
ဝှစ်
သိပ်မကြာခင် သစ်သားတုတ်က ယွီရှန်းရုန်၏ လက်မှ ပျံသန်းသွားလေသည်။ သူက လေထဲကျွမ်းထိုးကာ အခြေအနေကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို ယွီရှန်းရုန်၏ အပေါ်ဘက် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
ဘန်း
သစ်သားတုတ်က ယွီရှန်းရုန်၏ ဝမ်းဗိုက်ဆီ ကျရောက်လာသည်။
ဘန်း ဘန်း ဘန်း
ယွီရှန်းရုန်၏ ခါး၊ ပခုံး၊ လက်ကောက်ဝတ်နှင့် ခြေထောက်တို့က သစ်သားတုတ်ဖြင့် ရိုက်နှက်ခံလိုက်ရသည်။
ရှောင်ယွမ်အာက ထိုအရာကို ကြည့်နေရင်း လက်ဖြင့် မျက်လုံးကို ကာလိုက်သည်။ ထို့နောက်သူမက လက်ချောင်းကြားမှ ပြန်လည် ချောင်းကြည့်လိုက်၏။ သူမ ကျင့်ကြံသည့် အထွတ်အထိပ် သန့်စင်ကျောက်စိမ်း ကျင့်စဉ်ကြောင့် လက်ရှိတွင် ရှိနေသည့် သူများအနက် သူမက အသေးစိတ် မြင်နေရသည်။
နောက်ဆုံးတွင် ဆရာတပည့်နှစ်ယောက်က ရပ်တန့်လိုက်၏။ တစ်ယောက်က ဘယ်ဘက်တွင်ရှိကာ တစ်ယောက်က ညာဘက်တွင် ရှိနေသည်။ သူတို့က နဂိုအနေအထားမှ မရွေ့လျားလိုက်သလိုမျိုး ဖြစ်နေ၏။
သစ်သားတုတ်ကို ညာဘက်လက်တွင် ကိုင်ဆောင်ထားသည့် ယွီရှန်းရုန်က သူ့လက်ကောက်ဝတ်က အနည်းငယ် တုန်ယင်နေသလို ခံစားမိလိုက်သည်။
တခြားတစ်ဖက်တွင် ယခင်ကဲ့သို့ လုကျိုးက သစ်သားတုတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ လက်တစ်ဖက်ကို နောက်ပစ်ထားလျက် ရှိသည်။
ဤတစ်ကြိမ် စွမ်းအင်စည်းတံဆိပ်များက ပျောက်ကွယ်သွားပြီ ဖြစ်၏။
အားလုံးက အံ့အားသင့်နေကြသည်။
“ပြီးသွားပြီလား”
“ငါ သေချာတောင် မမြင်လိုက်ရဘူး။ ဒီလိုတောင် ပြီးသွားပြီလား”
“မင်းရဲ့ ကျင့်ကြံဆင့်က အားနည်းလွန်းတေ့ာ သေချာမမြင်ရတာ နေမှာပေါ့။ ဒုတိယသခင်လေးက အထိအခိုက်အရှိ နောက်ဆုတ်နိုင်လိမ့်မယ်လို့ ထင်မထားမိဘူး။ သူ့ရဲ့ ဓားရေးက ပြီးပြည့်စုံတဲ့ အနေအထားကို ရောက်လုနီးပါး ဖြစ်နေလောက်ပြီ။
ထိုစကားများ ထွက်ပေါ်သည်နှင့်
ဝုန်း ဝုန်း ဝုန်း
ယွီရှန်းရုန်၏ လက်ထဲရှိ သစ်သားတုတ်က အပ်ုင်းပိုင်းအစစ ကြေမွသွားကာ မြေပြင်ပေါ် ကျလာသည်။ ပိုင်းဖြတ်ရာများက သေသပ်လှပြီး အစိတ်အပိုင်းတစ်ခုချင်းစီက ထပ်တူကျနေသည်။
လေထဲတွင် အသံတစ်သံ ထွက်ပေါ်လာပြီးသည့်နောက်တွင် ယွီရှန်းရုန်၏ ဝတ်ရုံအထက် ဖြတ်ရာ ၂၀ လောက် ပေါ်ထွက်လာပြီး သူ့ဝတ်ရုံအနောက်ဘက်တွင် ဖြတ်ရာ ၃၀ ပေါ်ထွက်လာသည်။
“...”
အားလုံးက ကြောင်အမ်းသွားကြ၏။
ဒါက ပညာရှင်ပုံစံနဲ့ အမြဲတမ်း ကျော့ရှင်းနေတဲ့ အာ့ရှစ်ရှိုးမှ ဟုတ်ရဲ့လား။ သူက ဘာလို့အခု သူတောင်းစားတစ်ယောက်နဲ့ တူနေပါလိမ့်…
အခုတော့ ပြီးသွားပြီ။ ရှစ်စွင်းက တကယ့်ကို နှိပ်စက်ရတာမှာ သဘောကျနေတဲ့သူပဲ။ အာ့ရှစ်ရှိုးက သူ့ပုံရိပ်ကို အရမ်းကိုဂရုစိုက်တာ။ အဲဒါတောင် ရှစ်စွင်းက သူ့ကို နည်းနည်းလေးမှ သက်ညှာမပေးဘူး။ ရှစ်စွင်းက အတိတ်တုန်းကလိုမျိုးပဲ ရက်စက်တုန်းပဲ…
အားလုံး စိတ်ထဲတွင် ထိုအတွေးများစွာ ရှိနေကြသော်လည်း မည်သူကမှ ထုတ်မပြောရဲကြပေ။
နောက်ဆုံးတွင် လုကျိုးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“မင်းက ဓားရေးလမ်းစဉ်မှာ တိုးတက်လာတယ်။ တကယ်တော့ မင်း အတော်လေးကို တိုးတက်လာပါတယ်”
လုကျိုးက သူ့လက်ကို အောက်ချလိုက်သည့်အခါ သေးငယ်ကာ မြင်တွေ့ဖို့ခက်သည့် ဖြတ်ရာတစ်ခုက သူ့ဝတ်ရုံအထက် ရှိနေသည်။
“ရှစ်စွင်းရဲ့ လမ်းညွှန်ပြသမှုအတွက် ကျေးဇူးတင်ပါတယ်” ယွီရှန်းရုန်က လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။ သူက ယခု မျက်နှာပူဖွယ် အနေအထားတွင် ရောက်ရှိနေလေ၏။
“ခဏနေဦး” လုကျိုးက လှမ်းခေါ်လိုက်သည်။
…
အခန်း (၁၁၄၉) အပြည့်အဝ
ယွီရှန်းရုန်က တုန်ယင်သွားလေ၏။
လုကျိုး၏တပည့်များအားလုံးသည် အသက်ပြင်းပြင်းရှုလျက် ယွီရှန်းရုန်၏ စိတ်နှလုံးသည် အညှာအတာမဲ့စွာ အနိုင်ကျင့်ခံလိုက်ရသလားဟု တွေးနေ၏။
“မင်း ဘာလို့ရှုံးသွားလဲ သိလား” လုကျိုးက မေးလိုက်သည်။
ယွီရှန်းရုန်က မသိကြောင်း ခေါင်းခါပြလိုက်၏။
လုကျိုးက လှည့်ပတ်လျှောက်လျက် ပြောလိုက်၏။
“ကွေ့ယွမ်ဓားသိုင်းက ကောင်းတယ်။ ဒါကို ကျင့်ကြံတာမမှားဘူး။ ဒါပေမဲ့ အဲဒါက ရှေးရိုးဆန်လွန်းပြီး မင်းကို ကန့်သတ်ထားတယ်”
ယွီရှန်းရုန်က ခေါင်းမော့ပြီး အနည်းငယ်အံ့ဩသွားလေ၏။
လုကျိုးက ဆက်ပြောလိုက်၏။
“ငါက မင်းကို ကွေ့ယွမ်ဓားသိုင်း သင်ပေးခဲ့တဲ့သူ။ ဒီတော့ မင်း သိုင်းကွက်တွေအားလုံးကို ငါ မှန်းဆနိုင်တယ်။ မင်းမှမရှုံးရင် ဘယ်သူရှုံးမှာလဲ”
လူတိုင်းက ခေါင်းညိတ်လိုက်၏။
ယွီရှန်းရုန်သည် သူ၏ရှစ်စွင်းဆိုလိုတာကို သဘောပေါက်၏။ တကယ်တော့ ကျန်သည့်သူများကလည်း သူ့ကို အနိုင်ယူရန်ခက်ခဲမှန်း ရှာတွေ့ပြီးသားဖြစ်သည်။ သူ့ရှစ်စွင်းထက် ကွေ့ယွမ်ဓားသိုင်းကို ပိုရင်းနှီးသည့်သူမရှိကြောင်း သူသိထား၏။ သူက ဓားတောင်မဆွဲထုတ်ရသေးခင် သူ့ရှစ်စွင်းက သူ့ရည်ရွယ်ချက်များကို မြင်ပြီးဖြစ်သည်။ ဤခံစားချက်က သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေ၏။ သူ့တာ့ရှစ်ရှိုး၏မဟာအမှောင်အောက်မေ့ရာကို နားလည်သဘောပေါက်ပြီးချိန်မှစပြီး သူ့ရှစ်စွင်းထက် သူ့တာ့ရှစ်ရှိုးနှင့် လက်ရည်ပိုယှဉ်ဖြစ်၏။ သူနှင့်တာ့ရှစ်ရှိုးက တစ်ယောက်ကို တစ်ယောက် နားလည်သောကြောင့် တရားမျှတသည်။
“ယွီရှန်းရုန်” လုကျိုးကပြောလိုက်၏။
“ဟုတ်ကဲ့ရှစ်စွင်း”
“ဓားလမ်းစဉ်မှာ အောင်မြင်မှုမရဘူး။ မင်းရဲ့ကိုယ်ပိုင်လမ်းစဉ်ကို ဖန်တီးဖို့ ကြိုးစားကြည့်”
“ကိုယ်ပိုင်ဖန်တီးရမှာလား” ယွီရှန်းရုန်သည် ထိုစကားများကြောင့် ဉာဏ်အလင်းပွင့်သွားပုံပေါ်သည်။
“လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း”
လုကျိုး၏စကားများသည် ယွီရှန်းရုန်၏ စိတ်နှလုံးအတွက် ဆေးတစ်ခွက်ပမာ သူ၏ စိတ်လှုပ်ရှားမှုအဟုန်များ ပြည့်သွားစေ၏။
ထိုစဉ် ယွီကျန့်ဟိုင်က လျှောက်လာလျက်စိတ်ထဲသက်ပြင်းချလိုက်တော့သည်။ သူ၏အာ့ရှစ်တိက တကယ်သနားစရာ ကောင်းသည်ဟု ခံစားမိသည်။ သူ့အာ့ရှစ်တိသည် ဆိုးဆိုးရွားရွား အရိုက်ခံရရုံသာမက ပြုံးဖို့တောင် အားတင်းနေရသည်။
ယွီကျန့်ဟိုင်က ပြောလိုက်၏။ "အာ့ရှစ်တိ မင်း အဆင်ပြေလား။ ရှစ်စွင်းက မင်း ကောင်းဖို့လုပ်ပေးတာ”
ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။ “တာ့ရှစ်ရှိုး ခင်ဗျား စိုးရိမ်တာများပြီ။ ဓားလမ်းစဉ်က ရှုံးနိမ့်မှုကို ခံစားရတဲ့သူကပဲ တိုးတက်မှုအခန်းကဏ္ဍရှိမှာ။ ဂုဏ်သိက္ခာနဲ့မာန်မာနလို့ခေါ်တဲ့အရာအတွက် တိုးတက်မှုတွေအားလုံးကို မျက်ကွယ်ပြုထားရန် အဲ့ဒီလူက အရူးဖြစ်မှာပဲ”
ယွီကျန့််ဟိုင် “...”
ထိုသို့ပြောပြီးနောက် ယွီရှန်းရုန်က လှည့်ထွက်သွား၏။ ပြီးနောက် သူသည် သူ၏ဆရာတူတပည့်အငယ်များကို ကြည့်ပြီးမေးလိုက်တော့သည်။
“မင်းတို့အားလုံးနားလည်လား”
“လည်တယ် ... လည်တယ်။ နားလည်ပါတယ်”
သူတို့အားလုံးက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်၏။ သူတို့မည်ကဲ့သို့ နားမလည်ဘဲနေမည်နည်း။
ယွီရှန်းရုန်က စိတ်ကျေနပ်စွာ လျှောက်သွားလိုက်၏။
လုကျိုးက သစ်သားတုတ်ကို ဆက်ကိုင်ထားသည်။
မုန့်ချန်းတုန်က လုကျိုး၏အမူအရာနှင့်အပြုအမူကိုလေ့လာပြီးနောက် အပြင်ဖက်သို့ ပြေးထွက်သွားကာ သစ်သားပုံကို ပြင်ဆင်ထား၏။ ပြီးနောက် သူက ယွီကျန့်ဟိုင်အား တလေးတစား တစ်ချောင်းပေးလိုက်တော့သည်။
ယွီကျန့်ဟိုင်က ပြောလိုက်တော့သည်။
“ဒါကို မလိုဘူး။ ရှစ်စွင်း ကျွန်တော်က ကျွန်တော့လက်ဝါးကို ဓားမော့အဖြစ်သုံးမယ်” လုကျိုးက လက်ခံကြောင်း ခေါင်းညိတ်လိုက်လေ၏။
“ကောင်းပြီ”
လုကျိုးပြောပြီး မကြာမီ၌ ယွီကျန့်ဟိုင်က ကမန်းကတန်းရောက်လာ၏။ သူက မဟာအမှောင်ကောင်းကင်လက်ဝါးကို ထုတ်သုံးလိုက်သည်။
လက်ဝါးစည်းတံဆိပ်ပေါ်လာသောအခါ အောက်ကို ချက်ချင်းရိုက်ချလိုက်၏။
လုကျိုးက ဘေးသို့ရှောင်လိုက်သည်။ တစ်ချိန်တည်းတွင် စွမ်းအင်ဓားမော့ကဲ့သို့ ကြယ်များက မြေပြင်ဆီတိုးဝင်သွား၏။
အစောတုန်းက ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်က သူ့ရှစ်စွင်းအသားကျနေသော ကျင့်စဉ်ကို အသုံးပြုခဲ့သောကြောင့် အရေးနိမ့်ပုံကို မြင်ခဲ့၏။ ထို့ကြောင့် သူသည် သူ၏ဓားမော့ကျင့်စဉ်မှ အကွက်အသစ်များ သုံးရန် ဆုံးဖြတ်လိုက်သည်။
စွမ်းအင်ဓားမော့များ ပေါ်လာသည်နှင့် လုကျိုးက ခုန်တက်ကာ စွမ်းအင်ဓားမော့များကို ရှောင်လိုက်၏။ ပြီးနောက် သူ၏ လက်ဖဝါးကိုဖိကပ်လိုက်၏။
“လက်ဝါးသိုင်းလား”
ယွီကျန့်ဟိုင်က မျက်လုံးပြူးကျယ်သွားတော့သည်။ သူက သူ့ဖာသာသူ စဉ်းစားလိုက်တော့သည်။
“ရှစ်စွင်း ရှစ်စွင်းက လိမ်ညာနေတာပဲ။ ကျွန်တော်တို့ ဓားမော့ကျင့်စဉ်သုံးပြီး လက်ရည်ယှဉ်မယ်လို့ ထင်နေတာ”
ထိုလက်ဝါးစည်းတံဆိပ်သည် မယုံနိုင်စရာကောင်းလောက်အောင် ကြီးလှပေ၏။
ကွင်းပြင်မည်မျှ ကျယ်စေကာမူ ဘုံတစ်ထောင်လေပွေကျင့်ကြံသူတစ်ဦး၏လက်ဝါးရိုက်ချက်ကို ခံနိုင်ရန်ခက်ခဲလိမ့်မည်။
ထိုခမ်းနားထည်ဝါသောလက်ဝါးစည်းတံဆိပ်သည် တော်ဝင်နန်းဆောင်ကို ဆုတ်ဖြဲလိုက်မလားဟု လူအများတွေးပူကြနေ၏။
ယွီကျန့်ဟိုင်က မှင်တက်နေသေးစဉ် လက်ဝါးစည်းတံဆိပ်က လှစ်ကနဲပေါ်လာပြီး ဓားမော့များ ပြည့်နေသည့် ကောင်းကင်အဖြစ်ပြောင်းလဲသွား၏။ ပြီးနောက် သူတို့သည် လေရဟတ်ပမာ လည်ပတ်နေပြီး ဆင်းသက်လာ၏။
“မဟာကောင်းကင်ကြယ်အလင်းလား”
“မဟူရာကောင်းကင်ကြယ်အလင်းလား” ယွီကျန့်ဟိုင်က အနည်းငယ်ဇဝေဇဝါဖြစ်သွား၏။ ယွီကျန့်ဟိုင်က လက်ဝေ့ယမ်းလျက် သူ့အပေါ်ရွာသွန်းကျလာသော စွမ်းအင်ဓားမော့များကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
ဘန်း ဘန်း ဘန်း
ယွီကျန့်ဟိုင်နှင့် လက်ရည်ယှဉ်သည့်အခေါက်က ယွီရှန်းရုန်နှင့် လုကျိုး လက်ရည်ယှဉ်သည့် အခေါက်ထက် ပိုပြင်းထန်၏။ ယွီကျန့်ဟိုင်သည် အစတည်းက ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် သူသည် ရှုပ်ထွေးသောအကွက်များမသုံးခဲ့ပေ။ သူ၏လက်ကိုမြှောက်ပြီးနောက် စွမ်းအင်ဓားမော့များကို ပစ်ထုတ်လိုက်သည်။
လူတိုင်းဆုတ်ခွာသွားသည်။
ဘန်း ဘန်း ဘန်း
ယွီကျန့်ဟိုင်၏ ဓားမော့များနှင့် ဓားမော့အဖြစ် အသုံးပြုသည့်လက်သည် မဟူရာကောင်းကင်ကြယ်အလင်းကို အောင်မြင်စွာ ပိတ်ဆို့လိုက်နိုင်ပုံပေါ်ကာ စွမ်းအင်ဓားမော့များကို ကျလာစေ၏။ သူက စိတ်ထဲ ပျော်ရွှင်မိသွား၏။
ငါက ရှစ်စွင်းရဲ့မဟူရာကောင်းကင်ကြယ်အလင်းကို ပိတ်ဆို့နိုင်ခဲ့တယ်ဆိုတော့ အာ့ရှစ်တိထက် ပိုသန်မာတာ ကြိမ်းသေတယ်မလား။
ယွီကျန့်ဟိုင်သည် ပွဲကြည့်ပရိသတ်များဖက်လှည့်ကြည့်ပြီး တောက်ပစွာပြုံးလိုက်သည်။
ထိုစဉ် လုကျိုး၏အသံက လေထဲပျံ့လာတော့သည်။
“မင်းက အလွယ်တကူ အာရုံပြန့်နိုင်တာပဲ”
မြေပြင်ကို ထိတော့မည့် မဟူရောင်ကောင်းကင်ကြယ်အလင်းသည် ထိုအခိုက်အတန့်တွင် ယွီကျန့်ဟိုင်ဆီ တိုးဝင်သွားသည်။
ကွင်းပြင်တစ်ခုလုံးစွမ်းအင်ဓားမော့များနှင့် ဓားမော့အရိပ်များပြည့်နေတော့သည်။
“တာ့ရှစ်ရှိုး လုပ်နိုင်ပါတယ်”
ရှောင်ယွမ်အာက အော်ပြောလိုက်၏။ သူမပြောနေသော်ငြား သူမက မျက်လုံးမှိတ်ကာ လက်ချောင်းများကြားကနေ တိုက်ပွဲကို ကြည့်နေ၏။ နှစ်ယောက်သားက ပြင်းထန်စွာ တိုက်ခိုက်နေ၏။
ရင်းနှီးနေတဲ့မြင်ကွင်းပဲ။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် စွမ်းအင်စည်းတံဆိပ်များ လွင့်ပြယ်သွားတော့သည်။ နှစ်ယောက်သား လူစုကွဲသွားပြီးနောက် တစ်ယောက်က ဘယ်၊ တစ်ယောက်က ညာရောက်သွား၏။
အားလုံးက သူတို့မျက်လုံးကို အလျင်အမြန်ပွတ်လိုက်ပြီး ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။
ယွီကျန့်ဟိုင်၏လက်ရှိအခြေအနေကို ဖော်ပြရန် စကားလုံးတစ်ခုသာရှိသည်။ စုတ်ပြတ်သပ်နေခြင်း။
ယွီကျန့်ဟိုင်၏ဝတ်ရုံရှည်သည် အဝတ်တစ်ခုနှင့်တူနေတာထက် အဝတ်စုတ်တစ်ခုနှင့်တူနေတော့သည်။ သူ၏ ဖိနပ်များကတောင် ချမ်းသာရာမရောက်ခဲ့ပေ။ စုတ်ပြဲသွားသည့်အထည်စများက လေထဲတလူလူ လွင့်နေလေ၏။
“တာ့ တာ့ရှစ်ရှိုး ကျွန် ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျွန်တော် ထပ်မထိန်းထားနိုင်တော့ဘူး”
ကျူးဟုန်ကုန်းက ခဲခဲယဉ်းယဉ်းပြောပြီးနောက် အူလှိမ့်ကာရယ်မောတော့၏။
“ဟမ်” ယွီကျန့်ဟိုင်က လှည့်ကြည့်ပြီး ကျူးဟုန်ကုန်းကို တချက်ကြည့်လိုက်လေ၏။ ကျူးဟုန်ကုန်းက အရယ်ရပ်သွားပြီးနောက် ခေါင်းချက်ချင်းငုံ့သွားတော့သည်။
ပြောရန်မလို လုကျိုးက ထိခိုက်ဒဏ်ရာမရခဲ့ပေ။
ယွီကျန့််ဟိုင်က ယခုဆိုမွေးဖွားဇယားချပ်လေးခုရှိပြီး ယွီရှန်းရုန်လောက် မနက်နဲပေ။ ထို့ကြောင့် လုကျိုး၏ တိုက်ကွက်တိုင်းသည် သူ့ကို ပိုအညှာအတာကင်းမဲ့နေပုံပေါ်၏။
“မဟာအမှောင်ကောင်းကင်အောက်မေ့ရာက တိုက်ရိုက်ကျပေမဲ့ အသေးစိတ်အချက်အလက် မရှိတာ မဟုတ်ဘူး” လုကျိုးကပြောလိုက်၏။
“အကြံပေးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း” ယွီကျန့်ဟိုင်က မျက်လုံးထောင့်ကနေ ယွီရှန်းရုန်ကို တစ်ချက်ကြည့်လိုက်၏။ အာ့ရှစ်တိ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိနေသည်။
“မဟာအမှောင်ကောင်းကင်အောက်မေ့ရာမှာ မင်းရဲ့အောင်မြင်မှုက အတော်လေးနက်နဲတယ်။ လောင်အာ့နဲ့ တူညီလုနီးပါးပဲ။ အခုကစပြီး မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို မင်းကို ထိန်းချုပ်ခွင့် မပေးနဲ့” လုကျိုးက ပြောလိုက်၏။
ယွီကျန့်ဟိုင်က ရှုံးနိမ့်သွားသော်ငြား ထိုစကားများကြောင့် အပျော်လွန်သွားပြီး စိတ်အား တက်ကြွသွားတော့သည်။ သူက တလေးတစားဦးညွှတ်လိုက်၏။
“နားလည်ပါပြီ”
ထိုစဉ် လုကျိုးက ထာဝရစံပြနှင့် နည်းပြဟူသည့်စကားလုံးများ စနစ်မျက်နှာပြင်ပေါ်၌ ပေါ်လာတာကို တွေ့လိုက်ရ၏။ ယင်းက ယွီကျန့်ဟိုင်သည် သူ၏ပညာသင်ယူမှုပြီးဆုံးသွားသည့်တိုင် သူက ယွီကျန့်ဟိုင်ကို ဆက်လက်ပညာသင်ပေးနိုင်ကြောင်း ပြသနေ၏။ တစ်ခုတည်းသောအရာက သူသည် ယွီကျန့်ဟိုင်ထံမှ ကုသိုလ်မှတ်များ မရနိုင်တော့တာပဲဖြစ်သည်။
လုကျိုး၏တပည့်များက စိတ်အေးပြီးသက်ပြင်းချလိုက်စဉ် လုကျိုးက ပြောလိုက်၏။
“အားလုံးဒီရောက်နေတယ်ဆိုတော့ မင်းတို့အားလုံးကို လမ်းညွှန်ပြသပေးမှ မျှတမှာပေါ့။ အားလုံးအတူတိုက်ခိုက်ကြ”
ကျူးဟုန်ကုန်း၊ မင်ရှစ်ရင်၊ ရှောင်ယွမ်အာနှင့် ခရုလေး “...”
“ရှစ်စွင်း ကျွန်တော်တို့က ပွဲကြည့်ဖို့ပဲလာတာလေ”
“မင်း ဘာစောင့်နေတာလဲ” လုကျိုးက သစ်သားတုတ်ကို ပစ်ပေးလိုက်၏။ သစ်သားတုတ်က လေထဲပျံ့လွင့်သွားပြီးနောက် စွမ်းအင်စည်းတံဆိပ်တို့က သန်းချီပေါ်လာကာ ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦး၊ လက်ဝဲတမန်တော်၊ လက်ယာတမန်တော်နှင့် အစောင့်ရှောက်များက မှင်တက်သွားပြီး နေရာမှာပင် ကြက်သေသေနေမိ၏။
မကြာမီ၌ အော်ညည်းသံများ အော်သံများ၊ သက်ညှာပေးဖို့တောင်းဆိုသံများက ကွင်းထဲ၌ပြန့်နှံ့လာပြီး တစ်နာရီကြာခဲ့၏။
ပြီးလုပြီးခင်အချိန်၌ ဖန်လီထန်းက ပြုံးလျက်ပြောလိုက်သည်။
“ဒါက ငါထင်ထားတာထက် ပိုချောမွေ့တာပဲ။ မျှော်နန်းသခင်က စိတ်ကောင်းဝင်နေပုံပေါ်တယ်။ အစောင့်အရှောက်တို့ တမန်တော်တို့ ဒီအခွင့်အရေးကို အရယူပြီး မျှော်နန်းသခင်ကို လမ်းညွှန်မှု တောင်းခံရမယ်”
“အစ်ကိုဖန် ကျုပ် သွားစရာလေးတစ်ခု ရှိသေးလို့ နှုတ်ဆက်ပါတယ်” လုလီကပြောပြီး အမြန်ထွက်သွား၏။
ယန်ကျန်းလော့က ဖန်လီထန်းဖက် လက်သီးဆုပ်မိုးလျက်ပြောလိုက်တော့သည်။ “ကျုပ် သွားစရာရှိရမဲ့ပုံပဲ။ နောက်မှတွေ့မယ်”
ဖန်လီထန်း “...”
ကျန်သည့်အကြီးအကဲသုံးဦး လှည့်ပတ်ကြည့်လိုက်သည့်အခါ လုလီနှင့် ယန်ကျန်းလော့ကို မတွေ့ရတော့ပေ။
မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များသည် လေ့ကျင့်ရေးကွင်းထဲမှထွက်လာသောအခါ အားလုံးက မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် သူတို့သက်ဆိုင်သည့်အခန်းသို့ပြန်သွားလေ၏။
ညနေရောက်ချိန်တွင် တည်တံ့ရေးခန်းမထဲ၌ဖြစ်သည်။
သူ့တပည့်များကို လေ့ကျင့်ပေးရန် အချိန်သုံးပြီးနောက် လုကျိုးသည် သူ၏တတိယတပည့် တွမ့်မူရှန်းကို သတိရသွား၏။ ယခုအချိန်၌ သူ့အကြောင်းဘာမှ မသိရသေးသောကြောင့် စိုးရိမ်နေမိသည်။ ထို့ကြောင့် သူသည် ခန်းမထဲရောက်သည်နှင့် တင်ပျဉ်ခွေချိတ်ထိုင်ကာ အမြင်စွမ်းအားအတွက် ဂါထာကို တိတ်တဆိတ် ရွတ်ဆိုလိုက်၏။
ယခုအခေါက်တွင် သူသည် ကျယ်ဝန်းလှသော ရေကန်အလယ်ရှိ ကျွန်းတစ်ကျွန်းကို တွေ့လိုက်ရသည်။
လူဝုက တွမ့်မူရှန်း ဘေးတွင် ထိုင်ကာ သူ့ကိုစိုက်ကြည့်နေသည်။ ၎င်း၏ပါးစပ်ကြီးကို ဟကာ တွမ့်မူရှန်းကို လွှမ်းခြုံနေစေရန် အဖြူရောင်မြူတိမ်တိုက်တစ်ခု မှုတ်ထုတ်လိုက်၏။ ပြီးနောက် ပုံရိပ်တစ်ခု ဖျတ်ကနဲပြတ်တောက်ခံလိုက်ရတော့သည်။
“ဟမ် ... ဘာတွေဖြစ်နေတာလဲ”
လုကျိုးက စနစ်မျက်နှာပြင်ကို တချက်ဖွင့်ပြီးကြည့်လိုက်၏။ တွမ့်မူရှန်း၏ဘေး၌ အသိပေးစာတစ်ခု ပေါ်လာသည်။ ပစ်မှတ်၏ သစ္စာရှိမှုက ၀%။
အမုန်းတရား မရှိသော်ငြား တွမ့်မူရှန်း၏ သစ္စာရှိမှုက ၀% ဖြစ်နေ၏။
လောင်စန်းဘာဖြစ်တာလဲ ... လုကျိုး ဇဝေဇဝါဖြစ်နေသည်။
ထိုစဉ် တွမ့်မူရှန်း၏ သစ္စာရှိမှုက ရုတ်တရက်ပြောင်းလဲသွားသည်။
သစ္စာရှိမှု +၅%
သစ္စာရှိမှု -၅%
ဤသံသရာက အချိန်အတော်ကြာသည်အထိ ထပ်တလဲလဲဆက်လက်ဖြစ်ပွားနေသည်။