အခန်း (၁၁၅၀-၁၁၅၂)
Vol. 77 Ch. 1150-1152
အခန်း (၁၁၅၀) ထွက်ပေါ်လာမှုနှင့် ပြန်လည်မွေးဖွားမှု
လုကျိုး မြင်သည်က အမှောင်ထုသာ ဖြစ်၏။ သူက အမြင်စွမ်းအားကို ဖြတ်တောက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ အဖြစ်အပျက်ကို မမြင်ရသည်က ဒေါသထွက်စရာကောင်းသော်လည်း တွမ့်မူရှန်းက အသက်ရှင်လျက် ရှိနေသည်ကို သတိပြုမိလိုက်သည်။
ထို့အပြင် လုဝူက တွမ့်မူရှန်းကို ပြန်ပေးဆွဲဖို့ များစွာ အားစိုက်ထုတ်ခဲ့ရသည့်အတွက် အလွယ်တကူ သတ်ပစ်မည် မဟုတ်ပေ။ လုကျိုးအနေဖြင့် တွမ့်မူရှန်း၏ သစ္စာရှိနှုန်း အတက်အကျက လုဝူ ထွေးထုတ်လိုက်သည့် အဖြူရောင်မြူခိုးကြောင့် ဖြစ်မည်မှန်း မှန်းဆမိသည်။ ထိုအရာက လုဝူ၏ စွမ်းရည်တစ်ခု ဖြစ်နေနိုင်သည်။
"အဲဒါက ဘယ်နေရာလဲ"
ရေမျက်နှာပြင်အထက် ရှိနေသည့်အတွက် ရေကန်တစ်ခုနှင့် တူနေသည်။ တွမ့်မူရှန်းက အဆုံးမဲ့ပင်လယ်ပြင်၌ ရှိနေခြင်း မဟုတ်ပေ။ ပတ်ဝန်းကျင်က မှောင်မဲနေသော်လည်း အမည်မသိ ကုန်းမြေလောက် မှောင်မည်းနေခြင်း မရှိပေ။
ဝေ့ကျန်းနန်၏ စကားအရ လုဝူ၏ အရိပ်အယောင်ကို အမည်မသိကုန်းမြေ၏ အရှေ့ဘက် ချောက်နက်ထဲ မြင်တွေ့ခဲ့သည်ဟု ဆိုဖူးသည်။ ထိုစဉ် ဝေ့ကျန်းနန်က ထိုနေရာကို ရောက်ရှိဖို့အတွက် ငါးနှစ်တာ မအိပ်မနေ အနားမယူဘဲ ဆက်တိုက် ပျံသန်းသွားရမည်ဟု ပြောခဲ့သည်။
"ဒါက အရှေ့ဘက် ချောက်နက်နဲ့လည်း မတူသလို အမည်မသိ ကုန်းမြေနဲ့လည်း မတူဘူး"
ထိုစဉ် သူက တစ်စုံတစ်ခုကို အမှတ်ရသွား၏။
"ယင်ကျောက်"
သူက ယင်ကျောက်သည် အမည်မသိကုန်းမြေမှ ရောက်ရှိလာသည်ကို မျှော်နေခဲ့သည်။ ထို့အပြင် ခက်ထန်သားရဲများကို အမိန့်ပေးခဲ့ဖူးသည့် သားရဲဘုရင်က လုဝူနှင့် အင်မတန် ရင်းနှီးလိမ့်မည်။
လုကျိုးက ယင်ကျောက်နှင့် ခရုလေးတို့ကို ဆင့်ခေါ်ခိုင်းခဲ့၏။
ခရုလေးရောက်ရှိလာသည့်အခါ သူမက အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ဖြစ်နေဟန်ပေါ်၏။ စောစောလေးက ရိုက်နှက်ချက်ကြောင့် သူမက တည်တံ့ရေးခန်းမဆောင်အတွင်း ဝင်ရောက်လာသည့်အခါ ဒူးထောက်ကာ ပြောလိုက်၏။
"ရှစ်စွင်း"
လုကျိုးက ကျင့်ကြံရေးနှင့် ပတ်သက်လာသည့်အခါ ညှာတာမှု မရှိပေ။ သူတို့အားလုံးက သူ့တပည့်များသာ ဖြစ်သည့်အတွက် သူတို့ကို လမ်းညွှန်ပေးရာ၌ မျက်နှာလိုက်မည် မဟုတ်ပေ။
ယင်ကျောက်ကလည်း ခရုလေးကို အတုခိုးကာ ဒူးထောက်လိုက်သည်။
လုကျိူးက ပြောလိုက်၏။
"ထပြီး ပြောကြ”
"ဟုတ်ကဲ့ ရှစ်စွင်း"
ခရုလေးနှင့် ယင်ကျောက်တို့က ထရပ်လိုက်ကြသည်။
လုကျိုးက ယင်ကျောက်ကို ကြည့်ကာ မေးလိုက်၏။
"မင်းက အမည်မသိကုန်းမြေကဆိုတော့ လုဝူ ရှိတဲ့နေရာကို သိတယ်မလား"
ယင်ကျောက်က ရေသောက်သလိုမျိုး ဆူဆူညံညံအသံများ ပြုလုပ်လာသည်။ မည်သို့ပင်ဆိုစေကာမူ လုကျိူးက တစ်ခုမှ နားမလည်ပေ။
ခရုလေးက ပြောလာ၏။
"ရှစ်စွင်း သူပြောတာက လုဝူက အတော်လေးကို ရက်စက်တယ်တဲ့။ သူက ခက်ထန်သားရဲတွေကို ဦးဆောင်ပြီးတော့ လူသားတွေကို မကြာခဏ ကျူးကျော်လေ့ရှိတယ်။ လုဝူက အမည်မသိကုန်းမြေထဲမှာ ရှိတယ်လို့ ပြောတယ်။ အတိအကျ ပြောရရင်တော့ အမည်မသိ ကုန်းမြေရဲ့ အရှေ့ဘက်ပိုင်းမှာတဲ့"
"အမည်မသိကုန်းမြေရဲ့ အရှေ့ဘက် အကျဆုံးနေရာတဲ့လား" လုကျိုးက စဉ်းစားလိုက်သည်။
ယင်ကျောက်၏ ဉာဏ်ရည်က ကလေးသဖွယ် ဖြစ်သည့်အတွက် လုကျိုးအား ရှင်းလင်းသည့် လမ်းညွှန်ချက်များကို ပေးဖို့ရာ မလွယ်ကူလှပေ။
"ဟုတ်ပါတယ်။ အရှေ့ဆုံးအပိုင်းလို့တော့ ပြောတယ်"
လုကျိုးက ပြောလိုက်သည်။
"ထားလိုက်တော့။ ငါ့နောက်ကပဲ လိုက်ခဲ့"
ယင်ကျောက်က အမည်မသိကုန်းမြေက ဖြစ်သည့်အတွက် ထိုနေရာကို ရှာဖွေခြင်းက ခက်ခဲမည် မဟုတ်ပေ။
အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ အမည်မသိကုန်းမြေထံ သင်္ကေတ လမ်းကြောင်းက လုဝူ နောက်ဆုံးပေါ်ထွက်ခဲ့သည့်နေရာနှင့် အလှမ်းဝေးကွာလွန်းသည့်အတွက် ထိုအရာကို အသုံးပြုဖို့ရာ အတွေးကောင်း မဟုတ်ပေ။ သူက ယင်ကျောက်ကို မှီခိုနိုင်သည်။ သူ့အနေဖြင့် တွမ့်မူရှန်းကို မြန်မြန်ရှာဖို့ လိုအပ်နေ၏။ အကယ်၍ လုဝူက မဟာလေဟာနယ်မျိုးစေ့ ရရှိသွားခဲ့လျှင် တွမ့်မူရှန်းက အန္တရာယ်ကျရောက်သွားနိုင်သည်။
ယင်ကျောက်က ခေါင်းကို အပြင်းအထန် ယမ်းလာပြီး နောက်ဆုတ်လိုက်သည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
"မင်းက ကြောက်နေတာလား"
ယင်ကျောက်က ဆန်စေ့ကောက်စားနေသည့် ကြက်လေးများသဖွယ် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
ခရုလေးက ပြောလိုက်သည်။
"သူက အရမ်းကို ကြောက်တယ်တဲ့"
လုကျိုး "..."
အဲဒီအကြောင်းကို ဘာသာပြန်နေဖို့မလိုပါဘူး။ ဒီလူအုပ်ကြီးက အဲ့လောက်မတုံးဘူးကွ...။
လုကျိူးက ထရပ်ကာ ပြောလိုက်သည်။
"မင်း ကြောက်နေတယ်ဆိုရင်တောင် ငါနဲ့ လိုက်ခဲ့ရမှာပဲ "
ဝုန်း
လုကျိုး "..."
ယင်ကျောက်ကို ကောင်းကောင်း မသိသူများက ထိုအပြုအမူကြောင့် အံ့အားသင့်သွားနိုင်သည်။ ထိုအရာက လူသားများနှင့် မခြားနားလှပေ။
ယင်ကျောက်က ဆူညံသံတစ်ခု ပြုလုပ်လိုက်၏။
ခရုလေးက ပြောလိုက်သည်။
"ရှစ်စွင်း ချန်ဟွမ်းက အဲဒီနေရာနဲ့ နီးနီးမှာ နေခဲ့ဖူးတယ်လို့ ပြောတယ်။ ချန်ဟွမ်းကို ဦးဆောင်ဖို့ ခေါ်သွားတာက အကောင်းဆုံးပဲတဲ့။ "
"ချန်ဟွမ်းလား" လုကျိုးက နားမလည်နိုင် ဖြစ်သွားမိသည်။
"ချန်ဟွမ်းက လရောင်တောအုပ်အနက်ပိုင်းက ရောက်လာတာလေ။ တူလို့လား"
ယင်ကျောက်က ခေါင်းယမ်းကာ ထပ်မံအသံများ ပြုလုပ်လိုက်သည်။
ခရုလေးက ပြောလိုက်၏။
"လရောင်တောအုပ်က အမည်မသိကုန်းမြေနဲ့ ဆက်နွယ်နေတာလို့ ပြောတယ်။ ဒါပေမဲ့ အတိအကျကိုတော့ သူလည်း မသိဘူး။ ဒါပေမဲ့ လုဝူရဲ့ သဘာဝကြောင့် သီးသန့်နေရာမျိုးမှာ သွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ အမည်မသိကုန်းမြေရဲ့ အစွန်အဖျားကို ရှာကြည့်သင့်တယ်လို့ ပြောပါတယ်"
လုကျိုးက ခေါင်းညိတ်လိုက်သည်။ အကယ်၍ ထိုအရာသာ အမှန်ဖြစ်နေပါက ချန်ဟွမ်းကို ဦးဆောင်ဖို့ ခိုင်းသည်က ပို၍ သင့်တော်ပေသည်။
လရောင်တောအုပ်ကို မဆိုထားနှင့်။ တာ့ယန်ရှိ ကျင့်ကြံသူများစွာက မြူခိုးတောအုပ် အနက်ပိုင်းကိုပင် မသွားလာရဲကြပေ။ ပွင့်ချပ် ခြောက်လွှာ ကျင့်ကြံသူများက တောအုပ် အစွန်အဖျားနား သွားလာနိုင်ကြ၏။ ပွင့်ချပ်ရှစ်လွှာကမူ အနည်းငယ် နက်သည့်အထိ သွားလာနိုင်၏။ သို့သော် သူတို့က ထိုခက်ထန်သားရဲများအတွက် ပြိုင်ဘက် မဟုတ်ပေ။
ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် လုကျိူးက ပြောလိုက်သည်။
"ယဲ့ထျန်းရှင်းကို မိစ္ဆာဝေဟင်မျှော်နန်းဆီ လာဖို့ပြောလိုက်"
"ဟုတ်ကဲ့" ခရုလေးက လုကျိုး၏ အမိန့်ကို နာခံပြီးသည့်နောက် ထွက်ခွာသွားသည်။
ထို့နောက် လုကျိုးက ယင်ကျောက်ကို ကြည့်ကာ မေးလိုက်သည်။
"ငါနဲ့ အတူတူ လရောင်တောအုပ်ဆီ လိုက်မလာချင်ဘူးလား"
"ဒီခန်းမအတွင်း ယင်ကျောက်၏ အရိပ်ကိုပင် မမြင်ရတော့ပေ”
ဤသို့ဖြင့် တည်တံ့ရေးခန်းမဆောင်အတွင်း တိတ်ဆိတ်မှု ပြန်လည်ကြီးစိုးလာကြ၏။
"ငါ တွမ့်မူရှန်းကို ရှာချင်တယ်ဆိုရင် ပိုပြီး အားကောင်းဖို့ လိုတယ်”
လုကျိူးက လက်ဝေ့ကာ ငရဲဝံပုလွေဘုရင်၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူလိုက်သည်။
သူ့ကြာပွင့်က သူ့ရှေ့တွင် ပေါ်ထွက်လာသည်။ သူ့စွမ်းအင် ဗဟိုချက်ရှိ ပင်လယ်ထဲရှိ ခံစားချက်က ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူ့အနေဖြင့် ယခုအခါ ကြာပွင့်ကို ထုတ်ဖော်ဖို့ ပိုမိုလွယ်ကူနေပြီ ဖြစ်၏။ ထို့နောက် သူက မွေးဖွားဇယားချပ်မြေပုံကို ထုတ်ကာ လေ့လာနေသည်။
"ခရမ်းစံအိမ်" နောက်ဆုံးတွင် လုကျိုးက တည်နေရာကို ဆုံးဖြတ်လိုက်ပြီဖြစ်၏။ တည်နေရာက အသက်ဓာတ်နှလုံးသားအားလုံးအတွက် သင့်တော်လှ၏။
လုကျိုးက တုံ့ဆိုင်းမနေဘဲ အသက်ဓာတ်နှလုံးသားကို သူ ရွေးချယ်ထားသည့်နေရာတွင် ထားလိုက်၏။
ဝုန်း
လုကျိုးက သက်တမ်း လိုအပ်နေသည့်အတွက် အသက်ဓာတ်နှလုံးသားကို သူ့အတွက် သူသာ သိမ်းဆည်းဖို့ ဆုံးဖြတ်လိုက်သည်။
...
ထိုစဉ် ကျယ်ပြောလှသည့် အမည်မသိ ကျွန်းတစ်ခုပေါ်တွင်
လုဝူက အေးစက်သည့် လေများ လွှမ်းခြုံခံထားရသည့် တွမ့်မူရှန်းကို ကြည့်နေလေ၏။ ခဏအကြာတွင် သူက ခေါင်းငုံ့ကာ အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။ သူက တွမ့်မူရှန်းကို နွေးထွေးအောင် လုပ်ပေးဖို့ ကြိုးစားနေဟန်ပေါ်၏။
တွမ့်မူရှန်းပေါ်ရှိ ခရမ်းရောင် အငွေ့အသက်များက အပြီးတိုင် ပျောက်ကွယ်သွားကာ သူ့လက်ကောက်ဝတ်အထက် ခရမ်းရောင် နဂါးလေးတစ်ကောင်ကို မြင်တွေ့နိုင်သည်။
"သခင်လေး" လုဝူက တိုးတိုးသာသာ ခေါ်လိုက်သော်လည်း လူသားများ၏ နားထဲတွင် ကောင်းကင်ဘုံမှ အသံချဲ့စက်တစ်လုံးလိုမျိုး ဖြစ်နေကာ မြေကြီးကိုပင် တုန်ခါသွားစေသည်။
ဤတစ်ကြိမ် တွမ့်မူရှန်းက မျက်လုံးဖွင့်လာသည်။
အနီးအနားမှ နယ်ရှင်လှံက သူ့လက်ထဲပျံသန်းရောက်ရှိလာ၏။
တွမ့်မူရှန်းက မီတာရာချီ နောက်ဆုတ်လိုက်ပြီး နယ်ရှင်လှံကို ဝေ့ယမ်းလိုက်သည်။
"ခက်ထန်သားရဲ"
လုဝူက တွမ့်မူရှန်းကို ကြည့်လိုက်သည်။ ထိုအရာ၏ ဦးခေါင်းက ဘယ်ညာစောင်းရင်း တွမ့်မူရှန်းကို သိချင်စွာဖြင့် ကြည့်နေဟန်ပေါ်သည်။
တွမ့်မူရှန်းက နောက်ထပ် မီတာအချို့ နောက်ဆုတ်လိုက်သည်။
ဆရာက အနိုင်မရနိုင်ဘူးဆိုရင် ထွက်ပြေးဖို့ ပြောဖူးတယ်...
တွမ့်မူရှန်းကာ လှည့်ကာ စကားမဆိုဘဲ ထွက်ပြေးတော့သည်။ သူ ရပ်တန့်လိုက်သည့်အခါ သူက မီးခိုးရောင် ကောင်းကင်နှင့် ကျယ်ပြန့်လွန်းသည့် ရေကန်ကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားမိ၏။
ဝေဟင်အထက် ခက်ထန်သားရဲများက တောင်ပံများဖြန့်ကာ ရေမျက်နှာပြင်အထက်လည်း ငါးအုပ်စုကို မြင်တွေ့နိုင်သည်။
"ဘယ်ရောက်နေတာလဲ"
ထိုစဉ် ကောင်းကင်အထက် ဧရာမ ခေါင်းကြီး ပေါ်ထွက်လာသည်။
"သခင်လေး … က … ရေကန်ရဲ့ … အလယ်ဗဟိုချက်က ကျွန်းပေါ်မှာ ရှိနေတာ " လုဝူက ဖြည်းဖြည်းချင်း ပြောလိုက်သော်လည်း စကားများက ရှင်းလင်းလှသည်။
တွမ့်မူရှန်းက အံ့အားသင့်သွားလေ၏။ သူက ခေတ္တမျှ ပျံသန်းလိုက်သော်လည်း မလှုပ်ရှားခဲ့သလိုမျိုး အဘယ့်ကြောင့် ခံစားနေရသနည်း။
ထွက်ပြေးရမယ်...
တွမ့်မူရှန်းက ထပ်မံ ထွက်ပြေးတော့မဲ့ဆဲဆဲတွင် လုဝူက လက်ကိုမြှောက်ကာ တားဆီးလိုက်သည်။
"သခင်လေး"
ဝုန်း
တွမ့်မူရှန်းက မြေပြင်ပေါ် လဲကျသွား၏။ သူက ဘေးပတ်ဝန်းကျင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်သည်။
"မင်း လူမှားနေပြီ"တွမ့်မူရှန်းက နယ်ရှင်လှံကို မြှောက်ကာ လုဝူကို ချိန်ရွယ်လိုက်သည်။ သူက နယ်ရှင်လှံကို ပစ်တော့မည့်ဆဲဆဲတွင်
ဘန်း
လုဝူက လက်ကို မြှောက်ကာ နယ်ရှင်လှံကို တားဆီးလိုက်၏။
"မမှားဘူး။ လွန်ခဲ့တဲ့ နှစ်သုံးသောင်း...သွေးမျိုးဆက် အရှိန်အဝါ...မင်းက သူ့ရဲ့ မျိုးဆက်ပဲ။ သခင်လေး"
"မျိုးဆက်တဲ့လား" တွမ့်မူရှန်းက နယ်ရှင်လှံကို မြေကြီးပေါ် ထိုးစိုက်လိုက်သည်။ လုဝူက အားကောင်းလွန်းနေ၏။ ပို၍အရေးကြီးသည်က လုဝူသည် သူ့ကို နာကျင်အောင် လုပ်မည့် စိတ်ကူးမရှိပေ။ အကယ်၍ လုဝူသာ သူ့ကို သတ်လိုပါက သတ်ပစ်လိုက်ပြီးပြီ ဖြစ်၏။ ယခုအချိန်ထိ စောင့်ဆိုင်းနေစရာ မလိုပေ။
လုဝူက ခေါင်းညိတ်လိုက်၏။
"တွမ့်မူတျန်း"
“တွမ့်မူတျန်းတဲ့လား။ ငါမကြားဖူးဘူး။ မျိုးရိုးနာမည်တူတာနဲ့ပဲ ငါက သူ့မျိုးဆက်ဖြစ်ရောလား”
လုဝူက ရုတ်တရက် လက်ကို ဝေ့ယမ်းလိုက်သည်။ တွမ့်မူရှန်းက နယ်ရှင်လှံကို ဆွဲကာ ကာကွယ်လိုက်၏။
ဘန်း
သူက မီတာထောင်ချီ လွင့်စဉ်သွားခဲ့သည်။ သူက ပြန်လည်ထရပ်သည့်အခါ သူ့လက်နှင့် လက်မောင်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။ သူသည် ပိုမိုအားကောင်းလာသည်ကို ခံစားမိလိုက်၏။ ထိုအရာက အနည်းငယ်မျှသာ မဟုတ်ပေ။
"လွန်ခဲ့တဲ့ နှစ်သုံးသောင်းခန့်တုံးက ငါ့ကို သခင် တွမ့်မူတျန်းက အနိုင်ယူခဲ့တာ။ အဲ့ဒီတည်းက သူ့နောက်ကို ငါ လိုက်ခဲ့တာ။ ငါ မမှားဘူး။ " လုဝူက ခေါင်းကို မော့ကာ ပြောလိုက်သည်။
"တကယ်လား" တွမ့်မူရှန်းက ထပ်မေးလိုက်၏။
လုဝူက ခေါင်းမော့ကာ တွမ့်မူရှန်းကို ကြည့်လာပြီး ထိုအချက်ကိုလက်ခံဖို့ စောင့်ဆိုင်းနေဟန်ပေါ်သည်။
တွမ့်မူရှန်းက ရိုးသားသော်လည်း မအပေ။ လုဝူက သူ့ကို လိမ်ညာနေစရာ အကြောင်းအရင်း မရှိပေ။ ထို့အပြင် သူက မဟာလေဟာနယ်မျိုးစေ့ ပေါက်ကြားသွားကြောင်း သိထားသော်လည်း လုဝူက ထိုအရာကို တပ်မက်ဟန်မပေါ်ပေ။ နောက်ဆုံးတွင် သူက ပြောလာ၏။
"အဲဒါဆိုတော့ ငါက လွန်ခဲ့တဲ့ နှစ်သုံးသောင်းက တွမ့်မူတျန်းရဲ့ မျိုးဆက်လား"
"ဟုတ်တယ်"
လုဝူ၏ စကားက နှေးကွေးသော်လည်း တွမ့်မူရှန်းက ကောင်းကောင်း နားလည်သေးသည်။
တွမ့်မူရှန်းက နောက်တစ်လှမ်း ဆုတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ။ ငါ မင်းကို ယုံတယ်။ ဒါပေမဲ့ ငါ ပြန်သွားရမယ်"
"ပြန်သွားမှာလား။ ဘာလို့လဲ။ လူသားတွေက လောဘကြီးပြီးတော့ မသိတတ်ဘူး။ အားနည်းပြီးတော့ စက်ဆုပ်ဖို့ ကောင်းတယ်။ ပြီးတော့ ..." လုဝူက စကားဆုံးခါနီးတွင် ရှက်ရွံ့ဖွယ် စကားများပြောလာ၍ တွမ့်မူရှန်း၏ မျက်နှာက မျောက်ဖင်လို နီရဲလာခဲ့၏။
"ငါက လူသားလေ" တွမ့်မူရှန်းက နေရခက်စွာ ပြောလိုက်၏။
"အခု နတ်ဆိုး ဖြစ်သွားပြီ"
…
အခန်း (၁၁၅၁) မိစ္ဆာဝေဟင်မျှော်နန်းသို့ပြန်ခြင်း
“နတ်ဆိုးလား” တွမ့်မူရှန်းသည် သူ၏လက်ကောက်ဝတ်ကို ကြည့်ပြီး မယုံနိုင်စွာ ဖြစ်နေလျက် နယ်ရှင်လှံကို လွှတ်ချလိုက်၏။ သူ၏လက်ကောက်ဝတ်ပေါ်တွင် အမှတ်ပမာ ခရမ်းရောင်နဂါးနှစ်ကောင် ရှိနေ၏။ ထိုအမှတ်များပေါ်၌ ဖော်ပြ၍မရသော မှော်စွမ်းအားများ ကိန်းအောင်းနေတာကို ခံစားမိသည်။ သူ၏ကနဦးချီအနည်းငယ်သွင်းလိုက်သရွေ့ ခရမ်းရောင်နဂါးနှစ်ကောင်က လင်းလာပြီး အချိန်မရွေးပျံသန်းသွားမည့်ပုံပေါ်၏။
လုဝူက ခေါင်းညိတ်ပြီး အသက်ရှူထုတ်လိုက်၏။ “ကျုပ်... ကျုပ်ရဲ့... အဆီအနှစ်ကို သူတို့နဲ့... ပေါင်း... စည်းလိုက်တယ်။ သခင်လေးရဲ့... သွေးမျိုးဆက်က နိုးထလာတယ်”
“သူတို့လား” တွမ့်မူရှန်းက ဇဝေဇဝါဖြစ်နေ၏။ လုဝူ၏လျှာသည် လူသားများနှင့် မတူပေ။ ထို့ကြောင့် ၎င်းပြောသည့်နှုန်းက အလွန်နှေး၏။
“ယိုယွင်း... တိုက်စားခြင်း... စွမ်းအင် မဟာ... လေဟာနယ်မျိုးစေ့”
ယိုယွင်းတိုက်စားခြင်း စွမ်းအင်လား ... တွမ့်မူရှန်းက ခေါင်းကုတ်ပြီး သူတစ်ခွန်းမှနားမလည်ကြောင်း ညွှန်ပြလိုက်၏။ အဆုံးတွင် သူက ပြောလိုက်တော့သည်။
“မင်း ငါ့ကို ကယ်ပေးတာ ကျေးဇူးတင်ပေမဲ့ ငါ ပြန်ရတော့မယ်”
တွမ့်မူရှန်းက နယ်ရှင်လှံကို ဆုပ်ကိုင်ပြီးနောက် လေထဲခုန်တက်လိုက်၏။ သို့သော် မကြာမီ၌ အရပ်မျက်နှာအားလုံးက တူညီနေတာကို တွေ့သွားသည်။
လုဝူက ထိုင်ချလိုက်ပြီးနောက် တွမ့်မူရှန်းကို လျစ်လျူရှုထားကာ ပြောလိုက်တော့သည်။
“မင်းမှာ... အရည်အချင်း... ရှိရင်... ထွက်သွားလေ”
တွမ့်မူရှန်းက ပြန်ပြောလိုက်၏။ "ငါ့ကိုပြန်ပို့ပေး”
လုဝူက အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဘယ်ကိုပြန်မှာလဲ”
“ငါ့ရဲ့ရှစ်စွင်းဆီ။ ငါ့ရဲ့မိစ္ဆာဝေဟင်မျှော်နန်းဆီ” တွမ့်မူရှန်းက ပြောလိုက်သည်။
“ငါ့ကို အနိုင်ယူ အရင်ဆုံး” လုဝူကပြောလိုက်ပြီး ၎င်းက အထင်သေးနေတာသိသာ၏။
“ကောင်းပြီ” တွမ့်မူရှန်းက ပြောလိုက်ပြီး နယ်ရှင်လှံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ကနဦးချီများ ဝေ့တက်လာပြီး မြည်ဟည်းလာတော့၏။ တစ်ချိန်တည်းတွင် သူ၏လက်ကောက်ဝတ်ပေါ်ရှိ ခရမ်းရောင်နဂါးကလည်း ဖျော့ဖျော့လည်းတောက်ပလာသည်။
ဝှစ်
ရွှေရောင်စွမ်းအင်ကလည်း နဂါးတစ်ကောင်ပမာ ပေါ်ထွက်လာ၏။ လှံထိပ်ဖျားက ကြိမ်နှုန်းမြင့်မြင့်ဖြင့် မြည်ဟည်းနေတော့သည်။
တွမ့်မူရှန်းက လှံကို ထုတ်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်က ရေအိုင်မျက်နှာပြင်နှင့် တစ်တန်းတည်း ဖြစ်နေ၏။
တိုက်ကွက်က ရောက်တော့မည့်အချိန်တွင် လုဝူက ပါးစပ်ကိုဟလျက် အဖြူရောင်မြူတိမ်တိုက်များ မှုတ်ထုတ်လိုက်၏။
တွမ့်မူရှန်းသည် ချက်ချင်းပင် ရေခဲရုပ်ထုဖြစ်သွားတော့သည်။
လုဝူက ပျင်းရိနေတာ သိသာလျက် လှဲချကာပြောလိုက်တော့သည်။ “အားနည်းတယ်”
တွမ့်မူရှန်း “...” သူ အင်မတန် မွန်းကြပ်နေသည်။ သူသည် သားရဲတစ်ကောင်ကိုတောင်အနိုင်မယူနိုင်ပေ။
လုဝူ၏ရေခဲစည်းတံဆိပ်ကို ဖြိုခွဲရန် သူ၏စွမ်းအားဗဟိုချက်ထဲရှိ ချီပင်လယ်တွင်ရှိသော ကနဦးချီကို လှည့်ပတ်ပြီး အသုံးပြုရန်ကြိုးစားခဲ့၏။ သူမည်မျှကြိုးစားနေကာမူ ရေခဲတုံးပေါ်၌ ဆံချည်တစ်မျှင်စာ အက်ကွဲကြောင်းကိုတောင် မမြင်ရပေ။
လုဝူပြောသည့်အတိုင်း သူက အားနည်းလွန်း၏။ မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် သူ၏ပါရမီက အနိမ့်ဆုံးဖြစ်ပြီး သူ၏ခွန်အားက အားအနည်းဆုံးဖြစ်ကာ သူ၏နားလည်သဘောပေါက်နိုင်စွမ်းက အနှေးဆုံးဖြစ်၏။ သူ မည်မျှလိုက်မှီအောင် ကြိုးစားစေကာမူ ကျန်သည့်သူများထက် အနည်းငယ်သာရန် အလွန် ကြိုးစားဖို့ လိုအပ်သည်။ ကျန်သည့်သူများနှင့် မယှဉ်နိုင်ပေ။ သို့သော် ထိုအရာအားလုံးက သူ အရှုံးဝန်ခံရမည် သို့မဟုတ် လက်လျှော့ရမည်ဟု မဆိုလိုပေ။
တွမ့်မူရှန်းက အော်ဟစ်လိုက်၏။ ထိုစဉ် သူ၏လက်နှစ်ဖက်မှ ခရမ်းရောင်နဂါးကဲ့သို့ အငွေ့များသည် သူ၏ခန္ဓာကိုယ်နားတစ်ဝိုက် ပေါ်ထွက်လာသည်။
ဘန်း
တွမ့်မူရှန်းက ရေခဲကို ခွဲလိုက်သည်။
သူ၏မျက်ခုံးနှစ်ဖက်ကြား၌ မိစ္ဆာစွမ်းအင်ဖွဲ့တည်နေပြီး ခရမ်းရောင်အမွှေးက နဂါးနှစ်ကောင်ပမာ ခန္ဓာကိုယ်နား ရစ်ပတ်နေ၏။ သူ၏မျက်လုံး၌ အမျက်ဒေါသများတောက်ပနေတော့သည်။
ပြီးနောက် လုဝူက ခြေလေးချောင်းကို မြေပြင်ပေါ်ဆောင့်ချလျက် ကျွန်းကို လှုပ်ခါသွားစေကာ ပြီးနောက် ဝေဟင်ထဲ ခုန်တက်လိုက်သည်။
ရေအိုင်ထဲမှ ရေများက ပန်းထွက်လာပြီး ချက်ချင်းပင်ဝေဟင်ထဲ၌ ကားလိပ်တစ်ခုဖွဲ့တည်သွား၏။
ကျွန်းပေါ်ရှိရေက အရိုးထိအောင်အေးစိမ့်နေသည်။ ရေအိုင်မျက်နှာပြင်အောက်ရှိငါးများကတောင် လုဝူကြောင့် ခဲကုန်၏။
လက်တစ်ချက်ဝေ့ယမ်းရုံဖြင့် လုဝူသည် တိမ်တိုက်များကို တွန်းထုတ်လျက် ခဲနေသောမျက်နှာပြင်ပေါ် ဆင်းသက်လိုက်သည်။ ယင်းက ကြောင်တစ်ကောင်ကဲ့သို့ပေါ့ပါးပြီး ဖျတ်လတ်လှပေ၏။ ၎င်း၏မျက်လုံးက အလင်းဖျော့ဖျော့ဖြာထွက်နေကာ ပြောလိုက်တော့သည်။
“မင်းရဲ့ မှော်စွမ်းအားကို သုံး”
ထိုသို့ပြောပြီးနောက်လှည့်ထွက်သွားကာ အဝေးသို့ခုန်ထွက်သွား၏။
...
မျက်စိတစ်မှိတ်အတွင်း ငါးရက်တာကုန်ဆုံးသွားသည်။
လုကျိုးသည် သူ၏အဋ္ဌမမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းသောအခါ သူသည် စူးရှသောနာကျင်မှုကို ခံစားခဲ့ရသော်ငြား ၎င်းသည် ခံနိုင်ရည်ရှိသည့် အတိုင်းအတာထဲတွင်ရှိသည်။
ယင်းကို အခြေခံကြည့်လျှင် မွေးဖွားဇယားချပ်၆ခုက သံသယတစ်ခုဖြစ်ကြောင်းမြင်နိုင်၏။ ဥပမာအနေဖြင့် သူ ဒုတိယမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းစဉ်က နာကျင်မှုနှင့်ဆင်တူသည်။ ကွာဟချက်က မွေးဖွားဇယားချပ်ကိုအသက်သွင်းရာ၌ အခက်အခဲသာဖြစ်သည်။ မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်မှုမရှိဘဲ မွေးဖွားနန်းဆောင်က သတ္တမမြောက် သို့မဟုတ် အဋ္ဌမမြောက်၏ မွေးဖွားဇယားချပ်ကိုအသက်သွင်းမှုကို ခံနိုင်ရည်ရှိမှာမဟုတ်။
ကံကောင်းသည်မှာ ယခုအခေါက် မွေးဖွားဇယားချပ်များ အသက်သွင်းသောဖြစ်စဉ်က ချောမွေ့ခဲ့၏။ သူသည် အဌမြောက်မွေးဇယားချပ်အဆင့်သို့ အောင်မြင်စွာဝင်ရောက်ခဲ့သည်။
ကျင့်ကြံသူတိုင်း၏ မွေးဖွာနန်းဆောင် အရွယ်အစားက မတူညီပေ။ မိမိ၏ မွေးဖွားနန်းဆောင်အရွယ်အစားသည် မိမိ၏အကန့်အသတ်ကို ဆုံးဖြတ်ပေး၏။
ဥပမာအနေဖြင့် လုလီသည် မွေးဖွားဇယားချပ်၅ခုသာ အသက်သွင်းနိုင်၏။ သူသည် မွေးဖွားဇယားချပ်များ ထပ်ပြီး အသက်သွင်းချင်ပါက သူ၏မွေးဖွားနန်းဆောင်ကို ချဲ့ထွင်ရမည်။ ယင်းက မဖြစ်နိုင်လုနီးပါး အလုပ်တစ်ခုဖြစ်၏။
တစ်ဖက်တွင်မူ လုကျိုး၏မွေးဖွားနန်းဆောင်က အတော်လေးဆန်းကြယ်သည်။ သူမွေးဖွားဇယားချပ်တစ်ခု အသက်သွင်းလိုက်ချိန်တိုင်းတွင် ၎င်း၏အရွယ်အစားက ပြန့်လာ၏။ သူ၏မွေးဖွားနန်းဆောင်က ကြီးပြီးရင်းကြီးလာသည်။ ဆိုလိုသည်က သူသည် သူ၏ အကန့်အသတ်ရောက်ဖို့က ဝေးသေးသည်။
“ငါ မွေးဖွားဇယားချပ်ဘယ်လောက်အသက်သွင်းနိုင်မလဲ သိချင်တယ်”
အရာအားလုံးတည်ငြိမ်သွားပြီးနောက် လုကျိုးသည် သူ၏ကြာပွင့်ကို ရုတ်သိမ်းလိုက်၏။ သူသည် ခဏတာစောင့်ဆိုင်းပြီးနောက် သူ၏ နဝမမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်၏။
လွန်လေသည့်ရက်အနည်းငယ်အတွင်း လုကျိုးက တွမ့်မူရှန်း၏သစ္စာရှိမှုသည် ၀မှ ၂၀အထိတိုးသွားပြီး ၀အထိ ပြန်ကျသွားတာ သတိပြုမိ၏။ ထူးဆန်းသည်မှာ သူ အမြင်စွမ်းအားကို အသုံးပြုသောအခါ သူသည် အနက်ရောင်မြင်ကွင်းကိုတောင် မမြင်နိုင်ပေ။ မမြင်ရသည့်ဖိအားတချို့ကြောင့် ပိတ်ဆို့ခံထားရသလိုပင်။
“လုဝူလား”
လုကျိုးသည် လုဝူကို လျော့တွက်မိသွားသည်ဟု ခံစားမိသွား၏။ လန်ရှီဟယ်ပြောတာမှန်သည်။ သားရဲဧကရာဇ်များက အစွမ်းထက်၏။ သားရဲဧကရာဇ်များ ထိုမျှအစွမ်းထက်နေလျှင် အမည်မသိကုန်းမြေ၌ သူတို့ထက်ပိုတောင်အစွမ်းထက်နေသည့်သားရဲများရှိမည်လော။
ထိုစဉ် ခရုလေးက တည်တံ့ရေးခန်းမထဲသို့လျှောက်လာကာပြောလိုက်၏။
“ရှစ်စွင်း လျှိုရှစ်ကျဲက မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်သွားပါပြီ”
လုကျိုးက ခေါင်းညိတ်လျက်ပြောလိုက်၏။
“ကောင်းပြီ”
“ရှစ်စွင်း ကျွန်မကော လိုက်သင့်လား”
အမည်မသိကုန်းမြေသည် အင်မတန်အန္တရာယ်များသည်။ ဖြစ်နိုင်သည်ဆိုလျှင် လုကျိုးသည် ခရုလေးကို မခေါ်သွားချင်ပေ။ သို့သော် သူမသည် မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ သားရဲဘာသာစကားကို သိသည့်တစ်ဦးတည်းသောသူဖြစ်သည်။
“လိုက်ရမယ်” လုကျိုးက ခေါင်းညိတ်လိုက်၏။
“ကျေးဇူးပါ ရှစ်စွင်း” ခရုလေးက ပျော်ရွှင်စွာ ပြောလိုက်၏။
လုကျိုးက ပြောလိုက်သည်။
“အမည်မသိကုန်းမြေက အလွန်အန္တရာယ်များတယ်။ တစ်ချိန်လုံးဂရုစိုက်ရမှာ”
“နားလည်ပါပြီ” ခရုလေးက ဦးညွှတ်လျက်ပြောလိုက်သည်။
ခရုလေးသည် ညတွင်းချင်း အရွယ်ရောက်လာချိန်မှစပြီး သူမသည် သူမအတိတ်အကြောင်း ရှာဖွေချင်နေ၏။ သူမက အမည်မသိကုန်းမြေကို သွားနိုင်သည့်အခွင့်အရေးကို မည်သို့လက်လျှော့လိုစိတ် ရှိမည်နည်း။
နောက်နေ့နံနက် သင်္ကေတခန်းမထဲတွင် ဖြစ်သည်။
“ရှစ်စွင်း တပည့်လည်းလိုက်ချင်တယ်” ရှောင်ယွမ်အာက နှုတ်ခမ်းစူကာပြောလိုက်သည်။
လုကျိုးက ရှောင်ယွမ်အာကို တချက်ကြည့်လိုက်၏။ ခဏတဖြုတ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အမည်မသိကုန်းမြေထဲမှာ ပတ်ဝန်းကျင်က ကြမ်းတမ်းခက်ထန်ပြီး အလင်းရောင်ကို မမြင်ရဘူး။ အဲ့ဒီမှာအရုပ်ဆိုးတဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေလည်း အများကြီးရှိတယ်။ တကယ်ပဲ အတွေ့အကြုံကောင်းရဖို့ နေရာကောင်းတစ်ခု။ မင်းက အတွေ့အကြုံမရှိဘူး။ မရင့်ကျက်လာသေးဘူး။ မင်းအတွေ့အကြုံတချို့ ရအောင် ယူတာလည်း မဆိုးဘူးပဲ”
“အမ်း ... အဲ့လိုလား” ရှောင်ယွမ်အာက အမြန်လက်ဝေ့ယမ်းပြလျက်ပြောလိုက်၏။
“ရှစ်စွင်း အဲ့လိုဆို တပည့်မသွားတာ ပိုကောင်းလိမ့်မယ်။ ရှစ်စွင်း ရှောင်ရှစ်မေ့တစ်ယောက်တည်းကို ခေါ်သွားတာ အဆင်ပြေမှာပါ”
“ဟမ် ... မင်း မလိုက်ချင်ဘူးလား” လုကျိုးက မေးကာ ဇဝေဇဝါဖြစ်သွား၏။
“ဟုတ်တယ် ... တပည့်မသွားတော့ဘူး။ တပည့် အလကား လျှောက်ပြောနေတာ” ရှောင်ယွမ်အာက ကျောနောက် လက်ဖွက်ထားလျက် နောက်တစ်လှမ်းဆုတ်ကာ ခေါင်းငုံ့ကာပြောလိုက်၏။
“မေ့လိုက်တော့ ဒါဆိုလည်း ဒီမှာနေ။ မင်း မေးစရာရှိရင် မင်းရဲ့ရှစ်ရှိုးတွေကို မေးလို့ရတယ်”
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
ပြီးနောက် လုကျိုးနှင့် ခရုလေးသည် သင်္ကေတစက်ဝန်းထဲဝင်လာ၏။ ပြီးနောက် လှစ်ကနဲ ပျောက်သွားသည်။
ထိုစဉ် တစ်နေရာမှ ပေါ်လာသော မင်ရှစ်ရင်သည် သင်္ကေတခန်းမ၏ဝင်ပေါက်ကို မှီလျက်ပြောလိုက်သည်။
“ကျိုးရှစ်မေ့ မင်းကို ရှစ်စွင်းက ကစားဖို့မခေါ်သွားပေးရင် ငါ မင်းကို ခေါ်သွားပေးမယ်”
“မလိုပါဘူး” ရှောင်ယွမ်အာက မင်ရှစ်ရင်ကို မျက်စောင်းထိုးလျက် ခန်းမထဲမှ ထွက်သွား၏။
ဝုတ် ဝုတ် ဝုတ်
ချုံးချီက ဘေးကနေထွက်လာပြီး ရှောင်ယွမ်အာကို ဟောင်လိုက်၏။
ရှောင်ယွမ်အာသည် မကြောက်ရွံ့ကာ သူမကလည်း ကြမ်းတမ်းစွာ ဟောင်လိုက်တော့သည်။
“ဝုတ် ဝုတ် ဝုတ်”
ဝူး ....
ချုံးချီကာ ညည်းတွားလျက် ထွက်ပြေးသွားသည်။
မင်ရှစ်ရင် “...”
ဒါက အားနည်းသူတွေက အနိုင်ကျင့်ခံရပြီး သန်မာသူတွေကို ကြောက်ရတဲ့ဥပမာတစ်ခုလား။
မင်ရှစ်ရင် အတွေးနစ်နေစဉ် ကျူးဟုန်ကုန်းက လျှောက်လာ၏။
“စစ်ရှစ်ရှိုး”
“ဘာကိစ္စလဲ” မင်ရှစ်ရင်က လည်ချောင်းရှင်းလျက် ကျောမတ်ကာ ရှစ်ရှိုးတစ်ယောက်၏ သွင်ပြင်ကို ပြလိုက်သည်။
“လက်ရည်ယှဉ်ချင်လား”
“မင်းနဲ့လား”
“စစ်ရှစ်ရှိုး ဒါကို မသိလောက်ပေမဲ့ ကျွန်တော်က အရင်တုန်းကလို မဟုတ်တော့ဘူး။ အဝါရောင်ကြာနယ်မြေမှာရှိတုန်း ပြန်လည်မွေးဖွားလာခဲ့ပြီ” ကျူးဟုန်ကုန်းက ပြောလိုက်၏။
မင်ရှစ်ရင်က ခေါင်းအနည်းငယ်ညိတ်ကာ ယွီရှန်းရုန်ရဲ့သဘောထားကို တုပလျက်ပြောလိုက်သည်။
“မင်းရဲ့သတ္တိက ချီးကျုးလောက်ပါပေရဲ့”
“ဟမ်” ကျူးဟုန်ကုန်း မပြောရသေးခင် မင်ရှစ်ရင်က သူ့ရှေ့သို့ရောက်လာ၏။
ဘန်း ဘန်း ဘန်း
ပြီးနောက် သရဲတစ်ယောက်၏အော်သံကဲ့သို့အသံများက လေထဲဆက်တိုက်ပေါ်လာ၏။ ထိုစဉ် ...
“တင်း ... သင်က ကျူးဟုန်ကုန်းကို ဆုံးမပဲ့ပြင်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”
“တင်း ... သင်က ကျူးဟုန်ကုန်းကို ဆုံးမပဲ့ပြင်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”
…
အခန်း (၁၁၅၂) တာ့ယန်ရဲ့ နတ်ဘုရားက မင်းရှေ့မှာ ရပ်နေတယ်
မင်ရှစ်ရင်က ယောင်ကိုင်းနေသည့် ကျူးဟုန်ကုန်းကို ကျေနပ်စွာကြည့်ရင်း မေးလိုက်သည်။
"ပါ့ရှစ်တိ ဘယ်သူက ပိုပြီးတော့ ပုံစံများတယ် ထင်လဲ။ အာ့ရှစ်ရှိုးလား ငါလား"
"အွန်"
ကျူးဟုန်ကုန်းက ငိုချင်သော်လည်း မျက်ရည် မကျပေ။
ပွင့်ချပ် ၁၁ လွှာက အရမ်းအားကောင်းတယ် မဟုတ်လား။ ငါ ဘာလို့ ဘယ်သူ့ကိုမှ အနိုင်မရတာလဲ...
ခဏအကြာတွင် ကျူးဟုန်ကုန်းက ပြန်ပြောလိုက်သည်။
"ဒါပေါ့ စစ်ရှစ်ရှိုးကပေါ့"
"ငါလည်း အဲ့လိုပဲ ထင်တယ်" မင်ရှစ်ရင်က ပြောလိုက်သည်။
"စစ်ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ" ကျူးဟုန်ကုန်းက မေးလိုက်သည်။ ယခင်က သူ့စစ်ရှစ်ရှိုးသည် သူ့ရှစ်စွင်းနှင့် လက်ရည်စမ်းစဉ်အခါက ဆိုးဆိုးဝါးဝါး အခြေအနေ ရှိမှန်း သိသာလာသည်။
မင်ရှစ်ရင်က ပြုံးကာ ကျုးဟုန်ကုန်းကို ကြည့်ရင်း ပြောလိုက်သည်။
"ငါက လူတစ်ယောက်ထက်ပဲ နိမ့်တယ်။ မင်းကိုယ်မင်း အဖြေထုတ်လိုက်ပေါ့"
ကျူးဟုန်ကုန်းက အံ့အားသင့်သွားလေသည်။ သူကရှေ့တိုးလာကာ မင်ရှစ်ရင်၏ ပခုံးကို နှိပ်နယ်ကာ ပြောလိုက်သည်။
"အဲလောက်တောင် အားကောင်းတာလား။ အဲဒါဆို ကျွန်တော် အလကားရှုံးခဲ့တာ မဟုတ်ဘူးပဲ"
မင်ရှစ်ရင်က သူ့ရှစ်စွင်း၏ ပုံစံကို အတုခိုးကာ ပြောလိုက်သည်။
"သတ္တိဆိုတာက အရှားပါးဆုံး အရည်အချင်းပဲ။ အားကောင်းတဲ့သူတွေကို စိန်ခေါ်ရဲတဲ့ သတ္တိရှိမှသာ ရှေ့ဆက်တိုးတက်နိုင်မှာ။ မင်းက တိုးတက်လာပါတယ်။ အတိတ်တုန်းက မင်း ဒီလိုတောင် မလုပ်နိုင်ခဲ့ဘူးလေ"
"စစ်ရှစ်ရှိုး ပြောတာမှန်တယ်" ကျူးဟုန်ကုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထိုစဉ်
"လောင်စစ်"
သင်္ကေတခန်းမ၏ မျက်နှာချင်းဆိုင် အဆောက်အဦးထိပ်မှ အသံတစ်သံထွက်ပေါ်လာလေသည်။
မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းတို့က အသံလားရာကို ကြည့်လိုက်သည့်အချိန် ယွီရှန်းရုန်က သက်တော်ရှည်ဓားကို ကိုင်ဆောင်လျက် သူတို့ကို ကျောပေးထားလေသည်။
ယွီရှန်းရုန်က သက်ပြင်းချကာ ပြောလိုက်သည်။
"မင်းနဲ့ လောင်ပါ့တို့က အတော်လေးကို တိုးတက်လာတယ် "
ထို့နောက် သူက ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။
"ငါ ဓားရေးပညာရပ်တစ်ခုကို အသစ်တွေ့ထားတယ်။ မင်းနဲ့ လက်ရည်စမ်းချင်တယ်"
မင်ရှစ်ရင် "..."
ငါ နောက် ဘယ်တော့မှ အဲ့လိုဟန်မဆောင်တော့ဘူး...
မင်ရှစ်ရင်၏ အဖြေကို မစောင့်ဘဲ ယွီရှန်းရုန်က လှည့်ကာ ပျံသန်းထွက်သွားသည်။
"ငါ မင်းကို လေ့ကျင့်ရေးကွင်းမှာ စောင့်နေမယ်"
ယွီရှန်းရုန် ပျံသွားသည့်အခါ သူ့ကျောဘက်မှ ရွှေရောင်စက်ကွင်းက ပျောက်ကွယ်သွားခဲ့၏။ ရွှေရောင်ပွင့်ချပ် ဆယ့်တစ်လွှာကလည်း ပျံသန်းထွက်သွားကာ သက်တော်ရှည်ဓားနား စုဝေးသွားကာ ပျောက်ကွယ်သွားလေသည်။
…………………..
တာ့ယန်ရှိ မိစ္ဆာဝေဟင်မျှော်နန်း
ဖန်ကျုံးက ကျိုးကျစ်ဖုန်းကို ပင်မခန်းမဆီ ဆွဲခေါ်လာသည်။
"ညီအစ်ကိုကျိုး မျော်နန်းသခင် ပြန်ရောက်နေပြီ။ ကျုပ်နဲ့ အတူတူလိုက်ခဲ့အုံး”
"မျော်နန်းသခင် ပြန်ရောက်နေပြီလား" ကျိုးကျစ်ဖုန်းက သူ့အဆင့်မြင့်လေဟာနယ်ကို သိမ်းဆည်းလိုက်သည်။
"မိန်းကလေး ဟွားယွဲ့ရှင်းကိုလည်း သွားပြီးတော့ သတင်းပေးလိုက်အုံး။ အစောင့်အရှောက်လီကိုလည်း မမေ့နဲ့"
"ဟုတ်ကဲ့ပါ"
သိပ်မကြာခင် ဖန်ကျုံး၊ ဟွားယွဲ့ရှင်းနှင့် ကျိုးကျစ်ဖုန်းတို့က ရောက်ရှိလာကြသည်။
ဖန်ကျုံးက အလေးအနက် ပြောလိုက်၏။
"သတ္တမသခင်လေးက မျှော်နန်းသခင်က ပြန်လည်အားဖြည့်ရေး ပညာရပ်မှာ ကျွမ်းကျင်သွားပြီလို့ ပြောခဲ့တယ်။ နားလည်လား”
"ငါ နားလည်တယ်။ ဒါပေါ့ နားလည်တာပေါ့"
ကျိုးကျစ်ဖုန်းက ပြောလိုက်သည်။
သူက အတိတ်တုံးက မည်မျှခံစားခဲ့ရသနည်း။ အကယ်၍ သူသာ အသိစိတ် မရှိပါက မျက်နှာပူဖွယ်ကောင်းလှသည်။
သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ ပင်မခန်းမဆောင်အတွင်း အတူတကွ ဝင်ရောက်သွားလိုက်စဉ် လုကျိုး၊ ယဲ့ထျန်းရှင်းနှင့် တခြားသူများကို မြင်တွေ့လိုက်ရသည်။
ဖန်ကျုံးက ပြောလိုက်၏။
"မျှော်နန်းသခင်၊ ဆဋ္ဌမသခင်မလေးနဲ့ ဒဿမသခင်မလေးတို့ကို ဂါရဝပြုပါတယ်"
တခြားသူများကလည်း ဖန်ကျူံး၏ နှုတ်ဆက်မှုအတိုင်း လိုက်လံပြောလိုက်ကြသည်။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
"ငါ အရေးကြီးကိစ္စရှိတော့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေတော့ဘူး။ ဒီအချိန်အတွင်း မင်းတို့အားလုံးက မိစ္တာဝေဟင်မျှော်နန်းကို ကောင်းကောင်း စောင့်ရှောက်ထားနိုင်တယ်။ အဲ့ဒါကြောင့် မင်းတို့အားလုံးကို ဆုချီးမြှင့်မယ် "
"ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ" ဖန်ကျူံးက ပြောလိုက်သည်။
"မင်းက ရိုးသားပြီးတော့ လောဘမကြီးဘူး။ ကောင်းတယ်” လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက မေးလိုက်၏။
"ကျောင်းယွဲ့က ဘယ်မှာလဲ"
"..."
ကြည့်ရတာ ငါ ရတနာနဲ့ ထပ်လွဲချော်ရမဲ့ပုံပဲ...
"ပဉ္စမသခင်မလေးက အံ့ဖွယ်မြို့တော်ဆီ သွားပါတယ်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေ တာ့ယန်ထဲမှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာတယ်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေလည်း ရှိတယ်။ အဲ့ဒီ မွေးဖွားဇယားချပ်သားရဲတွေလည်း ဆက်တိုက်ဆိုသလို ပေါ်ထွက်လာတယ်လေ။ ပဉ္စမသခင်မလေးက အံ့ဖွယ်မြို့တော်ဆီ သွားပြီး စောင့်ကြပ်ပေးနေတာပါ"
ဖန်ကျူံးက ပြောလိုက်သည်။
လုကျိူးက မေးလိုက်၏။
"ပွင့်ချပ်ဆယ့်တစ်လွှာ မရှိသေးဘူးလား"
"မရှိသေးပါဘူး။ တာ့ယန်က ဖြည်းဖြည်းချင်း တိုးတက်နေပါတယ်။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ ရှိပေမဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက သိပ်မများသေးဘူး။ ဆယ့်တစ်ခုမြောက် ပွင့်ချပ်ထွက်ဖို့ နည်းလမ်းကလည်း မွေးဖွားဇယားချပ် အသက်သွင်းတာနဲ့ ကွဲပြားတာဆိုတော့ လူတော်တော်များများက ဆက်မကျင့်ရဲကြဘူး” ဖန်ကျူံးက ပြန်ဖြေလိုက်သည်။
ဤသည်က လုကျိူး၏ မှန်းဆချက်အတွင်း ရှိ၏။ အနည်းဆုံး ရှစ်နှစ်၊ ဆယ်နှစ်မရှိဘဲ ကျင့်ကြံသူများအတွက် ကျင့်ကြံရေးနည်းလမ်းအသစ်ကို နေသားကျဖို့ အခက်တွေ့လိမ့်မည်။ ရွှေကြာနယ်မြေ၏ ကျင့်ကြံရေးလမ်းစဉ်က တခြားသောနယ်မြေများနှင့် ကွဲပြားဖို့ ကံကြမ္မာဖန်လာခဲ့၏။
ဖန်ကျူံးက ပြောလိုက်၏။
"မျှော်နန်းသခင်က ဘယ်သွားမလို့လဲ"
"လရောင်တောအုပ်ဆီ" လုကျိုးက အင်္ကျီလက်ဝေ့ကာ ပြောလိုက်သည်။
ယဲ့ထျန်းရှင်က သူ့ဆရာ၏ လက်ဟန်ကို နားလည်ကာ ချန်ဟွမ်းကို ဆင့်ခေါ်လိုက်သည်။
အားလုံးက ဦးညွတ်လိုက်ကြ၏။
"မျှော်နန်းသခင် ကောင်းကောင်းသွားပါ"
လုကျိူးက မိစ္ဆာဝေဟင်မျှော်နန်းတွင် ကြာကြာမနေတော့ပေ။ သူက ခရုလေးနှင့်အတူ အနောက်တောင်ဘက်ဆီ ပျံသန်းလာလိုက်သည်။
...
လရောင်တောအုပ် သွားရာလမ်းစဉ်
ခက်ထန်သားရဲများကို အမဲလိုက်နေသည့် ကျင့်ကြံသူတချို့က ချန်ဟွမ်းကို မြင်သည့်အခါ အံ့အားသင့်သွားကြသည်။
"ချန်ဟွမ်းက ဘယ်သွားနေတာလဲ"
"ကျောပေါ်က သူက မိစ္ဆာဝေဟင် မျှော်နန်းရဲ့ ဆဋ္ဌမမြောက် သခင်မလေး ထင်တယ်"
ကျင့်ကြံသူအားလုံးက အားကျနေကြသည်။
ယဲ့ထျန်းရှင်း၏ အဖြူရောင်ဝတ်ရုံက မျက်စိဖမ်းစားနိုင်လွန်း၏။
“ကြည့်ရတာ သူမက မွေးဖွားဇယားချပ်တွေကို အမဲလိုက်မလို့ ထင်တယ်။ တာ့ယန်ထဲ ကျင့်ကြံသူအများကြီးက တခြားမျိုးနွယ်တွေနဲ့ ပူးပေါင်းထားပြီးတော့ အနောက်တောင်ဘက်က သူတွေနဲ့ ပူးပေါင်းထားကြတာလေ"
"အဲ့ဒီနေရာက အန္တာရာယ်များလွန်းတယ်။ သူတို့သာ အားမကောင်းရင် သူတို့ကိုသူတို့ သွားသေတာနဲ့ မထူးဘူး။ မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး”
...
ချန်ဟွမ်း၏ အရှိန်က အင်မတန် မြန်ဆန်လွန်းလှသည်။ သူ တစ်ချက်ခုန်လိုက်သည့်အခါ ပေတစ်သောင်းလောက် ရောက်ရှိသွား၏။
"ရှစ်စွင်း ရှေ့မှာ ကောင်းကင်ကျုံး ရှိတယ်”
ခရုလေးက အဝေးတစ်နေရာမှ ဧရာမခက်ထန်သားရဲကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
"ရှစ်စွင်း ကောင်းကင်ကျုံးမှာ လှုပ်ရှားမှုတချို့ရှိတယ်။ ခက်ထန်သားရဲတွေလား"
ကျင့်ကြံသူတချို့ကသာ လေထဲ ခက်ထန်သားရဲများ သတ်ဖြတ်နေသည်ကို တွေ့ရသည်။
"ရပ်လိုက်" လုကျိုးက ပြောလိုက်၏။
ချန်ဟွမ်းက ရပ်တန့်လိုက်သည်။
ထိုအရာက ခေါင်းပေါ်က သားရဲများကို လှမ်းကြည့်လိုက်သည်။
ခရုလေးက ပြောလိုက်သည်။
"သားရဲလှိုင်းအသေးစားလေးပါ”
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ယဲ့ထျန်ရှင်း … မင်းနဲ့ ချန်ဟွမ်းတို့ ဖြေရှင်းလိုက်"
"ဟုတ်ကဲ့ ရှစ်စွင်း"
လုကျိုးနှင့် ခရုလေးတို့က ချန်ဟွမ်း၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ကြသည်။ သိပ်မကြာခင် သူတို့က လိပ်ပြာများသဖွယ် ရွှေရောင်စည်းတံဆိပ်များကို မြင်တွေ့လိုက်ရပြီး ခက်ထန်သားရဲများ သတ်ဖြတ်နေလေသည်။
"ရှစ်စွင်း အဲဒီမှာလည်း တချို့ရှိသေးတယ်" ခရုလေးက ကောင်းကင်ကျုံး၏ အမြင့်ဆုံးနေရာအနောက်တောင်ဘက်ကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
ပိုမိုအားကောင်းသည့် ခက်ထန်သားရဲများက ထပ်မံပေါ်ထွက်လာလေသည်။
တာ့ယန်၏ ကောင်းကင်ကျုံးက တာ့ထန်၏ ကောင်းကင်ချားတောင်နယ်နိမိတ်နှင့် အတူတူသာ ဖြစ်၏။
"သွားကြည့်ရအောင်"
လုကျိုးနှင့် ခရုလေးတို့က ကောင်းကင်ကျုံး အနီးဆီ ပျံသန်းသွားလိုက်ကြသည်။
"တပည့်ဆီ အပ်ထားလိုက်ပါ" ခရုလေးက တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေသည်။ သူမက ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကိုပါ ထုတ်ယူလိုက်၏။
ထိုစဉ် သူတို့နောက်တွင် ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။
"ဟေ့ မင်းတို့နှစ်ယောက် ဒီနေရာက အန္တရာယ်များတယ် လျန်ကျိုးကို မြန်မြန် ထွက်သွားကြ"
လုကျိုးနှင့် ခရုလေးတို့က လှည့်ကြည့်လိုက်သည့်အချိန် တာ့ယန်ရှိ ကျင့်ကြံသူများ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူတို့က သူတို့နှစ်ဦးရှေ့ရပ်ကာ ခက်ထန်သားရဲများကို ကြည့်လိုက်ကြသည်။
လုကျိုးအနီးတွင် ရပ်နေသည့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
"ဒါကို ငရဲဂိုဏ်းဆီ အပ်ထားလိုက်"
"ငရဲဂိုဏ်းလား" လုကျိုးက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက ခေါင်းကို မော့ကာ ကျင့်ကြံသူနှစ်ဦးကို ကြည့်လိုက်၏။
ကျင့်ကြံသူနှစ်ဦးက လှည့်လာသည့်အချိန် လုကျိုးက ဟွားချုံးယန်နှင့် ပိုင်ယွီချင်းတို့ကို မြင်လိုက်ရသည်။ ထိုသူက ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်ထဲမှ နှစ်ယောက် ဖြစ်၏။
အချိန်က အမြန်အဆန် ကုန်လွန်သွားပြီး ကိစ္စများစွာ ပြောင်းလဲသွားခဲ့သည်။ ထိုသူနှစ်ဦး၏ မျက်နှာက လောကဓံ အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူတို့က လုကျိုး၏ ငယ်ရွယ်သော အသွင်အပြင်ကြောင့် မမှတ်မိကြပေ။
လုကျိုးက လှမ်းခေါ်လိုက်သည်။
"ဟွားချုံးယန် … ပိုင်ယွီချင်း"
နှစ်ဦးသားက ကြောင်အမ်သွားကြသည်။ သို့သော်လည်း ဒုတိယအတွေးကမူ ငရဲဂိုဏ်း၏ ဂိုဏ်းချုပ် တဖြစ်လဲ မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့် ယွီကျန့်ဟိုင်က ကုန်းမြေအားလုံးကို စုစည်းခဲ့သူ ဖြစ်၏။ ရလဒ်အနေနှင့် ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်က နာမည်ကျော်ကြားလာသည်။ ထို့ကြောင့် လူတချို့က သူတို့ကို မမှတ်မိသည်မှာ မထူးဆန်းပေ။
ဟွားချုံးယန်က လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
"လူကြီးမင်း ကျေးဇူးပြုပြီး ပြန်လိုက်ပါ။ ခက်ထန်တဲ့ တိုက်ပွဲစလာတာနဲ့ ဒဏ်ရာရသွားနိုင်တယ်"
လုကျိုးက မေးလိုက်သည်။
"မင်းတို့နှစ်ယောက်ကရော ဘယ်လိုလဲ။ ဖြေရှင်းနိုင်လို့လား”
"ဒါက..."
ကျင့်ကြံသူများက သူစိမ်းတစ်ယောက်ဆီမှာ မေးခွန်းမေးခံရသည့်အခါ သူတို့၏ စွမ်းအားကို မထုတ်ဖော်လိုကြပေ။
မည်သို့ပင်ဆိုစေကာမူ ဟွားချုံးယန်နှင့် ပိုင်ယွီချင်းတို့က ပြန်ဖြေလိုက်ကြသည်။
"ကျုပ်တို့က မိစ္ဆာဝေဟင်မျှော်နန်းက လူတွေလောက် အားမကောင်းဘူး ဆိုပေမဲ့ ဒီခက်ထန်သားရဲတွေကိုတော့ ကိုင်တွယ်နိုင်ပါတယ်"
လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်သည်။
"ဟွားချုံးယန် ပိုင်ယွီချင်း … သေချာကြည့်ထား။ ငါ ဘယ်သူလဲဆိုတာ မသိဘူးလား"
ဤအရာကို ဖုံးကွယ်ထားဖို့ အကြောင်းအရင်း မရှိပေ။ သူက လရောင်တောအုပ်အတွင်း အရေးကြီးသည့် ကိစ္စများရှိနေသည့်အတွက် ဤနေရာတွင် များစွာ အချိန်မဖြုန်းလိုပေ။
ဟွားချုံးယန်နှင့် ပိုင်ယွီချင်းတို့က ခေါင်းကုတ်ကာ ကြည့်လိုက်ကြသည်။
"ကျုပ် မှတ်ဉာဏ်တွေက မကောင်းလို့ပါ။ လူကြီးမင်းက ဘယ်သူများလဲ"
ခရုလေးက ပြုံးကာ ပြောလိုက်၏။
"ကျွန်မရဲ့ ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ပဲ"
"..."
ဟွားချုံးယန်နှင့် ပိုင်ယွီချင်းတို့၏ ပထမဆုံးတုံ့ပြန်မှုက ဤဟာသသည် မရယ်ရဘူးဟူ၍သာ ဖြစ်၏။
မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်က တာ့ယန်လို လူအားလုံး လေးစားကြသည့် နတ်ဘုရားလို တည်ရှိမှုမျိုး ဖြစ်၏။ အတိတ်တွင် သူ့အယောင်ဆောင်ခဲ့သည့် လူတချို့ရှိခဲ့ဖူးသည်။ ယခု ထိုအရာ လုပ်သည့်သူများက သေလောက်အောင် ရိုက်နှက်ခံရ၏။ သို့သော်လည်း ရှေးခေတ်အချိန်တည်းက ချစ်ကြသူများရှိသလို မုန်းကြသူများလည်း ရှိပါသည် မဟုတ်လော။ မုန်းတီးသူများက မိစ္ဆာဝေဟင်မျှော်နန်းသခင် အယောင်ဆောင်တတ်ကြသည်။
ထိုအတွေးဖြင့် နှစ်ဦးသားက ထိုသူသည် မုန်းတီးရေးဝါဒသမားလားဟု မစဉ်းစားဘဲ မနေနိုင်ပေ။ ထို့ကြောင့် နှစ်ဦးသားက သူတို့ရှေ့ ရပ်နေသူက တာ့ယန်၏ နတ်ဘုရားဖြစ်မှန်း မည်သို့သိမည်နည်း။
မည်သို့ပင် ဆိုစေကာမူ သိပ်ကြာကြာမနေလိုက်ရဘဲ နှစ်ဦးသားက တည်ငြိမ်သွားကာ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ သူတို့က လုကျိုးကို တည်တည်ငြိမ်ငြိမ် လေ့လာလိုက်ကြပြီး သူ့ဆီမှ ရင်းနှီးပြီးသား အငွေ့အသက်ကို ခံစားမိလိုက်ကြသည်။ သူတို့က မနေနိုင်ဘဲ သူတို့မေ့လျော့နေသည့် မိတ်ဆွေဟောင်းများလားဟု မနေနိုင်ဘဲ စဉ်းစားမိလိုက်ကြသည်။
ထိုစဉ်
ဝုန်း ဝုန်း
သားရဲပျံများက ပျံသန်းလာလေ၏။
ရုတ်ရုတ်သဲသဲ ဖြစ်သွားကြစဉ် အားလုံးက ရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသလို ဖြစ်သွားကြသည်။
"မွေးဖွားဇယားချပ်တစ်ခု ဧရာမ သားရဲကြီးပဲ။ အစီအရင်ခင်းကြ" ဟွားချုံးယန်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ဤသို့ဖြင့် ကျင့်ကြံသူများစွာက ပြေးထွက်လာကာ ခက်ထန်သားရဲများဖြင့် ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။