အခန်း (၁၁၅၃-၁၁၅၅)
Vol. 77 Ch. 1153-1155
အခန်း (၁၁၅၃) မိစ္ဆာအိုကြီးကျိနှင့် ထပ်မံတွေ့ဆုံခြင်း အပိုင်း (၁)
ဟွားချုံးယန်နှင့် ပိုင်ယွီချင်းတို့က ဘယ်တစ်ယောက် ညာတစ်ယောက်ဖြင့် တိုက်ခိုက်ရန် အချက်ပေးနေ၏။ သူတို့ အတွေ့အကြုံ အလွန်ကြွယ်ဝတာကို မြင်နိုင်သည်။ အဆင့်နိမ့် ကြမ်းတမ်းခက်ထန်သားရဲ ပထမတစ်စုကို ကျင့်ကြံသူများက သတ်လိုက်၏။
ဟွားချုံးယန်သည် ရံဖန်ရံခါ၌ ပိုကြီးမားသည့် သားရဲများကို ပစ်ရန် ဧရာမစွမ်းအင်ဓားတစ်လက်ကို ထုတ်သုံးလိုက်သည်။ သူက မွေးဖွားဇယားချပ်သားရဲနှင့် ဝေဟင်ထဲရှိ ဧရာမသားရဲကို စိုက်ကြည့်ပြီး ပြောလိုက်၏။
“ပိုင်ယွီချင်း ... မင်းနဲ့ လူဆယ်ယောက်ကို ညာဖက်ခြမ်းဆီ ခေါ်သွားပြီး အမိန့်စောင့်နေ။ အခွင့်အရေးရှာပြီး အလစ်တိုက်ခိုက်”
“နားလည်ပါပြီ”
ပိုင်ယွီချင်းက သူနှင့်အတူ လူဆယ်ယောက်ခေါ်သွားပြီး ညာဖက်သို့ပျံသန်းသွားလေ၏။
သားရဲပျံများ၌ ထူးဆန်းသော သွင်ပြင်များရှိသည်။ သူတို့အားလုံးက ရွှမ်းနှင့် ဧရာမဇီးကွက်များ စပ်ထားသလိုပင်။ လက်သည်းများက အလင်းထဲတွင် စိမ်းလဲ့နေ၏။ သူတို့က လူသားများကို မြင်သောအခါ စိတ်အားထက်သန်လာပြီး လောကကြီးရှိ အရသာအရှိဆုံးစားစရာကို ရှာတွေ့သလို ပြုမူကြ၏။
ဧရာမသားရဲသည် လူတိုင်းရင်းနှီးနေသည့် ကြမ်းတမ်းခက်ထန်သားရဲပျံတစ်ကောင်ဖြစ်ပြီး မွေးဖွားဇယားချပ်သားရဲက လွမ့်ဖြစ်သည်။
လုကျိုးသည် သားရဲပျံများက ရေနက်ဆန်းကြယ်ဂူရှိရာ အတွင်းပိုင်း၌ အသိုက်တစ်ခု ဆောက်ထားတာ ဖြစ်ရမည်ဟု မှန်းဆမိသည်။
ဘီး
ထိုစဉ် ဟွားချုံးယန်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်၏။
လေထဲ၌ ရွှေကြာမရှိဘဲ ပေ၁၅၀စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာသည်။
ယင်းကို မြင်သောအခါ ကျင့်ကြံသူတို့၏စိတ်ဓာတ်ခွန်အားက မြင့်တက်လာ၏။ သူတို့အားလုံးက သူတို့ခေါင်းဆောင်နှင့် ပူးပေါင်းပြီး သူတို့ရှေ့ရှိ ကြမ်းတမ်းခက်ထန်သားရဲများကို သတ်ဖြတ်ရန် စွမ်းအင်ဓားကို ဖွဲ့တည်လိုက်သည်။
“မွေးဖွားဇယားချပ်သားရဲ ... အားလုံးဂရုစိုက်ကြ။"
လုကျိုးသည် အစတုန်းက ချက်ချင်း တိုက်ခိုက်ချင်၏။ သူသည် ဟွားချုံးယန် ပွင့်ချပ်ကိုးလွှာ ဖူးပွင့်သည်ကို မြင်သောအခါ အံ့ဩသွားတော့သည်။
သူ၏ပါရမီဖြင့် ဟွားချုံးယန်သည် အတိတ်တုန်းက ရွှေကြာနယ်မြေ၌ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်သည်။ ဆယ်နှစ်ကြာသွားပြီဖြစ်၏။ ဟွားချုံးယန်၏ကျင့်ကြံဆင့်အရ သူသည် ငရဲဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေသင့်သည်။ သူသည် တာ့ယန်၌ထင်ရှားသည့်လူတစ်ယောက်လည်းဖြစ်၏။ ထို့ကြောင့် သူ့၌ကျင့်ကြံခြင်းအရင်းအမြစ်များ မပြတ်လပ်သင့်ပေ။ သူ နဝမမြောက်ပွင့်ချပ်ဖူးပွင့်ပြီးတာ ယုတ္တိရှိသည်။
လုကျိုးက ပိုင်ယွီချင်းကို ကြည့်လိုက်၏။ သူ၏ကနဦးချီ တက်ကျမှုက အနည်းငယ်ပိုအားနည်းသည်။
ဝှစ်
ရုတ်တရက် ဝေဟင်ထဲရှိ ဧရာမသားရဲက ဘယ်ဖက်သို့ခုန်အုပ်လိုက်သည်။
ဟွားချုံးယန်က ယင်းကို ထင်ထားပြီးသားဖြစ်ပုံပေါ်ကာ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆွဲခေါ်လိုက်သည်။
“မွေးဖွားဇယားချပ်သားရဲကို သတိထား”
ဘန်း
ဟွားချုံးယန်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ဧရာမသားရဲကို ပိတ်ဆို့လိုက်၏။
ယင်းကို မြင်သောအခါပိုင်ယွီချင်းက အော်ပြောလိုက်သည်။
“သွားတော့”
ကျင့်ကြံသူများ တဟုန်ထိုးထွက်လာပြီး စွမ်းအင်ဓားမော့တို့ဖြင့် တိုက်ခိုက်တော့၏။
ဘန်း ဘန်း ဘန်း
မကြာမီ၌ ဧရာမသားရဲ၏ ခန္ဓာသည် ဒဏ်ရာဒဏ်ချက်များ ပြည့်နေကာ ၎င်း၏ငှက်မွေးများ စတင်ပြုတ်ကျလာ၏။
“ပွင့်ချပ် ၇ခုလား” လုကျိုးက မျက်မှောင်ကျုံ့မိသွားသည်။
ထိုစဉ်က ပိုင်ယွီချင်း၌ ပွင့်ချပ်၇လွှာရှိနှင့်ပြီးသား ဖြစ်၏။ ဤမျှကြာပြီးနောက် ပွင့်ချပ်၇လွှာသာ ရှိနေသေးတာ အဓိပ္ပာယ်မရှိပေ။
ကျင့်ကြံသူများ၏ တိုက်ခိုက်မှုစည်းချက်က အလွန်ကောင်းမွန်ပေသည်။ သူတို့က အစီစဉ်တကျ ရှေ့တိုးနောက်ဆုတ် လုပ်ကြ၏။ သူတို့က ဧရာမသားရဲက တိုက်ခိုက်လာချိန်တွင် အမြဲတစေ ရှောင်လိုက်၏။ တစ်ချိန်တည်းတွင် ၎င်းဒဏ်ရာရသောနေရာများကို ဆက်လက်တိုက်ခိုက်ကြသည်။ သူတို့ အတိတ်တုန်းက ဤသို့ကြိမ်ဖန်များစွာ ပြုလုပ်ဖူးတာသိသာသည်။
မွေးဖွားဇယားချပ်သားရဲသည် ဧရာမသားရဲသေတော့မည်ကို မြင်သောအခါ စူးရှစွာ အော်လျက်တောင်ပံ တဖျပ်ဖျပ်ခတ်ကာ လေပွေများဖြစ်ပေါ်လာစေ၏။
လူတိုင်းက မီတာတချို့နောက်ဆုတ်လိုက်သည်။
လွမ့်က လျှပ်ပြက်သောအရှိန်ဖြင့် လှုပ်ရှားလာ၏။ ယင်းက ကျင့်ကြံသူတချို့ကို ဖြတ်တိုက်သွားသည်။
ဘန်း ဘန်း ဘန်း
ခွန်အားကွာဟချက်က ကြီးမားလွန်း၏။ သူတို့က ပိုင်ယွီချင်း၏အမိန့်ကို နာခံဖို့ဆန္ဒရှိလျှင်တောင် သူတို့က သိမ်းကြုံးခံရပြီး လွမ့်ကြောင့် ဒဏ်ရာသာ ရကုန်လိမ့်မည်။
“ငါ့ကို ဖြေရှင်းခွင့်ပေး” ဟွားချုံးယန်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပျံသန်းသွားလေ၏။
တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ဖို့ခက်ခဲသည်။
သူတို့က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကဲ့သို့ ပညာရှင်များ မဟုတ်ပေ။ သူတို့က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများသာ ဖြစ်၏။ ကွာဟချက်က မိုးနှင့်မြေပမာ ဖြစ်နေသည်။
ခဏတဖြုတ် တိုက်ခိုက်ပြီးနောက် ဟွားချုံးယန်သည် အခြေအနေက အကောင်းဘက် မရောက်တာကို မြင်သောအခါ အော်ပြောလိုက်၏။
“ဆုတ်ခွာကြမယ်”
“မွေးဖွားဇယားချပ်သားရဲက သန်မာလွန်းတယ်။ ငါတို့အကူအညီတောင်းဖို့လိုတယ်။ ငါ ခဏတောင့်ခံထားမယ်” ဟွားချုံးယန်က ပြောလိုက်၏။
လုကျိုးက ထိုမျှအချိန်ဖြုန်းဖို့ မရည်ရွယ်ထားပေ။ သူက သူတို့ခွန်အားကို မြင်တွေ့ရန် အခွင့်အရေးယူချင်ပြီး ယဲ့ထျန်းရှင်းပြန်လာမှာကို စောင့်နေတာဖြစ်၏။
ပိုင်ယွီချင်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ကောင်းပြီ အကူအညီသွားတောင်းမယ်”
ပိုင်ယွီချင်းက ကျန်သည့်သူများ၏အကာအကွယ်အောက်၌ ပျံသန်းလာ၏။
လုကျိုးနှင့် ခရုလေးက နေရာ၌ တည်ငြိမ်စွာရပ်နေသည်ကို မြင်သောအခါ သူ တအံ့တဩဖြစ်ကာ မမေးဘဲ မနေနိုင်တော့ပေ။
“ခင်ဗျားတို့ ဒီမှာ ဘာလို့ရှိနေသေးတာလဲ”
လုကျိုးက ခေါင်းခါလိုက်၏။ သူက လှုပ်ရှားတော့မည့်အချိန်တွင် ကျင့်ကြံသူ တစ်ဒါဇင်ခန့်က အဝေးကနေပျံသန်းလာ၏။
“သူက မွေးဖွားဇယားချပ်သားရဲပဲ”
“အားလုံးအသင့်ပြင်ထား။ အဲ့တာ မွေးဖွားဇယားချပ်သားရဲပဲ”
လူသိများသည့် မွေးဖွားဇယားချပ်သားရဲကို မြင်သောအခါ သူတို့မျက်နှာပေါ်၌ လောဘများ ချက်ချင်းပေါ်လာ၏။
တာ့ယန်သည် မွေးဖွားဇယားချပ်၏ အသက်သွင်းမှုအကြောင်းသိထားတာ ကြာပြီဖြစ်သည်။ ပွင့်ချပ် ၁၀လွှာရရှိသည့်အဆင့်ကို အခွင့်ကောင်းယူပြီး အင်အားစုများစွာက အုပ်စုဖွဲ့ကာ အသက်ဓာတ်နှလုံးသားများကို နေရာအနှံ့ရှာဖွေခဲ့၏။ တာ့ယန်တွင် ကျင့်ကြံသူများက အခြေခံအကျဆုံး မွေးဖွားဇယားချပ်သားရဲအတွက် ရူးသွပ်စွာ တိုက်ခိုက်နေသေးသည်။
လွမ့်၏ပေါ်ပေါက်လာမှုက ကျင့်ကြံသူများစွာ၏အာရုံကို ဖမ်းစားလိုက်သည်။
လူသစ်ခေါင်းဆောင်က လေထဲပျံဝဲကာပြောလိုက်၏။
“ငရဲဂိုဏ်းရဲ့ ကာကွယ်သူဟွားနဲ့ ကာကွယ်သူပိုင်ပဲ”
ပိုင်ယွီချင်းက မျက်မှောင်ကျုံ့လိုက်ပြန်၏။
“မင်းတို့တွေ ဖြစ်နေပြန်ပြီ။ ဒီမွေးဖွားဇယားချပ်သားရဲက ထူးကဲတယ်။ အခု အသက်ဓာတ်နှလုံးသားအတွက် တိုက်ခိုက်ရမဲ့အချိန် မဟုတ်ဘူး။ ကျုပ်တို့ သူ့ကိုသတ်ဖို့ ပူးပေါင်းရမယ်”
“ငါ လက်ခံတယ်။ ဒါပေမဲ့ သူ့ကို သတ်ပြီးရင် အသက်ဓာတ်နှလုံးသားလိုချင်တယ်” လူသစ်များ၏ ခေါင်းဆောင်က ပြောလိုက်၏။
ဘန်း ဘန်း ဘန်း
လွမ့်က တောင်ပံတဖျပ်ဖျပ် ခတ်လျက် မြင့်မားစွာပျံသန်းလိုက်သည်။
ကျင့်ကြံသူများစွာက ၎င်းကို မယှဉ်နိုင်သဖြင့် နောက်ဆုတ်ကြရသည်။ အဆုံးကျ ပွင့်ချပ်ကိုးလွှာ ဟွားချုံးယန်က အနည်းငယ်ချို့တဲ့နေသေး၏။ သူက သူ၏သွေးနှင့်ချီများ ဆန်တက်လာသည့်အချိန်ထိ အရိုက်ခံရသည်။
“ကာကွယ်သူဟွား ကျုပ်တို့ ခင်ဗျားနဲ့မယှဉ်နိုင်ဘူး။ ကျုပ်တို့က အသက်ဓာတ်နှလုံးသားပဲ တောင်းတာ။ ခင်ဗျားတို့ ငရဲဂိုဏ်းက လူတွေက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ပံ့ပိုးမှုရှိတယ်။ ဒီတော့ အခြေခံ အသက်ဓာတ်နှလုံးသားတွေ အများကြီးရှိမှာပေါ့”
ခေါင်းဆောင်က ဆက်ပြောလိုက်သည်။
“အစ်ကိုပိုင်၊ အစ်ကိုဟွား ခင်ဗျားတို့ သဘောမတူရင် နောက်ကျသွားလိမ့်မယ်”
ဝေဟင်ထဲ၌ လွမ့်က ရုတ်တရက်ခုန်ဆင်းလာသည်။ ၎င်း၏စူးရှသောအော်သံက မြေပြင်ကို လှုပ်ခါသွားစေကာ ၎င်း၏လက်သည်းများက စိမ်းဖန့်နေလေ၏။ ဟွားချုံးယန်က ယခုအခေါက် အရိုက်ခံရလျှင် သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတော့မည်။
“နောက်ကျလွန်းသွားပြီ”
ဟွားချုံးယန်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်အလယ်တွင် ရပ်ကာ သူ့ကိုယ်သူကာကွယ်လိုက်၏။ ရုတ်တရက် လေပြင်းများ ရပ်တန့်သွားပြီး စူးရှသော အော်သံကလည်း ရပ်တန့်သွားလေ၏။
မျက်လုံးမှိတ်ထားသော ဟွားချုံးယန်သည် တိတ်ဆိတ်နေသည်ကိုသာ ကြားရ၏။
ငါ အဆင်ပြေနေတာလား။ ဘာဖြစ်သွားတာလဲ။
ဟွားချုံးယန်က မျက်လုံးဖွင့်လိုက်သည်။ သူ့ရှေ့ရှိ ဧရာမလွမ့်ကို ကြည့်လိုက်၏။ ပေတစ်ထောင်ခန့် ရှည်သည့် ရွှေရောင်စွမ်းအင်ဓားက ၎င်း၏ သေကွင်းသေကွက်ကို ထိုးဖောက်ပြီး ရင်ဘတ်ကို ထိမှန်သွား၏။
“တင်း ... ပစ်မှတ်တစ်ခု သတ်ပြီးပါပြီ။ အခြေခံအသက်ဓာတ်နှလုံးသားတစ်ခု ရပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀”
“...”
လွမ့်က ဒီလောက်အလွယ်တကူ သေသွားတယ်လား ...
လူတိုင်း၏အာရုံသည် စွမ်းအင်ဓားပိုင်ရှင်လုကျိုးဆီသို့ ရောက်သွားသည်။ လုကျိုးသည် ထိုလူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ ထိုအစား သူသည် တောင်ပံတဖျပ်ဖျပ်ခတ်နေသည့် ဧရာမသားရဲပျံကို ကြည့်လိုက်၏။ သူသည် လွမ့်မှစွမ်းအင်ဓားကို ရုပ်သိမ်းလျက် ဘယ်ဘက်အောက်ခြမ်းကနေ ညာဖက် အပေါ်ပိုင်းအထိ ဖြတ်တောက်လိုက်၏။
ဝှစ်
ဤအတိုင်းပင် ဧရာမသားရဲက သေသေသပ်သပ် ထက်ခြမ်းခြမ်းခံလိုက်ရသည်။
ဖုန်း
ဧရာမသားရဲက မြေပြင်ပေါ်ပြုတ်ကျသွားပြီးနောက် အနီရင့်ရင့်သွေးများက ၎င်း၏ခန္ဓာကိုယ်မှ ပန်းထွက်လာသည်။ သွေးညှီနံ့များက သူတို့၏အာရုံကို ဖမ်းစားလိုက်သည်။
“ဒါ ... သူ့သေခြင်းတရားက လွမ့်ထက်တောင်ပိုပြီး သွေးထက်သံယိုများသေးတယ်”
လုကျိုးက လွမ့်ကို အလွယ်တကူသတ်လိုက်၏။ ဆိုရလျှင် သူက လွမ့်ထက်ပိုသန်မာသည်။ သူသာ စိတ်ကျေနပ်မည်ဆိုလျှင် တမင်တကာတိုက်ပွဲကို အချိန်ဆွဲပြီး ထင်ပေါ်ကြွားဝါသောအသွင်အပြင်ဖြင့် လွမ့်ကို မသတ်မီ၌ ခမ်းခမ်းနားနား လုပ်ပြမှာဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ရန် စိတ်မလှုပ်ရှားပေ။ တစ်ချက်တည်းဖြင့် သတ်လိုက်တာက ပိုပြီးစိတ်ကျေနပ်စရာကောင်း၏။
ပိုင်ယွီချင်းနှင့် ဟွားချုံးယန် “...”
ရောက်လာကာစ လူသစ်များ၏ခေါင်းဆောင်က ပိုတောင် အံ့ဩဆွံ့သွားသည်။ ဧရာမသားရဲနှင့် မွေးဖွားဇယားချပ်သားရဲသေသွားပြီးနောက် အဆင့်နိမ့်ကြမ်းတမ်းခက်ထန်သားရဲများစွာ ကျန်သေး၏။ သို့သော် သူတို့က ပြဿနာမဟုတ်တော့ပေ။ မည်သို့ပင်ဆိုစေ သူတို့၏အရေအတွက်ကြောင့် သူတို့ကို တစ်ပြိုင်နက်တည်း သတ်ရန် လွယ်မှာမဟုတ်ပေ။
ထို့ကြောင့် လုကျိုးက ခေါ်လိုက်၏။ “ခရုလေး”
ခရုလေးက သူ့ရှစ်စွင်းဆိုလိုတာကို သဘောပေါက်သည်။ သူမကခြေအသာဖော့နင်းလျက် လေထဲ ပျံသန်းလိုက်၏။ သူမရှေ့၌ ကြိုးမျှင်ကိုးသွယ်ဗျက်စောင်းက ပေါ်လာ၏။
နယ်လှည့်တေးက လေထဲပေါ်ထွက်လာကာ ကြမ်းတမ်းခက်ထန်သားရဲအားလုံးကို လွင့်ထွက်သွားစေ၏။
…
အခန်း (၁၁၅၄) မိစ္ဆာအိုကြီးကျိနှင့် ထပ်မံတွေ့ဆုံခြင်း အပိုင်း (၂)
အားလုံးက အသိပြန်ဝင်လာသည့်အခါ တအံ့တသြ ရေရွတ်လိုက်ကြသည်။
“အနီရောင်ကြာ ကျင့်ကြံသူလား”
အားလုံးက ကျန်းဝမ်ရွှီကို နမူနာထားလျက် အနီရောင်ကြာ ကျင့်ကြံသူများအပေါ် အမုန်းတရားတချို့ ရှိကြသည်။ ကျန်းဝမ်ရွီ၏ ကိစ္စရပ်က တာ့ယန်ဆီ ပျံ့နှံ့သွားပြီးသည့်နောက်တွင် ကျင့်ကြံသူအများစုက အနီရောင်ကြာနယ်မြေအပေါ် အဆိုးမြင်ဝါဒီ ရှိလာကြသည်။ ဟိုးအစော အချိန်စတင်ကတည်းက ခွဲခြားဆက်ဆံရေးက အမြဲတမ်း တည်ရှိခဲ့၏။ သူတို့ကို ရှင်းထုတ်ပစ်ဖို့ မဖြစ်နိုင်ပေ။
လေထုထဲတွင် အနီရောင်စွမ်းရည်က ဓားများသဖွယ် ပျံ့နှံ့လာပြီး သားရဲပျံများကို ဆက်တိုက် တိုက်ထုတ်နေသည်။ လွတ်မြောက်သွားသည့်သူများကပင် ပြန်မလာရဲကြပေ။
ကြိုးကိုးသွယ်ဗျပ်စောင်းဖြင့် ခရုလေး၏ စွမ်းရည်ကို အပြည့်အဝ ထုတ်ပြနိုင်လေ၏။
ကျင့်ကြံသူများက ထိုအရာကြောင့် စိတ်ထဲမှ အံ့အားသင့်နေကြသည်။ သူတို့က မကျေနပ်လျှင်ပင် အတွေးများကို ထုတ်မပြောရဲကြပေ။
သိပ်မကြာခင် ခရုလေးက ကြိုးကိုးသွယ်ဗျပ်စောင်းကို လက်တစ်ဖက်ဖြင့် တင်လိုက်ပြီး သံစဥ်ကို ရပ်တန့်လိုက်သည်။ သူမက ဝေဟင်မှ ဆင်းသက်လာပြီးသည့်နောက်တွင် ကြိုးကိုးသွယ် ဗျပ်စောင်းက ကျုံ့သွားပြီး နဂိုလက်ရာမြောက်သည့် အသွင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူမက ခါးတွင် ချိတ်ဆွဲလိုက်၏။
“ရှစ်စွင်း ပြီးသွားပါပြီ။ ဒါက စိန်ခေါ်မှုတောင် မဟုတ်ပါဘူး” ခရုလေးက ပြောလိုက်သည်။
ထိုကိစ္စကို ဖြေရှင်းပြီးပြီဖြစ်သည့်အတွက် ခရုလေး၏ ပထမစကားက အဆင်ပြေသော်လည်း ဒုတိယစကားကမူ အားလုံးအတွက် ထိနှက်ချက်ကြီးကြီး ဖြစ်သွားစေသည်။ သူတို့က ဤသားရဲဒီရေလှိုင်းကို တားဆီးဖို့ အသက်များကို စွန့်စားထားရသော်လည်း ဤမိန်းမငယ်လေး၏ ရှေ့တွင် သားရဲဒီရေလှိုင်းက စိန်ခေါ်မှုပင် မဟုတ်ခဲ့ပေ။ သူတို့က မည်သူ့ထံ သွားပြီး ညည်းတွားနိုင်မည်နည်း။
“ကောင်းပြီလေ” လုကျိုးက ခေါင်းညိတ်လိုက်သည်။
ခရုလေးက လှည့်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
“ရှစ်ကျဲက ပြန်မလာသေးဘူးပဲ”
“ခဏလောက် ထပ်စောင့်လိုက်အုံး” လုကျိုးက ပြောလိုက်သည်။
ခဏအကြာတွင် ဟွားချုံးယန်နှင့် ပိုင်ယွီချင်းတို့က လုကျိုးရှေ့ ရောက်လာကာ ဦးညွှတ်လိုက်ကြသည်။
“အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
အားလုံးက လိုက်လံကာ ဦးညွှတ်လိုက်ကြသည်။
ရောက်ရှိလာသည့် ကျင့်ကြံသူအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက လျစ်လျူမရှုရဲဘဲ အပြေးအလွှား ရောက်လာလေသည်။ သူက ပြောလိုက်၏။
“တာ့ယန် ဘယ်ချိန်တုန်းက ဒီလိုအားကောင်းတဲ့ ပညာရှင်မျိုး ရှိသွားတာလဲ။ ဒီလိုပညာရှင်မျိုးရှိတာ တာ့ယန်အတွက် တကယ့်ကို ကံကောင်းမှုပဲ”
ဒီလိုချီးကျူးစကားမျိုးက …
လုကျိုးက ဟွားချုံးယန်ကို ကြည့်ကာ မေးလိုက်သည်။
“ဟွားချုံးယန် မင်းကဘာလို့ ပွင့်ချပ်ကိုးလွှာပဲ ရှိသေးတာလဲ”
ပွင့်ချပ်ကိုးလွှာပဲတဲ့လား …
ထိုစကားများက နှလုံးသားများကို တိုက်ရိုက် ထိမှန်သွားစေသည်။
ဟွားချုံးယန်က ပြောလိုက်၏။
“ကျုပ်က မျက်နှာပူမိပါတယ်။ အစကတည်းက ပါရမီထူးချွန်တဲ့သူ မဟုတ်ဘူးလေ။ ကျုပ် ညီအစ်ကိုတွေကြောင့်သာ ပွင့်ချပ်ကိုးလွှာအထိ ရောက်လာတာပါ”
“ပိုင်ယွီချင်း မင်းကရော”
“ကျုပ် ကျုပ် ကျုပ်က … ” ပိုင်ယွီချင်းက တုံ့ဆိုင်းနေသည်။
ဟွားချုံးယန်က ဝင်ရှင်းပြလိုက်သည်။
“ကျုပ်ရဲ့ ညီအစ်ကိုက ဂိုဏ်းချုပ်နောက်ကနေ လိုက်ပြီးတော့ လျန်ကျိုးမှာ တိုက်ခိုက်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့ ချီပင်လယ်က အပြင်းအထန် ထိခိုက်သွားခဲ့တယ်လေ။ သူ့အတွက် ပွင့်ချပ်ခုနှစ်လွှာ ပြန်ရဖို့ မလွယ်ကူခဲ့ဘူး”
လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်သည်။
“ယန်ယန်းနဲ့ တိချင်းတို့ကရော ဘယ်မှာလဲ”
ဟွားချုံးယန်က လုကျိုးစကားကို သေချာနားထောင်လိုက်သည်။ သူက ပြန်ဖြေလိုက်၏။
“သူတို့က အံ့ဖွယ်မြို့တော်မှာပါ”
နောက်ဆုံးတွင် လုကျိုးက ရောက်ရှိလာသူများ၏ ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။
“မင်းက ဘယ်သူလဲ”
ခေါင်းဆောင်က ကြက်သီးထသွားလေ၏။
“ချန်းပေ့ … ကျွန်တော်တို့က မွေးဖွားဇယားချပ်သားရဲကို သတ်ဖို့ ရောက်နေတာပါ”
လုကျိုးက လွမ့်ကို ကြည့်လိုက်သည်။
ဝှစ်
လွမ့်၏ အသက်ဓာတ် နှလုံးသားက ခေါင်းဆောင်ထံ ပျံသန်းရောက်ရှိလာ၏။
ခေါင်းဆောင်က ထိတ်လန့်တကြားဖြင့် ထခုန်ကာ ပြောလိုက်သည်။
“ချန်းပေ့ ကျွန်တော် မယူရဲပါဘူး။ ချန်းပေ့က သတ်လိုက်တာဆိုတော့ ဒီအသက်ဓာတ် နှလုံးသားက ချန်းပေ့ရဲ့ အပိုင်ပါပဲ”
“မင်းက အတော်လေး သိတတ်သားပဲ” လုကျိုးက အသက်ဓာတ် နှလုံးသားကို ဟွားချုံးယန်ဆီ ပစ်ပေးကာ ပြောလိုက်သည်။
“ယူလိုက်”
“ဟမ်” ဟွားချုံးယန်က ကြောင်အမ်းသွားလေ၏။ ဤသည်က မွေးဖွားဇယားချပ်၏ အသက်ဓာတ် နှလုံးသား ဖြစ်ပေရာ လွယ်လွယ်ကူကူ မည်သို့ဖြင့် ပေးပစ်နိုင်မည်နည်း။
တခြားသူများက အားကျကာ မနာလိုဖြစ်နေကြသည်။
ဝူး
ထိုစဥ် ချန်ဟွမ်း၏ အသံက ထွက်ပေါ်လာခဲ့သည်။
ကျင့်ကြံသူအများစုက ချန်ဟွမ်းကို မြင်တွေ့ခဲ့ဖူးသည် ဖြစ်သည့်အတွက် မှတ်မိဖို့ရာ သိပ်မကြာလိုက်ပေ။
“ရှစ်ကျဲ ပြန်လာပြီ” ခရုလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ သူမ၏ အပြုအမူက ဤအခိုက်အတန့်တွင် ရှောင်ယွမ်အာနှင့် အနည်းငယ် ဆင်တူနေသည်။ အနီးတွင် ရှိသည့်သူဆီမှ လွှမ်းမိုးခြင်း ခံရသည်ဟု ပြောသည်က အမှန်ပင်ဖြစ်လောက်သည်။
ချန်ဟွမ်းက လေထုထဲ ပျံသန်းလာ၏။
“တင်း လူ ၁၅၀ရဲ့ ကိုးကွယ်ယုံကြည်မှုကို ခံရပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
“မိစ္ဆာဝေဟင်မျှော်နန်းက ဆဋ္ဌမသခင်မလေးပဲ”
ဝုန်း
ဧရာမ ချန်ဟွမ်းက ကောင်းကင်ကျွန်းကို ဖြတ်ကာ အနီးနားတွင် ဆင်းသက်လာခဲ့သည်။
ယဲ့ထျန်းရှင်းက ချန်ဟွမ်း၏ ကျောပေါ်တွင် မတ်တတ်ရပ်လျက် ရှိ၏။ သူမ၏ အဖြူရောင်ဝတ်ရုံက လေနှင့်အတူ မျောလွင့်နေရင်း
“ရှစ်စွင်း ကျွန်မ ခက်ထန်သားရဲတွေ အားလုံးကို ဖြေရှင်းပြီးသွားပါပြီ”
လုကျိုးက ခေါင်းညိတ်ပြလိုက်သည်။ သူက လူအုပ်ကြီးကို အာရုံမစိုက်ဘဲ ခရုလေးကို လှည့်ကာ ပြောလိုက်သည်။
“သွားကြစို့” နှစ်ဦးသားက ချန်ဟွမ်း၏ ကျောပေါ် တက်သွားကြသည်။
ချန်ဟွမ်းက လုကျိုး၏ ဆိုလိုရင်းကို နားလည်လိုက်၏။ ထိုအရာက ပတ်ဝန်းကျင်ကို တစ်ချက်မျှ ကြည့်ပြီးသည့်နောက်တွင် ထပ်မံခုန်ထွက်သွားသည်။
ဟွားချုံးယန်၊ ပိုင်ယွီချင်းနှင့် တခြားသော ကျင့်ကြံသူများ “ … ”
အားလုံးက ကြောင်အမ်းသွားကြသည်။
ချန်ဟွမ်းက မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က မျက်လုံးပွတ်ကာ မေးလိုက်သည်။
“ဒါက မိစ္ဆာအိုကြီးကျိလား”
ဖြန်း
အဖွဲ့ခေါင်းဆောင်က ထိုပြောလိုက်သည့်သူကို ပိတ်ရိုက်လိုက်သည်။
“မင်းက အဲဒီလိုပြောရဲတယ်လား”
“ကျုပ် ကျုပ် ကျုပ်ပြောတာ ကျိချန်းပေ့လို့ ပြောတာပါ”
ခေါင်းဆောင်က ဟွားချုံးယန်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
“ညီအစ်ကိုဟွား အရင်ကဖြစ်ခဲ့တာတွေကို စိတ်ထဲမထားပါနဲ့။ ကျိချန်းပေ့သာ မလှုပ်ရှားရင်လည်း ကျုပ်က ကူညီပေးမှာပါ”
ဟွားချုံးယန်က အသိဝင်လာသည့်အခါ လုကျိုးအတွက် အပြင်ထွက်သည့်အခါ ရုပ်ဖျက်ထားသည်က ပုံမှန်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ အတိတ်တွင် လုကျိုးက အံ့ဖွယ်မြို့တော်ကို သွားလာစဥ်အခါကပင် ရုပ်ဖျက်ခြင်းကို သဘောကျသည် မဟုတ်ပါလော့။
နောက်ဆုံးတွင် ဟွားချုံးယန်က ပြောလိုက်၏။
“ငါက စိတ်သဘောထား ကျဥ်းမြောင်းတဲ့သူ မဟုတ်ပါဘူး”
ထို့နောက် ခေါင်းဆောင်က ဆက်မေးလိုက်သည်။
“အဲဲဒါဆို ကောင်းတာပေါ့။ ညီအစ်ကိုဟွား ကြည့်ပါအုံး။ ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲလေ။ ကျုပ်ကို ငရဲဂိုဏ်းကို ဝင်ခွင့်များ ပေးနိုင်မလား”
“ငါတို့တွေ စောင့်ကြည့်တာပေါ့။ အရင်ဆုံး ဒီအကြွင်းအကျန် ခက်ထန်သားရဲတွေကို အရင်ရှင်းရအောင်”
“ကောင်းပြီ။ ကျုပ်တို့ဆီသာ အပ်ထားလိုက်ပါ”
…
အနောက်တောင်ဘက်ဆီ ပျံသန်းလာပြီသည့်နောက်တွင် လုကျိုးနှင့် တခြားသူများက တခြားသော မျိုးနွယ်များ၏ ပိုင်နက်အတွင်း ရောက်ရှိသွားကြသည်။
ထို့နေရာက လေပြင်းသော်လည်း သိပ်မအေးလှပေ။ တကယ်တော့ သစ်ပင်ကြီးများက သူတို့၏ နွေရာသီလိုမျိုး ဖြစ်နေကာ တချို့က ရာသီဥတုကို တောင့်မခံနိုင်သည့်အလား အဝါရောင် ပြောင်းလဲသွားကြသည်။
တောအုပ်အထက် ရှေးဦးချီက စုဝေးနေပြီး တောအုပ်ချီက ပိုမိုလျှို့ဝှက်ဆန်းကြယ် ဖြစ်လာစေသည်။
အတိတ်တုန်းက ယွီရှန်းရုန်အနေဖြင့် သင်ကြားရေးနယ်မြေကို ရောက်ရှိဖို့အတွက် ၁၄ ရက်မျှ အချိန်ယူခဲ့ရသည်။ သို့သော်လည်း ချန်ဟွမ်း၏ အမြန်နှုန်းဖြင့် လုကျိုးနှင့် တခြားသူများ ရောက်ရှိဖို့ နေ့ဝက်မျှသာ အချိန်ယူခဲ့ရသည်။
“ရှစ်စွင်း ကျွန်မတို့တွေ လို့လန်ထဲ ရောက်နေပြီ” ယဲ့ထျန်းရှင်းက ရှေ့တွင်ရှိနေသည့် လို့လန်၏ ရှေးဟောင်းမြို့ကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။
“အနောက်တောင်ဘက်ကို ဆက်သွားမယ်”
“ဟုတ်ကဲ့”
ချန်ဟွမ်းက နာခံကာ အနောက်တောင်ဘက်ဆီ ပျံသန်းသွားလိုက်သည်။
ထိုစဥ် ခရုလေးက ဘေးပတ်လည်ကို သိချင်စွာ ကြည့်နေလေ၏။
“ရှစ်စွင်း ချန်ဟွမ်းရဲ့ အရှိန်နှုန်းက ပိုပြီးတော့ မြန်နိုင်သေးတယ်”
“ပိုပြီး မြန်နိုင်သေးတယ်တဲ့လား”
“ဟုတ်တယ်။ သူက တမင် ခန္ဓာကိုယ်ကို ကျုံ့ထားတာလေ”
ဝူး
ထိုအရာက နားလည်သည့်အလား ချန်ဟွမ်းက မော့ကာ အသံပြုလာသည်။ ထိုအရာက ခြေထောက်နှစ်ချောင်းပေါ်ရပ်ကာ တိမ်တိုက်ကို ခွင်းသွားသည့်အလား ရှေ့ခြေနှစ်ချောင်းကို မြှောက်လိုက်သည်။
ဤတစ်ချိန် လုကျိုးနှင့် ယဲ့ထျန်းရှင်းတို့က ချန်ဟွမ်း၏ ခန္ဓာကိုယ်သည် သိသိသာသာ ကြီးမားလာကြောင်း တွေ့လိုက်ရသည်။
ယဲ့ထျန်းရှင်းက ချန်ဟွမ်းသည် တာ့ယန်ကို ပထမဦးဆုံးလာစဥ်အချိန်ကို ပြန်လည်အမှတ်ရသွား၏။ သူက ကျုံ့ထားသည်မှာ မှန်သော်လည်း သူက ပြန်လည်ကောင်းမွန်သွားပြီလား။
သိပ်မကြာခင် ချန်ဟွမ်းက ပေတစ်ထောင်ရှည်လျားသည့် သားရဲဘုရင် ဖြစ်လာခဲ့သည်။ ထိုအရာက ရှည်လျားလွန်းသည့်အတွက် ဘောလုံးကွင်းလောက်ပင် ရှိနေသည်။
ဝုန်း
ချန်ဟွမ်းက လေဟုန်ခွင်းကာ ထပ်မံပျံသန်းလိုက်သည်။
နေ့ဝက်ကြာမြင့်ပြီးသည့်နောက်
မြူခိုးတောအုပ် အဝင်ဝ
တောအုပ်အဝင်ဝတွင် တခြားသော မျိုးနွယ်များ ရှိနေကြသည်။ တာ့ယန်ရှိ ကျင့်ကြံသူများစွာလည်း ရှိနေလေ၏။ သူတို့၏ ဇာစ်မြစ်က မည်သို့ပင်ဖြစ်စေကာမူ မြူခိုးတောအုပ် အဝင်ဝတွင် ကံကောင်းမှုကို စမ်းသပ်ကြည့်ဖို့ ရောက်လာကြခြင်းဖြစ်၏။
တချို့သော မျိုးနွယ်ဝင်များကမူ သူတို့၏ ဝံပုလွေဘုရင် စိတ်ဝိညာဥ်သဏ္ဌာန်၊ ကျား စိတ်ဝိညာဥ်သဏ္ဌာန်၊ ကျားသစ် စိတ်ဝိညာဥ်သဏ္ဌာန်နှင့် တခြားသော စိတ်ဝိညာဥ်သဏ္ဌာန်များဖြင့် ရှေ့နောက် ပျံသန်းလျက် ရှိသည်။
ထိုစဥ် တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။
“အဲဒါက ဘာကြီးလဲ”
“ပြေးကြ။ အဲဒါ ချန်ဟွမ်းပဲ။ တာ့ယန်ရဲ့ ကာကွယ်သူ”
တခြားသော မျိုးနွယ်များက အလျင်အမြန် ထွက်ပြေးသွားကြသည်။
ဝုန်း
ချန်ဟွမ်းက မြူခိုးတောအုပ် အဝင်ဝတွင် ရပ်တန့်လိုက်၏။
ယဲ့ထျန်းရှင်းက ချန်ဟွမ်း၏ ခေါင်းကို အသာပုတ်ကာ ပြောလိုက်သည်။
“အထဲဝင်ရအောင်”
ချန်ဟွမ်းက ခေါင်းညိတ်ကာ ထပ်မံ လေထဲ ခုန်တက်လိုက်ပြီး မြူခိုးတောအုပ်အတွင်း ဝင်ရောက်လိုက်သည်။ ထို့နောက် ထိုအရာက တောအုပ်အနက်ပိုင်းကို ပြေးဝင်သွားသလိုမျိုး အရှိန်မြှင့်တင်လိုက်သည်။
…
အခန်း (၁၁၅၅) ရေကန်အောက်ခြေရှိ ကောင်းကင်ကျမ်းစာ စာလိပ်
၎င်း၏အမြင့်အတိုင်းပင် တောအုပ်က တစ်နှစ်ပတ်လုံး မြူများဆိုင်းနေလေ၏။ အမြင်အာရုံနိမ့်ပါးမှုကြောင့် ဤနေရာ၌ အလွယ်တကူ လမ်းပျောက်နိုင်သည်။
တောအုပ်ထဲ၌ ကြမ်းတမ်းခက်ထန်သားရဲများစွာလည်းရှိသည်။ အားကောင်းသည့် ကြမ်းတမ်းခက်ထန် သားရဲတစ်ကောင်နှင့်တွေ့မိပါက ဝံပုလွေအုပ်ထဲတိုးဝင်မိသည့် သိုးတစ်ကောင်နှင့်ခြားမှာ မဟုတ်ပေ။ သေမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် တောအုပ်ထဲဝင်ရဲသည့် ကျင့်ကြံသူက များများစားစားမရှိပေ။ တစ်ဖက်တွင်မူ တောနက်အတွင်းဝင်သွားသည့် လူအများစုက အသက်မရှင်နိုင်ခဲ့ကြပေ။
ထိုစဉ် ခရုလေးက ပတ်ဝန်းကျင်ရှိ သစ်ပင်များကို လက်ညှိုးထိုးပြလျက် ပြောပြလိုက်၏။
“ရှစ်စွင်း အဲ့ဒီသစ်ပင်တွေက ပိုမြင့်ပြီးရင်း မြင့်လာတယ်”
ကျင့်ကြံခြင်းလောကထဲ မဆိုထားနှင့် ကမ္ဘာမြေပေါ်ရှိ သာမန်တောအုပ်ကတောင် တိမ်တိုက်ထိ ရောက်ပြီး ပိုမြင့်မားသည့် ရှေးသစ်ပင်များ ရှိသည်။ သစ်ပင်များက အသက်စွမ်းအင်နှင့် မိုးနှင့်မြေ၏ အသက်စွမ်းအင်ကို စုပ်ယူရန် မြူတောအုပ်ထဲ၌ သစ်ပင်တချို့ ဤမျှမြင့်နေတာ အံ့ဩစရာမရှိပေ။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် တစ်ရက်တာ ကုန်ဆုံးသွား၏။
ချန်ဟွမ်းက ပင်ပန်းခြင်းမရှိ ချောက်နက်များ၊ တောင်တန်းများကို ဖြတ်ကျော်ပြီး မြူတောအုပ်မှ ထွက်ခွာလာသည်။
“ရှေ့မှာက လရောင်သစ်သားတောအုပ်ပဲ။ ကျွန်မတို့တွေ ချောက်နက်နားရောက်နေပြီ” ယဲ့ထျန်းရှင်းက ပြောလိုက်၏။
လရောင်က ကောင်းကင်ထဲ၌ ထွန်းလင်းတောက်ပနေပြီး လှပနေလေ၏။ ပတ်ဝန်းကျင်က မှုန်မှိုင်းသော မြူတောအုပ်နှင့် ကွဲပြားလေ၏။
လုကျိုးသည် သူ၏ပတ်ဝန်းကျင်ကို လေ့လာကာ မေးလိုက်တော့သည်။
“ဒါက မင်း သူယောင်အမွေအနှစ်ကို ရတဲ့နေရာလား”
ယဲ့ထျန်းရှင်းက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်၏။
“ဒီလောက်နှစ်တွေအများကြီးကုန်လွန်ပြီးတာတောင် ဒီနေရာက ဘာမှမပြောင်းလဲဘဲ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး”
ချန်ဟွမ်းက ချောက်ကမ်းပါးအစွန်းဆီပျံသန်းသွားပြီးနောက် ဆင်းသက်လိုက်သည်။
တစ်ချိန်တည်းတွင် ကြမ်းတမ်းခက်ထန်သားရဲများစွာက ချောက်ကမ်းပါးအထက်သို့ တွယ်တက်နေပြီး ချောက်ကမ်းပါးပေါ်ရှိ ဝေဟင်ထဲလှည့်ပတ်သွားလာနေ၏။ ယင်းက ထိတ်လန့်ဖွယ်မြင်ကွင်းပဲ ဖြစ်သည်။
ခရုလေးက ပြုံးလျက် ပြောလိုက်လေ၏။
“သူတို့က ချန်ဟွမ်းပြန်လာတာကို ကြိုဆိုနေတာ”
ချန်ဟွမ်းက လျင်မြန်စွာ ဆင်းသက်လိုက်၏။
ထိုစဉ် မီတာ၁၀၀ရှည်သည့် ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်က ချန်ဟွမ်း ဆင်းသက်လာသည့် လမ်းကြောင်းကို မတော်တဆ ပိတ်ဆို့သွား၏။ ချန်ဟွမ်းက ယဉ်ကျေးမနေဘဲ ကြမ်းတမ်းခက်ထန်သားရဲ၏ တောင်ပံကို တိုက်ရိုက်နင်းသွား၏။
ကြမ်းတမ်းခက်ထန်သားရဲက နာကျင်စွာ အော်မြည်လျက် အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
ဖုန်း
ဆင်းသက်မှုသည် ၁၅မိနစ်ခန့် ကြာညောင်းခဲ့ပြီး ချန်ဟွမ်းသည် နောက်ဆုံးတော့ ချောက်နက်အတွင်းပိုင်းသို့ ဆင်းသက်လိုက်၏။
ယဲ့ထျန်းရှင်းက ပြုံးပြီး ပြောလိုက်သည်။
“ကျွန်မတို့ ဒီရောက်လာပြီ”
“ဒီနေရာက သိပ်လှတာပဲ” ခရုလေးက ယဲ့ထျန်းရှင်းနောက် လိုက်သွားသည်။
ယဲ့ထျန်းရှင်းက အရှေ့အရပ်ကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။
“အဲ့ဒီမှာ ရေကန်လေးရှိတယ်။ အဲဒီမှာ အိမ်တစ်လုံးလည်း စောင့်ထားသေးတယ်”
အမျိုးသမီးနှစ်ယောက်က ပြောပြောဆိုဆိုဖြင့် ပျံသန်းသွားသည်။
တကယ်တော့ လုကျိုးက ထိုအရာများကို စိတ်မဝင်စားပေ။ သူသည် လုဝူကို ရှာပြီး တွမ့်မူရှန်းကို ကယ်တင်ရန် တတ်နိုင်သမျှ မြန်မြန် အမည်မသိကုန်းမြေသို့ သွားချင်မိ၏။ သို့သော် သူ ဤနေရာသို့ ရောက်လာပြီဖြစ်သောကြောင့် အနည်းဆုံးတော့ လှည့်မကြည့်လျှင် အဓိပ္ပာယ်မရှိ ဖြစ်သွားမည်။
မကြာမီ၌ သုံးယောက်သားက ရေကန်ဘေးသို့ ရောက်ရှိလာသည်။ ရေကန်ကို ဝိုင်းထားသည့်သစ်ပင်က ထူးဆန်းလှသည့် အသက်စွမ်းအင်များ ပြည့်နေ၏။
ရုပ်တုတစ်ခုက ရေကန်ဘေး၌ ရှိနေသည်။
“သူယောင်ရဲ့ စီးတော်သားရဲချန်ဟွမ်း ... ဒါက မင်းရဲ့ဘိုးဘေးတွေ ချန်ထားပေးခဲ့တဲ့အရာပဲ” လုကျိုးသည် ရုပ်တုဘေးရှိ စာတန်းများကို ကြည့်ပြီးပြောလိုက်သည်။
ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်၏။ “ဒါကြောင့်သာ မဟုတ်ရင် တပည့်လည်း အဋ္ဌမမြောက်ပွင့်ချပ်ကို ဖူးပွင့်မှာ မဟုတ်ဘူး”
လုကျိုးက ခေါင်းခါလိုက်၏။ “မင်းကိုယ်မင်း အထင်သေးနေတာပဲ”
ယဲ့ထျန်းရှင်းသည် လုကျိုးဆိုလိုတာကို နားမလည်ပေ။
လုကျိုးက ပြောလိုက်၏။
“အရင်တုန်းက မင်း ကောင်းကင်ကိုဖီဆန်ပြီး မင်းရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်တဲ့ မျှော်လင့်ချက်နဲ့ မင်းရဲ့မဟာလေဟာနယ်မျိုးစေ့ပေးခဲ့တာ။ မဟာလေဟာနယ်မျိုးစေ့ရဲ့စွမ်းအင်နဲ့ဆို သာမန်ညောင်ည အဋ္ဌမမြောက်ပွင့်ချပ် မဆိုထားနဲ့ဦး ဘုံတစ်ထောင်လေပွေ အဆင့်ကတောင် ပြဿနာမဟုတ်ဘူး”
“မဟာလေဟာနယ်” ယဲ့ထျန်းရှင်းသည် စီးဝူယာ့၏စကားများကို သတိရပြီး သူမအရှိန်အဝါကို ဖုံးကွယ်ရန် သောက်ထားရသည့်ဆေးလုံးများကို သတိရသွား၏။ သူမစိတ်ထဲ အတွေးတစ်ချက် ပေါ်လာကာ အမြန်ဒူးထောက်ကာ ပြောလိုက်၏။
“ရှစ်စွင်းက ကြင်နာပါတယ်။ အတိတ်တုန်းက ရှစ်စွင်းအပေါ် မှားယွင်းအပြစ်တင်မိပြီး အဖတ်ဆယ်လို့မရတဲ့ အမှားကျူးလွန်မိတာပါ”
လုကျိုးက ကန်တော့နေသည့်ယဲ့ထျန်းရှင်းကို ငုံ့ကြည့်ပြီး သက်ပြင်းချလိုက်လေ၏။
“အတိတ်ကအတိတ်ပဲ။ ပြောနေဖို့မလိုဘူး။ သွားကြမယ်”
လုကျိုးက အဝေးသို့ထွက်သွားတော့မည့်အချိန်တွင် ကန်အောက်ခြေရှိ အလင်းတစ်ခုက သူ့မျက်စိကို ဖမ်းစားသွားသည်။
“ဟမ်”
ယဲ့ထျန်းနှင့် ခရုလေးသည် သူ့ရှစ်စွင်း၏အကြည့်ကို သတိပြုမိပြီး သူ့အကြည့်ကို လိုက်ကြည့်လေရာ ကန်အောက်ခြေ၌ မူမမှန်မှုကို ရှာတွေ့သွား၏။
ရှုထောင့်ကြောင့် နေရောင်သည် ဧရာမကျောက်ဆောင်နှစ်ခုကြားရှိ ကန်အလယ်သို့ ရောက်ရှိနေပြီး ကန်အောက်ခြေရှိ တစ်စုံတစ်ခုကို ရောင်ပြန်ဟပ်နေပုံပေါ်၏။
“အဲ့မှာ တစ်ခုခု ရှိနေတာလား”
ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
“ရှစ်စွင်း ရှစ်စွင်းအတွက် တပည့် သွားယူပေးမယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။
ယဲ့ထျန်းရှင်းသည် ကြည်လင်နေသောကန်ထဲ ခုန်ဆင်းလိုက်သည်။ သူမ၏အဖြူရောင်ဝတ်ရုံနှင့် အဖြူရောင်ဆံနွယ်တို့က ရေထဲလွင့်လူးနေပြီး အဖြူရောင်ဆံနွယ်တို့က အဖြူရောင်ဖဲကြိုးများနှင့် တူသည်။
သူမသည် ရေကန်အောက်ခြေသို့ရောက်သောအခါ စာလိပ်တစ်ခုကို တွေ့သွား၏။ ၎င်းပေါ်ရှိ စာလုံးများက တောက်ပနေသည်။
ယဲ့ထျန်းရှင်းက ၎င်းကိုယူရန် စွမ်းအင်စည်းတံဆိပ်ကို မဖြေခင် ထောင်ချောက်ရှိမရှိ အတည်ပြုရန် ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးလိုက်သည်။
သူမ ရေကန်ထဲမှထွက်လာသောအခါ သူမကိုယ်ပေါ်ရှိရေစက်ရေပေါက်များသည် ကန်ထဲကျသွား၏။ သူမ ထူးချွန်ထက်မြက်ပြီးသား ဖြစ်သည်။ သူမရပ်နေစဉ် သူမ၏ သွယ်လျသောခန္ဓာကိုယ်သည် ခေါင်ရမ်းပန်းလေးတစ်ပွင့်ပမာပင်။ သူမ၏စိုစွတ်နေသော အဝတ်များက ခန္ဓာကိုယ်ကို ထင်းနေစေပြီး ကောက်ကြောင်းများကို ထုတ်ပြနေ၏။
ဝှစ်
ယဲ့ထျန်းရှင်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များပေါ်ထွက်လာပြီး သူမကိုယ်ပေါ်ရှိရေများကို အငွေ့ပျံသွားစေသည်။ ပြီးနောက် ဤနည်းအတိုင်းသူမသည် သူမက ရေထဲမခုန်ချစဉ်က သွင်ပြင်အတိုင်း ပြန်ဖြစ်သွား၏။ သူမ၏လက်ထဲရှိ စာလိပ်ကို ကြည့်ဖို့မစောင့်နိုင်တော့ပေ။
“ကောင်းကင်ကျမ်းစာ စာလိပ်လား”
ယဲ့ထျန်းရှင်းက စာလိပ်ကို မှတ်မိသည်။ အကြောင်းမှာ ၎င်းသည် ယွီရှန်းရုန်က မုရှီးသင်္ချိုင်းထဲ၌ ရှာတွေ့သည့် စာလိပ်အတိုင်း ဖြစ်သည်။
လုကျိုးက ခေါင်းညိတ်ပြီးပတ်ဝန်းကျင်ကို လေ့လာလိုက်ပြန်၏။
“ဒီနေရာက အသက်စွမ်းအင် ဒီလောက်သန့်စင်နေတာ အံ့ဩစရာ မရှိဘူးပဲ။ ကန်က ထူးခြားတဲ့စွမ်းအင်တစ်ခု ရှိနေတာကိုး။ ဖြစ်ချင်တော့ ငါ့ရဲ့စာလိပ်က ဒီရောက်နေတာ”
ယဲ့ထျန်းရှင်းသည် ကိစ္စတစ်ခုလုံးဆန်းကြယ်နေသည်ဟု ခံစားမိ၏။ သူမရှစ်စွင်း၏ကောင်းကင်ကျမ်းစာ စာလိပ်က ရေကန်အောက်ခြေ၌ ရှိနေမည်ဟု မထင်ထားပေ။ သူမသည် သူယောင်မျိုးနွယ်၏ အမွေအနှစ်နှင့် သူမ၏ကြိုးစားအားထုတ်မှုကြောင့် အဋ္ဌမမြောက်ပွင့်ချပ် ဖူးပွင့်ခဲ့တာဟု ထင်နေသည်။ သို့သော် လက်တွေ့တွင်မူ အရာအားလုံးက သူမရှစ်စွင်းဆီမှ လက်ဆောင်တစ်ခု ဖြစ်ကြောင်းရှာတွေ့ခဲ့၏။ အားလုံးက ကြမ္မာဖန်ပြီးသား ဖြစ်နေသည်။
ခရုလေးက ဇဝေဇဝါဖြစ်နေ၏။ “ရှစ်စွင်းရဲ့စာလိပ်က ဒီရောက်နေတာ”
ရှောင်ယွမ်အာသာဆိုလျှင် ရှစ်စွင်းရဲ့နာမည်က ဒီမှာမရေးထားဘူးဟု ပြောလိမ့်မည်။
ယဲ့ထျန်းရှင်းက လုကျိုးကို စာလိပ်အား တလေးတစား ပေးလိုက်သည်။
“ရှစ်စွင်း”
လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ယူလိုက်သည်။
“တင်း ... တစ်ပိုင်းတစ်စဖွင့်လှစ်ခြင်းစာလိပ်ရပါပြီ”
လုကျိုးသည် ကောင်းကင်ကျမ်းစာစာလိပ်မှ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ခပ်ဖျော့ဖျော့ ခံစားမိ၏။ သူက ကျိထျန်းတောက်၏ မှတ်ဉာဏ်များကို ကြည့်ခဲ့၏။ မယ်တော်ကြီး၊ ကျိထျန်းတောက်နှင့် လျိုကောတို့က အသိအကျွမ်းများဖြစ်သောကြောင့် တာ့ယွမ်၏မယ်တော်ကြီးထံ စာလိပ်တစ်ခုချန်ထားခဲ့တာ လက်ခံနိုင်၏။ သို့သော် ဤစာလိပ်က သူယောင်မျိုးနွယ်ထဲ အဘယ်ကြောင့် ရောက်နေသနည်း။ ပိုတောင် ထူးဆန်းသည့်အရာက ကောင်းကင်ကျမ်းစာစာလိပ်များ၏ တည်နေရာ ဆက်စပ်မှုများမရှိ ဖြစ်နေသည်။ သူတို့က ကြုံရာကျပန်းဖြစ်နေသည်။
လုကျိုးက ဖွင့်လှစ်ခြင်းစာလိပ်ဖြင့် ကောင်းကင်ကျမ်းစာစာလိပ်ကို ဆင်ခြင်သုံးသပ်သည့်အခါ ဆုလာဘ်ရသည့်အချိန်ကို တွေးမိသောအခါ စနစ်က အရာအားလုံးကို စီစဉ်ထားသလားဟု တွေးထင်မိသွားသည်။
ယဲ့ထျန်းရှင်းက ပြုံးလျက် ခရုလေးကို ပြောလိုက်သည်။
“ရှစ်မေ့ ညီမဒါကို မသိလောက်ဘူး။ ဒါပေမဲ့ အရင်တုန်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့စွမ်းဆောင်ရည်က လောကကြီးကို တုန်လှုပ်စေတာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ရတနာကို တပ်မက်ရဲတဲ့သူ မရှိဘူး။ အထက်အံ့ဖွယ်မြို့က ကြွက်ငါးကောင်တို့က မိစ္ဆာဝေဟင်မျှော်နန်းကနေ အခါခါ ခိုးခဲ့တာ။ ဂိုဏ်းကြီး၁၀ဂိုဏ်းကသာ မယုတ်မာ မကောက်ကျစ် အရှက်မမဲ့ဘဲ ဒီလောက်ရတနာ မခိုးသွားဘူးဆိုရင် သူတို့တွေ ဘယ်လိုလုပ် တာ့ယန်မှာ ခြေကုပ်ယူနိုင်မှာလဲ”
ခရုလေးက ခေါင်းညိတ်လိုက်၏။
ဝူး
ချန်ဟွမ်းက ရေသောက်ရန် ခေါင်းငုံ့ပြီးနောက် လုကျိုး၏ လက်ထဲရှိစာလိပ်ကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် ဆူညံသံများ ပြုလိုက်၏။
ခရုလေးက ပြောလိုက်သည်။
“ရှစ်စွင်း သူကအမည်မသိကုန်းမြေထဲကနေ သယ်လာပြီး ရေကန်အောက်ခြေထဲမှာ ထားခဲ့တယ်လို့ ပြောနေတယ်”
လုကျိုး “...”
ဒါကို ရှင်းပြဖို့ နည်းလမ်း မရှိဘူး။ ငါ့ပုံရိပ်ကို ဘယ်လိုထိန်းသိမ်းရမှာလဲ။
ကံကောင်းသည်မှာ ယဲ့ထျန်းရှင်းက ပြုံးပြီးပြောလိုက်၏။
“ဒါက အံ့ဩစရာမရှိဘူးလေ။ အရင်တုန်းက ပျောက်သွားတဲ့ရတနာတချို့က မြောက်ပိုင်းတိုင်းပြည်ဆီ ရောက်သွားပြီး တချို့က တခြားမျိုးနွယ်ဆီရောက်သွားတယ်။ ရတနာတချို့က အမည်မသိကုန်းမြေထဲ ရောက်သွားတာ မဖြစ်နိုင်တာ မဟုတ်ဘူး”
“ရှစ် ရှစ်ကျဲပြောတာ မှန်တယ်။" ချန်ဟွမ်းက ခေါင်းမော့လိုက်၏။
လုကျိုးသည် ကောင်းကင်ကျမ်းစာစာလိပ်ကို အင်္ကျီလက်ထဲထည့်ပြီး ချန်ဟွမ်းကျောပေါ် ခုန်တက်ပြီး ပြောလိုက်၏။
“သွားဖို့အချိန်ရောက်ပြီ။ ကောင်းကင်ကျမ်းစာ စာလိပ်က အသေးအမွှားပဲ။ မင်းရဲ့စန်းရှစ်ရှိုးကို ကယ်ဖို့ အရေးကြီးတယ်”
“နားလည်ပါပြီ”
ယဲ့ထျန်းရှင်းနှင့် ခရုလေးက တညီတညွတ်တည်း ပြောလိုက်လေ၏။