← Chapters

အခန်း (၁၁၅၆-၁၁၅၈)

Vol. 78 Ch. 1156-1158

အခန်း (၁၁၅၆-၁၁၅၈)

Vol. 78 Ch. 1156-1158

အခန်း (၁၁၅၆) အစိမ်းရောင်ကြာနယ်မြေမှ ယဲ့မျိုးနွယ် အပိုင်း(၁)

ယဲ့ထျန်းရှင်းက ဤနေရာတွင် နေထိုင်ခဲ့စဉ်အခါက သူမ၏ လှုပ်ရှားမှုများက ကန့်သတ်ခံထားရသည်။ အကယ်၍ ချန်ဟွမ်းကြောင့်သာ မဟုတ်လျှင် သူမက ဤမျှ ဝေးဝေး သွားလာနိုင်မည် မဟုတ်ပေ။ ဤနေရာက သိပ်မကြီးမားသောကြောင့် ဘာမှကြည့်စရာ မရှိပေ။

ယဲ့ထျန်းရှင်းက ချန်ဟွမ်း၏ ခေါင်းထိပ် ပျံသန်းသွားပြီးသည့်နောက်တွင် တင်ပျဉ်ခွေထိုင်ကာ မေးလိုက်သည်။

"ဘယ်သွားရမလဲဆိုတာ သိလား"

ချန်ဟွမ်းက တောအုပ်ထဲမှ ငှက်များနှင့်တူသည့် အသံတစ်သံ ပြုလုပ်လာခဲ့သည်။ ထိုအရာက အရွယ်မရောက်သေးသည့် ကလေးသဖွယ် တီတီတာတာ ဖြစ်နေ၏။

"သူက လရောင်တောအုပ်ကို မရောက်သေးဘူးလို့ ပြောတယ်"

လုကျိူးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ဒါက လရောင်တောအုပ်လို့ ပြောနေတာလား။ နေရောင်တောအုပ်လို့ ခေါ်တာမှ ဟုတ်အုံးမယ်။

ချန်ဟွမ်းက ချောက်နက်ထဲ ပဲ့တင်ထပ်သွားစေမည့် အသံတစ်သံ ပြုလုပ်လာခဲ့သည်။

ချောက်နက်နံရံပေါ်ရှိ သားရဲပျံများနှင့် ခက်ထန်သားရဲများက ပြိုင်တူအော်ဟစ်လိုက်ကြသည်။

"သားရဲဘုရင်တွေက ကိုယ့်ပိုင်နက်နဲ့ကို ရှိတယ်။ ချန်ဟွမ်းကတော့ ထူးကဲတယ်။ သူက တခြားခက်ထန်သားရဲတွေနဲ့လည်း အတူတကွ တည်ရှိနိုင်တယ်လေ။ စိတ်ဝင်စားစရာကောင်းလိုက်တာ" ခရုလေးက ချောက်နက်အထဲ ဝေဟင်ထဲ ပျံသန်းနေသည့် သားရဲပျံများကို ကြည့်ကာ ပြောလိုက်သည်။

ချန်ဟွမ်းက အရှိန်မြင့်မြင့်ဖြင့် ဆက်လက်ပျံသန်းလိုက်သည်။

လုကျိုးက တိမ်မဲများစုစည်းလာသည့် ရှေ့တွင်ရှိနေသည့် နေရာကို ကြည့်ရင်း စဉ်းစားမိသွားသည်။ သူက နောက်ကို လှည့်ကာ တောက်ပနေသည့် နေရာကို ထပ်ကြည့်လိုက်၏။

သူ့စိတ်ထဲ အတွေးတစ်ခုပေါ်ထွက်လာကာ ရေရွတ်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

လုကျိူးက စီးဝူယာ့ ရေးဆွဲခဲ့သည့် မြေပုံကို ပြန်လည်အမှတ်ရလိုက်၏။ သူက တာ့ထန်၏ ဖရိုဖရဲကုန်းမြေသည် အမည်မသိကုန်းမြေ၏ တောင်ဘက်တွင် ရှိနေလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ အဖြူရောင် မျှော်စင်အဖွဲ့အစည်း၏ သင်္ကေတလမ်းကြောင်းမှ တစ်ဆင့် သူသည် ပတ်ဝန်းကျင်ကြမ်းတမ်းပြီး ကောင်းကင်မှုန်မှိုင်းနေသည့် အမည်မသိကုန်းမြေသို့ သွားလာခဲ့ဖူးသည်။ ဤသည်က အမည်မသိကုန်းမြေသို့ သွားလာခဲ့ဖူးသော တစ်ခုတည်းသော အကြိမ် ဖြစ်၏။ ဤတစ်ကြိမ် သူက တာ့ယန်၏ အနောက်တောင်ဘက်ရှိ မြူခိုးတောအုပ်အနက်ပိုင်းတွင်ရှိသည့် လရောင်တောအုပ်မှတစ်ဆင့် သွားလာနေသည်။

သူ ထင်ထားသည့်အတိုင်း အမည်မသိကုန်းမြေကို ရောက်နိုင်မည့် လမ်းများစွာ ရှိနေသည်။ အဝါရောင်ကြာနယ်မြေနှင့် အစိမ်းရောင်ကြာနယ်မြေ တို့တွင်လည်း လမ်းကြောင်း ရှိမလားဟု စဉ်းစားနေမိသည်။ နောင်ထပ် မလေ့လာရသေးတဲ့ ပိုင်နက်တစ်ခုကရော

လုကျိုးက ခေါင်းကိုသာ ယမ်းလိုက်သည်။ ဤကမ္ဘာကြီးက တကယ်ကို ကျယ်ပြောလှ၏။

သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့်ပင် တာ့ယန်နှင့် အနောက်ပိုင်းကြား အဝေးဆုံးကို သွားလာဖို့ ခြောက်နာရီ ကြာမြင့်လေသည်။ အရှိန်အရ သူသည် လေယာဉ်ပျံထက် ပိုမို မြန်ဆန်၏။ သို့သော်လည်း ဝေ့ကျန်းနန်၏ ရှင်းပြချက်အရ မွေးဖွားဇယားချပ်ဆယ့်နှစ်ခု ရှိထားတဲ့သူက မအိပ်မနေ အနားမယူဘဲ အမည်မသိကုန်းမြေ၏ အရှေ့ဘက် ချောက်နက်ကို ရောက်ဖို့ရာ ငါးနှစ်တာ အချိန်ယူရလိမ့်မည်။ ဤသို့ဖြင့် အမည်မသိကုန်းမြေသည် မည်မျှကျယ်ပြောကြောင်း တွေးကြည့်နိုင်သည်။

ချန်ဟွမ်းက အရိပ်များသည့်နေရာသို့ ရောက်လာသည်နှင့် အမှောင်ထုက ချက်ချင်းဆိုသလို ကျရောက်လာသည်။ အရိုးခိုက်လုမတတ် ကြက်သီးထဖွယ် လေထုမျိုးကလည်း တိုက်ခတ်လာ၏။

ကောင်းကင်အထက် တောက်ပသည့် လမင်းတစ်စင်း‌ရှိနေကာ တောအုပ်ကို အလင်းပေးထားသည်။

ဝူး ဝူး

ချန်ဟွမ်းက အသံတစ်သံပြုလုပ်လာသည်။

"ဒါက လရောင်တောအုပ်ပဲ။ ဒီနေရာမှာ အဆိပ်ရှိတဲ့ အရာတွေ အများကြီး ရှိတယ်တဲ့" ခရုလေးကပြောလိုက်သည်။

"ချန်ဟွမ်း ပြောတာက အခု နောင်တရလို့ နောက်မကျသေးဘူး။ ပြန်လှည့်နိုင်သေးတယ်တဲ့။ တကယ်လို့ အန္တရာယ်တွေ့မယ်ဆိုရင် သူ့သခင်မလေးကိုပဲ အဝေးခေါ်သွားပြီး ကျန်တဲ့သူတွေကို စွန့်ပစ်ခဲ့မယ်လို့ ပြောနေတယ်"

"..."

ယဲ့ထျန်းရှင်းက နေရခက်စွာ ရယ်မောလိုက်မိသည်။

ခရုလေးက ပြောလာ၏။

"ချန်ဟွမ်း တကယ်လို့ ငါသာ နင်ဆိုရင် ငါ့ရှစ်စွင်းကို ဖားဖို့ ဒီအခွင့်အရေးကို သုံးလိုက်မှာ။ ဒီနေရာက ပိုပြီး အန္တရာယ်များလေလေ ငါ့ရှစ်စွင်းရဲ့ ကာကွယ်မှုကို လိုအပ်လေလေပဲ။"

ချန်ဟွမ်းက အသံတစ်သံ မပြုဘဲ တောအုပ်အနက်ပိုင်း ထပ်မံပျံသန်းသွားလိုက်သည်။

အဘက်ဘက်မှ အော်သံများစွာ ထွက်ပေါ်နေ၏။ အမှောင်ထုထဲမှ တောက်ပနေသည့် မျက်ဝန်းများကလည်း မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။ ထိုအခြေအနေများဖြသ့် ချန်ဟွမ်းက အသံတစ်သံ ထုတ်လွှင့်ကာ ထိုသားရဲများအား နောက်ဆုတ်ဖို့ အမိန့်ပေးခဲ့သည်။

...

ချန်ဟွမ်းက လရောင်တောအုပ်ထဲ အရူးအမူး ပြေးလွှားနေရင်း ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျယ်လောင်သည့် အော်သံတစ်ခုကို ပြုလုပ်လာသည်။

"အမည်မသိကုန်းမြေ" ခရုလေးက ရှေ့ကို လက်ညိုးထိုးကာ ပြောလိုက်သည်။

လရောင် မရှိသည့် မှောင်မဲနေသော ကောင်းကင်အောက်တွင် လုကျိုးက ကမ်းပါးတစ်ခုကို မြင်လိုက်ရသည်။

ပတ်ဝန်းကျင်က သူသွားခဲ့သည့် အမည်မသိကုန်းမြေနှင့် အတော်လေးဆင်တူနေ၏။

သူတို့က အမည်မသိကုန်းမြေသို့ ရောက်ရှိလာကြောင်း သံသယဖြစ်ဖို့ မလိုပေ။ သူတို့က များစွာ မမြင်တွေ့နိုင်သော်လည်း ကြည့်လျှင် အတော်လေး ကျယ်ပြောကြောင်း သိနိုင်၏။

မိုးကုတ်စက်ဝိုင်းက အဆုံးမဲ့ ကျယ်ပြန့်နေဟန်ပေါ်ကာ တောင်တန်းများ၊ သိပ်သည်းနေသည့် မြူခိုးများ နှင့် တောအုပ်များက လျှို့ဝှက်ဆန်းကြယ်ဟန်ပေါ်သည်။ လျှပ်စီးများကလည်း တစ်ခါတရံ တဖြတ်ဖြတ် လက်နေ၏။

ဤနေရာတွင် နေထိုင်သူလူသား မရှိဘဲ ခက်ထန်သားရဲများကသာ ဤပတ်ဝန်းကျင်မျိုး၌ ရှင်သန်နိုင်ကြသည်။

ခရုလေး၏ မျက်နှာအထက် အမူအရာ တစ်ခု ပေါ်ထွက်လာ၏။

လော့ရွှမ်က သူမကို အမည်မသိကုန်းမြေမှ ခေါ်ထုတ်လာကာ ပြုစုပျိုးထောင်ခဲ့သော်လည်း လူသားများက ဤသို့‌သော ပတ်ဝန်းကျင်မျိုးတွင် မည်သို့ အသက်ရှင်နိုင်မည်နည်း။

လူသုံးယောက်နှင့် သားရဲတစ်ကောင်က ဆက်လက်ကြည့်လိုက်ကြသည်။

ခဏအကြာတွင် လုကျိုးက မေးလာ၏။

"ချန်ဟွမ်း ဒီကို ရောက်ဖူးလား"

ခရုလေးက ချန်ဟွမ်း၏ အသံကို နားထောင်ရင်း ပြန်ပြောပြလိုက်သည်။

"ရောက်ဖူးတယ်။ ဒါပေမဲ့ သူက မကြာခဏ လာလေ့မရှိဘူး။ ဒီကို အကြိမ်ရေ တချို့ပဲ ရောက်ဖူးတယ်တဲ့"

ယဲ့ထျန်းရှင်းက ထပ်ပြောလိုက်သည်။

"သားရဲဘုရင်တွေက ပိုင်နက်ကြီးစိုးသူတွေဆိုတော့ နေရာတိုင်းမှာ သားရဲဘုရင်တွေ ရှိနေတယ်"

ချန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။

လုကျိုးက မျက်လုံးအသာမှိတ်ထားပြီး အမြင်စွမ်းအား၏ မန္တန်ကို ရွတ်ဖတ်ကာ တွမ့်မူရှန်းကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် သူ မြင်ရသည်က အဆုံးမဲ့ အမှောင်ထုသာ ဖြစ်၏။

အမြင်စွမ်းအားကို ဖြတ်တောက်ပြီးသည့်နောက်တွင် လုကျိုးက သဘောပေါက်သွားခဲ့သည်။

"ငါတို့က အရှေ့ပိုင်း ချောက်နက်ထဲ ရောက်နေတာလား"

ချန်ဟွမ်းက ခေါင်းညိတ်ပြလိုက်သည်။

လုကျိုးက အဆုံးမဲ့ ချောက်နက်သည် ကောင်းကင်ကျုံးနှင့် တူလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း ချောက်နက်က မျက်စိဖြင့် မြင်နိုင်လောက်အောင် ကျယ်ပြောလွန်းပြီး နေရာတစ်ခုလုံးက အရှေ့ပိုင်း ချောက်နက်ဖြစ်နေသည်။

ခဏအကြာတွင် ပြောလာ၏။

"တောင်ဘက်ကို သွားမယ်"

ချန်ဟွမ်းက လူသုံးယောက်ကို သယ်ဆောင်ပြီး ချက်ချင်း ပျံသန်းလိုက်သည်။ ထိုအရာက လေဟုန်ခွင်းသကဲ့သို့ ဘာသံမှပင် မထွက်ခဲ့ပေ။

....

အမည်မသိကုန်းမြေ၏ ရေကန်အလယ်ရှိ ကျွန်းပေါ်တွင်

ရေကန်အလယ်တွင် သိပ်သည်းနေသည့် ရေခဲတုံးကြီး ရှိနေလေ၏။ ထိုအရာ၏ မီတာ ထောင်ချီ ပတ်လည်အတွင်း မြေကြီးများပင် အေးခဲနေသည်။

ခဏအကြာတွင် လုဝူက မြေပြင်ပေါ် လဲလျောင်းကာ အနားယူလိုက်သည်။

လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံသံများ မကြာခဏ ထွက်‌ပေါ်လျက် ရှိ၏။

ရေခဲတုံးကြီးအတွင်း ခရမ်းရောင် မီးခိုးနှင့် ရွှေရောင်အလင်းများက ရစ်ပတ်နေကာ ရေခဲတုံးကို ရင်ဆိုင်နေသည်။

လုဝူက ထိုအရာကို ကြည့်ရင်း ပျင်းရိနေဟန်ပေါ်သည်။

"အားနည်းလိုက်တာ"

ဘန်း ဘန်း ဘန်း

ခရမ်းရောင် နဂါးက တွမ့်မူရှန်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားဟန်‌ပေါ်သည်။

နယ်ရှင်လှံ၏ စွမ်းအားက ရေခဲစည်းတံဆိပ်ထဲ အပေါက်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

"သတ်ပစ်လိုက်"

တွမ့်မူရှန်း၏ ခန္ဓာကိုယ်က သတ်ဖြတ်ငွေ့တို့ ထွက်ပေါ်လာသည်။ သူ့အမြင်တွင် ရေခဲစည်းတံဆိပ်က သူ့ရန်သူဖြစ်ပြီး ယခုအခါ သူ့ရန်သူကို သတ်လိုသည်က လွဲ၍ ဘာမှမရှိပေ။

...

ခဏအကြာတွင် ရေကန်နှလုံးသားကျွန်း၏ ကမ်းခြေပေါ်တွင်

ဧရာမ သစ်ပင်ကြီးထက်တွင် ပုံရိပ်နှစ်ခုက ရှိနေပြီး ရေကန်နှလုံးသားကျွန်းကို လှမ်းကြည့်လိုက်ကြသည်။

"ထင်ထားတဲ့ အတိုင်း လုဝူက ဒီမှာ ရှိနေတာပဲ"

"သူ့ရဲ့ ဉာဏ်ရည်က လူသားတွေထက် မနိမ့်ကျဘူး။ လူသားစကားလည်း ပြောနိုင်သေးတယ်။ ငါတို့စွမ်းအားနဲ့ဆိုရင် သူ့ကို အနိုင်‌ပိုင်းဖို့ ခက်ခဲလောက်တယ်"

"ငါတို့တွေ ဆရာသခင်ယဲ့ကို သွားဖိတ်လိုက်ရင် ဘယ်လိုလဲ"

"ဆရာသခင်ယဲ့နှင့် ဆရာသခင်ချင်တို့က ချင်းယွင်တောင်ထိပ်ပေါ်မှာ တစ်လတာ ဆွေးနွေးနေကြတာ။ သူ ဆင်းလာနိုင်အုံးမှာ မဟုတ်သေးဘူး။"

တခြားသူကလည်း ခေါင်းညိတ်လိုက်သည်။

" ဒီသားရဲကို ယဉ်ပါးအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ"

"အဲ့ဒါက မဖြစ်နိုင်ဘူး။ လုဝူက အရင်တုံးက သခင်တစ်ယောက် ရှိခဲ့ဖူးတယ်"

"လုဝူကို ဘယ်သူကများ ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာလဲ"

ဤသို့သော အားကောင်းကာ ဉာဏ်ကောင်းသည့် သားရဲမျိုးကို ယဉ်ပါးအောင် လုပ်ဖို့အတွက် အင်မတန်အားကောင်းသည့် ကျင့်ကြံဆင့်မျိုး ရှိရုံသာမကဘဲ စွမ်းဆောင်မှုမျိုးလည်း ရှိရမည်။

"တခြားတစ်ဖက်က သူပဲ။ သူက တွမ့်မူထျန်းတဲ့။ သူက လွန်ခဲ့တဲ့ နှစ်သုံးသောင်းလောက်က စွမ်းအားကြီးပုဂ္ဂိုလ်ပဲ။ လူငယ်မျိုးဆက်ကတော့ သူ့ကို သိပါ့မလား မသိဘူး။ လွန်ခဲ့တဲ့ နှစ်သုံးသောင်းခန့်တုံးက မဟာလေဟာနယ်မျိုးစေ့ ပေါ်ထွက်လာဖူးတယ်လေ။ အဲဒီချိန်တုံးက ကမ္ဘာကြီးက ဖရိုဖရဲဖြစ်ပြီးတော့ အမည်မသိ ကုန်းမြေမှာလည်း စစ်ပွဲတွေဖြစ်လာခဲ့တာ။

အနက်ရောင်ကြာနယ်မြေနဲ့ အဖြူရောင်ကြာနယ်မြေတို့ကလည်း ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားခဲ့ရတယ်။ အသေအပျောက်လည်း အတော်လေး များခဲ့တယ်လေ။ အစိမ်းရောင်ကြာနယ်မြေကတော့ နည်းနည်း အခြေအနေ ပိုကောင်းခဲ့တာပေါ့။"

တွမ့်မူတျန်းက အဲ့ဒီမျိုးဆက်က ပေါ်ထွက်လာတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ အချိန်က သူရဲကောင်းကို ဖန်တီးတယ်ဆိုတဲ့ အတိုင်းပဲ နှစ်သုံးသောင်းတိုင်းမှာ အားကြီးတဲ့ ပုဂ္ဂိုလ်တွေ ထွက်ပေါ်လာလိမ့်မယ်။ အဲ့ဒါက စည်းမျဉ်းတစ်ခုလို ဖြစ်နေပြီ။"

ငယ်ရွယ်သည့် ကျင့်ကြံသူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အစ်ကိုယဲ့ ဒီတစ်ကြိမ် မဟာလေဟာနယ်မျိုးစေ့ ပေါ်ထွက်လာတာ နှစ်သုံးရာ ရှိပေမဲ့ စွမ်းအားကြီး ပုဂ္ဂိုလ် ထွက်ပေါ်မလာသေးဘူးပဲ။ လွန်ခဲ့တဲ့ နှစ်သုံးသောင်းခန့်က စွမ်းအားကြီး ပုဂ္ဂိုလ်က ထွက်ပေါ်လာတာ မဟာလေဟာနယ်မျိုးစေ့ကြောင့်များလား။ အဲဒီလိုဆိုရင် သူတို့တွေက ဘယ်ရောက်သွားတာလဲ။"

ယဲ့ဝူရှန်းဟု ခေါ်ဆိုသည့် အသက်ကြီးကြီးကျင့်ကြံသူက အစိမ်းရောင်ကြာနယ်မြေ၏ ယဲ့မျိုးနွယ်ဝင်တစ်ယောက်ဖြစ်၏။

"မဟာလေဟာနယ်မျိုးစေ့ ပျောက်ဆုံးသွားမှုက လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်နေတုံးပဲ။ စွမ်းအားကြီးပုဂ္ဂိုလ်တွေအတွက်ကတော့ ဘယ်သူတွေ သိမှာတုံး။ မိုးမြေရဲ့ အတားအဆီး အနှောင်အဖွဲ့တွေနဲ့ တစ်ခုခု ပတ်သက်နေမှာပေါ့။ မိုးမြေရဲ့ အနှောင်အဖွဲ့‌တွေဆိုတာက အားလုံးသိကြတာဆိုတော့ ရှင်းပြနေစရာ မလိုတော့ဘူး။ မင်းရော ရှေးဦးဥပဒေ စည်းမျဉ်းအကြောင်း ကြားမိလား"

ကျွန်တော်က တောအုပ်ဥပဒေကိုပဲ သိထားတာပါ။

ယဲ့ဝူရှန်းက ပြောလိုက်သည်။

"ရှေးဦးဥပဒေဆိုတာက ကမ္ဘာကြီးမှာရှိတဲ့ စွမ်းအင်‌တွေအားလုံးက အသက်ဓာတ်စွမ်းအား ရှိကြပြီးတော့ ရှေးဦးချီမှာလည်း ဇစ်မြစ်နဲ့ ဦးတည်ချက် ရှိတယ်။ လူသားတွေက ခက်ထန်သားရဲရဲ့ အသက်ဓာတ်နှလုံးသားကို ယူပြီးတော့ သူတို့ရဲ့ သက်တမ်းကို တိုးမြှင့်ပြီး ကောင်းကင်ဘုံ သွေဖယ်အောင် လုပ်ကြတယ်။

တခြားတစ်ဖက်မှာ ခက်ထန်သားရဲတွေကလည်း သူတို့ကိုယ်သူတို့ တိုးတက်အောင် လူသားတွေကို စားသုံးကြတယ်။ ကမ္ဘာကြီးမှာရှိတဲ့ လူအားလုံးက ထိန်းသိမ်းစောင့်ရှောက်ထားသင့်တယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ တည်ရှိမှုကို ထိန်းထားဖို့ကတော့ အတော်လေး ခက်ခဲတယ်လေ။ မဟာလေဟာနယ်ထဲမှာ တစ်ကြိမ်တစ်ခါ မျှချေထိန်းညှိသူဆိုတာ ပေါ်ထွက်လာတယ်။ နာမည်အတိုင်းပဲ ကမ္ဘာကြီးကို ပြိုလဲမသွားအောင် မျှချေ ပေးရတဲ့သူပေါ့။"

"..."

...

အခန်း (၁၁၅၇) အစိမ်းရောင်ကြာနယ်မြေမှ ယဲ့မျိုးနွယ် အပိုင်း(၂)

“အစ်ကိုယဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀၀၀တုန်းက စွမ်းအားကြီးပုဂ္ဂိုလ်တွေက မဟာလေဟာနယ်က လူတွေဖမ်းတာခံလိုက်ရတယ်လို့ပြောတာလား”

“ဖြစ်နိုင်ချေများတယ်” ယဲ့ဝူရှန်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ကြီးမြတ်တဲ့အရှင်သခင်တစ်ပါးရဲ့သက်တမ်းက ၃၀၀၀၀နားကပ်တယ်။ ဒါက သတ်မှတ်ထားပြီးသား။ အရာအားလုံးက ပြန်လည်မွေးဖွားခြင်း သံသရာဖြစ်လောက်တယ်”

ငယ်ရွယ်သော ကျင့်ကြံသူက သက်ပြင်းချလိုက်လေ၏။ “ဒါက ကျုပ်တို့ယဲ့မျိုးနွယ်က နောက်ဆုံးတော့ နှစ်ပေါင်း ၃၀၀၀၀ကြာပြီးမှ ကြီးမြတ်တဲ့အရှင်သခင်တစ်ပါးမွေးထုတ်နိုင်ခဲ့တာ”

“အခုတော့ ဒီအကြောင်းမပြောကြရအောင်။ လှုပ်ရှားမှုတစ်ခုရှိတယ်”

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး ရေကန်ဆီသွားလိုက်သည်။

ဘန်း ဘန်း ဘန်း

ရေခဲတုံးအတွင်းမှ အသံတစ်သံပေါ်ထွက်လာသည်။

သူတို့နှစ်ယောက်သည် တွမ့်မူရှန်းအထဲ၌ ပိတ်မိနေကြောင်းမသိသောကြောင့် သူတို့က ထိုဖြစ်ရပ်ကြောင့် ဇဝေဇဝါဖြစ်သွားသည်။ သူတို့က ရေကန်အလယ်ရှိကျွန်းဆီသို့ ဆက်လက် ပျံသန်းသွားသည်။

ဆယ့်ငါးမိနစ်ခန့်ပျံသန်းပြီးနောက် ယဲ့ဝူရှန်းက လက်မြှောက်လိုက်၏။

ယဲ့ဝူရှန်းက ကျွန်းကိုကြည့်လိုက်သည်။ ယင်းက ထူးဆန်းသည်ဟု သူ တွေးမိလိုက်သည်။

“ရှေ့ကနေရာကို လုဝူက ခဲထားတာ။ သူ ဘာကြောင့် အဲ့လိုလုပ်တာလဲ”

“သားရဲဧကရာဇ်တစ်ပါးရဲ့စွမ်းရည်ကို ပြသဖို့ဖြစ်လောက်တယ်။ အစ်ကိုယဲ့ ... ကန်ထဲက ငါးတွေကို ကြည့်ကြည့်။ အားလုံးခဲပြီးသေကုန်ပြီ။ ဒါက တောတွင်းဥပဒေရဲ့သာဓက တစ်ရပ်ပဲ”

ယဲ့ဝူရှန်းက သူ့ကိုကြည့်ပြီးပြောလိုက်၏။

“မဟုတ်ဘူး။ သားရဲဧကရာဇ်က ဒီလိုငါးလေးတွေနဲ့ ပုစွန်တွေကို ဂရုမစိုက်ဘူး။ ထူးဆန်းလိုက်တာ။"

ဘန်း ဘန်း ဘန်း

ရုတ်ရုတ်သဲသဲအသံက ပိုကျယ်လောင်ပြီးရင်း ကျယ်လောင်လာ၏။

ယဲ့ဝူရှန်းက မျက်မှောင်ကျုံ့လိုက်သည်။

“တစ်ယောက်ယောက်ဒီမှာရှိနေတာပဲ။ သွားကြည့်ကြရအောင်”

နှစ်ယောက်သားပျံသန်းသွားပြီးနောက် ရေခဲတုံးရှေ့၌ ဆင်းသက်လိုက်သည်။

ရုတ်တရက် လုဝူကဝေဟင်မှဆင်းသက်လာက တိမ်ကိုခွင်းလိုက်လေ၏။ သူက မိုးခြိမ်းသံဖြင့် အော်ဟစ်ပြီးနောက် ဆင်းသက်လိုက်တာဖြစ်သည်။

“ထွက်သွား”

လုဝူက သူတို့နှစ်ယောက်ဆီလက်သည်းဖြင့် ရိုက်ချလိုက်၏။

ဘန်း ဘန်း ဘန်း

ယဲ့ဝူရှန်းက ကြယ်တာရာဒိုင်ခွက်ကိုအမြန်ထုတ်လိုက်သည်။

သူ၏အဖော်ကမူ သူ၏အားနည်းသော ကျင့်ကြံဆင့်ကြောင့် ကံသိပ်မကောင်းခဲ့ပေ။ သူ၏ ကြယ်တာရာဒိုင်ခွက်ကို ထုတ်ခဲ့သော်ငြား လုဝူ၏လက်သည်းမှ လွဲယမ်းမှုသည် သူ၏ကြယ်တာရာဒိုင်ခွက်ကို ချိုင့်ဝင်သွားစေကာ သူ့ကို သွေးအန်သွားစေ၏။

“လုဝူ” ယဲ့ဝူရှန်းက အော်လိုက်သည်။

ဖုန်း

လုဝူက မြေပြင်ပေါ်ဆင်းသက်လိုက်၏။ ၎င်းက ခေါင်းငုံ့ထားကာ သူ၏မျက်လုံးက တောက်ပနေလျက် ယင်ကောင်များနှင့်တူသည့် လူသားနှစ်ယောက်ကို ကြည့်လိုက်၏။

“နိမ့်ကျတဲ့လူသားတွေ ... ငါ့နယ်မြေထဲကနေထွက်သွား”

ယဲ့ဝူရှန်းသည် လုဝူနှင့်တစ်တန်းတည်းရောက်သည်အထိ ပျံသန်းပြီးနောက် ပြောလိုက်၏။

“လုဝူ ... ငါက ယဲ့မျိုးနွယ်က ယဲ့ဝူရှန်း။ မလှုပ်ရှားခင် မင်း စဉ်းစားရမယ်”

“ယဲ့ကျန်း”

“ငါ ငြိမ်းချမ်းရေးအတွက်ရောက်လာတာ။ ကြီးမြတ်တဲ့အရှင်သခင်ယဲ့က မင်းကို ရှာဖို့ ငါ့ကိုအမိန့်ပေးလိုက်တယ်။ တစ်လကြာပြီးရင် သူက ချင်းယွင်တောင်မှာ ကြီးမြတ်တဲ့ဆရာသခင်ချင်နဲ့ တာအိုဆွေးနွေးပွဲလုပ်မှာ။ သူက မင်းကို တာအိုဆွေးနွေးပွဲမှာပါဖို့ ငါ့ကို ဖိတ်ခိုင်းလိုက်တာ။" ယဲ့ဝူရှန်းက ပြောလိုက်၏။

“သေးငယ်တဲ့တွားသွားသတ္တဝါလေးတစ်ကောင်က ငါနဲ့ဆွေးနွေးဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား” လုဝူက ပြောလိုက်၏။

“ဒီနေ့က အတိတ်နဲ့ကွာခြားသွားပြီ။ လုဝူ မင်း အမည်မသိကုန်းမြေ အတွင်းပိုင်းကို ပျံနိုင်သေးတယ်လို့ ထင်နေတာလား။ မင်းက ကြီးကျယ်ခမ်းနားတဲ့ သားရဲဧကရာဇ်တစ်ပါး။ မင်းရဲ့မျိုးနွယ်နဲ့ လူသားတွေဆီက ပုန်းနေရတာ အခဲမကြေမဖြစ်ဘူးလား” ယဲ့ဝူရှန်းက မေးလိုက်၏။

လုဝူက တစ်စုံတစ်ခုတွေးနေသည့်ပမာ ဆိတ်ဆိတ်သာနေနေ၏။

ယင်းကိုမြင်သောအခါ ယဲ့ဝူရှန်းက အခွင့်အရေးကို အမိဖမ်းဆုပ်လျက် မေးလိုက်သည်။

“မင်း အမည်မသိကုန်းမြေအတွင်းကို မပျံနိုင်ဘူးဆိုမှတော့ လူသားတွေနဲ့ပူးပေါင်းရုံပဲရှိတယ်။ ယဲ့မျိုးနွယ်က ကြီးမြတ်တဲ့ဆရာသခင်ယဲ့က အစစ်မှန်ဆုံးပဲ”

လုဝူက ဘာမှမပြောသေးပေ။

ယဲ့ဝူရှန်းက ပြောလိုက်၏။ “ဂရုတစိုက်စဉ်းစားကြည့်”

ယဲ့ဝူရှန်းက ပြန်ပြောလိုက်၏။ “ကြီးမြတ်တဲ့ဆရာသခင်ယဲ့က မင်းကို ဖိအားပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ လူသားမျိုးနွယ်တွေက မင်းကို ဆက်တိုက်နှောင့်ယှက်နေရုံပဲရှိမှာ။ ငါ မင်းကို ရှာနိုင်ရင် တခြားသူတွေလည်း မင်းကို ရှာနိုင်မှာပဲ။ မင်း တစ်သက်လုံးပုန်းနေနိုင်မယ်ထင်လား”

ဘန်း ဘန်း ဘန်း

ရေခဲတုံးအတွင်းမှ ရုတ်ရုတ်သဲသဲအသံသည် ပိုကျယ်လောင်လာပြီးရင်း ကျယ်လာ၏။

ယဲ့ဝူရှန်းက ရေခဲတုံးကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားတော့၏။ ရေခဲတုံးကို ကြည့်ပြီး သူပြောလိုက်၏။

ထိုစဉ် လုဝူက လှည့်ပြောလိုက်၏။ "ထွက်သွား ... ယဲ့ကျန်းကို ပြောလိုက်။ သူက မထိုက်တန်ဘူး”

“မင်း ...” ယဲ့ဝူရှန်းက ဤရလဒ်ပေါ်ထွက်လာမည်ဟု မထင်လားပေ။

ရုတ်တရက် ...

ဘန်း

တွမ့်မူရှန်းသည် လုဝူ၏ရေခဲစည်းတံဆိပ်မှဖောက်ထွက်ကာ ဝေဟင်ထဲပျံသန်းလာတော့သည်။ သူ၏လက်ထဲရှိ နယ်ရှင်လှံက ယခုအချိန်တွင် ရွှေရောင်နဂါးတစ်ကောင်နှင့် ဆင်တူနေ၏။ တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်နားတစ်ဝိုက်၌ ခရမ်းရောင်အငွေ့သည် ခရမ်းရောင်နဂါးနှစ်ကောင်ပမာ ရစ်ဝဲနေသည်။ သူ၏မျက်လုံးများ နက်မှောင်နေကာ သူ၏ခန္ဓာကိုယ်သည် သတ်ဖြတ်လိုစိတ်အရှိန်အဝါများ လွှမ်းခြုံနေ၏။

အနီးကပ်ကြည့်မည်ဆိုရင် ခရမ်းရောင်နဂါးအတွင်း အပြာရောင်ဖျော့ဖျော့တွေ့မြင်နိုင်သည်။

“သူ ပူးကပ်ခံနေရတာလား” ယဲ့ဝူရှန်းက မျက်မှောင်ကျုံ့မိသွား၏။

လက်ရှိတွင် ရေခဲစည်းတံဆိပ်ထဲမှဖောက်ထွက်လာသော တွမ့်မူရှန်းသည် လူတိုင်းကို ရန်သူအဖြစ်မြင်နေ၏။

“သေပေတော့” တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို ဆုပ်ကိုင်ကာ ယဲ့ဝူရှန်းနှင့် သူ၏အဖော်ဆီ တစ်ဟုန်ထိုး တိုးဝင်သွား၏။

လုဝူက ၎င်း၏လက်ကို ရုတ်တရက်မြှောက်လိုက်သည်။

ဘန်း

လုဝူက တွမ့်မူရှန်းကို ရေခဲကန်ထဲ ရိုက်ချလိုက်သည်။

ရေကန်မျက်နှာပြင်ပေါ်ရှိ ရေခဲမျက်နှာပြင်သည် ချက်ချင်းအက်ကွဲသွားတော့သည်။

ပြီးနောက် လုဝူက ယဲ့ဝူရှန်းဖက်လှည့်ပြောကာ ကြုံးဝါးလိုက်၏။

“ငါ ပြောနေတယ် ထွက်သွား”

ယဲ့ဝူရှန်းက အံကြိတ်လျက် လုဝူကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။

“လုဝူ ... မင်း ဒါကို နောင်တရလိမ့်မယ်” ပြီးနောက် သူ၏အဖော်ကိုခေါ်ကာ ကမ်းစပ်သို့ လျှောက်သွားလိုက်သည်။

ကမ်းစပ်သို့ ရောက်သောအခါ ယဲ့ဝူရှန်းသည် သူ၏အဖော်ကို မြေပြင်ပေါ်ဆင်းသက်နိုင်အောင် ကူညီပေးပြီး ပြောလိုက်တော့သည်။

“လုဝူက ဒီလောက်ကျေးဇူးကန်းလိမ့်မယ်လို့ မထင်ထားဘူး။" ယဲ့ဝူရှန်းက ပြောလိုက်သည်။

“အစ်ကိုယဲ့ အခုကျုပ်တို့ဘာလုပ်သင့်သလဲ။"

ယဲ့ဝူရှန်းက ရုတ်တရက်ပြောလိုက်လေ၏။

“အဲ့ဒီလူက ရွှေကြာနယ်မြေက ဖြစ်ရမယ်။ သူက အလွန်သန်မာတဲ့ မဟာလေဟာနယ်ပိုင်ဆိုင်ထားတာ”

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“မင်း နားမလည်ပါဘူး။ ငါ နောက်မှရှင်းပြမယ်။ လုဝူက ပူးကပ်ခံထားရတဲ့လူသားနဲ့ ဘာလို့ ပတ်သက်နေလဲဆိုတာပဲ။ အမျိုးမျိုးသော ကြီးမြတ်တဲ့ဆရာသခင်တွေသာ ဒီအကြောင်းရှာတွေ့သွားရင် ဘယ်လောက်စိတ်ဝင်စားစရာကောင်းမလဲ”

“အစ်ကိုယဲ့ပြောနေတာက ...”

“သူ့ပုံစံကိုကြည့်ရင် သူ နတ်ဆိုးဖြစ်သွားတာ မကြာသေးဘူး။ သူ့ရဲ့ယိုယွင်းတိုက်စားခြင်းစွမ်းအင်က အလွန်သန်မာတယ်။ သူက လုဝူရဲ့အဆီအနှစ်ကြောင့်ပဲ အသက်ရှင်နေတာ။ လုဝူက သူ့ကို မစားဘူးဆိုတော့ သူ တန်ဖိုးရှိလို့ပဲဖြစ်ရမယ်။ အခု လုဝူရဲ့တည်နေရာပေါ်သွားပြီဆိုတော့ သူ သေချာပေါက် ရွေ့ပြောင်းမှာပဲ။ ဒီသတင်းကို တတ်နိုင်သမျှ မြန်မြန်ဖြန့်ရမယ်” ယဲ့ဝူရှန်းက ပြောပြီးနောက် အဆောင်တစ်ခုကို မီးမြှိုက်လိုက်၏။

ဝှစ်

ရုတ်တရက် လေထဲတွင် တစ်စုံတစ်ခုက ယဲ့ဝူရှန်းဆီ တိုးဝင်လာ၏။ သူက ခေါင်းမော့ကြည့်လိုက်ရာ သူ့ဆီတိုးဝင်လာသည့် စွမ်းအင်ဓားမော့ကို တွေ့လိုက်ရ၏။ သူ လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူက လေထဲတစ်ပတ်လည်သွားပြီးနောက် စွမ်းအင်ဓားမော့ကို ရှောင်လိုက်သည်။

ထိုစဉ် ချန်ဟွမ်းက အပေါ်ကနေ ဧရာမခေါင်းကို ငုံ့လိုက်၏။

ဝတ်ရုံဖြူဖြင့် ယဲ့ထျန်းရှင်းက ရပ်နေကာ ယဲ့ဝူရှန်းကို ကြည့်နေသည်။

ယဲ့ထျန်းရှင်းနောက်တွင် လက်တစ်ဖက်ကို လက်နောက်ပစ်ထားလျက် မတ်တပ်ရပ်ကာ ယဲ့ဝူရှန်းကို ကြည့်နေသည့် လုကျိုးလည်း ရှိနေ၏။

ယဲ့ဝူရှန်းက ရင်ထဲ ထိတ်ကနဲဖြစ်သွားတော့သည်။ ရန်သူက ဤမျှနီးကပ်နေသော်ငြား သူ ဘာကိုမှ အာရုံမခံခဲ့မိပေ။ ထို့အပြင် ဧရာမသားရဲတစ်ကောင်လည်းရှိ၏။

“သားရဲဘုရင်”

လုကျိုးက ယဲ့ဝူရှန်းကို ကြည့်ပြီးပြောလိုက်၏။

“မင်းကို မေးခွန်းတစ်ခုမေးမယ်။ မင်းလုပ်ရာမှာက အမှန်အတိုင်းဖြေဖို့ပဲ”

လုကျိုးက ခေါင်းခါပြီး ထူးမခြားနားပြောလိုက်၏။

“မင်း ငါ မျက်နှာသာပေးတာကို ဘယ်လိုတန်ဖိုးမှန်း တကယ်မသိဘူးပဲ”

လုကျိုးက လက်မြှောက်ပြီး လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်သုံးလိုက်၏။

ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ယဲ့ဝူရှန်းဆီ တိုးဝင်သွား၏။

ဘန်း

သူ၏လက်နှစ်ဖက်ဖြင့် ပိတ်ဆို့လိုက်သော်ငြား ယဲ့ဝူရှန်းသည် မီတာတချို့နောက်ဆုတ်လိုက်ရသည်။ သူက ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွား၏။

“ရွှေကြာကျင့်ကြံသူတွေ”

လုကျိုးက ခြေအသာဖော့နင်းလျက် ချန်ဟွမ်း၏ခေါင်းပေါ်ကနေ ပျံသန်းလိုက်သည်။ လက်ဝါးစည်းတံဆိပ်က သူ့ရန်သူ၏ခွန်အားကို စစ်ဆေးရန်ရည်ရွယ်ထားတာဖြစ်သည်။ သူ၏ရန်သူ၌ အကြမ်းဖျင်း မွေးဖွားဇယားချပ် ၈ချပ်ရှိကြောင်း မှန်းဆမိ၏။ ဆိုလိုသည်က သူ၏ရန်သူသည် သူနှင့်မွေးဖွားဇယားချပ် အရေအတွက်တူညီ၏။ သို့သော်ကွာဟချက်က သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားပိုင်ဆိုင်ထားသည်။

လုကျိုးက ဝေဟင်ထဲပျံသန်းသွားကာ မြင့်မားလှသည့် ရှေးသစ်ပင်အလယ်၌ ပျံဝဲနေ၏။ သူ၏လက်က ထိုက်တောင်တန်းပမာ ခိုင်မြဲနေလျက် ဖိချလာသည်။

ယဲ့ဝူရှန်းက သူ၏ရန်သူသည် သူတို့တွေ့ဆုံသည်နှင့်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ သူက ကြယ်တာရာဒိုင်ခွက်ကို အမြန်ဖွဲ့တည်လျက် လေထဲတွင်ထလိုက်သည်။ ကြယ်တာရာဒိုင်ခွက်က ပိုကြီးမားလာလျက် ၎င်း၏အနီးပတ်ဝန်းကျင်ထဲရှိ သစ်ပင်များကို ဖြတ်တောက်သွား၏။

ဖုန်း

‌ရွှေဝါရောင်လက်ဝါးစည်းတံဆိပ်က ကျရောက်လာ၏။

ဂျွတ်

ယဲ့ဝူရှန်းက ညည်းတွားပြီး ဒူးတစ်ဖက်ထောက်ကျသွားသည်။

ဘန်း

မြေပြင်ပေါ်၌ အပေါက်တစ်ပေါက်ပေါ်လာလေ၏။

ယဲ့ဝူရှန်း၏သွေးနှင့် ချီသွေးများ ဆန်တက်လာပြီး သူ၏ထူးကဲချီသွေးကြောရှစ်ခု၏ စီးဆင်းမှုက ပရမ်းပတာဖြစ်သွားသည်။ သူ၏လက်နှစ်ဖက်က ထုံကျဉ်သွားကာ ကြယ်တာရာဒိုင်ခွက်၌ အချိုင့်တစ်ခုရှိနေ၏။

နောက်ဆုံး၌ သူ ပြောလိုက်သည်။ “ရပ်ပါတော့ ... ကျေးဇူးပြုပြီးရပ်ပါတော့။ ကျွန်တော်ပြောပါ့မယ် ချန်းပေ့။ ကျေးဇူးပြုပြီး မေးပေးပါ”

လုကျိုးက အင်္ကျီလက်ကိုဝေ့ယမ်းလိုက်ရာ လက်ဝါးစည်းတံဆိပ်က ပျောက်ကွယ်သွား၏။

“လတ်တလောနတ်ဆိုးပူးကပ်ခံနေတဲ့လူက ကျွန်းအလယ်မှာရှိနေတာလို့ ပြောလိုက်တာလား”

“ဟုတ်ပါတယ်” ယဲ့ဝူရှန်းက ရှုံ့မဲ့နေသော အမူအရာဖြင့် ပြောလိုက်တော့သည်။

...

ာသည်။ သူက သူတို့ကို ခြုံငုံကြည့်ပြီးသည့်နောက်တွင် ရွှေရောင်ထိုက်ရွီကြေးမုံကို ထုတ်ယူကာ ထိုသူနှစ်ဦးအပေါ် အလင်းထုတ်လွှတ်လိုက်သည်။

သူ့မွေးဖွားဇယားချပ် ၈ခုနှင့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားဖြင့် သူတို့တွင် ပိုမိုအားကောင်းသည့် ရတနာများ ရှိမနေသရွေ့ ဤကြေးမုံကို လုယူသွားမည်ကို မကြောက်ပေ။

ရွှေရောင်ထိုက်ရွီကြေးမုံ၏ အလင်းတန်းအောက်တွင် အစိမ်းရောင်ကြာပွင့်နှစ်ခု ပေါ်ထွက်လာသည်။

ယဲ့ဝူရှန်းက မွေးဖွားဇယားချပ်၈ခုရှိထားပြီး သူ့အပေါင်းအပါက ‌မွေးဖွားဇယားချပ် ၅ခု ရှိလေသည်။

အကယ်၌ သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကြောင့်သာ မဟုတ်လျှင် လုကျိုးကသူတို့နှစ်ဦးကို ဖြေရှင်းဖို့အားစိုက်ထုတ်ရလိမ့်မည်။ အမည်မသိကုန်းမြေက အင်မတန်အန္ဓရာယ်များပြားလွန်းလှ၏။

ဤခရီးစဉ်အတွင်း ချန်ဟွမ်းက သတိတကြီးဖြင့် သားရဲဘုရင်များရှိသည့် နေရာများကို ရှောင်ရှားခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် သူတို့၏ ခရီးစဉ်သည် အတော်လေး ချောမွေ့နေခဲ့၏။

အမြင်စွမ်းအားဖြင့် တွမ့်မူရှန်း မြင်ခဲ့သည့်အချိန်အတွင်း ကျယ်ပြောသည့် ရေကန်ကြီးကို အမှတ်ရလိုက်သည်။ ထိုအရာက လူတစ်ယောက်ကိုရှာဖို့ ခက်ခဲလှသော်လည်း ဤကျယ်ပြောလှသည့် ရေကန်ကြီးကို ရှာတွေ့ဖို့ရာ သိပ်မခက်ခဲလှပေ။

"မင်းတို့က အစိမ်းရောင်ကြာနယ်မြေကလား" လုကျိုးက မေးလိုက်သည်။

"ဟုတ်ပါတယ်" ယဲ့ဝူရှန်းက ခေါင်းညိတ်လိုက်သည်။

"မင်းနာမည်က ဘယ်သူလဲ"

"ယဲ့ဝူရှန်းပါ" ယဲ့ဝူရှန်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူထပ်ပြောလိုက်သည်။

"အစိမ်းရောင်ကြာနယ်မြေရဲ့ ယဲ့မျိုးနွယ်ဝင် ယဲ့ဝူရှန်းပါ။ ဒါက ကျုပ် ညီလေး ယဲ့ချန်ပါ"

"အစိမ်းရောင်ကြာနယ်မြေရဲ့ ယဲ့မျိုးနွယ်လား"

လုကျိုးက ရှေ့တစ်လှမ်းတိုးလာခဲ့သည်။

ယဲ့ဝူရှန်းက ပြောလာခဲ့သည်။

"ကျုပ်က အမိန့်အတိုင်းလိုက်လုပ်ရုံပါ"

လုကျိုးက ယဲ့ဝူရှန်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သို့နားမလည်ဘဲ နေမည်နည်း။ သူက ယဲ့ဝူရှန်းကိုကြည့်ကာ မေးလိုက်သည်။

"မင်းကငါ့ကို ယဲ့မျိုးနွယ်နဲ့လာပြီး ခြိမ်းခြောက်နေတာလား"

လုကျိုး၏ ဟန်ပန်နှင့် အပြောအဆိုပေါ်မူတည်၍ ယဲ့ဝူရှန်းက လုကျိုးသည် ကျင့်ကြံဆင့်မြင့်မားကြောင်း သေချာသွားခဲ့သည်။ ထို့ကြောင့်သူက လုကျိုးအား အလျင်အမြန် ပြောလိုက်၏။

"ကျုပ် မလုပ်ရဲပါဘူး"

လုကျိုးက အလယ်တွင် ရှိနေသည့် ကျွန်းကို လှမ်းကြည့်ကာဆက်မေးလိုက်သည်။

"မင်းတို့တွေ လုဝူကို မြင်မိလား"

ယဲ့ဝူရှန်းက ခေါင်းညိတိလိုက်သည်။

"သူက ကျွန်းပေါ်မှာ ရှိပါတယ်"

"မင်းတို့က မွေးဖွားဇယားချပ် ၈ခုလောက်နဲ့ လုဝူကို လာရှာရဲတယ်ပေါ့။ သေမှာ မကြောက်ဘူးလား" လုကျိုးကမေးလိုက်သည်။

မွေးဖွားဇယားချပ် ၁၃ ခုရှိသည့် လန်ရှီဟယ်ပင် လုဝူနှင့်အတော်လေး တိုက်ခိုက်ခဲ့ရသည်။ သို့သော် အနိုင်ရရှိသူကို ဆုံးဖြတ်ဖို့ရာ မဖြစ်နိုင်ပေ။ လုဝူ၏ စွမ်းအားက မွေးဖွားဇယားချပ် ၁၃ခုထက် ပိုမို အားကောင်းကြောင်း သိသာလှ၏။ ကျန်ပေ့ပတ်လမ်း တိုက်ပွဲမှာ လုဝူကစွမ်းအားအပြည့် ထုတ်မသုံးခဲ့ခြင်း ဖြစ်နေနိုင်သည်။

မွေးဖွားဇယားချပ် ၈ခုဖြင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း သို့မဟုတ် အနက်ရောင်မျှော်စင်အဖွဲ့အစည်းတွင် ထားရှိပါက အကဲဖြတ်သူများသာ ဖြစ်နေလိမ့်မည်။

အစိမ်းရောင်ကြာနယ်မြေက နယ်မြေအတွင်း မွေးဖွားဇယားချပ် ၈ခု ကျင့်ကြံသူများက မည်သို့ဖြစ်မည်ကို ဘယ်သူက သိမည်နည်း။

"လုဝူက အတော်လေး ဉာဏ်ကောင်းတယ်။ ပြီးတော့ အကောင်းအကျိုးကိုလည်း ချင့်ချိန်နိုင်တယ်။ တကယ်လို့ ကျုပ်သေသွားရင် ယဲ့မျိုးနွယ်က လုဝူကို သေချာပေါက် အမဲလိုက်ကြမှာပဲ။ သူ့အနေနဲ့ မလိုလားအပ်တဲ့ ရန်သူ ဖွဲ့ဖို့မလိုဘူးလေ"

ခရုလေးက မျက်မှောင်ကြုတ်လိုက်သည်။

"ရှစ်စွင်း သူက ထပ်ပြီး ခြိမ်းခြောက်နေပြန်ပြီ"

ယဲ့ဝူရှန်း "..."

ဒုတိယအတွေးဖြင့် ယဲ့ဝူရှန်းက သူ့စကားများသည် ခြိမ်းခြောက်မှုနှင့်တူနေကြောင်း တွေးမိသွားသည်။ ထို့ကြောင့် သူက ရှင်းပြလိုက်၏။

"ဒါက ကျုပ် မရည်ရွယ်ပါဘူး။ ချန်းပေ့က မေးခွန်း‌ မေးလာတယ်ဆိုမှတော့ ကျုပ်က ဘေးကင်းကင်း ထွက်သွားနိုင်အောင် အဖြေကို ဖြေပေးရုံပါ"

လုကျိူးက ခေါင်းညိတ်ကာပြောလိုက်သည်။

"အခု မင်းကို ယုံလိုက်မယ်။ မင်းက အစိမ်းရောင်ကြာနယ်မြေကနေ ရောက်လာတာလား။ ဘယ်အချိန်ထွက်လာတာလဲ"

"လွန်ခဲ့တဲ့ သုံးလကပါ"

"သုံးလ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ သုံးလအတွင်း ဒီကိုရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သင်္ကေတလမ်းကြောင်းကနေလား" လုကျိုးက မေးလိုက်သည်။

ယဲ့ဝူရှန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"အစိမ်းရောင်ကြာနယ်မြေရဲ့ ဂိုဏ်းအကြီးကြီးတွေက သူတို့ရဲ့ ကိုယ်ပိုင်သင်္ကေတလမ်းကြောင်း ရှိကြပါတယ်"

လုကျိုးက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ဆက်မေးလိုက်သည်။

"ဝေ့ကျန်းနန်ကို သိလား"

ယဲ့ဝူရှန်းနှင့်ယဲ့ချန်တို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ခေါင်းယမ်းလိုက်ကြသည်။

"သူ့ကို မကြားဖူးပါဘူး"

"အဲဆိုရင် ချင်မော့ရှန်းရော"

ယဲ့ဝူရှန်းက မျက်လုံးအနည်းငယ် ပြူးသွားသည်။

"ချင်မျိုးနွယ်ရဲ့ သခင်လေးကို ပြောတာလား"

ယဲ့ဝူရှန်းက ယဲ့ချန်ကို ဆွဲကာ နောက်အနည်းငယ်ဆုတ်လိုက်၏။

လုကျိုးက ပြောလိုက်သည်။

"မင်းတို့ ရပ်လိုက်တာ ကောင်းမယ်"

နှစ်ဦးသားက ဆက်ပြီး မလှုပ်ရှားရဲကြတော့ပေ။

လုကျိုးက ‌ရှေးဦးချီကို ထုတ်လွှတ်ထားခြင်း မရှိသလို ဘာမှမလှုပ်ရှားခဲ့ပေ။ ယဲ့ထျန်းရှင်းနှင့် ခရုလေးတို့ကလည်း မလှုပ်ရှားခဲ့ပေ။

သုံးဦးသားက နှစ်ဦးကို တည်ငြိမ်စွာကြည့်‌နေလေ၏။

နှစ်ဦးက တစ်ဖက်လူဆီမှ ခြိမ်းခြောက်မှုကို ခံစားမိနေသည်။

"မင်းတို့တွေ ချင်မော့ရှန်းကို သိလား" လုကျိုးက မေးလိုက်သည်။

"ချန်းပေ့ တကယ်လို့ ခင်ဗျားက ချင်မျိုးနွယ်ဝင်ဆိုရင် ကျုပ်တို့အကြောင်း ဘာမှပြောနေစရာ မလိုဘူး။ ချင်မော့ရှန်းလိုမျိုး အကျိုးအကြောင်းမသင့်တဲ့သူက အနှေးနဲ့အမြန် သင်ခန်းစာ ပေးခံရမှာပဲ" ယဲ့ဝူရှန်းက ထပ်ပြောလိုက်သည်။

လုကျိုးက သိချင်စွာ မေးလိုက်၏။

"မင်းတို့က ချင်မော့ရှန်းနဲ့ ရန်ငြိုး ရှိတာလား"

"အဲလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယဲ့မျိုးနွယ်နဲ့ ချင်မျိုးနွယ်က ဘယ်တုန်းကမှ တည့်ခဲ့တာ မဟုတ်ဘူး။ အမြင်မတူမှတော့ ကွဲပြားတဲ့ လမ်းစဥ်တွေစီ ဦးတည်နေတာပေါ့။ တကယ်လို့ ကျုပ်ကို သတ်သတ် အသက်ရှင်ရက် ထားထား ခင်ဗျားစိတ်တိုင်းကျ လုပ်နိုင်တယ်" ယဲ့ဝူရှန်းက အံကြိတ်ကာ ပြောလိုက်သည်။

ယဲ့ဝူရှန်း၏ တုံ့ပြန်မှုပေါ်မူတည်၍ သူ လိမ်ညာနေခြင်း ဖြစ်ဟန်မပေါ်ပေ။ ထို့အပြင် သူ့အသက်ကို စွန့်စားပြီး လိမ်ညာဖို့ပင်မလိုပေ။ ရန်သူ၏ ရန်သူက မိတ်ဆွေ မဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ သူတို့က တူညီသည့် စိတ်ဝင်စားမှုမျိုး ရှိသည် မဟုတ်ပါလော။

လုကျိုးက ပြောလိုက်သည်။

"မင်းက သူနဲ့ ရန်ငြိုးရှိတာပဲဖြစ်ဖြစ် မဖြစ်ဖြစ် ငါက သူ့ကို သေချာပေါက် လွှတ်ပေးမှာမဟုတ်ဘူး"

ယဲ့ဝူရှန်းက နှလုံးခုန်တစ်ချက် မြန်သွားမိသည်။

အဲဆိုတော့ သူတို့ကြားမှာ ရန်ငြိုးရှိနေတာလား...

ထို့နောက် ယဲ့ဝူရှန်းက မေးလိုက်သည်။

"ချင်မော့ရှန်းက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားတယ်လို့ ကြားတယ်။ အဲဒါက..."

လုကျိုးက ပြောလိုက်သည်။

"မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးတာ သူ့ကို လွှတ်ပေးတာလို့တောင် မှတ်ယူလို့ရတယ်။ တကယ်လို့ ငါ သူ့ကို ထပ်တွေ့ရင် သေချာပေါက် သူ့အသက်ကို ယူပြမယ်"

"..."

ယဲ့ဝူရှန်းက ယဲ့ချန်ကို ဆွဲကာဒူးထောက်လိုက်သည်။

"ကျုပ်တို့တွေက ချင်မော့ရှန်းကို သိပါတယ်။ သူက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးပြီးတဲ့နောက်မှာ ဆရာသခင်ချင်ရဲ့ လေ့ကျင့်ရေးခန်းမဆောင်အတွင်းမှာ အားဖြည့်နေတာပါ။ ချန်းပေ့အနေနဲ့ သူ့ကိုရှာဖို့ ခက်ခဲလိမ့်မယ်။ ဆရာသခင်ချင်က..."

ယဲ့ဝူရှန်းက ဆရာသခင်ချင်၏ ကျင့်ကြံဆင့်သည် နက်နဲကြောင်း ပြောပြလိုသော်လည်း ထိုစကားများက လုကျိုးထံ မလေးစားသလို ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် သူက ထိုစကားများကို ပြန်မြိုသိပ်ကာ ပြောလိုက်သည်။

"ဆရာသခင်ချင်က ချင့်မော့ရှန်းကို အတော်လေး အလေးထားတယ်"

"ဆရာသခင်တဲ့လား"

ယဲ့ဝူရှန်းက ပြောလိုက်သည်။

"ချန်းပေ့ ကျုပ်ဆီမှာ မေးခွန်းတစ်ခု ရှိပါတယ်"

"ပြော"

"ချန်းပေ့က ရွှေကြာနယ်မြေကလား" ယဲ့ဝူရှန်းက မေးလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။

ယဲ့ဝူရှန်းက ဆက်ပြောလိုက်သည်။

"တခြားတစ်ဖက်ရဲ့ ကျင့်ကြံသူတွေက အတော်လေး အားနည်းတယ်လို့ ကြားတယ်။ သူတို့တွေက ဆရာသခင်အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်သေးဘူးပဲ။ နမူနာနဲ့ဆိုရင် ဆရာသခင်ချင်က မွေးဖွားစမ်းသပ်ချက် ၂ခု ကို အောင်မြင်ပြီးတော့ နှစ်သုံးသောင်းလောက် နေခဲ့တဲ့သူလေ"

လုကျိုးက ပြောဖို့ပင်အချိန်မရှိသေးခင် ခရုလေးက နှာခေါင်းရှုံ့ကာ ‌ဝင်ပြောလိုက်သည်။

"အသက်ကြီးလိုက်တာ"

ယဲ့ဝူရှန်း "..."

မမလေး အဲဒါက အဓိကအချက်ဟုတ်လို့လား...

"နှစ်သုံးသောင်းတဲ့လား" လုကျိုးက မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

ယဲ့ဝူရှန်းက လုကျိုး၏ တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားမိ၏။

လုကျိုးသည် ဒုတိယစမ်းသပ်ချက်ကို အောင်မြင်ထားပြီလားဟု စဉ်းစားနေအိသည်။ သို့သော်လည်း စောစောလေး လက်ဝါးစည်းတံဆိပ်က မရိုးရှင်းလှပေ။ ထိုအရာက ပထမ မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ထားတဲ့ သူဆီမှ ထွက်ပေါ်လာခြင်း မဖြစ်နိုင်ပေ။

ထို့နောက် သူသည် လုကျိုးသည် သူ့စကားများကို သံသယရှိနေကြောင်း ကောက်ချက်ချသွားမိသည်။ ထို့ကြောင့် သူကပြောလိုက်၏။

"ကျုပ်က မလိမ်ရဲပါဘူး။ ဆရာသခင်ချင်က အတော်လေးကို နာမည်ကြီးပြီးတော့ မွေးဖွားဇယားချပ် ၁၂ခုလုံးကို အောင်မြင်ထားတာ ကြာလှပြီ။ ဒုတိယ‌မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ပြီးတဲ့နောက်မှာ မွေးဖွားဇယားချပ်တစ်ခုချင်းစီက နှစ်သုံးထောင်စီ သက်တမ်း ချီးမြင့်ပေးတယ်လေ။ ဒါက ချန်းပေ့ဆီမှာ ကျုပ်ရဲ့ဗဟုသုတတွေကို ထုတ်ပြီး ကြွားဝါတာ မဟုတ်ပါဘူး"

"ကိစ္စမရှိဘူး ငါ့ကို အသေးစိတ်ပြော။ ရွှေရောင်ကြာနယ်မြေရဲ့ ကျင့်ကြံရေးလမ်းစဉ်က မင်းတို့တွေနဲ့ ကွဲပြားတယ်" လုကျိုးက ပြောလိုက်သည်။

ကွဲပြားတယ်တဲ့လား အော် မထူးဆန်းတော့ပါဘူး...

ယဲ့ဝူရှန်းက ရုတ်တရက်သဘောပေါက်သွားခဲ့သည်။

"ရွှေကြာနယ်မြေထဲမှာ မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ မလိုတာလား"

"အင်း ငါက မင်းကိုမေးနေတာ မင်းက ငါ့ကို မေးနေတာမဟုတ်ဘူး" လုကျိုးက ပြောလိုက်သည်။

ယဲ့ဝူရှန်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ဒုတိယ‌မြောက်မွေးဖွားစမ်းသပ်ချက်ကို အောက်မြင်ပြီးတဲ့နောက်မှာ ပွင့်ချပ်ထွက်တဲ့ ဖြစ်စဉ်က အောင်မြင်ပြီးရင် မွေးဖွားနန်းဆောင်က ကျယ်ပြန့်လာပြီးတော့ မိုးမြေရဲ့အတားအဆီးက လျော့ကျသွားလိမ့်မယ်။ ဒါပေမဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ လိုအပ်ချက်ကတော့ အတော်လေးကို ပြင်းထန်လာလိမ့်မယ်"

လုကျိုးက လန်ရှီဟယ်သည် မွေးဖွားစမ်းသပ်ချက်၂ခုကို အောင်မြင်ထားသော်လည်း ၁၁ ခုမြောက်ပွင့်ချပ်ကို မထွက်ပေါ်နိုင်ကြောင်း အမှတ်ရသွားခဲ့၏။ မွေးဖွားဇယားချပ် ၁၃ကို အသက်သွင်းပြီးသည့်နောက်တွင် သူမ၏ သက်တမ်းက တိုးပွားလာခြင်းမရှိဘဲ သတ်တမ်း နှစ်သုံးထောင်ကိုပင် ဆုံးရှုံးသွားခဲ့ရသည်။

"ဆရာသခင်ချင်က မွေးဖွားစမ်းသပ်ချက်၃ခုကို အောင်မြင်ထားတယ်လို့ ပြောတယ်မလား" လုကျိုးက မေးလိုက်သည်။

"ဟုတ်ပါတယ်။ အဲဒီအကြောင်းကို ဘယ်သူ့ကို မေးမေးရပါတယ်။ ကျုပ်က မလိမ်ပါဘူး။ ပြီးတော့ ချင်မော့ရှန်းနဲ့ ရန်ငြိုး ရှိနေတာ သိတော့ အဲဒီကောင်စုတ်လေး အသတ်ခံရဖို့ မစောင့်နိုင်တော့ဘူး " ယဲ့ဝူရှန်းက ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်၏။

"အခု ဆရာသခင်ချင်က ဘယ်မှာလဲ"

"ဆရာသခင်ချင်နဲ့ ဆရာသခင်ယဲ့တို့က ချင်းယွင်တောင်ထိပ်ပေါ်မှာ တစ်လတာ ဆွေးနွေးပွဲ ရှိပါတယ်။ တကယ်လို့ အလိုရှိတယ်ဆိုရင်တော့ ကျုပ်က ခေါ်သွားပေးနိုင်ပါတယ်" ယဲ့ဝူရှန်းက ဤသို့အခွင့်အခါကောင်းမျိုးကို မည်သို့လက်လွှတ်ခံမည်နည်း။

လုကျိုးက ခေါင်းအသာရမ်းလိုက်သည်။

"ငါ့မှာ အရေးကြီး လုပ်စရာရှိသေးတယ်။ မင်းရဲ့ ဆရာသခင်ချင်ကို ငါ အချိန်ရရင် တရားမျှတမှုအတွက် လာရှာမယ်လို့ ပြောလိုက်"

ယဲ့ဝူရှန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့"

"ပြီးတော့ မင်း လုဝူကိစ္စကို လျှို့ဝှက်ထားတာ ကောင်းလိမ့်မယ်" လုကျိုးက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

လုကျိုးက လက်ဝှေ့လိုက်၏။

သူတိုက ကပ်ဘေးမှ လွတ်မြောက်လာသည့်အလား ယဲ့ဝူရှန်းက ယဲ့ချန်ကိုခေါ်ကာ တောအုပ်အတွင်း ပြေးဝင်သွားတော့သည်။

....

တစ်နာရီကြာ ပျံသန်းလာပြီးသည့်နောက်တွင် သူတို့က ရုတ်တရက် ရပ်တန့်လိုက်၏။

"အစ်ကိုယဲ့ ဒီလူကအရမ်းကို အားကောင်းလွန်းတယ်။ ကျွန်တော်တို့တွေ သူ့ကို ချောဆွဲထားသင့်တာ"

ယဲ့ချန်က ယဲ့ဝူရှန်းသည် ဤသို့အလျင်အမြန် ထွက်လာသည်ကို စိတ်ရှုပ်ထွေးနေမိ၏။

"မင်း နားမလည်ပါဘူး" ယဲ့ဝူရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။

"တကယ်တော့ ငါက သူ့ကို ချင်းယွင်တောင်ထိပ်ကို တာအိုဆွေးနွေးဖို့ ဖိတ်ခဲ့ပေမဲ့ သူက ငြင်းဆန်ခဲ့တယ်။ ရွှေကြာနယ်မြေမှာ မွေးဖွားစမ်းသပ်ချက်ကို မလိုဘူးဆိုတာတော့ မယုံဘူး။ သူ့တုံ့ပြန်မှူအရ ဆရာသခင်အကြောင်း ပြောတဲ့အချိန်မှာသူက အများဆုံး မွေးဖွားစမ်းသပ်ချက် ၂ ခုကိုပဲ ဖြတ်ကျော်ပြီးလောက်တယ်လို့ ထင်တယ်”

"မွေးဖွားစမ်းသပ်ချက်၂ခုတဲ့လား။ အဲဆိုရင် မွေးဖွားဇယားချပ် ၁၂ခုပဲ ရှိနေဦးမှာပေါ့။ ကျုပ်တို့တွေ သူ့ကို ရန်စလို့တော့ မရသေးဘူး"

ယဲ့ဝူရှန်းက မျက်လုံးမှိတ်ကာ ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ။ ငါက ဘာလို့များ ထွက်ပြေးလာတယ် ထင်တုံး"

...

အခန်း (၁၁၅၈) မွေးဖွားစမ်းသပ်ချက်သုံးခု၊ နှစ်သုံးသောင်း

ယဲ့ဝူရှန်း၏ အမူအရာက အတော်လေးပျက်ယွင်းသွားခဲ့သည်။ သူ့အပေါင်းအပါက သူ့ဘေးကို နောက်ဆုတ်လာပြီး မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသလိုမျိုး ‌ဖြစ်နေလေ၏။ သူတို့က လုကျိုးနှင့် တခြားသူများကို သတိထားကာ ကြည့်လိုက်သည်။

လုကျိုးက ခုန်ဆင်းလာပြီး သူတို့နှစ်ဦးရှေ့မှောက် ရောက်ရှိလာသည်။ သူက သူတို့ကို ခြုံငုံကြည့်ပြီးသည့်နောက်တွင် ရွှေရောင်ထိုက်ရွီကြေးမုံကို ထုတ်ယူကာ ထိုသူနှစ်ဦးအပေါ် အလင်းထုတ်လွှတ်လိုက်သည်။

သူ့မွေးဖွားဇယားချပ် ၈ခုနှင့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားဖြင့် သူတို့တွင် ပိုမိုအားကောင်းသည့် ရတနာများ ရှိမနေသရွေ့ ဤကြေးမုံကို လုယူသွားမည်ကို မကြောက်ပေ။

ရွှေရောင်ထိုက်ရွီကြေးမုံ၏ အလင်းတန်းအောက်တွင် အစိမ်းရောင်ကြာပွင့်နှစ်ခု ပေါ်ထွက်လာသည်။

ယဲ့ဝူရှန်းက မွေးဖွားဇယားချပ်၈ခုရှိထားပြီး သူ့အပေါင်းအပါက ‌မွေးဖွားဇယားချပ် ၅ခု ရှိလေသည်။

အကယ်၌ သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကြောင့်သာ မဟုတ်လျှင် လုကျိုးကသူတို့နှစ်ဦးကို ဖြေရှင်းဖို့အားစိုက်ထုတ်ရလိမ့်မည်။ အမည်မသိကုန်းမြေက အင်မတန်အန္ဓရာယ်များပြားလွန်းလှ၏။

ဤခရီးစဉ်အတွင်း ချန်းဟွမ်က သတိတကြီးဖြင့် သားရဲဘုရင်များရှိသည့် နေရာများကို ရှောင်ရှားခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် သူတို့၏ ခရီးစဉ်သည် အတော်လေး ချောမွေ့နေခဲ့၏။

အမြင်စွမ်းအားဖြင့် တွမ့်မူရှန်း မြင်ခဲ့သည့်အချိန်အတွင်း ကျယ်ပြောသည့် ရေကန်ကြီးကို အမှတ်ရလိုက်သည်။ ထိုအရာက လူတစ်ယောက်ကိုရှာဖို့ ခက်ခဲလှသော်လည်း ဤကျယ်ပြောလှသည့် ရေကန်ကြီးကို ရှာတွေ့ဖို့ရာ သိပ်မခက်ခဲလှပေ။

"မင်းတို့က အစိမ်းရောင်ကြာနယ်မြေကလား" လုကျိုးက မေးလိုက်သည်။

"ဟုတ်ပါတယ်" ယဲ့ဝူရှန်းက ခေါင်းညိတ်လိုက်သည်။

"မင်းနာမည်က ဘယ်သူလဲ"

"ယဲ့ဝူရှန်းပါ" ယဲ့ဝူရှန်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူထပ်ပြောလိုက်သည်။

"အစိမ်းရောင်ကြာနယ်မြေရဲ့ ယဲ့မျိုးနွယ်ဝင် ယဲ့ဝူရှန်းပါ။ ဒါက ကျုပ် ညီလေး ယဲ့ချန်ပါ"

"အစိမ်းရောင်ကြာနယ်မြေရဲ့ ယဲ့မျိုးနွယ်လား"

လုကျိုးက ရှေ့တစ်လှမ်းတိုးလာခဲ့သည်။

ယဲ့ဝူရှန်းက ပြောလာခဲ့သည်။

"ကျုပ်က အမိန့်အတိုင်းလိုက်လုပ်ရုံပါ"

လုကျိုးက ယဲ့ဝူရှန်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သို့နားမလည်ဘဲ နေမည်နည်း။ သူက ယဲ့ဝူရှန်းကိုကြည့်ကာ မေးလိုက်သည်။

"မင်းကငါ့ကို ယဲ့မျိုးနွယ်နဲ့လာပြီး ခြိမ်းခြောက်နေတာလား"

လုကျိုး၏ ဟန်ပန်နှင့် အပြောအဆိုပေါ်မူတည်၍ ယဲ့ဝူရှန်းက လုကျိုးသည် ကျင့်ကြံဆင့်မြင့်မားကြောင်း သေချာသွားခဲ့သည်။ ထို့ကြောင့်သူက လုကျိုးအား အလျင်အမြန် ပြောလိုက်၏။

"ကျုပ် မလုပ်ရဲပါဘူး"

လုကျိုးက အလယ်တွင် ရှိနေသည့် ကျွန်းကို လှမ်းကြည့်ကာဆက်မေးလိုက်သည်။

"မင်းတို့တွေ လုဝူကို မြင်မိလား"

ယဲ့ဝူရှန်းက ခေါင်းညိတိလိုက်သည်။

"သူက ကျွန်းပေါ်မှာ ရှိပါတယ်"

"မင်းတို့က မွေးဖွားဇယားချပ် ၈ခုလောက်နဲ့ လုဝူကို လာရှာရဲတယ်ပေါ့။ သေမှာ မကြောက်ဘူးလား" လုကျိုးကမေးလိုက်သည်။

မွေးဖွားဇယားချပ် ၁၃ ခုရှိသည့် လန်ရှီဟယ်ပင် လုဝူနှင့်အတော်လေး တိုက်ခိုက်ခဲ့ရသည်။ သို့သော် အနိုင်ရရှိသူကို ဆုံးဖြတ်ဖို့ရာ မဖြစ်နိုင်ပေ။ လုဝူ၏ စွမ်းအားက မွေးဖွားဇယားချပ် ၁၃ခုထက် ပိုမို အားကောင်းကြောင်း သိသာလှ၏။ ကျန်ပေ့ပတ်လမ်း တိုက်ပွဲမှာ လုဝူကစွမ်းအားအပြည့် ထုတ်မသုံးခဲ့ခြင်း ဖြစ်နေနိုင်သည်။

မွေးဖွားဇယားချပ် ၈ခုဖြင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း သို့မဟုတ် အနက်ရောင်မျှော်စင်အဖွဲ့အစည်းတွင် ထားရှိပါက အကဲဖြတ်သူများသာ ဖြစ်နေလိမ့်မည်။

အစိမ်းရောင်ကြာနယ်မြေက နယ်မြေအတွင်း မွေးဖွားဇယားချပ် ၈ခု ကျင့်ကြံသူများက မည်သို့ဖြစ်မည်ကို ဘယ်သူက သိမည်နည်း။

"လုဝူက အတော်လေး ဉာဏ်ကောင်းတယ်။ ပြီးတော့ အကောင်းအကျိုးကိုလည်း ချင့်ချိန်နိုင်တယ်။ တကယ်လို့ ကျုပ်သေသွားရင် ယဲ့မျိုးနွယ်က လုဝူကို သေချာပေါက် အမဲလိုက်ကြမှာပဲ။ သူ့အနေနဲ့ မလိုလားအပ်တဲ့ ရန်သူ ဖွဲ့ဖို့မလိုဘူးလေ"

ခရုလေးက မျက်မှောင်ကြုတ်လိုက်သည်။

"ရှစ်စွင်း သူက ထပ်ပြီး ခြိမ်းခြောက်နေပြန်ပြီ"

ယဲ့ဝူရှန်း "..."

ဒုတိယအတွေးဖြင့် ယဲ့ဝူရှန်းက သူ့စကားများသည် ခြိမ်းခြောက်မှုနှင့်တူနေကြောင်း တွေးမိသွားသည်။ ထို့ကြောင့် သူက ရှင်းပြလိုက်၏။

"ဒါက ကျုပ် မရည်ရွယ်ပါဘူး။ ချန်းပေ့က မေးခွန်း‌ မေးလာတယ်ဆိုမှတော့ ကျုပ်က ဘေးကင်းကင်း ထွက်သွားနိုင်အောင် အဖြေကို ဖြေပေးရုံပါ"

လုကျိူးက ခေါင်းညိတ်ကာပြောလိုက်သည်။

"အခု မင်းကို ယုံလိုက်မယ်။ မင်းက အစိမ်းရောင်ကြာနယ်မြေကနေ ရောက်လာတာလား။ ဘယ်အချိန်ထွက်လာတာလဲ"

"လွန်ခဲ့တဲ့ သုံးလကပါ"

"သုံးလ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ သုံးလအတွင်း ဒီကိုရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သင်္ကေတလမ်းကြောင်းကနေလား" လုကျိုးက မေးလိုက်သည်။

ယဲ့ဝူရှန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"အစိမ်းရောင်ကြာနယ်မြေရဲ့ ဂိုဏ်းအကြီးကြီးတွေက သူတို့ရဲ့ ကိုယ်ပိုင်သင်္ကေတလမ်းကြောင်း ရှိကြပါတယ်"

လုကျိုးက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ဆက်မေးလိုက်သည်။

"ဝေ့ကျန်းနန်ကို သိလား"

ယဲ့ဝူရှန်းနှင့်ယဲ့ချန်တို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ခေါင်းယမ်းလိုက်ကြသည်။

"သူ့ကို မကြားဖူးပါဘူး"

"အဲဆိုရင် ချင်မော့ရှန်းရော"

ယဲ့ဝူရှန်းက မျက်လုံးအနည်းငယ် ပြူးသွားသည်။

"ချင်မျိုးနွယ်ရဲ့ သခင်လေးကို ပြောတာလား"

ယဲ့ဝူရှန်းက ယဲ့ချန်ကို ဆွဲကာ နောက်အနည်းငယ်ဆုတ်လိုက်၏။

လုကျိုးက ပြောလိုက်သည်။

"မင်းတို့ ရပ်လိုက်တာ ကောင်းမယ်"

နှစ်ဦးသားက ဆက်ပြီး မလှုပ်ရှားရဲကြတော့ပေ။

လုကျိုးက ‌ရှေးဦးချီကို ထုတ်လွှတ်ထားခြင်း မရှိသလို ဘာမှမလှုပ်ရှားခဲ့ပေ။ ယဲ့ထျန်းရှင်းနှင့် ခရုလေးတို့ကလည်း မလှုပ်ရှားခဲ့ပေ။

သုံးဦးသားက နှစ်ဦးကို တည်ငြိမ်စွာကြည့်‌နေလေ၏။

နှစ်ဦးက တစ်ဖက်လူဆီမှ ခြိမ်းခြောက်မှုကို ခံစားမိနေသည်။

"မင်းတို့တွေ ချင်မော့ရှန်းကို သိလား" လုကျိုးက မေးလိုက်သည်။

"ချန်းပေ့ တကယ်လို့ ခင်ဗျားက ချင်မျိုးနွယ်ဝင်ဆိုရင် ကျုပ်တို့အကြောင်း ဘာမှပြောနေစရာ မလိုဘူး။ ချင်မော့ရှန်းလိုမျိုး အကျိုးအကြောင်းမသင့်တဲ့သူက အနှေးနဲ့အမြန် သင်ခန်းစာ ပေးခံရမှာပဲ" ယဲ့ဝူရှန်းက ထပ်ပြောလိုက်သည်။

လုကျိုးက သိချင်စွာ မေးလိုက်၏။

"မင်းတို့က ချင်မော့ရှန်းနဲ့ ရန်ငြိုး ရှိတာလား"

"အဲလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယဲ့မျိုးနွယ်နဲ့ ချင်မျိုးနွယ်က ဘယ်တုန်းကမှ တည့်ခဲ့တာ မဟုတ်ဘူး။ အမြင်မတူမှတော့ ကွဲပြားတဲ့ လမ်းစဥ်တွေစီ ဦးတည်နေတာပေါ့။ တကယ်လို့ ကျုပ်ကို သတ်သတ် အသက်ရှင်ရက် ထားထား ခင်ဗျားစိတ်တိုင်းကျ လုပ်နိုင်တယ်" ယဲ့ဝူရှန်းက အံကြိတ်ကာ ပြောလိုက်သည်။

ယဲ့ဝူရှန်း၏ တုံ့ပြန်မှုပေါ်မူတည်၍ သူ လိမ်ညာနေခြင်း ဖြစ်ဟန်မပေါ်ပေ။ ထို့အပြင် သူ့အသက်ကို စွန့်စားပြီး လိမ်ညာဖို့ပင်မလိုပေ။ ရန်သူ၏ ရန်သူက မိတ်ဆွေ မဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ သူတို့က တူညီသည့် စိတ်ဝင်စားမှုမျိုး ရှိသည် မဟုတ်ပါလော။

လုကျိုးက ပြောလိုက်သည်။

"မင်းက သူနဲ့ ရန်ငြိုးရှိတာပဲဖြစ်ဖြစ် မဖြစ်ဖြစ် ငါက သူ့ကို သေချာပေါက် လွှတ်ပေးမှာမဟုတ်ဘူး"

ယဲ့ဝူရှန်းက နှလုံးခုန်တစ်ချက် မြန်သွားမိသည်။

အဲဆိုတော့ သူတို့ကြားမှာ ရန်ငြိုးရှိနေတာလား...

ထို့နောက် ယဲ့ဝူရှန်းက မေးလိုက်သည်။

"ချင်မော့ရှန်းက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားတယ်လို့ ကြားတယ်။ အဲဒါက..."

လုကျိုးက ပြောလိုက်သည်။

"မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးတာ သူ့ကို လွှတ်ပေးတာလို့တောင် မှတ်ယူလို့ရတယ်။ တကယ်လို့ ငါ သူ့ကို ထပ်တွေ့ရင် သေချာပေါက် သူ့အသက်ကို ယူပြမယ်"

"..."

ယဲ့ဝူရှန်းက ယဲ့ချန်ကို ဆွဲကာဒူးထောက်လိုက်သည်။

"ကျုပ်တို့တွေက ချင်မော့ရှန်းကို သိပါတယ်။ သူက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးပြီးတဲ့နောက်မှာ ဆရာသခင်ချင်ရဲ့ လေ့ကျင့်ရေးခန်းမဆောင်အတွင်းမှာ အားဖြည့်နေတာပါ။ ချန်းပေ့အနေနဲ့ သူ့ကိုရှာဖို့ ခက်ခဲလိမ့်မယ်။ ဆရာသခင်ချင်က..."

ယဲ့ဝူရှန်းက ဆရာသခင်ချင်၏ ကျင့်ကြံဆင့်သည် နက်နဲကြောင်း ပြောပြလိုသော်လည်း ထိုစကားများက လုကျိုးထံ မလေးစားသလို ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် သူက ထိုစကားများကို ပြန်မြိုသိပ်ကာ ပြောလိုက်သည်။

"ဆရာသခင်ချင်က ချင့်မော့ရှန်းကို အတော်လေး အလေးထားတယ်"

"ဆရာသခင်တဲ့လား"

ယဲ့ဝူရှန်းက ပြောလိုက်သည်။

"ချန်းပေ့ ကျုပ်ဆီမှာ မေးခွန်းတစ်ခု ရှိပါတယ်"

"ပြော"

"ချန်းပေ့က ရွှေကြာနယ်မြေကလား" ယဲ့ဝူရှန်းက မေးလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။

ယဲ့ဝူရှန်းက ဆက်ပြောလိုက်သည်။

"တခြားတစ်ဖက်ရဲ့ ကျင့်ကြံသူတွေက အတော်လေးအားနည်းတယ်လို့ကြားတယ်။ သူတို့တွေက ဆရာသခင်အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်သေးဘူးပဲ။ နမူနာနဲ့ဆိုရင် ဆရာသခင်ချင်က မွေးဖွားစမ်းသပ်ချပ် ၂ခု ကို အောင်မြင်ပြီးတော့ နှစ်သုံးသောင်းလောက် နေခဲ့တဲ့သူလေ"

လုကျိုးက ပြောဖို့ပင်အချိန်မရှိသေးခင် ခရုလေးက နှာခေါင်းရှုံ့ကာ ‌ဝင်ပြောလိုက်သည်။

"အသက်ကြီးလိုက်တာ"

ယဲ့ဝူရှန်း "..."

မမလေး အဲဒါက အဓိကအချက်ဟုတ်လို့လား...

"နှစ်သုံးသောင်းတဲ့လား" လုကျိုးက မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

ယဲ့ဝူရှန်းက လုကျိုး၏ တုန့်ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားမိ၏။

လုကျိုးသည် ဒုတိယစမ်းသပ်ချက်ကို အောင်မြင်ထားပြီလားဟု စဉ်းစားနေအိသည်။ သို့သော်လည်း စောစောလေး လက်ဝါးစည်းတံဆိပ်က မရိုးရှင်းလှပေ။ ထိုအရာက ပထမ မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ထားတဲ့ သူဆီမှ ထွက်ပေါ်လာခြင်း မဖြစ်နိုင်ပေ။

ထို့နောက် သူသည် လုကျိုးသည် သူ့စကားများကို သံသယရှိနေကြောင်း ကောက်ချက်ချသွားမိသည်။ ထို့ကြောင့် သူကပြောလိုက်၏။

"ကျုပ်က မလိမ်ရဲပါဘူး။ ဆရာသခင်ချင်က အတော်လေးကို နာမည်ကြီးပြီးတော့ မွေးဖွားဇယားချပ် ၁၂ခုလုံးကို အောင်မြင်ထားတာ ကြာလှပြီ။ ဒုတိယ‌မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ပြီးတဲ့နောက်မှာ မွေးဖွားဇယားချပ်တစ်ခုချင်းစီက နှစ်သုံးထောင်စီ သက်တမ်း ချီးမြင့်ပေးတယ်လေ။ ဒါက ချန်းပေ့ဆီမှာ ကျုပ်ရဲ့ဗဟုသုတတွေကို ထုတ်ပြီး ကြွားဝါတာ မဟုတ်ပါဘူး"

"ကိစ္စမရှိဘူး ငါ့ကို အသေးစိတ်ပြော။ ရွှေရောင်ကြာနယ်မြေရဲ့ ကျင့်ကြံရေးလမ်းစဉ်က မင်းတို့တွေနဲ့ ကွဲပြားတယ်" လုကျိုးက ပြောလိုက်သည်။

ကွဲပြားတယ်တဲ့လား အော် မထူးဆန်းတော့ပါဘူး...

ယဲ့ဝူရှန်းက ရုတ်တရက်သဘောပေါက်သွားခဲ့သည်။

"ရွှေကြာနယ်မြေထဲမှာ မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ မလိုတာလား"

"အင်း ငါက မင်းကိုမေးနေတာ မင်းက ငါ့ကို မေးနေတာမဟုတ်ဘူး" လုကျိုးက ပြောလိုက်သည်။

ယဲ့ဝူရှန်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ဒုတိယ‌မြောက်မွေးဖွားစမ်းသပ်ချက်ကို အောက်မြင်ပြီးတဲ့နောက်မှာ ပွင့်ချပ်ထွက်တဲ့ ဖြစ်စဉ်က အောင်မြင်ပြီးရင် မွေးဖွားနန်းဆောင်က ကျယ်ပြန့်လာပြီးတော့ မိုးမြေရဲ့အတားအဆီးက လျော့ကျသွားလိမ့်မယ်။ ဒါပေမဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ လိုအပ်ချက်ကတော့ အတော်လေးကို ပြင်းထန်လာလိမ့်မယ်"

လုကျိုးက လန်ရှီဟယ်သည် မွေးဖွားစမ်းသပ်ချက်၂ခုကို အောင်မြင်ထားသော်လည်း ၁၁ ခုမြောက်ပွင့်ချပ်ကို မထွက်ပေါ်နိုင်ကြောင်း အမှတ်ရသွားခဲ့၏။ မွေးဖွားဇယားချပ် ၁၃ကို အသက်သွင်းပြီးသည့်နောက်တွင် သူမ၏ သက်တမ်းက တိုးပွားလာခြင်းမရှိဘဲ သတ်တမ်း နှစ်သုံးထောင်ကိုပင် ဆုံးရှုံးသွားခဲ့ရသည်။

"ဆရာသခင်ချင်က မွေးဖွားစမ်းသပ်ချက်၃ခုကို အောင်မြင်ထားတယ်လို့ ပြောတယ်မလား" လုကျိုးက မေးလိုက်သည်။

"ဟုတ်ပါတယ်။ အဲဒီအကြောင်းကို ဘယ်သူ့ကို မေးမေးရပါတယ်။ ကျုပ်က မလိမ်ပါဘူး။ ပြီးတော့ ချင်မော့ရှန်းနဲ့ ရန်ငြိုး ရှိနေတာ သိတော့ အဲဒီကောင်စုတ်လေး အသတ်ခံရဖို့ မစောင့်နိုင်တော့ဘူး " ယဲ့ဝူရှန်းက ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်၏။

"အခု ဆရာသခင်ချင်က ဘယ်မှာလဲ"

"ဆရာသခင်ချင်နဲ့ ဆရာသခင်ယဲ့တို့က ချင်းယွင်တောင်ထိပ်ပေါ်မှာ တစ်လတာ ဆွေးနွေးပွဲ ရှိပါတယ်။ တကယ်လို့ အလိုရှိတယ်ဆိုရင်တော့ ကျုပ်က ခေါ်သွားပေးနိုင်ပါတယ်" ယဲ့ဝူရှန်းက ဤသို့အခွင့်အခါကောင်းမျိုးကို မည်သို့လက်လွှတ်ခံမည်နည်း။

လုကျိုးက ခေါင်းအသာရမ်းလိုက်သည်။

"ငါ့မှာ အရေးကြီး လုပ်စရာရှိသေးတယ်။ မင်းရဲ့ ဆရာသခင်ချင်ကို ငါ အချိန်ရရင် တရားမျှတမှုအတွက် လာရှာမယ်လို့ ပြောလိုက်"

ယဲ့ဝူရှန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့"

"ပြီးတော့ မင်း လုဝူကိစ္စကို လျှို့ဝှက်ထားတာ ကောင်းလိမ့်မယ်" လုကျိုးက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

လုကျိုးက လက်ဝှေ့လိုက်၏။

သူတိုက ကပ်ဘေးမှ လွတ်မြောက်လာသည့်အလား ယဲ့ဝူရှန်းက ယဲ့ချန်ကိုခေါ်ကာ တောအုပ်အတွင်း ပြေးဝင်သွားတော့သည်။

....

တစ်နာရီကြာ ပျံသန်းလာပြီးသည့်နောက်တွင် သူတို့က ရုတ်တရက် ရပ်တန့်လိုက်၏။

"အစ်ကိုယဲ့ ဒီလူကအရမ်းကို အားကောင်းလွန်းတယ်။ ကျွန်တော်တို့တွေ သူ့ကို ချောဆွဲထားသင့်တာ"

ယဲ့ချန်က ယဲ့ဝူရှန်းသည် ဤသို့အလျင်အမြန် ထွက်လာသည်ကို စိတ်ရှုပ်ထွေးနေမိ၏။

"မင်း နားမလည်ပါဘူး" ယဲ့ဝူရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။

"တကယ်တော့ ငါက သူ့ကို ချင်းယွင်တောင်ထိပ်ကို တာအိုဆွေးနွေးဖို့ ဖိတ်ခဲ့ပေမဲ့ သူက ငြင်းဆန်ခဲ့တယ်။ ရွှေကြာနယ်မြေမှာ မွေးဖွားစမ်းသပ်ချက်ကို မလိုဘူးဆိုတာတော့ မယုံဘူး။ သူ့တုံ့ပြန်မှုအရ ဆရာသခင်အကြောင်း ပြောတဲ့အချိန်မှာသူက အများဆုံး မွေးဖွားစမ်းသပ်ချက် ၂ ခုကိုပဲ ဖြတ်ကျော်ပြီးလောက်တယ်လို့ ထင်တယ်”

"မွေးဖွားစမ်းသပ်ချက်၂ခုတဲ့လား။ အဲဆိုရင် မွေးဖွားဇယားချပ် ၁၂ခုပဲ ရှိနေဦးမှာပေါ့။ ကျုပ်တို့တွေ သူ့ကို ရန်စလို့တော့ မရသေးဘူး"

ယဲ့ဝူရှန်းက မျက်လုံးမှိတ်ကာ ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ။ ငါက ဘာလို့များ ထွက်ပြေးလာတယ် ထင်တုန်း"

All Chapters