← Chapters

အခန်း (၁၁၅၉-၁၁၆၁)

Vol. 78 Ch. 1159-1161

အခန်း (၁၁၅၉-၁၁၆၁)

Vol. 78 Ch. 1159-1161

အခန်း (၁၁၅၉) လုဝူကို တိုက်ခိုက်ပြီး တပည့်ကို ရိုက်နှက်ခြင်း

ထိုစဉ် လုကျိုး၊ ယဲ့ထျန်းရှင်းနှင့် ခရုလေးသည် ရေကန်အလယ်ရှိ ကျွန်း၏အစပ်သို့ ရောက်လာတော့သည်။

ယဲ့ထျန်းရှင်းက သံသယများဖြင့် မေးလိုက်တော့၏။

“ရှစ်စွင်း နယ်မြေဘယ်နှခုရှိတာလဲ။"

လုကျိုးက လက်နောက်ပစ်ထားလျက်ပြောလိုက်သည်။

“ငါ့ရဲ့မှန်းဆမှုမှန်မယ်ဆိုလို့ရှိရင် မဟာလေဟာနယ်နဲ့ အမည်မသိကုန်းမြေကို ထည့်မတွက်ရင် တသားတည်းဖြစ်ခဲ့ဖူးတဲ့နယ်မြေက ကိုးခုရှိလောက်တယ်”

ခရုလေးက လက်မြှောက်လျက် လက်ချောင်းများဖြင့် စတင်ရေတွက်ကာ ပြောလိုက်လေ၏။

“ဒါဆို ကျွန်မတို့မသိသေးတဲ့နယ်မြေနှစ်ခုရှိသေးတာပေါ့”

ဒီရှောင်ယွမ်အာရဲ့အမူအကျင့်က ကူးစက်စေတာလား ...

“ကျန့်ဝမ်ရွှီးက လိမ်ညာခဲ့ပြီး ရွှေကြာကျင့်ကြံသူတွေကို နဝမမြောက်ပွင့်ချပ်မဖူးပွင့်စေခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ တောတွင်းဥပဒေက အစစ်အမှန်ပဲ။ နယ်မြေတိုင်းက ရွှေကြာနယ်မြေကို ခြိမ်းခြောက်နိုင်စွမ်းရှိတယ်”

ခရုလေးက ပြောလိုက်၏။

“အဲ့လိုတော့မဟုတ်ဘူး။ သူက အစောတုန်းက မျှခြေထိန်းသိမ်းသူတွေအကြောင်းတစ်ခုခုပြောခဲ့တယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေက ညီမတို့တွေကို ကာကွယ်ပေးနိုင်တဲ့ မျှခြေထိန်းသိမ်းသူတွေ ဖြစ်လောက်တယ်။ အမည်မသိကုန်းမြေက ဘယ်လိုပဲဖြစ်ဖြစ် ကျယ်ပြောလွန်းတာလေ။ တခြားနယ်မြေတွေဆီ သွားဖို့မလိုလောက်ဘူး”

ယဲ့ထျန်းရှင်းက ပြောလိုက်၏။

“ဒါပေမဲ့ အစ်မတို့တွေ သူတို့နဲ့ဒီမှာတွေ့တာပဲ”

သူတို့သည် ဤနေရာတွင် ယဲ့ဝူရှန်းနှင့် ယဲ့ချန်းတို့ကို တွေ့သောကြောင့် နောင်ကျနယ်မြေနှစ်ခု မတွေ့ဖို့က မဖြစ်နိုင်ပေ။

ခရုလေး၏နှုတ်ခမ်းက တွန့်သွားသော်ငြား မပြောခဲ့ပေ။

လုကျိုးက ခရုလေးကို တစ်ချက်ကြည့်ပြီးနောက် မျက်နှာထက်တွင် အပြုံးဖျော့ဖျော့တစ်ခုပေါ်လာကာ ပြောလိုက်တော့သည်။

“လန်ရှီဟယ်ကလည်း မျှခြေထိန်းသိမ်းသူပဲ။ ဒါ့အပြင် သူက မဟာလေဟာနယ်ကလေ။ မဟာလေဟာနယ်က အချုပ်အခြာပိုင်စိုးပြီး နယ်မြေကိုးခုထဲမှာ မျှခြေကို ထိန်းသိမ်းနိုင်တာ”

ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်သည်။

ထိုစဉ်

ဗွမ်း ...

ရေကန်ထဲမှ ရေများပန်းထွက်လာ၏။

နယ်ရှင်လှံက ဝေဟင်ထဲပေါ်ထွက်လာကာ လှံထိပ်ဖျား၌ ရွှေရောင်နဂါးများ ရစ်ခွေနေတော့သည်။ ယင်းက ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုဖြစ်၏။

ပြီးနောက် ပုံရိပ်တစ်ခုက ရေမျက်နှာပြင်ကို ဖောက်ထွက်လာတော့သည်။ သူ၏ခန္ဓာကိုယ်ကို ခရမ်းစိမ်းရောင် စွမ်းအင်များ ရစ်ဝဲထားလျက် ခရမ်းရောင်နဂါးနှစ်ကောင်က သူ၏ခန္ဓာကိုယ်နားတစ်ဝိုက် ရှိနေသည်။ သူ၏မျက်လုံးက မည်းမှောင်နေကာ အလင်းဖျော့ဖျော့ ဖြာထွက်နေ၏။

“အဲဒါ ဘယ်သူလဲ ... စန်းရှစ်ရှိုးလား”

လုကျိုးက ပျံသန်းသွားလျက်ပြောလိုက်၏။

“ချန်ဟွမ်းနဲ့နေ”

“နားလည်ပါပြီ”

“နားလည်ပါပြီ”

လုဝူရှိရာနေရာက အလွန်အန္တရာယ်များသည့်နေရာဖြစ်မှာ ကြိမ်းသေ၏။

လုကျိုးက အံ့ဩသွားတော့သည်။ ထိုလူကသာ တွမ့်မူရှန်းဆိုလျှင် သူသည် ထိုမျှကြီးကျယ်သော စွမ်းအားကို ဖော်ထုတ်နိုင်ရန် မတော်တဆတစ်ခုခု ကြုံတွေ့ခဲ့တာပဲဖြစ်ရမည်။

ရေကန်တစ်ဖက်ခြမ်းတွင်ဖြစ်သည်။

ယဲ့ဝူရှန်းနှင့် ယဲ့ချန်းက သစ်ပင်တစ်ပင်အောက်တွင်ရပ်နေလျက် အဝေးမှကျွန်းကို ကြည့်လိုက်သည်။

“သူလှုပ်ရှားပြီ”

“အစ်ကိုယဲ့ သူက တကယ်သတ္တိရှိတာပဲ”

“စောင့်ကြည့်ကြတာပေါ့”

ယဲ့ဝူရှန်းသည် လုကျိုးက မွေးဖွားဇယားချပ် ၁၂ခုသာရှိမည်ဟု ခန့်မှန်းမိသော်ငြား မသေချာပေ။

လုကျိုးက လုဝူခဲထားသောနေရာနားသို့ လျှပ်ပြက်သောအရှိန်ဖြင့် ရောက်ချလာသည်။ သူက ကောင်းကင်ထဲ ဘွားကနဲထွက်လာသည့်ပုံရိပ်ကိုကြည့်ပြီးအော်လိုက်၏။

“တွမ့်မူရှန်း”

ရေကန်ထဲမှထွက်လာကာ ခရမ်းရောင်စွမ်းအင်များ လွှမ်းခြုံနေသည့်သူက သူ၏တတိယတပည့်ပဲ ဖြစ်သည်။

ဗွမ်း ...

လုဝူက ကောင်းကင်ထဲရုတ်တရက်ပျံသန်းလျက် တွမ့်မူရှန်းကို ရိုက်ချလိုက်၏။

ဗွမ်း ...

တွမ့်မူရှန်းက ကျောက်တုံးတစ်တုံးပမာ ရေထဲပြုတ်ကျသွားပြန်သည်။

လုဝူက လေဟုန်စီးလျက် ဆက်လက်ပျံသန်းလာသည်။ ၎င်း၏မျက်လုံးကို အနည်းငယ် ဖွင့်လိုက်သောအခါ လေထဲပျံဝဲနေသော လုကျိုးကို တွေ့လိုက်ရ၏။ ၎င်း၏ခန္ဓာကိုယ်ကို လုကျိုးဆီ ချက်ချင်း ခုန်အုပ်လိုက်၏။ ကနဦးချီများစတင်ပေါ်ထွက်လာ၏။

“မင်းက လူသားပဲ” လုဝူ၏လက်သည်းက အလင်းအောက်တွင် စိမ်းဖန့်နေ၏။

လုကျိုးသည် လုဝူ၏ဘယ်ဖက်ရှေ့ခြေထောက်ပေါ်ရှိဒဏ်ရာက တဝက်ကျော်ပျောက်ကင်းသွားပြီမှန်း သတိပြုမိ၏။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများသည် အပြည့်အဝနီးပါး ကုသပြီးပြီဖြစ်ကာ မမြင်ရသလောက်ပင်။ သားရဲဧကရာဇ်တစ်ပါး၏ ကုသရေးစွမ်းအားက တကယ် ကြောက်မက်ဖွယ်ကောင်း၏။

လုကျိုးသည် လက်နှစ်ဖက်ဖြင့်လက်ဝါးစည်းတံဆိပ်တချို့ ထုတ်သုံးလိုက်၏။

သူ့ရှေ့၌ ရွှေရောင်လက်ဝါးစည်းတံဆိပ်တစ်ဒါဇင်ခန့်သည် တောင်တန်းများပမာဖွဲ့တည်လျက် လုဝူကို ပိတ်ဆို့ထားသည်။

ဘန်း ဘန်း ဘန်း

တိုက်ခိုက်နေစဉ် လုကျိုးက လုဝူ၏တိုက်ခိုက်မှုအကျယ်အဝန်းအပြင်ဖက်သို့ ဆုတ်ခွာသွား၏။

လုဝူက ဆင်းသက်လျက်ပြောလိုက်သည်။

“မင်း ငါ့ကို တကယ်ရှာတွေ့တာပဲ”

လုကျိုး၏မျက်လုံးက သတ်ဖြတ်လိုစိတ်များပြည့်နေကာ စိမ်းတောက်ကာ ပြောလိုက်တော့သည်။

“မိစ္ဆာကောင် ... ဒီနေ့ ငါ မင်းအသက်ကို နုတ်မယ်”

ပြောရန်မလို ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ဦးသည် ထူးခြားမှုမပါဘဲ လုကျိုးကို အနိုင်မယူနိုင်မှန်းသိ၏။ လက်ဖဝါးဖြန့်လိုက်ချိန်၌ အသေရိုက်ချက်ကတ်တစ်ကတ်ပေါ်လာသည်။ လုဝူ၏အာရုံက လူသားများထက် ပိုသန်မာသည်။ လုကျိုး၏သတ်ဖြတ်လိုစိတ်ကို ခံနိုင်သောကြောင့် အလိုလိုပင် နောက်တစ်လှမ်း ဆုတ်သွားသည်။ ဆိုရလျှင် ၎င်း၏နှလုံးများထဲမှတစ်ခုသည် လုကျိုးဖျက်ဆီးတာ ခံလိုက်ရပြီးဖြစ်၏။ မည်ကဲ့သို့ မကြောက်ရွံ့မှန်းနေမည်နည်း။

လုဝူက ၎င်း၏နှလုံးကဲ့သို့ အသက်ဓာတ်နှလုံးသားများစွာရှိသည်။ သီအိုရီထဲ၌ လုကျိုးသည် လုဝူကို သတ်ရန် ၎င်း၏နှလုံးသားအားလုံးကို ဖျက်ဆီးရမှာပဲဖြစ်သည်။ ထို့အပြင် ၎င်း၏အံ့ဩဖွယ် ကုသရေးစွမ်းအင်ကိုလည်း လျစ်လျူရှုထားလို့မရပေ။

သားရဲဘုရင်များအဖို့ ထူးကဲသာလွန်ဆုံးကတောင် အလွန်ဆုံး အသက်ဓာတ်နှလုံးသားတစ်ခုနှစ်ခုသာ ရှိသည်။ သာမန်သားရဲဘုရင်များ၌ နှလုံးသားတစ်ခုသာရှိ၏။ သူတို့က အင်မတန်မြင့်မားသော ဉာဏ်ရည်နှင့် ထူးကဲသောစွမ်းအင်များပိုင်ဆိုင်ထားသည့် သားရဲဧကရာဇ်များနှင့် မယှဉ်နိုင်ပေ။

ချန်ဟွမ်းသည် ဝေဟင်ထဲရှိ လုဝူကို မြင်သောအခါ အလိုလိုပင် ပြန်ကျုံ့မိသွား၏။

ယဲ့ထျန်းရှင်းက ၎င်း၏ခေါင်းကိုပုတ်ကာ ပြောလိုက်တော့သည်။

“စိတ်မပူနဲ့။ ရှစ်စွင်း ဒီမှာရှိတယ်”

ဝူး ...

ယဲ့ထျန်းရှင်းသည် ချန်ဟွမ်းပြောတာ နားမလည်ပေ။ ထို့ကြောင့် ခရုလေးကိုကြည့်လိုက်၏။

ခဏတဖြုတ်နားထောင်ပြီးနောက် ခရုလေးက ပြောလိုက်၏။

“လျိုရှစ်ကျဲ ... ရှစ်ကျဲရဲ့ ချန်ဟွမ်းက ကြွားလုံးထုတ်နေတာ။ နောင်ကျ သူက လုဝူထက်ပိုသန်မာမှာလာလို့ ပြောနေတယ်”

ယဲ့ထျန်းရှင်းက ပြုံးလျက် ချန်ဟွမ်းကို ပုတ်ပေးလိုက်ပြန်၏။

ချန်ဟွမ်းက ခရုလေးကို လှည့်ကြည့်လိုက်ပြန်၏။ သူက ပေါက်ကွဲနေပုံပေါ်ချိန်၌ ရုတ်တရက်ခေါင်းငုံ့ကာ အခဲမကြေသောအမူအရာကိုသာ ပြလေ၏။

ခရုလေးက ရယ်မောလျက်ပြောလိုက်သည်။ “တို့က မင်းကို စနောက်ရုံပါပဲ”

လုဝူက လုကျိုး၏လက်ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

“လူသား ... ယုတ်မာကောက်ကျစ်တယ်။ အရှက်မဲ့တယ်။ ညစ်ပတ်တယ်”

“???” လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ သူ ဘယ်တုန်းက ယုတ်မာကောက်ကျစ်လို့လဲ။ တောရိုင်းတိရစ္ဆာန်တစ်ကောင်က ယုတ်မာကောက်ကျစ်တယ်ဆိုတာ ဘာသိလို့လဲ။

လုကျိုးက လက်ဖဝါးဖြန့်လိုက်၏။

“ဘာလို့လဲ” လုဝူကမေးလိုက်သည်။

“လုကျိုးက ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။ "ငါရဲ့ဘဝမှာကျင့်ကြံရေးလမ်းစဉ်ကို လိုက်စားပြီး တစ်သက်လုံး သီးခြားနေခဲ့တာ။ ငါ လက်မလွှတ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဒီတပည့်တစ်သိုက်ပဲ။ မင်းက ငါ့တပည့်ကို ဖမ်းသွားပြီး ဘာလို့လဲ မေးရဲသေးတာလား”

“မင်းရဲ့တပည့်လား” လုဝူကလှည့်လာပြီး မေးလိုက်သည်။

“တိရစ္ဆာန်က တိရစ္ဆာန်ပဲ” လုကျိုးက ကောင်းကင်ထဲပျံသန်းလိုက်သည်။

ထိုစဉ် ..

ဘန်း

တွမ့်မူရှန်းက ရေမျက်နှာပြင်ကို ခွဲထွက်လာ၏။ သူက လက်နှစ်ဖက်ဖြင့်နယ်ရှင်လှံကို ကိုင်ထားကာ သူ၏တစ်ကိုယ်လုံးခရမ်းစိမ်းရောင်စွမ်းအင်များ လွှမ်းခြုံနေလျက် လုကျိုးဆီ တဟုန်ထိုးဝင်လာသည်။ သူ၏မျက်လုံး၌ သတ်ဖြတ်လိုစိတ်များပေါ်နေကာ ဆက်တိုက်ရေရွတ်နေ၏။

“သတ် သတ် သတ်”

လုကျိုးက အော်လိုက်သည်။

“မိုက်မဲလိုက်တာ”

လုကျိုးက လက်မြှောက်လိုက်ရာ ရွှေရောင်လက်ဝါးစည်းတံဆိပ်က ပေါ်ထွက်လာသည်။ ၎င်းက နယ်ရှင်လှံကို ပိတ်ဆို့လိုက်သည်။ တွမ့်မူရှန်းက အင်မတန်ခိုင်မာသည်။ သို့သော် မီတာတစ်ထောင်ခန့် နောက်ဆုတ်ပြီးနောက် ရှေ့ပြန်တိုးလာ၏။

လုကျိုးသည် သူတွမ့်မူရှန်းကို စစ်ဆေးရန် ကြိုးစားချိန်၌ အနက်ရောင်သာ မြင်ရသည့်အကြောင်းကို နောက်ဆုံး၌ နားလည်သွားပြီဖြစ်၏။ တွမ့်မူရှန်းက စိတ်လွတ်သွားပြီး ဆင်ခြင်တုံတရား၊ သစ္စာတရားအားလုံးကို မိစ္ဆာစွမ်းအင်ကြောင့် ဆုံးရှုံးသွားပြီဖြစ်သည်။

လုကျိုးက လှစ်ကနဲလှုပ်ရှားလျက် လေထဲ၌ လက်ဝါးစည်းတံဆိပ်တစ်ဒါဇင်ခန့်ပေါ်လာတော့သည်။

လေထဲရှိမရေမတွက်နိုင်သော လက်ဝါးစည်းတံဆိပ်များက တွမ့်မူရှန်းနှင့်နီးကပ်လာ၏။

ဘန်း ဘန်း ဘန်း

လက်ဝါးစည်းတံဆိပ်များက တွမ့်မူရှန်းကို လွှမ်းခြုံထားကာ သူ့အပေါ် တစ်ခုပြီးတစ်ခုကျရောက်လာ၏။

လုကျိုး၏စိတ်ထဲ သတိပေးသံများဆက်တိုက်ပေါ်လာသည်။

“တင်း ... တွမ့်မူရှန်းကို သွန်သင်ဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”

“တင်း ... တွမ့်မူရှန်းကို သွန်သင်ဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”

“တင်း ... တွမ့်မူရှန်းကို သွန်သင်ဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”

ထိုစဉ် တွမ့်မူရှန်း၏အမူအရာက ရုတ်ခြည်းပြောင်းလဲသွားလေ၏။

“နာတယ် နာတယ် နာတယ်”

“မင်း နာတယ်ဆိုတာ သိသေးရဲ့လား။ မိစ္ဆာတပည့်” လုကျိုး၏အော်သံက တွမ့်မူရှန်းကို မှင်တက်သွားစေသည်။

ခရမ်းပြာရောင်စွမ်းအင်များ အနည်းငယ်ပျောက်ကွယ်သွားသောအခါ တွမ့်မူရှန်းသည် သူ့ရှေ့ရှိလူသည် အတော်လေး ရင်းနှီးနေကြောင်း ခံစားမိသွား၏။ သူ့ရင်ထဲ၌ ဖော်ပြ၍မရသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသောအခါ စိတ်ထဲ၌ အဖိုးအိုတစ်ဦး၏ ပုံရိပ်တစ်ခု ပေါ်လာကာ သူက ချက်ချင်း အော်ပြောလိုက်၏။

“သူခိုးကြီး ... ငါ့နယ်ရှင်လှံကို မြည်းစမ်းကြည့်လိုက်”

“...”

ဒီတပည့်ကတော့ ဒီနေ့ ကောင်းကင်ကို ဆန့်ကျင်နေပြီပဲ။

လုကျိုးက သူ၏မဟာနည်းစနစ်ကို သုံးလျက်ရှေ့နောက်ပျံသန်းကာ လက်ဝါးစည်းတံဆိပ်ကို သုံးလိုက်တော့သည်။ ပြောရန်မလို သူက သူ၏တပည့်ပေါ်၌ အသေရိုက်ချက်ကတ်မသုံးခဲ့ပေ။ သူ၏တပည့်ကို အောင်နိုင်အောင်လုပ်ဖို့သာ လိုအပ်သည်။

“လျိုရှစ်ကျဲ အဲ့ဒီလူက တကယ်ပဲ စန်းရှစ်ရှိုး” သာမန်လူတစ်ယောက်ထက် အမြင်အာရုံ ပိုကောင်းသည့်ခရုလေးက ပြောလိုက်၏။

ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်သည်။

ခရုလေးက ဇဝေဇဝါဖြစ်သွားသည်။

“ဒါပေမဲ့ စန်းရှစ်ရှိုးက ဘယ်သူ့ကို သူခိုးကြီးလို့ခေါ်နေတာလဲ။ သူက လုဝူကို ခေါ်နေတာလား”

“ထင်တာပဲ”

ဝူး ...

ချန်ဟွမ်း၏အော်သံသည် ရေကန်အလယ်ရှိ ကျွန်းဆီပဲ့တင်သံထွက်သွားသည်။

ကျွန်း၏အစွန်အဖျားနားရှိ ငှက်များက ချက်ချင်းပျံသန်းသွားတော့သည်။

လုဝူ၏အကြည့်က ကမ်းစပ်ဆီရောက်သွား၏။ တစ်ခွန်းမှမပြောဘဲ ခဲနေသောရေပြင်ကို ဆောင့်နင်းလိုက်သည်။ ရေခဲအလွှာက ကွာကျလာသည်။ ချက်ချင်းအရည်ပျော်သွားလေ၏။ ပြီးနောက် သူက ခေါင်းမော့ကာ ဝေဟင်ထဲ အဖြူရောင်မြူကို မှုတ်ထုတ်လိုက်၏။ ယခုအခေါက်တွင် တစ်ကျွန်းလုံးနှင့် တစ်ကန်လုံးခဲသွားတော့သည်။ ကျွန်း၌ ရေခဲရုပ်ထုအဖြစ် မပြောင်းသွားသည့်နေရာ တစ်နေရာမှ မရှိပေ။

အအေးစွမ်းအင်က ကမ်းစပ်၏မီတာတစ်ရာအတွင်း တောအုပ်၏အစပ်ကို အေးခဲသွားစေကာ သစ်ပင်များကို ရေခဲဖြစ်သွားစေသည်။

အနားကပ်ပြီး ပွဲကြည့်ရန် သတ္တိရှိသည့်ကြမ်းတမ်းခက်ထန်သားရဲများက ချက်ချင်းပင်ခဲပြီး သေကုန်သည်။

ချန်ဟွမ်းက အန္တာရယ်ကို အာရုံခံမိကာ အအေးစွမ်းအင်ကို ရှောင်ရန် နောက်သို့ခုန်လိုက်၏။

ထိုစဉ် ယဲ့ဝူရှန်းနှင့် ယဲ့ချန်းက ကြက်သီးထသွားတော့သည်။ သူတို့က အအေးစွမ်းအင်ကို ရှောင်ရှားရန် သူတို့၏ မဟာနည်းစနစ်ကို သုံးလိုက်၏။

ကျွန်းနှင့်ရေကန်သည် ယခုဆို ရေခဲကမ္ဘာဖြစ်သွားတော့သည်။

တွမ့်မူရှန်းနှင့် လုကျိုးလည်း ခဲသွားလေ၏။

ဂျွတ်

လုကျိုးက လက်ကိုမြှောက်လိုက်ကာ ရေခဲစည်းတံဆိပ်ထဲမှ ရုန်းထွက်လိုက်၏။

“တိရစ္ဆာန်ကောင် မင်း ငါ့ကို ချုပ်ထားနိုင်မယ်ထင်နေလား”

ဘန်း

အပြာရောင်လက်ဝါးစည်းတံဆိပ်သည် ရေခဲစည်းတံဆိပ်ကို ဖြိုခွဲပြီး ရေခဲကမ္ဘာရှိဝေဟင်ထဲ တက်သွားတော့သည်။

လုဝူက ထိတ်လန့်လွန်းသောကြောင့် နောက်ဆုတ်သွားပြီး ရေခဲစည်းတံဆိပ်ထဲမှ ထွက်လာသော လုကျိုးကို မဟာရန်သူတော်အား ရန်ဆိုင်နေသည့်ပမာ ကြည့်လိုက်၏။ ထိုစဉ် ထိတ်လန့်မှုကြောင့် သူက ရုတ်တရက် မျက်လုံးပြူးကျယ်သွားတော့သည်။

“လုထျန်းထုံလား ... ငါ မင်းကို မှတ်မိတယ်။ လုထျန်းထုံ ငါ မင်းရဲ့အရှိန်အဝါကို ဖုံးကွယ်ထားရင်တောင် မင်းပြာဖြစ်သွားရင်တောင် ငါ မင်းကို မှတ်မိနိုင်တယ်”

ထိုစကားအဆုံးသတ်၌ လုဝူ၏စကားပြောပုံသည် လူသားတစ်ယောက်ကဲ့သို့ ချောမွေ့နေတော့သည်။

...

အခန်း (၁၁၆၀) ဆရာက ဒေါသကြီးတယ်

ကျန်ပေ့ပတ်လမ်းရှိ မြောက်ပိုင်းဓားချောက်နက်မှ တိုက်ပွဲအတွင်း လုကျိုးက စွမ်းအင်စည်းတံဆိပ်ကို အများစုအသုံးပြုခဲ့သည်။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ချွေတာထားပြီး တိတ်တဆိတ်သာ အသုံးပြုခဲ့၏။ သူက ရန်သူကို နှိမ်နှင်းဖို့ရာအတွက် ရွှေရောင်ဗုဒ္ဓခန္ဓာ ငါးခုကို အသုံးပြုခဲ့သည်။

ထိုစဥ်အချိန်က လန်ရှီဟယ်သည် လုဝူနှင့် ရင်ဆိုင်စဥ် လုကျိုးက တခြားသူများဖြင့် ရင်ဆိုင်ခဲ့သည်။ ထိုစဥ်အခါက လုကျိုး၏ ရုပ်ဖျက်ကတ်သည် သက်ရောက်မှု ရှိနေဆဲ ဖြစ်၏။ သို့သော်လည်း လုဝူက ပစ်မှတ်ကို ခွဲခြားဖို့ အမြင်အာရုံကို မှီခိုခြင်း မရှိပေ။ သူက တွမ့်မူရှန်းကို ခွဲခြားနိုင်သည့်အတွက် သိပ်တော့ မထူးဆန်းလှပေ။

လုဝူက အံကြိတ်ကာ ပြောလိုက်သည်။

“ငါ အမှုန့်ဖြစ်သွားရင်တောင် မင်းကို မှတ်မိတယ်”

ရေကန်အလယ်ရှိ ကျွန်းက အေးခဲလုမတတ် ဖြစ်သွားသည်။

ထိုစဥ် စွမ်းအားကြီး လုဝူက အနည်းငယ် မွန်းကျပ်နေ၏။ ထိုအရာက ရင်မဆိုင်လိုသည့် စိတ်တိုစရာကောင်းသော တစ်စုံတစ်ခုနှင့် ရင်ဆိုင်ရသည့်အလား နောက်ဆုတ်လိုက်သည်။ ကြောင်တစ်ကောင်လိုမျိုး ဖြည်းဖြည်းချင်း နောက်ဆုတ်နေ၏။

လုကျိုးက လုဝူ၏ စကားများကို ကြားသည့်အခါ အမူအရာကင်းမဲ့လျက် ရှိသည်။ လုချင်းရှန်က သူ့ကို လုမျိုးနွယ်၏ ဘိုးဘေးလုထျန်းထုံနှင့် မှားယွင်းခဲ့ဖူးသည် မဟုတ်ပါလော။ လုဝူက ဤသို့ တူညီသည့် အမှားမျိုး ရှိသည်ဆိုလျှင်ပင် အံ့အားသင့်မိမည် မဟုတ်ပေ။ သို့သော်လည်း ထူးဆန်းသည်က လုဝူသည် လုထျန်းထုံနှင့် အမှန်တကယ် သိကျွမ်းနေခဲ့၏။

သူက ရန်သူလား မိတ်ဆွေလား။

လုကျိုးက လုဝူကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက သေချင်နေတာလား”

အကယ်၍ လုဝူက သူ့စွမ်းရည်ဖြင့် တွမ့်မူရှန်းကို ကာကွယ်ပေးထားခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် လုကျိုးက အသေရိုက်ချက်ကတ်ကို ပစ်လွှတ်ပြီးလောက်ပြီ ဖြစ်၏။ ဤသည်က သူ့ကိုယ်သူ ချုပ်ထိန်းထားရသည့် တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် တွမ့်မူရှန်းက တစ်နေရာမှ တိုက်ခိုက်လာခဲ့သည်။ နယ်ရှင်လှံ၏ ထိပ်ဖျားက လုကျိုးဆီ ရောက်ရှိလာကာ

“သူခိုးကြီး”

“မသိတတ်တဲ့ တပည့်”

လုကျိုးက လှည့်ကာ လက်ဝါးချက် ထုတ်လွှင့်လိုက်သည်။

တွမ့်မူရှန်း ဝန်းကျင်တွင် ရွှေရောင်စည်းတံဆိပ် မြောက်များစွာ ထွက်ပေါ်လာလေ၏။ ရွှေရောင်လက်ဝါးစည်းတံဆိပ်က သူ့ရင်ဘတ်ပေါ် အတိအကျ ကျရောက်သွားစဥ် ကျန်သည့် လက်ဝါးရိုက်ချက်များကလည်း သူ့ပေါ် ကျရောက်လာသည်။

ထိုအခိုက်အတန့်တွင် တွမ်မူရှန်း၏ အားအကောင်းဆုံး ခုခံမှုက အသက်ဝင်လာခဲ့၏။ အားကောင်းသည့် လက်ဝါးစည်းတံဆိပ်များက သူ့ခန္ဓာကိုယ်ကို ယားယံစေရုံမျှသာဖြစ်ပြီး အားကောင်းသည့်အရာများကမူ သူ့ကို နောက်အနည်းငယ် ဆုတ်သွားစေသည်။

ထိုအရာပေါ်မူတည်၍ တွမ့်မူရှန်း၏ ကျင့်ကြံဆင့်သည် ယခင်ကဲ့သို့ ပွင့်ချပ်ကိုးလွှာ အဆင့် မဟုတ်တော့ကြောင်း သိလာလိုက်၏။ သူက ယခင်ကထက် အဆများစွာ ပိုအားကောင်းလာခဲ့သည်။

လုကျိုး၏ ဒေါသက ယခုအချိန် ထွက်ပေါ်လာ၏။ သူက စွမ်းအားကိုမြင့်ကာ သဲအိတ်ကို ရိုက်နှက်နေသလိုမျိုး ထုတ်လွှင့်လိုက်သည်။ တစ်ခါတစ်ရံ ဘယ်ဘက် တစ်ခါတစ်ရံ ညာဘက် တစ်ခါတစ်ရံ အပေါ်နှင့်အောက်မှ တိုက်ခိုက်နေသည်။

ဒီလူအိုကြီးက ဒေါသကြီးတယ် …

လုကျိုးက တိုက်ခိုက်စွမ်းအားကို မြှင့်တင်လိုက်၏။ သူက နတ်ဒေဝါထိပ်သီးကျင့်စဥ်နှင့် ရင်းနှီးနေသည့်အတွက် တွမ့်မူရှန်း၏ လှုပ်ရှားမှုများက သူ့အပေါ် အသုံးမဝင်ပေ။

လှံနည်းစနစ်ကို တစ်နှစ်ပတ်လုံး လေ့ကျင့်ပြီးသည့်နောက်တွင် နတ်ဒေဝါထိပ်သီး ကျင့်စဥ်က တွမ့်မူရှန်း၏ မှတ်ဉာဏ်ထဲ ကိန်းအောင်းနေပြီ ဖြစ်၏။ သူက ယခုအခါ သူကိုယ်တိုင် မဟုတ်ဘဲ စိတ်က ဖရိုဖရဲဖြစ်နေသော်လည်း နတ်ဒေဝါထိပ်သီးကျင့်စဥ်ဖြင့် တိုက်ခိုက်လျက်ရှိသည်။

ထိုအခိုက်အတန့်တွင် လုဝူက ခန္ဓာကိုယ်ကို နှိမ့်ကာ နောက်ခြေလှမ်း နှစ်လှမ်းဆုတ်လိုက်သည်။ သူက ရိုက်နှက်ခံနေရသည့် တွမ့်မူရှန်းကို ကြည့်ကာ ပြောလိုက်၏။

“အရှက်မရှိတဲ့ လုထျန်းထုံ … မင်းဆီမှာ စွမ်းရည်ရှိရင် သူ့ကို သေအောင်ထိ ရိုက်လိုက်လေ”

လုဝူက ထပ်မံ နောက်ဆုတ်သွားသည်။

“နာတယ်” တွမ့်မူရှန်းက ရင်ဘတ်ကို ထိမှန်သည့်အခါ နာနာကျင်ကျင် အော်ညည်းလိုက်သည်။ သူက ထိုတိုက်ကွက်များကို မခုခံနိုင်တော့ဘဲ ရေကန်ထဲ ပြုတ်ကျသွားလေ၏။

…

ယဲ့ထျန်းရှင်းနှင့် ခရုလေးတို့က ရေခဲနေသည့် ရေကန်အနီး ပျံသန်းလာကာ အဝေးမှ ကြည့်နေကြသည်။

“ရှစ်စွင်းရဲ့ ဒေါသက …” ခရုလေးက ပြောလိုက်သည်။

“ဒါက ဘာမှ မဟုတ်သေးဘူး။ စန်းရှစ်ရှိုးက ရိုက်နှက်ခံပြီးသွားရင် ၃လလောက် အိပ်ယာထဲ လဲသွားတာ”

“...”

“တာ့ရှစ်ရှိုးကလွဲရင် စန်းရှစ်ရှိုးက အရိုက်နှက်ခံရဆုံးပဲ။ အဲဒါကြောင့် စန်းရှစ်ရှိုးက အရိုက်အနှက်ခံနိုင်စွမ်းကို ရလာတာလေ” ယဲ့ထျန်းရှင်းက ရှင်းပြလိုက်သည်။

“အာ အရိုက်အနှက်ခံနိုင်စွမ်းကိုလည်း အရည်အချင်းအဖြစ် မှတ်ယူတာလား” ခရုလေးက ဆွံ့အမိသွားသည်။

“ဒါပေါ့။ ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းမှာ မရှိတုန်း ရွှေနန်းဥယျာဥ်တောင်ရဲ့ အကာအကွယ် ပျောက်ကွယ်သွားတာကို အခွင့်ကောင်းယူပြီးတော့ သမာသမတ်ဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းက လာပြီးတိုက်ခိုက်ကြတယ်လေ။ အဲဒီတုန်းက စန်းရှစ်ရှိုးတစ်ယောက်တည်းနဲ့ ရှစ်စွင်း ပြန်မလာခင်အထိ တောင့်ခံထားခဲ့တာ။ တကယ်လို့ တခြားသူသာဆိုရင် သူတို့က အဲဒီလူတွေကြောင့် သေပြီးတာ ကြာလောက်ပြီ”

“...”

…

လုကျိုးက သူ့တပည့်ကို မသတ်နိုင်ပေ။ အဖက်ဖက်မှသာ ရိုက်နှက်နေခြင်း ဖြစ်၏။

“တင်း တွမ့်မူရှန်းကို သင်ကြားဆုံးမတဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ်”

“တင်း တွမ့်မူရှန်းကို သင်ကြားဆုံးမတဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ်”

“တင်း တွမ့်မူရှန်းကို သင်ကြားဆုံးမတဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ်”

လုကျိုးက သတိပေးချက်ကို ထပ်ခါထပ်ခါ ရရှိလိုက်သည်။

စနစ် “...”

အဆုံးသတ်တွင် သင်ကြားဆုံးမသည့် ဖြစ်စဥ်က လုကျိုးအား ကုသိုလ်ရမှတ်အမြောက်အမြား ရရှိသွားစေသည်။

ထိုကဏ္ဍ အဆုံးသတ်သွားသည့်အခါမှ တွမ့်မူရှန်းက အားနည်းဖျော့တော့စွာ ခေါ်လာသည်။

“ရှစ်စွင်း”

နယ်ရှင်လှံက တွမ့်မူရှန်း လက်ထဲမှ ပြုတ်ကျသွားသည်။

လုကျိုးက အင်္ကျီလက်ကို ခါလိုက်သည့်အချိန် နယ်ရှင်လှံက ကျွန်းပေါ် ပျံသန်းသွား၏။

လှံက ကျောက်တုံးထဲ စိုက်ဝင်သွားကာ နေရောင်အောက်တွင် တောက်ပလျက်ရှိသည်။

တွမ့်မူရှန်း၏ လက်ရှိအခြေအနေက မတည်မငြိမ်ဖြစ်နေ၏။ သူ့အသက်က အန္တရာယ် မရှိတော့သော်လည်း သူ့စွမ်းအားအသစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အချိန်တစ်ခု လိုအပ်နေလေသည်။

ထိုစဥ် လုဝူက မီတာဒါဇင်ချီ နောက်ဆုတ်ပြီးပြီ ဖြစ်၏။ သူက ခေါင်းငုံ့ထားကာ လုကျိုးကို ခက်ထန်စွာ ကြည့်လိုက်သည်။

လုကျိုးက တွမ့်မူရှန်းကို အနိုင်ပိုင်းလိုက်သည်ကို မြင်သည့်အခါ ပြောလိုက်သည်။

“ငါ့ကြောင့်သာမဟုတ်ရင် သူက သေပြီးတာကြာလောက်ပြီ”

လုကျိုးက လှည့်ကာ လုဝူကို ကြည့်လိုက်သည်။

“အဲဒါကြောင့်သာ မဟုတ်ရင် မင်းက အခုအနေမှာ အကောင်းအတိုင်း ရပ်နေအုံးမယ်များ ထင်နေလား”

လုဝူက မယုံကြည်သည့်အလား ရှုံ့မဲ့သွားသည်။ ထိုအရာက ကျိန်ဆဲနေသည်လား ဒါမှမဟုတ် ဘာပြောနေသည်မှန်း မည်သူကမှ နားမလည်နိုင်ပေ။

…

အဝေးတစ်နေရာတွင်

ယဲ့ဝူရှန်းနှင့် ယဲ့ချန်တို့က သူတို့၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုးရှိနေကြသည်။

“အစ်ကိုယဲ့ လုဝူက ဘာလို့မလှုပ်ရှားသေးတာလဲ”

“ငါလည်း သိချင်နေတာ။ သူက အပြာရောင် လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှင့်လိုက်တာဆိုတော့ မိုးမြေရဲ့ စွမ်းအားကို လှုံ့ဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ သူ့ရဲ့ လုပ်ဆောင်ပုံအရ သူက ဒုတိဟမြောက် စမ်းသပ်ချက်ကို ကျော်လွန်သေးတဲ့ပုံတော့ မပေါ်ဘူး။ သူက အတော်လေး အားနည်းတယ်။ စိတ်ရှုပ်ထွေးစရာပဲ”

“အစ်ကိုယဲ့ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးထဲမှာ ထူးထူးဆန်းဆန်း အရာတွေ အများကြီးရှိတယ်လေ။ ဘာပဲဖြစ်ဖြစ် ရွှေကြာနယ်မြေက ဟိုးကတည်းက အပြောင်းအလဲအကြီးကြီးကို ကျော်ဖြတ်ခဲ့တာများလား”

“အဲဒါက ဖြစ်နိုင်တယ်”

နယ်မြေအသီးသီး၌ ကွဲပြားချက် အနည်းငယ်ရှိသော်လည်း သူတို့က အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာကြသည်။

…

ထိုစဥ် လုကျိုးက ကောင်းကင်အထက် ပျံသန်းကာ အပြာရောင်ကြာပွင့်ကို ထုတ်လွှင့်လိုက်သည်။

အပြာရောင်ကြာက ပွင့်လန်းလာကာ တွမ့်မူရှန်းကို ခြုံငုံသွား၏။ မျက်စိတစ်မှိတ်အတွင်း သိပ်သည်းလှသည့် အသက်ဓာတ်စွမ်းအားက သူ့ကို လွှမ်းခြုံသွားခဲ့သည်။

အပြာရောင်ကြာပွင့်မှ အသက်ဓာတ်စွမ်းအားက ရေခဲနေသည့် ရေကန်ကိုပင် အရည်ပျော်သွားစေပြီး အေးခဲကာ သေလုမတတ် ဖြစ်နေသည့် ငါးများထံ စီးဝင်သွားသည်။ ဤသို့ဖြင့် ငါးများက ပြန်လည်အသက်ရှင်လာ၏။

နေရာတစ်ခုလုံးက အပြာရောင်ကြာပွင့်မှ အပြာရောင်အလင်းတန်းကြောင့် လွှမ်းခြုံခံထားရသည်။

သစ်ပင်ပန်းမန်များကလည်း ပြန်လည်ကြီးထွားလာလေ၏။

ဝုန်း

ကျွန်းပေါ်ရှိ ရေခဲတုံးကလည်း အက်ကွဲသွားလေသည်။

လုဝူက နောက်ကို ဆုတ်လိုက်၏။ ထိုအရာက အပြာရောင်ကြာပွင့်ကို ကြည့်ရင်း

“ခွေးကောင် လု”

အပြာရောင်ကြာပွင့် ပျောက်ဆုံးသွားသည့်အခါ တွမ့်မူရှန်းက မေ့မျောသွားခဲ့သည်။ သို့သော်လည်း သူ့အခြေအနေက ယခင်ကထက် ပိုမိုကောင်းမွန်လာပြီဖြစ်၏။ ခရမ်းပြာချည်၊ အဆီအနှစ်ချည်နှင့် တိုက်စားစေသည့် စွမ်းအားတို့က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

လုကျိုးက လက်ဝှေ့လိုက်ပြီး တွမ့်မူရှန်းကို ကျွန်းပေါ် ရွေ့လိုက်သည်။

လုဝူက ပြောလိုက်၏။

“သခင်လေးကို ခေါ်သွားလို့ မရဘူး”

“သခင်လေးလား ” လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။

“ဟန်ဆောင်မနေနဲ့ သူခိုးလု။ တကယ်လို့ သူ့ကို ခေါ်သွားရင် သူ သေလိမ့်မယ်” လုဝူက ရှေ့ကို ခုန်ထွက်ကာ တိုက်ခိုက်တော့မည့်အလား အရှိန်ယူနေသည်။

လုကျိုးက ပြောလိုက်၏။

“ငါက လုထျန်းထုံ မဟုတ်ဘူး”

“မဖြစ်နိုင်ဘူး” လုဝူက လုကျိုးကို မယုံပေ။

“ယုံတာ မယုံတာက မင်းအပိုင်းပဲ။ သူ့ကို ဘာလို့သခင်လေးလို့ ခေါ်နေတာလဲ” လုကျိုးက မေးလိုက်သည်။

လုဝူက ထပ်ပြီး ကျိန်ဆဲနေဟန်ပေါ်သည်။

“ငါ့ကို ကျိန်ဆဲနေတာလား” လုကျိုးက လုဝူ၏ အမူအရာမှ ပြောနိုင်လေ၏။ သူက သားရဲဘာသာစကားကို နားမလည်နိုင်သော်လည်း ထိုအရာက သူကို ကျိန်ဆဲနေမှန်းတော့ သိပေသည်။

“ဆရာသခင်တွမ့်မူက ဒီမှာရှိရင် မင်းနဲ့ဆက်ဆံရေးကို ဖြတ်တောက်ပြီး သင်ခန်းစာပေးလိမ့်မယ်”

“ဆရာသခင်တွမ့်မူတဲ့လား”

“အရှက်မရှိတဲ့ လူသား” လုဝူက လုကျိုးသည် လုထျန်းထုံဟု အခိုင်အမာ ယုံကြည်နေဟန်ပေါ်သည်။

လုကျိုးက အနည်းငယ် အံ့အားသင့်သွားမိ၏။

“တွမ့်မူရှန်းက ဆရာသခင်တွမ့်မူရဲ့ တိုက်ရိုက်မျိုးဆက်လို့ ပြောချင်တာလား”

လုဝူက တိတ်ဆိတ်နေလျက် လုကျိုးအား ရန်လိုမှုအပြည့်ဖြင့် ကြည့်နေသည်။

လုကျိုးက ပြောလိုက်၏။

“ငါက သူ့ကို ခေါ်သွားမှာ။ မင်းက ဘယ်လိုတားမှာလဲ”

“သူခိုးကြီးလု” လုဝူက တိမ်တိုက်အတွင်း ခုန်တက်လိုက်သည်။

လုကျိုးက ကောင်းကင်အထက် ပျံသန်းကာ သူ့ရွှေရောင်ကြယ်တာရာဒိုင်ခွက်ကိုပင် ထုတ်ဖော်လိုက်သည်။

ဝုန်း

လုဝူ၏ ဧရာမ ခန္ဓာကိုယ်နှင့် ခြေချောင်းတို့က ကြယ်တာရာဒိုင်ခွက်အပေါ် ကျရောက်လာသည်။ တောင်တန်းကြီးသဖွယ် လုကျိုးကို ဖိအားပေးနေလေ၏။

ယခင်က လုကျိုးသည် ကျွန်းကို ထူးခြားအံ့ဖွယ်စွမ်းအားဖြင့် မတင်နိုင်ခဲ့သည်။ သူက လုဝူ၏ အလေးချိန်ကို မည်သို့မမနိုင်ဘဲ နေမည်နည်း။

ရွှေရောင်ကြယ်တာရာဒိုင်ခွက်က အပြာရောင်အဖြစ် ပြောင်းလဲသွားကာ လုဝူကို မတင်လိုက်သည်။ ထိုအရာက နားကွဲလုမတတ် အသံလှိုင်းတစ်ခု ထုတ်လွင့်လာခဲ့၏။

ဝူး

“အသံလှိုင်းနည်းစနစ်လား”

အသံလှိုင်းက နေရာတစ်ခုလုံးအနှံ့ ပဲ့တင်ထွက်သွားခဲ့သည်။

ကောင်းကင်ကျမ်းစွမ်းအားဖြင့် လုကျိုးက အသံလှိုင်းကြောင့် သက်ရောက်မခံရပေ။ သို့သော်လည်း ရေပြင်အထက် ဖြတ်သန်းသွားခဲ့သည့်အခါ လှုင်လုံးများ ထွက်ပေါ်လာလေသည်။

လုကျိုး၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး လက်ဝါးကို ရှေ့တိုးကာ ပြောလိုက်သည်။

“ချုပ်နှောင်ရေးစည်းတံဆိပ်”

ချုပ်နှောင်ရေးစည်းက ပျံသန်းထွက်လာသည်။

လုဝူက ချုပ်နှောင်ရေးစည်းတံဆိပ်ကို ယင်ကောင်သဖွယ် ကြည့်လိုက်သည်။ သူ့မျက်ဝန်းအထပ် မကျေနပ်မှုတို့ ပေါ်ထွက်လာ၏။ ထိုအရာက လက်ကို မှောက်ကာ ချုပ်နှောင်ရေး စည်းတံဆိပ်ကို ရိုက်ထုတ်တော့မည် ဖြစ်၏။

ချုပ်နှောင်ရေးစည်းတံဆိပ်က နောက်လွင့်စင်သွားကာ ပြန်ဝှေ့သွားပြီး လုဝူ၏ ခေါင်းပေါ် ကျရောက်လာသည်။ ထိုအရာက အရွယ်အစား ကြီးမားလာ၏။

ဝုန်း

ချုပ်နှောင်ရေးစည်းတံဆိပ်က လုဝူထံ ကျဆင်းလာသည်။

…

အခန်း (၁၁၆၁) အညံ့ခံခြင်း

လုကျိုးသည် လန်ရှီဟယ်နှင့် သူမ၏မွေးဖွားဇယားချပ် ၁၃ခုလောက် မသန်မာသော်ငြား သူ့၌ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားနှင့် အသုံးပစ္စည်းကတ်များ ရှိသည်။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားသည် ထပ်တိုးမွေးဖွားဇယားချပ် နှစ်ခုရှိခြင်းနှင့် ညီမျှ၏။ ထို့အပြင် လန်ရှီဟယ်သည် ၁၁ချပ်မြောက်ပွင့်ချပ် မဖူးပွင့်ခဲ့ပေ။ ထို့ကြောင့် သူမ၏ခွန်အားသည် အစစ်အမှန်စွမ်းအားသည် အစစ်အမှန် မွေးဖွားဇယားချပ် ၁၃ခုပညာရှင်လောက်မသန်မာပေ။

လုကျိုးသည် လုဝူက တွမ့်မူရှန်းအပေါ် မကောင်းသည့်ရည်ရွယ်ချက် ရှိပုံမပေါ်သောကြောင့် လုဝူကို အသေရိုက်ချက်ကတ် မသုံးခဲ့ပေ။ လုဝူက မဟာလေဟာနယ်မျိုးစေ့ကို တပ်မက်ခဲ့လျှင် တွမ့်မူရှန်းကို အသက်ရှင်လျက်ထားရန် အဆီအနှစ်ချီများစွာခွဲဝေပေးဖို့ မလိုအပ်ပေ။

ဖုန်း

လုဝူက ကျွန်းပေါ် ဆင်းသက်လိုက်ရာ မြေပြင်ကို ပြင်းထန်စွာလှုပ်ခါသွားစေပြီး ရေကန်ထဲလှိုင်းများထလာစေ၏။

လုဝူက ထရပ်လိုက်၏။ သူ၏မျက်လုံးများကတောက်လောင်နေကာ ချုပ်နှောင်ရေးစည်းတံဆိပ်ကို တွန်းထုတ်ချိန်၌ သူ၏အရိုးများ ကွဲအက်စေသည်။ ၎င်း၏အမြီးကို ရုတ်တရက်ယမ်းလိုက်ပြီး ကျောက်စကျောက်နများ၊ အမှုန်အမွှားများကို လုကျိုးဆီတွန်းလိုက်၏။ လုကျိုးက သူ၏ကြယ်တာရာဒိုင်ခွက်ကို သုံးပြီး ရှေ့သို့တွန်းထုတ်လိုက်၏။

ကြယ်တာရာဒိုင်ခွက်က ချုပ်နှောင်ရေးစည်းတံဆိပ်၏ အလေးချိန်ကို ခံစားနေရသည့် လုဝူဆီတိုးဝင်သွားသောအခါ ၎င်းက ပါးစပ်ကို ကျယ်လောင်စွာဟလျက် အဖြူရောင်မြူများကို မှုတ်ထုတ်လိုက်သည်။

“မီးတောက်ရွှေကြာ”

လုကျိုးသည် သူ၏အမှားမှသင်ယူခဲ့ပြီးဖြစ်သည်။ သူ့ကို လုဝူခဲသွားအောင် မည်သို့ထပ်လုပ်ခွင့်ပြုနိုင်မည်နည်း။ ကံမီးတောက်များလောင်ကျွမ်းနေသည့်ရွှေကြာက သူ၏ခြေထောက်အောက်၌ ချက်ချင်းပေါ်လာ၏။

“ကံမီးတောက်နဲ့ရွှေကြာလား ... ဒါက သူ့မွေးဖွားဇယားချပ်ရဲ့စွမ်းရည်လား။ ဒီလူကနည်းနည်းထူးဆန်းတာပဲ”

ယဲ့ဝူရှန်းက မျက်မှောင်ကျုံ့လိုက်လေ၏။

“ထူးဆန်းတာလား။ အစ်ကိုယဲ့ သူက အလွန်ဆုံးမှ မွေးဖွားစမ်းသပ်ချက်နှစ်ခုပဲ ဖြတ်ကျော်ခဲ့ရတာလို့ မပြောခဲ့ဘူးလား။ သူက ဆရာသခင်တွေနဲ့ တွေ့ဦးမယ်ဆိုရင် ထွက်ပြေးရဦးမှာလေ”

ယဲ့ဝူရှန်းက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး။ အခုတော့ ငါ သေချာမပြောနိုင်တော့ဘူး”

“...”

သွင်ပြင်ကို အခြေခံပြီး မဆုံးဖြတ်နိုင်သည့် ကိစ္စများစွာရှိ၏။ လူတချို့က သူတို့ခွန်အားကို နက်ရှိုင်းစွာ ဖုံးကွယ်ထားသောကြောင့် အရူးလုပ်ခံရသည်။

လုဝူသည် တောက်လောင်နေသည့်ရွှေကြာကို မြင်သောအခါ ပြောလိုက်၏။

“စွမ်းရည်အသစ်လား။ သူခိုးကြီးလု ငါ့ကိုစမ်းသပ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့”

လုဝူက လုကျိုးဆီသို့ ကျောက်တုံးကျောက်ခဲများ ကျောက်စများကို တွန်းထုတ်လိုက်သည်။ တိမ်တိုက်ထဲ ခုန်တက်လိုက်၏။

လုကျိုးက ကျောက်တုံးကျောက်ခဲများကို အလွယ်တကူ ရှောင်ရှားကာ မော့ကြည့်ပြီးပြောလိုက်သည်။

“မင်းမှာ လှည့်ကွက်ကျန်သေးရင် မြန်မြန်ထုတ်သုံးလိုက်”

ဝှစ် ဝှစ် ဝှစ်

လုကျိုးပြောပြီးသည်နှင့် ကောင်းကင်မှ ရေခဲပန်းဆွဲများက လုကျိုးပေါ် ရွာသွန်းကျလာသည်။

လုကျိုး၏ပုံရိပ်သည် တချိန်လုံးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေလျက် ရေခဲပန်းဆွဲများကို ရှောင်နေ၏။ ရံဖန်ရံခါ၌ သူက ရေခဲပန်းဆွဲများကို ဖျက်ဆီးရန် အပြာရောင်လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်သုံးသည်။

ခဏတာတောင့်ခံပြီးနောက် လုဝူကနောက်ဆုံး၌ ပြောလိုက်သည်။

“မင်းက ငါ့ကို ဖိအားပေးဖို့ တကယ်ရည်ရွယ်ထားတာပဲ”

လုကျိုးသည် တိမ်တိုက်များကို မော့ကြည့်လျက် ပျံသန်းလိုက်သည်။

တစ်ချိန်တည်းတွင် လုဝူက တိမ်တိုက်များထဲမှ ခုန်ဆင်းလာကာ အစွယ်တငေါငေါက အစွယ်အဖြီးသားဖြင့် လက်သည်းတို့သည် နေရောင်ထဲ၌ ဝင်းလဲ့နေ၏။ ၎င်း၏အမွေးများက ဓားများပမာ ထောင်ထနေသည်။

ဘန်း

လုကျိုးသည် နောက်ထပ်လက်ဝါးစည်းတံဆိပ်တစ်ခု သုံးလိုက်လေ၏။ ပြီးနောက် သူ၏အဟုန်အတိုင်း လိုက်ပါကာ လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။

ချက်ချင်းပင် ကောင်းကင်သည် လိပ်ပြာများပျံသန်းနေသည့်ပမာ ဝေဟင်ထဲ၌ လက်ဝါးစည်းတံဆိပ်များ ပြည့်နေကာ လုကျိုးကို ဝိုင်းထားတော့သည်။

“ထူးကဲတဲ့တိုက်ကွက်ပဲ” ယဲ့ဝူရှန်းက ထိုမြင်ကွင်းကို မြင်သောအခါ လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။

“ကျွန်တော် နားမလည်ဘူး”

“လုဝူရဲ့ခန္ဓာကိုယ်က အလွန်ကြီးလွန်းတယ်လေ။ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အလွန်သေးလွန်းတယ်။ ဒီနည်းစနစ်နဲ့ဆိုရင် သူက လုဝူရဲ့ခန္ဓာကိုယ်နားတဝိုက်က မျက်ကွယ်ထောင့်တွေကို အသာစီး ရယူပြီး တိုက်ကွက်တွေကို ရှောင်နိုင်တယ်။ သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးပြီး မတိုက်ခိုက်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ စိတ်ဝိညာဉ်သဏ္ဌာန်က ကြီးလွန်းတော့ လုဝူအတွက် ပစ်မှတ်ကြီးတစ်ခုနဲ့ တူနေတာ။ လူတော်တော်များများ ဒါကို သတိပြုမိပေမဲ့ သားရဲဧကရာဇ်ရှေ့မှာ သူ့လိုပြုမူရဲတဲ့သူ သိပ်မရှိဘူး” ယဲ့ဝူရှန်းက ရှင်းပြလိုက်၏။

“ကြည့်ဦး ... သူ့ရဲ့အေးခဲစွမ်းရည်ကို သုံးနေပြီ”

ဝှစ်

ပတ်ဝန်းကျင်ရှိ အပူချိန်က လျင်မြန်စွာလျော့ကျနေသည်။

“အကြွင်းမဲ့သုညလား”

လုကျိုးသည် သူ့အပေါ်ကျရောက်လာသည့်အန္တာရယ်ကို ခံစားမိသည်။ အအေးဓာတ်က သူ့ကို ပင်လယ်ဝိညာဉ်ပုလဲအား အမှတ်ရသွားစေ၏။ တကယ်တော့ ဤအအေးသည် အကြွင်းမဲ့သုညထက်တောင် ပိုပြီးအန္တရာယ်များ၏။ သူ လှုပ်ရှားလိုက်သောအခါ ပိုပြီး လေးပင်လာတာကို ခံစားမိသည်။ လုဝူက အချိန်သို့မဟုတ် လေကို ခဲနိုင်၏။ ဒါက လေဟာနယ်ယိုယွင်းမှုလား။

ဘန်း

လုဝူက လုကျိုးဆီ လက်သည်းကို ဝေ့ယမ်းလိုက်၏။

လုကျိုးက လုဝူ၏လက်သည်းကို ပိတ်ဆို့ရန် ကြယ်တာရာဒိုင်ခွက်မြှောက်လိုက်သော်ငြား အဖိခံလိုက်ရသည်။

ပတ်ဝန်းကျင်အပူချိန်က ဆက်လက်လျော့ကျနေပြီး လေဟာနယ်က လှိုင်းဂယက်ထကာ တွန့်ရှုံ့လာ၏။

ယဲ့ဝူရှန်းက ကန်ကိုငုံ့ကြည့်လိုက်၏။ ငါးအားလုံးအေးခဲသွားသည်။

“သားရဲဧကရာဇ်က ထင်တဲ့အတိုင်းပဲ။ နောက်ဆုတ်ကြမယ်”

ယဲ့ဝူရှန်းနှင့် ယဲ့ချန်းက အမြန်လှုပ်ရှားလိုက်၏။

ယဲ့ချန်းက ပြောလိုက်၏။

“သူက လုဝူအတွက် ပြိုင်ဘက် မဟုတ်တဲ့ပုံပဲ”

“ကောက်ချက်ချဖို့က စောလွန်းသေးတယ်”

လုဝူက ဟိန်းဟောက်လျက် အရပ်မျက်နှာအနှံ့နောက်ထပ် အသံလှိုင်းတစ်ခု လွင့်ထုတ်လိုက်၏။

လုကျိုးသည် ယိုယွင်းသောလေဟာနယ်ကြောင့် ထိန်းချုပ်ခံလိုက်ရသည်။

ကျွန်း၊ ရေကန်နှင့် ကျောက်ခဲများသည် အသံလှိုင်းနှင့် ရင်ဆိုင်ရသောအခါ စာရွက်ကဲ့သို့ ကျိုးပဲ့လွယ်သည်။

တွမ့်မူရှန်းသာလျှင် ထိခိုက်မှုမရှိပေ။ သူက အအေးကို ထိန်းသိမ်းထားသည့် အဆီအနှစ်ချည်လုံးထဲတွင် ရစ်ပတ်ခံထားရသည်။

လုကျိုးသည် သူ၏လက်မှ လက်ချောင်းများထုံကျဉ်ပြီး ခြေထောက်များတောင့်တင်းပြီး ထုံကျဉ်လာတာကို ခံစားမိသည်။

“ဒီလောက်သန်မာတယ်လား” လုကျိုး၌ ရွေးချယ်စရာမရှိပေ။ သူက လုဝူကို တွန်းထုတ်ပြီး မိုးကြိုးသွားကို တွန်းထုတ်တော့မည့်အချိန်တွင် သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်ထဲရှိ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က အထွတ်အထိပ်ဆန်းကြယ်စွမ်းအား စတင်ထုတ်လွင့်လာသည်။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက သူ၏ထူးကဲချီသွေးကြောရှစ်ခုနှင့် သွေးကြောထဲ တိုးဝင်လာပြီးနောက် ခန္ဓာကိုယ်တလျှောက် ပျံ့သွားတော့သည်။ ဤနည်းဖြင့် အအေးငွေ့များ လျင်မြန်စွာ ဖယ်ရှားခံလိုက်ရပြီး အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွား၏။

လုကျိုးက လုဝူဘက် လှည့်ကြည့်လိုက်သည်။

“မင်း ဒီလောက်အအေးကြိုက်တယ်ဆိုမှတော့ မင်းကို လက်ဆောင်တစ်ခုပေးမယ်”

လွှမ်းမိုးအဆင့် ခရမ်းရောင်တောက်ပသံကျောက်က လုကျိုး၏လက်ဖဝါးထဲ၌ ပေါ်လာ၏။ သူက ကနဦးချီကို သုံးလိုက်သည်နှင့် လတစ်စင်းကဲ့သို့တောက်ပသည့်တောက်ပသံကျောက်က ပေါ်ထွက်လာသည်။

ချက်ချင်းပင် အပူချိန်က လျင်မြန်စွာ လျော့ကျသွား၏။ တူညီအအေးစွမ်းအင်သည် ယိုယွင်းသောလေဟာနယ်ပျံ့နှံ့ လာကာ လုဝူဆီတိုးဝင်လာသည်။

“နောက်ထပ်အကွက်သစ်လား။ ယုတ်မာကောက်ကျစ်တယ်”

ယဲ့ဝူရှန်းက ကြောက်လန့်မှုကြောင့် ဖြူဖျော့သွား၏။

“ဒါ ဆရာသခင်တစ်ပါးရဲ့အကွက်ပဲ။ သွား မြန်မြန်”

သူတို့နှစ်ယောက်သည် အတန်ငယ် လှမ်းနေပြီး မမြင်နိုင်သော်ငြား လုကျိုးသည် အအေးစွမ်းအင်ကို ဖိနှိပ်နိုင်သည့် နည်းစနစ်တစ်ခု သုံးခဲ့မှန်း သိသည်။ သူက ဆရာသခင်တစ်ပါး ဖြစ်ရမည်။ ဤမျှ အကွာအဝေးကနေတောင် ဆရာသခင်တစ်ပါး၏တိုက်ခိုက်မှုသည် သူတို့ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။

“အစ်ကိုယဲ့ ကျွန်တော်တို့ ထပ်မကြည့်တော့ဘူးလား”

“ငါတို့အသက်က ပိုအရေးကြီးတယ်” သူတို့နှစ်ယောက်သားက လှည့်တောင်မကြည့်ဘဲ အလင်းစီးကြောင်းပမာ တောအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ယဲ့ထျန်းရှင်းနှင့် ခရုလေးက ချန်ဟွမ်း၏ အကာအကွယ်ရှိသည်။ သူတို့နောက်ဆုတ်ပြီး ပြီးပြည့်စုံသည့် အချိန်၌ ချီတက်၏။ ထို့ကြောင့် သူတို့ထိခိုက်မှု မခံရပေ။

လုဝူ၏ခန္ဓာကိုယ်က တောင့်တင်းနေ၏။ ပြီးနောက် သူသည် ရုပ်တုအဖြစ် ခဲသွားပုံပေါ်ကာ ကောင်းကင်မှ ပြုတ်ကျလာသည်။ ၎င်း၏မျက်လုံးသာလျှင် ပြူးကျယ်နေ၏။ သူ၏ချီအဆီအနှစ်တို့ဖြင့် ၎င်းကို ဖယ်ဖို့ကြိုးစားသော်ငြား အအေးဓာတ်ကို ဖယ်ရှားရန် ချီအဆီအနှစ်များကို သုံးသည့်အချိန်၌ ...

ဖုန်း

လက်ဝါးစည်းတံဆိပ်တစ်ခုက လုကျိုး၏ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ တစ်ချိန်တည်းတွင် လုကျိုးက လုဝူပေါ်၌ ပေါ်လာ၏။ သူ၏လက်ဝါးကိုဖိချလာပြီး တာအိုကိုးပါးစည်းတံဆိပ်မှ စည်းတံဆိပ်တို့သည် တစ်ခုပြီးတစ်ခု ပြုတ်ကျလာတော့သည်။ သူ၏အသံက မည်းမှောင်နေကာ မေးလိုက်၏။

“မင်း လက်မခံဘူးလား”

လက်ဝါးစည်းတံဆိပ်တိုင်းက တိတိကျကျ ကျရောက်လာ၏။ မကြာမီ၌ လုဝူက နာကျင်လာတော့သည်။

အင်မတန်အေးခဲသောအခြေအနေ၌ သံမဏိတောင်ကျိုးပဲ့နိုင်သည်။ လုဝူနားရှိ ရေခဲသာ ကွဲသွားခဲ့လျှင် လုဝူက ၎င်းနှင့်အတူ တစစီဖြစ်သွားလိမ့်မည်။

လုကျိုးက သူ၏လက်ကိုထပ်မံလှုပ်ရှားလိုက်၏။ အရပ်မျက်နှာအနှံ့မှ စွမ်းအင်တို့သည် လေပွေတစ်ခု ဖွဲ့တည်လာ၏။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပါဝင်နေသည့် ကျယ်ပြန့်ကောင်းကင်စွမ်းအင်၏ လက်ဝါးစည်းတံဆိပ်သည် အရွယ်အစား တိုးလာပြီးနောက် ထပ်မံ ကျရောက်လာသည်။

လုဝူ၏ရှင်သန်လိုစိတ်က ယခင်ကထက်ပိုသန်မာလာသည်။ သူက အမွေးများ ထလာပြီးနောက် ချီအဆီနှစ်သည် ၎င်း၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

ဖုန်း

လုဝူကို ငုံထားသည့် ရေခဲက အက်ကွဲလာပြီးနောက် အရပ်မျက်နှာအနှံ့အပိုင်းပိုင်းအစစ လွင့်ထွက်သွားတော့သည်။

ကျယ်ပြန့်ကောင်းကင်စွမ်းအင်မှ လက်ဝါးစည်းတံဆိပ်က ဆက်လက်ကျဆင်းလာ၏။

ဘန်း

လက်ဝါးစည်းတံဆိပ်သည် လုဝူ၏ကျောရိုးကို ထိမှန်သွားသည်။

လုဝူက ကြံ့ခိုင်လွန်းပေသည်။

ထိုစဉ် လုကျိုး၏လက်ထဲ၌ မိုးကြိုးသွားကတ်တစ်ကတ်ပေါ်လာသည်။ သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သေခြင်းရှင်ခြင်းကို ကံကြမ္မာက ဆုံးဖြတ်ပေးတယ်။ ကြွယ်ဝမှုနဲ့ ဂုဏ်သရေကို ကောင်းကင်က ဆုံးဖြတ်ပေးတယ်”

ဝေဟင်ထဲ၌ တိမ်စိုင်တိမ်မည်းများ စတင်စုဝေးလာသည်။

လုဝူက လှည့်လာပြီး လုကျိုးကို မျက်နှာချင်းဆိုင်လိုက်သည်။ လုကျိုးကို မျက်တောင်မခတ်ကြည့်နေကာ နောက်သို့ ဆက်တိုက်ဆုတ်နေသည်။ မမြင်ရသည့်ဖိအား သူ့ပေါ်ကျရောက်လာတာ ခံစားမိ၏။ ထိုစဉ် စိတ်ပိုင်းဆိုင်ရာခုခံမှုက ပြိုကွဲသွားပုံပေါ်ကာ သူ လှမ်းပြောလိုက်၏။

“နေဦး”

“ဟမ်”

“ကျုပ် အရှုံးပေးတယ်” လုဝူ၏နောက်ခြေက အနည်းငယ်တုန်ယင်နေသည်။ သူ အရှုံးပေးရမည်။ ဆက်လက်တိုက်ခိုက်မည်ဆိုပါက ပိုတောင်ဆိုးသည့်အခြေအနေထဲကျရောက်သွားမည်ကို သိနေသည်။

လုကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်ပြီးနောက် မိုးကြိုးသွားကတ်ကို ဖယ်ရှားလိုက်သည်။

“မင်းရဲ့ဉာဏ်ရည်က လူတွေထပ်မနိမ့်ဘူးလို့ လူတွေကပြောကြတယ်။ ဒါပေမဲ့ မင်း အတော်လေး တုံးအတယ် ထင်တာပဲ”

“...”

လုဝူက ခေါင်းငုံ့ထားလျက် ထူးဆန်းသည့် မြည်သံတစ်သံပြုလုပ်သည်။ လုကျိုးက ဆက်ပြောလိုက်သည်။

“မင်းသာ ဉာဏ်ကောင်းတယ်ဆိုရင် ဒီဉာဏ်ကောင်းမှုကို ရှောင်နိုင်မှာ"

လုဝူက ပြင်းပြင်းထန်ထန် အသက်ရှုနေ၏။ ၎င်း၏ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ အကြည့်ထဲ၌ မလိုလားမှုများပြည့်နေတော့သည်။

“ကြီးမြတ်တဲ့ဆရာသခင် ... ဒီနိမ့်ကျတဲ့သူကို အနိုင်ကျင့် ...”

“အားနည်းတဲ့သူကို အနိုင်ကျင့်တာလား”

လုကျိုး မည်သို့ပင်ကြည့်စေကာမူ အားနည်းသည်ဟူသော စကားလုံးကို သူ့ရှေ့ရှိသားရဲဧကရာဇ်နှင့် အဆက်စပ်မိပေ။

“လုထျန်းထုံ ... မင်း တကယ်သူ့ကို ခေါ်သွားမှာလား” လုဝူကမေးလျက် မလိုလားတာ သိသာနေသည်။

လုကျိုးက သူသည် လုထျန်းထုံမဟုတ်ကြောင်း ထပ်ပြောချင်သေးသော်ငြား လုဝူသည် လုထျန်းထုံကို ကြောက်နေသောကြောင့် ထိုအတွေးကို ဖယ်ရှားလိုက်၏။

“ငါ သူ့ကို ခေါ်သွားမယ်ဆိုရင် မင်း ဘာလုပ်မှာလဲ”

ဂျွတ် ဂျွတ် ဂျွတ်

လုဝူက လုကျိုး၏စကားများက သယ်ဆောင်လာသည့် မွန်းကြပ်ဖွယ်ခံစားမှုကို တင်းခံကာ မြေပြင်ကို ၎င်း၏လက်သည်းများဖြင့် ရပ်လိုက်သည်။

All Chapters