အခန်း (၁၁၆၂-၁၁၆၄)
Vol. 78 Ch. 1162-1164
အခန်း (၁၁၆၂) အရှက်မရှိတဲ့ လူသား
တိမ်မဲများက ပျောက်ကွယ်မသွားသေးပဲ တိတ်ဆိတ်မှုက ကျွန်းပေါ်ဆီ ပြန်လည်ရောက်ရှိလာသည်။
လေထဲတွင်ရှိနေသည့် လုကျိုးက အမည်မသိကုန်းမြေ၏ အဆုံးသတ်ကို မြင်ယောင်ဖို့ ကြိုးစားကြည့်လိုက်သည်။ သို့သော်သူက မိုးနှင့်မြေကို ပိုင်းခြားထားသည့် မိုးကုတ်စက်ဝန်းမှလွဲ၍ ဘာမှမမြင်ရပေ။
သားရဲဧကရာဇ်တောင် ဖြေရှင်းဖို့ခက်နေတာဆိုတော့ ဒီထက်အားကောင်းတဲ့ သားရဲဧကရာဇ် တွေ့လာရင် ဘယ်လိုလုပ်ရမလဲ…
သူ့အနေဖြင့် တွမ့်မူရှန်းကို တတ်နိုင်သမျှ မြန်မြန်ခေါ်ဆောင်သွားသည်က အကောင်းဆုံး ဖြစ်၏။
လုကျိုးက မေးလိုက်သည်။
“မင်းနဲ့ ဆရာသခင်တွမ့်မူရဲ့ ဆက်ဆံရေးကဘာလဲ”
လုဝူက ပြန်ဖြေလိုက်၏။
“သခင်နဲ့ ကျွန်”
လုဝူက လူသားဘာသာစကားကို နက်နက်နဲနဲ နားမလည်သောကြောင့် သခင်နှင့် ကျွန် ဟူသောစကားကို အသုံးပြုလိုက်သည်။ လူသားနှင့် စီးတော်သားရဲများ၏ ဆက်ဆံရေးက ကွဲပြားလှသည်။ တချို့က သူတို့၏ စီးတော်သားရဲကို မိသားစုဝင် သို့မဟုတ် မိတ်ဆွေများသဖွယ် ဆက်ဆံပြီး တချို့ကမူ အသုံးချစရာ ပစ္စည်းအဖြစ် ဆက်ဆံကာ တချို့ကမူ ကျွန်အဖြစ် ဆက်ဆံကြသည်။
လုကျိုးက တွမ့်မူတျန်းကို မသိသည့်အတွက် လုဝူနှင့် သူတို့ဆက်ဆံရေးအကြောင်းကို မသိပေ။
လုကျိုးက မေးလိုက်သည်။
“သူကမင်းရဲ့ သခင်ဆိုတော့ အခုဘယ်မှာလဲ”
လုဝူက ပြောလိုက်သည်။
“မဟာလေဟာနယ် မျှခြေထိန်းညှိသူက ခေါ်သွားပြီ”
လုကျိုးက လုဝူသည် တွမ့်မူတျန်းသာ ရှိနေပါက လုချန်းထုံနှင့် ဆက်သွယ်ရေး ဖြတ်တောက်ပစ်မည်ဖြစ်ကြောင်း ပြောခဲ့သည်ကို အမှတ်ရသွား၏။ ဆိုလိုသည်မှာ လုချန်းထုံနှင့် တွမ့်မူတျန်းတို့က မိတ်ဆွေများ ဖြစ်နေသည်။
“လုထျန်းထုံက ဘာလို့မကယ်တာတုန်း” လုကျိုးက မေးလိုက်သည်။
“ဟမ်” လုဝူက ကျောမတ်မတ်ထားကာ လုကျိုးကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ ထို့နောက်သူက ဒေါသတကြီးဖြင့် ပြောလိုက်၏။
“အဲဒါကို မေးချင်နေတာပဲ”
လုဝူက ပါးစပ်ကျယ်ကျယ် ဟထားသည့်အတွက် လေသံများ ထွက်နေသော်လည်း လုကျိုးက ကောင်းကောင်းနားလည်လိုက်သည်။
လုကျိုးက ပြောလိုက်၏။
“မဟာလေဟာနယ်က လူတွေက ဘယ်လောက်တောင် အားကောင်းလဲဆိုတာကို သိမှာပါ”
ယခုအချိန်အထိ ကျင့်ကြံသူများသည် မဟာလေဟာနယ်ရှိ နေထိုင်သူများကို အားကောင်းသည်ဟုသာ ဖော်ညွှန်းလေ့ရှိသည်။
မဟာလေဟာနယ်ရှိလူ များ၏ စွမ်းအားက စိတ်ကူးထက် ကျော်လွန်နေလေသည်။ လန်ရှီဟယ်၏ ပြောစကားအရ အဆုံးမဲ့ပင်လယ်ရှိ ခွန်ကလည်း မျှခြေထိန်းညှိသူ ဖြစ်ပေသည်။ ခွန်ကိုရင်ဆိုင်ဖို့အတွက် သူက စနစ်မှ စွမ်းအားအားလုံးကို သုံးစွဲဖို့ လိုအပ်၏။ ထို့ကြောင့် သူက မဟာလေဟာနယ်ထဲ အထွတ်အထိပ်တည်ရှိမှု ရှိသည်ဟု ယုံကြည်လာမိသည်။
မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသူများက သေချာပေါက် အထွတ်အထိပ်သက်ရှိများ ဖြစ်လာကြလိမ့်မည်။ မဟာလေဟာနယ်မျိုးစေ့က နှစ် ၃၀၀၀၀ တိုင်း တစ်ခါ ရင့်မှည့်လေ့ ရှိ၏။ မိုးမြေတည်ရှိခဲ့သည့် နှစ်များတစ်လျှောက် မဟာလေဟာနယ်မျိုးစေ့ ဘယ်နှစ်ကြိမ် ရင့်မှည့်သွားပြီးပြီလဲ။
တခြားနည်းဖြင့်ပြောရလျှင် အထွတ်အထိပ်တည်ရှိမှု ဖြစ်လာဖို့ရာအတွက် ပြင်ပအကူအညီ မလိုအပ်သည့် ကျင့်ကြံရေး ပါရမီရှင်များအပြင် ထိုစဉ်အချိန်ကတည်းက အရွယ်ရောက်လာသည့် မဟာလေဟာနယ် မျိုးစေ့တွေလိုမျိုး အထွတ်အထိပ်တည်ရှိမှုလည်း များစွာ ရှိသင့်သည်။
လုဝူက တိတ်ဆိတ်နေ၏။ မဟာလေဟာနယ်ရှိ နေထိုင်သူများက တစ်စုံတစ်ယောက်ကို ဖမ်းဆီးလိုပါက လုထျန်းန်းထုံက မည်သို့တတ်နိုင်မည်နည်း။သူက သက်ပြင်းချကာ ပြောလိုက်သည်။
“မင်းက တွမ့်မူတျန်းကို မကယ်ခဲ့ဘူး။ သူက သေပြီး မင်းက အသက်ရှင်နေတယ်”
လုကျိုးက ပြောလိုက်သည်။
“နောက်ဆုံးအကြိမ်အနေနဲ့ ပြောလိုက်မယ်။ ငါက လုထျန်းထုံ မဟုတ်ဘူး။ တွမ့်မူရှန်းက ဘယ်သူ့မျိုးဆက်ဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ငါက သူ့ကို ခေါ်ဖို့ရောက်လာတာ”
လုဝူက မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် တွမ့်မူရှန်းကိုကြည့်ကာ မေးလိုက်သည်။
“အဲလို ဖြစ်ရမှာလား”
“ငါက ဆုံးဖြတ်ချက်ကို လွယ်လွယ်ပြောင်းလဲမှာမဟုတ်ဘူး” လုကျိုးက ပြောလိုက်သည်။ မိစ္ဆာဝေဟင်မျှော်နန်းတွင် ယခု လုဝူလိုမျိုး ရဲရဲတင်းတင်း ပြုမူရဲသည့် တပည့်ဟူ၍ မရှိပေ။
လုကျိုး၏ စကားကိုကြားကာ လုဝူက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“လူသားတွေက သားရဲတွေထက် ပိုပြီးတော့ သွေးအေးတယ်”
“သွေးအေးတယ်တဲ့လား။ မြောက်ပိုင်းဓားချောက်နက်ထဲက တိုက်ပွဲမှာ လူသားတွေနဲ့ ခက်ထန်သားရဲတွေ ဘယ်လောက်သေသွားလဲဆိုတာ သိလား”
လုဝူက လုကျိုး၏ စကားများကို ပြန်လည်မတုံ့ပြန်ပေ။
လုကျိုးက ဆက်ပြောလိုက်၏။
“မင်းက မင်းရဲ့ မျိုးနွယ်ကို စတေးပြီးတော့ အနက်ရောင်ဧကရာဇ်ကို လှည့်စားခဲ့တယ်။ ဘယ်သူက ပိုပြီး သွေးအေးတာတုန်း”
လုဝူက ပြောလိုက်သည်။
“အဲဒီလူသားတွေက တွားသွားသတ္တဝါတွေနဲ့ မခြားဘူး။ သူတို့ရဲ့ သေဆုံးမှုက ဘာမှမဟုတ်ဘူး”
“ငါ့ရဲ့အမြင်မှာ မင်းကလည်း တွားသွားသတ္တဝါပဲ”
“...”
လုဝူက ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ငါကပဲ တွမ့်မူရှန်းကို ကာကွယ်ပေးနိုင်မှာ”
လုကျိုးက ပိုမိုစိတ်ရှုပ်ထွေးလာမိသည်။ လုဝူ၏ စွမ်းရည်ဖြင့် တစ်ယောက်တည်း လွတ်မြောက်လိုပါက ခက်ခဲမည် မဟုတ်ပေ။ သို့သော်လည်း တွမ့်မူရှန်းကြောင့် ထိုအရာက နောက်တွင်နေဖို့ ရွေးချယ်ခဲ့သည်။ ထိုအရာက လုကျိုး၏ မှန်းဆချက်ထက် ကျော်လွန်နေသည်။
“ဘာလို့လဲ”
“ပုရွက်ဆိတ်တွေတောင် အသက်ရှင်နိုင်သေးတယ်။ သခင်တွမ့်မူက ကြင်နာမှုကို ပြသခဲ့တယ်… သခင်လေးကလည်း ပြဿနာကြား ရောက်နေတာဆိုတော့ ငါပဲ သူ့ကို ကယ်နိုင်မှာ” လုဝူက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ငါက မကယ်နိုင်ဘူးလို့ ဘာလို့များ ထင်နေတာတုန်း” လုကျိုးက ခေါင်းယမ်းလိုက်သည်။
ဤတစ်ကြိမ် လုဝူက ပြောလိုက်၏။
“မင်းက သူ့အသက်ကို ကယ်နိုင်ပေမဲ့ သူက အခွင့်အရေးကောင်းနဲ့ လွဲချော်သွားရလိမ့်မယ်”
“အခွင့်အရေးကောင်းတဲ့လား”
“မဟာလေဟာနယ်မျိုးစေ့… တိုက်စားရေး စွမ်းအား၊ မိုးမြေကြားက စွမ်းအားနဲ့ ငါ့ရဲ့ နှစ် ၃၀၀၀၀ အဆီအနှစ်ချီတို့က သူ့ကို ကူညီပေးပြီး ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တယ်။ မင်း လုပ်နိုင်လို့လား” လုဝူက မေးလိုက်သည်။
လုကျိုးက တွမ့်မူရှန်း၏ လက်ရှိအခြေအနေကို ကောင်းကောင်းသိထားလေသည်။ သူက တွမ့်မူရှန်းကို ခေါ်သွားဖို့ရာ ဤနေရာဆီ ဒုန်းဆိုင်းရောက်ရှိလာသည့် အကြောင်းအရင်းလည်း ဖြစ်၏။ သို့သော်လည်း သူက ထိုသူ့ကို ခေါ်ဆောင်သွားပြီး တိုက်စားရေး စွမ်းရည်ကိုဖယ်ထုတ်ဖို့ ကောင်းကင်ကျမ်း စွမ်းအားကို ဆက်တိုက် အသုံးပြုပေးနိုင်သည်။ သို့သော်လည်း ထိုအရာက ယာယီဖြေရှင်းနည်းတစ်ခုထက် မပိုပေ။
ထို့အပြင် တွမ့်မူရှန်းသည် မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားကြောင်း ကောလဟာလများက ထွက်ပေါ်နေပြီ ဖြစ်၏။ အကယ်၍ သူသာ ပြိုင်ဘက် ရွေးရမည်ဆိုပါက လူသားများထက် အားကောင်းသည့် ခက်တန်သားရဲများကိုသာ ရွေးလိုက်မည်။ လူသားများ၏ စိတ်နှလုံးများက မှန်းဆ၍ မရပေ။
ယခင်က နဥ်ဝမ်ချင်းသည်လည်း တွမ့်မူရှန်းအတွက် အဆိုးထဲမှ အကောင်းဖြစ်နိုင်ကြောင်း ပြောခဲ့ဖူးသည်။ နောက်ဆုံးတွင် လုကျိုးက လုဝူကို မေးလိုက်သည်။
“သားရဲဧကရာဇ်တစ်ကောင်က သူ့ကို ကာကွယ်နိုင်မှာတဲ့လား”
“ဒါနဲ့ ” လုဝူက ကျောကိုဆန့်လိုက်သည့်အချိန် အနောက်ဘက်တွင် အမြှီး၉ချောင်း ရုတ်ခြည်း ပေါ်ထွက်လာသည်။
ကနဦးချီတို့က အလျှင်အမြန် ထွက်ပေါ်လာပြီး တိမ်မဲများကလည်း တလိပ်လိပ် ထွက်ပေါ်လာသည်။
လုဝူ၏ အမြီး၉ချောင်းမှ အနက်ရောင်အလင်းတန်းက ဝမ်းဗိုက်ဆီ ကျရောက်လာသည်။
လုကျိုးက လုဝူသည် သူ့စွမ်းအားကို ဖုံးကွယ်ထားနိုင်သည်ဟု ထင်မှတ်မထားခဲ့ပေ။
သူက ပြောလိုက်၏။
“မင်းဆီမှာ ဝှက်ဖဲတချို့ ရှိနေတာပဲ”
“ငါက ဆရာသခင်အဆင့်အောက်က လူတွေကို မကြောက်ဘူး။ ဆရာသခင်အထက်က…” လုဝူက အမြီးရမ်းလိုက်သည်။
ထိုစဉ် ခရုလေး၏ အသံက ထွက်ပေါ်လာ၏။
“သွား … ”
ချန်ဟွမ်းက ယဲ့ထျန်းရှင်းနှင့် ခရုလေးတို့ကို ကျောပေါ်သယ်ဆောင်လျက် ကျွန်းပေါ်ရောက်ရှိလာသည်။
လုဝူက ချန်ဟွမ်း ချဥ်းကပ်လာသည်အခါ အမွှေးအမျှင်များ ထောင်သွားပြီး အော်ဟစ်လိုက်သည်။
“ထွက်သွားစမ်း”
ခရုလေးက ပြောလိုက်သည်။
“သတ္တိကောင်းနေလိုက်တာ။ ရှစ်စွင်းက နင့်ကို အနိုင်ပိုင်းထားပြီးတာကို ချန်ဟွမ်းကို ထွက်သွားဖို့ အော်ရဲသေးတာလား”
လုဝူက မပျော်ရွှင်သော်လည်း သည်းခံရုံသာ တတ်နိုင်လေသည်။
လုကျိုးက ဆက်ပြောလိုက်၏။
“မင်းက စွမ်းအားကြီး သားရဲဧကရာဇ်ဆိုတော့ အမည်မသိ ကုန်းမြေနောက်ပိုင်းကိုသွားဖို့ အခွင့်အရေး ရှိနေရင် ပြန်သွားပြီးတော့ ဘာလို့အေးအေးဆေးဆေး မနေရတာလဲ”
လုဝူကကြည့်ကာ နားမလည်နိုင်သည့် စကားများကို ရေရွတ်နေသည်။
တချိန်တည်းဆိုသလို ခရုလေးက လုဝူကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ရှစ်စွင်း။ ရှစ်စွင်းက အသက်ကြီးပြီးတော့ အချိန်မစီးဘူးလို့ ပြောနေတယ်။ ဒီလိုအဖြေ သိပြီးသားတွေကို ဘာလို့မေးနေတာတုန်းတဲ့”
လုဝူ “...”
“မင်းက ဘာက မင်းအတွက် ကောင်းမှန်း မသိသေးဘူးကိုး” လုကျိုးက ပြောလိုက်သည်။
လုဝူက ခရုလေးကို ခြုံငုံကြည့်ကာ စကားတချို့ကို စမ်းသပ်လိုဟန်ဖြင့် ရေရွတ်လိုက်သည်။
ခရုလေးက ပြောလိုက်သည်။
“ငါက ခန့်မှန်းနေတာ မဟုတ်ဘူး။ ငါက သားရဲဘာသာစကားကို နားလည်တယ်”
လုဝူက နောက်အနည်းငယ် ဆုတ်ကာ လူသားဘာသာစကားဖြင့် ပြောလိုက်သည်။
“နင်က အသက်ငယ်ငယ်လေးနဲ့ သားရဲဘာသာစကားကို သိတယ်လား”
လုကျိုးက အသံမြင့်ကာ ဖြတ်ပြောလိုက်သည်။
“မင်းရဲ့နေရာက ပေါက်ကြားသွားပြီ။ တွမ့်မူရှန်း တစ်ခုခုဖြစ်သွားရင် မင်းဘာလုပ်မှာတုန်း”
လုကျိုးက တွမ့်မူရှန်းကို လုဝူနှင့်နေခိုင်းသည်က ပို၍ဘေးကင်းကြောင်း ဆုံးဖြတ်လိုက်သည်။
တွမ့်မူရှန်းက မိစ္ဆာဝေဟင်မျှော်နန်းရှိ လူအားလုံးထက် လုံ့လဝီရိယကြီးကြီးဖြင့် ကျင့်ကြံအားထုတ်ခဲ့သည်။ သူက တာအိုအနောက်ဘက်တွင် တစ်ယောက်တည်း အနားယူခြင်း မရှိ၊ အစားအစာ၊ ရေနှင့် အိပ်စက်မှု မရှိဘဲ လှံနည်းစနစ်များကို လေ့ကျင့်လေ့ ရှိ၏။ သူက ကြယ်တာရာ စုစည်းရေးအစီအရင်ကြောင့် နာကျင်မှုကို ထောင့်ခံထားနိုင်ခဲ့သည်။ ထိုအရာအပြင် သူက အမှန်တကယ်ကို ကျင့်ကြံရေးကို ရူးသွပ်နေသူ တစ်ယောက် ဖြစ်၏။ လုကျိုးက တွမ့်မူရှန်းသာ အသိစိတ်ရှိပါက တူညီသည့် ဆုံးဖြတ်ချက်ကို ချလိမ့်မည်ဟု ယုံကြည်နေသည်။ သူက တွမ့်မူရှန်းကို ကြည့်လိုက်၏။
ထိုစဉ် လုဝူကို ပြောလိုက်သည်။
“သခင်လေး ဒီမှာရှိရင် လုဝူကလည်း ဒီမှာ ရှိမယ်။ သခင်လေး သေရင် လုဝူလည်း သေမယ်”
“ကောင်းပြီ” လုကျိုးက လက်ဆန့်ထုတ်လိုက်သည်။
ကျောက်တုံးအတွင်း ထိုးစိုက်နေသည့် နယ်ရှင်လှံက လုကျိုး၏ လက်ထဲ ရောက်ရှိလာ၏။
“ကောင်းပြီ။ ငါ့ရဲ့ မသိတတ်တဲ့ တပည့်ကိုယ်စား ဆုံးဖြတ်ပြီးတော့ မင်းကို သူ့ဘေးနားမှာ နေခွင့်ပေးလိုက်မယ်။ တကယ်လို့ တစ်ခုခုဖြစ်လာမယ်ဆိုရင်တော့ မင်းနဲ့ ထိပ်တိုက်တွေ့ရလိမ့်မယ်”
ဝှစ်
နယ်ရှင်လှံကို စတင်ဝှေ့ယမ်းလိုက်သည်။
“ဘာလုပ်နေတာတုံး” လုဝူက သတိထားကာ မေးလိုက်သည်။
လုကျိုးက ခြေဖျားထောက်ပြီး ရေပြင်အထက် ဝေဟင်၌ ပျံသန်းလိုက်သည်။
“ဒါက အစီအရင် ချိုးဖောက်ရေးလို့ ခေါ်တဲ့ လှံနည်းစနစ်ပဲ။ သေချာကြည့်ထား။ တစ်ခါပဲ ပြမှာ။ ပြီးရင် မင်းသူ့ကို ပြန်သင်ပေးလိုက်”
လုကျိုးက လှံကိုလက်တစ်ဖက်နှင့် ကိုင်ဆွဲကာ ရေပြင်ညီအတိုင်း ကိုင်ဆောင်လိုက်သည်။
ဗွမ်း
ရေကန်က ရေများမှ ကောင်းကင်အထက် မြင့်တက်လာပြီး စွမ်းအင်လှံများအဖြစ် ပြောင်းလဲသွားသည်။ စွမ်းအင်လှံများက သေသပ်သည့် အနေအထားအတိုင်း ရှိနေ၏။ သူတို့၏ တိုက်ခိုက်လိုစိတ်က ကောင်းကင်အထက် မြင့်တက်လာသည်။ ထို့နောက်သူတို့က လေဟုန်ကဲ့သို့ ထွက်ပေါ်လာကာ ကျောက်တုံးများကို အမှုန့်ဖြစ်သွားစေသည်။
လုဝူက ထိုအရာကြောင့် အံ့အားသင့်နေပြီး မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
“နောက်ထပ် တိုက်ကွက်အသစ်ပဲ”
…
လုကျိုးက သူ့သရုပ်ပြမှု ပြီးစီးပြီးသည့်နောက်တွင် နယ်ရှင်လှံကို ပစ်ပေးလိုက်သည်။ ထို့နောက်သူက ယဲ့ထျန်းရှင်းနှင့် ခရုလေးတို့ကို ပြောလိုက်၏။
“သွားကြစို့”
လုကျိုးက ချန်ဟွမ်း ကျောပေါ်တက်ပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။
ချန်ဟွမ်းက မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးသည့်နောက်တွင်မူ လုဝူက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသွား၏။ အကယ်၍ လုကျိုးက သူ့တပည့်ကို ဤနေရာတွင် ထားခဲ့မည်ဆိုပါက အဘယ့်ကြောင့် သူ့ကို ရိုက်နှက်နေရသနည်း။
ထိုသဘောပေါက်မှုဖြင့် လုဝူက ကြီးကြီးမားမား ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရသည်။
“စက်ဆုပ်ပြီး အရှက်မဲ့တဲ့ လူသား”
ထိုစဉ် အဝေးတစ်နေရာ တောအုပ်ထဲ ချန်ဟွမ်းက ရုတ်တရက် လှည့်ကြည့်လိုက်သည်။
...
အခန်း (၁၁၆၃) အသက်ဓာတ်နှလုံးသားတစ်ခု ရယူခြင်း
လုဝူက ကျိန်ဆဲပြီးသည်နှင့် ချန်ဟွမ်းက ကောင်းကင်ထဲ၌ ပေါ်လာလေ၏။
ခရုလေးက လုဝူကို လက်ညှိုးထိုးပြီးပြောလိုက်သည်။ “ရှစ်စွင်း ... သူက ရှစ်စွင်းကို ကြိမ်းမောင်းနေပြန်ပြီ”
လုဝူ “...”
သားရဲဧကရာဇ်သည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲတော့မည်ဟု ခံစားလိုက်ရသည်။
လုကျိုးက ချန်ဟွမ်း၏ကျောပေါ်တွင် ရပ်လျက်ပြောလိုက်သည်။
“လုဝူ ငါ ကိစ္စတစ်ခုရုတ်တရက်သတိရသွားလို့ မင်းဆီက တောင်းဆိုစရာတစ်ခုရှိတယ်”
“မရဘူး”
လုဝူက တွေဝေမနေဘဲ ပြောလိုက်၏။ ပြီးနောက် ခါးညွှတ်ကာ အသက်ပြင်းပြင်းရှူလျက် တွမ့်မူရှန်းနှင့်နယ်ရှင်လှံကို ၎င်း၏ခံတွင်းထဲ ငုံလိုက်သည်။ ပြီးနောက် ကောင်းကင်ထဲ ပေ ၁၀၀၀ခန့် ခုန်တက်လိုက်၏။
“သူ့နောက်လိုက်”
ချန်ဟွမ်းက လုဝူနောက်လိုက်ပြီး ပျော်ရွှင်စွာအော်လိုက်သည်။ ယခု သူက သူ၏စွမ်းရည်ကို သက်သေပြရမည့်အချိန်ဟု ခံစားမိသည်။
“ရှစ်စွင်း ဒီပုံစံအတိုင်းဆို တပည့်တို့လိုက်မှီမှာမဟုတ်ဘူး” ခရုလေးက ပြောလိုက်သည်။
ချန်ဟွမ်း၏အရှိန်က လုဝူနှင့်ယှဉ်လျှင်နှေးလွန်းပေ၏။ သားရဲဘုရင်နှင့် သားရဲဧကရာဇ်ကြား ကွာဟချက်က ကြီးမားလွန်းသည်။ ချန်ဟွမ်းအဖို့ ၎င်း၏အရွယ်အစားကို ပိုကြီးအောင်လုပ်လိုက်လျှင်တောင် ကွာဟချက်ကို ဖြည့်ဆည်းဖို့ ခက်ခဲပေလိမ့်မည်။
လုကျိုးက ခါးညွှတ်လျက် လက်တစ်ဖက်ကို ဖိကပ်လိုက်၏။ သူ၏လက်ထဲမှ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားသည် ချန်ဟွမ်း၏ကိုယ်ထဲရောက်သွားသည်။
ခဏအကြာ၌ ချန်ဟွမ်းသည် အပြာရောင်အလင်းဖျော့ဖျော့တောက်ပလာလေ၏။ ၎င်းက လှုံ့ဆော်ခံလိုက်ရသည့်ပမာ အရှိန်တိုးလာတော့သည်။
လုဝူက တောအုပ်များ၊ တောင်တန်းများစွာကို ဖြတ်ကျော်သွားပြီး ၎င်း၏ခရီးစဉ်အတွင်း ကြမ်းတမ်းခက်ထန်သားရဲ၏ အသိုက်လေးကိုတောင် ဖျက်ဆီးခဲ့မိ၏။ ၎င်းသည် နောက်ဆုံး၌ ဘက်သုံးခု၌ တောင်တန်းများဝန်းရံနေသည့် လျှို့ဝှက်နေရာသို့ ရောက်လာသောအခါ ၎င်း၏မျက်နှာပေါ်၌ ရွှင်ပျသောအမူအရာဖြင့် ထိုင်ချလိုက်ပြီးနောက် တွမ့်မူရှန်းနှင့်နယ်ရှင်လှံကို အမှိုက်များပမာ မြေပြင်ပေါ် ထွေးထုတ်လိုက်သည်။
ပြီးနောက် လုဝူက မဲ့ပြုံးပြုံးလိုက်သည်။ “သာမန်ညောင်ညသားရဲဘုရင်လေးတစ်ကောင်ကများ ငါ့ကို လိုက်ဖမ်းနိုင်မယ်ထင်နေတယ်ပေါ့”
ရုတ်တရက် ...
“မင်္ဂလာပါ”
ခရုလေးက လေထဲပျံသန်းလျက် လုဝူကို နှုတ်ဆက်လိုက်သည်။
လုဝူက မယုံနိုင်စရာမျက်လုံးပြူးကျယ်သွား၏။ သူတို့၏အရွယ်အစားက နေနှင့်လပမာဖြစ်နေသည်။ ၎င်း၏အမူအရာက အတော်လေးရယ်စရာကောင်းနေ၏။
ထိုစဉ် ချန်ဟွမ်းက လုဝူရှေ့ဆင်းသက်လာသည်။
လုကျိုးနှင့် ယဲ့ထျန်းရှင်းက လုဝူကို စိုက်ကြည့်နေသည်။
“မင်း ထပ်ပြေးချင်သေးလား”
“...”
လုကျိုးက မြေပြင်ပေါ်လှဲနေသည့် တွမ့်မူရှန်းကို တချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“မင်းက သားရဲဘုရင်တစ်ကောင်ဆီကတောင် လွတ်အောင်မပြေးနိုင်ဘူး။ တွမ့်မူရှန်းကို မင်းနဲ့ထားခဲ့ရမှာ စိတ်ပူတယ်”
သားရဲဧကရာဇ်သည် သူ၏မာန်မာနအားလုံး ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရပုံပေါ်သည်။ ၎င်းက မြေပြင်ပေါ်တွင် ကုတ်ခြစ်နေတော့၏။ တိုက်ခိုက်တော့မည့် နွားရိုင်းတစ်ကောင်နှင့်ဆင်တူနေတော့သည်။ ပြီးနောက် ကလေးတစ်ယောက်ပမာ စောကဒတက်တော့သည်။
“ငါ .. ငါ အားကုန်ထုတ်မသုံးခဲ့ဘူး။ ဒါ ထည့်မတွက်ဘူး”
လုကျိုးက အစောတုန်းက လုဝူအစောတုန်းက စွမ်းအားအကုန်ဖြင့် ထွက်ပြေးခဲ့တာ မဟုတ်မှန်း သိနေသည်။ ထို့အပြင် ချန်ဟွမ်းကို အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပံ့ပိုးပေးထားတာဖြစ်သည်။ သို့သော် သူ ယခုရသည့်အားသာချက်ကို အလွတ်မပေးနိုင်။ ထို့ကြောင့် သူက ပြောလိုက်၏။
“ဟုတ်ပြီ ... မင်းက ခမ်းနားတဲ့သားရဲဧကရာဇ်တစ်ပါး ဒါပေမဲ့ အငယ်တစ်ယောက်နဲ့ ရန်ဖြစ်ချင်နေသေးတယ်” လုကျိုးပြောလိုက်သည့်အငယ်က ချန်ဟွမ်းပဲဖြစ်သည်။
ချန်ဟွမ်းက ဆောင့်ကြောင့်ထိုင်လျက် နားစွင့်ထား၏။ ၎င်းက ပီတိဖြာနေတာ သိသာသည်။
ယင်းကိုမြင်သောအခါ လုဝူသည် ဒေါသထွက်လာလေ၏။ အဆုံးကျ သူ၏စိတ်မပျော်ရွှင်မှုကို ထိန်းချုပ်ထားကာ မေးလိုက်တော့သည်။
“လုထျန်းထုံ ... မင်း ဘာလိုချင်တာလဲ”
လုကျိုးက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
“မင်းရဲ့အသက်ဓာတ်နှလုံးသားကို ငှားချင်လို့”
“မဖြစ်နိုင်ဘူး။ ငှားလို့မရဘူး”
လုဝူ၏အသံက တောင်တန်းများကို လှုပ်ခါသွားစေ၏။
ပတ်ဝန်းကျင်ရှိသားရဲများသည် သားရဲဧကရာဇ်၏ရုတ်တရက်ရောက်ရှိလာမှုကြောင့် ကြောက်လန့်တကြား တုန်ယင်ကုန်ကြသည်။ လုဝူသည် လူသားများ ကြောက်ရွံ့ရသည့် သားရဲဧကရာဇ်ဖြစ်ကာ ကြမ်းတမ်းခက်ထန်သားရဲများ လေးစားသည့် သားရဲဧကရာဇ်ဖြစ်ပြီး သူ၏ဘဝ၌ ယနေ့ကဲ့သို့ မကျေမချမ်း တစ်ခါမှ မဖြစ်ဖူးပေ။ သခင်လေး၏ အကျိုးအမြတ်အတွက် သူက တောင့်ခံထား၏။ ကြီးမြတ်သောသခင်တစ်ပါးကို မတိုက်ခိုက်ချင်ပေ။ အငယ်တစ်ယောက်နှင့်လည်း စကားမများချင်သောကြောင့် သူ သည်းခံခဲ့သည်။ သို့သော် မိမိ၏အသက်ဓာတ်နှလုံးသားကို ငှားယူမည်ကို မည်သို့သည်းခံရမည်နည်း။ ယင်းက သည်းခံနိုင်သည့်အရာမဟုတ်။
အသက်ဓာတ်နှလုံးသားများက လူသားများအတွက် တန်ဖိုးရှိပုံကို ရှင်းပြရန်မလိုအပ်ပေ။ အသက်ဓာတ်နှလုံးသားအရည်အသွေးက မြင့်လေ ၎င်းက ပိုရှားပါးလေဖြစ်၏။ သားရဲဧကရာဇ်တစ်ပါး၏ အသက်ဓာတ်နှလုံးသားတန်ကြေးကို မှန်းဆရုံသာတတ်နိုင်သည်။
ကောင်းကင်ဘုံသည် လူသားများနှင့် ကြမ်းတမ်းခက်ထန်သားရဲများကို ဖန်တီးစဉ်က အလွန်မျှတခဲ့ပုံပေါ်သည်။ အသက်ဓာတ်နှလုံးသားများကို နှစ်ကြိမ်အသုံးပြုနိုင်၏။ တစ်နည်းအားဖြင့် ၎င်းသည် လူသားများနှင့် ကြမ်းတမ်းခက်ထန်သားရဲများကြား ပဋိပက္ခကိုဟန်ချက်ညီစေနိုင်သည်။ ကြမ်းတမ်းခက်ထန်သားရဲများက သန်မာတာ သံသယဖြစ်ဖွယ်မရှိ။ သို့သော် လူသားများက လုံလောက်အောင် ရှင်သန်နေထိုင်နေသရွေ့ သူတို့မဖန်တီးနိုင်တာ မရှိပေ။
လုဝူသည် နှာခေါင်းဝမှ လေပူများမှုတ်ထုတ်လိုက်၏။ ယင်းက အလွန်ဒေါသထွက်နေတာ သိသာနေသည်။
လုကျိုးက တည်ငြိမ်စွာပြောလိုက်သည်။
“မဖြစ်နိုင်တာ မရှိဘူး”
“ခင်ဗျားက ကြီးမြတ်တဲ့ဆရာသခင်ပဲ” လုဝူဆိုလိုတာက သားရဲဧကရာဇ်တစ်ပါး၏ အသက်ဓာတ်နှလုံးသားသည် ဆရာသခင်တစ်ပါးအတွက် အသုံးမဝင်ပေ။
“မင်း စိတ်ပူစရာမလိုဘူး။ မင်းရဲ့အသက်ဓာတ်နှလုံးသားကို ငှားပြီးရင် မင်းဆီ သေချာပေါက်ပြန်ပေးမှာ”
လုဝူက ခေါင်းငုံ့လျက် ဝေ့ဝိုက်ကြည့်နေသည်။ ၎င်း၏အမူအရာက မျက်နှာပေါ်၌ ဤသို့ ရှင်းရှင်းလင်းလင်း ရေးသားထား၏။ ဤလူက ကောက်ကျစ်တယ် ... သူ့ကိုယုံရင် ငါ တုံးနေလို့ပဲ။
ခရုလေးက ရဲတင်းစွာပျံဝဲလာပြီးနောက် လုဝူရှေ့၌ ပျံသန်းကာ ပြောလိုက်သည်။
“လိမ်လိမ်မာမာနေ။ မပြေးနဲ့”
“...”
လုဝူက သူ သွေးအန်တော့မည်ဟု ခံစားလိုက်ရသည်။
လုကျိုးက ပြောလိုက်သည်။
“ငါက ဆရာသခင်တစ်ပါးဆိုမှတော့ ဘာကြောင့် လိမ်ရမှာလဲ။ ဒါ့အပြင် ငါ ဘယ်တုန်းက လိမ်ခဲ့လို့လဲ”
“မင်း အကြိမ်ပေါင်းများစွာ လိမ်ခဲ့တာပဲ” လုဝူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“...”
လုကျိုးက ခေါင်းခါလိုက်တော့သည်။ ဒီလုထျန်းထုံက လူကောင်းတစ်ယောက် မဟုတ်တာပဲ ဖြစ်မယ်။ သူက ဘယ်လိုလုပ် ငါနဲ့ ဒီလောက် တူရတာလဲ။ လုကျိုးက ချော့မြူသောလေသံဖြင့် ဆက်ပြောလိုက်သည်။
“လုဝူ .. မင်းရဲ့အသက်ဓာတ်နှလုံးသား ငါ့ကို ဘာကြောင့်မငှားတာလဲ။ ဒီမှာ အပေါင်ပစ္စည်းအနေနဲ့ ချန်ဟွမ်းကို ထားခဲ့မယ်။ မင်း ဘယ်လိုထင်လဲ”
ချန်ဟွမ်း “...”
“မရဘူး ... မရဘူး။ ငါ မလိုချင်ဘူး” လုဝူက ခေါင်းခါလိုက်၏။
လုကျိုးက အလျင်မလိုပေ။ သူ ဆက်ပြောလိုက်သည်။
“ဒါမှမဟုတ် ငါ့ဆီက တစ်ခု တောင်းဆိုလို့ရတာပဲ”
“မရဘူး ... ငါ မတောင်းဆိုချင်ဘူး” လုဝူက ခေါင်းခါလိုက်၏။
ထိုစဉ် ယဲ့ထျန်းရှင်းက ဆက်ပြောလိုက်၏။
“မင်းရဲ့သခင်တွမ့်မူကို ရှာဖို့ကူညီပေးမယ်ဆိုရင်ကော”
လုဝူက တောင့်ခဲသွားပြီးနောက် ခေါင်းမော့လိုက်သည်။
သက်ရှိသတ္တဝါများအားလုံးက စိတ်ခံစားချက်များ ရှိသည်။ လူသားများကလည်း သားရဲများ ဖြစ်သည်။ လူသားတို့သည် အချိန်ကာလရှည်ကြာမှုထဲတွင် ထိန်းသိမ်းရမည့်ခံစားချက်များရှိသည်။ သို့သော် သားရဲများက မည်သို့ဖြစ်မည်နည်း။
တွမ့်မူထျန်းသည် လုဝူ၏သခင်ဖြစ်ရုံမက သူ၏အားနည်းချက်လည်း ဖြစ်သည်။ သူ၏သခင် ထွက်သွားချိန်မှ စပြီး လုဝူက အထီးကျန်နေခဲ့ကာ သူ၏သခင်သေလားရှင်လား မသိခဲ့ပေ။
လုကျိုးက ယခုအချိန်၌ လမ်းစပေါ်လာပြီမှန်းသိသော်ငြား သူက အနည်းငယ် တုံ့ဆိုင်းလျက် ပြောလိုက်သည်။
“မဟာလေဟာနယ်က အလွန်သန်မာတယ်ဆိုတာ ငါ သိတယ်။ အဲ့ဒီတုန်းက ကြီးမြတ်တဲ့ဆရာသခင် တွမ့်မူက မဟာလေဟာနယ်ဆီ ခေါ်သွားခံရတဲ့အချိန် ငါကတကယ် လုထျန်းထုံဖြစ်နေရင်တောင် ငါ ကူညီနိုင်တာ ဘာမှမရှိမှာ စိုးတယ်။ မင်းရဲ့အသက်ဓာတ်နှလုံးသားကို ငှားချင်ရုံပဲ။ သုံးပြီးသွားတာနဲ့ ပြန်ပေးမယ်။ မင်း ဆုံးရှုံးမှု ကြုံတွေ့ရမှာ မဟုတ်ဘူး”
လုဝူသည် တွမ့်မူရှန်းပေါ်ရောက်သည်အထိ နှာမှုတ်ကာ တစ်စုံတစ်ခုကို အတည်ပြုလိုက်၏။ ပြီးနောက် ရှေ့တိုးကာ ခေါင်းအနည်းငယ်စောင်းလျက် လုကျိုးကိုကြည့်ပြီး နှာမှုတ်လိုက်ပြန်၏။ သို့သော် ရင်းနှီးနေသော အငွေ့အသက်ကို မရပေ။ နောက်ဆုံးတော့ သူက ပြောလိုက်သည်။
“စိတ်ဝိညာဉ်သဏ္ဌာန်”
“ငါ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေ့ချင်တာလား” လုကျိုးက ခေါင်းအနည်းငယ်ညိတ်လိုက်သည်။ “မင်း သဘောပဲ”
ဘီး
သို့သော် လုဝူထင်ထားသကဲ့သို့ မွေးဖွားစမ်းသပ်ချက်သုံးခုကို ဖြတ်ကျော်ပြီးသည့် တစ်စုံတစ်ယောက်၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်ရမည့်အစား လုကျိုး၏လက်ဝါးထက်၌ အပြာရောင်နည်းလမ်းရှစ်သွယ် ဆက်နွယ်စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။ စိတ်ဝိညာဉ်သဏ္ဌာန်က အလွန်အားနည်းကာ ၎င်း၏အရှိန်အဝါကိုလည်း လျစ်လျူရှုထားနိုင်သည်။
ယဲ့ထျန်းရှင်းနှင့် ခရုလေးက ဇဝေဇဝါဖြစ်သွား၏။
လုဝူက ထိတ်လန့်လွန်းသောကြောင့် မျက်လုံးပြူးထွက်လုနီးပါးဖြစ်လာသည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို လေ့လာရန် ခေါင်းတောင်ငုံ့လိုက်၏။ သူ၏အမြင်တွင် စိတ်ဝိညာဉ်သဏ္ဌာန်က တောက်ပသည့် ပုလဲလုံးတစ်ခု ပမာပင်။ စိတ်ဝိညာဉ်သဏ္ဌာန်ထဲတွင် ကိန်းအောင်းနေသည့် စွမ်းအားတစ်ခုက ပြိုင်ဘက်ကင်းပြီး တောက်ပ၏။ ကြမ်းတမ်းခက်ထန်သည့် အမည်မသိကုန်းမြေထဲတွင် မိုင်ပေါင်းထောင်ချီစာ ကြည်လင်သောကောင်းကင်ကို ဆောင်ယူလာသည်။ ၎င်း၏အသံက အနည်းငယ်တုန်ယင်နေကာပြောလိုက်သည်။
“ကောင်းပြီ”
လုကျိုးသည် လုဝူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သွားပြီးသည်နှင့် လက်ခံသည်ကို အံ့ဩသွားသည်။ အစက သူသည် သူ၏စွမ်းဆောင်ရည်ကိုပြသရန် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုလုံးကို ပြသရန် ပြင်ဆင်ထား၏။ နည်းလမ်းရှစ်သွယ် ဆက်နွယ်တစ်ခုတည်းက လုံလောက်မည်ဟု မည်သူက သိမည်နည်း။
လုကျိုးက ဇဝေဇဝါဖြစ်နေစဉ် လုဝူက ပါးစပ်ဟလိုက်သည်။ ၎င်း၏ဝမ်းဗိုက်က လှုပ်ရှားသွားပြီးနောက် အနက်ရောင်အလင်းဖြင့် အသက်ဓာတ်နှလုံးသားက သူ၏ဧရာမသွားနှစ်ချောင်းကြားမှ ထွက်လာသည်။
သားရဲဧကရာဇ်၏အသက်ဓာတ်နှလုံးသားက လုကျိုးလက်ထဲရောက်လာသောအခါ သူသည် အရေပြားကနေ အရိုးထဲထိအောင်အေးစိမ့်နေတာကို ခံစားမိလိုက်သည်။ ၎င်းက ဖုယီ၏ ရေစွမ်းရည်ထက် ပိုအေးစက်သည်။ လုဝူ၏ အသက်ဓာတ်နှလုံးသားက ဖုယီ၏ အသက်ဓာတ်နှလုံးသားနှင့် မယှဉ်နိုင်။ သူ၏ရေခဲထိန်းချုပ်နိုင်မှုက ခရမ်းရောင်တောက်ပသံကျောက်မှ လာတာ ဖြစ်သည်။ သူက လုဝူ၏အသက်ဓာတ်နှလုံးသားကို အသုံးပြုသည်နှင့် သူသည် ရေနှင့်ရေခဲ ထိန်းချုပ်နိုင်စွမ်း လေးဆ မြှင့်တင်နိုင်မည်ဟု ဆိုလို၏။ ဤစွမ်းအင်က ကျင့်ကြံမှု အချိန်ကြာလာသည်နှင့်အမျှ ပိုသန်မာလာမှာပဲ ဖြစ်သည်။ သူ ဆရာသခင်တစ်ပါးဖြစ်လာသောအခါ အေးခဲအောင်လုပ်နိုင်စွမ်းက လုဝူထက် လျော့မှာမဟုတ်။
နောက်ဆုံး၌ လုကျိုးက ပြောလိုက်သည်။
“ငါ မင်းရဲ့အသက်ဓာတ်နှလုံးသား ပေးခဲ့ရင် မင်းရဲ့ခွန်အား လျော့သွားမှာလား။ အဲ့ဒီအချိန်ကျ ငါ့ရဲ့တပည့်ကို ဘယ်လိုကာကွယ်မလဲ”
ပြီးနောက် လုကျိုးက ချန်ဟွမ်းကျောပေါ်သို့ ပျံသန်းသွား၏။
ယင်းကို မြင်သောအခါ ယဲ့ထျန်းရှင်းနှင့် ခရုလေးကလည်း လိုက်လာသည်။
လုကျိုးပျံသန်းမသွားခင် လုဝူက ပြောလိုက်၏။
“ခင်ဗျားရဲ့ကတိကို တည်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ် စောင့်နေတယ်”
ပြီးနောက် လုဝူက ထိုင်ချလျက် လုကျိုး၏နောက်ဆုံးစကားများကို ပြန်တွေးလိုက်၏။
“မဟုတ်ဘူး ... သူခိုးကြီး ယုတ်မာကောက်ကျစ်တယ်”
ဖုန်း
လုဝူက မြေပြင်ကို လက်ဖြင့် ပြင်းထန်စွာရိုက်လိုက်ရာ ကမ္ဘာမြေကြီးပြင်းထန်စွာလှုပ်ခါသွားပြီးနောက် တွမ့်မူရှန်းကို လေထဲပျံတက်သွားစေပြီးနောက် မြေပြင်ပေါ် ပြန်ပြုတ်ကျလာစေ၏။
...
အခန်း (၁၁၆၄) : ပထမ မဟာမွေးဖွားဇယားချပ်
လုဝူက ဒေါသထွက်နေသော်လည်း စိတ်တိုနေရုံမှအပ ရွေးချယ်စရာ မရှိပေ။ မြောက်ပိုင်း ဓားချောက်နက်၏ တိုက်ပွဲအပြီး သူ့ပျက်စီးသွားသည့် နှလုံးသားက မကုသရသေးပေ။ ယခုအခါ အသက်ဓာတ်နှလုံးသားပါ မရှိတော့လေပြီ။ ထိုအချက်များကြောင့် သူ့အင်အား သိသိသာသာ လျော့ကျသွားသည်မှာ သဘာဝကျပေသည်။ ယခုအခါ ဤနေရာမှ အလျင်စလို ထွက်သွားပြီး ပိုမိုအားကောင်းသည့် ရန်သူကို တွေ့ဆုံခဲ့ပါက ပိုမိုဆိုးဝါးသွားလိမ့်မည်။ လူများစွာက သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားကို တပ်မက်နေကြသည် မဟုတ်ပါလော။
တကယ်တော့ လုကျိုးက သူသည် လုဝူကို အနိုင်ယူနိုင်ခဲ့သည့် အဓိကအကြောင်းအရင်း ၃ခုကို သိထားလေသည်။ ပထမတစ်ခုက လုဝူသည် သူ့ကို လုထျန်းထုံဟု ထင်မှတ်နေခြင်း ဖြစ်၏။ ဒုတိယအနေဖြင့် တွမ့်မူတျန်း၏ တိုက်ရိုက်မျိုးဆက် တွမ့်မူရှန်းကြောင့် ဖြစ်သည်။ တတိယအနေဖြင့် လုဝူက တိုက်ရိုက် မတိုက်ခိုက်လိုပေ။
သို့သော်လည်း နောက်ထပ်ထူးဆန်းသည့် အချက်တစ်ခု ရှိနေလေသည်။ သူ့အပြာရောင်သဏ္ဌာန် စိတ်ဝိညာဉ် ဖြစ်၏။ လုကျိုးက ထိုအရာကို မည်သို့ပင် စဉ်းစားစေကာမူ လုဝူက သူ့နည်းလမ်း၈သွယ် စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် အံ့အားသင့်သွားဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်လည်း ထိုသို့ဖြစ်နေဟန် ပေါ်သည်။ လုဝူက အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်တွေ့ပြီး တစ်စုံတစ်ခု သိထားခဲ့သည်။ သို့သော်လည်း သူ့လိုမျိုး အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကျင့်ကြံနိုင်ခဲ့သူ ရှိလိမ့်မည်ဟု မထင်ပေ။ ပြောရလျှင် ထိုအရာက အနာဂတ်အတွက် မေးခွန်းသာ ဖြစ်၏။
ထိုစဉ် ခရုလေးက မေးလိုက်သည်။
“ရှစ်စွင်း တပည့်တို့ အခုပြန်တော့မှာလား”
လုကျိုးက ခေါင်းယမ်းလိုက်သည်။
“အလျင်မလိုနဲ့။ ငါတို့တွေ ပုန်းဖို့ နေရာတစ်ခု ရှာကြတာပေါ့။ ပြီးရင် လုဝူရဲ့ အသက်ဓာတ်နှလုံးသားကို တတ်နိုင်သမျှ မြန်မြန်ပြန်ပေးရမယ်”
ယဲ့ထျန်းရှင်းနှင့် ခရုလေးတို့က ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ အမြင်တွင် သူတို့၏ ရှစ်စွင်းက မွေးဖွားဇယားချပ် ၁၂ခု ပိုင်ဆိုင်ထားသည့် ပညာရှင် ဖြစ်၏။ သူက သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားကို လိုချင်နေသည်မှာ အဓိပ္ပာယ်ရှိပေသည်။
“ရှစ်စွင်း တကယ်ကြီး ပြန်ပေးမှာလား” ခရုလေးက မေးလိုက်သည်။
“...”
လုကျိုးက လက်ကို မြောက်ကာ ခရုလေး၏ နှဖူးကို တောက်ရင်း ပြောလိုက်သည်။
“ရှောင်ယွမ်အာရဲ့ အဓိပ္ပာယ်မရှိတဲ့ အပြုအမူတွေကို အတုခိုးမနေနဲ့” ယဲ့ထျန်းရှင်းက ရယ်လိုက်သည်။
ခရုလေးက ခေါင်းကုတ်လိုက်ကာ စိတ်ရှုပ်ထွေးနေ၏။ သူမက ဘာအမှားလုပ်လိုက်မိမှန်း မသိပေ။ လုကျိုးက ပြောလိုက်သည်။
“လုဝူက မင်းရဲ့ ရှစ်ရှိုးကို ကယ်ဖို့ သူ့ရဲ့ အဆီအနှစ်ချီကို လက်လျှော့ခဲ့တာ။ သူက မဟာလေဟာနယ်မျိုးစေ့ကို တပ်မက်နေတာ မဟုတ်ဘူးဆိုတာ ပြသနေတာပဲ။ မင်းရဲ့ ရှစ်ရှိုးက တိုက်စား စွမ်းအင်တွေ ရှိသေးတယ်ဆိုတော့ အဲအကြောင်းကို ထည့်ပြီး စဉ်းစားပေးရမယ်။ သူ့ကို ပြန်ခေါ်လာရင် သူ့ခန္ဓာကိုယ်ထဲက တိုက်စား စွမ်းအင်တွေကို ယာယီပဲ ဖိနှိပ်ထားနိုင်လိမ့်မယ်။ အပြည့်အဝ ရှင်းထုတ်ပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အမည်မသိကုန်းမြေမှ အသက်ဓာတ်စွမ်းအားက ရှုပ်ထွေးပြီးတော့ ကြွယ်ဝတယ်။ တကယ်လို့ ငါသာ သူ့ကိုခေါ်သွားမယ်ဆိုရင် သူက အခွင့်အရေးကောင်းနဲ့ လွဲချော်သွားနိုင်တယ်”
ခရုလေးက ခေါင်းညိတ်လိုက်၏။
“ စန်းရှစ်ရှိုးက ကျင့်ကြံရေးလမ်းစဉ်ကို တခြားသူတွေထက် ပိုပြီးတော့ တစိုက်မတ်မတ် ကြိုးစားခဲ့တာပါ။ ရှစ်စွင်းက ဉာဏ်ကြီးပါတယ်”
“အိုး” ခရုလေးက ခေါင်းညိတ်လိုက်သည်။
“ငါတို့တွေ လုဝူရဲ့ အသက်ဓာတ်နှလုံးသားကို ပြန်မပေးရင် သူကအားနည်းသွားလိမ့်မယ်။ အဲဒီအခါကျရင် ရှစ်ရှိုးက အန္တရယ်ကြား ကျရောက်သွားနိုင်တယ်” ယဲ့ထျန်းရှင်းက ရှင်းပြလိုက်သည်။
ခဏအကြာတွင် သုံးယောက်သားက နောက်ထပ် တောင်နမိတ် ဝန်းကျင်ဆီ ရောက်ရှိလာသည်။
အမည်မသိ ကုန်းမြေသည် ကျယ်ပြောလှ၏။ သားရဲဧကရာဇ်ဖြစ်စေ သားရဲးဘုရင်ဖြစ်စေ သူတို့က နေတစ်ဝက်ကြာ ပျံသန်းနိုင်သော်လည်း အမည်မသိ ကုန်းမြေ၏ ထောင့်တစ်နေရာတွင်သာ ရှိနေလိမ့်ဦးမယ်။
“ရပ်လိုက်” ချန်ဟွမ်းက ရုတ်တရက် ရပ်တန့်လိုက်သည်။
“ရှစ်စွင်း အဲဒီမှာ လှိုဏ်ဂူတစ်ခုရှိတယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက ချန်ဟွမ်း၏ ကျောပေါ်မှဆင်းကာ ထိုဂူရှေ့ သွားလိုက်သည်။ ဂူက ခြောက်သွေ့နေပြီး ပတ်ဝန်းကျင်ကလည်း မဆိုးလှပေ။ ကနဦးချီများကလည်း သိပ်သည်းလှ၏။
လုကျိုးက ကောင်းကင်ကျမ်း၏ အကြားစွမ်းအားဖြင့် အကြားနယ်နိမိတ်ကို ချဲ့ထွင်လိုက်သည်။ ဤနေရာတွင် သားရဲဘုရင် မရှိကြောင်း အတည်ပြုပြီးသည့်နောက် ပြောလိုက်၏။
“ငါဒီမှာ အချိန်တစ်ခု နေဦးမယ်။ မင်းတို့တွေ အဝေးကြီး လျှောက်သွားမနေနဲ့ဦး”
“ဟုတ်ကဲ့” ယဲ့ထျန်းရှင်းနှင် ခရုလေးတို့က ပြိုင်တူဦးညွှတ်လိုက်ကြသည်။ အမျိုးသမီးနှစ်ယောက်လုံးက သူတို့၏ ရှစ်စွင်းသည် မွေးဖွားဇယားချပ်ကို အသက်သွင်းလိုမှန်း သိထားသည့်အတွက် သတိလက်လွတ် မနေရဲပေ။ ကံကောင်းစွာဖြင့် အမည်မသိကုန်းမြေက ကျယ်ပြောလွန်းလှ၏။ မျက်စိနှင့် မြင်နိုင်သလောက် သားရဲငယ်များနှင့် တိမ်တိုက်များသာ ရှိနေသည်။ လူသား အရိပ်အယောင်ဟူ၍ မရှိပေ။
လုဝူက ဒီနေရာမှာ ကျက်စားနေတာ မထူးဆန်းတော့ပါဘူး။ သူ့ဉာဏ်ရည်နဲ့ဆိုရင် သူ အနိုင်မယူနိုင်တဲ့ ဆရာသခင်နဲ့တွေ့တယ်ဆိုရင်တောင် ထွက်ပြေးဖို့ ပြဿနာတော့မရှိဘူး…
………………
လှိုဏ်ဂူအတွင်း
လုကျိုးက တင်ပျဉ်ခွေထိုင်ကာ မွေးဖွားဇယားချပ်မြေပုံကို ထုတ်ရင်း သူ့ကြာပွင့်ကို ထုတ်ဖော်လိုက်သည်။
လုကျိုးက မွေးဖွားနန်းဆောင်အတွင်း အသက်ဓာတ်နှလုံသားကို ထားရှိဖို့ အလျင်လိုမနေပေ။ ထို့အစား သူက မြေပုံကို သေသေချာချာ လေ့လာကြည့်လိုက်၏။
မွေးဖွားနန်းဆောင်ရှိ ဇုန်များနှင့်တူညီစွာ မွေးဖွားဇယားချပ်များကိုလည်း ကဏ္ဍ ၃ခု ခွဲခြားထားသည်။ ကောင်းကင်၊ မြေနှင့် လူသားတို့ ဖြစ်၏။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများက လူသားအဆင့် မွေးဖွားဇယားချပ်များကိုသာ အသက်သွင်းနိုင်ကြသည်။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အကဲဖြတ်သူများကဲသို့ ကျင့်ကြံသူများအတွက်မူ သူတို့က မြေအဆင့် မွေးဖွားဇယားချပ် ၁ခုမှ ၂ခုအထိ အသက်သွင်းလိုက်ကြသည်။
အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ မျှော်စင်သခင် အနေအထားသို့ ရောက်ရှိသွားသည့်အခါ ကောင်းကင်အဆင့် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်လိမ့်မည်။ ထိုသို့ဆိုလျှင်ပင် အာမခံချက် မရှိပေ။ ထိုသို့သော ကျင့်ကြံဆင့်မျိုးက လူသားအဆင့် သို့မဟုတ် မြေအဆင့် မွေးဖွားဇယားချပ်များကို ဆက်လက် အသက်သွင်းနိုင်ခြင်းလည်း ဖြစ်နေနိုင်သည်။
ထိုအရာက ကျင့်ကြံသူတစ်ယောက်၏ ပင်ကိုပါရမီနဲ့ သက်ဆိုင်၏။ တချို့သော ကျင့်ကြံသူများ၏ မွေးဖွားနန်းဆောင် အနေအထားက အသက်ဓာတ်နှလုံးသား ၅ခုသာ ထားရှိနိုင်သည်။ ထို့ကြောင့် သူတို့သည် ကောင်းကင်အဆင့် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အခွင့်အရေး မရကြပေ။ ထိုအရာက လုလီအတွက်လည်း အတူတူသာ ဖြစ်၏။
ကောင်းကင်အဆင့် မွေးဖွားဇယားချပ်ကို မဟာမွေးဖွားဇယားချပ်ဟု သိကြသည်။ မည်သို့ပင်ဆိုစေကာမူ မဟာမွေးဖွားဇယားချပ်ကို အသက်သွင်းမည့် အသက်ဓာတ်နှလုံးသား၏ လိုအပ်ချက်က အတော်လေး မြင့်မားလာ၏။ မဟာမွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းသည် ကျင့်ကြံရေးကို သိသိသာသာ တိုးမြင့်ပေးနိုင်လိမ့်မည်။
“လူသားအဆင့် မွေးဖွားဇယားချပ် ၅ခု၊ မြေအဆင့် မွေးဖွားဇယားချ ပ်၃ခု… ၉ခုမြောက်က မဟာမွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တယ်။ ဒါပေမဲ့ နည်းနည်းတော့ စောနေသေးတယ်” လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်သည်။
ထိုအရာက အချိန်မကျသေးသော်လည်း အခွင့်အရေးကောင်း ရှိနေပါက မည်သူက လက်လျှော့လိုမည်နည်း။ မည်သို့ပင်ဆိုစေကာမူ သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်ရှိ လူသားဇုန်တွင် ထားရှိသည်က နှမြောဖို့ကောင်းလှ၏။
“ဒုတိယကောင်းကင်နေရာက စွမ်းရည်တွေကို သိသိသာသာ တိုးမြင့်ပေးနိုင်တယ်။ မွေးဖွားနန်းဆောင်ရဲ့ အနောက်တောင်ဘက်က အစောင့်အရှောက်နေရာနဲ့ မွေးဖွားဇယားချပ်ရဲ့ အလားအလာအပြည့်ကို စုပ်ယူပေးနိုင်တဲ့ အထွတ်အမြတ်လမ်းစဉ် ၃ခု ရှိတယ်” လုကျိုးက သူ့ဘာသာသူရေရွတ်ရင်း မြေပုံပေါ်ရှိ သိသာသည့် အမှတ်အသားများကို ကြည့်လိုက်သည်။ အဆုံးသတ်တွင် သူက အသက်ဓာတ်နှလုံးသားကို မထုတ်ခင် ပေါကြွယ်ဝသည့်နေရာ နေရာ၌ ထားရှိဖို့ ဆုံးဖြတ်လိုက်သည်။
လုကျိုးက မွေးဖွားဇယားချပ်၈ခုကို အသက်သွင်းထားနိုင်သည်မှာ မကြာသေးလှပေ။ သူ လရောင်တောအုပ်အတွင်း ဝင်လာသည်မှာ လေးငါးရက်မျှသာ ရှိနေသေးသော်လည်း နောက်ထပ် မွေးဖွားဇယားချပ်၁ခုကို အသက်သွင်းနေပြီ ဖြစ်၏။ သူ့အပြုအမူက အလျင်စလို ဖြစ်သည်ဟု ယူဆနိုင်သည်။ သို့သော်လည်း လက်ရှိအခြေအနေက သူ့မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ရာအတွက် ထူးကဲနေ၏။ သူ ပြီးဆုံးသွားသည်နှင့် ထိုအရာကို တည်ငြိမ်အောင် လုပ်ဖို့ အချိန်ယူရဦးမည်။ မည်သို့ပင်ဆိုစေကာမူ သူ စောင့်ဆိုင်းနေသည်ထက် နာကျင်မှုတို့ ပိုမိုခံစားရဦးမည် ဖြစ်၏။
လုကျိုးက အသက်ဓာတ်နှလုံးသားကို သူ သတ်မှတ်ထားရာ နေရာတွင် ချထားလိုက်သည်။
ဝုန်း
အသက်ဓာတ်နှလုံးသားက ရုတ်တရက် အေးခဲသွားသော်လည်း လုကျိုးက သူ့မွေးဖွားနန်းဆောင်အတွင်း ထားရှိလိုက်သည့်အခါ တစ်စုံတစ်ယောက်က သံပူပူ ယူကာ သူ့ကို ကပ်လိုက်သလိုမျိုး ဖြစ်၏။ ထိုအရာ၏ နာကျင်မှုက ပြင်းထန်လှသည်။
လုကျိုးက သတိလက်လွတ်ဖြစ်သွားကာ နာကျင်စွာဖြင့် အော်ညည်းလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့်သူက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းလှသည်။ သူက ဘဝနှစ်ခုကို နေခဲ့ရုံသာမကဘဲ သူ့အုတ်မြစ်ကို အခြေကျဖို့အတွက် စိတ်ဝိညာဉ်သဏ္ဌာန်၂ခုပင် ရှိထားလေသည်။ အကယ်၍ သာမန်လူတစ်ယောက်က မွေးဖွားဇယားချပ်ကို အလျင်စလို အသက်သွင်းပါက သူတို့သည် နာကျင်မှုကြောင့် သတိမေ့မြောသွားနိုင်ကာ မွေးဖွားဇယားချပ် အသက်သွင်းခြင်း ဖြစ်စဉ် ကျရှုံးသွားနိုင်သည်။
လုကျိုးက နာကျင်မှုကို တောင့်ခံထားပြီး သူ့အထွတ်အထိပ် လျို့ဝှက်ဆန်းကြယ်စွမ်းအားကို အသက်သွင်းကာ နာကျင်မှုကို ဖြေရှင်းလိုက်သည်။
…
ဤတစ်ကြိမ် ယဲ့တျန်းရှင်းနှင့် ခရုလေးတို့က ချန်ဟွမ်း၏ ကျောပေါ်၌ အမည်မသိကုန်းမြေ၏ ရှုခင်းကို ခံစားနေကြသည်။ ဤကြမ်းတမ်းသည့် ပတ်ဝန်းကျင်နှင့် နေသားကျပြီးသည့်နောက်တွင် အမည်မသိကုန်းမြေရှိ ရာသီက အတော်လေး နေကောင်းသည်ဟု ခံစားမိလာ၏။ အထက်၌ တိမ်မဲများဝေ့ဝဲနေပြီး နေရာ၌ နေ့နေ့ညည အထီးကျန်သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
အမျိုးသမီးနှစ်ဦးက တစ်ဦးနှင့်တစ်ဦး ကပ်ထိုင်နေကြသည်။
ရုတ်ခြည်းဆိုသလို ခရုလေးက ပြောလိုက်၏။
“ရှစ်ကျဲ လူသားတွေက အတိတ်တုန်းက ဒီနေရာမှာ နေနိုင်မယ်ထင်လား”
ယဲ့ထျန်းရှင်းက ပြုံးကာ ပြောလိုက်သည်။
“ဖြစ်နိုင်တာပေါ့။ အမည်မသိကုန်းမြေက နယ်မြေတွေအားလုံးနဲ့ ယှဉ်လိုက်ရင် ပိုပြီးတော့ ကျယ်ပြောနေတာလေ”
ခရုလေးက ဝေဟင်အထက်ရှိ တိမ်မဲများကို ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ပတ်ဝန်းကျင်က တကယ်ကြီးကို ဆိုးလွန်းတယ်။ နေ့နဲ့ ညကလည်း မသဲကွဲဘူး။ ပြီးတော့ တစ်နှစ်ပတ်လုံး မုန်တိုင်းနဲ့ မိုးတွေကလည်း ရွာနေတာ။ ဘာလို့ အဲလိုများ ဖြစ်နေတာလဲ”
“ရှစ်ကျဲလည်း မသိဘူးလေ။ ရှစ်မေ့က အိမ်လွမ်းနေတာလား”