အခန်း (၁၁၆၈-၁၁၇၀)
Vol. 78 Ch. 1168-1170
အခန်း (၁၁၆၈) သခင်လေး အမိန့်ရှိပါ
မကောင်းဆိုးဝါး အမဲလိုက်အဖွဲ့၏ တိုက်ခိုက်ရေး အတွေ့အကြုံက အတော်လေး ကြွယ်ဝလှသည်။ သူတို့၏ လှုပ်ရှားမှုများက သတိထားပြီး ပြစ်ချက်ကင်း၏။
ယဲ့ဝူရှန်းက မကောင်းဆိုးဝါး အမဲလိုက်အဖွဲ့၏ ထူးချွန်ပြောင်မြောက်မှုများကို ကြားဖူးထားသည်။ သူက သူတို့ခေါင်းဆောင် ချောင်ဇယ်ချွင်းနှင့်သာ တွေ့ဆုံခဲ့ဖူးပြီး ချောင်ဇယ်ချွင်းပတ်သက်ပြီး သိမ်မသိပေ။ တကယ်တော့ သူ့အနေဖြင့် ဤမကောင်းဆိုးဝါးအမဲလိုက်အဖွဲ့နှင့် ပူးပေါင်းဖို့ ရွေးချယ်ခဲ့သည်က သူ့တွင် ရွေးချယ်စရာ မရှိ၍ ဖြစ်သည်။ အမည်မသိကုန်းမြေက ကျယ်ပြန့်လွန်းပြီး ယဲ့မျိုးနွယ်မှ တပ်ကူများ အနေဖြင့် အချိန်မီရောက်ဖို့ရာ မဖြစ်နိုင်ပေ။
လုဝူကို ဖမ်းဆီးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းက မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့နှင့် ပူးပေါင်းဖို့ရာသာ ဖြစ်၏။ အစီအစဉ်က ထင်ထားသည်ထက် ချောမွေ့နေခဲ့သည်။ သူတို့က အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထား၏။ သူတို့ ကျရှုံးခဲ့လျှင်ပင် သူ့အတွက် အကျိုးရှိဦးမည်သာ ဖြစ်သည်။ တူညီသည့် စိတ်ဝင်စားမှုရှိသူများကို စုစည်းနိုင်သည်ဟု စကားပုံရှိသည် မဟုတ်ပါလော။
ယဲ့ဝူရှန်းက မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ သူတို့ထဲက တချိူ့က ညာဘက်သို့ ပျံသန်းသွားကာ တချို့က ဘယ်ဘက်သို့ ပျံသန်းသွားပြီး တချို့က တခြားဖက်သို့ ပျံသန်းသွားသည်။ တချို့ကမူ သူတို့နေရာ၌သာ စောင့်ဆိုင်းနေကြ၏။ သူတို့၏ အလုပ်ခွဲဝေပုံက တိကျရှင်းလင်းကာ အကြိမ်များစွာ လုပ်ထားသလိုမျိုး ဖြစ်နေသည်။
“သူတို့က ဘာလုပ်နေတာလဲ” ယဲ့ဝူရှန်းက သိချင်စွာ မေးလိုက်သည်။
ယဲ့ဝူရှန်းက မကောင်းဆိုးဝါး အမဲလိုက်အဖွဲ့ လုပ်နေသည့်အရာကို မသိသည့်အတွက် ယဲ့ချန်းက ပိုမိုပင်မသိပေ။ ယဲ့ချန်းက ကြောင်အမ်းအမ်းဖြင့် လိုက်လံကြည့်နေသည်။
ယဲ့ဝူရှန်းဘေးတွင် ရပ်နေသည့် ချောင်ဇယ်ချွင်းက သူ့လူများကို ကြည့်ကာ ပြောလိုက်သည်။
“သားရဲဧကရာဇ်တစ်ကောင်ကို ရင်ဆိုင်ဖို့ဆိုတာက မလွယ်ကူဘူးလေ။ ကျုပ်တို့ဆီမှာ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားရမယ်”
သူက အောက်ကို လက်ညိုးထိုးကာ ဆက်ပြောလိုက်သည်။
“ကျုပ်ရဲ့ အာ့ရှစ်တိက အစီအရင်ခင်းကျင်းရာမှာ တော်တယ်ဆိုတော့ သူက အနီးအနားမှာ အစီအရင် ခင်းနေတယ်။ အချိန်များများရရင်တော့ ပိုပြီးသက်ရောက်မှုရှိတယ်ဆိုပေမဲ့ ဘာမှမရှိတာထက်စာရင်တော့ ပိုပြီးကောင်းပါသေးတယ်”
“ကျုပ်ရဲ့ စန်းရှစ်တိကတော့ သားရဲဘာသာစကားနဲ့ အသံလှိုင်းနည်းစနစ်တွေမှာ ထူးချွန်ပြောင်မြောက်တယ်။ သူကအနီးနားက ခက်ထန်သားရဲတွေကို ဆက်သွယ်ပြီးတော့ တိုက်ပွဲအတွင်းမှာ ကူညီဖို့ ပြောလိမ့်မယ်။ လုဝူကဒီမှာ အချိန်အကြာကြီး ရှိနေတာဆိုတော့ ခက်ထန်သားရဲတွေကို စုဆောင်းပြီးပြီလားတော့ မသိသေးဘူး။ ဘာပဲဖြစ်ဖြစ် ဘာမှမရှိတာထက်စာရင်တော့ ကောင်းသေးတယ်လေ”
“ကျုပ်ရဲ့ စစ်ရှစ်မေ့က အဝေးတိုက်ခိုက်သူပဲ။ သူမက နတ်လေးသည်တော်လေ”
ထိုစကားများကို ပြောလိုက်သည်နှင့် အမျိုးသမီးကျင့်ကြံသူ ဖူရွမ့်တုံက ယဲ့ညီအစ်ကိုနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
ယဲ့ဝူရှန်းနှင့် ယဲ့ချန်း “...”
အမည်မသိကုန်းမြေ၌ ရောက်လာသည့်သူများက အားလုံကိုမသိကြသော်လည်း သူတို့က အမဲလိုက်အဖွဲ့ကိုမူ သိကြသည်။ အတိအကျပြောရလျှင် လူများစွာက အဖွဲ့၏ ပင်မ ခေါင်းဆောင်ဖြစ်သည့် ချောင်ဇယ်ချွင်း၊ ဒုတိယအဆင့် အစီအရင်ဆရာသခင် ရွီကျုံးရှ၊ သားရဲဘာသာစကားကျွမ်းကျင်သူ ယွီဝမ်ချိုးနှင့် စတုတ္ထအဆင့် နတ်လေးသည်တော် ဖူလွမ့်သုန်တို့ကို သိကြသည်။ ထိုလူလေးယောက်အပြင် ကျန်လူများကလည်း ထူးကဲသည့် အရည်အချင်းရှိသည့် ပါရမီထူးကဲသူများသာဖြစ်၏။ သူတို့၏ စရိုက်က အချုပ်အနှောင်မရှိပေ။ အားလုံးက ထူးကဲသည့် ကိုယ်ပိုင်အရည်အချင်းတွေ ပိုင်ဆိုင်ထားကြသော်လည်း သူတို့က စွန့်စားရသည်ကို သဘောကျကြလေသည်။
မကောင်းဆိုးဝါး အမဲလိုက်အဖွဲ့ဝင်များက တောင်၃လုံးရှိရာဆီ အဖက်ဖက်သို့ ဆက်တိုက်ပျံသန်းနေသည်။ တစ်ယောင်ချင်းစီက လက်ထဲတွင် အနက်ရောင်အဝတ်စတစ်ခုစီ ကိုင်ဆောင်ထား၏။ သို့သော် ယဲ့ဝူရှန်းနှင့် ယဲ့ချန်းတို့အနေနှင့် သူတို့က ဘာလုပ်နေမှန်းမသိပေ။ ခဏအကြာတွင် ယွီဝမ်ချိုးက ပြန်ရောက်လာပြီး ပြောလိုက်သည်။
“ခေါင်းဆောင် လုဝူက တောင်တွေထဲမှာ နားနေတယ်ဆိုတာ အတည်ပြုပြီးသွားပြီ။ ကျုပ်တို့ဆီမှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိတယ်။ ဘယ်ဟာ အရင် ကြားချင်လဲ”
“သတင်းကောင်းပေါ့” ချောင်ဇယ်ချွင်းက ပြောလိုက်သည်။
ပထမသတင်းကောင်းက လုဝူက ဒဏ်ရာရနေတော့ သူ့အင်အားက သိသိသာသာ လျော့ကျသွားပြီ။ ဒုတိယသတင်းကောင်းက ဒီနေရာရဲ့မြောက်ဘက်မှာ သားရဲဘုရင် ရှိတယ်။ ခေါင်းဆောင် ကျူပ်တို့တော့ ဒီတစ်ခါ ချမ်းသာပြီပဲ” ယွီဝမ်ချိုးက ပြုံးကာ ပြောလိုက်သည်။
ချောင်ဇယ်ချွင်းက ခပ်ယဲ့ယဲ့ပြုံးကာ မေးလိုက်၏။
“သတင်းဆိုးကရော”
“သတင်းဆိုးက အဲဒီသားရဲဧကရာဇ်ဆီမှာ သခင် ရှိနေတဲ့ပုံပဲ။ ပြောရမယ်ဆိုရင် အနီးနားမှာ တခြားကျင့်ကြံသူတွေလည်း ရှိနေတယ်” ယွီဝမ်ချိုးက ပြောလိုက်သည်။
ချောင်ဇယ်ချွင်းက မေးထောက်ကာ စဉ်းစားလိုက်သည်။
အမည်မသိ ကုန်းမြေဆီလာရဲသည့် ကျင့်ကြံသူများက သာမန်ကျင့်ကြံသူများ မဟုတ်ပေ။ အမဲလိုက်စတင်သည်နှင့် သူတို့က အနီးနားရှိကျင့်ကြံသူများကို အသိပေးသလို ဖြစ်သွားလိမ့်မည်။ သူတို့က စွန့်စားတာကို သဘောကျရုံဖြင့် အကျိုးအကြောင်း မဆင်မခြင် လှုပ်ရှားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
“အခြေအနေကို စောင့်ကြည့်ထား။ ရန်သူကို အသိမပေးနဲ့”
“ဟုတ်ကဲ့” ယွီဝမ်ချိုးက ပျံသန်းသွားလိုက်သည်။
ယဲ့ဝူရှန်းက တိတ်ဆိတ်လျက် ကျန်ရှိနေ၏။ ထို့အစား သူက တောင်၃လုံးကို လက်ညိုးထိုးကာ ပြောလိုက်သည်။
“လုဝူ”
ချောင်ဇယ်ချွင်းနှင့် တခြားသူများက မော့ကြည့်လိုက်ကြသည်။ သူတို့က လုဝူသည် ရှေ့ခြေကို မြောက်ပြီး တိမ်တိုက်ဆီ ခုန်ဝင်သွားသည်ကို မြင်လိုက်ရသည်။
“အဆင်သင့်ပြင်ကြ”
“ခေါင်းဆောင် ကျုပ်တို့ အဆင်သင့်ဖြစ်ပြီ”
ချောင်ဇယ်ချွင်းက လက်ဝှေ့လိုက်သည်။ ကျင့်ကြံသူများက တောင်၃လုံး၏ အလယ်ခေါင်သို့ ချက်ချင်း ပြေးဝင်သွားကြ၏။
ဝုန်း
“ဒါကဘာလဲ”
ထိုစဉ် မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့က လုဝူအပေါ်ရှိ လူတစ်ယောက်ကို သတိထားမိသွားသည်။ ထိုသူက လှံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး စွမ်းအင်လှံများစွာကို ထုတ်လွှတ်နေ၏။ သူတို့က လုဝူသည် အသံနက်ကြီးနှင့်အတူ ထိုလူ့ကို ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ချောင်ဇယ်ချွင်းက မျက်လုံးအပြူးသားဖြစ်သွားကာ ရေရွတ်လိုက်သည်။
“တစ်ယောက်ယောက်က ငါတို့ရှေ့မှာ ကြိုရောက်နေပြီ … တိုက်ကြ”
“ဟုတ်ကဲ့”
အမဲလိုက်သူက မည်မျှပင် စိတ်ရှည်စေကာမူ သူတို့၏ သားကောင်က လုယူခံရတော့မည့်ဆဲဆဲတွင် စိတ်မရှည်ဖြစ်လာကြလိမ့်မည်။
အမဲလိုက်အဖွဲ့ဝင်များက ကောင်းကင်အထက် ပျံသန်းကာ ငုံ့ကြည့်လိုက်ကြသည်။
ချောင်ဇယ်ချွင်းက သူ့မျက်စိရှေ့တွင် ရှိနေသည့် မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေလေ၏။ လုဝူက လူတစ်ယောက်ကို ရှေ့ခြေဖြင့် ဖိနှိပ်ထားပြီး ထိုသူက နည်းနည်းလေးမှ မလှုပ်ရှားနိုင်ပေ။
ထိုစဉ် လုဝူက ကျူးကျော်လာသူတို့၏ တည်ရှိမှုကို သတိထားမိသွားပြီ ဖြစ်၏။ ၎င်းက ခေါင်းမော့ကာ ကြည့်လာသည်။ သူ့မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ဖြင့် တောက်ပနေ၏။
“ကျစ် လူသားတွေ”
ချောင်ဇယ်ချွင်းက ကြည်ကြည်လင်လင်ဖြင့် ပြောလိုက်သည်။
“လုဝူ ကံဆိုးတာ ကိုယ့်ဘာသာကိုယ်သာ အပြစ်တင်လိုက်တော့”
လုဝူက ဘယ်ညာကို ကြည့်ရင်း တောင်၃လုံးဝန်းကျင်တွင် ကျင့်ကြံသူများစွာ ရှိနေကြောင်း သိသွားခဲ့သည်။ ၎င်းက ပြောလိုက်သည်။
“မင်းနဲ့ အဲဒီလူတွေတင်လား”
ဆရာသခင်တစ်ယောက် ရောက်လာလျှင်ပင် လုဝူက ယုံကြည်ချက်ရှိနေဆဲ ဖြစ်၏။
ဒီပုစွန်ဆိတ်အုပ်စုက သူနှင့် ရင်ဆိုင်ဖို့ ဘယ်နေရာက သတ္တိတွေ ရလာတာလဲ …
ချောင်ဇယ်ချွင်းက ခေါင်းခါကာ “မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ကို မကြားဖူးဘူးလား”
လုဝူက တွမ့်မူရှန်းကို ဖိနှိပ်ထားသည့် ရှေ့ခြေကို မြောက်လိုက်သည်။
တွမ့်မူရှန်းက ထရပ်ကာ နယ်ရှင်လှံကို ဆွဲကိုင်လိုက်၏။ သူ့အင်္ကျီမှ ဖုန်များကို ခါခတ်ပြီးသည့် နောက်တွင် မော့ကြည့်ကာ ပြောလိုက်သည်။
“ထွက်သွားစမ်း”
တွမ့်မူရှန်းက လုဝူနှင့် မရင်းနှီးသေးပေ။ ထို့ကြောင့် လုဝူက ထိုသူသည် သူ့ရှေ့တွင်ရပ်ကာ ကျင့်ကြံသူများကို မောင်းထုတ်နေသည်ကို မြင်သည့်အခါ အနည်းငယ် ကြောင်အမ်းသွားလေသည်။ နယ်ရှင်လှံကို ကိုင်ဆောင်ကာ ရပ်နေသည့် တွမ့်မူရှန်းက အရပ်ရှည်ရှည်ဖြင့် အကြောက်တရား ကင်းမဲ့နေလေသည်။ ၎င်းက တွမ့်မူရှန်းအပေါ်တွင် တွမ့်မူတျန်း၏ အရိပ်ကို ပြန်လည်မြင်လိုက်ရသည်။
ချောင်ဇယ်ချွင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ညီအစ်ကို မင်းတစ်ယောက်တည်း လုဝူကို ဖြေရှင်းလို့မရဘူး။ ငါတို့နဲ့ဘာလို့ မပူးပေါင်းတာလဲ”
“ပူးပေါင်းရမှာတဲ့လား။ ငါ ပြောတာကို နားမလည်ဘူးလား” တွမ့်မူရှန်းက မြေပြင်ပေါ် ခြေဆောင့်ကန်ကာ ကောင်းကင်အထက် ပျံသန်းလာသည်။
စွမ်းအင်လှံများစွာကလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း တွမ့်မူရှန်းက ချောင်ဇယ်ချွင်းရှေ့မှောက် ရောက်ရှိလာသည်။
“ခေါင်းဆောင်” အားလုံးက တအံ့တဩ ရေရွတ်လိုက်ကြသည်။
ဘန်း
ချောင်ဇယ်ချွင်းရှေ့တွင် ကြယ်တာရာဒိုင်ခွက်တစ်ခု ရုတ်ခြည်းပေါ်ထွက်လာကာ တွမ့်မူရှန်းကို ခုခံလိုက်သည်။
ဤသည်မှာ ရွီကျုံးရှ၏ ကြယ်တာရာဒိုင်ခွက် ဖြစ်၏။ သူက ပြောလိုက်သည်။
“မင်းအတွက် ဘယ်ဟာကကောင်းမှန်း မသိဘူးကိုး။ မင်းကို လုဝူဆီ အပိုင်းပိုင်းအစစ ဖြစ်ပြီးမှ ငါတို့တွေ လှုပ်ရှားလို့လည်း ရတယ်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
တွမ့်မူရှန်းက သဘောပေါက်သွားလေ၏။ ထိုသူများက သူသည် လုဝူကိုသတ်ဖို့ ရောက်လာသည်ဟု ထင်နေကြသည်။ သူက လုဝူ၏ ခေါင်းအပေါ် ဆင်းသက်လိုက်သည်။ သူက ကျော့ရှင်းသည့် လေထုမျိုး ပိုင်ဆိုင်ထားကာ ကျောကိုမတ်မတ်ထားရင်း သူ့လက်ကောက်ဝတ်ရှိ ခရမ်းရောင်နဂါးက အနည်းငယ် တောက်ပလာသည်။
“လုဝူ”
“သခင်လေး အမိန့်ရှိပါ”
“သတ်လိုက်”
“ဟုတ်ကဲ့”
ဝုန်း
လုဝူက ခြေ၄ချောင်းလုံးဖြင့် မြေပြင်ပေါ် ဆောင့်လိုက်သည်။
ချောင်ဇယ်ချွင်းက မျက်မှောင်ကြုတ်လိုက်၏။
“သူက သခင်ကို အသိအမှတ်ပြုသွားပြီးပြီ။ အားလုံး နောက်ဆုတ်ကြ”
ယဲ့ဝူရှန်းက လုဝူသည် တွမ့်မူရှန်းအား သခင်လေးဟု ခေါ်ဆိုလိုက်သည့်အခါ အတော်လေး အံ့အားသင့်သွားမိသည်။ ကမ္ဘာပေါ်တွင်ရှိနေသည့် သူများစွာက သားရဲဧကရာဇ်ကို ယဉ်ပါးအောင် လုပ်နိုင်စွမ်း မရှိကြပေ။ သူက မည်သို့ပင်ကြည့်စေကာမူ တွမ့်မူရှန်းက လုဝူကို နှိမ်နှင်းနိုင်လောက်အောင် အားကောင်းသည်ဟု မထင်ပေ။
ဤသည်က တွမ့်မူရှန်း၏ ခန္ဓာကိုယ်ထဲရှိ မဟာလေဟာနယ်စွမ်းအားဖြင့် တစ်စုံတစ်ခု ပတ်သက်နေရမည်။
ယဲ့ဝူရှန်းက ယဲ့ချန်းကို ဆွဲကာ နောက်ဆုတ်လိုက်သည်။ သူက သူ့ကိုယ်သူ မဟာလေဟာနယ်စွမ်းအားအကြောင်း မထုတ်ဖော်မိဖို့ သတိပေးနေသည်။ လုဝူက ဆင်းသက်လိုက်၏။
တစ်ချိန်တည်းဆိုသလို ပြင်းထန်သည့် နှင်းများက ကျဆင်းလာကာ အရိုးအေးခဲလုမတတ် အအေးဓာတ်ကလည်း အဖက်ဖက်သို့ ပျံ့နှံ့သွားခဲ့သည်။
ချောင်ဇယ်ချွင်းက မီတာ ၁၀၀၀ နောက်ဆုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ့လက်ထဲ၌ တစ်ပေရှည်လျားသည့် တုတ်တစ်ချောင်း ပေါ်ထွက်လာသည်။ သူက ထိုတုတ်ချောင်းကို ဝှေ့ယမ်းရင်း အစိမ်းရောင်စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ အအေးဓာတ်က ထိုအစိမ်းရောင်စွမ်းအင်ကြောင့် တစ်ဝက်မျှ လျော့ကျသွား၏။ ယဲ့ဝူရှန်းက ထိုအရာကို မြင်သည့်အခါ သဘောပေါက်သွားလေသည်။ အားလုံးက ချောင်ဇယ်ချွင်းကို အားကောင်းသည့် တိုက်ခိုက်သူဟု ယူဆထားကြသော်လည်း တကယ်တမ်းတော့ ချောင်ဇယ်ချွင်းသည် ကုသရေး၌ အရည်အချင်းရှိသူ ဖြစ်နေသည်။ ချောင်ဇယ်ချွင်း၏ လှုပ်ရှားမှုက နေရာတစ်ဝိုက်ကို လွှမ်းမိုးသွားပြီး အအေးဓာတ်ကို ကာကွယ်ပေးထားသည်။
လုဝူက အမြီး၉ချောင်းဖြင့် တောင်ကို ရိုက်ချလိုက်သည်။
ဝုန်း
ကျောက်တုံးများက အဖက်ဖက်သို့ လိမ့်ဆင်းသွား၏။
ရွီကျုံးရှက ပြုံးကာ ပြောလိုက်သည်။
“နေရာယူကြ”
ကျင့်ကြံသူအယောက် ၄၀ကျော်က အလျှင်အမြန် နောက်ဆုတ်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ရေခဲအလွှာ ရှိနေပြီး အေးခဲသွားခြင်း မဟုတ်သည့်အတွက် သူတို့၏ လှုပ်ရှားမှုများက သက်ရောက်မှု မရှိပေ။ သူတို့အားလုံးက နေရာယူပြီး အော်ခေါ်လိုက်ကြသည်။
“စစ်ရှစ်ကျဲ”
“သူမ လာပြီ”
မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့၏ နတ်လေးသည်တော် ဖူလွမ့်သုန်က လေထဲမှ လေးတစ်လက်ကို ကိုင်ဆောင်လျက် ဆင်းသက်လာသည်။ လေကြိုးကို ဆွဲပြီးသည့်နောက်တွင် သူမက ပစ်လွှတ်လိုက်ပြီး စွမ်းအင်မြားများစွာ ထွက်ပေါ်လာသည်။
လုဝူက တိမ်တိုက်ထဲ ခုန်ရှောင်လိုက်သည်။
“မသိတတ်တဲ့ တွားသွားတဲ့ သတ္တဝါတွေ”
လုဝူ၏ အားကောင်းသည့် ခန္ဓာကိုယ်က စက်ဝိုင်းအသွင်ပြောင်းလဲသွားသည်။
ဘန်း ဘန်း ဘန်း
ဖူလွမ့်သုန်၏ စွမ်းအင်မြားများကို ရေခဲပန်းစွဲများဖြင့် ကာထားလေ၏။ ထိုမျှတင်မကသေးဘဲ ရေခဲပန်းစွဲက တချို့သော ကျင့်ကြံသူများ၏ ကာကွယ်ရေးစွမ်းအားကို ကျဆင်းကာ သူတို့၏ ချီနှင့် သွေးကို ယောက်ယတ်ခတ်သွားစေပြီး သွေးအန်သွားစေသည်။
တွမ့်မူရှန်းက ဝေဟင်အထက်မှ ဆင်းသက်လာပြီး နတ်လေးသည်တော်အနား ရောက်ရှိလာသည်။
ဖူလွမ့်သုန်က တွမ့်မူရှန်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
“ဒီလိုစွမ်းအားမျိုးနဲ့ သူက လုဝူကို ဘယ်လိုယဉ်ပါးအောင် လုပ်ခဲ့တာလဲ”
ဖူလွမ့်သုန်က လေးကိုင်းကို ထပ်မံဆွဲလိုက်သည်။
စွမ်းအင်မြားများစွာ ထွက်ပေါ်လာပြီး တွမ့်မူရှန်းက နောက်ဆုတ်လိုက်ရ၏။
ဘန်း ဘန်း ဘန်း
တွမ့်မူရှန်းက သူ့လက် ထုံကျင်လာသလို ခံစားမိလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့လက်ကောက်ဝတ်ရှိ ခရမ်းရောင်နဂါးက အရွယ်အစား ကြီးမားလာ၏။
...
အခန်း (၁၁၆၉) ဒီဧကရာဇ်ပင်ပန်းနေပြီ
ယင်းကို တွေ့သောအခါ လုဝူက ပါးစပ်ဟလျက် အသက်ရှူသွင်းကာ တွမ့်မူရှန်းကို ဆွဲခေါ်လိုက်သည်။ “သွားကြမယ်”
လုဝူသည် ၎င်း၏ခွန်အားတဝက်ကျော် ဆုံးရှုံးခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ဆက်လက်တိုက်ခိုက်နေခြင်းက ဉာဏ်ရှိသည့်လုပ်ရပ် မဟုတ်ပေ။
လုဝူ ထွက်သွားတော့မည့်အချိန်တွင် ရွှီကျုံးရှားက ပြုံးလိုက်၏။
“ငါ ဒါကို စောင့်နေတာ”
အချက်ပြပြီးနောက် ရွှီကျုံးရှားသည် အဆောင်များစွာ ပစ်ထုတ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာက အစီအရင်ကို အမြန်အသက်သွင်းလိုက်၏။ သူတို့အားလုံးက လက်ထဲ၌ အစီအရင်စကို ကိုင်ထား၏။ ယခုအချိန်တွင် ထိုအဝတ်စပေါ်ရှိသင်္ကေတများက တောက်ပနေ၏။
ကောင်းကင်ထဲရှိ တိမ်တိုက်များက ကွဲထွက်သွားပြီး သူတို့နား၌ နံရံများ ပေါ်လာသည်။
လုဝူက သူတို့ကို အာရုံမစိုက်ဘဲ ထွက်သွားလိုက်သည်။
ဖုန်း
နံရံအကွက်များထဲ၌ တစ်ခုကို ချိုင့်ဝင်သွားပြီးနောက် ကျင့်ကြံသူတချို့သည် သွေးအန်လိုက်ရကာ နောက်သို့ လွင့်ထွက်သွားတော့သည်။
ချောင်ဇယ်ချွင်းက သူ၏တောင်ဝှေးကိုထပ်မံဝေ့ယမ်းလိုက်သည်။ အစိမ်းရောင်စွမ်းအင်လှိုင်းက ဒဏ်ရာရသွားသည့်လူများဆီ လွှမ်းခြုံသွားပြီး သူတို့ကို လျင်မြန်စွာကုသပေးလိုက်၏။
ယဲ့ဝူရှန်းက ထိတ်လန့်သွား၏။ ယင်းက မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့၏ခွန်အားပဲ ဖြစ်သည်။ သူတို့က တစ်ဦးချင်း သန်မာရုံသာမက ဟာကွက်မရှိသလောက် အသင်းလိုက်လုပ်ဆောင်ချက်များလည်းရှိသည်။ သူတို့ကို သန်မာသည့်ကုသသူတစ်ယောက်ဦးဆောင်နေလေရာ လုဝူဒဏ်ရာမရလျှင်တောင် တိုက်ခိုက်သူများက ဆက်လက်ကုသနေချိန်တွင် လုဝူက သူတို့ကို တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ပေ။
ကုသမှုရရှိခဲ့သည့်ကျင့်ကြံသူများက ချောင်ဇယ်ချွင်းကို ကျေးဇူးတင်လိုက်၏။
“ကျေးဇူးပါ ခေါင်းဆောင်”
ချောင်ဇယ်ချွင်းက ပြုံးလိုက်၏။ “ဆက်တိုက်ခိုက်ကြ”
ဘီး ဘီး ဘီး
အစိမ်းရောင်ကြယ်တာရာဒိုင်ခွက်၄၀နီးပါးက ထိုစဉ် ပေါ်လာသည်။
သူမ၏ ကြယ်တာရာဒိုင်ခွက်ကိုလည်း ဖွဲ့တည်ထားပြီးသား ဖူလွမ့်သုန်က စွမ်းအင်မြားများစွာ တရစပ်ပစ်ခတ်တော့သည်။
ဖုန်း
ဖူလွမ့်သုန်၏ စွမ်းအင်မြားအားလုံးသည် လုဝူ၏ခန္ဓာကိုယ်အပေါ် အာရုံစိုက်ထားသောကြောင့် လုဝူသည် ယာယီ စိတ်ထွေပြားကာ ပြိုလဲသွားပြီး တောင်သုံးလုံးပေါ် ပြုတ်ကျသွား၏။
ရွှီကျုံးရှားက ယင်းကို မြင်သောအခါ အပျော်လွန်သွားပြီး စိတ်အားထက်သန်စွာအော်လိုက်တော့သည်။
“ချိတ်ပိတ်မယ်”
ကျင့်ကြံသူအယောက်၄၀က လှုပ်ရှားလိုက်၏။ သူတို့လက်ထဲရှိ အဝတ်စများက အစိမ်းရောင်အလင်းတောက်ပလာပြီး မီတာထောင်ချီ ဧရိယာကို မည်းမှောင်သွားစေသည်။
ယဲ့ဝူရှန်းက တအံ့တဩပြောလိုက်၏။
“အမှောင်ကောင်းကင်နတ်ဆိုးအစီအရင်”
“မင်းက အမြင်ကောင်းသားပဲ” ချောင်ဇယ်ချွင်းက ပြောလိုက်၏။
အမှောင်ကောင်းကင်နတ်ဆိုးအစီအရင်က မသန်မာသော်ငြား ဧရိယာတစ်ခုကို အချိန်အတိုင်းအတာ တစ်ခုအထိ ချိပ်ပိတ်ထားနိုင်၏။ အမှောင်ထုက ချိတ်ပိတ်ခံဧရိယာသို့ ကျရောက်လာပြီး ထိုလူ၏ အာရုံများကို ဆုံးရှုံးစေသည်။ မိမိအမြင်အာရုံ ဆုံးရှုံးသွားပါက အမြင်အာရုံ၊ အရပ်မျက်နှာနှင့် အရှိန်အဝါများကို အာရုံခံနိုင်စွမ်း ဆုံးရှုံးသွားလိမ့်မည်။
ချောင်ဇယ်ချွင်းက ကျယ်လောင်စွာပြောလိုက်သည်။
“လုဝူ ... ဒီအစီအစဉ်ထဲနေ ထွက်ဖို့ မင်း လမ်းရှာတွေ့မှာမဟုတ်ဘူး”
လုဝူက တုံ့ပြန်သည့်အနေဖြင့် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ ၎င်း၏အသံလှိုင်းက နေရာတစ်ခုလုံးကို လှုပ်ခါသွားစေ၏။
ချောင်ဇယ်ချွင်းက လှောင်ပြောင်လိုက်သည်။
“မင်းက ချောင်ပိတ်ရိုက်ခံရတဲ့ သားရဲတစ်ကောင်ပဲ။ မင်း ဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲ ကြည့်ဦးမယ်။ အားလုံး တိုက်ခိုက်ကြ”
“ဟုတ်ကဲ့ ခေါင်းဆောင်”
အစီအရင်အပြင်ဖက်ရှိ ကျင့်ကြံသူများသည် အတားအဆီးမရှိတိုက်ခိုက်ကြတော့သည်။ စွမ်းအင်ဓားများ၊ စွမ်းအင်ဓားမော့များ၊ လက်ဝါးစည်းတံဆိပ်များနှင့် အမျိုးမျိုးသော တိုက်ခိုက်မှုများက အစီအရင်ထဲ ကျရောက်လာသည်။
လုဝူက အစီအရင်ထဲတွင် ၎င်း၏အာရုံခံစားမှုများ ဆုံးရှုံးနေသည်။ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိဖို့ အားကောင်းသော ခုခံမှုများကိုသာ အားကိုးနေရသည်။
တစ်နာရီကြာ အဆက်မပြတ် တိုက်ခိုက်ခံရပြီးနောက် လုဝုက ရပ်နေသေးသည်။ ထိုတွင်မက အစီအရင်ကို ဖြိုခွဲရန် အခွင့်အရေးရှာနေသေး၏။
ကောင်းကင်ထဲပျံဝဲနေသော ဖူလွမ့်သုန်သည် လုဝူက သခင်လေးဟု အမည်တပ်ခေါ်ဝေါ်သည့် တွမ့်မူရှန်းကို လုဝူ၏ပါးစပ်ကြားထဲ၌ ရှိနေတာကို မြင်သောအခါ မဲ့ပြုံးပြုံးပြီးပြောလိုက်၏။
“လုဝူလေး ငါ မင်းရဲ့သခင်လေးကို အရင်ဖြေရှင်းလိုက်မယ်”
စွမ်းအင်မြားတစ်စင်းသည် ကြယ်ကြွေသည့်ပမာ ပေါ်ထွက်လာလျက် အစီအရင်၏အမှောင်ထုအတွင်း ရောက်ရှိသွားသည်။
လုဝူက ခေါင်းမော့ပြီး အမြန်ထွေးထုတ်လိုက်၏။ ထိုအကွက်က သူ၏မေးကို စွမ်းအင်များဖြင့် ထိသွားစေ၏။
ဖုန်း
လုဝူကနာကျင်မှုကြောင့် နောက်သို့ယိုင်သွားတော့သည်။
“ဟမ် ... မင်း တကယ်ကံဆိုးတာပဲ” ဖူလွမ့်သုန်က အစီအရင်ထဲ စွမ်းအင်မြားများပတ်စခတ်ပြီး အချိန်ဆွဲလိုက်သည်။
လုဝူ၏အမြင်အရ ပတ်ဝန်းကျင်က မည်းမှောင်နေပြီး တိုက်ခိုက်မှုများ မည်သည့်နေရာက လာမည်မဟုတ်မှန်းသိနေသည်။
ချောင်ဇယ်ချွင်း၏အမြင်ရှုထောင့်အရဆို သူ၏လူများက အစီအရင်များဝန်းကျင်ကို ဝိုင်းထားပြီး တိုက်ခိုက်နေတာကို သိရသည်။ သူအားသာနေတာသိသာ၏။
ဖူလွမ့်သုန်၏ စွမ်းအင်မြားတို့ကလုဝူကို ဆက်တိုက်နောက်ဆုတ်အောင် ဖိအားပေးနေ၏။
“သခင်လေး”
ဖူလွမ့်သုန်က လှည့်လာလျက် တွမ့်မူရှန်းကို ပစ်လိုက်သည်။
ဝှစ်
စွမ်းအင်မြား ကျရောက်တော့မည့်အချိန်တွင် တွမ့်မူရှန်း၏မျက်လုံးက ရုတ်တရက်ပွင့်လာ၏။ သူ၏မျက်လုံးက ထွန်းလင်းတောက်ပနေပြီး သူသည် ယခုဆို မတူညီသည့်လူတစ်ယောက် ဖြစ်သွားသလိုပင်။ သူ၏လက်ကောက်ဝတ်ပေါ်ရှိ ခရမ်းရောင်နဂါးတို့က ပိုမိုကြီးလာပြီး လက်နှစ်ဖက်၌ ရှိနေသည်။
ဘန်း
နယ်ရှင်လှံက ပေါ်ပေါက်လာပြီး စွမ်းအင်မြားတို့ကို ပိတ်ဆို့လိုက်၏။
“သေစမ်း” တွမ့်မူရှန်းက မြေပြင်ကိုဆောင့်နင်းလျက် အစီအရင်ရှိရာဖက်သို့ ပြန်သန်းသွားသည်။
ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း
တွမ့်မူရှန်း၏လက်မောင်းတို့မှ အရမ်းရောင်စွမ်းအင်တို့ ပေါ်ထွက်လာကာ နယ်ရှင်လှံကိုဝန်းရံထားလျက် သူသည် မိုးသက်မုန်တိုင်းပမာ တိုက်ခိုက်နေတော့သည်။
“သူ ပူးကပ်ခံလိုက်ရတာလား” ချောင်ဇယ်ချွင်းက အထိတ်တလန့်ပြောလိုက်သည်။
“ဒီကောင်က မရိုးရှင်းဘူး”
ယွီကျုံးရှားကာမျက်မှောင့်ကြုံလျက် ပြောလိုက်သည်။
“ဘော့စ် ... သူ့ကို အရင်ဆုံး ဖယ်ရှားဖို့ အကြံပေးချင်တယ်” ချောင်ဇယ်ချွင်းက ပြောလိုက်၏။
“စစ်မေ့ သူ့ကို အာရုံစိုက်ထား။ အာ့တိ အမှောင်ကောင်းကင်နတ်ဆိုးအစီအရင်ကို အားဖြည့်။ အားလုံးပဲ ဆက်လက်တိုက်ခိုက်ကြ။ လုဝူက ဒဏ်ရာရနေပြီးပြီ။ ဒါ ငါတို့ရဲ့အကောင်းဆုံးအခွင့်အရေးပဲ။ သတိမလျှော့ချလိုက်နဲ့”
“ဟုတ်ကဲ့ ခေါင်းဆောင်” လူတိုင်းက တညီတညွတ်တည်းပြန်ပြောလိုက်သည်။
ယခုက မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့သည် သားရဲဧကရာဇ်ကို ပထမဆုံးအကြိမ် ဖြေရှင်းဖူးတာ ဖြစ်သည်။ ထို့အပြင် ၎င်းက ဒဏ်ရာရထားသည့် သားရဲဧကရာဇ်တစ်ပါး ဖြစ်သည်။ သူတို့အားလုံး စိတ်အားထက်သန်နေကာ တိုက်ခိုက်လိုစိတ်များ မြင့်တက်နေ၏။
နတ်လေးသည်တော်ဖူလွမ့်သုန်က တွမ့်မူရှန်းကို တရစပ်တိုက်ခိုက်တော့သည်။
တွမ့်မူရှန်းက နယ်ရှင်လှံကို ဝေ့ယမ်းကာ စွမ်းအင်မြားတို့ကို ဖယ်ရှားလိုက်၏။
ဖူလွမ့်သုန်က မဲ့ပြုံးပြုံးလိုက်တော့သည်။ “မင်း ဘယ်လောက်ကြာရှည်ခံမလဲ ကြည့်တာပေါ့”
ဤနည်းဖြင့် သူမ၏စွမ်းအင်မြားတို့ကို ဖော်ထုတ်သည့်အရှိန် နှစ်ဆတိုးသွား၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
တွမ့်မူရှန်း၏ကျင့်ကြံမှုအားနည်းလွန်းသောကြောင့် သူ ဖိနှိပ်ခံရမှာ ကြိမ်းသေသည်။
ဖုန်း
တွမ့်မူရှန်းက မြေပြင်ပေါ်ပြုတ်ကျသွားပြီး နေရာအနှံ့သွေးများလွင့်စင်လာ၏။
လုဝူကလည်း အခြေအနေမကောင်းပေ။ ၎င်း၏အမွှေးများ ရှုပ်ပွနေသည်။ ဆက်တိုက် တိုက်ခိုက်မှုကို ကြုံတွေ့ရသောအခါ ၎င်း၏ဒေါသများ ပေါက်ကွဲထွက်လာသည်။ နာကျင်မှုကလည်း တိုးလာ၏။ မြင့်တက်လာသည့် အန္တရာယ်ကလည်း တန်ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်စေတော့သည်။ သူက ဟိန်းဟောက်လိုက်၏။
“အဆင့်နိမ့်တွားသွားသတ္တဝါတွေ ... အရှက်မရှိတဲ့လူသားတွေ ဒီဧကရာဇ်က မင်းတို့အသက်ကို ယူမယ်”
လုဝူက အမှောင်ထုထဲရပ်နေစဉ် ၎င်း၏အမြီးကိုးချောင်းက အစိမ်းရောင်မှ အနက်ရောင်သို့ ပြောင်းသွားပြီး ဒေါင်းက အမြီးဖြန့်လိုက်သလိုပင် အစိမ်းရောင်ဂျိုများက ၎င်း၏ခေါင်းပေါ်၌ ပေါက်လာသည်။ ၎င်း၏အစွယ်နှစ်ချောင်းကလည်း ပေရာချီရှည်ပေ၏။ ပြီးနောက် ဖော်ပြ၍ မရနိုင်သည့် အအေးစွမ်းအင်က အရပ်မျက်နှာအနှံ့ပြန့်သွားသည်။
ဖုန်း
အအေးစွမ်းအင်နှင့် ရင်ဆိုင်ရသောအခါ အမှောင်ကောင်းကင်နတ်ဆိုးအစီအရင်သည် စာရွက်တစ်ရွက်ကဲ့သို့ပင် ချက်ချင်းပြိုကွဲသွားသည်။
စွမ်းအင်များစိမ့်ထွက်နေပြီး တောင်သုံးတောင်ကို ပြိုပျက်သွားစေ၏။
အရပ်မျက်နှာအနှံ့မှရောက်လာသည့် ကြမ်းတမ်းခက်ထန်သားရဲများ ချက်ချင်းအသတ်ခံလိုက်ရသည်။
ယဲ့ဝူရှန်း၊ ယဲ့ချန်းနှင့် မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့သားများအားလုံး လွင့်ထွက်သွားကာ သွေးအန်ကုန်၏။
“မဟုတ်ဘူး”
“မဖြစ်နိုင်တာ”
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်များ တစ်ခုပြီးတစ်ခု ကျုံ့သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။ အော်ဟစ်သံများ၊ ညည်းတွားသံများနှင့် စိတ်ပျက်အားငယ်စွာ အော်သံများ လေထဲပျံ့လွင့်လာသည်။
တစ်ကွက်တည်းနှင့် လူတိုင်း သူတို့၏မွေးဖွားဇယားချပ်များ ဆုံးရှုံးသွားသည်။
အရာအားလုံး ငြိမ်သက်သွား၏။
မီတာထောင်ချီပတ်လည်အတွင်း အထိအခိုက်မရှိသည့်နေရာ တစ်စက်မှမရှိပေ။ တောင်သုံးတောင်က ပြားဝပ်သွား၏။ နေရာတစ်ခုလုံး ပြုန်းတီးမြေနှင့်တူနေတော့၏။
အမည်မသိကုန်းမြေထဲတွင် ငြိမ်းချမ်းမှုရဖို့က ရှားပါးသည်။ တကယ်တော့ လုဝူက သည့်အထိ တိုက်ခိုက်ရန် လိုအပ်လားဟု တွေးမိသည့်အကြိမ်ပေါင်းများစွာရှိသည်။ လူသားများက အဘယ်ကြောင့် ဖိအားပေးရသနည်း။ လောကကြီးက ကျယ်ဝန်းလှသော်ငြား သူ့အတွက် နေရာတစ်ခုမပေးနိုင်ပေ။
လုဝူ၏အမြီးက ဖြည်းဖြည်းချင်းကွေးသွားသည်။ ထိုတိုက်ကွက်ထုတ်သုံးပြီးနောက် သက်တမ်း ၃၀ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားသလိုပင်။ မျက်ခွံများလေးလံလာ၏။ မည်သို့ပင်ဆိုစေ ခွန်အားအလုံးစုံကို စုစည်းပြီး တွမ့်မူရှန်းဆီ လျှောက်သွားပြီး သူ့ဘေးနားထိုင်ချလိုက်၏။ ပြီးနောက် ခေါင်းငုံ့ထားလိုက်သည်။ ပြီးနောက် နှာခေါင်းဝကို သူ့ဖက်မျက်နှာမူကာ ခေါင်းကို သူ့ဖက်ကပ်လိုက်၏။ တွမ့်မူရှန်းအပေါ် အပူလှိုင်းများထုတ်လွင့်နေလျက် သူ့ကို နွေးထွေးသွားစေသည်။
လုဝူက အားနည်းစွာပြောလိုက်၏။
“ဒီဧကရာဇ်ပင်ပန်းနေပြီ”
ပြီးနောက် လုဝူက မျက်လုံးမှိတ်ကာ ဖြည်းဖြည်းချင်းအသက်ရှူလိုက်တော့သည်။
...
အခန်း (၁၁၇၀) တောင့်မခံနိုင်တော့ဘူးလား
ချောင်ဇယ်ချွင်းက ရပ်နေသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ တခြားသူများက မြေပြင်ပေါ်ထိုင်ကာ အပေါက်များဖြင့် ပြည့်နှက်နေသည့် တောင်၃လုံးကို ကြည့်လိုက်ကြသည်။ ထိုအရာက လုဝူဆီမှ စမ်းသပ်ချက် ဖြစ်၏။ ထိုအရာက လွှမ်းမိုးမှုကြီးကာ တောင်တန်းများကို ဖြိုချခဲ့ပြီး တစ်ဖက်လူ၏ မွေးဖွားဇယားချပ်များကို ဖျက်ဆီးပစ်ခဲ့သည်။ သူတို့က ပင်ပန်းနွမ်းလျစွာ မောဟိုက်နေကြကာ သူတို့၏ စိတ်ဂယက်ရိုက်မှုကို ဖိနှိပ်ဖို့ ကြိုးစားနေကြ၏။ မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့က ဓားသွားအထက်တွင် အသက်ရှင်နေထိုင်သူများ ဖြစ်၏။ ချောင်ဇယ်ချွင်းက ပတ်ဝန်းကျင်ကို လေ့လာရင်း မွန်းကျပ်လာသလို ခံစားလိုက်မိသည်။ ထိုစဉ် ဤရပ်သိမ်းမှုက မည်မျှပင် ကြီးကျယ်စေကာမူ ဆုံးရှုံးမူက အမြောက်အများဖြစ်နေသည်။
မွေးဖွားဇယားချပ် ၄၀ ဆုံးရှုံးသွားမှုက သူတို့အနိုင်ရရှိလျှင်ပင် ကာမိမည် မဟုတ်ပေ။
ယဲ့ဝူရှန်းနှင့် ယဲ့ချန်းတို့၏ စိတ်နှလုံးသားထဲ အကြောက်တရား ကိန်းအောင်းလာ၏။
သူတို့က အချိန်မည်မျှ ကုန်ဆုံးသွားမှန်းမသိဘဲ နေရာတွင် ငေးမောတွေဝေစွာ ထိုင်နေကြသည်။ လေအေးတစ်ချက်က သူတို့ကို အသိပြန်ကပ်သွားစေ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့က မှားယွင်းတွက်ချက်မိသည်ဆိုလျှင်ပင် အစီအစဉ်အတိုင်း ရှေ့ဆက်တိုးရုံမှအပ ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူတို့သည် လေထဲ ထပ်မံပျံသန်းလိုက်ကြသည်။
ဤသည်က မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့၏ ကြောက်စရာကောင်းသည့် အချက်လည်း ဖြစ်၏။ အခြေအနေက မည်မျှပင်ဖြစ်စေကာမူ သူတို့က တစ်ခါ ပြန်လည်ရပ်လိမ့်မည်။ ဤနှစ်များစွာတစ်လျှောက် သူတို့၏ မြင်ကွင်းရှေ့ အပေါင်းအပါများ သေဆုံးသည်ကို မြင်တွေ့ခဲ့ဖူးပြီး သားရဲများကြောင့် သေဆုံးခြင်း ရှိသလို အန္တရာယ်များသည့် အခြေအနေများစွာကိုလည်း ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် သူတို့က ဘယ်တော့မှလက်မလျှော့ဘဲ ထပ်မံရပ်တည်နိုင်ခဲ့၏။
ချောင်ဇယ်ချွင်းက လက်ဝှေ့ကာ ပြောလိုက်သည်။
“စုဝေးကြ”
အားလုံးက အလျှင်အမြန် စုဝေးသွားကြသည်။
ချောင်ဇယ်ချွင်းက မန္တန်တစ်ခုကို ရွတ်ဖတ်ပြီး သူ့လက်ထဲမှ တုတ်ဖြင့် အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို အစိမ်းရင့်ရင့် အလင်းစက်ကွင်းက သူ့ခြေထောက်အောက်တွင် ပေါ်ထွက်လာ၏။
ဤသည်က ဗုဒ္ဓတောက်ပ ကြေးမုံ ဖြစ်သည်။
ထိုအရာက မွေးဖွားဇယားချပ် ၁၅ခု ပညာရှင်၏ ကုသရေး နည်းစနစ်ဖြစ်ခဲ့သော်လည်း ယခုအခါ မွေးဖွားဇယားချပ် ၁၄ ခုသာရှိသည့် ကုသရေး နည်းစနစ်တစ်ခု ဖြစ်လာခဲ့သည်။
စွမ်းအင်က လူအားလုံးကို ခြုံငုံသွား၏။ သူတို့၏ ဒဏ်ရာများက မျက်စိနှင့်မြင်နိုင်လောက်အောင် ပြန်လည်ကောင်းမွန်လာသည်။ အဆုံးသတ်တွင် တစ်ယောက်ချင်းစီ ဆုံးရှုံးသွားသည့် မွေးဖွားဇယားချပ် ၁ခုစီမှလွဲ၍ သူတို့သည် အစတည်းက ဒဏ်ရာမရရှိသလိုမျိုး ဖြစ်နေ၏။
“သွားကြ” ချောင်ဇယ်ချွင်းက အားလုံးကိုဦးဆောင်ကာ ကောင်းကင်အထက် ပျံသန်းလိုက်သည်။ သူက လုဝူသည် အသက်ရှူလိုက် သွင်းလိုက်လုပ်ကာ တွမ့်မူရှန်းအား နွေးထွေးအောင် ကြိုးစားနေသည်ကို ကြည့်လိုက်သည်။
ပန်းပွင့်၊ သစ်ပင်ပန်းမန်များက အသက်ဓာတ် ကင်းကွာကာ ရေခဲရုပ်ထု ဖြစ်သွားကြသည်။
အားလုံးက လုဝူ မျက်လုံးမှိတ်လျက် အသက်ရှူနေသည်ကို ကြည့်နေကြသည်။
ချောင်ဇယ်ချွင်းက ပြောလိုက်သည်။
“လုဝူ အနိုင်ရရှိတဲ့သူက အကုန်လုံးကို ယူမှာ။ မင်းက မွေးဖွားဇယားချပ် ၄၀ကို ယူထားပြီးပြီဆိုတော့ ငါတို့အားလုံးလည်း မင်းဟာကို ယူမယ် ”
ထိုနောက် ဖုံးကွယ်ထားခြင်း မရှိသည့် အမုန်းတရားနှင့် ဒေါသတို့ဖြင့် အော်ဟစ်လိုက်သည်။
“သွားကြ သတ်ပစ်”
“ကျွန်မ လုပ်လိုက်မယ်” ဖူလွမ့်သုန်က ရှေ့တိုးလာသည်။ သူမမျက်နှာအထက် အပြုံးက ပျောက်ကွယ်သွားပြီဖြစ်ကာ လေးနက်သည့် အမူအရာမျိုးဖြင့် အစားထိုးသွားသည်။ သူမ၏ လေးကိုင်းက အစိမ်းရောင်တောက်ပနေပြီး ကြိုးမျှင်ကို ပစ်လွှတ်လိုက်၏။ အသံကျယ်ကြီးနှင့်အတူ သူမက လက်ချောင်းများဖြင့် ပစ်ခတ်လိုက်သည်။
လုဝူ၏ ဦးခေါင်းထံ ကြယ်တံခွန်အလား မြားတစ်စင်း ထွက်ပေါ်လာသည်။ ရုတ်ခြည်းဆိုသလို တွမ့်မူရှန်းက မျက်လုံးဖွင့်လာသည်။ သူက ဖုတ်ကောင်တစ်ကောင်လိုမျိုး ထထိုင်ကာ ညာဘက်လက်ကို မြောက်လိုက်သည်။
ဝှစ်
နယ်ရှင်လှံက ပျံသန်းရောက်ရှိလာပြီး ရန်သူ၏ မြားကို တားဆီးထားလိုက်သည်။
ဘန်း
တွမ့်မူရှန်းက ခေါင်းကိုမော့လိုက်သည့်အချိန် သူ့မျက်ဝန်းက ခရမ်းရောင် ပြောင်းလဲသွား၏။ သူ့လက်မောင်းအထက် ခရမ်းရောင်နဂါးက ကူးခတ်နေသည်။
ဖူလွမ့်သုန်က မျက်မှောင်အသာကြုတ်လိုက်၏။
“အသုံးမဝင်တဲ့ ကြိုးပမ်းမှုပဲ”
သူမက တွမ့်မူရှန်းထံ စွမ်းအင်မြားများစွာကို ထုတ်လွှတ်လိုက်သည်။
တွမ့်မူရှန်းက နယ်ရှင်လှံကို ဝှေ့ယမ်းရင်း စွမ်းအင်မြား အမြောက်အများကို တားဆီးလိုက်သည်။ သူက ဆက်လက်၍ တားဆီးလျက် နောက်ဆုတ်နေသည်။
“ငါ ဒါကို မယုံဘူး” ဖူလွမ့်သုန်က မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမက ဝေဟင်အထက် မြင့်မြင့်ပျံသန်းလိုက်၏။
ဖူလွမ့်သုန်က မယုံကြည်နိုင်ပေ။ သူမက ကောင်းကင်အထက် ပျံသန်းလိုက်သည်။ သူမထက်ထဲရှိ လေးကိုင်းက အဆများစွာ ပိုမိုကြီးမားလာ၏။ ထို့နောက် သူမ ပစ်ခွင်းလိုက်သည့် စွမ်းအင်မြားများကလည်း အဆများစွာ ပိုမိုမြန်ဆန်လာသည်။
တွမ့်မူရှန်းက ဆက်တိုက်ရှောင်ရှားပြီး နယ်ရှင်လှံဖြင့် စွမ်းအင်မြားများကို တိုက်ထုတ်နေသည်။
သို့သော်လည်း အဆုံးသတ်တွင်သူက ဆင်းသက်ဖို့ ဖိအားပေးခံလိုက်ရသည်။ သူက နယ်ရှင်လှံကို မြေကြီးထဲတွင် ထိုးစိုက်လိုက်ပြီး သူ့လက်မောင်းများက ထုံထိုင်းနေပြီဖြစ်၏။ သူတို့၏ ကျင့်ကြံဆင့်ကွာဟချက်က ကြီးမားလွန်းလှသည်။
ဖူလွမ့်သုန်၏ အကြည့်များက သတ်ဖြတ်ငွေ့ဖြင့် တောက်ပနေ၏။
“ဒီကမ္ဘာမှာ ငါ့လက်ထဲမှာသေသွားတဲ့သူ အများကြီးပဲ။ မင်းလည်း ကြာကြာ နာကျင်မှုခံစားမနေနဲ့တော့”
သူမက လေးကိုင်ထားမှုကို လွတ်လိုက်သည်။ လေးက သူမအရှေ့ ပေါ်ထွက်လာသည့်အခါ သူမ၏ ခန္ဓာကိုယ်က ၉၀ ဒီဂရီ ကွေးညွှတ်သွားပြီး မြားတစ်ချောင်းလိုမျိုး ပြေးထွက်သွား၏။ မယုံကြည်နိုင်လောက်သည့် မြားတစ်စင်း ပေါ်ထွက်လာခဲ့သည်။ သူမက အချိန်ဖြုန်းမနေတော့ပေ။
ထိုအရာကို မြင်ကာ တခြားသူများကလည်း အံ့အားသင့်သွားကြ၏။
“စစ်ကျဲက လူသားမြား နည်းစနစ်ကို ထုတ်သုံးလိုက်ပြီ။ ဒီကောင်လေးတော့ သေပြီပဲ”
“သူမက စောစောစီးစီး ထုတ်သုံးခဲ့သင့်တာ”
ဖူလွမ့်သုန်က သက်ပြင်းချကာ ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်”
ဘန်း
တောင်တန်းအထက် မိုးချိန်းလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာခဲ့ကာ မြေကြီးများက စတင်လှုပ်ခတ်လာသည်။
သို့သော်လည်း အားလုံးက တွမ့်မူရှန်းသည် အထိအခိုက်မရှိ ရပ်တည်နေသည့်အခါ အံ့အားသင့်သွားကြ၏။
“ဟမ်”
“စစ်ကျဲ”
သူတို့က အသိပြန်ဝင်လာသည့်အခါ မော့ကြည့်လိုက်ရင်း အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ဖူလွမ့်သုန်၏ ရင်ဘက်က သေးငယ်ကာရှည်လျားသည့် ရွှေရောင်မြားတစ်ချောင်းဖြင့် ထိုးစိုက်ခံထားရသည်။ သူမက မျက်လုံးအပြူးသားဖြစ်နေပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူမက မြားကို ပစ်ခတ်ဖို့ အခွင့်အရေး မရလိုက်ပေ။
ချောင်ဇယ်ချွင်းက ဖြူဖျော့သွားပြီး သူမကို ကုသရေးမန္တန် ချပေးလိုက်သည်။
ဝှစ်
ထိုစဉ် မြားက အလိုအလျောက် ပျောက်ကွယ်သွား၏။ ခန္ဓာကိုယ်ထိုးဖောက်သံ တစ်သံ ထွက်ပေါ်လာပြီးသည့်နောက်တွင် မြားကလေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
“ဘယ်သူလဲ”
“ရွှေကြာ ကျင့်ကြံသူလား”
ဖူလွမ့်သုန်၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ကျုံ့သွားကာ ပျောက်ကွယ်သွားပြီး ကောင်းကင်မှ ပြုတ်ကျလာသည်။ ဤသို့ဖြင့် သူမက နောက်ထပ် မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးလိုက်ရသည်။
ချောင်ဇယ်ချွင်း၏ ကုသရေး နည်းစနစ်က ထူးကဲသော်လည်း မွေးဖွားဇယားချပ် ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မပေးနိုင်ပေ။
ထိုစဉ် လေထုထဲ အသံတစ်သံ ထွက်ပေါ်လာ၏။
“လှုပ်ရဲတဲ့သူကို သတ်ပစ်မယ်”
ဤတစ်ကြိမ် ချန်ဟွမ်းက တောင်၃လုံးရှိ တိမ်တိုက်များကြားမှ ဆင်းသက်လာသည်။
မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့က မီတာဒါဇင်ချီ နောက်ဆုတ်လိုက်ကြ၏။
ဝုန်း
ချန်ဟွမ်းက ဆင်းသက်လိုက်သည်။
လုကျိုးက ချန်ဟွမ်း၏ ဦးခေါင်းအထက် မားမားမတ်မတ်ရပ်နေပြီး အားလုံးကို ဝေ့ကြည့်လိုက်သည်။ တစ်ချက်တည်းကြည့်ရုံဖြင့် ၏ လက်ရှိအခြေအနေကို မြင်လိုက်ရပြီး ယေဘုယျအခြေအနေကို နားလည်လိုက်သည်။
ချောင်ဇယ်ချွင်းက သူ့ရှေ့တွင်ရှိနေသည့်သူသည် မရိုးရှင်းကြောင်း ခံစားမိ၏။ ထို့ကြောင့် သူက ပြောလိုက်သည်။
“လူကြီးမင်း အားလုံးက ဦးစားပေးစနစ်နဲ့ပါပဲ။ အရင်လာတဲ့သူက အရင်ရမှာပေါ့။ အဲဒါက ခင်ဗျားအနေနဲ့ ဝင်ရောက်စွက်ဖက်တာ ရိုင်းပြတယ်လို့ မထင်ဘူးလား”
“မင်းက ငါနဲ့စည်းမျဉ်းတွေအကြောင်း ပြောချင်တာလား” လုကျိုးက မေးလိုက်သည်။
“ဟုတ်ပါတယ်။ စည်းမျဉ်းတွေက အမည်မသိကုန်းမြေမှာ အသက်ရှင်မှု စည်းမျဉ်းတွေပဲ” ချောင်ဇယ်ချွင်းက ပြောလိုက်သည်။
“မင်းကငါ့တပည့်ကို သတ်ဖို့ ကြိုးစားပြီးတော့ စည်းမျဉ်းတွေအကြောင်း ပြောရဲသေးတယ်လား” လုကျိုးက မေးလိုက်သည်။
ချောင်ဇယ်ချွင်း “...”
“မင်းက အရင်လာတဲ့သူ အရင် ရစတမ်းလို့ ပြောရအောင် မင်းက ငါ့တပည့် ယဉ်ပါးအောင် လုပ်ထားတဲ့ သားရဲဧကရာဇ်ကို သတ်ဖို့ ကြိုးစားသေးတယ်လေ”
ချောင်ဇယ်ချွင်းက ထိုမေးခွန်းနှစ်ခုကြောင့် ဆွံ့အမိသွားသည်။
ရွီကျုံးရှက ရှေ့တိုးကာ ပြောလိုက်သည်။
“သူက ခင်ဗျားရဲ့တပည့်ဆိုရင် သူ့ကို ခေါ်သွားလိုက်ပါ။ ကျုပ်တို့ကတော့ လုဝူရဲ့အသက်ကို ဒီနေ့ ယူမယ်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
လုကျိုး၏ မြားပေါ်မူတည်၍ ချောင်ဇယ်ချွင်းနှင့်တခြားသူများသည် သူသည် အန္တရာယ်များသည့်သူ ဖြစ်ကြောင်း သိကြသည်။ သို့သော်လည်း မွေးဖွားဇယားချပ် ၄၀ကို ဆုံးရှုံးထားရသည်မှာ ကြီးမားလွန်းလှ၏။
ချန်ဟွမ်းက ခေါင်းငုံ့ပြီး မြေကြီးပေါ်လဲနေသည့် လုဝူကို ကြည့်လိုက်သည်။
ဤတစ်ကြိမ် ချောင်ဇယ်ချွင်းက သားရဲဘုရင်၏ တည်ရှိမှုကို တွေ့ရှိသွား၏။
“ရှစ်စွင်း” တွမ့်မူရှန်းက နောက်လဲကျမသွားခင် အားနည်းဖျော့တော့ကာ ခေါ်လိုက်သည်။
အားလုံးက လှည့်ကြည့်လိုက်ကြ၏။
တွမ့်မူရှန်း၏ ခန္ဓာကိုယ်က သွေးများဖြင့် ရွဲနစ်နေသည်။ သူ့ဝန်ကျင်တွင် ခရမ်းပြာစွမ်းအားတစ်ခု ရှိနေပြီး သူ့ကိုအသက်ရှင်အောင် ထိန်းသိမ်းထားသည့် တစ်ခုတည်းသော အရာဖြစ်ပေသည်။
ခရုလေးက ပျံသန်းသွားကာ ပြောလိုက်သည်။
“ရှစ်ရှိုး”
ထိုစဉ် ရွီကျုံးရှက ချောင်ဇယ်ချွင်းဘေးနား ရောက်သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင် အဲ့ဒါက မဟာလေဟာနယ် မျိုးစေ့ပဲ”
ဒေါသထွက်လုနီးပါးဖြစ်နေသည့် ချောင်ဇယ်ချွင်းက ချက်ချင်းဆိုသလို တည်ငြိမ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
“အသင့်ပြင်ထားကြ”
မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ဝင်များက နေရာယူကာ သူတို့၏ ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်ကြသည်။
ချောင်ဇယ်ချွင်းက မွေးဖွားဇယားချပ်၁၄ခု တောက်ပနေသည့် ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်၏။
မွေးဖွားဇယားချပ် ၁၀ခုရှိထားသည့် ကြယ်တာရာဒိုင်ခွက်၂ခု၊ ၉ခုရှိထားသည့် ကြယ်တာရာဒိုင်ခွက်၁ခုနှင့် ကျန်သည့်အရာများက မွေးဖွားဇယားချပ် ၄ခု မှ ၆ခု အထိ ဖြစ်ကြသည်။
သူတို့၏ အရေအတွက်က သိပ်မများသော်လည်း သူတို့၏ စွမ်အားက အနက်ရောင်မျှော်စင် အဖွဲ့အစည်းထက် သာလွန်နေသည်။ ချောင်ဇယ်ချွင်းက မွေးဖွားဇယားချပ် ၁၄ခု ရှိထားသည့်အတွက် အဖွဲ့၏ ယေဘုယျစွမ်းအားကို သိသိသာသာ တိုးမြင့်ပေးနိုင်၏။ ထို့အပြင် ဤသည်က လုဝုသည် သူတို့၏ မွေးဖွားဇယားချပ်အများစုကို ဖျက်ဆီးပြီးသည့်နောက်တွင် ရေတွက်ထားခြင်း ဖြစ်၏။
လူများက ပိုက်ဆံအတွက် သေကာ ဌက်များက အစားအစာအတွက် သေကြသည်ဟု စကားပုံ ရှိကြသည် မဟုတ်ပါလော။
ထိုစဉ် မဟာလေဟာနယ် မျိုးစေ့နှင့် လုဝူ၏ အသက်ဓာတ်နှလုံးသားအတွက် အကျိုးအကြောင်း ဆင်ခြင်စိတ်အားလုံးက ပျောက်ဆုံးသွားဟန်ပေါ်သည်။
ချောင်ဇယ်ချွင်းက ပြောလိုက်၏။
“လုဝူက ကျုပ်တို့ဆီက မွေးဖွားဇယားချပ်တစ်ခုစီ ယူထားတယ်။ တကယ်လို့ ကျုပ်တို့သာ လက်စားမချေရင် မကောင်းဆိုးဝါး အမဲလိုက်အဖွဲ့က ဘယ်လိုလုပ် အနာဂတ်မှာ ရှင်သန်နိုင်ပါ့မလဲ”
လုကျိုးက ခေါင်းယမ်းလိုက်သည်။
သူက အထွတ်အထိပ် လျှို့ဝှက်ဆန်းကြယ်ကတ်ကို ချွေတာထားနိုင်မည့်ပုံမပေါ်ပေ။
ထိုစဉ် လုဝူက မျက်လုံးဖွင့်လာကာ ပြောလိုက်သည်။
“ငါ့အသက်ဓာတ်နှလုံးသား ပြန်ပေး”