← Chapters

အခန်း (၁၁၇၁-၁၁၇၃)

Vol. 79 Ch. 1171-1173

အခန်း (၁၁၇၁-၁၁၇၃)

Vol. 79 Ch. 1171-1173

အခန်း (၁၁၇၁) အမြင့်ဆုံးလုပ်ဆောင်ချက်

လုကျိုးက လက်ဝှေ့ယမ်းလိုက်ရာ သလင်းကဲ့သို့ ကြည်လင်သည့် အသက်ဓာတ်နှလုံးသားက လုဝူဆီ ရောက်သွား၏။

ချောင်ဇယ်ချွင်းက အမိန့်ပေးလိုက်တော့သည်။

“သွား”

လူဆယ်ယောက်ခန့်သည် လေးဖက်လေးတန်ကနေ တစ်ပြိုင်နက်တည်း တိုက်ခိုက်တော့သည်။

လုကျိုးသည် အသံတိတ်စွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ် ရွတ်ဆိုနေတော့သည်။

အပြာရောင်ကြာပွင့် ဖူးပွင့်လာပြီးနောက် စွမ်းအင်များသည် ဆူနာမီပမာ အရပ်မျက်နှာအနှံ့ ပြန့်ကားသွားလေ၏။

ဘန်း ဘန်း ဘန်း

အံ့ဩစရာမရှိ လူဆယ်ယောက်ကျော်က လေထဲလွင့်ထွက်သွား၏။

“မိုးနဲ့မြေစွမ်းအားလား” ချောင်ဇယ်ချွင်းသည် သူ၏လက်ထဲရှိတောင်ဝှေးကို ဝှေ့ယမ်းလိုက်၏။

အလင်းကွင်းများ ပေါ်ထွက်လာပြီး မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့၏ ဒဏ်ရာရထားသူများကို ကုသပေးတော့သည်။

လုကျိုးက မျက်မှောင်အနည်းငယ် ကျုံ့မိသွား၏။

ထူးကဲသာလွန်တဲ့ ကုသရေးနည်းလမ်းပဲ။ ဒီတော့ ရန်သူက ကုသသူကိုး။

“ဒီတော့ ခင်ဗျားက မွေးဖွားစမ်းသပ်ချက် နှစ်ခု ဖြတ်ကျော်ပြီးတဲ့ ပညာရှင်တစ်ယောက်ကို ... ခင်ဗျား ကျုပ်တို့ မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့နဲ့ တွေ့တာ ကံဆိုးတာပဲ”

ချောင်ဇယ်ချွင်းသည် သူ၏တောင်ဝှေးကို ဝှေ့ယမ်းလိုက်ပြန်၏။

အစိမ်းရောင်နဂါးများနှင့် တူသည့် အစိမ်းရောင်စွမ်းအင်စီးကြောင်းများက သူ၏လူများဆီ တိုးဝင်သွားသည်။

သူတို့၏ ကြယ်တာရာဒိုင်ခွက်က အရွယ်အစားတဝက်ဆီ တိုးလာပြီးနောက် သူတို့၏ ခြေထောက်အောက်၌ မီတာထောင်ချီ ကျယ်ပြန့်သည့် အစီအရင်တစ်ခုပေါ်လာသည်။ ယင်းက မိမိ၏ခွန်အားကို မြှင့်တင်ပေးနိုင်သော အခင်းအကျင်းတစ်ခုဖြစ်သည်။ အစီအရင်အကျယ်အဝန်းကို အခြေခံကြည့်လျှင် အာနိသင်က နောက်ထပ်မွေးဖွားဇယားချပ် ထပ်ပေါင်းထည့်တာနှင့်ညီမျှသည်။

ပြီးနောက် စွမ်းအင်ဓားတို့သည် အရပ်မျက်နှာအနှံ့ပျံထွက်သွား၏။

လုကျိုးသည် သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ပြီး တိုက်ခိုက်မှုများကို ပိတ်ဆို့လိုက်၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ကြယ်တာရာဒိုင်ခွက်က တကယ်ချိုင့်ဝင်သွားတော့သည်။

လုကျိုးက နောက်ဆုတ်လိုက်၏။

ချောင်ဇယ်ချွင်းသည် လုကျိုး၏ကြယ်တာရာဒိုင်ခွက်ပေါ် ထူးဆန်းသော အလင်းတန်းတစ်ခု ပစ်ထုတ်လိုက်သည်။ မွေးဖွားဇယားချပ်ကိုးခုဖြင့် သူ၏ကြယ်တာရာဒိုင်ခွက်က ချက်ချင်း ပေါ်လာလေ၏။

“ကျုပ် ခင်ဗျားကို အထင်ကြီးခဲ့မိတာပဲ။ ကျုပ်တို့ကို ဆန့်ကျင်ဖို့သတ္တိ ခင်ဗျားကို ဘယ်သူက ပေးလိုက်လဲ” ချောင်ဇယ်ချွင်း၏ ယုံကြည်ချက်က ချက်ချင်းမြင့်တက်သွား၏။

“သူက မွေးဖွားဇယားချပ်ကိုးခု ကျင့်ကြံသူတစ်ယောက်ပဲ။ သူက တကယ်တန်းကျတော့ ဟန်ဆောင်နေတာ။ သူ့ကို တိုက်ခိုက်ကြဟေ့”

ထိုစဉ် လူအုပ်ကြီးထဲ၌ ပုန်းနေသော ယဲ့ဝူရှန်းက သံသယများ ပြည့်နေ၏။ သူသည် လုကျိုးက လုဝူကို အနိုင်ယူခဲ့တာ တွေ့ခဲ့၏။ သူသည် မည်ကဲ့သို့ မွေးဖွားဇယားချပ် ကိုးခုပဲရှိနိုင်မည်နည်း။

မရေမတွက်နိုင်သော စွမ်းအင်ဓားတို့၏နောက်တွင် လုကျိုးက နောက်သို့တွန်းပို့ခံနေရသည်။

လုဝူက ၎င်း၏အသက်ဓာတ်နှလုံးသားကို ဝါးမျိုပြီးနောက် ၎င်း၏ဝမ်းဗိုက်က တအိအိလှုပ်သွားလေ၏။ ပြီးနောက် သူက ပြောလိုက်သည်။

“သွားကြမယ်”

“ရှစ်စွင်း” ယဲ့ထျန်းရှင်းသည် သူမ၏ရှစ်စွင်းဖိအားပေးခံနေရတာကို မြင်သောအခါ လှမ်းခေါ်လိုက်သည်။ သူမက ချန်ဟွမ်း၏ကျောပေါ်ပျံတက်သွား၏။ ပြီးနောက် ချန်ဟွမ်းသည် အားနည်းသော်ငြား ကြည်လင်သည့်အော်သံတစ်သံ ပြုလုပ်လိုက်သည်။

ရှည်လျားသည့်အော်သံက ပေါ်ထွက်လာပြီး လူတိုင်းဆီပျံ့နှံ့သွား၏။ သူတို့၏နားများကို တဝီဝီ မြည်သွားစေကာ သူတို့၏စိတ်များ ဗလာကျင်းသွားစေသည်။ ရလဒ်အနေဖြင့် သူတို့မှင်တက်စွာ ရပ်နေမိ၏။

ယင်းကို မြင်သောအခါ ချောင်ဇယ်ချွင်းသည် နောက်ထပ်အသံလှိုင်းတစ်ခု ထုတ်လွင့်ကာ စွမ်းအင်လှိုင်းကို ပြန်လည်တွန်းပို့လိုက်တော့သည်။

ဤနည်းဖြင့် မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့၏အဖွဲ့သားများက အသိစိတ်ပြန်ကပ်လာတော့သည်။

“ချန်ဟွမ်းကိုလည်း အလွတ်မပေးနဲ့”

“နားလည်ပါပြီ”

ဖူလွမ့်သုန်က လေထဲပျံတက်လိုက်ပြန်၏။ သူမ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များပေါ်လာသည်။ သူမကို ချောင်ဇယ်ချွင်း၏ အလင်းစက်ကွင်းက ကုသပေးထားသော်ငြား သူမရင်ထဲ၌ ဒေါသများ မုန်းတီးမှုများ ပြည့်နေပြီဖြစ်၏။ သူမက ပြောလိုက်တော့သည်။

“ရာရာစစ ငါ့ရဲ့မွေးဖွားဇယားချပ်ကို ဖျက်ဆီးရဲတယ်ပေါ့။ မနက်ဖြန်နေထွက်တာကို နင် မမြင်စေရဘူး”

ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ်

ကောင်းကင်အပြည့်စွမ်းအင်မြားများ ရွာသွန်းကျလာသည်။

ချန်ဟွမ်းက နောက်သို့ချက်ချင်းဆုတ်လိုက်လေ၏။

လုကျိုးသည် သူ့ရှေ့၌ ကြယ်တာရာဒိုင်ခွက်ကို ဆက်လက်ထိန်းထားလေသည်။ ဤအတိုင်း ဆက်သွား၍မရမှန်း သူ သိနေ၏။ သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ကြယ်တာရာဒိုင်ခွက်ထဲ ပို့ပြီးနောက် လုဝူကို တစ်ချက်ကြည့်လိုက်သည်။

လုဝူသည် အစောတုန်းက ယခင်ဒဏ်ရာများအပြင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်။ သူ၏ အသက်ဓာတ်နှလုံးသားက သူ၏ခန္ဓာကိုယ်ကို လက်သင့်ခံစေရန် အချိန်တချို့ ယူရဦးမည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

လုကျိုး၏ ကြယ်တာရာဒိုင်ခွက်က ဖျက်ဆီး၍ မရသော်ငြား သူ့ကို နောက်သို့ ပြင်းထန်စွာ တွန်းပို့နေသေးသည်။

ချောင်ဇယ်ချွင်းက ပြောလိုက်၏။

“ညီနောင်တို့ အကောင်းဆုံးကြိုးစားကြ”

“ဟုတ်ကဲ့ ခေါင်းဆောင်”

“မွေးဖွားဇယားချပ်ကိုးခု ကြယ်တာရာဒိုင်ခွက်မှာ မိုးနဲ့မြေစွမ်းအား ပါဝင်နေတယ်။ တကယ် အားနည်းလွန်းတယ်။ သူ့ကို ရိုက် ... သူ့ကို သေအောင်ရိုက်”

ပိုတောင်ပြင်းထန်သည့် တိုက်ခိုက်မှုများ ကျရောက်လာ၏။ အသက်ရှုရန် ခက်ခဲလောက်သည်အထိ ဖိနှိပ်ထားနိုင်စွမ်းရှိသည်။

လုကျိုး၏ ခြေထောက်က မြေကြီးထဲ နစ်ဝင်နေ၏။ သူသည် အပေါ်မှ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ကောင်းကင်ကိုတောင် မမြင်နိုင်ပေ။

“သူက ဇွဲကောင်းသားပဲ။ ဒါပေမဲ့ ငါ သဘောကျတယ်”

“ဒီလောက်စိတ်ဓာတ်ခိုင်မာတဲ့ မွေးဖွားဇယားချပ်ကိုးခု ကျင့်ကြံသူတစ်ယောက်ကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ရွှေကြာကျင့်ကြံသူတွေအားလုံး ဒီလိုမာသလား။ အစောတုန်းက လှံနဲ့ကျင့်ကြံသူကလည်း မာတယ်”

မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့သည် သူတို့ရန်သူများ သန်မာနေလျှင်လည်း ဂရုမစိုက်ပေ။ ဆိုရလျှင် ကုသသူတစ်ယောက်က ခေါင်းဆောင်ဖြစ်နေလေရာ သူတို့သည် ၁၀ရက်ကနေ လဝက်ကနေ တိုက်ခိုက်နိုင်၏။ ကြီးမြတ်သောဆရာသခင်တစ်ဦးတောင် သူတို့ကို ဖြေရှင်းရန် ခက်ခဲသွားလိမ့်မည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

လုဝူက ဘေးသို့ ခေါင်းစောင်းက လေးနက်သောအသံဖြင့် မေးလိုက်၏။

“လုထျန်းထုံ မင်း ဘာလုပ်နေတာလဲ”

လုကျိုးက ယခုလုဝူအတွက် အချိန်မရှိပေ။

ဂျွတ် ဂျွတ်

လုကျိုး၏ ကြယ်တာရာဒိုင်ခွက် ချိုင့်ဝင်သွားတော့သည်။

“သူသေတော့မယ် လာထား ... တတ်စွမ်းသမျှ တိုက်ခိုက်ကြ”

ထိုစဉ် ဖူလွမ့်သုန်က ... “သူ့ကို ငါ့အတွက်ချန်ထားလိုက်”

ဧရာမစွမ်းအင်မြားတစ်စင်းသည် လုကျိုး၏ကြယ်တာရာဒိုင်ခွက်ကို ချိန်ရွယ်ထားလိုက်သည်။

ဖူလွမ့်သုန်သည် သူမနှုတ်ခမ်းထောင့်ရှိသွေးကို လျက်ပြီးနောက် ပြုံးလိုက်၏။

“ငါ ဒီအခိုက်အတန့်ကို စောင့်နေတာ”

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

လုဝူက အသက်ရှူထုတ်ပြီးနောက် ခေါင်းခါကာပြောလိုက်တော့သည်။

“ငါ့အတွက် သခင်လေးကို ဂရုစိုက်ပေး”

လုကျိုးသည် သူ့လက်ထဲရှိ အထွတ်အထိပ် ဆန်းကြယ်ကတ်ကို ခြေမွှလျက် မြေပြင်ကို ဆောင့်နင်းလိုက်၏။ သူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။

“မဟုတ်ဘူး ... ငါ့အတွက် သူတို့ကို မင်းဂရုစိုက်ထားပေ”

မျက်စိတစ်မှိတ်အတွင်း လုကျိုးသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားများ လွှမ်းခြုံလာ၏။ ကြယ်တာရာဒိုင်ခွက်ပေါ်၌ ချိုင့်ရာမရှိတော့ပေ။ ၎င်းက စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့ထောင်ချီကို ပိတ်ဆို့လိုက်၏။

“သူ့ကို ထိန်းထား ... သူ့ကို ထခွင့် မပေးနဲ့” ရွှီကျုံးရှားက အော်ပြောလိုက်သည်။

လုကျိုးသည် ကောင်းကင်ကျမ်းစာ၏အသံတိတ်စွမ်းအားမန္တန်ကို တိတ်တဆိတ်ရွတ်ဆိုနေ၏။

အသံတိတ်စွမ်းအားကို ရရှိရန် မိမိ၏ခန္ဓာကိုယ်ထဲ သမာဓိဆောက်တည်ရမည်။ ဘေးပတ်ဝန်းကျင်ထဲ အလင်းပမာဖြန့်ကျက်ရမည်။ ဤကား အသံတိတ်စွမ်းအားပေတည်း။

လုကျိုးခြေထောက်အောက်၌ အပြာရောင်ကြာပွင့် ဖူးပွင့်လာသောအခါ တိုက်ခိုက်မှုအားလုံး ဖယ်ရှားခံလိုက်ရသည်။

“ထွက်သွား” ကောင်းကင်ကျမ်းစာမှ မိန့်ခွန်းစွမ်းအားသည် အရပ်မျက်နှာအနှံ့ပေါ်ထွက်လာ၏။ အစောတုန်းက နဂျီအသိုက်နှင့်တူသည် တောင်သုံးတောင်သည် မြင့်တက်သွားသည်။ ပြီးနောက် လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ အတိတ်ဘဝစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။

ကောင်းကင်ကျမ်းစာစွမ်းအားများ ပေါ်ထွက်လာပြီး သွားလေရာနေရာတိုင်းအဖျက်စွမ်းအားများ ပေါ်ထွက်လာ၏။

စွမ်းအင်များက လေးကိုကိုင်လျက်ရပ်နေသည့် ဖူလွမ့်သုန်ဆီရောက်သွားသောအခါ သူမ နေရာမှာပင် ကြက်သေသေသွားတော့၏။ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားတော့သည်။ သူ ဘယ်လိုလုပ် ဒီလောက်သန်မာနေရတာလဲ”

လုကျိုးက ထူးမခြားနားပြောလိုက်တော့သည်။

“မင်းရဲ့နိမ့်ကျတဲ့ လေးပညာနဲ့များ ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်းမီတယ်လို့ ထင်နေတာလား”

လုကျိုးက လက်တစ်ဖက်မြှောက်ပြီးနောက် လက်ပြန်ချလိုက်၏။ သက်ညှာမှုမပြပေ။

ဗုဒ္ဓ၏စွန့်ပစ်ခံဉာဏ်ပညာကို အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့် မြှင့်တင်ပေးထားသည်။ ၎င်းက ကောင်းကင်ပေါ်မှကျရောက်လာ၏။ ဤအတိုင်းပင် ဖူလွမ့်သုန်က နောက်ထပ်မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွား၏။

“ကျေးဇူးပြုပြီး သက်ညှာပေးပါ” ဖူလွမ့်သုန်က အော်ပြောလိုက်၏။

ယင်းက အသုံးမဝင်ပေ။ သူမ မိုးကြိုးပစ်သလို ခံစားရပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာကာ သွေးအန်လာတော့သည်။

ချောင်ဇယ်ချွင်းက အံ့ဩဆွံ့အနေတော့သည်။ သူသည် သူ၏ကုသရေးစွမ်းအားကို နောက်ထပ် သုံးတော့မည့်အချိန်တွင် လုကျိုးက သူ၏လက်ကို ဆွဲချလိုက်သည်။

အပြာရောင်စွန့်ပစ်ခံဉာဏ်ပညာစိတ်ကူးသည် တစ်တန်းတည်းရှိနေပြီး ဖူလွမ့်သုန်ဆီ ဆက်တိုက် တိုးဝင်သွား၏။

ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း

ချောင်ဇယ်ချွင်း၊ ရွှီကျန်းရှားနှင့် ယွီဝန်ချိုး“...”

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ဆန့်ကျင်ဖက်အနေဖြင့် လုဝူ၏အမူအရာက လုကျိုး၏ခွန်အားကြောင့် အံ့ဩသွားပုံမပေါ်။ ထိုအစား လုကျိုး ကြွားလုံးထုတ်ခြင်းအတွက် ဝေဖန်နေပုံပေါ်၏။ ၎င်းက ပြောလိုက်တော့သည်။

“ပျင်းစရာကောင်းလိုက်တာ”

မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့သားအားလုံးသည် သူတို့၏ကြယ်တာရာဒိုင်ခွက်ကို ဖော်ထုတ်ပြီး ကာကွယ်ရေးစွမ်းအင်များ တညီတညွတ်တည်း အသက်သွင်းလိုက်သည်။

“လူဖြန့်ကြ” ချောင်ဇယ်ချွင်းက အော်ပြောလိုက်၏။

လုကျိုး၏မျက်လုံးက အပြာရောင်များတောက်နေသည်။ အမြင်စွမ်းအားအပြင် သူက အကြားစွမ်းအားနှင့် အနံ့စွမ်းအားကိုလည်း သုံးခဲ့၏။

မကြာမီ၌ လုကျိုးက ချောင်ဇယ်ချွင်းရှေ့သို့ လှစ်ကနဲရောက်လာသည်။

“ငါ့တိုက်ခိုက်မှုကနေ ဘယ်သူမှ ပုန်းမနေဘူး”

ပြီးနောက် အပြာရောင်တာအိုကိုးပါးဖြတ်တောက်ခြင်း လက်ဟန်များ တစ်ခုပြီးတစ်ခုပေါ်လာသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

လက်ဝါးစည်းတံဆိပ်သည် ချောင်ဇယ်ချွင်း၏ကြယ်တာရာဒိုင်ခွက်ပေါ် တစ်ခုပြီးတစ်ခု ကျရောက်လာ၏။ နောက်ဆုံး လက်ဝါးစည်းတံဆိပ် ကျရောက်လာသောအခါ ကြယ်တာရာဒိုင်ခွက်က ပြိုကွဲနေပြီးဖြစ်သည်။

“ကြီးမြတ်သောဆရာသခင်လား” ချောင်ဇယ်ချွင်းသည် ထိတ်လန့်မှုကြောင့်မျက်လုံးပြူးကျယ်နေကာ သွေးအန်နေ၏။

“မဟုတ်ဘူး ... ဆရာသခင်တွေက ဒါမျိုးမဟုတ်ဘူး။ ဒါက ...”

ချောင်ဇယ်ချွင်းသည် သူ၏ကြယ်တာရာဒိုင်ခွက်ကို တွန်းထုတ်ချင်သော်ငြား ထိုသို့မလုပ်ရသေးခင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများနှင့်ပြည့်နှက်နေသော လုကျိုး၏တိုက်ခိုက်မှုများသည် ကောင်းကင်မှ ဆင်းသက်လာ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ချောင်ဇယ်ချွင်းသည် ပြန်တိုက်ခိုက်ခြင်းမလုပ်ရဘဲ မြေပြင်ပေါ် ချေမှုန်းခံလိုက်ရ၏။ သူက ပက်လန်လန်ကျသွားကာ လူပုံသဏ္ဌာန်တွင်းထဲ မြှုပ်သွား၏။ သူက မယုံနိုင်မှုများဖြင့် ကြောက်လန့်မှုများဖြင့် ကောင်းကင်ကို မော့ကြည့်နေမိသည်။ သူ၏မျက်လုံးထဲ၌ တိမ်စိုင်တိမ်တိုက်များနှင့် အပြာရောင်ကြာပွင့် ရောင်ပြန်ဟပ်နေသည်။ သူက အပြင်းထန်ဆုံးဒဏ်ရာကို ပြန်လည်ကုသနိုင်စွမ်း ရှိလျှင်တောင် သူ၏မွေးဖွားဇယားချပ်ကို ပြန်လည်မဖွဲ့တည်နိုင်။ ဝေဟင်ထဲရှိထိုလူကို ရန်စခဲ့မိသောကြောင့် ဆုံးရှုံးမှုများပြားသည်။

လုကျိုးသည် သူ၏တိုးပွားလာသော ကုသိုလ်မှတ်များကို ဂရုမစိုက်ခဲ့ပေ။ သူသည် အကန့်အသတ်မရှိ ကောင်းကင်ကျမ်းစာစွမ်းအားနှင့် ကျန်တဲ့စွမ်းအားများကို အသုံးပြုကာ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် ဖြည့်တင်းနေသည်။ သူ လှုပ်ရှားတာမြန်လွန်းသဖြင့် ကောင်းကင်တစ်ခုလုံးအပြာရောင်အရိပ်များဖြင့် ပြည့်နေ၏။ သူ ရပ်တန့်လိုက်ချိန်တိုင်းတွင် လက်ဝါးစည်းတံဆိပ် ၁၀ခုထုတ်သုံးတော့သည်။ ယင်းက ကောင်းကင်၌ လူတစ်ယောက် ပျံဝဲနေတာမဟုတ်ပေ။

သို့သော် လုကျိုးက မရပ်တန့်ခဲ့ပေ။

...

အခန်း (၁၁၇၂) ကြင်နာမှုက ပျက်စီးမှုကို ဖြစ်စေတယ်

အချိန်က အသက် ဖြစ်၏။

လုကျိုးက ခြိမ်းခြောက်မှုအားလုံးကို မခြိမ်းခြောက်နိုင်သည့် အနေအထားအဖြစ် မိနစ်သုံးဆယ်အတွင်း လျှော့ချနိုင်ခဲ့သည်။

အကောင်းဆိုးဝါး အမဲလိုက်အဖွဲ့ဝင် အများစုက မြေမြင်ပေါ်လဲကျနေပြီး သူတို့က ထွက်ပြေးကြသည်ဖြစ်စေ သို့မဟုတ် လဲကျနေသည်ဖြစ်စေ လုကျိုးက ရပ်တန့်ဖို့ မစီစဉ်ထားပေ။ သူက ရွှေရောင်ထိုက်ရွှီကြေးမုံကို လေထဲသို့ ပစ်လွှတ်လိုက်၏။

ရွှေရောင်ကြေးမုံက ကောင်းကင်အထက် နေမင်းသဖွယ် တောက်ပလာသည်။ အပြာရောင် အလင်းတန်းက မီတာထောင်ချီ ဖုံးလွှမ်းသွားပြီး အားလုံးထံ တောက်ပလာကာ သူတို့၏ စွမ်းအားအစစ်အမှန်ကို ပြသလာ၏။

အပြာရောင် အလင်းအောက်တွင် မြေပြင်ပေါ် လဲလျောင်းနေသည့် ယွီဝန်ချိုးက ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်လာ၏။ သူက ဘယ်နေရာပုန်းရမှန်း မသိတော့ပေ။

သူ ထွက်ပြေးတော့မည် ဆဲဆဲတွင် လုကျိုးက သူ့အပေါ်၌ ပေါ်ထွက်လာသည်။ ကောင်းကင်စွမ်းအားမှ လက်ဝါးစည်းတံဆိပ် ဒါဇင်ချီက ကျဆင်းလာခဲ့သည်။

ယွီဝန်ချိုးက ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်၏။ သို့သော် သူ့ကြယ်တာရာဒိုင်ခွက်က လက်ဝါးချက် သုံးခါကိုသာ တောင့်ခံထားနိုင်ခဲ့သည်။ ကျန်သည့်လက်ဝါးစည်းတံဆိပ်များက သူ့အပေါ် တစ်ခုပြီးတစ်ခု ကျဆင်းလာသည်။

တစ်စက္ကန့်အတွင်း လူများစွာက မွေးဖွားဇယားချပ် နှစ်ခုဆီ အနည်းဆုံး ဆုံးရှုံးသွားကြ၏။

မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ခေါင်းဆောင် ချောင်ဇယ်ချွင်းကလည်း မွေးဖွားဇယားချပ် ဆယ့်လေးခုကို တစ်ဝက်ကျော် ဆုံးရှုံးသွားခဲ့ရသည်။ နဂိုက မွေးဖွားဇယားချပ်ဆယ်ခု ရှိထားသည့် ဖူလွမ့်သုန်ကလည်း မွေးဖွားဇယားချပ် အားလုံးကို ဆုံးရှုံးလိုက်ရ၏။ ‌

ချောင်ဇယ်ချွင်းက ကောင်းကင်ကို တငေးတမော ကြည့်ကာ သေမင်း ရောက်လာတာလားဟု စဉ်းစားနေမိသည်။

အချိန်တိုအတွင်း အကောင်းဆိုးဝါး အမဲလိုက်အဖွဲ့က လျင်မြန်စွာ သုံးသပ်နိုင်ခဲ့သည်။

လုစုခွဲကာ ထွက်ပြေးဖို့ ဖြစ်၏။

အားလုံးက လျှပ်တစ်ပြက်အတွင်း လှုပ်ရှားကာ သူတို့က ဒဏ်ရာအပြင်းအထန် ရရှိနေလျှင်ပင် အဖက်ဖက်သို့ ထွက်ပြေးသွားကြသည်။ ဤသို့သော အနေအထားမျိုးတွင် မည်သူ့ လိုက်ဖမ်းခံရမလဲက အလောင်းအစားပေါ် မူတည်နေသည်။ ဤသို့ဖြင့် တခြားသူများက အသက်ရှင်ဖို့ အခွင့်အရေး ရလာလိမ့်မည်။

လုကျိူးက မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ဝင်များ စတင်ထွက်ပြေးသွားသည်ကို ကြည့်နေလိုက်၏။ သူက အမည်မဲ့ကို လေးကိုင်းအသွင်ပြောင်းကာ ထုတ်ယူလိုက်သည်။

ဝှစ်

လုကျိုးက တိမ်တိုက်အထက် ရပ်တည်ရင်း ဧရာမအပြာရောင် လေးကို ဆွဲကိုင်လိုက်သည်။ ကြီးမားကာ ရှည်လျားသည့် စွမ်းအင်မြားဖြင့် ချိန်ရွယ်ပြီးသား ဖြစ်၏။ ထိုစဉ် သူ့လက်လှုပ်ရှားလိုက်သည်နှင့် ပုံရိပ်ယောင်များသာ ချန်ထားခဲ့သည်။ သူက စွမ်းအင်မြား အမြောက်အမြားကို အဖက်ဖက်သို့ တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်နေသည်။

ဝှစ် ဝှစ် ဝှစ်

အပြာရောင်စွမ်းအင်မြားများက မီးပန်းများသဖွယ် တောက်ပနေပြီး မုန်တိုင်းများသဖွယ် ကျဆင်းလာသည်။ တစ်ခုချင်းဆီက အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အပြည့်အဝ ပါဝင်နေ၏။

နတ်လေးသည်တော် ဖူလွမ့်သုန်က မြေပြင်ပေါ်လဲကျနေရင်း ထိုမြင်ကွင်းကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။ သူမက နာကျင်မှုနှင့် မွေးဖွားဇယားချပ် ဆုံးရှုံးသွားမှုတို့ပင် မေ့သွားဟန်‌ပေါ်၏။ သူမ၏ မျက်နှာအထက် ကောင်းကင်တွင် အပြာရောင် မီးပန်းပွင့်လန်းလာသည်ကို မြင်သည့်အခါ အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။

"ဒါက တကယ့် လေးပညာရပ်ပဲ" ဖူလွမ့်သုန်က ရေရွတ်လိုက်သည်။ ထို့နောက် အေးစက်စက် လေတစ်ချက် ဖြတ်တိုက်သွားပြီး သူမ၏ မျက်ဝန်းက အသက်မဲ့ကာ အရှိန်အဝါကလည်း အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။

စွမ်းအင်မြား အမြောက်အမြားက ထွက်ပြေးသွားသည့် သူများဆီ ကျရောက်သွား၏။ တချို့က ကံ‌ဆိုးစွာဖြင့် အကြိမ်များစွာ ထိမှန်ခံရပြီး ဖြူးကောင်လို ဖြစ်နေသည်။ တချို့ကမူ မြေပြင်ပေါ်လဲကျသွားပြီး မလှုပ်နိုင်တော့ပေ။

ကျင့်ကြံသူများက သေခြင်းတရားကို စောင့်ဆိုင်းနေစဉ် လုကျိုးက စွမ်းအင်မြား အမြောက်အမြား ပစ်လွှတ်ခြင်းကို ရပ်တန့်လိုက်သည်။

လုကျိုးက အမည်မဲ့ကို သိမ်းဆည်းလိုက်၏။ သူက ချောင်ဇယ်ချွင်းနှင့် ဖူလွမ့်သုန်တို့ကို ကျော်ကာ သူတို့၏ လက်နက်များကို သိမ်းဆည်းလိုက်သည်။ သူက အသိပေးချက် နှစ်ခုကို လက်ခံရရှိလိုက်၏။ ထို့နောက် သူက လုဝူအထက် ပေါ်ထွက်လာကာ ပြောလိုက်သည်။

"မလှုပ်နဲ့"

လုဝူက ခေါင်းမော့ကာ လုကျိူးက ဘာတွေလုပ်နေတာလဲဟု စဉ်းစားလိုက်သည်။

လုကျိုးက အချိန်ကို ကြည့်လိုက်ပြီး သူ့တွင် အချိန်များစွာ မကျန်တော့ပေ။ သူက အပြာရောင်ကြာပွင့်ကို လုဝူထံ ထည့်သွင်းပေးလိုက်၏။

"သူခိုးကြီး" လုဝူက အံ့အားသင့်သွား၏။ လုဝူက သူ့ကို တိုက်ခိုက်တော့မည်ဟု ထင်သွားခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် ကြွယ်ဝလွန်းသည့် အသက်ဓာတ်က သူ့ခန္ဓာယ်ကိုယ်အတွင်း စီးဝင်လာသည်ကို ခံစားမိလိုက်သည်။

သိပ်မကြာခင် လုဝုအထက် အပြာရောင်ကြာပွင့် ဆယ်ခုကျော် ပေါ်ထွက်လာသည်။

လူသားများအတွက် သူတို့၏ မျိုးနွယ်ကို ကုသဖို့ လွယ်ကူလှသည်။ သူတို့က သေးငယ်သည့်အတွက် လိုအပ်သည့် စွမ်းအားက နည်းပါးလှ၏။ သို့သော်လည်း လုဝူလိုမျိုး အားကောင်းသည့် သားရဲတစ်ကောင်အတွက်မူ လုံလောက်သည့် ကျင့်ကြံဆင့် မရှိဘဲ ဒဏ်ရာများကို ကုသပေးဖို့ အင်မတန် ခက်ခဲလိမ့်မည်။

လုဝူက လုကျိုးသည် သူ့ကို ကုသပေးလိမ့်မည်ဟု ထင်မှတ်မထားသည့်အတွက် နေရာမှာပင် ကြောင်အမ်းသွားမိ၏။

သူက ကုသမှုကို တိတ်တဆိတ် သဘောကျနေသည်။ ကောင်းကင်ကျမ်းစွမ်းအားက ကမ္ဘာတွင် အသန့်စင်ဆုံးစွမ်းအား ဖြစ်၏။ ထိုဒဏ်ရာများက မြင်နိုင်လောက်ဖွယ်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည်။ အသက်ဓာတ်နှလုံးသားကိုလည်း ပြန်လည်တည်ငြိမ်သွားစေ၏။ ထိုအရာဖြင့် ဖျက်ဆီးခံလိုက်ရသည့် အသက်ဓာတ်နှလုံးသားတစ်ခုက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

လုကျိုးက အထွတ်အထိပ် ဆန်းကြယ်ကတ် အချိန်ပြည့်သည့် အချိန်ဆင်းသက်လာ၏။

ကောင်းကင်က မည်းမှောင်နေပြီး လေပြင်းများက သွေးနံ့များကို သယ်ဆောင်လာသည်။ အကယ်၍ မြေပြင်ပေါ်ပြန့်ကျဲနေသည့် အ‌လောင်းများနှင့် မြေပြင်ပေါ် ဖျက်ဆီးခံထားရခြင်းကြောင့်သာ မဟုတ်လျှင် စောစောလေးက တိုက်ပွဲသည် ပုံရိပ်ယောင်ဟု ထင်မှတ်ရလောက်သည်။

လုကျိုးက ခေါင်းငုံ့ကာ တွမ့်မူရှန်း၏ သွေးကြောကို လက်နှစ်ချောင်းဖြင့် စမ်းသပ်ကြည့်လိုက်သည်။ သူက တွမ့်မူရှန်း၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲကို စစ်ဆေးကြည့်လိုက်စဉ် တွမ့်မူရှန်း၏ ထူးကဲချီသွေးကြော ရှစ်ခု၊ တိုက်စားစွမ်းအင်၊ မဟာလေဟာနယ်မျိုးစေ့နှင့် လုဝူ၏ အဆီအနှစ်ချီကို တွေ့လိုက်၏။ အဆီအနှစ်ချီတို့က မျှချေကို ထိန်းသိမ်းထားပေး၏။ ဤလျှို့ဝှက်ဆန်းကြယ်မှုက သူ့ကို အံ့အားသင့်သွားစေသည်။ သူသည် လက်ကို ပြန်ရုတ်သိမ်းပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။

"မယုံကြည်နိုင်စရာပဲ"

"ရှစ်စွမ်း စန်းရှစ်ရှိုးက ဘယ်လိုလဲ" ခရုလေးက မေးလိုက်သည်။

"သူက အဆင်ပြေပါတယ်။ သူက ထင်ထားတာထက် ပိုကောင်းတယ်” လုကျိုးက ပြန်ပြောလိုက်သည်။

"သူက ဘာလို့ အဲဒါဆို သတိမေ့နေတာလဲ"

လုကျိုးက ထရပ်ကာ လက်နောက်ပစ်လျက် ပြောလိုက်သည်။

"သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်သုံးမျိုးက ပေါင်းစည်းမသွားသေးဘူး။ သူ့ရဲ့ လက်ရှိ ကျင့်ကြံဆင့်နဲ့ ဆိုရင် အဲ့ဒီစွမ်းအား အမြောက်အမြားကို ခုခံဖို့ မလွယ်ကူဘူး”

"အို"

တွမ့်မူရှန်းက ကျန့်ပေ့ပတ်လမ်းအတွင်း လီလီများစွာကို သတ်ဖြတ်ခဲ့စဉ်အခါက သူသည် ပွင့်ချပ်ကိုးလွှာအဆင့်သာ ရှိသေးသည်။

စွမ်းအားအသစ်အတွက် နေသားကျဖို့ အချိန်အတော်ကြာမြင့်အုံးမည် ဖြစ်၏။ သူ့အနေဖြင့် တစ်ခါတည်း လုပ်ဆောင်ဖို့ မဖြစ်နိုင်ပေ။ နဉ်ဝမ်ချင်း ပြောသည်က မှန်၏။ ဤသည်က သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။

"ငါတို့တွေ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး" လုကျိုးက ပြောလိုက်သည်။

"ခဏနေအုံး" လုဝူက ခြေထောက်ကို မြှောက်လိုက်၏။ ထိုအရာ၏ ရှေ့ခြေက တောင်တန်းလိုမျိုး ဖြစ်နေ၏။

"ဘာကိစ္စလဲ" လုကျိုးက မေးလိုက်သည်။

လုဝူက ဖြေလိုက်၏။

"မင်းရဲ့ စွမ်းအားက ပေါက်ကြားသွားပြီး သခင်လေးရဲ့ မဟာလေဟာနယ်မျိုးစေ့အကြောင်းလဲ ပေါက်ကြားသွားပြီ။ သူတို့ကို လွှတ်ပေးလို့ မဖြစ်ဘူး”

လုကျိုးက ပြောလိုက်သည်။

"သူတို့အားလုံးကို သတ်ဖို့ မလွယ်ဘူး”

အကယ်၍ အထွတ်အထိပ် ဆန်းကြယ်ကတ်သာ အချိန်အကန့်အသတ် မရှိလျှင် သူတို့အားလုံးကို သတ်ဖို့ရာ ပြဿနာ မရှိပေ။ သူက အချုပ်အထိန်းမရှိဘဲ စွမ်းရည်အားလုံးကို ထုတ်သုံးနိုင်၏။ သို့သော် ဤတစ်ကြိမ် အချိန်က ကန့်သတ်ခံထားရသည်။ ထို့အပြင် သူတို့က အဖက်ဖက်သို့ ထွက်ပြေးသွားသည့်အတွက် သူတို့ထဲက တစ်ဝက်ကျော် သတ်နိုင်လျှင်ပင် ကံကောင်းလှပြီ ဖြစ်၏။ ဆရာသခင်က ဤထက် ပိုမိုလုပ်ဆောင်နိုင်လား မသိပေ။

လုဝူက လုကျိုးဘက် လှည့်ကာ ပြောလိုက်သည်။

"ကြင်နာမှုက တစ်ခါတလေမှာ ပျက်သုဉ်းမှုကို ဖြစ်စေတယ်။ လုထျန်းထုံ မင်း ပြောင်းလဲသွားပြီ”

လုကျိုးက လုဝူ၏ စကားများကို ပြန်လည်မပြောပေ။

လုဝူက ခေါင်းကိုမော့ကာ ရှေးဦးချီများ စုဝေးလာသည့် တိမ်မဲကို လှမ်းကြည့်လိုက်သည်။

ဝုန်း

လုဝူက မြေပြင်အထက် ရပ်ကာ တိမ်မဲများဆီ ခုန်တက်သွားပြီး အမြီးကိုးချောင်းဖြင့် ဝှေ့ယမ်းလိုက်သည်။ အမြီးတစ်ခုချင်းဆီက မိုးမြေကို တုန်ခါသွားစေလောက်သည့် စွမ်းအားမျိုး ကိန်းအောင်းနေ၏။

"မင်းတို့အားလုံး အသက်နဲ့ ပြန်ပေးဆပ်ရမယ်"

တိမ်တိုက်များက တဟုန်ထိုး တက်လာကာ မြူခိုးများကလည်း ကြောက်မက်ဖွယ် ကြက်သီးထမှုကို သယ်ဆောင်လာသည်။

ပုန်းအောင်းနေသည့် မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ဝင်များက အေးခဲသွားကြ၏။ ရေထဲတွင် ပုန်းအောင်းနေသည့်သူများက အဆိုးဝါးဆုံး ဖြစ်ပေသည်။ သူတို့က အေးခဲသွားကာ ရေကန်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြသည်။ တောအုပ်အတွင်း ပုန်းနေသည့်သူများကမူ သူတို့က အေးခဲသွားသည့်အလား မျက်နှာအထက် ပူပန်သည့် အမူအရာမျိုး ရှိနေသည်။

"သားရဲဧကရာဇ်က တကယ်ကို အားကောင်းတာပဲ"

ယခင်က သူတို့သည် သူတို့၏ မွေးဖွားဇယားချပ်ကို ဖျက်ဆီးခံရစဉ်အခါက နောက်ဆုတ်ဖို့ ခွန်အား ရှိခဲ့သည်။ ယခုအခါ သူတို့က နည်းနည်းလေးမှ မခုခံနိုင်တော့ပေ။ သူတို့အားလုံးက သေခြင်းတရားကိုသာ စောင့်ဆိုင်းနေကြ၏။

ထို့နောက် အဆုံးသတ်တွင် သူတို့၏ သားရဲဧကရာဇ်ပေါ် နားလည်နိုင်စွမ်း မရှိမှုကြောင့် အမည်မသိကုန်းမြေထဲ ဒဏ္ဍာရီလာ အမဲလိုက်အဖွဲ့က ကုန်းမြေအတွက် မြေဩဇာ ဖြစ်သွားခဲ့ရသည်။

ရှေးယခင်တည်းက ဤအဆုံးသတ်ဖြင့် တွေ့ကြုံသွားရသည့် ကျင့်ကြံသူများစွာ ရှိခဲ့ဖူးသည်။

ခက်ထန်သားရဲများ၏ အမြင်တွင် လူသားများက တွားသွား သတ္တဝါများသာ ဖြစ်၏။ သူတို့က လူသားများအတွက် သနားကြင်နာမှု မရှိပေ။

အစမှအဆုံးထိ လုဝူက ရည်ရွယ်ချက်တစ်ခုသာ ရှိခဲ့သည်။

သူတို့အားလုံးကို သတ်ပစ်ဖို့ ဖြစ်၏။

...

အခန်း (၁၁၇၃) ဆရာသခင် ပထမဆုံးပေါ်ပေါက်လာမှု

တိမ်တိုက်များ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးနောက် လုဝူသည် အမွှေးကို ခါကာ ဆင်းသက်လိုက်၏။

လုကျိုးသည် သူ၏ပတ်ဝန်းကျင်ကို လေ့လာပြီး အနည်းငယ်အံ့ဩသင့်နေကာ မေးလိုက်တော့သည်။

“ဒါက မင်းရဲ့အမြင့်ဆုံးအကွက်လား” လုဝူက ပြန်ပြောလိုက်သည်။

“ခင်ဗျား သိပြီးသားကို ဘာလို့မေးနေလဲ”

လုကျိုးက အနည်းငယ်ဆွံ့အသွားတော့သည်။

“မင်းရဲ့အသက်ဓာတ်နှလုံးသား ငါ့ဆီငှားတဲ့အတွက် မင်းကို ကုသပေးခဲ့တယ်။ မင်းရဲ့ခွန်အား အားလုံးတစ်ခါတည်းသုံးလိုက်မယ်ဆိုရင် ငါ့တပည့်ကို ဘယ်လိုလုပ်ကာကွယ်မလဲ”

ဖြစ်နိုင်မည်ဆိုလျှင် လုကျိုးသည် မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့မှ လူတိုင်းကို သတ်ဖြတ်ချင်သေး၏။ လုဝူလုပ်ရပ်နှင့် ပြဿနာက နောက်ထပ်ပြဿနာတစ်ခု ပေါ်ပေါက်လာပါက သူတို့၌ ပံ့ပိုးမှုမရှိတော့မှာပဲဖြစ်သည်။ မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့က ဤနေရာကို ရှာတွေ့ခဲ့သောကြောင့် သူတို့၏ခြေရာခံစနစ်က မရိုးရှင်းပေ။ လုဝူက ထိုမျှရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်လိုက်လေရာ ၎င်းသည် သူတို့၏အာရုံစိုက်မှုကို မည်မျှ မဖမ်းစားဘဲနေမည်နည်း။

“ခင်ဗျားလည်း တူတူပဲမဟုတ်လား”

“...”

“ကောင်းပြီ မင်း နိုင်တယ်”

လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ အကြားနှင့် အနံ့စွမ်းအား မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်၏။ သက်ရှိအရိပ်အယောင် မရှိကြောင်း အတည်ပြုပြီးနောက် သူသည် စွမ်းအားများကို ဖြတ်တောက်လိုက်သည်။ “သွားကြမယ်”

လုဝူက အသက်ပြင်းပြင်းရှူလျက် တွမ့်မူရှန်းကို သူ့ဆီဆွဲယူလိုက်သည်။

ယဲ့ထျန်းရှင်းနှင့် ခရုလေးကလည်း ချန်ဟွမ်း၏ကျောပေါ်ပျံသန်းသွားတော့၏။

လုဝူက ခဏတဖြုတ် တုံ့ဆိုင်းနေပုံပေါ်သည်။ လုကျိုးကို တစ်ချက်ကြည့်ကာ ပြောလိုက်တော့သည်။

“ခင်ဗျား ကတိတည်တယ်ဆိုတော့ ခင်ဗျားကို စီးခွင့်ပေးလိုက်မယ်” လုကျိုးက ခပ်ယဲ့ယဲ့ပြုံးလျက် မငြင်းဆန်ပေ။ ပြီးနောက် သူက ချန်ဟွမ်းကို ပြောလိုက်သည်။ “ငါတို့နောက် လိုက်ခဲ့”

ဝူး ....

ဖုန်း

လုဝူက ခုန်တက်လိုက်ရာ မြေပြင်ကို ပြင်းထန်စွာ လှုပ်ခါသွားစေ၏။ ပတ်ဝန်းကျင်ရှိ လူသားရေခဲရုပ်တုများသည် မြေပြင်ပေါ်ပြုတ်ကျသွားပြီးနောက် ဖန်များပမာ ချက်ချင်း ကွဲသွားတော့၏။

“မြန်မြန် ... မြန်မြန်” ခရုလေးက ချန်ဟွမ်းကို ဆော်ဩလိုက်သည်။

ချန်ဟွမ်းက ပျံသန်းပြီး လုဝူနောက်လိုက်တော့သည်။

သားရဲဧကရာဇ်တစ်ပါးဟူသော ဂုဏ်သိက္ခာဖြင့် လုဝူက သူ့ကိုယ်သူမည်ကဲ့သို့ အရေးနိမ့်ခွင့် ပေးမည်နည်း။ ၎င်းက ချန်ဟွမ်းကို အခွင့်အရေးမပေးဘဲ တိမ်တိုက်များအတွင်း ပျောက်ကွယ်သွားတော့သည်။

“ဒါက ...” ခရုလေးက ဝမ်းနည်းသွားတော့သည်။

“ရှစ်စွင်းက ညီမတို့ကို နောက်မှ မထားခဲ့ဘူးမလား” လုဝူက ပြိုင်ဆိုင်လိုစိတ်များလွန်း၏။ ယခုအခေါက်တွင် ၎င်း၏ချေမှုန်းခြင်းစွမ်းအားကို မပြသခဲ့လျှင် မည်ကဲ့သို့ကျေနပ်မည်နည်း။ ထင်သည့်အတိုင်းပင် တောတောင်များ မြစ်များကို နှစ်နာရီဖြတ်ကျော်ပြီးနောက် ချန်ဟွမ်းသည် လုဝူ မည်သည့်နေရာသို့ သွားမှန်းမသိပေ။

ဝူး ....

ခရုလေးက ချန်ဟွမ်း၏ကျောကို ပုတ်ပေးလိုက်၏။

“ဝမ်းမနည်းပါနဲ့ ... မကြာခင်လိုက်မီသွားမှာပါ”

ခရုလေးပြောပြီးသည်နှင့် လုဝူသည် အပေါ်ကနေဆင်းသက်လာကာ ချန်ဟွမ်းရှေ့ပေါ်လာသည်။ ချန်ဟွမ်းကို စိတ်အေးလက်အေးအမူအရာဖြင့် ကြည့်နေတော့သည်။

ချန်ဟွမ်းသည် လုဝူ၏ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် စိတ်ရှုပ်ထွေးသွားသည်။ ချန်ဟွမ်း ဘာလုပ်ရန် ကြိုးစားနေမှန်း သူ မသိပေ။

လုဝူ၏အမူအရာက မောက်မာထောင်လွှားကာ သူ့လေသံ၌ အထင်သေးမှုများပြည့်နေကာ ပြောလိုက်သည်။ "နှေးလိုက်တာ”

ချန်ဟွမ်း “...”

ချန်ဟွမ်းက နားလှုပ်သွားပြီး လက်မခံသည့်ပမာ ဆူညံသံတစ်သံပြုလိုက်၏။

ထိုစဉ် လုဝူ၏ကျောပေါ်တွင် ရပ်နေသော လုကျိုးက ပြောလိုက်၏။ “တော်ပြီ ... မြန်မြန်သွားရအောင်။ မင်းရဲ့ အရှိန်အဝါကို ထိန်းထား။ သူတို့တွေက ငါတို့အရှိန်အဝါကနေ ခြေရာခံနိုင်တဲ့ နည်းလမ်းတစ်ခုရှိလောက်တယ်”

လုဝူက ခေါင်းအနည်းငယ်ညိတ်ပြီးနောက် ပြောလိုက်သည်။

“သောက်လူသားတွေ”

ပြီးနောက် လုဝူက ခုန်တက်လျက် ခရီးဆက်လိုက်သည်။ ယခုအခေါက်တွင် အရှိန်အပြည့်ဖြင့် မသွားသောကြောင့် ချန်ဟွမ်းက လိုက်မှီခဲ့၏။

သူတို့၏ခရီးစဉ်က ချောမွေ့ပြီး ကြမ်းတမ်းခက်ထန်သားရဲ များများစားစား မတွေ့ခဲ့ရပေ။

ယခုအခေါက်တွင် လုဝူသည် အမည်မသိကုန်းမြေ၏ အစွန်းအဖျားရှိမြင်ကွင်းများကို အသားကျနေပြီဟု ခံစားလိုက်ရသည်။ တောင်တန်းဒေသများ၊ တိမ်တိုက်များထိအောင်မြင့်မားသည့် ဧရာမတောင်ထွတ်များ၊ သိပ်သည်းသည့်မြူများဆိုင်းနေသည့်ရေကန်များကို ဖြတ်ကျော်သွား၏။

သူတို့က ရေကန်တစ်ကန်ရှေ့၌ ခဏတဖြုတ်ရပ်တန့်ပြီးနောက် အရှေ့အရပ်ဆီသို့ ခရီးဆက်တော့သည်။

ထိုစဉ် လုကျိုးက မေးလိုက်သည်။

“လုဝူ အရင်တုန်းက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို တွေ့ခဲ့ဖူးလား”

လုဝူ၏နားက အနည်းငယ်လှုပ်သွားပြီးနောက် ပြန်ပြောလိုက်သည်။

“အဖြေသိပြီးသား မေးခွန်းတွေကို ခင်ဗျား ဘာလို့မေးနေတာလဲ”

“...”

လုကျိုးက တည်ငြိမ်စွာ မေးလိုက်၏။

“ဘယ်သူ့မှာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ရှိသေးလဲ”

“ကမ္ဘာပေါ်မှာ ခင်ဗျားတစ်ယောက်တည်းပဲ” လုဝူက ပြောလိုက်၏။

“...”

“ငါက တကယ်အဲ့ဒီ အားမကိုးရတဲ့ လုထျန်းထုံမဟုတ်ဘူး” လုဝူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ခင်ဗျား အစောတုန်းက ပေါ်သွားပြီ။ ပြီးတော့ ကျုပ် သူတို့အားလုံးကို သတ်လိုက်တာ။ ခင်ဗျား ကျုပ်ကို ကျေးဇူးတင်သင့်တယ်။ ခင်ဗျား ကျင့်စဉ်အသစ်ဖန်တီးဖို့ လွယ်ကူတာမဟုတ်ဘူး။ လူတွေက ခင်ဗျားကို ကြောက်လန့်ကြမယ်။ ဘုံရန်သူ နံပါတ်တစ်အဖြစ် သတ်မှတ်ကြလိမ့်မယ်”

ကျင့်စဉ် အသစ်လား ..

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ကျင့်စဉ်သစ်တစ်ခုဖြစ်ပြီး အဟုန်တစ်ခုရထားခဲ့လျှင် သမာသမတ်ကျင့်စဉ်ကို ကျင့်ကြံသူများ ရှောင်ဖယ်ကြတာ အံ့ဩစရာမရှိပေ။

လုဝူသည် လုကျိုးက လုထျန်းထုံဟူ၍ ယုံကြည်နေ၏။ သူ၏စကားအရ လုထျန်းထုံသည် အပြာရောင်ကြာပွင့်ကို ကျင့်ကြံတာ သိသာသည်။

လုကျိုးက ခေါင်းအနည်းငယ်ခါလိုက်ကာ ဤဖြစ်ရပ်နောက်ကွယ်၌ မည်သို့သော လျှို့ဝှက်ချက်ရှိကြောင်း သိချင်၏။ အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင် လန်ရှီဟယ်ကတောင် မိုးနဲ့မြေစွမ်းအားကို ဖုံးကွယ်ထားရန် အာရုံစိုက်ဖို့ သူ့ကို သတိပေးခဲ့သည်။

မိုးနဲ့မြေစွမ်းအား ... လုကျိုးက အတွေးနစ်သွားတော့၏။

စနစ်အရ လုကျိုးက ထူးကဲအံ့ဖွယ်စွမ်းအားနှင့် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားဖြစ်သည်။ သို့သော် လူများစွာက ၎င်းကို မိုးနဲ့မြေစွမ်းအားဟု အထင်မှားကြသည်။ ဤကဲ့သို့ နားလည်မှုလွဲမှားခြင်းက သူ့ကို မလိုလားအပ်သည့် ပြဿနာများ ဆောင်ယူလာသည်။ သူ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေနှင့် အဖြူရောင်ကြာနယ်မြေတွင်ရှိစဉ်က သူက အဟန့်အတားမရှိ ပြုမူနိုင်နေသေး၏။ သို့သော် အမည်မရှိကုန်းမြေ သို့မဟုတ် မဟာလေဟာနယ်ထဲတွင် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် သိုသိုသိပ်သိပ်နေတာ ပိုကောင်းလိမ့်မည်။ လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက အလွန်သိုသိပ်သည့် လူတစ်ယောက်ဟု ခံစားမိသည်။

ငါးရက်ကြာပြီးနောက်ဖြစ်သည်။

တောင်သုံးတောင် ရှိနေရာနေရာက အေးခဲပြီး ရှုပ်ထွေးနေ၏။ သွေးများ၊ အလောင်းများ၊ တောင်တန်းများ၊ ကျောက်စကျောက်နများ၊ ဖုန်များနှင့် လဲပြိုနေသော သစ်ပင်များသာ ကျန်ရစ်ခဲ့သည်။ သို့သော် အမည်မသိ ကုန်းမြေထဲရှိအပင်များသည် သာမန်အပင်များထက် ပိုခိုင်မာ၏။ အချိန်ကြာလာလျှင် သူတို့ပြန်လည်ပေါက်လာလိမ့်မည်။

တိတ်ဆိတ်မှုတစ်ခုသာလျှင် နေရာထဲပြန့်နှံ့နေတော့သည်။

အချိန်အတော်ကြာပြီးနောက် မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခုကို အဝေးရှိမြူဆိုင်းနေသာ ကောင်းကင်ထဲတွင် မြင်နိုင်ပေသည်။ ထိုလူက တိမ်ပင်လယ်ကို ဖြတ်ကျော်ပြီးနောက် ရေခဲကုန်းမြေပေါ်၌ ရပ်တန့်လိုက်သည်။

ဤလူသည် မီးခိုးရောင်ကွန်ဖြူးရှပ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပညာသင်သားတစ်ယောက်နှင့် ဆင်တူသည်။ သူက အသက်ကြီးပုံမပေါ်သော်ငြား သူ၏နားထင်ရှိဆံပင်မွေးများက အနည်းငယ် ဖြူဖျော့နေပြီးဖြစ်သည်။ သူ၏ ပိန်ပါးပါးမျက်နှာပေါ်၌ တည်ငြိမ်သည့်အမူအရာရှိနေ၏။ သူက ရေခဲကုန်းမြေကို စစ်ဆေးလိုက်သည်။

ခဏအကြာတွင် ထိုလူက သက်ပြင်းချလိုက်သည်။ “အဆုံးကျ ငါလာတာ နောက်ကျလွန်းသွားပြီ”

သူ၏အမူအရာက ပြောင်းလဲမှု မရှိပေ။ သူ ခပ်နိမ့်နိမ့်ပျံသန်းလျက် ကျန်တစ်ဖက်သို့ သွားလိုက်၏။ သူက မတူညီသည့် နေရာများစွာဆီသို့ လှစ်ကနဲ လှစ်ကနဲသွားလိုက်ပြီး နောက်ဆုံး၌ တောင်ခြေဖြစ်ခဲ့ဖူးသည့် ဧရာမကျောက်ဆောင်နား၌ ရပ်တန့်လိုက်သည်။

သူက လက်မြှောက်လိုက်ပြီး သူ၏လက်ဖဝါးထဲမှ အစိမ်းရောင် ကျောက်စိမ်းအလင်းရောင် ထွက်ပေါ်နေသည်။

ဤနည်းဖြင့် ကျောက်ခဲနားရှိရေခဲက အရည်ပျော်သွားတော့သည်။

ဧရာမကျောက်ဆောင်အောက်နား၌ လူတစ်ယောက် လှဲနေသည်။ ထိုလူက မလှုပ်တော့ပေ။

ထိုပညာရှိလက်ကို တွန်းထုတ်လိုက်သည်။

ပြီးနောက် မြေပြင်ပေါ်ရှိ ထိုလူပေါ်ကျောက်စိမ်းအလင်းရောင် တောက်ပလာသည်။ ရုတ်တရက် ထိုလူက ပင့်သက်ရှိုက်လာပြီး သူ၏လည်ပင်း၌ ဆူညံသံများထွက်လာ၏။ တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်က အဆက်မပြတ်တုန်ယင်နေတော့သည်။

ထိုပညာရှင်က ခေါ်လိုက်၏။ “ယဲ့ဝူရှန်း”

“ကြီး ကြီးမြတ်သော ဆရာသခင်” ယဲ့ဝူရှန်း၏မျက်လုံး၌ အကြောက်တရားများပြည့်နေသည်။

“လုဝူ ဘယ်မှာလဲ”

“ပြေး ပြေးသွားပြီ။ မကောင်းဆိုးဝါး အမဲလိုက်အဖွဲ့က လူအယောက် ၄၀လုံးသေသွားပြီ” ယဲ့ဝူရှန်းက ပီအောင်မပြောနိုင်တော့ဘဲ ငိုရှိုက်တော့သည်။ သူ့ရင်ထဲ၌ အခဲမကျေမှုများပြည့်နေကာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။

“ယဲ့ချန်း ... ယဲ့ချန်း ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် အမှားပါ” ယဲ့ဝူရှန်း၏ ညီလေး ယဲ့ချန်းက သေသွားတာ ကြာပြီဖြစ်၏။ ယဲ့ချန်း၌ အကောင်းပကတိအလောင်းတောင် မရှိခဲ့ပေ။

ကွန်ဖြူးရှပ်က ယဲ့မျိုးနွယ်၏ကြီးမြတ်သောဆရာသခင် ယဲ့ကျန်းပဲဖြစ်သည်။

ယဲ့ကျန်းက မေးလိုက်၏။

“လုဝူက ဒါမျိုးတတ်စွမ်းနိုင်တယ်လား”

“မဟုတ်ဘူး။ တခြားလူတစ်ယောက် ... သူက သိပ်ကြောက်ဖို့ကောင်းလွန်းတယ်” ယဲ့ဝူရှန်းက တုန်ယင်နေ၏။ သူ၏စိတ်များ နောက်ကျိနေသည်။

“ဘယ်သူလဲ” ယဲ့ကျန်းက မေးလိုက်၏။

“မသိဘူး ... ကျွန်တော်မသိဘူး။ ကြီးမြတ်သော ဆရာသခင် ... မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်တော် မမှတ်မိဘူး” ယဲ့ဝူရှန်းက အဆက်အစပ်မရှိပြောနေ၏။

ယဲ့ကျန်းက လက်ထပ်မြှောက်လိုက်၏။

အလင်းကွင်းတစ်ခု ပေါ်ပေါက်လာကာ ယဲ့ဝူရှန်း၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။

“ငါ့ကိုကြည့်” ယဲ့ကျန်းက ပြောလိုက်၏။ သူ၏အသံထဲ မှော်စွမ်းအားကိန်းအောင်းနေသည့်ပမာ ယဲ့ဝူရှန်းကိုတည်ငြိမ်မှု တစွန်းတစဆောင်ယူလာပေးသည်။

ယဲ့ဝူရှန်းက မှင်တက်စွာ မော့ကြည့်လိုက်သည်။

“အသက်ရှူ”

ယဲ့ဝူရှန်းက အမိန့်အတိုင်း အသက်ရှူလိုက်၏။

“စိတ်အေးအေးထား”

ယဲ့ဝူရှန်း စိတ်တည်ငြိမ်သွား၏။

ယဲ့ကျန်း ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်။ “သူ ဘယ်သူလဲ”

“ကျွန်တော် သူ့ကို မသိဘူး” ယဲ့ဝူရှန်းက အသက်မပါသလို ပြန်ဖြေ၏။

“သူ အခု ဘယ်မှာလဲ”

“ကျွန်တော် မသိဘူး”

ယဲ့ကျန်းက ယဲ့ဝူရှန်းကို တိတ်ဆိတ်စွာကြည့်နေသည်။

All Chapters