← Chapters

အခန်း (၁၁၇၄-၁၁၇၆)

Vol. 79 Ch. 1174-1176

အခန်း (၁၁၇၄-၁၁၇၆)

Vol. 79 Ch. 1174-1176

အခန်း (၁၁၇၄) ကိုးခုက တစ်ခုတည်းမှ ဆင်းသက်လာခြင်း

ယဲ့ကျန်းက ယဲ့ဝူရှန်း၏ အဖြေနှင့် ပတ်သက်ပြီး မကျေနပ်ပေ။

ယဲ့ဝူရှန်းက တိုက်ပွဲအတွင်း အသက်ရှင်သန်ခဲ့သည့် တစ်‌ဦးတည်းသောသူ ဖြစ်၏။ သူက အရာအားလုံးကို တွေ့ကြုံခံစားခဲ့သော်လည်း ဘာကိုမှမသိပေ။ ယဲ့ဝူရှန်းက မျိုးနွယ်မှ အမည်မသိကုန်းမြေထံ အကြိမ်များစွာ စေလွှတ်ခံရသည့် ပါရမီထူးကဲသူတစ်ဦး ဖြစ်၏။ သူက အတိတ်တုန်းက သေခြင်းရှင်ခြင်း ‌အခြေအနေများစွာကို ကျော်ဖြတ်ထားခဲ့ပြီး ဘဝအနိမ့်အမြင့်ကို တွေ့ကြုံခံစားခဲ့ဖူးသည်။ သို့သော် သူက ဤသို့အဆုံးသတ်သွားခဲ့ရသည်။

ယဲ့ကျန်းက အနည်းငယ် စိတ်ပျက်ရုံအပြင် ဘာမှမသိသာပေ။

ခဏအကြာတွင် ယဲ့ဝူရှန်းက တွင်းထဲမှ ထွက်လာကာ ဒူးထောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်နေပြီး ပြောလိုက်၏။

"မ မ … မဟာလေဟာနယ်မျိုးစေ့‌ ပေါ်လာပါပြီ"

ထိုစကား‌လေးလုံးထက် ပိုမိုအံ့သြဖို့ကောင်းသည့်အရာဟူ၍ မရှိပေ။

ယဲ့ကျန်း၏ မျက်နှာအထက် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွား၏။ သူက လက်နောက်ပစ်ကာ မေးလိုက်သည်။

“ဘယ်မှာလဲ”

ယဲ့ဝူရှန်းက ပြန်ဖြေလိုက်သည်။

“အဲဒီလူက လုဝူနဲ့ ရှိနေတာပါ။ လွန်ခဲ့တဲ့ တစ်လခန့်တုန်းက လုဝူက ရေခဲနှလုံးသားကျွန်းအနီးမှာ ပေါ်ထွက်လာခဲ့တော့ ကျွန်တော် ယဲ့ချန်းနဲ့အတူ သွားခဲ့တာပါ။ အဲဒီတုန်းက မဟာလေဟာနယ်မျိုးစေ့ ပိုင်ဆိုင်ထားတဲ့သူကို သတိထားမိခဲ့တယ်။ အဲဒါကြောင့် ယဲ့မျိုးနွယ်ဆီ သတင်းပြန်ပို့ခဲ့တယ်။ ဒါပေမဲ့ လုဝူကို မဆုံးရှုံးသွားအောင်လို့ မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့နဲ့ ဆက်သွယ်ခဲ့ရတယ်”

ယဲ့ဝူရှန်းက ဖြစ်ပျက်သမျှ အရာအားလုံးကို ယဲ့ကျန်းထံ ပြန်ပြောပြခဲ့သည်။

ယဲ့ဝူရှန်း၏ စကားများကို နားထောင်ပြီးသည့်နောက်တွင် ယဲ့ကျန်းက သက်ပြင်းချလိုက်၏။

“မျိုးစေ့က နှစ်သုံးသောင်းမှာတစ်ကြိမ် ရင့်မှည့်တာ။ လွန်ခဲ့တဲ့ နှစ် ၃၀၀ ခန့်က မျိုးစေ့တွေအားလုံး ပျောက်ဆုံးသွားခဲ့တယ်။ သူတို့ရဲ့ တည်နေရာကို အခုထိမသိရသေးဘူး။ ကမ္ဘာမှာ ထူးကဲတဲ့ ကျင့်ကြံရေးပါရမီရှင်တွေ အများကြီးရှိပေမဲ့ ဘယ်သူကမှ သူတို့ကို ရှာမတွေ့ကြသေးဘူး။ တစ်ခုက အမည်မသိကုန်းမြေမှာ ပေါ်ထွက်လာတယ်ဆိုတော့…”

ယဲ့ဝူရှန်းက အလျင်အမြန် ဝပ်တွားကာ ပြောလိုက်သည်။

“ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်ဒါကို ဝှက်ထားဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ဆရာသခင် .. ”

ယဲ့ဝူရှန်းက ဆရာသခင်သည် သူ့အပေါ် သက်ညှာမှုပြဖို့ရာအတွက် မျှော်လင့်နေသည်။ သူက ဆရာသခင်သည် နှစ်များစွာ သူ့အားစိုက်ထုတ်မှုအတွက် ထောက်ထားကာ ပြန်လည်ကျင့်ကြံနိုင်စေဖို့အတွက် ကုသပေးဖို့ မျှော်လင့်နေသည်။

ယဲ့ကျန်း၏ အမူအရာက ပုံမှန်အတိုင်း အပြောင်းအလဲ မရှိပေ။ သူ့မျက်နှာအထက် မည်သည့်အမူအရာ အပြောင်းအလဲမှ မတွေ့ရပေ။ ယဲ့ဝူရှန်း၏ အပြုအမူများက သူ့အမြင်တွင် ကလေးသ‌ဖွယ် ဖြစ်နေ၏။ ယဲ့ဝူရှန်း၏ အတွေးများက သူ့ဆီမှ မည်သို့ ဝှက်ထားနိုင်မည်နည်း။

ခဏအကြာတွင် သူက မေးလိုက်သည်။

“လုဝူကို အနိုင်ပိုင်းခဲ့တယ်ဆိုတဲ့သူက ဆရာသခင်လား”

ယဲ့ဝူရှန်းက ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။

“သူက ဆရာသခင် မဟုတ်ပါဘူး။ သူ့ကျင့်ကြံဆင့်က အတော်‌လေး ထူးခြားတယ်။ သူ့အင်အားက နည်းနည်းလေးတော့ အကျိုးအကြောင်း မသင့်ဘူး။ ဒါနဲ့ သူရဲ့စွမ်းအားက အပြာရောင်လေ”

“အပြာရောင်လား” ယဲ့ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမဲ့ သူက ရွှေကြာနယ်မြေက ရောက်လာတယ်ဆိုတာကိုတော့ ကျိန်းသေးတယ်” ယဲ့ဝူရှန်းက ထပ်ပြောလိုက်သည်။ သူက ဝပ်တွားခြင်းကို မရပ်တန့်ဘဲ သူက လိမ်ညာနေခြင်း မဟုတ်ဘဲ အမှန်အတိုင်းသာ ပြောကြောင်း ဆက်တိုက်ပြောနေသည်။

ယဲ့ကျန်းက လက်ဝှေ့လိုက်ပြီး ယဲ့ဝူရှန်းအပေါ်တွင် အလင်းစက်ကွင်းတစ်ခု ကျရောက်လာခဲ့သည်။

ထို့နောက် သူက ပြောလိုက်၏။

“အခု မင်းဆီမှာ မွေးဖွားဇယားချပ် မကျန်တော့ဘူး။ မင်း ယဲ့မျိုးနွယ်ကို ပြန်နိုင်မလားဆိုတာကတော့ မင်းရဲ့ ကံကောင်းမှုပေါ်မှာ မူတည်တယ်”

ယဲ့ဝူရှန်း၏ ခန္ဓာကိုယ်က ထိုစကားများကို ကြားသည့်အခါ အနည်းငယ် တုန်ယင်သွားလေသည်။ သူက ဘာမှမငြင်းဆန်ရဲပေ။ သူက ရိုရိုကျိုးကျိုး ဝပ်တွားပြီးသည့်နောက်တွင် ထရပ်ကာ လမ်းလျှောက်သွားလိုက်သည်။

ယဲ့ကျန်းက မည့်သည့်အချိန်တွင် ဆုပေးပြီး မည့်သည့်အချိန်တွင် အပြစ်ပေးရမည်ကို ကောင်းကောင်း သိထားသူ ဖြစ်၏။ ထို့နောက် ယဲ့ကျန်းက ပျောက်ကွယ်သွားပြီး လေထဲ ပြန်လည်ပေါ်ထွက်လာသည်။ သူက ခပ်နိမ့်နိမ့်ပျံသန်းပြီး မြေပြင်ပေါ်ရှိ တိုက်ပွဲအရိပ်အယောင်များကို အာရုံခံလိုက်၏။ သူက တောင်များ၏ အပြိုအပျက်များကို ကြည့်ကာ စွမ်းအင်မြားများဖြင့် ထိုးဖောက်ခံရသည့် အလောင်းများကိုလည်း မြင်လိုက်ရသည်။

“လုဝူက အတော်လေး အားကောင်းလာတာပဲ။ လုဝူကို ကူညီပေးနေတဲ့သူကလည်း အားမနည်းလောက်ဘူး”

ယဲ့ကျန်းက လက်ကို ဝှေ့ကာ ထပ်မံပျောက်ကွယ်သွားခဲ့သည်။ သူက အရှိန်မြင့်ကာ ပျံသန်းသွားခဲ့၏။ သူက မြန်ဆန်လွန်းသည့်အတွက် သူ လှုပ်ရှားလိုက်သည့်အခါ အာကာပြင်က လှိုင်းတွန့် ထသွားလေသည်။ ထိုအရာမှလွဲ၍ စွမ်းအားအတက်အကျပင် မရှိပေ။

…

နေ့တစ်ဝက် ကြာမြင့်ပြီးသည့်နောက်

ယဲ့ကျန်းက တောင်ထိပ်၌ ပြန်လည်ပေါ်ထွက်လာသည်။ သူက ဝေဟင်အထက်ရှိ တိမ်တိုက်များကို မော့ကြည့်လိုက်၏။ ခက်ထန်သားရဲများက အချိန်မရွေး ထွက်ပေါ်လာ‌တော့မည့်ဟန် ပေါ်နေသည်။

ထို့နောက် သူက အရှေ့ဘက်သို့ ဆက်လက်သွားလိုက်သည်။ ဤတစ်ကြိမ် သူ့အရှိန်က နှေးကွေးသွား၏။

အကွာအဝေးတစ်ခု ပျံသန်းလာပြီးသည့်နောက်တွင် မြူခိုးများနှင့် တိမ်တိုက်များက ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။ မိုးကြိုးသံများကလည်း ထွက်ပေါ်လာ၏။

ယဲ့ကျန်းက မော့ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“မျှခြေလား”

ယဲ့ကျန်းက ဆက်လက် မသွားတော့ပေ။ သူက ကောင်းကင်အထက် ဝဲပျံရင်းမော့ကြည့်လိုက်သည်။ သူက‌ အရှေ့ဘက်ကို လှမ်းကြည့်ပြီးသည့်နောက်တွင် ယခင်တောင်ထိပ်ဆီ ပျံသန်းသွားလိုက်သည်။

ထူးဆန်းစွာဖြင့် သူ ရောက်ရှိလာသည့်အခါ မြူခိုးများနှင့် တိမ်တိုက်များက တည်ငြိမ်သွားဟန်ပေါ်၏။

ရုတ်ချည်းဆိုသလို သိမ်းငှက်နှင့်တူသည့် သားရဲပျံများက ယဲ့ကျန်းဆီ အဖက်ဖက်မှ ဝင်ရောက်လာသည်။

ယဲ့ကျန်း၏ မျက်နှာက အပြောင်းအလဲမရှိဘဲ လက်နောက်ပစ်လိုက်သည်။

သိမ်းငှက်နှင့် တူသည့် သားရဲပျံများက စုဝေးလာသည့်အခါ သူတို့က ကျိုင်းကောင်အုပ်သဖွယ် ဖြစ်နေလေသည်။

ယဲ့ကျန်းဝန်းကျင်တွင် ခပ်ဖျော့ဖျော့ ကြည်လင်နေသည့် အကာအကွယ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး မီတာထောင်ချီ လွှမ်းခြုံထားခဲ့သည်။

သိမ်းငှက်နှင့်တူသည့် သားရဲပျံများက အကာအရံ ဝင်တိုက်မိသည်နှင့် သူတို့က လေထဲအေးခဲသွားဟန်ပင် ပြုတ်ကျလာကြသည်။

သိပ်မကြာခင် ကောင်းကင်က ပြန်လည်ကြည်လင်သွား၏။ သားရဲပျံတစ်ကောင်မှ မမြင်ရတော့ပေ။

ယဲ့ကျန်းက မြေပြင်ကို ကြည့်ရင်း လေထုထဲမှ ပျောက်ကွယ်သွားခဲ့သည်။

…

တစ်ချိန်တည်းဆိုသလို အဖြူရောင်နန်းဆောင်အတွင်း

အမျိုးသမီးအစေခံက ဦးညွှတ်ကာ ပြောလိုက်၏။

“သခင် ဗိမာန်က မျှခြေ အနေအထား လှုပ်ခတ်သွားတယ်ဆိုတဲ့သတင်း ပို့လာခဲ့တယ်။ ဒါပေမဲ့ မျှခြေက ပြန်လည်ကောင်းမွန်သွားပါပြီ”

နေမင်းနှင့်လမင်းသဖွယ် အလင်းတန်းနှစ်ခုက ခန်းမအတွင်း ပေါ်ထွက်လာကာ ကောင်းကင်ကြီးကို အလင်းပေးထားသည်။

“ကောင်းပြီ။ အဲကိစ္စကို သေချာစောင့်ကြည့်ထားလိုက်”

“ဟုတ်ကဲ့”

…

ထိုစဉ် အရှေ့ဘက်ချောက်နက်ဆီ ပျံသန်းလာသည့် လုကျိုးက ရုတ်တရက် ပြောလိုက်သည်။

“ရပ်လိုက်”

အားလုံးက ချက်ချင်း ရပ်တန့်လိုက်ကြသည်။

“ရှစ်စွင်း ဘာများမှားလို့လဲ” ခရုလေးက သိချင်စွာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူတို့၏ ခရီးစဉ်က ချောမွေ့နေခဲ့ပြီး ပြဿနာပင် မရှိပေ။ သူတို့က အဘယ်ကြောင့် ရုတ်တရက် ရပ်တန့်ရသနည်း။

လုဝူက ကောင်းကင်ကို မော့ကြည့်ရင်း မြူခိုများကို မြင်လိုက်ရသည့်အခါ ပြောလိုက်သည်။

“မျှခြေ”

“မျှခြေလား”

“ဟိုးရှေးခေတ်အချိန်ကတည်းက ဒဏ္ဍာရီ မဟုတ်သေးဘူး … မဟာလေဟာနယ်ကလူတွေကပဲ ဒါကို ရှင်းပြနိုင်တာ” လုဝူက ခေါင်းငုံ့ထားလိုက်သည်။ သူ့အမူအရာက သူသည်လည်း မသိကြောင်း ပြောနေလေ၏။

လုကျိုးက မေးလိုက်သည်။

“မင်းက လန်ရှီဟယ်ကို သိလား”

လုဝူက ခေါင်းယမ်းလိုက်သည်။

လုကျိုးက မေးလိုက်၏။

“အစိမ်းရောင်ကြာ ကျင့်ကြံသူတွေက အနက်ရောင်ကြာ ကျင့်ကြံသူတွေထက် ပိုပြီး အားကောင်းတယ်လေ။ အဲဒါက မျှခြေရဲ့သဘောတရားကြောင့်လား”

“သိပြီးသား မေးခွန်းကို ဘာလို့မေးနေတာတုန်း” လုဝူက ထိုတုံးအအမေးခွန်းများ အမေးခံရသည်ကို မကြိုက်ပေ။

“ကောင်းပြီလေ။ မင်းက တွမ့်မူရှန်းဆီမှာ အညံ့ခံပြီး သူ့ကို သခင်လေးအဖြစ် အသိအမှတ် ပြုထားတယ်ဆိုတော့ မင်းကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ဖို့ အခွင့်အရေးပေးလိုက်မယ်"

လုကျိုးက ပြောလိုက်သည်။

"မိစ္ဆာဝေဟင်မျှော်နန်းတဲ့လား" လုဝူက နားရွက်များ ထောင်မတ်သွားပြီး အံ့ဩလောက်ဖွယ် သတင်းကို ကြားလိုက်ရသလိုမျိုး ဖြစ်နေသည်။ သူ့အမူအရာက အတင်းပြောလိုစိတ်ကို ထိန်းချုပ်ထားရဟန် ပေါ်၏။

သူက အပူလှိုင်းတစ်ခုကို ထုတ်လွှတ်ကာ ပြောလိုက်သည်။

"ဆရာသခင်က ဒီလိုအခြေအနေတောင် ရောက်သွားပြီပဲ။ နှမြောစရာ နှမြောစရာ"

လုကျိုးက ပြောလိုက်သည်။

"မင်း သေချာ စဉ်းစားပေါ့"

လုဝူက သေချာမစဉ်းစားဘဲ မကျေမနပ် ပြောလိုက်သည်။

"အဲ့လိုနေရာသေးသေးလေးက ငါ့လို သားရဲဧကရာဇ်မျိုးကို နေခိုင်းနိုင်မယ်များထင်နေလား"

"ဟေး ကျားလေး မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ" ခရုလေးက မကျေမနပ်ဖြင့် ဝင်ပြောလိုက်သည်။

"ဟမ်" လုဝူက လှည့်ကြည့်လိုက်၏။

"မင်း မပြောနဲ့ … ဆရာသခင်တစ်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ချင်တယ်ဆိုရင်တောင် ငါ့ရှစ်စွင်းက သဘောတူမှာ မဟုတ်ဘူး" ခရုလေးက ပြောလိုက်သည်။

လုကျိုးက မေးလိုက်၏။

"မင်းက အမည်မသိကုန်းမြေမှာ ဆက်နေဖို့ စီစဉ်ထားတာလား"

လုဝူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"သခင်လေးက အချိန်တစ်ခုအထိ ထွက်မသွားနိုင်သေးဘူး"

"ပေါင်းစည်းသွားဖို့အတွက် အချိန်ဘယ်လောက်ကြာမှာလဲ" လုကျိုးက မေးလိုက်သည်။

"အနည်းဆုံး ၃လက‌နေ၅လ … အများဆုံး ၃နှစ်ကနေ၅နှစ်" လုဝူက ပြန်ဖြေလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ လရောင်တောအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။

"အဲဆိုရင် မင်းလရောင်တောအုပ်မှာနေပေါ့" လုဝူက ရှေ့တွင်ရှိနေသည့် အမှောင်တောအုပ်ကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။

လုကျိုးက ပြောလိုက်၏။

"မင်း အဲဒီကို မရောက်ဖူးဘူးလား"

လုထျန်းထုံက လုချင်းရှန်၏ ဘိုးဘေး ဖြစ်၏။ သူက လွန်ခဲ့သည့်နှစ် ၃၀၀၀၀ခန့်က သက်ရှိအားလုံး၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့သူ ဖြစ်သည်။ သူက တွမ့်မူတျန်းနှင့် မိတ်ဆွေဟောင်း‌ ဖြစ်သောကြောင့် တွမ့်မူတျန်းနှင့် လုဝူက အနက်ရောင်ကြာနယ်မြေဆီ ရောက်ဖူးလိမ့်မည်။ သို့သော်လည်း ထိုနေရာက အစိမ်းရောင်ကြာနယ်မြေဆီ ဦးတည်နေသည်ကို တွေးကြည့်မိသွားသည်။ လုဝူက အနက်ရောင်ကြာနယ်မြေကို တခြားဝင်ပေါက်မှ ရောက်ရှိခဲ့ဟန်ပေါ်၏။

လုဝူက ခေါင်းယမ်းလိုက်သည်။

လုကျိုးက ပြောလိုက်၏။

"လုဝူ အမည်မသိကုန်းမြေအပြင် နောက်ထပ် အမည်မသိကုန်းမြေ ၂ခုရှိသေးတယ်။ မင်း အဲဒီကို ရောက်ဖူးလား"

"လုဝူက ခေါင်းအသာယမ်းလိုက်သည်။

လုကျိုးက ထိုအကြောင်းကို ထပ်မံစဉ်းစားကြည့်သည့်အခါ အံ့ဩစရာ မရှိတော့ပေ။ လူသားများက မသိသေးသည့်နေရာများကို အမည်မသိကုန်းမြေအဖြစ် သတ်မှတ်ထားကြသည်။ လုဝူက ထိုနေရာကို အမည်မသိကုန်းမြေဟု မသတ်မှတ်နိုင်ချေ ရှိ၏။

"စိတ်ဝင်စားစရာပဲ။ ကိုးခုက အရင်တုန်းက တစ်ခုတည်း ဖြစ်ခဲ့တာပဲ" လုကျိုးက စီးဝူယာ့၏ သုံးသပ်ချက်သည် မမှားယွင်းကြောင်း ခံစားမိ၏။ သို့သော် အဓိပ္ပါယ် မရှိသေးသည့် ကိစ္စများစွာ ရှိနေသေးသည်။

"မင်းက ထပ်ပြီး လျှို့ဝှက်ဆန်းကြယ် ဖြစ်လာပြန်ပြီ" လုဝူက ပြောလိုက်သည်။

လုကျိုး၏ စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာကာ ပြောလိုက်၏။

"မင်းက မြေပုံကို ဘယ်လို ဆွဲရမလဲဆိုတာ သိလား"

ထို့နောက် လုဝူက ခေါင်းမော့ကာ ဟိန်းဟောက်လိုက်ပြီး အနီးနားရှိ ခက်ထန်သားရဲများကို ခြောက်လှန့်လိုက်သည်။

...

အခန်း (၁၁၇၅) မဖြစ်နိုင်သော

ခရုလေးသည် ထိတ်လန့်အံ့ဩသင့်သွား၏။ သူက လုဝူကို တိုးတိုးနေခိုင်းပြီးနောက် မေးလိုက်သည်။

“နင် ဘာလို့ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ရတာလဲ”

လုဝူက ခေါင်းငုံ့ထားပြီး ခရုလေးကို သိချင်စိတ်ဖြင့် မေးလိုက်၏။

“ကောင်မလေး ... ငါ အထင်ကြီးသွားပြီ။ မင်းက သားရဲဘာသာစကားကို တကယ်သိတာပဲ”

“နင်လည်း လူသားဘာသာစကား သိတာပဲမဟုတ်လား” ခရုလေးက ပြန်ပက်လိုက်၏။

လုဝူက အနည်းငယ်မှင်တက်သွားသည်။ ပြီးနောက် သူက ပြန်ပြောလိုက်သည်။ "မင်း ပြောတာမှန်တယ်”

“ငါက သားရဲဘာသာစကားကို သိရုံတင်မကဘူး ဂီတမှာလည်း အရည်အချင်းရှိတယ်။ ဒါ့အပြင် ပွင့်ချပ်ဆယ်လွှာရှိတယ်”

ဘီး

ထိုသို့ပြောပြီးနောက် ခရုလေးက လက်ဖဝါးကိုဆန့်ထုတ်လိုက်၏။ ပြီးနောက် အနီရောင်ကြာပွင့်က သူမ၏လက်ဖဝါးပေါ်၌ ပေါ်လာသည်။ အတွေးတစ်ချက်ဖြင့် အနီရောင်မီးတောက်များက ကြာပွင့်ကို လွှမ်းခြုံသွားတော့သည်။

အနီရောင်ကံမီးတောက်သည် လုကျိုး၏မျက်လုံးထဲ ရောင်ပြန်ဟပ်နေ၏။ ၎င်းက ခေါင်းကို ဘယ်ညာ စောင်းပြီးနောက် ကြာပွင့်ကို ဂရုတစိုက်လေ့လာကာ အံ့ဩနေတော့သည်။

“ကံမီးတောက် အနီရောင်ကြာပွင့်လား ... ကောင်မလေး မင်းအသက်ဘယ်လောက်ရှိပြီလဲ”

ခရုလေးက ခေါင်းကုတ်လိုက်၏။ “အမ် ... ၁၀နှစ်လား ၁၈နှစ်လား”

တကယ်တော့ ခရုလေးသည် သူ့အသက်ကို မသိပေ။ သူမရှစ်စွင်း သူမကိုခေါ်လာသောအခါ သူမအသက်သည် ၁၀နှစ်သာရှိသေး၏။ သူမသည် အနီရောင်ကြာနယ်မြေသို့မလာခင် မိစ္ဆာဝေဟင်မျှော်နန်း၌ နှစ်တချို့နေခဲ့ကာ ကောင်းကင်သိုင်းခုံရုံးထဲ၌ ညတွင်းချင်း အရွယ်ရောက်လာခဲ့သည်။

လုဝူက ခေါင်းခါလိုက်၏။ “မဖြစ်နိုင်တာ ... မင်းက သားရဲဧကရာဇ်တစ်ပါးရဲ့ ဉာဏ်ရည်ကို စော်ကားနေတာပဲ”

လုကျိုးက သူ၏နောက်ကျောကိုပုတ်ကာပြောလိုက်သည်။ "မဖြစ်နိုင်တာ မရှိဘူး။ သူက ငါ့ရဲ့တပည့်ပဲ”

လုဝူက မှင်တက်သွား၏။ သူက ၎င်း၏ကျောပေါ်တွင်လှဲနေသော တွမ့်မူရှန်းကို ကြည့်ပြီးနောက် ခရုလေးနှင့် ယဲ့ထျန်းရှင်းကို ကြည့်လိုက်သည်။

ယဲ့ထျန်းရှင်းက ခရုလေးကဲ့သို့ ကြွားလုံးထုတ်ရန် စိတ်ကူးမရှိပေ။ ဆန့်ကျင်ဖက်အနေဖြင့် သူမသည် သိတတ်ပြီး ထိန်းချုပ်ထား၏။ သူမသည် လုဝူ၏အကြည့် သူမဆီရောက်နေတာကို အာရုံခံမိသောအခါ ဦးညွှတ်ပြီးပြောလိုက်၏။

“ယဲ့ထျန်းရှင်း ... ကျွန်မက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆဋ္ဌမမြောက်တပည့်ဖြစ်ပြီး ချန်ဟွမ်းရဲ့သခင်ပါ”

“မဖြစ်နိုင်တာ” လုဝူက သူ၏ခန္ဓာကိုယ်ကိုင်းလျက် နားစွင့်လိုက်သည်။ သူ၏ဉာဏ်ရည်ကို ပြင်းပြင်းထန်ထန် စော်ကားနေသည်ဟု ခံစားမိ၏။

လုကျိုးက ပြောလိုက်သည်။

“မဖြစ်နိုင်တာ မရှိဘူး။ သူတို့တွေက တွမ့်မူရှန်းလိုပဲ”

တောအုပ်ထဲ၌ တိတ်ဆိတ်မှုကြီးစိုးလာတော့သည်။

“...”

လုဝူသည် ထိုစကားကို ပြန်ပြောနိုင်သည့်နည်းလမ်းများစွာရှိသည်။ သို့သော် အသိသာဆုံးနည်းလမ်းက သူတို့အားလုံး၌ မဟာလေဟာနယ်မျိုးစေ့များရှိသည်။ ယင်းက သူတို့ကျင့်ကြံခြင်းပါရမီအတွက် တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်သည်။ မျိုးစေ့သည် နှစ်ပေါင်း ၃၀၀၀၀လျှင် တစ်ကြိမ် ရင့်မှည့်ကြောင်း လူတိုင်းသိထားလေ၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀၀၀ခန့်က ရင့်မှည့်ခဲ့သည်က နောက်ဆုံးမျိုးစေ့ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ခန့်က ပျောက်ဆုံးသွားသည်။ လုဝူက ကိုယ်နှိမ့်သွားလျက် မေးလိုက်၏။

“သုံးယောက်လား”

“ဆယ်ယောက်” လုကျိုးက အေးအေးလူလူပြောလိုက်သည်။

အခြေအနေက ထပ်မံတောင့်တင်းသွားပြီး တိတ်ဆိတ်မှုက ကြီးစိုးလာပြန်၏။

ပြီးနောက် ....

“မ မဖြစ်နိုင်တာ။ ခင်ဗျားက ကျုပ် ကျုပ်ရဲ့ဉာဏ်ရည်ကို စော်ကားနေတာ”

ဖုန်း

လုဝူက မြေပြင်ကို အသာလေးပုတ်လိုက်၏။ သို့သော် ၎င်း၏အရွယ်အစားကြောင့် အသာလေးပုတ်ချက်က လျှိုမြောင်တစ်ခုဖြစ်သွားစေသည်။

လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို တိတ်ဆိတ်စွာဆွဲထုတ်လိုက်၏။ သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ထည့်ပြီးနောက် အပြာရောင်အလင်းတန်းသည် ယဲ့ထျန်းရှင်းနှင့် ခရုလေးပေါ် ကျရောက်သွားသည်။

အမျိုးသမီးနှစ်ယောက်၏ ခန္ဓာကိုယ်က အလင်းဖျော့ဖျော့တောက်ပနေ၏။ ၎င်းက ပုံမှန်စွမ်းအင်နှင့် မတူညီပေ။ စွမ်းအင်က သန့်စင်ပြီး သိမ်မွေ့သည်။ ဆင်တူသော်ငြား တွမ့်မူရှန်းနှင့် ကွဲပြား၏။

လုဝူက ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားတော့သည်။ သူက နောက်ပြန်ဆုတ်ကာ ရုတ်တရက်ပြောလိုက်၏။

“မဖြစ်နိုင်တာ ... မဖြစ်နိုင်တာ … ဒါ မဖြစ်နိုင်ဘူး”

လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို ဖယ်လိုက်သောအခါ လုဝူက နောက်ဆုတ်တာရပ်ပြီး မဝံ့မရဲ မေးလိုက်၏။

“ခင်ဗျား ကျုပ်ကို ဒါ ဘာကြောင့်ပြောပြတာလဲ”

“ငါ မင်းကို ယုံတယ်” လုကျိုးက ပြောလိုက်သည်။

လုဝူ “...” သူခိုးကြီးက ငါ့ကို ယုံတယ်လား ... မဖြစ်နိုင်တာ။ သူက ရိုးသားပုံပေါ်ပေမဲ့ အလိမ်အညာတွေနဲ့ ပြည့်နေတာ။

“ဒါက ငါ့ရဲ့ရိုးသားမှုကို ပြတာပဲ” လုကျိုးက ခုန်ဆင်းပြီးနောက် လုဝူကို မျက်နှာချင်းဆိုင်လိုက်၏။

“ကျုပ် ခင်ဗျားကို သစ္စာဖောက်သွားမှာ မကြောက်ဘူးလား” လုဝူက မေးလိုက်သည်။

လုကျိုးက လုဝူရှေ့လျှောက်သွားကာ ပြောလိုက်သည်။

“မင်းရဲ့ဉာဏ်ရည်နဲ့ ဒါမျိုးတုံးအတာလုပ်မှာ မဟုတ်ဘူး”

လုဝူက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်”

ယဲ့ထျန်းရှင်းနှင့် ခရုလေးသည် ဆွံ့အသွား၏။ သူတို့နှင့် လုဝူနှင့် အချိန်သိပ်မဖြုန်းခဲ့သော်ငြား သူတို့ သိသည့်အရာတစ်ခု ရှိ၏။ ယင်းက သူ့ကိုယ်သူ အထင်ကြီးလွန်းတာပဲဖြစ်သည်။

လုဝူက တိတ်ဆိတ်ငြိမ်သက်နေကာ သူ၏မျက်နှာထက်၌ စဉ်းစားနေသည့် အမူအရာက အထင်းသားပေါ်လာသည်။ ခဏအကြာ၌ သူက ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာတုန်းက …”

“အဟုတ်ပဲ ... သူတို့အားလုံး ငါ ယူသွားတာ” လုကျိုးက ဖြတ်ပြောလိုက်၏။

“...”

ထိုသို့ပြောပြီးနောက် လုကျိုးသည် ချန်ဟွမ်း၏ကျောပေါ် ခုန်တက်လိုက်သည်။ ယဲ့ထျန်းရှင်းနှင့် ခရုလေးကလည်း နားလည်သဘောပေါက်ကာ ချန်ဟွမ်း၏ ကျောပေါ်ခုန်တက်လိုက်သည်။ ပြီးနောက် သူတို့သည် လှည့်ထွက်သွားပြီး လရောင်သစ်သားတောအုပ်ဆီသို့သွားလိုက်ကြလေ၏။

လုဝူက ကြောင်အစွာရပ်နေမိပြီး မြေပြင်ကို ဆက်လက်ကုတ်ခြစ်နေမိသည်။

“မျိုးစေ့ ၁၀ခု၊ အထွတ်အထိပ်တည်ရှိမှု ၁၀ယောက် ... အဲ့ဒီသူခိုးကြီး ... သူ့ထက်ပိုကောင်းတဲ့နောက်ခံကို ငါ ရှာနိုင်မှာတဲ့လား”

ဘန်း

လုဝူကမြေပြင်ကို ၎င်း၏ခြေထောက်ဖြင့် ရိုက်ပြီးနောက် ခေါင်းမော့လိုက်သည်။

“ခင်ဗျား ဘယ်မှာလဲ”

လုဝူက ခုန်တက်လိုက်သည်။ ယခုအခေါက်ခုန်တက်လိုက်သည့်အမြင့်က ယခင်အခေါက်များနှင့် ယှဉ်လျှင် အတော်လေးမြင့်ပေ၏။ လုဝူရှာတွေ့သောအခါ သူက အရပ်မျက်နှာပြောင်းရန် ၁၈၀ဒီဂရီ လှည့်လိုက်သည်။

ဘန်း

မြေပြင်ပေါ် ပြုတ်ကျသွားပြန်၏။ တုန်လှုပ်မှုက ဧရာမသစ်ပင်ပေါ်မှ သစ်ရွက်များကို မြေပြင်ပေါ်ပြုတ်ကျသွားစေသည်။ ပြီးနောက် သူက လှမ်းခေါ်လိုက်သည်။

“နေဦး”

ဘန်း

လုဝူ၏ခေါင်းပေါ် ဧရာမသစ်ကိုင်း ပြုတ်ကျလာ၏။ ယင်းက လက်ဖြင့် သာမန်ကာလျှံကာ ပုတ်ထုတ်ပြီးနောက် အမောတကော ပြောလိုက်သည်။

“ကောင်းပြီ ... ကျုပ် ခင်ဗျားနောက်လိုက်မယ်”

လုကျိုးက ပြန်ပြောလိုက်၏။

“ငါ စဉ်းစားရဦးမယ်”

လုဝူ “…”

“ဖယ်”

“အိုး...” လုဝူက “သ ...” လုဝူသည် သူခိုးကြီးဟူသော စကားလုံးကို မျိုချလျက် လိမ်လိမ်မာမာ ဘေးဖယ်လိုက်၏။ “စဉ်းစားဖို့မလိုပါဘူး ... ကျုပ်က အရည်အချင်း အလွန်ပြည့်မီပါတယ်”

လုကျိုးသည် ဘာမှမပြောခဲ့ပေ။

ချန်ဟွမ်းကအရှိန်တင်ပြီးနောက် လရောင်သစ်သားတောအုပ်ထဲသို့ ဝင်သွားလိုက်၏။

“ကြီး ... ကြီးမြတ်သော ဆရာသခင်လု” လုဝူက လိုက်သွားသည်။

သူတို့နောက်ကနေ လှမ်းပြောလိုက်သည်။ "ကြီးမြတ်သောဆရာသခင်လု ကျုပ်ကို အခွင့်အရေးပေးပါ”

ရက်ပေါင်းများစွာ ခရီးနှင်ပြီးနောက် ချန်ဟွမ်းနှင့်လုဝူသည် ကျောက်နံရံအောက်ခြေသို့ရောက်လာ၏။

ကြည်လင်နေသော ကောင်းကင်က သူတို့ခေါင်းထက်၌ ရှိနေပြီး နေရောင်က လုဝူရှေ့ရှိ သိပ်သည်းသော ရှေးသစ်ပင်များပေါ် ဖြာကျနေ၏။ ရက်အနည်းငယ်အတွင်း ဘဝတစ်ခုတွေ့ကြုံခဲ့ရသလိုပင်။ ပြာလဲ့လဲ့ကောင်းကင်ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်ပြီး မှင်တက်နေမိသည်။ သူသည် အမည်မသိကုန်းမြေ၌ နှစ်ပေါင်းများစွာနေခဲ့၏။ နေရောင်နှင့်ကောင်းကင်ပြာကို ပြန်တွေ့လိုက်ရသောအခါ သုခဘုံထဲပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

“ကျွန်မတို့ရောက်ပြီ” ခရုလေးကပြောလိုက်၏။

လုဝူက ထိပ်ကိုကြည့်လိုက်၏။ ယင်းက အဆုံးမရှိပုံပေါ်သည်။

ကောင်းကင်ထဲရှိ သားရဲပျံများက တောင်ပံတဖျပ်ဖျပ်ခတ်လျက် ပျံသန်းနေ၏။ သူတို့ဖြန့်ကျက်ထားသည့် မီတာဒါဇင်ချီသော တောင်ပံတို့သည် လုဝူ၏မြင်ကွင်းကို ပိတ်ဆို့ထားသည်။

“သွားစမ်း” လုဝူက ဟိန်းဟောက်လိုက်၏။

သားရဲပျံတို့က တကွဲတပြားဖြစ်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

“ဒါက အဆက်လေ ... ရွှေကြာနယ်မြေက မြူနှင်းတောအုပ်ကနေ ဖြတ်သွားရမှာ။ လုဝူ မင်း ငါတို့ကို လိုက်ပို့စရာ မလိုဘူး”

ယဲ့ထျန်းရှင်းနှင့် ခရုလေးတို့က ပါးစပ်ကာလျက် ရယ်မောလိုက်သည်။

ယခုအချိန်တွင် လုဝူသည် သားရဲဧကရာဇ်တစ်ပါးအနေဖြင့် ၎င်း၏ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ပေ။ ဆိုရလျှင် အမျိုးသမီးနှစ်ဦးသည် နောင်ကျ အထွတ်အထိပ်တည်ရှိမှုများဖြစ်လာလိမ့်မည်။ ထိုအထွတ်အထိပ်တည်ရှိမှုများ ရှေ့၌ နှိမ့်ချရတာ ရှက်စရာမရှိပေ။ သူတို့က ယင်းကို ရယ်စရာကောင်းသည်ဟု တွေးမိလျှင် ထိုအတိုင်းသားထားလိုက်မည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ် ... ဒါပေမဲ့ မင်း မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တဲ့အချိန် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ လိုက်နာမှာလား”

“ကျုပ်က အမြဲတမ်းစကားတည်တဲ့ သားရဲတစ်ကောင်ဖြစ်ခဲ့တာပါ” လုဝူက လူသားဘာသာစကားကို ပိုမိုကျွမ်းကျင်လာ၏။ ခရီးစဉ်တစ်လျှောက်တွင် လုကျိုးနှင့် ကျန်သည့်လူများကို အပြန်အလှန်ပြောဆိုရခြင်းကြောင့်ဖြစ်လောက်သည်။

လုကျိုးကပြောလိုက်သည်။

“ငါ မင်းကို မလိမ်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက နောင်ကျအန္တရာယ်တွေအများကြီး ကြုံတွေ့ရမှာ။ မင်း အသက်ဆုံးရှုံးသွားနိုင်တယ်”

လုဝူသည် သတိလစ်နေသော တွမ့်မူရှန်းကိုကြည့်ပြီးနောက် အမည်မသိကုန်းမြေဖက်ကိုကြည့်လိုက်၏။ သူ မှင်တက်နေပုံ ပေါ်သည်။ အတိတ်တုန်းက ကိစ္စရပ်များကို ပြန်တွေးနေပုံပေါ်သည်။ သူ ဖြတ်ကျော်ခဲ့သည့် သေရေးရှင်ရေးအခြေအနေနှင့် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ခန့်က သူ တွမ့်မူထျန်းနှင့်အတူ ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များအကြောင်းတွေးမိသည်။ ပြီးနောက် သူ၏မျက်လုံးများက တောက်ပလာကာပြောလိုက်တော့သည်။

“သေတာက ရှင်တာနဲ့အတူတူပဲ။ အမည်မသိကုန်းမြေတုန်းက ကျုပ်ကို သတ်ချင်နေတဲ့သူတွေ အများကြီးပဲ။ ပြီးတော့ ကျုပ်သတ်ခဲ့တဲ့သူတွေလည်း အများကြီးပဲ။ ဘာများကြောက်စရာလိုလဲ”

လုဝူ၏လူသားဘာသာစကားက ပိုပြီးချောမွေ့လာ၏။

…

အခန်း (၁၁၇၆) ထင်ထားတဲ့အတိုင်း ငါ ထပ်ပြီး အလိမ်ခံရပြန်ပြီ

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ပြီဆိုတော့ မဟာလေဟာနယ်မျိုးစေ့အကြောင်း လျှို့ဝှက်ချက်အဖြစ် ထားရမယ်”

လုဝူက ခေါင်းမော့ကာ ပြောလိုက်သည်။

“ငါ အဲ့လောက် မတုံးပါဘူး”

ထို့နောက် လုဝူက တွမ့်မူရှန်းကို လှည့်ကြည့်လိုက်၏။ မဟာလေဟာနယ်မျိုးစေ့ တစ်ခုတည်းကပင် အလုပ်ရှုပ်နေပြီဖြစ်ကာ ဆယ်ခုရှိနေသည့် သတင်းသာ ထွက်ပေါ်သွားပါက ကောင်းကင်ဘုံ ကိုးထပ်လုံး ပြဿနာတက်သွားနိုင်သည်။ ထိုအခိုက်အတန့်၌ ဆရာသခင်များစွာက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာမည်ဖြစ်ကာ လုဝူ ဆယ်ယောက် ရှိနေလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။

ဝူ

ချန်ဟွမ်းက ခေါင်းကို မော့လိုက်ငုံ့လိုက်ဖြင့် လုဝူကို မိစ္ဆာဝေဟင်မျှော်နန်းမှ ကြိုဆိုနေဟန်ပေါ်သည်။

လုဝူက မျက်မှောင်ကြုတ်လိုက်ပြီး အကြည့်လွှဲလိုက်၏။

ထိုအရာကို မြင်ကာ ချန်ဟွမ်းက အနည်းငယ် ထိခိုက်နာကျင်သွားဟန်ပေါ်သည်။

ခရုလေးက ဝင်ပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းမှာ ဝါစဉ်က ဘယ်သူ အရင်ဝင်လဲဆိုတာနဲ့ ဆုံးဖြတ်ပေးတာပဲ။ နင်က အဖွဲ့ဝင်အသစ်ဆိုတော့ ချန်ဟွမ်းက နင့်ထက် စီနီယာပဲ”

လုဝူ၏ နားရွက်များက လှုပ်ခတ်သွားကာ ပြောလိုက်သည်။

“နင်က ငါ့ခေါင်းကို ငုံ့ထားစေချင်တာလား”

“မဟုတ်ဘူး။ စည်းမျဉ်းတွေက အဲ့လောက် မတင်းကြပ်ဘူး။ နင် လုပ်ဖို့လိုတာက ကောင်းကောင်းမွန်မွန် နေဖို့ပဲ။ လမ်းခင်းပေးတဲ့ ရှေ့ကလူမရှိရင် အနာဂတ်မျိုးဆက်အတွက် တောက်ပတဲ့လမ်း ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။ မဟုတ်ဘူးလား။ အကျိုးအကြောင်းသင့်တဲ့ သားရဲဧကရာဇ်အနေနဲ့ နင်လည်း နားလည်လိမ့်မယ်လို့ ထင်တယ်” ခရုလေးက ပြောလိုက်သည်။

လုဝူက ခရုလေး၏ နောက်ဆုံးစကားသည် နားထောင်ကောင်းကြောင်း ခံစားမိ၏။ ထို့ကြောင့် သူက ချန်ဟွမ်းထံ ခေါင်းညိတ်ပြလိုက်သည်။

ခရုလေးက ပြောလိုက်၏။

“နည်းနည်းတော့ မလေးနက်ဘူးဆိုပေမဲ့လည်း ဒီကနေတော့ စတင်ရမှာပဲ”

ချန်ဟွမ်းက စိတ်ထဲ မထားဘဲ နှစ်ကြိမ် အသံပြုလိုက်သည်။

လုကျိုးက အားလုံးအဆင်ပြေနေသည်ကို မြင်သည့်အခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်လိုက်ပြီဆိုတော့ ငါ့နောက်လိုက်ခဲ့”

လုဝူက ခေါင်းယမ်းလိုက်သည်။

“အဲ့လို မရလောက်ဘူး။ သခင်လေးရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေက အပြည့်အဝ မပေါင်းစည်းသေးဘူး။ အမည်မသိကုန်းမြေရဲ့ ကနဦးချီတွေကပဲ သူ့ကို ကူညီပေးနိုင်လိမ့်မယ်”

အားလုံးက တွမ့်မူရှန်းကို ကြည့်ကာ အနည်းငယ် စိတ်ခံစားချက် ရောပြွန်းနေသည်။

လုကျိုးက ပြောလိုက်၏။

“သူ့ရဲ့ မဟာလေဟာနယ်မျိုးစေ့အကြောင်း ပေါက်ကြားသွားပြီ။ မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ကလည်း အပြီးတိုင် သုတ်သင်ခံလိုက်ရပြီဆိုတော့ ဆရာသခင်တွေရဲ့ အာရုံကို ဖမ်းစားမိမှာပဲ။ မင်း ယုံကြည်ချက် ရှိရဲ့လား”

ဆရာသခင်က လုဝူထက် အားမနည်းပေ။

လုဝူက ပြောလိုက်၏။

“အခု ငါ့အသက်ဓာတ်နှလုံးသား ပြန်ရပြီဆိုတော့ ဒီမှာ နားပြီးတော့ အမည်မသိ ကုန်းမြေဆီ ပြန်သွားလိုက်မယ်။ သူတို့အတွက် ငါ့ကို ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး”

သူက မဖြစ်နိုင်ဘူးဆိုတဲ့စကားကို အတော်လေးကို ကြိုက်တာလား…

လုဝူ၏ ယုံကြည်ချက်က လူများအား စိတ်အေးသွားသလို တစ်ပြိုင်နက်တည်း ပူပန်လာစေသည်။

ထိုစဉ် ယဲ့ထျန်းရှင်းက ဝင်ပြောလိုက်၏။

“ရှစ်စွင်း အမည်မသိကုန်းမြေက ကျယ်ပြောတယ်။ မျှခြေကန့်သတ်ချက်လည်း ရှိတယ်ဆိုတော့ လုဝူအနေနဲ့ အမည်မသိကုန်းမြေမှာနေဖို့ အန္တရာယ်တော့ မများလောက်ပါဘူး။ တကယ်လို့ ကျွန်မတို့နဲ့ ပြန်လိုက်လာတယ်ဆိုရင် အားလုံးရဲ့ အာရုံကို ဖမ်းစားမိမှာ သေချာတယ်။ အဲဒါဆိုရင် ကောလာဟလတွေကလည်း ပျံ့နှံ့သွားလိမ့်မယ်။ ဆရာသခင် တစ်ယောက်ရောက်လာရင် ပြဿနာက အတော်လေး ရှုပ်သွားနိုင်တယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။ ယဲ့ထျန်းရှင်း ပြောသည်က အဓိပ္ပာယ်ရှိပေသည်။

“ကောင်းပြီလေ။ တွမ့်မူရှန်းကို မင်းဆီပဲ အပ်ထားလိုက်တော့မယ်”

လုကျိုးက ချန်ဟွမ်း၏ ကျောပေါ် ကြော့ရှင်းစွာ တက်လှမ်းသွားသည်။ သူက ထွက်သွားတော့မည် ဖြစ်၏။

လုဝူက လှမ်းခေါ်လိုက်သည်။

“ခဏနေအုံး”

“ဘာကိစ္စလဲ”

လုဝူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ငါလည်း မိစ္ဆာဝေဟင်မျှော်နန်းဆီ လိုက်ခဲ့မယ်။ တစ်ချက်ကြည့်ပြီးမှ ပြန်ထွက်သွားတော့မယ်”

လုကျိုးက မငြင်းဆန်ပေ။ သူက လုဝူ တွေးနေသည့်အရာများကို သိလိုက်၏။ သားရဲဧကရာဇ်တစ်ယောက်က လုထျန်းထုံကြောင့် စိတ်ဒဏ်ရာရအောင် မည်မျှပင် အလိမ်အညာ ခံခဲ့ရသလဲဟု စဉ်းစားနေမိသည်။ သူက ခေါင်းအသာယမ်းကာ သူ့ဘာသာသူ တွေးလိုက်၏။

ငါက ရိုးသားတဲ့သူပါ။ သားရဲတစ်ကောင်ကို ဘာလို့လိမ်လည်ရမှာတုံး…

လုဝူက ခေါင်းမော့ကာ တောင်စွန်းကို လှမ်းကြည့်လိုက်သည်။ သူက သူခိုးကြီးတွင် မျိုးစေ့ဆယ်ခု ရှိနေလားဟု အမှန်တကယ် သိချင်နေမိ၏။

အမျိုးသားနှင့် သားရဲတစ်ကောင်က သူတို့အတွေးကိုယ်စီ ရှိနေကြသည်။

“အဲဒါဆို သွားကြစို့”

ချန်ဟွမ်းက မြားတစ်စင်းပမာ ပျံသန်းသွားစဉ် လုဝူကမူ နောက်မှ လိုက်ပါလာသည်။

ခက်ထန်သားရဲများကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ပျံသန်းပြေးသွားကြ၏။ တချို့က ထောင့်တစ်နေရာတွင် ပုန်းအောင်းကာ တုန်တုန်ယင်ယင် ဖြစ်နေကြသည်။ ဤနေရာကို အုပ်စိုးသည့် သားရဲဘုရင်များကလည်း ဧကရာဇ်ရှေ့တွင် ပုရွက်ဆိတ်မှလွဲ၍ ဘာမှမဟုတ်ပေ။

…………………………………………………..

မြူခိုးတောအုပ်မှ ရုန်ရှီရှိ နယ်ခြားမျိုးနွယ်များထိ၊ နယ်ခြားမျိုးနွယ်များမှ မိစ္ဆာဝေဟင်မျှော်နန်းအထိ သုံးရက်တာ ကြာမြင့်ခဲ့သည်။

ယဲ့ထျန်းရှင်းက မိစ္ဆာဝေဟင်မျှော်နန်းမှလူများအား သူတို့ကိုယ်သူတို့ ကြိုတင်ပြင်ဆင်ပေးနိုင်ရန် သတိပေးထားခဲ့သည်။

အာရုံဖမ်းစားမှုကို ရှောင်ရှားဖို့အတွက် လုဝူနှင့် ချန်ဟွမ်းတို့က တစ်ဝက်မျှ အရွယ်အစား လျှော့ချထားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုနှစ်ကောင်က သာမန် ခက်ထန်သားရဲများထက် ကြီးမားနေဆဲ ဖြစ်၏။

…………………………………………………..

သုံးရက်တာ ကြာမြင့်ပြီးသည့်နောက်

မိစ္ဆာဝေဟင်မျှော်နန်း

“မျှော်နန်းသခင်က သူ ဒီနေ့ မျှော်နန်းဆီ ပြန်လာမယ်လို့ သတင်းပို့ထားတယ်။ ဘယ်လောက်ကြာကြာ နေမယ် မသိဘူး” ဖန်ကျုံးက ကျိုးကျစ်ဖုန်းနှင့် စကားစမြည်ပြောရင်း ပြောလိုက်သည်။

ကျိုးကျစ်ဖုန်းက သိချင်စွာ မေးလိုက်၏။

“ဆဋ္ဌမသခင်မလေးရဲ့ စာထဲမှာတော့ သားရဲဧကရာဇ်လည်း လိုက်လာမယ်လို့ ပြောတယ်။ သားရဲဧကရာဇ်က အရမ်းကို အားကောင်းတာလား”

“ငါလည်း မသိဘူး။ ငါ သတ္တမသခင်လေးကို သတင်းပို့ထားပေမဲ့ သူက အလုပ်ရှုပ်နေပုံပဲ။ သူ ပြန်လာနိုင်ဦးမယ် မထင်ဘူး” ဖန်ကျုံးက ပြောလိုက်သည်။

“တခြားတပည့်တွေကလည်း ပြန်မလာနိုင်ဘူးလား”

ထိုစဉ် ဟွားယွဲ့ရှင်းက ကောင်းကင်အထက်မှ ဆင်းသက်လာကာ ဝင်ပြောလိုက်သည်။

“အဋ္ဌမသခင်လေးနဲ့ နဝမသခင်မလေးတို့ ရောက်လာပြီ”

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က အချင်းချင်း အကြည့်ဖလှယ်ကာ ခန်းမထဲမှ ထွက်သွားကြသည်။ သိပ်မကြာခင် သူတို့က ကျူးဟုန်ကုန်းနှင့် ရှောင်ယွမ်အာတို့က ရယ်ရယ်မောမောဖြင့် စကားပြောနေသည်ကို မြင်လိုက်ရ၏။

နှစ်ဦးသားက ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။

“အဋ္ဌမသခင်လေးနဲ့ နဝမသခင်မလေးတို့ကို ဂါရဝပြုပါတယ်”

“ဘာမှယဉ်ကျေးနေဖို့ မလိုဘူး။ ငါတို့က မိသားစုပဲလေ” ကျူးဟုန်ကုန်းက ပြုံးကာ ပြောလိုက်၏။

ရှောင်ယွမ်အာက ပြောလိုက်သည်။

“ပါ့ရှစ်ရှိုး ထွက်မသွားခင် နှစ်ရက်ပဲ နေနိုင်တယ်ဆိုတာကို မှတ်ထားနော်။ အာ့ရှစ်ရှိုးက စောင့်နေတယ်”

ကျူးဟုန်ကုန်း၏ အပြုံးက နေရခက်စွာ ပြောင်းလဲသွား၏။

“ရှောင်ရှစ်မေ့ အဲဒီအကြောင်း မပြောရအောင်လား”

“ကောင်းပြီလေ” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။

ဝုန်း ဝုန်း

လေထုထဲ မိုးခြိမ်းလုမတတ် အသံကျယ်ကြီး နှစ်သံ ထွက်ပေါ်လာကာ ရွှေနန်းဥယျာဉ်တောင်ထဲ ဧရာမပုံရိပ်ကြီးနှစ်ခု ဝင်ရောက်လာခဲ့သည်။

အားလုံးက ခေါင်းမော့ကာ ကြည့်လိုက်ကြ၏။

“သူတို့ ပြန်ရောက်လာပြီ”

မိစ္ဆာဝေဟင်မျှော်နန်းရှိလူများက အပြေးအလွှား သွားလိုက်ကြသည်။

ဟွားယွဲ့ရှင်းနှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ အစောင့်အရှောက် လီရှောင်မော့တို့ကလည်း လုကျိုးထံ ဦးညွှတ်လိုက်ကြသည်။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကလည်း လုဝူကို မျက်လုံးထောင့်မှ ကြည့်ကာ အချင်းချင်း တီးတိုးပြောလိုက်ကြသည်။

“အဲဒါက သားရဲဧကရာဇ် လုဝူလား”

“အဲ့လိုထင်တယ်။ အရမ်းကို အားကောင်းတာပဲ”

“မျှော်နန်းသခင်ရဲ့ အာရုံကို ဖမ်းစားဖို့ အဲ့လောက်တော့ အားကောင်းရမှာပေါ့”

လုကျိုးက အားလုံးကို ကြည့်ပြီးသည့်နောက်တွင် ယဲ့ထျန်းရှင်းနှင့် ခရုလေးတို့က တွမ့်မူရှန်းကို ခေါ်လာသည်။

လုဝူက အရင်ပြောလိုက်၏။

“ငါက မိစ္ဆာဝေဟင်မျှော်နန်းဆီ ရောက်လာပြီဆိုတော့ အားလုံးရဲ့ လမ်းညွှန်မှုအတွက် ကြိုပြီး ကျေးဇူးတင်ထားလိုက်ပါ့မယ်”

“…”

တိတ်ဆိတ်မှုက ကျရောက်လာလေ၏။ မည်သူက ဘာပြန်ပြောရမှန်း မသိကြပေ။ သူတို့က တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေပြီး အိပ်မက်မက်နေတာလားဟု စဉ်းစားနေကြသည်။ ခက်ထန်သားရဲတစ်ကောင်က သူတို့ကို ကျေးဇူးတင်နေသည်လား။

ထိုအရာပင် မကသေးပေ။ ခက်ထန်သားရဲက လူသားစကားကို ပြောနေသည် မဟုတ်ပါလော။

လုဝူဘက်က စကားပြောသည်ကို မြင်ပြီးသည့်နောက်တွင် လုကျိုးက ပြောလိုက်သည်။

“ကောင်းပြီ။ မင်းတို့ စိတ်တိုင်းကျသာ လုပ်လိုက်တော့”

ထိုသို့ပြောပြီးသည့်နောက်တွင် လုကျိုးက အရှေ့ဘက်မျှော်နန်းဆောင်ဆီ ပျံသန်းသွား၏။

ဤသည်က လုဝူ စောင့်ဆိုင်းနေသည့် အခိုက်အတန့်လည်း ဖြစ်ပေသည်။ လုကျိုး ထွက်သွားသည်ကို မစောင့်နိုင်တော့ပေ။

လုကျိုးက မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ခေါင်းငုံ့ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူက အနံ့ခံလိုက်၏။

အားလုံးက တောင့်တင်းသွားဟန်ပေါ်သည်။

လုဝူက ဟွားယွဲ့ရှင်းအနား ရောက်ချလာကာ အနံ့ခံပြီး ပြောလိုက်သည်။

“အားနည်းလွန်းတယ်”

ဟွားယွဲ့ရှင်း “…”

လီရှောင်မော့က လုဝူ၏ စကားကိုကြားလိုက်ရ၏။ သူက လက်နှစ်ဖက်ယှက်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အစောင့်အရှောက် လီရှောင်မော့ပါ။ မင်းက သားရဲဧကရာဇ် လုဝူမလား”

“ဒါလည်း အားနည်းတယ်”

လုဝူက ရှေ့ခြေဖြင့် လီရှောင်မော့ကို ဘေးတွန်းလိုက်သည်။ သူက အားသုံးမထားပေ။ သို့သော်လည်း လီရှောင်မော့နှင့် ဟွားယွဲ့ရှင်းတို့က ဘေးတွန်းခံလိုက်ရသည့် ခံစားချက်ကို မည်သို့ဖော်ပြရမည်မှန်း မသိတော့ပေ။

လီရှောင်မော့ ”…”

သူက ငါ့ကို ဘေးတွန်းလိုက်တာလား…

ထိုအရာ၏ လက်သည်းက ရေပြင်ညီအတိုင်း လှုပ်ရှားနေသည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကလည်း ရှေ့ရောက်လာကာ မော့ကြည့်လိုက်၏။

“ဂုဏ်ကျက်သရေရှိတဲ့ သားရဲဧကရာဇ် ကျွန်တော်တို့ ဂါရဝပြုတာကို လက်ခံပေးပါ”

လုဝူ၏ နားက လှုပ်ခတ်သွားသည်။

တစ်ယောက်ချင်းစီက ဘာလို့ ပိုပြီးတော့ ဆိုးလာရတာတုံး။ မဟာလေဟာနယ်မျိုးစေ့ဆယ်စေ့က ဘယ်မှာတုန်း။ သူခိုးကြီး…

လုဝူက လက်သည်းကို မြှောက်ကာ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကိုပါ ဘေးကိုတွန်းပို့လိုက်သည်။

“…”

အားလုံးက အင်မတန် စိတ်လှုပ်ရှားနေကြ၏။ သူတို့က သားရဲဧကရာဇ်သည် ဘာလုပ်ချင်နေကြောင်း စဉ်းစားနေကြသည်။

နောက်တစ်ခေါက်တွင် လုဝူက လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီးများ၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။

“အားနည်းလွန်းတယ်”

ထင်ထားတဲ့အတိုင်း ငါ ထပ်ပြီး အလိမ်ခံရပြန်ပြီလား။ အနာဂတ်ရဲ့ အထွတ်အထိပ်တည်ရှိမှု ဆယ်ယောက်က ဘယ်မှာတုံး…။

ဧရာမလက်သည်းကြီးဖြင့် သူတို့ကို ဘေးဆီ တွန်းပို့နေသည်။

မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စွမ်းအားကြီး ဆရာသခင်လုက ဒီလိုမျိုး အသုံးမဝင်တဲ့ လက်အောက်ငယ်သားတွေ ဘယ်လိုလုပ်ရှိနေတာတုံး။

All Chapters