← Chapters

အခန်း (၁၁၈၀-၁၁၈၂)

Vol. 79 Ch. 1180-1182

အခန်း (၁၁၈၀-၁၁၈၂)

Vol. 79 Ch. 1180-1182

အခန်း (၁၁၈၀) နီးနီးလေးပဲ

ကျူးဟုန်ကုန်း၏ စကားကိုကြားကာ တွမ့်မူရှန်းက သက်ပြင်းချလိုက်သည်။

"မင်းတို့အားလုံးက ပိုအားကောင်းလာပြီး ငါ တစ်ယောက်တည်းကပဲ ဒီနေရာမှာပဲ ရပ်နေတုန်းပဲ"

ကျူးဟုန်ကုန်းက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်လည်ရုတ်သိမ်းပြီး ခေါင်းကုတ်ကာ ပြောလိုက်သည်။

"ရှစ်စွင်း ပြောတာကတော့ ရှစ်ရှိုးလည်း အနှေးနဲ့အမြန် တစ်ခုခု အောင်မြင်လာလိမ့်မယ်တဲ့"

"ရှစ်စွင်းက တကယ်ပဲ အဲ့လိုပြောတာလား"

"ဟုတ်တယ်"

"ငါ့ကို လာနှစ်သိမ့်‌မနေစမ်းပါနဲ့ကွာ" တွမ့်မူရှန်းက နယ်ရှင်လှံကို ဆွဲကိုင်လိုက်သည်။ ရင်းနှီးသည့် ခံစားချက်က သူ့ကို စိတ်အေးသွားစေ၏။

"လာ ငါနဲ့ လက်ရည်စမ်းလှည့်"

"မဟုတ်တာ မဟုတ်တာ" ကျူးဟုန်ကုန်းက လက်ဝှေ့ရမ်းကာ ပြောလိုက်သည်။

"စန်းရှစ်ရှိုးက လှံစွဲလန်းနေတဲ့သူပဲ။ ဒီလိုလက်ရည်စမ်းတော့မှာလား ပြီးတော့ ကျွန်တော်က ပွင့်ချပ်ဆယ့်တစ်လွှာလေ။ လက်ရည်စမ်းမယ်ဆိုရင်တော့ ကျွန်တော်က အများကြီး မတိုးတက်နိုင်‌တော့ဘူး ..... .စန်းရှစ်ရှိုး ကျွန်တော် အဲ့လိုသဘောနဲ့ ပြောတာမဟုတ်ပါဘူး"

ကျူးဟုန်ကုန်းက သူသည် တွမ့်မူရှန်း၏ စိတ်ပျက်လက်ပျက် အမူအရာကို မြင်သည့်အခါ စကားမှားပြောခဲ့မိကြောင်း သဘောပေါက်သွားခဲ့သည်။

ထိုစဉ် အပြင်ဘက်မှ အသံနှစ်သံ ထွက်ပေါ်လာ၏။

"တွမ့်မူရှန်း"

"ရှစ်စွင်း"

တွမ့်မူရှန်းက နယ်ရှင်လှံကို ကိုင်ဆွဲပြီး တောင်ဘက်မျှော်နန်းဆောင်ဆီ ပြေးသွားလိုက်သည်။

...

တောင်ဘက်မျှော်နန်းဆောင်ရှိ ဝေဟင်အထက် လုဝူက တွမ့်မူရှန်းကို ငုံ့ကြည့်လိုက်၏။

လုဝူ၏ဘေးတွင် ရပ်နေသည့် လုကျိုးကလည်း တွမ့်မူရှန်း၏ သစ္စာရှိနှုန်းသည် ၈၀ရာခိုင်နှုန်းသို့ ပြန်လည် ရောက်ရှိလာကြောင်း မြင်လိုက်ရသည်။

"ရှစ်စွင်းကို ဂါရဝပြုပါတယ်" တွမ့်မူရှန်းက ဦးညွတ်လိုက်သည်။ ကျူးဟုန်ကုန်းကလည်း နောက်မှလိုက် ဦးညွတ်လိုက်၏။

လုကျိုးက ပြောလိုက်သည်။

“မင်းက အရင်က သတိမေ့နေတာဆိုတော့ ငါက မင်းကိုယ်စား ဆုံးဖြတ်ချက်ချပေးထားတယ်။ ဒါပေမဲ့ အခု မင်းက နိုးလာပြီ ဆိုတော့ မင်းပဲ ဆုံးဖြတ်လိုက်တော့ "

သူက လုဝူကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"မင်းဆီမှာ တိုက်စားရေးစွမ်းအင်နဲ့ လုဝူရဲ့ အဆီအနှစ်ချီ ရှိနေတယ်။ ပြီးတော့ မင်းဆီမှာ မဟာ‌လေဟာနယ်မျိုးစေ့လည်း ရှိနေတယ်။ အနည်းဆုံး မင်း ကျင့်ကြံဆင့်က မွေးဖွားဇယားချပ်သုံးခု ဘုံတစ်ထောင်လေပွေအဆင့် ဖြစ်လောက်တယ်"

အားလုံး "..."

ကျူးဟုန်ကုန်း “ … ”

တော်သေးတယ်...

"ဒါပေမဲ့ ကိစ္စတွေက အဲ့လောက်ကြီးတော့ မရိုးရှင်းဘူး"

လုကျိုးက ခပ်နိမ့်နိမ့် ပျံသန်းလာကာ ဆက်ပြောလိုက်သည်။

“မင်းက နတ်ဆိုး ဖြစ်သွားပြီးတော့ သာမန်ကျင့်ကြံရေး နည်းလမ်းတွေက အသုံးမဝင်တော့ဘူး။ တိုက်စားရေးစွမ်းအင်က မင်းနဲ့ အပြီးတိုင် ပေါင်းစည်းသွားတဲ့အခါ မင်းက ကျင့်ကြံဆင့် အဆင့်တက်လှမ်းသွားလိမ့်မယ်"

နတ်ဆိုးဖြစ်သွားတာတဲ့လား...

တွမ့်မူရှန်းက ငေးမောနေမိသည်။ တကယ်တော့ သူက နတ်ဆိုးဖြစ်ခြင်း မဖြစ်ခြင်းကို ဂရုမစိုက်ပေ။

သူက ကျင့်ကြံရေးလမ်းစဉ်မှ သွေဖည်သွားခြင်း မဟုတ်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းက နှစ်ရာချီတိုင် မိစ္ဆာလမ်းစဥ်ဟု လူသိများခဲ့ကြသော်လည်း မည်သူမျှ ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူက အနည်းငယ် ဆုံးရှုံးသွားသလိုခံစားမိလေ၏။

"မင်း ခန္ဓာကိုယ်ထဲက စွမ်းအားတွေအကုန်လုံးနဲ့ အပြီးတိုင် ပေါင်းစည်းစေချင်တယ်ဆိုရင် အမည်မသိကုန်း‌မြေလိုမျိုး ပတ်ဝန်းကျင်နဲ့ စွမ်းအင်မျိုးကို လိုအပ်တယ်။ အဲဒါကြောင့် လုဝူကပဲ မင်းကို ကူညီပေးနိုင်လိမ့်မယ်။ မင်း ငြင်းဆန်လို့ရတယ်။ မင်းခန္ဓာကိုယ်ထဲက တိုက်စားရေးစွမ်းအင်တွေကို တိုက်ထုတ်ပေးမယ်"

လုကျိုး၏ စကားအဆုံးတွင် သူက တွမ့်မူရှန်းနှင့် လုဝူကို ကြည့်လိုက်သည်။ လုဝူက တွမ့်မူရှန်း အဆုံးအဖြတ်ကို စောင့်ဆိုင်းနေ၏။ ကျူးဟုန်ကုန်းက စိတ်နှလုံးသားထဲမှ တုန်လှုပ်မှုကို ဖျောက်ဖျက်ပြီးသည့်နောက်တွင် တွမ့်မူရှန်းဘေးနားသွားကာ ပြောလိုက်သည်။

"စန်းရှစ်ရှိုး မိစ္ဆာဝေဟင်မျှော်နန်းမှာနေတာ ပိုကောင်းမယ် ထင်တယ်။ အမည်မသိကုန်းမြေက အရမ်းကို အန္တရာယ်များတယ်။ ဒီမှာပဲ နေပါ"

တွမ့်မူရှန်းက တုံ့ဆိုင်းနေလေ၏။

အကယ်၍ ကျူးဟုန်ကုန်းသာ ဖြစ်ပါက သူက နေဖို့ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။ အမည်မသိကုန်းမြေကို သွားလာဖို့က ရွေးချယ်စရာ မဟုတ်ပေ။

"မင်းက ဘာတွေ တုံ့ဆိုင်းနေတာလဲ" လုကျိုးက မေးလိုက်သည်။

တွမ့်မူရှန်းက ပြောလိုက်သည်။

ရှစ်စွင်း တကယ်လို့ ကျွန်တော်သာ နတ်ဆိုးဖြစ်လာတယ်ဆိုရင် ကျွန်တော် ဖြစ်ပါဦးမလား။

ထိုစဉ် လုဝူက မိစ္ဆာဝေဟင်မျှောနန်းနှင့် မိုးမြေကို မတုန်လှုပ်စေနိုင်လောက်သည့် အော်သံလိုမျိုး ထုတ်လွှင့်လာခဲ့သည်။ ထို့နောက် သူက ပြောလိုက်သည်။

"မင်းက အမြဲတမ်း မင်းဖြစ်နေမှာပဲ။ တိုက်စားရေးစွမ်းအင်က တွမ့်မူ သွေးမျိုးဆက်ကို အသက်သွင်းပေးပြီးတော့ မင်းကို ခွန်အားပေးလိမ့်မယ်။ ဒါပေမဲ့ မင်းက အားနည်းတဲ့ စိတ်ခံစားချက် ရှိတယ်ဆိုရင်တော့ မေ့ထားတာ ကောင်းလိမ့်မယ်။ ငါက ငကြောက်တွေကို အမုန်းဆုံးပဲ"

"..."

ကျူးဟုန်ကုန်းက ခေါင်းမော့ကာ ကြည့်လိုက်သည်။

" အာ ငါက အဆူခံလိုက်ရတယ်လို့ ခံစားမိလိုက်တယ်"

လုဝူက ခပ်ဝဝ အနာဂတ်အထွတ်အထိပ်သက်ရှိကို ကြည့်ရင်း စကားကို ပြန်လည်ပြောလိုက်သည်။

"ငါ ပြောတာက ဆရာသခင် တွမ့်မူရဲ့ မျိုးဆက်တွေအတွက် ပြောတာပါ။ သူ့သွေးမျိုးဆက်တွေက မယိုင်လဲတတ်တဲ့ စိတ်သ‌ဘောထားရှိတဲ့သူဖြစ်သင့်တယ်” ထို့နောက် သူက ကျူးဟုန်ကုန်းကို ကြည့်ကာ ဆက်ပြောလိုက်၏။

"အဲဒါဆို ပြဿနာ မရှိတော့ဘူးလား"

ထို့နောက် တွမ့်မူရှန်းက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

"ရှစ်စွင်း ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်"

"မင်း သေချာတွေးပြီးပြီလား" လုကျိုးက အံ့အားသင့်ခြင်း မရှိပေ။

“ကျွန်တော် သေချာဆုံးဖြတ်ပြီးသွားပါပြီ။ ရှေ့ဆက်ရမဲ့လမ်းက ဆူးတွေနဲ့ ပြည့်နှက်နေမယ်ဆိုတာကိုလည်း သိပါတယ်။ ကျင့်ကြံ‌ရေးလောကမှာ ချောမွေ့နေတဲ့ လမ်းစဉ်ဆိုပြီးတော့ ဘယ်လိုလုပ်ရှိပါ့မလဲ။ တကယ်လို့ ကျွန်တော်သာ ဒီအခက်အခဲကို မကျော်လွှားနိုင်ဘူးဆိုရင် ကျင့်ကြံရေးလမ်းစဉ်ကို ဘယ်လိုလုပ် ဆက်လက်လျှောက်လှမ်းနိုင်ပါ့မလဲ။ ရှစ်စွင်းက ကျွန်တော့ဆုံးဖြတ်ချက်ကို သဘောတူပေးဖို့ မျှော်လင့်ပါတယ်” တွမ့်မူရှန်းက ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏

"ကောင်းပြီ။ အဲ့ဆိုလည်း သွားပါ"

လုကျိုးက လက်ကို ဆန့်ထုတ်လိုက်သည့်အချိန် သူ့လက်ထဲ နယ်ရှင်လှံက ပျံသန်းလာသည်။ ထို့နောက် သူက ပြောလိုက်သည်။

"မင်း မသွားခင် မနက်ဖြန်မနက်ကျရင် ငါ့ဆီကနေ ဒီလှံကို ပြန်လာယူလှည့်"

"ဟုတ်ကဲ့"

"..."

လုကျိုးက တစ်ညတာလုံး အချိန်ယူကာ နယ်ရှင်လှံကို လွှမ်းမိုးအဆင့်အဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည်။

...

နောက်တစ်ရက် မနက်ခင်း

မိစ္ဆာဝေဟင်မျှော်နန်းတွင် တပည့်များက စောင့်ဆိုင်းနေကြ၏။

လုဝူကလည်း စောင့်ဆိုင်းရင်းနှင့် စိုးရိမ်ပူပန်လာမိသည်။ သူက ရွှေကြာနယ်မြေတွင် အချိန်အတော်ကြာ နေနေသည့်အတွက် အလွယ်တကူ အာရုံဖမ်းစားနိုင်၏။ ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန်ထွက်သွားလိုမိသည်။

...

အရှေ့ဘက်မျှော်နန်းဆောင်

တွမ့်မူရှန်းက မလှုပ်မယှက် ဒူးထောက်လျက်ရှိကာ ကောင်းကင်မှ ထွက်ပေါ်လာသည့် နေမင်းကြီးကို မော့ကြည့်လိုက်မိသည်။ မိစ္ဆာဝေဟင်‌မျှော်နန်းမှ ထွက်သွားပြီးသည့်နောက်တွင် အချိန်အတော်ကြာ နေရောင်ခံစားဖူးသည့် နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်။

သူက ဆက်လက်ဒူးထောက်နေပြီး ရှစ်စွင်း ထွက်လာမည်ကို စောင့်နေလေသည်။ သို့သော် တစ်နာရီကြာဒူးထောက်ပြီးသည့်နောက်တွင်ပင် ရှစ်စွင်းက ပေါ်ထွက်မလာသေးပေ။

ဘန်း

အားကောင်းကောင်း လေဟုန်တစ်ချက်က အ‌ရှေ့ဘက်မျှော်နန်းဆောင်၏ တံခါးများကို ပွင့်ထွက်သွားစေကာ နယ်ရှင်လှံက လျှပ်စီးလိုအလျင်ဖြင့် ပျံသန်းလာပြီး တွမ့်မူရှန်းအရှေ့ရှိ မြေကြီးထဲ ထိုးစိုက်သွားသည်။

တွမ့်မူရှန်းက တောက်ပနေသည့် နယ်ရှင်လှံကို မယုံနိုင်စွာ ကြည့်လိုက်သည်။

ထိုစဉ် လုကျိုး၏အသံက ခန်းမထဲမှ ထွက်ပေါ်လာ၏။

"သွားတော့"

တွမ့်မူရှန်းက စိတ်ခံစားချက်ကို ပြန်လည်ထိန်းချုပ်ကာ နယ်ရှင်လှံကို ဆွဲကိုင်လိုက်ပြီး ရေပြင်ညီအတိုင်း ကိုင်ဆောင်လိုက်သည်။ ထို့နောက် ရှစ်စွင်းရှိရာဘက် သုံးကြိမ်တိုင်တိုင် ဝပ်တွားကန်တော့ခဲ့၏။

...

တွမ့်မူရှန်းက လုဝူကို မြင်ရဖို့ သိပ်မကြာလိုက်ပေ။ သူက ဘေးပတ်ပတ်လည်ကို ကြည့်ရင်း ကျန်သူများလည်း စုဝေးနေသည်ကို မြင်လိုက်ရ၏။

ယဲ့ထျန်းရှင်းက ဦးဆောင်လာပြီး ပြောလိုက်၏။

"စန်းရှစ်ရှိုး ဂရုစိုက်ပါ"

"တတိယသခင်လေး ပြန်လာတာကို စောင့်နေမယ်နော်"

အားလုံးက နှုတ်ဆက်စကား ဆိုလိုက်သည်။

တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ အားလုံးကို ပြောလိုက်သည်။

"အားလုံးပဲ ဂရုစိုက်ကြပါ”

ထို့နောက် လုဝူက အရှေ့ဘက်မျှော်နန်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာသခင်လု ဂရုစိုက်ပါ။ တခြားတစ်ဖက်က လူတွေကို စေလွှတ်လာနိုင်တယ်"

လုဝူက စကားအဆုံးတွင် ဧရာမ‌တောင်ကြီးသဖွယ် ကောင်းကင်အထက် ပျံသန်းထွက်သွားသည်။ အသက်ရှိုက်စာ အနည်းငယ်အတွင်း အနောက်တောင်ဘက်အတိုင်း ပျောက်ကွယ်သွားလေ၏။

...

အရှေ့ဘက်မျှော်နန်းဆောင်

လုကျိုးက အသုံးပြုပစ္စည်းကတ်များကို စစ်ဆေးကြည့်လိုက်သည်။ သူက သာမန် အသေရိုက်ချက်ကတ် တစ်ကတ်၊ အရေးပေါ် အထိအခိုက်ပြင်း ကာကွယ်ကတ်၊ ရုပ်ဖျက်ကတ်၊ အကြောင်းပြန်လှန်ကတ်နှင့် ပြန်လည်တည်ဆောက်ရေးကတ်တို့ကို ရှိထားလေသည်။ ပြောရလျှင် ဘေးကင်းဖို့ရာအတွက် သူက အသုံးပြုပစ္စည်းကတ်များ ဝယ်ရမည် ဖြစ်၏။

လုဝူပြောသည့်အတိုင်း သူတို့က အမည်မသိကုန်း‌မြေဆီသွားကာ ရုတ်ရုတ်သဲသဲဖြစ်အောင် ဖန်တီးခဲ့မိသည်။ အစိမ်းရောင်ကြာနယ်မြေက လူများကို စုံစမ်းဖို့ရာအတွက် သေချာပေါက် စေလွှတ်ကြလိမ့်မည်။

ဆရာသခင်များက မျှခြေဖြင့် ကန့်သတ်ခံထားရသော်လည်း သူတို့က တခြားသူများကို ကျူးကျော်ဖို့ မစေလွှတ်နိုင်ဘူးဟု ‌ဆိုလိုခြင်း မဟုတ်ပေ။ ထို့အပြင် အစိမ်းရောင်ကြာနယ်မြေမှ ရွှေကြာနယ်မြေဆီ ဦးတည်သည့် သင်္ကေတလမ်းကြောင်း ရှိသည် မဟုတ်ပါလော။

"ကြည့်ရတာ ငါက ဆရာသခင်ချင်နဲ့ ဆရာသခင်ယဲ့တို့နဲ့ ရန်သူ လုပ်မိတဲ့ပုံပဲ" လုကျိုးက ခေါင်းယမ်းလိုက်သည်။

‌‌ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် လုကျိုးက ပြစ်ချက်မဲ့ ကတ်သုံးကတ်နှင့် ပေါင်းစည်းရေးကတ်ကို ဝယ်ယူလိုက်သည့်အတွက် ကုသိုလ်ရမှတ် ၁၃၆၀၀၀ ကျသင့်သွားသည်။

အဆင့်မြင့် ပြစ်ချက်မဲ့ကတ်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။ အကယ်၍ သူသာ မွေးဖွားဇယား ၁၇ ခု သို့မဟုတ် ၁၈ခု ပညာရှင်များနှင့် တွေ့ဆုံရလျှင် အဆင့်မြင့် အသေရိုက်ချက်ကတ်ဖြင့်ပင် ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။အဆင့်မြင့် ပြစ်ချက်မဲ့ကတ်ကသာ ပြိုင်ဘက်ကင်းခြင်း၏ ဆယ်မိနစ်တာနှင့် ညီမျှလိမ့်မည်။ အကယ်၍ သူသာ ပြိုင်ဘက်ကင်းနေပါက အလွယ်တကူ လွတ်မြောက်နိုင်လိမ့်မည်။

" ငါက သုံးကြိမ်ပဲ ပေါင်းစည်းလို့ရတာ နှမြောစရာပဲ"

လုကျိုးက ပြစ်ချက်မဲ့ကတ်ကို ပေါင်းစည်းဖို့ အခွင့်အရေးတစ်ခုသာ ကျန်ရှိတော့သည်။

ထိုစဉ် လုကျိုး၏ စိတ်ထဲ တခြားသောကိစ္စများကိုစဉ်းစားနေလေ၏။

"အဲ့ဒီစွမ်းအားက ဘယ်ကနေ ရောက်လာတာလဲ"

စည်းမျဉ်းဥပဒေပေါ်မူတည်၍ ကမ္ဘာကြီးရှိ စွမ်းအင်အားလုံးက အရင်းအမြစ်နှင့် ဦးတည်ရာ ရှိတတ်ကြသည်။

သူ့စနစ်ကလည်း မူလအတိုင်းထိန်းသိမ်း‌ရေး စည်းမျဉ်း‌အောက်မှာရှိနေတာလား...

ဆရာသခင်က ဘယ်လောက်အားကောင်းလဲ။ တာအိုဆိုတာက ကဘာလဲ...

သူက အဖြေလိုအပ်သည့် မေးခွန်းများစွာ ရှိနေလေသည်။

…

အခန်း (၁၁၈၁) ဆရာသခင်လုရဲ့ ခြေရာလက်ရာများ

လုကျိုးက သူ့ရှေ့၌ လက်တစ်ဖက်မြှောက်လိုက်၏။ သူ၏လက်ထဲ၌ ကတ်တစ်ကတ်ပေါ်လာတော့သည်။

ကျင့်ကြံခြင်းကနေ ကျင့်ကြံသူတို့သည် သူတို့၏အကန့်အသတ်ကို ချိုးဖြတ်နိုင်ကာ သူတို့သက်တမ်း တိုးနိုင်လေ၏။ သူတို့အိုမင်းသည့်အသက်အရွယ်သို့ ပြန်ရောက်သွားအောင် နည်းလမ်းမျိုးစုံ သုံးနိုင်သော်ငြား ယင်းက အကြောင်းပြန်လှန်ကတ်၏အနှစ်သာရမဟုတ်ပေ။ ၎င်းက အချိန်ချေးငှားခြင်းနှင့် ပိုတူသည်။ ယနေ့ကနေ မနေ့သို့ ပြောင်းလဲသွားသည့်ပုံနှင့်တူ၏။ အချိန်နောက်ပြန်ဆုတ်သွားသည့်ပုံနှင့် ပိုတူသည်။

“တာအိုလိုခေါ်တဲ့အရာက အချိန်ကို ထိန်းချုပ်နိုင်တဲ့စွမ်းအားများလား” ခဏတဖြုတ်စဉ်းစားပြီးနောက် လုကျိုးသည် ခေါင်းခါလိုက်တော့သည်။ ယင်းက ချဲ့ကားရာရောက်လွန်းသည်။ မဖြစ်နိုင်လောက်ပေ။ သူက ထိုကိစ္စကို မစဉ်းစားတော့ဘဲ အပြာရောင်စိတ်ဝိညာဉ်ကိုဖွဲ့တည်လိုက်တော့သည်။

“တင်း ... နည်းလမ်းရှစ်သွယ်ဆက်နွယ်စိတ်ဝိညာဉ်သဏ္ဌာန် နောက်တစ်ဆင့်သို့ အဆင့်တိုးမြှင့်နိုင်ရန် နှစ်ပေါင်း၃၅၀၀ လိုအပ်ပါတယ်”

လုကျိုး၌ သက်တမ်း ၈၀၀၀ကျော် ရှိသောကြောင့် မည်သည့်စိုးရိမ်ပူပန်မှုမှမရှိဘဲ နောက်တစ်ဆင့်သို့ တိုးမြှင့်နိုင်သည်။

“အတိတ်တုန်းက ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်တာက ငါ့ရဲ့ခွန်အားကို တိုးစေတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ အခုငါလုပ်ဖို့လိုတာက ငါ့ရဲ့သက်တမ်းပြဿနာကို ဖြေရှင်းဖို့ပဲ။ ပြီးရင် ငါ့ရဲ့ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်နိုင်ပြီ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ နယ်ပယ်တစ်ခု ရောက်ပြီးရင် ကောင်းကင်ကျမ်းစာကို ဆက်လက်ဆင်ခြင်သင့်တယ်”

“အဆင့်မြှင့်မယ်”

ပြီးနောက် လုကျိုးသည် စနစ်မျက်နှာပြင်ပေါ်၌ သူ၏သက်တမ်းလျင်မြန်စွာလျော့ကျသွားတာကို တွေ့မြင်နေ၏။

တစ်ချိန်တည်းတွင် အသက်စွမ်းအင်တို့ စတင်စုဝေးလာကာ မိစ္ဆာဝေဟင်မျှော်နန်းပေါ်၌ ရစ်ဝဲလာတာကို တွေ့မြင်ရသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များနှင့် ဂိုဏ်းသားများက တစ်ချက်သာကြည့်ပြီး သူတို့ကိစ္စ သူတို့ ဆက်လုပ်ကြသည်။

အသက်စွမ်းအင်ဆက်လက်စုစည်းနေပြီး နောက်တစ်နေ့အထိ ရှိနေသည်။

လုကျိုးသည် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအင် တိုးလာတာကို ခံစားမိသည်။ အများအပြား တိုးမလာသော်ငြား တိုးတက်မှုဖြစ်နေသေးသည်။ ထို့အပြင် လက်ရှိ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က အတော်လေး အားနည်းနေသေးသည်။

“တင်း ... အသွင်ပြောင်းလဲမှုကိုးခု ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန် နောက်တစ်ဆင့်သို့ တိုးမြှင့်ရန် နှစ်ပေါင်း၅၀၀၀ လိုအပ်သည်”

“...”

သူ့၌ သက်တမ်း၅၂၀၀ကျန်သည်။ အကြောင်းပြန်လှန်ကတ်များဖြင့်တောင် သူ့၌ နှစ်များသိပ်မရှိပေ။ နောက်တစ်ဆင့် အဆင့်တက်ဖို့ စောင့်လိုက်တာပိုကောင်းမည်။

လုကျိုးသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို သိမ်းပြီးနောက် စနစ်မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်၏။ ကံစမ်းမဲနှိုက်ရန် အချိန်ကျလေပြီ။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ် ၅၀သုံးလိုက်ပါပြီ။ ပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် ၁မှတ်”

အကြိမ်၁၀၀ ကံစမ်းမဲနှိုက်ပြီးနောက် ပါဝင်မှုအတွက် အကြိမ်၁၀၀ ကျေးဇူးတင်ခံရပြီး လုကျိုးက အလွန် စိတ်ပျက်သွားတော့သည်။ ကံစမ်းမဲနှိုက်ခြင်းမှ ဆုလာဘ်တစ်ခုရနိုင်ခြေက နည်းသည်ထက်နည်းလာသည်။ အတိတ်တုန်းကသူသည် တစ်နေကုန်ကံစမ်းမဲနှိုက်ပြီးနောက် ဆုလာဘ်တစ်ခု ရနိုင်သေးသည်။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ် ၅၀သုံးလိုက်ပါပြီ။ ကံကောင်းမှတ် ၂၁၀သုံးလိုက်ပါပြီ။ ဖုံးကွယ်ခြင်းကတ် ၅ ကတ်”

“တင်း ... ဖုံးကွယ်ခြင်းကတ်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ အရှိန်အဝါနှင့် အရောင်ကို ဖုံးကွယ်ထားနိုင်ပါသည်။ တစ်ကြိမ်အသုံးပြုလျှင် ငါးရက်သာအသုံးပြုနိုင်ပါမည်”

“...”

ဖုံးကွယ်ခြင်းကတ်မရှိလျှင်တောင် လုကျိုးသည် သူ၏အရှိန်အဝါကိုဖုံးကွယ်ရန် နည်းလမ်းများစွာရှိ၏။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်အရောင် သို့မဟုတ် စွမ်းအင်ကို စိတ်ပူပန်စရာမလိုအပ်ပေ။ ထို့အပြင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် အားနည်းလွန်းသောကြောင့် ၎င်းကို သူအသုံးပြုနိုင်မှာမဟုတ်။ သူ၏ရွှေရောင်စွမ်းအင်ထဲ၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ဝှက်ထားနိုင်သည်။ တစ်စုံတစ်ခုက ဘာမှမရှိတာထက်တောင် ပိုကောင်းသေး၏။ သို့သော် ကံကောင်းမှတ်များ ကုန်သွားသဖြင့် အနည်းငယ် စိတ်ဓာတ်ကျနေမိသည်။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ် ၅၀သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် ၅ကတ် ရရှိပါတယ်”

နောက်ပိုင်းတွင် လုကျိုးက သူ၏ပါဝင်မှုအတွက် ကျေးဇူးတင်ရှိမှုသာ ရတော့သည်။

သူ့ကိစ္စပြီးနောက် တွမ့်မူရှန်းကို လေ့လာရန် အမြင်စွမ်းအားသုံးပြီးနောက် တွမ့်မူရှန်းနှင့် လုဝူတို့ လရောင်သစ်သားတောအုပ်ထဲ ပြန်ရောက်သွားတာကို မြင်သောအခါ စိတ်အေးသွား၏။

အမြင်စွမ်းအားကိုဖြတ်တောက်ပြီးနောက် သူသည် လရောင်တောအုပ်ထဲရှိ ရေကန်အောက်ခြေထဲမှ ရလာသည့် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာစာလိပ်ကို ရုတ်တရက်သတိရသွား၏။ ထိုသို့ဆိုလျှင် ဒုတိယမြောက် ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်က မည်သည့်နေရာတွင် ရှိသနည်း။

မွန်းတည့်ချိန်ရောက်ကာနီးသောအခါ လုကျိုးသည် ယဲ့ထျန်းရှင်း၊ ကျူးဟုန်ကုန်း၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို သင်္ကေတလမ်းကြောင်းကနေ အနီရောင်ကြာနယ်မြေထဲရှိ မြို့တော်သို့ ပြန်ခေါ်သွားသည်။

ပြီးနောက် လုကျိုးသည် ကံစမ်းမဲ ဆက်မနှိုက်တော့ပေ။ တွမ့်မူရှန်းကို လေ့လာရန် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး လျှို့ဝှက်ဆန်းကြယ်သည့်စာအုပ်၏ နတ်စွမ်းရည်အာနိသင်က ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ တွမ့်မူရှန်းနှင့် လုဝူတို့သည် လရောင်သစ်သားတောအုပ်သို့ ရောက်ပြီးဖြစ်၏။ ထို့ကြောင့် သူ စိတ်အေးနိုင်ပြီဖြစ်သည်။

ယဲ့ထျန်းရှင်းကမူ ချန်ဟွမ်းကို ခေါ်ချင်သည့်အကြောင်း ဆွေးနွေးစရာရှိသောကြောင့် စီးဝူယာ့ကို တွေ့ရန် ထွက်သွားသည်။

ရှောင်ယွမ်အာနှင့် ခရုလေးတို့က ခဏတာခွဲခဲ့ရသောကြောင့် ခဏအကြာ၌ အတူတကွ ဆော့ကစားတော့သည်။

အဆုံးကျ လုကျိုးနား ကျူးဟုန်ကုန်းသာလျှင် ကျန်ရစ်ခဲ့တော့သည်။

“မင်း ငါ့နောက် ဘာကြောင့်လိုက်နေတာလဲ” လုကျိုးကမေးကာ ဇဝေဇဝါဖြစ်သွား၏။

ကျူးဟုန်ကုန်းက ကြည့်လျက် ရယ်မောလိုက်သည်။ “ဘာ ဘာမှမဖြစ်ပါဘူး။ ရှစ်စွင်း အလုပ် အရမ်းများနေတယ်ထင်လို့ တပည့်ကူညီပေးချင်လို့ပါ။ ဟုတ်တယ် ... ရှစ်စွင်းမှာ ကူညီပေးမဲ့သူတစ်ယောက် မရှိတာဖြစ်ရမယ်”

“မဟုတ်ဘူး ... မင်း သွားလို့ရပြီ” လုကျိုးက အင်္ကျီလက်ကိုဝှေ့ယမ်းကာ တည်တံ့ရေးခန်းမထဲသို့ ဝင်သွားလိုက်သည်။

ကျူးဟုန်ကုန်း “...”

ကျူးဟုန်ကုန်းက လှည့်လာချိန်၌ မကျေမချမ်းအမူအရာဖြစ်နေစဉ် မုန့်ချန်းတုန်ရောက်လာတာကို တွေ့လိုက်ရ၏။ ကျူးဟုန်ကုန်းမပြောရသေးခင် မုန့်ချန်းတုန်က အမြန်ပြောလိုက်သည်။

“အဌမသခင်လေး ... ကျုပ် ခင်ဗျားကိုပြောဖို့လိုတာရှိတယ်”

ကျူးဟုန်ကုန်းသည် ထိုစကားများကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။

“ဘာကိစ္စလဲ ... မြန်မြန်ပြော။ ဘာပဲဖြစ်ဖြစ် ကျုပ် လုပ်စရာမရှိဘူး”

“ဒုတိယနဲ့ စတုတ္ထသခင်လေးတို့က လွန်ခဲ့တဲ့ရက်တွေတည်းက လေ့ကျင့်ရေးကွင်းထဲမှာ သခင်လေးကို စောင့်နေတာ။ သခင်လေးကို တွေ့ရင် အကြောင်းကြားပေးဖို့ ကျုပ်ကို ပြောထားတယ်” မုန့်ချန်းတုန်က ပြောလိုက်သည်။

ကျူးဟုန်ကုန်း

“အဌမသခင်လေး ဘာဖြစ်လို့လဲ”

“အဓိပ္ပာယ်မရှိလိုက်တာ”

ကျူးဟုန်ကုန်း၏ ပခုံးတို့ကျသွားပြီး ကျောက ညွတ်ကျသွားကာ မျက်လုံးက အသက်ကင်းမဲ့သွားလျက် လေ့ကျင့်ရေးကွင်းဆီသို့ လျှောက်သွားလိုက်သည်။ ကပ်ဘေးကိုရှောင်ရန် နည်းလမ်းမရှိတော့ပေ။

ပြီးနောက် မုန့်ချန်းတုန်သည် လုကျိုးမရှိစဉ် ဖြစ်သွားသောကိစ္စများကို လုကျိုးကို တင်ပြရန် တည်တံ့ရေးခန်းမထဲ ချက်ချင်းဝင်သွားလိုက်၏။

လုကျိုးသည် သတင်းပို့ချက်များကို နားထောင်နေစဉ် ခေါင်းကိုက်လာ၏။ သတင်းပို့ချက်များက ဤမျှအရေးမကြီးသောကြောင့် သူက ဖြတ်ပြောလိုက်သည်။

“နောင်ကျ ဒီကိစ္စတွေကို စီးဝူယာ့နဲ့လီယွင်ကျန်းကို ဖြေရှင်းခိုင်းလိုက်။ ငါ့ဆီသတင်းပို့ဖို့ မလိုဘူး”

“နားလည်ပါပြီ”

“ရှောင်ယွင်ဟယ်ဆီကနေ သတင်းရသေးလား”

မုန့်ချန်းတုန်က ဦးညွတ်ပြီးပြန်ပြောလိုက်သည်။

“ရပါတယ်။ မျှော်စင်သခင်ရှားက ရှားကျန်းလုံနဲ့တိုက်ပွဲအတွက် အာရုံစိုက်နေပါတယ်။ ရက်ပိုင်းအတွင်း တိုက်ပွဲရလဒ်သတင်းရလောက်တယ်။ သတင်းရတာနဲ့ ချက်ချင်းအကြောင်းကြားပါ့မယ်”

လုကျိုးက ခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။

“လုချန်းရှန်းကို ဆင့်ခေါ်လိုက်”

“နားလည်ပါပြီ”

အနက်ရောင်ဧကရာဇ်သည် ဟန်ဆောင်မှုများအားလုံး ခွာချပြီးနောက် လုချန်းရှန်းက သူ၏မိသားစုဝင်များကို ခေါ်လာပြီး တာ့ထန်သို့ ထွက်ပြေးလာလေ၏။ အနက်ရောင်ဧကရာဇ် သေဆုံးသွားပြီးသည့်တိုင် တာ့ယွမ်ရှိအခြေအနေများက မတည်ငြိမ်သေးသောကြောင့် သူ မပြန်နိုင်သေးပေ။ တာ့ယွမ်၏နောက်တက်မည့် ဧကရာဇ်ကမည်သူပင်ဖြစ်စေကာမူ လုချန်းရှန်းအတွက် သတင်းကောင်းမဟုတ်။ အကောင်းဆုံးနှင့် ဉာဏ်အရှိဆုံး လုပ်ရပ်က မိစ္ဆာဝေဟင်မျှော်နန်းကို တွဲကပ်ထားရန်ပဲဖြစ်သည်။

“နှုတ်ခွန်းဆက်ပါတယ် လုချန်းပေ့”

“ထိုင်” လုကျိုးက သူ့မျက်နှာချင်းဆိုင်ရှိနေရာကို သာမန်ကာလျှံကာကို ညွှန်ပြလိုက်၏။

“ကျုပ် ကျုပ် ရပ်နေတာပဲပိုကောင်းပါတယ်” လုချန်းရှန်းသည် သူ၏ဘိုးဘေးကိုမြင်သောအခါ ပျာယာခတ်နေပြီး အနေခက်သည်။

လုကျိုးက ကွေ့ဝိုက်ပြောမနေတော့ပေ။ “လုထျန်းထုံအကြောင်း ပြောဖို့ မင်းကို ဆင့်ခေါ်လိုက်တာ”

“ကျုပ်ရဲ့ဘိုးဘေးလား” လုချန်းရှန်းက ဇဝေဇဝါဖြစ်သွားတော့သည်။

“လုထျန်းထုံက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀၀တုန်းက မွေးဖွားခဲ့တာ။ သူက ဆရာသခင်တစ်ပါး။ ဆိုလိုတာက သူ မွေးဖွားစမ်းသပ်မှုသုံးခုကို ဖြတ်ကျော်ပြီးပြီ။ သူ့ရဲ့ထိတ်လန့်ဖွယ်ခွန်အားနဲ့ ကုန်းမြေကို ဦးဆောင်ခဲ့တယ်။ သူ့ရဲ့ အုပ်ထိန်းမှုအောက်မှာ ကုန်းမြေက ငြိမ်းချမ်းတယ်။ သူ ချန်ရစ်ခဲ့တာရှိလား”

လုကျိုးက မေးလိုက်၏။

လုချန်းရှန်းက မဝံ့မရဲမေးလိုက်သည်။

“ကျုပ်တို့ရဲ့ဘိုးဘေးက ဘာမှမမေးဘဲ ဆရာသခင်လုနောက်လိုက်ခဲ့တာ ပြောပြရမှာ ရှက်မိပါရဲ့။ ဆရာသခင်လု ထွက်သွားပြီးတဲ့နောက် လုမျိုးရိုးပြောင်းပြီး ဆရာသခင်လုကို ကိုးကွယ်ဖို့ ဘိုးဘေးခန်းမတည်ဆောက်ခဲ့တာပါ။ သူ ဘာမှ မချန်ခဲ့မှာစိုးတယ်”

“မှတ်စုတွေ၊ ကျင့်စဉ်တွေ၊ လက်နက်တွေ ဘာမှမကျန်ခဲ့ဘူးလား” လုကျိုးက မေးလိုက်၏။

လုချန်းရှန်းက ကူကယ်ရာမဲ့စွာခေါင်းညိတ်လိုက်သည်။ လုထျန်းထုံက တစ်စုံတစ်ခုချန်ရစ်ခဲ့မည်ဆိုလျှင် လုမျိုးနွယ်သည် ယခင်က တော်ဝင်ခုံရုံး၏ချောင်ပိတ်မှုကိုခံရမှာမဟုတ်ပေ။

လုကျိုးသည် လက်နောက်ပစ်လျက် ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ လုထျန်းထုံ ဘာမှမကျန်ခဲ့တာ မဖြစ်နိုင်။ ထူးဆန်းနေပုံပေါ်၏။

“အချိန်အတော်ကြာသွားပြီ။ ဆရာသခင်လုနောက် လိုက်ခဲ့တဲ့သူတွေကလည်း ဆုံးပါးသွားပြီ။ လုမျိုးနွယ်မှာရှိတဲ့ တစ်ခုတည်းသောအရာက ကျုပ်တို့ကို ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ခန်းတဲ့ ဆရာသခင်လုရဲ့ ပုံတူပန်းချီကားပါပဲ” လုချန်းရှန်းက ပြောလိုက်၏။

“ဒါပမဲ့ ဆရာသခင်လုက ဘာမမကျန်ထားပေမဲ့ ... ဆရာသခင်လုရဲ့အစီအရင်တစ်ခုက အေးစက်လေပြည်တောင်ကြားထဲမှာရှိတယ်လို့ ကောလာဟလထွက်ဖူးပါတယ်”

လုချန်းရှန်း၏ ဒါပေမဲ့ဟူသောစကားက လုကျိုးကို နှလုံးခုန်နှုန်းမြန်သွားစေသည်။ မည်သို့ပင်ဆိုစေ သူ၏အမူအရာမပြောင်းလဲဘဲမေးလိုက်၏။

“လုထျန်းထုံ ချန်ရစ်ခဲ့တဲ့ အခင်းအကျင်းလား”

“လုချန်းပေ့ ... မျှော်လင့်ချက် မမြင့်လိုက်ပါနဲ့။ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက အဲ့ဒီအစီအရင်ရှိရာဆီကို သွားရောက်လည်ပတ်ပြီးတာ ကြာပါပြီ။ ဒါ လျှို့ဝှက်ချက်မဟုတ်ဘူး။ ဒါ့အပြင် အဲ့ဒီနေရာကို ဘယ်သူမှ မစောင့်ကြပ်ဘူး။ အဲ့ဒီအစား ကျင့်ကြံသူတွေသွားရောက်လည်ပတ်ပြီး သူတို့ကိုယ်သူတို့ စမ်းသပ်ဖို့နေရာဖြစ်လာတယ်” လုချန်းရှန်းက ပြောလိုက်၏။

“အကြောင်းအရင်းမရှိဘဲ အစီအရင်တစ်ခု သူက ဘာကြောင့် ချန်ခဲ့တာလဲ” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။

“ဒါက...” လုချန်းရှန်းသည် ရှင်းပြဖို့ ခက်ခဲန၏။ အဆုံးကျ သူက ပြောလိုက်သည်။

“မျှော်နန်းသခင်လု ကိုယ်တိုင်သွားကြည့်လိုက်ရင်ကော”

...

အခန်း (၁၁၈၂) ထူးဆန်းသည့် အစီအရင်

ဘာမှမသိဘဲ ဆုံးဖြတ်လိုက်ခြင်းထက် သွားကြည့်သည်က ပို၍ကောင်းပေသည်။ ထိုအစီအစဉ်က လုထျန်းထုံနှင့် ပတ်သက်နေသည့်အတွက် လုကျိုးအနေဖြင့် လွှတ်မထားနိုင်ပေ။ ထိုနေရာတွင် မိုးမြေ၏ အချုပ်အနှောင်များနှင့် ပတ်သက်ပြီး သဲလွန်စ ရှာတွေ့နိုင်၏။

“ကောင်းပြီ ငါနဲ့အတူ လိုက်ခဲ့”

“ဟုတ်ကဲ့”

ထို့နောက်လုကျိုးနှင့် လုချင်းရှန်တို့က သင်္ကေတခန်းမကိုသွားကာ သင်္ကေတလမ်းကြောင်းမှတစ်ဆင့် အနက်ရောင်ကြာနယ်မြေဆီ ထွက်ခွာသွားကြသည်။

…

ထိုစဉ် အစိမ်းရောင်ကြာနယ်မြေ

ကြည်လင်ကောင်း‌ကင်တောင်ထိပ်

တောင်ခြေ၌ ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် တပည့်များစွာက ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။

တိမ်တိုက်များကြား ပုံရိပ်နှစ်ခုကို ခပ်ဝါးဝါး မြင်နေရ၏။

တပည့်များက ထိုပုံရိပ်နှစ်ခုကို မြင်တွေ့နိုင်သော်လည်း ဘာအသံမှ မကြားရပေ။

တိမ်တိုက်များကြား …

“ညီအစ်ကိုယဲ့ မင်းက အမည်မသိကုန်းမြေဆီ သွားတယ်လို့ သတင်းကြားထားတယ်” ဆရာသခင်ချင်က တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

ယဲ့ကျန်းက အဝေးရှိ တိမ်တိုက်များကို ကြည့်ရင်း ပြောလိုက်၏။

“ဂုဏ်ကျက်သရေ ကြီးမားတဲ့ ဆရာသခင်တစ်ယောက်အနေနဲ့ မင်းက နေရာတိုင်းမှာ သူလျှိုတွေ အများကြီး ရှိနေတာပဲ။ အရယ်ခံရမှာ မကြောက်ဘူးလား”

“အဲဒါက စိတ်ပျက်စရာကောင်းတဲ့ အရာလို့တော့ မခံစားမိပါဘူး” ဆရာသခင်ချင်က ပြန်ဖြေလိုက်သည်။

ယဲ့ကျန်းက အမူအရာကင်းမဲ့စွာ ပြန်ပြောလိုက်၏။

“တာအိုအကြောင်း ဆွေးနွေးရအောင်။ တခြားကိစ္စ‌တွေ ပြောဖို့မလိုပါဘူး”

“တာအိုအကြောင်းပြောရတာ နည်းနည်းပျင်းစရာ ကောင်းတယ်။ မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ရဲ့ အဖွဲ့ဝင် ၄၀က သားရဲလုဝူကြောင့် အသတ်ခံလိုက်ရတယ်လို့ ကြားတယ်” ဆရာသခင်ချင်က မေးလိုက်သည်။

ဆရာသခင်များက လူသားများဖြစ့်သည့်အတွက် ရံဖန်ရံခါ အတင်းတုပ်တတ်ကြသည်။ သူတို့တပည့်များရှေ့တွင်သာ သူတို့က ကြီးကျယ်မြင့်မြတ်ဟန် ပေါ်နေခြင်း ဖြစ်၏။

ယဲ့ကျန်းက ပြောလိုက်သည်။

“သူတို့သေဆုံးမှုက ငါနဲ့ မဆိုင်ဘူး။ မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့က တစ်နှစ်ပတ်လုံး စွန့်စားနေကြတာလေ။ သူတို့ သေသွားတာ မထူးဆန်းပါဘူး”

ဆရာသခင်ချင်က ပိုမိုသိချင်လာသည်။

“ညီအစ်ကိုယဲ့အနေနဲ့ သားရဲဧကရာဇ်တစ်ကောင်အတွက်များ လှုပ်ရှားဖို့ လိုလို့လား”

သူတို့က တိမ်တိုက်များကြား ရောက်ရှိနေသည့်အတွက် တစ်ယောက်နဲ့တစ်ယောက် မမြင်ရသော်လည်း အသံကို ကြားနိုင်လေသည်။

ဆရာသခင်များက သာမန်လူသားအကျင့်များကို မစွန့်လွတ်နိုင်ကြပေ။ သူတို့က မျှော်နန်းအတွင်း ဆွေးနွေးပွဲများ ရှိတတ်သလို ကောင်းကင်ထဲတွင်လည်း မြင့်မြင့်ပျံသန်းရင်း စကားပြောဆိုတတ်ကြသည်။

“သက်တမ်း ၄၀၀၀၀ ရှိတဲ့ လုဝူက ဘယ်အချိန်န်က သေးနုတ်သွားလို့လဲ”

“အဲဒါကြောင့် လွတ်သွားတာလား”

“မင်းက သူများကိစ္စတွေမှာ ဝင်စွက်ဖက်ရတာ သဘောကျနေတာပဲ” ယဲ့ကျန်းက စိတ်တိုစွာ ပြောလိုက်သည်။

ဒေါသထွက်နေသော်လည်း ဆရာသခင်ချင်က ရယ်ရယ်မောမောဖြင့်သာ ပြန်ပြောလိုက်သည်။

“အဲဆိုရင် ငါတို့တွေ လက်ရည်စမ်းကြည့်ကြမလား”

ထိုစကားများ ထွက်လာသည့်အခါ ဘယ်ဘက်တွင်ပျံသန်းလာသည့် တပည့်များမှ လက်နက်များနှင့် ဓားမော့၊ ဓားအားလုံးက ကောင်းကင်အထက် ပျံသန်းထွက်လာသည်။

ညာဘက်တွင် ရှိသည့် တပည့်များ၏ လက်နက်များကလည်း ပျံသန်းထွက်လာ၏။

သူတို့က အချင်းချင်း တွေ့ဆုံကာ တိုက်ခိုက်နေကြသည်။ ဘယ်သူက အရေးသာလဲ ပြောဖို့ရာ အခက်တွေ့လှ၏။ အကြိမ်ဒါဇင်ချီ တိုက်ခိုက်ပြီးသည့်နောက်တွင် ကောင်းကင်အထက် ပြည့်နှက်‌နေသည့် လက်နက်များက သူတို့၏ နဂိုနေရာ တပည့်များဆီ ပြန်လည်ရောက်ရှိသွားကြသည်။

“နှစ် ၁၀၀ ကုန်ဆုံးသွားပြီ။ ဒါပေမဲ့ နည်းနည်းလေးမှ တိုးတက်မလာသေးဘူးပဲ” ဆရာသခင်ချင်က ပြောလိုက်သည်။

“အဲဒါက မင်းအတွက်လည်း အတူတူပါပဲ”

“အဲဆိုတော့ လုဝူရဲ့ အသက်ဓာတ်နှလုံးသားကို လိုချင်နေတာလား” ဆရာသခင်ချင်က မေးလိုက်သည်။

“အဲဒီသားရဲက မြန်လွန်းတာတော့ ကံဆိုးတာပဲ” ယဲ့ကျန်းက မငြင်းပေ။

ဆရာသခင်ချင်က ပြောလိုက်၏။

“မိုးကောင်းကင်ဆီက အပြစ်ပေးခံရမှာကို မကြောက်ဘူးလား”

ယဲ့ကျန်းက ဆရာသခင်ချင်၏ စကားနောက်ကွယ်မှ ဆိုလိုရင်းကို သဘောပေါက်လိုက်၏။

သို့သော်လည်း သူကပြောလိုက်၏။

“ငါ့အကြောင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး”

“ငါ့ဆီမှာ အကြံပြုစရာတစ်ခု ရှိတယ်” ဆရာသခင်ချင်က ပြောလိုက်သည်။

“တာအိုအကြောင်းပဲ ပြောရအောင်။ တခြားကိစ္စတွေ ပါမလာနဲ့”

“နောက်ထပ် နည်းနည်းထပ်ပြီး တိုက်ရအောင်”

ဤတစ်ကြိမ် ဝေဟင်အထက် ကြယ်တာရာဒိုင်ခွက်တစ်ခု ပေါ်ထွက်ဘာသည်။

အလင်းတန်းက ရှေ့နောက်ပြေးလွှားရင်း ၁၅မိနစ် ကြာမြင့်ပြီးသည့်နောက်တွင် အလင်းတန်းက ပျောက်ကွယ်သွား၏။

အောက်တွင်ရှိနေသည့် တပည့်များက တမေးတမော ကြည့်နေကြသည်။

ဆရာသခင်ချင်က ပြောလိုက်၏။

“မင်းက မဟာလေဟာနယ် မျိုးစေ့တွေအကြောင်း သဲလွန်စရှိထားတယ်ဆိုတာ သိတယ်”

ယဲ့ကျန်းက မျက်မှောင်ကြုတ်လိုက်၏။

“မြေခွေးအိုကြီး မင်းတို့ရဲ့ ချင်မျိုးနွယ်က တခြားဘက်မှာ သင်္ကေတလမ်းကြောင်း အများကြီး ချန်ထားတာကို မသိဘူးလို့များ ထင်နေလား”

“ငါက မင်းလိုမျိုး စည်းမရှိကမ်းမရှိ မှတ်နေလား။ ငါကငါ့ကိုယ်ငါ ချုပ်ထိန်းပြီးတော့ မျှခြေအပေါ် လိုက်နာတယ်။ တခြားဘက်ကို အကြောင်းအရင်းမရှိဘဲ သွားမှာမဟုတ်ဘူး” ယဲ့ကျန်းက ပြောလိုက်သည်။

“တကယ်လို့ တခြားသူတွေ မင်းရဲ့ ညစ်တီးညစ်ပတ် ကိစ္စတွေကို မသိစေချင်ရင် ဘာမှမလုပ်တာ ကောင်းလိမ့်မယ်။ တခြားသူတွေက ချင်မော့ရှန်းရဲ့ ‌‌မွေးဖွားဇယားချပ် တစ်စုံတစ်ယောက်ကြောင့် ပျက်စီးသွားတယ်ဆိုတာကို မသိဘူးလို့များ ထင်နေလား”

“အဲဒီကောင်လေးက ကံဆိုးရုံပါ။ ငါကသူ့ကို အပြစ်ပေးပြီးသွားပြီ။ ချင်မျိုးနွယ်ရဲ့ အငယ်တစ်ယောက်က အမှားလုပ်တာနဲ့ မင်းလို အပြင်လူတစ်ယောက်က သူ့ကို အပြစ်ပေးဖို့ ရည်ရွယ်နေတယ်လို့တော့ လာမပြောနဲ့နော်”

ကံဆိုးစွာဖြင့် ဆရာသခင်နှစ်ယောက်က အသံပို့ဆောင်ကာ ပြောဆိုနေသည့်အတွက် မည်သူကမှ ထိုစကားဝိုင်းကို မကြားကြပေ။

သူတို့က ဆရာသခင်များနှင့်မတူဘဲ လူမိုက်နှစ်ယောက် စကားပြောသလိုမျိုး ဖြစ်နေသည်။

ယဲ့ကျန်းက ဆက်ပြောလိုက်၏။

“မင်းတစ်ယောက်တည်း မဟာလေဟာနယ်မျိုးစေ့ကို လိုချင်နေတာ မဟုတ်ဘူး။ အထွတ်အမြတ်ခန်းမကလည်းစောင့်နေတာ”

မဟာလေဟာနယ်မျိုးစေ့က လွန်ခဲ့တဲ့နှစ်၃၀၀က ပျောက်ဆုံးသွားခဲ့သည်။ သူတို့က ရှာမတွေ့သေးသည့်အတွက် သူတို့က ပေါ်လာမည့်အချိန်ကိုသာ လူအားလုံးက စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။ မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသည့်သူများက ထူးကဲဖို့ရာ ကံကြမ္မာဖန်လာပြီသား ဖြစ်၏။

“တချို့သူတွေက စိတ်မရှည်လောက်တော့ဘူး။ သစ်သီးက မရင့်မှည့်သေးပေမဲ့ သူတို့တွေက သစ်သီးကို ခူးဖို့ မစောင့်နိုင်ကြတော့ဘူးလေ” ဆရာသခင်ချင်က ပြောလိုက်သည်။

“လျှောက်ပြောမနေနဲ့။ အလေးအနက် ပြောစမ်း”

ထိုစကားများပြောလိုက်သည့်အခါ ဧရာမစိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ပေါ်ထွက်လာသည်။

…

အနက်ရောင်ကြာနယ်မြေ၏ အေးစက်လေပြည်တောင်ကြား

လုကျိုးနှင့် လုချင်းရှန်တို့က ထိုနေရာသို့ ပျံသန်းလာပြီးသည့်နောက်တွင် တောင်ကြားအဝင်ဝသို့ ရောက်ရှိလာကြသည်။ သူတို့က လူများစွာသည် ရှေ့နောက် ပျံသန်းနေရင်း အသက်ဝင်လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။

“အစီအရင်က ထူးဆန်းပေမဲ့ ထိခိုက်မှုတော့ မရှိဘူး။ ဒဏ္ဍာရီတွေထဲမှာတော့ ဆရာသခင်လုက သူ အနားယူရင်းနဲ့ ဒီမှာအစီအရင်ကို ချန်ထားခဲ့တယ်လို့ ပြောဖူးတယ်” လုချင်းရှန်က ပြောလိုက်သည်။

“ဒါကို မြွေလိမ်မြွေကောက် ၉သွယ်အစီအရင်လို့ခေါ်တယ်။ ဒီအစီအရင်ထဲ ဝင်လိုက်တာနဲ့ လမ်းကြောင်းတွေက သွေဖည်ပြီးတော့ ပြောင်းလဲသွားလိမ့်မယ်။ ပြီးသွားရင် လမ်းပျောက်သွားမယ်။ ဘုံတစ်ထောင်လေပွေအဆင့်အထက် ကျင့်ကြံသူတွေကပဲ အစီအရင်ရဲ့ ဗဟိုချက်အထိ ဝင်ရောက်နိုင်လိမ့်မယ်”

“ဘုံတစ်ထောင်လေပွေအဆင့်အထက်က ကျင့်ကြံသူတွေပဲ အလယ်ဗဟိုချက်ထိ ဝင်နိုင်မှာတဲ့လား” လုကျိုးက နားမလည်နိုင်ဖြစ်သွားမိသည်။ အခက်အခဲက နည်းပါးလွန်းသည့်အတွက် အံ့ဩလောက်ဖွယ် အစီအရင်မျိုး မဖြစ်သင့်ပေ။

သူက လှုပ်ရှားဖို့ တွေးလိုက်မိသည်။

ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် သူက ‌ဤသည်က ကောင်းသည့် ကိစ္စတစ်ခုဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။

သူက ထင်ထင်ပေါ်ပေါ် မနေလိုဘဲ သိုသိုသိပ်သိပ်သာ နေလိုသည်။

လုချင်းရှန်က ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ ဒီအစီအရင်နဲ့ ပတ်သက်ပြီးတော့ ထူးခြားနေတဲ့ အရာမရှိဘူးလို့ ပြောရတာပေါ့။ ဂိုဏ်းကြီးတွေအားလုံးက လေ့လာပြီးတာ ကြာလှပြီလေ”

“အဲဆိုရင် ပျင်းစရာကောင်းနေမှာ မဟုတ်ဘူးလား။ ဒီအစီအရင်က စိန်ခေါ်မှုအတွက်တောင် မဟုတ်ဘူး”

တောင်ကြား၏ ဆင်ခြေလျှောက အစိမ်းရင့်ရင့်မြက်များဖြင့် ပြည့်နှက်နေသည်။ အစိမ်းရင့်ရင့်မြက်များက မျက်လုံးဖြင့် မြင်နိုင်သလောက် ကြီးမားနေ၏။

ဤတစ်ကြိမ် ကျင့်ကြံသူများစွာက ထိုဆင်ခြေလျှောကို ဆင်းချည်တက်ချည် ‌ပြုလုပ်နေကြသည်။ တချို့ အားနည်းသူများကပင် မြင့်မြင့်ထိတက်ပြီး မမြင်နိုင်ဖွယ် စွမ်းအားတစ်ခုကြောင့် ဆွဲချခံလိုက်ရသည်။

တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်၏။

“နောက်တစ်ခေါက် ထပ်လုပ်မယ်”

လုချင်းရှန်က ကျင့်ကြံသူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“အဲဒါက လေ့ကျင့်ဖို့ လာကြတဲ့ ဂိုဏ်းကြီးကြီးတွေက တပည့်တွေလေ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ ထိုစဉ်သူက မေးလိုက်၏။

“အဲဒါက ဘာလဲ”

တောင်ကြားအဆုံးတွင် မီတာ ၃၀မြင့်မားသည့် ကျောက်တိုင်လုံးတစ်ခု ရှိနေသည်။ ထိုကျောက်တိုင်လုံးက မော်ဒန်ခေတ်ကာလရှိ လျှပ်စစ်တိုင်ထက် ပိုတုတ်ကာ ပိုခိုင်မာဟန်ပေါ်သည်။

“အဲဒါက အဆုံးသတ်နေရာလေ” လုချင်းရှန်က ပြောလိုက်သည်။

“အဲဒီနေရာကို ရောက်တဲ့သူတွေကပဲ ဘုံတစ်ထောင်လေပွေအဆင့်ကို ဝင်နိုင်မှာ”

“အဲလိုလား”

“အဲလိုတော့ သူတို့တွေပြောကြတာပဲ။ အမှန်လားတော့ မသိဘူး။ လုချန်းပေ့ရဲ့ ရှေ့မှာတော့ ဒီအစီအရင်က ကလေးကစားစရာပဲ နေမှာပါ” လုချင်းရှန်က ပြောလိုက်သည်။

လုကျိုးက သက်ပြင်းချလိုက်၏။ လုထျန်းထုံက ဤအစီအရင်ကို ချန်ထားခဲ့သည်ဆိုလျှင်ပင် သူ့အနေဖြင့် အစီအရင်ထဲမှ သဲလွန်စများကို တွေ့နိုင်မည် မဟုတ်ပေ။

“လုချန်းပေ့ ဘာလို့ ကြိုစားမကြည့်တာလဲ” လုချင်းရှန်က လက်ကို ဖိတ်ကြားသည့်ဟန်ပန် ပြုလုပ်လိုက်သည်။

“ဒီလိုရိုးရှင်းတဲ့ အစီအရင်မျိုးက ပျင်းစရာကောင်းတယ်။ ကြိုးစားကြည့်နေဖို့ မလိုဘူး” လုကျိုးက ခေါင်းယမ်းလိုက်၏။ သင်္ချာပါရမီရှင်တစ်ယောက်အား အပေါင်းအနှုတ် အမြှောက်အစား မေးခွန်းများကို ပေးသလိုမျိုး အဓိပ္ပာယ်မဲ့ကာ ပျင်းဖို့ကောင်းနေသည်။

ဘန်း ဘန်း ဘန်း

ထိုစဉ် လမ်းတစ်ဝက်တွင် ရှိနေသည့် လူငယ်ကျင့်ကြံသူက ပြန်လည်လျောကျလာ၏။

“ဟေး ဘာဖြစ်သွားတာတုန်း”

“နောက်တစ်ကြိမ်”

ကျင့်ကြံသူများစွာက ထပ်မံပြေးသွားကြသည်။

ဤသို့ဖြင့် လမ်းတစ်ဝက်ရောက်လိုက် ပြုတ်ကျလိုက်ဖြင့် ထပ်မံလည်ပတ်နေသည်။

All Chapters