← Chapters

အခန်း (၁၁၈၃-၁၁၈၅)

Vol. 79 Ch. 1183-1185

အခန်း (၁၁၈၃-၁၁၈၅)

Vol. 79 Ch. 1183-1185

အခန်း (၁၁၈၃) သူက ဘာကြောင့်အဆင်ပြေနေတာလဲ

လုကျိုးသည် မြွေလိမ်မြွေကောက်အစီအရင်ကို ကြည့်ပြီးနောက် စိတ်မဝင်စားတော့ပေ။ တစ်ချက်ကြည့်ပြီး အဆုံးကို မြင်နိုင်၏။ ယင်းက စိန်ခေါ်မှုတစ်ရပ်မဟုတ်ပေ။ ၎င်းသည် လုထျန်းထုံချန်ရစ်ခဲ့သည့် သာမန်အစီအရင်လေးတစ်ခုမျှသာဖြစ်ကြောင်း ခန့်မှန်းမိ၏။ သို့သော် သူ ထွက်သွားတော့မည့်အချိန်တွင် ငယ်ရွယ်သည့် ကျင့်ကြံသူလေးများနောက်သို့လွင့်ထွက်သွားသောအခါ တစ်စုံတစ်ခုလွဲချော်သည်ဟု ခံစားမိ၏။

အစောတုန်းက ကျင့်ကြံသူများသည် အလွန်စိတ်အေးလက်အေးဖြစ်နေသေးသည်။ သို့သော် အခင်းအကျင်း၏ အတက်အကျက အနည်းငယ်မူမမှန် ယင်းကသာမန် အစီအရင်တစ်ခုနှင့်မတူပေ။

လုကျိုးသည် အစီအရင်များနှင့် အတော်အတန်ရင်းနှီးသည်။ သူ၏အတွေ့အကြုံနှင့် အလိုလိုသိစိတ်ကို အခြေခံပြီး တစ်ချက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အစီအရင်၏ဖိအားက တိုးလာ၏။ ကျင့်ကြံသူများစွာ လွင့်ထွက်သွားပြီးနောက် တဝက်သို့လွင့်ထွက်သွား၏။ မမြင်ရသည့်ဖိအားက ပိုတောင် သန်မာလာသည်။ အစောတုန်းက အဆုံးသတ်မျဉ်းနားရောက်ခါနီးပြီဖြစ်သည့် ကျင့်ကြံသူတချို့ကဆို လမ်းတဝက်ထိတောင် လွင့်ထွက်သွားကြသည်။

ကျင့်ကြံသူလေးတစ်ဦးက မြေပြင်ကနေ လူးလဲထပြီးပြောလိုက်သည်။

“ဟမ် ... ဒါ တကယ်ထူးဆန်းတာပဲ။ ဒီလိုဖြစ်နေတာ မူမမှန်ဘူး”

“မင်းပြောတာမှန်တယ်။ ဒါ တကယ်ထူးဆန်းတယ်။ ပိုပြီးသန်မာလာသလိုပဲ”

ကျင့်ကြံသူလေးများက သတိထားနေ၏။

“မင်းရဲ့ကျင့်ကြံဆင့်က ဘယ်လောက်လဲ”

“ငါ့မှာပွင့်ချပ်ကိုးလွှာရှိတယ်”

“ငါ့မှာ ပွင့်ချပ်ရှစ်လွှာရှိတယ်”

“ပွင့်ချပ် ခြောက်လွှာ”

“ပွင့်ချပ် ဆယ်လွှာ”

ဤအစီအရင်၏ ထူးဆန်းသောအပိုင်းက လူတစ်ယောက်၏လက်ရှိကျင့်ကြံဆင့်ကို အကဲဖြတ်တာ မဟုတ်ဘဲ မိမိ၏မွေးရာပါကျင့်ကြံမှုပါရမီကို အကဲဖြတ်ပေးတာဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အဓိကဂိုဏ်းကြီးများသည် အစီအရင်ကို တဖြည်းဖြည်းချင်း လေ့လာပြီးနောက် သဲလွန်စတချို့ကို ရှာတွေ့ခဲ့သည်။ အစီအရင်သည် ဘုံတစ်ထောင်လေပွေကျင့်ကြံသူ ဖြစ်လာနိုင်စွမ်းရှိသည့်သူများကို ရွေးချယ်နေပုံပေါ်၏။ အစီအရင်၏ ထူးဆန်းမှုကြောင့် သူတို့ကိုယ်သူတို့ စမ်းသပ်ရန်နေရာတစ်ခု ဖြစ်လာ၏။ ထပ်တလဲလဲဆုံးနိမ့်မှုကို ခံစားသည့်ကျင့်ကြံသူများ မချို့တဲ့ပေ။

“ငါက ဘုံတစ်ထောင်လေပွေအဆင့်မှာ” လူရွယ်တစ်ယောက်က မြွေလိမ်မြွေကောက်ကိုးခုအစီအရင်ကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်ကာ မျက်မှောင်ကျုံ့လျက်ပြောလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ချန်းပေ့”

လူငယ်လေးများစွာက လူရွယ်ဖက်လှည့်ကာ ဦးညွှတ်လိုက်၏။

“ခင်ဗျားကော အစီအရင်ကနေငြင်းဆန်ခံရတာလား”

လူရွယ်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

“အစီအရင်ရဲ့ခက်ခဲမှုတိုးလာတာ ဖြစ်လောက်တယ်။ ငါ ထပ်စမ်းကြည့်လိုက်မယ်”

လူတိုင်းက လူရွယ်အတွက် လမ်းဖယ်ပေးလိုက်သည်။ လူရွယ်က အစီအရင်အလယ်ဆီသို့ ခုန်တက်လျက် ပျံသန်းသွားသည်။

ပျံသန်းနေစဉ် တဝက်၌ လူရွယ်သည် သူ့ကို ဧရာမဖိအားတစ်ခုဆန့်ကျင်နေတာကို ခံစားမိပြီး ဖိအားကို ပိတ်ဆို့ရန် သူ၏ကြယ်တာရာဒိုင်ခွက်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။

“ချန်းပေ့ ... တောင့်ထား” တစ်စုံတစ်ယောက်က အော်လိုက်သည်။

လူရွယ်က ကြယ်တာရာဒိုင်ခွက်ကို ကိုင်ထားကာ ရှေ့ဆက်တိုးလိုက်သည်။ ကြယ်တာရာဒိုင်ခွက်က တဝီဝီမြည်နေလျက် မီတာရာချီအကွာအထိ ရှေ့ဆက်တိုးနေ၏။ သူ၏အရှိန်ကလည်း မြန်ဆန်လာသည်။ သူက အဆုံးသတ်မျဉ်းကို လျင်မြန်စွာ ချဉ်းကပ်လာ၏။

“သူ အောင်မြင်တော့မယ်ထင်တယ်”

လူတိုင်း အပျော်လွန်သွား၏။

လူရွယ်က မမြင်ရသောဖိအားကိုပိတ်ဆို့ရန် သူ၏ကြယ်တာရာဒိုင်ခွက်ကို သုံးလျက် သူ၏အရှိန်က မြန်ဆန်သည်ထက် မြန်ဆန်လာ၏။ သူသည် ကျောက်တိုင်ရှေ့ရှိအဆုံးသတ်မျဉ်းနားရောက်သောအခါ သူ ဆင်းသက်လျက် ဟန်ချက်ထိန်းရန် မြေပြင်ပေါ် ခြေဆောင့်နင်းလိုက်သည်။

“အောင်မြင်သွားပြီ”

“ချန်းပေ့ အံ့ဩဖို့ကောင်းတာပဲ”

ကျင့်ကြံသူလေးများက လူရွယ်ကိုတလေးတစားကြည့်လိုက်သည်။ လူရွယ်က ပြောလိုက်သည်။

“ခက်ခဲမှုက အနည်းငယ်တိုးလာတဲ့ပုံပဲ။ လမ်းတဝက်မှာ ဖိအား ပိုများလာပေမဲ့ အရာအားလုံးတူညီနေတုန်းပဲ”

လူငယ်ကျင့်ကြံသူများက ခေါင်းညိတ်လိုက်၏။

လုကျိုးက အစီအရင်ကို ဆက်ကြည့်လိုက်သည်။ သူက ရုတ်တရက်ပြောင်းလဲမှုသည် အနည်းငယ်ထူးဆန်းကြောင်း ရှာတွေ့သွားသောကြောင့် ပြောလိုက်၏။

“လုချန်းရှန်း ... ဒါက မင်းဘိုးဘေးရဲ့အစီအရင်ပဲ။ မစမ်းကြည့်တော့ဘူးလား”

လုချန်းရှန်းက ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ် ... လုချန်းပေ့ ပြောတဲ့အတိုင်း ဒီအစီအရင်က ရိုးရှင်းပြီး ပျင်းစရာကောင်းလွန်းတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ဘိုးဘေးချန်ခဲ့တာဆိုတော့စမ်းကြည့်ချင်ပါတယ်”

လုချန်းရှန်းက အစီအရင်နားချဉ်းကပ်လာသောအခါ လူငယ်ကျင့်ကြံသူလေးများစွာက သူ့နားစုဝေးလာ၏။

“မြွေလိမ်မြွေကောက်ကိုးခုအစီအရင်ကို စိန်ခေါ်ဖို့ ခင်ဗျားကော ဒီရောက်လာတာလား”

လုချန်းရှန်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ဒါပေမဲ့ ဒါက မြွေလိမ်မြွေကောက်အစီအရင်လေးပဲလေ။ စိန်ခေါ်တယ်ဆိုတဲ့စကားကို သုံးဖို့မလိုဘူး”

ထိုစကားများကို ကြားသောအခါ လူငယ်ကျင့်ကြံသူများက သူတို့ရှေ့ကလူသည် ပညာရှင်တစ်ယောက်ဖြစ်မည်မှန်းသိလိုက်၏။

“ကောင်းပြီ ... ဒါဆို ခင်ဗျားသွားတော့”

လူငယ်ကျင့်ကြံသူလေးများက လုချန်းရှန်းအတွက် လမ်းဖယ်ပေးလိုက်၏။

လုချန်းရှန်းက ပြောလိုက်သည်။

“မြွေလိမ်မြွေကောက်ကိုးခုအစီအရင်က စိတ်ရှုပ်ထွေးပြီး အာရုံထွေပြားအောင်လုပ်နိုင်ဖို့ အကွေ့ကိုးခုရှိတယ်”

လုချန်းရှန်းက လက်ဆန့်ထုတ်ပြီး ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။

“ဘုံတစ်ထောင်လေပွေပညာရှင်” လူတိုင်းထုတ်ပြောလိုက်သည်။

လူရွယ်က ကျောက်တိုင်ရှေ့တွင်ရပ်လျက် လုချန်းရှန်းကို အထိတ်တလန့်ကြည့်လိုက်သည်။

ယနေ့တွင် အေးစက်လေပြည်တောင်ကြားထဲ၌ စည်ကားနေ၏။ ဘုံတစ်ထောင်လေပွေ ပညာရှင်နှစ်ယောက်တောင် ရှိနေသည်။

လုချန်းရှန်းသည် အစီအရင်တဝက်သို့လွယ်လင့်တကူရောက်သွားသည်။ သူက လှည့်ပြောလိုက်၏။

“အခုကစပြီး မင်းက ပါရမီရှိလေလေ မင်းရဲ့အထုံပါရမီက မြင့်လေ ရှေ့ဆက်သွားဖို့ ပိုလွယ်ကူလေပဲ”

ထင်သည့်အတိုင်းပင် လုချန်းရှန်းသည် အစီအရင်၏အခက်အခဲဆုံးအပိုင်းကို အလွယ်တကူ ဖြတ်ကျော်ပြီး ကျောက်တိုင်ရှေ့သို့သွားလိုက်၏။ မမြင်ရသောဖိအားက သူ့အား သက်ရောက်စေပုံမပေါ်။

လုချန်းရှန်းက အဆုံးသတ်မျဉ်းနားရောက်သောအခါ လူရွယ်က လက်သီးဆုပ်မိုးပြီးပြောလိုက်၏။

"ဒီနေရာမှာ ပညာရှင်တစ်ယောက်နဲ့တွေ့ရမယ်လို့ မထင်ထားဘူး။ ကျုပ်ကိုကျုပ်အရူးလုပ်မိတာပဲ”

လုချန်းရှန်းက လက်ဝှေ့ယမ်းကပြောလိုက်သည်။

“ဒီလိုပြောဖို့မလိုဘူး။ မပြောပလောက်ဘူး”

မှန်ပေ၏။ လုကျိုးရှေ့၌ လုချန်းရှန်းက ကြွားလုံးမထုတ်ရဲချေ။

ထိုစဉ် လူငယ်ကျင့်ကြံသူများ၏ယုံကြည်ချက်သည် အစောတုန်းက လူနှစ်ယောက်အဆုံးသတ်မျဉ်းဆီ ရောက်ခဲ့တာကို မြင်သောအခါ ယုံကြည်ချက်မြင့်တက်လာ၏။ ရုတ်တရက် .....

ဘီး ဘီး ဘီး

ကျောက်တိုင်များ ရုတ်တရက်စတင်လည်ပတ်လာပြီး တဝီဝီအသံမြည်လာသည်။

လုချန်းရှန်းနှင့် လူရွယ်တို့မှင်တက်သွားလေ၏။ သူတို့က ဧရာမကျောက်တိုင်ကို မှင်တက်စွာကြည့်နေသည်။

ကျောက်တိုင်က လျင်မြန်စွာလည်ပတ်နေ၏။ မြန်ဆန်လွန်းသဖြင့် ကျောက်တိုင်ပေါ်၌ လေပွေတစ်ခုဖြစ်ပေါ်လာသည်။ ကျောက်တိုင်က လေပွေ၏အလယ်ကို ချိန်ရွယ်နေတာဖြစ်သည်။

ပိုတောင်အားကောင်းသည့်ဖိအားက ရုတ်တရက်ပေါ်ထွက်လာပြီး လုချန်းရှန်းနှင့် လူရွယ်ဆီတိုးဝင်သွားသည်။ သူတို့နှစ်ယောက်သည် ကြောက်လန့်မှုကြောင့်ဖြူဖျော့သွားကာ ဖိအားကို ခုခံရန် ကြယ်တာရာဒိုင်ခွက်ကို အမြန်ထုတ်ယူလိုက်၏။

“တစ်ခုခုမှားနေပြီ”

“နောက်ဆုတ်ကြ ... နောက်ဆုတ်ကြ” လူငယ်ကျင့်ကြံသူလေးများက ကျောက်တိုင်ကို ကြောက်လန့်တကြား ကြည့်နေကြ၏။ လုကျိုးသာလျှင် သူ့နေရာတွင်ရပ်နေသည်။ တစ်စုံတစ်ခု မှားနေသည်ဟု ခံစားရသည့်အချက်က ပိုတောင်အားကောင်းလာ၏။

ထိုစဉ် လုကျိုးရှေ့တွင် လူငယ်လေးတစ်ယောက်က ရဲစွမ်းသတ္တိရှိစွာရပ်နေလျက် မမြင်ရသည့်ဖိအားကို ပိတ်ဆို့ပေးထားလိုက်သည်။

“ညီနောင် ... နောက်ဆုတ် ဂရုစိုက်တာအကောင်းဆုံးပဲ”

“မင်း ငါ့ကိုညီနောင်လို့ခေါ်လိုက်တာလား” လုကျိုးက လူငယ်ကို တစ်ချက်ကြည့်လိုက်သည်။

လူငယ်ကပြောလိုက်၏။

“ဒီကိုလာတဲ့လူတွေအားလုံးက မိတ်ဆွေတွေပဲ။ မြန်မြန် ... နောက်ဆုတ်”

ကျောက်တိုင်သည် အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်သောအရှိန်ဖြင့် ဆက်လက်လှည့်ပတ်နေ၏။

လုချန်းရှန်းနှင့် လူရွယ်သည် ကျောက်တိုင်ပေါ်၌ ရပ်နေသေးသော်ငြား သူတို့သည် ကြာရှည်တောင့်မခံနိုင်တော့ဘဲ ထူးဆန်းသောဖိအားကြောင့် လွင့်ထွက်လာတော့သည်။

“ဒါက ... ဒီနေ့ သရဲတစ်ကောင်တွေ့လိုက်သလိုပဲ” လုချန်းရှန်းက ပြောပြီး နောက်သို့ယိုင်သွား၏။ သူက တောင်ကြားအလယ်တွင်ရှိသော ကျောက်တိုင်ကိုကြည့်ပြီး အံ့ဩသွားတော့သည်။

“ခက်ခဲမှုထပ်တိုးလာတော့လား”

တောင်ကြားဝင်ပေါက်နားရှိကျင့်ကြံသူတချို့သည် ထိန်းတောင်မထိန်းနိုင်တော့ဘဲ ဟန်ချက်ပျက်သွား၏။

လူရွယ်ကပြောလိုက်သည်။ “အစီအရင်စွမ်းအားက ဒီတစ်ခေါက်ပိုအားနည်းလာတာပဲရှိတာ။ ပိုသန်မာလာတာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ”

ကျင့်ကြံသူလေးများက သူတို့မျက်နှာပေါ်၌ ဝမ်းနည်းသည့်အမူအရာများ ရှိနေကာ သက်ပြင်းချလိုက်တော့သည်။

“ဘုံတစ်ထောင်လေပွေပညာရှင်တောင် မောင်းထုတ်ခံလိုက်ရတယ်။ ငါတို့ အဆုံးသတ်မျဉ်းနား ရောက်ဖို့ မဖြစ်နိုင်တော့ဘူး”

“ထပ်ကြိုးစားကြည့်ရအောင်”

ကျင့်ကြံသူလေးများက အစီအရင်ထဲ ဆက်ဝင်ကြသော်ငြား သူတို့လွင့်ထွက်ကုန်၏။ သူတို့ထပ်တလဲလဲ ကြိုးစားကြသော်ငြား ကြိုးစားမှုအားလုံးအချည်းအနှီးဖြစ်ကုန်၏။ အလွန်ဆုံးမှ သူတို့ မီတာတစ်ဒါဇင်ခန့်သာ ရှေ့တက်နိုင်တာဖြစ်သည်။

ဘုံတစ်ထောင်လေပွေအဆင့်ရှိလူရွယ်သည် သုံးပုံတစ်ပုံအထိသာ သွားနိုင်ပြီး ယခုအခေါက်၌ သွေးထွက်သွားသည်။

လုချန်းရှန်းက လုကျိုးဖက်လှည့်ကြည့်ပြီးပြောလိုက်သည်။

“လုချန်းပေ့ ... မြွေလိမ်မြွေကောက်ကိုးခုအစီအရင်က အရင်တုန်းက ဒီလိုမဖြစ်ဖူးဘူး။ ချန်းပေ့ စမ်းကြည့်ပါလား”

လူတိုင်း ဇဝေဇဝါဖြစ်သွားသည်။ “...”

“ခင်ဗျား သူ့ကို ချန်းပေ့လို့ ခေါ်လိုက်တာလား” လူငယ်ကျင့်ကြံသူလေးများက လျင်မြန်စွာ သဘောပေါက်သွား၏။ သူတို့ရှေ့ရှိ ငယ်ရွယ်သောကျင့်ကြံသူတစ်ဦးနှင့်တူသူက တကယ်ပညာရှင် ဖြစ်နေသည်။ အားလုံးက လုကျိုးကို ဦးညွှတ်လိုက်၏။ လုကျိုးရှေ့ရှိရပ်ကာ လုကျိုးကို ကာပေးသော လူငယ်လေးက ရှက်ရွံ့နေသည်။ သူက အမြန်ဆုတ်ကာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေ၏။

“ကျ ကျ ကျွန်တော်”

လုကျိုး၏အာရုံစိုက်မှုက မြွေလိမ်မြွေကောက်ကိုးခုအစီအရင်ပေါ်တွင် ရှိနေပြီး ကျန်သည့်သူများကို အာရုံမစိုက်နိုင်ပေ။

“တစ်ဆိတ်လောက်ချန်းပေ့ ... ကျေးဇူးပြုပြီး သရုပ်ပြပေးပါ”

“ဟုတ်တယ် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အမြင်ကျယ်အောင် လုပ်ပေးပါ”

သူတို့အမြင်တွင် လုချန်းရှန်းကဲ့သို့ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်အား ထိုမျှလေးစားအောင် လုပ်နိုင်သည့် သူသည် သေချာပေါက် သာမန်လူမဖြစ်နိုင်။ လူတိုင်းသိချင်စိတ် ဖြစ်နေတာ အံ့ဩစရာမရှိပေ။

လုကျိုးသည် အစီအရင်ဆီ လျှောက်သွားလိုက်၏။ ဤကိစ္စက ဆရာသခင်တစ်ပါးနှင့် သက်ဆိုင်နေသောကြောင့် သိုသိုသိပ်သိပ်နေတာ ပိုကောင်းလိမ့်မည်။ ထို့ကြောင့် သူသည် ဖုံးကွယ်ခြင်းကတ်ကို သုံးလိုက်သည်။ ပြီးနောက် သူက အစီအရင်ထဲ လျှောက်လှမ်းသွားသည်။

“ဟမ်”

လုကျိုးက ဆက်လက်လျှောက်လှမ်းသွားသည်။ သူဘာကိုမျှမခံစားမိပေ။ ထိုစဉ် လူတိုင်းက လုကျိုးကို ဇဝေဇဝါ ကြည့်လိုက်၏။

“အစီအရင်က ပုံမှန်ပြန်ဖြစ်သွားတာလား”

“အခုလွယ်ကူသွားပြီလား”

လုကျိုးက မြေပြန့်ပေါ်လျှောက်လှမ်းနေရသည့်ပမာ ခံစားမိပြီး မည်သည့်ခုခံမှုမှ မကြုံတွေ့ရပေ။

ထိုစဉ် လူရွယ်ကလေထဲခုန်တက်ကာ ပြောလိုက်၏။

လူရွယ်က အစောတုန်းက မီတာအနည်းငယ်ပျံသန်းခဲ့ပြီးနောက် ကျောက်တိုင်၏စည်းတံဆိပ်လှိုင်းများ ရုတ်တရက်ပစ်လွှတ်တော့သည်။

“သတိထား ... စွမ်းအင်စည်းတံဆိပ်တွေ”

ဘန်း

လူရွယ်သည် အငိုက်မိသွားကာ စွမ်းအင်စည်းတံဆိပ်ကြောင့် ထိမှန်သွားသည်။ သူ ညည်းတွားလျက် လေထဲလွင့်ထွက်သွား၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ဖွဲ့တည်ကာ ကျန်ရှိသည့် စွမ်းအင်စည်းတံဆိပ်များကို ပိတ်ဆို့လိုက်သည်။

ထိုစဉ် လူတိုင်း၏မျက်နှာထက်၌ ထိတ်လန့်သောအမူအရာ ရှိနေသည်။

“မြွေလိမ်မြွေကောက်ကိုးခုအစီအရင်က စွမ်းအင်စည်းတံဆိပ်တွေ ဘယ်အချိန်ကစပြီး ထုတ်နိုင်တာလဲ”

ဆိုလိုသည်က အစီအရင်သည် သူတို့ထင်ထားသလို အန္တရာယ်မပေးနိုင်တာမဟုတ်။

တစ်ဖက်တွင်မူ လုချန်းရှန်းက သံသယများပြည့်နေသည်။

“သူဘာလို့အဆင်ပြေနေတာလဲ” တစ်စုံတစ်ယောက်က အစီအရင်ဆီလျှောက်လှမ်းနေသော လုကျိုးကို ကြည့်ပြီး လက်ညှိုးထိုးလိုက်၏။ လေထဲစွမ်းအင်စည်းတံဆိပ်များ ပျံသန်းနေပြီး လုကျိုးကို စိုးစဉ်းမျှ ထိခိုက်စေနိုင်စွမ်း မရှိပေ။

“အဟုတ်ပဲ ... သူ ဘယ်လိုလုပ် အထိအခိုက်မရှိရတာလဲ”

...

အခန်း (၁၁၈၄) ဘိုးဘေးက အသက်ပြန်ဝင်လာပြီ

လုကျိုးက လူအုပ်ကြီး၏ ဆွေးနွေးမှုကို ဂရုမစိုက်ဘဲ ဆက်လက် ရှေ့တိုးသွားသည်။ သူက လမ်းသုံးပုံတစ်ပုံသို့ ရောက်သည့်အခါ ခေါင်းမော့ကာ သူ့ဘေးဝန်းကျင်ရှိ စွမ်းအင်စည်းတံဆိပ်များကို ကြည့်လိုက်သည်။

“စွမ်းအင်စည်းတံဆိပ်တွေက သန့်စင်လွန်းတယ်။ ဒါက အစီအရင်ရဲ့ ထူးကဲမှုကြောင့် ဖြစ်နိုင်တယ်”

ကျင့်ကြံသူများက သူတို့၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကို ထိန်းချုပ်ခြင်းဖြင့် ကနဦးချီကို စွမ်းအင်အဖြစ် ဖွဲ့စည်းနိုင်ကြသည်။ ဤသို့ဖြင့် စွမ်းအင်ဓား၊ စွမ်းအင်ဓားမော့ အစရှိသည်ဖြင့် ဖြစ်တည်လာခြင်းဖြစ်၏။

ထိုအရာက အစီအရင်ကို လူသား၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်နှင့် တူညီဖို့ လိုအပ်သည့်အတွက် စွမ်းအင်ဖွဲ့စည်းဖို့ အစီအရင်များအတွက် အင်မတန် ခက်ခဲလှသည်။ ဤသို့ဖြင့် ဤအစီအရင်ကို ရေးထိုးဖို့ရာ မည်မျှခက်ခဲကြောင်း တွေးကြည့်နိုင်သည်။

‌ဆရာသခင်လု ချန်ထားခဲ့တဲ့ အစီအရင်က တကယ့်ကို ထူးကဲနေတာပဲ။ ငါ လျှော့တွက်ခဲ့မိတယ်…

လုကျိုးက အလယ်ရှိ ကျောက်တိုင်လုံးကို လှမ်းကြည့်လိုက်သည်။ ထိုအရာက လည်ပတ်နေဆဲဖြစ်ကာ ပတ်ဝန်းကျင်မှ ကနဦးချီများကို ဂယက်ရိုက်စေသည်။ ထိုအရာက ဧရာမတုတ်ချောင်းကြီးဖြင့် ရေမျက်နှာပြင်ကို မွှေနေသလိုမျိုး ဖြစ်၏။

အစီအရင်၏ နာမည် ပေါ်မူတည်၍ စွမ်းအင်လှိုင်း ၉ခု ရှိလိမ့်မည်။ သို့သော်လည်း စွမ်းအားက ပိုမိုကြီးမာလာသည်နှင့် သေစေနိုင်လောက်သည်။

ထိုစဉ် အစီအရင်အပြင်ဘက်၌ လုချင်းရှန်က ပြောလိုက်၏။

“ လုချန်းပေ့ အဆင်ပြေနေတာက မထူးဆန်းတော့ပါဘူး”

လူငယ်ကျင့်ကြံသူများက အံ့အားသင့်သွားကြသည်။

“ထူးဆန်းတယ်မလား။ သူက သက်ရောက်မခံရဘူးလေ”

တခြားတစ်ဖက်တွင် ရှုံးနိမ့်မှုကို မယုံကြည်နိုင်သေးသည့် လူလတ်အရွယ်အမျိုးသားက ထပ်မံခုန်တက်သွားသည်။ ဤတစ်ကြိမ်သူက ပေ ၃၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ခဲ့၏။ ထိုအရာပေါ် မူတည်၍ သူ့တွင် မွေးဖွားဇယားချပ် ၂ ခုရှိကြောင်း ပြောနိုင်လေသည်။

အားလုံးက ခေါင်းမော့ကာ လှမ်းကြည့်လိုက်ကြ၏။

လူလတ်အရွယ်အမျိုသားက စိတ်ပိုင်းဖြတ်သည့်အလား ရှေ့သို့ ယုံကြည်ချက်ရှိရှိ တိုးဝင်သွားသည်။

ဝုန်း

လူလတ်အရွယ်အမျိုသားက မျက်စိတစ်မှိတ်အတွင်း သုံးပုံတစ်ပုံအထိ ရောက်ရှိလာသည်။ အားလုံးက ထိုအရာကိုကြည့်နေရင်း စိတ်ခံစားချက်များ ရောပြွန်းနေသည်။

“အံ့ဩစရာပဲ”

“အရှိန်ကို သုံးတာက တကယ့်ကို အကြံကောင်းပဲ”

အစီအရင်ကို ခွန်အားနှင့် ချိုးဖောက်နိုင်ပါက အစီအရင်ထဲ ဝင်ရောက်ဖို့ အရှိန်ကို အသုံးပြုသည်က အကြံဆိုး မဟုတ်ပေ။

သိပ်မကြာခင် လူလတ်အရွယ်အမျိုသားက လုကျိုးရှေ့မှောက် ရောက်ရှိသွား၏။ သူက လှည့်ကာ အပြုံးဖြင့် မေးလိုက်သည်။

“ခက်ခဲနှုန်းက တိုးလာပေမဲ့ အပြီးသတ်နေရာကို ရောက်ဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“မဆိုးဘူးပဲ”

“လူကြီးမင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့အတူတူ သွားကြမလား” လူလတ်အရွယ်အမျိုသားက လုကျိုး၏ အဖြေကို မစောင့်ဘဲ ကျောက်တိုင်လုံးဆီ ဦးတည်လိုက်သည်။

လုကျိုးက လူလတ်အရွယ်အမျိုသားကို မတားခဲ့ပေ။ သူက ပြောလိုက်၏။

“လူငယ်လေးက ယှဉ်ပြိုင်လိုစိတ်ရှိတာ ကောင်းတယ်”

လူလတ်အရွယ်အမျိုသားက အနည်းငယ် နေရခက်နေမိ၏။

သူ့ထက် ငယ်ရွယ်သည့်သူတစ်ယောက်က ဤသို့သင်ခန်းစာ ပေးဖူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ သို့သော်လည်း တစ်ဖက်လူက အစီအရင်နဲ့ အေးအေးသက်သက်သာသာ လျှောက်လှမ်းလာသည်ကို မြင်သည့်အခါ ပြန်လည်မချေပနိုင်တော့ပေ။ ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းချုပ်ပြီး အစီအရင်၏ ဗဟိုချက်ဆီ ပျံသန်းသွားလိုက်သည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ အကူအညီဖြင့် သူ့အရှိန်က အင်မတန် မြန်ဆန်လှသည်။ သူ့အနေဖြင့် လုကျိုးကို နောက်တွင် ချန်ထားခဲ့ဖို့ မကြာမြင့်လိုက်ပေ။ ထိုစဉ် အစီအရင်အပြင်ဘက်ရှိ ကျင့်ကြံသူများက အချင်းချင်း ဆွေးနွေးနေကြသည်။

“လူလတ်အရွယ်အမျိုသားက ပိုပြီး အားကောင်းတဲ့ပုံပဲ”

“ဟုတ်တယ်။ သူက ဟိုးရှေ့ကို ရောက်သွားပြီ”

ထိုစကားများကို ကြားကာ လုချင်းရှန်က လက်မြောက်ပြီး တိုးတိုးနေဖို့ အချက်ပြလိုက်သည်။

“လူငယ်တွေ မင်းတို့တွေ သေချာကြည့်ပြီး သင်ယူထားကြ”

လုချင်းရှန်လိုမျိုး ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူက ပြောလာသည့်အတွက် သူတို့က ဘာမှမပြောရဲတော့ပဲ လုကျိုးနှင့်လူလတ်အရွယ် အမျိုးသားကိုသာ ကြည့်လိုက်ကြသည်။

လူလတ်အရွယ်အမျိုးသားက လမ်းတစ်ဝက် ရောက်သည့်အခါ လှည့်ကာ မေးလိုက်၏။

“ခင်ဗျား အကူအညီလိုသေးလား”

လုကျိူးက နှေးလည်းမနှေးသလို မြန်လဲမမြန်ဘဲ တစ်လှမ်းချင်း ရှေ့ဆက်တိုးလာသည်။ သို့သော်လည်း လူလတ်အရွယ် အမျိုးသားနှင့် ယှဉ်လိုက်ပါက သူ့အရှိန်က အတော်လေး နှေးကွေးနေ၏။

သူက ပြောလိုက်သည်။

“မလိုဘူး”

လုကျိုးက ထိုလူလတ်အရွယ်အမျိုးသားနှင့် မယှဉ်ပြိုင်လိုပေ။ ထို့အစားသူက အစီအရင်ကိုသာ အာရုံစိုက်ထားလိုက်၏။

လူလတ်အရွယ်အမျိုးသားက ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီလေ ကြိုးစားထားပေါ့။ နောက်ဆုံး အဆုံးသတ်နေရာမှာ စောင့်နေမယ်”

လူလတ်အရွယ်အမျိုးသားက ဆက်လက် ရှေ့တိုးသွားသည်။ သူက ကြယ်တာရာဒိုင်ခွက်ကို ရှေ့တွန်းပို့ပြီး စိတ်ဝိညာဉ်ဿဏ္ဌာန်ကို နောက်တွင်ထားကာ စွမ်းအင်စည်းတံဆိပ်လှိုင်းလုံးများကို တားဆီးလိုက်သည်။ သူ့အရှိန်က လုကျိုးထက် မြန်ဆန်လွန်းလှ၏။ သူ့အနေဖြင့် အစီအရင်၏ သုံးပုံနှစ်ပုံကို ရောက်ရှိဖို့ သိပ်မကြာလိုက်ပေ။ သူက ကြိုးစားပါက အဆုံးသတ်မျဉ်းဆီ ရောက်ရှိလိမ့်မည်ဟု ထင်နေသည်။ ပတ်ဝန်းကျင်ရှိ စွမ်းအင်စည်းတံဆိပ်များက သူ့ကြယ်တာရာဒိုင်ခွက်နှင့် စိတ်ဝိညာဉ်ဿဏ္ဌာန်ကို တားဆီးထားလေသည်။

ဝုန်း

ထိုစဉ် ဧရာမ ကျောက်တိုင်လုံးကြီးက လှုပ်ခတ်လာကာ မမြင်နိုင်ဖွယ် စွမ်းအားတစ်ခု ထုတ်လွှတ်လာသည်။

လူလတ်အရွယ်အမျိုးသားက ပြောလိုက်သည်။

“တားဆီးစမ်း”

ကြယ်တာရာဒိုင်ခွက်က ရှေ့တိုးလာကာ သူ့ရှေ့မှ ကာကွယ်ပေးထားသည်။

ထိုစဉ် ကျောက်တိုင်လုံးပေါ်မှ ထူးထူးဆန်းဆန်း သင်္ကေတများက တစ်ခုပြီးတစ်ခု လင်းလက်းလာ၏။ ဆက်တိုက်ဆိုသလို လည်ပတ်နှုန်းကလည်း အဆများစွာ ပိုမိုမြန်ဆန်လာသည်။

စွမ်းအင်စည်းတံဆိပ်များမှ ထပ်ကူပေးထာသည့် မမြင်နိုင်ဖွယ် စွမ်းအားတစ်ခုကလည်း လုကျိုးနှင့် လူလတ်အရွယ်အမျိုးသားဆီ ရောက်ရှိလာသည်။

ဘန်း

စွမ်းအင်စည်းတံဆိပ်က လူလတ်အရွယ်အမျိုးသား၏ ကြယ်တာရာဒိုင်ခွက်အပေါ် ကျရောက်လာခဲ့၏။ ထိုအားကောင်းကောင်း ရိုက်ချက်က သူ့ကိုသတိလက်လွတ်ဖြစ်သွားစေကာ မျှခြေ မထိန်းနိုင်တော့ဘဲ နောက်သို့လန်ကျသွားခဲ့သည်။

လုကျိုးက ခေါင်းကိုမော့ကာ လှမ်းကြည့်လိုက်၏။ သူက ကနဦးချီအနည်းငယ်ကို အသုံးပြုကာ ခြေထောက်ဆီ ပို့ဆောင်လိုက်သည်။ ဤသို့ဖြင့်သူက ရောက်ရှိလာသည့် စွမ်းအင်စည်းတံဆိပ်အားလုံးကို ပယ်ဖျက်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“မင်းရဲ့ စိတ်ဝိညာဉ်ဿဏ္ဌာန်ကို သိမ်းလိုက်”

“အိုး” လူလတ်အရွယ်အမျိုးသားက ထိုစကားများကို ကြားသည့်အခါ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်။

“နိမ့်နိမ့် ပျံ”

လူလတ်အရွယ်အမျိုးသားက ကပျာကယာဖြစ်နေသည့်အတွက် မေးခွန်းမထုတ်ဘဲ ပြောသည့်တိုင်းသာ လိုက်လုပ်နေမိသည်။

လူလတ်အရွယ်အမျိုးသားက လုကျိုးနှင့် တိုက်မည့်တော့မည့်ဆဲဆဲတွင် သူက သူ့လက်ကိုထုတ်ကာ ထွန်းပို့လိုက်သည်။

လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာပြီး လူလတ်အရွယ်အမျိုးသားကို နောက်မှတွန်းပို့ထားသည်။

“ဒါက…”

အစီအရင်အပြင်ဘက်ရှိ လူငယ်ကျင့်ကြံသူများက တံတွေးမျိုချလိုက်ကြသည်။

ဤသည်က တကယ့်အစစ်အမှန်ပညာရှင် ဖြစ်၏။

လူလတ်အရွယ်အမျိုးသား၏ စိတ်နှလုံးထဲက အကြောက်တရားက ကြီးစိုးနေဆဲဖြစ်ကာ ပြောလိုက်သည်။

“ချန်ပေ့ကို ကျေးဇူးတင်ပါတယ်”

လုကျိုးက မထူးမခြားမးနားပြောလိုက်၏။

“လူငယ်တွေအနေနဲ့ စိန်ခေါ်မှုရှိတာ မဆိုးပါဘူး”

ထိုလူလတ်အရွယ်အမျိုးသား၏ မျက်နှာအထက် မလုံမလဲအမူအရာ ပေါ်ထွက်လာသည်။

လုကျိုးက သူ့လက်ကိုပြန်ရုတ်သိမ်းပြီး ပြောလိုက်၏။

“မင်း ခပ်မြင့်မြင့် ပျံသန်းလေလေ ပိုပြီးဆိုးဝါးလေလေ ဖြစ်မှာပဲ”

ထိုစဉ် လူလတ်အရွယ်အမျိုးသားက လုကျိုးကို လွှမ်းခြုံထားသည့် စွမ်းအင်အလွှာများကို သတိထားမိသွားသည်။ ထိုစွမ်းအင်အလွှာများဖြင့် စွမ်းအင်စည်းတံဆိပ်က လုကျိုးကို သက်ရောက်မှု မရှိဘဲ ဘေးဖယ်သွား၏။ သူက ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားမိသည်။ သူက ချက်ချင်းဆိုသလို ဦးညွှတ်ပြီး ပြောလိုက်၏။

“ကျုပ် သင်ခန်းစာ ရခဲ့ပါတယ်”

လူငယ်ကျင့်ကြံသူများက ကြောင်အမ်းသွားကြသည်။ လူလတ်အရွယ်အမျိုးသားက လုကျိုးကို ကျေးဇူးတင်သည်မှာ သူ့အသက်ကို ကယ်တင်ခဲ့၍ နားလည်ပေး၍ ရသော်လည်း သင်ခန်းစာ ရခဲ့ပါသည်ဆိုသည့် အဓိပ္ပာယ်က ဘာကိုဆိုသနည်း။

လုကျိုးက ရှေ့ဆက်လျှောက်သွားလိုက်သည်။ လူလတ်အရွယ်အမျိုးသားက နောက်မှလိုက်ပါလာ၏။

လုကျိုးက ရပ်ကာပြောလိုက်သည်။

“တစ်ခါတစ်လေ စီးကြောင်းကို ဆန့်ကျင်တာထက် စီးကြောင်းအတိုင်း မျှောလိုက်သွားတာ ပိုပြီးအဆင်ပြေတယ်”

ထို့နောက် သူက လှည့်ကာ စွမ်းအင် စီးကြောင်းအတိုင်း လိုက်သွားလိုက်သည်။

လူလတ်အရွယ်အမျိုးသားက သူ့နှဖူးကို ရိုက်ကာ တွေးလိုက်၏။

ဟုတ်သားပဲ ငါက စီးကြောင်းအတိုင်းလိုက်ဖို့ပဲလိုတာ…

ကျောက်တိုင်လုံးက ဝဲကတော့အတွင်း အပြင်းအထန် လည်ပတ်နေသည်။ နောက်ထပ် အားပြင်းပြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက ယခင်ကထက်ပင် ပိုမိုပြင်းထန်လာသည်။

အစီအရင်အပြင်ဘက်ရှိ လူငယ်ကျင့်ကြံသူများကပင် တွန်းလွတ်ခံလိုက်ရပြီး သူတို့မျက်လုံးများကို ဖွင့်ကြည့်ဖို့ အခက်တွေ့နေသည်။

လူလတ်အရွယ်အမျိုးသားက လုကျိုး၏ အကြံကို နားထောင်သော်လည်း သူကခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ အခက်တွေ့နေဆဲ ဖြစ်၏။ စက္ကန့်ပိုင်းအတွင်းသူက လွင့်စဉ်သွားခဲ့သည်။ သူအမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူက မြေပြင်နှင့် မီတာအချို့ ကွာဝေးတော့သည့်အချိန်

ဝုန်း

လေထုထဲ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။

စွမ်းအင်စည်းတံဆိပ်များက ရုတ်ချည်း ပျောက်ကွယ်သွားကြသည်။

အားလုံးက လှမ်းကြည့်လိုက်သည့်အချိန် လုကျိုးက လက်တစ်ဖက်ဖြင့် ကျောက်တိုင်လုံးကို ရိုက်ချလိုက်ပြီး တခြားတစ်ဖက်က သူ့ကျောနောက်ရှိနေလေသည်။ ကျောက်တိုင်လုံးကို ဖိကပ်ထားသည့်သူလက်မှ အလင်းဖျော့ဖျော့ ထုတ်လွှင့်လာ၏။

“ဒါပဲလား” လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ အခက်အခဲက နည်းပါးလွန်း၏။

…

ထိုစဉ် ကျောက်တိုက်လုံးပေါ်၌ ထူးဆန်းသည့် သင်္ကေတများက ရုတ်ချည်း တောက်ပလာကာ တစ်ခုပြီးတစ်ခု ပျံသန်းထွက်လာသည်။ သူတို့က မကြာခင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ အားလုံး၏ မြင်ကွင်းထဲ ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လုချင်းရှန်က ပထမဆုံး တုံ့ပြန်သူ ဖြစ်၏။ သူက အလျင်အမြန် ဒူးထောက်ကာ ပြောလိုက်သည်။

“ဘိုးဘေးက ကိုယ်တိုင်ထွက်ပေါ်လာပြီ။ လုချင်းရှန်က ဆရာသခင်လုကို ဂါဝရပြုပါတယ်”

လူငယ်ကျင့်ကြံသူများကလည်း ကြောင်အသွားကြသည်။ သို့သော်လည်း ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူက ဤသို့နှိမ့်ချထားသည့်အတွက် သူတို့ကလည်း လိုက်လံသာ ပြောလိုက်ကြသည်။

“ဆရာသခင်လုကို ဂါဝရပြုပါတယ်”

တောက်ပနေသည့်ပုံရိပ်က လုကျိုးနှင့် တစ်ပုံစံတည်း ဖြစ်၏။

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ် တူညီနေသည်။

ထိုစဉ် လူလတ်အရွယ်အမျိုးသားက ပုံရိပ်ကို ကြည့်လိုက် လုကျိုးကို ကြည့်လိုက်ဖြင့် မယုံကြည်နိုင်စွာ ရေရွတ်လိုက်တော့သည်။

“မဖြစ်နိုင်တာ။ ဆရာ… ဆရာသခင်က အသက်ပြန်ရှင်လာတာလား”

...

အခန်း (၁၁၈၅) ဆရာသခင် အသက်ပြန်ရှင်လာ

လူရွယ်နှင့် လူရွယ်ကျင့်ကြံသူလေးများသည် အစက လုထျန်းထုံ မည်သို့သော သွင်ပြင်ရှိမှန်း မသိကြပေ။ သို့သော် တစ်စုံတစ်ယောက်က ဦးဆောင်လိုက်လေရာ လူသားများအဖို့ လူအုပ်ကြီးနောက် အလိုလို လိုက်မိတတ်ကြတာပဲဖြစ်သည်။ ရှေ့တွင်ဒူးထောက်နေသည့်သူက ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူလည်း ဖြစ်နေသေး၏။

ထို့အပြင် သူတို့ကန်းနေတာမဟုတ်။ ကျောက်တိုင်ပေါ်ရှိ ထူးဆန်းသောသဏ္ဌာန်ကတ်များဖြင့် ဖွဲ့တည်ထားသည့်ပုံရိပ်က သူတို့ရှေ့တွင် သက်ရှိလူသားနှင့်ဆင်တူနေ၏။ ယခု လုကျိုးက အဆုံးသတ်မျဉ်းကို ရောက်ပြီဖြစ်ရာ ယှဉ်ကြည့်ဖို့က သူတို့အတွက် ပိုတောင်လွယ်ကူသွားတော့သည်။ ရလဒ်က သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်တကယ်ဆင်တူနေ၏။

ကျင့်ကြံခြင်းလောကထဲ၌ သေသူကို အသက်ပြန်မသွင်းနိုင်ဆိုတာ အငြင်းပွားနိုင်စရာမရှိပေ။ မည်သူမှ တစ်သက်လုံး မနေနိုင်။ ထိုစဉ် လူရွယ်က နောက်ပြန်ဆုတ်ကာ ပြောလိုက်၏။

“မဖြစ်နိုင်တာ ... မဖြစ်နိုင်ဘူး”

လုကျိုးက စိတ်ရှုပ်ထွေးသွား၏။ သူတို့အဘယ်ကြောင့် ဤမျှဆင်တူရသနည်း။ သူက ဤနေရာသို့ရောက်လာပြီး သိုသိုသိပ်သိပ် စစ်ဆေးချင်ခဲ့တာဖြစ်သည်။ ဤပုံရိပ်ရုတ်တရက် အဘယ်ကြောင့် ပေါ်ပေါက်လာရသနည်း။

တကယ်တော့ ဤနေရာရှိလူများက အရူးမဟုတ်ပေ။ သူတို့ရှေ့ရှိလူက ဆရာသခင်လု ဟုတ်ဟုတ် မဟုတ်ဟုတ် သူက အားမနည်းမှန်း သူတို့သိကြသည်။ အားနည်းသောလူတစ်ယောက်က အစီအရင်၏ခွန်အား တိုးမြှင့်လာပြီးနောက် အဆုံးသတ်မျဉ်းကို မည်ကဲ့သို့အလွယ်တကူ ရောက်နိုင်မည်နည်း။ မည်သည့်နည်းနှင့်မဆို သူတို့ရှေ့ရှိလူကို မျက်နှာချိုသွေးတာ အရှုံးမရှိပေ။

“ဒီနေရာမှာ ချန်းပေ့ကို မြင်တွေ့ခွင့်ရတာ ဂုဏ်တက်စရာပါ”

“ဟုတ်တယ် ... ဒါက ငါတို့ဂုဏ်တက်စရာပဲ”

လူတိုင်း ချီးကျူးထောပနာပြုလိုက်ကြ၏။

အားလုံးက အံ့ဩမှင်တက်နေသေးသောအခါ ပုံရိပ်က ကျောက်တိုင်ဆီသို့ သွေးပန်းချီကားပမာ ရွေ့လျားသွား၏။ ပြီးနောက် ထိုလူ၏ပုံရိပ်က ကျောက်တိုင်ဆီသို့ လက်တစ်ဖက်တွန်းထုတ်လိုက်သည်။

တင်း ...

ပြီးနောက် တင်း ဟူသောအသံက စက်ရဲ့နေရာတစ်ခုဖွင့်လိုက်သလို မြည်ဟည်းလာ၏။

ကျောက်တိုင်က အလင်းဖြင့်ရှေ့သို့တိုးလာပြီးနောက် လေပွေက ပေါ်လာတော့သည်။ လူတိုင်း မော့ကြည့်လိုက်သောအခါ သူတို့အမူအရာ၌ သိချင်စိတ်၊ ထိတ်လန့်စိတ်နှင့် ဇဝေဇဝါဖြစ်မှုတို့ ပြည့်နေသည်။ ပြီးနောက် စွမ်းအင်စည်းတံဆိပ်တစ်ခုက လူငယ်ကျင့်ကြံသူလေးများဆီ တိုးဝင်လာသည်။

“အဲ့ဒါတွေ ပိတ်ဆို့ထား”

ဘန်း

လူငယ်ကျင့်ကြံသူလေးတစ်ဦးက ထိမှန်သွားပြီး နောက်သို့လွင့်ထွက်သွားသည်။

ပြီးနောက် စွမ်းအင်စည်းတံဆိပ်သုံးခုက ပျံ့လွင့်လာသည်။

“စိတ်ဝိညာဉ်သဏ္ဌာန်”

သူတို့၏အသန်မာဆုံးခုခံမှုက သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်ပဲဖြစ်သည်။

ဘန်း ဘန်း ဘန်း

စွမ်းအင်စည်းတံဆိပ်သုံးခုက သူတို့ကိုထိမှန်သွားကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို လွင့်ထွက်သွားစေ၏။

ထူးဆန်းသောအရာက စွမ်းအင်စည်းတံဆိပ်များသည် လူတစ်ယောက်ကိုနှစ်ခါမထိမှန်တာပဲဖြစ်သည်။ ထိုအစား သူတို့က နောက်ထပ်ပစ်မှတ်ဆီတိုးဝင်သွား၏။

၎င်းကို သတိပြုမိသည့်လုချန်းရှန်းက သူ၏ကြယ်တာရာဒိုင်ခွက်ကို အမြန်ဖွဲ့တည်ကာ သူ့ရှေ့၌ ကာထားလိုက်သည်။

ဘန်း

လုချန်းရှန်းက နောက်သို့လွင့်သွား၏။ သူ့ခြေထောက်နောက်သို့ယိုင်သွားပြီး စွပ်ကြောင်းနှစ်ခုပေါ်လာသည်။ သူ၏လက်များထုံကျဉ်ထား၏။ တောက်ပနေသည့်ကျောက်တိုင်ကိုကြည့်ကာ သူ့ဖာသာသူ ရေရွတ်ပြောလိုက်တော့သည်။

“ဒါက တကယ်ပဲမြွေလိမ်မြွေကောက်ကိုးခု အစီအရင်လား”

ကွဲဖြာခြင်းရှစ်ခုနှင့် သဟဇာတအလံခြောက်ခုတို့နှင့်ပိုတူသည်။ အလံများကို မြေပြင်ပေါ်ထိုးစိုက်လိုက်သည်နှင့် သူတို့က ရန်သူကို တိုက်ခိုက်ရန် စွမ်းအင်စည်းတံဆိပ်များ ထုတ်လွင့်တော့သည်။

ထိုစဉ် လူရွယ်က လေထဲခုန်တက်လိုက်၏။ သူ၏ကြယ်တာရာဒိုင်ခွက်ကိုကိုင်ကာ ရှေ့၌ ထိန်းထားလိုက်သည်။ ဘန်း ... ဟူသောမြည်သံဖြင့် စွမ်းအင်စည်းတံဆိပ်က သူ့ကို အေးစက်လေပြည်တောင်ကြားအပြင်သို့ တွန်းထုတ်လိုက်သည်။

“ချန်းပေ့ ... အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေတယ်” လူရွယ်သည် ဧရာမကျောက်တိုင်ကို မလိုလားစွာ ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။

“အခုသူ့အပေါ်မူတည်တယ်”

လူတိုင်း၏ အာရုံစိုက်မှုက အခုလုကျိုးဆီ ရောက်သွားပြန်၏။ လုကျိုးက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို မဖွဲ့တည်ခဲ့ပေ။ စွမ်းအင်စည်းတံဆိပ်တစ်ခုက သူ့ဆီပျံသန်းလာသောအခါ သူသည် လက်ဝါးဖြင့် ပြန်ရိုက်လိုက်၏။

ဘန်း

၎င်းက အဆုံးသတ်ဖြစ်လိမ့်မည်ဟု လုကျိုးထင်ခဲ့သည်။ ကျောက်တိုင်က လုကျိုး၏ ခန္ဓာကိုယ် အပေါ်၊ အလယ်နှင့် အောက်ပိုင်းဆီသို့ စွမ်းအင်စည်းတံဆိပ်သုံးခု ထပ်မံထုတ်လွင့်မည်ဆိုတာ မည်သူကသိမည်နည်း။

"ချန်းပေ့ ... သတိထား” လူတိုင်းက လှမ်းသတိပေးလိုက်၏။

လုကျိုးက နောက်ဆုတ်စဉ် တည်ငြိမ်နေ၏။ အင်္ကျီလက်တစ်ချက်ဝှေ့ယမ်းပြီး စွမ်းအင်စည်းတံဆိပ် ၃ခုကို ပြီးပြည့်စွာပိတ်ဆို့ရန် လက်ဝါးစည်းတံဆိပ်သုံးခု ထုတ်သုံးလိုက်သည်။

၎င်းက ရူးသွပ်နေသည့်ပမာ ဧရာမကျောက်တိုင်သည် နောက်ထပ်စည်းတံဆိပ်ဆယ်ခု ထုတ်လွင့်တော့၏။

လုကျိုးကလည်း စွမ်းအင်စည်းတံဆိပ် ၁၀ခုပိတ်ဆို့ရန် လက်ဝါးစည်းတံဆိပ် ၁၀ခုရိုက်ချလိုက်သည်။

အရပ်မျက်နှာအနှံ့၌ ဧရာမကျောက်တိုင်က ကောင်းကင်အပြည့်စွမ်းအင်စည်းတံဆိပ်များ ပစ်ထုတ်နေသည့် အချိန်၌ လုကျိုးသည် သူ၏လက်ဝါးစည်းတံဆိပ်များကို တိကျစွာ ထိန်းချုပ်နိုင်သေးသဖြင့် လူတိုင်းအံ့အားသင့်နေကြသည်။

ထိုအကွက်က ဗုဒ္ဓ၏လိပ်ပြာအချစ်နှင့်ပန်းပွင့်ကို အဆင့်မြင့်ထားသည့်ဗားရှင်နှင့်ပိုတူသည်။

“သာမန်ညောင်ည မြွေလိမ်မြွေကောက်ကိုးခုအစီအရင်က ငါ့ကို ဘာမှမလုပ်နိုင်ဘူး” လုကျိုးက မြေပြင်ပေါ် ခြေဆောင့်နင်းပြီး ကျောက်တိုင်ထိပ်ပေါ်ပျံတက်သွား၏။ ပြီးနောက် သူသည် လက်ဝါးစည်းတံဆိပ်ကို မီးရှူးမီးပန်းပမာ တစ်ခုပြီးတစ်ခု ပစ်လွှတ်တော့၏။ သူတို့၏အရေအတွက်က မနည်းသလို မများပေ။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အဲ့အတိုင်းပင် လုကျိုးက လက်ဝါးစည်းတံဆိပ်များကို ဖျက်ဆီးလိုက်၏။ သူ ထုတ်လွှတ်သည့် လက်ဝါးစည်းတံဆိပ် အရေအတွက်က စွမ်းအင်လက်ဝါးစည်းတံဆိပ်များနှင့် တစ်ထပ်တည်းရှိပြီး အားလုံးက သူတို့ပစ်မှတ်များပေါ် တိတိကျကျ ကျရောက်သွား၏။ သူ၏ထိန်းချုပ်မှုကလည်း ပြီးပြည်စုံသည်။

လုကျိုးသည် တိုက်ခိုက်ဖို့ဧရာမကျောက်တိုင်ကို အခွင့်အရေးမပေးခဲ့ပေ။ သူ၏လက်ကိုမြှောက်ပြီးနောက် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့်ရိုက်ချလိုက်၏။

ဘန်း

ဧရာမကျောက်တိုင်က ယိမ်းယိုင်မှုမရှိပေ။

“ဟမ်”

လုကျိုးက သူ့လက်ကို ပြန်ရုတ်တော့မည့်အချိန်တွင် ဧရာမကျောက်တိုင်မှ စုပ်ယူအားတစ်ခုကို ခံစားမိလိုက်သည်။ သူက ကောင်းကင်ကျမ်းစာစွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်ကာ ဧရာမကျောက်တိုင်ကို တုန်ယင်သွားစေသည်။ တစ်ချိန်တည်းတွင် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်အတွင်းရှိ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က အသက်ဝင်လာသည်။

ဒီအစီအရင်က သူ့ရဲ့ပစ်မှတ်ကိုရွေးနေတာလား။

အစောတုန်းက ဧရာမကျောက်တိုင်သည် အခြားသူများဆီသို့ စွမ်းအင်စည်းတံဆိပ် တိုက်ရိုက်ပစ်လွှတ်သော်ငြား အများစုက သူ့ဆီသို့ ချိန်ရွယ်ထားတာပဲဖြစ်သည်။

“စိတ်ဝိညာဉ်သဏ္ဌာန်” လုကျိုးသည် သူ၏အသွင်ပြောင်းလဲခြင်းကိုးခု ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်၏။ ဖုံးကွယ်ခြင်းကတ်၏အာနိသင်ကြောင့် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က အနက်ရောင် ဖြစ်နေသည်။

“ငါ မြင်နေတာမှန်ရဲ့လား”

“အသွင်ပြောင်းလဲမှုကိုးပါး ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန်”

“လျှောက်ခန့်မှန်းမနေနဲ့ ... ချန်းပေ့က သူ့ရဲ့ကျင့်ကြံဆင့်ကို တမင်တကာဖိနှိပ်ထားတာ သိသာတယ်”

လူတိုင်း ခေါင်းညိတ်လိုက်၏။ ထိုစကားများက အဓိပ္ပာယ်ရှိသည်။ အစောတုန်းက လုပ်ရပ်များက သူ၏ခွန်အားကို သက်သေပြခဲ့ပြီးဖြစ်သည်။ သာမန်ကျင့်ကြံသူတစ်ယောက်က ဤမျှများပြားသော စွမ်းအင်စည်းတံဆိပ်များကို မည်ကဲ့သို့ ပစ်လွှတ်နိုင်မည်နည်း။

ဘန်း

စွမ်းအင်စည်းတံဆိပ်တစ်ခုက အသွင်ပြောင်းလဲခြင်းကိုးပါး ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ကျလာသည်။

လုကျိုးထင်ထားသည့်အတိုင်း ဧရာမကျောက်တိုင်သည် စွမ်းအင်စည်းတံဆိပ်များပစ်လွှတ်တာ ရပ်တန့်သွား၏။ ထိုအစား ၎င်းသည် ပြင်းထန်စွာတုန်ယင်လာတော့သည်။ ပြီးနောက် အေးစက်လေပြည်တောင်ကြားကလည်း မြေငလျင်လှုပ်သည့်ပမာ တုန်ယင်လာတော့သည်။

မြေပြင်ပေါ်ရှိ စက်ဝိုင်း၁၀ခုကလင်းလက်လာပြီး အလင်းကွင်းများဖြစ်လာကာ ဧရာမကျောက်တိုင်ကို ဝိုင်းထားလိုက်သည်။ ပြီးနောက် မိုးပြာရောင်အလင်းတိုင်တစ်ခုပြီးတစ်ခု မြေပြင်ထဲမှ ပေါ်ပေါက်လာ၏။

ထိုစဉ် ဧရာမကျောက်တိုင်ပေါ်ရှိ ထွင်းစာများက လှုပ်ရှားလာပြီး စကားလုံးလေးလုံဖွဲ့တည်ကာ ကောင်းကင်ဆီ ပျံသန်းသွား၏။ မြွေလိမ်မြွေကောက်ကိုးခု ပုံရိပ်ယောင်အစီအရင်

“မြွေလိမ်မြွေကောက်ကိုးခု ပုံရိပ်ယောင်အစီအရင်လား” လုချန်းရှန်းက ထိုစကားလုံးများကို မြင်သောအခါ မျက်ခွံများအဆက်မပြတ်တွန့်နေလေ၏။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀၀တုန်းက ဆရာသခင်လုက ဒီနေရာကိုဖြတ်သွားပြီး မြွေလိမ်မြွေကောက်ကိုးခု အစီအရင်နဲ့ မြွေလိမ်မြွေကောက်ကိုးခု ပုံရိပ်ယောင်အစီအရင်ကို ဒီမှာထားခဲ့တယ်တဲ့။ ဒါပေမဲ့ နှောင်းမျိုးဆက်တွေက နှစ်ပေါင်း ၁၀၀၀၀နီးပါး ရှာခဲ့ပေမဲ့ သူတို့မြွေလိမ်မြွေကောက်ကိုးခု အစီအရင်ပဲ ရှာတွေ့ခဲ့တယ်။ အစီအရင်နှစ်ခုက တစ်ခုတည်းဖြစ်နေပြီး တူညီနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒီနေ့ အစီအရင်က ပြောင်းလဲမှုတွေကို ဒါကရှင်းပြပေးသွားတာပဲ” လူရွယ်က ပြောလိုက်သည်။

လူငယ်တစ်ဦးက ဇဝေဇဝါမေးလိုက်သည်။ “ဒါဆို ဒီနေ့ အဲဒါက ဘာလို့ရုတ်တရက်ပြောင်းလဲရတာလဲ”

“အဟုတ်ပဲ။ လူတွေဒီလောက်အများကြီး ဒီကိုလာခဲ့ပေမဲ့ ပုံရိပ်ယောင်အစီအရင်ကို ဘယ်သူမှ မဖွင့်နိုင်ခဲ့ဘူး”

လုချန်းရှန်းက တိတ်ဆိတ်နေလေ၏။

ထိုစဉ် လူရွယ်က လှမ်းခေါ်လိုက်သည်။

“ဆရာသခင်”

သူတို့ရှေ့ရှိလူသည် သူတို့ရှေ့ရှိဧရာမကျောက်တိုင်က ဖွဲ့တည်သည့်ပုံရိပ်နှင့်ဆင်တူနေသည်။

“သူ သူက တကယ်ဆရာသခင်လုလား”

ကျင့်ကြံသူများက လေးစားမှုကိုပြသရန် ဒူးထောက်လိုက်ကြ၏။ ဆိုရလျှင် ကြီးမြတ်သော ဆရာသခင်လုသည် လူတိုင်းလေးစားရသည့်လူဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀ခန့်က အနက်ရောင်ကြာနယ်မြေကို လှုပ်ခါနိုင်ခဲ့သော အင်အားကြီးပုဂ္ဂိုလ် လုထျန်းထုံပြန်ရောက်လာလေပြီ။

လုကျိုးက အလင်းတိုင်များကို စိတ်ရှုပ်ထွေးစွာကြည့်နေမိသည်။ တိမ်တိုက်များက ကောင်းကင်ထဲတလိမ့်လိမ့် တက်လာပြီး ကောင်းကင်ထဲပြောင်းလဲသွားပုံပေါ်၏။

မိုးပြာရောင်အလင်းတိုင်များက ဝေဟင်ထဲရောက်လာသည်။

ဘန်း

မိုးကြိုးများပေါ်လာပြီး လျှပ်စီးများလင်းလက်လာ၏။

“တစ်ခုခုမှားနေပြီ”

ဤအတိုင်း ဆက်လက်ဖြစ်ပွားပါက အာရုံစိုက်မှုများရလာမှာ ကြိမ်းသေသည်။ လုကျိုးက ဝေဟင်ထဲ အမြန်ပျံသန်းသွား၏။ လူတိုင်း၏စောင့်ကြည့်နေသောအကြည့်အောက်၌ သူသည် ကြယ်တာရာဒိုင်ခွက်ကို ကိုင်ထားလိုက်သည်။

“ရွှေရောင်ကြယ်တာရာဒိုင်ခွက်”

လူတိုင်း အသက်အောင့်ထားလိုက်၏။ သူတို့ ထိတ်လန့်နေသော်ငြား သူတို့သည် အသွင်ပြောင်းလဲမှုကိုးပါး ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်တွေးမိသောအခါ ကျပန်း ခန့်မှန်းမနေကြတော့ပေ။

လုကျိုးသည် မီတာ ၁၀၀၀ အကွာအဝေးထိ လွှမ်းမိုးသွားနိုင်သည့် စိတ်ဝိညာဉ်သဏ္ဌာန်အရွယ်အစားကို တိုးလိုက်သည်။ လေထဲ၌ တရှဲရှဲအသံမြည်လာပြီးနောက် အပြာရောင်အလင်းတိုင်များကို ကြယ်တာရာဒိုင်ခွက်က ပိတ်ဆို့လိုက်သည်။

“ဆင်းလာခဲ့” လုကျိုးက လေးနက်သောအသံဖြင့်ပြောလိုက်သည်။ ပြီးနောက် ကြယ်တာရာဒိုင်ခွက်ကို ဖိချလိုက်သည်မှာ ကောင်းကင်ပြိုကျနေသလိုပင်။ ၎င်းက အပြာရောင်အလင်းတိုင်များအားလုံးကို ပိတ်ဆို့ပြီး ဖိနှိပ်ထား၏။

ဖုန်း

အလင်းတိုင် ၁၀ခုကျော်က ချက်ချင်းပျောက်ကွယ်သွားတော့၏။

တစ်ချိန်တည်းတွင် ဧရာမကျောက်တိုင်နားတဝိုက်ရှိမြေပြင်က ဖောက်ထွင်းမြင်နေရ၏။

“ပုံရိပ်ယောင် ... ဒါ ပုံရိပ်ယောင်ပဲ” လူတိုင်းအမြန်နောက်ဆုတ်လိုက်၏။

သူတို့မကြာခဏ လာလေ့ရှိသည် အအေးတောင်ကြားက ပုံရိပ်ယောင်တစ်ခုဖြစ်နေသည်။

မြေကြီးက အပြည့်အဝပျောက်ကွယ်သွားသောအခါ လူတိုင်းရှေ့၌ သိပ်သည်းသော မြူများ လွှမ်းခြုံနေသော ချောက်ကမ်းပါးတစ်ခုပေါ်လာသည်။

“...”

မည်ကဲ့သို့သော အစီအရင်မျိုးသည် ကျင့်ကြံသူပေါင်းများစွာကို နှစ်ပေါင်းများစွာကြာအောင် လှည့်စားနိုင်ခဲ့သနည်း။

သူ၏ကြယ်တာရာဒိုင်ခွက်ကို ဘေးဖယ်ကာ လုကျိုးက ဆင်းသက်လိုက်၏။ မြေပြင်က ယခုလေထုဖြစ်သွားတော့သည်။

လုကျိုးက လူအုပ်ကြီးဖက်လှည့်ကြည့်လိုက်သည်။ လူတိုင်းက တညီတညွတ်တည်း ဒူးထောက်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ကြီးမြတ်သော ဆရာသခင်လု”

လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ "ငါက ဆရာသခင်လုမဟုတ်ဘူး”

“...”

“အမ်” သူတို့အတွက် ထိုစကားကို လက်ခံဖို့က ခက်ခဲနေသည်။ ဆိုရလျှင် နှစ်ပေါင်း ၃၀၀၀၀ ကြာပြီးနောက် အစီအရင်က အလွယ်တကူပြိုကွဲသွားကာ အရေးကြီးဆုံးက ထိုပုံရိပ်သည် သူတို့ရှေ့ရှိလူနှင့် ဆင်တူလွန်းနေ၏။

ထိုစဉ် လိပ်ပြာကဲ့သို့စည်းတံဆိပ်တစ်ခု ထွက်လာသည်။

လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ချက်ချင်းထုတ်လိုက်၏။

ဘီး

ပေ ၈၀၀ခန့်မြင့်မားသော ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် မြေကြီးထဲကပေါ်ထွက်လာပြီး တိမ်တိုက်များထိကို ထိုးဖောက်သွားကာ စွမ်းအင်စည်းတံဆိပ်ကို ပိတ်ဆို့လိုက်သည်။

လူတိုင်းခေါင်းမော့လိုက်ရာ သက်ကြီးရွယ်အိုသန်သန်မြန်မြန်အဖိုးအိုတစ်ယောက်နှင့် ဆင်တူသည့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏ရွှေရောင်ဝတ်ရုံက သူတောင်စင်တစ်ပါးနှင့် ဆင်တူပေ၏။ စိတ်ဝိညာဉ်သဏ္ဌာန်သည် မိမိ၏ရောင်ပြန်ဟပ်ခြင်းမှန်း လူတိုင်းသိကြသည်။ ထို့ကြောင့် လူတိုင်းက တလေးတစား ထုတ်ပြောလိုက်သည်။

“ရုပ်ဖျက်ထားတာ”

လုကျိုးသည် သူ၏အထောက်အထားကိုဖော်ထုတ်ရန် ကြိုးစားနေတာကို မြင်သောအခါ လုချန်းရှန်းက ပြောလိုက်၏။

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ပဲ”

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လား”

“ဒီလူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကိုပြိုလဲစေတဲ့သူလား”

“ချန်းပေ ... သူက အနီရောင်ကြာနယ်မြေရဲ့တောင်ပိုင်း ဖရိုဖရဲမြေမှာ အဖြူရောင်မျှော်စင်နဲ့ အနက်ရောင်အဖွဲ့အစည်းက အကြီးအကဲနှစ်ယောက်ကို သတ်ခဲ့တဲ့ချန်းပေ့လား”

“အဲ့ဒါ သူပဲလား။ ကျန်းပေ့ပတ်လမ်းရဲ့မြောက်ပိုင်း ဓားချောက်နက်ထဲမှာ လုဝူကို တိုက်ခိုက်ပြီး အနက်ရောင်ဧကရာဇ်ကို သတ်ခဲ့တဲ့သူလေ”

နောက်တော့ စကားတစ်ခွန်းမဆိုဘဲ သူတို့အားလုံးက ဒူးထောက်လိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် လုချန်းပေ့”

All Chapters