← Chapters

အခန်း (၁၁၈၉-၁၁၉၁)

Vol. 80 Ch. 1189-1191

အခန်း (၁၁၈၉-၁၁၉၁)

Vol. 80 Ch. 1189-1191

အခန်း (၁၁၈၉) ဆက်လက်ပြီး ဟန်ဆောင်ခြင်း

ချင်နိုင်ဟယ်က ရွှေကြာနယ်မြေထဲရှိ အပြောင်းအလဲကို အချိန်အတော်ကြာသည်အထိ လေ့လာခဲ့သည်။ သူသည် ဝင်မစွက်ဖက်ရန်နှင့် များများစားစားမဖော်ထုတ်မိစေရန် အမြဲတစေဂရုစိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ အားနည်းသူတို့သည် ကောင်းကောင်းမနေနိုင်တာ မဟုတ်ကြောင်း သူ ရှာတွေ့ခဲ့သည်။ ဥပမာအနေဖြင့် ရေတွင်းအောက်ခြေတွင် နေထိုင်သည့်ဖားတို့သည် အဆင်ပြေနေပြီး ပျော်ရွှင်နေကြသည်။ ဖားများသာ ပျော်ရွှင်နေလျှင် သူတို့ကို ရေတွင်းထဲမှထွက်ပြီး နေပူဆာလှုံရန် ဖိအားပေးရန် မလိုအပ်ချေ။

ချင်နိုင်ဟယ်က ရွှေကြာနယ်မြေသို့ မရောက်တာ အချိန်အတော်ကြာပြီဖြစ်၏။ ထို့ကြောင့် သူသည် ကျိထျန်းတောက်၏ သွင်ပြင်နှင့်နာမည်ကို မေ့လျော့သွားသည်။ ထို့အပြင် ပုရွက်ဆိတ်လေးတစ်ကောင်ကို မည်သူက မှတ်မိမည်နည်း။ သို့သော် ယခု ပုရွက်ဆိတ်လေးက မြင့်မားသောသစ်ပင်အဖြစ် အသွင်ပြောင်းလဲကာ သူ့ရှေ့၌ ရပ်နေ၏။ ယင်းကို လက်ခံရန် အံ့ဩစရာအကြောင်း မရှိပေ။ နှစ် ၃၀၀ အတွင်း သူက မည်ကဲ့သို့ ဆရာသခင်တစ်ပါးဖြစ်နိုင်မည်နည်း။

ချင်နိုင်ဟယ်က ခေါင်းခါကာပြောလိုက်၏။

“ဒါ မဖြစ်နိုင်ဘူး”

“ဒီစကားတွေကြားရတာ ငါ ငြီးငွေ့နေပြီ” လုကျိုးက ပြောလိုက်လေသည်။

ချင်နိုင်ဟယ်က ပြောလိုက်သည်။

“ဆရာသခင်တစ်ပါး ရွှေကြာနယ်မြေထဲ ပေါ်လာမယ်ဆိုရင် မျှခြေချိုးဖြတ်သွားလိမ့်မယ်။ မဟာလေဟာနယ်က အဲဒါကို လျစ်လျူရှူထားဖို့ မဖြစ်နိုင်ဘူး"

“မျှခြေလား” လုကျိုးက မထောက်ခံပေ။

“အစိမ်းရောင်ကြာနယ်မြေထဲမှာ ဆရာသခင်တွေ အများအပြားရှိတယ်။ ဒါပေမဲ့ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေနဲ့ အဖြူရောင်ကြာနယ်မြေမှာ ဆရာသခင်တစ်ပါးမှ မရှိဘူး။ ဒါက ဟန်ချက်ညီတယ်လို့ထင်လား”

ချင်နိုင်ဟယ်က ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး ... ချန်းပေ့၊ ခင်ဗျားက ကြမ်းတမ်းခက်ထန်သားရဲတွေကို လျစ်လျူရှုထားတာ။ ခင်ဗျားပြောသွားတဲ့ နယ်မြေထဲက လူသားကျင့်ကြံသူတွေကအားနည်းပေမဲ့ ဒီနယ်မြေထဲက ကြမ်းတမ်းခက်ထန်သားရဲတွေက ပိုသန်မာတယ်။ သားရဲဧကရာဇ်တစ်ပါးက ဆရာသခင်တစ်ပါးနဲ့ ညီမျှတယ်။ ဒါ့အပြင် ကျယ်ဝန်းလှတဲ့အမည်မသိ ကုန်းမြေထဲမှာ ဆရာသခင်ထက်ပိုများတဲ့ သားရဲတွေ ရှိနေသေးတယ်”

လုကျိုးက နှာခေါင်းရှုံ့လိုက်၏။

“ကျိုးကြောင်းမသိတဲ့ မျှခြေပဲ”

“...”

လုချန်းရှန်းက သူတို့နှစ်ယောက် စကားစစ်ထိုးနေတာကို မြင်သောအခါ ဝင်မနှောင့်ယှက်ရဲပေ။ နှစ်ယောက်တိတ်ဆိတ်သွားသည်နှင့် သူ အမြန်ပြောလိုက်၏။

“ဒီကိစ္စကို မျှခြေလို့ သတ်မှတ်နိုင်တယ်ဆိုရင် မဟာလေဟာနယ်က ခင်ဗျားတို့ကို နယ်စပ်ကျော်ဖြတ်ခွင့် ဘာလို့မပေးတာလဲ”

ချင်နိုင်ဟယ်က ထိုမေးခွန်းအတွက် အဖြေမရှိပေ။

ဤမေးခွန်းကို မည်သူမှ မမေးဖူးတာမဟုတ်။ ဆန့်ကျင်ဖက်အနေဖြင့် အစိမ်းရောင်ကြာနယ်မြေမှ ကျင့်ကြံသူများသည် ထိုမေးခွန်းကို မကြာခဏတွေးဖူးလေ၏။ ၎င်းသည် အဖြေမရှိ။ မည်သူမှ မဖြည့်ပေးနိုင်။

လုချန်းရှန်းက ဆက်ပြောလိုက်၏။

“အစိမ်းရောင်ကြာနယ်မြေက လူတွေကလည်း မဟာလေဟာနယ်ရဲ့အမြင်မှာ ပုရွက်ဆိတ် ဖြစ်နေတာများလား။ အရာအားလုံးက သူတို့ရဲ့ဆော့ကစားဖြစ်နေရင်ကော”

ချင်နိုင်ဟယ်က ထိုစကားများကို မငြင်းခဲ့ပေ။ ခဏအကြာ၌ သူက လုကျိုးကို ကြည့်ပြီးပြောလိုက်၏။

“ခင်ဗျားမှာ မဟာလေဟာနယ်မျိုးစေ့မရှိသရွေ့ မဖြစ်နိုင်ဘူး။"

လုချန်းရှန်း “...”

ဒီလူက သိသိသာသာထုတ်ပြောနေတာ ... မသိသာလွန်းဘူးလား။

လုကျိုးက မျက်မှောင်ကျုံ့မိသွားသည်။ သူ ခေါင်းကိုက်လာပြန်၏။ မည်သို့ပင်ဆိုစေ ချင်နိုင်ဟယ် ဤသို့ကောက်ချက်ချရသည့်အကြောင်းအရင်းကို သူ သိသည်။

လုထျန်းထုံ ချန်ရစ်ခဲ့သည့်စာအုပ်ထဲ၌ သူသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀ခန့်က မဟာလေဟာနယ်မျိုးစေ့တစ်ခုကို ရခဲ့ဖူး၏။ လုထျန်းထုံက ဆရာသခင်တစ်ပါးဖြစ်လာပြီးနောက် မဟာလေဟာနယ်က ဖမ်းတာ ခံလိုက်ရသလားလို့ လုကျိုးတွေးမိသည်။

လူတိုင်းသည် မဟာလေဟာနယ်မျိုးစေ့ ပေါ်ပေါက်လာမှာကို စောင့်နေကြ၏။ သူနှင့် သူ့တပည့်ကျင့်ကြံဆင့်က ဆက်လက်တိုးတက်လာသည်နှင့်အမျှ သူတို့သည် လူတိုင်း၏အာရုံစိုက်မှုကို ဖမ်းစားနိုင်မှာ ကျိန်းသေသည်။ အာရုံစိုက်မှုကို ရှောင်ရှားရန် တစ်ခုတည်းသောနည်းလမ်းက သည်းခံနေထိုင်ခြင်းပဲဖြစ်သည်။

နောက်ဆုံး၌ လုကျိုးက မေးလိုက်၏။ “ငါ့မှာ မရှိဘူးလို့ပြောရင် ယုံမှာလား”

ချင်နိုင်ဟယ် “...”

ခင်ဗျားကို ကျုပ် ဘယ်လိုလုပ် ယုံရမှာလဲ။ ဒီသက်ကြားအိုကြီးက တကယ်ကောက်ကျစ်တာပဲ။

ချင်နိုင်ဟယ်က နေချင်စိတ် မရှိတော့ပေ။ သူက ...

“ဘာပဲဖြစ်ဖြစ် မျှခြေကျိုးပျက်သွားပြီ။ မဟာလေဟာနယ်က လူတွေပေါ်လာဖို့ သိပ်မကြာလောက်တော့ဘူးလို့ ယုံတယ်။ လူကြီးမင်း ကျုပ် သွားလို့ရပြီလား”

ယနေ့တာဝန်မှ မည်သည့်အကျိုးအမြတ်မှ ရမလာခဲ့ပေ။ ချင်နိုင်ဟယ်ပြန်ရောက်သည့်အချိန်၌ မည်သို့ရှင်းပြရမည်မှန်း မသိတော့ပေ။

လုကျိုးက မေးလိုက်၏။

“ငါတို့ လောင်းရအောင်လား”

“မလောင်းဘူး” ချင်နိုင်ဟယ်က တွေဝေမနေဘဲ လေထဲပျံသန်းသွား၏။

“မျှခြေထိန်းသိမ်းသူတွေ ပေါ်လာမှာ မဟုတ်ဘူး”

“သူတို့ ပေါ်လာလိမ့်မယ်” ချင်နိုင်ဟယ်က ပြန်ပြောလိုက်၏။

“သူတို့ပေါ်လာဖို့ အချိန်ဘယ်လောက်ကြာမယ်ထင်လဲ”

“သုံးလအတွင်း”

“ဘာကြောင့်ဒီလိုပြောတာလဲ” လုကျိုးက မေးလိုက်၏။

ချင်နိုင်ဟယ်က ပခုံးတွန့်လိုက်သည်။

“ကျုပ် မသိဘူး။ ခံစားမိရုံပဲ”

“သုံးလအတွင်း လေအေးတောင်ကြားထဲမှာ ငါနဲ့လာတွေ့။ ကြောက်ရင်တော့ လာတွေ့စရာမလိုဘူး”

ထိုစကားများ ပြောပြီးနောက် လုကျိုးက သူ့အင်္ကျီလက်ကိုဝေ့ယမ်းကာ လေဆန်ရာဖက်သို့ ပျံသန်းသွား၏။

လုချန်းရှန်းသည် လုကျိုးနောက်မှ နီးကပ်စွာလိုက်ပါလာသည်။

ချင်နိုင်ဟယ်က သူတို့ထွက်သွားတာကို ကြည့်ပြီးနောက် သူ့ဖာသာသူ ရွေရွတ်ပြောလိုက်၏။

“ကျုပ်က လောင်းဖို့ သဘောတူခဲ့လို့လား။ သုံးလကြာပြီးရင် တွေ့ဖို့လား။ အဲ့ဒီအချိန်ကျ ခင်ဗျား ဒီလေအေးတောင်ကြားထဲမှာ ကိုယ့်ဖာသာကိုယ် လေညင်းလာခံလိုက်”

ပြီးနောက် ချင်နိုင်ဟယ်သည် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားလေ၏။

လုကျိုးသည် တောအုပ်အစွန်သို့ ရောက်လာသောအခါ သူ၏မျက်လုံးထောင့်ကနေ ချင်နိုင်ဟယ် ရပ်နေခဲ့သည့် နေရာက လွတ်သွားပြီးဖြစ်ကြောင်းတွေ့လိုက်ရ၏။

လုချန်းရှန်းက မေးလိုက်၏။ “ဆရာသခင်လု သူ့ကို ဘာကြောင့် မသတ်ခဲ့တာလဲ။"

“သူက အသုံးဝင်သေးတယ်”

“သူ ပေါ်မလာရင်ကော” လုချန်းရှန်းက မေးလိုက်သည်။

လုကျိုးက မျက်မှောင်ကျုံ့ပြီး လုချန်းရှန်းကို ကြည့်လိုက်သည်။ သူက လေသံအတက်အကျမရှိ ပြောလိုက်၏။

“မင်း စကားနည်းနည်းများလွန်းတယ်”

“...”

လုချန်းရှန်းက ပါးစပ်ချက်ချင်း ပိတ်လိုက်သည်။

တစ်ချိန်တည်းတွင် ကျင့်ကြံသူများက ချက်ချင်း ဆုတ်ခွာသွားပြီးနောက် သူတို့သည် သူတော်စင်ကဲ့သို့ လုကျိုးနှင့် လုချန်းရှန်းကို ထိတ်လန့်စိတ်ရှုပ်ထွေးစွာကြည့်နေလေ၏။

“ဘာတွေဖြစ်နေတာလဲ”

လုကျိုးက ကျင့်ကြံသူများကို တစ်ချက် ကြည့်လိုက်သည်။ သူက သူ့အကြောင်းသူတို့ကို ကောလာဟလဖြန့်ခွင့် မပေးနိုင်။ မဟုတ်လျှင် မလိုလားအပ်သည့် အာရုံစိုက်မှုသာ ရလိမ့်မည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ဒါမှတ်ထား။ ငါက ဆရာသခင်လု မဟုတ်ဘူး။ ဒီနေ့ မြွေလိမ်မြွေကောက်ကိုးခု ပုံရိပ်ယောင်အစီအရင်ကို ဖြိုဖို့ ရုပ်ဖျက်တဲ့ကျင့်စဉ်ကို သုံးထားတာ။ ဒါပဲ”

လူတိုင်း ဦးညွှတ်ပြီး ထောက်ခံလိုက်သည်။

“ဒီတော့ သူက တကယ်မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လား”

လုကျိုးက လူငယ်ကျင့်ကြံသူလေးများကို တစ်ချက် သိမ်းကျုံးကြည့်ပြီး မုတ်ဆိတ်သပ်ရန် လက်မြှောက်လိုက်၏။ ထင်သည့်အတိုင်းပင် မုတ်ဆိတ်သပ်ရတာကောင်းသည်။ ခဏအကြာ၌ သူ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“လူငယ်မျိုးဆက်က တကယ်အလားအလာရှိတယ်”

လူတိုင်း ဦးညွှတ်လိုက်ပြန်၏။

“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ... လုချန်းပေ့”

“ဒီနေ့ မျှော်နန်းသခင်ဆီက လမ်းညွှန်မှုရခဲ့တာ ကျွန်တော်တို့ ကံကောင်းလို့ပါ။ မျှော်နန်းသခင် စိတ်မပျက်စေရပါဘူး”

“ဟုတ်တယ် ... ကျွန်တော်တို့ ချန်းပေ့ကို စိတ်မပျက်စေရပါဘူး”

လူငယ်ကျင့်ကြံသူလေးများက ဦးညွှတ်လိုက်ပြန်၏။ လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် အဝေးသို့ ပျံသန်းသွားသည်။

လုချန်းရှန်းက လုကျိုးနောက် အမြန်လိုက်သွား၏။

သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ကျင့်ကြံသူလေးများက တောင်နံရံပေါ်ရှိ လူသားသဏ္ဌာန်တွင်းကို ကြည့်လိုက်၏။ သူတို့က ထိုတွင်းကို ကြည့်ပြီးနောက် အချိန်အတော်ကြာ လေးစားနေကြကာ နောက်ဆုံး၌ ထွက်သွားကြတော့သည်။

ညနေစောင်းတွင် ချင်နိုင်ဟယ်သည် တောင်နံရံရှိ လူသားသဏ္ဌာန်တွင်း၌ ပေါ်လာ၏။ ၎င်းကို အချိန်အတော်ကြာ ကြည့်ပြီးနောက် ခေါင်းခါကာ ဆက်ပြောလိုက်သည်။

“ငါ မရှောင်နိုင်ဘူးပဲ။ အဲ့ဒီလက်ဝါးရိုက်ချက်က ဆရာသခင်တစ်ပါးရဲ့လက်ဝါးရိုက်ချက်မဟုတ်ဘူး။ ဒါပေမဲ့ ပိုတောင်အစွမ်းထက်တယ်လို့ ခံစားရတယ်။ ဘာလို့လဲ”

ဆရာသခင်တစ်ပါး၏စွမ်းအားကို သူ သိသောကြောင့် သူ သံသယဝင်နေတာဖြစ်သည်။ ထို့ကြောင့် တွင်းပေါက်ကို ကြည့်မိလေလေ သူ၏အဖြစ်အပျက်ကို တွေးမိသောအခါ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုကို ပြန်ခံစားမိလေလေဖြစ်သည်။ အဆုံးကျ သူ အဝေးသို့ ပျံသန်းသွားတော့သည်။

အဖြူရောင်နန်းတော်ထဲတွင်ဖြစ်သည်။

အလင်းလုံးနှစ်ခု၊ တစ်ရက်နှင့်တစ်ည နန်းတော်ရှေ့၌ ပျံဝဲနေ၏။

ထိုစဉ် အမျိုးသမီးလက်ထောက်တစ်ဦးက ပေါ်လာသည်။ သူမ ဦးညွှတ်ပြီးပြောလိုက်၏။

“သခင် မွန်မြတ်ခန်းမကနေ သတင်းရလိုက်ပါတယ်။ အနက်ရောင်ကြာနယ်မြေထဲမှာ ထူးဆန်းတဲ့စွမ်းအင် အတက်အကျ ဖြစ်တယ်တဲ့။ ဒါပေမဲ့ အမှန်တရားကြေးမုံက တုံ့ပြန်မှု မရှိပါဘူး”

“ဟုတ်ပြီ။ မွန်မြတ်ခန်းမကို ဆက်သွယ်လိုက်"

“နားလည်ပါပြီ”

“ပြီးတော့ အဖြူရောင်မျှော်စင်ကို စောင့်ကြည့်ထား။ လိုအပ်လာရင် အံ့ဖွယ်သားရဲတွေကို စေလွှတ်”

“နားလည်ပါပြီ” အမျိုးသမီးလက်ထောက်က ဦးညွှတ်ပြီး ထွက်သွားလိုက်သည်။

ထိုစဉ် အဖြူရောင်နန်းတော်၏ အရှေ့တောင်ဖက်ထောင့်၌ အရိပ်တစ်ခုပေါ်လာသည်။ ယင်းက အဖြူရောင်ဆံနွယ်ဖြင့် လူတစ်ယောက်ဖြစ်ပြီး အသက်၆၀ကျော်သည့်ပုံပေါ်သည်။

“မဟာလေဟာနယ်ကို ပြန်ရောက်လာပြီဆိုတော့ မဟာလေဟာနယ်ကိုပဲ အာရုံစိုက်သင့်တယ်။ ကျန်တာတွေကို ဝင်မစွက်သင့်ဘူး။ မျှခြေကို မျှခြေထိန်းသိမ်းသူတွေ ဖြေရှင်းလိမ့်မယ်။ မင်း ကျင့်ကြံဖို့ပဲ အာရုံစိုက်ဖို့ပဲမျှော်လင့်တယ်။"

“နားလည်ပါပြီ”

ထိုပုံရိပ်က လှစ်ခနဲ ပျောက်သွားတော့သည်။

...

အခန်း (၁၁၉၀) လျှို့ဝှက်ဆန်းကြယ် လူများ ပေါ်ထွက်လာမှု

လုကျိုးနှင့် လုချင်းရှန်တို့က အနက်ရောင်ကြာနယ်မြေမှ အနီရောင်ကြာနယ်မြေရှိ တာ့ယွမ်၏ တော်ဝင်နန်းဆောင်ထဲမှ သင်္ကေတခန်းမဆောင်ဆီ ပြန်လည်ရောက်ရှိလာပြီးသည့်နောက် လုကျိုးက တည်တံ့ရေးခန်းမဆောင်ဆီ ဦးတည်လိုက်သည်။

သူက အရာအားလုံး ဖြေရှင်းပြီးသည်နှင့် မြွေလိမ်မြွေကောက် ကိုးသွယ်ပုံရိပ်ယောင် အစီအရင်မှ ရရှိထားသည့်စာအုပ်ကို ယူကာ ဖတ်ကြည့်လိုက်သည်။

“ငါက တာအိုရဲ့စွမ်းအားကို မြင်ပြီးတော့ အထွတ်အထိပ်လမ်းစဉ်ကို ရှာဖွေဖို့ အာရုံစိုက်ထားခဲ့တယ်။ ဒါပေမဲ့ မိုးမြေရဲ့ အဟန့်အတားတွေကြားမှာ ချုပ်နှောင်ခံခဲ့ရတယ်။ ကောလာဟလတွေအရ အမည်မသိကုန်းမြေမှာ အဟန့်အတားကို ချိုးဖောက်နိုင်တဲ့ လျှို့ဝှက်ချက်တွေရှိတယ်လို့ ပြောတယ်။ အဲဒါကြောင့် ငါ အမည်မသိကုန်းမြေဆီ သွားခဲ့တယ်။ အဲဒီမှာ နှစ်၃၀ကြာ အချိန်ကုန်ဆုံးပြီးတဲ့နောက်မှာ သားရဲဧကရာဇ် ၂ကောင်၊ သားရဲဘုရင် ၁၀ကောင်နှင့် ခက်ထန်သားရဲ အများကြီးကို သတ်နိုင်ခဲ့တယ်”

လုကျိုး “...”

“မိုးမြေကြားမှာ ရှိနေတဲ့ သက်ရှိတွေအားလုံးက ကာကွယ်ပေးခံရသင့်တယ်။ ငါက အသက်ရှည်တောင်မှာ ကောင်းကင်ကျမ်း တစ်စိတ်တစ်ပိုင်းကို ရပြီးတော့ မိုးကောင်းကင်တာအိုကို နားလည်ခဲ့တယ်။ ငါက ဝိဇ္ဇာတစ်ပါးဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”

“မိုးကောင်းကင်ရဲ့ အဆိုက မျှခြေကို ထိန်းသိမ်းဖို့ပဲ။ မဟာလေဟာနယ်က နယ်မြေကိုးခုမှာရှိတဲ့ သက်ရှိတွေအားလုံးကို ရှင်းထုတ်ပစ်လိမ့်မယ်”

“ငါက ဒီစာအုပ်ကို နောက်မျိုးဆက်တွေအတွက် ချန်ထားခဲ့မယ်”

နောက်ဆုံးစာရွက်ကို လှန်ကြည့်ပြီးသည့်နောက်တွင် စာအုပ်က ကြယ်တာရာအလင်းပျောက်များအဖြစ် ပျောက်ကွယ်သွားပြီး ကောင်းကင်ကျမ်း၏ သင်္ကေတများအသွင် ပြောင်းလဲသွားသည်။

လုကျိုးက အံ့အားသင့်သွား၏။

“ဒါကလည်း ကောင်းကင်ကျမ်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလား”

သူက မြွေလိမ်မြွေကောက် ကိုးသွယ်ပုံရိပ်ယောင် အစီအရင်ဖြင့် ထီပေါက်ခဲ့သလို ခံစားနေရသည်။

“တင်း ဖွင့်လှစ်ကောင်းကင်ကျမ်းစာလိပ်ကို ရရှိခဲ့ပါတယ်။ အသုံးပြုချင်ပါသလား”

လုကျိုးက ကောင်းကင်ကျမ်းစာလိပ်ဟူသော စကားလုံးက စနစ်ပေါ်တွင် ပေါ်လာသည်ကို သတိထားမိလိုက်သည်။ ထို့နောက် သူက အဆင့်မြင့်ကတ်ကို ကြည့်လိုက်၏။

သူ ယခင်က အဆင့်မြင့်စဉ်အခါက အတွေ့အကြုံ အနည်းငယ်သာ ရှိခဲ့သည်။ အဆင့်မြင့်တင်ရေး ဖြစ်စဉ်အတွင်း သူက အာရုံ၅ပါးလုံး ဆုံးရှုံးကာ အဆင့်မြင့်ကတ်ကို အသုံးမပြုခင် ဘေးကင်းသည့်နေရာထံ ရှိနေဖို့ သေချာအောင် လုပ်ဆောင်ရမည်။

ယခင်က သူသည် စနစ်ကို အဆင့်မြင့်တင်ခဲ့စဉ်အချိန်က အချိန်အနည်းငယ် ကြာခဲ့သည့်အတွက် လျိုကောက သူ့တပည့်ကို သတ်လုနီးပါးအထိ ဖြစ်သွားစေခဲ့သည်။ ဤတစ်ကြိမ် သူက ပိုမိုသတိထားရမည်။

ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူက ထိုအတွေးများကို ပယ်ဖျက်ကာ ကောင်းကင်ကျမ်းကိုသာ ဆက်လက် အာရုံစိုက်လိုက်သည်။

“အသုံးပြုမယ်”

လုကျိုးက ကောင်းကင်ကျမ်းစကားလုံးများသည် သူနှင့် အစိမ်းသက်သက် ဖြစ်မနေတော့ကြောင်း သိရှိသွား၏။ သူက ကောင်းကင်ကျမ်း၏ လူသားစာလိပ်ကို နားလည်ခဲ့စဉ်အခါကနှင့် တူညီနေသည်။ အစပိုင်းတွင်သူက နည်းနည်းလေးမှ နားမလည်ပေ။ သို့သော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်း ရင်းနှီးလာကာ နားလည်လာခဲ့သည်။

“ဒီတစ်ကြိမ် ဘာစွမ်းရည်များ ရမှာပါလိမ့်”

ဤသို့ဖြင့် သူက မျက်လုံးကိုမှိတ်ကာ အသစ်ရရှိထားသည့် ကောင်းကင်ကျမ်းစာလိပ်ကို ဆင်ခြင်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူက အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေသည်။ စောစောလေးက လက်ဝါးချက်ဖြင့် စွမ်းအားအကုန် ထုတ်သုံးခဲ့ရသည်။

အစပိုင်းတွင် အရာအားလုံးက ခက်ခဲလေ့ရှိသည်။

အသစ်ကောင်းကင်ကျမ်းစာလိပ်ကို လေ့လာဆင်ခြင်ရာ၌လည်း အတူတူသာ ဖြစ်၏။ သို့သော်လည်း အချိန်ကုန်လွန်လာသည်နှင့် ပိုမိုကောင်းမွန်လာသည်။

သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ကြယ်တာရာအလင်းပြောက်များ ရှိနေပြီး ကောင်းကင်ကျမ်းကို ဆက်လက်ဆင်ခြင်နေသည်။

…

နောက်တစ်နေ့ နံနက်ခင်း

မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းတို့က နန်းဆောင်ထိပ်တွင် ထိုင်နေရင်း လေ့ကျင့်ရေးကွင်းထဲမှ တိုက်ပွဲကို ကြည့်နေကြသည်။

ကျူးဟုန်ကုန်းက မစ်ရှင်ရင်၏ ပုခုံးများကို နှိပ်နှယ်ပေးရင်း ပြောလိုက်၏။

“ထင်ထားတဲ့ အတိုင်းပဲ။ စစ်ရှစ်ရှိုးက တာ့ရှစ်ရှိုးကို ‌ဒီကိုခေါ်လာနိုင်ခဲ့တာပဲ”

ထိုစဉ် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က လေ့ကျင့်ရေးကွင်းအတွင်း မဆုတ်သာမတိုးသာ အခြေအနေသို့ ကျရောက်နေသည်။ သူတို့၏ အဆင့်ကွာဟချက်ကြောင့် တစ်ဦးနှင့်တစ်ဦး စွမ်းအားစမ်းသပ်ဖို့ ခက်ခဲနေ၏။ ထို့ကြောင့် သူတို့သည် ကျင့်ကြံဆင့်ကို ဆယ်ကမ္ဘာကျင့်ကြံသူအဖြစ် ဖိနှိပ်ထားပြီး တိုက်ခိုက်နေကြသည်။ သို့သော်လည်း ၂ရက်နှင့် ၂ညတိုက်ခိုက်ပြီးသည့်တိုင်ပင် ကွဲပြားသည့် ရလဒ် ရှိမနေသေးပေ။

မစ်ရှစ်ရင်က ပြုံးကာ ပြောလိုက်၏။

“မင်းက ဘာသိလို့လဲ။ တကယ်တော့ ငါသာ တာ့ရှစ်ရှိုးကို ခေါ်မလာရင်တောင် သူက လာမှာပဲ”

ကျူးဟုန်ကုန်းက ပြုံးကာ ပြောလိုက်သည်။

“စစ်ရှစ်ရှိုးက တကယ့်ကို ကျွန်တော့ကို အမြင်ပွင့်စေတာပဲ။ ကျွန်တော်သာ စစ်ရှစ်ရှိုးလောက် ဉာဏ်ကောင်းမယ်ဆိုရင် နေ့တိုင်းအရိုက်ခံနေရမှာ မဟုတ်ဘူး။ အား နာလိုက်တာ”

သူကမျက်နှာပေါ်မှ အမာရွတ်များကို ထိလိုက်ရင်း နာကျင်စွာ ညည်းညူလိုက်သည်။

မစ်ရှစ်ရင်က ခေါင်းယမ်းလိုက်၏။

“မင်းက ပွင့်ချပ် ၁၁လွှာ ထွက်ထားပေမဲ့ ကြိုးစားမာန်တက် ကျင့်ကြံသင့်တယ်။ မဟုတ်ရင် မင်းကိုယ်မင်း အရှက်ခွဲမိလိမ့်မယ်”

ကျူးဟုန်ကုန်းက ခေါင်းငုံ့ကာ သူ့ဘာသာသူ စဉ်းစားလိုက်၏။

ဒီလိုမျိုး မျက်နှာပူတဲ့ အခြေအနေမျိုးရောက်နေရတာက အားလုံးက မူမမှန်လောက်အောင် အားကောင်းလို့လေ…

ခဏအကြာတွင် ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“လက်ရည်စမ်းဖို့ အကြီးအကဲလေးဦးကို သွားရှာလိုက်မယ်”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် နန်းဆောင်၏ အောက်ဘက်မှ ချောင်းဟန့်သံများ ထွက်ပေါ်လာသည်။

ကျော့ယွီရှုက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လျှောက်လှမ်းလာ၏။

“အောင်မလေး အောင်မလေး ငါ့ရဲ့ခေါင်းတွေက ဒီနေ့ ကိုက်လိုက်တာ”

“ငါ့ခြေထောက်တွေလည်း ‌ဒီရက်ပိုင်းအတွင်း နာကျင်ကိုက်ခဲနေတာပဲ။ ငါ တကယ်ကို အသက်ကြီးနေပြီ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေက ငါ့ကိုလက်ရည်စမ်းဖို့ လာရှာမယ်လို့ ထင်လား”

လန်လော့က ပြောလိုက်သည်။

“အဲလိုမဖြစ်လောက်ပါဘူး။ တပည့်တွေ အားလုံးက ကြင်နာတတ်ကြတာပဲလေ။ သူတို့တွေက အားနည်းတဲ့သူနဲ့ အသက်ကြီးတဲ့သူကို အနိုင်ကျင့်တဲ့သူမျိုး‌တွေ မဟုတ်ရပါဘူး။ ပြီးတော့ မင်းရဲ့ အရိုးအိုကြီးတွေ ကျိုးသွားခဲ့ရင် အဲဒီစကားသာ အပြင်ပျံ့သွားရင် ရှက်စရာပဲ”

“ရှင် ပြောတာ ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မတို့တွေက ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းနေကြတာလေ။ တပည့်တွေ အမြင်ကိုရော မတောင်းခံသင့်ဘူးလား”

အကြီးအကဲလေးဦးက စကားစမြည်ပြောပြီး ထွက်သွားကြသည်။

ကျူးဟုန်ကုန်း “...”

မင်ရှစ်ရင်က ကျူးဟုန်ကုန်းကိုကြည့်ကာ ပြောလိုက်သည်။

“လက်ရည်စမ်းဖို့ တခြားသူသာရှာလိုက်တော့။ သူ‌တို့တွေက လက်ရည်စမ်းဖို့ကောင်းတဲ့ တွဲဖက်တွေ မဟုတ်ဘူးဆိုတာ သိသာတယ်”

သို့သော်လည်း ကျူးဟုန်ကုန်းက ရယ်မောကာ ပြောလိုက်၏။

“စစ်ရှစ်ရှိုးက ဒီတစ်ခေါက်တော့ မှားသွားပြီ”

“ဟမ်”

ဝှစ်

ကျူးဟုန်ကုန်းက စကားတစ်ခွန်းမှ မပြောဘဲ နန်းတော်တံတိုင်းမှ ခုန်ချကာ အကြီးအကဲလေးယောက်နောက် လိုက်ပါသွားသည်။

မစ်ရှစ်ရင် “...”

မစ်ရှစ်ရင်က ယိုင်ကာပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ သူက နေ‌ပူသာလှုံ‌နေရင်း မြို့တော်‌မြောက်ပိုင်းရှိ တောအုပ်အနီးမှ အနက်‌ရောင် စိတ်ဝိညာဉ်ဿဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။

သူက ကျောမတ်မတ်ထားကာ ဉာဏ်များသည့် အပြုံးမျိုး ပြုံးလိုက်သည်။

“မင်းတို့တွေက ဒီမှာပေါ်လာဖို့ သတ္တိရှိသားပဲ”

မဖိတ်ခေါ်ထားသည့် ကျင့်ကြံသူများ တာ့ယွမ်၏ မြို့တော်ကို ရောက်လာခဲ့သည်မှာ အချိန်တော်တော် ကြာမြင့်လှပြီဖြစ်၏။ မြို့တော်က သူ့စည်းမျဉ်းနှင့်သူ ရှိလေသည်။

“ခွေးလေး သွားကြစို့”

ဝုတ်

ချုံးချီက ဟောင်ကာပျံသန်းလာသည်။

ထို့နောက် နှစ်ဦးသားက မြို့တော်‌မြောက်ပိုင်းရှိ တောအုပ်ဆီ ပျံသန်းသွားလိုက်ကြသည်။

…

မြို့တော်‌မြောက်ဘက်ပိုင်း တောအုပ်အတွင်း

“မဟူရာလေပြေ တောင်စွန်းမှာ တိုက်ပွဲနိုင်နိုင် ရှုံးရှုံး ကိစ္စမရှိဘူး။ မင်းက ဒီနေ့သေရမယ်”

“ငါတို့က မင်းကို အချိန်အကြာကြီး လိုက်ရှာနေခဲ့တာ”

“မင်းက ပုန်းတဲ့နေရာမှာ တော်သားပဲ”

ထိုစဉ် အနက်ရောင်ပုံရိပ်များစွာက ရှောင်ယွင်ဟယ်ကို ဝိုင်းထားလိုက်ကြသည်။

ရှောင်ယွင်ဟယ်၏ ပါးစပ်မှ သွေးများ စီးကျနေ၏။ သူက လှောင်ပြောင်ကာ ပြောလိုက်သည်။

“ရှားကျန်းလုံက ဒီနောက်မှာပဲ ရှိရမယ်”

“ဘယ်သူက ရှားကျန်းလုံလဲ”

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“ငါ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင် ဖြစ်တုန်းက မင်းတို့က ရွှံ့နဲ့ ကစားနေတုန်းပဲ ရှိသေးတယ်။ ဘယ်သူတွေ မင်းကို လွှတ်လိုက်တာလဲ”

အနက်ရောင်လေပြေ တောင်စွန်းမှ တိုက်ပွဲအတွင်း ရှောင်ယွင်ဟယ်နှင့် ရှားကျန်းလုံတို့က ၃ရက်နှင့် ၃ညတိုက်ခိုက်ခဲ့ကြသည်။ နှစ်ဖက်လုံးက စွမ်းအားများ ကုန်ဆုံးသွားပြီး အဆုံးသတ်တွင် ရှောင်ယွင်ဟယ်က အနိုင်ရရှိခဲ့၏။ သူတို့က ပြန်လာခဲ့စဉ် လျှို့ဝှက်ဆန်းကြယ် လူအုပ်စု၏ လုပ်ကြံမှုကို ခံခဲ့ရသည်။

ဤတစ်ကြိမ် ဝူချောင်က အနီရောင်ကြာနယ်မြေဆီ ဦးတည်နေသည့် သင်္ကေတလမ်းကြောင်းကို ဦးဆောင်ခဲ့၏။ သို့သော်လည်း ထိုအဖွဲ့ကထိုအရာကို သိထားဟန်ပေါ်သည်။ သူတို့က ဝူချောင်၏ စုန်းအတတ် နည်းစနစ်များကို ထိုးဖောက်မြင်နိုင်စွမ်း ရှိဟန်ပေါ်၏။ လမ်းတစ်လျှောက်လုံးတွင် သူ့ညီကိုများစွာက သတ်ဖြတ်ခံခဲ့ရသည်။ ဝူချောင်၏ လက်ရှိတည်နေရာလည်း မသိရသေးပေ။ တစ်ယောက်တည်းကသာ အနီရောင်ကြာနယ်မြေအထိ လွတ်မြောက်လာသည့်သူ ဖြစ်၏။

ရှောင်ယွင်ဟယ်က ထိုသူများကို မသိပေ။ သူတို့က အနက်ရောင်ကြာ ကျင့်ကြံသူအဖြစ် ရုပ်ဖျက်ထားကြသော်လည်း သူတို့၏ စွမ်းအားစည်းတံဆိပ်များက သန့်စင်သည့် အနက်ရောင်ကြာ ကျင့်ကြံသူများ မဟုတ်ကြောင်း ညွှန်ပြနေသည်။

ရှောင်ယွင်ဟယ်၏ စကားကိုကြားကာ ကျင့်ကြံသူများက တစ်‌ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်။

“မင်းကငါတို့ဆီက ပစ္စည်းတစ်ခုကို ခိုးသွားတယ်။ ဒီတိုင်း မေ့လိုက်ပြီလား”

“သူက ဟန်ဆောင်နေတာပဲ”

“သူ့ဆီက ဝန်ခံချက် မရခင် သတ်လိုက်ရင်ဘယ်လိုလဲ”

“သတ်လိုက်ရင် သူ့ဆီက ဝန်ခံချက် ဘယ်လိုလုပ် ရတော့မှာတုံး”

“သူ့အလောင်းကို ရိုက်နှက်ပြီးတော့ပေါ့”

“...”

ရှောင်ယွင်ဟယ်က ရယ်မောလိုက်သည်။

“မင်းတို့ရဲ့အလောင်းတွေပဲ ရိုက်နှက်ခံရမှာ စိုးမိသား”

“သေမင်း လက်တစ်ကမ်းအထိအောင် ထုတ်မပြောသေးဘူးလား”

“ဒီနေရာက တာ့ယွမ်ရဲ့ တော်ဝင်နန်းဆောင်နဲ့ ၅ကီလိုမီတာပဲ ဝေးတယ်။ မင်းတို့တွေက အဲဒါကို မသိသေးဘူးလား။ ဒီနေရာမှာ လှုပ်ရှားရဲရင် ငါ့မိတ်ဆွေတွေက ချက်ချင်း ရောက်လာလိမ့်မယ်”

အနက်ဝတ်ကျင့်ကြံသူ ၅ဦးက အချင်းချင်းကြည့်ကာ တစ်ဦးနှင့်တစ်ဦး ထပ်မံ ပြောလိုက်ကြသည်။ သူတို့က စက်ရုပ်များသဖွယ် ဖြစ်နေ၏။

“သူက သူ့မိတ်ဆွေတွေရှိတယ်လို့ ပြောတယ်”

“သူတို့က ပညာရှင်တွေနဲ့ တူတယ်”

“သူက လျှောက်ပြောနေတာလည်း ဖြစ်နိုင်တယ်”

သူက အမှန်အတိုင်းပြောနေတာဆိုရင် ငါတို့တွေ မြန်မြန်ဆန်ဆန် အဆုံးသတ်ပစ်ရမယ်”

“ကောင်းပြီ”

ထို့နောက် တစ်ယောက်ကလက်ကို‌ ဝှေ့ယမ်းလိုက်သည်။

ထို့နောက် ၅ယောက်လုံးက သူတို့လက်ချောင်းဖြင့် စက်ကွင်းတစ်ခုကို ရေးဆွဲလိုက်ကြ၏။

စက်ကွင်းက အစိမ်းရောင်နှင့်အနက်ရောင် တောက်ပလာသည်။

ဝုတ်

အနက်ဝတ်ကျင့်ကြံသူ ၅ဦးက ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

“ဘယ်သူလဲ”

သိပ်မကြာခင် မင်ရှစ်ရင်က ချုံးချီ၏ ကျောပေါ်စီးနှင်းလျက် အားလုံး၏ မြင်ကွင်းရှေ့ ပေါ်ထွက်လာသည်။

“ဒီမှာ အသက်ဝင်နေတာပဲ”

အနက်ဝတ်ကျင့်ကြံသူ ၅ဦးက အချင်းချင်းအကြည့်ဖလှယ်ကာ ချုံးချီကို ကြည့်လိုက်ကြသည်။ ယခင်ကဲ့သို့ သူတို့က စက်ယန္တရားများကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။

“မင်းနဲ့ဒီနေရာက မသက်ဆိုင်ဘူး”

“တခြားသူတွေကိစ္စမှာ ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ”

“ဝင်စွက်ဖက်တာက ဆိုးဝါးတဲ့အဆုံးသတ် ဖြစ်သွားနိုင်တယ်”

“မင်းက ရှောင်ယွင်ဟယ်လောက်တောင် အားမကောင်းဘူး”

“ဟုတ်တယ် ထွက်သွားစမ်း”

၅ယောက်လုံးက တစ်ခွန်းစီ ပြောလိုက်ကြသည်။

“မဟုတ်သေးပါဘူး။ ငါက ဒီမှာကိစ္စမရှိဘူးဆိုတာ ဘာပြောတာတုံး။ ဒါက မျှော်စင်သခင်ရှောင် မဟုတ်ဘူးလား” မင်ရှစ်ရင်က ပြောလိုက်သည်။

မင်ရှစ်ရင်ကို မြင်ကာ ရှောင်ယွင်ဟယ်က ပျော်ရွှင်သွားမိသည်။

“စတုတ္ထသခင်လေးလား။ မင်းရဲ့ဆရာရော ဘယ်လိုလဲ”

“သူက အဆင်ပြေပါတယ်။ ဒါနဲ့ ဘယ်လို မျှော်စင်သခင်ရှောင်က ဘာလို့ ဒဏ်ရာ အဲလောက်ရနေတာတုံး” မင်ရှစ်ရင်က မေးလိုက်သည်။

“ဒါက အသေးအဖွဲပါ။ ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး”

နှစ်ဦးသားက အားတက်သရော စကားပြောဆို‌နေသည်ကို မြင်သည့်အခါ အနက်ဝတ်ကျင့်ကြံသူ၅ဦးက မျက်မှောင်ကြုတ်လိုက်ကြသည်။

မင်ရှစ်ရင်က ပြောလိုက်၏။

“ဟုတ်သားပဲ။ ရှစ်စွင်းကို ဟိုတစ်လောကကိစ္စတစ်ခု ပြောသေးတယ်။ သူက ခင်ဗျားနဲ့ ရှားကျန်းလုံကြားမှာ ဘယ်သူအနိုင်ရသွားလဲဆိုတာ သိချင်လို့တဲ့”

ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်သည်။

“ကျုပ် နိုင်ပေမဲ့ ပြန်လာတဲ့လမ်းမှာ ဒီ ၅ကောင်နဲ့ တွေ့ခဲ့တာလေ”

မင်ရှစ်ရင်က ထိုလူ၅ယောက်ကို ကြည့်ကာ ပြုံးလိုက်သည်။

“ကျုပ်မျက်နှာကို ထောက်ပြီး ဒီကိစ္စကို ခွင့်လွတ်ပေးလိုက်ရင် ဘယ်လိုလဲ။

ခင်ဗျားတို့အကုန်လုံးကို အဖန်ရည်တစ်ခွက်စီ တည်ခင်းပါ့မယ်”

အနက်ဝတ်ကျင့်ကြံသူ၅ဦးက သူတို့အချင်းချင်း အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။

အစိမ်းရင့်ရင့်စက်ကွင်း၅ခုက ထွက်ပေါ်လာခဲ့သည်။

ရှောင်ယွင်ဟယ်က အော်ပြောလိုက်၏။

“မြန်မြန်ထွက်သွားတော့”

“ဒါကျုပ်ဆီ အပ်ထားလိုက်” မင်ရှစ်ရင်က လေထဲခုန်ဆင်းလာသည်။

သူ့ကို ကာရံထားသည့် အပြာရောင်သစ်သားများ အလျင်အမြန် ပေါက်ရောက်လာ၏။

အပြာဝတ်ကျင့်ကြံသူ၅ဦးက ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူတို့၃ဦးက တောအုပ်အတွင်း ပြေးဝင်သွားကာ ကျန် ၂ဦးက ရှောင်ယွင်ဟယ်ကို ကြည့်လိုက်ကြသည်။

“သူ့ကို သေချာကြည့်ထား။ ကျန်တစ်ယောက်ကို အရင်ဖြေရှင်းလိုက်မယ်”

“ကောင်းပြီ”

...

အခန်း (၁၁၉၁) စိတ်အနှောင့်အယှက်ဖြစ်စေသော

ဝတ်ရုံနက်ကျင့်ကြံသူသုံးဦးက လေထဲခပ်မြင့်မြင့် ပျံသန်းနေကြသည်။ တစ်ယောက်က အောက်ကို ကြည့်ကာ တစ်ယောက်က ဘယ်ညာကြည့်နေပြီး ကျန်တစ်ယောက်က တော်ဝင်နန်းတော်ကို ကြည့်လိုက်၏။ သူတို့၏ လုပ်အားခွဲဝေမှုက အလွန်ရှင်းလင်းသည်။

“ဒီလူရဲ့ကျင့်စဉ်က သန်မာတဲ့အသက်စွမ်းအင်နဲ့ အင်မတန်သန်မာတဲ့ကျင့်စဉ်တစ်ခုပဲ။ သစ်သားဓာတ် ကျင့်စဉ်ဆိုတာ သေချာတယ်။ သူ့ရဲ့အရှိန်အဝါက အလွန်တည်ငြိမ်ပေမဲ့ ထူးဆန်းတယ်။ သူက ဘုံတစ်ထောင်လေပွေအဆင့်လောက်မှာ ရှိလောက်တယ်။ သူ့ရဲ့စီးတော်သားရဲ ချုံးချီက ရှေးဟောင်းကြမ်းတမ်းခက်ထန်သားရဲရဲ့ မျိုးဆက်ပဲ”

“တော်ဝင်နန်းတော်က ဒီနေရာနဲ့ ငါးကီလိုမီတာ ဝေးတယ်။ ငါတို့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်တွေကို သုံးတာက ဉာဏ်ရှိရာ မရောက်ဘူး။ အကောင်းဆုံးနည်းလမ်းက စုန်းအတတ်ကို သုံးဖို့ပဲ”

“ဒီလောက်ဝေးတာ အဲ့ဒီလူကလွဲရင် ဘယ်သူမှ လာမှာ မဟုတ်လောက်ဘူး။ သူက ရှောင်ယွင်ဟယ်ရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် ဖြစ်လောက်တယ်”

“အဲ့ဒီလူကို ဖြေရှင်းဖို့ပဲ အာရုံစိုက် ... သစ်သားဓာတ်ကျင့်စဉ်ဆိုတော့ သူ့ကို ဖိနှိပ်ဖို့ မီးကိုသုံးလိုက်။ ၂ကီလိုမီတာအထိရွေ့ပြီး ရုတ်ရုတ်သဲသဲ မဖြစ်အောင် ဖိနှိပ်ထား”

“ဂရုစိုက် ... အဲ့ဒီချုံးချီက သာမန်မဟုတ်ဘူး။ သူက တစ်နှစ်ပတ်လုံး ကောင်းမွန်တဲ့အာဟာရတွေ ရထားတာ”

“ဒီလိုပဲ လုပ်လိုက်ရအောင်”

သုံးယောက်သား ခေါင်းညိတ်ပြီးနောက် နောက်ဆုံး၌ သဘောတူညီမှုရသွားသည်။

ဖုန်း

သစ်သားပြာနှလုံးသားကျင့်စဉ်မှ နွယ်ကြိုးများသည် ဝေဟင်ထဲ ပေါ်ထွက်လာပြီး ဖြိုခွဲလိုက်၏။

ဝုတ် ဝုတ် ဝုတ်

ချုံးချီ၏ကျောဆီ ပုံရိပ်တစ်ခုက လှစ်ခနဲတိုးဝင်လာသည်။

“မျှော်စင်သခင်ရှောင် ... ကျုပ် တောင်းပန်ပါတယ်။ ဒီသုံးကောင်က ကြောက်ဖို့ကောင်းတယ်။ ကျုပ် သွားနှင့်ပြီး စစ်ကူခေါ်ခဲ့မယ်”

ရှောင်ယွင်ဟယ် “...”

ဝတ်ရုံနက်ကျင့်ကြံသူသုံးဦးက မင်ရှစ်ရင် လျင်မြန်စွာ ထွက်ပြေးသွားတာကို ကြည့်ပြီး ဆွံ့အနေကြ၏။

“ငါတို့လိုက်ဖမ်းကြမလား"

“မလိုက်ဘူး”

“ငါတို့ သူ့နောက်လိုက်သင့်တယ်ထင်တယ်”

“ငါတို့ ပန်းတိုင်ကို ရပြီးပြီပဲ။ လမ်းဘေးခွေးတစ်ကောင်နောက် လိုက်ဖို့မလိုဘူး”

“ဟုတ်ပြီ ... ပြန်ကြရအောင်”

ဝတ်ရုံနက်ကျင့်ကြံသူသုံးယောက်က သူတို့၏အဖော်နှစ်ဦးဆီ ပြန်လှည့်လာ၏။ သူတို့ငါးယောက်က ရှောင်ယွင်ဟယ်ကို ဝိုင်းလိုက်ပြန်သည်။

“ခင်ဗျားရဲ့ မိတ်ဆွေလို့ခေါ်တဲ့သူက ခင်ဗျားကို စွန့်ပစ်သွားတာ စိတ်မကောင်းဖြစ်မိတယ်”

“ဒီလောကကြီးမှာ မိတ်ဆွေအစစ်အမှန်ဆိုတာ မရှိဘူး။ အကျိုးအမြတ်ကို အခြေခံထားတဲ့ ခင်မင်မှုပဲ ရှိတယ်”

“ခင်ဗျားရဲ့မိတ်ဆွေ ခင်ဗျားကို စွန့်ပစ်သွားတာ အခုလောက်ဆို စိတ်ပျက်အားငယ်နေမှာပဲ”

“ခင်ဗျားရဲ့ကူကယ်ရာမဲ့မှုနဲ့ ဝမ်းနည်းမှုတွေကို ခံစားမိနိုင်တယ်”

“ခင်ဗျားက ကျုပ်တို့ရဲ့ဆန်းကြယ်သလင်းကျောက်တွေခိုးသွားပြီး ဆန်းကြယ်အသက်မြက်တွေကိုပါ ခိုးသွားတာ။ ခင်ဗျားကို အပြစ်ပေးသင့်တယ်”

ရှောင်ယွင်ဟယ်သည် မှင်တက်သွား၏။ သူက သူတို့ကို လက်ညှိုးထိုးပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။

“နေဦး ... ဒီတော့ ခင်ဗျားကိုး ...”

“နောက်ဆုံးတော့ မှတ်မိသွားပြီပဲ”

“ခင်ဗျားမှတ်ဉာဏ်က အတော်ကောင်းသားပဲ။ ကံဆိုးချင်တော့ အထောက်အကူမဖြစ်ဘူး”

ရှောင်ယွင်ဟယ်သည် ထိုလူငါးယောက်ကြောင့် ဇဝေဇဝါဖြစ်သွားသည်။ သူတို့ တစ်လှည့်စီ ပြောနိုင်၏။ သို့သော် အဘယ်ကြောင့်များ တစ်ပြိုင်နက်တည်း ပြောရသနည်း။ သူက ဖြတ်ပြောလိုက်၏။

“ခင်ဗျားတို့ကို ရှားကျန်းလုံရဲ့လူတွေလို့ ထင်နေတာ။ ဆန်းကြယ်သလင်းကျောက်နဲ့ ဆန်းကြယ်အသက်မြက်ကို ခင်ဗျားတို့ဆီ ပြန်ပေးမယ် ... ဘယ်လိုလဲ”

ဝတ်ရုံနက်ကျင့်ကြံသူငါးဦးက အကြည့်ချင်း ဖလှယ်လိုက်သည်။

“သူက ငါတို့ဆီ ဆန်းကြယ်သလင်းကျောက်နဲ့ ဆန်းကြယ်အသက်မြက် ပြန်ပေးချင်တယ်လို့ ပြောနေတယ်”

“ငါ သိတယ်။ ငါ နားမလေးဘူး ... ဒါပေမဲ့ သူ ဘယ်လိုပြန်ပေးမှာလဲ”

ရှောင်ယွင်ဟယ်က ဖြတ်ပြောလိုက်၏။ “တော်တော့”

ဝတ်ရုံနက်ကျင့်ကြံသူ ငါးယောက်က ချက်ချင်းတိတ်သွားတော့သည်။

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“မင်းတို့ရဲ့ ကျင့်ကြံဆင့်က သာမန်ပဲရှိတာ။ ငါ့အထွတ်အထိပ်အခြေအနေမှာဆို မင်းတို့က ငါနဲ့ မယှဉ်နိုင်ဘူး။ ဆန်းကြယ်သလင်းကျောက်နဲ့ ဆန်းကြယ်အသက်မြက်ကို ရှာနိုင်မယ်ဆိုရင် ငါလည်း ရှာနိုင်တာပေါ့”

“သူ ပြောတာ အဓိပ္ပာယ်ရှိတယ်” ပထမဆုံးကျင့်ကြံသူက ပြောလိုက်၏။

“ဒါပေမဲ့ သူ့ရဲ့စကားထဲမှာ ဝေခွဲရခက်တာတွေရှိနေတယ်” ဒုတိယကျင့်ကြံသူက ပြောလိုက်၏။

“သူ ပြန်ကောင်းလာရင် ငါတို့ သူ့ကို အနိုင်မယူနိုင်လောက်ဘူး” တတိယကျင့်ကြံသူက ပြောလိုက်သည်။

“ကျုပ်တို့တွေ ဆန်းကြယ်သလင်းကျောက်နဲ့ ဆန်းကြယ်အသက်မြက်ကို ပြန်လုယူနိုင်မှာမဟုတ်ဘူး”

စတုတ္ထမြောက်ကျင့်ကြံသူက ပြောလိုက်၏။

“သူ့ကို သတ်လိုက်တာ ပိုကောင်းမယ်” ပဉ္စမကျင့်ကြံသူက ပြောလိုက်၏။

“...”

လူငါးယောက်က ကောင်းကင်ပေါ် သူတို့လက်ကို တပြိုင်နက်တည်းမြှောက်လိုက်ရာ သူတို့လက်ထဲ၌ အစိမ်းရင့်ရောင် ရောင်ခြည်ကွင်းများပေါ်လာသည်။ ထိုစွမ်းအင်တို့က အစွမ်းထက်လှပေ၏။

၎င်းကို မြင်သောအခါ ရှောင်ယွင်ဟယ်က ပျံသန်းလိုက်၏။ သူ၏ကြယ်တာရာဒိုင်ခွက်က လက်ထဲ၌ ပေါ်လာပြီးနောက် ၎င်းကို ရှေ့သို့တွန်းထုတ်လိုက်သည်။

ကြယ်တာရာဒိုင်ခွက်သည် ကျင့်ကြံသူငါးဦးပေါ် ကျရောက်သွားပြီးနောက် ၎င်းတို့ကို လွင့်ထွက်သွားစေ၏။

တစ်ချိန်တည်းတွင် ရှောင်ယွင်ဟယ်က မြေပြင်ပေါ်ဆင်းသက်လိုက်သည်။ သူ၏ ချီနှင့်သွေးများ ဆန်တက်လာတာကို ခံစားမိ၏။

ကျင့်ကြံသူငါးဦးသည် မီတာတစ်ရာခန့် လွင့်ထွက်သွားပြီးနောက် နောက်ဆုံး၌ မြဲမြံစွာ ရပ်လိုက်နိုင်သည်။ ပြီးနောက် သူတို့သည် အစိမ်းရင့်ရောင် ရောင်ခြည်စက်ဝန်းများကို ပစ်ထုတ်လိုက်သည်။

အစိမ်းရင့်ရောင် ရောင်ခြည်စက်ဝန်းများသည် အရပ်မျက်နှာငါးခုကနေ ရှောင်ယွင်ဟယ်ကို ဝန်းရံထားပြီးနောက် ၎င်းတို့ငါးခု တစ်သားတည်းပေါင်းစည်းသွားသည် အထိ လျင်မြန်စွာ ပြန့်ကားလာ၏။

“ချုပ်နှောင်မယ်”

ဘီး ...

ရောင်ခြည်က ထွန်းလင်းတောက်ပနေပြီး ဤနည်းဖြင့် အစီအရင်က ပြီးမြောက်သွားတော့သည်။

ကျင့်ကြံသူငါးဦးက လှစ်ခနဲလှုပ်ရှားလိုက်သည်။ တစ်ယောက်ချင်းစီက ရောင်ခြည်စက်ဝန်း၏ အလယ်၌ ရပ်နေသည်။ သူတို့လက်များကလည်း တောက်ပနေသည်။ ရှောင်ယွင်ဟယ်၏အကြည့်က တောက်ပနေကာ အသံကတင်းမာခက်ထန်ကာ ပြောလိုက်သည်။

“မင်းတို့ ငါ့ကို သတ်နိုင်မယ်ထင်နေလား”

ရှောင်ယွင်ဟယ်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။ မွေးဖွားဇယားချပ် ၁၁ခု ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က မြေကြီးထဲမှ ပေါ်ထွက်လာ၏။

စိတ်ဝိညာဉ်သဏ္ဌာန်က အမြင့်အပြည့်ကို မရောက်သေးခင် ရောင်ခြည်စက်ဝိုင်းငါးခုက ပေါ်ထွက်လာပြီး ကျော့ကွင်းများပမာ ၎င်းကို ထိန်းချုပ်လိုက်၏။

“ချုပ်နှောင်မယ်”

ရှောင်ယွင်ဟယ်သည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်က ထူးဆန်းသောစွမ်းအားဖြင့် စည်းပိတ်ခံလိုက်ရသည်ဟု ချက်ချင်းခံစားရသည်။

ထိုကျင့်ကြံသူငါးဦးက တကယ်ထူးဆန်းသည်။ သူတို့တစ်ယောက်ချင်း၏ ကျင့်စဉ်က သာမန်မျှဖြစ်သော်ငြား ပေါင်းလိုက်လျှင် မူမမှန်လောက်အောင် သန်မာပေ၏။

ရှောင်ယွင်ဟယ်က ခေါင်းအနည်းငယ်စောင်းကာ အဝေးကို ကြည့်လိုက်သည်။ မင်ရှစ်ရင် ... အဲ့ဒီကလေး တကယ် စွန့်ပစ်သွားတာတော့ မဟုတ်ဘူးမလား။

“ဟေ့ ...”

ဝုတ်

ခွေးတစ်ကောင်သည် အနီးကနေ ရုတ်တရက်ခုန်အုပ်လိုက်သည်။ တစ်ချိန်တည်းတွင် ဘေးကနေ ပုံရိပ်တစ်ခု လှစ်ခနဲ ပေါ်လာသည်။ သူ၏အရှိန်က လျှပ်ပြက်သည့်ပမာ မြန်ဆန်ကာ ကျင့်ကြံသူများထဲမှ တစ်ယောက်၏ ဇက်ကို ဦးတည်လိုက်၏။

ကျင့်ကြံသူကအမြန်လက်မြှောက်ကာ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

ဘန်း

အလင်းတန်းတစ်ခု လှစ်ခနဲ ပေါ်လာပြီး မင်ရှစ်ရင်နှင့် ချုံးချီသည် ရောင်ခြည်စက်ဝန်းကို ဖြတ်တောက်ကာ မြေပြင်ပေါ်တွင် ဆင်းသက်လိုက်၏။

“ဒီလူက သိပ်စိတ်ပျက်စရာကောင်းတာပဲ”

“သူ အောင်မြင်တော့မလို့ ... သူက ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်တဲ့လူတစ်ယောက်”

“သူ့လက်ထဲမှာရှိတဲ့ လက်နက်က လွှမ်းမိုးအဆင့်နဲ့တူတယ်”

“သူ့ကို အတူအပြီးသတ်လိုက်ရအောင်”

မင်ရှစ်ရင်သည် ခွဲခွာချိတ်ကောက်ကို ဖယ်ပြီး သူသည် ထိုလူငါးယောက်၏ အမြင်အာရုံစူးရှမှုနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်စွမ်းခြင်းကြောင့် အနည်းငယ် အံ့ဩသွားတော့သည်။

ကောင်းကင်သိုင်းကျောင်းတော်၏ အကူအညီဖြင့် ခွဲခွာချိတ်ကောက်ကို လုကျိုးပေးထားသည့် မီးဝိညာဉ်ကျောက်တုံးများဖြင့် အဆင့်မြှင့်တင်ထားတာ ကြာပြီဖြစ်သည်။

သူ၏ အစောတုန်းက တိုက်ခိုက်မှုက ပစ်မှတ်ကို ချော်သွားကြောင်း ဝန်ခံရပေမည်။ သို့သော် သူက ဤအတိုင်းအတာထိ ရောက်လာပြီဖြစ်သောကြောင့် များများစားစား ပြောစရာမရှိပေ။

မင်ရှစ်ရင်က ချုံးချီကို ပုတ်ပြီးနောက် လူတိုင်းကို လက်မြှောက်ပြလိုက်သည်။

“မင်္ဂလာပါ ... ကျုပ် တစ်ချက်ပြန်လာကြည့်တာ။ တခြားရည်ရွယ်ချက် မရှိပါဘူး။ ခင်ဗျားတို့ကိစ္စ ဆက်လုပ်လို့ရတယ်။ ကျုပ်ကို စိတ်ထဲမထားပါနဲ့။ ခွေးလေး ... ဘာလုပ်နေတာလဲ”

၎င်းသခင်၏ စိတ်နေသဘောထားကို အသားကျနေသည့်ပမာ ချုံးချီကလိမ်လိမ်မာမာဖြင့် လက်သည်းများ၊ အစွယ်များနှင့် ရက်စက်ကြမ်းကြုတ်သော အမူအရာများကို ဖယ်ခွာချလိုက်၏။ ပြီးနောက် လှည့်ပြေးကာ တောအုပ်ထဲ ပျောက်ကွယ်သွားတော့သည်။

ကျင့်ကြံသူငါးဦး “....”

ရှောင်ယွင်ဟယ် “...”

ကျင့်ကြံသူငါးဦးက အလွန်စိတ်ပျက်သွားတော့သည်။

“သူ ထွက်သွားပြန်ပြီ”

“သူက ငါတို့ကိုနှောင့်ယှက်ပြီး စုန်းအတတ်အစီအရင်ကို နှောင့်ယှက်နေတာ”

“အရင်တုန်းက ဒီလိုအရှက်မရှိတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး”

ယခုအခေါက်တွင် သုံးယောက်သာ ပြော၏။ ကျန်သည့်နှစ်ယောက်က အရင်ဆုံး အစီအရင်စက်ဝန်းထဲမှ ထွက်ကာ တောအုပ်ဆီပျံသန်းသွားလိုက်၏။

“အကြံဉာဏ်ကောင်းပဲ”

“တာဝန်ကို ခွဲဝေတာအကောင်းဆုံးပဲ”

ကျန်သည့်သုံးယောက်က သူတို့၏စုန်းအတတ်ကို ဆက်လက်ရွတ်ဆိုသည်။

တစ်ချိန်တည်းတွင် ရှောင်ယွင်ဟယ်က သူ၏ခေါင်းကို ခါလျက် သက်ပြင်းချလိုက်သည်။ သူက တောအုပ်ဖက်ကိုကြည့်ကာ ပြောလိုက်၏။

“စတုတ္ထသခင်လေး ... ခင်ဗျား ထွက်သွားသင့်ပြီ။ ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”

ပြီးနောက် ရှောင်ယွင်ဟယ်က လက်မြှောက်လိုက်၏။ ဆဌဂံလက်နက်က လေထဲပေါ်ထွက်လာသည်။

ရှောင်ယွင်ဟယ်သည် သူ့ရှေ့ရှိ ကျင့်ကြံသူများကို သိမ်းကြုံးကြည့်ပြီးနောက် ရယ်မောလိုက်သည်။

“ကျုပ်ရဲ့စွမ်းအား ပြခွင့်ပေးလိုက်”

“သူ့ရဲ့စွမ်းအားဗဟိုချက် ချီပင်လယ်ကို ရှို့တော့မလို့လား”

“သူ သတ်သေတော့မှာလား”

သူတို့သည် အလင်းကွင်းတစ်ခုကို ပစ်ထုတ်လိုက်သည်။

“သူ့ကို ဆက်ပြီးထိန်းချုပ်ထား”

“မင်းတို့နေရာဆီပြန်သွား”

“အဲ့ဒီလူကြောင့် နှောင့်ယှက်မခံနဲ့”

ကျင့်ကြံသူငါးဦးက လျင်မြန်စွာစုစည်းကာ ရောင်ခြည်စက်ဝန်းငါးခုကို ဆက်လက်ထိန်းချုပ်လိုက်သည်။

မကြာမီ၌ စူးချွန်များဖြင့်အနက်ရောင်လက်တံထောင်ချီက ရောင်ခြည်စက်ဝန်းထဲမှ ပေါ်ထွက်လာပြီး ရှောင်ယွင်ဟယ်ကို ရစ်ပတ်လိုက်၏။

“မဟုတ်ဘူး” ရှောင်ယွင်ဟယ်သည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ကို ဖြတ်တောက်ခံလိုက်ရတာကို ခံစားမိသည်။

ဆဌဂံလက်နက်က မှေးမှိန်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွား၏။

ရှောင်ယွင်ဟယ်၏ ခန္ဓာကိုယ်ထဲရှိ ကနဦးချီက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ၏စွမ်းအင်က အားလျော့သွားတော့သည်။

ထိုစဉ် အဝေးရှိကောင်းကင်မှ ပုံရိပ်တစ်ခု လှစ်ခနဲပေါ်လာ၏။ ထိုပုံရိပ်က မကြီးမားသော်ငြား ၎င်း၏အရှိန်က ပြိုင်ဖက်ကင်းပုံပေါ်သည်။

ဘီး ...

တမူထူးကဲသော စွမ်းအင်သံက လေထဲပဲ့တင်သံထွက်ပေါ်နေပြီး ကျင့်ကြံသူငါးဦးကို အလိုလို ခေါင်းမော့သွားစေ၏။ သူတို့သည် ဝေဟင်ထဲ၌ အဖြူရောင်ဆံပင်များပြည့်နေသည့် သူတော်စင်နှင့်တူသော အဖိုးအိုကို တွေ့လိုက်ရသည်။ ထိုအဖိုးအို၏ မျက်နှာက ကြမ်းတမ်းခက်ထန်နေတာ မဟုတ်သော်ငြား ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။

“ငါ့ရဲ့နယ်မြေထဲမှာ ဘယ်သူရမ်းကားရဲတာလဲ”

လုကျိုးက သူ၏လက်ဝါးကိုတွန်းထုတ်လိုက်သည်။

ဧရာမရွှေရောင်စွန့်ပစ်ခံဉာဏ်ပညာကို ချက်ချင်းပစ်ထုတ်လိုက်၏။ ဖုံးကွယ်၏ကတ်၏အာနိသင်ကြောင့် လုကျိုးသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အသုံးပြုသည့်တိုင်ရွှေရောင်ဖြစ်နေ၏။

ကျင့်ကြံသူငါးဦးသည် များစွာသော လက်နက်များကို ဖျက်ဆီးသွားသည့်လက်ဝါးစည်းတံဆိပ်ကို ကြည့်ပြီး ထိတ်လန့်နေတော့သည်။

ဖုန်း

ရောင်ခြည်များ ပြိုကွဲသွားတော့သည်။

ဖုန်း

ကျင့်ကြံသူငါးယောက်သည် ပြင်းထန်သောစွမ်းအားကြောင့် နောက်သို့ လွင့်ထွက်သွားတော့သည်။ သူတို့နာကျင်စွာ ငြီးတွားလိုက်ရကာ သူတို့ခန္ဓာကိုယ်ထဲ သွေးများ၊ ချီများဆန်တက်လာတော့သည်။

ဤအတိုင်းပင် သူတို့၏ ရှောင်ယွင်ဟယ်ကို ထိန်းချုပ်ရန်စီစဉ်ထားသည့်စုန်းအတတ်အစီအရင်က ပျောက်ကွယ်သွားတော့သည်။

ထိုစဉ် မင်ရှစ်ရင်၏မျက်နှာပေါ်၌ အပျော်များပြည့်နေကာ ချုံးချီ၏ကျောပေါ်မှ ပြေးဆင်းလာတော့သည်။ ပြီးနောက် သူက ဦးညွှတ်ကာ ပြောလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

All Chapters