← Chapters

အခန်း (၁၁၉၂-၁၁၉၄)

Vol. 80 Ch. 1192-1194

အခန်း (၁၁၉၂-၁၁၉၄)

Vol. 80 Ch. 1192-1194

အခန်း (၁၁၉၂)လူပြက်ငါးယောက်ကို ရိုက်နှက်ခြင်း

လုကျိုးက လေထဲပျံသန်းလာပြီး မြေပြင်ပေါ်မှ ကျင့်ကြံသူ၅ဦးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက မင်ရှစ်ရင်ကို ကြည့်ကာ မကျေမနပ်ဖြင့်ပြောလိုက်၏။

“မင်းက ငါ့ကို ဒါအတွက် သတင်းလှမ်းပို့တာလား”

မင်ရှစ်ရင်က ခေါင်းကုတ်ကာ မလုံမလဲ ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး။ ‌ဒီ၅ယောက်က အတော်လေး ကြောက်ဖို့ကောင်းတယ်။ ရှစ်စွင်း ရောက်လာရင် ပိုပြီးဘေးကင်းတာပေါ့”

ရှောင်ယွင်ဟယ်က လက်တံများကြောင့် လွှင့်ထွက်သွားကာ မြေပြင်ပေါ် ပြုတ်ကျလာပြီး ပြောလိုက်သည်။

“အစ်ကိုလု … အစ်ကိုလုသာ ရောက်မလာရင် ကျုပ်တော့ ဒုက္ခရောက်ပြီပဲ”

ရှောင်ယွင်ဟယ်က အနီရောင်ကြာနယ်မြေမှ လွတ်မြောက်လာရသည့် အကြောင်းအရင်းက လုကျိုးကို ရှာဖို့အတွက် ဖြစ်သည်။ သူ့အမြင်တွင် အမည်မသိကုန်းမြေ သို့မဟုတ် တခြားနယ်မြေမှ လျှို့ဝှက်ဆန်းကြယ် ပညာရှင်များက မဟာလေဟာနယ်မှ အကောင်ကြီးကြီးများဖြင့် ပြိုင်ဘက် မဖြစ်နိုင်ပေ။

ကျင့်ကြံသူ၅ဦးက လုကျိုးကို ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က တန်းစီရပ်လိုက်ကြ၏။

“ဒီလူက အတော်လေး အားကောင်းတဲ့ပုံပဲ”

“သူက အားကောင်းတာ သေချာတာပေါ့”

“ဒါပေမဲ့ ငါတို့တွေ သူ့ကို မဖြေရှင်းနိုင်တာတော့ မဟုတ်ဘူး”

“သူက အတော်လေး အသက်ကြီးနေပြီ”

“ထပ်ပြီး ကြိုးစားကြည့်ရအောင်”

ကျင့်ကြံသူ၅ဦးက သဘောတူညီချက် ရရှိသွားကြသည်။

မင်ရှင်ရင်က သူတို့ ဆက်သွယ်ပုံကြောင့် ဆွံ့အမိသွားသည်။ သူတို့၅ဦးက တစ်ယောက်တည်းအလား ဖြစ်၏။ ခဏမျှ ကြာမြင့်ပြီးသည့်နောက်တွင် သူက မေးလိုက်သည်။

“မင်းတို့တွေက ညီအစ်ကိုတွေလား”

“သူက ခုမှ သိတာလား”

“အဲလို ဖြစ်မယ် ထင်တယ်”

မင်ရှစ်ရင် “...”

ထိုစဉ် ကျင့်ကြံသူ၅ဦးက ခေါင်းမော့ကာ လက်ကို ဆန့်လိုက်ကြသည်။ သူတို့က လက်ကိုကိုင်ထားပြီး ပြိုင်တူ ရွတ်ဖတ်လိုက်ကြ၏။

“ဒါက ဗုဒ္ဓအသံနည်းစနစ်ပဲ” ရှောင်ယွင်ဟယ်က ခက်ခက်ခဲခဲ ထရပ်ကာပြောလိုက်ပြီး သူက မင်ရှစ်ရင်ဆီ လျှောက်လှမ်းလာပြီး "ညီအစ်ကို မင်ရှစ်..."

“ကျုပ်က ခင်ဗျားရဲ့ အငယ်ပါ။ ဒီဟာကို ထားခဲ့လိုက်တော့မယ်” မင်ရှစ်ရင်က ချုံးချီကို စီးကာ မြင်ကွင်းမှပျောက်ကွယ်သွား၏။

ရှောင်ယွင်ဟယ် “...”

မင်ရှစ်ရင်က အငယ်တစ်ယောက်သာ ဖြစ်၏။

ကျင့်ကြံသူ၅ဦးက ရွတ်ဖတ်သည့်အချိန် မြေပြင်က အနည်းငယ် လှုပ်ခတ်လာပြီး သူတို့ခြေထောက်အောက်တွင် အစိမ်းရောင်‌ ရောင်ဝါများ ထွက်ပေါ်လာသည်။ သူတို့က စွမ်းအင်ကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ သူတို့၏ ရောင်ဝါက ဖြည်းဖြည်းချင်း မြင့်တက်လာ၏။

သူတို့၏ အသံလှိုင်းကလည်း တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။ ထိုအရာတွင် ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။

“ညီအစ်ကိုတို့ ငါတို့၅ယောက်လုံးက စုန်းအတတ်နဲ့ ဗုဒ္ဓနည်းစနစ်တွေကို နှစ်၁၀၀၀ကြာ လေ့ကျင့်ခဲ့တာ။ ငါတို့တွေက အမည်မသိကုန်းမြေမှာ အသက်ရှင်သန်ခဲ့တယ်။ အသက်ဓာတ်နှလုံးသား ၁၀၀၀ကျော်ကို ရရှိပြီးတော့ ခက်ထန်သားရဲ ၁သန်းကိုလည်း သတ်ဖြတ်ပစ်ခဲ့တယ်။ ရတနာ ၁သောင်းကျော်လည်း ရရှိခဲ့တယ်။

လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ် ၃တုံးနဲ့ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက် ၁၀ပင်။ ဒီခွေးကောင်က အမည်မသိကုန်းမြေဆီ ဝင်ပြီးတော့ ငါတို့ရတနာတွေကို ခိုးသွားခဲ့တယ်။ တစ်စုံတစ်ယောက်ရဲ့ ဝင်ငွေကို ဖြတ်တောက်တာက သူတို့ရဲ့မိဘတွေကို သတ်လိုက်တာနဲ့ အတူတူပဲ” တစ်ယောက်က ပြောလိုက်သည်။

ကျန်၄ယောက်လုံးက ပြိုင်တူပြောလိုက်ကြသည်။

“ဟုတ်တယ်”

သူတို့၏ အသံများက ဒရမ်လို ပြိုင်တူ ထွက်ပေါ်နေသည်။

ဗုဒ္ဓအသံလှိုင်းနည်းစနစ်ကလည်း ယခုအခိုက်အတန့်တွင် ထွက်ပေါ်လာခဲ့၏။

ကျင့်ကြံသူငါးဦးက စွမ်းအားအပြည့်အဝ ထုတ်ပြလိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်နှင့် ခြေထောက်အောက်ရှိ ရောင်ဝါတို့က ပြင်းထန်သည့် အစိမ်းရောင်အလင်းတန်းများ ထုတ်လွှင့်လာသည်။

အသံလှိုင်းနည်းစနစ်က ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားဟန်ပေါ်၏။ ထိုအရာက ၁၅မိနစ်တာ ကြာမြင့်ပြီးသည့်နောက်တွင် ရပ်တန့်သွားခဲ့သည်။

ညီအစ်ကို၅ယောက်က အသက်ပြင်းပြင်းရှူကာ ရပ်တန့်လိုက်၏။ ထို့နောက်သူတို့က မော့ကြည့်လိုက်သည့်အခါ ကြောင်အမ်းသွားကြသည်။

“သူက သက်ရောက်မခံရဘူး”

“ငါတို့ရဲ့ ဗုဒ္ဓအသံလှိုင်းနည်းစနစ်နဲ့ သက်ရောက်မခံရဘူးဆိုတာ မဖြစ်နိုင်ဘူး”

“တစ်ဖက်သူက အားကောင်းလွန်းနေပြီး ငါတို့က အားနည်းလွန်းနေတာလား”

“ငါတို့တွေ ထပ်ပြီး ကြိုးစားကြည့်ကြမလား”

“ကောင်းပြီ”

ထို့နောက် ၅ယောက်သားက မြေပြင်ပေါ် လက်တစ်ဖက်စီ ရိုက်ချလိုက်ကြသည်။

တစ်ယောက်ချင်းစီက မြေကြီးပေါ် ထိလိုက်သည့်အချိန် ရောင်ဝါတစ်ခုစီ ထွက်ပေါ်လာ၏။ ရောင်ဝါ၅ခု ထွက်ပေါ်လာသည့်အခါ သူတို့၏ ရောင်ဝါ၅ခုမှ လက်တံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုလက်တံ၅ခုက တစ်သားတည်းအဖြစ် ပေါင်းစည်းကာ လုကျိုးဆီ တိုးဝင်သွား၏။

လုကျိုးက လက်ထဲတွင် အမည်မဲ့ကို ကိုင်ဆောင်ပြီး အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို လှုံ့ဆော်လိုက်သည်။

ဘန်း

စွမ်းအင်ဓားက ထွက်ပေါ်လာပြီး လက်တံများကို ဖျက်ဆီးပစ်လိုက်သည်။

ညီအစ်ကို၅ယောက် “...”

“သူက အေးအေးဆေးဆေး သက်သက်သာသာ ဖြစ်နေတဲ့ပုံပဲ”

“မင်းတို့တွေ မန္တန်ကို ချတုန်းက အပျင်းထူနေကြတာလား”

“စွမ်းအားအပြည့်အဝ ထုတ်သုံးထားတယ်” ညီအစ်ကို၃ယောက်က ပြိုင်တူပြောလိုက်သည်။

ညီအစ်ကို၅ယောက်လုံးက မျက်နှာပူသွားကြသည်။ သူတို့က အမည်မသိကုန်းမြေထဲ နှစ်များစွာ ကျင်လည်ခဲ့ကြသော်လည်း ဤသို့ရန်သူမျိုးနှင့် ရင်မဆိုင်ဘူးပေ။ ဆရာသခင်ကပင် ဤမျှ သက်သက်သာသာ ဖြစ်နေမည် မဟုတ်ပေ။ အနည်းဆုံးတော့ ဆရာသခင်က လှုပ်ရှားလောက်မည် မဟုတ်ပါလော။

“နောက်တစ်ကြိမ်” ညီအစ်ကိုတစ်ယောက်က ပြောလိုက်သည်။

“ကောင်းပြီ” ကျန်ရှိနေသည့်၄ဦးက ပြိုင်တူပြောလိုက်ကြသည်။

သူတို့၅ယောက်က ခပ်နိမ့်နိမ့် ပျံသန်းကာ တိုက်ကွက်နှင့် ခရမ်းရောင်စွမ်းရည် စည်းတံဆိပ်ကို ထုတ်လွှင့်လိုက်သည်။ စုန်းအတတ် စည်းတံဆပ်များက အဖက်ဖက်သို့ ပျံ့နှံ့သွားကာ စက်ကွင်းတစ်ခု ဖြစ်တည်လာ၏။

၅ယောက်သားက ကောင်းမွန်စွာ ပူးပေါင်းထားကြသည်။ သူတို့၏ လှုပ်ရှားမှုများက လိုက်ရောညီ‌ထွေဖြစ်နေပြီး သူတို့က စိတ်တစ်ခုတည်း မျှဝေထားသလိုမျိူး ဖြစ်နေသည်။ သူတို့၏ လှုပ်ရှားမှုများ၊ ကြိမ်နှုန်းနှင့် အမြန်နှုန်းက တစ်သတ်မတ်တည်း ဖြစ်နေ၏။

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“လောင်စစ်က ယုံကြည်ချက် မရှိတော့တာ မထူးဆန်းတော့ဘူး”

မီတာ၁၀၀ မြင့်မားသည့် တိုင်လုံး၅ခုက အနက်ရောင်နှင့် ခရမ်းရောင်စွမ်းအားများ ရစ်ပတ်လျှက် ထွက်ပေါ်လာကာ လှောင်ချိုင့်အသွင် ပြောင်းလဲသွားခဲ့သည်။

“စုန်းအတတ် အကျဉ်းထောင်လှောင်အိမ်” ရှောင်ယွင်ဟယ်က တအံ့တဩဖြင့် ရေရွတ်လိုက်သည်။

ဤတစ်ကြိမ် မင်ရှစ်ရင်က ချုံးချီကို စီးနင်းလျှက် အ‌ရှေ့သို့ပျံသန်းလာသည်။

“သူတို့က အစိမ်းရောင်ကြာနယ်မြေက ဖြစ်ပုံပဲ။ ဘာလို့သူတို့ဆီမှာ အနက်ရောင်နဲ့ ခရမ်းရောင် စွမ်းအားရော ရှိနေရတာလဲ”

“မိုးနဲ့မြေက တစ်သားတည်းပဲလေ။ ကောင်းကင်က ကောင်းကင် မြေကြီးက မြေကြီး”

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“ကမ္ဘာကြီးကို နယ်မြေ၉ခု ခွဲထားပြီးတော့ နယ်မြေ၉ခုက တစ်သားတည်းပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။

“နယ်မြေ၉ခု ရှိတယ်ဆိုတာ ဘယ်လိုလုပ်သိတုံး”

“ချီရှစ်တိက ပြောပြတာ။ ဘာလို့ ၁၀ခု မရှိပါလိမ့်” မင်ရှစ်ရင်က ပြောလိုက်သည်။

“...”

ရှောင်ယွင်ဟယ်က အကြည့်များ တောက်ပလာသည်။ ခဏအကြာတွင် သူကပြောလိုက်၏။

“မင်း ပြောတဲ့အတိုင်း ပညာရှိတွေက နယ်မြေအားလုံးက တစ်သားတည်းဖြစ်ခဲ့ပေမဲ့ အကြောင်းအရင်းတချို့ကြောင့် ခွဲခြားခံရတယ်လို့ သုံးသပ်ထားကြတာ”

“နယ်မြေတွေအားလုံးက တစ်သားတည်းဖြစ်တယ်ဆိုရင် နယ်မြေတစ်ခုချင်းစီရဲ့ စွမ်းအားအရောင်က ဘာလို့ ကွဲပြားနေရတာလဲ”

“ဒါက …”

“လူသားတွေရဲ့ အသားအ‌ရောင် ကွဲပြားကြတာပဲလေ။ ဒါပေမဲ့ ထိုးစိုက်လိုက်တဲ့အခါမှာ သွေးအနီရောင် ထွက်တုန်းပဲ။ ဘာလို့လဲ” မင်ရှစ်ရင်က မေးလိုက်သည်။

“...”

ရှောင်ယွင်ဟယ်က မေးခွန်းများစွာ အမေးခံရသည့်အတွက် ခေါင်းကိုက်လာသည်။ ခဏအကြာတွင် သူက ပြောလိုက်၏။

“ခရမ်းရောင်က အနီရောင်ကနေ ဆင်းသက်လာတာ။ အနက်ရောင်က ခရမ်းရောင်ကနေ ခရမ်းရောင်ကနေ ဆင်းသက်နိုင်တယ်။ အနက်ရောင်က တကယ်တမ်းတော့ အစိမ်းရောင်အမျိုးအစားပဲ။ အဲဒါတခြားတစ်ယောက်ဆီကနေ ကြားဖူးတာ”

“ခင်ဗျား ပြောသလိုဆိုရင် အနီရောင်နဲ့ခရမ်းရောင်က အနက်ရောင်ဆီကနေ ဆင်းသက်လာတာပေါ့။ အဲလိုဆိုရင် ရွှေရောင်နဲ့အဝါရောင်ကလည်း တစ်ခုတည်း ဖြစ်သင့်တာပေါ့။ အဲဆိုရင် ဒီကြက်ဥအနှစ်အရောင်ကနေ ဆင်းသက်လာတဲ့ အရောင်များ ရှိဦးမလား”

မင်ရှစ်ရင်၏ အတွေးများက အတော်လေး ဖန်တီးဉာဏ် ရှိလှသည်။ ရှောင်ယွင်ဟယ်က ထိုစကားများကြောင့် ဆွံ့အမိသွား၏။

စုန်းအတတ် အကျဉ်းထောင်လှောင်အိမ်က နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့သည်။

လုကျိုးက တိတ်တဆိတ် စောင့်ဆိုင်းကာ သူတို့၏ ဝှက်ဖဲများကို သိချင်နေသည်။

“လှောင်အိမ် ပြီးမြောက်သွားပြီ”

“ရန်သူက ငါတို့က လျှော့တွက်နေတယ်”

“အဲလိုဆိုရင် ဒီလှောင်အိမ်ရဲ့ စွမ်းအားကို ပြသလိုက်တာပေါ့”

ကျန်ရှိနေသည့် ညီအစ်ကိုနှစ်ယောက်က ဘာမှမပြောပေ။ သူတို့က ဘေးဘက်သို့ လျှပ်စီးလိုအလျှင်ဖြင့် ချဉ်းကပ်သွားလိုက်ကြသည်။ ထို့နောက် ခရမ်းရောင် စွမ်းအင်စည်းတံဆိပ်က ပေါ်ထွက်လာက ကောင်းကင်အနှံ့ ပြည့်နှက်သွားသည်။ ထိုအရာက ခရမ်းရောင်ဥက္ကာပျံ ဆင်းသက်လာသလိုမျိုး ဖြစ်၏။

“ရွှေရောင်ဗုဒ္ဓခန္ဓာ”

ရွှေရောင်ဗုဒ္ဓခန္ဓာကို အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့် ပေါင်းစပ်ထားသည့်အခါ စုန်းအတတ်မန္တန်အားလုံးကို ပိတ်ဆို့ထားနိုင်သည်။ ထိုစဉ် ညီအစ်ကို၅လုံးက တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိသွားကြသည်။

“စွမ်းအားအကုန် ထုတ်သုံးကြ”

ဤသို့ဖြင့် စုန်းအတတ်စွမ်းအားက ပိုမိုကြီးမားလာသည်။

လှောင်အိမ်က အနည်းငယ် ကျုံ့သွားခဲ့၏။

လုကျိုးက ကောင်းကင်ကျမ်းမန္တန်ကို ရွတ်ဖတ်ပြီး ရွှေရောင်ဗုဒ္ဓခန္ဓာကို ဆက်လက်ထိန်းသိမ်းထားသည်။ တကယ်တော့ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက မိုးမြေ၏ စွမ်းအားဖြစ်၏။ စုန်းအတတ်ပညာရပ်များက သူ့ကို နည်းနည်းလေးမှ မထိခိုက်စေနိုင်ပေ။

“ရှေ့တက်ကြ”

ညီအစ်ကိုတစ်ယောက်က ဖျတ်ခနဲ လုကျိုးရှေ့မှောက် ရောက်ရှိလာသည်။ သူက လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်၏။

လုကျိုးက လက်ဝါးချက်ကို ရိုက်ထုတ်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘန်း

ထိုသူက နောက်သို့ လွင့်စဉ်သွား၏။

လုကျိုးက နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။

“အခု ငါ့အလှည့်ပဲ”

လုကျိုးက မဟာနည်းစနစ်ကို ထုတ်ဖော်ကာ ညီအစ်ကို၅ဦးဆီ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။

ရွှေကြာပွင့်ကို အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့် ပေါင်းစည်းထားသည်။

ဝုန်း

စုန်းအတတ် အကျဉ်းထောင်လှောင်အိမ်ဟု ခေါ်ဆိုသည့် နည်းစနစ်က ချက်ချင်းဆိုသလို ကြေမွသွား၏။

“မြေဆွဲအား”

အသက်ဓာတ်နှလုံးသား၏ စွမ်းအားက ပေါက်ထွက်လာသည်။ ထိုအရာက ဧရာမလိပ်ကြီး၏ အသက်ဓာတ်နှလုံးသားမှ စွမ်းရည် ဖြစ်၏။

ညီအစ်ကို၅ယောက်က သူတို့ဆီ ကျဆင်းလာသည့် ဖိအားကို ခံစားမိလိုက်ကြသည်။

“ရေခဲစည်းတံဆိပ်”

ဤသည်က လုဝူ၏ အသက်ဓာတ်နှလုံးသားမှ စွမ်းရည် ဖြစ်၏။

ဝုန်း

အေးခဲသည့် လေပြေက အဖက်ဖက်မှ တိုက်ခိုက်လာ၏။

မြေဆွဲအား၏ ဖိအားကြောင့် ညီအစ်ကို၅ယောက်က သိသိသာသာ နှေးကွေးသွားလေသည်။ လေအေးအေး တိုက်ခိုက်လာသည့်အခါ သူတို့က မပြင်ဆင်နိုင်ဘဲ‌ နေရာမှာတင် အေးခဲသွားကြ၏။

ထို့နောက် လုကျိုးက ညီအစ်ကို၅ယောက်ရှေ့မှောက် ရောက်ရှိလာကာ လက်ဝါးစည်းတံဆိပ်၅ခုကို ထုတ်လွှင့်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း

ထိုလူ၅ယောက်က လေထဲ လွင့်စဉ်သွား၏။

သူတို့မကျဆင်းကင် လုကျိုးက ထပ်မံပေါ်ထွက်လာကာ ထပ်မံ ရိုက်ထုတ်လိုက်သည်။

လုကျိုး၏ ပုံရိပ်က ဖျတ်ခနဲ ပေါ်ထွက်လာလိုက် လက်ဝါးများ ရိုက်ထုတ်လိုက် ဖြစ်နေသည်။

မင်ရှစ်ရင်နှင့် ရှောင်ယွင်ဟယ် “...”

မင်ရှစ်ရင်က တံတွေးမျိုချလိုက်သည်။

“တစ်ဖက်သူက ဘာလို့ သိပ်အားမကောင်းတော့ဘူးလို့ ခံစားမိနေပါလိမ့်။ မျှော်စင်သခင်ရှောင် ခင်ဗျားက မွေးဖွားဇယားချပ်၁၁ခု ရှိတာတောင် သူတို့ဆီကနေ ဆိုးဆိုးဝါးဝါး ဘာလို့လုပ် အဖမ်းခံခဲ့ရတာတုံး။ ခင်ဗျားက သူတို့ကို မရိုက်နိုင်ဘူးလား”

ရှောင်ယွင်ဟယ် “...”

မည်သို့ပင်ဆို‌စေကာမူ ရှောင်ယွင်ဟယ်က ရှင်းပြဖို့ ကြိုးစားလိုက်သည်။

“ရှားကျန်းလုံနဲ့ တိုက်ပွဲအပြီးမှာ ငါက ဒဏ်ရာအပြင်းအထန် ရရှိထားတာလေ။ တကယ်လို့ ဆက်တိုက်နေတယ်ဆိုရင် မွေးဖွားဇယားချပ် ၁ခု ဆုံးရှုံးသွားနိုင်တယ်”

ကျင့်ကြံသူတစ်ယောက်က ဒဏ်ရာရရှိသွားသည်နှင့် မကုသနိုင်ပါက မွေးဖွားဇယားချပ်ကို အလကား စွန့်လွတ်လိုက်ရလိမ့်မည်။

...

အခန်း (၁၁၉၃) အခွင့်အရေး

“အစ်ကိုလု ဒီမှာရှိလို့တော်သေးတယ်” ရှောင်ယွင်ဟယ်သည် နောက်ဆုံး၌ စိတ်အေးသွားတော့သည်။ ကောင်းကင်ထဲရှိလူသည် လက်ဝါးစည်းတံဆိပ် တစ်ခုပြီးတစ်ခုထုတ်သုံးကာ ညီအစ်ကိုငါးယောက်ကို လွင့်ထွက်သွားအောင်လုပ်နေတာကို မြင်ပြီး သူ့ရင်ထဲ၌ ကျေနပ်အားရဖြစ်လာလေ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စည်းချက်ညီညီ ရိုက်နေခြင်းသာဖြစ်သည်။

ပြင်းထန်သောရိုက်ချက်က ၁၅မိနစ်ခန့်ကြာပြီးနောက် ညီအစ်ကိုငါးယောက်က မျက်နှာပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် မြေပြင်ပေါ် ပြုတ်ကျသွားလေ၏။ လုကျိုး၏ လှုပ်ရှားမှုက ကြောင်တစ်ကောင်ပမာ ကျော့ရှင်းနေလျက် မြေပြင်ပေါ်ဆင်းသက်လာသည်။

ယခုတိုက်ပွဲပြီးဆုံးသွားပြီဖြစ်သောကြောင့် တိတ်ဆိတ်မှုက ကြီးစိုးလာတော့သည်။

လုကျိုးက လက်နောက်ပစ်ထားလျက် ရှေ့သို့ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ သူက ညီအစ်ကိုသုံးယောက်ဘေး၌ ရပ်ပြီးနောက် လေသံအတက်အကျမရှိဘဲနှင့် မေးလိုက်လေ၏။

“မင်းတို့တွေ ဆက်တိုက်ခိုက်ချင်သေးလား”

လုကျိုးသည် ဤလူငါးယောက်က မရိုးရှင်းမှန်း သိသည်။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားသည် စုန်းအတတ်၏ သဘာဝရန်သူဖြစ်နေတာ သူတို့၏ကံဆိုးမှုပဲဖြစ်သည်။

ယခင်က သူသည် အထွတ်အထိပ်စွမ်းအား ရှိနေသေးစဉ်က သူသည် ဗုဒ္ဓအသံကျင့်စဉ်နှင့် စုန်းအတတ်များကို ခံနိုင်ရည်ရှိ၏။ ယခုထူးကဲစွမ်းအားက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားအဖြစ် အဆင့်မြင့်တက်သွားပြီး သူ နားလည်သဘောပေါက်ထားသည့် ကောင်းကင်ကျမ်းစာ စာလိပ်နှင့် ပေါင်းလိုက်သောအခါ သူ စုန်းအတတ်ကို ပိုတောင်မကြောက်တော့ပေ။ ထိုလူငါးယောက်ကို ဖြေရှင်းရခြင်းက သိုးတစ်အုပ်ကို တိုက်ခိုက်နေသော ဝံပုလွေတစ်ကောင်နှင့် မခြားတော့ပေ။

ညီအစ်ကိုငါးယောက်က ထထိုင်ရန် ရုန်းကန်နေရ၏။ သူတို့၏မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ယောင်ကိုင်းနေသည်။ သူတို့က အလွန်စုတ်ပြတ်သပ်နေ၏။

“သူက သန်မာလိုက်တာ”

“နည်းနည်းနာတယ်ဟ”

“ငါတို့တွေ ဒီကိစ္စကို မေ့လိုက်ရအောင်လား”

“ငါ သဘောတူတယ်”

“ငါလည်း သဘောတူတယ်”

“မင်းတို့နာမည်က ဘယ်လိုခေါ်လဲ” လုကျိုးက မေးလိုက်၏။

ညီနောင်ငါးယောက် တစ်ပြိုင်နက်တည်း ဖြေလိုက်သည်။

“စွင်းမူ”

“ကျန်းကျင့်”

“စုရွှေ”

“ရှန်ဟော်”

“လျိုထူ”

“မင်းတို့ဘယ်ကလာတာလဲ” လုကျိုးက ဆက်မေးလိုက်၏။

“အစိမ်း ... အစိမ်းရောင်ကြာနယ်မြေက”

“အစိမ်းရောင်ကြာနယ်မြေထဲက ဘယ်အင်အားစုကလဲ” လုကျိုးက မေးလိုက်၏။ ဤနေရာသို့ ရောက်လာသည့် အစိမ်းရောင်ကြာနယ်မြေ အရေအတွက်က အတော်လေးတိုးလာသည်။

“ဂိုဏ်းမရှိဘူး။ ကျုပ်တို့က ဂိုဏ်းမဲ့ကျင့်ကြံသူတွေ”

“ဂိုဏ်းမဲ့ကျင့်ကြံသူတွေလား” လုကျိုးက ဇဝေဇဝါဖြစ်သွားသည်။

ဂိုဏ်းမဲ့ကျင့်ကြံသူတစ်ယောက်အဖို့ ညီနောင်ငါးယောက်၏ အဆင့်ရဖို့ကို မလွယ်ကူပေ။

“ချန်းပေ့ ... ကျုပ်တို့ငါးယောက်က ငယ်ငယ်လေးထဲက ကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်ချက် ချပြီးသားပါ။ ကျုပ်တို့တွေ ကျင့်စဉ်မျိုးစုံကို တတ်ကျွမ်းပြီးတဲ့နောက် အမည်ကုန်းမြေကို လှည့်လည်သွားလာပြီး အဲ့ဒီမှာပဲ အချိန်အများစု ကုန်ဆုံးခဲ့ပါတယ်။ ဒါက ကျုပ်တို့ရဲ့ကျင့်စဉ်တွေ မြင့်တက်ခဲ့တဲ့ပုံပါ” စွင်းမူက ပြောလိုက်၏။

စုရွှေက ဝမ်းနည်းသောအမူအရာဖြင့်ပြောလိုက်သည်။

“ကျုပ်တို့က ကျုပ်တို့ရဲ့ပစ္စည်းတွေကို ပြန်ယူချင်ရုံပါ။ ဒီမှာကြာကြာမနေရဲပါဘူး။ ကျေးဇူးပြုပြီး သက်ညှာပေးပါ ချန်းပေ့”

ကျန်သည့်ညီနောင်သုံးယောက်ကလည်း တပြိုင်နက်တည်းပြောလိုက်သည်။

“ကျေးဇူးပြုပြီး သက်ညှာပေးပါ ချန်းပေ့”

လုကျိုးက ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။ “မင်းတို့တွေ ဝေ့ကျင်းယဲ့နဲ့ ဝေ့ကျန်းနန်ကို သိလား”

စုရွှေသည် ထိုစကားများကို ကြားသောအခါ ထိတ်လန့်အံ့အားသင့်သွား၏။ သူက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ဒီညီအစ်ကိုနှစ်ယောက်က အမည်မသိကုန်းမြေမှာ နာမည်ကျော် ရာဇဝတ်သားနှစ်ယောက်ပါ။ ချန်းပေ့က ရွှေကြာနယ်မြေက၊ သူတို့ကို ဘယ်လိုသိတာလဲ”

“အမည်မသိကုန်းမြေမှာ သူတို့ကို တွေ့ခဲ့ဖူးတယ်။ အမည်မသိကုန်းမြေမှာ အစိမ်းရောင်ကြာနယ်မြေက ကျင့်ကြံသူတွေအများကြီးပဲလား” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။

“ငါ ပြောမယ်”

“မဟုတ်ဘူး .. ငါပြောမယ်”

“ငါ့ကို ပြောခွင့်ပေး”

လုကျိုးက မျက်မှောင်ကျုံ့လျက်ပြောလိုက်သည်။

“တစ်ယောက်ပဲရွေး။ ကျန်တဲ့သူတွေပါးစပ်ပိတ်ထား”

“ကျင့်ကြံသူတွေအနေနဲ့ ကျွန်တော်တို့က အသက်ဓာတ်နှလုံးသားတွေနဲ့ မတူညီတဲ့ အရင်းအမြစ်တွေ လိုပါတယ်။ ကျွန်တော်တို့လို ဂိုဏ်းမဲ့ကျင့်ကြံသူတွေက ကိုယ့်ကျင့်ကြံဆင့်ကို ပျိုးထောင်ဖို့ ကိုယ့်ဟာကိုယ် အားကိုးရတာပါ။ ပိုပါးနပ်တဲ့သူတွေက မကောင်းဆိုးရွားအမဲလိုက်အဖွဲ့က လူတွေလိုမျိုး အသင်းဖွဲ့ကြတယ်။ အသင်းလိုက်ဆောင်ရွက်ရင် အောင်မြင်နှုန်းမြင့်ပြီး မတော်တဆဖြစ်နိုင်ခြေက နိမ့်တယ်။ နာမည်ကျော်မျိုးနွယ်တွေနဲ့ ဂိုဏ်းတွေကနေ တာဝန်ကိုလက်ခံတယ်။ ဂိုဏ်းမဲ့ကျင့်ကြံသူတွေလည်း ရှိတယ်။ သူတို့က ဆန်းကြယ်သလင်းကျောက်လိုမျိုး ရှားပါးတဲ့ရတနာတွေ ရှာဖို့ သူတို့အသက်ကို စွန့်စားရတာ။ တကယ်တော့ ကျုပ်တို့တွေ ဒီတာဝန်ပြီးမြောက်ပြီးရင် သင့်တော်တဲ့သားရဲဘုရင်ရဲ့ အသက်ဓာတ်နှလုံးသားတွေနဲ့ ဆေးလုံးတွေရမှာ။ အဲ့ဒီအချိန်ကျ ကျုပ်တို့တွေ မကောင်းဆိုးရွားအမဲလိုက်အဖွဲ့ထဲ ဝင်နိုင်ပြီ။ အဖွဲ့ထဲဝင်ပြီးတာနဲ့ ကျုပ်တို့ အားကိုးစရာရှိလာပြီး အမည်မသိကုန်းမြေထဲမှာ ခြေကုပ်ရယူနိုင်လိမ့်မယ်” စွင်းမူက ပြောလိုက်၏။

ပြီးနောက် သူသည် ရှောင်ယွင်ဟယ်ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်၏။

“ကံဆိုးတာက ကျုပ်တို့ငါးယောက် အသက်စွန့်စားပြီး ရေနက်ချောက်နက်ထဲက ဆန်းကြယ်အသက်မြက်ကို ရယူပြီးတော့ သူက ကျွန်တော်တို့ဆီက ယူသွားတယ်”

ရှောင်ယွင်ဟယ် “....”

ရှောင်ယွင်ဟယ်သည် ပုန်းရန် တွင်းတစ်တွင်း ရှာချင်မိလောက်သည်အထိ ရှက်ရွံ့နေ၏။

လုကျိုးက မျက်ခုံးပင့်လိုက်တော့သည်။

“မင်းတို့က မကောင်းဆိုးရွားအမဲလိုက်အဖွဲ့ထဲ ဝင်ချင်တာလား”

“ဟုတ်တယ် ... ဒါပေမဲ့ ဆန်းကြယ်အသက်မြက်ရှိမှပဲ ဝင်နိုင်တာပါ” စွင်းမူက ပြောလိုက်၏။

လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။

“မင်းတို့ မကောင်းဆိုးရွားအမဲလိုက်အဖွဲ့ထဲ မဝင်နိုင်တော့မှာ စိုးရတယ်”

“ဟမ်”

“သူတို့တစ်ခုခု ဖြစ်သွားတာ” လုကျိုးက ပြောလိုက်၏။

“...”

သူတို့ငါးယောက်က လုကျိုးကို စဉ်းစားဆင်ခြင်လျက်ကြည့်လိုက်သည်။

လုကျိုးက ပြောလိုက်သည်။

“မင်းတို့တွေ နောက်မှ ဒါကိုအတည်ပြုလို့ရတယ်” ပြီးနောက် သူက သူတို့ကိုဆက်ကြည့်ပြီး ပြောလိုက်၏။

“ငါက ကျိုးကြောင်းမသင့်တဲ့လူတစ်ယောက် မဟုတ်ဘူး။ မင်းတို့ဆီ ဆန်းကြယ်အသက်မြက် ပြန်မပေးနိုင်မှာစိုးတယ်။ ဒါပေမဲ့ မင်းတို့ကို နေစရာတစ်နေရာတော့ ပေးနိုင်တယ်”

ညီနောင်ငါးယောက်က မှင်တက်သွားတော့သည်။

“နေစရာနေရာလား”

လုကျိုးသည် အဆင့်မြင့်ကတ်ကို အသုံးပြုရန် အခွင့်အရေးတစ်ခုရှာချင်နေတာဖြစ်သည်။ သို့သော် အသုံးမပြုခင် ဂရုတစိုက်ပြင်ဆင်ရလိမ့်မည်။

လုကျိုးက ညီနောင်ငါးယောက်ကို ကြည့်ပြီးပြောလိုက်၏။ “မိစ္ဆာဝေဟင်မျှော်နန်း”

သူတို့ငါးယောက်က တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါကြည့်လိုက်တော့သည်။

“မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်လိုမျိုးလဲ”

“မကောင်းဆိုးရွားအမဲလိုက်အဖွဲ့ရဲ့ ဆယ်ပုံတစ်ပုံလောက် အစွမ်းထက်လား”

“ဆယ်ပုံမဟုတ်ဘူး။ မကောင်းဆိုးရွားအမဲလိုက်အဖွဲ့ရဲ့ငါးပုံလောက် အစွမ်းထက်မယ်ဆိုရင် ကျုပ်တို့ဝင်ဖို့ စဉ်းစားမယ်”

“အဟုတ်ပဲ”

မင်ရှစ်ရင်က ချုံးချီကို ပုတ်ပြီး ရှေ့သို့တိုးလာ၏။ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

“မင်းက အဲဒါကို စဉ်းစားမယ်တဲ့လား။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ။ မင်း မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်ရင် မင်းရဲ့ဆောင်ရွက်ချက်ပေါ် မူတည်တယ်။ ဝင်ချင်တိုင်းဝင်လို့ရမယ် ထင်နေလား”

လူသားအများစုက မနှစ်မြို့ဖွယ်ကောင်းသည့် သဘောတရားတစ်ခုရှိသည်။ ကိစ္စရပ်များက လွယ်ကူလွန်းလျှင် ၎င်းကို အထင်သေး၏။ ခက်ခက်ခဲခဲရယူထားမှသာလျှင် ယင်းက တန်ဖိုးရှိသည်ဟု ထင်ကြသည်။

မင်ရှစ်ရင်က ဘယ်ဖက်တွင်ရပ်နေသော စွင်းမူကို ကြည့်ပြီးမေးလိုက်တော့သည်။ “မင်းရဲ့ကျင့်ကြံဆင့်က ဘယ်လောက်လဲ”

သူတို့ငါးယောက်လုံးက တညီတညွတ်တည်းပြောလိုက်၏။

“ငါ့မှာ မွေးဖွားဇယားချပ် ၆ခုရှိတယ်"

မင်ရှစ်ရင်က ခေါင်းညိတ်လိုက်၏။ “မင်းတို့ရဲ့ခွန်အားတောင် တူညီနေတာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းကို လူဘယ်လောက်များများ ဝင်ချင်နေလဲသိလား”

သူတို့ငါးယောက်က ခေါင်းခါလိုက်၏။ မင်ရှစ်ရင်က အဝေးရှိရှောင်ယွင်ဟယ်ကို လက်ညှိုးထိုးပြပြီးပြောလိုက်၏။

“ရှောင်ယွင်ဟယ် ... အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့အရင်မျှော်စင်သခင်က မွေးဖွားဇယားချပ် ၁၂ခုရှိတယ်။ ဒါပေမဲ့ သူ မိစ္ဆာဝေဟင်မျှော်နန်းကို မဝင်နိုင်ဘူး”

“နဝမဘုံကျောင်းရဲ့ ဘုံကျောင်းသခင်စစ်ခုန်ပေချန်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်ပေမဲ့ မဖြစ်နိုင်ဘူး”

“တိမ်တိုက်တောင်ထွတ်၁၂ခုရဲ့ ဂိုဏ်းချုပ် နျဲ့ချင်းယွင်က သူလည်း မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်ပေမဲ့ မဖြစ်နိုင်ဘူး” ခမ်းနားထည်ဝါသည့် ဘွဲ့အမည်စာရင်းကို ကြားပြီး ညီနောင်ငါးဦးက အံ့ဩမှုကြောင့် မျက်လုံးအပြူးသားဖြစ်နေ၏။

မင်ရှစ်ရင်သည် ‌လေဟုန်စီးလျက် မေးလိုက်၏။

“အဲ့ဒီ မကောင်းဆိုးရွားအမဲလိုက်အဖွဲ့ သူတို့ဘယ်လောက်အစွမ်းထက်လဲ”

သူတို့ မည်သို့အကြောင်းပြန်စေကာမူ မင်ရှစ်ရင်က ပြန်ပြောစရာရှိပြီးသားဖြစ်၏။

စွင်းမူက ပြန်ပြောလိုက်၏။

“ခေါင်းဆောင်ချောင်က မွေးဖွားဇယားချပ် ၁၅ခုနဲ့ လွှမ်းမိုးအဆင့်တောင်ဝှေး ရှိတယ်”

မင်ရှစ်ရင်က ချုံးချီ၏ကျောပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် ပြောလိုက်၏။

“ဒါက သူ့မှာ ဒီလောက်များတဲ့ မွေးဖွားဇယားချပ်ရှိတယ်တဲ့လား”

“အဲဒါသူပဲ။ ကျန်တဲ့အဖွဲ့သားတွေမှာလည်း ထူးခြားချက်ကိုယ်စီရှိတယ်။ သူတို့က အမည်မသိကုန်းမြေထဲမှာ အသက်ရှင်နှုန်း အမြင့်ဆုံးအသင်းပဲ” စွင်းမူက ပြောလိုက်၏။

မင်ရှစ်ရင်က ဆွံ့အနေသည်။ သူ သူတို့ကို မဖိနှိပ်နိုင်ခဲ့ပေ။

ထိုစဉ် လုကျိုးက ပြောလိုက်၏။ "ငါ သူတို့အားလုံးကို သတ်ခဲ့တယ်”

“...”

ညီနောင်ငါးယောက်က မှင်တက်သွားပြန်၏။ သူတို့နားကြားမှားသည်ဟု ထင်မိသွားသည်။ သူတို့၏ မျက်နှာထက်တွင် မယုံကြည်သောအမူအရာရှိနေသည်။ လုကျိုးက အင်္ကျီလက်ကို ဝေ့ယမ်းလိုက်သည်။

ဒုန်း

တစ်စုံတစ်ခုက မြေပြင်ပေါ်ပြုတ်ကျလာသည်။

“သူတော်စင်တောင်ဝှေး”

လုကျိုးက အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြန်၏။

ထောက် ...

“လေဝိညာဉ်လေးကိုင်း”

လေထုအေးခဲသွား၏။ ပစ္စည်းနှစ်ခုက လူငါးယောက်ကို လှုံ့ဆော်နေသည်။ လုကျိုးက ညီနောင်ငါးယောက်ကို ဆက်ပြောလိုက်သည်။

“သူတို့အသင်းထဲမှာ လက်နက်မျိုးစုံနဲ့ လူအယောက်၄၀ရှိပေမဲ့ ဒီလက်နက်နှစ်ခုပဲ ဖြတ်ကျော်နိုင်တာ”

တစ်နည်းအားဖြင့် သူသည် ကျန်သည့်လက်နက်များကို ကောက်ယူဖို့ စိတ်မပါ။

“...”

မင်ရှစ်ရင်က တံတွေးမျိုချလိုက်၏။ သူ၏ရှစ်စွင်းက အမည်မသိကုန်းမြေကို သွားခဲ့ကြောင်း သိထားပြီး ထိုနေရာတွင် လုဝူနှင့်တွေ့ကြောင်း သိထားသော်ငြား မကောင်းဆိုးရွားအမဲလိုက်အဖွဲ့အကြောင်း ဘာမှမသိပေ။

ညီနောင်ငါးယောက်က ရှေ့တိုးပြီး သူတို့က သူတော်စင်တောင်ဝှေးနှင့်လေဟုန်ဝိညာဉ်လေးကိုင်းကို စစ်ဆေးလိုက်သည်။

“အတုနဲ့ မတူဘူး”

“ခေါင်းဆောင်ချောင်က တောင်ဝှေးကို သူ့အသက်လို သဘောထားတာ။ ပြီးတော့ ဒီတောင်ဝှေးက သူ့ဘေးကနေ ဘယ်တော့မှ ခွာမှာမဟုတ်ဘူး”

“အစစ်ပဲ”

“လေဝိညာဉ်လေးကိုင်းကလည်း အစစ်ပဲ”

“အင်း ... ငါတို့ဘာလုပ်သင့်လဲ”

...

အခန်း (၁၁၉၄) လျှို့ဝှက်ဆန်းကြယ် အမြွှာနယ်မြေများ

ညီအစ်ကိုငါးယောက်က တစ်ယောက်နဲ့တစ်ယောက် ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်ကြသည်။

နောက်ဆုံးတွင် စွင်းမူက ဦးဆောင်လျက် ကျန်၄ယောက်ကို လက်ဝှေ့ပြလိုက်၏။

ကျန်လေးယောက်ကလည်း စွင်းမူ၏ အဓိပ္ပာယ်ကို နားလည်ကာ လျှောက်လှမ်းလာကြသည်။ ထို့နောက် ၅ယောက်လုံးက ဝိုင်းဖွဲ့ကာ ခေါင်းငုံ့ထားပြီး အသံတိုးတိုးဖြင့် ဆွေးနွေးလိုက်ကြသည်။

“သူက အတော်လေးကို အားကောင်းလွန်းတယ်”

“သူက ချောင်ဇယ်ချွင်းကိုတောင် သတ်နိုင်တယ်ဆိုတော့ ဆရာသခင်ပဲ ဖြစ်လောက်တယ်”

“ဆရာသခင်တဲ့လား”

“ဆရာသခင်ရှိတဲ့ ဂိုဏ်းက ငါတို့ကို ဘာကြောင့် လိုချင်နေတာလဲ။ စောစောလေးက အဲ့ဒီ့ကောင်လေးက ပညာရှင်အုပ်စုကိုတောင် ငြင်းခဲ့တယ်လို့ ပြောခဲ့တာ”

“အဲ့ဒီ့ကောင်လေး ပြောတဲ့ နာမည်တွေကို ငါတို့တွေ မသိပေမဲ့ သူတို့တွေက ရှောင်ယွင်ဟယ်လောက်တော့ အားကောင်းလောက်တယ်။ ပြီးတော့ သူတို့ရဲ့နာမည်တွေက ကြီးကျယ်ခမ်းနားတဲ့ပုံပဲ”

“ငါတို့အချင်းချင်းကြား ပြောနေစရာ မလိုတော့ဘူး။ ချန်းပေ့က ငါတို့ကို ဂိုဏ်းထဲ ဝင်စေချင်တယ်ဆိုမှတော့ ဘာကိစ္စများ ရှိအုံးမှာလဲ”

“ဒါပေမဲ့ သူက ငါ့ရဲ့ စံပြ ချောင်ကျယ်ချွင်းကို သတ်ခဲ့တာလေ”

တခြားလေးယောက်က ပြိုင်တူပြောလိုက်ကြသည်။

“ထွက်သွားစမ်း”

“ကောင်းပြီ ကောင်းပြီ။ ချောင်ကျယ်ချွင်းက လူကောင်း မဟုတ်ဘူး”

“အဲဒါဆိုရင် ငါတို့တွေ သူ့ဆီကို ဝင်မှာလား”

ခဏအကြာတွင် ညီအစ်ကို၅ယောက်က ပြိုင်တူ ပြောလိုက်ကြသည်။

“ကောင်းပြီ”

ညီအစ်ကို၅ယောက်က ခါးမတ်မတ်ထားကာ လုကျိုးအနား လျှောက်လာပြီး တန်းစီကာ ဒူးထောက်လိုက်ကြသည်။

“ဒူးထောက်ကြ”

အားလုံးက ပြိုင်တူ ဒူးထောက်ကာ ပြောလိုက်ကြ၏။

“ချန်းပေ့ ကျုပ်တို့ကို လက်ခံပေးပါ”

လုကျိုးက သူတော်စင်တောင်ဝှေးနှင့် လေဟုန်စိတ်ဝိညာဉ်လေးတို့ကို သိမ်းဆည်းပြီး မုတ်ဆိတ်သပ်ကာ မေးလိုက်သည်။

“မင်းတို့တွေ သေချာစဥ်းစားပြီးသွားပြီလား”

ညီအစ်ကို၅ယောက်က ခေါင်းညိတ်လိုက်ကြသည်။

“ဟုတ်ကဲ့”

“မိစ္ဆာဝေဟင်မျှော်နန်းက ရွှေကြာနယ်မြေမှာ ရှိတယ်။ အဲဒီက ကျင့်ကြံသူတွေက ပိုအားနည်းတယ်။ နောင်အနာဂတ်မှာ မိစ္ဆာဝေဟင်မျှော်နန်းက ချောင်ဇယ်ချွင်းထက် အဆ၁၀၀လောက် ကောင်းတဲ့ရန်သူတွေကို ရင်ဆိုင်ရနိုင်ခြေရှိတယ်။ အဲ့ဒီအခါကျရင် မင်းတို့ရဲ့ အသက်တောင် ဆုံးရှုံးသွားနိုင်တယ်။ အဲ့ဒီ့စကားတွေကို ငါက မိစ္ဆာဝေဟင်မျှော်နန်းကို မဝင်ခင် လူတိုင်းကို ပြောပြနေကျ။ မင်းတို့တွေက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်တုန်းလား”

လုကျိုးက တည်ငြိမ်စွာ မေးလိုက်သည်။

“...”ေ

“သူက ငါတို့ကို နေစရာပေးမှာ မဟုတ်ဘူးလား...”

ညီအစ်ကို၅ယောက်က ဘေးကင်းဖို့ရာ ရည်ရွယ်ချက်အတွက် အင်အားစုတစ်ခု သို့မဟုတ် နေရာတစ်ခုထံ ခိုဝင်ချင်ကြသည်။ သူတို့က သူတို့၏အသက် ဆုံးရှုံးမည်ကို စိုးရိမ်စရာ မလိုသည့် ဘဝ၌ နေလိုကြသည်။ သူတို့က ထိုစကားများကို ကြားသည့်အခါ မည်သို့ မတုန့်ဆိုင်းဘဲ နေမည်နည်း။

ညီအစ်ကို၅ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးသည့်နောက်တွင် အမူအရာအမျိုးမျိုး ဖြစ်လာကြသည်။

လုကျိုးက ထပ်ပြောလိုက်သည်။

“မင်းတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တာနဲ့ ငါက မင်းတို့ကို ကာကွယ်ပေးမှာ”

စွင်းမူနှင့် အခြား၄ယောက်က အချင်းချင်း အကြည့်ဖလှယ်ကာ လက်မြှောက်ကာ ဂါရဝပြုလိုက်ကြသည်။

“ကျုပ်တို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကကို ဝင်ချင်ပါတယ်”

“တင်း လက်အောက်ငယ်သား ၅ယောက်ကို လက်ခံခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀၀ ရရှိပါတယ်”

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူက သူတို့၏ သစ္စာရှိနှုန်းကို မမြင်နိုင်သည်မှာ နှမြောဖို့ ကောင်းလှ၏။ လူသားများ၏ စိတ်နှလုံးသားက ခန့်မှန်းရခက်ပေသည်။ သူတို့၏ လက်ရှိသဘောထားက မည်သို့ပင် ဖြစ်စေကာမူ သူ့အနေဖြင့် သူတို့အကြောင်း ဘာမှမသိရသေးပေ။

လုကျိုးက သူ့စနစ်ကို တတ်နိုင်သမျှ မြန်မြန် အဆင့်မြှင့်ချင်သည့်အတွက် ပညာရှင်များကို ခေါ်ယူသည်က အကောင်းဆုံး ဖြစ်ပေသည်။

လုကျိုးက ရှောင်ယွင်ဟယ်ကို လှည့်ကြည့်လိုက်၏/

ရှောင်ယွမ်ဟယ်က ပြုံးကာ လျှောက်လှမ်းလာပြီး လုကျိုးထံ လက်၂ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။

“အစ်ကိုလုကို ဂုဏ်ပြုပါတယ်”

လုကျိုးက ထိုညီအစ်ကိုငါးယောက်ထံ ပြောလိုက်သည်။

“မင်းတို့တွေက မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီဆိုတော့ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်နဲ့ လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ်အကြောင်းကို မေ့ထားလိုက်တော့။ ဘယ်လိုထင်လဲ”

“လောင်ချန်းပေ့ပဲ ဆုံးဖြတ်လိုက်ပါ”

မင်ရှစ်ရင်က သူတို့ကို အမှန်ပြင်ပေးလိုက်သည်။

“မျှော်နန်းသခင်”

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။

ရှောင်ယွင်ဟယ်က ပြုံးကာ ပြောလိုက်သည်။

“အစ်ကိုလု ကျေးဇူးပါ”

လုကျိုးက ရှောင်ယွင်ဟယ်ကို ကြည့်ကာ မေးလိုက်သည်။

“ဒဏ်ရာအပြင်းအထန် ရလာတာလား”

ရှောင်ယွင်ဟယ်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ရှားကျန်းလုံနဲ့ ကျုပ်နဲ့ ၃ရက် ၃ည တိုက်ခိုက်ခဲ့တယ်လေ။ အလွယ်တကူ နိုင်မယ်လို့ ထင်ထားခဲ့ပေမဲ့ သူ့ဆီမှာ ခုခံမှုမြင့်မားတဲ့ ချပ်ဝတ်တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ကျုပ် အနိုင်ရပြီးတဲ့နောက်မှာ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကနေ ထွက်သွားဖို့ သူက ကတိပေးခဲ့တယ်။ ကျုပ် ပြန်လာတဲ့လမ်းမှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရလိမ့်မယ်လို့ ထင်မှတ်မထားမိဘူး။ ကျုပ် ညီအစ်ကိုတွေကတော့...”

စွင်းမူက ခေါင်းယမ်းလိုက်သည်။

“ကျုပ်တို့က ခင်ဗျားကိုပဲ ပစ်မှတ်ထားတာဆိုတော့ ခင်ဗျားရဲ့ မိတ်ဆွေတွေကို ဘာမှမလုပ်ဘူး”

“ခင်ဗျားရဲ့ မိတ်ဆွေတွေက ကျုပ်တို့နဲ့ မဆိုင်ဘူး”

“ဟုတ်တယ်”

ရှောင်ယွင်ဟယ်က မျက်မှောင်ကြုတ်လိုက်သည်။

“မင်းတို့တွေက ရှားကျန်းလုံနဲ့ မပတ်သက်ဘူးလား”

ငါးယောက်သားက ခေါင်းယမ်းလိုက်ကြသည်။

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“သူက ဝံပုလွေရိုင်းလို ရည်ရွယ်ချက်မျိုး ရှိနေတာပဲ”

ထိုစဥ် လုကျိုးက ပြောလိုက်သည်။

“တာ့ထန်ရဲ့ တော်ဝင်နန်း‌ဆောင်ဆီ အရင်ပြန်ကြစို့”

“ဟုတ်ကဲ့”

…………………

တာ့ထန်၏ ‌‌တော်ဝင်နန်း‌ဆောင်

တည်တံ့ရေးခန်းမဆောင်အတွင်း

စွင်းမူက သူ့ညီအစ်ကိုလေးယောက်နှင့် ဘေးချင်းကပ်ရပ် ရပ်နေသည်။ လုကျိုးက လက်နောက်ပစ်လျက် ရှေ့နောက်လျှောက်နေပြီး ပြောလိုက်သည်။

“မင်းတို့တွေကို မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း တစ်ယောက်ယောက် ပြောပြလိမ့်မယ်။ ငါက မင်းတို့ကို မေးစရာ ရှိသေးတယ်။ မင်းတို့တွေ အမှန်တိုင်းဖြေပေး”

“ကျုပ်တို့ သိထားသမျှ အားလုံးကို ဖြေပေးပါ့မယ်”

စွင်းမူက ပြောလိုက်သည်။ ဤတစ်ကြိမ် ကျန်သူများကလည်း ဝင်မပြောခဲ့ပေ။

လုကျိုးက မေးလိုက်၏။

“မင်းတို့ ဝေ့ကျင်းယဲ့နဲ့ ဝေ့ကျန်းနန်တို့ကို သိလား”

လုကျိုးက ထိုနှစ်ဦးအကြောင်း သတင်းအချက်အလက်များကို တူးဖော်သည်က သိပ်မဆိုးကြောင်း တွေးမိလိုက်သည်။

“သူတို့က ဂိုဏ်းမဲ့ အစိမ်းရောင်ကြာကျင့်ကြံသူတွေပါ။ သူတို့ကို အကြိမ်အနည်းငယ်တော့ တွေ့ခဲ့ဖူးတယ်”

စွင်းမူက ပြန်ဖြေလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်။

“အခု ချင်မော့ရှန်းက ဘယ်မှာလဲဆိုတာသိလား”

“ချင်မျိုးနွယ်ရဲ့ သခင်လေးလား”

စွင်းမူက အံ့အားသင့်သွား၏။

“သူက မောက်မာပြီးတော့ စိတ်ကြီးဝင်နေတဲ့သူပဲ”

ကျန်းကျင့်က ပြောလိုက်သည်။

“သူ့ဆီမှာ ဆိုးရွားတဲ့ စရိုက် ရှိတယ်”

သူက အမည်မသိကုန်းမြေဆီ သွားပြီးတော့ မွေးဖွားဇယားချပ်က ခက်ထန်သားရဲကြောင့် ဖျက်ဆီးခံလိုက်ရတယ်လေး။ အဲ့ဒီ့နောက်ပိုင်း ဆရာသခင်ချင်ရဲ့ လေ့ကျင့်ရေးခန်းမဆောင်ဆီ သွားပြီးတော့ အဲ့ဒီ့ကတည်းက လူအများရှေ့ ထွက်မလာသေးဘူး”

ဤသည်က လုကျိုး သိထားသည်နှင့် အတူတူသာဖြစ်၏။

လုကျိုးက လက်နောက်ပစ်ကာ ထပ်မေးလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ရောက်တဲ့ ပထမဦးဆုံး အစိမ်းရောင်ကြာကျင့်ကြံသူတွေအနေနဲ့ မင်းတို့တွေက အစိမ်းရောင်ကြာနယ်မြေရဲ့ ကျင့်ကြံရေးလောကရဲ့ လက်ရှိကိစ္စတွေအကြောင်းကို ပြောပြဖို့မျှော်လင့်တယ်”

လတ်တလောလေးအတွင်း အစိမ်းရောင်ကြာကျင့်ကြံသူများနှင့် ပတ်သက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့သည်။

လုကျိုးက နယ်မြေ၉ခု၏ မျှခြေသည် တိမ်းစောင်းလာကြောင်း ခံစားချက်ရရှိနေ၏။

“အစိမ်းရောင်ကြာနယ်မြေမှာ ဆရာသခင် ဘယ်လောက်ရှိလဲ”

ရှောင်ယွင်ဟယ်နှင့် မင်ရှစ်ရင်တို့က ထိုငါးဦးကို သိချင်စွာ ကြည့်လိုက်ကြသည်။ ပြောရလျှင် အနိုင်ရရှိဖို့အတွက် ရန်သူ့အကြံကို သေချာသိရမည် ဖြစ်သည်။

သူတို့က တစ်ဖက်အကြောင်း အနည်းငယ်သာ သိထားလေသည်။ ထိုညီအစ်ကိုငါးယောက်ဖြင့် သူတို့က ပိုမိုနက်နက်နဲနဲ နားလည်လာနိုင်၏။

စွင်းမူက ပြောလိုက်သည်။

“ဆရာသခင် ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ ဘယ်သူကမှ တိတိကျကျ မသိကြဘူး။ ဒဏ္ဍာရီတွေထဲမှာတော့ မိုးမြေကြားမှာ မျှခြေကို ခံစားနိုင်တဲ့ မဟာလေဟာနယ်ထဲမှာ အထွတ်အမြတ် အမွေအနှစ် ရှိတယ်လို့ ပြောတယ်။ အဲ့ဒီ့မျှခြေ ပျက်စီးတာနဲ့ မျှခြေထိန်းညှိသူတွေက ပြဿနာဖြေရှင်းဖို့ ထွက်လာကြလိမ့်မယ်”

ဤသည်က ထိန်းသိမ်းရေး စည်းမျဥ်းတစ်ခု ဖြစ်၏။

လုကျိုးက လန်ရှီဟယ်သည် တူညီသည့် စကားများကို ပြောခဲ့ဖူးကြောင်း အမှတ်ရလိုက်သည်။ သူမက အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်ရာထူးကို ထမ်‌ဆောင်ဖို့ လူတစ်ယောက်ကို ရှာဖွေနေသည်မှာ မထူးဆန်းတော့ပေ။ သူမက သက်တမ်းပြဿနာကို ဖြေရှင်းနိုင်ကြောင်း ပြောသည်မှာလည်း မထူးဆန်းတော့ပေ။ သူတို့အားလုံးက မျှခြေနှင့် ပတ်သက်နေလေ၏။

မျှခြေ၏ နောက်ကွယ်တွင် မည်သည့်လျှို့ဝှက်ချက် တည်ရှိနေသနည်း။

လုကျိုးက လန်ရှီဟယ် ထွက်သွားသည်က သူ့အနေဖြင့် မျှခြေကို ထိန်းသိမ်းဖို့ ပိုမိုအားကောင်းလာ၍ ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ အကယ်၍ ဤသို့သာဖြစ်နေပါက မဟာလေဟာနယ် မျိုးစေ့ရှိထားသည့် သူ့တပည့်များသည်လည်း အနှေးနှင့်အမြန် သက်ရောက်မှု ရှိလာလိမ့်မည်။ ဤသည်က ပြဿနာကြီးကြီးမားမား ဖြစ်၏။

စွင်းမူက ပြောလိုက်သည်။

“လူသိရှင်ကြား သိထားတာကတော့ ဆရာသခင် ၄‌ယောက်ရှိပါတယ်။ သူတို့အားလုံးက မျိုးနွယ်အကြီးကြီးတွေကချည်းပဲ။ ယန်မျိုးနွယ်ရဲ့ ဆရာသခင် ယဲ့ကျန်း၊ ချင်မျိုးနွယ်ရဲ့ ဆရာသခင် ချင်ရန်ယွဲ့၊ ထုံပါးမျိုးနွယ်ရဲ့ ဆရာသခင် ထုံပါးစစ်ချန်နဲ့ ဖန်းမျိုးနွယ်က ဆရာသခင် ဖန်းကျုံးတို့ပဲ”

ယဲ့ကျန်းနှင့် ချင်ရန်ယွဲ့တို့က လုကျိုး အာရုံစိုက်ဖို့လိုအပ်သည့် လူ၂ဦးဖြစ်၏။ ထို၂ဦးက သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူတို့ကြားတွင် ရန်ငြှိုး ရှိနေလေသည်။

“ဆရာသခင်လေးယောက်ကြားက ဆက်ဆံရေးကရော ဘယ်လိုလဲ”

လုကျိုးက မေးလိုက်သည်။

“သူတို့ဆက်ဆံရေးကတော့ ဆုံးဖြတ်လို့မရဘူး။ တစ်ခါတစ်လေ သူတို့ဆက်ဆံရေးကောင်းနေပြီး တစ်ခုတစ်လေကျလည်း တိုက်ပွဲကြီးကြီးမားမား တိုက်ခိုက်ကြပြန်ရော။ အပြင်ကလူတွေက လုံးဝနားမလည်နိုင်ဘူး။ ပြီးတို့က ကျုပ်တို့တွေက အမည်မသိကုန်းမြေမှာနေထိုင်တဲ့ ဂိုဏ်းမဲ့ကျင့်ကြံသူတွေပဲလေ။ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲဆိုတာကို ကျုပ်တို့က ဘယ်လိုလုပ်သိမှာလဲ”

ဤတစ်ကြိမ် စီးဝူယာ့က ဝင်လာသည်။ သူက ပုံမှန်အတိုင်း သူက မုန့်ချန်းသုံဆီမှ သတင်းကို လက်ခံရရှစဥ်အခါက ကောင်းကင်သိုင်းပညာကျောင်းတော်အတွင်း ရှိနေခဲ့ပြီး ယခုမှ အလျင်အမြန် ထွက်လာခြင်း ဖြစ်၏။ ယခုက တည်တံ့ခန်းမဆောင်အတွင်း ရောက်ရှိလာခဲ့သည်။ လုကျိုးက လက်မြှောက်ကာ ဦးညွှတ်ဖို့ မလိုကြောင်း ပြလိုက်သည်။

စီးဝူယာ့က ဘေးတွင်ရပ်ကာ ထိုညီအစ်ကိုငါးဦးကို ကြည့်ကာ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

“ကျုပ်လည်း မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကမ္ဘာကြီးကို နယ်မြေကိုးခုအနေနဲ့ ပိုင်းခြားထားတာ။ တခြားနယ်မြေတွေကလွဲရင် အမည်မသိနယ်မြေနှစ်ခု ကျန်ရှိနေ‌သေးတယ်”

စွင်းမူက အံ့အားသင့်သွား၏။

“ကမ္ဘာကြီးက နယ်မြေကိုးခုပိုင်းထားတယ်ဆိုတာကို သိတယ်လား”

စီးဝူယာ့က ပြုံးကာ ဘာမှ မပြောပေ။

စွင်းမူက စီးဝူယာ့ကို ခြုံငုံကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ဒဏ္ဍာရီထဲတွေမှာတော့ နယ်မြေတွေက အစတုန်းက အမည်မသိကုန်းမြေကို ဗဟိုထားပြီးတော့ တစ်သားတည်းလို့ ပြောတယ်။ နောက်ပိုင်းမှာ သူတို့တွေက ခွဲခြားခံလိုက်ရပြီးတော့ အရောင်တွေပါ ပြောင်းလဲသွားကြတယ်။ ကျန်ရှိနေတဲ့ နယ်မြေနှစ်ခုက အစိမ်းရောင်ကြာနယ်မြေတွေပဲ။ သမိုင်းကြောင်း အကြောင်းအရင်းတွေကြောင့် အဲ့ဒီ့နယ်မြေနှစ်ခုက ပေါင်းစည်းသွားခဲ့တာ။

“သူတို့အားလုံးက အစိမ်းရောင်တွေလား”

စီးဝူယာ့က စိတ်လှုပ်ရှားသွားမိသည်။

စွင်းမူက ဆက်ပြောလိုက်သည်။

“ဟုတ်တယ်။ အစိမ်းရောင်က နည်းနည်းတော့ ကွဲပြားတယ်။ နမူနာအနေနဲ့ဆိုရင် ကျုပ်တို့တွေရဲ့ စွမ်းအင်က အစိမ်းရင့်ရင့်လေ”

စွင်းမူက လက်ကိုမြှောက်လိုက်သည့်အချိန် သူ့လက်ဝါးအထက် အသေးစား စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။

ထိုအရာက အမှန်တစ်ကယ် အစိမ်းရင့်ရင့် ဖြစ်၏။

စွင်းမူက ဆက်လက် ရှင်းပြလိုက်သည်။

“ကျန်တဲ့နယ်မြေနှစ်ခုကလည်း ဝါးစိမ်းနဲ့ အစိမ်းဖျော့ဖျော့လိုမျိုးပဲ။ သူတို့တွေက ရှေးဦးချီရဲ့ အသန့်စင်ဆုံး ပုံစံပဲ”

စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။

“နယ်မြေတွေက ပေါင်းစည်းသွားတာကိုး”

“နယ်မြေနှစ်ခုက တစ်ခုနဲ့တစ်ခု အရမ်းကိုဝေးတယ်။ သူတို့ပေါင်းစည်းတုန်းက စစ်ပွဲကြီးကြီး ဖြစ်ခဲ့တယ်လို့လည်း ကြားသေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက တစ်ခြားနယ်မြေကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လေ့ မရှိကြဘူး။ သူတို့ကိုယ်သူတို့ပဲ နေကြတာ”

စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သူ့အင်္ကျီလက်ထဲမှ စာရွက်ဖြူကို ထုတ်ကာ တစ်စုံတစ်ယောက်ကို စုတ်တံယူလာဖို့ ပြောလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို ရေးဆွဲပြီးသည့်နောက်တွင် လုကျိုးထံ ပေးလိုက်၏။

“ကျွန်တော်တို့တွေ အခုတော့ အကြမ်းဖျင်း အတည်ပြုနိုင်ပြီ”

လုကျိုးက ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

ရေးဆွဲထားသည်က သိပ်မရှုပ်ထွေးပေ။ စီးဝူယာ့က ဧရာမ ကြာပွင့်အကြီးကြီးကို ရေးဆွဲထားပြီး ထိုကြာပွင့်ကြီးက လောကအမြင်နှင့် အသိအမြင်များကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

All Chapters