← Chapters

အခန်း (၁၁၉၅-၁၁၉၇)

Vol. 80 Ch. 1195-1197

အခန်း (၁၁၉၅-၁၁၉၇)

Vol. 80 Ch. 1195-1197

အခန်း (၁၁၉၅) မျှခြေ

မင်ရှစ်ရင်၏သိချင်စိတ်က ပေါ်ပေါက်လာလေ၏။ သူက စာရွက်ဆီ လျှောက်သွားကာ ၎င်းအပေါ်တွင် ရှိသည့်စာကို မြင်သောအခါ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွား၏။ "မ မဖြစ်နိုင်တာ”

ရှောင်ယွင်ကလည်း လျှောက်လာ၏။ အကြည့်တစ်ချက်ဖြင့် သူက မှင်တက်သွားတော့သည်။

လုကျိုးနှင့် စီးဝူယာ့က စိတ်ပြင်ဆင်ပြီးသားဖြစ်၏။ သူတို့က ဤကောက်ချက်မချရသေးခင် ထိုကိစ္စကို သုတေသနပြုလုပ်ခဲ့ပြီး အတည်ပြုရန်ကြိုးစားခဲ့၏။

ညီနောင်ငါးဖော်က ပုံကြမ်းကို ကြည့်လိုက်ကြသည်။

“ဒါဘာကို ဆိုလိုတာလဲ”

ညီနောင်ငါးဖော်သည် အမည်မသိကုန်းမြေသို့ ရောက်လာကာစဖြစ်ပြီး ဤမတိုင်မီက အစိမ်းရောင်ကြာနယ်မြေ၌ နေခဲ့တာ ဖြစ်၏။ ကျန်သည့်နေရာများနှင့် ပတ်သက်သည့် သူတို့၏ အသိပညာက ကျန်သည့်သူများ မကြားထားသည့် အရာပဲဖြစ်သည်။ သူတို့သည် တခြားသောနေရာများရှိ မြေပုံများကို တစ်ခါမှ မတွေ့ဖူးပေ။ သူတို့မြင်ဖူးလျှင်ရင်တောင် ၎င်းက ထူးဆန်းသောပုံသဏ္ဌာန်ဖြစ်နေပြီး သူတို့မျက်စိရှေ့ရှိ ကြာပွင့်ကဲ့သို့ မဟုတ်ပေ။

“မင်းတို့က အစိမ်းရောင်ကြာနယ်မြေကဆိုတော့ ဒီအကြောင်း သိလောက်တယ်။ ဘာကြောင့် အံ့ဩသွားတာလဲ”

စွင်းမူက ခေါင်းခါပြီး ပြောလိုက်၏။

“မင်း ထင်သလို မရိုးရှင်းဘူးလေ။ နာမည်မေးလို့ရမလား”

“စီးဝူယာ့ ... မိစ္ဆာဝေဟင်မျှော်နန်းရဲ့သတ္တမမြောက်တပည့်” စီးဝူယာ့က ပြောပြီး စွင်းမူဖက်လှည့်ကာ လက်သီး ဆုပ်မိုးလိုက်၏။

စွင်းမူက ခေါင်းညိတ်လိုက်သည်။

“ကျုပ်တို့က အစိမ်းရောင်ကြာနယ်မြေမှာ ကြီးပြင်းလာခဲ့တာ။ ကျုပ်တို့ သိထားတဲ့အသိပညာတွေ သင်ယူခဲ့တာတွေက ရှေးသူတော်စင်မျိုးဆက်က အတွေ့အကြုံတွေဆီကပဲ။ လောကကြီးရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေချင်တဲ့ကျင့်ကြံသူတွေ အမြောက်အမြားရှိပြီး အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ သူတို့ အသက်ပေးခဲ့ရတယ်။ အဆုံးကျ သူတို့အားစိုက်ထုတ်မှုအားလုံးနဲ့ မြေပုံတစ်ချပ်ချန်ထားခဲ့တယ်”

စွင်းမူက ခေါင်းအနည်းငယ်မော့လျက် မေးလိုက်သည်။

“ကျုပ် စုတ်တံတစ်ချက် ငှားလို့ရမလား”

စုတ်တံကို ယူလာပြီးနောက် စွင်းမူသည် စာရွက်ဖြူပေါ်၌ ပုံတစ်ခုကို စတင်ရေးဆွဲလိုက်၏။ ပုံဆွဲတာက အကြမ်းထည်ဖြစ်သော်ငြား ပုံပန်းသဏ္ဌာန်က အတော်လေးရှင်းလင်း၏။ သူ ဆွဲပြီးနောက် ပြောလိုက်တော့သည်။

“ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပါ”

လူတိုင်းစုဝေးလာကာ မြေပုံကိုကြည့်လိုက်လေ၏။

“အမည်မသိကုန်းမြေက ကျယ်ဝန်းတယ်။ နယ်မြေတွေထက် အဆထောင်ချီကျယ်ဝန်းပြီး နှစ်မြေနှစ်ခု တစ်ခုတည်း ပေါင်းစည်းထားတာ။ နယ်မြေတွေက ယှဉ်ကြည့်ရင် ကုန်းမြေ အပိုင်းအစငယ်လေးတွေလိုပဲ။ ဒါမှမဟုတ် နယ်မြေတွေက အမည်မသိကုန်းမြေနားတဝိုက် ပြန့်ကျဲနေတဲ့ ကျွန်းတွေနဲ့ တူတယ်လို့ ပြောရင်ပိုတိကျလောက်တယ်”

စီးဝူယာ့က မေးစေ့ပွတ်လျက် ကမ္ဘာကြီးကို နားလည်သဘောပေါက်ထားပုံအား ဂရုတစိုက် လေ့လာလိုက်သည်။

စွင်းမူက ဆက်ပြောလိုက်၏။ “ကြီးမြတ်တဲ့ဆရာသခင်တွေက အမည်မသိကုန်းမြေကို ဖြတ်ကျော်ဖို့ အချိန် ၃နှစ်လိုအပ်ပြီး လွတ်လပ်သူက ၄နှစ်ကနေ ၅နှစ်လိုအပ်တယ်။ ကျုပ်လိုကျင့်ကြံသူတွေက သင်္ကေတလမ်းကြောင်းမရှိရင် ၁၀စုနှစ်ကျော်လွန်ပြီးတာတောင် အမည်မသိကုန်းမြေကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အနီရောင်ကြာနယ်မြေကို ဖြတ်ကျော်ဖို့ အချိန်၅ရက်ပဲ ယူလိုက်ရတယ်”

လူတိုင်းက ခေါင်းညိတ်လိုက်၏။

စီးဝူယာ့သာလျှင် ခေါင်းခါပြီး ပြောလိုက်သည်။ “မဟုတ်ဘူး”

“သူ ပြောတာ မင်းမှားတယ်တဲ့”

“သူက မရေမတွက်နိုင်တဲ့ သူတော်စင်တွေ ရှာတွေ့ထားတဲ့ သီအိုရီကို အမေးထုတ်နေတာပဲ”

“သူက အလွန်ယုံကြည်ချက်ရှိနေပုံပဲ”

“သူ ဘာပြောမလဲ နားထောင်ကြတာပေါ့”

“ဟုတ်ပြီ”

မင်ရှစ်ရင်က သူ၏နားထင်ကို နှိပ်နယ်လိုက်သည်။ သူက ဤကဲ့သို့ဆွေးနွေးမှုမျိုးကို သဘောမကျဆုံး ဖြစ်၏။ သူက အဖြေသာ လိုချင်တာဖြစ်သည်။

စီးဝူယာ့က ပြုံးပြီးပြောလိုက်သည်။

“မဟာလေဟာနယ်က ဘယ်မှာလဲဆိုတာ မေးလို့ရမလား”

“ဒါက ...” စွင်းမူက အထစ်ထစ်ငေါ့ငေါ့ ဖြစ်သွား၏။

“ဒါပေါ့ အမည်မသိကုန်းမြေမှာပေါ့။ ဒီလောက်ကျယ်တာ အမည်မသိကုန်းမြေရဲ့အတွင်းပိုင်းမှာ ရှိလောက်တယ်ထင်တယ်”

“ဟုတ်တယ် ... မဟာလေဟာနယ်က အမည်မသိကုန်းမြေအတွင်းပိုင်းမှာရှိတယ်ပဲ ထားပါတော့။ ပတ်ဝန်းကျင်က ကြမ်းတမ်းတယ်။ နေရောင်ကတစ်နှစ်ပတ်လုံး မရသလောက်ပဲ။ မဟာလေဟာနယ်က လူတွေက ဒါကို ဘယ်လိုများ တောင့်ခံထားကြလဲ။ ဒုတိယအချက် အမည်မသိကုန်းမြေက ကျယ်ပြောတယ်ဆိုရင်တောင် ဒီလောက်အချိန်ကြာမြင့်ပြီးတဲ့နောက် လူတစ်ယောက်တောင် အခုအချိန်ထိ မဟာလေဟာနယ်ထဲမဝင်နိုင်တာ ဘာကြောင့်လဲ”

“မင်းက သူတော်စင်တွေရဲ့ အတွေ့အကြုံနဲ့ သီအိုရီတွေကို အမေးထုတ်နေတာလား။ မင်း အရင်သွားခဲ့တဲ့ မရေမတွက်နိုင်တဲ့ သူတော်စင်တွေထက် မင်းက ပိုအစွမ်းထက်တာလား”

“ကျုပ်တို့အမေးထုတ်မှပဲ တိုးတက်မှုရှိမှာ။ ကိစ္စရပ်တွေက အမြဲတစေမှန်နိုင်တာ မဟုတ်ဘူး။ မဟုတ်ရင် ခင်ဗျားတို့တွေ မိုးနဲ့မြေအတားအဆီးရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ဖို့ ဘာကြောင့် စဉ်းစားနေသေးတာလဲ”

စွင်းမူ “...”

“အစ်ကိုစွင်း သူက မင်းကိုစိန်ခေါ်နေတာ”

စွင်းမူက ပြန်ပြောလိုက်၏။

“မဟာလေဟာနယ်ရဲ့အုပ်စိုးသူက ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင် ဖြစ်နေနိုင်တာပဲ။ လူသားတွေက ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကို သဘောမကျလောက်ပေမဲ့ သားရဲတွေကတော့ မဟုတ်ဘူးလေ။ ဒါ့အပြင် မဟာလေဟာနယ်ထဲရောက်တဲ့သူအားလုံးအဖမ်းခံလိုက်ရတာ ဘယ်သူမှ ထွက်မလာနိုင်တာ သဘာဝပဲလေ”

စီးဝူယာ့က ယုံကြည်ချက်ရှိရှိပြောလိုက်၏။

“မဟာလေဟာနယ်ရဲ့ အုပ်စိုးသူက ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ဆိုရင်တောင် အဲ့မှာ လူသားတွေက သေချာပေါက်ရှိမှာပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အရင်မျှော်စင်သခင်လန်က သူတို့ထဲက တစ်ယောက်ပဲ”

စွင်းမူက ဆွံ့အသွားတော့သည်။

ကျန်းကျင့်၊ စုရွှေ၊ ရှန်ဟော်၊ လျိုထူ “...”

တည်တံ့ရေးခန်းမထဲ၌ တိတ်ဆိတ်မှုကြီးစိုးလာသည်။

စီးဝူယာ့က သူ၏ကောက်ချက်မှုကို ယုံကြည်ချက်ရှိနေရသည့်အကြောင်းအရင်းမှာ ဤကိစ္စကို လေ့လာရန် အချိန်များစွာ သုံးထားသောကြောင့်ဖြစ်သည်။ သို့သော် သူ ဤမျှယုံကြည်ချက်ရှိနေရသည့် အကြီးမားဆုံးအကြောင်းအရင်းမှာ သူ့ရှစ်စွင်း သူ့အားပေးခဲ့သည့် ရှေးဟောင်းဆိတ်သားရေ မြေပုံကြောင့်ဖြစ်သည်။ သူ ကောင်းကင်သိုင်းကျောင်းတော်ထဲရှိစဉ်က ၎င်းကို မီးရှို့ရန် ကြိုးစားခဲ့ပြီး မီးပြင်းဖိုထဲ၌ ရှို့ကာ အသက်စွမ်းအင်ကို ဖျက်ဆီးရန် ကြိုးစားခဲ့၏။ ၎င်း၏လျှို့ဝှက်ချက်ကို ဖော်ထုတ်နေစဉ်ကာလအတွင်း မြေပုံက ဖျက်ဆီး၍မရပုံပေါ်တာကို သူရှာတွေ့ခဲ့သည်။ အရေးကြီးဆုံးက မြေပုံက တဖြည်းဖြည်းချင်း ဆက်လက်ပေါ်လာတာဖြစ်သည်။ သူ ရေးဆွဲထားသည့်အရာအများစုက မြေပုံက ထုတ်ပြလာသည့်ပုံကို အခြေခံထားတာပဲဖြစ်သည်။

“ပြောတာကောင်းတယ်” ရှောင်ယွင်ဟယ်က လက်ခုပ်တီးလျက် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သူက ပြုံးပြီးပြောလိုက်သည်။

“စကားရည်လုတာက လူတွေကို တိုးတက်စေတယ်”

“စကားရည်လုတာက အချိန်ဖြုန်းတာလည်းဟုတ်တယ်” မင်ရှစ်ရင်က ပြန်ပက်လိုက်၏။

“...”

ရှောင်ယွင်ဟယ်က ပြုံးပြီး ညီနောင်ငါးဖော်ကို ပြောလိုက်တော့သည်။

“မဟာလေဟာနယ်ကို ဘယ်လိုသွားလဲ တကယ်သိချင်ရင် အစ်ကိုလုကို မေးလိုက်ပါလား”

ရှောင်ယွင်ဟယ်က လုကျိုးက မဟာလေဟာနယ်မှဆိုတာ သေချာပေါက် ယုံကြည်နေ၏။

“...”

ညီအစ်ကိုငါးယောက်သည် မိုးကြိုးပစ်ခံရသလိုဖြစ်နေတော့သည်။

လုကျိုးက မုတ်ဆိတ်သပ်ပြီးပြောလိုက်တော့သည်။

“ငါကတော့ စီးဝူယာ့ရဲ့ကောက်ချက်ချမှုကို ပိုယုံကြည်တယ်။ ဒါပေမဲ့ စွင်းမူရဲ့စကားကလည်း အဓိပ္ပာယ်ရှိတယ်”

ရှောင်ယွင်ဟယ်သည် လုကျိုးကို စိတ်ထဲ၌ ထောက်ခံလိုက်၏။ ‘အရည်အချင်းရှိလိုက်တာ ... သူက လူသစ်တွေရဲ့သိက္ခာကိုထိန်းပေးပြီး သူ့တပည့်ရဲ့ကောက်ချက်ချမှုကိုလည်း ထောက်ခံခဲ့တယ်။’

လုကျိုးက ညီနောင်ငါးဖော်ကိုကြည့်ပြီး ပြောလိုက်သည်။

“မင်းတို့ငါးယောက် မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်လာပြီးဆိုတော့ မင်းတို့တွေ ကိစ္စအမျိုးမျိုးကို လောင်ချီနဲ့မဖြေရှင်းသေးခင် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်းသိရအောင် အစောင့်အရှောက်မုန့်ကို ပြောပြခိုင်းလိုက်မယ်။ ဘယ်လိုထင်လဲ”

စီးဝူယာ့က လက်သီးဆုပ်မိုးလိုက်၏။

စွင်းမူက သိပ်ပြီးလက်ခံချင်ပုံမပေါ် သို့သော် သူက ပြောလိုက်သည်။

“မျှော်နန်းသခင်ရဲ့အမိန့်ကို လိုက်နာပါ့မယ်”

“ကောင်းပြီ မင်းတို့ထွက်သွားလို့ရပြီ”

ညီနောင်ငါးယောက် တည်တံ့ရေးခန်းမထဲမှ ထွက်သွားပြီးနောက် အပြင်ဖက်၌ သူတို့ကို စောင့်နေသော မုန့်ချန်းသုံနှင့်တွေ့လေ၏။ လုကျိုးက စီးဝူယာ့ကိုကြည့်ကာ မေးလိုက်သည်။

“ဒီမြေပုံအကြောင်း ဘယ်လောက်သေချာလဲ”

“ကောင်းပြီ ... “ လုကျိုးက တင်ပလင်ခွေချိတ်ထိုင်လိုက်၏။ “အဲ့ဒီလူငါးယောက်က မင်းလက်အောက်မှာပဲ”

“ရှစ်စွင်း ... ကျွန်တော်စိုးရိမ်တာက သူတို့တွေ ...”

“မင်းပြောချင်တာသိတယ်။ ဖိအားပေးလို့မရတဲ့ကိစ္စတချို့ရှိတယ်။ သူတို့နေမလား သွားမလားက သူတို့အပေါ်မူတည်တယ်။ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းကို ထိခိုက်စေမဲ့အရာ ဘာမှမလုပ်သရွေ့ တခြားဟာကို စိတ်ပူစရာမလိုဘူး” လုကျိုးက ပြောလိုက်၏။

“နားလည်ပါပြီ” စီးဝူယာ့က ပြောပြီးနောက် ထွက်သွားသည်။

ပြီးနောက် မင်ရှစ်ရင်က သမ်းဝေက ပြောလိုက်၏။ “ကျွန်တော် အိပ်ငိုက်နေပြီ အရင်သွားတော့မယ်”

နောက်ဆုံးတွင် တည်တံ့ရေးခန်းမထဲ၌ လုကျိုးနှင့် ရှောင်ယွင်ဟယ်သာ ကျန်ခဲ့သည်။

ရှောင်ယွင်ဟယ်က ပြုံးပြီးပြောလိုက်သည်။

“အစ်ကိုလု ခင်ဗျားက တကယ်အံ့ဩဖို့ကောင်းတာပဲ။ တကယ်အံ့ဩဖို့ကောင်းတယ်”

“မင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာ မကုသရင် သုံးလလောက် အိပ်ရာထဲလဲနေလိမ့်မယ်” လုကျိုးက ပြောလိုက်သည်။

ထိုစကားနောက်ကွယ်ရှိ အဓိပ္ပာယ်ကိုနားလည်သည့်ရှောင်ယွင်ဟယ်က အပျော်လွန်သွားတော့သည်။ သူက ပြောလိုက်တော့သည်။

“ကျေးဇူးပါ အစ်ကိုလု"

လုကျိုးက အချိန်မဖြုန်းတော့ဘဲ ရှောင်ယွင်ဟယ်၏ဒဏ်ရာကို ကုသပေးရန် ကောင်းကင်ကျမ်းစာစွမ်းအားကို အသုံးပြုခဲ့၏။

ရှောင်ယွင်ဟယ်က ရင်ထဲအင်မတန်ထိတ်သွားသည်။

“ကျုပ် ဘဝမှာချမှတ်ခဲ့တဲ့ အကောင်းဆုံးဆုံးဖြတ်ချက်က အစ်ကိုလုနဲ့ မိတ်ဆွေဖွဲ့တာပဲ”

လုကျိုးက လက်မြှောက်ပြီးနောက် ရှောင်ယွင်ဟယ်ရှေ့ လက်ဆန့်ထုတ်လိုက်သည်။

ရှောင်ယွင်ဟယ်က ဇဝေဇဝါဖြစ်သွားသည်။

“...”

“ဆန်းကြယ်ကျောက်တုံး”

“ဒါက ... ကုသခ”

“ကျွန်တော်”

…

အခန်း (၁၁၉၆) မျှခြေအတိမ်းအစောင်း

လုကျိုးက ရှောင်ယွင်ဟယ်ကို သံသယဖြင့် ကြည့်လိုက်သည်။

“ဘာတွေတွေးနေတာလဲ”

“ဘာမှမဟုတ်ပါဘူး” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“အစ်ကိုလုက ကျုပ်ကို ကုသပေးချင်တာ ကျုပ်အတွက် ကံကောင်းမှုပါပဲ။ ဒါက လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်လောက်ပါပဲ။ သူတို့က ကျုပ်ဘဝနဲ့ မယှဥ်နိုင်ပါဘူး။ ကျုပ်လက်နက်ကိုလည်း ပြန်ပြုပြင်ပြီးသွားပြီဆိုတော့ ဒီဟာတွေကို သိမ်းထားဖို့ အကျိုးမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အစ်ကိုလုကို ပေးလိုက်တာ ကောင်းပါတယ်”

ထို့နောက် ရှောင်ယွင်ဟယ်က အိတ်တစ်လုံးကို ထုတ်လာခဲ့သည်။

လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်များ၏ အရောင်က ဖရိုဖရဲဖြစ်နေကာ သာမန်နှင့်တူနေသည်။ သို့သော်လည်း သူတို့က မှိန်ဖျဖျတောက်ပနေပြီး အလင်းရောင်တချို့ ထုတ်လွှင့်နေ၏။

“သွားကြစို့”

“အာ … ” ရှောင်ယွင်ဟယ်က ထိုကျောက်တုံးများကို လက်လွှတ်ဖို့ အနည်းငယ် ဝန်လေးနေမိသည်။ သူက လုကျိုး သိမ်းဆည်းလိုက်သည်ကို ကြည့်ရင်း နာကျင်လာသလို ခံစားမိလိုက်၏။

“တင် လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်များကို လက်နက်အဆင့်မြင့်တင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်”

ဟမ် စနစ်က အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ အရေအတွက်ကိုတော့ ပြောမသွားဘူးပဲ။ ကြည့်ရတာ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်တွေက မီးတောင်ထွက် အဆီအနှစ်နဲ့ ကွဲပြားတဲ့ပုံပဲ …

“အစ်ကိုလု ကျုပ် အရင်ဆုံး သွားလိုက်ပါအုံးမယ်” ရှောင်ယွင်ဟယ်က ပြောကာ ထွက်သွားလေ၏။

လုကျိုးက စီးဝူယာ့ ရေးဆွဲထားသည့် မြေပုံကို ကြည့်ကာ အံ့အားသင့်နေမိသည်။ အကယ်၍ စီးဝူယာ့ ပြောစကားသာ မှန်ကန်နေပါက မဟာလေဟာနယ်သည် မည်သည့်နေရာ ဖြစ်မည်နည်း။ အမည်မသိကုန်းမြေက ကျယ်ပြောသော်လည်း အချိန်တော်ကြာမြင့်ပြီးသည့်နောက်တွင်ပင် ထိုအရာကို မည်သူကမှ ရှာမတွေ့သေးသည်က အဓိပ္ပာယ်မရှိပေ။

စနစ်ကို အဆင့်မြှင့်တင်ပြီးသည့်နောက် လုကျိုးက အမည်မသိကုန်းမြေအတွင်းပိုင်းသို့ သွားဖို့ရာ ဆုံးဖြတ်ထား၏။ ယခင်က သူသည် အမည်မသိကုန်းမြေ အစွန်အဖျားအထိသာ သွားလာနိုင်ခဲ့သည်။ သူ့အနေဖြင့် အမည်မသိကုန်းမြေ၏ ဗဟိုချက်မှ အဖြေများကို ရှာဖို့ လိုနေသည်။ သူက မိုးမြေ၏ အနှောင်အဖွဲ့များနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်ကို သိချင်နေမိ၏။

လုကျိုးက ခေါင်းအသာယမ်းကာ စိတ်ကို ရှင်းလိုက်သည်။ ယခုအခါ အရေးကြီးဆုံးကိစ္စက သူ့စွမ်းအားကို တတ်နိုင်သမျှ မြန်မြန်တိုးမြှင့်ဖို့ ဖြစ်၏။

သူက လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ခံစားမိလိုက်သည်။ တစ်ရက်နှင့်တစ်ည ကြာမြင့်ပြီးသည့်နောက်တွင် သူက တစ်ဝက်မျှ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်၏။

“၈ခုမြောက် ကောင်းကင်ကျမ်းစွမ်းအားက ဘာများလဲ”

တစ်ရက်နှင့်တစ်ည တရားထိုင်ပြီးသည့်နောက်တွင် သူက ၈ခုမြောက် ကောင်းကင်ကျမ်းစွမ်းအားကို မဖမ်းဆုပ်မိသေးပေ။ သူက ထိုအရာကို ဆက်လက်ဆင်ခြင်ရဦးမည် ဖြစ်၏။

“လက်နက်အဆင့်မြှင့်မယ်”

လက်ရှိ သူ့တွင် မီးတောင်ထွက် အဆီအနှစ် ၁၁၀ရှိနေပြီး ယခင်က အခု ၂၀ကို စီးဝူယာ့ထံ ပေးခဲ့သည်။

“သန့်စင်မွမ်းမံရေးအဆောင် ဝယ်မယ်”

“တင်း ကုသိုလ်ရမှတ် ၂သောင်း ကျသင့်ပါတယ်။ သန့်စင်မွမ်းမံရေးအဆောင်တစ်ခုကို ရရှိပါပြီ”

“ဘယ်လက်နက်ကို အဆင့်မြှင့်ရမလဲ”

လုကျိုးက ယခုအခါ ပေါင်းစည်းရေးလက်နက် ၂ခုရှိနေပြီ ဖြစ်၏။ အမည်မဲ့ကလည်း ပေါင်းစည်းရေးလက်နက် ဖြစ်သင့်သည်။ ခရမ်းရောင် တောက်ပသံကျောက်က ပေါင်းစည်းရေးလက်နက် ဖြစ်၏။ ဆိုလိုသည်မှာ မီးတောင်ထွက် အဆီအနှစ်က ထိုလက်နက်များကို အဆင့်မြှင့်တင်ဖို့ အသုံးမပြုနိုင်တော့ပေ။ တခြားသော လက်နက်များအနက် ချုပ်နှောင်ရေး စည်းတံဆိပ်ကသာ အသင့်တော်ဆုံး ဖြစ်ဟန်ပေါ်သည်။

သူက စိတ်ကို ရှင်းလင်းပြီးသည့်နောက်တွင် ချုပ်နှောင်ရေး စည်းတံဆိပ်နှင့် မီးတောင်ထွက် အဆီအနှစ် ၁၀၀ကို ထုတ်ကာ မီးတောက်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ထိုအရာကို အာရုံမစိုက်တော့ဘဲ ကောင်းကင်ကျမ်းကို ဆက်လက် ဆင်ခြင်လိုက်၏။

…

၂ရက်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

လုကျိုးက အသံတစ်သံ ကြားသည့်အခါ မျက်လုံးဖွင့်ကြည့်လိုက်သည်။

“တင်း ချုပ်နှောင်ရေးစည်းတံဆိပ် အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပါပြီ။ စွမ်းရည် ပေါင် ၁၀၀၀အင်အား”

“ပေါင် ၁၀၀၀ အင်အားတဲ့လား” လုကျိုးက တွေးလိုက်မိသည်။

ဒါက ဘယ်လိုသက်ရောက်မှုမျိုး ရှိနေမှာလဲ။ နာမည်အလိုက်ဆိုရင်တော့ ဒါက ခွန်အားနဲ့ ပတ်သက်နေတာပဲ ဖြစ်ရမယ်။

ထို့နောက် လုကျိုးက ၈ခုမြောက် ကောင်းကင်ကျမ်း စွမ်းအားကို ဆက်လက် အာရုံစိုက်လိုက်သည်။

“အစစ်အမှန် ခန္ဓာကိုယ်ရဲ့ ဉာဏ်ရည်နဲ့ အံ့ဖွယ်စွမ်းရည်တွေနဲ့ တကယ့်အစစ်အမှန် ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ အဆုံးအစ ကင်းမဲ့မှုကို ထုတ်ဖော်နိုင်တယ်။ တိမ်တိုက်က တကယ့်လူအသွင် ပြောင်းလဲပြီး ပုန်းအောင်းနိုင်သလို သတိမထားမိဘဲနဲ့ အံ့ဖွယ်စွမ်းရည်တွေ အမျိုးမျိုးကိုလည်း ဖန်တီးနိုင်တယ်”

လုကျိုးဝန်းကျင်တွင် ကြယ်တာရာ အလင်းပျောက်များ ထွက်ပေါ်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးက ကြည်လင်ထိုးဖောက်မြင်ရသွားဟန်ပေါ်သည်။

ခဏကြာမြင့်ပြီးသည့်နောက်တွင် ပုံမှန် ပြန်ဖြစ်သွား၏။

“ဒါက ဖုံးကွယ်ရေးစွမ်းအားလား”

သူ သိထားသလောက် ထိုအရာက အရှိန်အဝါ ဖုံးကွယ်ဖို့ အသုံးပြုနိုင်သည်။ တခြားသော စွမ်းရည်များကို မသိသေးပေ။

ယခုအခိုက်အတန့်ပြီးသည့်နောက်တွင် သူက အဆင့်မြှင့်ကတ်ကို ထုတ်ယူလိုက်သည်။ သူက တည်တံ့ရေးခန်းမဆောင်အတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်မလာဖို့ အမိန့်ပေးလိုက်၏။ သူပြီးဆုံးသွားသည့်အခါ သူက ရေရွတ်လိုက်သည်။

“အသုံးပြုမယ်”

“တင် စနစ်ကို အဆင့်မြှင့်တင်နေပါပြီ”

ဆက်တိုက်ဆိုသလို စနစ်၏ မျက်နှာပြင်က မှောင်ကျသွားသည်။

…

အမည်မသိနေရာ

လုကျိုးက ကတ်ကို အသုံးပြုလိုက်သည့် အခိုက်အတန့်တွင် တိမ်မဲများနှင့် မြူခိုးတို့က စုဝေးလာသည်ကို မသိလိုက်ပေ။ ကောင်းကင်က မှုန်မှိုင်းလာ၏။

ခက်ထန်သားရဲများကလည်း ကောင်းကင်မှ အပြောင်းအလဲကို ခံစားမိဟန်ပေါ်ကာ မော့ကြည့်လိုက်ကြသည်။

…

အနီရောင်ကြာနယ်မြေ၏ တော်ဝင်နန်းတော်ရှိ တံတိုင်းပေါ်

ယွီရှန်းရုန်က လက်ထဲတွင် သက်တော်ရှည်ဓားကို ကိုင်ဆောင်ရင်း လေဟုန်ဆန်လျက် လမ်းလျှောက်နေသည်။

“လေတိုက်လာပြီ”

ယွီကျန့်ဟိုင်က တံတိုင်းပေါ် ရောက်လာပြီး ပြောလိုက်သည်။

“မြို့တော်မှာ ဒီလိုရာသီဥတု မဆိုးတာ ကြာလှပြီ” တပည့် ၂ဦးက အချင်းချင်း ကြည့်ပြီးသည့်နောက်တွင် တိမ်မဲများဖြင့် ဖုံးလွှမ်းနေသည့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

“ငါတို့တွေ ဒီနေ့ လက်ရည်စမ်းတာ နားလိုက်ကြရအောင်”

“ကောင်းပြီလေ”

…

အဖြူရောင်နန်းဆောင်အတွင်း

အမျိုးသမီး အစေခံတစ်ဦးက အဝင်ဝသို့ ရောက်ရှိလာကာ အလျင်စလို ဦးညွှတ်လိုက်သည်။

“သခင် အထွတ်အမြတ် ခန်းမဆောင်က မျှခြေအတိမ်းအစောင်း ဖြစ်သွားတယ်လို့ သတင်းပို့လာပါတယ်”

ကျောက်စိမ်းစင်မြင့်ပေါ်တွင် ထိုင်နေသည့် အမျိုးသမီးက မျက်လုံးဖွင့်လာကာ ပြောလိုက်သည်။

“အကြောင်းအရင်းကရော”

အမျိုးသမီး ကျင့်ကြံသူက ပြန်ဖြေလိုက်၏။

“အကြောင်းအရင်းကတော့ မသိရသေးပါဘူး။ အထွတ်အမြတ် ခန်းမဆောင်က စုံစမ်းနေတုန်းပါ။ အစိမ်းရောင်ကြာနယ်မြေက ဆရာသခင်တစ်ယောက်က နယ်နိမိတ်ကို ကျူးကျော်လာတဲ့ ဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ်ထားလို့ မရဘူး။ ပြီးတော့ ဆရာသခင်အသစ် ပေါ်ထွက်လာနိုင်ခြေလည်း ရှိတယ်”

ထိုအမျိုးသမီးက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။

“ဆရာသခင်အသစ် ပေါ်ထွက်လာနိုင်ခြေက အတော်လေးနည်းတယ်။ မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုလုံး ရှိနေတယ်ဆိုရင်တောင် နှစ် ၃၀၀တည်းနဲ့ ဆရာသခင်တစ်ယောက် ပေါ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“သခင် အဲဒါဆိုရင် ဆရာသခင်တစ်ယောက်က ဒီအနီရောင်မျဥ်းကို ဖြတ်ကျော်လာတယ်လို့ ပြောချင်တာလား”

ထိုအမျိုးသမီးက တိတ်ဆိတ်နေပြီး ဘာမှမပြောပေ။

မျှခြေအတိမ်းအစောင်းပင် အနန္တတန်ခိုးရှင် မဟုတ်ပေ။

“ကျွန်မ သတင်းကို ဆက်လက်စုံစမ်းလိုက်ပါ့မယ်” အမျိုးသမီး ကျင့်ကြံသူက ပြောပြီးသည့်နောက်တွင် ဦးညွှတ်ကာ ထွက်ခွာသွား၏။

ထို့နောက် နေမင်းနှင့် လမင်းတို့နှင့်တူသည့် အဖြူရောင် သတ္တုလုံးနှစ်ခုက တောက်ပလာသည်။

ထိုအမျိုးသမီးက အတွေးများကို စုစည်းကာ မျက်လုံးမှိတ်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။

…

အမည်မသိကုန်းမြေ

လေဟုန်တောင်ကြား၌

လုဝူက လဲလှောင်းနေရင်း ရုတ်တရက် ခေါင်းကို မော့ကြည့်လိုက်သည်။

သိပ်သည်းသည့် မြူခိုးများက ကောင်းကင်အထက် ထွက်ပေါ်လာကာ သားရဲပျံများနှင့် ငှက်များကပင် အနောက်ဘက်သို့ ပျံသန်းသွားလေသည်။ သူတို့ကြားတွင် ဧရာမငှက်ကြီးများလည်း ရှိနေသည်။

“မျှခြေ … ” လုဝူက ရေရွတ်လိုက်သည်။

“ပျက်စီးတော့မှာလား”

“ဒါကို ယူလိုက်” တွမ့်မူရှန်းက နယ်ရှင်လှံဖြင့် ခုန်ဝင်လာသည်။ ထိုစဥ် သူ့ခန္ဓာကိုယ်ရှိ ခရမ်းရောင်နဂါးက ရစ်ပတ်ကာ လုဝူထံ ရွှေရောင်စွမ်းရည်လှံများကို ပစ်လွှတ်လာသည်။

လုဝူက တွမ့်မူရှန်းကို မကြည့်ဘဲ သူ့ရှေ့ခြေဖြင့် ရေပြင်ညီအတိုင်း ရိုက်လွှတ်လိုက်သည်။

ဘန်း

တွမ့်မူရှန်းက နောက်လွင့်စဉ်သွား၏။

လုဝူက ကောင်းကင်ကို ကြည့်ရင်း စိုးရိမ်စွာ ပြောလိုက်သည်။

“သခင် ဒီမှာရှိလား”

တွမ့်မူရှန်းက လှံကို ကိုင်ဆောင်ထားသည်။ သူ့ခန္ဓာကိုယ်က ခရမ်းရောင် နဂါးဖြင့် ခြုံလွှမ်းထား၏။ သူ့ရွှေရောင် အလင်းတန်းဖြင့် လှံက လုဝူဆီ တိုးဝင်လာသည်။

လုဝူက သူ့ကို နည်းနည်းလေးမျှ မကြည့်ပေ။ သူက ဧရာမ လက်ဝါးကြီး ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

ဘန်း

တွမ့်မူရှန်းက ထပ်မံလွင့်စဉ်သွား၏။

လုဝူက ကောင်းကင်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။

“ဆရာသခင် အသစ်လား”

မျှခြေတိမ်းစောင်းမှု ဖြစ်သည့်အချိန်တိုင်း ခက်ထန်သားရဲများက အရေအတွက် အမြောက်အမြား ပြောင်းရွေ့လေ့ရှိသည်။ သူတို့က မျှခြေ တည်ငြိမ်သွားသည့်အချိန်မှသာ ပြန်လည်ရောက်ရှိလာကြ၏။ မည်သူကမှ အကြောင်းအရင်းကို မသိကြသလို မည်သူကမှလည်း ဆက်လက်မစုံစမ်းကြပေ။

“လုဝူ ဒါကိုယူလိုက်” တွမ့်မူရှန်းက ဆက်လက် တိုက်ခိုက်နေသည်။

လုဝူက သူ့ကို လျစ်လျူရှုထားပြီး အသက်ဓာတ် နှလုံးသားတစ်ခုကို ထုတ်ကာ ပေးလိုက်သည်။

“ဒါကို သုံးလိုက်”

“ဟမ်” တွမ့်မူရှန်းက ခေါင်းကို ကုတ်ကာ ကြည့်လိုက်သည်။ ထိုအသက်ဓာတ် နှလုံးသားက သွေးဖြင့် စွန်းနေဆဲဖြစ်ကာ သူက မေးလိုက်၏။

“ငါ့ခန္ဓာကိုယ်ထဲ စွမ်းအားတွေ မပေါင်းစည်းခင်အထိ အသက်ဓာတ်နှလုံးသားတွေကို စုပ်ယူသင့်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား”

“မင်း မြန်ဖို့ လိုတယ်”

“ကျင့်ကြံရေးလမ်းစဥ်မှာ အလျင်မလိုသင့်ဘူး။ ရှစ်စွင်းက ပြောတယ်။ အရာအားလုံးက တစ်ဆင့်ချင်းစီ လုပ်ရမှာတဲ့” တွမ့်မူရှန်းက ပြောလိုက်သည်။

လုဝူက ထွက်ပေါ်လာသည့် မြူခိုးများကို ကြည့်ကာ ဆက်ပြောလိုက်သည်။

“မြန်လေ ပိုကောင်းလေပဲ”

ထို့နောက် ထိုအရာက ခေါင်းကို ငုံ့ပြီး အသက်ဓာတ်နှလုံးသားကို တွမ့်မူရှန်းဆီ တွန်းပို့လိုက်သည်။

တွမ့်မူရှန်းက အသက်ဓာတ်နှလုံးသားကို ယူကာ ကောင်းကင်ကို မော့ကြည့်ပြီး မေးလိုက်သည်။

“လုဝူ … မျှခြေဆိုတာက ဘာလဲ”

လုဝူက ခေါင်းယမ်းကာ မသိကြောင်း ပြသလိုက်သည်။

တွမ့်မူရှန်းက ဆက်မေးလိုက်၏။

“အဲဒါဆိုရင် ဆရာသခင်တွမ့်မူက ဘယ်လောက်အားကောင်းလဲ”

လုဝူက ခေါင်းမော့ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“မင်းရဲ့ ရှစ်စွင်းထက် ပိုပြီးအားကောင်းတယ်”

တွမ့်မူရှန်းက ချက်ချင်းပြောလိုက်၏။

“မဖြစ်နိုင်ဘူး”

“ဟမ်”

“ငါ့ရှစ်စွင်းက တစ်ခါမှ မရှုံးနိမ့်ဖူးဘူး။ မင်းက ငါ့ရှစ်စွင်းအကြောင်း နည်းနည်းပဲ သိတယ်” တွမ့်မူရှန်းက ပြောလိုက်သည်။

လုဝူက ဘာမှပြန်မပြောပေ။ သူက သူနှင့် ငြင်းခုံဖို့ စိတ်ထဲထားဟန်ပင် မပေါ်ပေ။ သို့သော်လည်း သူက စိတ်ထဲ၌ ကျေနပ်လိုက်မိ၏။

ငါ သူနဲ့တွေ့တုန်းက မင်းက မင်းအမေရဲ့ ဗိုက်ထဲတောင် မရောက်သေးဘူး …

ခဏအကြာတွင် လုဝူက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“သခင်လေး ဆရာသခင်တွမ့်မူက မင်းရဲ့ ဘိုးဘေးလေ”

“အဲဒါဆိုတော့ ဘာဖြစ်လဲ”

“…”

ကောင်းပြီ။ မင်း နိုင်တယ်။

လုဝူက လေထဲ ခုန်ကာ မျက်စိတစ်မှိတ်အတွင်း အကွာအဝေးတစ်ခုကို သွားလာလိုက်သည်။ မြင်ကွင်းမှ ပျောက်ကွယ်မသွားခင် သူက ပြောလိုက်၏။

“မင်းရဲ့ ချီရှစ်ရှိုးက မင်းဆီမှာ အသက်ဓာတ်နှလုံးသား အများကြီးလိုတယ်တဲ့။ အဲဒီကိစ္စကို ငါ့ဆီ အပ်ထားလိုက်”

...

အခန်း (၁၁၉၇) သူတို့အားလုံးအမှိုက်တွေ

အနီရောင်ကြာနယ်မြေထဲရှိ တာ့ထန်၏ မြို့တော်တွင်ဖြစ်သည်။

လုကျိုး၏အမိန့်ဖြင့် မုန့်ချန်းသုံက ညီနောင်ငါးဖော်ကို တာ့ထန်၏လက်ရှိဧကရာဇ်လီယွင်ကျန်းနှင့် တွေ့ရန် ခေါ်သွားပေးသည်။ သူကလည်း တာ့ထန်၏အခြေခံစည်းမျဉ်းတချို့နှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ အခြေအနေအကြောင်းရှင်းပြခဲ့သည်။

ညီနောင်ငါးဖော်က သိုသိုသိပ်သိပ်နေပြီး နားထောင်နေစဉ် ခေါင်းသာညိတ်ပြလိုက်၏။

မုန့်ချန်းသုံက သူတို့အား လီယွင်ကျန်းက တည်တံ့ရေးခန်းဆောင်ပေးခဲ့ပြီး တည်တံ့ရေးခန်းဆောင်နားရှိ အရံခန်းမများနှင့် နန်းတော်ရှိအနောက်ဖက်ဥယျာဉ်က မိစ္ဆာဝေဟင်မျှော်နန်းအတွက် အသုံးပြုရန်ပေးထားကြောင်း သူတို့ကို ပြောပြခဲ့၏။ မိစ္ဆာဝေဟင်မျှော်နန်းမှလူများသည် အလေမလိုက်ကြပေ။ နန်းတော်မြို့ရိုးသို့ ဂိုဏ်းသားများက နေ့စဉ်နေ့တိုင်း ကင်းလှည့်ကြ၏။ မုန့်ချန်းသုံက ပြောလိုက်သည်။

“မြို့ရိုးနားမှာ ကျင့်ကြံခြင်းအကြောင်းဆွေးနွေးနေကြတဲ့ အကြီးအကဲလေးယောက်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲလေးယောက်ပဲ။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို အရင်ဆုံး ဝင်ခဲ့တဲ့သူတွေ”

ညီနောင်ငါးဖော်သည် အကြီးအကဲလေးဦးကို တစ်ပြိုင်နက်တည်း ကြည့်လိုက်လေ၏။ သူတို့၏ စုန်းအတတ်ကျင့်ကြံမှုက အတော်လေးမြင့်နေသောကြောင့် အရှိန်အဝါများကိုကောင်းစွာ သိရန် သူတို့၌ ကိုယ်ပိုင်နည်းလမ်းများရှိသည်။

“ပွင့်ချပ်၁၀လွှာလား”

မုန့်ချန်းသုံက ခေါင်းခါပြီး ပြောလိုက်သည်။

“အကြီးအကဲလေးယောက်ကို အထင်မသေးနဲ့။ သူတို့က ရှားပါးတဲ့ကျင့်ကြံရေးပါရမီရှင်တွေ။ ဘုံတစ်ထောင်လေပွေအဆင့်ကို ဝင်ရောက်ဖို့ခဏပဲလိုတော့မှာ”

ပါရမီက မိမိအားပိုမြင့်မားသည့်အကန့်အသတ်သို့ ခေါ်ဆောင်ပေးသွားစဉ် ဇွဲလုံ့လဝီရိယက မိမိကို အကန့်အသတ်အထိသာ ခေါ်ဆောင်ပေးနိုင်သည်။ လူအများစုက ကြိုးစားအားထုတ်သော်ငြား ပါရမီမရှိကြ။

မုန့်ချန်းသုံသည် တော်ဝင်နန်းတော်နားတဝိုက် ညီနောင်ငါးဖော်အား ခေါ်ဆောင်သွား၏။ မကြာမီ၌ သူတို့သည် နောက်ထပ် ခန်းမတစ်ခုဆီရောက်သွား၏။

သူက ပြောလိုက်သည်။

“အဲ့ဒီက လူက မျှော်နန်းသခင်ရဲ့အဋ္ဌမတပည့် ကျူးဟုန်ကုန်း”

ညီနောင်ငါးဖော်က ကျူးဟုန်ကုန်းကို တပြိုင်နက်တည်းကြည့်လိုက်၏။

“မျှော်နန်းသခင်ရဲ့တပည့်က ထူးကဲသာလွန်တဲ့ကျင့်ကြံဆင့်ရှိမှာပဲ”

ဘီး

ထိုစကားများပြောပြီးသည်နှင့် လေထဲ၌ တမူထူးကဲသောအသံစွမ်းအင်က ပေါ်ထွက်လာတော့သည်။

ကျူးဟုန်ကုန်းက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

“ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန် ... ဒါက အမှိုက် မဟုတ်ဘူးလား”

မုန့်ချန်းသုံက ပြုံးလိုက်၏။

“အားလုံးပဲ ဒီဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို လျှော့မတွက်သင့်ဘူး။ ဒါက သာမန် ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်မဟုတ်ဘူး”

စွင်းမူက ခေါင်းညိတ်ပြီးပြောလိုက်၏။

“အစောင့်အရှောက်မုန့် ရှင်းပြဖို့မလိုပါဘူး။ ကျုပ်တို့နားလည်ပါပြီ။ ဆက်သွားရအောင်”

ညီနောင်ငါးဖော်၏မျက်နှာထက်ရှိ တည်ငြိမ်သောအမူအရာကို မြင်သောအခါ မုန့်ချန်းသုံက ဆက်မရှင်းပြခဲ့ပေ။ သူတို့နားလည်တာ ကောင်းပေ၏။ ဆက်ရှင်းပြရန် မလိုအပ်တော့ပေ။

သူတို့နောက်ထပ်ခန်းမသို့ ရောက်သောအခါ မုန့်ချန်းသုံက ခေါင်မိုးပေါ်လှဲနေသည့် မင်ရှစ်ရင်ကို လက်ညှိုးထိုးပြလိုက်၏။ သူက အိပ်ပျော်နေပုံပေါ်သည်။ “ဒါက မင်ရှစ်ရင် ... မျှော်နန်းသခင်ရဲ့စတုတ္ထမြောက်တပည့်”

“ဒီလူက ပညာရှင်ဟုတ်လောက်တယ်မလား”

“ကျုပ်တို့လေးစားမှုပြသင့်တာပေါ့” စွင်းမူက ပြောပြီးနောက် သူ၏ညီနောင်များကို လက်ဝှေ့ယမ်းပြလိုက်၏။

သူတို့ငါးယောက်သားက ရှေ့တိုးကာ တညီတညွတ်တည်း ဦးညွှတ်လိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် စတုတ္ထသခင်လေး”

ထောက်

မင်ရှစ်ရင်က မြေပြင်ပေါ် ပြုတ်ကျသွားပြီးနောက် ထိတ်လန့်သွားသောအမူအရာဖြင့် ဘေးဘယ်ညာကို ကြည့်လိုက်သည်။

“ဘယ်သူလဲ ... ဘယ်သူလဲ”

“...”

ညီနောင်ငါးဖော်က မှင်တက်သွားတော့သည်။ ပညာရှင်တစ်ယောက်က ဒီလိုပုံစံနဲ့ ပြုတ်ကျနိုင်တယ်တဲ့လား။ ကျင့်ကြံသူများ၏ အလိုလိုသိစိတ်နှင့်တုန့်ပြန်မှုသည် သာမန်လူများထက် သာသည်။

မင်ရှစ်ရင်က မြေပြင်ပေါ်ရှိလူများကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။

“ငါ အိပ်နေတာ မနှောင့်ယှက်နဲ့”

ဝုတ် ဝုတ် ဝုတ်

ချုံးချီက ထိုစဉ် ပြေးထွက်လာပြီး မင်ရှစ်ရင်ကို ကျောပေါ်တင်ပြီးနောက် သူတို့ကို ဘယ်သူမှ မနှောင့်ယှက်နိုင်သည့်နေရာဆီ ပြေးသွားတော့သည်။

၎င်းကိုအသားကျနေပြီးသား မုန့်ချန်းသုံက ပြုံးလိုက်၏။

“စတုတ္ထသခင်လေးက အမြဲတမ်းအဲ့လိုပဲ။ ခင်ဗျား မကြာခင် အသားကျသွားလိမ့်မယ်။ စတုတ္ထသခင်လေးက မျှော်နန်းသခင် ဂုဏ်ယူရတဲ့တပည့်ဆိုတာ ကျုပ် သေချာပေါက် ပြောနိုင်တယ်”

စွင်းမူက နှုတ်ခမ်းတင်းတင်းစေ့ထားမိသည်။ ဒီလူကသာ မျှော်နန်းသခင်ရဲ့ဂုဏ်အယူရဆုံးတပည့်ဆိုရင် ကျန်တဲ့သူတွေက အမှိုက်ပဲဖြစ်ရမယ်။ အပြင်ပန်းတွင်မူ ညီနောင်ငါးဖော်က မျက်နှာသေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။

“ကျုပ် နားလည်ပြီ”

သူတို့အဖွဲ့က ရှေ့ဆက်လျှောက်သွား၏။ သူတို့အဖွဲ့ခြံဝန်းနားကပ်လာချိန်တွင် ရယ်မောသံများ၊ ဂီတသံများနားထဲ ဝင်လာတော့သည်။

မုန့်ချန်းသုံက ရပ်တန့်လျက် စတင်ရှင်းပြတော့၏။

“ဒီခြံဝန်းထဲမှာနေတဲ့လူတွေက မျှော်နန်းသခင်ရဲ့နဝမတပည့်နဲ့ ဆဋ္ဌမတပည့်ဖြစ်တဲ့ စီယွမ်အာနဲ့ ခရုလေးပဲ”

ညီနောင်ငါးဖော်က အမျိုးသမီးနှစ်ယောက်ကို မမြင်နိုင်သော်ငြား သံစဉ်ကို အကဲဖြတ်နိုင်၏။

စွင်းမူက ခေါင်းညိတ်လျက်ပြောလိုက်၏။ "ဒီတပည့်ရဲ့အုတ်မြစ်က မဆိုးဘူးပဲ။ ဒါပေမဲ့ ဂီတမှာ ပါရမီထူးတာက ထူးကဲတယ်။ ဒါပေမဲ့ မှီဖို့တော့ ဝေးကွာလွန်းနေတယ်”

“ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်လား”

“ဟုတ်ပါတယ်”

“ကောင်းပြီ ဒါဆိုလည်း ...”

မုန့်ချန်းသုံက ဆက်ပြောပြလိုက်၏။

“သူတို့ရဲ့ကျင့်ကြံဆင့်နဲ့ သူတို့ကို အကဲမဖြတ်လိုက်နဲ့။ သူတို့က ငယ်ငယ်လေးပဲရှိသေးတာ။ ကျုပ် တွေ့ဖူးသမျှထဲ ပါရမီအရှိဆုံး ကျင့်ကြံခြင်း ပါရမီရှင်တွေပဲ။ ပြီးတော့ သူတို့ကို ရန်မစတာအကောင်းဆုံးပဲ”

ငါးယောက်သားက မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်ပြန်၏။

မုန့်ချန်းသုံက သူတို့ကို အရှေ့ဖက်မြို့ရိုးဆီ ခေါ်သွားပြီးနောက် ခဏရပ်လိုက်သည်။

အားလုံးက မော့ကြည့်လိုက်ချိန် ဘယ်ဖက်ခြမ်း၌ ဓားရှည်တစ်လက်ကိုကိုင်ထားသည့် ဝတ်ရုံစိမ်းနှင့်ဓားသမားတစ်ယောက်ကိုတွေ့ရလာ ညာဖက်ခြမ်းတွင် လက်နောက်ပစ်ထားလျက် မတ်တတ်ရပ်ကာ အနားယူနေသည့် ဓားမော့အသုံးပြုသူကို တွေ့လိုက်ရ၏။

စွင်းမူက ရှင်းပြလိုက်၏။ “သူတို့မှာ ပညာရှင်အငွေ့အသက် ရှိတယ်”

ကျန်သည့်ညီနောင်လေးဖော်ကလည်း ဝင်ပြောလိုက်၏။

“သူတို့မှာ ပညာရှင်တစ်ပါးရဲ့အငွေ့အသက်ရှိတယ်”

မုန့်ချန်းသုံက ပြုံးပြီးပြောလိုက်တော့သည်။

“ခင်ဗျားတို့အားလုံး တကယ်မြင်တတ်တာပဲ။ ဒီလူနှစ်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမနဲ့ဒုတိယတပည့်လေ။ မျှော်နန်းသခင်ရဲ့ပထမတပည့်က ယွီကျန့်ဟိုင် ... သူက ညာဖက်ခြမ်းမှာ ရပ်နေတဲ့သူပေါ့။ သူ့ရဲ့ဓားမောက ပြီးပြည့်စုံတဲ့အထွတ်အထိပ်ကိုရောက်နေပြီ။ သူ့ရဲ့ကျင့်စဉ်က မဟာအမှောင်ကောင်းကင်အောက်မေ့ရာက ပြိုင်ဖက်ကင်းတယ်။ ကျုပ် သိသလောက်တော့ သူ တစ်ခါမှ မရှုံးဖူးဘူး” မုန့်ချန်းသုံက ခဏနားပြီးနောက် ဆက်ပြောလိုက်သည်။

“ဘယ်ဖက်ခြမ်းမှာရပ်နေတဲ့သူက ယွီရှန်းရုန် ... မျှော်နန်းသခင်ရဲ့ဒုတိယတပည့်။ သူ့ရဲ့ဓားစွမ်းရည်က ပြီးပြည့်စုံမှုကို ရောက်နေပြီ။ သူက ဓားလမ်းစဉ်ရဲ့ကောင်းကင်ဘုံရဲ့ သားတော်ဓားကို နားလည်သဘောပေါက်ပြီးတာ ကြာပြီ။ သူလည်း တစ်ခါမှ မရှုံးဖူးဘူး”

“ခင်ဗျား ကြွားလွန်းမနေဘူးလား” စွင်းမူက မမေးဘဲ မနေနိုင်လွန်းပေ။ “ဒါဆို သူတို့နှစ်ယောက် တိုက်ခိုက်ရင်ကော”

“မေးခွန်းကောင်းပဲ” မုန့်ချန်းသုံက စွင်းမူကို လက်မထောင်ပြလိုက်၏။

“ပထမနဲ့ ဒုတိယသခင်လေးက လက်ရည်ယှဉ်ရတာ သဘောကျတယ်။ အခုချိန်အထိ သူတို့ကြားထဲ အနိုင်ရသူကို မဆုံးဖြတ်နိုင်သေးဘူး”

“...”

ညီနောင်ငါးဖော်က အလိုလို ခေါင်းခါမိသွား၏။ ၎င်းက အတုအယောင်ဆန်လွန်းသည်ဟု သူတို့ တွေးမိသွားသည်။ အနိုင်ရသူကို သူတို့မည်ကဲ့သို့မဆုံးဖြတ်နိုင်ဘဲ နေမည်နည်း။

ခဏအကြာ၌ စွင်းမူက မေးလိုက်၏။ “အစောင့်အရှောက်မုန့် သူတို့ရဲ့ကျင့်ကြံဆင့်ကကော”

“ပထမသခင်လေးက ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်ပြီးပြီ။ မွေးဖွားဇယားချပ် အရေအတွက်ကတော့ သေချာမသိဘူး။ အဋ္ဌမသခင်လေးလိုပဲ။ ဒုတိယသခင်လေးက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က အလွန်အစွမ်းထက်တယ်”

ယင်းသည် တပည့်များ၏ပုဂ္ဂိုလ်ရေးဖြစ်နေသောကြောင့် မုန့်ချန်းသုံသည် အသေးစိတ်မရှင်းပြခဲ့ပေ။ ထို့ကြောင့် သူ၏စကားများကို ထိန်းကွပ်ထား၏။

သို့သော်ငြား ညီနောင်ငါးယောက်သည် ဒုက္ခမိုင်တစ်ရာရှုကွင်းဟူသည့်စကားလုံးကို ကြားသည့်အခါ ဆွံ့အသွားသည်။

ဘယ်အချိန်ကစပြီး ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က ကြွားလုံးထုတ်ဖို့ ထိုက်တန်သွားတာလဲ။ ဒါ့အပြင် အခုအချိန်ထိ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ယောက်ပဲ ရှိသေးတာ။

ယခုအချိန်တွင် သူတို့ငါးယောက်က အလိမ်ခံရသလို ခံစားလိုက်ရသည်။ သို့သော် ဤကိစ္စကို စဉ်းစားပြီးနောက် တပည့်များက မသန်မာလျှင်လည်း ကိစ္စမရှိဟု တွေးမိကြသည်။ သူတို့က တပည့်များကို အားကိုးချင်တာမဟုတ်ပေ။ သူတို့အားကိုးချင်သည့်သူက မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ပဲ ဖြစ်သည်။

“ပဉ္စမသခင်မလေးနဲ့ ဆဋ္ဌမသခင်မလေးက မိစ္ဆာဝေဟင်မျှော်နန်းမှာနေကြတာ။ တာ့ထန်မှာမဟုတ်ဘူး။ တတိယသခင်လေးနဲ့ လုဝူက အမည်မသိကုန်းမြေကိုသွားပြီ။ မကြာခင်ပြန်လာမှာမဟုတ်ဘူး”

မုန့်ချန်းသုံက ပြောလိုက်၏။

စွင်းမူက ထိတ်လန့်သွားတော့သည်။ “လုဝူလား”

မုန့်ချန်းသုံက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်။ လုဝူကို တတိယသခင်လေးက ယဉ်ပါးအောင် လုပ်ခဲ့တာ”

“...”

နောက်ဆုံးတော့ သန်မာတဲ့သူတွေ့ပြီ။ လုဝူကို ယဉ်ပါးအောင်လုပ်နိုင်တယ်ဆိုရင် တတိယတပည့်က ဆရာသခင်တစ်ပါးပဲ ဖြစ်ရမယ်။

ညီနောင်ငါးယောက်က ချက်ချင်းပင်ဖျတ်လတ်တက်ကြွသွားကာ အလိုလိုကျောမတ်မိသွား၏။

“ဒါဆို တတိယသခင်လေးက မိစ္ဆာဝေဟင်မျှော်နန်းမှာ အသန်မာဆုံးတပည့်လား” စွင်းမူက မေးလိုက်၏။

“မဟုတ်ဘူး” မုန့်ချန်းသုံက ခေါင်းခါပြီးပြောလိုက်၏။

“ခွန်အားအရာမှာ ပထမနဲ့ ဒုတိယသခင်လေးက အသန်မာဆုံးပဲ။ အားကိုးနိုင်တဲ့နေရာမှာတော့ စတုတ္ထသခင်လေးက အတော်ဆုံးပဲ။ ဒီဟာ ...”

“နေဦး ...”

ညီနောင်ငါးဖော်က ကျန်သည့်သူများကို စိတ်မဝင်စားပေ။ သူတို့က ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်၏။

“တတိယသခင်လေးက လုဝူကို ယဉ်ပါးအောင် ဘယ်လိုလုပ်လိုက်တာလဲ”

“မျှော်နန်းသခင် တစ်ချက်လှုပ်ရှားလိုက်တာ”

“…”

မုန့်ချန်းသုံသည် အမည်မသိကုန်းမြေထဲ၌ မည်သည့်အရာများဖြစ်ပွားနေကြောင်း မသိခဲ့ပေ။ သူက လုကျိုးသည် အမည်မသိကုန်းမြေသို့ သွားပြီး လုဝူကို ပြန်ခေါ်လာတာပဲသိ၏။

“ဟုတ်ပြီ” စွင်းမူက ခေါင်းညိတ်လိုက်တော့သည်။

မုန့်ချန်းသုံက ပြောလိုက်သည်။

“တပည့်၁၀ယောက်အပြင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လက်ဝဲတမန်တော်နဲ့ လက်ယာတမန်တော်ရှိတယ်။ သူတို့က အခု ကျန်းပေ့ပတ်လမ်းထဲမှာ တိုက်ပွဲနောက်ဆက်တွဲကို ဖြေရှင်းနေတယ်”

“တိုက်ပွဲနောက်ဆက်တွဲလား”

“အနက်ရောင်ဧကရာဇ်မူအာ့ထျဲက ကြမ်းတမ်းခက်ထန်သားရဲတွေနဲ့ပေါင်းပြီး တာ့ထန်ကိုပေါင်းပြီး တိုက်ခိုက်ခဲ့တယ်။ တာ့ထန်ရဲ့ ပတ်လမ်း၄ခုထဲက တိုင်းသူပြည်သားတွေက ထိခိုက်သွားတာ။ လက်ဝဲတမန်တော်ယန်နဲ့ လက်ယာတမန်တော်လုတို့က လူတွေကိုစိတ်ပူတာကြောင့် သူတို့ရဲ့ဘဝ တည်ဆောက်နိုင်ဖို့ ကူညီပေးနေတာ။ သူတို့နှစ်ယောက်လုံးက ကျုပ်လေးစားရတဲ့သူတွေပဲ။ သူတို့အဆင့်အတန်းနဲ့ဆို သူတို့ကိုယ်တိုင် ဒါတွေကိုလုပ်ဖို့မလိုဘူး”

ညီနောင်ငါးဖော်က တညီတညွတ်တည်းခေါင်းညိတ်လိုက်၏။ ၎င်းက တကယ် လေးစားစရာကောင်းသည့် ကိစ္စဖြစ်သည်။

ကျင့်ကြံသူများသည် သာမန်လူများကိစ္စ၌ ဝင်ပါလေ့မရှိပေ။ စစ်ဖြစ်ပွားလျှင်တောင် ကျင့်ကြံသူများကြားထဲသာ ဖြစ်ပွားလေ့ရှိ၏။ စည်းမျဉ်းစည်းကမ်းနှင့် ကန့်သတ်ချက်များရှိသည်။ ရာထူးမြင့်သည့်သူများကို ကန့်သတ်ချက်မထားလျှင် တစ်နေ့ကျ ရာထူးအမြင့်ရှိလူများက စိတ်မပျော်က လောကကြီးကို ဖျက်ဆီးလိုက်ပါက ကျန်သည့်သူများမည်သို့နေရမည်နည်း။

မုန့်ချန်းသုံက ဆက်ပြီးမိတ်ဆက်ပေးလိုက်၏။

“အစောင့်အရှောက်ရှန်နဲ့ အစောင့်အရှောက်လီက မိစ္ဆာဝေဟင်မျှော်နန်းမှာ ခင်ဗျားအချိန်ရှိမှ တစ်ချက်ခေါ်သွားပေးမယ်”

“ကျေးဇူးပါပဲ”

“ဟုတ်သား ... မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သင်္ကေတလမ်းကြောင်းကို တည်ဆောက်ပေးတဲ့သူက မိန်းကလေး ကျောင်းဟုန်ဖု။ အခု သူက ဧရာမသင်္ကေတလမ်းကြောင်းတည်ဆောက်ဖို့အတွက် ဆဋ္ဌမသခင်မလေးနဲ့ ဆွေးနွေးဖို့ မိစ္ဆာဝေဟင်မျှော်နန်း ရောက်နေတယ်”

ညီနောင်ငါးဖော်က ခေါင်းညိတ်လိုက်၏။

မုန့်ချန်းသုံက ခေါင်းညိတ်လိုက်၏။ “မျှော်နန်းသခင်က ပြောတယ်။ အခုကစပြီး ခင်ဗျားတို့ရဲ့တာဝန်ကို သတ္တမသခင်လေးက စီမံပေးလိမ့်မယ်။ ခင်ဗျားတို့ သူနဲ့အစောတုန်းက တွေ့ခဲ့ပါတယ်”

“သူလား”

“သူလား”

“သူ့ကို အထင်မသေးနဲ့။ သူက အရင်တုန်းက ပထမသခင်လေးကို ရွှေကြာနယ်မြေပေါင်းစည်းနိုင်အောင် ကူညီပေးခဲ့တယ်။ သူက လူတွေရဲ့စိတ်နှလုံးကို တိုက်ခိုက်တတ်တဲ့ကျွမ်းကျင်ဗျူဟာမှူးပဲ”

မုန့်ချန်းသုံက ပြောပြီး စီးဝူယာ့အပေါ်အမြင်ကို ထုတ်ပြလိုက်၏။

ညီနောင်ငါးဖော်သည် မုန့်ချန်းသုံစကားကြောင့် လှုပ်ရှားသွားသည်။

“သူ့ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်လဲ မေးလို့ရမလား”

မုန့်ချန်းသုံသည် သေချာမသိသောကြောင့် ခန့်မှန်းပြောလိုက်၏။ "ပွင့်ချပ်ကိုးလွှာ ဖြစ်လောက်တယ်”

“...”

ယခုအချိန်တွင် ညီနောင်ငါးဖော်၏ မျက်နှာထက်တွင် သဘာဝမကျသည့်အမူအရာက ပေါ်လာ၏။

ကိစ္စရပ်များစွာကို မိုးထိအောင်ချီးကျူးနိုင်သည်။ သို့သော် ၎င်းကို ပံ့ပိုးရန်ခွန်အားမရှိပါက အသုံးမဝင်ပေ။

စွင်းမူသည် အစောတုန်းက မင်ရှစ်ရင်၏စကားကို ရုတ်တရက်တွေးမိသွား၏။ ထို့ကြောင့် သူက မေးလိုက်သည်။

“နဝမဘုံကျောင်းရဲ့ဘုရားကျောင်းသခင်ရဲ့ ကျင့်ကြံဆင့်ကို သိလို့ရမလား”

“စစ်ခုံးပေချန်းလား”

“ဟုတ်တယ် သူ့နာမည်ပဲ”

“သူက ပွင့်ချပ်၁၀လွှာ။ ဒါပေမဲ့ သူက ဘုံတစ်ထောင်လေပွေအဆင့်ကို ဝင်လောက်ပြီထင်တယ်။ ပြောရရင် သူက ပွင့်ချပ်၁၀လွှာအဆင့်ကို ရောက်နေတာကြာပြီ။ အနီရောင်ကြာနယ်မြေထဲက ကြမ်းတမ်းခက်ထန်သားရဲတွေကို လက်ဝါးကြီးအုပ်ထားပြီးတော့ နဝမဘုံကျောင်းရဲ့လွှမ်းမိုးမှုနဲ့ဆို သူက အသက်ဓာတ်နှလုံးသားကို ရဖို့ ပြဿနာမရှိလောက်ဘူး” မုန့်ချန်းသုံက ရှင်းပြလိုက်သည်။

စွင်းမူသည် အဖြေကို သိချင်သလားမသေချာသော်ငြား ဆက်ပြောလိုက်၏။

“ဒါဆို တိမ်တိုက်တောင် ၁၂ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကကော”

“သူ့ရဲ့ကျင့်ကြံဆင့်ကလည်း စစ်ခုန်ပေချန်းလောက်ပဲ”

စွင်းမူက မလိုလားစွာပြောလိုက်၏။ “ဒါဆို ...”

ကောက်ချက်ချရရင် သူတို့အားလုံး အမှိုက်တွေလား။

မုန့်ချန်းသုံက သူတို့စိတ်ကို ဖတ်နိုင်ပုံပေါ်၏။ သူက ပြောလိုက်သည်။

“နောက်ဆုံးအနေနဲ့ ခင်ဗျားတို့အားလုံးကို အရေးကြီးတဲ့အကြံတစ်ခု ပေးလိုက်မယ်”

ရုတ်တရက် ပေါ်လာသည့် ရှားချန်းချိုးက ပြီးအောင်ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းကို သာမန်အမြင်နဲ့အကဲမဖြတ်နဲ့”

“ဘုရားကျောင်းသခင်ရှားလား”

All Chapters