← Chapters

အခန်း (၁၁၉၈-၁၂၀၀)

Vol. 80 Ch. 1198-1200

အခန်း (၁၁၉၈-၁၂၀၀)

Vol. 80 Ch. 1198-1200

အခန်း (၁၁၉၈) ပိုင်းခြားထားတဲ့ ကာလက အဆုံးသတ်သွားပြီး ဖရိုဖရဲ ရောက်ရှိလာလိမ့်မယ်

ညီအစ်ကို ၅ယောက်က စိတ်ရှုပ်ထွေးစွာ ကြည့်နေစဥ် ရှားချန်ချိုးက အပြုံးဖြင့် ရောက်ရှိလာသည်။

မုန့်ချန်းသုံက အလျင်အမြန် ရှင်းပြလိုက်၏။

“ဒါက မိုးမခတစ်ထောင်ဘုရားကျောင်းက ကျောင်းထိုင် ရှားချန်ချိုးလေ။ သူက မျှော်နန်းသခင်ရဲ့ မိတ်ဆွေပဲ”

“ပညာရှင် ၅ယောက်က မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်တယ်လို့ကြားလို့ လာနှုတ်ဆက်တာပါ” ရှားချန်ချိုးက ပြောလိုက်သည်။

မုန့်ချန်းသုံက ရှားချန်ချိုးကို ကြီးကျယ်သည့် ဂုဏ်ပုဒ်များဖြင့် မိတ်ဆက်ပေးထားသည့်အတွက် စွင်းမူက ရှားချန်ချိုး၏ အရှိန်အဝါကို ချက်ချင်းခံစားလိုက်သည်။

ပွင့်ချပ်ကိုးလွှာလား …

မည်သို့ပင်ဆိုစေကာမူ စွင်းမူနှင့် တခြားသူများက ရှားချန်ချိုးထံ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်ကြသည်။

ရှားချန်ချိုးက ပြုံးကာ ပြောလိုက်၏။

“အစောင့်အရှောက်မုန့်ရဲ့ စကားက တိမ်လွန်းတယ်။ အစောင့်အရှောက်မုန့် ကိုယ်စား ကျုပ် ရှင်းပြပေးမယ်”

“...”

စွင်းမူက လည်ချောင်းရှင်းကာ လက်ဝှေ့လိုက်ပြီး ပြောလိုက်သည်။

“ကျုပ် အားနာပါတယ်။ ကျုပ်တို့ ညီအစ်ကို ၅ယောက်က လုပ်စရာလေးရှိလို့ အရင်သွားနှင့်ပါအုံးမယ်”

“ကောင်းပြီလေ” ရှားချန်ချိုးက နှမြောတသဖြင့် ရေရွတ်လိုက်သည်။

“တကယ်လို့ အချိန်ရှိတယ်ဆိုရင် နောက်တစ်ခါကျမှ အကုန်အားလုံးကို ရှင်းပြပေးမယ်”

“ကျေးဇူးပါ”

စွင်းမူက မုန့်ချန်းသုံဆီ လှည့်ကာ ပြောလိုက်သည်။

“အစောင့်အရှောက်မုန့် ကျုပ်တို့ကို ကောင်းကင်သိုင်းပညာကျောင်းတော်ဆီ ခေါ်သွားပေးပါ”

“ကောင်းပါပြီ” မုန့်ချန်းသုံက ဖိတ်ကြားသည့်လက်ဟန် ပြုလုပ်ပြီးသည့်နောက်တွင် ထိုညီအစ်ကို ၅ယောက်အား ကောင်းကင်သိုင်းပညာကျောင်းတော်ဆီ ခေါ်ဆောင်သွားလိုက်သည်။

ရှားချန်ချိုးက ထွက်သွားသည့်အဖွဲ့ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။ သူက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။

“ငါ့စကားကို နားမထောင်ရင် မင်းတို့တွေ နောက်ပိုင်း သေချာပေါက် မျက်နှာပျက်ရလိမ့်မယ်”

ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်ပြီး ကျိန်ဆဲလိုက်သည်။

“ရာသီဥတုက ဘာလို့ဒီလောက်တောင် မူမမှန်ဖြစ်နေရတာလဲ”

…

တစ်လကြာမြင့်ပြီးသည့်နောက်

ဆိုးဝါးသည့် ရာသီဥတုက တစ်လတာကြာမြင့်ခဲ့သည်။

ကောင်းကင်သိုင်းပညာကျောင်းတော်

စီးဝူယာ့က သူဆွဲထားသည့် မြေပုံကို ကြည့်လိုက် ရှေးဟောင်း ဆိတ်သားရေမြေပုံကို ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။

“ကျန်းတုံပတ်လမ်းက ပင်လယ်ရေ တက်လာပြီးတော့ ဆယ်မိုင်အကွာက ရွာတစ်ရွာ မြှုပ်သွားတယ်လို့ သတင်းပို့လာပါတယ်။ ဒါပေမဲ့ ရွာသားတွေကို နေရာပြောင်းရွေ့ပြီးသွားပြီဆိုတော့ စိုးရိမ်စရာတော့ မလိုပါဘူး”

“ကျုပ်တို့တွေ ကျန်းနန်ပတ်လမ်းဆီ လူတွေကို လွှတ်ပြီး စုံစမ်းခိုင်းထားတာ။ အဲဒီမှာ နေထိုင်သူ မရှိဘူး။ ဒါပေမဲ့ အဲဒီမှာလည်း ရေကြီးမှုရှိနေတယ်”

စီးဝူယာ့က မျက်မှောင်ကြုတ်ကာ “မိစ္ဆာဝေဟင်မျှော်နန်းက သတင်းရောက်လာပြီလား”

“တာ့ယန်က အခြေအနေက အဆင်ပြေပါတယ်။ ရေကြီးမှုတော့ မရှိဘူး။ ဒါပေမဲ့ အနက်ရောင်ရေနက်ဆန်းကြယ်ဂူက ပင်လယ်ရေအတက်အကျ ရှိတဲ့ပုံပဲ”

စီးဝူယာ့က ရှေ့နောက်လျှောက်ရင်း အတွေးနက်နေသည်။

ထိုစဥ် စွင်းမူက သူ့ညီအစ်ကို ၄ယောက်ကို ခေါ်ကာ နှုတ်ဆက်လိုက်သည်။

“မျှခြေက ပျက်စီးသွားပြီ”

စီးဝူယာ့က ပြုံးကာ ပြောလိုက်၏။

“ခင်ဗျားက ဘယ်လိုလုပ်သိလဲ”

စွင်းမူက ပြောလိုက်သည်။

“ကျုပ် သိတာပေါ့။ အစိမ်းရောင်ကြာနယ်မြေမှာ သမိုင်းကြောင်းမှတ်တမ်းတွေ ရှိတယ်။ ဟိုးတုန်းက ဒီလိုကိစ္စမျိုး ဖြစ်ခဲ့ဖူးတယ်။ မျှခြေမညီမျှမှုကြောင့် နယ်မြေတွေက ဖရိုဖရဲဖြစ်ရတယ်။ တောင်တွေက လျိုမြောင်ဖြစ်သွားပြီးတော့ ကျုံးတွေက တောင်ထိပ် ဖြစ်လာတယ်။ နေလအပါအဝင် အရာအားလုံးက ပြောင်းပြန် ဖြစ်သွားကြတာပဲ”

ကျန်းကျင့်က ထပ်ပြောလိုက်သည်။

“မျှခြေမညီတာက လွန်ခဲ့တဲ့နှစ် ၃သောင်းခန့်က ဖြစ်ခဲ့တာ။ သတ္တမသခင်လေး မျှခြေမညီမှုက ဘာကိုကိုယ်စားပြုလဲ သိလား”

“ပြောပြပါအုံး” စီးဝူယာ့က နှိမ့်ချစွာ ပြောလိုက်သည်။

“ပထမဦးဆုံး မျှခြေကို ထိန်းသိမ်းဖို့ ခက်ထန်သားရဲတွေက အရေအတွက် အမြောက်အမြား ပြောင်းရွေ့ကြလိမ့်မယ်။ ဒုတိယအနေနဲ့ ပိုင်းခြားခံထားရတဲ့ ခေတ်ကာလက အဆုံးသတ်သွားပြီးတော့ နယ်မြေကိုးခုက စွမ်းအားကြီး ပုဂ္ဂိုလ်တွေက အကျိုးအမြတ်အတွက် တိုက်ခိုက်ကြလိမ့်မယ်” ကျန်းကျင့်က ပြောလိုက်သည်။

စီးဝူယာ့က အတွေးနက်နေမိ၏။

စွင်းမူက ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒါက ကိစ္စဆိုးတော့ မဟုတ်ပါဘူး။ အခက်အခဲကြားမှာ သူရဲကောင်းတွေ ထွက်ပေါ်လာတယ်ဆိုတဲ့ စကားပုံရှိတယ် မဟုတ်ဘူးလား။ ကျုပ်တို့တွေက ဒီအခွင့်အရေးကို ယူပြီးတော့ အမည်မသိကုန်းမြေထဲ ဝင်ပြီး ရတနာတွေကို ရှာနိုင်တယ်။ ကျုပ်တို့တွေက ခက်ထန်သားရဲတွေ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေတုန်း အခွင့်ရေးကိုလည်း ရယူနိုင်တယ်။ တကယ်လို့ ကျုပ်တို့သာ ကံကောင်းမယ်ဆိုရင် တခြားသားရဲဘုရင်ရဲ့ အသက်ဓာတ်နှလုံးသားကိုတောင် ရနိုင်တယ်”

ကောင်းကင်သိုင်းပညာကျောင်းတော်ထဲ တစ်လနေပြီးသည့်နောက်တွင် ညီအစ်ကို ၅ယောက်က ပျင်းရိလာပြီ ဖြစ်၏။ သူတို့က အန္တရာယ်များလှသည့် အမည်မသိကုန်းမြေတွင် နေထိုင်ခဲ့သည်မှာ အသားကျနေပြီဖြစ်သည့်အတွက် သက်တောင့်သက်သာဖြစ်ခြင်းကို နေသားမကျပေ။ အရေးကြီးဆုံးအရာက သူတို့၏ လက်တလော ကိစ္စရပ်များကြောင့် သူတို့သည် ကျင့်ကြံဆင့်များစွာ တိုးတက်မှုမရှိပေ။

ကျင့်ကြံရေးလောက၌ ကြီးနိုင်ငယ်ညှင်းစနစ် ရှိ၏။ အားကောင်းဖို့ရာက ပို၍ အရေးကြီးပေသည်။

ထို့နောက် သူတို့က ကြိုတင်လေ့ကျင့်ထားသလိုမျိုး ညီအစ်ကို ၅ဦးက ပြိုင်တူပြောလိုက်ကြသည်။

“မိစ္ဆာဝေဟင်မျှော်နန်းက ကျုပ်တို့ကို ဦးဆောင်ပြီး အမည်မသိကုန်းမြေဆီ သွားဖို့ တောင်းဆိုချင်တယ်”

စီးဝူယာ့က ခေါင်းယမ်းလိုက်သည်။

“အဲဒီအကြောင်းကို နောက်မှပြောတာပေါ့”

“ဘာလို့လဲ”

“ဘာလို့လဲ”

“ဘာလို့လဲ”

“ဘာလို့လဲ”

“ဘာလို့လဲ”

“ခင်ဗျားတို့ ပြောတဲ့အတိုင်း မျှခြေမညီမျှမှုကြောင့် ဖရိုဖရဲ ဖြစ်လာတော့မှာ။ ကျုပ်တို့တွေက အမည်မသိကုန်းမြေက ရတနာတွေကို ရနိုင်ပေမဲ့ စွန့်စားမှုကြီးတယ်။ ကျုပ်က ယုံကြည်ချက် မရှိသရွေ့ အဲဒီလိုကိစ္စတွေ လုပ်ရတာကို သဘောမကျဘူး” စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။

“...”

“ပြီးတော့ နောက်ထပ် အသိပေးချက် မရခင် ကောင်းကင်သိုင်းပညာကျောင်းတော်မှာပဲ နေပါ။ ခွင့်ပြုချက်မရဘဲ ထွက်မသွားကြပါနဲ့” စီးဝူယာ့က ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

ညီအစ်ကို ၅ဦးက ခေါင်းညိတ်လိုက်ကြသည်။

သူတို့ ထွက်ခွာသွားပြီးသည့်နောက်တွင် သူတို့က ကောင်းကင်သိုင်းပညာကျောင်းတော်ရှိ စက်ဝိုင်းပြတ် ရေကန်ဆီ ဦးတည်လိုက်ကြသည်။ သူတို့က ရေကန်ဆီ ရောက်သည့်အခါ ပြိုင်တူ သက်ပြင်းချလိုက်ကြ၏။

“ထင်ထားတဲ့အတိုင်း သူက အမည်မသိကုန်းမြေကို မသွားရဲဘူး”

“သူတို့ရဲ့ ကျင့်ကြံဆင့်တွေအားလုံးက အားနည်းနေတာ။ မသွားရဲတာ မထူးဆန်းတော့ဘူး”

“မျှော်နန်းသခင်က ငါတို့ကို ကိုယ်ရံတော်အဖြစ် အသုံးချနေတာပဲ”

“စျေးပေါပေါ ကိုယ်ရံတော်တွေလေ” ကျန်ရှိနေသည့် ညီအစ်ကို ၂ယောက်က ထပ်ပြောလိုက်ကြသည်။

စွင်းမူက ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။

“ငါတို့သာ ဒီမှာ ဆက်နေနေရင် တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်လာတော့မယ်လို့ ခံစားမိနေတယ်”

“ဟုတ်တယ်”

“ဟုတ်တယ်”

“ဟုတ်တယ်”

“ဟုတ်တယ်”

ရုတ်ခြည်းဆိုသလို ကျန်းကျင့်က ကောင်းကင်ကို လက်ညှိုးထိုးကာ ရေရွတ်လိုက်၏။

“အစိမ်းရောင်ကြာနယ်မြေရဲ့ သင်္ကေတလမ်းကြောင်းပဲ”

မှောင်မဲနေသည့် တိမ်တိုက်များအောက်တွင် အစိမ်းရောင် အလင်းတန်းက တောင်တန်းအထက် တောက်ပလာခဲ့သည်။ ထိုအရာက မျှခြေမညီမျှမှုကြောင့် အစိမ်းရောင်ကြာကျင့်ကြံသူများက စတင်လှုပ်ရှားလာကြဟန် ပေါ်သည်။

ဖရိုဖရဲက တရားဝင်ရောက်ရှိလာပြီ ဖြစ်၏။

…

အစိမ်းရောင်ကြာနယ်မြေ

တောင်အနောက်ဘက်ရှိ လေ့ကျင့်ရေးခန်းမနား

ပေ ၈၅၀မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုက ကောင်းကင်အထက် ရုတ်ခြည်းပေါ်ထွက်လာကာ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

ပညာရှင်နှင့်တူသည့် အမျိုးသားတစ်ဦးက ပြုံးကာ ပြောလိုက်၏။

“သခင်လေးကို ဂုဏ်ပြုပါတယ်။ သခင်လေးက ၉ခုမြောက် မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် ပြန်လည်ကောင်းခဲ့ရုံတင် မကဘဲနဲ့ ဆယ်ခုမြောက် မွေးဖွားဇယားချပ်ကိုလည်း အသက်သွင်းနိုင်ခဲ့တယ်”

ချင်မော့ရှန်းက စိတ်အခြေအနေကောင်းနေသည်။

“မျှခြေမညီမှုက လွန်ခဲ့တဲ့တစ်လကတည်းက စတယ်ဆို”

“ဟုတ်ပါတယ်”

“ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီပေးနေတာပဲ။ အဲဒီလိုဆိုရင် ငါက အဲဒီမျှခြေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂရုစိုက်စရာမလိုဘဲ သွားလာနိုင်ပြီပေါ့” ချင်မော့ရှန်းက မေးလိုက်သည်။

“သခင်လေး … သခင်လေးက ဆယ်ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းထားတယ်ဆိုပေမဲ့ ဆရာသခင်ဖြစ်ဖို့ အလှမ်းဝေးနေပါသေးတယ်။ ကျုပ်တို့တွေ ဒီမှာနေပြီး ဆရာသခင်ချင်ရဲ့ သင်ကြားပြသမှုတွေကို စောင့်ဆိုင်းတာ ကောင်းလိမ့်မယ်” ကွန်ဖြူးရှပ် ပညာသင်သားက ပြောလိုက်သည်။

ဘန်း

ချင်မော့ရှန်းက စားပွဲကို လက်သီးဖြင့် ထိုးချလိုက်ပြီး ပြောလိုက်သည်။

“ငါ့အဖေကတောင် ဒီလောက်မတင်းကြပ်ဘူး။ မင်းက ငါ့ကို လက်စားချေဖို့ တားဆီးနေတာပဲ။ ငါသာ လက်စားမချေရရင် ငါ့ရဲ့ နှလုံးသားထဲမှာ အစိုင်အခဲဖြစ်လာပြီးတော့ ငါ့ရဲ့ အနာဂတ် ကျင့်ကြံရေးအပေါ်မှာ သက်ရောက်မှု ရှိလာလိမ့်မယ်”

“မျှခြေမညီမျှမှုက သွားလာဖို့ အခွင့်ရေးပေးထားတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သခင်လေးက မွေးဖွားဇယားချပ်ဆယ်ခုပဲ ရှိပါသေးတယ်” ကွန်ဖြူးရှပ် ပညာသင်သားက ပြောလိုက်သည်။

“ကိစ္စမရှိဘူး” ငါ့ကို ကူညီပေးမဲ့ တစ္ဆေအစေခံတွေ ရှိတယ်။ ငါက လက်စားချေချင်ရုံပဲ။ ငါလိုချင်တာ ရပြီးသွားရင် ချက်ချင်းပြန်လာမှာ။ ပြဿနာမရှာဘူး။ ဒီကိစ္စကို လျှို့ဝှက်ထားရမယ်။ နားလည်လား”

“သခင်လေး … ”

“တော်ပြီ” ချင်မော့ရှန်းက အသံမြှင့်ကာ ပြောလိုက်သည်။

“ဆရာသခင်ချင်က ငါ့ကို သင်ပေးဖို့ မင်းဆီ တာဝန်ပေးထားတာ။ ဒါပေမဲ့ မင်းက ငါ့ကို ထိန်းချုပ်နိုင်တယ်လို့တော့ မပြောဘူးမလား။ တကယ်လို့ တစ်ခုခု လွဲမှားနေရင် ချက်ချင်းလက်လျှော့ပြီး ပြန်လာခဲ့မယ်။ အဲဒီလိုဆို အဆင်ပြေမှာပါ။ ဟုတ်တယ်မလား”

နောက်ဆုံးတွင် ကွန်ဖြူးရှပ် ပညာသင်သားက ချင်မော့ရှန်း၏ အလိုကို လိုက်ရောရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။

“ဒီလိုဆိုရင် ဘေးကင်အောင် ကျုပ်အဖော်ပြုပေးပါ့မယ်”

ချင်မော့ရှန်းက ပျော်ရွှင်သွားမိသည်။ သူက ကွန်ဖြူးရှပ် ပညာသင်သားဆီ သွားကာ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

“တကယ်ကို မင်းက ညီအစ်ကိုကောင်းပဲ”

…

အဖြူရောင်နန်းဆောင်တစ်ခုအတွင်း

ပထမဦးဆုံးအကြိမ်အနေဖြင့် နေမင်းနှင့် လမင်းတို့နှင့် ဆင်တူသည့် အလင်းသတ္တုလုံး ၂ခုက နန်းဆောင်ကို လှည့်ပတ်မနေတော့ပေ။

ဆံပင်ရွှေရောင်ရှိသည့် အမျိုးသမီးတစ်ယောက်က ရုတ်ခြည်း ပျံသန်းလာ၏။ သူမက အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။ သူမ၏ ခန္ဓာကိုယ်က ပိန်ပါးပြီး လက်ချောင်းများကလည်း သွယ်လျနေ၏။ သူမက ထူးကဲသည့် အငွေ့အသက်မျိုး ပိုင်ဆိုင်ထားသည်။

သူမ ပေါ်ထွက်လာသည့်အခါ နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့က သူမဘေးသို့ ပျံသန်းရောက်ရှိလာသည်။

အမျိုးသမီး ကျင့်ကြံသူတစ်ဦးက အဝေးမှ အလျင်အမြန် ရောက်ရှိလာကာ ဦးညွှတ်ပြီး ပြောလိုက်သည်။

“သခင့်ကို စောင့်ဆိုင်းနေခိုင်းရလို့ တောင်းပန်ပါတယ်။ ကျွန်မ ဒီကိစ္စကို စုံစမ်းပြီးသွားပါပြီ။ ဆရာသခင်အသစ် ပေါ်ထွက်မလာပါဘူး။ အထွတ်အမြတ်ခန်းမဆောင်က မျှခြေမညီမှုဆိုတာက အဆုံးမဲ့ပင်လယ်ကို ဖြတ်သန်းသွားတဲ့ ရှေးဟောင်းခက်ထန် သားရဲတစ်ကောင်ကြောင့် ဖြစ်မယ်လို့ မှန်းဆထားပါတယ်”

“ရှောင်လန်”

“သခင် အမိန့်ရှိပါ”

“တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ငါ့ကိုယ်စား သွားလိုက်။ ဒါက အမိန့်အမှတ်အသားပြားပဲ။ တကယ်လို့ ဘာမှမဖြစ်ဘူးဆိုရင် ဆက်ပြီး စောင့်ကြည့်နေလိုက်” အမျိုးသမီးက ပြောပြီးသည့်နောက်တွင် လက်ကို ဝှေ့လိုက်သည်။

အမိန့်အမှတ်အသားပြားက ရှောင်လန်၏ လက်ထဲ ရောက်ရှိလာ၏။

“ဟုတ်ကဲ့ပါ” ရှောင်လန်က ပြောပြီးသည့်နောက်တွင် ထွက်ခွာသွား၏။

...

အခန်း (၁၁၉၉) မဟာတိုးတက်မှုများ

အမျိုးသမီးလက်ထောက် ထွက်သွားပြီးနောက် နန်းတော်၏တောင်ဖက်ထောင့်မှ ချပ်ဝတ်တန်ဆာများဖြင့် အဖိုးအိုတစ်ယောက်ပေါ်လာသည်။ သူက ခေါင်းခါပြီး သက်ပြင်းချလိုက်လေ၏။

လန်ရှီဟယ်က သူ့ကို တစ်ချက်သာ ကြည့်လိုက်သည်။ သူမမျက်လုံးက တောက်ပနေကာ တည်ငြိမ်စွာ ပြောလိုက်၏။

“စိတ်မပူနဲ့။ ကျွန်မ ဝင်မစွက်ဖက်ပါဘူး”

“နင် ဝင်စွက်ဖက်ပြီးနေပြီ” အဖိုးအိုက ပြောလိုက်၏။

“အထွတ်အမြတ်ခန်းမက သတင်းလွှင့်ပြီးသား။ ဒီတစ်ခေါက်မျှခြေကို သူတို့အာရုံစိုက်မှာ မဟုတ်ဘူး”

လန်ရှီဟယ်က မျက်ခုံးအနည်းငယ်ပင့်လိုက်မိ၏။ “ဒါဆို လူတွေကို ဒုက္ခခံစားခိုင်းမလို့လား”

အဖိုးအိုက ပြန်မပြောပေ။ သူက သူမကို တိတ်ဆိတ်စွာသာ ကြည့်နေ၏။ ခဏအကြာတွင် သူက ပြောလိုက်သည်။

“ဒီမျှခြေက အရင်တုန်းကနဲ့မတူဘူး။ နောက်ဆုံးတစ်ခေါက် မျှခြေဘယ်တုန်းကဖြစ်တာလဲ မှတ်မိလား”

“လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀၀ တုန်းကလား”

အဖိုးအိုက ခေါင်းခါလိုက်၏။

“မဟုတ်ဘူး ... တကယ့်မျှခြေ မညီမျှမှုက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀၀က မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းကပဲ”

သူက ခေါင်းမော့လျက် ကြည်လင်နေသောကောင်းကင်ကို မော့ကြည့်လိုက်လေ၏။ ပြာနေလေ၏။ မြင်ကွင်းထဲ၌ မီးခိုးရောင်တိမ်စိုင်တိမ်လိပ်မရှိပေ။ သူက ဆက်ပြောလိုက်သည်။

“အဲ့ဒီတုန်းက မဟာလေဟာနယ်ရဲ့ရပ်တည်ချက်က တူတူပဲ။ မျှခြေမညီမျှမှုနဲ့ပတ်သတ်ပြီး ဘာမှမလုပ်နိုင်ဘူး။ ဖရိုဖရဲတွေ ဖြစ်နေဦးမှာပဲ။ သက်ရှိသတ္တဝါတွေအားလုံး ဖရိုဖရဲဖြစ်ပြီးမှ ဟန်ချက်ညီမျှတဲ့အနေအထားက ရေရှည် ရောက်လာမှာ”

လန်ရှီဟယ်က ဘာမှမပြောခဲ့ပေ။ ဤသဘောတရားကို သူမ မည်ကဲ့သို့နားမလည်ဘဲ နေမည်နည်း။

မျှခြေမညီမျှမှုသည် အကြွင်းမဲ့ခွန်အားဖြင့် ယာယီဖိနှိပ်နိုင်သော်ငြား ပြဿနာက လုံးဝပျောက်သွားမှာ မဟုတ်ပေ။ သို့သော် ဖရိုဖရဲဖြစ်မှုများ ချုပ်ငြိမ်းသွားလျှင် သဘာဝက ဖြေရှင်းသွားမည်ဖြစ်ကာ ငြိမ်းချမ်းမှုက တဖြည်းဖြည်းချင်းပြန်ရောက်လာလိမ့်မည်။

သူမက အဖြူရောင်မျှော်စင်အဖွဲ့၏ မျှော်စင်သခင်ဖြစ်စဉ်က ဤအကြောင်းကို သဘောပေါက်ပြီးသား ဖြစ်၏။

လောကကြီး၏ အဓိကရေးရာများက အမြဲတစေပြောင်းလဲနေသည်။

အစိမ်းရောင်ကြာနယ်မြေတွင် ဖြစ်သည်။

ချင်မျိုးနွယ်၏ လေ့ကျင့်ရေးခန်းမထဲ၌ အကြီးအကဲနှစ်ဦးသည် ချင်မော့ရှန်းနှင့် တစ်မနက်လုံး လိုက်ပါပေးနေသည့် ကွန်ဖြူးရှပ် စာသင်သားကို ပို့ချနေ၏။

“သခင်လေးက ဒသမမြောက်မွေးဖွားဇယားချပ် အသက်သွင်းထားကာစပဲ။ သူ့ကို စောင့်ကြည့်နေရမယ်။ မျက်စိအောက်က အပျောက်မခံနဲ့”

“စိတ်မပူပါနဲ့ အကြီးအကဲတို့” ကွန်ဖြူးရှပ်စာသင်သားက ပြုံးလျက်ပြန်ပြောလိုက်သည်။

“ပြီးတော့ မင်းရဲ့သဘောထားကို အာရုံစိုက်။ လူတချို့က မင်း သခင်လေးကို မလေးမစား လုပ်ခဲ့တယ်လို့ ပြောနေတာ။ မင်းရဲ့ကျင့်ကြံမှုက မဆိုးပေမဲ့ မင်း ရာထူးဂုဏ်သိမ်အဆင့်ကို မှတ်ထားရမယ်”

စာသင်သားက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။

“နားလည်ပါပြီ”

“ဒါ ငါ မင်းကို သတိပေးတာ တတိယအကြိမ်ပဲ။ ဒီအတိုင်းဆက်သွားနေရင် ဆရာသခင်က မင်းကို တစ်ခုခုပြောတောမှာ ကျိန်းသေတယ်”

ကွန်ဖြူးရှပ်စာသင်သားက ဦးညွှတ်လျက်ပြောလိုက်သည်။

“အကြီးအကဲနှစ်ယောက်ရဲ့သွန်သင်မှုကို သေချာပေါက် မှတ်ထားပါ့မယ်”

“မင်း သွားနိုင်ပြီ”

“ဒါဆို သွားပါတော့မယ်” ကွန်ဖြူးရှပ်စာသင်သားက တလေးတစားထွက်ခွာသွား၏။

ကွန်ဖြူးရှပ်စာသင်သားထွက်သွားပြီး မကြာမီ၌ ချင်မော့ရှန်းသည် ထောင့်မှ ထွက်လာတော့သည်။ သူက လက်နောက်ပစ်ထားလျက် အပြင်ဖက်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“ကျေးဇူးပါ အကြီးအကဲတို့”

အကြီးအကဲတစ်ယောက်က သက်ပြင်းသဲ့သဲ့ချပြီးပြောလိုက်သည်။

“သူ့ရဲ့သဘောထားက မကောင်းပေမဲ့ သူက မင်းကောင်းဖို့အတွက်လုပ်တာ။ ငါ လုပ်ပေးနိုင်တာ ဒါအကုန်ပဲ။ အမှန်တရားက ဆရာသခင်ရဲ့နားထဲရောက်သွားမယ်ဆိုရင် မင်း အကျိုးယုတ်လိမ့်မယ်”

သူ၏ဘဏ္ဍာရပ်သွားတာကိုမြင်သောအခါ ချင်မော့ရှန်းသည် အကြီးအကဲများ၏စကားကို ရင်ထဲမထားတော့ပေ။ သူ မထွက်သွားခင် ပြုံးပြီးပြောလိုက်သည်။

“ကျေးဇူးပါ အကြီးအကဲတို့”

မျက်စိတစ်မှိတ်အတွင်း အချိန်က ကုန်ဆုံးသွားလေ၏။ ဆိုးရွားသည့်ရာသီဥတုက နှစ်လကြာမြင့်ခဲ့သည်။ ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းမှ ညီနောင်ငါးဖော်သည် မှောင်မဲနေသော တောအုပ်ထဲမှ ပေါ်လာ၏။

“ကျုပ်တို့တွေ အမည်မသိကုန်းမြေကို တကယ်သွားမှာလား”

“မျှခြေက မဟာအခွင့်အရေးပဲ။ မိစ္ဆာဝေဟင်မျှော်နန်းကို အားကိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ အလုံးစုံကျင့်ကြံဆင့်က အလွန်နိမ့်တယ်။ ဒီမှာဆက်နေမယ်ဆိုရင် အခွင့်အရေးဖြုန်းတီးရာရောက်မှာ”

“မျိုးနွယ်ရဲ့ လွတ်လပ်သူက ငါတို့ကို အကြောင်းပြန်ပြီးသား။ ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူတယ်။ ငါတို့ ညီနောင်တွေ အတူလက်တွဲရမယ်”

“အနည်းဆုံးတော့ မျှော်နန်းသခင်ကို တစ်ခုခု မပြောချင်ဘူးလား”

“...”

“မျှော်နန်းသခင်က တံခါးပိတ်ကျင့်ကြံနေတာ။ သူ ဒီမှာရှိနေရင် ငါ့ရဲ့လုပ်ရပ်ကို သေချာပေါက် သဘောတူမှာပဲ။ ငှက်မွေးတစ်ချောင်းကို မြှားအဖြစ်အသုံးပြုနေတဲ့ စီးဝူယာ့ကို သဘောမကျဘူး”

“ဒါဆို ငါတို့ပြန်လာဦးမှာလား”

ထိုစကားက သူတို့အားလုံးကို တိတ်ဆိတ်သွားစေသည်။

“တကယ်တော့ မျှော်နန်းသခင်က မဆိုးပါဘူး။ ကံဆိုးတာက ....”

“ငါတို့ ဒီအကြောင်းနောက်မှပြောရအောင်။ ငါတို့ မိစ္ဆာဝေဟင်မျှော်နန်းကို သစ္စာဖောက်နေတာ မဟုတ်ဘူး။ အမည်မသိကုန်းမြေကို သွားရုံပဲ။ ငါတို့ ရတနာတွေအများကြီးရလာရင် ငါတို့ကို မသတ်ဖို့အတွက် မျှော်နန်းသခင်ကို တချို့တလေပေးလို့ရတယ်”

“ဒါဆို သွားကြမယ်”

ညီနောင်ငါးဖော်က တပြိုင်နက်တည်းခေါင်းညိတ်လိုက်၏။

ဝေဟင်ထဲရှိ တိမ်စိုင်တိမ်မည်းများက မူမမှန်ပုံပေါ်၏။

ငါးယောက်သားက အနက်ရောင်သင်္ကေတလမ်းကြောင်းထဲ ဝင်သွား၏။ အလင်းရောင် လှစ်ခနဲပေါ်လာပြီး သူတို့အားလုံး ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းတွင် ကောင်းကင်သိုင်းကျောင်းတော်၌ ဖြစ်သည်။

စီးဝူယာ့က အတွေးနစ်နေစဉ် ဝမ်တာ့ချွေ့က အပြင်ကနေ ခုန်ဝင်လာ၏။ သူက လက်ထောက်ထားလျက် ပြောလိုက်၏။

“သတ္တမသခင်လေး ... ခင်ဗျားပြောတာ မှန်တယ်။ သူတို့ ဒီနေ့ ထွက်သွားကြပြီ။ ပြန်မလာဘူး”

စီးဝူယာ့က သူ့ရှေ့ရှိ ပစ္စည်းများကို ကြည့်ပြီးနောက် ပုံမှန်မဟုတ် တည်ငြိမ်နေသည်။

ဝမ်တာ့ချွေ့က မေးလိုက်သည်။

“မင်း ဘာလို့ဒေါသမထွက်တာလဲ”

စီးဝူယာ့က ပြုံးပြီးပြောလိုက်၏။

“ရှစ်စွင်းက သူတို့ထွက်သွားမယ်မှန်း သိနေလို့ ငါ့ကို အရိပ်အမြွက် ပေးပြီးသား။ လူတိုင်းမှာ စိတ်ကူးကိုယ်စီ ရှိကြတယ်။ ဒီတော့ သူတို့ကိုဖိအားပေးစရာမလိုဘူး”

ဝမ်တာ့ချွေ့က မေးကာ စိတ်ရှုပ်ထွေးသွား၏။

“သူက ဒီလိုဖြစ်မယ်မှန်း သိရင် သူတို့ကို ဘာကြောင့် ဝင်ခွင့်ပေးခဲ့တာလဲ”

စီးဝူယာ့က ပြုံးလိုက်သော်ငြား ဘာမှမပြောခဲ့ပေ။

လူတို့၏စိတ်နှလုံးက မှန်းဆရန် ခက်ခဲ၏။ ယခုအချိန်ထိတိုင် မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့သည် အတော်လေး စည်းလုံးညီညွတ်နေသည်။ သူ ကွန်ယက်အဖွဲ့၏ခေါင်းဆောင်ဖြစ်စဉ်က သူ၏လွှမ်းမိုးမှုသည် သူ့ရှစ်စွင်း၏ လွှမ်းမိုးမှုကို ယှဉ်နိုင်စွမ်းမရှိပေ။

ဝမ်တာ့ချွေ့က နှာခေါင်းရှုံ့လိုက်၏။

“သူတို့ရဲ့ကိန်းကြီးခန်းကြီး နိုင်ပုံကို သည်းမခံနိုင်ရုံပါပဲ။ အဲ့တာက ဘုံတစ်ထောင်လေပွေ အဆင့်လေးပဲမလား”

“ဒီကိစ္စကို ကျုပ်ရဲ့ရှစ်စွင်းဆီ ရှင်းပြလိုက်မယ်။ မင်း အလုပ်ပြန်သွားလုပ်လို့ရပြီ”

“ဟုတ်ပြီ” ဝမ်တာ့ချွေ့က ပြောလိုက်၏။

“ဪ ဟုတ်သား။ ကျောင်းဟုန်ဖုက သခင်လေးဆီအကြောင်းကြားလိုက်တယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းနဲ့ မိစ္ဆာဝေဟင်အကြား သာလွန်သင်္ကေတလမ်းကြောင်းကို ဖွင့်ပြီးသွားပြီ”

စီးဝူယာ့က ခေါင်းညိတ်လိုက်လေ၏။ ဆိုလိုသည်မှာ ချန်ဟွမ်းနှင့် ယဲ့ထျန်းရှင်းသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်းသို့ အတူတကွ သွားနိုင်ပြီဖြစ်၏။ သူက စားပွဲပေါ်ရှိပုံကြမ်းကိုကြည့်ပြီး သက်ပြင်းချလိုက်တော့သည်။ ကြည့်ရတာ ငါ အရှိန်တင်ဖို့လိုနေတဲ့ပုံပဲ။

စီးဝူယာ့သည် သူ့၌ မဟာလေဟာနယ်မျိုးစေ့ရှိကြောင်းသိ၏။ ယင်းကို အသုံးမချလျှင် အဓိပ္ပာယ်မဲ့ရာ ရောက်လိမ့်မည်။

တည်တံ့ရေးခန်းမထဲတွင်ဖြစ်သည်။

လုကျိုးက တစ်ချိန်လုံးဆင်ခြင်သုံးသပ်သော အခြေအနေသို့ ဝင်ရောက်နေ၏။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပြန်ပြည့်လာသည့် အချိန်တွင်တောင် သူ ဆင်ခြင်သုံးသပ်တာ မရပ်ခဲ့ပေ။

ရုတ်တရက် လေပြင်းတစ်ချက်က တည်တံ့ရေးခန်းမတံခါးကို ဖွင့်လိုက်သည်။

“တင်း ... စနစ်အဆင့်မြှင့်တင်မှု ပြီးသွားပါပြီ”

“တင်း ... စနစ်ရဲ့စွမ်းအားတိုးလာပါပြီ”

“တင်း ... သင်က ကောင်းကင်ကျမ်းစာကို အကြိမ်တစ်ထောင်ဆင်ခြင်သုံးသပ်ပြီးပါပြီ။ ကောင်းကင်ကျမ်းစာသော့တစ်ချောင်း ရရှိပါတယ်”

“တင်း ... ကောင်းကင်ကျမ်းစာသော့က အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို နတ်ဘုရားစွမ်းအားအဖြစ် မြှင့်တင် နိုင်ပါတယ်” လုကျိုးက မျက်လုံးဖွင့်လိုက်လေ၏။

“သုံးမယ်”

ယခင်ကနှင့် မတူဘဲ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားသည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲရှိ အသွင်ပြောင်းလဲမှုကိုပါ ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန်ကို လွှမ်းခြုံလိုက်သည်။

သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ချိန်၌ ၎င်းသည် ယခင်ကထက် ပိုပြာနေကြောင်း ရှာတွေ့သွား၏။

“နတ်ဘုရားစွမ်းအားလား”

လုကျိုးက သူ့လက်ကို ချလိုက်၏။

ဘန်း

အပြာရောင် လက်ဝါးစည်းတံဆိပ်သည် မြေပြင်ပေါ်၌ လက်ဝါးသဏ္ဌာန်တွင်းပေါက်တစ်ခုကို အလွယ်တကူ ချန်ရစ်ခဲ့၏။

တိုးလာမှုက ထိတ်လန့်ဖွယ် မကောင်းသော်ငြား နတ်ဘုရားစွမ်းအားသည် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားထက် အဆပေါင်းများစွာ ပိုသန်မာတာကို သူ ရှင်းရှင်းလင်းလင်း အာရုံခံနိုင်၏။

လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။ သူ၏နတ်ဘုရားစွမ်းအားအသစ်အပြင် ကောင်းကင်ကျမ်းစာစွမ်းအားက အတော်လေးတိုးတက်လာပုံပေါ်၏။

လုကျိုးသည် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။ သူက ဖုံးကွယ်ခြင်းကတ်နှင့် ရုပ်ဖျက်ကတ်ကို ဝယ်ယူနိုင်မည်မှန်း သတိပြုမိသွား၏။ ကတ်နှစ်ကတ်လုံး၏ အာနိသင်က ၁၀ရက်အထိ တိုးသွားတော့သည်။ ထို့အပြင် သူက ယခုအသေရိုက်ချက်ကတ်သည် မူလအာနိသင်ကို အခြေခံပြီး အာနိသင်နှစ်ဆ ဖြစ်စေကြောင်း ရှာတွေ့ခဲ့၏။ ပစ်ချက်မဲ့ကတ်၏ သုံးစွဲနိုင်သည့်အချိန်ကလည်း ၁၀စက္ကန့် တိုးလာသည်။ ပြစ်ချက်မဲ့ကတ်ထဲရှိ ပြောင်းလဲမှုကို မြင်သောအခါ လုကျိုးသည် သူ့ယခင်က တိုးမြှင့် ပြစ်ချက်မဲ့ကတ်ကို ပေါင်းစည်းခဲ့တာ ပြန်တွေးမိပြီး နှမြောခဲ့သည်။

ပြီးနောက် သူသည် အကြောင်းပြန်လှန်ကတ်၏ အာနိသင်တိုးလာတာကို မြင်သောအခါ ထီပေါက်သလို ခံစားမိလိုက်ရ၏။

လုကျိုးက အကြောင်းပြန်လှန်ကတ်တစ်ကတ်ကိုယူကာ ချေမွလိုက်သည်။

တစ်ခဏအတွင်းအသက်စွမ်းအင်က စုစည်းလာပြီး စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏အသက်စွမ်းအင်က ရက် ၁၀၀၀ တိုးသွားတော့သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။ တိုးတက်မှုက သူ့ကိုကျေနပ်စေသည်။ ၎င်းက နောင်ကျ သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မြှင့်တင်ဖို့ ကူညီပေးလိမ့်မည်။ ထိုအရာအပြင် လုကျိုးက ကုသိုလ်မှတ် ၁သိန်းဖြင့် ရောင်းချသည့် သားရဲအဆီအနှစ်ဟု ခေါ်သော ထပ်တိုးပစ္စည်းတစ်ခုကို ရှာတွေ့သွားသည်။ သားရဲအဆီအနှစ်၏ မိတ်ဆက် မရှိပေ။ တန်ကြေးသာဖော်ပြထား၏။

လုကျိုးသည် အသုံးပစ္စည်းကတ်အသစ်ကို ဇဝေဇဝါ ကြည့်နေမိ၏။ ၎င်း၏အမည်အရ လူသားများ သုံးစွဲရန် ဖြစ်ပုံမပေါ်။ ပြီးနောက် သူသည် အသင်္ချေစိတ်ဝိညာဉ်သဏ္ဌာန်ကို တစ်ချက်ကြည့်လိုက်၏။ တန်ကြေးက မေးခွန်းအမှတ်အသားများ ဆက်တိုက် ရှိနေသေးဆဲဖြစ်သည်။

လုကျိုးက စနစ်အကြောင်းသူ့ဖာသာသူ စဉ်းစားလိုက်သည်။ မင်း ငါ့ကို အထင်သေးနေတာလား။

ပြီးနောက် သူသည် ရောင်းချရန်မဟုတ်သည့် အသုံးပစ္စည်းတချို့ကို ရှာတွေ့ခဲ့သည်။ ချည်နှောင်ခြင်းကတ် ထိပ်တန်းအသုံးပစ္စည်းကတ်၊ ဒုတိယအဆင့်ခုခံရေးကတ်တို့နှင့် ကုသရေးကတ်တို့က ယခုမရောင်းချသေးပေ။ သူတို့က နတ်ဘုရားစွမ်းအားနှင့် ပဋိပက္ခဖြစ်နေပြီး နတ်ဘုရားစွမ်းအားက သူတို့တည်ရှိမှုအတွက် ဖြည့်ပေးတာ ဖြစ်လောက်၏။ ဆိုရလျှင် နတ်ဘုရားစွမ်းအားမရှိလျှင်တောင် ထူးကဲစွမ်းအားနှင့် အထွတ်အထိပ်စွမ်းအားက ကုသရေးကတ်ကို အသုံးမဝင်ဖြစ်စေ၏။ ထိုစဉ် ခန်းမအပြင်ဖက်မှ အသံတစ်သံထွက်ပေါ်လာသည်။

“ရှန်းရှီက မျှော်နန်းသခင်ကိုတွေ့ခွင့်တောင်းပါတယ်”

ပုံမှန်ဆို အရေးကြီးကိစ္စမရှိလျှင် သူတို့အပြင်ကနေသာ ခေါ်တတ်၏။ သူတို့တုန့်ပြန်မှုမရှိလျှင် ထွက်သွားလိမ့်မည်။

“ဝင်လာခဲ့” လုကျိုးက ပြန်ပြောလိုက်သည်။

ရှန်းရှီက သူ့ရှေ့ရှိ ပွင့်နေသော တံခါးကိုကြည့်ကာ ခန်းမထဲဝင်သွားလိုက်သည်။

ရှန်းရှီဝင်လာပြီးမကြာမီ၌ လုကျိုးသည် ရှန်းရှီ၏ဖော်ပြချက်ကို ချက်ချင်းတွေ့လိုက်ရသည်။

အမည် ရှန်းရှီ

အထောက်အထား= မဟာစက်ဝိုင်းလူသားမျိုးနွယ်

ကျင့်ကြံဆင့်= ဘုံတစ်ထောင်လေပွေ

သစ္စာရှိမှု= ၆၀ရာခိုင်နှုန်း

ရှန်းရှီက ဒူးတစ်ဖက်ထောက်လျက်ပြောလိုက်သည်။

“မျှော်နန်းသခင် လွန်ခဲ့တဲ့၁၀ရက်တုန်းက လူတစ်ယောက်က စာတစ်စောင်ပို့လိုက်ပါတယ်။ အရေးကြီးတယ်လို့ ခံစားမိလို့ပါ။ ကျေးဇူးပြုပြီး ကြည့်ပေးပါ”

ရှန်ရှီသည် လွန်ခဲ့သည့် ၁၀ရက်က နေ့တိုင်းရောက်လာခဲ့၏။ ယနေ့ကျမှသာ လုကျိုးဆီမှ အကြောင်းပြန်မှုကို ရတာဖြစ်သည်။

လုကျိုးက စာကိုဖွင့်ဖတ်လိုက်သည်။

“ဟေ့ကောင် ... မင်းရဲ့ခေါင်းကို ၁၅ရက်အတွင်း ငွေလင်ပန်းပေါ်တင်ပြီး ဒီသခင်လေးဆီ သယ်လာခဲ့။ မဟုတ်ရင် သူတို့အားလုံးသေမယ်”

...

အခန်း (၁၂၀၀) အငယ်လေး

လုကျိုးက မေးလိုက်သည်။

“ဘယ်သူက ဒီစာကို ပို့လိုက်တာလဲ”

ရှန်ရှီက ခေါင်းခါကာ ပြောလိုက်သည်။

“ပထမသခင်လေးနဲ့ ဒုတိယသခင်‌လေးတို့က ဒီကိစ္စကို တိတ်တဆိတ် စုံစမ်းနေပေမဲ့ ဘာမှမသိရသေးဘူး”

စာပို့သူက သူ့ဆီကို ပို့လာသည့်အတွက် သူ့ဇစ်မြစ်ကို ကောင်းကောင်း သိထားရမည်။ ထိုစာပို့သူက သူ့ကို ကောင်စုတ်ဟု အဘယ့်ကြောင့် သုံးနှုန်းထားသနည်း။ ဤကမ္ဘာတွင် သူ့ကို ထိုသို့ ခေါ်ဆိုရဲသည့်သူ ရှိမည်လား”

ရှန်ရှီက ဆက်ပြောလိုက်သည်။

“တစ်ဖက်သူရဲ့ ခြိမ်းခြောက်မှု အမြင်အရ အရင်ဆယ်ရက်အတွင်း မိစ္ဆာဝေဟင်မျှော်နန်းတပည့်တွေနဲ့ အဖွဲ့ဝင်တွေအကုန်လုံးက အ‌တော်လေး သတိကြီးကြီး ထားထားကြတာ။ ဒါပေမဲ့ ဘယ်သူ့မှ မဖမ်းမိသေးဘူး”

လုကျိုးက စာကို ထပ်ကြည့်ကာ ရေရွတ်လိုက်သည်။

“သခင်လေးတဲ့လား”

သူ့စိတ်ထဲ ဝေဝါးဝါး အတွေးတစ်ခု ပေါ်ထွက်လာသည်။

သူက စာကို ကံမီးတောက်ဖြင့် လောင်ကျွမ်းစေပြီးသည့်နောက်တွင် တိမ်တိုက်တောင်ဟူသော စာလုံးက ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီးသည့်နောက် ပျောက်ကွယ်သွားသည်။

သခင်လေးနှင့် တိမ်တိုက်တောင်ကြားရှိ ဆက်နွယ်မှုကို အကဲဖြတ်ပြီးသည့်နောက်တွင် သူက ရေရွတ်လိုက်၏။

ရှန်ရှီက မေးလိုက်မိသည်။

“ချင်မော့ရှန်းလား။ အဲဒါက ဘယ်သူလဲ”

“ငါ့အမိန့်ကို ပြောလိုက် … ငါတို့တွေ တိမ်တိုက်တောင်ဆီ သွားမယ်”

“ဟုတ်ကဲ့။ ကျွန်တော်အခု ပြင်ဆင်မှုတွေ လုပ်ထားလိုက်ပါ့မယ်”

လုကျိုးက တိမ်တိုက်တောင်အနီးရှိ နှင်းတောင်ထိပ်တွင် ရှိသည့်အချိန်ကို ပြန်လည်အမှတ်ရသွား၏။

“ဒီကောင်လေးရဲ့ ပါရမီက အတော်ကို အံ့သြဖို့ကောင်းတယ်။ ဆရာသခင်တစ်ယောက်က စောင့်ကြည့်ပေးနေတာဆိုတော့ ငါသာ သူ့ကို မြန်မြန်မရှင်းထုတ်နိုင်ရင် သူက နောင်အနာဂတ်မှာ ပြဿနာအကြီးကြီး ဖြစ်လာလိမ့်မယ်”

ချင်မော့ရှန်းက ငယ်ရွယ်ကာ အတွေ့အကြုံ မကြွယ်ဝသေးသောကြောင့် သူက လုကျိုးကို ရန်စရဲလေသည်။ လုကျိုးက ထိုအရာကို သူ့အံ့ဖွယ်စွမ်းအားအသစ်ကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းဟု မှတ်ယူထားသည်။

အေးခဲရေကန်အနီးရှိ အဖြစ်အပျက်ပြီးသည်မှာ တစ်နှစ်ကျော်မျှသာ ကြာမြင့်သေးသည်။ လုကျိုးက ချင်မော့ရှန်း၏ ယုံကြည်မှုသည် ဘယ်နေရာက ‌ရောက်လာတာလဲဟု စဥ်းစားနေမိသည်။ ချင်မော့ရှန်းသည် သူ့လက်ထဲ ဝှက်ဖဲမည်မျှရှိထားသည်ကမူ အရေးမကြီးပေ။ ချင်မော့ရှန်းက အချိန်တိုအတွင်း ဆရာသခင်ထက် အားကောင်းဖို့ရာ မဖြစ်နိုင်ပေ။

ဤသည်က လုကျိုး၏ အတွေး ဖြစ်၏။...

ထိုစဥ် တိမ်တိုက်တောင်၏ ၁၂ ဂိုဏ်း၏ ပင်မခန်းမဆောင်အနီးတွင် ရင်ပြင်တစ်ခု ရှိလေသည်။ ထိုရင်ပြင်အထက် ကျင့်ကြံသူ ထောင်ချီ ဒူးထောက်နေကြရ၏။

တိမ်တိုက်စင်မြင့်ပေါ်တွင် ချင်မော့ရှန်းက ထိုင်ခုံပေါ် ထိုင်နေပြီး ကျင့်ကြံသူများကို ပျင်းရိစွာကြည့်ရင်း ပြောလိုက်သည်။

“၁၀ရက်တောင် ရှိသွားပြီ။ သူက ကြောက်ပြီးတော့ မင်းတို့တွေ အသက်တွေကို ဂရုမစိုက်တာ သိသာတယ်။ နောက်ရက်နည်းနည်းလောက် သည်းခံကြည့်ပေါ့။ မင်းတို့တွေ ထပ်ပြီး ဒုက္ခတွေ ခံစားစရာ မလိုတော့ဘူး”

နျဲ့ချင်းယွင်က အံကြိတ်ထားပြီး နာကျင်မှုများကို ‌တောင့်ခံထားလေသည်။

“သခင်လေး ပြောတဲ့လူကို မသိဘူး။ သခင်လေး လူမှားတာ နေမယ်”

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ မင်းပဲ စောစောက သိတယ်လို့ ပြောတယ်လေ။ အခု ရုတ်တရက် မသိတော့ဘူးတဲ့လား”

ချင်မော့ရှန်းက ပြောလိုက်သည်။

“သူ့နာမည်က ဘယ်သူလဲ”

“သခင်လေး အစေခံ ချန်ထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် သူ့ရဲ့ မျိုးရိုးနာမည်က လုတဲ့။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ဆိုတာပဲ သိတယ်။ အဲဒါကြောင့် သတင်းစကား ပို့ပြီးသွားပါပြီ”

ချင်မော့ရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက နျဲ့ချင်းယွင်ကို ပြောလိုက်သည်။

“မင်း ကြားပြီလား”

နျဲ့ချင်းယွင်က ပြန်ဖြေလိုက်သည်။

“ခင်ဗျား ဘာပြောနေမှန်း မသိဘူး။ ကျုပ်တို့က အေးခဲရေကန်ကိစ္စကို ဘယ်လိုလုပ် သိမှာတုံး။ ခင်ဗျားဒေါသတွေကို ကျုပ်တို့ဆီ ပုံချနေတာကို ကိုယ့်ကိုယ်ကို သူရဲကောင်းလို့ ဘယ်လိုလုပ် ခေါ်နိုင်မှာတုံး”

ချင်မော့ရှန်း၏ အမူအရာက ပိုမိုမည်းမှောင်သွားသည်။ သူက သူ့လက်ကို ဝှေ့ကာ နျဲ့ချင်းယွင်ကို ချိန်ရွယ်လိုက်သည်။

“ဘမ်း”

နျဲ့ချင်းယွင်က မြေပြင်ပေါ် လဲကျသွားသည်။ သူ့နောက်ရှိ တပည့်များက တုန်လှုပ်တကြီး ခေါ်လိုက်ကြသည်။

တပည့်များကလည်း နောက်လဲကျသွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

ချင်မော့ရှန်းက ထရပ်ကာ တစ္ဆေအစေခံ၂‌ယောက်ကို လှည့်ကြည့်လိုက်သည်။

“မင်းတို့တွေ ငါ့စွမ်းအားကို ဘယ်လိုထင်လဲ”

“အများကြီး တိုးတက်လာပါတယ်”

“မင်းတို့တွေကို နောက်ထပ် ဝှက်ဖဲတစ်ခု ပြမယ်”

ချင်မော့ရှန်းက လက်ကိုမြှောက်ကာ ဆွဲယူသည့် အမူအရာမျိုး ပြုလုပ်လိုက်သည်။

ချင်မော့ရှန်းအရှေ့ရှိ တိမ်တိုက်တပည့် ဒါဇင်ချီက လေထုထဲ ဆွဲခေါ်ခံလိုက်ရသည်။ တစ်ချိန်တည်းဆိုသလို အစိမ်းရောင်စွမ်းအားက သူတို့အနား မြွေတစ်ကောင်လို ရစ်ပတ်လာပြီး အားလုံးက သွေးအန်လိုက်ရသည်။

မွေးဖွားဇယားချပ်၁၀ခု ကျင့်ကြံသူရှေ့တွင် တပည့်၃ဦးကို ဆိုမထားနှင့်။ နျဲ့ချင်းယွင်ပင် ကူကယ်ရာမဲ့လိမ့်မည်။

ချင်မော့ရှန်းက မေးလိုက်၏။

“အဲ့ဒီ့လက်ဝါးချက်ကိုရော ဘယ်လိုထင်လဲ”

“အရမ်းအားကောင်းပါတယ်”

တစ္ဆေအစေခံတစ်ဦးက ပြောလိုက်သည်။

ထို့နောက် ချင်မော့ရှန်းက သူ့အနားတွင် ရှိနေသည့် ကွန်ဖြူးရှပ် ပညာသင်သားကို ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားရော ဘယ်လိုထင်လဲ။ ဘာမှမဖြစ်ဘူးလို့ ကျုပ် ပြောတယ်မလား”

ပညာသင်သားက ပြုံးရုံကလွဲ၍ ဘာမှပြောပေ။

ချင်‌မော့ရှန်းက နျဲ့ချင်းယွင်ဆီ သွားကာ တက်နင်းလိုက်သည်။

“ရာသီဥတုက ဘာလို့ ဒီလောက်ဆိုးနေလဲဆိုတာ သိလား”

နျဲ့ချင်းယွင်၏ မျက်ဝန်းက သွေးဆာနေသည်။

ချင်မော့ရှန်းက အပြုံးဖြင့် ပြောလိုက်၏။

“ဒါက မျှခြေမညီမျှမှုရဲ့ လက္ခဏာပဲ။ နောက်ဆုံး မျှခြေမညီမျှမှုအတွင်းမှာ ငါ မွေးတောင် မမွေးသေးဘူး။ မျှခြေမညီမှုက အစိမ်းရောင်ကြာနယ်မြေအတွက် မင်းတို့လို နိမ့်ကျတဲ့ လူသားတွေကို ရှင်းထုတ်ရမဲ့ ကောင်းကင်က ချမှတ်ပေးထားတဲ့ တာဝန်တစ်ခုလို့ ပေးထားတာ ကြားဖူးတယ်။ မင်းတို့တွေက ငါ့ရဲ့ စွမ်းအားကို ကောင်းကင်ဘုံက ချီးမြှင့်ပေးထားတယ်လို့ မှတ်ယူကြပေ့ါ”

ချင်မော့ရှန်း၏ အသံက အေးစက်စက်ဖြင့် ဆက်ပြောလိုက်သည်။

“တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်တော့ မင်း ပြောပြောနေတဲ့ အဲဒီအစ်ကိုလုကိုပဲ အပြစ်တင်လိုက်။ သူ လာတယ်ဆိုရင် မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်။ မလာဘူးဆိုရင်တော့ မင်းတို့ရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်လိုက်ပေါ့”

နျဲ့ချင်းယွင်က အသက်ပြင်းပြင်းရှူကာ သွေးတစ်ပွက် အန်လိုက်ရသည်။ ထို့နောက် သူက ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရသည်။

“ခင်ဗျား သတ္တိရှိတယ်ဆိုရင် အစ်ကိုလုကို ဘာလို့တိုက်ရိုက်မရှာလဲ။ တိမ်တိုက်တောင်က အေးခဲရေကန်မှာ ဖြစ်တဲ့ ပြဿနာကိစ္စနဲ့ မဆိုင်ဘူး။ အပြစ်မဲ့တဲ့လူတွေကို သတ်လို့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှာကို မကြောက်ဘူးလား”

ချင်မော့ရှန်းက ကျယ်လောင်စွာ ရယ်မောပြီး နျဲ့ချင်းယွင်ကို ခြေထောက်ဖြင့် ဖိချလိုက်သည်။

“ဘမ်း”

နျဲ့ချင်းယွင်အတွက် နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့အောက်က မြေကြီးပင် အက်လာလေ၏။

“ဆိုတော့ မင်းက သူ့ကို သိတယ်လို့ ဝန်ခံတယ်ပေ့ါ”

ချင်မော့ရှန်းက ပြောလိုက်သည်။

“မင်းက ဘုံတစ်ထောင်လေပွေအဆင့် ဝင်ပြီး မွေးဖွားဇယားချပ် တစ်ခုပဲ ရှိသေးတယ်။ ငါသာ စွမ်းအားနည်းနည်း ထပ်သုံးလိုက်ရင် မင်းအသက် ဆုံးရှုံးသွားနိုင်တယ်။ ငါမင်းကို ထပ်မေးမယ်။ သူ့နာမည်က ဘယ်သူလဲ။ အခု သူက ဘယ်မှာလဲ။ သူ့ကျင့်ကြံဆင့်ကဘာလဲ”

တစ္ဆေအစေခံတစ်ဦးက ဘေးကနေ ဝင်ပြောလိုက်သည်။

“ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ မဟုတ်ရင် အားလုံးသေရမယ်”

ထို့နောက် တစ္ဆေအစေခံ၏နောက်တွင် အစိမ်းရောင် ကြယ်တာရာဒိုင်ခွက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ကြီးမားကျယ်ပြန့်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွား၏။ မွေးဖွားဇယားချပ်၁၄ ခုက တောက်ပနေသည်။

အစိမ်းရောင်ကြာ ကျင့်ကြံသူ၏ မျက်ဝန်းထဲ တိမ်တိုက်တောင်ရှိ လူထောင်ချီက ပုရွက်ဆိတ်မျှသာ ဖြစ်၏။

နျဲ့ချင်းယွင်က အံကြိတ်ထားပြီး အမုန်းတရားဖြင့် ပြောလိုက်သည်။

“သူ့မျိုးရိုးက လုဆိုတာနဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ဆိုတာပဲ သိတာ။ သူ့ကျင့်ကြံဆင့် ဘယ်လောက် မြင့်မားတယ်ဆိုတာ ဘယ်သူမှ မသိဘူး”

ချင်မော့ရှန်းက ပြောလိုက်သည်။

“မင်းက သေရတော့မှာကို အခုထိ လိမ်ညာနေတုန်းပဲ။ တစ္ဆေအစေခံ နောက်ဆုတ် ငါကိုယ်တိုင်လုပ်မယ်”

“ဘမ်း”

ချင်မော့ရှန်းက မြေကြီးပေါ် တက်နင်းလိုက်သည်။ တစ္ဆေအစေခံက သူ့ကြယ်တာရာဒိုင်ခွက်ကို ရုတ်သိမ်းပြီးသည့်နောက်တွင် ချင်မော့ရှန်းက သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်၏။

တိမ်တိုက်တောင်တပည့်များက မွေးဖွားဇယားချပ်၁၀ခုဖြင့် တောက်ပနေသည့် ကြယ်တာရာဒိုင်ခွက်ကို မြင်သည့်အခါ ဖြူဖျော့သွားကြသည်။

ချင်မော့ရှန်းက လှုပ်ရှားတော့မည့်ဆဲဆဲတွင် တိမ်တိုက်တောင်တပည့်တစ်ဦးက အော်ပြောလိုက်သည်။

“လုချန်းပေ့ ရောက်လာပြီ”

အားလုံးက မော့ကြည့်လိုက်သည့်အခါ မိုးကုတ်စက်ဝိုင်းမှ ချဥ်းကပ်လာသည့် ရထားလုံးပျံတစ်စင်းကို မြင်လိုက်ရသည်။ ချင်မော့ရှန်း၏ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်မျိုး ပေါ်ထွက်လာသည်။

“နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ”

ရုတ်ခြည်းဆိုသလို ရထားလုံးပျံမှ တစ်စုံတစ်ယောက် ပျံသန်းထွက်လာပြီး ပုံရိပ်များသာ ချန်ထားခဲ့သည်။ ထို့နောက် နေရာတစ်ခုလုံးအနက် မိုးခြိမ်းလုမတတ်အသံကြီး ထွက်ပေါ်လာခဲ့သည်။

“လူငယ်လေး မင်းက မိုးမြေရဲ့ ကျယ်ပြောမှုကို မသိဘူးပဲ”

ပုံရိပ်က ချင်မော့ရှန်းရှေ့ လျှပ်စီးလိုအလင်းဖြင့် ရောက်ရှိလာသည်။ ထိုသူက လုကျိုးကလွဲ၍ အခြားသူ မဟုတ်ပေ။

ထိုအခိုက်အတန့်၌ အံ့ဖွယ်စွမ်းအား ပေါင်းစည်းထားသည့် လက်ဝါးစည်းတံဆိပ်က ကျဆင်းလာခဲ့သည်။

“အားကောင်းရဲ့လား”

“သူက အခု ပိုပြီးတော့တောင် အားကောင်းလာပြီ။ ဘယ်လိုလုပ်ပြီးတော့လဲ...”

ချင်မော့ရှန်း၏ နှလုံးသားက တုန်ယင်နေသည်။ ‌အေးခဲရေကန်မှ အဖြစ်အပျက်က သူ့စိတ်ထဲ ဝင်ရောက်လာသည်။ သူက တုန်လှုပ်တကြီး အော်ပြောလိုက်၏။

“တစ္ဆေအစေခံတွေ ငါ့ကို ကယ်ကြ”

တစ္ဆေအစေခံ၂များက ချက်ချင်းဆိုသလို ထရပ်လိုက်ကြသည်။

“အေးခဲ‌စေ”

“ဝုန်း”

တစ္ဆေအစေခံ၂ယောက်က ချက်ချင်းဆိုသလို အေးခဲသွားကြသည်။

“ဘမ်း”

လုကျိုး၏ လက်ဝါးစည်းတံဆိပ်က ချင်မော့ရှန်း၏ ကြယ်တာရာဒိုင်ခွက်ဆီ ကျရောက်လာခဲ့သည်။

ချင်မော့ရှန်းက မခုခံနိုင်ဘဲ တိမ်တိုက်ရင်ပြင်ပေါ် ကျရောက်သွားခဲ့သည်။

“ဘမ်း”

ချင်မော့ရှန်းက တိမ်တိုက်ရင်ပြင်ထဲ ကျရောက်သွားလေ၏။

တိမ်တိုက်တောင်တပည့်များက ပါးစပ်အ‌ဟောင်းသားဖြင့် ကြည့်နေကြသည်။ တစ်ခြားတစ်ဖက်တွင် ကွန်ဖြူးရှပ်ပညာသင်သားက မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ သို့သော်လည်း သူက ကူညီဖို့ မလှုပ်ရှားရုံသာမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

လုကျိုးက ပျက်စီးနေသည့် တိမ်တိုက်ရင်ပြင်ဆီ လျှပ်စီးလိုအလျင်ဖြင့် ကျရောက်လာသည်။ သူ့လက်က အံ့ဖွယ်စွမ်းရည်ဖြင့် တောက်ပနေပြီး လက်ဝါးစည်းတံဆိပ်များကို ထပ်မံထုတ်ဖော်လိုက်သည်။

စွန့်ပစ်ခံဥာဏ်ပညာ လက်ဝါးစည်းတံဆိပ်၅ခုက ထွက်ပေါ်လာခဲ့သည်။

“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”

အားလုံးက ချင်မော့ရှန်း၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွားသည်။

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃ထောင်ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃ထောင်ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃ထောင်ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃ထောင်ရရှိပါတယ်”

ချင်မော့ရှန်းက ပထမ လက်ဝါးစည်းတံဆိပ်ကို တားဆီးနိုင်လိုက်သော်လည်း သူက ကျန်ရှိနေသည့် လက်ဝါးစည်းတံဆိပ် ၅ခုကို မတားဆီးနိုင်ခဲ့ပေ။

လုကျိုးက လက်နောက်ပစ်လျက် လက်ဝါးရာတွင်းကြီးကို ကြည့်ကာ လေသံအတက်အကျမရှိ ပြောလိုက်သည်။

“မင်းလိုလူငယ်လေးက ငါ့ကို ရန်စရဲတယ်လား”

နေရာတစ်ခုလုံးအနက် တိတ်ဆိတ်မှုသာ ကြီးစိုးသွားခဲ့သည်။

All Chapters