← Chapters

အခန်း (၁၂၀၁-၁၂၀၃)

Vol. 81 Ch. 1201-1203

အခန်း (၁၂၀၁-၁၂၀၃)

Vol. 81 Ch. 1201-1203

အခန်း (၁၂၀၁) အကြွင်းမဲ့ရိုက်နှက်ခြင်း

လုကျိုးက လက်နောက်ပစ်ထားလျက် တိမ်တိုက်စင်မြင့်ပေါ်တွင် မတ်မတ်ရပ်နေကာ လူတိုင်းကို ကြည့်လိုက်သည်။

တိမ်တိုက်တောင်၏ တပည့်ထောင်ချီက အံ့ဩထိတ်လန့်ပြီး အပျော်လွန်သွားကြ၏။ သူတို့၏ အသက်ကယ်တင်ရှင်၊ သူတို့၏မျှော်လင့်ချက် နောက်ဆုံးတော့ရောက်ရှိလာလေပြီ။ အများစုက လုကျိုး၏ ငယ်ရွယ်သောသွင်ပြင်ကို ယခင်က မတွေ့ခဲ့ဖူးသော်ငြား ယခုအချိန်၌ သူတို့ ဂရုမစိုက်နိုင်တော့ပေ။ ထိုလူက မည်သူပင်ဖြစ်စေကာမူ ထိုမောက်မာထောင်လွှားပြီး နိုင်လိုမင်းထက်နိုင်သည့် သခင်လေးချင်မော့ရှန်းကို သူ့အမေတောင် မမှတ်မိနိုင်လောက်အောင် ရိုက်ပေးနိုင်သည့်သူက သူတို့၏ကျေးဇူးရှင်ပဲ ဖြစ်သည်။ ချင်မော့ရှန်း အရိုက်ခံရတာကို ကြည့်ရတာ စိတ်ကျေနပ်စရာကောင်းလှပေ၏။

ကျန်သည့်သူများက လုကျိုးကို မမှတ်မိလောက်သော်ငြား နျဲ့ချင်းယွင်က လုကျိုးကို မည်ကဲ့သို့ မသိဘဲနေမည်နည်း။ သူက သူ၏နာကျင်မှုကိုတောင် မေ့သွားပြီး လုကျိုးကို စိတ်အားထက်သန်စွာ မော့ကြည့်လိုက်သည်။ သို့သော် ယခုက မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ကို နှုတ်ဆက်ရန် အချိန်မဟုတ်မှန်း သိနေသည်။ ထို့ကြောင့် သူက နာကျင်မှုကို တောင့်ခံလျက် လှည့်ပြောလိုက်သည်။

“နောက်ဆုတ်မယ်”

ထိန်းချုပ်မှုကနေ လွတ်မြောက်သွားပြီ ဖြစ်သည့် တပည့်ပေါင်းထောင်ချီက တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာ သွားကြလေ၏။

ဂျွတ်

ထိုစဉ် တစ္ဆေအစေခံနှစ်ဦးက နောက်ဆုံး၌ ရေခဲစည်းတံဆိပ်မှရုန်းထွက်ကာ ဆင်းသက်လာသည်။

ရေခဲစွမ်းရည်က လုဝူ၏ရေခဲစွမ်းရည်နှင့် ဝေးကွာလွန်းနေ၏။ ထို့ကြောင့် တစ္ဆေအစေခံများက စည်းတံဆိပ်မှ လွတ်အောင်ရုန်းနိုင်ခြင်းသည် လုကျိုး၏မှန်းဆချက်အတွင်းရှိနေ၏။

“ရာရာစစ ငါတို့သခင်လေးကို ထိခိုက်အောင်လုပ်ရဲတယ်ပေါ့”

ဆိုရလျှင် ချင်မော့ရှန်းတစ်ခုခုဖြစ်သွားခဲ့ပါက ထိုအစေခံနှစ်ဦးက အဆုံးသတ်ကောင်းမှာမဟုတ်ပေ။

တစ္ဆေအစေခံနှစ်ဦးသည် တောင်တန်းများကို လဲပြိုစေပြီး ပင်လယ်ကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသည့် ခြိမ်းခြောက်သောဟန်ပန်ကို ဖော်ထုတ်လိုက်ရာ ကျန်သည့်သူများကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေ၏။ သူတို့က လုကျိုးကို လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်လိုက်တော့သည်။

လုကျိုးက ခေါင်းမော့ပြီး သူ၏လက်ကိုတွန်းထုတ်လိုက်လေ၏။

ဘန်း ဘန်း

တစ်ခုက ဘယ်၊ တစ်ခုက ညာ

လက်ဝါးစည်းတံဆိပ်လေးခု ထိပ်တိုက်ဆုံတွေ့သွားပြီး ထိပ်တိုက်ရင်ဆိုင်မှု၏အားက ပြန့်နှံ့သွားတော့၏။

ဖုန်း

တိမ်တိုက်စင်မြင့်၏ တဝက်က ပြိုကွဲသွားပြီး လဲကျသွားသည်။

လုကျိုး၏အမူအရာက ပုံမှန်အတိုင်းရှိနေသေးဆဲဖြစ်ကာ သူက တပြိုင်နက်တည်း တစ္ဆေအစေခံနှစ်ဦးကို တိုက်ခိုက်ခဲ့၏။ တချိန်တည်းတွင် သူသည် နတ်ဘုရားစွမ်းအား၏ ခွန်အားစွမ်းအားကို ဂရုတစိုက်အာရုံခံလိုက်၏။ ထိုလက်ဝါးစည်း တံဆိပ်နှစ်ခုသည် သူ ချင်မော့ရှန်းကို ဖြေရှင်းစဉ်က သုံးခဲ့သည့် စွမ်းအားနှင့်တူ၏။ ၎င်းတို့သည် ချင်မော့ရှန်း၏မွေးဖွားဇယားချပ်ကို ဖျက်ဆီးနိုင်သော်ငြား သူတို့တချိန်တည်းတွင် တစ္ဆေအစေခံနှစ်ဦးကို တိုက်ခိုက်နိုင်၏။ ယင်းကိုကြည့်လျှင် တစ္ဆေအစေခံနှစ်ဦး၏ ကျင့်ကြံဆင့်က ချင်မော့ရှန်းထက် မြင့်တာသိသာသည်။

သို့သော် ၎င်းသည် နတ်ဘုရားစွမ်းအား တစိတ်တပိုင်းသာရှိသေးသည်။

တစ္ဆေအစေခံများထဲမှ တစ်ဦးက အစောတုန်းက မလှုပ်မယှက်ဖြစ်နေသည့် လူတစ်ဦးကိုလှည့်ကြည့်ပြီး မေးလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ”

ကွန်ဖြူးရှပ်စာသင်သားသည် ဘေးကနေ အေးတိအေးစက်ကြည့်နေ၏။ တကယ်တော့ သူသည် အစောတည်းက ရထားလုံးပျံကို မြင်တွေ့ပြီးသားဖြစ်သည်။ သို့သော် ရောက်လာသည့်သူက ဤမျှ နက်နဲသောကျင့်ကြံဆင့်ရှိလိမ့်မည်ဟု မထင်ထားပေ။ လက်တစ်ချက်မြှောက်လိုက်ရုံဖြင့် ထိုလူသည် ချင်မော့ရှန်းကို ရိုက်ချနိုင်သည်။

လုကျိုးက ကွန်ဖြူးရှပ်စာသင်သားကို လှည့်ကြည့်လိုက်၏။ သူက မျက်မှောင်ကျုံ့လိုက်တော့သည်။

“အဲ့တာ မင်းလား”

ကွန်ဖြူးရှပ်စာသင်သားက အနည်းငယ်အံ့အားသင့် ထိတ်လန့်သွား၏။ သူက ဇဝေဇဝါဖြစ်နေကာ မေးလိုက်တော့သည်။

“ခင်ဗျား ကျုပ်ကို သိလား”

တစ္ဆေအစေခံက အော်ပြောလိုက်သည်။ “မင်း ဘာလုပ်နေတာလဲ”

“ချင်နိုင်ဟယ် မြန်မြန်လှုပ်ရှားတော့။ ငါတို့ အခုသူ့ကို ချောင်ပိတ်ရမယ်”

ကွန်ဖြူးရှပ်စာသင်သားသည် ချင်မျိုးနွယ်၏ လွတ်လပ်သူ ချင်နိုင်ဟယ်ပဲဖြစ်သည်။

ချင်နိုင်ဟယ်က နောက်သို့ခုန်ထွက်သွား၏။ သူက တစ္ဆေအစေခံနှစ်ဦးကိုလျစ်လျူရှုလိုက်ပြီး လုကျိုးကို ကြည့်ကာ မေးလိုက်တော့သည်။

“ခင်ဗျား ကျုပ်မေးတာ မဖြေရသေးဘူး”

လုကျိုး၏အမြင်တွင် ချင်မော့ရှန်း၊ ချင်နိုင်ဟယ်နှင့် တစ္ဆေအစေခံအားလုံးသည် ရန်သူများဖြစ်သည်။

တစ္ဆေအစေခံက အမြန်ဆော်ဩလိုက်၏။

“မင်း ဘာလုပ်နေတာလဲ”

“မြန်မြန် သူ့ကိုသတ်” ကျန်သည့်တစ္ဆေအစေခံက သူ့ကိုဟိန်းဟောက်လိုက်သည်။

တစ္ဆေအစေခံနှစ်ဦးသည် ချင်နိုင်ဟယ်မလှုပ်ရှားရသည့်အကြောင်းအရင်းကို နားမလည်ခဲ့ပေ။ ဤမျှအခွင့်အရေးကောင်းတွင် ချင်နိုင်ဟယ် တစ်ကွက်လှုပ်ရှားသရွေ့ သူသည် သူ့ကို ထိန်းချုပ်ထားနိုင်လိမ့်မည်။ ဤနည်းဖြင့် သူတို့၏သခင်လေးက လက်စားချေနိုင်မှာပဲ ဖြစ်သည်။

လုကျိုးက ခေါင်းမော့ကြည့်လိုက်ကာ အဖက်မတန်သလို ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်တည်းနဲ့လား”

လုကျိုးသည် သူ၏လက်ဖဝါးထဲတွင် နတ်ဘုရားစွမ်းအားတိုးပွားလာစေ၏။

ဘန်း ဘန်း

ဘုံကိုးဘုံမှ မိုးကြိုးနှင့် တူသည့် လက်ဝါးရိုက်ချက်နှစ်ခုက ပေါ်လာပြီး အစိမ်းရောင်လက်ဝါးစည်းတံဆိပ်နှစ်ခုကို ချက်ချင်းဖျက်ဆီးလိုက်၏။

ပြီးနောက် တစ္ဆေအစေခံများသည် သူတို့ဆီပြင်းထန်သောဖိအားရောက်ချလာတာကို ခံစားမိလိုက်ပြီး ကြိုးပြတ်သွားသော စွန်များပမာ နောက်သို့လွင့်ထွက်သွားတော့သည်။ သူတို့၏လက်များလည်း ကျိုးလုနီးပါးဖြစ်သွား၏။

ချင်နိုင်ဟယ်သည် ထိုအရာကြောင့် ထိတ်လန့်သွားတော့သည်။ ဤပုံစံက လူငယ်တစ်ယောက်၏ပုံစံ မဟုတ်တာ သေချာသည်။

တစ္ဆေအစေခံနှစ်ဦးကလေထဲလွင့်ထွက်သွားလေ၏။ သူတို့က သူတို့ကိုယ်သူတို့ဟန်ချက်ထိန်းရန် ကြယ်တာရာဒိုင်ခွက်ကို အသုံးပြုရတော့သည်။

ဘယ်ဖက်ခြမ်းရှိ ကြယ်တာရာဒိုင်ခွက်က မွေးဖွားဇယားချပ် ၁၄ခုပေါ်လာပြီး ညာဖက်ခြမ်းရှိ ကြယ်တာရာဒိုင်ခွက်က ၁၅ခုပေါ်နေ၏။

အတိတ်တုန်းကသာဆို လုကျိုးသည် ထိုကဲ့သို့ တစ္ဆေအစေခံများကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်။ ယခင်က ထိုတစ္ဆေအစေခံကို သတ်ဖြတ်ခြင်းသည် သူ၏အထွတ်အထိပ်ဆန်းကျယ်စွမ်းအား အားလုံးကုန်ခန်းသွားစေ၏။ ထို့အပြင် သူ၏အမျိုးမျိုးသောအသုံးပစ္စည်းကတ်များ သုံးစွဲခဲ့ပြီး နတ်ခြင်္သေ့၏စွမ်းအားကိုတောင် သုံးခဲ့ရသည်။

တစ္ဆေအစေခံနှစ်ဦးသည် ဒေါသကြောင့် မျက်လုံးပြူကျယ်လာပြီး သူတို့ကို တည်ငြိမ်စွာကြည့်နေသည့် လုကျိုးကို ကြည့်လိုက်တော့၏။

“မင်းက အရင်တုန်းက သခင်လေးကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူလား” ထိုစကားများ ပေါ်ထွက်လာသည်နှင့် လုကျိုးက သူတို့ဆီပျံသန်းသွား၏။ နတ်ဘုရားစွမ်းအားကို မြှင့်တင်ပေးသည့် တိကျန်း၏ အသက်ဓာတ်နှလုံးသား စွမ်းရည်ဖြင့် သူသည် သူတို့ရှေ့သို့ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့်ရောက်ချလာသည်။

တစ္ဆေအစေခံနှစ်ဦးက ထိတ်လန့်သွားလေ၏။ တစ်ဖက်လူက သူတို့ကို လျစ်လျူရှုထားသည်။ သူတို့က တစ်ဖက်သူကို ခြိမ်းခြောက်ရန် ကြီးမြတ်သော ဆရာသခင်ချင်အကြောင်း ပြောရန် အခွင့်အရေးတောင်မရ။

တစ်ဖက်က သူတို့ကို ဖိအားမပေးခဲ့ပေ။ သူတို့က ဆရာသခင်ချင်အကြောင်း ပြောနိုင်ပြီး ချင်မိသားစုအကြောင်း ပြောနိုင်ခြင်းဖြင့် တစ်ဖက်ကို ခြိမ်းခြောက်နိုင်မည်ဟု ထင်ခဲ့၏။ သို့သော် တစ်ဖက်က စကားမပြောဘဲနေလိမ့်မည်ဟု မထင်ထား။

“ကိုးပါးဖြတ်တောက်ခြင်း လက်ဟန်စည်းတံဆိပ်”

တစ္ဆေအစေခံများ၏အမူအရာက ချက်ချင်းပြောင်းလဲသွားလေ၏။ သူတို့၏ ကြယ်တာရာဒိုင်ခွက်များကို အမြန် ဖွဲ့တည်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

တစ်ခုတည်းမဟုတ်ဘဲ လုကျိုး၏ လက်တစ်ဖက်ဆီမှ ကိုးပါးဖြတ်တောက်ခြင်းလက်ဝါးစည်းတံဆိပ် ပေါ်လာ၏။ စုစုပေါင်း ကိုးပါးဖြတ်တောက်ခြင်းလက်ဝါး စည်းတံဆိပ် ၁၈ခုက ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွားသည်။ ထို့အပြင်သူက ယခုအခေါက်၌ ကောင်းကင်စွမ်းအားပိုသုံးထား၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

သတ္တမနှင့် အဋ္ဌမလက်ဝါးစည်းတံဆိပ်သည် ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွားသောအခါ ဘယ်ဖက်ခြမ်းရှိ မွေးဖွားဇယားချပ် ၁၄ခုရှိသည့် တစ္ဆေအစေခံက ကြယ်တာရာဒိုင်ခွက်ဖြင့် သူ၏ရင်ဘတ်ကို ရိုက်မိသွား၏။

ဘန်း

နဝမမြောက် လက်ဝါးစည်းတံဆိပ်က တစ္ဆေအစေခံကို ထိမှန်သွားကာ သူက တိမ်တိုက်စင်မြင့်၏ ကျန်ရှိသော အပိုင်းပေါ်ပြုတ်ကျသွားပြီး နောက်ပြန်လှန်သွားလျက် သွေးအန်တော့သည်။

“တတိယအစ်ကို” တစ္ဆေအစေခံက လှည့်ကြည့်လိုက်၏။ သူ၏မျက်နှာက သေလုနီးပါး ဖြူဖျော့နေကာ လက်မောင်းနှစ်ဖက်က ထုံကျဉ်ပြီး သွေးများကလည်း ဆန်တက်လာတော့သည်။ သူက လက်ဝါးစည်းတံဆိပ် ၉ခုကို ခံနိုင်ရုံမျှသာရှိသည်။

ချင်မျိုးနွယ်၏မဟာတစ္ဆေအစေခံလေးဦးသည် တပည့်ရင်းများဖြစ်၏။ လုကျိုးသတ်ခဲ့သည့် တစ္ဆေအစေခံသည် စတုတ္ထမြောက်ညီဖြစ်ပြီး ယခုရောက်လာသည့် တစ္ဆေအစေခံနှစ်ဦးသည် ဒုတိယနှင့်တတိယ ဖြစ်သည်။ သူတို့၏ စတုတ္ထမြောက်ညီသေသွားပြီးနောက် သူတို့က လက်စားချေနိုင်ရန် အခွင့်အရေး ရှာနေတာဖြစ်သည်။ သို့သော် သူတို့မျှော်လင့်ချက်နှင့်ဆန့်ကျင်ဖက်ပင်။ ရန်သူ၏ခွန်အားက သူတို့ထက် သာလွန်နေ၏။

လုကျိုးသည် အပေါ်စီးကနေ တစ္ဆေအစေခံနှစ်ဦးကိုငုံ့ကြည့်လိုက်၏။ သူသည် ကောင်းကင်စွမ်းအားက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မသန်မာလျှင်တောင် ၎င်းကို ကျေနပ်နေ၏။ ခဏအကြာ၌ သူ ခေါ်လိုက်သည်။ “နျဲ့ချင်းယွင်”

နျဲ့ချင်းယွင်က ထရပ်ရန် ရုန်းကန်လိုက်၏။ သူက စိတ်အားထက်သန်နေသော အမူအရာဖြင့် ဦးညွှတ်လိုက်၏။

“လုချန်းပေ့”

“ချင်မော့ရှန်းက တပည့်ဘယ်နှစ်ယောက်သတ်ခဲ့လဲ” လုကျိုးက မေးလိုက်သည်။

နျဲ့ချင်းယွင်က အံကြိတ်လျက် လွန်ခဲ့သည့်၁၀ရက်အတွင်း ချင်မော့ရှန်း၏လုပ်ရပ်များကို တွေးလိုက်သည်။ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိ၏။

“လူ ၁၅ယောက်သေသွားတယ်။ လူ ၁၀၀နီးပါး ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး လူတစ်ထောင်နီးပါး ဒဏ်ရာရထားတယ်”

လုကျိုးက ပြောလိုက်၏။ "ငါ ဒီအကြွေးကို မှတ်ထားမယ်။ နောင်ကျ ချင်မျိုးနွယ်ကို နှစ်ဆ ပြန်ပေးဆပ်ခိုင်းမယ်”

ထောက်

နျဲ့ချင်းယွင်က ဒူးထောက်လိုက်၏။

ဘန်း

နောက်ထပ်စကားတစ်ခွန်းမှ မပြောဘဲ နျဲ့ချင်းယွင်က လုကျိုးကို ကန်တော့လိုက်၏။ သူက ခေါင်းပြန်မော့လိုက်ချိန်တွင် နဖူး၌ သွေးများစွန်းထင်းနေလျက် မျက်လုံးများနီရဲနေသည်။

ပြီးနောက် တပည့်ပေါင်းထောင်ချီက လုကျိုးကို တညီတညွတ်တည်း ဦးညွှတ်ကြလေ၏။

မြေပြင်ပေါ်တွင်လဲနေသည့် တစ္ဆေအစေခံက ဟိန်းဟောက်လိုက်၏။

“ငါ မင်းတို့အားလုံးရဲ့အသက်ကို ယူမယ်”

တစ္ဆေအစေခံ၏ကြယ်တာရာဒိုင်ခွက်က ကျန်သည့်သူများဆီတိုးဝင်သွားသည်။

လုကျိုးက လက်မြှောက်လိုက်၏။

လျှပ်စီးတန်းတစ်ခုက ဝေဟင်ကနေရုတ်တရက်ဆင်းသက်လာ၏။

ဖုန်း

လျှပ်စီးက တစ္ဆေအစေခံကို တိတိကျကျထိမှန်သွား၏။ သူ၏ဆံပင်က တံမြက်စည်းပမာ သူ၏အသားတို့က တူးခြစ်သွားပြီးနောက်သို့ လွင့်သွား၏။

တစ္ဆေအစေခံ၏ကြယ်တာရာဒိုင်ခွက်က ချက်ချင်းပျောက်ကွယ်သွားတော့သည်။

လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။

မိုးကြိုးသွားကတ်၏ ထိခိုက်မှုဖော်ဆောင်နှုန်းက ဆိုးရွားလွန်းလှပေ၏။ ၎င်းက အကြွင်းမဲ့သတ်ဖြတ်ခြင်းအာနိသင်ကို မဖွင့်ခဲ့ပေ။

ထို့ကြောင့် တစ္ဆေအစေခံသည် ယခင်က ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီးဖြစ်သဖြင့် ဤမိုးကြိုးပစ်ချက်ကြောင့် သူသည် ထိန်းထားနိုင်ရုံမျှသာ ရှိတော့သည်။

“တတိယအစ်ကို” တစ္ဆေအစေခံသည် သူ၏အဖော်ကို ဖမ်းရန်အမြန်ပြေးလာ၏။

လုကျိုးက သူတို့ကို အခွင့်အရေးမပေးခဲ့ပေ။ သူက လက်ကိုမြှောက်ပီးတွန်းထုတ်လိုက်ပြန်၏။

“ချုပ်နှောင်ရေးစည်းတံဆိပ်”

ချုပ်နှောင်ရေးစည်းတံဆိပ်က ပေါ်ထွက်လာလျက် တစ္ဆေအစေခံနှစ်ဦး၏ခေါင်းအထက် လျှပ်ပြက်သောအရှိန်ဖြင့် ရောက်ချလာသည်။

“ပေါင် ၁၀၀၀အား”

ချုပ်နှောင်ရေးစည်းတံဆိပ်က အရွယ်အစား လျင်မြန်စွာ ကြီးလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် တောင်တစ်တောင်၏အရွယ်အစားခန့်ကြီးလာ၏။

“လွှမ်းမိုးအဆင့်လား” ချင်နိုင်ဟယ်က အံ့ဩထိန်လန့်သွား၏။

ဤနည်းဖြင့် တစ္ဆေအစေခံနှစ်ဦးသည် သူတို့၏ကြယ်တာရာဒိုင်ခွက်များကို အမြန်ဖွဲ့တည်လိုက်သည်။

ဘန်း

လှောင်ချိုင့်ကျရောက်လာပြီးနောက် ၎င်း၏အဟုန်နှင့်ပေါင်းလိုက်ချိန်တွင် ပေါင် ၂သန်းအား ဖြစ်သွားတော့သည်။

ချုပ်နှောင်ရေးစည်းတံဆိပ်က ကြယ်တာရာဒိုက်ခွက်၂ခုကိုဖိထားလျက် သူတို့ကို အက်ကွဲက ချိုင့်ဝင်သွားစေသည်။

လုကျိုးက ကမူးရူးထိုးသွားလျက် ချုပ်နှောင်ရေးစည်းတံဆိပ်ပေါ် ခြေတစ်ဖက်ဖြင့် ဆောင့်နင်းလိုက်၏။

ဖုန်း

အစ၌ တစ္ဆေအစေခံနှစ်ဦးသည် ထိန်းထားနိုင်သေးသည် အစေခံနှစ်ဦးသည် ထိတ်လန့်နေသေးသည်။ ထိုစဉ် လုကျိုးဆီမှာ ခြေဆောင့်နင်းချက်ဖြင့် နှစ်ယောက်သားက ချီးမွမ်းခံလိုက်ရ၏။ တိမ်တိုက်တောင်မှ တပည့်ထောင်ချီက ထိတ်လန့်မှုကြောင့် နောက်ဆုတ်သွားတော့သည်။

ချုပ်နှောင်ရေးစည်းတံဆိပ်က ဆက်လက်ဖိနေ၏။

“ဒုတိယအစ်ကို သွားတော့” တတိယမြောက် တစ္ဆေအစေခံက သ၏အဖော်ကို တွန်းထုတ်လိုက်၏။ သူ၏အဖော်က ချုပ်နှောင်ရေးစည်းတံဆိပ် အကျယ်အဝန်းအပြင်ဖက်သို့ လွင့်ထွက်သွားအောင်လုပ်လိုက်သည်။ သူတို့နှစ်ယောက် ရှိနေသည့်အချိန်တွင်တောင် ချုပ်နှောင်ရေးစည်းတံဆိပ်ကို တောင့်မခံလေရာ တစ်ယောက်တည်းဆို ပိုဆိုးပေ၏။

ဖုန်း

တတိယမြောက်တစ္ဆေအစေခံက မြေပြင်ပေါ် ပြုတ်ကျသွားချိန်၌ လုကျိုးသည် စနစ်အသိပေးသံတစ်သံ ရလာ၏။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် သုံးထောင်”

“တတိယအစ်ကို” ဒုတိယတစ္ဆေအစေခံ၏သွေးနီရောင်မျက်လုံးများက သတ်ဖြတ်လိုစိတ်များ ပြည့်နေ၏။

တစ်ချိန်တည်းတွင် ယွီရှန်းရုန်၏သက်တောရှည်ထားက လေထဲလွှမ်းခြုံနေတော့သည်။

ဝှစ် ဝှစ် ဝှစ်

သက်တော်ရှည်ဓားက အထက်အောက်လှုပ်ရှားသွားလာနေလျက် ချင်မမော့ရှန်၏ခန္ဓာကိုယ်ကို ပတ်ထားကာ စွမ်းအင်ဓားသန်းချီက ချင်မော့ရှန်း၏ကာကွယ်ရေးစွမ်းအင်ကို ပိုင်းဖြတ်နေတော့သည်။

...

အခန်း (၁၂၀၂) ဆရာရော တပည့်ရော ငကြောင်တွေ

ချင်မော့ရှန်း၏ ခန္ဓာကိုယ်က သွေးများဖြင့် ရွဲနစ်နေပြီး သူ့မျက်ဝန်းက အကြောက်တရားဖြင့် ပြည့်နှက်နေသည်။ သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ကာ ကာကွယ်ရေးစွမ်းအားကို အသက်သွင်းပြီး ယွီရှန်းရုန်၏ စွမ်းအင်ဓားများကို ခုခံဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။

သို့သော်လည်း ယွီရှန်းရုန်၏ ကျိုင်းကောင်အုပ်နှင့် တူသည့် စွမ်းအင်ဓားများက ကြောက်ဖို့ကောင်းလှ၏။ ချင်မော့ရှန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်ရဖို့ပင် အင်မတန် ခက်ခဲနေသည်။

ယွီရှန်းရုန်၏ ပုံရိပ်က ဘယ်၊ ညာ၊ အပေါ်၊ အောက် ဖျက်ကနဲ ပျောက်ကွယ်သွား၏။ သူ့စွမ်းအင်ဓားများကို အသုံးပြုပြီး ချင်မော့ရှန်းကို ပျံသန်းအောင် ဖိအားပေးနိုင်ခဲ့သည်။

သိပ်သည်းစွာ စုစည်းနေသည့် စွမ်းအင်ဓားအလယ်တွင် အလင်း၁၁ခုက အသက်ရှည်ဓားနောက်မှ လိုက်ပါလာပြီး ချင်မော့ရှန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိခိုက်သွားစေသည်။

ဘမ်း ဘမ်း ဘမ်း ဘမ်း

“အစ်ကိုကြီး”

ချင်မော့ရှန်းက အောက်ကာ အကူအညီတောင်းခံလိုက်၏။ သူက ပျက်စီးနေသည့် တိမ်တိုက်ရင်ပြင်ကို ကြည့်ပြီးလိုက်သော်လည်း ချင်နိုင်ဟယ်၏ အရိပ်ယောင်ကို မတွေ့ရ၍ စိတ်ဓာတ်ကျသွားလေသည်။ ချင်မော့ရှန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်က ယွီရှန်းရုန်၏ စမ်းအင်ဓားများကို တောင့်မခံနိုင်တော့ပေ။ ထိုအပေါ် ဓားရာ ထွက်ပေါ်လာ၏။ ဤသို့ဖြင့် စွမ်းအင်ဓားသန်းချီက သေစေလောက်သည့် အားနည်းချက်ကို တွေ့သွားသည့်အလား ထိုဓားချက်ဆီ ရောက်ရှိလာသည်။

ဘမ်း ဘမ်း ဘမ်း

ချင်မော့ရှန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်ထက် အက်ကြောင်းများစွာ စတင်ပေါ်ထွက်လာ၏။

“အား ကောင်းပြီ အတူတကွ ပျောက်ကွယ်သွားတာပေါ့”

ချင်‌မော့ရှန်းက မျော်လင့်ချက်ကင်းစွာ အော်ပြောလိုက်သည်။

ချင်မော့ရှန်း၏ အသံ ထွက်ပေါ်လာသည်နှင့် သူ့ကြယ်တာရာဒိုင်ခွက်က ရေပြင်ညီအတိုင်း ပြောင်းသွားကာ စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားသည်။ သူက သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ဖျက်ဆီးပစ်ဖို့ ရွေးချယ်ခဲ့၏။

အသက်ဓာတ်စွမ်းအားက အဖက်ဖက်မှ စီးဝင်လာစဥ် စွမ်းအင်ဓားများကလည်း နေရာအနှံ့ ပျံသန်းလာသည်။

ယွီရှန်းရုန်၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာ အသက်ရှည်ဓားကို ဆုပ်ကိုင်လိုက်၏။

စွမ်းအင်ဓားအားလုံး ပျောက်ကွယ်သွားပြီး အလင်းတန်း၁၁ခုက စွမ်းအင်ဓားတစ်ခုက ယွီရှန်းရုန်၏ အနောက်ဘက် ပြန်လည်ရောက်ရှိလာကာ ရွေရောင်စက်ကွင်းတစ်ခု ဖြစ်ပေါ်သွားသည်။ ထို့နောက် ယွီရှန်းရုန်က အသက်ရှည်ဓားကို ရေပြင်ညီအလိုက် ကိုင်ဆောင်လိုက်ပြီး သူ့ စိတ်ဝိညာဥ်သဏ္ဌာန်ဖြင့် ပေါင်းစည်းသွားဟန်ပေါ်သည်။ ထို့နောက် သူက ပေါက်ကွဲမှုကို တားဆီးလိုက်၏။

အားလုံးက တအံ့တသြ အော်ပြောလိုက်ကြသည်။

“ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အသက်ဓာတ်စွမ်းအား တည်ငြိမ်သွားပြီးသည့်နောက်တွင် အထိခိုက်မရှိ ကျန်ရှိနေသေးသည့် ယွီရှန်းရုန်က အားနည်းဖျော့တော့နေသည့် ချင်မော့ရှန်းကို ငုံ့ကြည့်လိုက်သည်။

ချင်မော့ရှန်းက မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။

“မင်းက မကောင်းဆိုးဝါးပဲ”

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အားနာပါရဲ့။ မင်းက စွမ်းအားတွေအကုန်လုံး သုံးပြီး‌လောက်ပြီ။ အခုတော့ သေဖို့ပဲ ပြင်လိုက်တော့”

ယွီရှန်းရုန်၏ စိတ်ဝိညာဥ်သဏ္ဌာန်ရှေ့အရိပ်တစ်ခုက စွမ်းအင်အလင်းတန်းများစွာအဖြစ် ပြိုကွဲသွားကာ ချင်မော့ရှန်းဆီ ပြေးဝင်သွားသည်။

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်”

ချင်မော့ရှန်းက နောက်ထပ် တိမ်တိုက်ရင်ပြင်ပေါ် ကျရောက်လာသည်။ သူက ယွီရှန်းရုန်ကို အကြောက်တရားဖြင့်ကြည့်ပြီး လက်များက တုန်ယင်နေ၏။

ယွီရှန်းရုန်က ချင်မော့ရှန်းကို မထူးမခြားနား ကြည့်လိုက်သည်။

“သခင်လေး”

တတိယ အစေခံက အော်ပြောလိုက်သည်။ သူက ယခုအခါ မဆုတ်သာမတိုးသာ အခြေအနေသာ ရှိနေလေ၏။ သူက ဒုတိယ တစ္ဆေအစေခံနှင့် ချင်မော့ရှန်းကြား ကယ်တင်ဖို့ကို ဝေခွဲမရ ဖြစ်နေလေ၏။

ဤတစ်ကြိမ်

“မြင့်တက်စေ”

ဧရာမစွမ်းအားကြီးက ချုပ်နှောင်ရေး စည်းတံဆိပ်ကို ရုတ်ခြည်း ပင့်မလိုက်သည်။

လုကျိုးက ချုပ်နှောင်ရေး စည်းတံဆိပ်၏ သက်ရောက်မှုသည် ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်သည်။ သူက ချုပ်နှောင်ရေးစည်းတံဆိပ်အပေါ် အသာတက်နင်းလိုက်ပြီးနောက် ပျံသန်းလိုက်သည်။

တစ္ဆေအစေခံက ကြက်သီးထဖွယ်ကောင်းစွာ ပြောလိုက်သည်‌။

“ခင်ဗျားကို သတ်ပစ်မယ်”

အရိပ်တစ်ခုက ဖျက်ကနဲ ပျောက်ကွယ်သွားပြီး လုကျိုးမရင်းနှီးသေးသည့် လှုပ်ရှားရေးနည်းစနစ်တစ်ခုက တစ္ဆေအစေခံ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

လုကျိုးက ယခုအခိုက်အတန့်တွင် အန္တရာယ်ကို ခံစားမိလိုက်၏။ သူ့တကယ့်စွမ်းအားက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူမျှသာ ဖြစ်၏။ အကယ်၍ သူသာ အံ့ဖွယ်စွမ်းအားမရှိလျှင် မွေးဖွားဇယားချပ် ၁၅ခုကျင့်ကြံသူ၏ စွမ်းအားကို မည်သို့ တောင့်ခံနိုင်မည်နည်း။

လုကျိုးက ကောင်းကင်ကျမ်းစွမ်းအား၏ မန္တန်ကို ရွတ်ဖတ်လိုက်သည်။

ဖုံးကွယ်ရေးစွမ်းအားဖြင့် သူသည် သူ့အရှိန်အဝါနှင့် ခန္ဓာကိုယ်ကို ဖုံးကွယ်နိုင်၏။ အကယ်၍ တစ်ခြားသော ကောင်းကင်ကျမ်းက တစခြားသော ကောင်းကင်ကျမ်းကို အသုံးပြုနိုင်မည်လား သိချင်နေမိသည်။

လုကျိုး၏ ခန္ဓာကိုယ်က ကြည်လင်သွားပြီး ရေထဲမှ ပုံရိပ်ယောင်သဖွယ် ဖြစ်သွားလေသည်။

ထိုစဥ် တစ္ဆေအစေခံက လုကျိုးဆီ အရူးအမူး ပြေးဝင်လာပြီး လုကျိုး၏ သေနိုင်လောက်သည့် နေရာများကို တိုက်ခိုက်လာသည်။ သို့သော် သူက လုကျိုးကို နည်းနည်းလေးမှ ဒဏ်ရာမပေးနိုင်ပေ။ လုကျိုးက အနည်းငယ် အံ့အားသင့်သွားမိသည်။

“ဒါက ဒီလို လုပ်နိုင်တာလား”

တစ္ဆေအစေခံကလည်း တုန်လှုပ်နေပြီး မီတာဒါဇင်ချီ နောက်ဆုတ်လိုက်သည်။

“တာအိုစွမ်းအားလား”

လုကျိုး၏ ပုံရိပ်က ပုံမှန်ပြန်ဖြစ်လာသည့်အခါ တစ္ဆေအစေခံက ချုပ်နှောင်ရေးစည်းတံဆိပ်မှ ပျံသန်းလာသည်။

လုကျိုးက ဖျက်ကနဲ ပျောက်ကွဘ်သွားပြီး ချုပ်နှောင်ရေးစည်းတံဆိပ်အပေါ် ကျရောက်လာသည်။

ပေါင်တစ်ထောင်ခွန်အား၏ သက်ရောက်မှုမပါဘဲ သူက လက်ဝါးဖြင့် ချုပ်နှောင်ရေးစည်းတံဆိပ်ကို ဖိချလိုက်သည်။ အံ့ဖွယ်စွမ်းအားက ချုပ်နှောင်ရေးစည်းတံဆိပ်ကို အလျင်အမြန် လွှမ်းခြုံသွား၏။

“ကျဆင်းစေ”

“ဝုန်း”

ကမ္ဘာမြေ တုန်လုမတတ် စွမ်းအားတစ်ခုက တစ္ဆေအစေခံကို ဖိနှိပ်လိုက်သည်။

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်”

“ဝုန်း”

ချုပ်နှောင်ရေးစည်းတံဆိပ်က ထပ်မံကျဆင်းလာသည်။

လုကျိုးက ချက်ခြင်းဆိုသလို ထရပ်လိုက်၏။

အားလုံးက ထိုအရာကို ကြည့်ရင်း အံ့အားသင့်နေကြသည်။ ဆရာတပည့် နှစ်ယောက်လုံး ငကြောင် ဖြစ်၏။ သူတို့က ရန်သူကို ပြန်လည်တုံ့ပြန်ဖို့ အခွင့်အရေးပင် မပေးကြပေ။

ထိုစဥ် ထိုအရာကို မြင်တွေ့ပြီး ဒုတိယတစ္ဆေအစေခံက လုကျိုးအား သူ့ညီအစ်ကိုကို သတ်ပစ်မည့်အရေးကို မည်သို့ ကြည့်နေနိုင်မည်နည်း။ သူက လုကျိုးကို တားဆီးဖို့ ပျံသန်းလာခဲ့သည်။ ရုတ်ခြည်းဆိုသလို ကောင်းကင်အထက် ပုံရိပ်များက ထွက်ပေါ်လာခဲ့၏။

လုကျိုးက လှည့်ပင်မကြည့်ပေ။ သူ့ခြေထောက်အောက်ရှိ ရွှေရောင်ကြာက ပွင့်လန်းလာသည်။

“မီးတောက်ရွှေကြာ”

ဤသည်က လုကျိုး၏ ပထမ မွေးဖွားစမ်းသပ်ချက်၏ စွမ်းရည် ဖြစ်သည်။ ကံမီးတောက်အပြင် ကြာပွင့်က သူ့အံ့ဖွယ်စွမ်းရည် လေးပုံပုံတစ်ပုံဖြင့် ပေါင်းစည်းထားလေသည်။ တစ်စ္ဆေအစေခံက ထိုအရာကို မည်သို့တောင့်ခံထားနိုင်မည်နည်း။

“ဘမ်း”

ကောင်းကင်ရှိ ပုံရိပ်က ပျောက်ကွယ်သွားလေ၏။ ဒုတိယတစ္ဆေအစေခံက သွေးတစ်ပွက် အန်လိုက်ရပြီး ကံမီးတောက်က သူ့ရင်ဘတ်အပေါ် ကျရောက်လာသည်။ သူ့မျက်နှာမှ သွေးများ စီးကျလာသည်။ သူက လွင့်စဉ်သွားသည့်အခါ လုကျိုးကို မျှော်လင့်ချက် ကုန်ခမ်းစွာ ကြည့်လိုက်သည်။ ထိုစဥ် သူက သဘောပေါက်သွားခဲ့၏။ သူက ပုရွတ်ဆိတ်တစ်ကောင်သာဖြစ်ပြီး တစ်ဖက်လူက မြင့်မားသည့် ဧရာမ သစ်ပင်ကြီးတစ်ပင် ဖြစ်လေသည်။ သူက အစမှ အဆုံးထိ တစ်ဖက်လူအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပေ။ လုကျိုးက ချုပ်နှောင်ရေးစည်းတံဆိပ်ကို ထပ်မံထုတ်ဖော်လိုက်ပြီး လေထုထဲ ပစ်ခွင်းလိုက်သည်။

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ရရှိပါတယ်”

လုကျိုးက ပြောလိုက်သည်။

“ယွီကျန့်ဟိုင်”

ယွီကျန့်ဟိုင်က သူ့ဓားမော့ဖြင့် ပျံသန်းလာသည်။

“ကျန်တာကို ကျွန်တော့ဆီ အပ်ထားလိုက်ပါ”

ဤတစ်ကြိမ် ချုပ်နှောင်ရေးစည်းတံဆိပ်အောက်မှ ရှေးဦးချီ မုန်တိုင်းတစ်ခု အစပျိုးလာသည်။ သို့သော် ချုပ်နှောင်ရေးစည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် မုန်တိုင်းက လေလည်သကဲ့သို့ ဖြစ်နေလေ၏။

လုကျိုးက အခြားသော တစ္ဆေစေခံများကို ကြည့်ရင်း ပြောလိုက်သည်။

“မင်းတို့ဆီမှာ ဘာရှိသေးလဲ အကုန်ထုတ်သုံးလိုက်”

ကျန်ရှိနေသည့် တစ္ဆေအစေခံများက လေထုထဲ ရှိနေသည့် ချင်နိုင်ဟယ်ကို ကြည့်လိုက်ကြသည်။

သူက ရယ်မောပြီး ပြောလိုက်၏။

“အခု နားလည်သွားပြီ။ မင်းက သူတို့နဲ့ ပူးပေါင်းနေတာပဲ။ ဒီခရီးလမ်းက ဒီလောက်ထိ ချောမွေ့နေတာ မထူးဆန်းတော့ဘူး။ သခင်လေးက တစ်ဖက်လူက ဘယ်လောက်ကောင်းလဲဆိုတာ မသိတာလည်း မထူးဆန်းတော့ဘူး။ အရမ်းကောင်းတယ် ချင်နိုင်ဟယ်”

ချင်နိုင်ဟယ်က ဝင်ရောက်မစွက်ဖက်ပဲ သူက ပြန်ပြောလိုက်၏။

“ငါက သူတို့နဲ့ ပူးပေါင်းတယ်တဲ့လား။ ငါက မင်းတို့ကို မလာဖို့ တားဆီးခဲ့တာပဲ။ ဒါပေမဲ့ မင်းတို့အားလုံးက ဒီအခြေအနေရောက်သွားမှ ငါ့ကို အပြစ်တင်နေတာလား”

တစ္ဆေအစေခံက အော်ပြောလိုက်သည်။

“သူက ငါတို့ရဲ့ သခင်လေးပဲ။ ချင်နိုင်ဟယ် မင်းရဲ့မျိုးရိုးက ချင်ဆိုတာကို မေ့သွားပြီလား”

ချင်နိုင်ဟယ်က ခေါင်းယမ်းလိုက်သည်။ သူက ကောင်းကင်အထက် မြင့်မြင့်ပျံသန်းပြီး အချိန်မရွေးပျံသန်းဖို့ ပြင်ဆင်ထားလိုက်သည်။ သူတို့ကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုက ကြီးကျယ်လှမှန်း သိသာလှ၏။

တစ္ဆေအစေခံက အရူးတစ်ယောက်ပမာ ရယ်မောပြီး ပြောလိုက်သည်။

“တစ္ဆေအစေခံ ငါတို့က တစ်ဘဝလုံး ကျွန်တွေပဲ။ ငါတို့ရဲ့ဘဝက ငါတို့အပိုင် မဟုတ်ဘူး။ ဆရာသခင်ချင်ရဲ့ ဒေါသကို စောင့်ကြတာပေါ့”

ထို့နောက် တစ္ဆေအစေခံက သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကို လက်၂ချောင်းဖြင့် ရိုက်ခတ်လိုက်သည်။ သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်လောင်ကျွမ်းသွားသည့်အခါ သူပါ စတင်လောင်ကျွမ်းလာ၏။ ထို့နောက် မီးဖြင့်ဝါးမျိုခံလိုက်ရပြီး မီးလူသား ဖြစ်လာခဲ့သည်။

သိပ်မကြာခင် သူ့အ‌ရေပြား၊ ဆံပင်၊ အသွေးအသားနှင့် အဝတ်က ပြာဖြစ်သွားလေသည်။ အဆုံးသတ်၌ အရိုးသာ ကျန်ရှိတော့၏။ ထို့နောက် ထိုအရိုးခြောက်ထဲရှိ လောင်ကျွမ်းနေသည့် မီးတောက်က စတင်ပျော်လာသည်။

“မင်းရဲ့ သေဆုံးမှုအတွက် ငါ့ရဲ့ ဘဝကို စတေးမယ်”

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

ဒါက ဘယ်လိုတိုက်ကွက်လဲ...

လုကျိုးက သူသည် စုန်းအတတ်ပညာများကို အမုန်းတီးဆုံးဖြစ်ကြောင်း တွေ့မိသွား၏။ သို့သော်လည်း ထိုနည်းစနစ်ကို မြင်သည့်အခါ ပိုမိုပင် ရွံရှာမိသွားသည်။

မီးတောက်က ဆက်လက်လောင်ကျွမ်းလာနေလေ၏။

ချင်နိုင်ဟယ်က ခေါင်းယမ်းလိုက်လေသည်။

“ဒါက အစစ်အမှန် မီးတောက်ပဲ”

လုကျိုးက ချင်နိုင်ဟယ်ကို ကြည့်ကာ မေးလိုက်သည်။

“ချင်နိုင်ဟယ် ငါ့ကို သေချာကြည့်ထား။ မင်း ငါ့ကို မှတ်မိပြီလား”

ထို့နောက် လုကျိုးက ရုပ်ဖျက်ကတ်ကို ခြေမွှလိုက်သည်။ သူက လေထုထဲ တလူလူလွင့်နေသည့် ဝတ်ရုံဖြင့် လေထုထဲ ရောက်ရှိလာသည်။ သူ့ဆံပင်များက ဖြူဖွေးသွားလေ၏။ သူ့မျက်ဝန်းက နက်ရှိုင်းနေကာ ပညာရှိတစ်ယောက်နှင့် တူစေသည်။

ချင်နိုင်ဟယ်က မျက်လုံးအပြူးသားဖြင့် နောက်ဆုတ်လိုက်သည်။

“ခင် ခင် ခင် … ခင်ဗျားက အဲဒီဆရာသခင်လား”

...

အခန်း (၁၂၀၃) အနီရောင်ကြာနယ်မြေမှ အစစ်အမှန်မီးတောက်လောင်ကျွမ်းနေ

ချင်နိုင်ဟယ်သည် လေပြည်အေးတောင်ကြားထဲရှိ လက်ဝါးရိုက်ချက်ကိုမှတ်မိနေသေးသည်။ သူက မရင်းနှီးသည့် ကျင့်ကြံသူများကို ဖြေရှင်းရာ၌ အလွန်အတွေ့အကြုံရှိခဲ့သည်။ သူက သေရေးရှင်ရေး အခြေအနေများစွာလည်း တွေ့ကြုံခဲ့ဖူး၏။ ထို့ကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် အကောင်းဆုံး ဆောင်ရွက်တတ်ပြီး သူ ခံစားခဲ့ရသည့် တစ်ခုတည်းသော အချိန်က လေပြည်အေးတောင်ကြားထဲတွင်ရှိစဉ်က ဖြစ်သည်။

ချင်နိုင်ဟယ်သည် ယခုချင်မော့ရှန်း ယခင်က မွေးဖွားဇယားချပ်တစ်ခုဆုံးရှုံးခဲ့ပုံကို နားလည်သွားပြီ ဖြစ်သည်။ ယခင်က ချင်မော့ရှန်း၏ မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးနိုင်ခဲ့သည့်သူက အလွန်သန်မာသည့်သူ ဖြစ်ရမည်ဟု သူ မှန်းဆမိပြီးသားဖြစ်သည်။ သူက ချင်မော့ရှန်းကို ဤနေရာသို့ မလာရန် အကြံပေးခဲ့၏။ သို့သော် ချင်မော့ရှန်းက နားမထောင်ခဲ့ပေ။ ဆရာသခင်ချင်က အဟန့်အတားအဖြစ်ရှိနေလိမ့်မည်ဟု ချင်မော့ရှန်း ထင်ခဲ့၏။ လက်စားချေခြင်းက စိတ်လိုက်မာန်ပါ ပြုမူခြင်းဖြစ်ပြီး တုံးအရာရောက်လွန်းသည်။ ပါးနပ်လွန်းသူတချို့က ထိုမျှ အဆင်အခြင်မဲ့မှာမဟုတ်။ သူ ထင်ထားသည့်အတိုင်းပင် ချင်မော့ရှန်းသည် ချင်မျိုးနွယ်၏ ပါရမီရှင်တစ်ယောက် ဖြစ်သော်ငြား သူ၏မောက်မာထောင်လွှားသောအကျင့်စရိုက်၊ သည်းမခံနိုင်သော အကျင့်စရိုက်ကြောင့် ချင်မော့ရှန်းသည် ရှုံးနိမ့်ရန် ကံပါပြီးသားဖြစ်သည်။

လူငယ်မျိုးဆက်၏ ကျင့်ကြံသူအများစုက သူတို့၏မိဘများ သင်ပြပေးခြင်းခံထားရပြီး အကြီးအကဲများ၏ သင်ကြားပြသမှုကို ရရှိကာ ကိစ္စရပ်များဖြေရှင်းချိန်၌ သတိတရားနှင့်ဆောင်ရွက်ရန် သင်ပြခြင်းခံထားရသည်။ ချင်မော့ရှန်းသာလျှင် ဟာသတစ်ခုဖြစ်နေ၏။

ချင်နိုင်ဟယ်က ရယ်မောပြီးပြောလိုက်၏။ "ဒီတော့ လောင်ချန်းပေ့ကိုး ... အံ့ဩစရာမရှိဘူး။ အံ့ဩစရာမရှိဘူး”

ချင်နိုင်ဟယ်၏စကားက တစ္ဆေအစေခံ၏အတွေးကို အတည်ပြုပေးလိုက်သည်။ သူ၏မီးတောက်က လောင်ကျွမ်းနေစဉ် မီးတောက်အရိုးခြောက်က အစိမ်းရောင်ကြယ်တာရာဒိုင်ခွက်တစ်ခုကို ရုတ်တရက် ဖွဲ့တည်လိုက်၏။

အစိမ်းရောင်ကြယ်တာရာဒိုင်ခွက်က ကောင်းကင်ထဲပျံသန်းလာစဉ် ၎င်းက အစစ်အမှန်မီးတောက်နှင့် စတင်လောင်ကျွမ်းလာတော့သည်။ ပြီးနောက် တလက်လက်တောက်ပနေသော အလင်းတို့ဖြင့် မွေးဖွားဇယားချပ်၁၅ခုက ရှေ့သို့ပေါ်ထွက်လာလျက် အလင်းတန်းများပစ်ထုတ်တော့သည်။ များပမာ ၎င်းတို့သည် တိမ်တိုက်တောင် ၁၂ဂိုဏ်းဆီသို့ ဝင်ရောက်သွားသည်။

နျဲ့ချင်းယွင်သည် ဒေါသကြောင့် မျက်လုံးများပြူးကျယ်လာ၏။ ယခုအချိန်တွင် သူ စကားမပြောနိုင်တော့ပေ။

“ဂိုဏ်းချုပ် နောက်ဆုတ်ပါ။ အခုအချိန်က အရေးကြီးတာက အသက်ရှင်ဖို့ပါ” အကြီးအကဲနှစ်ဦးသည် အဝေးသို့ ပျံသန်းသွားစဉ် နျဲ့ချင်းယွင်ကိုပါ သူတို့နှင့်အတူ ဆွဲခေါ်သွား၏။

သူတို့နောက်မှ တပည့်ပေါင်းထောင်ချီ နီးကပ်စွာ လိုက်ပါလာသည်။ မြေပြင်ပေါ် မီးမြှားများ ရွာသွန်းကျလာ၏။

စည်းတံဆိပ်တစ်ခုသည် ရထားလုံးပျံနားတဝိုက်ပေါ်လာပြီး မီးကိုတားထားသည်။

ယခုအချိန်တွင် လုကျိုးက တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ပျံသန်းလိုက်၏။ သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်သည်။

လုကျိုး၏ကြယ်တာရာဒိုင်ခွက်က လျင်မြန်စွာ ကြီးထွားလာပြီး ကောင်းကင်ကို လွှမ်းမိုးလိုက်သည်။

ပြီးနောက် လုကျိုးသည် သူ၏ကောင်းကင်စွမ်းအားဖြင့် ကြယ်တာရာဒိုင်ခွက်ကို အပြည့်အဝနှိုးဆွပေးလျက် မီးမိုးရွာသွန်းမှုကို ပိတ်ဆို့ပေးလိုက်သည်။

ချင်နိုင်ဟယ် ဘာလုပ်မလဲ သူ သိချင်မိသည်။ သူ ခြုံခိုတိုက်ခိုက်မည်လော။

မီးတောက်တစ္ဆေခံက ခြိမ်းခြောက်လိုက်၏။

“မင်း အညံ့ခံလိုက်တော့”

မီးလုံးတစ်လုံးပမာ တစ္ဆေအစေခံက လုကျိုးဆီသို့ တဟုန်ထိုးတိုးဝင်လာသည်။ မီးတောက်တစ္ဆေအစေခံက ပါးစပ်ကိုကျယ်လောင်စွာဟလျက် အော်ပြောလိုက်သည်။ “မင်း အညံ့ခံလိုက်တော့”

“အစစ်အမှန်မီးတောက်က အလွယ်တကူ ငြိမ်းတော့မှာ မဟုတ်ဘူး ချန်းပေ့။ တာအိုရဲ့ တစ္ဆေအစေခံကို ဖျက်ဆီးဖို့ ပိုလွယ်လိမ့်မယ်” ချင်နိုင်ဟယ်က ပြောလိုက်၏။

လုကျိုးက ချင်နိုင်ဟယ်ကို လျစ်လျူရှူထားလိုက်သည်။

ငါက ဆရာသခင်တစ်ပါးမဟုတ်ဘူး။ ငါက ဘယ်လိုလုပ် တာအိုစွမ်းအားသုံးနိုင်မှာလဲ။

လုကျိုးသည် လျင်မြန်စွာချဉ်းကပ်လာသည့် မီးတောက် တစ္ဆေအစေခံကို ကြည့်လိုက်၏။ လက်တစ်ဖက်ဖြင့် သူသည် မီးမိုးကို ပိတ်ဆို့ရန် ကြယ်တာရာဒိုင်ခွက်ကို မြှောက်ကိုင်လိုက်သည်။ ပြီးနောက် ကျန်လက်တစ်ဖက်ဖြင့် တွန်းထုတ်လိုက်တော့သည်။

ဝှစ်

တစ္ဆေအစေခံဖြစ်ခဲ့ဖူးသည့် မီးတောက်အရိုးခြောက်က လုကျိုး၏လက်ဝါးစည်းတံဆိပ်နှင့်တိုက်မိသွားသည်။ ဖိအားနှစ်ခုက ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေပြီး တစ်ဖက်နှင့်တစ်ဖက်တိုးနေ၏။

ရုတ်တရက်ကြီးမားသောဖိအားသည် လုကျိုးကို နောက်သို့တွန်းထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက မီတာထောင်ချီအကွာအထိ အတွန်းခံလိုက်ရ၏။ ထင်သည့်အတိုင်းပင် မွေးဖွားဇယားချပ် ၁၅ခုကျင့်ကြံသူက အစွမ်းထက်လွန်းလှပေသည်။

လူတိုင်းကြောက်ရွံ့သွားတော့သည်။

ဆန့်ကျင်ဖက်အနေဖြင့် ချင်နိုင်ဟယ်က ဇဝေဇဝါဖြစ်သွားတော့၏။ သူက ဆရာသခင်တစ်ပါးပဲကို ဘာကြောင့်များ တာအိုစွမ်းအား မသုံးရတာလဲ။ သူ့ရဲ့ရန်သူကို ဆော့ကစားနေတာလား ....

ချင်နိုင်ဟယ်သည် လေပြည်အေးတောင်ကြားထဲရှိ လက်ဝါးရိုက်ချက်ကို ပြန်တွေးမိလိုက်၏။ လက်ဝါးရိုက်ချက်၌ တာအိုစွမ်းအားမပါသော်ငြား ၎င်း၏ဖိအားသည် ဆရာသခင်တစ်ပါး၏ ဖိအားဆိုတာ ကြိမ်းသေ၏။

ချင်နိုင်ဟယ်က ငုံ့ကြည့်လိုက်မိသည်။ မြေပြင်က ယခုအချိန်၌ မီးပင်လယ်ပမာဖြစ်နေတော့သည်။

ထိုစဉ် ယွီကျန့်ဟိုင်က ချုပ်နှောင်ရေးစည်းတံဆိပ်ကို ဖိထားပြီး တတိယမြောက် တစ္ဆေအစေခံ မလှုပ်နိုင်အောင် ထိန်းချုပ်ထားလိုက်၏။

ချင်နိုင်ဟယ်သည် ယခုအချိန်က လှုပ်ရှားရန်အချိန်ကောင်းမှန်း သိလိုက်သည်။ သူ မည်သူ့ကို တိုက်ခိုက်စေကာမူ တိုက်ပွဲ၏ဒီရေကို ပြောင်းလဲစေလိမ့်မည်။ သူ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ သူ့ရင်ထဲ နှလုံးခုန်နှုန်းမြန်နေတာကို ခံစားမိသည်။ ပုရွက်ဆိတ်အကောင်ရေ တစ်သောင်းက ယခုအချိန်၌ သူ၏ခန္ဓာကိုယ်ပေါ် တွားသွားနေသလိုပင်။ သူ စိတ်လှုပ်ရှားနေ၏။ သူ တွေဝေနေသလိုပင်။ သူ လှုပ်ရှားရမလား မလှုပ်ရှားရဘူးလား။ သူ့ရဲ့ရပ်တည်ချက်ကို ရှင်းလင်းအောင် မလုပ်သင့်ဘူးလား။

ထိုစဉ် ချင်မော့ရှန်းက ခဲရာခဲဆစ်ခေါင်းမော့ပြီး ချင်နိုင်ဟယ်ကို လက်ညှိုးထိုးပြလိုက်၏။ “သစ္စာဖောက်”

တုံ့ဆိုင်းနေသေးသော ချင်နိုင်ဟယ်က မျက်မှောင်ကျုံ့မိသွား၏။ သူက လှည့်ကြည့်ပြီး မီတာတစ်ထောင်အကွာသို့ နောက်ဆုတ်သွားကာ ချင်မော့ရှန်း၏သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ပေ။ သူ လှည့်လိုက်သည့်အချိန်တွင် သူ၏အမြင်နှင့် ဗဟုသုတအားလုံးကို ပြောင်းပြန်လှန်နိုင်သည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။

“သွားတော့”

လုကျိုးသည် ကောင်းကင်စွမ်းအားတဝက်နီးပါးကို ချက်ချင်းအသုံးချလိုက်သည်။

ဘန်း

လက်ဝါးစည်းတံဆိပ်သည် ရုတ်တရက်အဆပေါင်းများစွာ တိုးလာ၏။

မီးတောက်တစ္ဆေအစေခံ၏ညာဖက်ခြေချောင်းရိုးက ချက်ချင်းကျိုးသွားလေ၏။ ဧရာမအဟုန်ကြောင့် အရိုးခြောက်က ကောင်းကင်တမျှကြီးမားသည့် လက်ဝါးစည်းတံဆိပ်နှင့်တိုက်မိသွားပြီး နောက်သို့ လွင့်သွားကာ ပြုတ်ကျသွားတော့သည်။

ဤနည်းဖြင့် လုကျိုး၏ လက်ဝါးစည်းတံဆိပ်လည်း လွင့်ထွက်လာသည်။ ပြီးနောက် ၎င်းသည် အဆပေါင်းများစွာ အရွယ်အစား တိုးလာသည်။

တစ္ဆေအစေခံ၏ ဦးခေါင်းခွံပေါ်ရှိ မေးရိုးက တုန်ယင်နေကာ တဂတ်ဂတ်မြည်နေတော့သည်။ သို့သော် မည်သည့်စကားမှ ထွက်မလာတော့ပေ။ သူ ဘာပြောနေမှန်း မည်သူမှမသိ။ ယခုအရိုးခြောက်သာ ဖြစ်နေသောကြောင့် ၎င်း၏မျက်နှာပေါ်ရှိ ကြောက်လန့်နေသော အမူအရာကို မည်သူမှ မမြင်နိုင်တော့ပေ။

မီးတောက် တစ္ဆေအစေခံဆီ လိုက်နေသည့် လက်ဝါးစည်းတံဆိပ်ကို လူတိုင်းက ကြည့်နေမိသည်။

တစ္ဆေအစေခံမြေပြင်ပေါ် ပြုတ်မကျခင် ...

ဖုန်း

ကောင်းကင်စွမ်းအားကိန်းအောင်းနေသည့် လက်ဝါးစည်းတံဆိပ်က ရုတ်တရက်အရှိန်တိုးလာပြီး အရိုးခြောက်ကို ရိုက်မိသွားကာ ၎င်းကို မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းအစစဖြစ်အောင် ချေမွလိုက်သည်။

“...”

ဝေဟင်ထဲကြယ်တာရာဒိုင်ခွက်က လည်ပတ်နေပြီး ပြုတ်ကျသွားတော့သည်။

“ဒါက ဘယ်လိုရွံ့စရာကောင်းတဲ့ နည်းစနစ်မျိုးလဲဆိုတာ မြင်ချင်တယ်”

လုကျိုး၏ လက်ဖဝါးထဲတွင် ဓားအသွင်ဖြင့် အမည်မဲ့က ပေါ်လာသည်။ သူက ချင်နိုင်ဟယ်ကို တစ်ချက်ကြည့်လျက် လက်ကိုတွန်းထုတ်လိုက်သည်။ အမည်မဲ့က ကြယ်တာရာဒိုင်ခွက်ဆီသို့ တဟုန်ထိုးတိုးဝင်သွား၏။

ဘန်း

ကြယ်တာရာဒိုင်ခွက်က လန်သွားပြီး အမည်မဲ့ကြောင့် လွင့်ထွက်သွားလေ၏။

ပြိုကွဲသွားသောအရိုးခြောက်သည် ပြန်လည်ဖွဲ့တည်ရန် ကြယ်တာရာဒိုင်ခွက်၏ စွမ်းအားကို အားကိုးရမည့်ပုံပေါ်သည်။

ထိုစဉ် ချင်နိုင်ဟယ်၏အသံက လုကျိုး၏နားထဲ ရောက်လာ၏။

“သူ့ကို ဂရုစိုက်ဖို့ မလိုတော့ဘူး။ သူ့ရဲ့စွမ်းအားက မကြာခင်ပျောက်ကွယ်တော့မှာ”

လုကျိုးက ချင်နိုင်ဟယ်ကို လျစ်လျူရှုလိုက်၏။ သူသည် သူ၏ကျန်ရှိသည့်ကောင်းကင်စွမ်းအားကို သုံးလျက် မရေမတွက်နိုင်သော ဓားစွမ်းအင်များပစ်လိုက်သည်။

စွမ်းအင်ဓားတို့သည် နဂါးများပမာ ကြယ်တာရာဒိုင်ခွက်ဆီပျံသန်းသွားတော့သည်။ တစ်ခုပြီးတစ်ခု ကြယ်တာရာဒိုင်ခွက်ပေါ်ရှိမွေးဖွားဇယားချပ်များကို ထိုးဖောက်သွားသည်။ သန်မာသော ခုခံမှုဖြင့် ထိုဇယားချပ်များသည် အလွန်ဆုံးမှ စွမ်းအင်ဓားသုံးခု လေးခုသာ ခံနိုင်ရည်ရှိ၏။ ပိုအားနည်းသည့် ကြယ်တာရာဒိုင်ခွက်များသည် စာရွက်များပမာ ကျိုးပဲ့လွယ်သည်။ ကောင်းကင်စွမ်းအင်ကိန်းအောင်းနေသော ဓားများကြောင့် အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”

လုကျိုးသည် စနစ်အသိပေးစာများ ဆက်တိုက်ရနေပြီး တစ္ဆေအစေခံ၌ မွေးဖွားဇယားချပ် ၃ခုသာ ကျန်တော့သည်။ ထိုစဉ် ကြယ်တာရာဒိုင်ခွက်က ရုတ်တရက်အက်ကွဲသွား၏။

ကနဦးချီမုန်တိုင်းက ရုတ်တရက်ပေါ်ပေါက်လာကာ နောက်ဆုံးမွေးဖွားဇယားချပ် ၃ခုကို ဖျက်ဆီးလိုက်၏။

မီးတောက်အရိုးခြောက်က ဟိန်းဟောက်လိုက်သည်။ “သေ ... ငါနဲ့သေပေတော့”

ကနဦးချီမုန်တိုင်းက တိမ်တိုက်တောင် ၁၂ဂိုဏ်းပေါ်၌ သောင်းကြမ်းနေတော့သည်။

ကနဦးချီမုန်တိုင်းအောက်တွင် အစစ်အမှန်မီးတောက်က တောက်လောင်နေပြီး ပိုတောင် မြန်ဆန်သောအရှိန်ဖြင့် လောင်ကျွမ်းနေ၏။

လုကျိုးသည် တိမ်တိုက်တောင်၁၂ဂိုဏ်း၏တောအုပ်ကို ဝါးမြိုနေသော မီးပင်လယ်ကို ကြည့်မိသွားသည်။

ကျင့်ကြံခြင်းလောကက ကနဦးချီကြွယ်ဝပြီး သဘာဝပေါက်ပင်တို့သည် ကမ္ဘာပေါ်ရှိ အပင်များထက် သာလွန်၏။

မီးပင်လယ်ထဲတွင် မီးအရီုးခြောက်ကလှဲနေလျက် ရူးသွပ်စွာ ရယ်မောနေတော့သည်။

ဝှစ်

အဝေးကနေရထားလုံးပျံတစ်စင်း ပျံသန်းလာ၏။

ယွီကျန့်ဟိုင်သည် လေထဲ မီးညွန့်များ ကခုန်နေသည်ကို မြင်သောအခါ သူသည် မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို သုံးလျက် ကောင်းကင်ကိုကာကာ မီးတောက်များကို ဖြတ်တောက်လိုက်၏။ လေထဲ၌ ရေနဂါးဟိန်းသံပေါ်ထွက်လာပြီး မီးငြှိမ်းရန် ရေလှိုင်းများစွာကို ပေါ်လာစေ၏။

အစစ်အမှန်မီးတောက်က လျင်မြန်စွာပေါ်ထွက်လာပြီး လောင်ကျွမ်းလာပြန်၏။

ယွီကျန့်ဟိုင်က ချုပ်နှောင်ရေးစည်းတံဆိပ်ကို ဘေးတစ်ဖက်ကိုကပ်ပြီး မြေပြင်ပေါ်တွင်လှဲနေသော တစ္ဆေအစေခံကို ကြည့်လိုက်၏။ ပြီးနောက် ကောင်းကင်အပြည့်စွမ်းအင်ဓားမော့များက သက်ညှာမှုမရှိ ရွာသွန်းကျလာသည်။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”

“တင်း ... ပစ်မှတ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၁၅၀၀”

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”

ဤနည်းဖြင့် တစ္ဆေအစေခံတစ်ယောက် သေသွားတော့သည်။ သို့သော် ယွီကျန့်ဟိုင်က လုံလောက်သည်ဟု မခံစားရပေ။ စွမ်းအင်ဓားမော့များက အချိန်အတော်ကြာ ကျဆင်းနေ၏။ ပြီးတော့မှ သူ့ဖာသာသူရေရွတ်ပြောကာ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။

“ဒီနည်းနဲ့မှ သူ အသက်ပြန်မရှင်လာမှာ”

မီးတောင်များဆက်လက်လောင်ကျွမ်းနေစဉ် ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို အဝေးသို့ တွန်းထုတ်လျက် ရထားလုံးပျံဆီ ပျံသန်းသွားသည်။

မီးတောက်များက မှန်းဆမရသောအရှိန်ဖြင့် ပြန့်ကားလာ၏။ ထို့အပြင် အနီရောင်ကြာနယ်မြေရှိ ဆိုးရွားသောရာသီဥတုများက မီးကို မီးလောင်ရာလေပင့်နေတော့သည်။

တိမ်တိုက်တောင် ၁၂ဂိုဏ်းက အသက်ရှိုက်စာအနည်းငယ်အတွင်း မီးပင်လယ်ထဲနစ်မြှုပ်သွား၏။

မြေပြင်ပေါ်ရှိ အရိုးခြောက်က လုကျိုးကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။ “ဆရာသခင်ချင်က ယင်းကို သေချာပေါက်တတ်မှာ”

လုကျိုးက နောက်ထပ်လက်ဝါးစည်းတံဆိပ်ထုတ်သုံးလိုက်သည်။

ဖုန်း

လက်ဝါးစည်းတံဆိပ်သည် တောင်တစ်တောင်၏အမြင့်ကို သယ်ဆောင်လာပုံပေါ်ကာ အရိုးခြောက်ပေါ်ဖိချလိုက်သည်။

ဂျွတ်

ယခုအခေါက်တွင် ၎င်းက အပိုင်းအစများအဖြစ် ပြိုကွဲသွားပြီး ပြန်ဖွဲ့တည်ခြင်းမရှိတော့ပေ။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀ နယ်မြေအပို ဆုလာဘ် ကုသိုလ်မှတ် ၁၅၀၀”

All Chapters