အခန်း (၁၂၁၀-၁၂၁၂)
Vol. 81 Ch. 1210-1212
အခန်း (၁၂၁၀) ငါ့ဆီမှာ ရည်ရွယ်ချက်ကောင်းတွေ ရှိတယ်
လုကျိုးက လေထဲ ဝဲပျံနေရင်း ကျင့်ကြံသူလေးဦး ထွက်သွားသည့်နေရာဆီ လှမ်းကြည့်လိုက်သည်။
မင်ရှစ်ရင်က ပြောလိုက်သည်။
"ရှစ်စွင်း ကျွန်တော်တို့တွေ ကျင့်ဝတ်တွေအကြောင်း ထည့်ပြီး စဉ်းစားနေစရာ မလိုပါဘူး။ သူတို့က တခြားသူဆီကနေ လုယက်လာတာ ဖြစ်နိုင်တာပဲ။ အဲဒါက လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်တွေလေ”
ထိုစဉ် လုကျိုးက မုတ်ဆိတ်သပ်တာ ရပ်ပြီး ပြောလိုက်သည်။
"အခု အချိန်ကျပြီ"
ထို့နောက် သူက ရနံ့စွမ်းအားကို အသုံးပြုလိုက်၏။ သူက လက်နောက်ပစ်ကာ ရနံ့နောက် လိုက်ပါသွားသည်။
တခြားသောလူများကလည်း ကြောင်အမ်းသွားကြပြီး လုကျိုး၏ အဓိပ္ပာယ်ကို နားမလည်ကြပေ။ သူတို့လုပ်နိုင်သည့်အရာက သူ့နောက်မှ လိုက်ဖို့သာ ဖြစ်၏။
တောအုပ်ကို ဖြတ်သန်းပြီးနောက် သိပ်မကြာခင် လုကျိုးက ရုတ်ခြည်း ရပ်တန့်လိုက်သည်။ သူက ရှေးဟောင်းသစ်ပင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
"မင်းတို့တွေ ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်မလား"
ကျင့်ကြံသူလေးဦးက ရှေးဟောင်းသစ်ပင်နောက်မှ တအံ့တဩအမူအရာဖြင့် ထွက်လာသည်။
"လူကြီးမင်းက နေ့ခင်းကြောင်တောင် ဓားပြတိုက်ဖို့ စီစဉ်နေတာလား" မျက်နှာဖုံးနှင့် ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။
"မဟုတ်ဘူး။ ငါက နေ့ခင်းကြောင်တောင် ဓားပြတိုက်ဖို့ မဟုတ်ဘူး။ မင်းတို့နဲ့ အပေးအယူလုပ်ချင်ရုံပဲ” လုကျိုးက ပြောလိုက်သည်။
"အဲဒီအတွက် မလိုပါဘူး။ ကျုပ်တို့နောက် ထပ်လိုက်မလာနဲ့” မျက်နှာဖုံးတပ်ကျင့်ကြံသူများ၏ ခေါင်းဆောင်က ပြောလိုက်သည်။
"ငါက ရည်ရွယ်ချက်ကောင်းနဲ့ပါ။ မင်းတို့ခန္ဓာကိုယ်အပေါ်မှာရှိတဲ့ ခရမ်းရောင်စွမ်းအားက လီလီဆီကပဲ။ ပြီးတော့ စွမ်းအားရဲ့ ပြင်းထန်ပုံအရဆိုရင် မင်းတို့က လီလီသားရဲဘုရင်နဲ့ တွေ့ခဲ့တဲ့ပုံပဲ" လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူများက ထိုအရာကို မငြင်းကြပေ။
"ကျုပ်တို့ပြဿနာကို ကျုပ်တို့ဖြေရှင်းပါမယ်”
"ငါ သိထားသလောက် လီလီရဲ့တိုက်စားစွမ်းအင်ကို ဖယ်ရှားဖို့ မလွယ်ဘူး။ တကယ်လို့ သုံးရက်အတွင်း မကုသဘူးဆိုရင် တိုက်စားစွမ်းရည်တွေက ယိုယွင်းသွားနိုင်တယ်။ အဲဒီနောက်မှာဆိုရင်တော့ အခွင့်အရေး မရှိတော့ဘူး” လုကျိုးက ပြောလိုက်သည်။
လုကျိုး၏ စကားဆုံးသည်နှင့် မီးခိုးရောင်ဝတ် ကျင့်ကြံသူတစ်ဦးက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မြေပြင်ပေါ် လဲကျသွားသည်။ သူက အပြင်းအထန် တုန်ယင်နေ၏။
“နံပါတ်နှစ်အစ်ကို”
“ဘာဖြစ်တာလဲ”
“လီလီရဲ့ တိုက်စားစွမ်းအင်က သူ့နှလုံးသားအထိ ရောက်ရှိသွားပြီ”
ကျန်ရှိနေသည့် ကျင့်ကြံသူများကလည်း တစ်ဦးနှင့် တစ်ဦးကြည့်ကာ ချွေးများရွှဲနစ်လာသည်။
လုကျိုးက ဆက်ပြောလိုက်သည်။
“ငါက တိုက်စားရေးစွမ်းအင်ကို ဖယ်ရှားပေးနိုင်တယ်။ မင်းတို့က လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ်ကို ပေး”
“…”
“နံပါတ်တစ်အစ်ကို … နံပါတ်နှစ်အစ်ကိုက သေတော့မယ်”
ကျင့်ကြံသူသုံးဦးက လဲကျသွားသည့် ကျင့်ကြံသူကို ထူပေးထားကြသည်။ အားလုံးက စိုးရိမ်ကာ စိတ်လှုပ်ရှားနေကြ၏။
“နံပါတ်နှစ်အစ်ကို”
မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်၏။
“ရှစ်စွင်း သူတို့ကို မကယ်လည်း ကိစ္စမရှိပါဘူး။ သူတို့အားလုံး သေတာနဲ့ ကျောက်တုံးတွေ အကုန်လုံးက ကျွန်တော်တို့အပိုင် ဖြစ်လာမှာပဲ”
“စစ်ရှစ်ရှိုးပြောတာ မှန်တယ်” ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူများ “…”
ကျင့်ကြံသူသုံးဦးက သူတို့၏ ဒဏ်ရာရ ရောင်းရင်းကို ဆွဲထူပေးကာ လေထဲ ပျံသန်းလိုက်ကြသည်။ သို့သော်လည်း သူတို့က မီတာအနည်းငယ်သာ ပျံပြီးသည့်နောက်တွင် ပြန်လည်ကျဆင်းလာ၏။ သူတို့က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ခြေမငြိမ်ဖြစ်လာကြသည်။
တခြားတစ်ဖက်တွင် ယင်ကျန်းလုနှင့် လုလီတို့က တိတ်ဆိတ်နေ၏။ သူတို့က တခြားသူကို အခွင့်ကောင်းယူရသည်ကို သဘောမကျကြပေ။
မင်ရှစ်ရင်က ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့အတွက် ဘာကောင်းမယ်ဆိုတာကို မသိကြဘူးပဲ။ တကယ်လို့ ကျုပ်တို့သာ ဓားပြတိုက်ချင်တယ်ဆိုရင် လုပ်ပြီးလောက်ပြီ။ ဘာလို့များ ခင်ဗျားနဲ့ စကားပြောပြီး အချိန်ဖြုန်းနေရမှာလဲ”
မီးခိုးရောင်ဝတ် ကျင့်ကြံသူက နောက်ဆုံးတွင် အသိရသွားသည်။
တစ်ယောက်ယောက်က မေးလိုက်၏။
“လူကြီးရေး တိုက်စားစွမ်းအင်ကို တကယ် ဖယ်ရှားပေးနိုင်တာလား”
တိုက်စားစွမ်းအင်ကို ဖယ်ရှားသည်က လွယ်ကူသည့် အရာ မဟုတ်ပေ။
လုကျိုးက ပြောလိုက်သည်။
“ယုံတာ မယုံတာက မင်းတို့ကိစ္စပဲ”
ကျင့်ကြံသူများ၏ ခေါင်းဆောင်က ခေတ္တမျှ တွေးပြီးသည့်နောက်တွင် အံကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ တကယ်လို့ တိုက်စားစွမ်းအင်ကို ဖယ်ရှားနိုင်တယ်ဆိုရင် လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်တွေက ခင်ဗျားအပိုင်ပဲ”
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။
“အနည်းဆုံးတော့ မင်းက တွေးတတ်သားပဲ”
လုကျိုးက အင်္ကျီလက်ဝှေ့ကာ လက်မြှောက်လိုက်သည်။ အံ့ဖွယ်စွမ်းအားနှင့် ဖွဲ့စည်းထားသည့် ရွှေရောင်ကြာပွင့်က သူ့လက်ဖဝါးအထက် ပေါ်ထွက်လာ၏။
“ရွှေရောင်ကြာလား” ခေါင်းဆောင်၏ မျက်ဝန်းအထက် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွား၏။
“မလှုပ်နဲ့” လုကျိုး၏ အသံက နက်နဲလာသည်။
ရွှေကြာက ဖြည်းဖြည်းချင်း ကျဆင်းလာ၏။ ထိုအရာ ပွင့်လန်းလာသည့်အခါ အားလုံးက ပါဝင်နေသည့် အသက်ဓာတ်စွမ်းအားကို ခံစားမိလိုက်ကြသည်။
လုကျိုးက အထွတ်အထိပ်ဆန်းကြယ်စွမ်းအားမှ အံ့ဖွယ်စွမ်းအားအဖြစ် အဆင့် မြှင့်တင်ပြီးသည့်နောက်တွင် ကုသရေးစွမ်းအင်ကို ထုတ်သုံးသည်က ပထမဦးဆုံးအကြိမ် ဖြစ်၏။
ရွှေကြာ၏ ကုသရေးစွမ်းအားက ကျင့်ကြံသူလေးဦး၏ ခန္ဓာကိုယ်ရှိ တိုက်စားရေးစွမ်းအင်များကို တိုက်ခိုက်နေသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက အလျင်အမြန် ပြန်လည်ကောင်းမွန်လာ၏။ ၁၅မိနစ်အတွင်း တိုက်စားရေးစွမ်းအား အားလုံးက ဖယ်ရှားပြီးသွားလေပြီ။
တွမ့်မူရှန်းက သူသတ်လိုက်သည့် လီလီများစွာကြောင့် တိုက်စားစွမ်းအင် ကူးစက်ခံခဲ့ရသည်။ နှိုင်းယှဉ်ပါက ထိုလေးဦးရှိ တိုက်စားစွမ်းအင်က ဖယ်ရှားဖို့ရာ လွယ်ကူ၏။
ရွှေကြာပွင့် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကျင့်ကြံသူလေးဦးက ကြောင်အမ်းနေကြလေ၏။ သူတို့က ခြေလက်ဆန့်ကာ မျက်နှာကို မယုံကြည်နိုင်စွာ ထိကြည့်လိုက်သည်။
မင်ရှစ်ရင်က အားနာမနေဘဲ ပြောလိုက်သည်။
“လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်”
လေးဦးက စိတ်လှုပ်ရှားမှုမှ ပြန်လည်ငြိမ်သက်လာကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က အချင်းချင်းကြည့်ကာ တိုးတိုးလေး ပြောလိုက်ကြ၏။ သူတို့က ဘာကို ဆွေးနွေးနေမှန်း မည်သူကမှ မသိကြပေ။
“မင်းတို့တွေ ကတိတည်တာ ကောင်းလိမ့်မယ်” ယန်ကျန်းလော့က ဝင်ပြောလိုက်၏။
ယန်ကျန်းလော့၏ အသံကျရောက်လာသည်နှင့် ကျင့်ကြံသူလေးဦးက တစ်ပြိုင်နက် ဒူးတစ်ဖက်စီ ထောက်ကာ ပြောလိုက်ကြသည်။
“လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ ဒါက လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ်တွေပါ။ အဲဒါက ကျွန်တော်တို့ဆီမှာ တောင်းဆိုချက် အသေးလေးရှိပါတယ်”
လုကျိုးက ပြောလိုက်သည်။
“ပြော”
“ကျုပ်တို့က လူကြီးမင်းနဲ့ ပူးပေါင်းချင်ပါတယ်။ မြောက်ပိုင်းမှာ သားရဲဧကရာဇ်ပေါ်လာတယ်လို့ ကြားတယ်။ သားရဲဧကရာဇ် ရှိတဲ့နေရာက ရတနာတွေ အမြောက်အများရှိမှာပဲ”
ကျင့်ကြံသူလေးဦး၏ အမြင်တွင် လုကျိုးက အထွတ်အထိပ် ကုသရေးသမား ဖြစ်၏။ အမည်မသိကုန်းမြေတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီးသည့်နောက်တွင် သူတို့က ကုသသူများ၏ အရေးပါမှုကို သိလာကြသည်။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ရှစ်စွင်း သူတို့နဲ့ ပူးပေါင်းနေစရာမလိုဘူး။ ကြည့်လိုက်တာနဲ့ သူတို့က ကျွန်တော်တို့ကို နောက်ကနေ ဝန်ပိစေမဲ့သူတွေပဲ”
“ငါတို့က ဝန်ပိစေမဲ့သူလို့ ထင်တာလား”….
ခေါင်းဆောင်က မင်ရှစ်ရင်၏ စကားကို မကျေနပ်ပေ။ သူက အဆောင်ဆယ်ခုကို ထုတ်ကာ ပြလိုက်သည်။
အဆောင်က လေထဲတွင် ကခုန်ပြီး အဖက်ဖက်သို့ ပျံ့နှံ့သွား၏။
“နောက်ယောင်ခံ အဆောင်”
နံပါတ်နှစ်အစ်ကိုဟု ခေါ်ဆိုသည့် ကျင့်ကြံသူတစ်ဦးက ထရပ်လာသည်။ သူ့လက်ထဲတွင် စုတ်တံနှင့် တူသည့် အရာတစ်ခု ရှိနေ၏။ ထို့နောက် သူက အစိမ်းရောင် စည်းတံဆိပ်ကို ရေးဆွဲလိုက်ပြီး အဆောင်ငယ်တစ်ခုကို ထုတ်ယူလာသည်။
သိသာလှစွာ နံပါတ်နှစ်အစ်ကိုက သင်္ကေတဆရာတစ်ယောက် ဖြစ်၏။
ထို့နောက် နံပါတ်သုံးအစ်ကိုက ထရပ်လာသည်။ သူက ဓားမော့ကို ရေးဆွဲလိုက်ပြီး အဝေးတစ်နေရာရှိ ဧရာမကျောက်တုံးကြီး ပစ်လွှတ်လိုက်၏။ ထိုဓားမော့က ထိုဧရာမကျောက်တုံးကြီးကို အပိုင်းပိုင်းခွဲကာ ပြန်လည်ရောက်ရှိလာသည်။
ဝုန်း
ထိုဧရာမကျောက်တုံးကြီးက ပေါက်ကွဲထွက်သွား၏။
ထို့နောက် နံပါတ်လေးက ပျံသန်းလာသည်။ သူက အရိပ်သဖွယ်လှုပ်ရှားလာ၏။ ထိုစဉ် သူက ပေါက်ကွဲမှုမှ ကျောက်တုံးများကို စုစည်းလာသည်။
မင်ရှစ်ရင်က ပြောလိုက်သည်။
“အင်း မင်းတို့တွေက အရည်အချင်းရှိသားပဲ”
ခေါင်းဆောင်က ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဒါပေါ့”
“လူကြီးမင်းက ကုသရေးမှာ ထူးချွန်တယ်။ ကျွန်တော်တို့ဆီမှာ လိုအပ်နေတာက ကုသရေးသမားပဲ။ တကယ်လို့ ကျုပ်တို့သာ ပူးပေါင်းမယ်ဆိုရင် လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်ထက်ပိုတဲ့ ရတနာတွေ ရလာနိုင်တယ်။ ကျေးဇူးပြုပြီး စဉ်းစားပေးပါဦး” ခေါင်းဆောင်က ပြောပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို ပေးလိုက်သည်။
မင်ရှစ်ရင်က ထိုအရာကို ဖမ်းဆုပ်လိုက်၏။ သူက အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
“ဒါက တကယ့်အစစ်ပဲ”
“စစ်ရှစ်ရှိုးက တကယ်ပါပဲ” ရှောင်ယွမ်အာက ပြောလိုက်သည်။
“လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်ကို မြင်ဖူးလား” ယန်ကျန်းလော့က တအံ့တဩဖြင့် မေးလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ်က နဂိုကတည်းက ရှားပါး၏။
“မမြင်ဖူးဘူး” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။
“…”
မင်း တကယ်လို့ အရင်က မမြင်ဖူးဘူးဆိုရင် ဒါက အစစ်ဆိုတာ ဘယ်လိုလုပ်သိတုံး…
လုကျိုးက ထိုအရာကို ကြည့်ကာ အစစ်အမှန်မှန်း သိလိုက်သည်။
“မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် လီလီတွေက မင်းအတွက် ဖြေရှင်းဖို့ ပြဿနာတော့ မဟုတ်လောက်ဘူး”
လီလီများက အင်မတန် အားနည်း၏။ သူတို့က သာမန်ခက်ထန်သားရဲများဖြင့် မနှိုင်းယှဉ်နိုင်ပေ။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများအတွက် သူတို့ကို သတ်ဖို့ရာ လွယ်ကူလှ၏။
ခေါင်းဆောင်က သက်ပြင်းချလိုက်သည်။
“ဒါက ဇာတ်ကြောင်းအရှည်ကြီးပါ။ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်တွေက လီလီရဲ့ သိုက်ထဲမှာ ရှိတာလေ။ ဒါပေမဲ့ ကျုပ်တို့တွေက ဂူထဲဝင်တုန်း လီလီသားရဲဘုရင်နဲ့ တွေ့ခဲ့ရတယ်။ တခြားသားရဲဘုရင်ဆိုရင်တော့ ပြဿနာ မရှိဘူးပေါ့။ ဒါပေမဲ့ လီလီသားရဲဘုရင်က အရမ်းကို အားကောင်းလွန်းတယ်”
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ။ ငါတို့တွေ ပူးပေါင်းလို့ရတယ်။ ဒါပေမဲ့ ငါ့ဆီမှာ တောင်းဆိုချက် အနည်းငယ်ရှိတယ်။ မင်းတို့တွေ သဘောတူ၊ မတူတော့ ကိုယ့်ဘာသာကိုယ် ရွေးချယ်ကြပေါ့”
“လူကြီးမင်း ပြောပါ”
“ငါက ရတနာကို အရင်ဆုံးရွေးချယ်မယ်” ကျင့်ကြံသူလေးဦးက ကြောက်လန့်သွားကြသည်။
နံပါတ်သုံးအစ်ကိုက ပြောလာသည်။
“အမည်မသိကုန်းမြေရဲ့ စည်းမျဉ်းတွေအရဆိုရင်တော့ ပူးပေါင်းဖို့ ရွေးချယ်တာနဲ့ ရတနာတွေကို ညီတူညီမျှ ခွဲဝေသင့်တာ”
“ကိစ္စမရှိဘူး။ ငါက အဲဒါက ငါ့စည်းမျဉ်းအတိုင်း လုပ်မှာ” လုကျိုးက ပြောလိုက်သည်။
“…”
“မင်းတို့ သဘောတူသည်ဖြစ်ဖြစ်၊ သဘောမတူသည်ဖြစ်ဖြစ်” လုကျိုးက သူတို့အဖြေကို မစောင့်ဘဲ လက်ဝှေ့ကာ မြောက်ဖက်ပိုင်းဆီ ပျံသန်းသွားလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းတွင် တခြားသောသူများကလည်း လုကျိုးနောက်မှ လိုက်ပါသွားကြ၏။
မီတာတစ်ထောင် ပျံသန်းပြီးသည့်နောက်တွင် ညီအစ်ကိုလေးဦးက နောက်ဆုံးတွင် လိုက်မှီလာသည်။
“လူကြီးမင်း စောင့်ပါဦး”
လုကျိုးက ရပ်တန့်ကာ လှည့်ကြည့်လာသည်။
ခေါင်းဆောင်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“ကျုပ်တို့ သဘောတူပါတယ်။ ခင်ဗျားရဲ့ စည်းမျဉ်းအတိုင်း လိုက်နာပါ့မယ်”
လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
ထို့နောက် သူတို့လေးဦးက ဦးညွှတ်ကာ နိမိတ်များကို ထုတ်ဖော်လိုက်သည်။
ခေါင်းဆောင် ခုံဝမ်က ပြောလိုက်သည်။
“လူကြီးမင်းက ကုသရေးမှာ ကျွမ်းကျင်တယ်ဆိုတော့ အဖွဲ့အတွက် အရေးကြီးတယ်။ ခင်ဗျားရဲ့ စည်းမျဉ်းတွေကို သဘောတူတာ ပုံမှန်ပါပဲ”
မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်၏။
“ခင်ဗျားက တွေးတတ်သားပဲ”
ခုံဝမ်က နတ်ခြင်္သေ့ကို ကြည့်လိုက်သည်။ အမည်မသိကုန်းမြေရှိ ဖရိုဖရဲစွမ်းရည်များကပင် ထိုအရာ၏ ကောင်းချီးမင်္ဂလာအငွေ့အသက်များကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
“ကျုပ်သာ မမှားဘူးဆိုရင် ဒါက နတ်ခြင်္သေ့မလား”
“ခင်ဗျားက အမြင်စူးရှတာပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။
“ပြီးတော့ မင်း စီးနေတဲ့ စီးတော်သားရဲက ချုံးချီ” ခုံဝမ်က ထပ်ပြောလိုက်သည်။
“မဆိုးဘူးပဲ” ခုံဝမ်က ပြုံးကာ ပြောလိုက်၏။
“ဘာမှမဟုတ်သေးပါဘူး။ မင်း အမည်မသိကုန်းမြေမှာ အကြာကြီးနေပြီးသွားရင် ခက်ထန်သားရဲတွေနဲ့ ရင်းနှီးလာတာ ပုံမှန်ပါပဲ”
လောကဝတ် ဖလှယ်ပြီးသည့်နောက်တွင် အားလုံးက မြောက်ဖက်သို့ ဆက်လက်ပျံသန်းလိုက်ကြသည်။
………………………………………….
နေ့တစ်ဝက်တာ ပျံသန်းပြီးသည့်နောက် အားလုံးက တောင်ခြေ၌ အနားယူပြီးသည့်နောက်တွင် ဆက်လက် ပျံသန်းလိုက်ကြသည်။
လုကျိုးက လေထဲတွင် ဝဲပျံရင်း ခုံဝမ်က လုကျိုးဆီ ချဉ်းကပ်လာသည်။
“မြောက်ဖက်ပိုင်းမှာ နောက်ထပ် ငါးရက်နေရင် အစိမ်းရောင်တောင်ကုန်းလို့ ခေါ်တဲ့နေရာကို ရောက်လိမ့်မယ်။ အဲဒီနေရာက အမည်မသိကုန်းမြေအနက်ပိုင်းနဲ့ အတော်လေး နီးတယ်။ ခက်ထန်သားရဲတွေအများကြီးက အဲဒီနေရာမှာ ကျက်စားကြတာ။ တကယ်လို့ ခက်ထန်သားရဲဘုရင် ပေါ်လာတယ်ဆိုရင် တိုက်ပွဲကို ကျုပ် ဦးဆောင်လို့ ရမလား”
…
အခန်း (၁၂၁၁) ကြီးမားသောအထောက်အပံ့
လုကျိုးက နတ်ခြင်္သေ့ကို အရှိန်လျှော့ခိုင်းလိုက်၏။ သူက ခုံဝမ်ကိုကြည့်လျက် မေးလိုက်တော့သည်။
“မင်းက တိုက်ပွဲကို ဦးဆောင်ချင်တာလား”
ကျန့်ချန်ဟု ခေါ်သော အစ်ကိုသုံးက ပြောလိုက်၏။
“ဆရာကြီး ကျွန်တော့်အစ်ကိုကြီးက အမည်မသိကုန်းမြေရဲ့အနောက်တောင်ဖက်မှာ လူတစ်ရာကျော်ပါတဲ့ အသင်းကို ဦးဆောင်ပြီး အဆင့်မြင့်သားရဲဘုရင်တစ်ကောင်ကို တိုက်ခိုက်ခဲ့ဖူးတယ်။ ပြောဖို့တောင်မလိုဘူး။ သူက သားရဲဘုရင်ကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့တာ။ ဒီအကြောင်းအရင်းကြောင့် သူက အမည်မသိကုန်းမြေထဲမှ တော်တော် နာမည်ကြီးလာတယ်။ တစ်ခါတလေ သူတို့နဲ့ပူးပေါင်းဖို့ လာဖိတ်တဲ့သူတွေရှိတယ်။ ဒါပေမဲ့ လူများလွန်းရင် ရတနာကိုခွဲဝေဖို့က ခက်ခဲပြီး ပဋိပက္ခတွေဖြစ်စေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ကပ်တွယ်နေတာ အကောင်းဆုံးပဲ”
ခုံဝမ်က ပြုံးလျက်ပြောလိုက်၏။
“လူကြီးလူကောင်းတစ်ယောက်က အတိတ်တုန်းက အောင်မြင်မှုကို ဘယ်တော့မှ ထည့်မပြောဘူး။ ဒီကိစ္စက ပြီးခဲ့ပါပြီ။ အရေးကြီးဆုံးက အသင်းလိုက်ဆောင်ရွက်ဖို့ပါ။ ကုသရေးမှာ ကျွမ်းကျင်သူတွေက အသင်းရဲ့တိုက်ခိုက်ရေးကို တိုးစေနိုင်တယ်”
ကျန့်ချန်က ထပ်ပြောလိုက်၏။
“မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့အကြောင်း ခင်ဗျားတို့ကြားဖူးလားမသိ။ သူတို့တွေက အမည်မသိကုန်းမြေထဲက လက်ရွေးစင်အဖွဲ့ပဲလေ။ ခေါင်းဆောင်ချောင်ဇယ်ကျွင်းက အစွမ်းထက်တဲ့ ကုသသူတစ်ယောက်”
“...”
ခရုလေးက တီးတိုးပြောလိုက်၏။
“သူတို့အားလုံး သေပြီမလား”
လုဝူ၏ကောင်းကင်ကို ဖီဆန်နိုင်သော ရေခဲစည်းတံဆိပ်က သူမ၏မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေသေး၏။
ခုံဝမ်က သက်ပြင်းချလိုက်သည်။
“သားရဲဧကရာဇ်လုဝူနောက် သူတို့လိုက်ဖမ်းတယ်လို့ ပြောတာပဲ။ နောက်တော့ တောင်သုံးတောင်အနားတဝိုက်မှာ သူတို့အလောင်းတွေကို တစ်စုံတစ်ယောက်ရှာတွေ့ခဲ့တယ်။ သူတို့အားလုံး အေးခဲကုန်တာ။ နှမြောစရာပဲ”
လုကျိုးသည် သူက မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ကို သတ်ခဲ့သူယောင်ဆောင်ချင်သော်ငြား ထိုအတွေးကို လျင်မြန်စွာ ဖယ်ရှားလိုက်၏။ ၎င်းက ယုတ္တိမရှိပေ။ ထို့အပြင် မကောင်းဆိုးဝါးအမဲလိုက်အဖွဲ့ကို တကယ်သတ်ဖြတ်သူက လုဝူပဲဖြစ်သည်။
ရုတ်တရက် လုကျိုးက မေးလိုက်၏။
“မင်းတို့ကို ငါ ဘာသဘောကျလဲသိလား”
ခုံဝမ်က ခေါင်းခါလိုက်သည်။
“မင်းတို့ရဲ့ခြေရာခံစွမ်းရည်” လုကျိုးက ပြောပြီး ထပ်ပြောလိုက်၏။ “ဒါ အကုန်ပဲ”
“....”
နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ဘဲ လုကျိုးက မြောက်အရပ်ဆီသို့ ပျံသန်းကာ ခုံဝမ်နှင့် သူ၏ညီနောင်များကို ကြက်သေသေသွားစေသည်။
တစ်ချိန်တည်းတွင် အမည်မသိကုန်းမြေထဲရှိ စခန်းတစ်ခုတွင်ဖြစ်သည်။
ဓားကျင့်ကြံသူဆယ်ဦးက အနားယူရန် လေထဲပျံဝဲနေကြသည်။
“ဆရာသခင်ချင် အမည်မသိကုန်းမြေရဲ့မြောက်ပိုင်းမှာ အနီရောင်အလင်းတစ်ခု ပေါ်လာပါတယ်။ သားရဲဧကရာဇ်ပေါ်လာပြီ”
တင်ပလင်ခွေချိတ်ထိုင်လျက် လေထဲပျံဝဲနေသည့် ချင်ရန်ယွဲ့က မေးလိုက်တော့၏။
“အံ့ဖွယ်သားရဲပေါ်လာလား”
တပည့်က ပြန်ပြောလိုက်သည်။
“အံ့ဖွယ်သားရဲတွေက ထူးကဲသာလွန်ပါတယ်။ ဆရာသခင်မဟုတ်တဲ့သူတွေက သူတို့ကို ရှာမတွေ့မှာ စိုးရတယ်”
“ဟုတ်ပြီ” ချင်ရန်ယွဲ့က ပြောလိုက်လေ၏။ “ငါတို့ဒီမှာ နှစ်ရက်နားပြီး မြောက်ပိုင်းသွားမယ်”
“နားလည်ပါပြီ”
တပည့်ထွက်သွားပြီးနောက် ချင်ရန်ယွဲ့က လေထဲပျောက်ကွယ်သွားကာ ဝေဟင်ထဲ၌ ပေါ်လာ၏။ သူက အနက်ရောင်မြူများကို ကြည့်ပြီးနောက် တောင်တန်းများနှင့် မြေပြင်ကို လေ့လာလိုက်သည်။ သူက မြောက်အရပ်ကို မျက်နှာမူပြီး ရပ်နေသော်ငြား ဘာကိုမှ မတွေ့နိုင်ပေ။
ချင်ရန်ယွဲ့က သူ့ဖာသာသူရေရွတ်ပြောလိုက်၏။
“အနီရောင်အလင်း ဘာများဖြစ်နိုင်မလဲ”
ကျင့်ကြံသူများသည် အမည်မသိကုန်းမြေကို နှစ်ပေါင်းများစွာ စူးစမ်းဖော်ထုတ်ခဲ့သော်ငြား ဤနေရာက ကျယ်ဝန်းလွန်းပြီး မဖော်ထုတ်ရသေးသည့်နေရာများစွာရှိနေသေးသည်။ ၎င်းနှင့်ယှဉ်လျှင် လူသားများနေနိုင်နေသည့် နယ်မြေများက ခြေချစရာနေရာမရှိသော နေရာတစ်ခုနှင့်ပိုတူ၏။
အနောက်အရပ်တွင် ချင်ရန်ယွဲ့က သားရဲပျံများစွာကို တွေ့လိုက်ရသည်။ ကုန်းတွင်းပိုင်းရှိ ကြမ်းတမ်းခက်ထန်သားရဲများက အရှေ့အရပ်ဆီခရီးနှင်နေစဉ် သူတို့က ပုရွတ်ဆိတ်များနှင့်တူနေ၏။
ချင်ရန်ယွဲ့က သူ၏စွမ်းအားဗဟိုချက်၏ ချီပင်လယ်ရှေ့တွင် သူ၏လက်ကိုထားလိုက်သည်။ ပြီးနောက် ဆံချည်မျှင်ကဲ့သို့ ပါးလွှားသော စွမ်းအင်ဓားများက သူ့ရှေ့ရှိ မီတာတစ်ရာတွင် ပေါ်လာသည်။
စွမ်းအင်ဓားတို့ အနည်းငယ်တွန့်လိမ်သွားပြီးနောက် ကြမ်းတမ်းခက်ထန်သားရဲများဆီ ဦးတည်သွားတော့သည်။
သူက ရလဒ်ကို စောင့်မနေပေ။ ထိုအစား စခန်းဆီသွားပြီး လေသံအတက်အကျမရှိပြောလိုက်၏။
“ထုပ်ပိုးမယ်”
သုံးရက်ခန့်ကြာပြီးနောက် လုကျိုးနှင့် ကျန်သည့်သူများသည် သတ်မှတ်ထားသည့်အချိန်ထက်စောပြီး အစိမ်းရောင်တောင်ကုန်းကို ရောက်လာ၏။
“ငါတို့ဒီမှာ နေ့ဝက်အနားယူမယ်”
လူတိုင်းက ဆင်းသက်လိုက်ကြသည်။
ယန်ကျန်းလော့က ဦးညွှတ်ပြီးပြောလိုက်၏။
“တတိယသခင်လေးရဲ့တည်နေရာကို စစ်ဆေးလိုက်ပါ့မယ်”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
ထိုစဉ် ခုံဝမ်က သူ၏ညီနောင်သုံးဖော်ဖက် လက်ဝေ့ယမ်းပြလိုက်သည်။
“လာ ... မင်းတို့ရဲ့အရည်အချင်းပြ”
“ဟုတ်ပြီ”
ခုံဝမ်က အရှေ့တိုးပြီးနောက် အဆောင်ဒါဇင်ချီကို ဆွဲထုတ်လိုက်၏။ ၎င်းတို့ကို မီးမြှိုက်ပြီးနောက် အဆောင်များသည် ပိုးစုန်းကြူးများပမာ တကွဲတပြားစီဖြစ်သွားတော့သည်။
ဒုတိယညီ ခုံဝူက မြေပြင်ပေါ်၌ အဆောင်တချို့ကိုထားလိုက်သည်။ အချိန်တိုအတွင်း အဆောင်များ ပျောက်ကွယ်သွား၏။
ခုံဝမ်က လှည့်လာပြီးအပြုံးတစ်ပွင့်ဖြင့် ပြောလိုက်တော့သည်။
“ကျေးဇူးပြုပြီး ခဏစောင့်ပါ။ တစ်စုံတစ်ခုရှာတွေ့မှာ သေချာတယ်”
မင်ရှစ်ရင်က သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။ “ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ”
ခုံဝမ်က သံသယဖြင့်မေးလိုက်၏။
“အမည်မသိကုန်းမြေကိုရောက်တာ ပထမဆုံးအကြိမ်လား”
မင်ရှစ်ရင်က ခေါင်းညိတ်ပြီးအမှန်အတိုင်းဖြေလိုက်၏။
“အဟုတ်ပဲ ... ဒါ ပထမဆုံးအကြိမ်”
ခုံဝမ်၏ မျက်ခွံက တွန့်သွားလေ၏။ ထိုသာလွန်သော ကျင့်ကြံသူကြောင့်သာ မဟုတ်လျှင် သူကရှင်းပြမှာ မဟုတ်ချေ။
“ဒါက ခြေရာခံအဆောင်နဲ့သင်္ကေတကို ပေါင်းစည်းထားတာပဲ။ သားရဲဘုရင်တွေကို ဆွဲဆောင်တယ်။ သားရဲဘုရင်အဆင့်အောက် ကြမ်းတမ်းခက်ထန်သားရဲတွေက ဉာဏ်ရည်အဆင့်မမြင့်တော့ ဒီနည်းစနစ်က အလွန်အသုံးဝင်တယ်” ခုံဝမ်က ရှင်းပြလိုက်၏။
မင်ရှစ်ရင်က ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ”
ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်
ချုံးချီက ရှေ့တိုးပြီး မြေပြင်ပေါ်ရှိ ခြေရာခံအဆောင်ကို ခြေထောက်ဖြင့်နင်းလိုက်၏။
မင်ရှစ်ရင် “...”
ရူးမိုက်တဲ့ခွေး ... ဒါမျိုးမလုပ်ခင် ငါ့ရဲ့ဂုဏ်သိက္ခာနဲ့ ဂုဏ်သတင်းကို ထည့်မစဉ်းစားပေးနိုင်ဘူးလား။
ထိုစဉ် အစိမ်းရောင်တောင်ကုန်းနားမှ ရုတ်ရုတ်သဲသဲအသံပေါ်ထွက်လာ၏။
“အစ်ကိုကြီး ဒီမှာ”
ခုံဝမ်က ပျံသန်းလာပြီး တောင်ဖက်ကိုကြည့်လိုက်၏။ သူက သားရဲပျံတစ်အုပ်ကို တွေ့သောအခါ ပြောလိုက်တော့သည်။
“ကျုပ် တကယ်ကံကောင်းတာပဲ။ ငါးရောင်ခြယ်အစိမ်းရောင်လွမ့်ပဲ”
“ငါးရောင်ခြယ်လွမ့်လား”
“လွမ့်မျိုးစုံရှိတယ်။ တစ်ရောင်ထဲနဲ့လွမ့်တွေက သာမန်ပဲ အရောင်နှစ်မျိုးနဲ့အထက်လွမ့်တွေက ပုံမှန်ဆိုမွေးဖွားဇယားချပ်သားရဲတွေ။ အရောင်ငါးရောင်အစိမ်းရောင်လွမ့်က သားရဲဘုရင်။ အစိမ်းရောင်က သူ့ရဲ့ပင်မအရောင်ဖြစ်ပြီး ကျန်တဲ့လေးရောင်က အရံအရောင်တွေပဲ။ ပျံသန်းတဲ့နေရာမှာ အလွန်ကျွမ်းကျင်တယ်” ခုံဝမ်က မင်ရှစ်ရင်ကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
ပြီးနောက် ခုံဝမ်က ပြောလိုက်၏။
“ဆရာကြီး ... ဆရာကြီးက ကုသရေးမှာကျွမ်းကျင်တယ်ဆိုတော့ နောက်မှာရပ်နေသင့်တယ်။ လူနှစ်ယောက်က ဆရာကြီးကို ကာကွယ်ပေးမယ်။ ကျန်တဲ့လူတွေက ငါ့နောက်လိုက်ပြီး အမိန့်ကိုနာခံကြ”
ခုံဝမ်၏ညီနောင်သုံးဖော်က စိတ်အားထက်သန်စွာပြောလိုက်၏။
“ဟုတ်ကဲ့”
သို့သော် ညီနောင်လေးဖော်က မလှုပ်ရှားရသေးခင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ငါးရောင်ချယ်အစိမ်းရောင်လွမ့်ဆီသို့ လျှပ်ပြက်သောအရှိန်ဖြင့် ပျံသန်းသွားလိုက်၏။
ခုံဝမ်နှင့်ညီနောင်သုံးဖော် “....”
ယွီကျန့်ဟိုင်က ချက်ချင်းပင် မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို သုံးလိုက်၏။ မဟူရာကောင်းကင်ကြယ်အလင်းသည် ကောင်းကင်ကိုလွှမ်းခြုံထားလျက် လွမ့်အုပ်စုကို သတ်ဖြတ်လိုက်၏။
တစ်ဖက်တွင်မူ ယွီရှန်းရုန်က ငါးရောင်ခြယ်အစိမ်းရောင်လွမ့်ဆီ တဟုန်ထိုးချီတက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် အရိပ်တစ်ခုပမာ သူလှုပ်ရှားနေစဉ် သူ၏ဓားကို ငါးရောင်ခြယ်လွမ့်ဆီ လွှဲယမ်းလိုက်သည်။
ငါးရောင်ခြယ်အစိမ်းရောင်လွမ့်သည် ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်ကြောင့် ဖိနှိပ်ခံလိုက်ရသည်။ ၎င်း၏အနေအထားကိုလျော့ဖို့ ဖိအားပေးခံလိုက်ရ၏။ ခဏကြာပြီးနောက် ၎င်းက စူးရှစွာအော်မြည်ကာ တောင်ပံတဖျတ်ဖျတ်ခတ်လျက် တန်ပြန်တိုက်ခိုက်တော့သည်။
ယွီရှန်းရုန်က ငါးရောင်ခြယ်အစိမ်းရောင်လွမ့်၏ တောင်ပံများကို ရှောင်ရှားစဉ် သူ၏လှုပ်ရှားမှုများက တိကျပြီးသေသပ်သည်။
တစ်ယောက်က အပေါ်၊ တစ်ယောက်က အောက်၊ တစ်ယောက်က ဘယ်၊ တစ်ယောက်က ညာ။
ယွီကျန့်ဟိုင်၌ မွေးဖွားဇယားချပ်လေးခု ရှိသော်ငြား သူ၏ခွန်အားသည် မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးသည့် မွေးဖွားဇယားချပ် ၆ခုရှိသည့် ကျင့်ကြံသူနှင့် ယှဉ်နိုင်ပုံပေါ်သည်။
ပွင့်ချပ်၁၁ခုဖြင့် ယွီရှန်းရုန်သည် မွေးဖွားဇယားချပ် ၆ခုကျင့်ကြံသူကို ဖိနှိပ်နိုင်သည်အထိ သန်မာသာသည်။
ခုံဝမ်က အာချောက်လာလေ၏။ သူက ... “ဒါက ငါတို့ဖြေရှင်းရမဲ့ သားရဲဘုရင်”
ဒါက တိတိကျကျပြောရရင် သူတို့တွေက အလေးထားဖြေရှင်းရမဲ့ သားရဲဘုရင်တစ်ကောင်ကို ဖြေရှင်းနေတာ”
“ဒါပေမဲ့ မွေးဖွားဇယားချပ်ကို မဖြတ်ကျော်ရသေးတဲ့သူတွေက သားရဲဘုရင်နဲ့မယှဉ်နိုင်ဘူး။ ဒါ ဒါ ဒါက ...” ခုံဝမ်က အရည်အချင်းနှင့် ခွန်အားအရာတွင် ညီတူမျှတူဖြစ်နေသော ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို ကြည့်ပြီး ဆွံ့အနေတော့သည်။
ဒါ သူတို့တွေ အကြီးအမားဆုံးအထောက်အပံ့ကို ရှာတွေ့ပြီနဲ့တူတယ်။
ဤကဲ့သို့ သန်မာသောအသင်းသားများနှင့် သာလွန်သောကုသသူနှင့် သူတို့က သားရဲဧကရာဇ်များ၊ ဆရာသခင်များကို မတွေ့သရွေ့ သူတို့သည် အမည်မသိကုန်းမြေထဲ၌ အတားအဆီးမရှိ လျှောက်သွားနိုင်လိမ့်မည်။ ထို့အပြင် အမည်မသိကုန်းမြေက ကျယ်ဝန်းသဖြင့် တစ်ဖက်လူက သူတို့ကို တက်တက်ကြွကြွ ရှာမလာခင်အထိ ဆရာသခင်များ သို့တည်းမဟုတ် သားရဲဘုရင်များနှင့် တွေ့ဆုံရမှာ မဟုတ်ပေ။
နှစ်နာရီခန့်ကြာပြီးနောက် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် သူတို့၏ ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ငါးရောင်ခြယ်အစိမ်းရောင်လွမ့်ကို သတ်လိုက်နိုင်ခဲ့သည်။
နှစ်ယောက်သား ပြန်လာသောအခါ ယွီရှန်းရုန်က ငါးရောင်ခြယ်အစိမ်းရောင်လွမ့်၏ အသက်ဓာတ်နှလုံးသားကို မင်ရှစ်ရင်အား ပစ်ပေးလိုက်၏။
“လောင်စစ် သိမ်းထားလိုက်”
သားရဲဘုရင်များ၏ အသက်ဓာတ်နှလုံးသားသည် ယွီရှန်းရုန်အတွက် အသုံးတည့်သော်ငြား သူက ဤအသက်ဓာတ်နှလုံးသားကို မလိုအပ်ပေ။ သူ၏အငယ်များကို ပေးလိုက်တာပိုကောင်းသည်။
မင်ရှစ်ရင်က အသက်ဓာတ်နှလုံးသားကိုဖမ်းပြီး ၎င်းကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။ "ဒါက ကျိုးရှစ်မေ့နဲ့ သင့်တော်တယ်”
ရှောင်ယွမ်အာသည် ထိုစကားကိုကြားသောအခါ အပျော်လွန်သွားတော့သည်။ “ကျေးဇူးပါ ရှစ်ရှိုးတို့”
ဒါ ... ဒီအတိုင်းပြီးသွားပြီလား ...
ခုံဝမ်က အလွန်အနေခက်သွားတော့သည်။ သူ စကားပြောရန် အခွင့်အရေးတောင် မရခဲ့ပေ။ သို့သော် သူက လုံးဝအကျိုးမဆောင်ခဲ့မှန်း တွေးမိသောအခါ သူက ဘာကိုမှ မမေးနိုင်ခဲ့ပေ။
ဒုတိယညီ ခုံဝူကခုံဝမ်ကို တို့ပြီးပြောလိုက်သည်။ "အစ်ကိုကြီး ကြည့်ဦး”
ညီနောင်နှစ်ယောက်သည် ချုံးချီ၏ကျောပေါ်ရှိ အိတ်များကိုကြည့်လိုက်၏။ တစ်ဖက်ဆီ၌ ချိတ်ဆွဲထားတာဖြစ်ပြီး အိတ်က အသက်ဓာတ်နှလုံးသားများဖြင့် ပြည့်နေတာ သိသာ၏။
“....”
ပြီးနောက် လုကျိုးသည် ယွီရှန်းရုန်ကို သူ၏ဓားရေး၌ ညွှန်ပြမှုတချို့ ပေးလိုက်၏။ ယွီရှန်းရုန်က ခေါင်းငုံ့လျက် သူ့ရှစ်စွင်း ပြောတာ နားထောင်ပြီး ခေါင်းညိတ်နေသည်။
လုကျိုး ပြောပြီးနောက် ခုံဝမ်က ရှေ့တိုးကာ မေးလိုက်၏။
“ဆရာကြီး ဒီနှစ်ယောက်က ဆရာကြီးရဲ့တပည့်တွေလား”
လုကျိုးက ခေါင်းညိတ်ကာ မုတ်ဆိတ်သပ်လျက် မေးလိုက်သည်။ “မင်းတို့မှာ တခြားမေးခွန်း ရှိသေးလား”
“အမ်း ... မရှိပါဘူး။ မရှိပါဘူး” ခုံဝမ်က အလျင်စလို ပြောလိုက်၏။
ခဏအကြာ၌ လုကျိုးက နတ်ခြင်္သေ့၏ကျောပေါ် ခုန်တက်ကာ ပြောလိုက်သည်။ “သွားကြမယ်”
ဤနည်းဖြင့် ကျန်သည့်သူများက အစိမ်းရောင်တောင်ကုန်း၏ အတွင်းဖက်ဆီသို့ စတင် ပျံသန်းသွားကြသည်။ ခုံဝမ်နှင့် ကျန်သည့်သူများက ခေါင်းခါမိနေ၏။
“အစ်ကိုကြီး သူတို့အားလုံး အစွမ်းထက်ပုံပဲ။ သူတို့နောက် လိုက်သင့်သေးလား” ခုံဝူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဒါပေါ့။ ငါတို့တွေ အဲ့ဒီဆန်းကြယ်ကျောက်တုံးကို အလဟဿ မဖြုန်းလိုက်နိုင်ဘူးလေ။ ငါတို့တွေ မြောက်ပိုင်းဒေသထဲ ရောက်ပြီဆိုရင် တောက်ပဖို့အချိန်ပဲ”
“ဟုတ်ပြီ” ဤနည်းဖြင့် ညီနောင်လေးဖော်သည် လုကျိုးနှင့် ကျန်သည့်သူများနောက်လိုက်သွား၏။
၁၅မိနစ် မပြည့်မီ၌ လုကျိုး၏ ဦးဆောင်မှုဖြင့် သူတို့သည် အစိမ်းရောင်တောင်ကုန်းတောင်တန်းဒေသ၏ ထိပ်ဆီသို့ ရောက်လာသည်။
တိမ်စိုင်တိမ်မဲများက အောက်တွင် ရှိနေပြီး လေများ တိုက်ခတ်နေတော့သည်။ ကြမ်းတမ်းခက်ထန် သားရဲအရေအတွက်ကလည်း တိုးလာ၏။
ယန်ကျန်းလော့က ပြောလိုက်သည်။ "မျှော်နန်းသခင် ... တတိယသခင်လေးက ကျုပ်တို့နဲ့ သိပ်မဝေးတော့ဘူး။ လဝက်လွန်ပြီးရန် အကွာအဝေးက ဒီလောက် ခြားတော့မှာ မဟုတ်တော့ဘူး”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
ထိုစဉ် ရှောင်ယွမ်အာက တိမ်စိုင်တိမ်မည်းများကို လက်ညှိုးထိုးပြလျက် မေးလိုက်သည်။ “အဲဒါလဲ”
လူတိုင်းက ရှောင်ယွမ်အာ လက်ညှိုးထိုးပြရာဖက်သို့ ကြည့်လိုက်ရာ ကောင်းကင်ထဲ၌ လျှပ်ပြက်သောအရှိန်ဖြင့် ပျံသန်းနေသည့် လူတစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။
ခုံဝမ်က မျက်လုံးအပြူးသား ဖြစ်သွားပြီး အလျင်စလို ပြောလိုက်၏။
“ဒါက မြောက်ပိုင်းတောင်တန်းဒေသရဲ့ ဓားသမား ၄၉ယောက်။ သတိထားကြ”
ညီနောင်လေးဖော်သည် ကောင်းကင်မှ ချက်ချင်းဆင်းသက်လိုက်သည်။
လုကျိုးက ဇဝေဇဝါဖြစ်သွားတော့သည်။ သူက ခုံဝမ်ကို ငုံ့ကြည့်လိုက်၏။
“မြောက်ပိုင်းတောင်တန်းဒေသရဲ့ ဓားသမား ၄၉ယောက်လား”
ခုံဝမ်က အလျင်စလိုပြောလိုက်သည်။ “သူတို့က ဆရာသခင်ချင်နဲ့ တူညီတဲ့ မျိုးနွယ်စုကပဲ။ ဆရာကြီး ရှင်းပြဖို့ အချိန်မရှိဘူး။ ဒီနေရာမှာ သန်မာတဲ့သူက အားနည်းတဲ့သူကို နိုင်စားတယ်။ သူတို့နဲ့ ကျုပ်တို့မယှဉ်နိုင်ဘူး။ ကျူပ်တို့ရှောင်တာအကောင်းဆုံးပဲ”
...
အခန်း (၁၂၁၂) ကျူးယန်နှင့် ညီအစ်ကို၅ယောက်
လုကျိုးက ပြောလိုက်သည်။
“ငါ ဒီမှာ ရှိနေပြီ။ ဘာမှစိုးရိမ်စရာ မလိုဘူး”
“ခုံဝမ်...”
ခုံဝမ်က မည်သို့မစိုးရိမ်ဘဲ နေမည်နည်း။ တစ်ဖက်က တပ်မဟာတစ်ခု ဖြစ်စဥ် သူတို့ကမူ ကျင့်ကြံသူအုပ်စုမျှသာ ဖြစ်၏။ သူတို့က ယာယီဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုမျှသာ ဖြစ်စဥ် တခြားသူကမူ ဆရာသခင် ဦးဆောင်လာခြင်း ဖြစ်၏။
ခုံဝမ်က စိုးရိမ်စွာ ပြောလိုက်သည်။
“ချင်ရန်ယွဲ့ရဲ့ မျိုးနွယ်က မြောက်ပိုင်းတောင်နယ်နိမိတ်က ဓားသမား ၄၉ယောက် ရှိတယ်။ အဲ့ဒီဓားအစီအရင်က တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ သူတို့တွေ ပေါ်ထွက်လာတိုင်း ကိစ္စကြီးကြီးမားမား ဖြစ်လေ့ရှိတယ်။ ပြီးတော့ ချင်ရန်ယွဲ့ကလည်း ပါလာအုံးမှာ”
လုကျိုးသည် ရွှေရောင်ကြာကျင့်ကြံသူ ဖြစ်ကြောင်း အမှတ်ရသွားသောကြောင့် လုကျိုးသည် ချင်ရန်ယွဲ့ကို မသိလောက်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူက ပြောလိုက်သည်။
“ချင်ရန်ယွဲ့က ဆရာသခင်လေ။ သူက မွေးဖွားစမ်းသပ်ချက် ၃ခုကို ဖြတ်ကျော်ပြီးသွားပြီ”
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
“ဆရာသခင်ချင်”
“ဟုတ်တယ်။ သူက ချင်မျိုးနွယ်ရဲ့ ဆရာသခင် ချင်ရန်ယွဲ့ပဲ” ခုံဝမ်က ပြောရင်း ပိုမိုစိတ်ပူလာမိသည်။
မင်ရှစ်ရင်က မျက်လုံးဝှေ့ကာပြောလိုက်၏။
“ဘာလို့များ အဲ့လောက် စိုးရိမ်နေရတာလဲ။ သူက ဆရာသခင်တစ်ယောက်ပဲ မဟုတ်ဘူးလား။ အဲလောက်ကြီး ကြောက်ဖို့လိုလို့လား”
ခုံဝမ် “...”
“ဓားသမား၄၉ယောက်က အရမ်းကို အားကောင်းတာလား”
လုကျိုးက မေးလိုက်သည်။ သူက ချင်ရန်ယွဲ့ကို ဂရုမစိုက်ပေ။ သူက အံ့ဖွယ်စွမ်းရည်နှင့် အသုံးပြုပစ္စည်းကတ် အမျိုးမျိုးဖြင့် ချင်ရန်ယွဲ့ကို ဖြေရှင်းနိုင်သည်။ သို့သော်လည်း ၄၉ယောက်ကမူ ဖြေရှင်းဖို့ရန်အတွက် များပြားလွန်း၏။
ခုံဝမ်က ပြောလိုက်သည်။
“အဲဒီ ဓားသမား၄၉ ယောက်ရဲ့ ယေဘုယျ အင်အားက မွေးဖွားဇယားချပ် ၄ခုကနေ ၅ခု အတွင်းမှာ ရှိတယ်”
မင်ရှစ်ရင်က အံ့အားသင့်သွား၏။
“ရှစ်စွင်း … အစ်ကိုခုံဝမ် ပြောတာ မှန်တယ်လို့ ထင်တယ်။ ပြဿနာကို ရှောင်ရှားတာ ပိုကောင်းလိမ့်မယ်”
ဓားသမား ၄၉ယောက်က အမှန်တကယ် အားကောင်းလွန်းလှသည်။
လုကျိုးက အစိမ်းရောင်ကြာ ကျင့်ကြံသူများသည် ဤမျှ အားကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူက အစိမ်းရောင်ကြာနယ်မြေမှ ဆရာသခင် ၂ယောက်အား ရန်စခဲ့သည်ကို တွေးကြည့်ပါက ...
မျှခြေက ခက်ထန်သားရဲများအား အနီရောင်ကြာနယ်မြေ၊ ရွှေကြာနယ်မြေအနီးအနားတွင် နေထိုင်ခွင့်ပြုထားသည်။ မျှခြေ မညီမျှမှု ဖြစ်ပျက်လာချိန်တွင် ဆရာသခင်များက နယ်နမိတ်များကို ကျော်ဖြတ်လာနိုင်မည် ဖြစ်သည်။ ဆိုလိုသည်က သူတို့သည် အနီရောင်ကြာနယ်မြေတွင်း အချိန်တိုအတွင်း ဝင်ရောက်လာနိုင်သည်။ လုကျိုးက ခေါင်းအသာ ရမ်းလိုက်၏။
ဒါက မျှခြေလို့ ခေါ်တဲ့အရာလား...
လူသားများက သူတို့အချင်းချင်း တိုက်ခိုက်လေ့ရှိသည့် သက်ရှိများ ဖြစ်ပေသည်။ အကယ်၍ မျှခြေ မရှိဘူးဆိုလျှင် အစိမ်းရောင်ကြာနယ်မြေက အနီရောင်ကြာနယ်မြေ၊ ရွှေကြာနယ်မြေနှင့် တခြားသော နယ်မြေများကို သိမ်းပိုက်ပြီးလောက်ပြီ ဖြစ်၏။ သူတို့သာ စိတ်ကျေနပ်ပါက နယ်မြေများကိုပင် ရှင်းထုတ်ပစ်နိုင်သည်။
“သူတို့ သွားပြီ”
မြောက်ပိုင်းတောင်တန်းနယ်နိမိတ်မှ ဓားသမား၄၉ယောက်က အနက်ရောင်မြူအတွင်း ပျောက်ကွယ်သွားကြသည်။ သူတို့က အရှိန်မြင့်မြင့်ဖြင့် ပျံသန်းနေကြသည်။ သူတို့က နည်းနည်းလေးမှ ရပ်တန့်ခြင်း မရှိပေ။ တစ်ယောက်စ နှစ်ယောက်စကသာ လုကျိုးနှင့် တခြားသူများကို လှည့်ကြည့်လိုက်၏။ သို့သော် မကြာခင်ပင် လျစ်လျူရှုသွားကြသည်။ သူတို့က တွမ့်မူရှန်းနှင့် လုဝူရှိရာဆီ ဦးတည်နေကြသည်။
လုကျိုးက အတွေးနက်နေရင်း တွမ့်မူရှန်းနှင့် လုဝူရှိရာဆီ ဦးတည်နေကြသည်။
လုကျိုးက အတွေးနက်နေရင်း တွမ့်မူရှန်းနှင့် လုဝူကို ကြည့်ဖို့ရာ အမြင်စွမ်းရည်ကို အသုံးပြုလိုက်သည်။ ထို့နောက် သူတို့က သာမန်နှင့် မကွာခြားသည့် တောင်ခြေတွင် ရောက်နေကြောင်း မြင်လိုက်ရသည်။
“မြောက်ဘက်ကို ဆက်သွားမယ်”
အားလုံးက လုကျိုး၏ နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။
…………………
အဖြူရောင်နန်းဆောင်အတွင်း
လေထဲတွင် ဝဲပျံနေသည့် လန်ရှီဟယ်က ရုတ်ခြည်းဆိုသလို မျက်လုံးပွင့်လာသည်။ ယခင်ရက်ပိုင်းအတွင်း သူမက အနားမယူခဲ့ရသည့်အတွက် အာရုံစူးစိုက်ဖို့ အခက်တွေ့နေသည်။ အဆုံးသတ်တွင် သူမက ဆက်လက် မကြိုးစားနေတော့ဖို့သာ ဆုံးဖြတ်လိုက်၏။
သူမက လသာဆောင်မှ ထွက်လာသည့်အခါ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
အဝေးမှ အမျိုးသမီးအစေခံ တစ်ယောက်က ရောက်ရှိလာ၏။ သူမက ဦးညွှတ်ကာ ပြောလိုက်သည်။
“အရှင်မရဲ့ ညွှန်ကြားချက်အတိုင်း အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို စောင့်ကြည့်နေပါတယ်”
လန်ရှီဟယ်က ခေါင်းယမ်းကာ ပြောလိုက်သည်။
“အခြေအနေက အမည်မသိကုန်းမြေလိုပဲလား”
အမျိုးသမီးအစေခံက ပြောလိုက်သည်။
“မျှခြေမညီမျှမှု ဖြစ်ပျက်ပြီးတဲ့နောက်မှာ ခက်ထန်သားရဲတွေက အရှေ့ဘက်ကို ပြောင်းရွှေ့နေကြတယ်။ ကံစမ်းဖို့ရောက်ရှိလာတဲ့ ကျင့်ကြံသူတွေလည်း အများကြီးပဲ”
“အဲဒါဆို တရားမျှတမှုကရော ဘယ်ဘက်ကိုစောင်းနေလဲ”
“လွန်ခဲ့တဲ့လဝက်ခန့်ကတော့ အရှေ့ဘက်ကို စောင်းနေပါတယ်။ ဒါပေမဲ့ မနေ့ကတော့ ထပ်ပြီးတော့ ပိုစောင်းသွားတယ်”
အမျိုးသမီးအစေခံက ပြန်ဖြေလိုက်သည်။
လန်ရှီဟယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အမည်မသိကုန်းမြေကို သေချာစုံစမ်းအုံး။ အထူးသဖြင့် လက်ရှိအခြေအနေပေါ့”
အမျိုးသမီးအစေခံက အနည်းငယ် အံ့အားသင့်သွားလေ၏။
“အရှင်မ အမည်မသိကုန်းမြေက အရမ်းကို ကျယ်ပြောလွန်းတယ်”
ခဏအကြာတွင် သူမက ပြောလိုက်သည်။
“ကျွန်မအကောင်းဆုံးလုပ်ပါ့မယ်။ ကျွန်မအခု သွားလိုက်ပါအုံးမယ်”
………………
အမည်မသိကုန်းမြေအတွင်း
နေရာတစ်ခုလုံးက သိပ်သည်းသည့် မြူခိုးများဖြင့် ဖုံးလွှမ်းထားလေသည်။
လုကျိုးနှင့် တခြားသူများက အစိမ်းရောင်တောင်ကုန်း တောင်နိမိတ်ဆီ ဆက်လက် ပျံသန်းလာလေ၏။ ထိုစဥ် ယန်ကျန်းလော့က ပြောလိုက်သည်။
“လုဝူက အနောက်ဘက်ကို သွားနေတဲ့ပုံပဲ”
ဤသို့ဖြင့် အားလုံးက အနောက်မြောက်ကို ဦးတည်လိုက်ကြသည်။ သူတို့က မှောင်မည်းနေသည့် တောအုပ်တစ်ခုအထဲ ရောက်ရှိလာသည့်အခါ ခုံဝမ်က ရုတ်ခြည်း ပြောလိုက်သည်။
“ခဏ”
မင်ရှစ်ရင်က လှည့်ကာမေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“လှုပ်ရှားမှုတချို့ရှိတယ်”
ခုံဝမ်က လက်ဝှေ့လိုက်သည်။
ခုံဝူက ချရသစ်ပင်အပေါ် ရောက်ရှိလာသည်။ သူက မြေပြင်ပေါ်မှ လက်သီးအရွယ်အစား ရှိသည့် ထူးထူးဆန်းဆန်း သတ္တဝါကို လေ့လာပြီးသည့်နောက်တွင် ပြောလိုက်သည်။
“မြေကြီးက လှုပ်ခတ်နေတယ်။ အနောက်ပိုင်းမှာ လှုပ်ရှားမှုတချို့ရှိတယ်”
ခုံဝူက ပျံသန်းလာသည်။ သူက ထိုတွားသွားသတ္တဝါများကို မမြင်လိုပေ။ သူတို့က ရွံရှာပြီး ကြောက်ဖို့ကောင်းသည့်အတွက် သူ့ကို ကြက်သီးထစေသည်။
သူက သူတို့ကို ကြည့်ပြီးသည့်နောက်တွင် အကြည့်လွှဲလိုက်၏။
ရှောင်ယွမ်အာက မျက်လုံးကို မှိတ်ထားပြီး လက်ချောင်းကြားမှ ချောင်းကြည့်နေသည်။
“ရှစ်စွင်း သူတို့က တကယ်ကြီးကို ကြောက်ဖို့ကောင်းတယ်”
ခုံဝမ်က လုကျိုး၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူက အဆောင်များကို ထုတ်ပြီး ပိုးစုန်းကြူးနှင့် တူသည့် စည်းတံဆိပ်ရာချီကို ပြုလုပ်ခဲ့ပြီး အနောက်ပိုင်းဆီ ထုတ်လွှတ်ခဲ့၏။
“လောင်ချန်းပေ့”
ခုံဝမ်က ဖိတ်ကြားသည့် အမူအရာမျိုး ပြုလုပ်လိုက်သည်။
လုဝူက အနောက်ဘက် ရွေ့လျားနေသည့်အတွက် ခုံဝမ်ကလည်း အနောက်ဘက်ကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
လုကျိုးက နတ်ခြင်္သေ့၏ ကျောဘက်မှ အနောက်ဘက်သို့ ပျံသန်းသွား၏။ သူတို့က သွားလာလေလေ လှုပ်ရှားမှုများက ပိုမိုသိသာလာလေလေ ဖြစ်၏။
“ဝုန်း ဝုန်း ဝုန်း”
မြေငလျင်များက မကြာမကြာ လှုပ်ခတ်သွားပြီး မိုးခြိမ်းလုမတက် အသံနက်ကြီးပါ ထွက်ပေါ်လာသည်။
ခက်ထန်သားရဲငယ်များက တစ်ကောင်ပြီး တစ်ကောင် ထွက်ပြေးလာကြသည်။ သူတို့ကြားတွင် အားနည်းသည့် မွေးဖွားဇယားချပ်သားရဲများပင် ပါရှိသည်။
ကောင်းကင်ယံတွင် သားရဲပျံများက လူသားများကို ရှောင်ကွင်းလျက် အနက်ရောင်မြူခိုးအတွင်း ပျံသန်းဝင်ရောက်သွားကြသည်။
“နောက်ထပ် လူတွေ ရှိသေးတယ်”
ခုံဝမ်က မျက်မှောင်ကြုတ်လိုက်သည်။
“ကြည့်ပါအုံး”
ကောင်းကင်ယံထဲ၌ မြေကြီးဆီ စွမ်းရည်ဓားများကို ထုတ်လွှတ်နေသည့် လူများစွာ ရှိနေသည်။
“ဝုန်း”
အော်သံကြီးက မြေကမ္ဘာတုန်လုမတတ် ဖြစ်၏။
“ဝုန်း”
ကျင့်ကြံသူဒါဇင်ချီက အဖက်ဖက်သို့ လွင့်စဉ်သွားပြီး သွေးအန်လိုက်သည်။
လုကျိုးက ရပ်တန့်လိုက်၏။
ခုံဝမ်က တံတွေးမျိုချကာ
“အဲ့ဒါ သားရဲဧကရာဇ်အဖြစ် အသွင်ပြောင်းတော့မဲ့ သားရဲဘုရင်ပဲ ဖြစ်လောက်တယ်”
ယွီရှန်းရုန်က ရှေ့ကို ပျံသန်းလာပြီး ပြောလိုက်သည်။
“ရှစ်စွင်း ကျွန်တော်သွားကြည့်လိုက်မယ်”
ယွီကျန့်ဟိုင်ကလည်း ဝင်ပြောလိုက်သည်။
ထို့နောက် ၂ဦးသားက နောက်ထပ်စကားမဆိုဘဲ ပျံသန်းသွားကြသည်။
ခုံဝမ်က တစ်စုံတစ်ခု ပြောလိုသော်လည်း ၅ရောင်သွယ်လွမ့်ကို ထို၂ဦးသားက သတ်ဖြတ်ခဲ့ကြောင်း အမှတ်ရသွားသည့်အခါ ပြောလိုသည့်စကားများကို ပြန်လည်မျိုချလိုက်ရသည်။
ညီအစ်ကို၄ဦးက လေထုထဲ ဝဲပျံရင်း နေရခက်နေမိ၏။
လုကျိုး ပြောသည့်အတိုင်း သူတို့၏ တစ်ခုတည်းသော အသုံးပြုမှုက နောက်ယောင်ခံမှုသာ ဖြစ်၏။ သူတို့အတွက် ဘာမှလုပ်ဖို့ မလိုအပ်ပေ။
“ရှစ်စွင်း တပည့်တို့တွေ သွားမကြည့်တော့ဘူးလား”
ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
လုကျိုးက ခေါင်းယမ်းလိုက်သည်။
“ဘေးကင်းဖို့က ပိုပြီးအရေးကြီးတယ်။ အဲဒီသားရဲဘုရင်က သားရဲဧကရာဇ် ဖြစ်တော့မှာ”
“အိုး”
မည်သို့ပင်ဆိုစေကာမူ လုကျိုးက ကောင်းကင်အထက် ခပ်မြင့်မြင့် ပျံသန်းကာ လှမ်းကြည့်လိုက်သည်။
တခြားသူများကလည်း လိုက်လုပ်လိုက်ကြ၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တောင်ထိပ်ဆီ ပြိုင်တူရောက်ရှိလာ၏။
ထိုအရာကို မြင်သည့်အခါ ခုံဝမ်က မင်ရှစ်ရင်ဘက် လှည့်ကာ ပြောလိုက်သည်။
“ညီအစ်ကို သူတို့၂ယောက်က ဘယ်လောက်တောင် အားကောင်းတာလဲ”
မင်ရှစ်ရင်က ပြန်ဖြေလိုက်၏။
“အရှင်းဆုံးပြောရရင် ကျုပ်လည်း သေချာမသိဘူး”
“...”
ခုံဝူက သိချင်စွာ ပြောလိုက်သည်။
“သူတို့ပြသခဲ့တဲ့အင်အားအရ သူတို့က မွေးဖွားဇယားချပ် ၄ခုထက်တော့ အားနည်းမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့အင်အားက အဲဒီထက် ပိုတယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတယ်”
မင်ရှစ်ရင်က ခုံဝူကိုကြည့်ကာ ပြောလိုက်သည်။
“မင်းက ဥာဏ်ကောင်းသားပဲ။ သူတို့ရဲ့ ပြိုင်ဘက်က တူညီတဲ့အဆင့်မှာ ရှိတယ်ဆိုရင်တောင် သူတို့တွေက ငါ့ရှစ်ရှိုးရဲ့အောက်မှာ ရှုံးနိမ့်သွားမှာပဲ”
“...”
ငါကတော့ မင်းရဲ့ ချီးကျုးတဲ့ အရည်အချင်းမှာ ရှုံးနိမ့်သွားပြီ။
သိပ်မကြာခင် တောင်နိမိတ်မှ ခရမ်းရောင်မြူခိုးများ ထွက်ပေါ်လာ၏။ ထို့နောက် ခရမ်းရောင်စက်ဝန်းတစ်ခု ပေါ်ထွက်လာကာ ၅ပိုင်း ကွဲထွက်သွားသည်။ ထိုခရမ်းရောင်စက်ဝန်း၅ခုက အချင်းချင်း ဆက်သွယ်သွားပြီး ကောင်းကင်အထက် တောက်ပလာ၏။
မြေကြီးက လှုပ်ခတ်သွားပြီး ဧရာမှ ခက်ထန်သားရဲကြီးက တောင်ကြားမှ ခုန်ထွက်လာသည်။
“ဝုန်း”
“ကျုးယန်လား”
ခေါင်းဖြူကာ ခြေလက်များ နီရဲနေသည့် လူဝံကြီးတစ်ကောင် ဖြစ်သည်။
“ကျူးယန်လား
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
“ကျူးယန် ဖြစ်နေမယ်လို့ ထင်မထားမိဘူး”
သားရဲဧကရာဇ်တွေကလွဲရင် ကျူးယန်က တကယ့်ကို ပြိုင်ဘက်ကင်းတယ်။ သူက ကြီးမားရုံတင် မကဘူး သားရဲဧကရာဇ်တွေလောက်လည်း ဥာဏ်ကောင်းတယ်။ ပြီးတော့ ခက်ထန်သားရဲတွေကြားမှာ ကျူးယန်က လူသားနဲ့အတူဆုံးပဲ”
ခုံဝမ်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“ကံကောင်းလိုက်တာ။ လောင်ချန်းပေ့။ ကျင့်ကြံသူတွေက လှုပ်ရှားနေကြပေမဲ့ ကျုပ်တို့တွေ ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး”
လုကျိုးက ခရမ်းရောင်စက်ကွင်း၅ခုကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“အဲဒီမှာ စုန်းအတတ် ကျင့်ကြံသူတွေရှိတယ်” ခရမ်းရောင် အလင်း၅ခုက မိုးကုပ်စက်ဝန်းအတွင်း လွင့်ထွက်သွားကာ ကျူးယန်ကြောင့် ပျောက်ကွယ်သွားကြသည်။
“ထွက်သွားစမ်း”
ကျူးယန်က ဟိန်းဟောက်ပြီး အော်ဟစ်လိုက်သည်။
ကျင့်ကြံသူများက ကျူးယန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရင်း နောက်ဆုတ်သွားကြသည်။
ကျူးယန်က မြေကြီးပေါ်မှ ကျောက်တုံးကြီးကိုမကာ အဘက်ဘက်သို့ ပစ်ခတ်နေသည်။
“ဘမ်း ဘမ်း ဘမ်း”
ကျင့်ကြံသူများက သူတို့၏ ကာကွယ်ရေးစွမ်းအားကို အသက်သွင်းပြီး တားဆီးရုံမှအပ ရွေးချယ်စရာ မရှိပေ။ တချို့သော ကျောက်တုံးများက လုကျိုးအနားပင် ကျရောက်လာ၏။
မင်ရှစ်ရင်က သူတို့ကို တစ်ခုပြီးတစ်ခု ဖြေရှင်းနေသည်။
ထိုစဥ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ကျူးယန်အထက် ကောင်းကင်ထဲ ရောက်ရှိလာသည်။ သူတို့၏ မြင်ကွင်းက သူတို့ရှစ်စွင်းထက်ပင် ပိုမိုကောင်းမွန်နေ၏။ ၂ဦးသားက ထိုခရမ်းရောင်စက်ကွင်းအလယ်တွင် ဝန်ရုံရှည်ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရသည်။ ခရမ်းရောင်စွမ်းရည်များက ကောင်းကင်အထက် ထွက်ပေါ်နေဆဲ ဖြစ်၏။
“စွင်းမူလား”
ယွီရှန်းရုန်က အနည်းငယ် အံ့အားသင့်သွားမိသည်။
“ကျူးယန်ရဲ့ စွမ်းအားက ငါတို့ထင်ထားတာထက် ကျော်လွန်နေတယ်”
စွင်းမူက ပြောလိုက်သည်။
“ငါတို့ ၅ယောက်ထဲနဲ့ အဲ့ဒါကို မနှိမ်နင်းနိုင်လောက်ဘူး“
“ငါတို့ မလုပ်နိုင်ဘူးဆိုရင် နောက်ဆုတ်ကြတာပေါ့”
“ဟုတ်တယ်”
“ဟုတ်တယ်”
၅ဦးသားက အလင်းစက်ကွင်းကို ထပ်မံထုတ်လွှတ်ပြီး ကျောက်တုံးများကို ကာကွယ်နေကြသည်။
“ငါ့စကားကို နားထောင်။ ကျူးယန်ကို အတူတကွနှိမ်နင်းမယ်။ ပြီးတော့ကျမှ ဝေစုခွဲမယ်”
စွင်းမူက ကျယ်လောင်စွာပြောလိုက်သည်။
“ငါ့စကားကို နားထောင်”
“ငါ့စကားကို နားထောင်”
“ငါ့စကားကို နားထောင်”
“ငါ့စကားကို နားထောင်”
ညီအစ်ကို၅ယောက်က ဦးဆောင်ပြီး အမိန့်များပေးလိုက်ကြသည်။
ဒဏ်ရာရာရှိထားသည့်သူများကလွဲ၍ ကျင့်ကြံသူရာချီက သူတို့ကို ဝန်းရံထားကြသည်။
ယွီရှန်းရုန်က အသက်ရှည်ဓားကိုကိုင်ဆောင်ရင်း အားလုံးကြားလောက်သည့်အသံကို ထုတ်လွှင့်လိုက်သည်။
“အားနာပါတယ်။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာပဲ”
ကျင့်ကြံသူအားလုံးက ယွီရှန်းရုန်ကို လှည့်ကြည့်လိုက်ကြသည်။
တစ်ချိန်တည်းဆိုသလို စွင်းမူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ဒုတိယသခင်လေးလား”
ယွီကျန့်ဟိုင်က ရှင်းရှင်းလင်းလင်းပြောလိုက်သည်။
“စုန်းအတတ်ကို ထောင်ချောက်အနေနဲ့ပဲ သုံးလို့ရတာ။ သားရဲဘုရင်တွေကို ရင်ဆိုင်ဖို့ မှီခိုနေတယ်ဆိုရင် တုံးအတာပဲ”
စွင်းမူက ပြန်ဖြေလိုက်သည်။
“ခင်ဗျားတို့၂ယောက်လုံးက မကူညီချင်ဘူးဆိုလည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ အဲဒီလို လှောင်ပြောင်တဲ့စကားတွေ ပြောဖို့လိုလို့လား”