အခန်း (၁၀၄)
Vol. 11 Ch. 104
🌹Chapter 104
လင်းယွမ် နောက်နေခြင်းမဟုတ်ဘဲ အတည်ပြောနေခြင်းဖြစ်သည်။
သူလက်ဖျောက်တစ်ချက်တီးလိုက်ရာ ဖယောင်းတိုင်များ၊ လက်ထိတ်များနှင့် သားရေကြာပွတ်တစ်ချောင်း ပေါ်လာခဲ့သည်။ ထိုပစ္စည်းများကို သေသေသပ်သပ် စီရီပေးလိုက်ပြီး ကြိုက်ရာရွေးဖို့ ယန်ရုန်ရုန့်အား လက်ဟန် ပြလိုက်ပါသည်။
ယန်ရုန်ရုန် နားထင်များ ထိုးကိုက်လာပြီး အံကြိတ်ကာ ပြောလိုက်သည်။
“သွားစမ်းပါ!!”
ယန်ရုန်ရုန် မရွေးချယ်ခဲ့သော်လည်း လင်းယွမ် စိတ်မပျက်ခဲ့ပါ။ လက်တစ်ချက်ဝှေ့ယမ်းပြီး ပစ္စည်းများကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သွားပေါ်အောင်ပြုံးရင်း ပြောလိုက်ပါသည်။
“ဒီပစ္စည်းတွေကို မကြိုက်လို့လား၊ ရပါတယ်၊ ဒီ့ထက်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ပစ္စည်းတွေ ရှာပေးမယ်နော်”
ယန်ရုန်ရုန် အော်ဟစ်လိုက်သည်။
“ကျွန်မ ဘာမှမလိုချင်ဘူး!”
ယန်ရုန်ရုန့်ကို လင်းယွမ် အရိုးမရှိသည့် မြွေတစ်ကောင်လို ပျင်းရိပျင်းတွဲ မှီလိုက်ပါသည်။
“အဲ့လောက်မြန်မြန် မငြင်းပါနဲ့လား၊ ဘဝဆိုတာ အကြာကြီးပဲ၊ တစ်ခါတလေ အပျော်မရှာတတ်ရင် ပျင်းစရာကောင်းလွန်းလိမ့်မယ်”
ယန်ရုန်ရုန် နောက်ဆုတ်ကာ ပြောလိုက်သည်။
“အဲ့တော့ ရှင်က ကျွန်မကို အသုံးချပြီး အပျော်ရှာချင်တာပေါ့ ဟုတ်လား”
“မဟုတ်ရပါဘူး၊ မင်းကိုမြင်ရရုံနဲ့ ကိုယ်ပျော်နေပြီ၊ မင်းကိုအသုံးချပြီး အပျော်ရှာစရာမလိုဘူး၊ မင်းရဲ့ ဖြစ်တည်မှုကိုက ဒီကမ္ဘာပေါ်မှာ ကိုယ့်ကိုပျော်ရွှင်မှု အပေးနိုင်ဆုံးအရာပဲ”
လင်းယွမ်စကားဆုံးသည်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို မ,ကာ ယန်ရုန်ရုန်၏ ဝမ်းဗိုက်ပေါ် ခေါင်းမှီရင်း နားခိုလိုက်ပါသည်။ သူမ၏ ခါးကိုလည်း လက်နှစ်ဖက်စလုံးဖြင့် ပွေ့ဖက်ထားပြီး သူ့ပါးဖြင့် ယန်ရုန်ရုန့်ဝမ်းဗိုက်ကို ပွတ်သပ်နေသည်။
သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်ပါသည်။
“ကိုယ့်ကလေးလေးရဲ့ ကိုယ်သင်းနံ့က မွှေးနေတာပဲ”
ယန်ရုန်ရုန် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူမ ရုန်းကန်ချင်ခဲ့သော်လည်း မမြင်ရသည့် နတ်ဆိုးစွမ်းအင်တစ်ခုက သူမခန္ဓာကိုယ်ကို ထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့် တစ်နေရာတည်းမှာပဲ တိတ်တဆိတ် လှဲလျောင်းကာ လင်းယွမ်ကို ပွေ့ဖက်ခွင့် ပေးထားလိုက်ရသည်။
ယန်ရုန်ရုန် အံကြိတ်လိုက်ပြီး ယုတ်မာသည့် လေသံဖြင့် ပြောလိုက်သည်။
“ကျွန်မ ရေမချိုးတာ ရက်တော်တော် ကြာပြီနော်၊ ကျွန်မ ကိုယ်သင်းနံ့မွှေးတာ သေချာရဲ့လား”
လင်းယွမ်က အသန့်ကြိုက်တတ်သည့် ငကြောင်ဖြစ်မှန်း ယန်ရုန်ရုန်မှတ်မိပါသည်။ ဒီလိုပြောလိုက်ခြင်းအားဖြင့် သူရွံရှာသွားမှာ သေချာသည်။
လင်းယွမ် ခေါင်းထောင်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“ဟုတ်လား၊ အဲ့လိုနေတာ မသန့်ရှင်းဘူးနော်”
ယန်ရုန်ရုန်တွေးလိုက်သည်။
‘ဟား! ထင်တဲ့အတိုင်းပဲ’
သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ သူမဝမ်းဗိုက်ပေါ် လင်းယွမ်ထပ်မှီလိုက်ပါသည်။ ဒီတစ်ခါ ပိုမိုကြမ်းတမ်းစွာပင် ပွတ်သပ်ခဲ့ပြီး အံ့အားသင့်ပျော်ရွှင်နေသည့် လေသံဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ပိုတောင် သဘောကျသေးတယ်! ရှောင်းရှောင်းရဲ့ စစ်မှန်တဲ့ ကိုယ်သင်းနံ့ကလေးနဲ့ ပြည့်နှက်နေမှာပဲ၊ ရှောင်း ရှောင်းက လွှမ်းမိုးထားသလို ခံစားရတယ်၊ အရမ်းကောင်းတာပဲ!”
ယန်ရုန်ရုန်: ‘…’
ဒီလူ စိတ်ပိုင်းဆိုင်ရာ အခြေအနေမကောင်းမှန်း သေချာသွားပါပြီ။ သူ့တွေးခေါ်ပုံက သာမန်လူတစ်ယောက်နှင့် ခြားနားလှသည်။ ထို့ကြောင့် သူ့ကို သာမန်လူတွေလို အကဲခတ်၍ မရနိုင်ပေ။
ယန်ရုန်ရုန်၏ ဝမ်းဗိုက်တွင် မျက်နှာကပ်ရင်း လင်းယွမ် ဗလုံးဗထွေးပြောလိုက်သည်။
“ကလေးလေးရဲ့ အဝတ်အစားတွေက ရှုပ်နေသလိုပဲ၊ ချွတ်လိုက်လို့ရလား”
ယန်ရုန်ရုန် စိတ်ချောက်ချားသွားပြီး အော်ဟစ်လိုက်သည်။
“မရဘူး!”
သူတကယ်လုပ်မှာကို ယန်ရုန်ရုန် စိုးရိမ်သွားသည်။ သူတကယ် လုပ်ရဲပါက သူမအသက်ကို စွန့်ရမည်ဆိုလျှင်တောင် သူ့ကို သတ်ပစ်ပါမည်။
လင်းယွမ် စိတ်ပျက်အားလျော့မှုဖြင့် သက်ပြင်းချလိုက်သည်။ သူ့ပူပူနွေးနွေး အာငွေ့များက သူမဝမ်းဗိုက်ကို လာရောက်ရိုက်ခတ်နေသည်။
“ဟုတ်ပါပြီ၊ မချွတ်ချင်လည်း ထားလိုက်ပါတော့”
ယန်ရုန်ရုန် ခဏလောက် စောင့်နေခဲ့သေးသည်။ လင်းယွမ် ဘာမှဆက်လုပ်ဖို့ မကြိုးစားမှန်း သေချာခါမှ သူမ စိတ်လျှော့နိုင်ခဲ့ပါသည်။ အနည်းဆုံးတော့ လင်းယွမ် လူယုတ်မာလုံးလုံး မဖြစ်သေးပါ။
လင်းယွမ်ဘာမှ ဆက်မပြောတော့ဘဲ သူမကို ပွေ့ဖက်ရင်း အိပ်ပျော်သွားလေသည်။
ယန်ရုန်ရုန်ကတော့ အိပ်မပျော်နိုင်ခဲ့ပေ။ သူမ ပင်ပန်းနေသော်လည်း လင်းယွမ်၏ပွေ့ဖက်မှုကို ခံထားရသည်ဟူသော အတွေးကြောင့် အနားမယူနိုင်ခဲ့ပါ။ အမြဲတမ်း သတိဝင်နေခဲ့သည်။
လင်းယွမ် အိပ်ပျော်နေရင်း တစ်စုံတစ်ခုကို အိပ်မက်မက်နေပုံရသည်။ သူမ ဝမ်းဗိုက်ကို ထပ်မံ ပွတ်သပ်နေပြီး တိုးညှင်းစွာ ညည်းညူနေခဲ့ပါသည်။ သူ့ခပ်ကောက်ကောက် ဆံချည် မျှင်တစ်ချောင်းက ပါးပြင်ပေါ် တွဲလျားကျနေပြီး သူ့ နှုတ် ခမ်းနီနီများကို ပွတ်တိုက်သွားခဲ့ကာ ထူးထူးဆန်းဆန်း ဆွဲဆောင်မှုရှိနေခဲ့ပါသည်။
ယန်ရုန်ရုန် လက်ချောင်းများတွန့်သွားခဲ့သည်။
‘သူ အိပ်နေတုန်း သတ်ပစ်လိုက်ရမလား’
ထိုအတွေးဖြင့် ဝူဝမ့်ဓားတိတ်တဆိတ် ပေါ်လာခဲ့သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်ကို အသုံးချကာ လင်းယွမ်၏ လည်ပင်းကို ချိန်ရွယ်လိုက်ပါသည်။
‘တစ်ချက်ပဲ!’
အိပ်ပျော်နေသည်ဟု ထင်ရသည့် လင်းယွမ် မျက်လုံးများ ဆတ်ခနဲပွင့်သွားပြီး သူ့ပေါ်ပြုတ်ကျလာသည့် ဓားကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ ဖမ်းလိုက်သည်။
ထို့နောက် ယန်ရုန်ရုန်ကို ပြုံးတစ်ဝက် မဲ့တစ်ဝက်ဖြင့် ကြည့်လိုက်သည်။
“ကိုယ့်ကို သတ်ချင်နေတာလား”
အလစ်တိုက်ခိုက်မှု လူမိသွားသော်လည်း ယန်ရုန်ရုန် မရှက်မိပါ။ သူမ ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
“ဟုတ်တယ်!”
လင်းယွမ် လက်ဖျောက်တစ်ချက်တီးလိုက်ရာ ဝူဝမ့်ဓား လွင့်ထွက်သွားခဲ့သည်။ ထို့နောက် ပျင်းရိစွာ သန်းဝေရင်း ပြောလိုက်လေသည်။
“မင်းက အားနည်းလွန်းတယ်၊ ငါဒီတိုင်း မခုခံဘဲ သတ်ခွင့်ပေးရင်တော် မင်းသတ်နိုင်မှာ မဟုတ်ဘူး”
ယန်ရုန်ရုန် နှုတ်ခမ်းကိုက်လိုက်မိသည်။ သူမ အားနည်းနေမှန်း နားလည်ပါသည်။ သို့သော် ညတွင်းချင်း သန်မာလာဖို့ ဟူသည်မှာလည်း မဖြစ်နိုင်လှပေ။ ဝိညာဉ်ရင်းမြစ်များ ပြန်ကောင်းသွားလျှင်တောင် လင်းယွမ်ကိုကျော်နိုင်ဖို့ဆို အချိန်အကြာကြီး ယူရပါလိမ့်မည်
သူမအတွေးများကို လင်းယွမ် နားလည်နေပုံရသည်။ သူမလက်ကလေးကို လှမ်းဆွဲလိုက်ပြီး နှုတ်ခမ်းနားကပ်ကာ လက်ချောင်းထိပ်လေးများကို နမ်းလိုက်ပါသည်။
“မင်းကိုအချိန်တိုအတွင်း သန်မာလာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်း ကိုယ့်မှာရှိတယ်၊ ကိုယ့်ထက်တောင် ပိုသန်မာသွားအောင် လုပ်ပေးနိုင်တယ်၊ ဘယ်လိုနည်းလမ်းလဲ သိချင်လား”
နည်းလမ်းကောင်းမဖြစ်နိုင်မှန်း ယန်ရုန်ရုန့် ရင်ထဲ အလိုလိုသိနေခဲ့ပါသည်။ သို့သော် စပ်စုချင်စိတ်ကို ထိန်းမရဘဲ မျက်နှာသေဖြင့် မေးလိုက်သည်။
“ဘယ်လိုနည်းလမ်းလဲ”
“ကိုယ်နဲ့ တွဲဖက်ကျင့်ကြံဖို့လေ၊ အဲ့တာဆို ကိုယ့်ရဲ့ ကျင့်ကြံခြင်းစွမ်းအင်တွေကို မင်းစုပ်ယူလို့ရလိမ့်မယ်၊ အဲ့လိုလုပ်လေလေ မင်းရဲ့ကျင့်ကြံမှုအဆင့် မြန်မြန်မြင့်လာနိုင်လေလေပဲ၊ ယန်စွမ်းအင်ကို နုတ်ယူပြီး ယင်စွမ်းအင်ကို အားဖြည့်သလိုပဲပေါ့၊ လွယ်ကူပြီး လက်တွေ့ကျတယ်၊ စမ်းသပ်ကြည့်ချင်လား”
ယန်ရုန်ရုန် မျက်နှာ မှောင်မိုက်သွားခဲ့သည်။ ဒီလူ့စိတ်က ပုံမှန်မဟုတ်ပါ။
သူမ လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ရှင့်ဆီက စွမ်းအားတွေ အကုန်စုပ်ယူပစ်လိုက်မှာကို မကြောက်ဘူးလား”
လင်းယွမ် အားရပါးရ ရယ်မောပစ်လိုက်ပါသည်။
“ဟားဟားဟား! အဲ့လို စုပ်ယူမယ်ဆိုရင် ပိုတောင် ပျော်သေးတယ်! ကိုယ့် ခန္ဓာကိုယ်ကနေ အသက်ဝိညာဉ်အထိ ကြိုက်သလောက် စုပ်ယူပစ်လိုက်စမ်းပါ၊ ကိစ္စမရှိဘူး!!”
လင်းယွမ်၏ လက်များကို ယန်ရုန်ရုန် အတင်းဖယ်ရှားပစ်ဖို့ ကြိုးစားသည်။
“ကျွန်မ တွဲဖက်ကျင့်ကြံရမယ်ဆိုရင်တောင် ရှင်နဲ့အတူ မဟုတ်စေရဘူး”
ထိုစကားက သူ့ကို ဒေါသထွက်သွားစေမှန်း သေချာပါသည်။ လင်းယွမ် ရယ်သံများရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးတွေလည်း လေးလံမှောင်မိုက်သွားခဲ့သည်။
“အဲ့တာဆို ဘယ်သူနဲ့ တွဲဖက်ကျင့်ကြံချင်တာလဲ ရှန်းဝမ်ချင်းနဲ့လား”
ယန်ရုန်ရုန် မကြောက်မရွံ့ ပြန်စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မဖာသာ ကျင့်ကြံချင်တဲ့လူနဲ့ ကျင့်ကြံမယ်၊ ရှင့်အလုပ်မဟုတ်ဘူး!”
လင်းယွမ်တစ်ခုခုကို စဉ်းစားမိလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
“သူတို့သုံးယောက်နဲ့ တွဲဖက်ကျင့်ကြံပြီးသားလား”
သို့သော် သူမ ပြန်မဖြေနိုင်ခင် လင်းယွမ်က ဆက်ပြောလိုက်ပါသည်။
“ထားလိုက်ပါ၊ မဖြေနဲ့တော့၊ အဲ့တာတွေက အတိတ်မှာကျန်ခဲ့ပြီ၊ ငါ မသိချင်တော့ဘူး၊ အခုချိန်ကစပြီး မင်းက ငါ့အတွက်ပဲဖြစ်ရမယ်”
“ဘာမှမစဉ်းစားဘဲ မငြင်းနဲ့ဦး၊ ကိုယ်အတည်ပြောနေတာ၊ အဲ့ဒီသုံးယောက်က ကိုယ်နဲ့ယှဉ်လိုက်ရင် ဘာကောင်တွေမှ မဟုတ်ဘူး၊ တစ်ယောက်က ဓားသိုင်းကျင့်ကြံဖို့ပဲ သိတယ် အေးတိအေးစက်နဲ့ ဘာဆွဲဆောင်မှုမှ မရှိဘူး၊ နောက်တစ်ယောက်ကလည်း အမြှီးလှုပ်ဖို့နဲ့ အရာရာကို ဒေါသနဲ့ ဖြေရှင်းဖို့ပဲ သိတယ်၊ နောက်ဆုံးတစ်ယောက်ကလည်း အလကားနေ ရုပ်သေးရုပ် ဖန်တီးဖို့လောက်ပဲ သိတဲ့ကောင်၊ လေတစ်ချက်လောက် တိုက်လိုက်တာနဲ့ လဲကျသွားမယ့်ပုံစံမျိုးနဲ့ အဲ့လိုလူမျိုးက မင်းလိုချင်တဲ့ ပျော်ရွှင်မှုကိုပေးနိုင်ပါ့မလား”
“ကိုယ်ကတော့ ခြားနားတယ်၊ သူတို့ထက် ပိုသိတယ်၊ သူတို့ထက် ပိုတတ်တယ်၊ ပြီးတော့ ကိုယ်က အများကြီးသဘော ထားကြီးပေးနိုင်တယ်၊ မင်းအရမ်းပျော်ရွှင်စေရမယ်လို့ အာမခံတယ်၊ မယုံရင် စမ်းသပ်ကြည့်လို့ရတယ်၊ မျက်လုံးနဲ့ မကြည့်ချင်ရင်တောင် အထိအတွေ့ကိုခံစားကြည့်လိုက်လေ”
ထို့နောက် ယန်ရုန်ရုန်၏ လက်ကို ဆုပ်ကိုင်ကာ သူ့ဝမ်းဗိုက်ကို ထိတွေ့စေခဲ့သည်။ ပါးလွှာသည့် ဝတ်ရုံများအောက်မှ သူ့ဝမ်းဗိုက်ကြွက်သားများကို ယန်ရုန်ရုန် ခံစားမိပါသည်။
ယန်ရုန်ရုန် လက်ကိုပြန်ဆွဲယူဖို့ ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ပေ။
သူမလက်ကို လင်းယွမ်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့အသားကို ထိတွေ့စေခဲ့သည်။ ထို့အပြင် သူမလက်ကို ရည်ရွယ်ချက်ရှိရှိ ဦးဆောင်ကာ အောက်ဘက်သို့ပင် ဖြည်းဖြည်းချင်း လမ်းညွှန်နေပါသေးသည်။