← Chapters

အခန်း (၁၀၆)

Vol. 11 Ch. 106

အခန်း (၁၀၆)

Vol. 11 Ch. 106

🌹Chapter 106

လူသားများ၏ အမြင်တွင် နတ်ဆိုးမျိုးနွယ်က လူသတ်ဖို့မှတပါး ဘာမှနားမလည်ကြသည့် သွေးအေးရက်စက်သော မကောင်းဆိုးဝါးများသာ ဖြစ်ကြသည်။

သို့သော်လက်တွေ့မှာတော့ နတ်ဆိုးများကလည်း စားဖို့၊ သောက်ဖို့၊ အိပ်စက်ဖို့ လိုအပ်ပါသည်။ ထို့အပြင် အသက် မွေးဝမ်းကျောင်းအတွက် အလုပ်လည်း လုပ်ကြရသည်။

နတ်ဆိုးကျဆုံးခြင်း တောင်ကြားလမ်းတွင် နတ်ဆိုးပေါင်းစုံကို ယန်ရုန်ရုန် မြင်ခဲ့ရပါသည်။

ကုန်စည်များကို သယ်ယူပေးရသော ခွန်အားကြီးနတ်ဆိုးများ၊ ဘောလုံးသုံးလုံးနှင့် မျက်လှည့်ပြပြီးနောက် စေတနာကြေး ခပ်ပြုံးပြုံး တောင်းခံနေသည့် မျက်လုံးသုံးလုံး နတ်ဆိုးများ၊ စားသောက်ဆိုင် တည်းခိုခန်း ဝင်ပေါက်များတွင် ဧည့်သည်တော်များကို ဖြားယောင်း ခေါ်ဆောင်ဖို့ ကြိုးစားနေကြသည့် တဏှာနတ်ဆိုးမများ စသည်ဖြင့် အမျိုးအစား စုံလင်လွန်းလှပါသည်။

ပုံသဏ္ဌာန်များက ထူးဆန်းပြီး အမျိုးအစား စုံလင်ကြသော် လည်း ဘဝနေထိုင်မှုပုံစံကတော့ လူသားများနှင့် သိပ်မကွာခြားလှပေ။

ယန်ရုန်ရုန် ဟိုကြည့်ဒီကြည့် လုပ်နေစဉ် နတ်ဆိုးပျံလေးတစ်ကောင် ရောက်လာပြီး သူမလက်ထဲ စာရွက်တစ်ရွက် လာထည့်ပေးသွားပါသည်။

ထိုနတ်ဆိုးပျံတွင် လူကြီးတစ်ယောက်၏ မျက်နှာမျိုးရှိသော်လည်း ခန္ဓာကိုယ်က အသက် ၇ နှစ် ၈ နှစ်အရွယ်ရှိ ကလေးတစ်ယောက်၏ ခန္ဓာကိုယ်မျိုးဖြစ်နေသည်။ သူ့နောက်ကျောတွင် သေးငယ်သည့် အတောင်ပံနှစ်ဖက် ပေါက်နေပါသည်။

ထိုသတ္တဝါများက တိုက်ခိုက်စွမ်းရည် နည်းပါးသည့် အဆင့်နိမ့် နတ်ဆိုးများဖြစ်သည်။ သို့သော် ၎င်းတို့က သဘာဝ အလျောက်လေပေါ် အလျှင်အမြန် ပျံသန်းနိုင်စွမ်း ရှိကြသဖြင့် ချောပို့သမားများအဖြစ် အလုပ်လုပ်ရလေ့ရှိပါသည်။

“ဒီနေ့ည နတ်ဆိုးကျဆုံးခြင်းတောင်ကြားလမ်းမှာ လေလံပွဲကျင်းပမှာနော်! ရတနာပေါင်းများစွာကို လျှော့ဈေးနဲ့ ဝယ်ယူခွင့်ရမယ့် အခွင့်အရေးကို မဆုံးရှုံးစေနဲ့!”

နတ်ဆိုးပျံက ကြေညာလိုက်သည်။

ထိုစကားလုံးများကို အကြိမ်ပေါင်း ရာနှင့်ချီပြောဖူးသကဲ့သို့ ထစ်ငေါ့ခြင်းမရှိဘဲ တစ်ဆက်တည်း ပြောသွားသည့်ပုံစံမှာ အသက်ဝိညာဉ်မရှိသည့် ကြော်ငြာစက်တစ်လုံးလိုပင်။

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ယန်ရုန်ရုန်၏ တုန့်ပြန်မှုကိုပင်မစောင့်ဘဲ လင်းယွမ်လက်ထဲ စာရွက်တစ်ရွက် ထပ်ထည့်ပေးကာ ထိုစကားလုံးများကို အတိအကျ ထပ်ရွတ်ပြလေသည်။ တာဝန်ပြီးဆုံးသွားသောအခါ အခြား လမ်းသွားလမ်းလာများထံ ထပ်မံပျံသန်းသွားခဲ့ပါသည်။

ယန်ရုန်ရုန် စာရွက်ကို ငုံ့ကြည့်လိုက်သည်။ စုတ်စုတ်ပြတ် ပြတ် လက်ကမ်းစာစောင်လေးဖြစ်ပြီး စုတ်တံနှင့် ရေးသားထားသည့် စာကြောင်းအချို့ပါဝင်ပါသည်။ အဓိက အကြောင်းအရာကတော့ ဒီနေ့ည သန်းခေါင်ယံ အချိန်တွင် ဝမ်ပေါင်မျှော်စင်၌ တစ်နှစ်တာအကြီးမားဆုံး လေလံပွဲကြီးကို ကျင်းပမည်ဆိုခြင်းပင်။

‘ဝမ်ပေါင်မျှော်စင်’ဟူသည့် အမည်ကို မြင်လိုက်ရပြီး ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။

ဝမ်ပေါင်မျှော်စင်က ကုန်းမြေတိုက်ကိုးခု၏ နေရာအတော်များများတွင် ဆိုင်ခွဲများဖွင့်ထားကာ ကျင့်ကြံခြင်း လောက၌ အကျော်ကြားဆုံး ကုန်တိုက်ကြီးတစ်ခုဟုဆိုနိုင်သည်။ ယခင်တစ်ခေါက်က လျို့လန်ကို ခေါ်ဆောင်ပြီး ထိုဆိုင်တစ်ဆိုင်တွင် ယန်ရုန်ရုန် မှော်ရတနာများ သွားရောက်ဝယ်ယူခဲ့ဖူးသည်။

ဝမ်ပေါင်မျှော်စင်က လူသားကျင့်ကြံသူများနှင့်သာ စီးပွား ရေးလုပ်ခြင်းမဟုတ်ဘဲ နတ်ဆိုးများနှင့်ပါ စီးပွားရေး လုပ်နေလိမ့်မည်ဟု ယန်ရုန်ရုန်မထင်ခဲ့မိပေ။ နတ်ဆိုးနယ်မြေမှာပင် ဆိုင်ခွဲတစ်ခု လာဖွင့်ထားသေးသည်။

ဝမ်ပေါင်မျှော်စင်၏ ဖွဲ့စည်းတည်ထောင်သူအကြောင်း ယန်ရုန်ရုန် စိတ်ဝင်စားသွားခဲ့ပါသည်။ လူသားလောကနှင့် နတ်ဆိုးလောကနှစ်ခုစလုံးကို လွှမ်းမိုးထားနိုင်သည့် လူဖြစ်သဖြင့် သာမန်စီးပွားရေး ပညာရှင် မဟုတ်နိုင်ပေ။

လက်ကမ်းကြော်ငြာကို စိုက်ကြည့်နေသည့် ယန်ရုန်ရုန်အားမြင်ပြီး သူမ စိတ်ဝင်စားနေခြင်းဖြစ်မည်ဟု လင်းယွမ် ယူဆလိုက်ပါသည်။

“ဒီနေ့ညက လေလံပွဲကို သွားကြည့်ကြစို့ ကလေးလေး”

ယန်ရုန်ရုန် ငြင်းဆန်ချင်ခဲ့သော်လည်း သေချာပြန်စဉ်းစားကြည့်မှ သတင်းအချက်အလက်အချို့ စုဆောင်းဖို့အခွင့် အရေးတစ်ခုဖြစ်မှန်း နားလည်သွားခဲ့သည်။ ဝမ်ပေါင်မျှော် စင်က လူသားလောကနှင့်ပါ ဆက်နွယ်မှုရှိသဖြင့် ဖမ့်လိုင်မသေမျိုးကျွန်း၏အခြေအနေကို သူမ စုံစမ်းသိရှိနိုင်လောက်သည်။

ဖမ့်လိုင်မသေမျိုးကျွန်းမှ သူမ ထွက်လာခဲ့ရပြီးနောက် ရှန်းဝမ်ချင်းနှင့် လျို့ပင်းပီတို့ ဘာဖြစ်သွားကြသလဲ သိချင်မိပါသည်။

အထူးသဖြင့် ရှန်းဝမ်ချင်းအကြောင်း သူမ ပိုသိချင်သည်။

‘သူအသက်တော့ ရှင်နေလောက်ဦးမှာပါနော်…’

ရှန်းဝမ်ချင်း၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားသဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသူတစ်ဦး၏ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးနိုင်ချေသိပ်မရှိပါ။ သို့သော် လျို့ဖုကျွင်းကို လင်းယွမ်တစ်ခုခု လုပ်ထားခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။

သူမ စိတ်တွေ မသက်မသာဖြစ်နေသည်။ ဖမ့်လိုင်မသေမျိုးကျွန်း၏အခြေအနေကို သူမ သိရဖို့လိုအပ်သည်။

ထို့ကြောင့် လင်းယွမ်၏ အကြံပြုချက်ကို သဘောတူခဲ့သည်။ ထို့နောက် သူ့ကိုလှည့်ကြည့်ကာ လေးလေးနက်နက် သတိပေးလိုက်ပါသည်။

“ကျွန်မ ဘယ်နှခါပြောရမလဲ၊ ကျွန်မကို ‘ကလေးလေး’လို့ မခေါ်နဲ့လို့၊ ရွံစရာ ကောင်းလွန်းလို့”

လင်းယွမ် အနားတိုးလာပြီး တမင်တကာ တီးတိုးခေါ်ဆိုလိုက်သည်။

“ကလေးလေး၊ ကလေးလေး၊ ကိုယ့်ကလေးလေး”

သူမ ကန့်ကွက်လေလေ သူ့ဘက်က ရှေ့ဆက်တိုးလေလေပင်။ ထို့ကြောင့် ယန်ရုန်ရုန် စိတ်ရှုပ်ထွေးကာ အလွန်မျက် မှောင်ကြုတ်သွားခဲ့ပါသည်။ သို့သော် လင်းယွမ်ကတော့ အားရပါးရ ရယ်မောနေသည်။ သူစိတ်ရွှင်နေမှန်း သိသာပါသည်။

“ကလေးလေး ဗိုက်ဆာနေပြီလား၊ ဘာစားချင်လဲ”

ယန်ရုန်ရုန် ချက်ချင်း ပြန်ငေါက်လိုက်သည်။

“ဘာမှမစားချင်ဘူး၊ ရှင့်ကိုကြည့်ရုံနဲ့ တော်တော်ဗိုက်ဝနေပြီ!”

လင်းယွမ် ပိုမိုကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကိုယ့်ကို အဲ့လောက်တောင် သဘောကျတာလား၊ ကိုယ့်ကို မြင်ရရုံနဲ့ ဗိုက်တောင် မဆာတော့ဘူးပေါ့ ဟုတ်လား”

သူမစကားတွေကို လင်းယွမ် ရည်ရွယ်ချက်ရှိရှိ အဓိပ္ပာယ်ကောက်နေမှန်း ယန်ရုန်ရုန်သိပါသည်။ သူမ ရှင်းပြချင်သော် လည်း လင်းယွမ် နားထောင်မှာမဟုတ်မှန်း သေချာသဖြင့် ဘာမှ အသုံးမဝင်ပေ။ နောက်ဆုံးတော့ ယန်ရုန်ရုန် ဒီတိုင်း ပါးစပ်ပိတ်လိုက်ပြီး ရှေ့သို့သာ ဆက်လျှောက်လာခဲ့သည်။

လင်းယွမ်လည်း သူမဘေးမှ ပျင်းရိပျင်းတွဲ လိုက်လာခဲ့ပါသည်။ သူ့ပုံစံက အလွန်နှေးကွေးစွာ လမ်းလျှောက်နေပုံ ပေါက်သော်လည်း ယန်ရုန်ရုန် ဘယ်လောက်ပဲ အရှိန်မြှင့်ပါစေ သူမီအောင် လိုက်လာနိုင်သည်။ နောက်ဆုံးတော့ ယန်ရုန်ရုန်ပဲ မောဟိုက်သွားခဲ့ရကာ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အနီးနားတွင် စားသောက်ဆိုင်တစ်ဆိုင် ရှိနေသည်။ ယန်ရုန်ရုန် ဆိုင်ထဲ ဝင်သွားပြီး စားပွဲလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်ကာ ရေသောက်လျက် အမောဖြေဖို့ ကြံလိုက်ပါသည်။

လင်းယွမ်လည်း ဆိုင်ထဲ ဝင်လာပြီး သူမဘေးမှာ တမင်သက်သက် ဝင်ထိုင်လိုက်သည်။ သူ့ပေါင်က သူမကို လာထိနေပြီး အဝတ်အစားများမှတဆင့် အနွေးဓာတ်များ ကူးစက်နေခဲ့ပါသည်။

ယန်ရုန်ရုန် သူ့ကို မျက်စောင်းထိုးလိုက်သည်။

“ကျွန်မနဲ့ ဝေးဝေးမှာနေစမ်း!”

လင်းယွမ် သိမ်သိမ်မွေ့မွေ့ ပြုံးလိုက်ပါသည်။

“မနေချင်ဘူး”

ထိုစကားကို အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်သဖွယ် လင်းယွမ် ပြောလိုက်ခြင်းပင်။

ယန်ရုန်ရုန် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး စားပွဲကိုကွေ့ပတ်လျှောက်သွားကာ လင်းယွမ်နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ သွားထိုင်နေလိုက်ပါသည်။ ဒါမှ သူမကို မထိနိုင်မှာဖြစ်သည်။

ထို့နောက် စားစရာမှာဖို့အတွက် စားပွဲထိုးအား လှမ်းခေါ်လိုက်သည်။ စားပွဲထိုးက ခပ်ဝဝ အစိမ်းရောင် အသားအရည်ရှိသည့် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး စိမ်းနေသည့် သွားများကို ပေါ်အောင်ပြုံးလျက် မေးလိုက်ပါသည်။

“ဧည့်သည်တော်တို့ ဘာများသုံးဆောင်ကြမလဲ”

ယန်ရုန်ရုန်မှာဖို့ ကြံလိုက်စဉ် စားပွဲအောက်မှ သူမ ခြေသလုံးကို တစ်စုံတစ်ခု လာတို့နေသည်အား ခံစားလိုက်ရသည်။ ငုံ့ကြည့်စရာပင် မလိုဘဲ လင်းယွမ် ပြဿနာရှာနေမှန်း သူမ သိနိုင်ပါသည်။ ထို့ကြောင့် ခြေထောက်ကို ပြန်ရုတ်သိမ်းကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် တရားခံကို စိုက်ကြည့်လိုက်သည်။

လင်းယွမ်က စားပွဲတွင် မေးထောက်လျက် ပြုံးနေပါသည်။

“ကိုယ် ဘာစားချင်လဲ မမေးတော့ဘူးလား”

ယန်ရုန်ရုန် အေးစက်စွာ ပြောလိုက်သည်။

“ဘာမှမစားနဲ့၊ အငတ်ခံပြီးသေလိုက်!”

“ကိုယ်ဗိုက်အရမ်းဆာတယ်၊ မင်းကို အချိန်တိုင်းအခါတိုင်း စားချင်နေတာ၊ ဒါပေမယ့် မင်းကမှ ခွင့်မပြုတာ”

လင်းယွမ် သနားစရာကောင်းစွာ ပြောလိုက်ပါသည်။

ယန်ရုန်ရုန် အန်ချင်သွားပြီး မျက်စပစ်ကာ ငေါက်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း!”

သူတို့နှစ်ယောက်ကို စားပွဲထိုးက အပြန်ပြန်အလှန်လှန်ကြည့်ရင်း ရယ်မောလိုက်ပါသည်။

“နှစ်ယောက်သား အဆင်ပြေကြသားပဲ”

ယန်ရုန်ရုန် တစ်ကိုယ်လုံး တုန်ယင်သွားသည်။

“ငယ်ငယ်ရွယ်ရွယ်နဲ့ နင်မျက်လုံးကန်းနေပြီလား!”

စားပွဲထိုး အံ့အားသင့်သွားခဲ့သည်။

“ကျွန်တော်ခန့်မှန်းတာ မှားသွားလို့လား၊ ဧည့်သည်တို့က စုံတွဲတွေ မဟုတ်ကြဘူးလား”

ယန်ရုန်ရုန် စားပွဲကို ရိုက်ချလိုက်ပါသည်။

“မဟုတ်ဘူး!”

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ စုံတွဲတွေ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့၊ ဒေါသမထွက်ပါနဲ့”

လင်းယွမ်က သိမ်သိမ်မွေ့မွေ့ ဝင်ချော့လိုက်ပါသည်။

“မင်းက အရမ်းရှက်တတ်တာပဲ”

စားပွဲထိုး၏ အမြင်တွင်တော့ ယန်ရုန်ရုန်က ရှက်ကိုးရှက် ကန်းဖြင့် ငြင်းဆန်နေသည့် ပုံစံပေါက်နေပါသည်။

ယန်ရုန်ရုန် မကျေမနပ် စိုက်ကြည့်လိုက်သည်။

“ဘယ်သူ့ကို ရှက်တတ်တယ် လာပြောနေတာလဲ၊ ကျွန်မ ရှင်နဲ့ ဘာမှ မသက်ဆိုင်ဘူး၊ မဟုတ်တာတွေ လျှောက်မပြောနဲ့!”

လင်းယွမ် အမြန်ထောက်ခံလိုက်ပါသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မရှက်တတ်ပါဘူး၊ အားလုံးထဲမှာ မင်းက အရေအထူဆုံးပဲနော်”

ယန်ရုန်ရုန်: “…”

‘အား!!! တော်တော်ဒေါသထွက်ဖို့ ကောင်းတာပဲ!’

လင်းယွမ် ချန့်ခွင်းအိတ်ထဲမှ ရေနွေးကယားနှင့် အခါးရည်ခွက်တို့ကို ထုတ်ပြီး ယန်ရုန်ရုန့်အတွက် အခါးရည်တစ်ခွက် ငှဲ့ပေးကာ ချော့လိုက်သည်။

“စိတ်အေးသွားအောင် အခါးရည်လေး သောက်လိုက်ပါဦး၊ ဒေါသထွက်ပါများရင် ကျန်းမာရေးမကောင်းတတ်ဘူး”

လင်းယွမ်တိုက်သည့် အခါးရည်ကို ယန်ရုန်ရုန်မသောက်ချင်ပါ။ ထို့ကြောင့် စားပွဲထိုးကိုသာ မှာလိုက်သည်။

“ငါ့ကို အခါးရည်တစ်အိုးနဲ့ မုန့်နှစ်မျိုးချပေး”

“အမြန်ဆုံးရစေရပါမယ်!”

စားပွဲထိုး ခပ်သုတ်သုတ် ထွက်သွားခဲ့သည်။

သိပ်မကြာလိုက်ဘဲ အခါးရည်နှင့် မုန့်ပဲသရေစာများရောက် လာခဲ့ပါသည်။ ယန်ရုန်ရုန် အခါးရည်ကို သောက်ကြည့်လိုက်သည်။ အရေအသွေးက သာမန်ဖြစ်ကာ မွှေးလည်း မမွှေးပါ။ သို့သော် သူမ ဂရုမစိုက်ပေ။

သူမကို ရေငတ်ပြေစေလျှင် ဘာဖြစ်ဖြစ် အဆင်ပြေပါသည်။ မုန့်ပဲသရေစာများနှင့် အခါးရည်တို့ကို ယန်ရုန်ရုန် အားရပါးရ စားသောက်ခဲ့သည်။ သူမရှေ့တွင် ထိုင်နေသည့်လူကို တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ဘဲ မရှိသလိုသာ သဘော ထားခဲ့ပါသည်၊။

All Chapters