← Chapters

လော့မိသားစု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၏ နောက်ကွယ်မှ အမှန်တရား

Vol. 29 Ch. 322

လော့မိသားစု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၏ နောက်ကွယ်မှ အမှန်တရား

Vol. 29 Ch. 322

လူနှစ်ယောက်နှင့် ခွေးတစ်ကောင်သည် ကျိယွမ်နှင့် အလှမ်းဝေးရာသို့ ချက်ချင်းရွှေ့သွားကြသည် ။

ခြေရာခံခွေး၏ စကားများက အလွန်ထိတ်လန့်စရာ ကောင်းနေပြီး

ကျိယွမ်၏ စွမ်းအားများနှင့် ဖြစ်နိုင်ချေများကို ဆက်စပ်ကြည့်လိုက်သောအခါ အားလုံးက ရုတ်တရက်ယုတ္တိရှိသွားသယောင် ရှိ၏။

ကျိယွမ်ကတော့ သူတို့အား ကြောင်တောင်တောင် ပြန်ကြည့်လိုက်သည် ။

"မင်းတို့ ခေါင်းထဲက ဝက်အူတွေ ချောင်နေတာလား။ တကယ်လို့ ငါသာ ပင်လယ်နတ်ဘုရားဆိုရင် ငါ့ရဲ့ သတို့သမီးလောင်းကို အစကတည်းက တိုက်ရိုက်လက်ထပ်လိုက်မှာပေါ့။"

"ဘာလို့ ဒီလောက် ပတ်ချာလည်အောင် လုပ်နေမှာလဲ "

ဤလောကတွင် သူ့လိုထက်မြက်သူ က အလွန်နည်းပါးလွန်းသည်ဟု ကျိယွမ် ခံစားလိုက်ရပြီး ခေါင်းခါ၏။

ငါ့ကိုယ်ငါ စုံထောက်စွမ်းရည်မကောင်းဘူးထင်နေတာ ၊ သူတို့က ပိုဆိုးနေတယ် ။

သူ၏စကားများကြောင့် အန်ချောင်မှာ တွေဝေသွားလေသည် ။

အနက်ရောင်ဝတ်စုံနှင့် လူမှာလည်း အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏။

ကျိယွမ် ပြောသည့်စကားနှင့် သူ ပင်လယ်နတ်ဘုရား ဖြစ်ခြင်း၊ မဖြစ်ခြင်းကြား မည်သို့ ပတ်သက်နေသနည်းဟု သူမေးလိုက်ချင်နေသည် ။

သို့သော်လည်း သေချာတွေးကြည့်လျှင် အကယ်၍ တစ်ဖက်လူကသာ ပင်လယ်နတ်ဘုရား ဖြစ်ပါက သူတို့နှင့် ဤမျှအကြာကြီးအထိ အေးအေးဆေးဆေး စကားပြောနေလိမ့်မည် မဟုတ်ပေ ။

ထိုသို့တွေးမိသောအခါသူ၏ သံသယကို အနည်းငယ် လျော့ပါးသွားစေသည် ။

သူက ပင်လယ်နတ်ဘုရား မဟုတ်တာများလား။

ထိုအချိန်တွင် ပင်လယ်ရေကြောင့် တက်လာသော ဆယ်မီတာမြင့်သည့် လှိုင်းလုံးကြီးများသည် သဲသောင်ပြင်ဆီသို့ လှိမ့်တက်လာ၏ ။

တောင်တစ်လုံးလိုမြင့်မားသော လှိုင်းဖြူဖြူကြီးများသည် ကမ်းခြေကို ဝါးမြိုတော့မည့်အလား ရှိသည် ။

ရွာသားအားလုံးကတော့ ကြောက်ရွံ့တုန်လှုပ်နေကြပြီး ရွာလူကြီး၏ ပုန်ကန်လိုသော စိတ်ဆန္ဒများလည်း လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။

လှိုင်းလုံးကြီးများသည် ဝေါယာဥ်ရှိရာသို့ တည့်တည့် ဦးတည်နေ၏။

ထိုအချိန်တွင် ရှောင်မေသည် ဝေါယာဥ်ထဲတွင် ပိတ်မိနေသဖြင့် အကယ်၍ လှိုင်းလုံးကြီးကသာ ရိုက်ခတ်လိုက်လျှင် သူမသည် သေချာပေါက် သေဆုံးသွားပေလိမ့်မည် ။

ထိုမြင်ကွင်းကိုကြည့်ကာ ကျိယွမ် သက်ပြင်းတစ်ချက် ချလိုက်သည် ။

"ဘာလို့ တီဗွီထဲမှာ ပြတာနဲ့ မတူရတာလဲ။ ဆိုလိုတာက... ငါ အချိန်မတိုင်ခင် ဝင်ပြီး သတို့သမီး ခိုးရတော့မယ်ထင်တယ်"

တီဗွီထဲမှာဆိုလျှင် သတို့သမီးခိုးသော ကိစ္စသည် "သဘောတူပါသလား" ဟု မေးသောအချိန်မှ စတက်ကြသည် မဟုတ်ပါလား ။

ယခုတော့ မည်သူကမှ မမေးကြပါ။

ကျိယွမ်သည် သူ၏ကိုစ္စကိုဆောင်ရွက်ရန် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည် ။

သို့သော် ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏ ။

ကောင်းကင်ယံထက်မှ ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခြင်းပင် ။

"သေကြစမ်း... အားလုံး သေရမယ်"

ယိုင်တိယိုင်တိုင်နှင့် လူရိပ်တစ်ခု ပေါ်လာပြီး ၄င်းဆီမှ ကျောက်စိမ်းသွေးအဆင့်ရှိသည့် ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်နေ၏ ။

ထိုလူရိပ်သည် ရုတ်တရက် ပေါ်လာလာချင်းမှာပင် လက်ဖဝါးဖြင့် ရှေ့သို့ ရိုက်ထုတ်လိုက်သည် ။

သွေးနီရောင်ရှိသည့် သတ်ဖြတ်လိုသော စွမ်းအားများ ဆူပွက်သွားပြီး ကျောက်စိမ်းဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားကာ သွေးအလိမ်းလိမ်းပေနေသော လက်ဖဝါးဆယ့်ရှစ်ခုကို ခပ်ရေးရေး မြင်လိုက်ကြရသည် ။

ကြီးမားသော သားရဲကြီးတစ်ကောင်၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကလည်း ထိုအချိန်တွင် ထွက်ပေါ်လာ၏ ။

ကျောက်စိမ်းသွေးအဆင့်ရှိသူတစ်ယောက် အသုံးပြုလိုက်သော သိုင်းပညာဆိုသည်ကို ကျိယွမ်ချကိချင်း သဘောပေါက်လိုက်သည် ။

အစွမ်းထက်သော လက်ဝါးရိုက်ချက်သည် ကြီးမားသော လှိုင်းလုံးကြီးကို ထိမှန်သွားလေ၏ ။

"ဝုန်း.."

"ဝုန်း.."

"ဝုန်း "

သွေးရောင်လက်ဝါးဆယ့်ရှစ်ခုသည် လှိုင်းလုံးကြီးကို အဆက်မပြတ် ရိုက်နှက်နေသည်။

ထိုလက်ဝါးရိုက်ချက်ကြောင့် လှိုင်းလုံးကြီးမှာ ပြိုကွဲပျက်စီးသွားလေ၏ ။

"အဲ့ဒါ... ဟိုအရူးပဲ"

"သူက ဘာလို့ ပင်လယ်နတ်ဘုရားကို တိုက်ခိုက်နေတာလဲ"

အန်ချောင် အံ့အားသင့်သွားသည် ။

ယခုတိုက်ခိုက်လိုက်သူမှာ သူတို့ တိတ်တဆိတ် ခြေရာခံလာခဲ့သည့် အရူး ဖြစ်နေသည် ။

အရူးသည် လေထဲတွင် ဝဲပျံနေပြီး သူ၏ဖရိုဖရဲဖြစ်နေသောဆံပင်ရှည်များက မျက်နှာကို ဖုံးအုပ်ထား၏ ။

သို့သော် လေထဲရှိ သူ၏ တည်ရှိမှုက ထိုနေရာတွင်ရှိသော လူတိုင်းအပေါ် ပြင်းထန်သော ဖိအားများကို ပေးနေသည် ။

ထိုကဲ့သို့သော လက်ဝါးရိုက်ချက်မျိုးမှာ သာမန်လူသားမျညး မတတ်နိုင်သော အစွမ်းမျိုးပင် ။

သိုင်းပညာရှင်ထောင်ချီနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် အထိအခိုက်မရှိ လွတ်မြောက်နိုင်ပေလိမ့်မည် ။

အရူးသည် လှိုင်းလုံးကြီးကို အတင်းဝင်ရိုက်ခွဲလိုက်သဖြင့် သူ၏ အဝတ်အစားများမှာလည်း ရေများရွှဲစိုသွားခဲ့သည် ။

သူသည် လှိုင်းလုံးများကြားတွင် ရပ်နေပြီး သူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေ၏ ။

"မိစ္ဆာတွေ...မိစ္ဆာတွေ အားလုံး သေသင့်တယ်"

ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပင်လယ်ဘက်သို့ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည် ။

ရိုက်ချက်တိုင်းမှာ ရေပြင်ကို ထိမှန်ပြီး လှိုင်းလုံးများ ထလာသော်လည်း ဘာမှ တော့ ထူးမလာပါ ။

စင်မြင့်ပေါ်ရှိ ရွာလူကြီးမှာ တုန်လှုပ်နေပြီး အရူးအား မျက်လုံးအပြူးသားဖြင့် ကြည့်နေ၏။

အခြားရွာသားများသည်လည်း သူတိူ့၏၏ရင်ထဲတွင် ကြောက်ရွံ့မှုများ က လှိုင်းလုံးကဲ့သို့ ရိုက်ခတ်လာသည်ကို ခံစားနေရသည် ။

"သူက တကယ်ကို ရူးသွားပြီ။ ဒီလိုမျိုး ရမ်းသန်း တိုက်ခိုက်ပြီး သူ့ရဲ့ သွေးသိုင်းစွမ်းအားတွေကို ဖြုန်းတီးနေတာ၊ ပင်လယ်နတ်ဘုရား တကယ်ပေါ်လာတဲ့အခါ သူ ဘယ်လို တိုက်မလဲ"

အန်ချောင်က စိုးရိမ်တကြီး ရေရွတ်လိုက်ပြီး အရူးအားတားမြစ်ချင်နေ၏။

"ဒီလူက ဘယ်သူလဲ။ ယွင်ယန်မြို့နယ်မှာ ကျောက်စိမ်းသွေးအဆင့် သိုင်းသမား မရှိတာ သေချာတယ်လေ"

အနက်ရောင် ဝတ်စုံနှင့်လူမှာ ထိုအရူး ပင်လယ်ကို ရိုက်နှက်နေသည်ကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေသည် ။

"သူက... လော့ပုဖန်ပဲ"

ထိုအချိန်တွင် လေးနက်သော အသံတစ်သံ ထွက်ပေါ်လာ၏ ။

အန်ချောင်၏အနားတွင် လူနှစ်ယောက် တိတ်တဆိတ် ပေါ်လာသည် ။

ထိုလူသစ်များကို မြင်လိုက်ရသောအခါ အန်ချောင်၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည် ။

"ခေါင်းဆောင်"

ခေါင်းဆောင်ကို မြင်လိုက်ရမှ သူမ စိတ်အေးသွားတော့သည် ။

ခေါင်းဆောင်သည် ကျောက်စိမ်းသွေးအဆင့် မဟုတ်သော်လည်း သွေးစွမ်းအင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်သဖြင့် သူတို့ကြားတွင် အသန်မာဆုံးပင်။

ခေါင်းဆောင်၏ အကြည့်မှာ ကျိယွမ်ထံသို့ ကျရောက်သွားပြီး သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည် ။

"မင်းက တကယ်ပဲ ဒီကို ရောက်လာတာလား"

ကျိယွမ်ကလည်း ချန်ဖန်အား ကြည့်ပြီး ပုခုံးတွန့်ပြလိုက်သည် ။

"တိုက်ဆိုင်လိုက်တာ၊ ငါတို့က တစ်ဖွဲ့တည်း ကျနေတာပဲ"

အဖွဲ့ခေါင်းဆောင်က ကျိယွမ်ကို သိနေသည်ကို မြင်လိုက်ရသောအခါ အန်ချောင်နှင့် အနက်ရောင် ဝတ်စုံနှင့် လူတို့၏ သံသယများမှာ လုံးဝ ပျောက်ကွယ်သွားကြသည် ။

ခြေရာခံခွေးကမူ ထူးဆန်းသော အမူအရာ ဖြစ်နေပြီး ပြင်းပြင်းထန်ထန် အနံ့ခံလိုက်သော်လည်း ဘာမှတော့ မပြောပေ ။

လူတိုင်း၏ အာရုံမှာ အဝေးမှ အရူးထံသို့ ပြန်ရောက်သွားသည် ။

"လော့ပုဖန်... သူက လော့မိသားစုက လော့ပုဖန်လား"

အန်ချောင် ရုတ်တရက် သတိရသွားသည် ။

"သူက သွေးစွမ်းအင်အဆင့်မှာပဲ ရှိနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ကျောက်စိမ်းသွေးအဆင့်ကို ရောက်သွားတာလဲ"

လော့ပုဖန် ရူးသွားတာကတော့ နားလည်ပေးလို့ ရပါသည် ။ သူ၏မိသားစုတစ်ခုလုံး သတ်ဖြတ်ခံရပြီး သတို့သမီးလောင်း၏ မိသားစုလည်း သုတ်သင်ခံလိုက်ရသည် မဟုတ်ပါလား ။

သူနေရာတွင် မိမိဆိုလျှင်လည်း ရူးသွားမှာ သေချာ၏။

သို့သော် သူ၏ စွမ်းအားများ ရုတ်တရက် ခုန်တက်သွားခြင်းကတော့ ပုံမှန် မဟုတ်ပေ ။

"ဘာလို့လဲဆိုတော့... လော့မိသားစုနဲ့ ချန်မိသားစုက လူတိုင်းကို သူကိုယ်တိုင် သတ်ခဲ့လို့ပဲ"

ချန်ဖန်၏ မျက်လုံးများမှာ လေးနက်နေပြီး ရှုပ်ထွေးနေသည် ။

"ဘာ"

အန်ချောင်နှင့် အနက်ရောင်ဝတ်စုံလူမှာ မှင်တက်သွားကြပြီး ချန်ဖန်အား မယုံနိုင်သလို ကြည့်၏ ။

ဤအဖြေမှာ လုံးဝကို မျှော်လင့်မထားသော အရာဖြစ်သည် ။

သူတို့၏ တာဝန်မှာ လော့မိသားစုနှင့် ချန်မိသားစု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၏ နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်ရန် ဖြစ်သည် ။

လူသတ်သမားကို ရှာတွေ့ရုံနှင့် မလုံလောက်ဘဲ နောက်ကွယ်မှ လှုံ့ဆော်မှုနှင့် အကြောင်းရင်းများကိုပါ နားလည်ရန် လိုအပ်လေ၏ ။

"ဖြစ်နိုင်တာက... သူက သူ့ရဲ့ စွမ်းအားတွေကို တိုးမြှင့်ဖို့နဲ့ သူတို့ရဲ့ သွေးမျိုးဆက်တွေကို ထုတ်ယူဖို့အတွက် သူ့ရဲ့ ဆွေမျိုးတွေကို သတ်လိုက်တာလား"

ထိုသို့တွေးမိသောအခါ အန်ချောင်၏ မျက်နှာမှာ အနည်းငယ်ပျက်ယွင်းသွားလေသည် ။

အခြား အနက်ရောင် ဝတ်စုံလူနှစ်ဦး၏ မျက်နှာများမှာလည်း အကြိမ်ကြိမ် ပြောင်းလဲသွားသည် ။

"သူက တကယ်ကို ရက်စက်တာပဲ၊ အဆင့်တစ်ခု တက်လှမ်းဖို့အတွက် သူ့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို သတ်ပစ်တာလား"

ချန်ဖန်မှာ တိတ်ဆိတ်နေပြီး ရှေ့ရှိ ပင်လယ်ပြင်ကိုသာ စိုက်ကြည့်နေ၏ ။

ထိုအချိန်တွင် ကျိယွမ်သည် သူ၏ မျက်လုံးများကို မှေးလိုက်ပြီး ရူးသွပ်နေသော လော့ပုဖန်ကို လေ့လာလိုက်သည် ။

"သူ သတ်ခဲ့တာတော့ မှန်ပါတယ်၊ ဒါပေမဲ့... အဲ့ဒီနောက်ကွယ်မှာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းရင်း ရှိနိုင်တယ်"

【 လော့ပုဖန်၊ ကျောက်စိမ်းသွေးအဆင့် သိုင်းသမား၊ ရူးသွပ်နေသူ၊ မိမိဆွေမျိုးများကို သတ်ဖြတ်ခြင်းမှာ သူ၏ တစ်သက်တာ ပူဆွေးမှု ဖြစ်လာလိမ့်မည် ။ 】

ထိုအရာက သူ ယနေ့ မြင်လိုက်ရသော လျှို့ဝှက် အချက်အလက် ဖြစ်သည် ။

မနေ့က လော့ပုဖန်ကို တွေ့စဥ်က စစ်ဆေးခဲ့သော်လည်း သိုင်းပညာအကြောင်းတွေသာ ဖော်ပြခဲ့ပြီး တိတိကျကျမရှိခဲ့ပေ။

ယနေ့တော့ နာမည်နှင့်တကွ ပေါ်လာ၏။

အဖွဲ့သားများသည် လော့ပုဖန်၏ ပေါက်ကွဲမှုများကို ကြည့်နေကြသော်လည်း သူ့ကို တားဆီးရန် ရှေ့သို့ မည်သူမျှ မတိုးဝံ့ကြပေ ။

သူ၏ လက်ရှိ အခြေအနေအရ အနားသို့ ချဉ်းကပ်ခြင်းမှာ အသက်အန္တရာယ် ရှိနိုင်သည် ။

ထိုအခိုက် စင်မြင့်ပေါ်မှ ရွာလူကြီးသည် တောင့်တင်းသွားလေ၏ ။

သူ၏ မှုန်ဝါးနေသော မျက်လုံးများသည် စူးရှနက်ရှိုင်းလာပြီး မြွေမျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည် ။

သူသည် လေထဲသို့ ရုတ်တရက် ပျံတက်သွားပြီး အေးစက်ပြီး ပြင်းထန်သော အသံဖြင့် အော်ဟစ်လိုက်၏ ။

"လော့ပုဖန်... မင်းက မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ခဲ့တယ်၊ အခုတော့... ငါ့ရဲ့ မင်္ဂလာပွဲကို လာနှောင့်ယှက်နေတာလား။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ရွာလူကြီးအဘိုးအျုသည် ပင်လယ်နတ်ဘုရား၏ ပူးကပ်ခြင်းကို ခံလိုက်ရကာ ပင်လယ်နတ်ဘုရားသည် ရွာလူကြီး၏ ခန္ဓာကိုယ်မှတစ်ဆင့် စကားပြောနေခြင်း ဖြစ်သည် ။

ထိုအသံကြောင့် ပင်လယ်အား တဝုန်းဝုန်းထိုးနေသော လော့ပုဖန် ရုတ်တရက် တောင့်တင်းသွား၏ ။

သူက သတ်ဖြတ်လိုစိတ်များပြည့်နေသော မျက်လုံးများဖြင့်လှည့်ကြည့်ကာ ရွာလူကြီးအား အော်ဟစ်လိုက်သည်။

"လောကကို နှောင့်ယှက်တဲ့ မိစ္ဆာတွေ အားလုံး သေရမယ်"

အော်ဟစ်သံနှင့်အတူ သူက ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည် ။

သို့သော် သူ၏တိုက်ကွက်ကို ပင်လယ်နတ်ဘုရားက တားဆီးလိုက်ပြီးပင်လယ်နတ်ဘုရား၏ မျက်လုံးထဲတွင် အထင်သေးသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည် ။

"ငါက မိစ္ဆာဆိုတာတော့ မှန်တယ် ၊ ဒါပေမဲ့ ငါ့ရဲ့ မျိုးနွယ်တူတွေ ငါ့မိသားစုတွေကိုတော့ ဘယ်တော့မှ မသတ်ဘူး။"

"မင်းကော...မင်းက မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ခဲ့တယ်၊ မင်းရဲ့ မိဘတွေ၊ အကြီးအကဲတွေ၊ ကလေးငယ်တွေတောင် မချန်ဘူး၊ မင်းက ဘာအမျိုးအစားလဲ ၊ မိစ္ဆာထက်တောင် ဆိုးသေးတယ်"

"မဟုတ်ဘူး၊ ငါ မလုပ်ဘူး"

"ငါ ငါ "

လော့ပုဖန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွား၏ ။

သူ့စိတ်ထဲတွင် ပုံရိပ်ပေါင်းများစွာ ဖြတ်သန်းသွားခဲ့သည် ။

ကြောက်ရွံ့မှုများပြည့်နေသော မျက်နှာများနှငိ့ သွေးအိုင်ထဲတွင် လဲနေသော သူ၏မိဘများကို သူ မြင်လိုက်ရသည် ။

"ဟွန်း... မင်းရဲ့ စွမ်းအားတွေ တိုးဖို့အတွက် မင်းရဲ့ မိဘတွေကိုတောင် မချန်ဘူး။ မင်းက ဘယ်လို လူစားမျိုးလဲ"

ပင်လယ်နတ်ဘုရား၏ မျက်လုံးများမှာ အထင်သေးမှုများဖြင့် ပြည့်နေ၏ ။

"မိစ္ဆာတွေကို သတ်ဖို့၊ မင်းရဲ့ စွမ်းအားတွေ တိုးဖို့အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်တာ တကယ်ပဲလား"

"မဟုတ်ဘူး၊ ငါ မလုပ်ဘူး"

လော့ပုဖန်သည် ဆောက်တည်ရာမရဖြစ်သွားပြီး ကောင်းကင်ယံမှ ပြုတ်ကျလာရင်း ကြေကွဲစွာအော်ဟစ်လိုက်သည် ။

သူသည် ဤအမှန်တရားကို လက်မခံနိုင်စွာ အော်ဟစ်နေရင်းမှ ခေါင်းကို ကိုင်ထားသည် ။

"မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ပြီးတဲ့နောက် မင်း နောင်တရခဲ့တယ်၊ ဝမ်းနည်းခဲ့တယ်။"

"ဘယ်မှာမှ ပုန်းစရာမရှိတော့လို့ မင်းရဲ့ သတို့သမီးလောင်း ချန်ရှင်းလျန်ဆီ သွားခဲ့တယ်။"

"သူက မင်းကို ကြင်နာစွာ လက်ခံပြီး ပြုစုစောင့်ရှောက်ခဲ့တယ်။"

"ဒါပေမဲ့ မကြာခင်မှာ မင်းက မိဘတွေကို သတ်ခဲ့တာကို သူ မတော်တဆ သိသွားခဲ့တယ်။"

"ဒါနဲ့ မင်း ဒေါသထွက်သွားတယ်၊ အမှန်တရား ပေါက်ကြားသွားပြီး မိစ္ဆာနှိမ်နင်းတဲ့ သူရဲကောင်းဆိုတဲ့ မင်းရဲ့ နာမည်ပျက်မှာကို ကြောက်လို့ မင်း ထိတ်လန့်သွားပြီး မင်းရဲ့ သနားစရာကောင်းတဲ့ သတို့သမီးလောင်းကိုပါ သတ်ပစ်လိုက်တယ်။"

"ပြီးတော့... သူမရဲ့ မိသားစုတစ်ခုလုံးကိုလည်း သတ်ပစ်လိုက်သေးတယ်"

ပင်လယ်နတ်ဘုရား၏ စကားများသည် လော့ပုဖန်၏ နှလုံးသားအား ဓားများကဲ့သို့ ထိုးစိုက်နေသည် ။

လော့ပုဖန်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး စိတ်လွတ်သွားကာ ခေါင်းကို လက်ဖြင့် အုပ်ထားသည် ။

"မပြောနဲ့တော့၊ မပြောနဲ့တော့..."

"မကြားချင်ဘူး ..မဟုတ်ဘူး ၊ ငါမလုပ်ဘူး "

သူ၏ စိတ်ထဲတွင် ပုံရိပ်များမှာ ရူးသွပ်စွာ လည်ပတ်နေဆလသည် ။

သူ၏ သတို့သမီး ရှင်းလျန်အား သူ့လက်ထဲတွင် သေဆုံးသွားသည်ကို မြင်နေရသလို ခံစားရသည် ။ သူမ၏ မျက်လုံးများမှာ စိုးရိမ်မှုများနှင့်အတူ ပြုံးနေဆဲ ဖြစ်သည် ။

လော့ပုဖန်၏ အငွေ့အသက်များမှာ ဆက်တိုက် ကျဆင်းနေပြီး သူ၏ စိတ်မှာလည်း ပို၍ရှုပ်ထွေးလာခဲ့သည် ။

မလှမ်းမကမ်းတွင်ရှိသော မိစ္ဆာနှိမ်နင်းရေး အရာရှိများ၏ မျက်နှာများမှာလည်း အကြိမ်ကြိမ် ပြောင်းလဲနေသည် ။

"ဒါက အမှန်တရား ဖြစ်ပုံရတယ်"

"ဒါပေမဲ့ မကောင်းတော့ဘူး။ ပင်လယ်နတ်ဘုရားက ငါတို့ကို တွေ့သွားပြီ။ သူ ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး"

"ဒီတစ်ခါတော့ ငါတို့ သေပြီ"

သာမန် စုံစမ်းစစ်ဆေးမှုတစ်ခုက ကျောက်စိမ်းသွေးအဆင့်ရှိသော မိစ္ဆာကြီးတစ်ကောင်၏ အာရုံစိုက်မှုကို ရရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ ။

"လော့ပုဖန်က တော်တော်ရက်စက်တာပဲ။ သူသာ သူ့ရဲ့ စွမ်းအားအပြည့်ရှိနေရင် ပင်လယ်နတ်ဘုရားကို နှိမ်နင်းနိုင်မှာ။ ဒါပေမဲ့ ကံမကောင်းတာက... လက်ရှိ အခြေအနေအရ သူ့ကို အားကိုးလို့ မရဘူး။ ငါတို့ ခွေးချင်း ကိုက်နေတဲ့ကြား ညှပ်မိပြီ"

အန်ချောင်က စိတ်အလိုမကျစွာ အပြစ်တင်လိုက်၏ ။

"ဟေး... ဘာလို့ ခွေးတွေကို ဆွဲထည့်တာလဲ။ သူတို့က အပြစ်မရှိပါဘူး"

ခြေရာခံခွေးက မကျေနပ်ဖြစ်ကာ ချက်ချင်းကန့်ကွက်သည်။

သူတို့ဘာသာ အရူးနဲ့မိစ္ဆာရန်ဖြစ်နေတာ ငါတို့ခွေးတွေနဲ့ ဘာဆိုင်လဲ။

အန်ချောင်၏ စကားအား အခြား မိစ္ဆာနှိမ်နင်းရေး အဖွဲ့ဝင်များကလည်း မှန်ကန်သည်ဟု ခံစားရသည်။

လော့ပုဖန်သည် ခွေးမဟုတ်သော်လည်း လူကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာ၏ ။

သို့သော် ပင်လယ်နတ်ဘုရားကလည်း အတူတူပင်ဖြစ်သည်။

သူတို့ နှစ်ယောက်လုံးက အတူတူပဲ ယုတ်မာကြတာပါပဲ၊ ခွေးချင်း ကိုက်နေသလိုပဲ ။

"လော့ပုဖန်... မင်းရဲ့ အပြစ်တွေကို ပြန်ပေးဆပ်ဖို့ သေသင့်တယ် မဟုတ်လား"

ပင်လယ်နတ်ဘုရား၏ အသံမှာ အေးစက်ပြီး မြှူဆွယ်နေသယောင် ရှိသည် ။

ထိုအချိန်တွင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး အလောင်းတစ်လောင်း ပင်လယ်ထဲမှ ပေါ်ထွက်လာခဲ့သည် ။

အမျိုးသမီးအလောင်း၏ မျက်လုံးများ ပွင့်လာပြီး လော့ပုဖန်အား မြင်သောအခါ သူမ၏ မျက်လုံးများမှာ ပြင်းထန်သော ခံစားချက်များဖြင့် ပြည့်နှက်သွားလေ၏ ။

"လျော့ပုဖန်... ငါ့မိသားစုရဲ့ အသက်တွေကို ပြန်ပေး"

"ရှင်းလျန်"

မင်္ဂလာဝတ်စုံနှင့်အလောင်းကို မြင်လိုက်ရသောအခါ လော့ပုဖန်က နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည် ။

"ဖြစ်နိုင်တာက... ငါ တကယ်ပဲ မှားခဲ့တာလား"

မိစ္ဆာများ သောင်းကျန်းနေပြီး ယွင်ယန်မြို့နယ်မှာ ပျက်စီးတော့မည့် အခြေအနေတွင် ရှိနေခဲ့သည် ။

တစ်နေ့တွင် သူငယ်ချင်းတစ်ယောက်က ယွင်ယန်မြို့နယ်တွင် မိစ္ဆာကြီးတစ်ကောင် ပေါ်လာတော့မည့် သတင်းကို ယူဆောင်လာခဲ့၏ ။

ထိုမိစ္ဆာကြီး ပေါ်လာသည်နှင့် ယွင်ယန်မြို့နယ်သည် သေချာပေါက် ပျက်စီးသွားပေလိမ့်မည် ။

ယွင်ယန်မြို့နယ်အတွက် အချိန် သိပ်မကျန်တော့ပေ ။

မိစ္ဆာနှိမ်နင်းရေးသူရဲကောင်းအဖြစ် လူသိများသော လော့ပုဖန်သည် မိမိမြို့နယ်လေးအတွက် အလွန်စိုးရိမ်နေမိသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ ။

ကျောက်စိမ်းသွေးအဆင့်မရောက်ဘဲ သူ၏မြို့နယ်လေးအား မကယ်တင်နိုင်ပါ။

ထိုအခိုက် သူ၏သူငယ်ချင်းက လူတစ်ယောက်၏စွမ်းအားကို အလွယ်တကူတိုးမြှင့်နိုင်သော နည်းလမ်းတစ်ခုကို အမှတ်တမဲ့ပြောပြခဲ့သည် ။

ထိုအချိန်တွင် သူ၏ စိတ်မှာ အလွန်တုန်လှုပ်သွားသော်လည်း ချက်ချင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့လေ၏ ။

တစ်ဖက်တွင် ယွင်ယန်မြို့နယ်မှ သိန်းနှင့်ချီသော လူသားများ၏အသက်အိုးအိမိဘဝများ ရှိနေပြီး အခြားတစ်ဖက်တွင်မူ သူ၏ အနီးကပ်ဆုံး ဆွေမျိုးများ ရှိနေသည် ။

ရက်အနည်းငယ်ကြာအောင် သူ၏ နှလုံးသားသည် အလွန်ရှုပ်ထွေးနေပြီး ဝေခွဲမရဖြစ်ကာ စိတ်ကူးယဉ် ပုံရိပ်များကိုပင် မြင်ယောင်နေမိ၏ ။

ထိုပုံရိပ်များထဲတွင် သူသည်မျိုးနွယ်များအား ကိုယ်တိုင်သတ်ကာ သွေးအဆီအနှစ်များယူပြီး သူ၏အဆင့်ကိုတိုးတက်အောင်လုပ်နေသည်အား မြင်ယောင်ခဲ့သည်။

နောက်ဆုံးတွင် သူသတိပြန်ဝင်လာသောအခါ အားလုံးမှာ သေဆုံးကုန်ကြပြီ ဖြစ်၏။

" သေကုန်ပြီ"

"အားလုံး သေကုန်ပြီ"

လေ့ာပုဖန်သည် သတို့သမီးအလောင်းအား ကြေကွဲစွာကြည့်ရင် ဆောက်တည်ရာမရ အော်ဟစ်နေတော့သည်။

"အစ်ကိုပုဖန်... မင်းက တရားမျှတတဲ့ လူတစ်ယောက်လို့ ငါ အမြဲ ထင်ခဲ့တာ၊ အဲ့ဒါကြောင့် မင်းရဲ့ စွမ်းအားတွေ တိုးဖို့ နည်းလမ်းကို ငါ ပြောပြခဲ့တာ။"

"ဘယ်သူ သိမှာလဲ... မင်း တကယ်ပဲ သုံးလိမ့်မယ်လို့ ၊ ဟင်း... ဒါတွေအားလုံး ငါ့အမှားတွေပါ။"

"မင်းကို ဒါတွေ မပြောပြခဲ့သင့်ဘူး။ မင်းရဲ့ မိဘတွေကို ငါ တောင်းပန်ပါတယ်၊ ရှင်းလျန်ကို ပိုပြီး တောင်းပန်ပါတယ်။"

"ငါ သူမကို မကာကွယ်နိုင်ခဲ့ဘူး"

ထိုအချိန်တွင် ကမ်းခြေရှိလူအုပ်ထဲမှ လူငယ်တစ်ယောက် ထွက်ပေါ်လာ၏။

သူ၏ မျက်နှာမှာ နောင်တများနှင့် ပြည့်နှက်နေပြီး အလွန်ယူကျုံးမရဖြစ်နေဟန်ရှိသည်။

လူငယ် မင်္ဂလာဝတ်စုံဝတ်ထားသော ရှင်းလျန်၏ အလောင်းကို တစ်ချက်ကြည့်လိုက်ရင်း သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ရိပိခနဲဖြတ်ပြေးသွား၏ ။

ထိုအချိန်တွင် လော့ပုဖန်သည် မြေပြင်ပေါ်တွင် ထိုင်နေပြီး စိတ်နှင့်ကိုယ် မကပ်တော့ပေ။

သူက မဟုတ်ဘူး ၊ ငါမလုပ်ဘူး ဟုတီးတိုးရေရွတ်ကာ မျက်လုံးများက ကြောင်စီနေသည်။

လူငယ်က လော့ပုဖန်အား တင်းမာစွာကြည့်ပြီး ဆက်ပြောသည် ။

"မင်းမြင်လား ...ရှင်းလျန်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ငါလည်း ခွင့်မလွှတ်ဘူး"

"ပြီးတော့ မင်းရဲ့မိသားစုတွေကလည်း ခွင့်လွှတိမှာ မဟုတ်သလို ၊ ချန်မိသားစု

တွေကလည်း ခွင့်မလွှတ်ဘူး "

"မင်းက ရက်စက်တယ် ၊ အောက်တန်းကြပြီး ကိုယ်ကျိုးအတွက် ...."

လော့ပုဖန်၏ အငွေ့အသက်များမှာ ပိုမို ရှုပ်ထွေးလာပြီး သူ၏သွေးစွမ်းအားများမှာ ဆူပွက်လာကာ မိစ္ဆာပူးနေသကဲ့သို့ ဖြစ်လာ၏ ။

"ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပြဇာတ်တစ်ခုပဲ"

မလှမ်းမကမ်းတွင်ရှိနေသော ကျိယွမ်သည် လက်ထဲတွင် စားစရာမုန့်မရှိသဖြင့် လက်ခုပ်သာ တီးလ်ုက်ရသည် ။ မုန့်သာရှိလျှင် သူကမုန့်စားရင်း အေးအေးဆေးဆေးကြည့်နေမိမှာ အသေအချာပင် ။

"အဓိက ဇာတ်ကောင်တိုင်းက အဝေးမှာပဲ ဖြစ်ဖြစ်၊ အနီးမှာပဲ ဖြစ်ဖြစ် အချိန်ကိုက် ရောက်လာကြတာပဲ"

"ဟင်"

လော့ပုဖန်၏ ရက်စက်မှုများကို တွေးကာ အာရုံရောက်နေသော အန်ချောင်မှာ ဝေခွဲမရ ဖြစ်သွားသည် ။

"ရှင် ဘာကို ဆိုလိုတာလဲ"

"လော့ပုဖန်ရဲ့ သူငယ်ချင်းက အချိန်ကိုက်ကြီး ပေါ်လာတာကို တိုက်ဆိုင်လွန်းတယ်လို့ မထင်ဘူးလား။"

"တီဗွီဇာတ်လမ်းထဲကလိုပဲ။"

"မဟုတ်ဘူး၊ ဒါက တီဗွီဇာတ်လမ်းပဲ။ တကယ့်လက်တွေ့မှာ ဒီလောက် တိုက်ဆိုင်တာမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

"လူတစ်စုက တစ်ယောက်တည်းကိုပဲ အဆက်မပြတ် ဆဲဆိုနေကြတယ်၊ သူ ဘာဖြစ်သွားမလဲဆိုတာကိုပဲ စောင့်နေကြတယ် ၊ အဲဒီအချိန်မှာပဲ ဇာတ်ရှိန်ကိုပိုမြင့်အောင် လုပ်မဲ့သူက ပေါ်လာတယ် ..၊ ပြီးတော့ ဘာဖြစ်မလဲ .."

ကျိယွမ်သည် ပုခုံးတစ်ချက်တွန့်ပြကာ သူ၏ စကားကို အဆုံးမသတ်ခဲ့ပေ ။

အန်ချောင်သည် ထိုစကားကြောင့် စဥ်းစားသွားပုံရသည် ။

အနက်ရောင်ဝတ်စုံနှင့် လူကတော့ အလွန် စိုးရိမ်နေ၏။

"ငါတို့ ဘာလုပ်ကြမလဲ။တကယ်လိူ့ လောပုဖန် သေသွားရင် ငါတို့ အလှည့်ပဲ။"

"ဒီပင်လယ်နတ်ဘုရားက မိစ္ဆာကောင်း မဟုတ်တာတော့ သေချာတယ်"

"ဒီတာဝန်က ဘာလို့ မပြီးသေးတာလဲ။ ဒီဇာတ်လမ်းမှာ နောက်ထပ် ဘာတွေ ရှိနေဦးမှာလဲ"

မိစ္ဆာနှိမ်နင်းရေး အဖွဲ့ဝင်အားလုံး တင်းမာနေကြသည် ။

ပင်လယ်နတ်ဘုရား၏ အေးစက်သော အကြည့်မှာ လော့ပုဖန်ထံသို့ ကျရောက်သွားပြီး သူ၏ စကားများဖြင့် ဆက်လက် ထိုးနှက်ပြန်သည် ။

"လော့ပုဖန်... မင်း ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်ရင် မင်း ချစ်ရသူတွေကို ဘယ်လို မျက်နှာပြမလဲ"

"ငါ..."

"အစ်ကိုပုဖန်... အပြစ်မဲ့တဲ့လူကို

သတ်မိရင် အသက်နဲ့ ပြန်ပေးဆပ်ရမယ်။"

" မင်း အခု ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ရင် ရှင်းလျန်က... မင်းကို ခွင့်လွှတ်ပေးကောင်း ပေးနိုင်လိမ့်မယ်"

မြေပြင်တွင် ထိုင်နေသော လော့ပုဖန်မှာ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေသလို စိတ်မှာလည်း ပို၍ပို၍ ရှုပ်ထွေးလာသည် ။

ဘေးမှဖိအားများကြောင့် ဇဝေဇဝါဖြစ်လာ၏။

သူသည် လက်ကို မြှောက်လိုက်ပြီး သူ၏ ခေါင်းပေါ်သို့ တင်လိုက်သည် ။ သူ၏ အပြစ်များအတွက် အဆုံးစီရင်ရန် ပြင်ဆင်နေပုံရသည် ။

သို့သော် ထိုအချိန်တွင် ချန်ဖန်သည် ရှေ့သို့ ရုတ်တရက် ခုန်ထွက်လိုက်ပြီး အကျယ်ကြီး အော်ပြောလိုက်သည် ။

"လော့ပုဖန်... ဖြစ်ပြီးတာတွေက ဖြစ်ကုန်ပြီ"

"အခု အရေးကြီးဆုံးက မိစ္ဆာကို သတ်ဖို့ပဲ"

"လျော့မိသားစုက အသက် ၁၇၆ ချောင်း အလကား သေသွားတာကို မင်း လိုချင်လို့လား"

"အရင်ဆုံး မိစ္ဆာကို သတ်လိုက်၊ ပြီးမှ မင်း သေချင်သလို သေ"

"အဲဒါ မင်းရဲ့အပြစ်အတွက် ပေးဆပ်မှုပဲ"

ချန်ဖန်၏ စကားကို ကြားသောအခါ လော့ပုဖန်၏ လက်မှာ လေထဲတွင် ရပ်တန့်သွားသည် ။

သူသည် ချန်ဖန်၏ စကားကို စဥ်းစားနေ၏ ။

"အစ်ကိုပုဖန်... မင်းက ရှင်းလျန်နဲ့ ထိုက်တန်တယ်လို့ ထင်လို့လား"

သူ၏ သူငယ်ချင်းက ဆက်ပြောသည် ။

"အဲ့ဒီတုန်းက ငါတို့ နှစ်ယောက်လုံး ရှင်းလျန်ကို လိုက်ခဲ့ကြတာ။"

"နောက်ဆုံးတော့ ငါက လက်လျှော့ဖို့ ရွေးချယ်ခဲ့တယ်။"

"မင်း ရှင်းလျန်ကို တစ်သက်လုံး ချစ်မယ်၊ ကာကွယ်မယ်လို့ ငါ့ကို ကတိပေးခဲ့တယ် မဟုတ်လား"

"အခု ဘာဖြစ်သွားပြီလဲ"

"မင်း သူ့ကို မင်းလက်နဲ့ကိုယ်တိုင် သတ်ခဲ့တာ။ သူမက သူမ အလေးစားဆုံး၊ အချစ်ဆုံး ဖြစ်တဲ့ မိစ္ဆာနှိမ်နင်းရေး သူရဲကောင်းရဲ့ လက်ထဲမှာပဲ သေသွားခဲ့တာလေ"

လျော့ပုဖန်၏ ခဏတာ ကြည်လင်သွားသော မျက်လုံးများမှာ ပြန်လည် မှုန်ဝါးသွားပြန်သည် ။

သူ၏ နှလုံးသားထဲတွင် သေလိုစိတ်များ တိုးဝင်လာ၏ ။

"ငါသာ မင်းနေရာမှာဆိုရင် အခုချက်ချင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ပြီ"

လျော့ပုဖန်၏ သူငယ်ချင်းက ဖိအားပေးပြန်သည်။

ထို့နောက် သူက ချန်ဖန်အား ကြည့်လိုက်သည် ။

"မင်းက ဒီအစိုးရရဲ့ လက်ပါးစေတွေကို ယုံနေတာလား"

"အဲ့ဒီတုန်းက ငါတို့ အစိုးရဆီက အကူအညီ တောင်းတုန်းက သူတို့ ဘာလုပ်ခဲ့လဲ"

"ငါတို့ကို ငွေစ ၁ သိန်း တောင်းခဲ့တယ်။ လော့မိသားစုနဲ့ ချန်မိသားစုက မရမက စုပေးလိုက်တော့ကော ဘာဖြစ်လဲ"

"သူတို့ ပိုက်ဆံယူသွားပြီး ဘာမှ မလုပ်ပေးခဲ့ဘူး"

"သူက အစိုးရ လက်ပါးစေတစ်ယောက် ဖြစ်နေပြီး ယွင်ယန်မြို့နယ်ရဲ့ ကိစ္စတွေကို ဘာလို့ ဝင်ပါနေရတာလဲ။ သူ ဝတ်ထားတဲ့ ဝတ်စုံကြောင့်လား"

လော့ပုဖန်၏ သူငယ်ချင်းသည် အစိုးရအပေါ် နက်ရှိုင်းသော အာဃာတများ ရှိနေပုံရ၏။

ထိုအချိန်တွင် ချန်ဖန်သည် သူ၏ မျက်နှာပေါ်မှ အရေပြားအလွှာတစ်ခုကို ခွာချလိုက်ပြီး လေးနက်သောအသံဖြင့် အေးစက်စွာပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါက... လော့ပုဖန် မို့လို့ပဲ!"

အရေပြား မျက်နှာဖုံးကို ဖယ်ရှားလိုက်သောအခါ ချန်ဖန်၏ မျက်နှာမှာ လော့ပုဖန်နှင့် ၈၀ ရာခိုင်နှုန်းခန့် ဆင်တူနေသည်ကို အားလုံးတွေ့လိုက်ရတော့သည် ။

"ဟင်....ဘာတွေဖြစ်ကုန်တာလဲ "

All Chapters