← Chapters

အခန်း (၁၃၅)

Vol. 14 Ch. 135

အခန်း (၁၃၅)

Vol. 14 Ch. 135

🌹Chapter 135

ညမဲ့မြို့စား၏ စကားလုံးများကြောင့် ဖူရှန်းကြေးမုံအား ယန်ရုန်ရုန် သတိရမိသည်။ ထိုအချိန်တုန်းကလည်း သေခါနီးဆဲဆဲအချိန်တွင် ဖူရှန်းကြေးမုံက ပူးပေါင်းဖို့အတွက် တောင်း ပန်ခဲ့ဖူးပါသည်။

၎င်းတို့၏ တန်ဖိုးများက သူမ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားစေလိမ့်မည်ဟု ယုံကြည်နေကြပုံပေါ်သည်။

ကောင်းကင်ဘုံမိုးကြိုးများအကြား ညမဲ့မြိုစားရုန်းကန်နေရသည်ကို ယန်ရုန်ရုန် ငေးကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်ဘပါသည်။

“ကျွန်မ ရှင့်ကို မမုန်းပါဘူး၊ တကယ်တော့ အားလုံးကို ကျေးဇူးတောင် တင်သေးတယ်၊ ရှင်တို့ကြောင့် ပျော့ညံ့ရခြင်းရဲ့ ဆိုးယုတ်မှုတွေကို ကျွန်မ နားလည်သွားခဲ့တာ၊ ရှင်တို့တွေသာ ကျွန်မကို အကြိမ်ကြိမ်အခါခါ မဖိနှိပ်ခဲ့ကြရင် ဒီလောက်မြန်မြန် စွမ်းအားကြီးလာလိမ့်မယ်မထင်ဘူး”

လင်းယွမ်ကို အဆုံးမဲ့အသူရာချောက်နက်ထဲမှ ကယ်တင်ပေးခဲ့စဉ်တုန်းက သူမကို လင်းယွမ် ကာကွယ်ပေးလိမ့်မည်ဟု ယန်ရုန်ရုန် ထင်ခဲ့ဖူးသည်။

သို့သော် လက်တွေ့မှာတော့ သူမကို ဘယ်သူမှ ကယ်တင်ပေးနိုင်မှာ မဟုတ်ပါ။ ဂုဏ်သိက္ခာရှိရှိ နေထိုင်ချင်လျှင် ကိုယ့်အားကိုယ်သာ ကိုးရပါလိမ့်မည်။

ကြယ်စင်နတ်စွမ်းအင်နှင့် ကောင်းကင်ဘုံမိုးကြိုးများဖြင့် ဖန်တီးထားသော ကျော့ကွင်းမှာ တဖြည်းဖြည်း တင်းကြပ်လာခဲ့ပြီး အထဲတွင် ပိတ်မိနေသည့် ညမဲ့မြို့စားလည်း နာကျင်စွာ အော်ဟစ်နေရပါသည်။

သူ့အသားတွေ တစ်စစီပဲ့ထွက်လာပြီး သွေးတွေကလည်း ပန်းဖူးများကဲ့သို့ ဖူးပွင့်လာခဲ့သည်။

သူ့ကို ကျုံးရှောင်းရှောင်း ချမ်းသာပေးတော့မှာ မဟုတ်သဖြင့် သေရတော့မည်ဖြစ်မှန်းကို နားလည်ကာ ညမဲ့မြို့စား အငြှိုးအတေးကြီးစွာ ပြောလိုက်ပါသည်။

“အခုကော မင်းကိုယ်မင်း သန်မာလှပြီလို့ ထင်နေတာလား၊ လင်းယွမ်ရဲ့ အကူအညီသာမပါရင် မင်းငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး! မင်းက သူ့အနားမှာ ကပ်ပါးကောင်လိုနေပြီး အသက်ဆက်ရတဲ့ ဘာစွမ်းအားမှမရှိတဲ့ သနားစရာ မိန်းမယုတ် ဖြစ်နေတုန်းပဲ! မင်းကို သူစွန့်ပစ်လိုက်တာနဲ့ မင်းမှာ ဘာမှ မရှိတော့ဘူး!”

ယန်ရုန်ရုန် သူ့ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်မ ဘယ်သူ့ကိုမှ အားမကိုးခဲ့ဖူးဘူး”

ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့၊ ရှုယင်တို့ အားလုံး သူမကို အတိုင်းအတာတစ်ခုထိ နာကျင်အောင် ပြုလုပ်ခဲ့ကြဖူးသည်။ စိတ်ချလက်ချ အားကိုးနိုင်သည်ဟူသော ခံစားချက်မျိုးကို မည်သူကမှ မပေးစွမ်းနိုင်ခဲ့ကြပါ။

သို့သော် ညမဲ့မြို့စားကတော့ သူမကို မယုံကြည်ပေ။ သူမ ဒီလောက်ထိ စွမ်းအားကြီးမားလာရခြင်းက လင်းယွမ်နှင့် တွဲဖက်ကျင့်ကြံခြင်းကြောင့်သာဖြစ်ပြီး သူမ အသုံးပြုသည့် အစီအရင်များကိုလည်း လင်းယွမ် လက်ဆောင်ပေးထားခြင်းသာဖြစ်မည်ဟု ထင်နေသည်။

ကျုံးရှောင်းရှောင်း ပိုင်ဆိုင်ထားသည့် အရာမှန်သမျှက လင်းယွမ်နှင့် ပတ်သတ်ခြင်းကြောင့် ရရှိလာသည့် အရာများဖြစ် သည်ဟု ညမဲ့မြို့စား ယုံကြည်နေသည်။ လင်းယွမ်သာမရှိလျှင် သူမ ပမွှားသာသာအဆင့်သာ ရှိပါလိမ့်မည်။

သိပ်မကြာလိုက်ဘဲ ညမဲ့မြို့စား ထိုအကြောင်းတွေ စဉ်းစားဖို့ပင် ခွန်အားမရှိတော့ပေ။ သူ့နတ်ဆိုးစွမ်းအင်များ ကုန်ခမ်းသွားကာ ခန္ဓာကိုယ်ကလည်း တစ်စတစ်စ ကြွေကျနေပါပြီ။ သူ့ဝိညာဉ်ကလည်း တစ်စစီကွဲအက်နေသလို ခံစားရသည်။

ညမဲ့မြို့စား နာကျင်မှုဖြင့် အော်ညည်းနေရပြီး သူ့ကိုလွှတ် ပေးဖို့ ယန်ရုန်ရုန့်ထံ မျက်ရည်များဖြင့် တောင်းပန်နေရသည်။ ခဏကြာတော့ ယန်ရုန်ရုန့်ကိုကျိန်ဆဲပြန်သည်။ သူမကို နှလုံးသားမဲ့သည်၊ စက်ဆုပ်စရာကောင်းသည်၊ ယောက်ျားတွေကို ချဉ်းကပ်မှ အသက်ရှင်နိုင်သည့် မိန်းမယုတ်ဖြစ်သည်ဟု စွပ်စွဲကြိမ်းမောင်းခဲ့သည်။

ယောက်ျားပေါင်း ထောင်သောင်းမကနှင့် ပျော်ပါးဖူးသည့် မိန်းမပျက်ဖြစ်ကာ ဇာတ်သိမ်းလှမှာ မဟုတ်ဟုပင် ပြောဆိုခဲ့ပါသည်။

သို့သော် ယန်ရုန်ရုန်ကတော့ စတင်ပျင်းရိလာလေပြီ။ ရန်သူက အကာအကွယ်မဲ့နေပြီး မသေခင် ရုန်းကန်နေခြင်းသာ ဖြစ်သည်။ သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်ဖို့ပင် စိတ်မပါတော့ပါ။

ဇာတ်သိမ်းကို ဆုံးဖြတ်ပြီးပြီဖြစ်သဖြင့် အချိန်ဖြုန်းစရာ မလိုတော့ပေ။

အစီအရင်ကို သူမ လက်ဖြင့် ကစားလိုက်သည်။ ထိုအခါ ကောင်းကင်ဘုံမိုးကြိုးက ညမဲ့မြို့စား၏ ဦးခေါင်းခွံကို ထိုးခွင်းသွားခဲ့ပြီး ကြယ်စင်နတ်စွမ်းအင်ကလည်း သူ့နှလုံးသားကို ထိုးဖောက်သွားခဲ့ပါသည်။

ညမဲ့မြို့စား၏ ခန္ဓာကိုယ် ချက်ချင်းကွဲထွက်သွားပြီး ကျိန်ဆဲသံများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ကြယ်စင်ခုနစ်ပွင့် ကောင်းကင်ဘုံမိုးကြိုး အစီအရင်လည်း ပျောက်ပျက်ကာ အဆောင်စက္ကူအသွင် ပြန်ပြောင်းသွားပြီး ယန်ရုန်ရုန့်လက်ထဲ ပြန်လည် ပျံသန်းလာလေတော့သည်။

--- --- ---

စည်းဝိုင်းအပြင်ဘက်တွင် လင်းယွမ်၊ လျို့လန်နှင့် ငှက်ပေါက်လေးတို့ စောင့်နေကြပါသည်။ အစီအရင် ပျက်သွားပြီး ယန်ရုန်ရုန် ပေါ်လာသည်နှင့်တစ်ပြိုင်တည်း လျို့လန်နှင့် ငှက်ပေါက်လေးတို့ သူမခြေထောက်ကို ပြေးဖက်ကြလေသည်။

“မေမေ ဘာဖြစ်သွားသေးလဲ! သားတို့ စိတ်ပူနေတာ!”

လင်းယွမ်ကလည်း သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို လက်ဖြင့်ဖိကာ ယန်ရုန်ရုန့်အပေါ် မှီချလိုက်သည်။ ထို့နောက် နာနာကျင်ကျင် အော်ညည်းပြလိုက်ပါသည်။

“အောင်မယ်လေး… ခေါင်းတွေမူးလိုက်တာ… မရတော့ဘူး မရတော့ဘူး၊ ကိုယ့်ကို ကယ်ပါဦး ရှောင်းရှောင်း”

ဒီလိုနှင့် ယန်ရုန်ရုန့် ခန္ဓာကိုယ်ပေါ် ကပ်ပါးကောင် သုံးကောင် ရောက်ရှိလာခဲ့ပါသည်။

ထိုစဉ် ဖီရှို့နတ်သားရဲကလည်း လူသားအသွင် ပြန်ပြောင်းကာ လောလော၏ အသွင်အပြင် ပြန်ဖြစ်သွားခဲ့သည်။ ခန္ဓာကိုယ်ဖြူဖပ်နေပြီး ကောင်းကင်ဘုံမိုးကြိုးကြောင့် အဝတ်အစားများ စုတ်ပြဲနေသော်လည်း ပြန်လည် မွေးဖွား လာသကဲ့သို့ စိတ်ဓာတ်တက်ကြွလန်းဆန်းနေခဲ့ပါသည်။

ယန်ရုန်ရုန့်ကို ဖက်တွယ်နေသည့် အခြားသူတွေကို မြင်ပြီး အောင်ပွဲခံခြင်းအစီအစဉ်ဖြစ်မည်ဟု လောလော ထင်သွားသည်။

ခေတ္တတွန့်ဆုတ်သွားပြီးနောက် အခြားသူတွေလိုပဲ သူလည်းအောင်ပွဲခံဖို့ ဆုံးဖြတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလျက် ယန်ရုန်ရုန့်ကို ပြေးဖက်ဖို့ ပြင်လိုက်ပါသည်။

“နောက်ဆုတ်စမ်း!”

ယန်ရုန်ရုန် လှမ်းငေါက်လိုက်သည်။

လောလော ရုတ်တရက် ရပ်တန့်သွားပြီး အနည်းငယ် ဝမ်းနည်းသွားခဲ့ပါသည်။

‘သူများတွေကျတော့ ကပ်လို့ရတယ်၊ ငါ့ကျမှ ဘာလို့ အငြင်းခံရတာလဲ’

ထို့နောက် လင်းယွမ်ကို ယန်ရုန်ရုန် အားဖြင့် တွန်းထုတ်လိုက်ပြီး လျို့လန်နှင့် ငှက်ပေါက်လေးတို့ကိုလည်း သူမ ခြေ ထောက်မှ ဆွဲခွာလိုက်ပါသည်။

တွန့်ကြေနေသည့် သူမ အဝတ်အစားများကို ပြန်ဖြန့်ရင်း အားလုံးကို စိတ်မရှည်စွာ ငေါက်လိုက်သည်။

“အကုန်လုံး သေချာမတ်တပ်ရပ်ကြစမ်း! ကိုယ့်လက် ကိုယ် ထိန်းထားကြ!”

ငှက်ပေါက်လေးနှင့် လျို့လန်တို့ မဝံ့မရဲခေါင်းငုံ့လိုက်ကြပါသည်။ သို့သော် လင်းယွမ်ကတော့ စကားသိပ်နားမထောင်တတ်ပေ။

သူ့ဒဏ်ရာကို လက်ဖြင့်ဖိရင်း အားနည်းပျော့ညံ့စွာ တိုးတိုးလေး ပြောလိုက်ပါသည်။

“ကိုယ်သွေးထွက်လွန်နေပြီ… နာလွန်းလို့ သေတော့မှာပဲ၊ ဥုံဖွလုပ်ပေးပါလား… ရှောင်းရှောင်း ဥုံဖွလုပ်ပေးရင် နာမှာမဟုတ်တော့ဘူး”

ယန်ရုန်ရုန် အေးစက်စွာ ပြုံးလိုက်သည်။

“နာရင် လဲသေလိုက်!”

လက်သီးဖြင့် ထိုးခံလိုက်ရသကဲ့သို့ လင်းယွမ် နောက်သို့တစ်လှမ်း ဆုတ်မိသွားသည်။ မျက်နှာတစ်ခုလုံး ဖြူရော်ကာ နှုတ်ခမ်းများလည်း တုန်ခါသွားပါသည်။

“ကိုယ့်ကို ဂရုမစိုက်တော့ဘူးပဲ… ကိုယ့်ကို မချစ်တော့ဘူးပေါ့”

ယန်ရုန်ရုန် ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်ပါသည်။

“ဟုတ်တယ် ဟုတ်တယ်၊ ကျွန်မ ရှင့်ကို မချစ်တော့ဘူး”

သို့သော် လင်းယွမ် မျက်လုံးများ အရောင်လက်သွားသဖြင့် ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့သည်။

“ကိုယ့်ကို မချစ်တော့ဘူးတဲ့လား… အဲ့တာဆို တစ်ချိန်က ချစ်ခဲ့ဖူးတယ်ဆိုတဲ့သဘောပဲပေါ့! ကိုယ့်အချစ်လေးက အဲ့လောက် နှလုံးသားမမဲ့ဘူးဆိုတာ ကိုယ်သိနေတယ်လေ! ရှောင်းရှောင်းနှလုံးသားထဲမှာ ကိုယ့်အတွက် နေရာလေးတစ်ခု တကယ်ရှိနေတာပဲ!”

ယန်ရုန်ရုန် ဆွံ့အသွားသည်။

ထို့နောက် သက်ပြင်းချကာ မေးလိုက်ပါသည်။

“ရှင့်ဦးနှောက်ထဲမှာ အချစ်ကိစ္စကလွဲပြီး တခြားဘာမှ မစဉ်း စားတတ်တော့ဘူးလား၊ ရှင်က နတ်ဆိုးအရှင်သခင်နော်! ခုနလေးတင် ရှင့်ကို ညမဲ့မြို့စား သတ်ဖို့ကြိုးစားခဲ့တာ၊ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှမတွေးမိဘူးလား”

ထိုအခါ လင်းယွမ်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ကြောက်ရွံ့နေသော ယုန်ကလေးတစ်ကောင်သဖွယ် မျက်လုံးများ နီမြန်းသွားခဲ့ပါသည်။

“ဟုတ်တယ်၊ ကိုယ့်ကို တစ်ယောက်ယောက် သတ်ဖို့ကြိုးစားခဲ့တာ… ကိုယ်အရမ်းကြောက်တာပဲ! ရှောင်းရှောင်းကယ်ပေးခဲ့လို့ တော်သေးတာပေါ့၊ ရှောင်းရှောင်းက ကိုယ့်ရဲ့ ကိုယ်ရံ တော်နတ်ဘုရားလေးပဲ၊ ကိုယ့်ကို တစ်သက်လုံး ကာကွယ်ပေးရမယ်နော်၊ ကိုယ့်အသက်ကို ရှောင်းရှောင်းလက်ထဲ ထည့်ပေးလိုက်ပြီ”

ယန်ရုန်ရုန်: “…”

ယန်ရုန်ရုန် ပုံရိပ်ဖမ်းပုလဲလုံးတစ်လုံးကို ထုတ်ကာ လင်းယွမ်ကို ပြောလိုက်သည်။

“ထပ်ပြောလိုက်စမ်း”

လင်းယွမ်ဇဝေဇဝါ ဖြစ်သွားသည်။

“ဘာလို့လဲ”

ယန်ရုန်ရုန်က သူမ၏ မဟာရည်ရွယ်ချက်ကြီးအကြောင်း ရှင်းပြလိုက်ပါသည်။

“ကျွန်မ ချမ်းသာသွားတဲ့ တစ်နေ့ကျရင် နတ်ဆိုးနယ်မြေထဲ ဧရာမ ပိတ်ကားချပ်ကြီးတစ်ချပ်ထောင်ထားမယ်၊ ပြီးရင် ဒီပုံရိပ်ကို ၂၄ နာရီလုံးလုံး ထပ်ခါထပ်ခါ ဖွင့်ပြမယ်၊ သူတို့ ကြောက်ရွံ့ရတဲ့ နတ်ဆိုးအရှင်သခင်က နောက်ကွယ်မှာ ဘယ်လိုလူမျိုးလဲဆိုတာ နတ်ဆိုးကျင့်ကြံသူတိုင်း သိသွားစေရမယ်”

ထိုလုပ်ရပ်ကြောင့် နတ်ဆိုးအရှင်သခင်ဟူသည့် ဂုဏ်သိက္ခာ ညှိုးနွမ်းသွားမှာ သေချာသည်။

သို့သော် လင်းယွမ်က ရှက်ရွံ့ရမည့်အစား မျှော်လင့်တကြီး ပြောလိုက်လေသည်။

“အကြံကောင်းပဲ! အဲ့တာဆို ရှောင်းရှောင်းကို ကိုယ်ပြောခဲ့တဲ့ အချစ်စကားတွေကို နတ်ဆိုးနယ်မြေတစ်ခုလုံး သိသွားလိမ့်မယ်၊ အဲ့ဒီအခါကျ ရှောင်းရှောင်းကို ကိုယ်ဘယ်လောက်ချစ်သလဲ နတ်ဆိုးတိုင်း နားလည်သွားလိမ့်မယ်၊ ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်မေတ္တာကို နတ်ဆိုးမျိုးနွယ်တစ်ခုလုံးက ကောင်းချီးပေးကြမှာ သေချာတယ်!”

ယန်ရုန်ရုန် အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။

“ကောင်းချီးပေးကြမယ် ဟုတ်လား၊ ကျိန်စာတိုက်ကြမှာ ဆိုရင် ပိုမှန်လိမ့်မယ်”

နတ်ဆိုးမျိုးနွယ်က လူသားများကို မုန်းတီးကြသည်။ ‘ကောင်းချီး’တစ်ခု မဖြစ်မနေ ပေးရမည်ဆိုလျှင် ကလေးရပြီး ချက်ချင်းပျက်ကျပါစေဟူသော ကောင်းချီးမျိုးသာ ဖြစ်လိမ့်မည်။

လင်းယွမ်ကတော့ ဂရုမစိုက်ဘဲ ချိုမြိန်စွာ ပြုံးလိုက်သည်။

“ကိုယ်တို့ကို ကျိန်စာတိုက်ရဲတဲ့ကောင် တိုက်ကြည့်လိုက်လေ၊ အရှင်လတ်လတ် အရေခွံနွှာပစ်မယ်”

All Chapters