← Chapters

အခန်း (၁၃၅၅-၁၃၅၆)

Vol. 136 Ch. 1355-1356

အခန်း (၁၃၅၅-၁၃၅၆)

Vol. 136 Ch. 1355-1356

အခန်း (၁၃၅၅) - တံလျှပ်တောင်ကြီး

ကြာနီနတ်မိမယ်ငယ်၏ မျက်နှာထက်တွင် ဝေခွဲမရသည့် အရိပ်အယောင်များ သိသိသာသာ ပေါ်လွင်နေသည်။

ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတူဖြတ်သန်းခဲ့သည့် အချိန်ကာလများနှင့် ယခု တစ်လကျော်အတွင်း ထိတွေ့မှုများကြောင့် သူမ၏ စိတ်ထဲတွင် ဖန့်ချန်အပေါ် အသိအမှတ်ပြုမှုတစ်မျိုး ဖြစ်ပေါ်နေခြင်းကို သက်သေပြနေခြင်းပင်။

သူမ စိတ်လှုပ်ရှား ချီတုံချတုံဖြစ်နေချိန်တွင် ဖန့်ချန်ကလည်း သူမကို တိတ်တဆိတ် အကဲခတ်နေသည်။

သို့သော် သူက မျက်စိမှိတ်ထားသဖြင့် ကြာနီနတ်မိမယ်ငယ်မှာ သတိမထားမိချေ။

"ဟင်း... ကြည့်ရတာ မိစ္ဆာ တွေထဲမှာ လူတိုင်းက ရှောင်ယွီလိုမျိုး ပေါ့ပျက်ပျက်နိုင်ကြတာ မဟုတ်ဘူးပဲ၊ ကြာနီနတ်မိမယ်ငယ်ရဲ့ စရိုက်က အတော်လေး အေးဆေးတယ်လို့ ပြောရမလား "

ဤအချက်မှာ ဖန့်ချန်အတွက် အလွန်ပင် အကျိုးရှိလှသည်။

ကြာနီနတ်မိမယ်ငယ်၏ စရိုက်က ပို၍ အေးဆေးလေလေ၊ သူမ၏ နှုတ်မှ စကားများကို တိုက်ထုတ်ရန် ပို၍ လွယ်ကူလေလေ ဖြစ်သည်။

ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးနောက် ကြာနီနတ်မိမယ်ငယ်က သက်ပြင်းသဲ့သဲ့ ချလိုက်သည်

"ဖန့်မိတ်ဆွေ... ကျမတို့နှစ်ယောက်ကြားမှာ... တကယ်ပဲ ကျင့်ကြံဖော်အဖြစ် ပေါင်းဖက်လို့ မရပါဘူး၊ ကျမရဲ့ အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်၊ ကျင့်ကြံဖော်ဆိုတာ ကျမအတွက်တော့ အနည်းငယ် မြင့်မြတ်လွန်းတဲ့ ဆုလာဘ်တစ်ခု ဖြစ်နေနိုင်လို့ပါ"

ရှုပ်ထွေးတယ်

ဘာကြောင့် ရှုပ်ထွေးတာလဲ

သူမကိုယ်သူမ မှတ်ဥာဏ်တွေကို ချိုးဖျက်ပြီးသားမို့လို့၊ မချိုးဖျက်နိုင်သေးတဲ့ ကျင့်ကြံသူတွေနဲ့ မပေါင်းဖက်နိုင်ဘူးလို့ ယူဆနေတာလား အဲဒီလို မချိုးဖျက်နိုင်သေးတဲ့ ကျင့်ကြံသူတွေကို မိစ္ဆာ အနွယ်ဝင် မဟုတ်ဘူးလို့ ထင်နေတာလား။

ဒါမှမဟုတ်... လူသားအဖြစ် မှတ်ဉာဏ်တွေထက် မိစ္ဆာ ရဲ့ မှတ်ဉာဏ်တွေက ပိုများနေလို့၊ သူမကိုယ်သူမ လူသားမျိုးနွယ် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘူးလို့ ခံစားနေရပြီး လူသားတွေနဲ့ သံယောဇဉ် မတွယ်ချင်တာလား။

ဖန့်ချန်က ပြုံးလိုက်ပြီး

"ဟုန်မိတ်ဆွေ... ဒီလောက်ထိ စိတ်မလေးပါနဲ့၊ ကျုပ်က အကြံပြုရုံသက်သက်ပါပဲ။ ကျင့်ကြံဖော် မဖြစ်နိုင်ရင်လည်း မိတ်ဆွေအဖြစ် ရှိနေလို့ ရတာပဲလေ။ ကျင့်ကြံခြင်းလမ်းခရီးဆိုတာ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမကြမှ ပိုပြီး ခရီးပေါက်တာ မဟုတ်လား"

ကြာနီနတ်မိမယ်ငယ်မှာ သိသိသာသာပင် စိတ်ပေါ့ပါးသွားတော့သည်။

အကယ်၍ တစ်ဖက်လူကသာ အတင်းအကျပ် တောင်းဆိုလာလျှင် သူမ မည်သို့ တုံ့ပြန်ရမည်ကို တကယ်ပင် မသိခဲ့ချေ။

သူမက ပြုံးလျက်

"ဖန့်မိတ်ဆွေ ပြောတာ တကယ် မှန်ပါတယ်"

...

နောက်လအနည်းငယ်အတွင်း သူတို့နှစ်ဦးမှာ နေရာအနှံ့ ရောက်ရှိခဲ့ကြပြီး ဘေးဒုက္ခကျော်ဖြတ််ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် သတ်ဖြတ်ခြင်း နတ်ဆိုး တို့၏ တိုက်ပွဲကိုလည်း မြင်တွေ့ခဲ့ရသည်။

ဤသတ်ဖြတ်ခြင်း နတ်ဆိုးများမှာ ယင်လောက ရှိ ယင်မိစ္ဆာများနှင့် အတော်လေး ဆင်တူနေသည်။

နောက်ပိုင်းတွင် ဖန့်ချန်က ထိုနတ်ဆိုးအချို့နှင့် တမင်တကာ လက်ရည်စမ်း တိုက်ခိုက်ကြည့်ပြီးမှ အတည်ပြုနိုင်ခဲ့သည်။

၎င်းတို့မှာ အမှန်တကယ်ပင် ယင်မိစ္ဆာများ ဖြစ်ကြသည်။

သို့သော် လူ့လောက တွင် ရှင်သန်နေသော ယင်မိစ္ဆာများဖြစ်ပြီး ဝိညာဉ်များမှ ပြောင်းလဲလာခြင်း ဖြစ်သည်။

အဓိက အကြောင်းရင်းမှာ ဤနေရာရှိ သက်ရှိများ သေဆုံးပြီးနောက် ယင်လောကသို့ မသွားနိုင်ဘဲ လူ့လောကတွင်သာ လွင့်မျောနေကြခြင်းကြောင့် ဖြစ်နိုင်ခြေ များသည်။

အရေအတွက် များပြားလာသည့်အခါ ကာလကြာသော် ဖူထူနယ်မြေ ထဲကကဲ့သို့ ဝိညာဉ်အချင်းချင်း ဝါးမြိုသည့် အခြေအနေမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဤသို့ဖြင့် မိမိတို့၏ ယင်သက်တမ်း မလောက်ငှမှုကို ဖြည့်တင်းကြသည်။

သို့သော် အချင်းချင်း ဝါးမြိုခြင်းက အသိဉာဏ်ကို ထိခိုက်စေသဖြင့် နောက်ဆုံး အနိုင်ရရှိသူမှာ အစွမ်းထက်လာသော်လည်း အသိဉာဏ်မဲ့ကာ သွေးဆာပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်သော သတ္တဝါများ ဖြစ်သွားကြရသည်။

သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်း တွင် ယင်ဓာတ်က အလွန်ပြင်းထန်လှရာ အချို့သော အချိန်များတွင် ပတ်ဝန်းကျင်မှာ ဖူထူနယ်မြေနှင့်ပင် အနည်းငယ် ဆင်တူနေတတ်သည်။

ထို့ကြောင့် ဝိညာဉ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ထူးခြားသော ပတ်ဝန်းကျင်ကြောင့် ယင်မိစ္ဆာနှင့် ဆင်တူသော သတ်ဖြတ်ခြင်း နတ်ဆိုးများစွာ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခင်က ချင်းယွီမသေမျိုး သည် ဤတောင်တန်းကို အတော်လေး ကြောက်ရွံ့ရခြင်း၏ အဓိက အကြောင်းရင်းတစ်ခု ရှိသည်။

၎င်းမှာ ဤနတ်ဆိုးများသည်... ဝိညာဉ်များ၏ ထူးခြားသော အစွမ်းများကို ဆက်လက် ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။

၎င်းတို့က အလိုရှိလျှင် ကျင့်ကြံသူများမှာ ၎င်းတို့၏ တည်ရှိမှုကို လုံးဝ သတိမထားမိနိုင်ချေ။

၎င်းတို့က အမဲလိုက်ရန် ပြင်ဆင်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်မှသာ သာမန်ကျင့်ကြံသူများမှာ အလစ်အငိုက် အတိုက်ခံရတော့သည်။

ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ဘေးရှိ ကြာနီနတ်မိမယ်ငယ်ကို ကြည့်ကာ

"ဟုန်မိတ်ဆွေ... လင်းကွေ့ကြယ်တာရာနယ်မြေပေါ်မှာ သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းနဲ့ ဆင်တူတဲ့ နေရာတွေ အများကြီး ရှိသလား "

"သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းနဲ့ ဆင်တူတဲ့ နေရာလား..."

ကြာနီနတ်မိမယ်ငယ်က သေချာ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်

"အနည်းဆုံးတော့ ကျမ အဲဒီလို နေရာမျိုး မကြားဖူးဘူး၊ ဒါပေမဲ့ တခြား ကျင့်ကြံသူတွေ ပြောတာတော့ ကြားဖူးတယ်၊ တခြား ကြယ်တာရာနယ်မြေတွေမှာလည်း သတ်ဖြတ်ခြင်း နတ်ဆိုးတွေ ရှိတတ်တယ်တဲ့"

ဖန့်ချန် တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။

သူ့မျက်လုံးများက သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်း၏ အနက်ရှိုင်းဆုံးဆီသို့ ကျရောက်နေသည်။

ဘာကြောင့် ဒီမှာ သတ်ဖြတ်ခြင်း နတ်ဆိုးတွေ ပေါ်လာရတာလဲ

ဘာကြောင့် လင်းကွေ့ကြယ်တာရာနယ်မြေရဲ့ တခြားနေရာတွေမှာ မရှိတာလဲ

တည်ရှိနေသရွေ့ အကြောင်းပြချက် ရှိရမည်။

ဖန့်ချန်က ထိုအချက်ကို အမြဲ ယုံကြည်ထားသည်။

အထက်သုံးနယ်မြေ တွင် တစ်စုံတစ်ဦးက နည်းလမ်းအချို့ဖြင့် မရဏလမ်း ကို ပိတ်ဆို့ထားသည်နှင့် ဤနေရာတွင် သတ်ဖြတ်ခြင်း နတ်ဆိုးများ ပွားများလာသည်ကို ဆက်စပ်တွေးတောကြည့်လိုက်သည်။

သူ့စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ပိတ်ဆို့ခံထားရသော မရဏလမ်းရသည် ထိုသတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်း၏ အနက်ရှိုင်းဆုံးမှာ ရှိနေနိုင်မလား

ထို့ကြောင့်ပင် ရေတွက်မရသော ဝိညာဉ်များသည် မသိစိတ်ဖြင့် ထိုနေရာသို့ ရောက်လာကြပြီး၊ နောက်ဆုံးတွင် ယင်လောကထဲသို့ မဝင်နိုင်တော့သဖြင့် ဤနေရာရှိ ယင်ဓာတ်များနှင့် ထိတွေ့ကာ အချင်းချင်း ဝါးမြိုရင်း ကျင့်ကြံသူများ အခေါ် သတ်ဖြတ်ခြင်း နတ်ဆိုး များအဖြစ် အသွင်ပြောင်းသွားကြခြင်း ဖြစ်နိုင်သလော။

"အကယ်၍ ငါသာ ဒီက မရဏလမ်းကို ဖွင့်နိုင်ရင် ယင်လောကရဲ့ အရင်းအမြစ်မျိုးစုံကို အသုံးချနိုင်လိမ့်မယ်။ ငါ့ရဲ့ လက်ရှိ အခြေအနေအတွက်တင် မကဘဲ ယင်လောကအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရှိလိမ့်မယ်။ ဒါပေမဲ့ ဒီလင်းကွေ့ကြယ်တာရာနယ်မြေနဲ့ သက်ဆိုင်တဲ့ ဝိညာဉ်မြို့တော်က ယင်လောငယ် မှာလား၊ ဒါမှမဟုတ် ဖူထူလောက မှာလားဆိုတာ မသိရသေးဘူး"

"ဖန့်ချန်ပဲ မြန်မြန်ပြေး "

အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

၎င်းက ဖန့်ချန်၏ အတွေးကို ဖြတ်တောက်လိုက်သည်။

သူ မော့ကြည့်လိုက်သည့်အခါ ကြာနီနတ်မိမယ်ငယ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်ကို မြင်လိုက်ရသည်

"တစ်ဖက်လူက မြန်မြန်ပြေးသွားတယ်"

ပြောပြီးနောက် သူမက ဖန့်ချန်ကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည်

"အခုတော့ ရှင့်ရဲ့ နာမည်ဆိုးက ကျင့်ကြံသူတိုင်းရဲ့ နားထဲ ရောက်နေပြီ။ လူတိုင်းက ရှင့်ကို မြင်တာနဲ့ ထွက်ပြေးကြတော့တာပဲ။ ဒီအတိုင်းဆိုရင် ကျမတို့ရဲ့ ကျောက်စိမ်းပြားတွေမှာ ဝိညာဉ်စွမ်းအား ထပ်ဖြည့်ဖို့ ခက်လိမ့်မယ်"

"ဘာထပ်ဖြည့်စရာ လိုသေးလို့လဲ"

ဖန့်ချန်က ပြုံးလျက် ခါးရှိ ကြေးနီရောင်အဆင်း သန်းနေသော ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။

ယခုအခါ ထိုထဲတွင် အနည်းဆုံး ဝိညာဉ်စွမ်းအား သုံးသောင်းခန့် ရှိနေပြီ ဖြစ်သည်။

၎င်းတို့မှာ လင်းယွမ်၊ ယွီဝူရှီး တို့ကဲ့သို့သော သူများကို အကြိမ်ကြိမ် လုယက်ထားသည့် ရလဒ်များ ဖြစ်သည်။

သာမန်ကျင့်ကြံသူများကိုမူ သူ သိပ်ပြီး လက်မလှုပ်ခဲ့ချေ။

သူတို့ ထွက်ပြေးကြရခြင်းမှာ သူ လှုပ်ရှားခဲ့သည့် အကြိမ်အနည်းငယ်ကို မြင်တွေ့သူ များပြားခဲ့သဖြင့် သတင်းများ ပျံ့နှံ့သွားသောကြောင့်ပင်။

ကြာနီနတ်မိမယ်ငယ်၏ ကျောက်စိမ်းပြားတွင်လည်း ဝိညာဉ်စွမ်းအားမှာ တစ်သောင်းကျော်နေပြီဖြစ်ရာ စစ်ဆေးပွဲအပြီးတွင် နှစ်သောင်းကျော်အထိ ရောက်ရှိကာ ကြေးနီရောင် ကျောက်စိမ်းပြား ရရှိရန် အခွင့်အရေး ရှိနေသည်။

"ကျုပ်ရဲ့ ကျင့်စဉ်က မကြာသေးခင်က ထူးထူးခြားခြား ဖြစ်နေလို့ နေရာတစ်ခုရှာပြီး တံခါးပိတ်ကျင့်ကြံရဦးမယ်။ ဒီကာလအတွင်းမှာ မင်း ဘယ်လို စီစဉ်ထားလဲ အခု ရပ်နားလိုက်မယ်ဆိုရင်တောင် ကျွယ်မင်ကျင့်ကြံသူ ဖြစ်ဖို့က သေချာသလောက်ပါပဲ"

ဖန့်ချန်က ဆိုသည်။

ကြာနီနတ်မိမယ်ငယ်က ခဏမျှ တွက်ချက်ပြီးနောက်

"ဝိညာဉ်စွမ်းအား တစ်သောင်းက သိပ်ပြီး စိတ်မချရသေးဘူး၊ ကျမ နောက်ထပ် ဝိညာဉ်စွမ်းအား ငါးထောင်လောက် ရအောင် ထပ်ရှာဦးမယ်"

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်

"ကိုယ့်ကိုယ်ကိုယ် သတိထားဦး၊ ရှန်ကွန့်ဂိုဏ်း က မကြာသေးခင်က ကျုပ်တို့ကို လက်စားချေဖို့ အမြဲ ကြံစည်နေတာ"

"ကောင်းပါပြီ"

ကြာနီနတ်မိမယ်ငယ်၏ အကြည့်များမှာ အနည်းငယ် တည်ကြည်သွားသည်။

ဖန့်ချန်သည် လုံခြုံသော နေရာတစ်ခုကို ရှာဖွေကာ တားမြစ်ချက် အစီရင်အချို့ကို ချမှတ်လိုက်သည်။

ထို့နောက် ဖန့်လူသား ကို သူ၏ ခန္ဓာကိုယ်အား စောင့်ရှောက်ရန် ထားခဲ့ပြီးမှ ဝိညာဉ်ထွက်ခွာကာ သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်း၏ အနက်ရှိုင်းဆုံးဆီသို့ ဦးတည်သွားတော့သည်။

အကယ်၍ ဖန့်ထျန်းဇွန် နှင့် ဖန့်ရွှမ်းယန် တို့ ပေါ်လာလျှင် ၎င်းတို့၏ အရှိန်အဝါကို ထိုက်ရွှီမသေမျိုး တို့ကဲ့သို့သော သူများက သတိပြုမိသွားပေလိမ့်မည်။

ယခုတစ်ကြိမ် ကျွယ်မင်နန်းတော်မှ တာဝန်ခံလာသူများထဲတွင် အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်သည့် ထိုက်ရွှီမသေမျိုး အပြင်၊ အဆင့် ၅ နှင့် အဆင့် ၆ များစွာ ပါဝင်နေသည်။

မည်သူမျှ လွယ်ကူသော ပြိုင်ဘက်များ မဟုတ်ကြချေ။

၎င်းတို့သည် သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းအတွင်း၌ မသေမျိုး များ ဝင်ရောက်ကာ လိမ်လည်ကူညီခြင်း မရှိစေရန် သေချာစွာ စောင့်ကြပ်နေကြမည် ဖြစ်သည်။

ဖန့်လူသား တစ်ဦးတည်းကိုသာ သူတို့ သတိမပြုမိနိုင်ကြောင်း ဖန့်ချန်က အပြည့်အဝ ယုံကြည်ထားသည်။

ဝိညာဉ်ခန္ဓာမှာ ပျံသန်းသွားရင်း ခဏချင်းမှာပင် တောင်တန်း၏ အနက်ရှိုင်းဆုံးသို့ ရောက်ရှိသွားသည်။

ထိုခရီးစဉ်အတွင်း ကျောက်စိမ်းပြားထဲက ဝိညာဉ်စွမ်းအားများအတွက် တစ်ဦးနှင့်တစ်ဦး သေကျေအောင် တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို သူ တွေ့မြင်ခဲ့ရသည်။

နေရာ လေးခုစာအတွက် ဝိညာဉ်စွမ်းအားများကို လုယူရင်း သတ်ဖြတ်ခြင်း နတ်ဆိုးများနှင့် အပြင်းအထန် တိုက်ခိုက်နေကြသော ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများကိုလည်း တွေ့ခဲ့ရသည်။

ပို၍ နက်ရှိုင်းလေလေ၊ ယင်ဓာတ်က ပို၍ ပြင်းထန်လာလေလေ၊ သတ်ဖြတ်ခြင်း နတ်ဆိုးများလည်း ပို၍ များပြားလာလေလေ ဖြစ်သည်။

အစွန်အဖျားရှိ နတ်ဆိုးများနှင့် ယှဉ်လျှင် ဤနေရာရှိ နတ်ဆိုးတစ်ကောင်ချင်းစီမှာ တက်လှမ်းခြင်းအဆင့် ၏ စွမ်းအားများ ရှိကြသည်။

ထိုနတ်ဆိုးများသည် အသိဉာဏ်အချို့ ကျန်ရှိနေသေးပုံရပြီး၊ အပြင်ဘက်မှာ အန္တရာယ်များကြောင်းနှင့် ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့နိုင်ကြောင်း သိကြသဖြင့် မိမိတို့ နယ်မြေမှ လွယ်လွယ်နှင့် မထွက်ကြချေ။

ဖန့်ချန်မှာ ယခုအချိန်တွင် ယင်လောကသို့ ကူးပြောင်းထားသည့် အခြေအနေ မဟုတ်သဖြင့် ဤနတ်ဆိုးများမှာ သူ့ကို မမြင်နိုင်သလို သူ၏ တည်ရှိမှုကိုလည်း လုံးဝ သတိမထားမိကြချေ။

မည်မျှကြာသွားသည်မသိ၊ ဖန့်ချန်သည် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

သူ့ရှေ့တွင် တံလျှပ်ကဲ့သို့ ဝေဝါးနေသော၊ တစ်ခါတစ်ရံ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသော ဧရာမ တောင်ကြီးတစ်လုံး ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

အခန်း (၁၃၅၆) - စစ်ဆေးပွဲ ပြီးဆုံးခြင်း

"ဒီနားက သတ်ဖြတ်ခြင်း နတ်ဆိုးတွေရဲ့ အရှိန်အဝါက အဆင့် ၁ ယင်မိစ္ဆာကြီး၊ ဒါမှမဟုတ် အဆင့် ၂ ယင်မိစ္ဆာကြီးတွေရဲ့ အဆင့်အတန်းကိုတောင် ရောက်နေပြီပဲ "

ဖန့်ချန်သည် သူ့ရှေ့မှ တံလျှပ်ကဲ့သို့ ဝေဝါးနေသော တောင်ကြီးကို အကဲခတ်ရင်း ပတ်ဝန်းကျင်မှ နတ်ဆိုးများ၏ အရှိန်အဝါကို ခံစားနေမိသည်။

ထိုတောင်ကြီးကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာလုံးသို့ ပျံ့နှံ့နေသော သတ်ဖြတ်ခြင်း နတ်ဆိုးများ၏ အရှိန်အဝါမှာ အားနည်းလှသည်မဟုတ်။

၎င်းတို့သည် ထိုနေရာတွင်ပင် အမြဲတမ်း အောင်းကျင့်ကြံနေပုံရပြီး သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းအတွင်း ဖြစ်ပျက်နေသော စစ်ဆေးပွဲကိစ္စရပ်များကိုမူ အနည်းငယ်မျှပင် ဝင်ရောက်စွက်ဖက်မည့် အရိပ်အယောင်မရှိချေ။

"ဒီတောင်က... တကယ်နဲ့ အတုအယောင်ကြားမှာ ရှိနေသလိုပဲ "

ဖန့်ချန်သည် ရှေ့မှ တောင်ကြီးကို သေချာကြည့်လိုက်သည်။

တောင်၏ ကိုယ်ထည်မှာ ဝေဝါးနေရုံသာမက ၎င်းအပေါ်တွင် ရှေးဟောင်းဆန်သော အနက်ရောင် အစင်းကြောင်းများ ရစ်ပတ်နေသည်ကို မြင်တွေ့ရသည်။

၎င်းတို့မှာ စာလုံးများ သို့မဟုတ် မှော်စာလုံး များနှင့် တူညီနေသည်။

သူသည် ယင်လောက အကြောင်းကို အလွန်ပင် နှံ့နှံ့စပ်စပ် သိရှိထားသူဖြစ်ရာ ထိုနေရာသည် ယင်လောကကြီး ဖြစ်စေ၊ ယင်လောငယ် ဖြစ်စေ ကောင်းစွာ သိသည်။

တောင်၏ ကိုယ်ထည်မှာ အတုအယောင် ဖြစ်နေချိန်တွင် ၎င်းထံမှ ယင်လောက၏ အငွေ့အသက်များ သိသိသာသာ ထွက်ပေါ်နေသည်။

"လူ့လောကနဲ့ ယင်လောကကြားမှာ ရှိနေတဲ့ တောင်တစ်လုံး... ဒီတောင်ဟာ သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းရဲ့ အဓိကသော့ချက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီတောင်ကြောင့်လား၊ ဒါမှမဟုတ် တောင်ပေါ်က ထူးခြားတဲ့ အစင်းကြောင်းတွေကြောင့်လားဆိုတာတော့ မသေချာဘူး။ ဒါတွေကြောင့်ပဲ ဒီနေရာက မရဏလမ်း ဟာ ပိတ်ဆို့ခံထားရတာ ဖြစ်နိုင်တယ် "

ဖန့်ချန်၏ မျက်လုံးများထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဤကဲ့သို့သော တောင်မျိုးကို ထိုက်ရွှီမသေမျိုး တို့ကဲ့သို့ ပုဂ္ဂိုလ်များက ဘာကြောင့် ရှာမတွေ့နိုင်ရသနည်း

လင်းကွေ့ကြယ်တာရာနယ်မြေဆိုသည်မှာ မြေဝက်ဝံဂြိုလ် ကဲ့သို့ သေးငယ်သော နေရာမျိုး မဟုတ်ပေ။

အစွမ်းထက်သော မသေမျိုးများစွာ အခြေစိုက် စောင့်ကြပ်နေသည့် နေရာဖြစ်သည်။

အဆင့် ၇ ရှေးဟောင်းမသေမျိုးကို ထားလိုက်ပါဦး၊ အဆင့် ၆ သို့မဟုတ် အဆင့် ၅ မသေမျိုးများပင်လျှင် သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်း၏ အခြေအနေကို စိတ်ဝင်တစား လေ့လာရင်း ဤတောင်၏ တည်ရှိမှုကို ရှာတွေ့သင့်သည် မဟုတ်ပါလား။

"ဆရာ... ဒီနှစ် စစ်ဆေးပွဲကို သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းမှာ သတ်မှတ်လိုက်တာက ရှေးဦးမိစ္ဆာဂိုဏ်း ကြောင့်လား ဒီနေရာနဲ့ အဲဒီဂိုဏ်းကြားမှာ ပတ်သက်မှုရှိတယ်လို့ ဆရာ ထင်လို့လား "

"ဒီနေရာက အမြဲတမ်း ထူးခြားနေခဲ့တာ။ မင်းလည်း ယင်လောကထဲကို ကူးပြောင်း ဖူးတာပဲ၊ သတိထားမိလား ဒီက သတ်ဖြတ်ခြင်း နတ်ဆိုးတွေက ယင်လောကထဲက ယင်မိစ္ဆာကြီးတွေနဲ့ အတော်လေး ဆင်တူနေတာ "

ဖန့်ချန်၏ အကြည့်များ လှုပ်ရှားသွားသည်။

မနီးမဝေးတွင် လူရိပ်နှစ်ခု ပေါ်လာသည်။

ထိုသူနှစ်ဦး၏ မျက်နှာကို မြင်လိုက်ရသည့်အခါ သူ အံ့အားသင့်သွားရသည်။

တစ်ဦးမှာ ယခင်က ချင်းရှမိစ္ဆာအရှင် ကို လိုက်လံသတ်ဖြတ်ခဲ့သည့် အမျိုးသမီးဖြစ်ပြီး၊ အခြားတစ်ဦးမှာ ထိုက်ရွှီမသေမျိုး ဖြစ်နေသောကြောင့်ပင်။

သို့သော် ယခု ထိုအမျိုးသမီးက ထိုက်ရွှီမသေမျိုးကို ဆရာ ဟု ခေါ်နေသည်လား သူတို့နှစ်ဦးက ဆရာတပည့်တွေလား ထိုအမျိုးသမီးက ကြယ်မိုးမသေမျိုး ရဲ့ တပည့်မလေးလား။

"ယင်မိစ္ဆာကြီးတွေလား"

အမျိုးသမီးက စဉ်းစားဟန်ဖြင့် မေးလိုက်သည်။

"ဆရာ ဒီနှစ်တွေအတွင်း ဒီနေရာကို အကြိမ်ကြိမ် လာခဲ့ဖူးပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ အခု စစ်ဆေးပွဲ တာဝန်ခံလာလုပ်ရင်းနဲ့ပဲ လက်စသတ် ဒီဘက်ကို တစ်ခေါက် ထပ်လာကြည့်တာ "

ထိုက်ရွှီမသေမျိုး၏ အကြည့်မှာ ထိုဝေဝါးနေသော တောင်ကြီးပေါ်သို့ ဖြတ်သန်းသွားသော်လည်း အနည်းငယ်မျှပင် ရပ်တန့်ခြင်း မရှိချေ။

ဖန့်ချန်သည် ဤထူးခြားမှုကို သတိပြုမိသွားသည်။

"သူ ဒီတောင်ကို မမြင်ရဘူးလား "

ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။

ထိုအချက်ကို သက်သေပြရန်အတွက် သူသည် ထိုက်ရွှီမသေမျိုးနှင့် ထိုအမျိုးသမီးကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

မှန်ပေသည်၊ သူတို့နှစ်ဦး စကားပြောနေကြစဉ် ထိုဝေဝါးသော တောင်ကြီးမှာ လုံးဝ တည်ရှိမနေသကဲ့သို့ ပြုမူနေကြသည်။

သူတို့ သွားလာနေသည့် လမ်းကြောင်းမှာလည်း တောင်ကြီးကို ရှောင်ကွင်းသွားသော်လည်း တမင်တကာ ရှောင်ခြင်းမျိုး မဟုတ်ဘဲ အစကတည်းက ထိုနေရာတွင် တောင်မရှိသကဲ့သို့ပင်။

"ဒါနဲ့... ပြီးခဲ့တဲ့တစ်ခေါက် ချင်းရှမိစ္ဆာအရှင်ကို လိုက်သတ်တာ ဘာထူးခြားမှု ရှိလဲ "

ထိုက်ရွှီမသေမျိုးက အမှတ်မထင် မေးလိုက်သည်။

ဖန့်ချန်၏ အာရုံများ စူးစိုက်သွားသည်။

အမျိုးသမီးက သက်ပြင်းချကာ

"ချင်းရှမိစ္ဆာအရှင်က အသတ်ခံလိုက်ရပြီ၊ ဒါပေမဲ့ တပည့် လက်ချက်တော့ မဟုတ်ဘူး။ သူနဲ့ ပတ်သက်တဲ့ သဲလွန်စကတော့ ပြတ်သွားပြီ။ ဒီရှေးဦးမိစ္ဆာဂိုဏ်းက မိစ္ဆာအိုကြီးတွေက ပုံမှန်ဆို ခြေရာဖျောက်နေကြတာဆိုတော့ နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်တွေ့မလဲ မသိနိုင်တော့ဘူး "

"သူ့ကို သတ်တဲ့လူကရော... သံသယရှိစရာ ရှိလား "

"အောက်ခြေ ၆ နယ်မြေ က ကျင့်ကြံသူတစ်ယောက်ပါပဲ၊ သံသယရှိစရာတော့ မရှိပါဘူး "

အမျိုးသမီးက ခဏမျှ စဉ်းစားပြီးနောက် မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာကာ ခေါင်းခါပြလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ငါတို့ဂိုဏ်းနဲ့ ရှေးဦးမိစ္ဆာဂိုဏ်းကြားက တိုက်ပွဲက တစ်ရက်နှစ်ရက်တည်း ဖြစ်နေတာမှ မဟုတ်တာ။ ချင်းရှမိစ္ဆာအရှင် သေသွားပြီဆိုတော့ မင်းရဲ့ တပည့်မလေးအတွက်လည်း လက်စားချေပြီးသား ဖြစ်သွားတာပေါ့။ အခုတော့ ဒီမှာပဲ စိတ်အေးလက်အေး ကျင့်ကြံနေလိုက်တော့။ ဒါနဲ့... မင်း အိမ်ပြန်တဲ့အခါ မင်းရဲ့အစ်ကိုကို တစ်ချက် ပြောပေးဦး၊ ဒီတစ်ခေါက် မသေမျိုးစာရင်း ကိစ္စမှာ လူအင်အားရော အကူအညီပါ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ "

ထိုက်ရွှီမသေမျိုးက ပြုံး၍ ဆိုသည်။

အမျိုးသမီးက ပြုံးလိုက်ကာ

"ဘာပြောစရာ လိုလို့လဲ ဆရာ၊ ဆရာက ကျမရဲ့ ဆရာပဲလေ။ ကျမ အစ်ကိုက ကျွယ်မင်နန်းတော်ရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး၊ ဆရာကလည်း ဒီက ဧည့်သည်တော် အကြီးအကဲ ဖြစ်နေတာပဲ၊ ဆရာ့ကို မကူညီဘဲ ဘယ်သူ့ကို ကူညီမှာလဲ"

သူမရဲ့အစ်ကို လီရှမ်းဇီ လား ဖန့်ချန် စဉ်းစားနေမိသည်။

သူတို့နှစ်ဦး၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေးကွာသွားတော့သည်။

ထိုသူနှစ်ဦး၏ စကားဝိုင်းမှ အလွန်အသုံးဝင်သော သတင်းအချက်အလက်များစွာကို သိလိုက်ရသည်။

ထိုက်ရွှီမသေမျိုးတွင် ကိုယ်ပိုင်ဂိုဏ်းရှိသည်။

သူသည် လူအများ ထင်မှတ်ထားသကဲ့သို့ လေလွင့်ကျင့်ကြံသူ မဟုတ်ပေ။

သူ၏ဂိုဏ်းမှာ ရှေးဦးမိစ္ဆာဂိုဏ်းနှင့် အမြဲတမ်း ရန်ဘက်ဖြစ်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အကယ်၍ ရှေးဦးမိစ္ဆာဂိုဏ်းသည် မိစ္ဆာ အနွယ်များနှင့် ပတ်သက်မှုရှိလျှင် ထိုက်ရွှီမသေမျိုးမှာ ကိုယ့်လူ ဖြစ်နိုင်သလော။

"လွယ်လွယ်နဲ့တော့ ကောက်ချက်ချလို့ မရဘူး။ ဟွမ်ချင်းကျွဲ ကလည်း သူ့ကို သံသယရှိတယ်၊ ဝိညာဥ်သုတ်သင်ခြင်းဌာန အဆင့်မြင့်အရာရှိတွေကလည်း သူ့ကို သံသယရှိကြတယ်။တန့်ဌာနမှူး ကလည်း သူ့လက်ချက်နဲ့ သေခဲ့ရတာပဲ"

" ရှေးဟောင်းနယ်မြေ ရဲ့ အဆင့် ၇ ရှေးဟောင်းမသေမျိုးတွေလည်း အကြောင်းမဲ့ ပျောက်ကွယ်ကုန်ကြတယ်။ သူသင်ပေးထားတဲ့ ကြယ်မိုးမသေမျိုးကလည်း လူ့အသက်ကို မြက်ပင်တစ်ပင်လို သဘောထားတဲ့သူပဲ။ ဒီလိုနည်းလမ်းတွေက ဝိညာဥ်နတ်ဘုရားဂိုဏ်း ရဲ့ လုပ်ရပ်တွေနဲ့ ပိုတူနေတယ် "

"ဒါပေမဲ့ သူက ဝိညာဥ်နတ်ဘုရားဂိုဏ်း ရဲ့ ကျင့်ကြံသူဆိုရင် ကြယ်မိုးမသေမျိုးကတော့ ဖြစ်နိုင်ခြေ နည်းတယ်။ မဟုတ်ရင် သူမနဲ့ မဟာမြေ မသေမျိုး တို့ဟာ ဒီလောက်အသေးအဖွဲလေးနဲ့ ရန်ဖြစ်ပြီး ဆက်ဆံရေး ပျက်ပြားသွားမှာ မဟုတ်ဘူး "

"ရှုပ်ထွေးလွန်းလှချေလား။ ထိုက်ရွှီမသေမျိုးက အခုတော့ ရှေးဟောင်းမသေမျိုး ဖြစ်နေပြီ။ သူ့မှာ လျှို့ဝှက်ချက်တွေ ရှိနေရင်တောင် ငါ့ရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ကျောက်ခဲနဲ့ ကြက်ဥ ရိုက်သလိုပဲ ဖြစ်နေလိမ့်မယ်။ အရေးကြီးတာက ဝမ်ချုံစန်း ရဲ့ သတင်းကို အမြန်ဆုံး စုံစမ်းဖို့ပဲ "

စိတ်ထဲရှိ အတွေးများကို သိမ်းဆည်းကာ ဖန့်ချန်၏ အကြည့်မှာ ထိုဝေဝါးနေသော တောင်ကြီးဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

ထိုက်ရွှီမသေမျိုးသည် အဆင့် ၇ ရှေးဟောင်းမသေမျိုးပင် ဖြစ်သော်လည်း ထိုကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်ကြီးက သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းတွင် ရှိနေသော ထိုတောင်ကြီးကို မမြင်နိုင်ရသနည်း ဤသည်မှာ အသိဉာဏ်ကို ဝေဝါးစေခြင်း နှင့် အလွန်တူညီလှသည်။

"ငါ မြင်နိုင်တာက ငါ့ရဲ့ ဝိညာဉ်က ထူးခြားလို့လား ဒါမှမဟုတ် ငါက အဲဒီ မှတ်ဥာဏ်အတားအဆီးကို ချိုးဖျက်ပြီးသားမို့လို့ နောက်နောင် ဒီလိုနည်းလမ်းတွေက ငါ့အပေါ် သက်ရောက်မှု မရှိတော့တာလား "

ခဏမျှ စဉ်းစားပြီးနောက် ဖန့်ချန်သည် ထိုနေရာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

ယခု သူ၏ ဝိညာဉ်မှာ ယင်လောက သို့ ကူးပြောင်းထားသည့် အခြေအနေ မဟုတ်သဖြင့် ဤတောင်ကြီး၏ အတိမ်အနက်ကို စမ်းသပ်ရန် ခက်ခဲပေလိမ့်မည်။

စစ်ဆေးပွဲပြီးမှ ဟွမ်ဝူကျိ ကို ခေါ်ပြီး တစ်ခေါက် ပြန်လာကာ သာမန်ကျင့်ကြံသူများ ဤတောင်ကို မမြင်နိုင်သည်မှာ ဟုတ်မဟုတ် စမ်းသပ်ကြည့်ရမည်။

...

ခွဲဝေချိန် (၁၅ ရက်) ခန့် ကြာပြီးနောက်။

ကြာနီနတ်မိမယ်ငယ်သည် အနည်းငယ် ဖရိုဖရဲဖြစ်နေသော အသွင်ဖြင့် ဖန့်ချန်၏ ကျင့်ကြံရာနေရာသို့ ရောက်လာသည်။

ဖန့်ချန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်ကို မြင်သည့်အခါ သူမ၏ မျက်နှာတွင် စိတ်အေးသွားသည့် အပြုံးတစ်ခု ပေါ်လာသည်။

"ဟုန်မိတ်ဆွေ... မင်း ဒဏ်ရာရထားပုံပဲ "

ဖန့်ချန်က သူမကို အကဲခတ်ရင်း မေးလိုက်သည်။

"ကိစ္စမရှိပါဘူး၊ အခြေခံကို ထိခိုက်တဲ့ ဒဏ်ရာမဟုတ်ပါဘူး။ ဒီတစ်ခေါက် အားတုန်း မုံချင့်လင်နဲ့ တစ်ပွဲ တိုက်ခဲ့သေးတယ်။ ကျမ နိုင်ခဲ့တယ်လေ "

ကြာနီနတ်မိမယ်ငယ်က ဂုဏ်ယူဟန်ဖြင့် ပြုံး၍ ဆိုသည်။

"မုံမိတ်ဆွေက မိုးကြိုးမီးတောက် စစ်သည်တော် ခုနစ်ပါး သတ်ဖြတ်ခြင်း အစီရင် ကို မသုံးဘူးလား "

ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသည်။

အကယ်၍ မုံချင့်လင်က ထိုအစီရင်ကို သုံးလျှင် ကြာနီနတ်မိမယ်ငယ်အတွက် အနိုင်ရရန် အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။

"သူမ အချိန်မမီလိုက်ဘူး။ ဒါပေမဲ့ နှမြောစရာပဲ၊ သူမဆီက ကျောက်စိမ်းပြားကိုတော့ ကျမ မယူနိုင်ခဲ့ဘူး။ မုံချင့်လင်က တကယ်ပဲ အရည်အချင်းရှိတဲ့သူပါ "

ကြာနီနတ်မိမယ်ငယ်က ဆက်လက်ပြောသည်

"သူမရဲ့ ကျောက်စိမ်းပြား အရှိန်အဝါအရ ဆိုရင်တော့ ဒီတစ်ခေါက် သူမလည်း ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာလိမ့်မယ်။ နောင်ဆိုရင် ကျုပ်တို့တွေ တူတူ အလုပ်လုပ်ကြရတော့မှာပေါ့ "

"အဲဒီအစီရင်ရဲ့ စွမ်းအားနဲ့ဆိုရင်တော့ သူမ ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာဖို့က သေချာပါတယ် "

ဖန့်ချန် ခေါင်းညိတ်လိုက်သည်။

ထိုစဉ် ကောင်းကင်ယံရှိ အတားအဆီး မှာ ရေလှိုင်းများကဲ့သို့ တုန်ခါသွားပြန်သည်။

"စစ်ဆေးပွဲ ပြီးဆုံးပြီ။ လူတိုင်း သတ်ဖြတ်ခြင်း နတ်ဆိုးတောင်တန်းမှ ချက်ချင်း ထွက်ခွာကြလော့"

"စစ်ဆေးပွဲ ပြီးသွားပြီပဲ "

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ကောင်းကင်ပြင်ဆီသို့ ဦးတည်ကာ ပျံသန်းထွက်ခွာသွားကြတော့သည်။

All Chapters