← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း - (၁၈၁)

‎

‎ဆယ့်ငါးမိနစ်လောက်ကြာတော့ ဂိုဒေါင်ရဲ့ သံတံခါးကို တွန်းဖွင့်ပြီး လူတစ်စုကပြုံးကာ ထွက်လာကြတယ်။

‎

‎

‎နောက်ဆုံးတော့ ဒီနေရာကထွက်သွားနိုင်ပြီလို့ သူတို့ထင်ခဲ့ကြပေမယ့် လမ်းကိုကြည့်လိုက်တော့ ကားတွေကို ဘယ်မှာမှ မတွေ့ရတော့ပါ။

‎

‎

‎အထူးသဖြင့် လူငယ်နှင့် သူရဲ့သူဌေးပေါ့ ၊ လူတိုင်းက အံ့အားသင့်သွားကြသည်။ သူတို့နှစ်ယောက်က ကားတွေကို မြင်လိုက်ကြပါတယ်။ ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီးပျောက်သွားရတာလဲ။

‎

‎

‎အကယ်၍ ထိုလူများသာ ပြန်လာ၍ ကားများကို မောင်းထုတ်သွားလျှင် တစ်ခုခုတော့ အသံကြားရလိမ့်မည်။ ဒါပေမယ့် သူတို့ ဘာမှမကြားဘူးလေ။

‎

‎

‎"သူဌေး ၊ ကားတွေရှိလို့ ကျွန်တော်တို့အခုထွက်သွားလို့ရတယ်လို့ မင်းပြောတယ်လေ ကားတွေက ဘယ်မှာလဲ" ယောက်ျားတစ်ယောက်က မေးတယ်။

‎

‎

‎"ကားတွေက ဒီမှာရှိတယ်" ပြောပြီး သူဌေးက စိတ်ရှုပ်သွားသလို ခံစားရတယ်။

‎

‎

‎ဒါကိုကြားတော့ တခြားလူကမေးတယ် "သူဌေး မင်းမြင်တာက မမှားဘူးဆိုတာ သေချာလား ၊ ကားကမရှိဘူးလေ"

‎

‎

‎သူ့ရဲ့သူဌေးက ဒေါသထွက်လာတာကိုမြင်တော့ လူငယ်လေးက အမြန်ပြောလိုက်တယ် "အစ်ကို ၊ ဒီမှာ ကားတွေ တကယ်ရှိတယ်၊ ကျွန်တော် မျက်စိနှင့်မြင်ခဲ့တာ ၊ လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်ကပဲ ဒီမှာ ရှိနေတယ်"

‎

‎

‎"မင်းပြောတာမှန်ရင် အခုကားတွေက ဘယ်မှာလဲ"လို့ ယောက်ျားတစ်ယောက်က မကျေမနပ်နဲ့ မေးသည်။

‎

‎

သူဌေးက ‎သူတို့ရဲ့ သံသယတွေနှင့်မယုံကြည်မှုတွေကို သတိပြုမိတာကြောင့် "မင်းတို့ငါ့ကို မယုံရင် အထဲကို ပြန်ဝင်သွားလို့ရတယ်၊ ကားရှိရှိ မရှိရှိ ငါကတော့ ဒီနေ့ ဒီနေရာကနေ ထွက်သွားမယ်"လို့ ပြောလိုက်တယ်။

‎

‎

‎ထိုစကားကိုကြားတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ကာ "သူဌေး မင်းက ငါတို့ကို ဒီနေရာမှာ ထားခဲ့မှာလား ၊ ငါတို့ကို မင်းနောက်လိုက်ခဲ့သမျှ စားဝတ်နေရေး အတွက် စိတ်ပူစရာ မလိုတော့ဘူးလို့ မင်းကိုယ်တိုင် ပြောခဲ့တယ်၊ ဒါပေမယ့် ရက်တော်တော်ကြာတဲ့အထိ ရေတစ်ငုံနှင့် ဘီစကွတ်တစ်ထုပ်ပဲရတယ်"

‎

‎

ထိုစကားကိုကြားသောအခါ ‎ထိုလူရဲ့မျက်နှာတွင် စိတ်ပျက်လက်ပျက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

‎

‎

သူ‎ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အလုပ်သမားတွေကို ခဏလောက် ရပ်ကြည့်နေပြီးမှ “ငါ မသိလို့ပြောမိတာ တောင်းပန်ပါတယ်။ အခြေအနေက သိပ်မဆိုးဘူးလို့ ထင်ပြီး အတူတူ အလုပ်လုပ်နေသမျှ ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်မယ်လို့ငါထင်ခဲ့တာ”

‎

‎

‎"ဒါပေမယ့် အစ်ကိုတွေနဲ့အတူ ထွက်လာပြီးတဲ့နောက်မှ အခြေနေတွေက စိတ်ကူးထားတာထက် ပိုဆိုးနေတာကို သိလိုက်ရတယ်။ ပစ္စည်းတွေက အကန့်အသတ်နဲ့ရှိပြီး အစာရှာဖို့နဲ့ပဲ သေရနိုင်ခြေကအရမ်းများတယ်"

‎

‎

‎"မင်းတို့အားလုံးအတွက် အစာရှာဖို့ ကြိုးစားနေတဲ့ ညီအကိုတွေကို ငါတို့ ဆုံးရှုံးခဲ့ရပြီးပြီ။ ဒါပေမယ့် အဲဒီကြိုးစားမှုနဲ့ စွန့်လွှတ်မှုတွေကို မင်းတို့က ဘယ်လို ပြန်ဆပ်ခဲ့လဲ"လို့ သူကတည်ငြိမ်စွားမေးလိုက်တယ်။

‎

‎

‎သူ့စကားကိုကြားတော့ ဘယ်သူကမှ ပြန်မဖြေ။ တိတ်ဆိတ်စွာဖြင့် သူ့အကြည့်တွေကို ရှောင်သွားကြတယ်။ ခဏအကြာတွင်မှ အမျိုးသမီးတစ်ဦးက ရုတ်တရက် စကားပြောလာသည်။

‎

‎

‎"သူဌေး ၊ မင်းက ဒီနေရာရဲ့ပိုင်ရှင်ဖြစ်ပြီး မင်းက ငါတို့ကို ငှားထားတာ။ မင်းရဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ မင်းတာဝန်မဟုတ်ဘူးလား။ငါတို့ကပဲ မင်းကို တစ်ခုခုပေးစရာရှိ နေသလိုမျိူး ဘာလို့ ပြောနေတာလဲ"

‎

‎

သူမရဲ့စကားကိုကြားလိုက်တာနဲ့ ‎သူဌေးရဲ့အနားမှာရှိနေတဲ့ လူငယ်လေးကချက်ချင်းပင် ဒေါသတွေပေါက်ကွဲသွားတယ်။ သူက သူမကို လက်ညှိုးထိုးးပြီး "နောက်တစ်ခေါက်ထပ်ပြောလိုက်"ဟု အော်ငေါက်လိုက်တယ်။

‎

‎

လူငယ်လေးက မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေတာကိုမြင်တော့ အမျိုးသမီးကပြန်ပြောလိုက်တယ် "ငါပြောတာ မှားသွားလား။ အစာနှင့်ရေရှာဖို့က ဘာများ ခက်နေတာလဲ"

‎

‎

‎"နင်က ကျေးဇူးကန်းတဲ့ခွေးမ။ ငါတို့သူဌေးကြောင့်သာမဟုတ်ရင် နင့်ယောက်ျားက ဖုတ်ကောင်ဖြစ်သွားပြီး နင့်ကိုသတ်သွားလိမ့်မယ်" ဟု လူငယ်က ဒေါသတကြီးပြောသည်။

‎

‎

‎"ငါတို့သူဌေးက နင်နှင့် နင့်ရဲ့သားသမီးတွေကို ကျွေးမွေးပြီး ကာကွယ်တာက လုပ်သင့်တာပဲလို့ နင်ထင်နေတာလား။ တခြားသူတွေရဲ့ ကြင်နာမှုကိုပဲယူမိလို့ ကိုယ့်ကိုကိုယ် မရှက်မိဘူးလား" သူကမေးလိုက်တယ်။

‎

‎

‎သူရဲ့ပေါက်ကွဲသံက သူနှင့် အခြားသူအများအပြားအကြားတွင် ပြင်းထန်သောငြင်းခုံမှုကို ဖြစ်စေခဲ့တယ်။ သူ့အဖွဲ့နှင့် ကျန်တဲ့အဖွဲ့တွေ ငြင်းခုံနေကြတာကို မြင်တော့ အဲဒီလူက "လုံလောက်ပြီ"လို့ ဖြတ်အော်လိုက်တယ်။

‎

‎

‎လူတိုင်းက သူ့စကားကြောင့် တိတ်ဆိတ်သွားပြီး တစ်ယောက်ကိုတစ်ယောက် မုန်းတီးစွာ စိုက်ကြည့်နေကြသည်။

‎

‎

‎သူက အသက်ပြင်းပြင်းရှူပြီးပြောလိုက်တယ် "အစာရှာရတာက လွယ်တယ်ထင်ရင် ကိုယ့်ဘာသာသွားရှာလိုက်။ ဒီနေ့ကစပြီး ငါ့အဖွဲ့က မင်းတို့အတွက် အစာမစုဆောင်းပေးတော့ဘူး။ မင်းတို့အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ မင်းတို့အပေါ်မှာပဲ မူတည်လိမ့်မယ်"

‎

‎

ပြောပြီးဒါနဲ့ သူလှည့်ထွက်သွားတယ်။

‎

‎

‎သူ့အဖွဲ့ဝင်တွေကတော့ သူ့နောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့ပြီး ကျန်သူများမှာ တုံ့ဆိုင်းသွားကြသည်။ ဆွေးနွေးပြီးနောက်တော့ ဂိုဒေါင်သို့ ပြန်သွားကာ အစိုးရကယ်ဆယ်ရေးကို စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် လူငယ်လေးက “သူဌေး၊ ကျွန်တော်တို့ အခု ဘယ်သွားမှာလဲ” လို့ မေးတယ်။

‎

‎

‎အဲဒီလူက ခဏလောက်စဉ်းစားပြီးမှ "အဲဒီလူတွေကို အရင်သွားရှာပြီး သူတို့ဆီကနေ အစားအသောက်နှင့်ရေ ဝယ်လို့ရမလား ကြည့်ရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎အဖွဲ့ငယ်လေးက သူတို့ကိုရှာဖွေနေစဉ်တွင် နတ်ဆိုးအဖွဲ့ကတော့ တိရစ္ဆာန်မွေးမြုူရေးခြံများရှိရာသို့ ရောက်ရှိနေကြတယ်။ မြေပုံနှင့် နီးကပ်လာဆတာ့ ထိုနေရာတွင် ရေးထားသော အချက်အလက်ကြောင့် အံ့ဩသွားကြသည်။

‎

‎

‎ဤဒေသတွင် လယ်ယာလုပ်ငန်းတစ်မျိုးတည်းသာ လုပ်ကိုင်ဟု သူတို့ထင်ခဲ့ကြတယ်။

‎

‎

‎ထင်မှတ်ထားသလိုမဟုတ်ဘဲ၊ဤဧရိယာတွင် ကြက်မွေးမြူရေး၊ နွားမွေးမြူရေး၊ ဝက်မွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ သိုးမွေးမြူရေး၊ ငါးမွေးမြူရေး၊ ပျားမွေးမြူရေး—ယုန်မွေးမြူရေး၊ မြင်းမွေးမြူခြင်းဟုလည်း စုံလင်စွာရှိသည်။

‎

‎

‎ဒါကိုမြင်တော့ ကျိူးလီဇီက ဝမ်းသာသွားပြီး "အစ်ကိုယန်း တိရိစ္ဆာန်တွေကို သွားကြည့်ရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ" ကျင်းရွှီယန်းက အဆင်သင့်ပဲ သဘောတူလိုက်တယ်။

‎

‎

‎ကျန်အဖွဲ့ဝင်များကတော့ ကန့်ကွက်ခြင်းမရှိဘဲ သူတို့ နောက်ကို အနီးကပ် လိုက်ပါလာကြသည်။ လမ်းလျှောက်နေရင်းဖြင့် ချင်လူဇီက ပတ်ဝန်းကျင်ကို သူ့စိတ်မြေပုံထဲမှ အာရုံစိုက်နေခဲ့သည်။

‎

‎

‎မိနစ်နှစ်ဆယ်အကြာတွင် သူက ရုတ်တရက် "ကပ္ပတိန် ၊ လမ်းကြောင်းတည့်တည့်မှာ တစ်ခုခုရှိနေတယ်" ဟု ရုတ်တရက်ပြောသည်။

‎

‎

‎သူ့စကားကိုကြားတော့ အားလုံးကသေနတ်တွေထုတ်ပြီး လမ်းကြောင်းအတိုင်း လျှောက်သွားကြတယ်။ ဤသည်က ဝက်မွေးမြူရေး ဧရိယာဖြစ်သည်။ သိပ်မကြာခင်မှာပဲ ဝက်ခြံဆီကနေ အော်ဟစ်ငိုယိုသံတွေ ဆက်တိုက်ကြားလာရတယ်။

‎

‎

‎"အော်အင်း အော်အင်း"

‎

‎

‎ဒီအသံကိုကြားတာနဲ့ အားလုံးက အံ့သြသွားကြတယ်။ ရှောင်ချီက ပြုံးပြီး "ဝက်ရှိတယ်"လို့ ပြောလိုက်တယ်။

‎

‎

အရမ်းစိတ်လှုပ်ရှားလွန်းလို့ ခြံထဲကို ‎သူအပြေးအလွှားသွားချင်နေတယ်။ ဒါပေမယ့် သူမဝင်ခင်မှာပဲ ချင်လူဇီက သူ့ကို ရပ်စေလိုက်ပြီး "အဲ့ဒီဝက်က ပုံမှန်မဟုတ်ဘူး" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ရှောင်ချီက အံ့အားသင့်သွားပြီး "အစ်ကို ချင် ၊ မင်းဘာလို့ဒီလိုပြောတာလဲ"လို့ မေးလိုက်တယ်။

‎

‎

‎"အထဲက ဝက်ရဲ့အရောင်က အဝါရောင်ပဲ"

‎ ချင်လူဇီက မျက်မှောင်ကြုတ်ပြီးပြောသည်။

‎

‎

‎ဤအရောင်ကို သူပထမဆုံးအကြိမ် ကြုံဖူးတာပဲ။

‎

‎

‎"အရောင်" ရှောင်ချီက စိတ်ရှုပ်သွားတယ်။

‎

‎

‎ချင်လူဇီက ခေါင်းညိတ်ပြပြီး "ငါရဲ့မြေပုံမှာ သာမန်လူတွေကို အဖြူရောင်အစက်နှင့် ကိုယ်စားပြုတယ်၊ ဖုတ်ကောင်က အနီရောင်အစက်ဖြစ်ပြီး စွမ်းရည်အသုံးပြုသူတစ်ဦးက အစိမ်းရောင်အစက်ပဲ။ အဝါရောင်အစက်က ဘာကို ကိုယ်စားပြုတယ်ဆိုတာကို ငါမသိဘူး"

‎

‎

‎

‎

‎

အခန်း-(၁၈၂)

‎

‎

စကားဆုံးတော့ ချင်လူဇီက ကျင်ရွှီယန်း နှင့် ကျိူးလီဇီကို တစ်ချက်ကြည့်လိုက်တယ်။ အစိမ်းရောင်အစက်များအစား အပြာရောင်အစက်များ ဘာကြောင့်ဖြစ်နေရသည်ကို ယခုအချိန်အထိ သူမသိနိုင်သေးပါ။ ဒါပေမယ့် သူတို့မှာ ဘာပြဿနာမှ မရှိတဲ့အတွက် ဘာမှ မပြောခဲ့ပါဘူး။

‎

‎

‎သို့သော် ယနေ့တွင် သူနောက်ထပ် အဝါရောင်တစ်မျိုးကို တွေ့လိုက်ရသည်။

‎

‎

‎ခဏလောက်တွေးပြီးမှ ကျင်းရွှီယန်းက ပြောလိုက်တယ် "ငါ အထဲကို သွားပြီး စစ်ဆေးလိုက်မယ်။ အားလုံးက ဒီမှာပဲ စောင့်နေ"

‎

‎

‎အဖွဲ့ဝင်များက သူတို့ရဲ့ကပ္ပတိန်က မည်မျှ အားကောင်းသည်ကို သိသောကြောင့် သူရဲ့အကြံပြုချက်ကို ကြားသောအခါ ခေါင်းညိတ်ကြတယ်။

‎

‎

‎ကျင်းရွှီယန်းက ကျိူးလီဇီကို တစ်ချက်ကြည့်လိုက်ပြီး "အာ့ဇီ မင်း ကိုယ့်နဲ့အတူ လိုက်ခဲ့ချင်လား"လို့ မေးလိုက်တယ်။

‎

‎

‎"ဟုတ်"

‎

‎

‎ တိရိစ္ဆာန်က တဖြည်းဖြည်းချင်း ပြောင်းလဲနေပြီဟု ကျိူးလီဇီ ခံစားနေရသည်။ အထဲက တစ်ကောင်သာဗီဇပြောင်းထားတဲ့ဝက်ဖြစ်ရင် သူမရဲ့နေရာမှာ မွေးမြူထားနိုင်ပါတယ်။

‎

‎

‎သူတို့နှစ်ယောက် ခြံထဲကိုဝင်လိုက်တာနဲ့ နီရဲနေတဲ့ မျက်လုံးအစုံက သူတို့ကို ရဲရဲကြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

‎

‎

ဗီဇပြောင်းလဲမှုကြောင့် ဝက်များရဲ့အရွယ်အစားက အဆများစွာ တိုးလာခဲ့သည်။ သူတို့ရဲ့ခွန်အားနှင့် မျိူးပွားနိုင်စွမ်းကလည်း နှစ်ဆကျော်တိုးလာသည်။

‎

‎

ယခုအချိန်တွင်တော့ သူတို့ရဲ့ရှေ့တွင် ပြောင်းလဲမှုရှိသော စုစုပေါင်းဝက်ခုနစ်ကောင်ရှိသည်။ အရွယ်အစားအလိုက်ခွဲရရင်တော့ ဝက်ထီးနှစ်ကောင်နှင့် ဝက်မငါးကောင်ရှိသည်။

‎

‎

‎ သူတို့ကိုမြင်လိုက်သောအခါ ကျိူးလီဇီရဲ့မျက်လုံးများက တောက်ပလာပြီး သူမရဲ့စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။ သူမက ကျင်းရွှီယန်းရဲ့လက်ကိုဆွဲကာ "အစ်ကိုယန်း ဒါက သက်ရှိသတ္တဝါပဲ"လို့ စိတ်လှုပ်ရှားစွာပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းကလည်း သူမကို ပြုံးပြပြီး ခေါင်းညိတ်ပြသည်။ "အင်း အဲဒါ သက်ရှိသတ္တဝါပဲ"

‎

‎

‎

‎ခဏလောက်စဉ်းစားပြီးနောက် သူကပြောလိုက်တယ် "အာ့ဇီ ဒါဆို ကိုယ့ သူတို့ကို တခြားနေရာတွေမှာ အရင်စစ်ဆေးခိုင်းလိုက်မယ်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎ကျင်းရွှီယန်းက ထွက်သွားပြီး "ကျန်းယွမ် ငါတို့ရဲ့ညီအစ်ကိုတွေကိုခေါ်သွားပြီး အသက်ရှင်ကျန်ရစ်သူတွေနှင့်ရိက္ခာတွေအတွက် တခြားနေရာတွေကို စစ်ကြည့်ရအောင်။ အာ့ဇီနှင့် ငါက ဗီဇပြောင်းတဲ့ တိရစ္ဆာန်တွေကို ဂရုစိုက်လိုက်မယ်"

‎

‎

‎သူ့စကားကိုကြားတော့ ချင်လူဇီက မေးလာတယ်" ကပ္ပတိန်၊ အထဲမှာရှိတဲ့ တိရစ္ဆာန်တွေက ဗီဇပြောင်းသွားပြီလား"

‎

‎

‎"ဟုတ်တယ်၊ အဲဒါက မျိုဗီဇပြောင်းတိရစ္ဆာန်ပဲ။ အသားက စားလို့ကောင်းသလားတော့ မသိဘူး၊ ဒါကြောင့် ဝှက်ထားတဲ့ အန္တရာယ်ကို ရှောင်ဖို့ အရင်ဆုံး သတ်ပစ်မယ်"လို့ ပြန်ဖြေတယ်။

‎

‎

‎ကပ္ပတိန်ထံမှ အတည်ပြုချက်ရပြီးနောက်တော့ ချင်လူဇီက ခေါင်းညိတ်ကာ "သတိထားပါ" ဟုပြောသည်။

‎

‎

‎သူ့မြေပုံပေါ်ရှိ အဝါရောင်အစက်က ဗီဇပြောင်းတိရစ္ဆာန်ဖြစ်သည်ဟု ဆိုလိုတယ်။ အခုဆို ဘာကိုကိုယ်စားပြုတယ်ဆိုတာ သူသိထားပြီးဖြစ်လို့ တူညီတဲ့အခြေအနေမျိုးကြုံလာရင် သူ့အသင်းကို ကြိုတင်သတိပေးနိုင်တယ်။

‎

‎

‎သူတို့ထွက်သွားပြီးနောက်မှာ ကျင်းရွှီယန်းက ခြံထဲသို့ပြန်ဝင်လာချိန်မှာ ဗီဇပြောင်းလဲသွားသောဝက်များနှင့်အတူ စိုက်ကြည့်ပြိုင်ပွဲတစ်ခုအလယ်တွင်ရောက်နေသော ကျိူးလီဇီကိုတွေ့လိုက်ရသည်။ ဒါကိုမြင်တော့ သူက တခစ်ခစ်ရယ်ပြီး "အာ့ဇီ မင်းရဲ့နေရာလွတ်ထဲမှာ မသိမ်းခင် သူတို့ကို အရင်သတ်လိုက်ရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎အသားက မာကျောပြီး အရသာမရှိပေမယ့်

ဗီဇပြောင်းတိရစ္ဆာန်တွေကို စားသုံးနိုင်တာ သူတို့နှစ်ဦးလုံး သိကြသည်။

‎

‎သူ့စကားကြားတော့ ကျိူးလီဇီက ခေါင်းခါလိုက်ပြီး "အစ်ကိုယန်း သတ်စရာမလိုပါဘူး။ အဲဒါတွေကို တိုက်ရိုက် သိမ်းထားလိုက်မယ်။ နောက်ဆုံးတော့ ကျွန်မရဲ့နေရာလွတ်ကို ဝင်လညပြီးတာနဲ့ သူတို့ သေသွားလိမ့်မယ်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎ ကျင်းရွှီယန်းက သဘောတူလိုက်သော်လည်း ဗီဇပြောင်းလဲသွားသောဝက်များက သူမကို အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် အခြေအနေကို စောင့်ကြည့်နေသေးသည်။ ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ရန် သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။

‎

‎

‎

‎ကံမကောင်းစွာနဲ့ပဲ သူ့စိတ်ထဲကမျှော်လင့်နေတဲ့ လှပနေသောမြင်ကွင်းဟာ စက္ကန့်ပိုင်းအတွင်း ကွဲအက်သွားခဲ့သည်။ ကျိူးလီဇီက လက်ကိုမြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်ရုံဖြင့် ကြီးမားတဲ့ ဗီဇပြောင်းဝက်ခုနစ်ကောင်ဟာ ချက်ခြင်းပျောက်ကွယ်သွားသည်။

‎

‎

‎ဒါကိုမြင်လိုက်ရတော့ ကျင်းရွှီယန်းလည်း စိတ်ပျက်သွားတယ်။ ထက်မြက်တဲ့ ချစ်သူရည်းစားရှိခြင်းဟာ သူ့အတွက်တော့ တကယ်ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ သူ့ရဲ့ ခွန်အားနဲ့ ခန့်ညားမှုကို ပြသဖို့ အခွင့်အရေးရဖို့ ခဲယဉ်းပါတယ်။

‎

‎

‎လူတစ်ယောက်ရဲ့ သေးငယ်သော အတွေးအမြင်များကို မသိဘဲ ကျိူးလီဇီကတော့ နေရာလွတ်အတွင်းမှ ဗီဇပြောင်းဝက်များကို အမြန်စစ်ဆေးခဲ့သည်။ သူမရဲ့ အာကာသမှ စွမ်းအင် လှိုင်းလုံးများအဖြစ်သို့ စုပ်ယူခံလိုက်ရမည်ကို သူမစိုးရိမ်နေသည်။

‎

‎

‎သူမရဲ့ အာကာသအတွင်းရှိ လက်ရှိ

အောက်ဆီဂျင်အဆင့်မှာ တိရစ္ဆာန်အကောင် ၈၀ ကိုသာ မွေးမြူနိုင်သည်။ ထို့ကြောင့် အာကာသထဲသို့ဝင်ပြီးနောက်တော့ ဝက်များဟာ အသက်ရှူမဝတော့ဘဲ အနည်းငယ်ထိတ်လန့်သွားကြသည်။

‎

‎

‎ပတ်ဝန်းကျင်ကို စောင့်ကြည့်ရင်း ငေါက်ငမ်း အော်ဟစ်ကြသည်။ သူတို့အသက်ရှင်နေသေးတာကိုတွေ့တော့ ကျိူးလီဇီ က သူတို့ကို အိမ်နဲ့အလှမ်းဝေးတဲ့ မြက်ခင်းပြင်ကို ပြောင်းရွှေ့ပေးလိုက်တယ်။

‎

‎

‎ဆက်တင်ကိုဖွင့်လိုက်ပြီးသည်နှင့် ဝက်များပတ်လည်ဧရိယာကို 50 m² ဧရိယာအဖြစ်သူမ ကန့်သတ်ထားလိုက်သည်။

‎

‎

‎သူမက မြက်ခင်းပြင်ကို ချိန်ညှိနေစဉ်တွင် တိရိစ္ဆာန်များ အာကာသထဲသို့ ဝင်လာပြီးနောက် အောက်ဆီဂျင်ပမာဏ အနည်းငယ် လျော့ကျသွားတာကို သူမ သတိပြုမိခဲ့သည်။ သို့သော် ကောက်ပဲသီးနှံများ၊ မြက်ခင်းပြင်များ၊ ချုံပုတ်များနှင့် သစ်ပင်များက အောက်ဆီဂျင်ပိုမိုထွက်ရှိမှုနှင့်အတူ အောက်ဆီဂျင်အဆင့်က တဖြည်းဖြည်း တိုးလာပြန်တယ်။

‎

‎

‎သူမ ခဏလောက် တွေးနေမိတယ် ၊ တိရစ္ဆာန်တွေ သူမရဲ့အာကာသထဲ ဝင်ရောက်ပြီးတဲ့နောက်မှာတောင် အောက်ဆီဂျင်ပမာဏက ထပ်မံတိုးလာနိုင်သေးရင် သူမရဲ့ အရင်ယူဆချက်တွေ မှားနေတာလားလို့။

‎

‎

‎တိရိစ္ဆာန်များ မွေးမြူရန်အတွက်က နည်းပါးသောအောက်ဆီဂျင် နှင့် အောက်ဆီဂျင် သုံးစွဲမှုလိုအပ်ချက်တို့ကြောင့် သူမရဲ့အာကာသအတွင်းမှာ တိရစ္ဆာန်အကောင် ၈၀ ကိုသာ မွေးမြူနိုင်မည်ဟု သူမ တွေးခဲ့သည်။

‎

‎

‎သို့သော် သူမရဲ့ ယခင်အတွေးများကမှားနေပြီး ကောက်ချက်အသစ်ကသာ မှန်နေပါက သူမရဲ့ အာကာသတွင် အကန့်အသတ်မရှိ တိရစ္ဆာန်များကို မွေးမြူနိုင်သည်ဟု ဆိုလိုတာပဲ။

‎

‎

‎သူမစိတ်ထဲမှာ ဒီအတွေးပေါ်လာတော့ အရမ်းပျော်သွားတယ်။ သူမက တိရိစ္ဆာန်များ ထပ်မံစုဆောင်းပြီးတဲ့နောက်တွင် အမှန်တရားကို သူမသိနိုင်တော့မည်။

‎

‎

‎ရုတ်တရက် ပြောင်းရွှေ့မှုကြောင့် ဝက်များက ထိတ်လန့်သွားကြသည်။ ဝက်မများက တစုတစည်းတည်းနဲ့ တုန်တုန်ယင်ယင် ဖြစ်နေကြပြီး၊ ဝက်ထီးများက ခြိမ်းခြောက်ဟစ်အော်ကာ တိုက်ပွဲအတွက် အသင့်ဖြစ်နေကြသည်။

‎

‎

သူတို့က ‎စောင့်ဆိုင်းနေကြသော်လည်း ခဏအကြာထိ ဘာမှမဖြစ်ပေ။ မှားယွင်းသော ထင်မြင်မှုဟု သူတို့ထင်သောအခါတွင်မှ ကြီးမားသော အင်တုံကြီးနှစ်ခုက မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသည်။ အင်တုံတစ်ခုက ရေနှင့်ပြည့်နေပြီး နောက်တစ်ခုက အစာနှင့်ပြည့်နေသည်။

‎

‎

‎အာကာသအပြင်ဘက်က ကျင်းရွှီယန်းကတော့ သူ့ရဲ့အာ့ဇီ ဟာ ခြံထဲမှာ ရှိသမျှအရာအားလုံးကို စုဆောင်းနေတာကိုကြည့်ပြီး "အာ့ဇီ ဘာလို့ ဝက်စာတွေကောက်နေတာလဲ"လို့ မေးလိုက်တယ်။

‎

‎

‎"အစ်ကိုယန်း အနာဂတ်မှာ လိုအပ်လာနိုင်တယ်။ တစ်နေ့မှာ အခြေချနေထိုင်ပြီး တိရိစ္ဆာန်တွေ မွေးမြူချင်လာမလားဆိုတာ ကျွန်မတို့ မသိနိုင်ဘူး။ အဲဒီအခါကြရင် ဒီအရာတွေက အသုံးဝင်လာမှာ" ဟု ကျိူးလီဇီက ပြုံးလျက်ပြောသည်။

‎

‎

‎သူမရဲ့စကားတွေကိုကြားတော့ သူနှင့်သူမဟာ အိမ်လေးတစ်အိမ်မှာ အတူတူနေထိုင်ပြီး မိသားစုလေးကို အတူတူတည်ဆောက်နေတဲ့ပုံက သူ့စိတ်ထဲမှာ ပေါ်လာတယ်။ သူတို့ကလေးတွေ ဘယ်လိုပုံစံရှိမယ်ဆိုတာတောင် သူစိတ်ကူးကြည့်နိုင်ပြီး သားသမီးတွေကို ဘယ်လိုနာမည်ပေးသင့်လဲ ဆိုတာကို တွေးနေတယ်။

‎

‎

‎

‎

‎

‎

အခန်း-(၁၈၃)

‎

‎ကျင်းရွှီယန်းရဲ့အတွေးများက အနာဂတ်ဆီသို့ အလွန်ခရီးနှင်သွားတာကိုမသိဘဲ ကျိူးလီဇီကတော့ ဝက်ခြံအတွင်းမှာရှိတဲ့ အရာအားလုံးကို ယူကာ "အစ်ကိုယန်း တခြားနေရာကို သွားကြည့်ရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎သူ့အသိတွေပြန်ဝင်လာတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟု တည်ငြိမ်စွာ ပြန်ဖြေသည်။

‎

‎

‎သူတို့နှစ်ဦးက အခြားခြံကိုသွားစစ်ဆေးစဉ်တွင် ကျန်းယွမ် နှင့် ကျန်အဖွဲ့သားများက လူနေဧရိယာကို စစ်ဆေးခဲ့ကြတယ်။

‎

‎

ဝေးလံခေါင်သီသော အရပ်ဖြစ်တာကြောင့် ပိုင်ရှင်က အလုပ်သမားများနှင့် ၎င်းတိုရဲ့ မိသားစုများအတွက် အိမ်များစွာ ဆောက်ပေးခဲ့သည်။ ထို့ကြောင့် လူနေရပ်ကွက်က ကျယ်ပြန့်သော မြေကွက်ကို ဖုံးလွှမ်းထားပြီး ကျောင်းငယ်၊ ဆေးခန်းနှင့် နေ့စဉ်သုံးပစ္စည်းများကို ရောင်းချသည့် ဆိုင်ငယ်များပင် ရှိသည်။

‎

‎

‎သူတို့လမ်းလျှောက်လာရင်း ချင်လူဇီက သတိပေးတယ် "သတိထား အထဲမှာ ဖုတ်ကောင်တွေအများကြီးရှိတယ်"

‎

‎

‎ဒါကိုကြားတော့ နတ်ဆိုးအဖွဲ့သားတွေက သူတို့ရဲ့ သေနတ်တွေကို ဆွဲထုတ်ပြီး ခေါင်းညိတ်တယ်။ ဝိန့် ညီအကိုများက သတ္တုဒိုင်းများကို ကိုင်ဆောင်ကာ ရှေ့မှ ဦးဆောင်ကာလျှောက်သွားပြီး ကျန်သူများကတော့ အနောက်မှ လိုက်ကြသည်။

‎

‎

‎တံခါးဝကို ဝင်လိုက်တာနဲ့ ချင်လူဇီက "ညာဘက်"လို့ လှမ်းအော်တယ်။

‎

‎

‎" ကလန်"

‎

‎

‎"အိုးး" ဝိန့်ခိုင်က သူ့ရဲ့သတ္တုအကာနဲ့ ဖုတ်ကောင်ရဲ့ လက်သည်းကို ပိတ်ဆို့လိုက်တော့ ညည်းတွားသံထွက်လာတယ်။

‎

‎

‎"ခရစ်ပ်"

‎

‎

‎ဒိုင်းကာကို ကြမ်းတမ်းစွာကုတ်ခြစ်နေတဲ့ ဖုတ်ကောင်ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေကြောင့် ထွက်ပေါ်လာတဲ့အသံက နားထဲကို စူးရှရှဝင်လာသည်။ နောက်အခိုက်အတန့်မှာတော့ ဝိန့်ခိုင်က သူ့ဒိုင်းအကာကိုသုံးပြီးဖုတ်ကောင်ကို တွန်းထုတ်ပြီး ဘေးသို့ ထွက်သွားလိုက်တယ်။

‎

‎

"‎ပေါ့ပ် ပေါ့ပ် ပေါ့ပ်"

‎

‎

‎ကျန်းယွမ် နှင့် ရိဖုယင်တို့ဟာ သူတို့ရဲ့ လေသေနတ်တွေကို မြှောက်ပြီး ဖုတ်ကောင်တွေကို ပစ်သတ်လိုက်ကြပြီးတာနဲ ဖုတ်ကောင်တွေဟာ ချက်ချင်းပဲ သေဆုံးသွားကြပါတယ်။

‎

‎

‎ဒါကိုမြင်တော့ ချန်ကျိရိ နှင့် ကျောင်းလီရှင်းတို့ အံ့သြသွားသည်။

‎

‎

‎သူတို့ရဲ့စွမ်းရည်တွေ နိုးထလာပြီးနောက်တွင်‎ သူမမှာ ကုသနိုင်တဲ့စွမ်းရည်ရှိကြောင်း ကျောင်းလီရှင်းတွေ့ရှိခဲ့တယ်။ ၎င်းက အသက်ကို ကယ်ဆယ်နိုင်သည့် ရှားပါးသော စွမ်းရည်တစ်ခုဖြစ်သော်လည်း သူမတွင် တိုက်ခိုက်နိုင်စွမ်းမရှိသောကြောင့် သူမကို အုပ်စုအလယ်တွင် အကာအကွယ်ပေးခဲ့သည်။

‎

‎

‎ချန်ကျိရိဟာလည်း စွမ်ရည်နိုးထခြင်းဖြစ်စဉ်မှ လွတ်မြောက်ခဲ့သော်လည်း သူရဲ့အတွင်းအင်္ဂါများမှာ ဒဏ်ရာရခဲ့ပြီး အပြည့်အဝ မပျောက်သေးသောကြောင့် အုပ်စုအလယ်တွင် အကာအကွယ်ပေးခြင်းခံရသည်။

‎

‎

ဝိန့်မိုက ‎သူတို့ရဲ့ အမူအရာတွေကို သတိပြုမိတာကြောင့် "ဖုတ်ကောင်တွေကို ရှင်းပြီးရင် မင်းတို့တစ်ယောက်ချင်းစီအတွက် လေသေနတ်တစ်လက်စီကို လုပ်ပေးမယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ သူတို့နှစ်ယောက်က ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ် အစ်ကိုဝိန့်မို"လို့ ပြောလိုက်တယ်။

‎

‎

‎"မင်းတို့နှစ်ယောက်က ကျွန်တော်ထက်အသက်ကြီးတယ်။ နာမည်ပဲခေါ်ပါ" လို့ ဝိန့်မိုက ပြုံးပြီးပြောသည်။

‎

‎

‎ချန်ကျိရိက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုဆိုသည်။

‎

‎

"‎ပေါ့ပ် ပေါ့ပ် ပေါ့ပ်"

‎

‎

‎သူတို့စကားပြောနေစဉ်တွင်ပဲ သူတို့အဖွဲ့ဝင်တွေက ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို သတ်ခဲ့ပြီးဖြစ်သည်။ ရှန်းကျင်းဇီက ထုံးစံအတိုင်း အလောင်းများကို မီးရှို့ခဲ့ပြီး ရှောင်ချီက အမြုတေများကို ကောက်ယူသည်။

‎

‎

‎သူတို့ သွားနေစဉ်တွင် ချင်လူဇီက အိမ်တစ်အိမ်ကို ရုတ်တရက် ညွှန်ပြပြီး "အဲဒီအိမ်ထဲမှာ လူတွေရှိတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ အဖွဲ့က ခေါင်းတညိတ်ညိတ်နဲ့ အိမ်ကို သွားကြည့်တယ်။

‎

‎

‎အိမ်အတွင်းတွင် အဘွားကြီးတစ်ဦးက ဗီရိုအတွင်းဝှက်နေစဉ် ကလေးငယ်ကိုတော့ လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားသည်။ သူမက အပြင်မှလူများကို မြင်ခဲ့ပြီး ထိုလူများက သူမကိုမတွေ့သွားစေရန် ဆုတောင်းခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ သူမ ဘယ်လောက်ပဲ ဆုတောင်းနေပါစေ လူအုပ်စုက သူမအိမ်ထဲကို ဝင်လာနေတုန်းပါ။

‎

‎

‎"သူတို့က ဗီရိုထဲမှာဘဲ"

‎

‎

ဒီစကားကိုကြားတာနဲ့ ‎အဘွားကြီးက လက်ထဲမှဓားကို တင်းတင်းဆုပ်ထားပြီး အပြင်ကလူတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။

‎

‎

‎အတွင်းကလူက သူတို့ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို မသိဘဲ ဝိန့်ခိုင်က ဗီရိုတံခါးကို ဖွင့်လိုက်တယ်။ နောက်အခိုက်အတန့်မှာတော့ သူ့ဦးခေါင်းကို ချိန်ရွယ်ထားတဲ့ ဓားတစ်ချောင်းကို တွေ့လိုက်ရသည်။

‎

‎

"ကလန်"

‎

‎

‎ဒါကိုမြင်တော့ သူက ဒိုင်းကာကို မြှောက်ပြီး တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။

‎

‎

‎"ကလန် ကလန် ကလန်"

‎

‎

‎" သေလိုက် ... အားးးးး" အဘွားအိုက သူ့ဓားဖြင့် ထပ်ခါထပ်ခါ ခုတ်ရင်း အော်လိုက်တယ်။

‎

‎

‎သူတို့ကို တိုက်ခိုက်တဲ့သူက အဘွားကြီးတစ်ယောက် ဖြစ်နေတာကို ကျန်းယွမ်က မြင်တော့ "အဘွား၊ စိတ်အေးအေးထားပါ၊ ကျွန်တော်တို့က လူဆိုးမဟုတ်ဘူး"လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ အဘွားကြီးက ဓားကိုဆုပ်ကိုင်ထားပြီး ကြမ်းကြမ်းတမ်းတမ်းပြောသည် "လူလိမ်၊ သူတို့ကလဲ လူဆိုးတွေမဟုတ်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် သူတို့က ငါ့သားကို ငါးစားအဖြစ်သုံးပြီး ငါ့ချွေးမကို မသေမချင်း အရှက်ခွဲခဲ့တယ်"

‎

‎

‎သူမရဲ့စကားကြောင့် နတ်ဆိုးအဖွဲ့သားများဟာ အဘွားကြီးနှင့် သူမတို့ရဲ့မိသားစုရဲ့ အဖြစ်ပျက်မှန်သမျှကို ခန့်မှန်းလိုငါနိုင်ကြသည်။

‎

‎

‎"အဘွား၊ ကျွန်တော်တို့က အဲဒီလူတွေနဲ့ တစ်အုပ်စုထဲ မဟုတ်ဘူး။ ကျွန်တော်တို့ကို မယုံရင် ကျွန်တော်တို့ ထွက်သွားမှာပါ" ဟု ကျန်းယွမ်က ပြောလိုက်တယ်။

‎

‎

‎ဒီလိုပြောလိုက်တာနဲ့ အဘွားကြီးရဲ့ရင်ခွင်ထဲမှာ အိတ်နေတဲ့ကလေးက ရုတ်တရက်နိုးလာပြီး အားနည်းတဲ့အသံနဲ့ "ဝါးး"ဆိုပြီး အော်ငိုလာတယ်။

‎

‎

‎အာဟာရချို့တဲ့မှုကြောင့် ကလေးရဲ့ငိုသံက ကျယ်လောင်ခြင်းမရှိ။ အားနည်းသော ငိုသံနှစ်ချက်ပြီးတာနဲ့ ကလေးက ရပ်လိုက်ပြီး မျက်လုံးမှိတ်ထားကာ လက်ချောင်းလေးများကို စို့သည်။

‎

‎

‎ဤသည်မှာကမ္ဘာပျက်ပြီးနောက်တွင် ကလေးတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ လူတိုင်းရဲ့အကြည့်က ကလေးအပေါ်တွင် ကျရောက်သွားတယ်။

‎

‎

‎ဒါကိုမြင်တော့ အဘွားကြီးက သူ့မြေးကို ခပ်မြန်မြန် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး "မင်းတို့အနားကို လာရဲရင် ငါမင်းတို့ကို သေအောင်သတ်မယ်" လို့ ဓားနဲ့ ခြိမ်း ခြောက်လိုက်တယ်။

‎

‎

‎ဒီအချိန်မှာ သူတို့ ဘာလုပ်ရမှန်း မသိတော့ဘူး။ အဘွားကြီးနှင့် ကလေးလေးကို ဒီနေရာမှာသာ ထားသွားခဲ့ရင် သေမှာက သေချာပါတယ်။ သူတို့ခေါ်လာခဲ့ရင်လည်း ကလေးရဲ့ငိုသံက ဖုတ်ကောင်တွေကို ဆွဲဆောင်နိုင်တယ်။

‎

‎

‎ခဏလောက်စဉ်းစားပြီးမှ နောက်ဆုံးတော့ ကျန်းယွမ်က ပြောလိုက်တယ် "အဘွား၊ ကျွန်တော်တို့ကလေးကို မယူသွားပါဘူး။ ဒါပေမယ့် ဒီမှာက မလုံခြုံဘူး။ အစာသာမရှိရင် အရမ်းဆာလောင်ပြီး ငတ်သေသွားလိမ့်မယ်"

‎

‎

‎"ကိုယ့်အတွက်ကိုယ်မတွေးရင်တောင် ကလေးအတွက် စဉ်းစားရမယ်။ အစာမရှိရင် ကလေးက အသက်မရှင်နိုင်ဘူး။ ကျွန်တော်တို့နဲ့ လိုက်ခဲ့၊ လုံခြုံတဲ့နေရာကို ပို့ပေးမယ်"

‎

‎

‎အဘွားအိုက အားသာချက် အားနည်းချက်များကို ချိန်ဆကြည့်သည်။ သူမက သေခြင်းကိုမကြောက်သော်လဲ မြေးဖြစ်သူကိုတော့ ကြီးပြင်းလာကာ ကမ္ဘာကြီးကိုမြင်တွေ့ခွင့်မယ့် အခွင့်အရေးကို မဆုံးရှုံးစေချင်ပေ။

‎

‎

‎ခဏအကြာတွင်မှ ဓားကို နှိမ့်ချလိုက်ပြီး “ငါ မင်းတို့နဲ့လိုက်ခဲ့မယ်” လို့ ပြောလိုက်တယ်။

‎

‎

‎ထိုစကားကိုကြားသောအခါ အားလုံးကသက်ပြင်းတစ်ချက်ချလိုက်ကြသည်။

‎

‎

‎အဘွားကြီး ဗီရိုထဲက ထွက်လာပြီးနောက်မှ သူမရဲ့ လက်ကောက်ဝတ်မှာ ဒဏ်ရာတွေနဲ့ ကလေးရဲ့ ကော်လာပေါ်မှာ သွေးစွန်းထင်းနေတာတွေကို တွေ့လိုက်ရပါတယ်။ ဒါကိုမြင်တော့ အဘွားကြီးကို ပိုလေးစားသွားတယ်။ ကလေးအသက်ရှင်ဖို့ သေချာစေရန်အတွက် သူ့ရဲ့ကိုယ်ပိုင်သွေးကို အသုံးပြုခဲ့သည်။

‎

‎

‎ရှောင်ချီက သူ့ရဲ့ကိုယ်ပိုင်နေရာလွတ်ကို စစ်ဆေးလိုက်တော့ ထောင့်တွင် ဂျုံစေ့သေတ္တာအများအပြားကို တွေ့ရှိခဲ့သည်။ သေတ္တာတစ်လုံးကို ထုတ်ယူပြီး အဘွားကြီးထံ ပေးလိုက်တယ်။

‎

‎

‎

‎

All Chapters