အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အခန်း-(၁၈၄)
"အဘွား ၊ မင်းရဲ့ ကလေးကို ဒါ အရင်ကျွေးထားလို့ရတယ်။ ကျွန်တော်တို့ ဒီနေရာက ထွက်သွားပြီးရင် သူ့အတွက် ယာဂု ချက်ပြုတ်ပေးမယ်" လို့ ရှောင်ချီက ပြောလိုက်တယ်။
အဘွားကြီးလည်း ဂျုံကိုမြင်တော့ အံ့ဩသွားတယ်။ သူမက လက်ခံလိုက်ပြီး "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်။ ကျေးဇူးပဲ" လို့ပြောပြီး သူတို့ရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။
သူမရဲ့အပြုအမူကြောင့် လူတိုင်းက အံ့ဩသွားကြတယ်။ ရှောင်ချီက သူမကို အမြန်ထဖိူ့ကူညီပြီး "အဖွား၊ ကျေးဇူးပြုပြီး မတ်တပ်ရပ်ပါ"လို့ ဆွဲတင်ရင်းပြောလိုက်တယ်။
အဘွားကြီးက အချိန်မဆွဲတော့ဘဲ ကလေးကို ဂျုံမုန့်ကျွေးလိုက်တယ်။
"အဘွား၊ ကလေးက အသက်ဘယ်လောက်ရှိပြီလဲ" လို့ ရှောင်ချီက မေးလ်ိုက်သည်။
“ငါ့မြေးလေးက လေးလရှိပြီ” အဘွားကြီးက ကလေးကို အစာကျွေးရင်း ပြန်ဖြေတယ်။
သူတို့က နှစ်လသားအရွယ်နှင့် ပိုတူသော ပိန်လှီသော ကလေးငယ်ကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။ ကလေးက အာဟာရချို့တဲ့ပြီး ငတ်နေတယ်။ ဒီလိုပုံပေါက်နေတာက မထူးဆန်းပါဘူး။
ကလေးကို အစာကျွေးပြီးနောက်တော့ ရှောင်ချီက သူအရင်က သိမ်းဆည်းထားခဲ့တဲ့ ပြောင်းဖူးပြုတ်ရေကို ထုတ်ပြီး အဘွားကြီးဆီ ပေးလိုက်တယ်။
"အဘွား၊ ဒါက ပြောင်းဖူးပြုတ်ရေ၊ မင်းရဲ့မြေးကို တိုက်လို့ရတယ်၊ မင်းလည်း သောက်သင့်တယ်" ဟု ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ အဘွားကြီးရဲ့ မျက်လုံးများက တောက်ပလာသည်။ အသက်အရွယ်ကြီးရင့်သူတွေအတွက်တော့ ပြောင်းဖူးပြုတ်ရေဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေနိုင်တယ်လို့ သိထားကြပါတယ်။ ဤအရာက ကောင်းသောအရာဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်"
ရှောင်ချီက ကျေးဇူးရှင်လို့ ခေါ်ခံရတာကို ရှက်လွန်းတာကြောင့် "အဘွား၊ ကျွန်တော့်နာမည်က ရှောင်ချီ လို့ခေါ်တယ်။ မင်း ကျွန်တော့်နာမည်ကိုပဲ ခေါ်လို့ရတယ်"လို့ ပြောလိုက်တယ်။
"ကောင်းပြီ ရှောင်ချီ" အဘွားကြီးကလည်း သဘောတူလိုက်တယ်။
သူ့မြေးကို ပြောင်းဖူးရေ တိုက်ပြီးနောက်တော့ သူလဲတစ်ငုံသောက်လိုက်သည်။ ပြောင်းဖူးရေက အရသာရှိပြီး လန်းဆန်းစေတယ်။ သူမက နောက်ထပ် အလုတ်ပေါင်းများစွာ သောက်လိုက်ပြီးနောက်တော့ သူမရဲ့စွမ်းအင်များ တဖြည်းဖြည်းနဲ့ ပြန်ရလာတာကို ခံစားလိုက်မိသည်။
နောက်ပိုင်းမှာသူ့မြေးအတွက် စားစရာမရှိတော့မှာကို စိုးရိမ်ပြီး ပိုသောက်ဖို့ တွန့်ဆုတ်နေကာ ကျန်တာတွေကို သိမ်းဆည်းလိုက်တယ်။
"အဘွား၊ နောက်ထပ်သောက်ပါဦး။ ကျွန်တော်တို့မှာ ရေနှင့် စားစရာတွေ ကျန်သေးတယ်" ရှောင်ချီက ပြောပြီး ဘီစကွတ်ဗူးကို ပေးလိုက်တယ်။
သူ့ရဲ့တိုက်တွန်းမှုအောက်မှာပဲ အဘွားကြီးက ဘီစကွတ်နှင့် ပြောင်းဖူးရေတွေကို စားသောက်လို့ပြီးသွားတယ်။သူမရဲ့ ခွန်အားပြန်လည်ရရှိလာပြီးနောက်မှ ကျန်းယွမ်က "သွားကြရအောင်"လို့ တိုက်တွန်းလိုက်သည်။
သူတို့ထွက်လာတော့ ကျောင်းလီရှင်းက ကလေးရဲ့ အခြေအနေကို သတိထားမိလိုက်ပြီး "ဒု-ကပ္ပတိန်၊ ကလေးကို ကြည့်လို့ရမလား" လို့ ပြောလိုက်တယ်။
သူမရဲ့စကားကိုကြားတော့ အဘွားကြီးက သူ့မြေးကို ခပ်တင်းတင်းပွေ့ဖက်လိုက်ပြီး "ငါ့မြေးက နေကောင်းပါတယ်"လို့ ပြောသည်။
"မင်းရဲ့မြေးမှာ အဖုအပိန့်တွေထွက်နေပြီး အသက်ရှူလည်းမဝဘူး။ သူ့မျက်နှာက နီမြန်းနေပြီး တစ်ကိုယ်လုံးလည်း တုန်နေတယ်။ သူ့မှာ အဖျားရှိနေနိုင်တယ်" ဟု ကျောင်းလီရှင်းက ရှင်းပြသည်။
အဘွားအိုက သူ့းမကို စစ်ဆေးခွင့်မပေးသေးတာကို မြင်တော့ "ကျွန်မက ဆရာဝန်ပါ။ ကလေးရဲ့ အခြေအနေကို စစ်ဆေးနိုင်မှာပါ"လို့ ထပ်ပြောလိုက်တယ်။
"အဘွား၊ သူမက ကျွန်တော်တို့ထဲက တစ်ယောက်ပါ" ဟု ရှောင်ချီက ပြောလ်ိုက်တယ်။
သူ့ရဲ့စကားကြားတော့ အဘွားကြီးက ခေါင်းညိတ်လိုက်သည်။ ကျောင်းလီရှင်းက လက်ဆွဲပြီး ကလေးရဲ့ သွေးခုန်နှုန်းနဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တယ်။
ငါးမိနစ်လောက်ကြာတော့မှ သူမက "မင်းရဲ့မြေးမှာ အဖျားရှိတယ်။ ကျွန်မတို့မှာက ဘာဆေး၊ ဘာကိရိယာမှ မရှိဘူး၊ ဒါကြောင့် သူ့အပူချိန် ကျသွားအောင်ပဲစောင့်ရမယ်"လို့ ပြောလိုက်သည်။
သူမ ပြောလို့ပြီးပြီးချင်းပဲ ဖုန်းယွင်က ကလေးများအတွက် အဖျားကျဆေးတစ်ထုပ်နှင့် ကပ်ခွာ တစ်ထုပ်ကို ထုတ်လိုက်ပြီး သူမလက်ထဲသို့ အပ်လိုက်တယ်။
ကျောင်းလီရှင်းက ဆေးသောက်ဖို့ ညွှန်ကြားချက်များကို ဖတ်ကာ ကလေးအား ဆေးရည်တိုက်ကျွေးသည်။ ထို့နောက် ကလေးရဲ့ နဖူးနှင့် ချိုင်း(ဂျိုင်း)ကြားက ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးသည်။
ပြီးသွားတဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူရဲ့ အင်္ကျီကိုချွတ်ယူပြီး ကလေးငယ်ကို ခြုံပေးဖို့ အသုံးပြုလိုက်ပါတယ်။ တီရှပ်တစ်ထည်သာ ကျန်တော့တဲ့ ချန်ကျိရိကတော့ သူ့မိန်းမကို ဘာစကားမှမပြောဘဲ တစ်ချက်ကြည့်လိုက်သည်။
“ဒီကာလအတွင်း ကလေးကို ရေများများ တိုက်ပါ” ဟု အဘွားကြီးကို သတိပေးလိုက်တယ်။
ကလေးငယ်ကို ကုသပြီးနောက်နောက် ရိက္ခာပစ္စည်းများကို စစ်ဆေးပြီး အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေစဉ်တွင် ဖုတ်ကောင်များကို ဆက်လက်ရှင်းလင်းခဲ့သည်။
အချို့အိမ်များတွင် ညစ်ညမ်းမှုမရှိသော ရိက္ခာများရှိနေသေးပြီး ရှောင်ချီကတော့ ဓာတ်ငွေ့ဆလင်ဒါနှင့် မီးဖိုအပါအဝင် အရာအားလုံးကို ယူဆောင်လိုက်တယ်။
တစ်ချိန်တည်းမှာတော့ ကျိူးလီဇီ နှင့် ကျင်းရွှီယန်း တို့ဟာ ကြက်မွေးမြူရေးခြံမှာ လူတစ်စုနှင့် ရင်ဆိုင်နေရသည်။
သူတို့နှစ်ဦးသားက ဒီအဖွဲ့ကိုလေ့လာကြည့်တော့ အချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများက ပုံပျက်သွားတာကို သတိပြုမိသည်။ သူတို့ထဲက တစ်ယောက်ကလက်တံကြီးပြီး နောက်တစ်ယောက်က ခြေထောက်ကြီးတယ်။ ဤပုံပျက်နေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများက ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူများရဲ့ လက္ခဏာများဖြစ်သည်။
ဒြပ်စင်အမျိူးအစား စွမ်းရည်အသုံးပြုသူများနှင့်မတူဘဲ၊ အခြေခံခွန်အားအမျိုးအစားအသုံးပြုသူများကတော့ ၎င်းတို့ရဲ့ခန္ဓာကိုယ်အတွင်း ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကြောင့် မှတ်မိလွယ်တယ်။
ဥပမာအားဖြင့်ဆိုရရင် ဖုတ်ကောင်ဗိုင်းရပ်စ်ပိုး ဒဏ်ခံရပြီးနောက်တွင် သူတို့ရဲ့ ကြွက်သားများ၊ အရိုးများနှင့် အဆစ်များက ပြောင်းလဲသွားတာကြောင့် ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူများရဲ့ခွန်အားက တိုးလာခြင်းဖြစ်သည်။ အမြင်အာရုံနှင့်သက်ဆိုင်တဲ့ စွမ်းရည်အမျိုးအစားအသုံးပြုသူများကိုတော့ သူတို့ရဲ့ မျက်လုံးများတွင် အပြောင်းအလဲများကို တွေ့ရှိခဲ့သည်။
ခွန်အားအမျိုးအစားအသုံးပြုသူများမဟုတ်တဲ့ အခြားအခြေခံစွမ်းရည်အသုံးပြုသူများကတော့ ခန္ဓာကိုယ်တွင် အနည်းငယ်သောပြောင်းလဲမှုများသာ ဖြစ်သည်။ ထို့ကြောင့် ခဏမျှ လေ့လာပြီးနောက်တော့ ဤအဖွဲ့ကို စွမ်းရည်အသုံးပြုသူများဖြင့် ဖွဲ့စည်းထားတာကို သူတို့ သိရှိခဲ့ကြသည်။
၎င်းတို့လေးဦးက ခွန်အားအမျိုးအစား စွမ်းရည် အသုံးပြုသူများ ဖြစ်ကြသော်လည်း တစ်ဦးတည်းသာ အတွေ့အကြုံ ရှိပုံရသည်။ ကျန်သုံးယောက်ကတော့ မကြာသေးမီကမှ သူတို့ရဲ့ စွမ်းရည်များကို နိုးထနိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်တာတွေကတော့ သူတို့ရဲ့စွမ်းရည်ကို သိဖို့အတွက် ပိုပြီးစောင့်ကြည့်ဖို့ လိုပါသည်။
ခဏအကြာမှာတော့ ကျင်းရွှီယန်းက မေးလိုက်တယ် "မင်းဘာလိုချင်လို့လဲ"
လက်မောင်းအကြီးဆုံး အမျိုးသားက ကျိူးလီဇီကို ညွှန်ပြပြီး "မင်းက ငါတို့နယ်မြေထဲကို ဝင်လာတာကြောင့် အဖိုးအခပေးရမယ်။ အဲဒီမိန်းမနဲ့ မင်းမှာရှိရှိသမျှ အကုန်ချန်ထားခဲ့ပြီး မင်းရဲ့အသက်နဲ့ ထွက်သွားနိုင်တယ်။ မဟုတ်ရင်တော့ ငါတို့က မင်းကို သတ်မယ်"
ထိုလူရဲ့စကားကိုကြားသောအခါ ကျင်းရွှီယန်းရဲ့မျက်လုံးများက အေးစက်သွားသည်။ လုယက်မှုက ကမ္ဘာပျက်ကပ်မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်တာကြောင့် လုယက်မှုဟာ သူ့အတွက်တော့ သမာန်ပါပဲ။ ဒါပေမယ့် သူ့ရဲ့အာ့ဇီကို လိုချင်တပ်မက်နေမယ်ဆိုရင်တော့ ဒါက လုံးဝကွဲပြားတဲ့ကိစ္စတစ်ခုဖြစ်သွားပြီ။
ဘယ်သူကမှ မတုံ့ပြန်နိုင်ခင်မှာ သူ့လက်ချောင်းတွေကို လှုပ်ရှားလိုက်တော့ ပဲတောင့်အရွယ် မီးလုံးငယ်လေးက ထိုလူဆီကို အရှိန်ပြင်းပြင်းနဲ့ ပျံသန်းသွားသည်။
သူ့ဘေးမှာ ရပ်နေတဲ့ ကျိူးလီဇီကလွဲရင် အနက်ရောင် မီးတောက်လေးကို ဘယ်သူကမှ သတိမထားမိလိုက်ပါဘူး။ သူတိုက်ခိုက်တာကိုမြင်တော့ တိုက်ပွဲအတွက်ပြင်ဆင်ဖို့ သူမလည်း ဓားမြှောင်ကို ဆွဲထုတ်လိုက်တယ်။
"အားးး"
မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်မီးတောက်က ထိုသူရဲ့လက်ချောင်းများကိုလွှမ်းခြုံသွားကာ ပြာများအဖြစ်သို့ လောင်ကျွမ်းသွားချိန်ကြမှ ထိုလူက ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့လက်ချောင်းများက ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရတော့ အားလုံးက အံ့ဩသွားကြတယ်။
မီးတောက်က သူ့ကိုပြာပုံအဖြစ် ပြောင်းလိုက်လိမ့်မယ် ထင်လိုက်ပေမယ့် ကျင်းရွှီယန်းကတော့ သူ့လက်ညှိုးကိုလှုပ်ရှားလိုက်ပြီး အနက်ရောင် မီးတောက်ကို ပြန်သိမ်းလိုက်သည်။
သူ့လက်ဖဝါးထက်မှာ လွင့်နေတဲ့ မီးတောက်တွေနဲ့ ကစားရင်း "မင်းရဲ့လက်ညှိုးကို နောက်တစ်ကြိမ်ထပ်ညွှန်ဝံ့ရင် ဒီတစ်ခါတော့ မင်းရဲ့လက်ချောင်းတွေပဲ ပြာဖြစ်သွားမှာ မဟုတ်တော့ဘူး" လို့ ပြုံးပြုံးလေး ပြောလိုက်တယ်။
အခန်း-(၁၈၅)
ကျင်းရွှီယန်းရဲ့ အသံကိုကြားရပြီး သူ့အပြုံးကိုမြင်လိုက်ရသည့်အခိုက်တွင်တော့ အအေးဓာတ်များက ကျောရိုးတစ်လျှောက် စီးဆင်းသွားသည်။ သူရဲ့အပြုံးက မည်မျှပင် နူးညံ့ပါစေ ၊ ဒီအပြုံးကိုရင်ဆိုင်ရသောအခါတွင် ကြောက်ရွံ့ထိတ်လန့်မှုကိုသာ သူတို့ခံစားလိုက်ရသည်။
ထို လက်မောင်းအကြီးဆုံးအမျိုးသားက မြေပြင်ပေါ်တွင်ဒူးထောက်လိုက်ကာ မြေပြင်ပေါ်သို့သွေးများ စီးကျလာသည့်ဒဏ်ရာရှိနေတဲ့လက်ကို ကျန်လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။
သူ့လက်ချောင်းများက လုံးဝမီးလောင်သွားသောကြောင့် ၎င်းတို့ကို ပြန်ဆက်ရန် မဖြစ်နိုင်ပေ။ သူဘယ်လောက်ပဲ သန်မာနေပါစေ လက်ချောင်းတွေသာမရှိရင် သူဟာ လက်သီးဆုပ်ကောင်းကောင်းမဆုပ်နိုင်တော့သလို လက်နက်ကိုလည်း မကိုင်နိုင်တော့ပေ။ ထိုအခါတွင် သူသည် အသုံးမကျသူတစ်ဦးဖြစ်သွားလေပြီ။
သူက ကျင်းရွှီယန်းကို မုန်းတီးစွာ ကြည့်နေသော်လည်း ပေါ့ပေါ့ဆဆ ပြုမူဝံ့ခြင်း မရှိပေ။ ကျင်းရွှီယန်းက တစ်ချက်လှုပ်ရုံဖြင့်ပင် သူရဲ့လက်ချောင်းတွေ ဆုံးရှုံးသွားခဲ့သည်။ ထိုတစ်ခုတည်းကပင် သူ့ကိုအနိုင်ယူရန် မဖြစ်နိုင်ကြောင်းကို သူသိသည်။ သူအနေနဲ့ဆိုရင် အင်အားကို အသုံးမပြုနိုင်သောကြောင့် အစီအမံများကိုသာ အားကိုးနိုင်တော့မည်ဖြစ်သည်။
ခဏအကြာတွင်မှ သူက ခေါင်းကိုမော့ပြီး "အစ်ကို၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သနားပါ။ ကျွန်တော်တို့က အသက်ရှင်ဖို့ပဲ လိုချင်တယ်၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး"လို့ အသနားခံလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက တခစ်ခစ်ရယ်ပြီး "မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိဘူး၊ ဒါတောင် မင်းက ငါ့ရည်းစားကို လိုချင်တပ်မက်နေတာလား"လို့ မေးလိုက်သည်။
သူစကားဆုံးသည်နှင့် တစ်စုံတစ်ခုက ထိုလူရဲ့ဘယ်ဘက်မျက်လုံးဆီသို့ ပျံထွက်သွားတယ်။
"အားးးး" ထိုလူက အော်ဟစ်ပြီး မြေပြင်ပေါ် လူးလဲကျသွားသည်။
အခု ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူကမှ ဘာကြောင့်လဲဆိုတာ မသိကြတာကြောင့် သူ့နဲ့ ဝေးကွာဖို့ ကြိုးစားကြရင်း အားလုံးက အနောက်ကို ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားကြတယ်။
ထိုအချိန်တွင်တော့ ၊ ထိုလူဟာ ကျင်းရွှီယန်းအပေါ်တွင် မကောင်းကြံရွယ်ရန် ရည်ရွယ်ချက်မရှိတော့ပေ။ သူအမြန်သေသွားဖို့သာ မျှော်လင့်နေတော့တယ်။ သူ့လက်ချောင်းများနှင့် မျက်လုံးတစ်ဖက်ကို ဆုံးရှုံးလိုက်ရခြင်းရဲ့ နာကျင်မှုကို မခံနိုင်တော့ပေ။
ဝေဒနာကြောင့် မြေပြင်ပေါ်တွင် လူးလိမ့်နေသော အမျိုးသားကိုကြည့်ပြီး ကျင်းရွှီယန်းက ပြုံးကာပြောလိုက်တယ် "မင်းပြောသလိုပဲ ပြန်ပေးဆပ်ရမယ်။ မင်းက ငါ့ရည်းစားကို ရွံရှာစရာကောင်းတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်ခဲ့တာကြောင့် မင်းရဲ့ အပြစ်တွေအတွက် မျက်လုံးတစ်ဖက်ကို ပေးရလိမ့်မယ်"
သူ့စကားကိုကြားပြီးမှသာ အားလုံးကနားလည်သွားကြသည်။ သူတို့သူဌေးကို တိုက်ခိုက်ခဲ့သူက ဒီလူပဲ။ အရင်တုန်းကတော့ သူဌေးက သူ့ကိုအပြတ်အသတ်အနိုင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြသော်လည်း အခုတော့ သူတို့ဟာ နောက်ထပ်သားကောင်မဖြစ်ရအောင်ပဲ ဆန္ဒရှိနေကြပါပြီ။
ကျင်းရွှီယန်းက ထိုလူရဲ့မျက်လုံးကို ဖျက်ဆီးရန် သတ္တုကျည်ဆန်ကို အသုံးပြုနေစဉ်တွက် ကျိူးလီဇီကတော့ မတုန်လှုပ်ဘဲ စောင့်ကြည့်နေခဲ့သည်။ သူတို့လိုလူတွေက အားနည်းတဲ့သူတွေကိုသာ အနိုင်ကျင့်ရဲတယ်။
ထိုသို့သောလူများက ကမ္ဘာပျက်သောကာလတွင် ကြာရှည်စွာအသက်မရှင်နိုင်ခဲ့သော်လည်း၊ ထိုကာလတိုအတွင်းမှာ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများကတော့ ခွင့်မလွှတ်နိုင်စရာပင်။
သူမက အဖွဲ့ကိုကြည့်လိုက်တော့ သူတို့ထဲတွင် အမျိုးသမီးတစ်ဦးမျှမရှိတာကို သတိပြုမိလိုက်သည်။ သူတို့ကလည်း စက်ရုံထဲက သားရဲတိရစ္ဆာန်တွေနဲ့ ဘာကွာခြားမှုမှမရှိဘူးလို့ ထင်ရတယ်။
ငါးမိနစ်အကြာတွင် ထိုလူဟာ နာကျင်မှုကြောင့်သေဆုံးသွားပြီးနောက်တွင် ကျင်းရွှီယန်းက အလောင်းကို မီးဖြင့်ရှို့လိုက်သည်။ ပြီးသွားသောအခါမှ သူက အဖွဲ့ဘက်ကိုကြည့်ကာ "မင်းတို့ရဲ့ အခြေစိုက်စခန်းကို သွားမယ်" လို့ပြောလိုက်တယ်။
သူတို့ရဲ့သူဌေးကို သတ်လိုက်တဲ့ပုံက သက်သေပြပြီးတဲ့ နောက်မှာတော့ ဘယ်သူကမှ သူ့ကို မလွန်ဆန်ရဲကြတော့ဘူး။ သူတို့က လျင်မြန်စွာ ခေါင်းညိတ်ပြပြီး သူနှင့် ကျိူးလီဇီကို ဂိုဒေါင်သို့ ခေါ်သွားခဲ့သည်။
တံခါးဖွင့်လိုက်သောအခါတွင် ကျိူးလီဇီက မျက်မှောင်ကြုတ်လိုက်တယ်။ လေထုထဲက အနံ့အသက်ဆိုးများကြားတွင်မှ သူမဟာ ခန္ဓာကိုယ်အနံ့၊ အချဉ် နှင့် မှို၊ သတ္တုအနံ့တွေကို ရနိုင်သည်။
ဂိုဒေါင်ထဲသို့ ဝင်လိုက်သည်နှင့် စုတ်ပြတ်နေသော အဝတ်အစားများဖြင့် တိုင်များတွင် ချည်နှောင်ခံထားရသည့် အမျိုးသမီးတစ်စုကို တွေ့လိုက်ရပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများကိုတော့ လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားတာကို တွေ့လိုက်ရသည်။
ဒီအခြေအနေကိုမြင်ပေမယ့် ကျင်းရွှီယန်းကတော့ ယခင်အတိုင်း ငြိမ်သက်နေဆဲပါပဲ။ တိရစ္ဆာန်တွေလို ဆက်ဆံခံနေရတဲ့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြည့်ပြီး သူ့ရဲ့အမူအရာက နည်းနည်းလေးမှ ပြောင်းလဲမသွားပါဘူး။
သူရဲ့အတိတ်ဘ၀တွင် ဖုတ်ကောင်တစ်ကောင်အဖြစ် ဆယ်စုနှစ်များစွာ နေခဲ့ရပြီးနောက်တော့ လူ့ကျင့်ဝတ်ဆိုင်ရာ ခံစားချက်တစ်စုံတစ်ရာကတော့ ပျောက်ဆုံးသွားသည်မှာ ကြာပါပြီ။ သူ့အတွက်ကတော့ ဒီလူတွေဟာ တိရစ္ဆာန်တွေနဲ့ မကွာပါဘူး။
အာ့ဇီ နှင့် သူရဲ့အဖွဲ့၀င်များကိုသာ လူသားအဖြစ်မြင်တယ်။ တခြားလူတွေကိုတော့ သူဂရုမစိုက်ဘူး။ အာ့ဇီက သူ့ကို ရွံရှာမည်ကို စိုးရိမ်သောကြောင့် မဟုတ်ပါက၊ အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ရန် လုံးဝ စိတ်ပူနေမည်မဟုတ်ပေ။
သူတို့လျှောက်ဝင်လာတော့ အတွင်းဖက်ကလူတိုင်းက သူတို့ကို အမျိုးမျိုးသောအကြည့်များဖြင့် ကြည့်နေကြသည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများက သနားကရုဏာသက်ဖွယ်ကောင်းစွာဖြင့် ငေးကြည့်နေကြပြီး အမျိုးသမီးများကတော့ သူတို့အား အရောင်မှိုင်းမှိုင်း အသက်မရှိသော မျက်လုံးများဖြင့် ကြည့်နေကြတယ်။
ကျိူးလီဇီက သူတို့ကိုကြည့်ရင်း သူမရဲ့အတိတ်ကို ပြန်သတိရသွားကာ "လွှတ်ပေးလိုက်" လို့ပြောလိုက်သည်။
ဒီစကားကိုကြားတဲ့အခါ သူတို့ထဲမှ သတ္တိရှိတစ်ယောက်က "အစ်မ၊ သူတို့ကို ငါတို့မလွှတ်ပေးနိုင်ဘူး။ ငါတို့အတွက် ရိက္ခာတွေရဖို့ အဲဒီလူတွေကအရမ်းအရေးကြီးတယ်။ သူတို့ကိုသာ လွှတ်ပေးလိုက်ရင် ဖုတ်ကောင်ကိုမြှားခေါ်ဖို့ ဘယ်သူမှ ရှိမှာ မဟုတ်တော့ဘူး"လို့ ပြောသည်။
"အဟွတ်"
စကားမဆုံးခင်မှာပဲ အဲဒီလူရဲ့လည်ပင်းက လှီးဖြတ်ခံလိုက်သည်။ နောက်အခိုက်အတန့်တွင်ပဲ သွေးထွက်နေသောသူ့လည်ပင်းကို ဆုပ်ကိုင်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ နှစ်မိနစ်မပြည့်ခင်မှာပဲ သူဟာ နောက်ဆုံးသောလေကိုရှုပြီး မျက်လုံးဖွင့်ရက်နဲ့ သေဆုံးသွားခဲ့တယ်။
ကျိူးလီဇီရဲ့ ဓားမြှောင်ဖျားမှ သွေးနီပူများက စီးကျနေပြီး လူအုပ်စုကို ကြည့်လိုက်ကာ သူမက "သူတို့ကို လွှတ်ပေးလိုက်" ဟု အေးစက်စွာဖြင့် နောက်ထပ်တစ်ခါ ပြောလိုက်သည်။
ဒီတစ်ခါမှာတော့ ဘယ်သူကမှ ကန့်ကွက်သံ မထွက်ရဲတော့ပါဘူး။ သူတို့က လှောင်အိမ်တွေကိုဖွင့်ဖို့ အမြန်ရွှေ့သွားလိုက်ကြပြီး အမျိုးသမီးတွေကိုလဲ ကြိုးဖြည်ပေးလိုက်ကြတယ်။
လွတ်မြောက်ပြီးတာနဲ့ချက်ချင်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများဟာ ဒဏ်ရာရနေသော ခန္ဓာကိုယ်များကို အဝတ်ဖြင့် ဖုံးအုပ်ကာထားသော အမျိုးသမီးများထံသို့ ပြေးသွားကြပြီး။ ပွေ့ဖက်ပြီး ငိုကြတယ်။
ယောက်ျားအုပ်စုကတော့ သူတို့ကို ရွံရှာပြီး စိတ်မရှည်တဲ့ အကြည့်တွေ ကြည့်နေကြတယ်။ သို့သော် သူတို့ရဲ့အကြည့်များက ကျိူးလီဇီထံသို့ပြောင်းသွားသောအခါတွင် ကြောက်ရွံ့မှုသာကျန်တော့သည်။
ကျိူးလီဇီက သူတို့ကို လျစ်လျူရှုပြီး အမျိုးသမီးအဖွဲ့ဆီပဲ လျှောက်သွားကာ "မင်းတို့ သူတို့ကို သတ်ချင်လား" လို့ မေးလိုက်တယ်။
ပထမကတော့ အမျိုးသမီးတွေဟာ လွတ်လာပြီးတဲ့နောက်မှာတောင် တုံ့ပြန်မှုမရှိပေ။ ဒါပေမယ့် ဒီစကားကိုကြားတော့ အလင်းရောင်က တဖြည်းဖြည်းနဲ့ မျက်လုံးတွေဆီ ပြန်ဝင်လာပြီး မျက်ရည်တွေကျလာကြတယ်။
“ငါ သူတို့ကို သတ်ချင်တယ်” လို့ သူတို့ထဲက တစ်ယောက်က အားနည်းစွာ ပြောသည်။ သူမရဲ့ အသံက ပျော့ပျောင်းနေသော်လည်း ပါဝင်နေတဲ့ဌမုန်းတီးမှုများက သံသယဖြစ်ဖွယ်မရှိပေ။
ကျိူးလီဇီက ခေါင်းညိတ်ပြပြီး သူမရဲ့ဓားမြှောင်ကို အမျိုးသမီးရှေ့က မြေကြီးပေါ်ပစ်ချကာ "ငါ့ရဲ့ဓားမြှောင်ကို ငါငှားပေးမယ်။ မင်းကိုယ်တိုင် သတ်နိုင်တယ်"လို့ပြောလိုက်တယ်။
စကားဆုံးတာနဲ့ သူမက တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ပြန်လှည့်သွားပြီး ကျင်းရွှီယန်းနားမှာရပ်ကာ စောင့်ဆိုင်းလိုက်သည်။
ထိုအမျိုးသမီးကတော့ မြေပြင်ပေါ်ရှိ ဓားမြှောင်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။ ရုတ်တရက်ကြီး သူမရဲ့ လက်ကိုကိုင်ထားတဲ့ အဘွားကြီးနှင့် အဘိုးကြီးကို တွန်းဖယ်ပြီး ဓါးကောက်ကိုင်လိုက်တယ်။ ထို့နောက် သူမရဲ့ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ လူအုပ်စုဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
အခန်း-(၁၈၆)
ဒါကိုမြင်တော့ အဘွားအိုက ပါးစပ်ကိုတင်းတင်းပိတ်လိုက်ပြီး အဘိုးအိုကတော့ သူမကိုကိုတားဖို့ လှမ်းအော်တယ်။ သို့သော် ခဏအကြာတွင်တော့ လက်သီးများကို ဆုပ်ထားပြီး ခေါင်းကိုငုံ့ကာ တိတ်တိတ်လေး ငိုသည်။
သူတို့ရဲ့မြေးကို အဲဒီလူတွေက ဖမ်းထားတယ်။ သူတို့ရဲ့သားမက်ကိုတော့ ဖုတ်ကောင်တွေကို လှည့်စားဖို့ ငါးစာအဖြစ် အသုံးပြုခဲ့တယ်။ သူအသက်ရှင်နေသေးသလား၊ သေနေပြီလား ဆိုတာ သူတို့မသိဘူး။
ယခုတော့ အခွင့်အရေးရှိနေပြီဆိုတော့ သမီးဖြစ်သူက ခင်ပွန်းနှင့်သားအတွက် လက်စားချေရန်ကို တားမြစ်ရန် အကြောင်းမရှိပေ။
လူတစ်စုကတော့ သူမက ဓားမြှောင်နှင့် ချဉ်းကပ်လာတာကို မြင်သောအခါ ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့ကို အရင်ကြည့်လိုက်ကြတယ်။ သူတို့နှစ်ယောက်လုံးက အမျိုးသမီးကို ကူညီဖို့ ရည်ရွယ်ချက်မရှိတာကို တွေ့လိုက်ရတော့ သူတို့ရဲ့ အမူအရာတွေက ပြောင်းသွားတယ်။
ယောက်ျားတစ်ယောက်က ရှေ့ကို တက်လာပြီး "ခွေးမ၊ မင်းအတွက် ဘာကကောင်းတာလဲဆိုတာကိုသိရင် လက်နက်ကို ချလိုက်။ ငါ့နောက်ကို နာခံမှုရှိရှိနဲ့ လိုက်ခဲ့မယ်ဆိုရင် အစာအတွက် စိတ်ပူစရာ မလိုတော့ဘူး။ မင်းကို ငါ့ညီအစ်ကိုတွေနဲ့လည်း မျှဝေမပေးတော့ဘူး၊ ငါ့အတွက်ပဲ သိမ်းထားမယ်"လို့ ပြောလိုက်တယ်။
သူ့စကားဆုံးတော့ သူ့လူတွေက ရယ်မောကြတယ်။ သူတို့ထဲက တစ်ယောက်ကနောက်ပြောင်လာတယ် "အစ်ကို ၊ မင်းဒီလိုလုပ်လို့မရဘူးလေ။ သူမက အဖွဲ့ထဲမှာ အလှဆုံးပဲ၊ သူမကို မင်းတစ်ယောက်ထဲအတွက် သိမ်းထားချင်တာက မင်း တစ်ကိုယ်ကောင်းဆန်လွန်းနေတာမဟုတ်ဘူးလား"
ထိုလူက သူ့ကိုကြည့်ကာ ပြန်မေးလာတယ်"မနေ့ကမှ သူမကို မြည်းစမ်းခဲ့သေးတယ်မလား"
ဒါကိုကြားတော့ အားလုံးက အမျိုးသမီးကို မက်မောတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ သူတို့အားလုံးက သူမနဲ့ အလှည့်ကျလုပ်ပြီးပြီ။ ဒီအမျိုးသမီးတစ်စုထဲမှာလည်း သူမက အကောင်းဆုံးပဲ။ ထို့ကြောင့် သူမကို အများဆုံးအသုံးပြုခဲ့ပြီး ယခုအခါတွင်တော့ သူမရဲ့န္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများစွာ ရှိနေသည်။
သူတို့နဲ့ ခပ်ဝေးဝေးမှာ ရပ်နေတဲ့ ကျင်းရွှီယန်းက ကျိူးလီဇီ အနားကို ကပ်သွားပြီး "အာ့ဇီ သူမကို မကူညီဘူးလား"လို့ တိုးတိုးလေးမေးလိုက်တယ်။
ကျိူးလီဇီက ခေါင်းခါလိုက်ပြီး "သူမရဲ့လက်နဲ့ အနှောင်အဖွဲ့ကို ကိုယ်တိုင်ဖြတ်လိုက်ရုံနဲ့ သူမက ရှေ့ကို ဆက်သွားနိုင်မှာ" လို့ပြောလိုက်တယ်။
ဒီလိုပြောပေမယ့် သူမရဲ့အာရုံကတော့ အမျိုးသမီးဆီက ဘယ်တော့မှ မခွာဘူး။ သူမကို ကယ်တင်ရန် ရည်ရွယ်ထားသောကြောင့် သူမကို ထိုယောက်ျားများ အန္တရာယ်ပြုလာမည်ကို ခွင့်ပြုမှာမဟုတ်ပေ။
ထိုအမျိူးသမီးက ထိုယောက်ျားများကို အရိုးထိအောင် မုန်းတီးသော်လည်း၊ စကားမပြောဘဲ ထိုယောင်္ကျားထံသို့ ချဉ်းကပ်လာစဉ်မှာ သူမရဲ့မျက်နှာက နီရဲနေခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အပိုင်းအစများကိုသာအုပ်ကာ ၀တ်ထားသောကြောင့် အနီးကပ်လာတာနဲ့ ထိုယောင်္ကျားက သူမရဲ့ ဗလာကျင်းသော ရုပ်ပုံလွှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူမရဲ့တောက်ပြောင်နေတဲ့ ရင်သားတွေကို စိုက်ကြည့်ကာ သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး "ငါ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးလိုက်စမ်ပါ၊ မင်းရဲ့ မိဘတွေနဲ့ မင်းအတွက် လုံလောက်တဲ့ အစာကို ငါပေးမယ်"လို့ ပြောလိုက်တယ်။
အမျိုးသမီးက သူ့ကိုမော့ကြည့်ကာ ပြုံးပြသည်။
သူမရဲ့အပြုံးကိုမြင်တော့ နောက်ဆုံးတော့ သူ့စကားတွေကို နားဝင်သွားပြီဟု ထင်သွားကြသည်။ အမျိုးသမီးတစ်ဦးကို နာခံသွားစေရန်က သူမကို ရိုက်နှက်ရန်သာ လိုအပ်သည်။
သူတို့ရဲ့ရယ်မောခြင်းကို အပြီးမသတ်နိုင်ခင်မှာပဲ အမျိုးသမီးက မျက်လုံးတွေကို ကျဉ်းမြောင်းပြီး လက်ကို ခုတ်ချလိုက်တယ်။
"အားးးးး"
သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှ နာကျင်မှုများ ပေါက်ကွဲထွက်လာတာကြောင့် ထိုလူကစူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။
ပူနွေးပြီးစေးကပ်နေသော သွေးများက သူမလက်ကို ဖုံးလွှမ်းသွားသလို ခံစားလိုက်ရချိန်မှာတော့ အမျိုးသမီးရဲ့မျက်လုံးထဲတွင် ရူးသွပ်မှုများ ပေါ်လာသည်။ သူမက ဓားမြှောင်ကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်လိုက်ပြီး "သားရဲကောင်၊ နင်ကသေထိုက်တယ်"လို့ အော်ဟစ်လိုက်တယ်။
စကားဆုံးတာနဲ့ သူမက ဓားမြှောင်ကိုပြန်ဆွဲထုတ်ကာ ထိုယောင်္ကျားရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို အထပ်ထပ်အခါခါခုတ်ထစ်ထားသော အသားအဖြစ်သို့ ပြောင်းလဲလိုက်သည်။
"အဟွတ်... မင်း"
ထိုလူ မလဲကျသွားမီတွင် လည်ချောင်းမှာသွေးများ တစ်ဆို့နေပြီး နောက်ဆုံးသောအသက်ကို ရှုရှိုက်ရင်း မယုံကြည်နိုင်မှုနှင့် မလိုလားအပ်သောအကြည့်များပြည့်နေတဲ့ မျက်လုံးများကတော့ ပြူးကျယ်လို့နေသည်။
ရုတ်တရက် ဖြစ်သွားတဲ့အခြေအနေကြောင့် လူတိုင်းက အံ့အားသင့်သွားကြသည်။ တခြားယောင်္ကျားတွေက တုံ့ပြန်ဖို့ အချိန်အတော်ကြာခဲ့ပေမယ့် ထိုအမျိုးသမီးကတော့ သူမရဲ့အနီးနားက နောက်ထပ်တစ်ယောက်ကို ဓားနှင့်ထိုးခဲ့ပြီးပါပြီ။
ဒါကိုမြင်တော့ ကျန်တဲ့သူတွေကဒေါသတွေထွက်ပြီး လူသတ်ချင်စိတ်အပြည့်နဲ့ သူမဆီ ပြေးဝင်လာကြတယ်။
အမျိုးသမီးက သူတို့ကို မျက်နှာမူလိုက်ပြီး ကြောက်ရွံ့မှုကို လုံးဝမပြပေ။ သူမကသေဖို့ အဆင်သင့်ဖြစ်နေပါပြီ။
သူမရဲ့သားနှင့်ခင်ပွန်းကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ သူမကို ယခုလို အသက်ဆက်ရှင်နေစေသည့်တစ်ခုတည်းသောအရာက လက်စားချေလိုသောဆန္ဒဖြစ်သည်။ ဒါကြောင့် ယောက်ျားတစ်ယောက်က သူမရဲ့ ဗိုက်ကိုထိုးလာတာတောင် ရှောင်ဖို့ မကြိုးစားခဲ့ပါဘူး။
"အဟွတ်"
ထိုးချက်ကြောင့် သူမရဲ့ ကိုယ်တွင်းအင်္ဂါများက ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရပြီး နာကျင်မှုက မခံနိုင်လောက်အောင် ဆိုးရွားတာကြောင့်ပါ အေးစက်သောချွေးများဟာ သူမရဲ့ တစ်ကိုယ်လုံးမှာ ဖုံးလွှမ်းသွားသည်။ သို့သော် သူမရဲ့ နှလုံးသားက နာကျင်မှုနှင့် နှိုင်းယှဥ်ရလျှင် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာက သူမအတွက် ဘာမှမဟုတ်ပေ။
အံကြိတ်ရင်း လက်ကိုမြှောက်ကာ ထိုယောက်ျားရဲ့လက်မောင်းကို ဓားဖြင့်တိုက်ခိုက်လိုက်သည်။
သူမက ဓားမြှောင်ကိုအောက်သို့ ဆွဲချလိုက်တာနဲ့ သူက "အားးးး" ဆိုပြီး အော်ဟစ်လိုက်တယ်။
ရှည်လျားပြီး နက်ရှိုင်းသော ပြတ်ရာက သူ့လက်ပေါ်တွင် ပေါ်လာသည်။ သူရဲ့ကြွက်သားများ စုတ်ပြဲသွားကာ အရိုးများကိုတောင် မြင်နေရသည်။ ဤတိုက်ခိုက်မှုနောက်ကွယ်က သူမတွင် ခွန်အားမည်မျှရှိကြောင်း ထင်ရှားသည်။
"ခွေးမ။ နင်က သေမင်းကို ရှာနေတာပဲ"
အဲဒီလူက သူမကိုလည်ပင်းညှစ်ဖို့ရန် လုပ်လိုက်ပေမယ့် သူ့ရဲ့လက်က သူမရဲ့လည်ပင်းကို မထိလိုက်ခင်မှာပဲ ဓားမြှောင်တစ်ချောင်းက ထိုသူရဲ့လည်ချောင်းကို ထိုးဖောက်ပြီးသွားပါပြီ။
ပြင်းထန်စွာ ချောင်းဆိုးရင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး လည်ပင်းမှလည်း သွေးများစွာ စီးကျနေသည်။ အမျိုးသမီးရဲ့ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့တွေ သွေးများစွာ ဖုံးလွှမ်းနေသော်လည်း သူမကတစ်ချက်ကလေးမှ မတုန်လှုပ်သလို အော်ဟစ်ခြင်းလည်းမရှိပေ။
"ခွေးမ ၊ သွားသေလိုက်"
သူတို့ထဲက တစ်ယောက်ကို သတ်ပြီးပြီးချင်းမှာပဲ နောက်တစ်ယောက်က ဓားနဲ့တိုက်ခိုက်လာတယ်။
"မဟုတ်ဘူး" ဒါကိုမြင်တော့ သက်ကြီးရွယ်အို ဇနီးမောင်နှံက အော်ဟစ်လိုက်သည်။
"အက်"
အမျိုးသမီးက အသတ်ခံရတော့မည်ဟု လူတိုင်းက ထင်မှတ် နေကြသောအခါတွင် ရေဓားတစ်ချောင်းက အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီး အမျိုးသားရဲ့လက်မောင်းကို ဖြတ်ပစ်လိုက်တယ်။
"အားးးး ငါ့လက်မောင်း"
အမျိုးသမီး အေးစက်သော လေပြင်းတိုက်ခတ်မှု တစ်ချက်ကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ဒူးထောက်ပြီး နာကျင်စွာ ညည်းတွားနေတဲ့ ယောက်ျားတစ်ယောက်ကို မြင်လိုက်ရတယ်။ မဆိုင်းမတွဘဲ ဓားမြှောင်ကို မြှောက်လိုက်ပြီး ထိုလူရဲ့လည်ပင်းကို ဓားနဲ့ထိုးလိုက်တယ်။
အချိန်ကြာလာပြီး လူတွေသေဆုံးလာလေလေ၊ သူမရဲ့တစ်ကိုယ်လုံးမှာ ဖြာထွက်နေတဲ့ သတ်ပစ်လိုစိတ်များက ပိုမိုပြင်းထန်လာပြီး သူမရဲ့လှုပ်ရှားမှုများကလဲ ပို၍ကြမ်းတမ်းလာသည်။ ကျိူးလီဇီရဲ့ လျှို့ဝှက်ပံ့ပိုးမှုဖြင့် သူမက လူအုပ်စုကို သတ်ဖြတ်နိုင်ခဲ့သည်။
တစ်နာရီခန့်ကြာပြီးနောက် သူမရဲ့ပတ်ပတ်လည်တွင် လူအသေကောင်များက စုပုံထပ်နေသည်။ သူမရဲ့ခန္ဓာကိုယ်မှာ သွေးမျာရွှဲမစ်နေပြီး၊ သူမရဲ့ခြေဖဝါးအောက်ရှိ မြေပြင်ကတော့ နီရဲနေသည်။
သူမက အသက်ပြင်းပြင်းရှူကာ လေကိုရှူရှိုက်လိုက်သည်။ ကျိူးလီဇီကို လှည့်ကြည့်လိုက်ပြီးတော့ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ "ကျေးဇူးတင်ပါတယ်" လို့ တိုးတိုးလေးပြောလိုက်တယ်။
စကားအဆုံးမှာ ဓားမြှောင်က သူမရဲ့လက်မှ လွှတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျသွားသည်။
ဒါကိုမြင်တော့ သူမရဲ့မိဘတွေက စစ်ဆေးဖို့ အပြေးလာကြတယ်။ အသက်ရှုနေသေးတာကို သူတို့သိလိုက်တဲ့အခါမှာတော့ ပတ်ပတ်လည်ကို ကြည့်ပြီး “ကျေးဇူးပြုပြီး သမီးကို ကယ်ပေးပါ” လို့ တောင်းဆိုကြတယ်။