← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း-(၁၈၇)

‎

‎

‎

‎အဘွားအိုက အထပ်ထပ်အခါခါ အရိုအသေပေးလို့အသနားခံကာ "ဘယ်သူဖြစ်ဖြစ် ငါ့သမီးကို ကယ်တင်ပါလို့ တောင်းပန်ပါတယ်"

‎

‎

" ဒုတ် ဒုတ် ဒုတ်"

‎

‎

သူမရဲ့နဖူး ‎မြေပြင်ကို ထိသွားသော အသံဟာ ဂိုဒေါင်အတွင်းမှာ ပဲ့တင်ထပ်နေသော်လည်း မည်သူကမျှ ရှေ့ကိုတိုးမလာပါဘူး။

‎

‎

‎အမျိုးသမီးက ယောက်ျားအုပ်စုကို သတ်ပြီး သူတို့ကို ကယ်တင်ခဲ့ပေမဲ့ ဘယ်သူကမှ ရှေ့တက်ကာ ကူညီချင်စိတ်မရှိပေ။ အကြောင်းရင်းတစ်ခုက စစ်မှန်သောအကူအညီကို ပေးစွမ်းနိုင်စွမ်းမရှိသောကြောင့်ဖြစ်ပြီး အခြားအကြောင်းပြချက်ကတော့ ကျိူးလီဇီ နှင့် ကျင်းရွှီယန်း တို့ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။

‎

‎

ထိုစုံတွဲက တခြားသူတွေနဲ့မတူဘူးဆိုတာကို သူတို့မြင်နိုင်သလို မဆိုင်းမတွလည်း သတ်နိုင်တာကိုသိတယ်။

‎

‎

ထိုစုံတွဲက ‎ဒီမိန်းမကို သတ်ချင်နေရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ သူ့မကို ကူညီလိုက်တာက ‎သူတို့ကိုယ်တိုင်အတွက် ဘေးဥပဒ်ကို ဖိတ်ခေါ်နေတာမျိူးပဲမဟုတ်လား။

‎

‎

‎ဇနီးမောင်နှံက သမီးဖြစ်သူကို ဆုံးရှုံးရတော့မည်ဟု တွေးနေချိန်မှာပဲ ငယ်ရွယ်တဲ့စုံတွဲက လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။ အဘွားအိုက သူတို့ကိုမျှော်လင့်ချက်အပြည့်ဖြင့် ရဲရဲကြီး ကြည့်နေသည်။

‎

‎

‎“ရဲဘော်၊ ကျေးဇူးပြု၍ ငါ့သမီးကို ကယ်ပါ” ဟု အဘွားကြီးက သူတို့အား ခေါင်းငုံ့ကာ တောင်းပန်သည်။

‎

‎

‎ကျိူးလီဇီက သူမကို မတားဘဲ အဘွားကြီးရဲ့သမီးကို စစ်ဆေးဖို့ လက်လှမ်းလိုက်တယ်။ ဆေးပညာ ဗဟုသုတ တစ်စုံတစ်ရာမရှိသော်လည်း ထိုအမျိုးသမီးရဲ့ အခြေအနေက အလားအလာမရှိမှန်း သူမ သိသည်။

‎

‎

‎ထိုအမျိူးသမီးက ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပြီး သူမ ဒဏ်ရာများမှတစ်ဆင့် ကူးစက်ခံခဲ့ရသည်။ သူမက ဖျားနေပြီး အဖျားကလည်း အရမ်းကြီးတယ်။

‎

‎

‎ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားသောကြောင့် ထိုအမျိုးသားများက အမျိုးသမီးများကို ဆက်ဆံပုံနဲ့ဆိုရင် ဖုတ်ကောင်သွေး သို့မဟုတ် အသားပုပ်များနဲ့ ထိတွေ့မိခြင်းကြောင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေ လည်းရှိနေသည်။

‎

‎

‎ခဏလောက်စစ်ဆေးပြီးနောက်မှ ကျိူးလီဇီက ကန်ရေတစ်ပုလင်းနှင့် အဖျားကျဆေးတစ်တောင့်ကို ကျောပိုးအိတ်ထဲမှယူကာ အမျိုးသမီးအား တိုက်ကျွေးလိုက်သည်။

‎

‎ပြီးတော့ သူမပြောလိုက်တာက "သူမရဲ့အဝတ်တွေချွတ်လိုက်"

‎

‎

‎ဒါကိုကြားတော့ လင်မယားနှစ်ယောက်လုံးက အံ့သြသွားပြီး သူမရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့ မလိုလားကြပါဘူး။ သူတို့ရဲ့သမီးက အရှက်ရနေပြီးပြီ။ သူမရဲ့ဗလာကိုယ်ထည်ကို လူအများရှေ့တွင် ထပ်မံမဖော်ပြချင်ကြပေ။

‎

‎

‎သူတို့ တုံ့ဆိုင်းနေချိန်မှာ ကျင်းရွှီယန်းကပြောလာတယ် "အာ့ဇီ မင်း သူ့ကို ဂရုစိုက်လိုက်။ ကိုယ် အလောင်းတွေကို ရှင်းလိုက်မယ်"

‎

‎

အခြားအမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ကို သူ မြင်လိုက်ရသည့်အတွက် ‎ကျိူးလီဇီက စိတ်ထဲသိပ်မထားပါဘူး။ ပိုင်ရီကျီးရဲ့ခန္ဓာကိုယ်ကိုလည်း အရင်က သူမ မြင်ဖူးထားတာပဲ။ ဒါပေမယ့် သူ့ရဲ့စကားကိုကြားတော့ ပိုသက်တောင့်သက်သာဖြစ်သွားပြီး "ကောင်းပြီ" လို့ ပြန်ဖြေလိုက်တယ်။

‎

‎

‎ထိုမျှလောက်သာ ၀တ်စားဆင်ယင်ထားသော အမျိုးသမီးများစွာရှိနေသည့်တိုင် သူမက မသိဘဲ ကျင်းရွှီယန်းက သူမတို့ကို တစ်ချက်မျှတောင် မကြည့်ခဲ့ပေ။

‎

‎

‎ဂိုဒေါင်ထဲကို ဝင်လာပြီးကတည်းက သူ့အကြည့်တွေက သူ့ ရဲ့အာ့ဇီပေါ်မှာသာ ရှိနေခဲ့တယ်။ ပြီးတော့ တိရစ္ဆာန်များနှင့် ပေါင်းသင်းရန် သူစိတ်မဝင်စားပေ။ထို့ကြောင့် ၎င်းတို့ကို အလိုမရှိဘူး။(TN- သူက ကျိူးလီဇီရယ် ၊ သူ့အဖွဲ့ဝင်တွေကိုပဲ (လူတွေ) ဆိုပြီးမြင်တယ်လို့ ပြောထားတယ်။ ကျန်တဲ့သူအကုန်ကို တိရိစ္ဆာန်လို့သုံးနှုန်းသွားတာပါ)

‎

‎

‎သူထွက်သွားပြီးနောက် ကျိူးလီဇီကပြောလိုက်တယ် "မင်းတို့ဆက်တုံ့ဆိုင်းနေမယ်ဆိုရင် မင်းတို့သမီးရဲ့အသက်ကို ကျွန်မကယ်နိုင်မှာမဟုတ်တော့ဘူး"

‎

‎

‎သူမရဲ့စကားကိုကြားတော့မှ ဇနီးမောင်နှံနှစ်ယောက်က သူတို့တုံ့ဆိုင်းနေမှုကို နောင်တရသွားတယ်။ အဘွားအိုက သူ့သမီးရဲ့ အဝတ်အစားတွေကိုချွတ်ပြီး "ရဲဘော်၊ ငါ့သမီးကို ကယ်တင်နိုင်ပါ့မလား" ဟု မေးသည်။

‎

‎

‎"ဒါက သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်"

‎

‎

‎ထိုသို့ပြောပြီးနောက် သူမက ဆပ်ပြာတစ်တုံးကိုထုတ်ကာ အမျိုးသမီးရဲ့အရေပြားကိုပွတ်တိုက်ရန် လက်ကိုဆန့်လိုက်သည်။ သူမရဲ့လက်ဖဝါးက အမျိူးသမီးရဲ့ဗလာကိုယ်ထည်ပေါ်မှာ ဝေ့ဝဲလာသောအခါတွင် သူမရဲ့လက်ဖဝါးမှ ရေများ စီးကျလာတယ်။

‎

‎

‎အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို သန့်စင်ရန် အသုံးပြုသည့်ရေများက သူမရဲ့လက်ဖဝါးမှ စီးကျလာတာကို တွေ့လိုက်ရသဖြင့် လူတိုင်းက အံ့အားသင့်သွားကြတယ်။

‎

‎

‎သူတို့မသိတာကတော့ သူမနေရာက ကန်ရေတွေ ထွက်လာတယ်ဆ်ိုတာကိုဘဲ။ ကန်ရေက အနာကျက်စေသော ဂုဏ်သတ္တိရှိသည်။ ထိုအမျိုးသမီးသာ ရောဂါပိုးကူးစက်ခံရပါက ကန်ရေဟာ ဖုတ်ကောင်ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ပြီး အသက်ရှင်နိုင်ခြေကို တိုးမြင့်ပေးနိုင်သည်။

‎

‎

‎သွေးနှင့် အညစ်အကြေးများကို သန့်စင်ရန်နှင့် အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှအညစ်အကြေးများကို ဆေးကြောရန်အတွက် ဆပ်ပြာကို အသုံးပြုခဲ့သည်။ ဆပ်ပြာကိုအသုံးပြုခြင်းက ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို ဖယ်ရှားနိုင်စေပြီး နောက်ဆက်တွဲဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးသည်။

‎

‎

‎ပြီးသည်နဲ့ ဆပ်ပြာကို ကန်ရေများများဖြင့် ဆေးကြောပြီးနောက် အိတ်ကပ်ထဲမှ အနာလိမ်းဆေးပုလင်းကို ထုတ်ယူလိုက်သည်။

‎

‎

‎ဒီတစ်ခါတော့ သူမက အဘွားကြီးကို ပေးလိုက်ပြီး "ဒီဆေးကို ဒဏ်ရာတွေမှာ လိမ်းပေးလိုက်။ အထူးသဖြင့် သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်း ဘယ်အစိတ်အပိုင်းကိုမှ မလွတ်စေနဲ့" လို့ပြောလိုက်တယ်။

‎

‎

‎အဘွားအိုက ဆေးကိုလက်ခံပြီး ခေါင်းညိတ်သည်။ သူမ ဆေးလိမ်းနေစဉ်တွင် ‎ကျိူးလီဇီက အခြား အသက်ရှင်ကျန်ရစ်သူများကို စစ်ဆေးရန် သွားခဲ့သည်။ အမျိုးသမီးငယ်များထံ မချဉ်းကပ်မီတွင် အရင်ဆုံး ကလေးများနှင့် သက်ကြီးရွယ်အိုများကို သွားရောက်စစ်ဆေးခဲ့သည်။

‎

‎

ပြီးတာနဲ့ အရှေ့မှာ ရပ်ပြီး “မင်းတို့ အသက်ရှင်ချင်လား” လို့ မေးလိုက်တယ်။

‎

‎

‎အချိန်အနည်းငယ်ကြာတော့မှ ခေါင်းညိတ်လာကြသည်။

‎

‎

‎ဒါကိုမြင်တော့ သူမကပြောလိုက်တယ် "အသက်ရှင်ချင်ရင် အသက်ရှင်နိုင်ဖို့သန်မာပြီး တိုက်ပွဲဝင်နိုင်ရမယ်။ သန့်ရှင်းတဲ့ထည့်စရာတွေ သွားရှာလိုက် ရေပေးမယ်"

‎

‎

‎ထိုစကားကို ကြားလိုက်သောအခါတွင်တော့ မျှော်လင့်ချက် အလင်းရောင်များက သူတို့ရဲ့မျက်လုံးများဆီသို့ ပြန်လည်ရောက်ရှိလာသည်။ ကလေးများက အလွန်အားနည်းကြသောကြောင့် သက်ကြီးရွယ်အိုများကသာ ဘူးများကို ရှာဖွေရန် ထွက်သွားကြသည်။

‎

‎

‎ဆယ်မိနစ်မပြည့်ခင်မှာပဲ ပုလင်းတွေ၊ အင်တုံတွေ၊ ကွဲနေတဲ့မျက်မှန်တွေတောင်ပါသေးပြီး ပစ္စည်းတွေ မျိုးစုံနဲ့ ပြန်လာကြတယ်။

‎

‎

‎ကျိူးလီဇီက ရေဘောလုံးကို ဖန်တီးပြီး‎ " ထည့်စရာတွေကို အရင်ဆေးလိုက်" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ လူတိုင်းက ထည့်စရာတွေကို တစ်ယောက်ပြီး တစ်ယောက် ဆေးကြောလိုက်ကြသည်။ ဆေးကြောပြီးသည်နဲ့ တစ်ခုစီကို ရေဖြည့်ပေးလိုက်သည်။ သူမက သူတို့ ကျေနပ်သည်အထိ သောက်ခွင့်ပေးလိုက်ပြီး နောက်မှ သူတို့ထည့်စရာတွေကို ပြန်ဖြည့် ပေးလိုက်တယ်။

‎

‎

‎ပြီးသွားသောအခါမှ သူမက အမျိုးသမီးအုပ်စုထံ ချဉ်းကပ်သွားသည်။ သူမတို့ကိုကြည့်လိုက်ပြီးတော့ ဓားမြှောင်ကို မြေပြင်ပေါ်ပစ်ချကာ "မင်းတို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ် မင်းတို့လက်လျှော့ပြီး ကိုယ့်ကိုယ်ကိုသတ် သေမလား ဒါမှမဟုတ် မတ်တပ်ရပ်ပြီး တိုက်ပွဲဝင်မလား" လို့ပြောလိုက်တယ်။

‎

‎

အမျိုးသမီးတွေက ခေါင်းကို မော့ပြီး သူမကိုကြည့်တယ်။ သူတို့ရဲ့မျက်လုံးများကိုကြည့်ရင်း‎ အများစုမှာ အသက်ရှင်လိုစိတ်ပျောက်ဆုံးသွားပြီဆိုတာကို ကျိူးလီဇီ တွေ့လိုက်ရတယ်။

‎

‎

‎သူမတို့ကိုယ်တိုင်ကလွဲရင် ဘယ်သူကမှ သူမတို့ကို မကူညီနိုင်တဲ့အတွက် ဆွဲဆောင်ဖို့ မကြိုးစားခဲ့ပါဘူး။ ဤအခက်အခဲကို မကျော်လွှားနိုင်ခဲ့ပါက သေခြင်းတရားဖြင့် အိပ်မက်ဆိုးတွေကို အဆုံးသတ်လိုက်တာကသာ အသက်ရှင်ခြင်းထက် သက်သာရာရပေလိမ့်မည်။

‎

‎

‎ခဏအကြာတွင် အမျိုးသမီးတစ်ဦးက ဓားမြှောင်ဆီသို့ ရုတ်တရက်တွားသွားကာ မဆိုင်းမတွပင် သူမရဲ့လည်ချောင်းကို လှီးဖြတ်လိုက်သည်။ သူမ နောက်ဆုံးအသက်ရှုမရပ်ခင်မှာ ကျိူးလီဇီကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

‎

‎

‎ဒါကိုမြင်တော့ လူတိုင်းကအံ့ဩသွားကြတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ တခြားအမျိုးသမီးက ဓားမြှောင်ကို ကောက်ကိုင်လိုက်ပြီး နှလုံးကို ဓားနဲ့ထိုးချလိုက်တယ်။ ငြိမ်သက်ကာ မျက်လုံးမှိတ်ထားပြီး ပြုံးနေသော သူမရဲ့အမူအရာက နောက်ဆုံးတော့ အိပ်မက်ဆိုးမှ လွတ်မြောက်သွားသလိုပင်။

‎

‎

‎ဒါကိုကြည့်ရင်း ကျိူးလီဇီ ငြိမ်သွားသည်။ သူမရဲ့အမူအရာမှာ မပြောင်းလဲဘဲ သူမရဲ့မျက်လုံးများတွင်လည်း တုန်လှုပ်ချောက်ချားမှုမရှိပါ။ သူမရဲ့အရှေ့မှာ သတ်သေသွားတဲ့ သူတို့ကို သနားစိတ်တောင် မရှိဘူး။

‎

‎

‎

‎

‎

‎

အခန်း-(၁၈၈)

‎

‎

‎

‎

‎အမျိုးသမီးတွေ တစ်ယောက်ပြီး တစ်ယောက် သတ်သေသွားတာကို ကြည့်ပြီး လူတိုင်းက ထိတ်လန့်သွားတယ်။ မိနစ်နှစ်ဆယ်အကြာတွင်တော့ အမျိုးသမီး သုံးဆယ်ကျော်တွင် နှစ်ယောက်သာ ကျန်တော့သည်။

‎

‎

‎ကျိူးလီဇီက သူမတို့ကိုကြည့်ကာ "မင်းတို့နှစ်ယောက်ကော ဘယ်လိုလဲ" လို့မေးလိုက်တယ်။

‎

‎

‎အမျိုးသမီးတစ်ဦးက အံကြိတ်ကာ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ကာ ပြင်းပြင်းထန်ထန်ပြောလိုက်တယ် "ဒီခွေးကောင်နှင့် ခွေးမကို မသတ်နိုင်ခင်မှာ ငါသေရဖို့ ကိုငြင်းတယ်။ ငရဲရောက်သွားရင်တောင် ငါ့လက်နဲ့ သေချာပေါက် သူတို့အသက်ကို သေအောင်သတ်မယ်"

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက ခေါင်းညိတ်ပြီး သူမဆီကို လျှောက်သွားလိုက်တယ်။ သူမရှေ့တွင် ငုတ်တုတ်ထိုင်ကာ လက်ကိုကမ်းပြီး ဘာမှမပြောဘူး။

‎

‎

‎အမျိုးသမီးငယ်က သူမရဲ့လက်ကိုမြှောက်ပြီး ဆွဲလိုက်ပြီး တစ်ခဏမျှကြာအောင် ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။

‎

‎

အမျိုးသမီးကလက်ကို ဆုပ်ကိုင်လိုက်တာနဲ့ ကျိူးလီဇီက သူမကို ဆွဲတင်လိုက်ပြီး "မင်း သန်မာလာတဲ့အထိ ဘယ်လိုတိုင်ခိုက်ရမယ်ဆိုတာကို ငါသင်ပေးမယ်။ ဖုတ်ကောင်ဖြစ်ဖြစ် လူသားပဲ ဖြစ်ဖြစ်၊ မင်းကိုယ်မင်း ကာကွယ်နိုင်ဖို့အတွက် မင်း သန်မာလာရမယ်"

‎

‎

‎အမျိုးသမီးငယ်က ခေါင်းညိတ်ပြပြီး ဆုံးဖြတ်ချက်ချတဲ့အရိပ်အယောင်က သူမရဲ့မျက်လုံးထဲတွင် တောက်ပလာသည်။

‎

‎

‎ကျိူးလီဇီက အခြားအမျိုးသမီးဘက်ကိုလည်းလှည့်ကာ "မင်းကော ဘယ်လိုလဲ"လို့ မေးလိုက်တယ်။

‎

‎

‎အမျိုးသမီးက ပင်ပန်းနေပေမယ့် အားတင်းပြီးပြုံးကာ "ညီမလေး၊ ငါက ဝေဒနာကို ကြောက်ပြီး သေရဖို့ဆို ပိုကြောက်တယ်။ အသက်ရှင်နေရတာက နာကျင်နေရရင်တောင် ငါ ဆက်ရှင်သန်ချင်သေးတယ်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎သူမတို့နှစ်ဦး ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကျိူးလီဇီက သူမတို့ကို ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားကာ ပုံးအလွတ်တစ်လုံးထဲတွင် သူမရဲ့ကန်ရေဖြည့်ပေးပြီး ဆပ်ပြာတုံးတစ်တုံးကိုပေးကာ သူမတို့ကို သန့်စင်စေခဲ့သည်။

‎

‎

‎အမျိူးသမီးတွေ ရေချိုးနေချိန်မှာ သူမရဲ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားနိုင်ဖို့အတွက် ကျိူးလီဇီက တစ်ခုခုရှာခဲ့တယ်။

‎

‎

‎

‎မိနစ်နှစ်ဆယ်အကြာတော့ အမျိူးသမီးတွေ ဆေးကြောလို့ပြီးသွားကြတယ်။ သူမတွေ့ခဲ့တဲ့ အဝတ်နှစ်ထည်ကို ကျိူးလီဇီကပေးလိုက်ပြီး "အခုတော့ ဒါကိုပဲ ဝတ်ထားလိုက်အုံး။ ငါတို့အဖွဲ့နဲ့ပြန်ဆုံရင် မင်းအတွက် သင့်တော်တဲ့ အဝတ်အစားတွေ ရှာပေးမှာပါ" လို့ ပြောလိုက်တယ်။

‎

‎

‎အထည်ကိုလက်ခံပြီးတော့ သူမတို့နှစ်ယောက်က "ကျေးဇူးတင်ပါတယ် "လို့ ပြောလာတယ်။

‎

‎

‎ကျိူးလီဇီက သူတို့ကို ရေတစ်ပုလင်း၊ အဖျား၊ ရောင်ရမ်းမှုတွေနှင့် ဒဏ်ရာတွေအတွက် ဆေးအချို့ပေးခဲ့သည်။ "ဒဏ်ရာကို ဂရုစိုက်ပြီး ဆေးသောက်ပါ"

‎

‎

‎သူမတို့ကို လိုအပ်တာများလုပ်ပေးပြီးနောက်တွင်

‎ ကျင်းရွှီယန်းက လမ်းလျှောက်လာပြီး "အာ့ဇီ ကိုယ် အလောင်းတွေကို ရှင်းပြီးပြီ။ ကိုယ်တို့ အရင်ထွက်ပြီး တိရစ္ဆာန်တွေကို ရှာသင့်တယ်"လို့ ပြောလာတယ်။

‎

‎

‎ကျိူးလီဇီက သူမတို့ရဲ့ ပန်းတိုင်ကို မေ့မသွားဘဲ "ကောင်းပြီ" ဟု ပြန်ဖြေခဲ့သည်။

‎

‎

‎မထွက်ခွာမီတွင် သူမနှင့်ကျင်းရွှီယန်းတို့က အရင်ဆုံးအိတ်ထဲရှိ ရိက္ခာအားလုံးကို ထုတ်ယူပြီး "အနားယူပြီး မင်းတို့ရဲ့ခွန်အားကို ပြန်ယူထား။ ငါတို့အဖွဲ့ပြန်လာရင် ငါတို့ကဒီနေရာကနေ ထွက်သွားမှာပါ" လို့ပြောခဲ့တယ်။

‎

‎

‎ဒါကိုကြားတော့ သက်ကြီးရွယ်အိုတွေနှင့် ကလေးတွေက သူတို့ကိုကြည့်လာတယ်။ တစ်ယောက်ယောက်က မေးလာတယ်“ရဲဘော်၊ ငါတို့ကို ခေါ်သွား ပေးလို့ရမလား”

‎

‎

‎ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှပြန်ဖြေလိုက်တယ် "လူတိုင်းကို ငါတို့နဲ့အတူ ခေါ်သွားဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် မင်းတို့က ငါ့တို့ရဲ့ညွှန်ကြားချက်တွေကို နားထောင်ပြီး ငါ့တို့ရဲ့စည်းကမ်းတွေကို လိုက်နာရမယ်။ အသက်ရှင်ကျန်ရစ်သူ စခန်းကို ရောက်ရင်တော့ ငါတို့လမ်းခွဲမယ်"

‎

‎

‎လူတိုင်းက သူမရဲ့ကြင်နာမှုအတွက် အလွန်ကျေးဇူးတင်ကြပြီး လျှင်မြန်စွာသဘောတူခဲ့ကြသည်။

‎

‎

‎ဂိုဒေါင်ထဲမှ ထွက်လာတဲ့အခါမှာ ကျင်းရွှီယန်းက သူမကို ကြည့်ပြီး "အာ့ဇီ ဘာလို့ သူတို့ကို ရုတ်တရက်ကြီး ကူညီလိုက်တာလဲလို့"မေးမြန်းသည်။

‎

‎

‎ကျိူးလီဇီက သက်ပြင်းတစ်ချက်ချလိုက်ပြီး "အစ်ကိုယန်း၊ အရင်တုန်းကဆို ကျွန်မကလဲ ငါးစာအဖြစ် အသုံးချခံခဲ့ရတယ်။ ဒါကြောင့် သူတို့ရဲ့အခက်အခဲကို ကျွန်မနားလည်တယ်။ သူတို့ကို ကူညီတာက ကြင်နာမှုတွေကြောင့် မဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပဲ။ အဲဒီအမှောင်မှတ်ဉာဏ်ထဲကနေ လွတ်မြောက်ချင်ခဲ့တာ"

‎

‎

‎“အဲဒီတုန်းက တစ်စုံတစ်ယောက်ကသာ ကျွန်မကို အဲဒီနေရာကနေ ဆွဲထုတ်ပေးခဲ့မယ်ဆိုရင် ကျွန်မလည်း လှည့်စားခံရမှာ မဟုတ်ဘူး။ လူမှားကို ယုံကြည်မိပြီး ကြေကွဲစရာကောင်းလောက်အောင် သေဆုံးသွားခဲ့တာမျိူးလဲ ဖြစ်လာမယ်မထင်ဘူး” ဟု သူမက တိုးတိုးလေးပြောသည်။

‎

‎

‎

‎ ဒါကိုကြားတော့ သူရင်ဘတ်ထဲက စူးရှတဲ့ နာကျင်မှုကို ကျင်းရွှီယန်းခံစားလိုက်ရတယ်။ သူမကိုသာ သူစောစောရှာတွေ့ခဲ့ရင် သူမက ပိုပြီး သက်တောင့်သက်သာနေထိုင်သွားနိုင်တယ်။

‎

‎

‎ဒါပေမယ့် ဒီကမ္ဘာမှာက 'အကယ်၍'ဆိုတာမျိူး မရှိဘူး။ ဖြစ်ပျက်ခဲ့တာတွေကိုလည်း ပြောင်းလဲလို့မရဘူး။ ယခုချိန်မှာ သူလုပ်နိုင်သမျှကတော့ သူမကို ဤဘဝတွင်ကာကွယ်ပြီး သူတို့အရှေ့ရှိ အန္တရာယ်အားလုံးကို ဖယ်ရှားပစ်ရန်သာဖြစ်သည်။

‎

‎

‎သူတို့နှစ်ယောက်က ကြက်မွေးမြူရေး ဧရိယာဆီသို့ လျှောက်သွားလိုက်ကြတယ်။ အဝေးက ကြက်တွန်သံတွေကိုကြားနေရတယ်။

‎

‎

‎"အစ်ကိုယန်း၊ ကျွန်မတို့ကံကောင်းလိုက်တာ။ တိရစ္ဆာန်အများစုသေသွားပေမယ့်၊ ကျွန်မတို့မှာက သန္ဓေပြောင်းထားတဲ့အကောင်တွေ ရှိနေသေးတယ်" ဟု ကျိူးလီဇီက စိတ်လှုပ်ရှားစွာပြောသည်။

‎

‎

‎ သူမ စိတ်မကောင်းမဖြစ်တော့တာကိုမြင်ပြီး ကျင်းရွှီယန်း ပြုံးလိုက်တယ်။ သူတို့ရဲ့လက်ချောင်းတွေကို ယှက်တွယ်လိုက်ပြီး တိရစ္ဆာန်တွေကို စစ်ဆေးကြည့်ရအောင်" ဟု ပြန်ပြောလိုက်သည်။

‎

‎

‎သူတို့ မွေးမြူရေးခြံအတွင်းကိုဝင်ကြည့်လိုက်တော့ စုစုပေါင်း ကြက်အကောင်၂၀ ရှိတာကို တွေ့လ်ိုက်ရသည်။ ကြက်ဖသုံးကောင်၊ ကြက်မဆယ့်ခုနှစ်ကောင်။ ယခင်ဘဝကလို လုံးဝသန္ဓေပြောင်းသွားခဲ့သော တိရစ္ဆာန်များနှင့်မတူဘဲ အခုလက်ရှိ ကြက်များဟာတော့ ၎င်းတို့ရဲ့ မူလဝိသေသလက္ခဏာများကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

‎

‎

‎၎င်းတို့ရဲ့အရွယ်အစားမှာ ယခုအခါတွင်တော့ ငှက်ကုလားအုတ်များကဲ့သို့ ကြီးမားပြီး သာမာန်ကြက်များထက် တောက်ပသော အမွေးများမှလွဲလို့ အခြားအရာအားလုံးက အတူတူပင်ဖြစ်သည်။ ဒါကိုမြင်တော့ ကျိူးလီဇီ ဝမ်းသာသွားတယ်။ သူတို့ရဲ့ အရွယ်အစားနဲ့ဆိုရင် သူတို့အဖွဲ့တစ်ခုလုံးကို ကျွေးဖို့တောင် ကြက်တစ်ကောင်က လုံလောက်နိုင်တယ်။

‎

‎

‎သူမက အားလုံးကို သူမရဲ့နေရာလွတ်ထဲ အမြန်သိမ်းဆည်းကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမက ခြံအတွင်းရှိ ကြက်အစာအားလုံးကို စုဆောင်းလိုက်ပြီး ထောင့်တွင်ရှိနေတဲ့ ကြက်ဥပုံတစ်ပုံကိုပင် တွေ့လိုက်ရသည်။

‎

‎

‎ကြက်ဥတစ်လုံးကို ကောက်ကိုင်လိုက်ဖို့က လက်နှစ်ဖက်လုံး လိုအပ်တယ်။ ဥတွေက ငှက်ကုလားအုတ်ဥတွေလောက်ကိုကြီးတယ်။

‎

‎

‎"အစ်ကိုယန်း ၊ ဒီကြက်ဥအရွယ်အစားကို ကြည့်ပါဦး။ နောက်ဆို ကြက်ဥဂျုံယာဂု အိုးကြီးတစ်လုံးလုပ်ဖို့တေယင် တစ်လုံးပဲလိုတယ်" ဟု သူမက ဝမ်းသာအားရပြောလိုက်သည်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး သူမကို ပြုံးပြသည်။ သူမပျော်နေသရွေ့တော့ သူလည်းပျော်ပါတယ်။ သူတို့နှစ်ဦးက အခြားဧရိယာကိုစစ်ဆေးခြင်းမပြုမီတွင် အရာအားလုံးကို စုဆောင်းခဲ့သည်။

‎

‎

‎နှစ်နာရီအကြာတွင် သူမတို့က ကြက်ခြံဧရိယာမှပြန်လာကြပြီး နတ်ဆိုးအဖွဲ့သားများမှာလဲ အဝေးမှလမ်းလျှောက်လာ နေတာကိုတွေ့လိုက်ရသည်။ သူတို့အနောက်တွင် အသက်ရှင်ကျန်ရစ်သူတစ်စုလည်း ပါလာသည်။

‎

‎

ယူဖူယွင်က မျက်လုံးကောင်းပြီး သူတို့ကို အရင်ဆုံးတွေ့လိုက်တယ်။ သူက လက်ကိုဝှေ့ယမ်းပြီး နှုတ်ဆက်တယ်"ကပ္ပတိန်၊ ခယ်မ"

‎

‎

‎သူတို့အဖွဲ့ပြန်ဆုံတဲ့အခါမှာ ကျန်းယွမ်ကချက်ချင်းသတင်းပို့တယ် "ကပ္ပတိန်၊ သူတို့က လူနေရပ်ကွက်နဲ့ တခြားနေရာတွေက ကျွန်တော်တို့တွေ့ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတွေပဲ"

‎

‎

‎ကျင်းရွှီယန်း လှည့်ကြည့်လိုက်တော့ အသက်ရှင်ကျန်ရစ်သူအများစုမှာ ကလေးများ၊ သက်ကြီးရွယ်အိုများ သို့မဟုတ် အမျိုးသမီးများသာဖြစ်ကြောင်း သတိပြုမိလိုက်တယ်။ သူတို့တွင် ဆယ်ကျော်သက် ယောက်ျားလေး အနည်းငယ်မျှသာ ရှိသော်လည်း အရွယ်ရောက်ပြီးသူ ယောက်ျားလုံးဝမရှိပေ။

‎

‎

‎ဒါကိုမြင်တော့ သူက မျက်ခုံးပင့်ပြီး “ အမျိုးသားတွေ လုံးဝမရှိဘူးလား” လို့ မေးလိုက်တယ်။

‎

‎

‎

‎

‎

‎

အခန်း-(၁၈၉)

‎

‎

‎ကျင်းရွှီယန်းရဲ့စကားကိုကြားတဲ့အခါ အသက်ရှင်ကျန်ရစ်သူတစ်ဦးက သူမရဲ့လက်ကိုမြှောက်ကာ "ရဲဘော်၊ ကျွန်မတို့ရဲ့အစ်ကို၊ ခင်ပွန်း၊ ဖခင်တွေကို လူတစ်စုက ဖမ်းခေါ်သွားကြပြီ" ဟုပြောသည်။

‎

‎

‎အဲဒီ့နောက် ကောင်လေးတစ်ယောက်ကလည်း ခေါင်းညိတ်ပြပြီး "သူတို့က ငါတို့ဆီက လူတွေမဟုတ်ဘူး၊ ရုတ်တရတ်ကြီး ရောက်လာတာ။ သူတို့က ကျွန်တော်တို့ကို လုယက်ရုံတင်မကဘူး၊ ကျွန်တော့်တို့အစ်မနဲ့ ယောက်ဖကိုလည်း ဖမ်းသွားတာ"

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက "အဲဒီအဖွဲ့အပြင် တခြားတစ်ဖွဲ့ရှိ သေးလား"လို့ မေးလိုက်တယ်။

‎

‎

‎သူမမေးလိုက်သည့်အခိုက်တွင်ပဲ သူမက အဝနားတွင် ပုန်းအောင်းနေတဲ့အဖွဲ့ကို ရည်ညွှန်းနေကြောင်း နတ်ဆိုးအဖွဲ့သားများက နားလည်လိုက်ကြသည်။

‎

‎

‎ကောင်လေးက ခေါင်းခါပြီး “မသိဘူး” လို့ ပြန်ဖြေတယ်။

‎

‎

‎ခဏလောက်စဉ်းစားပြီးမှ သူကဆက်ပြောတယ် "ဒါပေမယ့်အဲဒီလူတစ်စု မလာခင်မှာဘဲ ခြံပိုင်ရှင်က လူတွေကို ဘေးကင်းတဲ့နေရာရှာဖို့ အားလုံးကို စုစည်းတယ် ကျွန်တော်အစ်မနဲ့ ယောက်ဖတို့က အိမ်မှာနေပြီး ကယ်ဆယ်ရေးအဖွဲ့ကို စောင့်နေရတာက ပိုလုံခြုံတယ်လို့ ပြောတယ်၊ ဒါကြောင့် ကျွန်တော်တို့က သူတို့နဲ့ မလိုက်သွားဘူး"

‎

‎

‎ကျိူးလီဇီက အသက်ရှင်ကျန်ရစ်သူတွေကို ကြည့်ပြီး "မင်းတို့ကို ကယ်ဆယ်ဖို့ အစိုးရက လူတွေကို စေလွှတ်မှာ စောင့်နေတာထက် ကိုယ့်ကိုကိုယ် အားကိုးတာက ပိုကောင်းတယ်" ဟုပြောလိုက်သည်။

‎

‎

‎"အစ်မ ၊ အဲဒါ ကဘာကိုဆိုလိုတာလဲ" ကောင်လေးက မေးတယ်။

‎

‎

‎"ငါတို့ရဲ့ လက်ရှိအခြေအနေက ဒီဒေသမှာပဲ ဖြစ်ပျက်နေတာမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာဖြစ်နေတာ" ဟု ကျိူးလီဇီက ဖြေကြားခဲ့သည်။

‎

‎

‎သူမရဲ့စကားကိုကြားတော့ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားပြီး အလန့်တကြား အော်ဟစ်လိုက်ကြသည်။

‎

‎

‎သူတို့အားလုံးက ယာယီအကြပ်အတည်းတစ်ခုဟုသာ အမြဲတမ်းထင်ခဲ့ကြပြီး သူတို့ကို ကယ်ဆယ်ရန်အတွက် အစိုးရကရောက်လာတာနဲ့ သူတို့ရဲ့ယခင်ဘဝသို့ ပြန်လည်ရောက်ရှိမည်ဟု သူတို့က အမြဲတမ်းတွေးခဲ့သည်။ ဒါပေမယ့် ဒီအခြေအနေက ကမ္ဘာတဝှမ်းမှာဖြစ်နေတာဆိုတော့ သူတို့ ဘာဆက်လုပ်သင့်လဲ။

‎

‎

‎ကျိူးလီဇီက ဆက်ပြီးတော့ပြောသည်"အဲဒီဘီလူးတွေက ဖုတ်ကောင်တွေပဲ။ သူတို့က ဗီဇသက်သက်ပဲပြုမူကြပြီး သူတို့က အသံနှင့် ရနံ့ကို အာရုံခံနိုင်တယ်။ ဒါကြောင့် သူတို့နဲ့အနီးကို ချဉ်းကပ်သွားတာမျိူး ဒါမှမဟုတ် ကျယ်လောင်တဲ့ အသံထွက်တာမျိူးက မင်းတို့ရှိနေတာကို သူတို့က ချက်ချင်း သိသွားနိုင်တယ်"

‎

‎

‎"သာမန်လူတွေကတော့ ဖုတ်ကောင်တွေကြောင့် ဒဏ်ရာရရုံနဲ့ ရောဂါပိုးကူးစက်ခံရလိမ့်မယ်။ ပြီးတော့ ညစ်ညမ်းတဲ့အစားအစာ ဒါမှမဟုတ် ရေလိုမျိုး အရာတွေကိုစားသောက်တာကြောင့်လဲ အစာခြေလမ်းကြောင်းကတစ်ဆင့် ကူးစက်နိုင်ခြေလည်း ရှိတယ်။ ကူးစက်ခံရပြီးတာနဲ့ သေဆုံးမှုနှုန်းက 99% အထိ မြင့်မားပါတယ်"

‎

‎

‎

‎သူမပြောပြီးတာနဲ့ အသက်ရှင်ကျန်ရစ်သူများရဲ့ မျက်နှာများက ဖြူဖျော့သွားခဲ့သည်။ သူတို့ထဲက အများစုဟာ သူတို့ရဲ့ ချစ်ရသူတွေလက်နဲ့ အသတ်ခံရလုနီးပါးဖြစ်ခဲ့တာကို ကြုံဖူးကြပြီးသားပါ။ အချို့ကတော့ ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသော မိသားစုဝင်များကိုပင် သတ်ပစ်ရန် အတင်းအကြပ် ခိုင်းစေခံကြရသည်။

‎

‎

‎အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူတို့ထဲက တစ်ယောက်ကမေးတယ် “ရဲဘော်၊ ရောဂါပိုးကူးစက်ပြီးရင် အသက်ရှင်ဖို့ အခွင့်အလမ်းရှိလား”

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြပြီး "မင်းရဲ့ကိုယ်ခံစွမ်းအားက အားကောင်းရင် မင်းအသက်ရှင်နိုင်တယ်။ အခွင့်အလမ်းက 1% ပဲရှိတယ်၊ မင်းသာ အသက်ရှင်နေတယ်ဆိုရင် မင်းရဲ့စွမ်းအင်ကို နိုးထနိုင်ဖို့ အခွင့်အလမ်း 0.01% ရှိတယ်"

‎

‎

‎စကားပြောနေစဉ်တွင်ပဲ သူမကလက်ဖဝါးကိုဖြန့်လိုက်တော့ လေဖိအားနည်းရပ်ဝန်းတစ်ခုမှ ထွက်ပေါ်လာသော ရေဘောလုံးတစ်လုံးက သူမရဲ့လက်အထက်တွင် ရုတ်တရက်ပေါ်လာသည်။

‎

‎

‎ဒါကိုမြင်တော့ သူတို့ရဲ့မျက်လုံးတွေထဲမှာ အံ့သြခြင်းတွေပြည့်သွားတယ်။ ရေဓာတ်ခန်းခြောက်ပြီး အားနည်းသူအချို့ရဲ့အကြည့်များကတော့ ရေဘောလုံးပေါ်တွင် ကပ်နေပြီး သူတို့ရဲ့နှုတ်ခမ်းကွဲများကို လျှာဖြင့်သပ်ရုံမှတစ်ပါး မတတ်နိုင်ကြပေ။

‎

‎

‎ဒါကိုမြင်တော့ ကျင်းရွှီယန်းကအမိန့်ပေးလိုက်တယ် "ရှောင်ချီ သူတို့ကို ရေနည်းနည်းလောက်ပေးလိုက်"

‎

‎

‎သူ့အမိန့်ကိုကြားတော့ ရှောင်ချီက ခေါင်းညိတ်ပြပြီး သူ့နေရာလွတ်ကနေ ရေသန့်ဗူးပေါင်းများစွာကို ထုတ်ယူကာ တစ်ယောက်ကို တစ်ခုစီဝေငှလိုက်သည်။ အစားအသောက်အတွက်ကတော့ ကပ္ပတိန်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်မှာပါ။

‎

‎

‎"ဂိုဒေါင်ကို အရင်သွားရအောင်" လို့ ကျင်းရွှီယန်းက ပြောလိုက်သည်။

‎

‎

‎ကြက်ခြံမှာရှိနေတဲ့ ဂိုဒေါင်ဆီသို့ သူတို့လိုက်သွားကြတယ်။ အထဲကိုဝင်လိုက်တာနဲ့ လေထုထဲတွင် ပျံ့လွှင့်နေတဲ့ ထူးဆန်းသောရနံ့ကြောင့် နှာတွန့်သွားကြသည်။

‎

‎

သူတို့ပြန်လာတာကိုမြင်တော့မှ ဂိုဒေါင်အတွင်းထဲက အသက်ရှင်ကျန်ရစ်သူတွေဟာ ‎နောက်ဆုံးတော့သက်ပြင်းချလိုက်ကြတယ်။ ထိုစုံတွဲက ဘာဖြစ်နေမှန်းမသိဘဲ သူတို့ကနာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြသော်လည်း ကံကောင်းထောက်မစွာနဲ့ သူတို့က အသက်ရှင်လျက် ပြန်လာခဲ့ကြသည်။

‎

‎

‎နတ်ဆိုးအဖွဲ့သားများကတော့ အသက်ရှင်ကျန်ရစ်သူများရဲ့ အခြေအနေကြောင့် မအံ့သြခဲ့ပါဘူး။ ပြည်နယ်များတွင်အလားတူ လူအများအပြားကို တွေ့ပြီးတဲ့နောက် အနည်းငယ် ထုံကျဉ်လာပြီဖြစ်သည်။

‎

‎

‎ဒါတောင် အမျိုးသမီးသုံးယောက်ရဲ့ အခြေအနေကို မြင်လိုက်ရတော့ မျက်လုံးတွေမှိတ်သွားရတယ်။ မြေပြင်ပေါ်မှာအနက်ရောင်ပြာများကိုတွေ့လိုက်တော့ ဒါတွေက သူတို့ရဲ့ကပ္ပတိန်သည် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးကို သတ်ခဲ့ကြောင်း နားလည်လိုက်သည်။

‎

‎

‎ကျိူးလီဇီက ရှောင်ချီဆီကို လျှောက်လာပြီး "ရှောင်ချီ မင်းမှာ အမျိုးသမီးဝတ်ရှိလား" လို့ မေးတယ်။

‎

‎

‎

‎ဒါကိုကြားတော့ ရှောင်ချီက ခေါင်းညိတ်ပြီး "မရီး ၊ အရင်က စက်ရုံမှာတွေ့ခဲ့တာတွေကို စုဆောင်းထားတယ်။ မင်း ဘယ်နှစ်ထည် လိုချင်လဲ"လို့ ပြန်ဖြေလိုက်တယ်။

‎

‎

‎"တီရှပ်နဲ့ ဘောင်းဘီ သုံးစုံ ပေးပါလား... အမျိုးသမီး အတွင်းခံ ရောရှိလား" လို့ သူမကမေးသည်။

‎

‎

‎ပထမကတော့ ရှောင်ချီက ခေါင်းညိတ်လိုက်တယ်။ ဒါပေမယ့် စကားရဲ့ ဒုတိယအပိုင်းကို ကြားလိုက်ရတော့ မျက်လုံးတွေ ပြူးကျယ်လာပြီး ပါးပြင်ပေါ်မှာနီရဲလာတယ်။

‎

‎

‎သူက အသံတိုးတိုးဖြင့်ပြန်မပြောခင်မှာ ပါးစပ်ကို အကြိမ်ပေါင်းများစွာ အဖွင့်အပိတ်လုပ်ပြီးမှ "မရီး ကျွန်တော်က လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်သူ မဟုတ်ဘူး။ အမျိုးသမီးအတွင်းခံက ဘယ်လုပ်လုပ်ပြီးရှိမှာလဲ" လို့ ပြန်ဖြေလိုက်တယ်။

‎

‎

‎ကျိူးလီဇီက ကျင်းရွှီယန်းကို တစ်ချက်ကြည့်လိုက်သည်။သူ အရင်က သူမကိုအတွင်းခံတစ်စုံ ပေးခဲ့ဖူးတယ်။ ဒါဆို သူက လိင်ပိုင်းဆိုင်ရာဖောက်ပြန်သူလို့ ဆိုလိုတာလား။

‎

‎

‎သူမရဲ့အကြည့်ကို သတိထားမိတော့ ကျင်းရွှီယန်းက ပြုံးပြီး "အာ့ဇီ ကိုယ်က မတူဘူး။ ကိုယ်က မင်းရဲ့လူလေ မင်းအတွက် ပြင်ဆင်ပေးရတာက သဘာဝပဲ" လို့ ပြန်ဖြေတယ်။

‎

‎

ဒီစကားကိုကြားတော့ နတ်ဆိုးအဖွဲ့သားတွေဟာ စကားမပြောဘဲ သူ့ကိုပဲကြည့်နေလိုက်တယ်။ သူတို့ရဲ့ ကပ္ပတိန်ကသာ ဒီလိုမျိုး ယုံကြည်မှုရှိရှိ ပြောနိုင်တယ်။ သူ့အသားက တကယ် ထူတယ်။

‎

‎

‎ကျိူးလီဇီက ဒီအကြောင်းအရာကို ဆက်မပြောချင်တော့ပါဘူး။ ဒီတော့ သူမက ရှောင်ချီဘက်လှည့်ပြီး "ဒါဆို ကျွန်မကိုအဝတ်အစားတွေ ပေးလိုက်ပါ" လို့ပြောလိုက်တယ်။

‎

‎

‎ရှောင်ချီက အဝတ်အစားတွေကို သူမဆီအမြန်ပေးလိုက်ပြီး "မရ တခြားဘာလိုသေးလဲ" လို့ မေးတယ်။

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြီး " အသက်ရှင်ကျန်ရစ်သူတွေကို စားစရာ ပေးလိုက်။ အသက်ရှင်ကျန်ရစ်သူစခန်းတစ်ခုကို ရှာတွေ့တဲ့အခါကြမှ သူတို့ကို အဲဒီမှာပဲနေခွင့်ပေးပြီး လမ်းခွဲလိုက်မယ်"လို့ ပြန်ဖြေတယ်။

‎

‎

‎"နားလည်ပြီ" ရှောင်ချီက ပြန်ပြောပြီး တာဝန်ကို ထမ်းဆောင်ရန် ထွက်သွားခဲ့သည်။

‎

‎

‎ကျိူးလီဇီက အဝတ်အစားများကို ကိုင်ထားရင်း သူမနေရာလွတ်မှ အမျိုးသမီးအတွင်းခံဘောင်းဘီသုံးစုံကို မသိမသာ ထုတ်ယူကာ အဝတ်အစားအောက်တွင် ဖုံးကွယ်ထားသောကြောင့် မည်သူမျှ သတိမထားမိပေ။

‎

‎

‎အသက်ကြီးတဲ့ လင်မယားနှစ်ယောက်ရှေ့မှာ ရပ်ပြီး “ဒီမှာ မင်းတို့သမီး ဝတ်ရအောင်” လို့ ပြောလိုက်တယ်။

‎

‎

‎ဇနီးမောင်နှံနှစ်ဦးက အဝတ်အစားများကို လက်ခံလိုက်ပြီး သူမအား ဦးညွှတ်ကြသည်။ "ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်"

‎

‎

‎"ကျွန်မက လူကောင်းမဟုတ်ဘူး။ မင်းတို့ရဲ့ကျေးဇူးရှင်လည်းမဟုတ်ဘူး။ ဒါကြောင့် ကျွန်မကိုဒီလိုမခေါ်နဲ့"

‎

‎

‎ထိုစကားကိုပြောပြီးနောက် လှည့်ထွက်သွားပြီး အဝတ်အစားများကို အခြားအမျိုးသမီးများထံ ပေးအပ်လိုက်သည်။

‎

‎

‎သိပ်မကြာခင်မှာပဲ အပြင်ကခြေသံတွေဆက်တိုက်ကြားလိုက်ရတယ်။ ချင်လူဇီ နှင့် ရှန်းကျင်းဇီတို့က အပြင်ဘက်တွင် အစောင့်အကြပ်အဖြစ် ရပ်နေသဖြင့် မည်သူကမျှ သတိမပြုဘဲ မချဉ်းကပ်နိုင်ကြပါ။ ထို့ကြောင့် သူတို့က မထိတ်လန့်ဘဲ ကိုယ့်တာဝန်ကိုယ်သာ ဆက်လုပ်ကြသည်။

‎

‎

‎

‎

‎

‎

All Chapters