← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း-(၁၉၀)

‎

‎

‎

‎ချင်လူဇီက အသစ်ရောက်လာသူများကို ကြည့်ကာ သူ့မြေပုံကို စစ်ကြည့်လိုက်တယ်။ သူတို့အားလုံးက စွမ်းအင်အသုံးပြုသူတွေဖြစ်နေကြတာကိုမြင်တော့ သူကရှေ့ကိုလှမ်းသွားပြီး "ဒီနေရာကို ယူပြီးသွားပါပြီ။ တခြားတစ်နေရာကို သွားလို့ရတယ်" လို့ ပြောလိုကါတယ်။

‎

‎

‎အဖွဲ့ထဲက လူငယ်တစ်ယောက်က အနားကိုလျှောက်လာပြီး "အစ်ကို ၊ ဒါက သူဌေးလင်း" လို့ပြောလာတယ်။

‎

‎

‎"ဒါဆို" ချင်လူဇီက မျက်ခုံးပင့်ကာ မေးသည်။

‎

သူဌေးလင်း က သူတို့ရဲ့ အသွင်အပြင်နဲ့ ကိုယ်လုံးကိုယ်ပေါက်က သာမာန်လူတွေနဲ့ မတူတာကို သတိပြုမိတယ်။ "အစ်ကို ၊ မင်းဆီမှာ စားစရာနှင့် ရေရှိမရှိ မေးချင်တယ် ၊ မင်းဆီက ဝယ်လို့ရလား"

‎

‎

‎ရိက္ခာဝယ်ရန် သူတို့လာသည်ဟု ကြားသောအခါ ချင်လူဇီက ရှန်းကျင်းဇီဘက်လှည့်ပြီးပြောလိုက်တယ် "ကျင်းဇီ၊ ကပ္ပတိန်ဆီသွားပြီး အကြောင်းကြားလိုက်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎ရှန်းကျင်းဇီ ထွက်သွားပြီးနောက်တော့ ချင်လူဇီက " မင်းဒီမှာစောင့်နိုင်ပါတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎သူဌေးလင်းက ခေါင်းညိတ်ပြပြီး သူ့အဖွဲ့သားတွေကို မျက်လုံးတွေနဲ့ အချက်ပြလိုက်တယ်။

‎

‎

‎သူတို့သည် ကမ္ဘာပျက်မတိုင်မီကဆိုရင် သာမန်လူများသာဖြစ်သည်။ သူတို့ရဲ့ စွမ်းရည်တွေ နိုးထလာပြီးနောက်မှာတောင် လူတွေကို မသတ်ဝံ့သေးပေ။

‎

‎

‎ပဋိပက္ခတွေကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တာက အကောင်းဆုံးပါပဲ။ ဒါကြောင့် သူတို့အထက်လူကြီးရဲ့ အချက်ပြမှုကို မြင်ပြီးတဲ့နောက်တော့ ဘယ်သူမှ ရူးရူးမိုက်မိုက်မလုပ်ရဲကြဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ကြပါတယ်။

‎

‎

‎ဆယ်မိနစ်လောက်ကြာတော့ ရှန်းကျင်းဇီက အရပ်မြင့်မြင့် ချောမောတဲ့ အမျိုးသားတစ်ယောက်နဲ့ အတူပြန်လာခဲ့တယ်။ သူ့ကိုမြင်သောအခါမှာပဲ သူက ကပ္ပတိန်ဖြစ်ရမည်ကို သူတို့သိလိုက်ကြတယ်။

‎

‎

‎"ကပ္ပတိန် ၊ ဒီလူတွေက ကျွန်တော်တို့ဆီကနေ ပစ္စည်းတွေဝယ်ချင်နေတယ်" ဟု ချင်လူဇီက ပြောသည်။

‎

‎

‎ကျင်းရွှီယန်းက သူတို့ကို ကြည့်ပြီးမေးလိုက်တယ် "မင်းက ငါ့အဖွဲ့ဆီမှာ ပစ္စည်းတွေဝယ်ချင်တာလား"

‎

‎

‎သူဌေးလင်းက ခေါင်းညိတ်ပြီး “အစ်ကို၊ ကျွန်တော်တို့က ပေါက်ဈေးရဲ့သုံးဆလောက်အထိ ပေးချေဖို့ ဆန္ဒရှိတယ်” လို့ပြောလိုက်သည်။

‎

‎

‎

‎

‎ဒါကိုကြားတော့ ရှန်းကျင်းဇီက မေးလိုက်တယ် "လက်ရှိအခြေအနေမှာ ပိုက်ဆံတွေကိုလိုချင်နေတုန်းလို့ မင်းထင်တာလား"

‎

‎

‎သူဌေးလင်းက သူ့စကားက မိုက်မဲမှန်းကိုသိပြီး “ဒါဆို အစားအသောက်ကို ဘာနဲ့ လဲလှယ်ချင်လံ” လို့ မေးလိုက်တယ်။

‎

‎

‎"အမြုတေတွေ" ကျင်းရွှီယန်းက ပြန်ဖြေသည်။

‎

‎

‎သူ့စကားကိုကြားတော့ သူဌေးလင်းနဲ့ သူ့အဖွဲ့ဟာ သူ့ကျောပိုးအိတ်ထဲက အိတ်ငယ်လေးကို မထုတ်ခင် ခဏလောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသေးတယ်။

‎

‎

‎အိတ်ငယ်လေးကိုဖွင့်ကာ ပစ္စည်းတွေကိုပြပြီး "အစ်ကို၊ ဒါက မင်းလိုချင်တာလား"လို့ မေးတယ်။

‎

‎

‎ အတွင်းမှ ပစ္စည်းများကို ကြည့်ကာ ရှန်းကျင်းဇီက ခေါင်းညိတ်ပြီး "ဟုတ်တယ်" ဟု ပြန်ဖြေသည်။

‎

‎

အတည်ပြုချက်ကို ရရှိတော့ သူဌေးလင်းနှင့်အဖွဲ့ဟာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။ ဖုတ်ကောင်များကိုသတ်ပြီးနောက်တွင် ဤကျောက်ခဲများကို တွေ့ရှိခဲ့ကြသည်။ လုပ်ဆောင်ချက်ကို မသိကြသော်လည်း ကျောက်ခဲများကို သိမ်းဆည်းခဲ့ကြသည်။

‎

‎

‎ဤကျောက်ခဲများက အဖိုးတန်ပြီး အစားအစာအတွက် လဲလှယ်နိုင်မည်ဟု သူတို့ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါ။ သူတို့သာသိခဲ့လျှင် အပြင်ထွက်ပြီး ဖုတ်ကောင်များကို သတ်ပစ်ကြမည်ဖြစ်သည်။

‎

‎

‎"အစ်ကို ၊ ဒီ အမြုတေပမာဏနဲ့ဆို ကျွန်တော်တို့ အစာဘယ်လောက်ရနိုင်လဲ"လို့ သူဌေးလင်းက မေးသည်။

‎

‎

‎ကျင်းရွှီယန်း ခဏလောက်စဉ်းစားပြီးမှ "ငါ့ချစ်သူကို အရင်မေးရမယ်" လို့ပြောလိုက်တယ်။

‎

‎

‎ထိုစကားကိုချန်ထားပြီးနောက်တော့ သူလှည့်၍ အထဲသို့ဝင်သွားတာကာ သူဌေးလင်း နှင့် သူ့အဖွဲ့ကို အံသြသွားစေတယ်။

‎

‎

‎ကပ္ပတိန်က ဆုံးဖြတ်ချက်ချနိုင်မယ်လို့ သူတို့ထင်ခဲ့တယ်။ တစ်ကယ်တော့ ရာထူးကြီးကြီး ကိုင်ထားရင်တောင် သူ့ချစ်သူရဲ့စကားကို သူနားထောင်နေရတုန်းပဲ။

‎

‎

‎ အမျိုးသမီးများက အမှန်တကယ်ပင် အန္တရာယ်ရှိသောလူများဖြစ်ကြောင်းကို အကြည့်ချင်းဖလှယ်ကာဆုံးဖြတ်ခဲ့ကြသည်။ ဒီလိုဖရိုဖရဲခေတ်မှာ သာယာတဲ့ဘဝကို ပိုင်ဆိုင်ချင်ရင် အမျိုးသမီးတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။

‎

‎

‎သိပ်မကြာခင်မှာပဲ ကျင်းရွှီယန်းဟာ ကျိူးလီဇီနဲ့ အတူ ပြန်လာခဲ့ပါတယ်။ အပြင်ဘက်က လူတစ်စုကိုတွေ့လိုက်တဲ့အခါမှာ ကျိူးလီဇီက အံ့အားသင့်သွားပြီး သူမရဲ့မျက်လုံးတွေလည်း လင်းလက်လာကာ အတိတ်ဘဝကအမှတ်တရများက သူမစိတ်ထဲမှာ တ်ိုးဝင်လာသည်။

‎

‎

အ‎ရှေ့တွင်ရပ်နေသောလူမှာ သူမရဲ့အတိတ်ဘဝက အဖွဲ့ ကပ္ပတိန်ဟောင်းဖြစ်သည်။

‎

‎

‎

‎ ဤမျှ ခပ်ငယ်ငယ်အရွယ်နှင့် ဆုံတွေ့ရန် သူမ မမျှော်လင့်ခဲ့ပေ။ ကျင်ဝူမြို့ကိုသွားလျှင် သူနှင့်တွေ့နိုင်မည်ဟု သူမထင်ခဲ့သည်။

‎

‎

‎သူရဲ့အာ့ဇီက မျက်တောင်မခတ်ဘဲ လူလတ်ပိုင်းအရွယ်လူကို စိုက်ကြည့်နေတာကို သတိပြုမိတာကြောင့် ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ကာ သူမရဲ့လက်ကို ညှစ်လိုက်တယ်။

‎

‎

‎သူမရဲ့အာရုံများ ပြန်ရောက်လာသောအခါမှ ကျိူးလီဇီက သူ့ကိုလှည့်ကြည့်လိုက်တော့ သူမကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ သူ မပျော်ဘူးဆိုတဲ့ အကြည့်နဲ့။

‎

‎

‎သူမကပြုံးပြီး အနားကို တိုးကပ်သွားကာပြောပြသည် "အစ်ကိုယန်း အဲဒီလူက အရင်ဘဝက ကျွန်မတို့အဖွဲ့ရဲ့ကပ္ပတိန်ပဲ"

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ပြီး ပြန်ပြောတယ် "မင်းရဲ့ကပ္ပတိန်က လူငယ်မဟုတ်ဘူးလား"

‎

‎

‎သူ့ရဲ့ချဉ်နေတဲ့လေသံကို သတိပြုမိတာကြောင့် ကျိူးလီဇီက ဂရုတစိုက်ပြောလိုက်တယ်"အဲဒီလူက ကျွန်မရဲ့ ဒုကပ္ပတိန်ပဲ။ ကျွန်မရဲ့ကပ္ပတိန်က ကျွန်မကို သန္ဓေပြောင်းတိရစ္ဆာန်ဘေးကနေ ကယ်တင်ဖို့ သူ့အသက်ကို စတေးပြီး အဖွဲ့ကို လွှဲပြောင်း ပေးခဲ့တာ"

‎

‎

‎"လူတိုင်းက ကျွန်မကို အပြစ်တင်တဲ့အတွက် အဖွဲ့ဝင်တွေက ကျွန်မကို ဝိုင်းပယ်ခဲ့ကြတယ်။ ဒီတော့ ကျွန်မရဲ့ ဒုကပ္ပတိန်က ကျွန်မကို သနားတဲ့အတွက် ကောင်းကောင်းဆက်ဆံတယ်။ ကျွန်မတို့မှာ အချစ်ရေးပတ်သက်မှု လုံးဝမရှိပါဘူး"

‎

‎

‎ဒါကိုကြားပြီးနောက်တော့ ကျင်းရွှီယန်းရဲ့အမူအရာက တိုးတက်လာပြီး "ဒီဘဝမှာတော့ သူက မင်းကိုမသိဘူး။ ဒါကြောင့် မင်းရဲ့အပြုအမူတွေကို သတိထားသင့်တယ်"လို့ သူမကို သတိပေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီက ပြုံးပြီး "သိပါတယ်" လို့ ပြန်ဖြေတယ်။

‎

‎

‎တီးတိုးပြောပြီးသောအခါမှ သူတို့ပြန်ထွက်လာကြသည်။ သူတို့လာနေတာကိုမြင်တော့ သူဌေးက ပြုံးပြီး "ရဲဘော်၊ ဘယ်လိုလဲ ၊ မင်းရည်းစားနဲ့ ဆွေးနွေးပြီးပြီလား" လို့ မေးတယ်။

‎

‎

‎ကျင်းရွှီယန်းက သူမကို မိတ်ဆက်ရာတွင်သူ့ရည်းစားအဖြစ် အသုံးပြုလေ့ရှိသောကြောင့် သူမက ခေါင်းစဉ်အတွက် စိတ်ထဲမထားပေ။ အဲဒီအစား သူမက အရင်ဘဝက အဖွဲ့ရဲ့ကပ္ပတိန်ဟောင်းဖြစ်သူကို ကြည့်ပြီး "ရဲဘော်၊ မင်းက ဒီမွေးမြူရေးခြံရဲ့ပိုင်ရှင်ဆိုတာ ကျွန်မကြားတယ်" လို့ပြောလိုက်တယ်။

‎

‎

‎သူဌေးလင်း က ခေါင်းညိတ်ပြီး သက်ပြင်းချကာပြန်ဖြေတယ် "ကျွန်တော်ပါ ၊ ကံဆိုးစွာနဲ့ပဲ တိရစ္ဆာန်တွေက ရောဂါနဲ့ သေသွားတော့ ဘာမှ မကျန်တော့ဘူး"

‎

‎

‎"ရဲဘော်၊ မင်းက ဒီနေရာရဲ့ပိုင်ရှင်ဆိုတော့၊ ဆန်ဆယ်ကီလိုဂရမ်နဲ့ လဲလှယ်ဖို့ အမြုတေတစ်လုံးကို သုံးလို့ရတယ်" ဟု ကျိူးလီဇီကဆိုသည်။

‎

‎

‎သူမ ဒီလိုပြောလိုက်တော့ ချင်လူဇီ နှင့် ‎ရှန်းကျင်းဇီ အပါအဝင် လူတိုင်းက အံ့ဩသွားကြတယ်။ အမြုတေက အဖိုးတန်ကြောင်း သူတို့သိသော်လည်း ဒီလောက် အစားအစာနဲ့တော့ လဲလှယ်၍မရနိုင်ပါ။

‎

‎

‎သံသယတွေရှိပေမယ့် နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောကြဘူး။ သူတို့ခယ်မရဲ့ စကားကို ကပ္ပတိန်က တိတ်တဆိတ်သဘောတူတဲ့အတွက် သူ့ကို ယုံကြည်ဖို့ပဲလိုတယ်။

‎

‎

‎"ရဲဘော် ၊ ကျွန်တော်တို့က ဆန်ဆယ်ကီလိုဂရမ်ကို အမြုတေတစ်လုံးနဲ့ လဲလှယ်လို့ရမှာ သေချာလား" သူဌေးလင်းရဲ့ အနားက လူငယ်ကမေးလာတယ်။

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြီး " ရေနဲ့ လဲလှယ်ချင်ရင် အမြုတေတစ်ခုအတွက် ရေငါးဂါလံကို ရနိုင်တယ်" လို့ ပြန်ဖြေတယ်။

‎

‎

‎ဒီတစ်ခါမှာတော့ သူဌေးလင်းနှင့်သူ့အဖွဲ့ဟာ အရမ်းပျော်နေတာကြောင့် ကခုန်လိုက်ချင်ကြတယ်။ အစားအသောက်နဲ့ ယှဉ်ရင် ရေက ပိုရဖို့ခက်တယ်။ တွင်းထွက်ရေက အကန့်အသတ်နဲ့ရှိပြီး ရေအရင်းအမြစ်များက ညစ်ညမ်းနေပြီဖြစ်သည်။

‎

‎

‎

‎

အခန်း-(၁၉၁)

‎

‎

‎ သူဌေးလင်းနှင့် သူ့အဖွဲ့ဟာ ခဏအကြာငြိမ်သက်သွားသည်။ လူငယ်က သူ့အမြုတေတွေကို အမြန်ထုတ်ပြီး "သူဌေး၊ ဒါတွေအားလုံးက ကျွန်တော်ရဲ့အမြုတေတွေပဲ အစားအသောက် ၊ ရေနဲ့ လဲလှယ်ရအောင်" လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုမြင်တော့ တခြားလူသုံးယောက်ကလည်း သူတို့ရဲ့ အမြုတေတွေကို ထုတ်ပြီး သူဌေးဆီအပ်လိုက်တယ်။ သူဌေးလင်းက ခေါင်းညိတ်ပြပြီး "ကောင်းပြီ" ဟုပြောသည်။

‎

‎

သူတို့ဟာ ဖုတ်ကောင်အများအပြားကို သတ်ဖြတ်ခဲ့ကြသော်လည်း အမြုတေရရှိနှုန်းက အကန့်အသတ်နဲ့ရှိသည်။ ယခုအချိန်တွင် သူတို့၌ အမြုတေ ၃၇ ခုသာရှိသည်။ အချိန်အတော်ကြာ ဆွေးနွေးပြီး နောက်ဆုံးတော့ သဘောတူညီမှု ရရှိသွားသည်။

‎

‎

‎သူဌေးလင်းက ကျိူးလီဇီကိုကြည့်ပြီး "ရဲဘော်၊ ကျွန်တော်တို့မှာ အမြုတေ၃၇ လုံးရှိတယ်။ အဲဒါတွေကို ဆန် ၂၅၀ ကီလိုဂရမ်၊ ရေဂါလံ ၆၀ နဲ့ လဲလှယ်ချင်တယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။

‎

‎

‎"ကျင်းဇီ ၊ ဖုန်းယွင်ကိုခေါ်လိုက်" လို့ ကျင်းရွှီယန်းကပြောသည်။

‎

‎

‎"ဟုတ်ကဲ့ ကပ္ပတိန်"

‎

‎

‎သိပ်မကြာခင်မှာပဲ ဖုန်းယွင်က ရောက်လာပြီး "ကပ္ပတိန်၊ မင်းကျွန်တော်ကိုရှာနေတာလား" လို့မေးတယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ဆန် 250 ကီလိုဂရမ်နှင့် ရေဂါလံ 60 ကို ယူထုတ်လိုက်"လို့ ပြောတယ်။

‎

‎

‎ဖုန်းယွင်က ခေါင်းညိတ်ပြီး သူ့လက်ကိုဝှေ့ယမ်းလိုက်တာနဲ့ ဆန်နှင့်ရေတွေပေါ်လာတယ်။ ကျင်းရွှီယန်းရဲ့ နောက်ကိုလိုက်ရန် ဆုံးဖြတ်ပြီးကတည်းက သူသည် အသင်းခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကို မည်သည့်အခါမျှ မေးခွန်းမထုတ်ခဲ့ပေ။ သူ့ရဲ့အောက်စည်းကို မကျော်သရွေ့တော့ အမိန့်ကို မဆိုင်းမတွ လိုက်နာမှာပါ။

‎

‎

‎သူဌေးလင်း နဲ့ သူ့လူတွေဟာ ဆန်နှင့်ရေကိုမြင်တော့ စိတ်လှုပ်ရှားသွားတယ်။ ခဏအကြာမှ သူတို့ထဲက တစ်ယောက်ကမေးတယ် “သူဌေး၊ အခု ကျွန်တော်တို့မှာ စားစရာနှင့်ရေရှိနေပြီ ဒီနေရာကထွက်သွားမလား”

‎

‎

‎သူဌေးလင်းက ခေါင်းညိတ်ပြီး "ငါတို့ ဒီမှာပဲ့ ထာဝရနေလို့မရဘူး။ အပြင်က အခြေအနေတွေသိအောင်လုပ်ပြီး အစီအစဉ်ဆွဲရမယ်" လို့ ပြန်ဖြေတယ်။

‎

‎

‎သူ့ရဲ့စကားကြားကိုတော့ အားလုံးက ခေါင်းတညိတ်ညိတ်နဲ့လက်ခံကြပြီး “ဒီနေရာက ထွက်သွားရင် ကျွန်တော်တို့လိုက်မယ် သူဌေး”လို့ ပြောတယ်။

‎

‎

‎"ကောင်းပြီ ငါအရင်ဆုံး ကားရှာလိုက်အုံးမယ်။ မင်းတို့လေးယောက်က ငါ့ကို စောင့်နေ" လို့ သူဌေးလင်းက ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎

‎အရောင်းအဝယ်တွေပြီးသွားတော့ ကျင်းရွှီယန်းက ကျိူးလီဇီကို ဂိုဒေါင်ထဲဆွဲသွင်းပြီး အာ့ဇီ သူ့ကိုကူညီဖို့စဉ်းစားနေတာလား" လို့မေးတယ်။

‎

‎

‎ကျိူးလီဇီက ခေါင်းခါပြီးပြောတယ် "အရင်က ကျွန်မကြောင့် သေသွားခဲ့တာ။ ကျွန်မသာမရှိရင် သူက သန္ဓေပြောင်းတိရစ္ဆာန်တွေကြောင့် သေမှာမဟုတ်ဘူး။ သူ အသက်ရှင်နိုင်လိမ့်မယ်"

‎

‎

‎သူမက လူအုပ်စုကို လှည့်ကြည့်လိုက်ပြီးဆက်ပြောတယ် "အဲဒီပစ္စည်းတွေနဲ့ဆို သူတို့ဒီနေရာကနေ ထွက်သွားပြီး တာနဲ့အသက်ရှင်ကျန်ရစ်သူ စခန်းကိုရောက်နိုင်သင့်တယ်။ ဒီတစ်ခါမှာတော့ ကျေးဇူးကန်းတဲ့လူတွေအတွက်နဲ့ သူသေရမှာ မဟုတ်တော့ဘူး"

‎

‎

‎ထိုလူလေးယောက်ကို သူမ မတွေ့ဖူးသော်လည်း သူမရဲ့ကပ္ပတိန်ဆီမှ သူတို့အကြောင်းကို သိခဲ့ရတယ်။ ၎င်းတို့လေးဦးဟာ အသက်ရှင်ကျန်ရစ်သူများကို ကာကွယ်ရန်အတွက် အနောက်မှာချန်နေခဲ့၍ သေဆုံးသွားကြသည်။

‎

‎

‎ဒုတိယမိုးရွာပြီးနောက်တွငါ တိရစ္ဆာန်များက လုံးဝသန္ဓေပြောင်းလဲသွားမှာဖြစ်ပြီး ဤမွေးမြူရေးလုပ်ငန်းဧရိယာတွင် နေထိုင်ခြင်းက သားရဲတွင်း၌ နေခြင်းနှင့် ညီမျှသည်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများနှင့် ကပ္ပတိန်တို့ကလွတ်မြောက်နိုင်ခဲ့ချိန်တွင် ၎င်းတို့လေးဦးကတော့ ကျန်သူများကိုကာကွယ်ရန်အတွက် တိရစ္ဆာန်များကို လှည့်စားကာ နောက်ချန်ခဲ့လို့ တိရစ္ဆာန်များရဲ့အစာအစားဖြစ်သွားကြသည်။

‎

‎

‎ဒီဘဝမှာတော့ သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်လို့ သူမမျှော်လင့်တယ်။

‎

‎

ပစ်ကပ်ထရပ်ကားကို ရှာတွေ့ပြီးနောက်တွင် ‎သူဌေးလင်းနှင့်သူ့အဖွဲ့ဟာ အစားအသောက်နှင့် ရေများကို ကောင်းစွာတင်ဆောင်ပြီး ထွက်ခွာသွားကြသည်။ နတ်ဆိုးအဖွဲ့ကတော့ မနက်ဖြန်မထွက်ခွာခင်မှာ တစ်ရက်လောက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

‎

‎

‎အဖွဲ့ဝင်များက ဒဏ်ရာရသူများကို ကုသပေးပြီး ရိက္ခာရေးပစ္စည်းများနှင့် ရေများဝေငှပေးနေစဉ်တွင် ကျိူးလီဇီကတော့ ထောင့်တစ်နေရာတွင်ထိုင်ကာ သူမရဲ့နေရာလွတါကို စစ်ဆေးခဲ့သည်။

‎

‎

‎မြက်ခင်းပြင်တွင် မျိုးပြောင်းအပင်များကို ပြန်လည်စိုက်ပျိုးပြီးတဲ့နောက်တော့ ၎င်းတို့ရဲ့ကြီးထွားမှုက နှေးကွေးသွားသည်။ အဲဒါကြောင့် လယ်မြေအတွင်းရှိ အနက်ရောင်မြေဆီလွှာတွင် အာဟာရဓာတ်ပိုကောင်းလာပြီး သီးနှံများ ကြီးထွားမှုတို့ကို အရှိန်မြှင့်နိုင်သည်ဟု ကောက်ချက်ချခဲ့တယ်။

‎

‎

‎သူမပ အောက်ဆီဂျင်အဆင့်ကို စစ်ဆေးကြည့်တော့လည်း ရာခိုင်နှုန်းက တဖြည်းဖြည်း တိုးလာနေတာကို သတိပြုမိခဲ့သည်။

‎

‎

‎ သူမရဲ့နေရာလွတ်ရှိ တိရစ္ဆာန်များကို ပြန်လည်နေရာချနေစဉ်တွင် အော်သံကြောင့် လန့်သွားသည်။

‎

‎

‎"ငါ့သားကို ပြန်ပေးပါ"

‎

‎

‎မျက်လုံးဖွင့်ကြည့်လိုက်တော့ လေးလသားကလေးငယ်ကို ချီထားတဲ့ အဘွားကြီးအား ယောက်ျားတစ်စုကို သတ်ပစ်ခဲ့တဲ့ အမျိုးသမီးက စိုက်ကြည့်နေတာ မြင်လိုက်ရတယ်။

‎

‎

‎"ဒါ ငါ့မြေး။ သူက မင်းရဲ့သားမဟုတ်ဘူး" အဘွားကြီးက ပြန်ပြောသည်။

‎

‎

‎သက်ကြီးရွယ်အို ဇနီးမောင်နှံက ကလေးငယ်ရဲ့မျက်နှာကို မြင်ပြီးနောက်တွင် မြေးအဖြစ် အသိအမှတ်ပြုခဲ့သည်။

‎

‎

အမျိုးသမီးရဲ့ အမေကလည်း "သူက ငါ့မိသားစုရဲ့မြေးပဲ။ ရဲဘော် ၊ မင်းက ငါ့မြေးကို ပြန်ပေးဆွဲပြီး အခု ငါတို့ဆီ ပြန်ပေးဖို့လည်း ငြင်းနေတုန်းပဲ၊ ဒါမျိူး ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ"လို့ ပြောတယ်။

‎

‎

‎အဘွားကြီးက မျက်စောင်းထိုးပြီး “ဒါ ငါ့မြေးပါ” လို့ ခေါင်းမာမာနဲ့ ပြန်ပြောတယ်။

‎

‎

‎ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ကျင်းရွှီယန်း နှင့် ကျန်အဖွဲ့သားများက လျှောက်လာနေပြီဖြစ်သည်။ ကျိူးလီဇီ ရောက်ရှိလာသောအခါတွင် ထိုအမျိုးသမီး နိုးနေပြီဖြစ်တာကို သူမတွေ့လိုက်ရတယ်။ အားနည်းနေသေးသော်လည်း သူမရဲ့ပုံက စိုးရိမ်ပူပန်နေပုံရသည်။

‎

‎

‎သူမရဲ့အပြောအဆိုအရဆို သူမအမှန်အတိုင်းပြောနေတာလို့ ကျိူးလီဇီ ပြောနိုင်တယ်။ အဘွားကြီးကိုတော့ မျက်လုံးတွေကို မှေးပြီး လေ့လာလိုက်တယ်။

‎

‎

‎ခဏကြာတော့မှ သူမက အနားကို လျှောက်သွားပြီး "အဘွား၊ ဒီကလေးက မင်းရဲ့မြေးလို့ ပြောဖို့ သက်သေရှိလား" လို့ မေးလိုက်တယ်။

‎

‎

‎"ဘာလို့ သက်သေလိုရမှာလဲ၊ ဒီကလေးက ငါ့မြေးပါ"

‎

‎

‎ကျိူးလီဇီက အမျိုးသမီးဘက်သို့ လှည့်လာပြီး "အစ်မ ဒီကလေးက မင်းရဲ့သားဖြစ်ကြောင်း အထောက်အထားရှိလား" လို့ ထပ်မေးလိုက်တယ်။

‎

‎

‎အမျိုးသမီးက ခေါင်းညိတ်ပြီး "ကျွန်မရဲ့သားက ခါးမှာ မွေးရာပါ အမှတ်အသားရှိတယ်။ လခြမ်းနီလလို ပုံစံမျိူးပဲ" လို့ ပြန်ဖြေသည်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက ခေါင်းညိတ်ပြီးပြောတယ် "အဘွား၊ ဒီကလေးက မင်းရဲ့မြေး ဒါမှမဟုတ် ဒီအစ်မရဲ့သားဟုတ်မဟုတ်သိရဖို့ ကျွန်မတို့လုပ်ရမှာက သူ့ခါးကို စစ်ဆေးဖို့ပဲ။ မွေးရာပါအမှတ်မရှိရင် သူက မင်းပိုင်တယ်။ ရှိရင် သူက သူမရဲ့ ကလေးပဲ"

‎

‎

‎အားလုံးက သဘောတူပြီး ခေါင်းညိတ်ကြတယ်။

‎

‎

‎အဘွားကြီးကသာ ခေါင်းခါပြီး "အဲဒါကို လုပ်စရာ မလိုဘူး။ ဒီမိန်းမက ငါ့မြေးရဲ့ အနှီးကို ပြောင်းနေတာမြင်တယ်။ မွေးရာပါ အမှတ်အသားကို မြင်ဖူးတယ်"လို့ အသည်းအသန်ငြင်းသည်။

‎

‎

‎"ဒါဆို ကလေးမှာ မွေးရာပါ အမှတ်အသားရှိတယ်ပေါ့" ကျိူးလီဇီက ပြောလိုက်တယ်။

‎

‎

‎"အဘွား၊ မင်းမြေးရဲ့အနှီးတွေက ပြောင်းထားတာလို့ ပြောတယ်နော်။ သုံးပြီးသားတွေကရော ဘယ်မှာလဲ" ဟု သူမမေးတယ်။

‎

‎

သူမရဲ့မေးခွန်းကြောင့် ‎အဘွားကြီးကအံ့အားသင့်သွားပြီး "ငါက သူတို့ကို လွှင့်ပစ်လိုက်တယ်" ဟု ခပ်တိုးတိုးပြန်ဖြေသည်။

‎

‎

‎"သူတို့ကို ဘယ်မှာ ပစ်လိုက်တာလဲ" ကျိူးလီဇီက ထပ်မေးတယ်။

‎

‎

အကြည့်တွေကို ရှောင်ပြီး အဘွားကြီးက “မေ့သွားပြီ” ဟု ရေရွတ်သည်။

‎

‎

‎ကျိူးလီဇီက သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ "အဘွား၊ သုံးပြီးသား အနှီးတွေကိုသာ ကျွန်မတို့ကို ပြနိုင်ရင် မင်း လိမ်တာမဟုတ်ဘဲ ဒီအစ်မကသာ အပြစ်ရှိကြောင်းကို သက်သေပြနိုင်သွားလိမ့်မယ်"ဟု ပြောသည်။

‎

‎

‎

‎

‎

‎

‎အခန်း-(၁၉၂)

‎

‎ခေတ္တနားပြီးနောက်မှ ကျိူးလီဇီက ဆက်ပြောလိုက်တယ် " ရှင်ကမဖြစ်နိုင်ဘူးဆိုရင်တော့ ဒီကလေးရဲ့အနှီးကို ရှင်ဘယ်တော့မှ မပြောင်းခဲ့ဘူးပဲ။ ဒီအစ်မကလဲ မွေးရာပါအမှတ်ကို မမြင်နိုင်ဘူးလို့ ဆိုလိုတာပဲ။ ဒီအစ်မက သူ့အမေပဲဖြစ်ရမယ်၊ ဒါကြောင့်မွေးရာပါအမှတ်ကို သဘာဝကျကျပဲ သိလိမ့်မယ်"

‎

‎

‎သူမရဲ့မေးမြန်းမှုအောက်တွင် အဘွားအိုက နောက်ဆုံးတော့အော်ဟစ်ကာပြောဆိုလာတယ် "ငါက သူ့အဖွားမဟုတ်ပေမယ့် ငါက သူ့ကို ကောက်ယူပြီး ငါ့သွေးကိုတောင်ကျွေးခဲ့တယ်။ ဒါကြောင့် သူက ငါ့ရဲ့အပိုင်ပဲ၊ ဘယ်သူကမှ ငါ့ဆီကနေ ယူသွားလို့မရဘူး"

‎

‎

သက်ကြီး‎ဇနီးမောင်နှံနှင့် အမေဖြစ်သူတို့က အံ့ဩသွားကြသည်။ သူတို့က ကလေးပြန်ရဖို့ကိုပဲ အာရုံစိုက်ထားပြီး တခြားဘာမှမေးဖို့ကို မစဉ်းစားထားဘူး။ အခုလိုကြားသိရတော့ ကလေးကို အတင်းလုယူလို့ရပါ့မလား မသိတော့ဘူး။

‎

‎

‎နောက်အခိုက်အတန့်မှာ ဝိန့်ခိုင်က ရှေ့ကို တိုးလာပြီးပြောတယ် "ခယ်မ၊ ဒီအဘွားနှင့်ကလေးလေးကိုတွေ့တော့ သူမက အကာအကွယ်ပေးထားတယ်။ ပြီးတော့ သူမရဲ့သွေးကို တိုက်ကျွေးထားတဲ့ သဲလွန်စတွေကိုလည်း တွေ့လိုက်ရပါတယ်"

‎

‎

‎ကျိူးလီဇီက အဘွားအိုကို ကြည့်ပြီးပြောလိုက်တယ် "အဘွား၊ ရှင်က ကလေးရဲ့အသက်ကို ကယ်ခဲ့မယ်ဆိုရင်တောင် သူက မင်းရဲ့မြေးမဟုတ်ဘူး။ သူ့ကို သူ့မိသားစုဆီ ပြန်ပေးရမှာပဲ"

‎

‎

‎"သူနဲ့အတူ ဆက်ပြီးရှိနေနိုင်မလားဆိုတာကတော့ သူ့မိသားစုအပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် သူ့အမေဆီ ပြန်ပေးဖို့ ငြင်းဆန်တာကတော့ သူ့အတွက် မတရားပါဘူး။ သူက ကလေးလေးပဲရှိသေးတယ် သူ့အမေကို လိုအပ်တယ်"

‎

‎

‎သူမရဲ့စကားကြားတော့ အဘွားအိုက ခေါင်းငုံ့ပြီးငိုတယ် "တကယ်တော့ ငါ့မြေးက နတ်ဆိုးတစ်ကောင် ဖြစ်သွားပြီ။ ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပစ်လိုက်တယ်။ ဒီမြေးကို အဆုံးရှုံးမခံနိုင်ဘူး... ဒါမှမဟုတ်ရင် ငါသေလိမ့်မယ်"

‎

‎

‎သူမရဲ့စကားများကိုကြားတော့ ကျိူးလီဇီက မသနားတော့ပေ။ မိခင်နှင့်ကလေးကို ခွဲထားခြင်းက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်တစ်ခုဖြစ်သည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီအဘွားကြီးက ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး။

‎

‎

‎ကလေးပြန်မပေးသေးတဲ့အတွက် ကျိူးလီဇီက လမ်းလျှောက်လာပြီး အဘွားအိုလက်ထဲကနေ ဆွဲထုတ်လိုက်တော့ ကလေးက လန့်ပြီးငိုတယ်။

‎

‎

‎“ဝါး…ဝါး…”

‎

‎

‎ကျယ်လောင်စွာ ငိုကြွေးခြင်းမပြုမီတွင်ပဲ‎ ကျိူးလီဇီက သူမရဲ့အိတ်ကပ်ထဲမှ နို့သီးခေါင်းကို ဆွဲထုတ်ပြီး ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ကလေးက ချက်ချင်းငြိမ်သွားပြီး စုပ်စပြုလာတယ်။

‎

‎

‎

‎

‎"သူ့ကိုပြန်ပေးပါ" အဘွားအိုက ကျိူးလီဇီဆီ အော်ဟစ်ပြီး အပြေးသွားသည်။

‎

‎

‎ကျိူးလီဇီက တိုက်ခိုက်မှုကို ရှောင်လိုက်ပြီး "အစ်ကိုချင်၊ ဒီအဘွားနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ ထင်လား" လို့ မေးလိုက်တယ်။

‎

‎

‎ချင်လူဇီက ခေါင်းညိတ်ပြီး အေးစက်စွာပြောသည် "သူမမှာ ရောဂါပိုးရှိနေတယ်"

‎

‎

‎သူပြောသံကိုကြားတြော အားလုံးက ထိတ်လန့်တကြားနဲ့ နောက်ပြန်ဆုတ်သွားကြပြီး စောင့်ကြည့်နေဖို့ မဝံ့ရဲတော့ပါဘူး။

‎

‎

‎"ငါမကူးစက်ဘူး" အဘွားအိုက ထိတ်လန့်တကြား ပြန်ပြောသည်။

‎

‎

‎ဒီစကားကိုပြောပြီးတာနဲ့ သူမရဲ့လက်ကောက်ဝတ်က ခြစ်ရာလေးတစ်ခုတွေ့တော့ အံ့ဩသွားတယ်။ ခြစ်ရာတစ်ဝိုက်ရှိ အသားများက နီမြန်းနေပြီး ပုပ်စပြုလာသည်။ သူမ ဒဏ်ရာရခဲ့တုန်းက အချိန်ကိုမှတ်မိဖို့ကြိုးစားလိုက်တယ်။ ခဏအကြာတွင် သူမ ခါးသီးစွာ ရယ်မောလိုက်သည်။

‎

‎

‎အစောပိုင်းက သူမသည် ဤလူများနှင့် လယ်လုပ်သူတို့ရဲ့ စကားပြောဆိုမှုကို ခိုးနားထောင်ရန် ထွက်သွားခဲ့တယ်။ ပြန်လာတော့ သူမရဲ့လက်ကောက်ဝတ်မှာ အကုတ်ခံရတာကို ခံစားရပေမယ့် လျစ်လျူရှုခဲ့တယ်။

‎

‎

‎သေးငယ်သောတုတ်က သူမအတွက် သေဒဏ်ဖြစ်စေသည်ကို သူမ နားမလည်ခဲ့ပါ။ အကယ်၍ သူမသာခိုးကြောင်ခိုးဝှက် မသွားခဲ့ပါက သူမက ကုတ်ခြစ်ခံရလိမ့်မည်မဟုတ်သလို ကူးစက်ခံရလိမ့်မည်လည်းမဟုတ်ပေ။ နောက်ဆုံးတော့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမကိုယ်တိုင်ပဲလုပ်ခဲ့တာ။

‎

‎

‎သူမက ခေါင်းကိုမော့ပြီး "သတ်ပါ ၊ ငါက ဘီလူးမဖြစ်ချင်ဘူး" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက ပြန်ပြောတယ် "အဘွား ၊ အခုသေချင်နေတာ သေချာလား ၊ဘယ်သူသိမလဲ မင်း အသက်ရှင်ဖို့ အခွင့်အရေးရှိနိုင်သေးတာလည်းဖြစ်မှာပဲ"

‎

‎

‎အဘွားအိုက ခေါင်းယမ်းပြီး "ငါ့သား၊ ချွေးမနှင့်မြေးတွေ အားလုံးကသေကုန်ပြီ၊ ငါ့ကိုတစ်ယောက်တည်း ဒီကမ္ဘာမှာထားခဲ့ကြပြီလေ ငါလည်းပင်ပန်းနေပြီ။ အခုပဲ အနားယူချင်တယ်"လို့ ပြောလိုက်တယ်။

‎

‎

‎

‎ကျိူးလီဇီက သူမကို အချိန်အတော်ကြာအောင် ကြည့်နေပြီးမှ "ဒါဆို မင်းဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်" လို့ ပြောလိုက်တယ်။

‎

‎

‎အဘွားအိုက ကျိူးလီဇီရဲ့လက်နှစ်ဖက်ထဲက ကလေးကို ကြည့်ပြီးပြောတယ် "ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပါ"

‎

‎

‎

‎ကျိူးလီဇီက ကလေးငယ်ကို အမျိုးသမီးထံ ပြန်အပ်လိုက်ပြီး "သူ့မှာ ပြုစုစောင့်ရှောက်ဖို့ သူ့မိသားစုရှိတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ အဘွားအိုက ခပ်ဖျော့ဖျော့ ပြုံးပြီး ခေါင်းညိတ်တယ် "မင်းပြောတာ မှန်တယ်"

‎

‎

အဘွားအိုထံကို ‎ကျိူးလီဇီလျှောက်သွားသောအခါမှာ နတ်ဆိုးအဖွဲ့သားများက သူမကို အလိုလို တားဆီးရန် ကြိုးစားကြသည်။ သို့သော် သူတို့စကားမပြောမီတွင်ပဲ သူတို့ကပ္ပတိန်က သူတို့ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ဒါကိုမြင်တော့ သူတို့ မတ်တပ်ရပ်ပြီး စောင့်ကြည့်နေရုံပဲတတ်နိုင်တော့တယ်။

‎

‎

‎ကျိူးလီဇီက အဘွားအိုရဲ့ရှေ့မှာ ထိုင်ချလိုက်ပြီး "အဘွား၊ မင်းမျက်လုံးတွေကိုမှိတ်ထားလိုက်။ နိုးလာတဲ့အခါကြရင် အားလုံးအဆင်ပြေသွားမှာပါ"လို့ ပြောတယ်။

‎

‎

‎အဘွားအိုက ပြုံးပြီး တိုးတိုးလေးပြောသည် "ကျေးဇူးတင်ပါတယ်"

‎

‎

‎ကောင်မလေးက သူမကိုလိမ်နေမှန်း သူမသိတယ်။ သူမက မကြာခင် ဘီလူးတစ်ကောင် ဖြစ်လာတော့မယ်လေ ဘယ်ဘိုလုပ်ပြီး အဆင်ပြေမီာလည်း။ ဒါကို သူမသိရင်တောင်မှ သက်ပြင်းရှည်ကြီးထုတ်ပြီး မျက်လုံးကိုမှိတ်ထားဆဲပါ။

‎

‎

‎ကျိူးလီဇီက အဘွားအို နဖူးပေါ်မှာ လက်နှစ်ချောင်းကိုတင်ပြီး သူမရဲ့စွမ်းအင်များကို အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲသို့ ပို့ဆောင်လိုက်သည်။ သူမရဲ့စွမ်းအင်များက အဘွားအိုရဲ့ သွေးကြောများထဲသို့ ဝင်ရောက်လာသောအခါတွင်ပဲ အဘွားအိုရဲ့ ခန္ဓာကိုယ်အနှံ့မှာရွေ့လျားပြီး အာရုံကြောများကို ဖိထားသည့် ဆံပင်ကဲ့သို့ပါးလွှာသော အပ်တစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

‎

‎

‎ရုတ်တရက် အဘွားကြီးက မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်သွားသည်။

‎

‎

‎ဒါကိုမြင်တော့ ကျိူးလီဇီက ဓားမြှောင်ကိုထုတ်ယူပြီး အဘွားအိုရဲ့ လက်ကောက်ဝတ်က ပုပ်နေတဲ့ အသားတွေကို ဂရုတစိုက် လှီးဖြတ်လိုက်ပါတယ်။ ဒဏ်ရာကိုလည်း ကန်ရေနဲ့ ဆေးပြီး ဆေးလိမ်းပေးကာ အိတ်ကပ်ထဲက ရေသန့်ဘူးသေးသေးလေးကို ထုတ်လို့ နောက်ထပ်ကန်ရေကိုလည်း တိုက်ကျွေးခဲ့ပါတယ်။

‎

‎

‎အဲဒီနောက်မှာတော့ သူမက သူမရဲ့စွမ်းအင်တွေကို အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကိုထဲ ပြန်လည်ပို့ဆောင်ပြီး အပ်ကို အာရုံကြောများမှတစ်ဆင့် ဒဏ်ရာဆီသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ထို့နောက် သူမက စွမ်းအင်တွေကို ပါးလွှာသော အမြှေးပါးအဖြစ် ပြောင်းလဲကာ ကူးစက်ခံထားရသော ဧရိယာတစ်ဝိုက်တွင် ဖုံးအုပ်ထားလိုက်သည်။

‎

‎

‎ဤနည်းလမ်းက အလုပ်ဖြစ်မည်လားဆိုတာကို သူမ မသိသော်လည်း ခေါင်းဆောင်တစ်ဦးရဲ့အသက်ကို ကယ်တင်ရန် အလားတူနည်းလမ်းကိုတစ်ကြိမ် အသုံးပြုခဲ့တဲ့ ကုသပေးသူတစ်ဦး အကြောင်းကို သူမကြားဖူးသည်။

‎

‎

‎မတ်တပ်ထရပ်ပြီး အမျိုးသမီးဘက်လှည့်ကာပြောလိုက်တယ် "အစ်မ ၊ ဒီအဘွားက အရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ မင်းသားရဲ့အသက်ကို ကယ်ခဲ့တယ်၊ ဒါကြောင့် ကျေးဇူးပြန်ဆပ်ရမယ်"

‎

‎

‎"သူမအတွက် ဆေးဝါး၊ အစာနဲ့ ရေ ပေးမယ်။ နောက်ပိုင်းမှာ သူမရဲ့ ကိုယ်အပူချိန်ကိုစစ်ဆေးပေးပြီး အခြေအနေကို စောင့်ကြည့်ဖို့လိုလိမ့်မယ်။ သူမမှာ ရေဓာတ်ပြည့်ဝနေဖို့ သေချာအောင်လုပ်ပါ။ ပုပ်သွားတဲ့ လက္ခဏာတစ်ခုခု တွေ့ရင်တော့ ချက်ချင်း အကြောင်းလာကြားပေး"

‎

‎

‎

‎

‎

‎

All Chapters