← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း-(၁၉၃)

‎

‎

‎ကျိူးလီဇီရဲ့စကားကိုကြားတော့ အမျိုးသမီးက ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ ပြန်ဖြေသည်။

‎

‎

‎အဘွားအိုက ရုတ်တရက်ကြီး ဘီလူးတစ်ကောင် ဖြစ်သွားမှာကို စိုးရိမ်နေတဲ့ အဖေဖြစ်သူအဘိုးအိုက "သမီးလေး၊ မင်း မလုပ်သင့်ဘူး"လို့ ဖျောင်းဖျတယ်။

‎

‎

‎သူ့စကားမဆုံးခင်မှာပဲ အမျိုးသမီးကပြောလိုက်တယ် "ဖေဖေ၊ ဒီညီမပြောတာ မှန်ပါတယ်။ ဒီအဖွားကို အကြွေးတင်ထားလို့ ပြန်ဆပ်ရမှာပေါ့"

‎

‎

‎သူ့သမီးရဲ့ ဆုံးဖြတ်ချက်ချထတဲ့အကြည့်ကို တွေ့လိုက်ရာတော့ အဖိုးအိုက သက်ပြင်းသာချလိုက်ပြီး "သတိထားပါ" ဟုဆိုသည်။

‎

‎

‎"ကောင်းပါပြီ"

‎

‎

‎သားဖြစ်သူကို နမ်းပြီးနောက် အဘွားအိုအား ပြုစုစောင့်ရှောက်ရန်အတွက် ကလေးကို မိခင်ထံ လွှဲပြောင်းပေးခဲ့သည်။

‎

‎

‎ကျိူးလီဇီက ရှောင်ချီဘက်လှည့်ပြီး "ရှောင်ချီ သူတို့ကို ဆေး၊ အစာနှင့်ရေတွေ ပေးဖို့အတွက် မင်းကို ငါ ဒုက္ခပေးရလိမ့်မယ်" လို့ပြောလိုက်တယ်။

‎

‎

‎"မရီး ရပါတယ်" ရှောင်ချီက ပြုံးပြီး ပြန်ပြောသည်။

‎

‎

‎စစ်သားဟောင်းတစ်ဦးအနေဖြင့် သူဟာလည်း အပြစ်မဲ့ပြည်သူများ မလိုအပ်ဘဲ သေဆုံးနေတာကို မုန်းတီးသည်။ ထို့ကြောင့် ကျိူးလီဇီက အဘွားအိုကို ကယ်တင်ရန် အကောင်းဆုံးလုပ်ဆောင်နေတာကို တွေ့လိုက်ရသောအခါတွင် သူ အံ့အားသင့်သွားတယ်။

‎

‎

‎ကျိူးလီဇီအတွက်တော့ အဘွားအိုက ယုတ္တိမတန်သော်လည်း၊ သူမက လူဆိုးမဟုတ်ပေ။ ကလေးကို ကာကွယ်ဖို့ သူမရဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသခဲ့ပါတယ်။

‎

‎

‎ထို့ကြောင့် အဘွားအိုက ရှင်သန်ရန် အခွင့်အရေးနှင့် ထိုက်တန်သည်။ သူတို့ရဲ့စကားဝိုင်းကို ခိုးနားထောင်ခြင်းဖြင့် သူမက အသက်ရှင်နိုင်ရန် ကြိုးစားတာပါ။ အဲဒါက ဘာမှ မမှားဘူး။

‎

‎

‎သူတို့က ဂိုဒေါင်တွင် တစ်ညတာတည်းခိုခဲ့ပြီး နောက်တစ်နေ့မနက် နေထွက်ချိန်တွင် အဘွားကြီးရဲ့အရေပြားများက ပြာနေတာကို သတိပြုမိသလို အသားတွေပုပ်နေတာဟာလက်ကောက်ဝတ်ဆီကနေ သူမရဲ့လက်မောင်းအထိ ပျံ့နှံ့သွားတာကို သတိပြုမိလိုက်သည်။ ထိတ်လန့်သွားပြီး စစ်သားကို အမြန်သွားရှာသည်။

‎

‎

‎"ရဲဘော်၊ အဘွားနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မှားနေပြီ" လို့ ကုန်းပိုင်ရဲ့ အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်တယ်။

‎

‎

‎

‎ဒါကိုကြားတော့ ကုန်းပိုင်က အခြေအနေကို စစ်ဆေးဖို့ အပြေးသွားတယ်။အဘွားအိုက ရုတ်တရက်ကြီး မြေပြင်ပေါ်တွင် လှုပ်ရှားလာတာကို မီတာအနည်းငယ်အကွာကနေ သူတွေ့လိုက်ရတယ်။ သူမရဲ့လက်သည်းများက သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ရှည်လာသည်။

‎

‎

‎ဒါကိုမြင်တော့ သူက “အားလုံး၊ သူမနဲ့ ဝေးရာကို ထွက်သွား” လို့ အော်လိုက်တယ်။

‎

‎

‎"ဂါးးးးး"

‎

‎

‎စကားဆုံးတာနဲ့ အဘွားအိုက မျက်လုံးဖွင့်ကာ ကျယ်လောင်သော ဟောက်သံတစ်ခု ထုတ်လာသည်။

‎

‎

"‎အက်"

‎

‎

‎အသစ်ပြောင်းလဲလာသော ဖုတ်ကောင်က မြေပြင်မှ မထနိုင်မီတွင်ပဲ ရေကျည်ဆန်တစ်ခုက ၎င်းရဲ့ဦးခေါင်းကို ထိမှန်သွားကာ ချက်ချင်းသေဆုံးသွားစေခဲ့သည်။

‎

‎

‎ရုတ်တရတ် အဖြစ်အပျက်များကြောင့် လူတိုင်းကကြောက်ရွံ့သွားကြကာ ဂိုဒေါင်ရဲ့အဝေးတစ်နေရာသို့ ဆုတ်ခွာသွားကြသည်။

‎

‎

‎ချန်ချန်းဖုန်းက သူတို့ကိုကြည့်ကာ "စိတ်မပူပါနဲ့၊ နောက်တစ်ခါ ထပ်မရွေ့တော့ဘူး" လို့ တည်ငြိမ်စွာ ပြောလိုက်တယ်။

‎

‎

‎ရှန်းကျင်းဇီ လျှောက်လာပြီးကြည့်တော့ ဖုတ်ကောင်ရဲ့နဖူးရှိ အပေါက်ငယ်လေးကို တွေ့လိုက်ရသည်။ အလောင်းကို မီးရှို့နေစဉ်တွင်ပဲ "အစ်ကိုချန်းဖုန်း၊ မင်းရဲ့တိကျမှုနဲ့ ရေကျည်ဆန်တွေကို ထိန်းချုပ်နိုင်မှုဟာ အရမ်းမြန်နေပြီ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

‎

‎

‎ဒါကိုကြားတော့ ချန်ချန်းဖုန်းက ပြုံးပြီး "အလေ့အကျင့်က ပြီးပြည့်စုံစေတယ်" လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။

‎

‎

‎နတ်ဆိုးအဖွဲ့သားတွေက ရယ်မောနေကြသော်လည်း အသက်ရှင်ကျန်ရစ်သူများကတော့ ၎င်းတို့အား ကြောက်ရွံ့မှု၊ ငြူစူမှုနှင့် လေးစားမှုတို့ရောနှောကာ ကြည့်ရှုနေကြသည်။

‎

‎

‎နတ်ဆိုးအဖွဲ့အပေါ်မှာ ၎င်းတို့ရဲ့စိတ်ခံစားမှုများက ရှုပ်ထွေးသော်လည်း သူတို့နောက်ကို လိုက်ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။ တစ်စုံတစ်ဦးကို သတ်ပြီးနောက်တွင် ဤကဲ့သို့ ပေါ့ပေါ့ပါးပါးနေနိုင်ပုံကို မည်သူကမျှ မှတ်ချက်မပေးရဲကြပေ။

‎

‎

‎ခါတိုင်းနှင့်မတူစွာဖြင့် နတ်ဆိုးအဖွဲ့ဟာ ပူပူနွေးနွေး အစားအစာများကို မပြင်ဆင်တော့ဘဲ အသက်ရှင်ကျန်ရစ်သူများအား ရိက္ခာခြောက်များကို ဝေငှပေးခဲ့သည်။ လူတစ်ဦးစီသည် ဘီစကွတ်၃ထုပ်၊ ရေ ၃ ပုလင်း၊ ပရိုတင်းဘားတစ်ခုနှင့် ကာရာမဲလ်သကြားလုံး ၂လုံးတို့ကို ရရှိခဲ့သည်။

‎

‎

‎အများကြီးမဟုတ်ပေမယ့် ဗိုက်ပြည့်စေပြီး အားအင်တွေ ပေးစွမ်းနိုင်ပါတယ်။ အချို့လူတွေကတော့ များများစားစား မတွေးဘဲ ဗိုက်ပြည့်သည်အထိ စားသောက်ကြလိုက်ပြီး အချို့ကတော့ အရေးပေါ်အခြေအနေအတွက် အစာတစ်စိတ်တစ်ပိုင်းကို သိမ်းဆည်းထားကြသည်။

‎

‎

‎မနက်စာစားပြီးနောက်တွင် ဖုန်းယွင်က သူ့နေရာလွတ်မှ ဘတ်စ်ကားနှစ်စီးကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကို လင်းယုန်အဖွဲ့ ရွှေ့ပြောင်းသွားစဉ်က ချန်ထားခဲ့ခြင်းဖြစ်

‎သည်။

‎

‎

‎နတ်ဆိုးအဖွဲ့မှ စစ်ထရပ်ကားလေးစီးကို လင်းယုန်အဖွဲ့က ဇိမ်ခံ RV တစ်စီးနှင့် ဘတ်စ်ကားသုံးစီးဖြင့်လဲလှယ်ခဲ့သည်။ စက်ရုံခရိုင်မှ မထွက်ခွာမီတွင် အရင်ဆုံး ဖုန်းယွင်က ဘတ်စ်ကားများနှင့် RV တစ်စီးတို့ကို သူ့ရဲ့နေရာလွတ်၌ စုဆောင်းခဲ့သည်။ ယခုအခါတွင်တော့ ဘတ်စ်ကားများက အသုံးဝင်လာပြီဖြစ်သည်။

‎

‎

‎ထုပ်ပိုးပြီးနောက်တွင် ကျင်းရွှီယန်းက သူ့အဖွဲ့သားတွေကို စုစည်းစေပြီး ညွှန်ကြားချက်တွေပေးတယ် "ကျန်းယွမ် ၊ ရှန်းကျင်းဇီ ၊‎ ဝိန့်မို မင်းတို့ကဒုတိယဘတ်စ်ကားကိုစီးလိုက်။ ဝိန့်ခိုင်၊ လီစီခိုင် နှင့် ကျို့ဟွာကျဲ့ မင်းတို့က ပထမဘတ်စ်ကားပေါ်သွား"

‎

‎

‎"အဘိုးကြီးချင် နှင့် ဖုန်းယွင်က သုတေသနအဖွဲ့ကို လိုက်ပို့လိုက်။ ယင်းယွီရှန်း နှင့် ကုန်းပိုင်တို့က ဘယ်ဘက်ခြမ်းကို စောင့်မယ်။ ရှောင်ချီ နှင့် ချန်ချန်းဖုန်းက ညာဘက်ခြမ်းကို စောင့်။ အာ့ဇီ နှင့် ငါ ကနောက်ဖက်ကိုကာထားမယ်"

‎

‎

‎“နားလည်ပါပြီ” ဟု အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ပြောသည်။

‎

‎

‎အဖွဲ့ကို စုစည်းပြီးနောက်တော့ ဖုန်းယွင် အသုံးမပြုသော မီနီဗန်ကားများကို စုဆောင်းကာ သူ့နေရာလွတ်၌ ထားလိုက်သည်။ အဖွဲ့ရဲ့ကြီးကြပ်မှုအောက်တွင် အသက်ရှင်ကျန်ရစ်သူများက တွန်းထိုးခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းမရှိဘဲ ဘတ်စ်ကားများထဲသို့ ဝင်ရောက်ခဲ့ကြတယ်။

‎

‎

‎ဆယ့်ငါးမိနစ်လောက်အကြာတွင် အဖွဲ့က ဂိုဒေါင်ကနေ ထွက်လာတယ်။ ဝင်ပေါက်နားက ဂိုဒေါင်တစ်ခုကို ဖြတ်သွားစဉ်တွင် လူတစ်စုက ခြံဝင်းထဲကထွက်လာတာကို တွေ့လိုက်ရသည်။

‎

‎

‎ဒါကိုမြင်တော့ လူတစ်စုထဲအဘွားကြီးတစ်ယောက်က "လူတိုင်းက ထွက်သွားကြပြီ။ သူတို့မှာ ဘတ်စ်ကားတွေ ကားတွေ တကယ်ရှိတယ်" ဟု အော်သည်။

‎

‎

‎ဒါကိုကြားတော့ လူတိုင်းက ဂိုဒေါင်ထဲက အမြန်ပြေးထွက်လာကြပြီး လက်ကိုဝှေ့ယမ်းကာ "နေပါဦး၊ ငါတို့ကို စောင့်ပါဦး"ဟု အော်ဟစ်တောင်းဆိုကြတယ်။

‎

‎

‎ယာဉ်တန်းအနောက်ဘက်မှာ ရှိနေတဲ့ ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့ဟာ အော်ဟစ်သံများကြားရပြီး နောက်ကြည့်မှန်ထဲမှတစ်ဆင့်လည်း လူအုပ်ကို တွေ့လိုက်ရသည်။ သို့သော် မည်မျှကျယ်လောင်စွာ အော်ငေါက်သည်ဖြစ်စေ အော်ဟစ်တောင်းပန်နေပါစေ ကားကိုမရပ်ဘဲ အဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

‎

‎

‎အရှိန်မလျှော့ဘဲ မောင်းထွက်သွားသော ကားများကိုကြည့်ရင်း ကျန်ရစ်ခဲ့သောလူများသည် မျက်ရည်များကျကာ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကြတယ်။

‎

‎

‎ဘတ်စ်ကားများအတွင်းမှ အသက်ရှင်ကျန်ရစ်သူအချို့ကလည်း ဖြစ်ပျက်ခဲ့တာကို မြင်တွေ့ခဲ့ရသည်။ ခဏလောက် တုံ့ဆိုင်းနေပြီးမှ တစ်ယောက်ကမေးခွန်းထုတ်လာတယ် “ရဲဘော်၊ ကျန်ခဲ့သူတွေ အများကြီးရှိသေးတယ်လေ ကားရပ်ပြီး ဘာလို့လာခွင့်မပေးတာလဲ"

‎

‎

‎ဒါကိုကြားတော့ ရှန်းကျင်းဇီက အမျိုးသမီးငယ်ကို လှည့်ကြည့်ပြီး ပြန်မေးလိုက်တယ် "သူတို့အတွက် အရမ်းစိတ်မကောင်းဖြစ်နေရင် မင်းကကျန်ခဲ့ပြီး တစ်ယောက်ယောက်ကို ထိုင်ခိုင်းလိုက်ရင် ဘယ်လိုလဲ"

‎

‎

‎ဒီစကားကို ပြောပြီးတာနဲ့ အသက်ရှင်ကျန်ရစ်သူတွေ ငြိမ်သွားတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲဆိုတာကို လူတိုင်းသိကြပြီး သူဌေးလင်းက သူတို့ကို ကာကွယ်နေတာလည်း သိတယ်။

‎

‎

‎သူဌေးလင်း သူတို့အတွက် သူ့လူများနှင့်အတူ အစာရေစာရှာရန် ထွက်သွားတတ်တာကို သူတို့မြင်ခဲ့ကြသော်လည်း နောက်ဆုံးတော့ သူတို့ကို မကူညီတော့ဘဲ ရပ်တန့်သွားခဲ့သည်။

‎

‎

‎သူဌေးလင်းက သူတို့ကို အရှုံးပေးလိုက်ရတဲ့ အဖြစ်အပျက်ကို ဘယ်သူမှ မသိပေမယ့် သူ့လိုလူကတောင် သည်းမခံနိုင်ရအောင် အဲဒီလူတွေဟာ ကြီးလေးတဲ့ ပြဿနာတွေနဲ့ ရှာဖူးကြလိမ့်မယ်။

‎

‎

‎ယခုဆို သူတို့ရဲ့ရှင်သန်မှုအတွက် နတ်ဆိုးအဖွဲ့ကို မှီခိုအားထားနေရတာကြောင့် အသက်ရှင်ကျန်ရစ်သူများသည် ကျန်တဲ့အသက်ရှင်ကျန်ရစ်သူများကို လျစ်လျူရှုရန် ရွေးချယ်ခဲ့ကြသည်။

‎

‎

‎

‎

‎

‎

အခန်း-(၁၉၄)

‎

‎အသက်ရှင်ကျန်ရစ်သူများရဲ့တုံ့ပြန်မှုကိုမြင်လျှင် ရှန်းကျင်းဇီက လှောင်ပြောင်သရော်သည့်လေသံဖြင့်ပြောလိုက်တယ် "ငါတို့ရဲ့လက်ရှိအခြေအနေမှာဆို မင်းတို့ရဲ့ရှင်သန်မှုကိုပဲ မင်းတို့အရင်စဉ်းစားသင့်တယ်။ ကြင်နာမှုဆိုတာက ဇိမ်ခံပစ္စည်းတစ်ခုပဲ။ မင်းတို့ကသာ ကိုယ်ကိုယ်ကိုစတေးပြီး ကြင်နာချင်တယ်ဆိုရင်တော့ ဒါက မင်းတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲ"

‎

‎

‎"ဒါပေမယ့် အပြစ်ရှိမှုနဲ့ ကိုယ်ကျင့်တရားဆိုင်ရာဖိအားပေးမှုတွေကြောင့် တခြားသူတွေကို ကြင်နာမှုပြချင်လို့ဆိုရင်တော့ ဒါက ကြောင်သူတော်ယောင်ဆောင်ခြင်းပဲ"

‎

‎

‎"ငါ့တို့ကပ္ပတိန်ရဲ့ ချစ်သူအတွက်ကြောင့်သာမဟုတ်ရင် ငါ့တို့အဖွဲ့က မင်းတို့ကိုကူညီဖို့ လုံးဝစိတ်မ၀င်စားဘူးဆိုတာ မင်းတို့အားလုံးသိထားသင့်တယ်။ ဒါကြောင့် မင်းတို့သာဆက်နေချင်သေးတယ်ဆိုရင် မင်းတို့ရဲ့ပါးစပ်ကိုပိတ်ထားပြီး မင်းတို့ရဲ့အတုအယောင် အစီအစဥ်လေးတွေကို မင်းတို့ကိုယ့်တိုင်အတွက်ပဲ ထိန်းထားလိုက်တာက ပိုကောင်းတယ်"

‎

‎

‎"နောက်တစ်ခါ ငါ့တို့အဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကို တစ်ယောက်ယောက်က ထပ်မေးတာကြားရင် ထုတ်ပစ်ပြီ မင်းတို့လိုချင်သလောက် ကြင်နာခွင့်ပေးမယ်။ မင်းတို့နားလည်လား" လို့ အေးစက်စွာမေးလိုက်သည်။

‎

‎

‎သူရဲ့စူးစူးရှရှ အကြည့်များက သူတို့အပေါ် ကျရောက်လာသောအခါ အသက်ရှင်ကျန်ရစ်သူများက လျင်မြန်စွာ ခေါင်းငြိမ့်လိုက်ကြသည်။ ဒုကပ္ပတိန်လို့ ခေါ်တဲ့လူနဲ့ယှဉ်ရင် ဒီလူငယ်ရဲ့ အကြည့်တွေက ပိုကြောက်စရာကောင်းတယ်။

‎

‎

‎အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ အသက်ရှင်ကျန်ရစ်သူများက နောက်ဆုံးတော့ ခေါင်းညိတ်ကာ "နားလည်ပါပြီ" ဟု တိုးညှင်းသောလေသံဖြင့် ပြန်ဖြေသည်။

‎

‎

‎နတ်ဆိုးအဖွဲ့က အသက်ရှင်ကျန်ရစ်သူများနှင့် ထူးထူးခြားခြား ပြဿနာမရှိသော်လည်း လင်းယုန်အဖွဲ့ကတော့ ခေါင်းကိုက်နေသည်။

‎

‎

သူတို့ရဲ့ယခင်လေ့ကျင့်မှုများကြောင့် အဖွဲ့ဝင်များအပါအဝင် အသက်ရှင်ကျန်ရစ်သူများထဲမှလည်း စွမ်းရည် နိုးထလာနိုင်သူ သိသိသာသာတိုးလာခဲ့သည်။

‎

‎

‎သို့သော် စွမ်းရည်အသုံးပြုသူများ ပိုမိုများပြားလာသည်နဲ့အမျှ လင်းယုန်အဖွဲ့က သူတို့အား ထိန်းချုပ်နိုင်ရန်က ပိုမိုခက်ခဲလာပြီး လင်းယုန်အဖွဲ့ဝင်အများစုမှာလည်း သာမန်လူများအဖြစ် ရှိနေဆဲဖြစ်သည်။ သေနတ်တွေနဲ့တောင် စွမ်းရည်ရှိတဲ့လူကို အနိုင်ယူဖို့က လွယ်မှာမဟုတ်ဘူး။

‎

‎

သူတို့ကို နောက်ဆုံးအကြိမ် ဖုတ်ကောင်များဝိုင်းထားပြီးနောက်တွင် လင်းယုန်အဖွဲ့ဝင်အများအပြားကို ဆုံးရှုံးခဲ့ရပြီး သူတို့ရဲ့ခွန်အားကို ပိုမိုအားလျော့စေခဲ့သည်။

‎

‎

သူတို့ဟာ ဓာတ်ဆီဆိုင်မှ ထွက်ခွာရန်ပြင်ဆင်နေပြီး‎ ထိုအချိန်တွင်ပဲ စွမ်းရည်အသုံးပြုသူအုပ်စုတစ်စုက ရှေ့သို့ တိုးလာကာ သူတို့ရဲ့လမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။

‎

‎

‎ဒါကိုမြင်တော့ ဝေယင်းကမေးလိုက်တယ် “ရဲဘော်၊ ဘာလုပ်နေတာလဲ”

‎

‎

‎သူ့အရှေ့မှာရပ်နေတဲ့ ဘယ်ခြေထောက်မှာ ကြွက်သားတွေ ဖောင်းပွနေတဲ့ လူတစ်ယောက်က "ဗိုလ်ကြီးဝေ၊ ငါတို့ ထွက်သွားချင်ပြီ၊ ငါတို့ရဲ့ ရိက္ခာတွေကို တောင်းဖို့လာတာ" လို့ပြောလိုက်တယ်။

‎

‎

‎

‎ဝေယင်းက သူတို့ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။ လူအုပ်စုတွင် စုစုပေါင်း လူ ၁၇ ဦးရှိပြီး အများစုမှာ စွမ်းရည်အသုံးပြုသူများဖြစ်သည်။ ထိုအဖွဲ့တွင် အမျိုးသမီး နှစ်ဦးကသာ သာမန်လူများဖြစ်သည်။

‎

‎

‎အခုမှထွက်သွားရင် တိုက်ခိုက်ရေးသမားတွေ နည်းပါးလာပြီး ကျန်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုများလာလိန့်မယ်။ ဒါပေမယ့် သူတို့က စွမ်းအားနိုးထလာသူတွေမို့လို့ လင်းယုန်အဖွဲ့ က သူတို့ကိုဆက်နေဖို့ တွန်းအားပေးလို့ မရဘူး။

‎

‎

‎ခဏလောက်စဉ်းစားပြီးနောက်မှ သူက ခေါင်းညိတ်ပြီး "အမြုတေတွေနဲ့ လဲလှယ်ပြီး ရိက္ခာတွေရနိုင်တယ်" လို့ ပြောလိုက်တယ်။

‎

‎

‎သူ့ရဲ့စကားကိုကြားတော့ လူအုပ်စုကရယ်မောလိုက်ပြီး အဲဒီလူကပဲပြောလာတယ် "ဗိုလ်ကြီးဝေ၊ မင်းက နောက်နေတာလား၊ ငါတို့က ဒီလူတွေနဲ့ မင်းရဲ့အဖွဲ့ကို အကာအကွယ်ပေးနေတာ၊ အခု မင်းက ငါတို့ကို အမြုတေပေးခိုင်းနေတာလား"

‎

‎

‎ထိုအချိန်တွင်မှ ဝေယင်းက သူတို့ဟာ အမြုတေတွေပေး ဆောင်ရန် ဘယ်တုန်းကမှ မရည်ရွယ်ထာစကြောင်း နားလည်သွားခဲ့သည်။

‎

‎

‎နတ်ဆိုးအဖွဲ့က အသက်ရှင်ကျန်ရစ်သူများအတွက် အပိုရိက္ခာပစ္စည်းတွေ ပံ့ပိုးပေးမည်ဟု ပြောကြားထားသော်လည်း သင့်လျော်သော စည်းမျဉ်းများအောက်တွင် လုပ်ဆောင်ရဆဲဖြစ်သည်။ အခမဲ့ဝေငှလိုက်တာမျိူးက သူချမဲ့ထားတဲ့စနစ်ကို ချိုးဖောက်မိနိုင်ပြီး သူ့အဖွဲ့အတွင်းမှာ မငြိမ်မသက်ဖြစ်စေမည်ဖြစ်သည်။

‎

‎

‎"ရဲဘော်၊ စည်းမျဉ်းတွေကို မင်းသိပါတယ်။ အခမဲ့ရိက္ခာဝေစရာအကြောင်း မရှိဘူး။ မင်းအနေနဲ့ အမြုတေတွေနဲ့ လဲလှယ်လို့ရတယ်။ မဟုတ်ရင်တော့ မင်း ဘာမှ မရနိုင်ဘူး" ဟု ဝေယင်းက အခိုင်အမာ ပြောလိုက်သည်။

‎

‎

သူ့စကားဆုံးတော့ ထိုယောက်ျားက ဒေါသတကြီးနဲ့ အော်ဟစ်လာတယ် “မာနကြီးနေတာပဲ ၊ ဒါက မင်းတောင်းဆိုတာ"

‎

‎

"‎အက်"

‎

‎

‎နောက်ခဏတွင် ထိုလူကဒူးကိုကွေးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူရှိနေတဲ့နေရာက ပျောက်ကွယ်သွားကာ မြေပြင်ပေါ်တွင် ခပ်နက်နက်အက်ရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။

‎

‎

" ဒုတ်"

‎

‎

‎ဝေယင်းက ညာလက်မောင်းကို မြှောက်လိုက်ပြီး ဝင်လာတဲ့ကန်ချက်ကို ပိတ်ဆို့လိုက်သည်။ နှစ်ယောက်လုံးက ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူများဖြစ်ကြသော်လည်း ဝေယင်းကတော့ စွမ်းရည်နှစ်မျိုးအသုံးပြုသူဖြစ်သည်။ သူ အာရုံခံစားမှုနှင့် ကာယခွန်အားက ထိုလူထက်သာလွန်သည်။

‎

‎

မျက်လုံးတွေကို မှေးကျဉ်းကာ သူက အေးစက်စက်ပြောလိုက်တယ် "ရဲဘော်၊ ငါပြောပြီးပြီ အမြုတေမရှိရင် ရိက္ခာတွေ မရှိဘူး"

‎

‎

" ဒုတ် ကျွတ် "

‎

‎

‎

‎သူပြောပြီးသည်နဲ့ ထိုအမျိုးသားရဲ့ခြေထောက်ကိ ဖမ်းကိုင်ကာ အသည်းထံသို့ ထိုးချက်တစ်ချက်ပို့လိုက်တယ်။ အရိုးကွဲအက်သံက ကျယ်လောင်ကာ ပြတ်သားသည်။

‎

‎

‎"အဟွတ်"

‎

‎

‎ပါးစပ်က သွေးတွေ ချောင်းဆိုးလိုက်ပြီး မယုံမကြည်နိုင်ဖြစ်နေတဲ့ ထိုလူရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။

‎

‎

‎" ဘုန်း"

‎

‎

‎ဝေယင်းရဲ့ နောက်ထပ်လုပ်ရပ်က သူ့ကို မြေပြင်ပေါ် ပစ်ချ လိုက်တာပဲ။ ထိုလူဟာ လေတိုးသံများနှင့်အတူ ပြုတ်ကျလာလာပြီး ပါးစပ်မှလည်း နောက်ထပ်သွေးများစွာ ချောင်းဆိုးလာတယ်။

‎

‎

‎ဝေယင်းရဲ့ ရက်စက်ကြမ်းကြုတ်သော တန်ပြန်တိုက်ခိုက်မှုကြောင့် သူတို့ပတ်ဝန်းကျင်ရှိလူတိုင်းက တုန်လှုပ်သွားကြသည်။ သူက ထိုလူရဲ့နံရိုးကို ချိုးရုံသာမကဘဲ ခြေကျင်းဝတ်ကိုလည်း ကျိုးစေခဲ့တယ်။ ဘယ်လောက်ပဲ သန်မာနေပါစေ ခြေထောက်မရှိရင်တော့ သူ့ရဲ့စွမ်းရည်ကို အသုံးချနိုင်မှာ မဟုတ်တော့ဘူး။

‎

‎

‎ဝေယင်းက သူ့နှင့်အနည်းငယ်အကွာတွင် ရပ်နေကြသောအဖွဲ့ကို အေးစက်သောလေသံဖြင့်မေးလိုက်တယ် "မင်းတို့ရော ငါ့နဲ့တိုက်ချင်သေးလား"

‎

‎

‎ဒီစကားကိုကြားတော့ ခေါင်းခါပြီး နောက်ပြန်ဆုတ်သွားကြတယ်။

‎

‎

‎ဒါကိုမြင်တော့ ဝေယင်းက ခေါင်းညိတ်ပြီးပြောလိုက်တယ် "မင်းတို့ မတိုက်ချင်တော့ဘူးဆိုရင် မင်းတို့ရဲ့အမြုတေတွေကို ရိက္ခာအတွက်နဲ့ လဲလှယ်လိုက်။ အမြုတေတွေမပေးချင်ရင် အခုထွက်သွားလို့ရပြီ"

‎

‎

‎အခြားနေရာများတွင် ရိက္ခာပစ္စည်းများ ရှာမတွေ့နိုင်တော့မည်ကို စိုးရိမ်သဖြင့် အဆိုပါအဖွဲ့က ၎င်းတို့ရဲ့ အမြုတေများကို တွန့်ဆုတ်စွာဆွဲထုတ်ကာ အစာခြောက်နှင့် သတ္တုရေများဖြင့် လဲလှယ်ခဲ့သည်။

‎

‎

‎ရိက္ခာများလက်ခံရရှိပြီးနောက်တွင်တော့ သူတို့သည် တုံ့ဆိုင်းမနေဝံ့ဘဲ ခေါင်းဆောင်ဟု ယူဆရသည့်လူကိုခေါ်ဆောင်ရန်ပင် မလုပ်ဘဲ အမြန်ထွက်ခွာသွားကြသည်။

‎

‎

‎သူတို့ထွက်သွားတာကိုကြည့်ရင်း လင်းယုန်အဖွဲ့ထဲက တစ်ယောက်က "ဗိုလ်ကြီး၊ အဲဒီလူကို ကျွန်တော်တို့ ဘာလုပ်သင့်လဲ" လို့ မေးလာတယ်။

‎

‎

‎ဝေယင်းက အဲဒီလူကို ဘယ်လိုလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ခင်မှာ ကုရှကျယ်ကပြောလာတယ် “ဗိုလ်ကြီးဝေ အမိန့်ပေးချင်ရင် စိတ်ပျော့လို့မရဘူး။ အဲဒီလူက မင်းရဲ့အာဏာကို စိန်ခေါ်ရဲတဲ့အတွက် သူ့ကို အပြစ်ပေးရမယ်။ မဟုတ်ရင် တခြားသူတွေကလည်း သူ့ပုံစံအတိုင်း လိုက်လုပ်လာကြလိမ့်မယ်။

‎

‎

‎ဒါကိုကြားတော့ "အဲဒီလူကို အဖွဲ့ထဲက ထုတ်ပယ်လိုက်ပြီ။ အားလုံးက ဘတ်စ်ကားပေါ်တက်ကြ။ ငါးမိနစ်အတွင်းမှာ ထွက်မယ်" ဟု မပြောမီ ဝေယင်းက ငြိမ်သွားသည်။

‎

‎

ဒါကိုကြားတဲ့အခါမှာ နတ်ဆိုးအဖွဲ့က ကိုင်တွယ်ခဲ့တာတွေကို ကြည့်ခဲ့ရတုန်းကနဲ့မတူတော့ဘဲ ‎သူ့အဖွဲ့သားတွေက သူတို့ရဲ့ အသင်းခေါင်းဆောင်ရဲ့ နှလုံးသားမဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် သနားစရာ ဒါမှမဟုတ် နာကြည်းမှုမပြခဲ့ကြပါ။

‎

‎

စက်ရုံခရိုင်မှ ထွက်ခွာလာပြီးနောက် ‎လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ အသက်ရှင်ကျန်ရစ်သူများရဲ့ ရက်စက်ကြမ်းကြုတ်ကြပုံကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

‎

‎

‎သာမာန်လူများသက အစွမ်းထက်သော စွမ်းရည်အသုံးပြုသူများထက်ပိုပြီး မကြာခဏ ရက်စက်တတ်ကြောင်း သူတို့ သိရှိလာကြသည်။ အသက်ရှင်ကျန်ရစ်သူများထံမှ ထပ်ခါတလဲလဲသစ္စာဖောက်မှုများကို ခံရပြီးနောက်မှ နတ်ဆိုးအဖွဲ့က အသက်ရှင်ကျန်ရစ်သူများအား အဘယ်ကြောင့် ဤလောက်တောင်အေးစက်စွာ ဆက်ဆံခဲ့သည်ကို နောက်ဆုံးတော့ နားလည်သွားကြတယ်။

‎

‎

‎

‎

‎အခန်း-(၁၉၅)

‎

‎

‎အမျိုးသားရေးအကြပ်အတည်းတစ်ခုအတွင်းမှာ စစ်မှုထမ်းခြင်းမှအနားယူရန် ရွေးချယ်ခဲ့သော ကျင်းရွှီယန်း နှင့်အဖွဲ့အား တစ်ချိန်က ရှုံ့ချခဲ့ကြပုံကို ပြန်တွေးကြည့်သောအခါ သူတို့ ရှက်ရွံ့သွားကြသည်။

‎

‎

‎နတ်ဆိုးအဖွဲ့က အတိတ်မှာ ဘာတွေ ကြုံခဲ့လဲမသိပေမယ့် အခုတော့ နားလည်သွားပါပြီ။

‎

‎

‎အဖွဲ့ဟာ တစ်ချိန်က အကာအကွယ်ပေးခဲ့ရသော ပြည်သူများအတွက် အလွန်စိတ်ပျက်ခဲ့ရပြီး ထိုသို့သောနိုင်ငံသားများနောက်တွင် ရပ်တည်နေသော တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်လိုစိတ်မရှိတော့ပေ။

‎

‎

‎ငါးမိနစ်အကြာတွင် လင်းယုန်အဖွဲ့က ပိုင်ရီကျီးတို့အဖွဲ့နှင့်အတူ ဓာတ်ဆီဆိုင်မှ ထွက်ခွာလာခဲ့သည်။ မြေပြင်ပေါ်တွင် လဲနေသောလူကတော့ စိတ်ပျက်အားငယ်မှုတွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ သူတို့ထွက်သွားတာကို ကြည့်နေတယ်။

‎

‎ဒီအတိုင်းသာ အဆုံးသတ်သွားမယ်ဆိုတာကို သူသိခဲ့မယ်ဆိုရင် သူကဘာကြောင့် ကပ္ပတိန်ဖြစ်သူကို ဒေါသတကြီးနဲ့သွားတိုက်ရမှာလဲ။

‎

‎

‎ယခုတော့ သူ့ရဲ့မောက်မာမှုအတွက် သူ့ကိုယ်သူသာ အပြစ်တင်နိုင်တော့သည်။ ဒီလိုပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ရှင်သန်နိုင်ပါ့မလားဆိုတာတောင် သူ မသိဘူး။

‎

‎

‎ဓာတ်ဆီဆိုင်မှ ထွက်လာပြီးနောက်တွင် လင်းယုန်အဖွဲ့က နယ်စပ်ဆီသို့ တည့်တည့်မောင်းလာခဲ့သည်။

‎

‎

‎မော်တော်ယဉ်ထဲက ဝေယင်းဟာ အခြေစိုက်စခန်းကို ဆက်သွယ်ရန် သူ့ရဲ့ဂြိုလ်တုဖုန်းကို အသုံးပြုခဲ့သည်။ အကြိမ်ကြိမ်ကြိုးစားပြီးနောက်မှ ခေါ်ဆိုမှုက နောက်ဆုံးတွင်ချိတ်ဆက်သွားခဲ့သည်။

‎

‎

‎“ပြောလေ” တစ်ဖက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

‎

‎

‎"ဗိုလ်မှူး၊ ကျွန်တော်တို့ လင်အန်းမြို့ နယ်နိမိတ်မှာရှိတဲ့ ယာယီ လွတ်မြောက်ရေး စခန်းကို ရောက်လုနီးပါးဖြစ်နေပြီ"

‎

‎

‎"ကောင်းပြီ၊ အခြေစိုက်စခန်းက ဝန်ထမ်းတွေက မင်းတို့အဖွဲ့ကို စောင့်နေကြပြီ။ မင်းရောက်လာတဲ့အခါ မစ်ရှင်ပစ်မှတ်ကို သူတို့ဆီ လွှဲပေးလိုက်ပါ"

‎

‎

‎"ဗိုလ်မှူး၊ ကျွန်တော်တို့ နတ်ဆိုးအဖွဲ့ကို တွေ့ခဲ့တယ်။ သူတို့က ထောက်ပံ့ရေးပစ္စည်းတွေ အားလုံးနဲ့အတူ အသက်ရှင်ကျန်ရစ်သူအုပ်စုကြီးကိုပါ လွှဲပေးလိုက်တယ်"

‎

‎

‎ထိုစကားကိုကြားတဲ့အခါနှာ ဗိုလ်မှူးက ရွင်မြူးသွားပြီ “ သူတို့ ကမင်းတို့နဲ့အတူ ပြန်လာခဲ့ကြလား”လို့ မေးတယ်။

‎

‎

‎

‎"မဟုတ်ပါဘူး၊ ဗိုလ်ကြီးကျင်း နှင့် သူ့အဖွဲ့က စစ်သား းတွေအဖြစ် တာဝန်ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေကို သူတို့ရဲ့ မိသားစုတွေ ရှာဖွေပေးမယ်လို့ ကတိပေးခဲ့တာကြောင့် ခေါင်းဆောင်တွေက သူတို့ကို ငြိမ်းချမ်းစွာ အနားယူခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်တဲ့" ဟု ဝေယင်းက တုံ့ပြန်ခဲ့သည်။

‎

‎

‎သူ့စကားပြီးတာနဲ့ ဗိုလ်မှူးက အော်ဟစ်လိုက်တယ်"ဒါက စစ်သားတစ်ယောက်အနေနဲ့ ဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူး၊ သူ့ကို ဆက်သွယ်ပြီး ပြန်လာဖို့ ပြောလိုက်"

‎

‎

‎ဝေယင်းက ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီးမှ "ဗိုလ်မှူး၊ မဖြစ်နိုင်မှာ ကြောက်တယ်"လို့ ပြောလိုက်တယ်။

‎

‎

‎"ဘာလို့လဲ၊ မင်းက သူ့ကို ကာကွယ်ဖို့ ကြိုးစားနေတာလား ၊ အမိန့်ကို လွန်ဆန်နေတာလား" ဗိုလ်မှူးက ဒေါသတကြီးမေးတယ်။

‎

‎

‎"မစ်ရှင်ပစ်မှတ်နဲ့ အရပ်သားတွေရဲ့ ဘေးကင်းရေးအတွက် နတ်ဆိုးအဖွဲ့က ဖုတ်ကောင်အလုံးအရင်းကို ထိန်းထားဖို့ အနောက်မှာချန်နေခဲ့တယ်။ စက်ရုံခရိုင်မှာ ဖုတ်ကောင်အရေအတွက်က နှစ်သိန်းကျော်ရှိတယ်" လို့ ဝေယင်းက ဝမ်းနည်းစိတ်တွေအပြည့်ပါတဲ့ အသံနဲ့ ပြောလိုက်တယ်။

‎

‎

အသေးစိတ်ရှင်းပြဖို့ မလိုဘူး။ ဒီအချက်အလက်တစ်ခုတည်းကတင် သူပြောချင်တဲ့အဓိပ္ပာယ်ကို ဖော်ပြဖို့ လုံလောက်ပါတယ်။ ဖုတ်ကောင်များစွာနဲ့ဆို နတ်ဆိုးအဖွဲ့က ဘယ်လိုမှ ရှင်သန်နိုင်မည်မဟုတ်ပေ။

‎

‎

‎တစ်ဖက်မှာလည်း အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။ ဗိုလ်မှူးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး "နားလည်ပါပြီ ၊ အသက်ရှင်ကျန်ရစ်သူတွေကို ယာယီစခန်းမှာ ထားလိုက်ပါ။ သူတို့ကိုပြန်ပို့ဖို့ အဖွဲ့တွေ လွှတ်လိုက်မယ်" လို့ ပြောပါတယ်။

‎

‎

‎"နားလည်ပါပြီ"

‎

‎

‎ဖုန်းခေါ်ဆိုမှုအဆုံးသတ်ပြီးနောက်တော့ ဝေယင်းက လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်။ ကားပေါ်ရှိ စစ်သားများသည် စကားစမြည်ကို ကြားလိုက်ရပြီး သူတို့အားလုံးရဲ့စိတ်ထဲမှာ ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။

‎

‎

‎သနားခြင်းနှင့် ကျေးဇူးတင်စိတ်တို့ ရှိနေသလို နတ်ဆိုး အဖွဲ့ရဲ့ ရဲစွမ်းသတ္တိအတွက် လေးစားမှုလည်းပါဝင်သည်။ လေ့ကျင့်ထားတဲ့ စစ်သားတွေတောင်မှ သေမှာကြောက်ကြတယ်။ သို့တိုင်အောင် အန္တရာယ်ကျရောက်လာသောအခါမှာတော့ နတ်ဆိုးအဖွဲ့က မဆိုင်းမတွပဲ သူတို့ကို သူတို့ စတေးခဲ့ကြသည်။

‎

‎

‎သူတို့ရဲ့ ရဲစွမ်းသတ္တိတစ်ခုတည်းကတင် သူတို့ကို သူရဲကောင်းဘွဲ့ ချီးမြှင့်ဖို့ လုံလောက်ပါတယ်။

‎

‎

‎ဝေယင်းရဲ့ကားထဲက လေထုကလေးလံနေချိန်တွင် ရုန်မိုအာ နှင့် ကုရှကျယ်တို့က အခြားကားတစ်စီးတွင် ရှိနေကြပြီး စည်းစိမ်ဥစ္စာများကို ရေတွက်ကာ အလုပ်ရှုပ်နေကြသည်။

‎

‎

‎"…၅၆ , ၅၇ ,၅၈ "

‎

‎

‎

‎ရုန်မိုအာက ကုရှကျယ်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး "ရှကျယ်၊ ငါတို့မှာ စုစုပေါင်း အမြုတေ ၅၈ ခု ရှိတယ်။ ခဏလောက်တော့ ငါတို့ အစားအသောက်အတွက် စိတ်ပူစရာ မလိုဘူး"လို့ ပြောလိုက်တယ်။

‎

‎

‎သူမအရမ်းပျော်နေတာကိုမြင်တော့ ‎ကုရှကျယ်က တခစ်ခစ်ရယ်ပြီး "ဒီတခေါက် ငါတို့ကံကောင်းတာပဲ။ အဝင်ဝမှာ ဘယ်သူမှ မတိုက်ရဲဘူး၊ ငါတို့ အများကြီးရခဲ့တယ်" လို့ ပြန်ပြောလိုက်တယ်။

‎

‎

‎ရုန်မိုအာက အမြုတေများကို အိတ်ထဲသို့ထည့်ကာ " ရှကျယ် ၊ ယာယီ အသက်ရှင်ကျန်ရစ်သူစခန်းမှာက ပိုကောင်းမယ်လို့ ထင်လား" လို့ မေးပါတယ်။

‎

‎

ကုရှကျယ်က ခဏလောက်စဉ်းစားပြီးမှ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်ရင်း ခေါင်းယမ်းလိုက်တယ်။ "ပိုဆိုးသွားမှာကို ငါကြောက်တယ်"

‎

‎

‎ဘာကြောင့်လဲလို့ မမေးခင်မှာ သူက သူမဘက်သို့လှည့်လာပြီး "မိုအာ ၊ အသက်ရှင်ကျန်ရစ်သူတွေကို ထိန်းချုပ်ဖို့ စစ်သားတွေအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာကို မင်းတွေ့ဖူးတယ်။ စွမ်းရည်အသုံးပြုသူတွေများလာတာနဲ့အမျှ တောတွင်းဥပဒေက အနှေးနဲ့အမြန်ဆိုသလို လွှမ်းမိုးလာလိမ့်မယ်"

‎

‎

‎“ဒါပေမယ့် … ငါတို့မှာ အစိုးရနဲ့ ဥပဒေတွေ ရှိသေးတယ်” ဟု ရုန်မိုအာက ပြောသည်။

‎

‎

‎ခေါင်းယမ်းရင်း ကုရှကျယ်က သူမရဲ့နဖူးကို အသာအယာ ထုလိုက်ပြီး "စူပါပါဝါရှိတဲ့သူတွေက အခုလိုအချိန်မျိူးမှာ ဥပဒေတွေကို လိုက်နာမယ်လို့ မင်းတကယ်ထင်လား" ဟု မေးလိုက်သည်။

‎

‎

‎ရုန်မိုအာ တိတ်ဆိတ်သွားသည်။ သူမကိုတောင် မထိန်းချုပ်နိုင်တော့ဘူး။ သူမကိုယ်တိုင်လည်း မနာခံလိုသော စည်းကမ်းများကို အခြားသူများ လိုက်နာရန်အတွက် မျှော်လင့်ရန် မဖြစ်နိုင်ပေ။

‎

‎

‎သူမရဲအမူအရာကိုမြင်တော့ ကုရှကျယ်က သူမနားလည်သဘောပေါက်သွားကြောင်းသိတယ်။။ သူမရဲ့ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး "မိုအာ၊ ဒီကမ္ဘာကြီးက အရင်ကနဲ့မတူတော့ဘူး။ ဥပဒေတွေနဲ့ အစိုးရတွေ မရှိတော့ဘူး။ အခုအစိုးရလို့ ခေါ်တဲ့ အစိုးရဆိုတာက အတိတ်ရဲ့ အကြွင်းအကျန်တွေပဲ" ဟု ပြောသည်။

‎

‎

‎" အခုလောလောဆယ်မှာတော့ သူတို့က လူတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ဥပဒေကိုပဲ သုံးလို့ရတယ်။ ဒါပေမယ့် ထုတ်လုပ်မှုလိုင်းတွေ ပိတ်လိုက်တာနဲ့ ရိက္ခာတွေက ပိုပိုပြီး ရှားပါးလာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်တော့ စွမ်းရည်အသုံးပြုသူတွေကသာ အာဏာကို ချုပ်ကိုင်ထားသူတွေ ဖြစ်လာလိမ့်မယ်။ အဲဒီအခါမှာမှ စစ်မှန်တဲ့ငရဲက စမှာ"

‎

‎

‎ နားထောင်နေစဉ်အတွင်းမှာပဲ ရုန်မိုအာရဲ့ နှလုံးသားက ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားသည်။ သူမရဲ့ လက်သီးများကို ဆုပ်ထားရင်း " ရှကျယ် ၊ ဒါဆို ငါတို့ ဘာလုပ်သင့်လဲ " လို့ မေးတယ်။

‎

‎

‎ကုရှကျယ်က သူမရဲ့လက်ကို လှမ်းကိုင်လိုက်တယ်။ နူးညံ့တဲ့အပြုံးနဲ့ သူကပြောတယ် "မိုအာ၊ ငါတို့ ဘယ်လောက်ကြာကြာ အသက်ရှင်ရမယ်ဆိုတာကို ငါတို့မသိတဲ့အတွက် စည်းကမ်းတွေကိုမေ့ပြီး ဘာလို့နေ့တိုင်း ငါတို့ရဲ့ဘဝကို အပြည့်အ၀ ပျော်ပျော်နေနိုင်အောင် အစွမ်းကုန်ကြိုးစားပြီးမ ရှင်သန်နေရမှာလဲ"

‎

‎

‎ရုန်မိုအာက သူ့ကိုကြည့်လိုက်တော့ သူ့မျက်လုံးများထဲမှ လျှို့ဝှက်ထားတဲ့ ခံစားချက်ကို မြင်လိုက်ရတယ်။ သူမတို့အကြည့်ချင်းဆုံတဲ့အချိန်မှာ လန့်ဖျပ်သွားပြီး သူမက အဝေးကို အမြန်လှမ်းကြည့်လိုက်တယ်။

‎

‎

‎သူမရဲ့လက်ကို သူ့လက်ထံကိုဆွဲထုတ်ရင်းပြောလိုက်တယ် " ရှကျယ်၊ မင်းက ပိုကောင်းတဲ့လူနဲ့ထိုက်တန်တယ်။ ငါက ဘာဆိုတာကို မင်းသိတယ် "

‎

‎

‎သူမစကားမပြီးခင်မှာ ကုရှကျယ်က သူမရဲ့ပါးစပ်ကို လက်နဲ့ ညင်သာစွာအုပ်ပြီး မျက်ခုံးပင့်တင်ကာ "အဲဒါ ဘာဖြစ်လဲ ဟိုတုန်းက ဘာဖြစ်ခဲ့လဲဆိုတာက မင်းအပြစ်မဟုတ်ဘူး"

‎

‎

‎"မင်းသာ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မင်းကို နာကျင်စေခဲ့တဲ့ တိရစ္ဆာန်တွေကို အပြစ်တင်လိုက်။ မင်းကို မကယ်တင်ခဲ့တဲ့အတွက် ငါ့ကိုအပြစ်တင်လိုက်။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ကိုယ့်ကိုယ်ကိုတော့ ဘယ်တော့မှ အပြစ်မတင်ပါနဲ့"ပြောလိုက်တယ်။

‎

‎

‎

‎

‎

‎

All Chapters