← Chapters

တောင်းပန်ပါတယ်၊ ခင်ဗျားတို့ကို ငမွဲ တွေလို့ ခေါ်မိတာ စောသွားတယ်

Vol. 13 Ch. 128

တောင်းပန်ပါတယ်၊ ခင်ဗျားတို့ကို ငမွဲ တွေလို့ ခေါ်မိတာ စောသွားတယ်

Vol. 13 Ch. 128

၁၂၈) - ထိပ်သီးသုံးဦးစာရင်းဝင် ရှောင်တွမ်

“အဆင့်နိမ့် ဝိညာဉ်ကျောက် ၁၂၀၀"

လော့ချန်သည် မိမိရှေ့ရှိ စုပုံနေသော ဝိညာဉ်ကျောက်များကို ကြည့်ရင်း ရင်ထဲတွင် နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသည်။ စေတနာရှင်ဟု သူတင်စားထားသော ထိုလူသတ်သမားအုပ်စုမှာ သူ့ထံသို့ ဒဏ်ရာများနှင့် ပျံသန်း ဓားများကိုသာမကဘဲ မြူသန့်စင်ဆေးလုံး ခြောက်ပုလင်းဝယ်နိုင်သည့် ကြွယ်ဝမှုကိုပါ ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။

မနေ့က ရရှိခဲ့သော အမြတ်အစွန်းများ၊ သူ၏ ယခင်စုဆောင်းငွေများနှင့် ပေါင်းလိုက်သောအခါ သူ၏ လက်ဝယ်ရှိ စုစုပေါင်း ဝိညာဉ်ကျောက်မှာ နှစ်ထောင်ကျော်သွားပြီ ဖြစ်သည်။

“အခုဆိုရင် ငါ့ကိုယ်ငါ သူဌေးလေးတစ်ယောက်လို့ ခေါ်လို့ရပြီထင်တယ်” ဟု သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဝိညာဉ်ကျောက် နှစ်ထောင်ကျော် စုဆောင်းငွေ၊ ဝိညာဉ်ဖျက်သံမှို၊ မှော်လှံရှည်နှင့် ရေခဲနှင်းပျံဓား ကဲ့သို့သော ထိပ်တန်းအဆင့် တိုက်ခိုက်ရေးမှော်လက်နက်များ၊ ယခုလေးတင် တစ်ယောက်ဆီမှ ချွတ်ယူထားသော ခံစစ်ဝတ်ရုံနှင့် ဘက်စုံသုံး လေးရောင်ခြယ်ဆေးအိုး တို့ဖြင့် လော့ချန်သည် အတော်လေး ပြည့်စုံနေပြီဖြစ်သည်။

စိမ်းမြရတနာဓား၊ အဖြူရောင်ပျဉ်ပြားနှင့် ခေါင်းလောင်းလေးများကဲ့သို့သော အဆင့်လတ် မှော်လက်နက်များကိုမူ သူ ထည့်ပင်မတွက်တော့ပေ။

ခြုံငုံကြည့်လျှင် လော့ချန်၏ ကိုယ်ပိုင်လက်နက်တိုက်နှင့် အရင်းအနှီးများသည် သူ့အား ချီသန့်စင် နောက်ဆုံးအဆင့် ကျင့်ကြံသူများထဲတွင် ထိပ်သီးအဆင့်သို့ ပို့ဆောင်ပေးထားသည်။

သို့သော် ထိုရတနာများကို သူရရှိခဲ့ပုံကို ပြန်စဉ်းစားမိသောအခါ သူ၏အပြုံးမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

မီရှုဟွာထံမှ အလကားရခဲ့သော လေးရောင်ခြယ်ဆေးအိုးမှလွဲ၍ ကျန်ရှိသမျှ အရာအားလုံးမှာ...။

“ဆေးလုံးတွေ ဝါးစားပြီး တက်လာတဲ့ ကျင့်ကြံခြင်းအဆင့်၊ သူများတွေဆီက အချောင်ယူလို့ရလာတဲ့ မှော်လက်နက်တွေ….အင်း….ငါ သိပ်ပြီး အားမစိုက်သလိုများ ဖြစ်နေမလား” ဟု စိတ်ထဲတွင် ရေရွတ်ရင်း မှော်လက်နက် အမြောက်အမြားနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ရတနာများခြင်းမှာ ကောင်းသော်လည်း မှော်လက်နက်တိုင်းအား တစ်ပြိုင်နက် အသုံးချနိုင်ရန်မှာ မလွယ်ကူပေ။

အဆင့်နိမ့် ကျင့်ကြံသူအများစုမှာ မှော်လက်နက် လက်တစ်ဆုပ်စာကိုသာ အထူးပြုအသုံးပြုကြသည်။ အကြောင်းမှာ ချီစွမ်းအားမှာ ကန့်သတ်ချက်ရှိပြီး၊ မှော်လက်နက် အများအပြားအား တစ်ပြိုင်နက် ထိန်းချုပ်ရန် ဝိညာဉ်အာရုံ မလုံလောက်ခြင်းကြောင့် ဖြစ်သည်။

၎င်းက အစွမ်းသတ္တိကိုသာ လျော့ပါးစေမည် ဖြစ်သည်။ နှင်းတောထဲမှ တိုက်ပွဲတွင်ပင် သူ၏ လက်နက်များမှာ စုံလင်လှသည်ဟု ထင်ရသော်လည်း၊ အမှန်စင်စစ် သူသည် မှော်အတတ်များကိုသာ အဓိက သုံးခဲ့ခြင်းဖြစ်သည်။ သူ အမှန်တကယ် အသုံးပြုခဲ့သော မှော်လက်နက်မှာ အဆင့်လတ် ကျောက်စိမ်းဓားသွားနှင့် ထိပ်တန်းအဆင့် လေးရောင်ခြယ်ဆေးအိုးတို့သာ ဖြစ်သည်။

ထိုသို့တိုင်အောင် ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူ၏ ချီစွမ်းအားမှာ ထက်ဝက်ကျော် ကုန်ခမ်းသွားခဲ့သည်။ ထို့ကြောင့် သူ၏ စုဆောင်းမှုထဲမှ အသင့်တော်ဆုံး မှော်လက်နက်များအား ရွေးချယ်ပြီး အသစ်စက်စက် တိုက်ခိုက်ရေးပုံစံတစ်ခု ဖန်တီးရန်မှာ သူ ယခု ချက်ချင်း အာရုံစိုက်ရမည့် အလုပ်ဖြစ်လာသည်။

“ဒီခြံဝင်းက သေးလွန်းတယ်၊ မှော်လက်နက်တွေ စမ်းသပ်ဖို့ မသင့်တော်ဘူး၊ ပိုပြီး ကျယ်ဝန်းတဲ့ နေရာမှာ လုပ်မှ ရမယ်”

ဖီးနစ်ကျတောင်ရှိ လေ့ကျင့်ရေးခန်းမအား အသုံးပြုရန်မူ သူ ချက်ချင်း ပယ်ချလိုက်သည်။

ထိုနေရာ၏ အခကြေးငွေမှာ အဆမတန် မြင့်မားလွန်းလှသည်။ လခြမ်းတောင်ကြား အနောက်ဘက်ရှိ တောအုပ်ထဲတွင်သာ သွားရောက်လေ့ကျင့်ရမည့်ပုံပင်။

“ဒါ ဘာအနံ့ လဲ”

ထိုအချိန်တွင် ခါးသက်သော ဆေးနံ့တစ်ခု တံခါးကြားမှ တိုးဝင်လာသဖြင့် သူနှာခေါင်း ရှုံ့လိုက်မိသည်။ သူ အပြင်သို့ ထွက်ကြည့်လိုက်သောအခါ အိမ်ဝင်းထဲရှိ ဆေးအိုးကြီးတစ်လုံးထဲမှ ရေနွေးငွေ့များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

တစ်စုံတစ်ယောက် ဆေးဖော်စပ်နေခြင်း ဖြစ်သည်။

“မမရှပါလား၊ ဒီအချိန် အလုပ်မသွားဘူးလား” ဟု လော့ချန် မေးလိုက်သည်။

ဖုန်းရှက မော့ကြည့်လိုက်သော်လည်း ချက်ချင်း ပြန်မဖြေပေ။ လော့ချန် သမ်းဝေလိုက်ပြီး သူမ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

ဆူပွက်နေသော ဆေးရည်ကို ကြည့်ရင်း သူ မေးလိုက်သည်။

“ဒါ ဒဏ်ရာကုဆေး မဟုတ်လား၊ တစ်ယောက်ယောက် ထိခိုက်ထားလို့လား”

“ရှောင်တွမ် အတွက်ပါ”

ဖုန်းရှက အက်ကွဲနေသော အသံဖြင့် တိုးညင်းစွာ ပြန်ဖြေသည်။

သူမ၏ လည်ချောင်းမှာ ကုသပြီးသည်မှာ ကြာပြီဖြစ်သော်လည်း ဆေးပေါင်းတစ်ထောင်ခန်းမတွင် နှစ်ပေါင်းများစွာ ဆေးစမ်းသပ်ခဲ့ရသဖြင့် သူမ၏ အသံမှာ အပြီးတိုင် ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ မူလအသံကို ဘယ်တော့မှ ပြန်ရတော့မည် မဟုတ်ပေ။

သူမ လေသံအေးအေးဖြင့် ထပ်ပြောသည်။

“သူအိပ်ယာထဲလဲနေတာ ငါးရက်၊ ခြောက်ရက်လောက် ရှိပြီ”

လော့ချန် အံ့သြတကြီး ရေရွတ်လိုက်သည်။

“ဒဏ်ရာရတာ အဲဒီလောက်တောင် ကြာပြီလား၊ ဘာဖြစ်လို့လဲ”

“အဆုံးအဖြတ်စင်မြင့်မှာ ထိခိုက်သွားတာလေ၊ အခု ဆောင်းရာသီ ရောက်လာတော့ တချို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေက အခြေအနေ မဟန်ကြဘူး၊ ငွေရှာ နိုင်ဖို့အတွက်ဆို ဘာမဆို လုပ်ကြတော့တာပဲ”

ဖုန်းရှက အရှေ့ဘက် အဆောင်ခန်းကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ရှောင်တွမ်က ပြီးခဲ့တဲ့လရဲ့ ချီသန့်စင်အဆင့် ထိပ်သီးသုံးယောက် စာရင်းမှာ သူ့နေရာကို ဆက်ထိန်းထားနိုင်ဖို့ နှင်းကြာပန်းဈေးမြို့တော်က ကျင့်ကြံသူတစ်ယောက်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတယ်၊ တစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာရသွားတာပဲ”

‘တွမ့်ဖုန်းက အဲဒီလောက်တောင် သန်မာသွားပြီလား’ ဟု လော့ချန် တွေးလိုက်မိသည်။

တွမ့်ဖုန်းသည် သူ၏ အကောင်းဆုံး အခြေအနေထက် အနည်းငယ်သာ အားနည်းကြောင်း ချင်လျန်ချန်း ပြောခဲ့သည်ကို သူ မှတ်မိသည်။

ယခုအခါ တွမ့်ဖုန်းသည် တာဟဲစျေးမြို့တော်၏ ချီသန့်စင်အဆင့် ကျင့်ကြံသူများထဲတွင် ထိပ်သီးသုံးဦးစာရင်းအထိ မည်သို့ ရောက်သွားလေသလော။

ယခုအခါ တာဟဲစျေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အင်အားမှာ ယခင်ကနှင့် မတူတော့ပေ။

သူတို့သည် မိစ္ဆာသားရဲများနှင့် အမြဲတိုက်ခိုက်နေရသဖြင့် မူလကတည်းက တော်ပြီးသား ဖြစ်သော်လည်း၊ အဆုံးအဖြတ်စင်မြင့်ပေါ်တွင် ထပ်မံ လေ့ကျင့်ခွင့်ရခဲ့ခြင်းက သူတို့အား ပို၍ ကြံ့ခိုင်လာစေသည်။

တိုက်ပွဲမဝင်သည်မှာ ကြာပြီဖြစ်သော ဝမ်ယွမ်ပင်လျှင် ထိပ်တန်း အဆင့် ၅၀ စာရင်းမှ ကျန်ရစ်ခဲ့သော်လည်း၊ တွမ့်ဖုန်းမှာမူ မသိမသာဖြင့် ထိပ်သီးသုံးဦးထဲသို့ ရောက်ရှိလာခဲ့သည်။

လော့ချန် သက်ပြင်းချလိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

“လူသေတာမျိုး မဖြစ်အောင် အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက ဒိုင်အဖြစ် စောင့်ကြည့်ပေးတယ်လို့ ပြောကြတယ် မဟုတ်လား၊ ဓားနန်းဆောင်မှာ အဲဒီအဆင့် ကျင့်ကြံသူတွေ အများကြီး ရှိတာလား”

ဖုန်းရှ၏ ရှင်းပြချက်ကြောင့် အဆုံးအဖြတ်စင်မြင့်ပေါ်မှ တိုက်ပွဲများသည် ယခင်နှင့် မတူတော့ကြောင်း လော့ချန် သိလိုက်ရသည်။

ဆောင်းရာသီ ရောက်လာသည်နှင့်အမျှ ကျင့်ကြံသူ ပိုများလာပြီး တိုက်ပွဲများအား နေ့စဉ် အပြည့် စီစဉ်ထားရသည်။ ကျောက်စိမ်းအိုး ဓားနန်းဆောင်တွင် အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်သာ ရှိသဖြင့် တိုက်ပွဲအားလုံးကို လိုက်လံ စောင့်ကြည့်ရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ဒိုင်အဖြစ် ဆောင်ရွက်ခြင်းကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုသာ လွှဲထားရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုလူများမှာလည်း ချီသန့်စင်အဆင့်များသာ ဖြစ်ကြသည်။ အသက်အန္တရာယ်ရှိသော အချိန်တွင် အစွမ်းကုန် တိုက်ခိုက်နေသော ကျင့်ကြံသူ နှစ်ဦးအား သူတို့ တားနိုင်လိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သော တစ်လအတွင်း တိုက်ပွဲဖြစ်ရင်း မတော်တဆ သေဆုံးမှုများစွာ ရှိခဲ့သည်။

အမှန်စင်စစ် ဓားနန်းဆောင်သည် ထိုကဲ့သို့ ဖြစ်ရပ်မျိုးကိုပင် အားပေးနေခြင်း ဖြစ်နိုင်သည်။

တိုက်ပွဲ ပိုပြင်းထန်လေ၊ ပွဲကြည့်သူနှင့် လောင်းကစားသူ ပိုများလေ ဖြစ်သည်။

တွမ့်ဖုန်း၏ တိုက်ပွဲမှာ အထူးပွဲစဉ်တစ်ခု ဖြစ်သင့်သော်လည်း၊ ပထမနှင့် ဒုတိယအဆင့်ရှိသူများ၏ တိုက်ပွဲကို နောက်ဆုံးမိနစ်တွင် ထည့်သွင်းလိုက်သဖြင့် တွမ့်ဖုန်း၏ တိုက်ပွဲကို စောင့်ကြည့်ရမည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှာ ထိုပွဲသို့ ရောက်သွားခဲ့သည်။

ရလဒ်မှာ တစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာအပြင်းအထန် ရခြင်း ဖြစ်သည်။

နှင်းကြာပန်းဈေးမြို့တော်မှ ကျင့်ကြံသူမှာ သေဆုံးသွားပြီး တွမ့်ဖုန်းမှာမူ အပြင်းအထန် ဒဏ်ရာရကာ ဓားနန်းဆောင် ကျင့်ကြံသူများက ထမ်းပိုး၍ ပြန်ပို့ခဲ့ရသည်။

“သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ နေရာလွဲသွားတယ်၊ အရိုးတွေလည်း အများကြီး ကျိုးသွားတယ်၊ ခန္ဓာကိုယ်ပေါ်မှာ အရွယ်စုံ ဒဏ်ရာ ၁၃ ချက် ရှိတယ်၊ ဒါတွေက ကုလို့ရသေးပေမဲ့ အဆိုးဆုံးကတော့ သူ့ကိုယ်ထဲကို ရေခဲစွမ်းအင်တွေ ဝင်သွားတာပဲ၊ အဲဒါကြောင့် ရှောင်တွမ်က သူ့ရဲ့ ချီစွမ်းအင်ကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် မကုနိုင်တော့ဘူး၊ ဒါ့အပြင် သူရဲ့ စွမ်းအင်ကြောတွေလည်း တော်တော် ပျက်စီးသွားတယ်၊ အမြန်မကုနိုင်ရင် နောက်ပိုင်း အခြေခံအုတ်မြစ် တည်ဆောက်ဖို့အတွက်ပါ ထိခိုက်နိုင်တယ်”

ဖုန်းရှတစ်ယောက် အရှေ့ဘက် အဆောင်ခန်းကို သနားစဖွယ် ကြည့်ရင်း ပြောလိုက်သည်။ သူမ၏ အက်ကွဲသောအသံမှာ အထဲမှ လူ ကြားသွားမည်ကို စိုးရိမ်ပုံမရပေ။

သူမ ခေါင်းယမ်းရင်း ဆက်ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ အစ်မ သိလိုက်တာ၊ အခုတလော အစ်မ အားနေတာနဲ့ပဲ သူ့အတွက် ဆေးကျိုပေးနေတာ၊ ဒါပေမဲ့ အစ်မနည်းလမ်းတွေက သူ့ဒဏ်ရာ အချို့ကိုပဲ သက်သာစေမှာပါ၊ ရေခဲစွမ်းအင်ကိုတော့ သူကိုယ်တိုင်ပဲ ဖယ်ထုတ်ရလိမ့်မယ်၊ ပျက်စီးသွားတဲ့ စွမ်းအင်ကြောတွေ ဆိုတာကတော့....”

သူမ စကားကို ဆက်မပြောဘဲ ရပ်ထားလိုက်သည်။ ဒန်တျန်နှင့် စွမ်းအင်ကြောများအား ကုသပေးနိုင်သည့် ဆေးလုံးတိုင်းမှာ မတန်တဆ ဈေးကြီးလှသည်။

တွမ့်ဖုန်းကဲ့သို့ အမြဲတိုက်ခိုက်နေပြီး တိုးတက်ရန် ကြိုးစားနေသူတစ်ဦးထံတွင် ထိုကဲ့သို့သော ဆေးဝယ်ရန် စုဆောင်းငွေ ရှိလိမ့်မည် မဟုတ်ပေ။

လော့ချန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် “ကျွန်တော် သွားကြည့်လိုက်ဦးမယ်” ဟု ဆိုကာ မတ်တပ်ရပ်လိုက်သည်။

သူ တံခါး တွန်းဖွင့်လိုက်သည်နှင့် အေးစက်သော လေထုက သူ့အား ဆီးကြိုလိုက်သည်။

အခန်းထဲတွင် အပြင်ထက် ပို၍ အေးနေသည်မှာ မမျှော်လင့်ထားသော အချက်ဖြစ်သည်။

ကုတင်၏ ရှေ့တွင် တောက်လောင်နေသော မီးဖိုကြီးတစ်ခု ရှိသော်လည်း ထိုအအေးဓာတ်မှာ ပျောက်ကွယ်မသွားဘဲ လေထုထဲတွင် အရိပ်တစ်ခုလို ရှိနေဆဲ ဖြစ်သည်။

လော့ချန် အထဲသို့ ဝင်သွားသောအခါ တွမ့်ဖုန်းမှာ မျက်လုံးအစုံ ဖွင့်လျက် အပေါ် ထုပ်တန်းအား အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ အိပ်မနေပေ၊ ငြိမ်သက်နေခြင်းသာ ဖြစ်သည်။

လော့ချန် ကုတင်ဘေးတွင် ရပ်ကာ ပြောလိုက်သည်။

“အစ်ကိုတွမ်က မှော်လက်နက်တွေကို ပြုပြင်ရာမှာ တော်တော် ကျွမ်းကျင်တာပဲ၊ ဆိုင်သေးသေးလေး တစ်ဆိုင်ဖွင့်ပြီး အေးအေးဆေးဆေး အသက်မွေးလို့ ရတာပဲကို၊ ဘာလို့ အဆုံးအဖြတ်စင်မြင့်ပေါ်မှာ နေ့တိုင်း အသေအလဲ တိုက်နေရတာလဲ၊ ကျွန်တော် အစ်ကို့ကို အရင်ကလည်း ပြောဖူးတယ်၊ မြစ်နားမှာ အမြဲနေနေရင် တစ်နေ့တော့ ခြေထောက် ရေစိုမှာပဲလို့….”

လော့ချန်၏ အကြည့်မှာ တွမ့်ဖုန်း၏ ပိန်လှီနေသော ခန္ဓာကိုယ်၊ ပတ်တီးစည်းထားသော ရင်ဘတ်နှင့် ဘေးတွင် ပစ်ထားသော ပျက်စီးနေသည့် မှော်ဝတ်ရုံတို့ဆီသို့ ရောက်သွားသည်။

“ဒီတစ်ခေါက် မဟုတ်ရင်တောင် နောက်တစ်ခေါက်ကျရင် ဖြစ်မှာပဲ၊ တစ်ယောက်ယောက်ကတော့ ခင်ဗျားရဲ့ အားနည်းချက်ကို ရှာတွေ့မှာပဲလေ….”

သူ စောစောက သေချာ နားထောင်ခဲ့သည်။ တွမ့်ဖုန်းအား စိန်ခေါ်ခဲ့သော နှင်းကြာပန်းဈေးမြို့တော်မှ ကျင့်ကြံသူသည် သူ့အား နှိမ်နင်းရန်အတွက် အထူးဒီဇိုင်းထုတ်ထားသော နည်းဗျူဟာ သုံးခုဖြင့် ကြိုတင်ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် တွမ့်ဖုန်းသည် သူ၏ အစွမ်းကုန်ကို ကျော်လွန်ပြီး တိုက်ခိုက်ခဲ့မှသာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ထိပ်တန်းအဆင့် ပျံသန်းဓားပင် ပျက်စီးသွားခဲ့ရသည်။

ထိုစကားကို ကြားသောအခါမှ တွမ်ဖုန်း မျက်တောင်တစ်ချက် ခတ်လိုက်သည်။

ဖြည်းဖြည်းချင်းနှင့် မလိုလားသလို သူ၏ နှုတ်ခမ်းများ လှုပ်ရှားလာသည်။

“မင်းတော်တော် စကားများတာပဲ” ဟု သူ အသံအက်အက်ဖြင့် ပြောလိုက်သည်။

လော့ချန် နှာခေါင်းရှုံ့လိုက်ပြီး “အော်.... ကျွန်တော့်စေတနာကို အစ်ကို နားမလည်ဘူးပဲ၊ ဘယ်သူက ဒီလိုမျိုး ပြောပီး ဂရုစိုက်ဖူးလို့လဲ” ဟု ဆိုကာ တံခါးဘက်သို့ လှည့်ထွက်လာခဲ့သည်။

ဖုန်းရှမှာ တံခါးဝတွင် သနားစဖွယ် အမူအရာဖြင့် ရပ်နေသည်။ သူမ စကားမပြောရသေးခင်မှာပင် ဆေးပုလင်း အသေးလေးတစ်ခု သူမ၏ လက်ထဲသို့ ရောက်ရှိလာသည်။

“ဒါက စွမ်းအင်ကြော ပြုပြင်ဆေးရည်ပဲ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ပျက်စီးသွားတဲ့ စွမ်းအင်ကြောတွေကို ကုဖို့ အထူးထုတ်ထားတာ၊ အရမ်း ထိရောက်တယ်၊ ကျွန်တော် ၈၀ ရာခိုင်နှုန်းလောက် သုံးထားပေမဲ့ ကျန်သေးတယ်၊ သူ့ကို ရေနဲ့ ရောပြီး တစ်နေ့ကို တစ်စက်စီ တိုက်ပေးလိုက်ပါ” ဟု ပြောကာ သူမအား ပေးလိုက်သည်။

ဖုန်းရှမှာ ပုလင်းလေးကို အံ့သြတကြီး စိုက်ကြည့်နေမိသည်။ သူမသည် ဆေးပေါင်းတစ်ခောင်ခန်းမမှ ဆေးစမ်းသပ်သူဟောင်း တစ်ဦးဖြစ်သဖြင့် ဤဆေးရည်၏ တန်ဖိုးကို မည်သူထက်မဆို ပိုသိသည်။

၎င်းမှာ သာမန်ဆေးရည် မဟုတ်ဘဲ အစစ်အမှန် ဖြစ်သည်။ အနည်းဆုံး ဝိညာဉ်ကျောက် ၃၀၀ တန်ဖိုးရှိပြီး၊ အခြေခံတည်ဆောက်ခြင်းအဆင့်များအတွက် ရည်ရွယ်ထားသဖြင့် ပို၍ အရည်အသွေးမြင့်ကာ တစ်ပုလင်းလျှင် ဝိညာဉ်ကျောက် ၅၀၀ ခန့် တန်ဖိုးရှိနိုင်သည့် အဆင့်မြင့် ဆေးရည် ဖြစ်သည်။

“ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်" ဟု ဖုန်းရှ ရေရွတ်လိုက်သည်။

“သူက သေလုမျောပါး ဖြစ်နေပြီလေ၊ တန်ဖိုးကြီးတာ မကြီးတာ ဘာအရေးလဲ"

လော့ချန်က နှုတ်ခမ်းမဲ့ရင်း ပြောလိုက်သည်။

“နည်းနည်းပဲ ကျန်တော့တာဆိုတော့ သူ့ကို အပြည့်အဝ ကုနိုင်ချင်မှ ကုနိုင်မှာပါ၊ သုံးသာ သုံးလိုက်ပါ၊ လုံးဝ လေမလွင့်စေနဲ့ဦး၊ ကုန်သွားရင်လည်း ပုလင်းကို ရေနဲ့ ဆေးပြီး တိုက်လိုက်၊ အာနိသင် ကျန်သေးမှာပါ”

သူ ပြောစရာရှိသည်ကို ပြောပြီးနောက် အခန်းထဲမှ ထွက်ပေါ်လာသော အသံသဲ့သဲ့ကို ဂရုမစိုက်ဘဲ သူ၏ အဆောင်ဘက်သို့ ပြန်လာခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် သူ အလွန်အမင်း ပင်ပန်းနေပြီ ဖြစ်သည်။

မနေ့က တစ်ယောက်တည်းနှင့် သုံးယောက်ကို တိုက်ခဲ့ရခြင်း၊ လုဟွိုက်ပင်းအား တစ်ညလုံး စစ်ဆေးမေးမြန်းခဲ့ရခြင်းနှင့် ယနေ့ မြို့ထဲသို့ အပြေးအလွှား ပြန်လာကာ ကိစ္စများစွာကို ကိုင်တွယ်ခဲ့ရခြင်းတို့ကြောင့် သူ၏ ခိုင်မာသော ဝိညာဉ်အခြေခံမှာပင် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အိမ်သို့ ပြန်ရောက်သောအခါ သူ မီးဖိုကို မွှေးလိုက်ပြီး စောင်အထူကြီးကို ခြုံကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

….

လော့ချန် ပြန်နိုးလာသောအခါ နေဝင်သွားပြီ ဖြစ်သည်။

သူသည် ခဏမျှ ငြိမ်သက်စွာ လဲလျောင်းနေပြီး ကုတင်အပေါ်ရှိ မှန်ပြတင်းပေါက်မှတစ်ဆင့် ညနေခင်း ကောင်းကင်ယံမှ နှင်းပွင့်လေးများ တိတ်ဆိတ်စွာ ကခုန်နေသည်ကို ကြည့်နေမိသည်။

၎င်းတို့မှာ မှန်သားပေါ်သို့ ညင်သာစွာ ကျဆင်းလာပြီး အိမ်ထဲမှ အပူရှိန်ကြောင့် အရည်ပျော်ကာ မြူနှင်းများ ဖြစ်သွားတော့သည်။

တစ်လလုံး ကျင့်ကြံခဲ့ရခြင်း၊ ထို့နောက် နောက်ထပ် တစ်လလုံး မနားတမ်း ဆေးဖော်စပ်ခဲ့ရခြင်း။

ရိုးရှင်းသည်ဟု ထင်ရသော်လည်း သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အပေါ် သက်ရောက်မှုမှာ ပြင်းထန်လှသည်။

ယနေ့တွင် ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ ကိုယ့်ကိုယ်ကိုယ် အနားပေးလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ရှားပါးပြီး အလွန်လိုအပ်သော အနားယူမှုတစ်ခု ဖြစ်သည်။

အပြင်မှ အသံသဲ့သဲ့ ကြားရသဖြင့် သူ ထလိုက်ပြီး ဖိနပ်စီးကာ ဖြူဖွေးသော ဝတ်ရုံရှည်ကြီးကို ခြုံ၍ အပြင်သို့ ထွက်လာခဲ့သည်။

“မမရှ၊ ကျွန်မ ဆိုင်ရှင်လျိုနဲ့ စကားပြောခဲ့ပြီးပြီ” ဟု အမျိုးသမီးတစ်ဦးက စိတ်ပျက်လက်ပျက် ပြောနေသည်။

“သူက ဘာမှ မတတ်နိုင်ဘူးလို့ ပြောတယ်၊ ဆေးပေါင်းတစ်ထောင်ခန်းမက သူ့လက်အောက်မှာ မရှိတော့ဘူးတဲ့၊ ဒီအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက တကယ်ကို နှလုံးသား မရှိကြဘူး၊ မမရှက ဆေးပေါင်းတစ်ထောင်ခန်းမအတွက် နှစ်ပေါင်းများစွာ လုပ်ပေးခဲ့တာ၊ အသံတောင် ပျက်စီးသွားခဲ့တာလေ၊ အခု ဆိုင်ရှင်အသစ် ရောက်လာတော့ မမကို ဒီတိုင်းပဲ အကြောင်းပြချက် မရှိဘဲ ထုတ်ပစ်လိုက်တာလား”

ထို့နောက် သက်ပြင်းချသံနှင့်အတူ အသံတစ်ခု ထွက်ပေါ်လာသည်။

“တကယ်တော့…. အစ်မလည်း အဲ့ဒီကနေ ထွက်သွားဖို့ စဉ်းစားနေတာပါ”

All Chapters