← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း ၁၈၁ - တွမ့်သယ်၏ ဝမ်းနည်းပူဆွေးမှု၊ ဖရိုဖရဲ ခေါင်းလောင်းက သခင်အဖြစ် အသိအမှတ်ပြုခြင်း

အခြားတစ်ဘက်တွင်မူ လင်းမိသားစုသည် သင်္ချိုင်းဂူကို စောင့်ကြပ်ရန် အင်မော်တယ် ဧကရာဇ် အဆင့်ရှိ စွမ်းအားရှင် တစ်ဦးအား စေလွှတ်ထားသည်ကို ဝူယီဖန်နှင့် တွမ့်သယ်တို့မှာ မသိရှိသေးပေ။ အကယ်၍ သူတို့သာ အရင်ကတည်းက ရောက်ရှိလာခဲ့လျှင်ဖြင့် ဝူယီဖန်သည် ၎င်းတို့ကို ကိုင်တွယ်နိုင်မည် မဟုတ်ဘဲ သူတို့ကို ခြိမ်းခြောက်ရန် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ နောက်ခံကို အသုံးပြုရပေလိမ့်မည်။

သို့သော်လည်း ဝူယီဖန်သည် အခုအချိန်တွင် တဟားဟားဖြင့် ရယ်မောနေမည်သာ ဖြစ်သည်။

ပြီးပြည့်စုံသော ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်သည် နောက်ပြောင်စရာ မဟုတ်ချေ။ အင်မော်တယ် ဧကရာဇ် တစ်ပါးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ရန်မှာ ပြဿနာ မရှိပေ။

“သူတော်စင်... ရတနာတွေအများကြီးပဲ... ဒါတွေ အားလုံးကို မင်းကိုပဲ ပေးရမလား”

ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလှသော မြှုပ်နှံထားသည့် ပစ္စည်းများကို ကြည့်ရင်း တွမ့်သယ်မှာ အခြား ဘာကိုမှ ဂရုမစိုက်တော့ဘဲ တဟားဟား ရယ်မောနေလေ၏။

ထိုအခါ ဝူယိဖန်က လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

“မင်းကြိုက်တာ မင်း ယူလိုက်...”

မည်သို့ပင်ဆိုစေကာမူ၊ ယခုအခါတွင် ဝူယီဖန်သည် အတော်လေး ချမ်းသာနေပြီး ဖြစ်ကာ သယံဇာတ လိုအပ်ချက် မရှိတော့ချေ။ လီဖန်ထျန်းသည် သူ့ကို အင်မော်တယ် ဧကရာဇ် အဆင့်သို့ ဖောက်ထွက်ရန် လုံလောက်သော သယံဇာတများကို ပေးအပ်ထားပြီး ဖြစ်သည်။ သင်္ချိုင်းဖောက်ထွင်းခြင်းက သယံဇာတများ ရရှိရန်အတွက်သာ မဟုတ်ဘဲ သူ၏ စိတ်ဝင်စားမှုကို ဖြည့်ဆည်းရန်လည်း ဖြစ်သည်။ အမှန်အားဖြင့် ၊သင်္ချိုင်းဖောက်ထွင်းခြင်းသည် ဆိုးရွားသော အလုပ်တစ်ခုပင် ဖြစ်သည်။

ဝူယီဖန်၏ စကားကို ကြားသောအခါ တွမ့်သယ်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်သွားသည်။ သူသည် လိုအပ်သော သယံဇာတများကို သူ၏ သိုလှောင်ကွင်းထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် တောက်ပသော အနာဂတ်သည် သူ့ကို လက်ယပ်ခေါ်နေသည်ကို မြင်ယောင်မိသည်။

နှစ်ယောက်သား ခိုးရာပါ ပစ္စည်းများကို ခွဲဝေပြီးနောက် ဝူယီဖန်နှင့် တွမ့်သယ်တို့သည် သူတို့၏ နောက်ထပ် လှုပ်ရှားမှုကို စတင် ခွဲခြမ်းစိတ်ဖြာကြသည်။

“ငါတို့ ငါးနှစ်တိုင်တိုင် ပေါ်မလာခဲ့ဘူး... ပြီးတော့ ပေါ်လာတဲ့ အချိန်မှာလည်း လင်းမိသားစု ဘိုးဘေးကြီးရဲ့ သင်္ချိုင်းဂူ နှစ်ခုကို ငါတို့ ဖောက်ခဲ့ပြီးပြီ... လင်းမိသားစုရဲ့ နောက်ထပ် လှုပ်ရှားမှုက ကြီးမားလိမ့်မယ်လို့ ငါ စိုးရိမ်တယ်... ပြီးတော့ သူတို့က အင်မော်တယ် အရှင်မြတ် အဆင့်ရှိတဲ့ စွမ်းအားရှင်တွေကိုတောင် လွှတ်ကောင်း လွှတ်နိုင်တယ်... ဒါကြောင့် ဖြစ်နိုင်ခြေ အားလုံးအတွက် ငါတို့ ပြင်ဆင်ထားဖို့ လိုတယ်...”

ဝူယီဖန်သည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“အင်မော်တယ် ဧကရာဇ် တစ်ပါးကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်တယ် ဆိုပေမဲ့ အင်မော်တယ် အရှင်မြတ် တစ်ပါးနဲ့ ရင်ဆိုင်ရရင်တော့ ငါတောင် ထွက်ပြေးရုံပဲ တတ်နိုင်မှာ”

ထိုစဉ်၊ ဘေးတွင် ရပ်နေသော တွမ့်သယ်က လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

“ကိစ္စမရှိဘူး... သူတော်စင်... အခု မင်းကို ကူညီဖို့ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ ရှိနေပြီဆိုတော့ အင်မော်တယ် အရှင်မြတ်တောင်မှ ငါတို့ရဲ့ တည်ရှိမှုကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး... ငါတို့ သတိထားပြီး ပတ်ဝန်းကျင်ကို သေချာ စုံစမ်းကြည့်ကြတာပေါ့”

တွမ့်သယ်သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ အကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ဝူယီဖန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး စပ်စုလိုသော အကြည့်များဖြင့် မေးလိုက်သည်။

“ဒါနဲ့... ငါ မင်းကို မမေးရသေးဘူးနော်... ဒီကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို မင်း ဘယ်က ရခဲ့တာလဲ”

ဝူယီဖန်သည် ဤအရာကို မေးချင်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးကြီးကိုယ်တိုင် လာရောက်ကြည့်ရှုရလောက်သည့် ရတနာတစ်ခုမှာ သေချာပေါက် သာမန်မဟုတ်သည့် အရာတစ်ခု ဖြစ်ရမည် ဖြစ်သော်လည်း ၊ သို့သော် ထိုအရာကို တွမ့်သယ်က ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ဤသည်က ဝူယီဖန်ကို အတော်လေး သိချင်စေမိသည်။

ဝူယီဖန်၏ မေးခွန်းကို ကြားသောအခါ တွမ့်သယ်၏ အမူအရာသည် မှိုင်းညို့သွားပြီး ၊ သူ၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရနိုင်သော ဝမ်းနည်းမှုများ ဖြစ်ပေါ်လာသော်လည်း ၎င်းကို အလျင်အမြန် ဖုံးကွယ်လိုက်ပြီး အတင်းပြုံးကာ ပြောလိုက်သည်။

“ဪ... သင်္ချိုင်းဖောက်တဲ့ ခရီးစဉ်တစ်ခုမှာ ဒီပစ္စည်းကို ငါ မတော်တဆ တွေ့ခဲ့တာပါ... အဲ့လိုမှ မဟုတ်ရင် သူတော်စင်... ငါက သင်္ချိုင်းဖောက်တာကို ဘာလို့ ဒီလောက်တောင် သဘောကျနေတယ်လို့ မင်း ထင်လဲ”

“အဲ့လိုလား... ငါ နားလည်ပြီ”

တွမ့်သယ် လိမ်နေကြောင်းကို ဝူယီဖန် သဘာဝကျကျပင် သိလိုက်သော်လည်း ဆက်လက် မေးခွန်းထုတ်ခြင်း မပြုဘဲ ပါးနပ်စွာဖြင့် ရှောင်ကြဉ်လိုက်သည်။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးပြီးနောက် တွမ့်သယ်ကို သူ၏ ညီအစ်ကိုကောင်း တစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အကယ်၍ တွမ့်သယ်ဘက်မှ ‌မပြောလိုပါက၊ သူသည် အတင်းအကျပ် ပြောခိုင်းမည် မဟုတ်ပေ။ တွမ့်သယ်သည် သူ့ကို ဒုက္ခပေးမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

“ကောင်းပြီ... ကောင်းပြီ... သူတော်စင်... ညီအစ်ကို... ငါတို့ သွားကြစို့... သင်္ချိုင်းဖောက်ဖို့ ငါ မစောင့်နိုင်တော့ဘူး”

တွမ့်သယ်သည် အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်သလို ဝူယီဖန်ကလည်း မငြင်းဆန်ခဲ့ချေ။ သူ့ကိုယ်သူ သက်သေပြရန် တိုက်ပွဲတစ်ခု ဆင်နွှဲဖို့ သူကိုယ်တိုင်လည်း စိတ်အားထက်သန်နေ၏။

“ကောင်းပြီ... သွားကြစို့...”

တစ်ချိန်တည်းမှာပင် ဖရိုဖရဲ ကမ္ဘာအတွင်း၌ ဝူယိတောက်သည် ရွှေအင်မော်တယ် ကနဦးအဆင်မှ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခြင်းသည် ဖရိုဖရဲ ကမ္ဘာ တစ်ခုလုံးကို ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေခဲ့သည်။

လန်ထျန်းယွီ၊ လီကျန်ကန်းနှင့် အခြားသူများအနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ၊ သူတို့သည် ဖရိုဖရဲ ကမ္ဘာထဲမှ အပြင်သို့ ပို့ဆောင်ခံလိုက်ရသည်။

ရင်ပြင်ရှိ အကြီးအကဲများမှာ ဖရိုဖရဲ ခေါင်းလောင်းသည် နေရာ၌ လျင်မြန်စွာ လည်ပတ်နေပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ ဆူညံသံများ ဆက်တိုက် ထုတ်လွှတ်နေသဖြင့် သံသယဖြင့် ကြည့်ရှုနေကြသည်။ မကြာမီ ဖရိုဖရဲ မြင့်မြတ်နယ်မြေရှိ တပည့်များနှင့် အကြီးအကဲများသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“ဒါက မဟာတာအိုရဲ့ အသံပဲ... မြန်မြန်... ထိုင်ပြီး ဒီအသံကို ခံစားကြည့်ကြ...”

ကျွင်းရှောင်ယောင်သည် အံ့အားသင့်သွားပြီး ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ အထက်ကောင်းကင်ယံတွင် ပေါ်ထွက်လာကာ သူ၏ စကားသံသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ တစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။

ကျွင်းရှောင်ယောင် မပြောရင်တောင်မှ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့်များသည် ဤအသံ၏ ထူးခြားမှုကို ခံစားမိကြပြီး ၊ မဟာတာအို၏ အသံကို စတင် နားလည်သဘောပေါက်ရန် ထိုင်ချလိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ အင်မော်တယ် ဧကရာဇ် အဆင့်ရှိ စွမ်းအားရှင်များသည် ရင်ပြင်၌ ပေါ်လာကြပြီး ကောင်းကင်ယံရှိ ဖရိုဖရဲ ခေါင်းလောင်းကို လေးနက်တည်ကြည်သော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

“ဖရိုဖရဲ ခေါင်းလောင်းက မဟာတာအိုရဲ့ အသံကိုတောင် ထုတ်လွှတ်နိုင်လောက်တဲ့အထိ ဘာတွေများ ဖြစ်ပျက်သွားတာလဲ...”

မဟာအကြီးအကဲသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။ မဟာတာအို အသံ ဟူသည် ကောင်းချီး တစ်ခုနှင့် ဆင်တူသည်။ မဟာတာအို အသံအောက်တွင် ကျင့်ကြံခြင်းအရှိန် သို့မဟုတ် နားလည်နိုင်စွမ်း အရှိန်သည် အဆတစ်သောင်း တိုးမြင့်လာမည် ဖြစ်၏။

အကယ်၍ တစ်စုံတစ်ယောက်သည် မဟာတာအို၏ အသံကို ကြားနိုင်မည်ဆိုပါက အင်မော်တယ် အရှင်မြတ် သို့မဟုတ် အင်မော်တယ် မဟာဧကရာဇ် ပင်လျှင် အချိန်တိုအတွင်း သိသာထင်ရှားသော တိုးတက်မှု တစ်ခုကို သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။

"သူတော်စင်ကလွဲပြီး လူတိုင်း ထွက်လာကြပြီ... သူတော်စင်က ဒီကိစ္စကို ဖြစ်စေခဲ့တာ ဖြစ်လောက်တယ်... ဘာပဲဖြစ်ဖြစ် ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ် မြည်အောင် လုပ်နိုင်တဲ့ သူတော်စင်ကလွဲပြီး တခြား ဘယ်သူ့ကိုမှ ငါ စဉ်းစားလို့ မရဘူး..."

ရင်ပြင်၌ ပေါ်ထွက်လာသော တပည့် အရေအတွက်မှာ အလွန် နည်းပါးသည်ကို ကျွင်းရှောင်ယောင်သည်လည်း သတိပြုမိပြီး ၊ ၎င်းတို့အနက် ဝူယိတောက်မှလွဲ၍ အခြား မည်သူကမျှ ဤဆူညံသံကို ဖြစ်ပေါ်စေနိုင်မည်ဟု သူ မယုံကြည်ပေ။

ဤအခိုက်အတန့်တွင် ၊ ဝူယိတောက်သည် ဖရိုဖရဲ ကမ္ဘာထဲတွင် ရှိနေသေး၏။ သူ၏ မျက်စိရှေ့တွင် ရွှေရောင် အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ဝူယိတောက်၏ ရှေ့၌ ဖြည်းညင်းစွာ စုစည်းသွားကာ မိန်းကလေး တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

ဝူယိတောက် မျှော်လင့်မထားခဲ့သည့် အချက်မှာ ထိုမိန်းကလေးသည် ပါးစပ်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို မြင်မြင်ချင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလာခြင်းပင် ဖြစ်သည်။

"သခင်... အဲဒါ အရှင်လား... နောက်ဆုံးတော့ အရှင် ပြန်လာပြီပဲ..."

ဝူယိတောက်: ???

သူ့ရှေ့ရှိ မိန်းကလေးနှင့် ပတ်သက်၍ ၊ ဝူယိတောက်သည် သူမနှင့် ပတ်သက်သော မည်သည့် အတွေး သို့မဟုတ် မည်သည့်မှတ်ဉာဏ်မျှ မရှိကြောင်း၊ ထို့အပြင် သူသည် သူမကို တစ်ခါမှ မမြင်ဖူးကြောင်းနှင့် ကလေးကြိုက်သူ တစ်ယောက် မဟုတ်ကြောင်း ထုတ်ပြောနေချင်မိသည်။

"အဟမ်း... မိန်းကလေး... မင်း လူမှားနေပြီ ထင်တယ်... မင်းကို ငါ မသိဘူး..."

ဝူယိတောက်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

သို့သော်လည်း သူ့ရှေ့က မိန်းကလေးသည် အရာအားလုံးကို လျစ်လျူရှုကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဖရိုဖရဲက ဒီနေရာမှာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရတာပါ... နောက်ဆုံးတော့ သခင်ကို ရှာတွေ့သွားပြီပဲ... ပြန်လည် ကြိုဆိုပါတယ် သခင်..."

ဝူယိတောက်အနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် မိန်းကလေး၏ ခန္ဓာကိုယ်ထဲမှ အလင်းလုံး တစ်လုံးက ပျံထွက်လာပြီး ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွား၏။

၎င်းသည် ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် တစ်ခဏမှာပင် ဝူယိတောက်၏ မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ ဖရိုဖရဲ ခေါင်းလောင်း၏ ထိန်းချုပ်ခြင်းကို ခံရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သလို ၊ ဖရိုဖရဲ ခေါင်းလောင်း၏ အဆင့်သည် သာမန် နတ်ဘုရား မှော်လက်နက်များထက် များစွာ သာလွန်နေပြီး အင်မော်တယ် မဟာဧကရာဇ် မှော်လက်နက် အထက်တွင် ရှိနေကြောင်းကိုလည်း သိရှိလိုက်ရသည်။

အခန်း ၁၈၂ - မဟာစွမ်းအားရှင် ဝင်စားသူ

"ဒါဆို... မင်း ပြောချင်တာက ငါက မင်းရဲ့ သခင်... ဖရိုဖရဲ နတ်ဘုရား ဝင်စားသူပေါ့..."

သူ့ရှေ့ရှိ မိန်းကလေး၏စကားကို ကြားပြီးနောက် ဝူယိတောက်၏ အမူအရာတွင် တွန့်ဆုတ်သည့် အရိပ်အယောင်များ ပေါ်လာ၏။ မိမိသည် အခြားလူတစ်ယောက်၏ လူဝင်စားဖြစ်နေကြောင်း သိလိုက်ရမည်ဆိုပါက မည်သူမဆို သိပ်ပြီး နေလို့ကောင်းမည် မဟုတ်ချေ။

သို့သော်လည်း ဖရိုဖရဲသည် ဝူယိတောက်၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိမပြုမိသကဲ့သို့ ခေါင်းကို အထပ်ထပ် ညိတ်ပြလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ဟုတ်ပါတယ် သခင်... နတ်ဘုရား ဧကရာဇ်အဆင့်ကို ဖောက်ထွက်ဖို့အတွက် အရှင်က လူပြန်ဝင်စားဖို့ လုပ်ခဲ့တာပါ... မဝင်စားခင်မှာ အရှင်က ကျွန်မကို ဒီနေရာမှာ ထားခဲ့ပြီး ကျွန်မကို လာရှာမယ်လို့ ပြောခဲ့တယ်လေ..."

“ငါ ခဏလောက် စဉ်းစားပါဦမယ်... ငါ သိပ်ပြီး လက်ခံလို့ မရသေးဘူး..."

ဝူယိတောက်သည် နေရခက်စွာဖြင့်‌ ပြောလိုက်သည်။ သက်ပြင်းချလိုက်ပြီးနောက် သူသည် ထိုမိန်းကလေးကို ပျောက်ကွယ်သွားစေသည်။ ဖရိုဖရဲ ခေါင်းလောင်းကို ရရှိခဲ့သော်လည်း ဝူယိတောက်မှာ လုံးဝ မပျော်ရွှင်နိုင်ခဲ့ချေ။

အတွေးတစ်ချက် လှုပ်ရှားရုံမျှဖြင့် သူသည် ဖရိုဖရဲ ကမ္ဘာထဲမှ ပျောက်ကွယ်သွားခဲ့သည်။ အပြင်သို့ ရောက်လာသောအခါ ကျွင်းရှောင်ယောင်နှင့် အခြားသူများက စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် သူ့ထံ ချဉ်းကပ်လာကြသည်ကို မြင်တွေ့လိုက်ရသည်။

"ယိတောက်... ဒါဆို မင်းက ဖရိုဖရဲ ခေါင်းလောင်းရဲ့ အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီပေါ့..."

"ဟုတ်ပါတယ် မြင့်မြတ်အရှင်သခင်... ဖရိုဖရဲ ခေါင်းလောင်းက ကျွန်တော့်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပါပြီ... မြင့်မြတ်အရှင်သခင်... ဖရိုဖရဲ ခေါင်းလောင်းရဲ့ ဇာစ်မြစ်အကြောင်းကို ကျွန်တော့်ကို ပြောပြလို့ ရမလား..."

ဝူယိတောက်သည် တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ကျွင်းရှောင်ယောင်ကို ကြည့်ကာ မေးလိုက်၏။

ဝူယိတောက်သည် ဖရိုဖရဲ ခေါင်းလောင်း၏ သခင်အဖြစ် အသိအမှတ်ပြုခြင်းကို ခံလိုက်ရကြောင်း သိလိုက်ရချိန်တွင် ကျွင်းရှောင်ယောင်သည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွား၏။ ဖရိုဖရဲ မြင့်မြတ်နယ်မြေ စတင် တည်ထောင်လာသည့်အချိန်မှစကာ ဖရိုဖရဲ ခေါင်းလောင်းသည် မည်သူ့ကိုမျှ သခင်အဖြစ် အသိအမှတ် မပြုခဲ့ချေ။ ဘိုးဘေးကြီး ပင်လျှင် ဖရိုဖရဲ ခေါင်းလောင်းကို ရှစ်ကြိမ် မြည်အောင်သာ လုပ်နိုင်ခဲ့ပြီး ၊ ဖရိုဖရဲ ခေါင်းလောင်း၏ အကူအညီကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။

ဖရိုဖရဲ ခေါင်းလောင်း၏ အသိအမှတ်ပြုခြင်းကို ခံရသော ဝူယိတောက်သည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ တစ်ခုလုံးပင် ခန့်မှန်း၍ မရနိုင်သော အောင်မြင်မှုတစ်ခုကို ရယူနိုင်မည်ဟု မျှော်လင့်ရသည်။

ထို့ကြောင့် ဝူယိတောက်၏ စကားများကို ကြားပြီးနောက် ကျွင်းရှောင်ယောင်၏ အမူအရာသည် အစပိုင်းတွင် လေးနက်သွားသော်လည်း အလျင်အမြန်ပင် သက်ပြင်းချကာ ပြောလိုက်၏။

"အဲဒါက ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းတော့ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းက သိချင်နေမှတော့ ငါ မင်းကို ပြောပြဖို့ ဝန်မလေးပါဘူး... ဖရိုဖရဲ ခေါင်းလောင်းက အထက်ကမ္ဘာရဲ့ အပြင်ဘက်ကနေ လာပြီး ငါတို့ အထက်ကမ္ဘာထဲကို ကျလာတာလို့ ပြောကြတယ်... ပြီးတော့ ငါတို့ရဲ့ ဘိုးဘေးကြီးက ဖရိုဖရဲ ခေါင်းလောင်းရဲ့ အကူအညီနဲ့ ဒီနေ့ ငါတို့ သိထားတဲ့ မြင့်မြတ်နယ်မြေကို ဖန်တီးနိုင်ခဲ့တာပဲ..."

"ဒါ့အပြင် ဖရိုဖရဲ ခေါင်းလောင်းရဲ့ စွမ်းအားက အဲဒီလောက်တင် မကဘူး... ငါတောင်မှ ဖရိုဖရဲ ခေါင်းလောင်းရဲ့ စစ်မှန်တဲ့ စွမ်းအားကို မထုတ်သုံးနိုင်ခဲ့ဘူး... ဒါပေမဲ့ ဖရိုဖရဲ ခေါင်းလောင်းရဲ့ သခင်အနေနဲ့ မင်းကတော့ သူ့ရဲ့ စွမ်းအား အပြည့်အဝကို အခု ထုတ်သုံးနိုင်လောက်ပြီ..."

ကျွင်းရှောင်ယောင်၏ စကားများကို ကြားသောအခါ ဝူယိတောက်၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်ကွေးသွား၏။သူသည် ဤသို့ပြောလိုက်ချင်သည်။

'မြင့်မြတ်အရှင်သခင်... အရှင် အတွေးလွန်နေပြီ...'

ဝူယိတောက်၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ဖရိုဖရဲ ခေါင်းလောင်း၏ စစ်မှန်သော စွမ်းအားကို ထုတ်သုံးရန်မှာ မဖြစ်နိုင်သေးပေ။အကယ်၍ အလွန်ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်လိုက်မည်ဆိုပါက ၊ ဝူယိတောက်သည် ချက်ချင်းလက်ငင်း စွမ်းအင် ခန်းခြောက်သွားနိုင်သည်။

ကံကောင်းစွာဖြင့် ဖရိုဖရဲ ခေါင်းလောင်း၌ အရန် လျှို့ဝှက် စွမ်းအင် အရင်းအမြစ် တစ်ခု ရှိနေပြီး ဖရိုဖရဲ ခေါင်းလောင်းကို ထိန်းချုပ်နိုင်သော ဝိညာဉ် တစ်ခုလည်း ရှိနေခဲ့သည် ။ သို့သော်လည်း ၎င်းမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် သခင်ဖြစ်သူ ထုတ်လွှတ်နိုင်သော စွမ်းအား အပြည့်အဝ လောက်တော့ ကြီးမားမည် မဟုတ်ပေ။

"ဒါပေမဲ့ ဖရိုဖရဲရဲ့ ခွန်အားနဲ့ဆိုရင် အရင်က ရွှမ်ထျန်းကမ္ဘာရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို အနိုင်ယူနိုင်မလားဆိုတာ ငါ သိချင်မိတယ်..."

ဝူယိတောက်သည် တစ်စုံတစ်ခုကို သတိပြုမိသွားကာ သူ၏ အမူအရာသည် လေးနက်သွား၏။

ကောင်းကင်တာအို၏ စကားများမှတစ်ဆင့် တစ်ဖက်လူသည် အနည်းဆုံး နတ်ဘုရား တစ်ပါး ဖြစ်ကြောင်း သူ သိထားသော်လည်း ၊ တစ်ဖက်လူ၏ တိကျသော အဆင့်ကိုမူ သူ မသိချေ။

ဖရိုဖရဲ ခေါင်းလောင်းသည် သူ၏ ယခင်ဘဝမှာ နတ်ဘုရား အရှင်မြတ် တစ်ပါး ဖြစ်ကြောင်း ပြောခဲ့၏။ နတ်ဘုရား အရှင်မြတ်အဆင့်ရှိ ပုဂ္ဂိုလ်၏ လက်နက် တစ်ခုဖြစ်သောကြောင့် ဖရိုဖရဲ ခေါင်းလောင်း၏ အဆင့်မှာ သဘာဝကျကျပင် နတ်ဘုရား အရှင်မြတ် လက်နက်တစ်ခု ဖြစ်ပေလိမ့်မည်။ သခင်ဖြစ်သူ၏ အကူအညီ မပါဘဲနှင့်ပင် ဖရိုဖရဲ ခေါင်းလောင်းသည် နတ်ဘုရား အရှင်မြတ် အဆင့်ရှိ တိုက်ခိုက်ရေး စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိ၏။

"နတ်ဘုရား အရှင်မြတ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် နောက်ကွယ်က ကြိုးကိုင်သူကို ကိုင်တွယ်နိုင်လောက်တယ်..."

ဝူယိတောက်သည် သူ့ဘာသာ တွေးလိုက်ပြီး ရုတ်တရက် သက်ပြင်းချကာ ကျွင်းရှောင်ယောင်ကို လှည့်ကြည့်လိုက်သည်။

"အရှင်... ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ ခဏလောက် အနားယူချင်တယ်... ဒါကြောင့် ကျွန်တော့်ကို ခွင့်ပြုပါဦး..."

ထိုသို့ ပြောပြီးနောက် ဝူယိတောက်သည် လှည့်ထွက်သွားတော့သည်။

အောက်ဘက်တွင် ဝူယိတောက် ထွက်သွားသည်ကို မြင်သောအခါ မိုရှီယွီမှာ အနည်းငယ် စိတ်ပျက်အားငယ်သွားသည်။ သို့သော်လည်း သူမသည် အလျင်အမြန်ပင် အားတင်းလိုက်၏။

"ဝူယိတောက်... ရှင့်ကို ကျွန်မ သေချာပေါက် အမီလိုက်နိုင်စေရမယ်..."

ဝူဟောက်: ...

ဤအခိုက်အတန့်တွင် ဝူဟောက်သည် ပြန်လည် ရရှိလာသော ဖရိုဖရဲ ခေါင်းလောင်း တစ်သန်းကို ကြည့်ကာ အတွေးနက်နေ၏။ သူ့အနေဖြင့် ဖရိုဖရဲ ခေါင်းလောင်းကို ပြန်လည် ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့သလို ဝူယိတောက်သည် ဖရိုဖရဲ ခေါင်းလောင်းကို သခင်အဖြစ် အသိအမှတ်ပြုအောင် လုပ်နိုင်လိမ့်မည်ဟုလည်း ထင်မှတ်မထားခဲ့ချေ။

"စနစ်... ကိုးသိန်းကို ပေါင်းစပ်လိုက်... ဒါပေမဲ့ တစ်သိန်းကိုတော့ မပေါင်းစပ်ဘဲ ချန်ထားခဲ့..."

[ဒင်... ပေါင်းစပ်မှု အောင်မြင်ပါသည်... ဂုဏ်ယူပါတယ် ပိုင်ရှင်... ဖရိုဖရဲ ခေါင်းလောင်း (နတ်ဘုရား ဧကရာဇ် အဆင့် မှော်လက်နက်) ကိုးထောင်ကို ရရှိပါသည်...]

ဖရိုဖရဲ ခေါင်းလောင်း (နတ်ဘုရား အရှင်မြတ် အဆင့်) : အရာအားလုံးကို သန့်စင်ပေးနိုင်ပြီး ဖရိုဖရဲ မဟာတာအို ပါဝင်သည်။ ဖရိုဖရဲ ကမ္ဘာထဲတွင် ကျင့်ကြံခြင်းသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိနိုင်ပြီး အထူးသဖြင့် ဖရိုဖရဲ ခန္ဓာကိုယ်များအတွက် ဖြစ်သည်။ ၎င်းတို့၏ အပြင်ဘက် မျက်နှာပြင်သည် အလွန်တရာ မာကျောလှပြီး နတ်ဘုရား ဧကရာဇ် ပင်လျှင် ၎င်းတို့ကို မချိုးဖျက်နိုင်လောက်အောင် မာကျောစေသည်။

ဖရိုဖရဲ ခေါင်းလောင်း (နတ်ဘုရား ဧကရာဇ် အဆင့်) : အရာအားလုံးကို သန့်စင်ပေးနိုင်ပြီး ဖရိုဖရဲ မဟာတာအို ပါဝင်သည်။ ဖရိုဖရဲ ကမ္ဘာထဲတွင် ကျင့်ကြံခြင်းသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိနိုင်ပြီး အထူးသဖြင့် ဖရိုဖရဲ ခန္ဓာကိုယ်များအတွက် ဖြစ်သည်။ ၎င်းတို့၏ အပြင်ဘက် မျက်နှာပြင်သည် အလွန်တရာ မာကျောလှပြီး ကောင်းကင်ဧကရာဇ် တစ်ပါး၏ စွမ်းအားကိုပင် ခံနိုင်ရည် ရှိအောင် မာကျောစေသည်။

"ဒါက ငါ့အတွက် သိပ်ပြီး အသုံးမဝင်ဘူး... အများဆုံးက ပစ္စည်းတွေကို သန့်စင်ဖို့နဲ့ ရန်သူတွေကို တားဆီးဖို့လောက်ပဲ သုံးလို့ရမယ်... ဒါမှမဟုတ်လည်း နတ်ဘုရား ဧကရာဇ် အဆင့် လက်အောက်ငယ်သား ကိုးထောင်နဲ့ နတ်ဘုရား အရှင်မြတ် အဆင့် လက်အောက်ငယ်သား တစ်သိန်းလောက် ရလာတယ်လို့ ဆိုရမှာပဲ”

တစ်စုံတစ်ခုကို တွေးမိကာ ဝူဟောက်၏ မျက်လုံးများသည် အရောင်လက်သွား၏။

ဒါတွေက နတ်ဘုရား မှော်လက်နက်တွေလေ...

နတ်ဘုရား မှော်လက်နက်များကို ထည့်မဆိုခင်၊ အင်မော်တယ် မှော်လက်နက်များတွင်ပင် ဝိညာဉ်ရှိတတ်ကြသည်။ စွမ်းအား အပြည့်အဝကို မထုတ်သုံးနိုင်ရင်တောင် ဝိညာဉ်သည် မှော်လက်နက်၏စွမ်းအားကို ထိန်းချုပ်နိုင်သည်။

သို့သော် မှော်လက်နက်၏ ဝိညာဉ်သည် ပြန်လည်ကောင်းမွန်နိုင်သော အစွမ်းသတ္တိမရှိချေ။ ၎င်းသည် သခင်ဖြစ်သူ၏ အကူအညီဖြင့်သာ ပြန်လည် နာလန်ထူနိုင်သည်။

ဝူဟောက်၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် နတ်ဘုရား ဧကရာဇ် မှော်လက်နက်၏ စွမ်းအားကို ထည့်မဆိုနှင့်၊ နတ်ဘုရား အရှင်မြတ်၏ စွမ်းအားကိုပင် ပြန်လည် မဖြည့်တင်းပေးနိုင်ချေ။ အကယ်၍ သူသာ ပြန်လည် ဖြည့်တင်းပေးရဲမည်ဆိုပါက မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ စွမ်းအင်များမှာ ခန်းခြောက်သွားနိုင်သည်။

သို့သော်လည်း အကယ်၍ ၎င်းသည် စနစ်၏ ဆုကြေးတစ်ခု ဖြစ်နေမည်ဆိုပါက၊ အစကတည်းက စွမ်းအား အပြည့်အဝဖြင့် လာမည် ဖြစ်ရာ ယခုအခါ ဝူဟောက်၌ တစ်ခါသုံး နတ်ဘုရား အရှင်မြတ် လက်အောက်ငယ်သား တစ်သိန်းနှင့် တစ်ခါသုံး နတ်ဘုရား ဧကရာဇ် လက်အောက်ငယ်သား ကိုးထောင် ရှိနေသည်ဟု ဆိုလိုနိုင်သည်။

"အခုချိန်မှာ ကောင်းကင်ဧကရာဇ် ဝင်မပါသရွေ့ ငါ လုံးဝ ဘေးကင်းတယ်လို့ ဆိုလိုတာပဲ..."

ဝူဟောက်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အကယ်၍ နတ်ဘုရား ဧကရာဇ် တစ်ပါး သာ ဝင်ရောက် စွက်ဖက်လာမည်ဆိုပါက၊ ဖရိုဖရဲ ခေါင်းလောင်းများ၏ များပြားလှသော အရေအတွက်ဖြင့် သူသည် တစ်ဖက်လူကို ချေမှုန်းနိုင်ပေလိမ့်မည်။

ဤအတွေးဖြင့် ဝူဟောက်သည် သူ၏ ဇနီး စူးချောင်ရန်ကို ငြိမ်းချမ်းစွာ ဖက်ထားရင်း အိပ်မောကျသွားတော့၏။

ဝူဟောက် မသိခဲ့သည့် အချက်မှာ အထက်ကမ္ဘာ၏ တစ်နေရာတွင် သွေးဧကရာဇ်သည် ရွှယ်ယွမ်နှင့် အခြားသူများကို စုရုံးနေခြင်းပင် ဖြစ်သည်။

"အဖေ... ဒါဆို အဖေ ထွက်သွားတော့မလို့လား..."

ရွှယ်ယွမ်သည် သူ့ရှေ့ရှိ သွေးဧကရာဇ်ကို ကြည့်ကာ မတတ်သာသည့် လေသံဖြင့် မေးလိုက်၏။

သွေးဧကရာဇ်သည် ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီးနောက် ရွှယ်ယွမ်၏ ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ခွဲခွာခြင်းဆိုတာ ပုံမှန်ပါပဲ... ငါက အခု နတ်ဘုရား တစ်ပါး ဖြစ်သွားပြီဆိုတော့ အထက်ကမ္ဘာက ငါ့ကို ဆက်ပြီး လက်ခံနိုင်စွမ်း မရှိတော့ဘူး... ဒါပေမဲ့ ငါ မထွက်သွားခင် မင်းအတွက် အရာအားလုံးကို ပြင်ဆင်ပေးခဲ့ပါ့မယ်... နတ်ဘုရားကမ္ဘာမှာ မင်းကို ငါ စောင့်နေမယ်..."

"ပြီးတော့ ငါတို့ ခံစားခဲ့ရတဲ့ အရှက်ရမှုတွေ အားလုံးအတွက် သွေးဝိညာဉ်ဂိုဏ်းက ငါတို့နဲ့ စာရင်းရှင်းပေးရမယ်..."

သွေးဧကရာဇ်၏ စကားများထဲတွင် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသလို ရွှယ်ယွမ်နှင့် အခြားသူများလည်း ထိုနည်းတူပင် ဖြစ်၏။

သွေးနတ်ဘုရား၏ အကူအညီဖြင့် ရွှယ်ယွမ်သည် အင်မော်တယ် ဧကရာဇ်အဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီး အကြီးအကဲနှင့် အခြားသူများ ပင်လျှင် အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ဖောက်ထွက်သွားခဲ့ကြပြီ ဖြစ်သည်။

သူတို့ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် ချီအငွေ့အသက်များအရ၊ အထက်ကမ္ဘာသည် နောက်တစ်ကြိမ် သွေးထွက်သံယိုမှုထဲသို့ ကျဆင်းသွားဖွယ် ရှိနိုင်ကြောင်း နိမိတ်ပြနေခဲ့သည်။

All Chapters