← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း ၁၈၉ - ဝိညာဉ်မြေခွေး ကိုးမြီး၏ တက်လှမ်းခြင်း နည်းလမ်း

"နှလုံးသွေး..."

ဝူဟောက်သည် အံ့အားသင့်သွားပုံ ပေါ်၏။ ဝိညာဉ်မြေခွေး ကိုးမြီး၏ အဆင့်တက်မည့် နည်းလမ်းသည် ဤသို့ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

ဝူဟူက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်... ဝိညာဉ်မြေခွေး ကိုးမြီး မျိုးနွယ်စုရဲ့ စွမ်းအားက ကျွန်မတို့ရဲ့ အမြီးတွေဆီကနေ လာတာပါ... လူသားအင်မော်တယ် အောက်မှာဆိုရင် ကျွန်မတို့ရဲ့ အမြီးတွေကို ဝိညာဉ်အမြီးတွေလို့ ခေါ်ပါတယ်... အမြီးကိုးချောင်းစလုံး အသက်ဝင်လာမှသာ ဝိညာဉ်မြေခွေး ကိုးမြီးလို့ ခေါ်လို့ ရတာပါ..."

"မြေခွေး ကိုးမြီးရဲ့ အထွတ်အထိပ်က မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ပါ... တကယ်လို့ ကျွန်မတို့က ဒီထက်ပိုပြီး ရှေ့ဆက်ချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ အမြီးတွေကို နောက်တစ်ဆင့်ကို တက်လှမ်းစေပြီး နတ်ဘုရားအမြီး အဖြစ် အဆင့်မြှင့်တင်ဖို့ လိုပါတယ်..."

"ဝိညာဉ်အမြီး တစ်ခုကို နတ်ဘုရားအမြီး အဖြစ် ဘယ်လို အဆင့်မြှင့်တင်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ အင်မော်တယ် ချီ အမြောက်အမြားကို စုပ်ယူဖို့ လိုအပ်ပါတယ်... ကောင်းကင်နဲ့ မြေကြီး ရတနာတွေလို အရာမျိုးတွေ ရှိပေမဲ့ အလွယ်ကူဆုံး နည်းလမ်းကတော့ သန်မာတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ နှလုံးသွေးကို စုပ်ယူတာပါပဲ..."

"အဲဒီလိုလား... ဒီသယံဇာတတွေက မင်းရဲ့ အမြီးငါးချောင်းကို နတ်ဘုရားအမြီးတွေ အဖြစ် ပြောင်းလဲဖို့ လုံလောက်လောက်တယ်... ဒါတွေကို အရင် သုံးထားလိုက်... မင်း သုံးလို့ ပြီးသွားရင် ငါ့ကို ပြန်ပေး..."

ဝူဟောက်သည် စကားပြောပြီးနောက် သယံဇာတများပါဝင်သည့် သိုလှောင်ကွင်း တစ်ခုကို ပစ်ပေးလိုက်၏။

အထဲရှိ သယံဇာတများကို မြင်လိုက်ရသည်နှင့် ဝူဟူ၏ အသက်ရှူနှုန်းပင် မြန်ဆန်လာကာ ၊ ထို့နောက် တွန့်ဆုတ်မနေဘဲ ဝူဟောက်ကို ကြည့်ကာ ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်... တကယ်လို့ သခင့်အိပ်ရာကို နွေးပေးဖို့ ကျွန်မကို လိုအပ်ရင် အချိန်မရွေး တောင်းဆိုလိုက်ပါ..."

"မင်း ဘာတွေ တွေးနေတာလဲ... ငါက အိမ်ထောင်သည် တစ်ယောက်လေ... မင်း ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံဖို့ပဲ အာရုံစိုက်ပြီး အမြန်ဆုံး တက်လှမ်းနိုင်အောင် ကြိုးစားစမ်းပါ..."

ဝူဟောက်သည် မသင့်တော်သော စကားတစ်ခွန်းကို ဆိုပြီးနောက် ပျောက်ကွယ်သွားခဲ့ရာ၊ မျက်ဝန်းထဲမှ အချစ်ရိပ်တို့ကို မနည်းဖိနှိပ်ထိန်းချုပ်နေရသော ဝူဟူတစ်ယောက်တည်းသာ ထိုနေရာ၌ ကျန်ရစ်ခဲ့တော့သည်။

ဝူဟောက်ကတော့ ဤကိစ္စကို မသိခဲ့ပေ။ အကယ်၍သာ သူ သိခဲ့မည်ဆိုလျှင်... ကျင့်ကြံခြင်းအဆင့် တစ်နေရာသို့ ရောက်ရှိသွားသူတစ်ယောက်အနေဖြင့် မျိုးဆက်ပွားခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားနိုင်စွမ်း ရှိ၊ မရှိ ဆိုသည်ကို သူ သိချင်စိတ် ပြင်းပြသွားလောက်ပေသည်။

လင်းမိသားစု နေအိမ်သို့ ပြန်ရောက်ရောက်ချင်း လင်းထျန်းအန်သည် လူတိုင်းနှင့် အစည်းအဝေး တစ်ခုကို ချက်ချင်း ခေါ်ယူလိုက်၏။

"အစ်ကိုကြီး.. အစ်ကိုကြီးက ရူဖုန်းစံအိမ်ကနေ ပြန်လာပြီဆိုတော့... အဲ့လူက ဘယ်သူလဲဆိုတာ အစ်ကို သိပြီးပြီလို့ ဆိုလိုတာလား..."

လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့ နှစ်ဦးစလုံးက အော်ဟစ်လိုက်ကြ၏။ မည်သို့ပင်ဖြစ်စေ ထိုလူမှာ တွမ့်မိသားစုမှ ဖြစ်ကြောင်း သူတို့ သိလိုက်ရသည်နှင့် လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့သည် အခြား ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ အရေးအကြီးဆုံး ကိစ္စမှာ တစ်ဖက်လူကို အရင်ဆုံး ရှင်းလင်းပစ်ရန်သာ ဖြစ်၏။

မိသားစု ခေါင်းဆောင် ဖြစ်လာရေးနှင့် ပတ်သက်၍မူ ၊ သူတို့သည် လှုပ်ရှားရန် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေနိုင်တော့သည်။

ဤစကားကို ကြားသောအခါ လင်းထျန်းအန်သည် သက်ပြင်းချလိုက်ပြီးနောက် အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

"ငါတို့ လင်းမိသားစုက ဒီကိစ္စကို ဆက်ပြီး လိုက်လို့ မရတော့ဘူး..."

"ဘာ... အစ်ကိုကြီး... ဘာကို ဆိုလိုတာလဲ... သူတို့က ငါတို့ လင်းမိသားစုကို မျိုးဖြုတ်ပစ်တာကို အစ်ကိုကြီးက ဒီတိုင်း ကြည့်နေတော့မလို့လား..."

ဤစကားကို ကြားသည်နှင့်၊ လင်းထျန်းယွီ၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးသွားပြီး မတ်တတ်ရပ်ကာ ဒေါသတကြီးဖြင့် ပြစ်တင် ပြောဆိုလိုက်၏။

သို့သော်လည်း လင်းထျန်းအန်သည် ကူကယ်ရာမဲ့စွာ ခံစားနေရသည်။ သူ့အနေဖြင့် ဘာလုပ်နိုင်မည်နည်း။ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် စွမ်းအားရှင် ပင်လျှင် ရိုးရှင်းသော တွက်ချက်မှု တစ်ခု လုပ်ရုံဖြင့် ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည် မဟုတ်လော။

မကြာမီ ထိုနေရာတွင် ရှိနေသူ အားလုံးက လင်းထျန်းအန် ရူဖုန်းစံအိမ်တွင် ကြားခဲ့ရသည်များကို ကြားသိသွားကြပြီး အားလုံး တိတ်ဆိတ်သွားကြ၏။

သို့သော်လည်း အလျင်အမြန်ပင် လင်းထျန်းယွီက မတ်တတ်ရပ်ကာ အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ စကားများထဲတွင် ခေါင်းမာမှုများဖြင့် ပြည့်နှက်နေသည်။

"ငါ လင်းထျန်းယွီက ငါ့ရဲ့ ကံကြမ္မာကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး... ငါတို့ ကျင့်ကြံသူတွေက သေရမှာကို ကြောက်စရာ အကြောင်းမရှိဘူး... သူတို့က ငါတို့ လင်းမိသားစုကို ဖျက်ဆီးချင်နေမှတော့ လင်းမိသားစုကို သူတို့ မဖျက်ဆီးနိုင်ခင် ငါက သူတို့ကို အရင် ဖျက်ဆီးပစ်မယ်..."

ထိုသို့ ပြောပြီးနောက် လင်းထျန်းယွီသည် လှည့်ထွက်သွားသလို လင်းထျန်းချင်ကလည်း ထိုနည်းတူပင် ဖြစ်၏။

လင်းထျန်းအန်သည် အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်းတို့ အားလုံး အရင် ထွက်သွားကြ... ငါ့ကို ငြိမ်ငြိမ်သက်သက်လေး နေခွင့်ပြုပါဦး..."

မကြာမီ လင်းမိသားစု ခန်းမထဲတွင် လင်းထျန်းအန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။ လင်းထျန်းအန်သည် မိသားစု ခေါင်းဆောင် နေရာတွင် လေးနက်စွာ ထိုင်နေပြီး သူ၏ နောက်ထပ် လှုပ်ရှားမှုအတွက် တွေးတောနေသည်။

သေချာပေါက် သူသည် သူ့ကံကြမ္မာကို လက်ခံမည်မဟုတ်ပေ။

အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်၏ တွက်ချက်မှု ပင်လျှင် ပေါက်ကွဲ သေဆုံးမှုဖြင့် အဆုံးသတ်သွားခဲ့ပြီး ယခုအခါ တစ်ဖက်လူကို သူ ရှာမတွေ့နိုင်တော့ချေ။ သူ့အနေဖြင့် ဘာလုပ်သင့်သနည်း။

လင်းထျန်းအန် အကူအညီမဲ့နေချိန်မှာပင် အေးစက်သော ရယ်သံနှင့် ရောယှက်နေသည့် တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။

"မင ကြည့်ရတာ အတော်လေး ဒုက္ခရောက်နေပုံ ရတယ်... ငါ့အကူအညီ လိုအပ်လား..."

စကားသံ ပျောက်ကွယ်သွားသည်နှင့် လင်းထျန်းအန်သည် ကြီးမားလှသော ခြိမ်းခြောက်မှု တစ်ခုကို ခံစားလိုက်ရသကဲ့သို့ သူ၏ ကျောရိုးတစ်လျှောက် ‌ေအးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။

"မင်းက ဘယ်သူလဲ..."

ရုတ်တရက် ပုံရိပ်တစ်ခုက လင်းထျန်းအန်၏ ရှေ့၌ပေါ်ထွက်လာသည်။ ၎င်းသည် ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် ဝတ်ရုံဖြင့် လွှမ်းခြုံထားကာ ဤသည်မှာ သွေးဝိညာဉ်ဂိုဏ်း၏ ဝတ်စုံပင် ဖြစ်၏။

"ငါက ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး... ဒါပေမဲ့ အခု အရေးကြီးတာက မင်းရဲ့ လင်းမိသားစုက မျိုးဖြုတ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပုံ ပေါ်တယ်... ငါက မင်းရဲ့ လင်းမိသားစုကို ကူညီပေးနိုင်တယ်... ပြီးတော့ မင်းရဲ့ လင်းမိသားစုကို အထက်ကမ္ဘာ တစ်ခုလုံးမှာ ထင်ပေါ်ကျော်ကြားလာအောင်တောင် လုပ်ပေးနိုင်တယ်..."

တစ်ဖက်လူ၏ စကားများကို ကြားသောအခါ လင်းထျန်းအန်သည် လှောင်ရယ် ရယ်လိုက်ပြီး ပြောလိုက်၏။

"အရှင်က ဘယ်သူမှ သတိမထားမိဘဲ ငါ့ရှေ့မှာ ပေါ်လာနိုင်လောက်အောင် အလွန် သန်မာတယ်ဆိုတာကိုတော့ ငါ ဝန်ခံပါတယ်... အရှင်က အင်မော်တယ် မဟာဧကရာဇ် တစ်ပါး ဖြစ်လောက်တယ်... ဒါပေမဲ့ အထက်ကမ္ဘာ တစ်ခုလုံးကို အထင်သေးနိုင်တဲ့ အဆင့်အထိဆိုတာကတော့ အရှင်က စိတ်ကူးယဉ်နေတာပါပဲ..."

"ဪ... ဟုတ်လား... ငါက သွေးဝိညာဉ်ဂိုဏ်းက အဖွဲ့ဝင် တစ်ယောက်ဆိုရင်ကော ဘယ်လိုလဲ..."

တစ်ဖက်လူ၏ စကားများကို ကြားသောအခါ လင်းထျန်းအန်၏ သူငယ်အိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွား၏။ သူ့အနေဖြင့် ထိုဖြစ်တည်မှုကို အဘယ့်ကြောင့် မသိရှိမည်နည်း။

သွေးဝိညာဉ်ဂိုဏ်း... ရှေးဟောင်း ခေတ်ကာလက အထက်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

လွန်ခဲ့သော အချိန်ကာလက သွေးဝိညာဉ်ဂိုဏ်း၏ တည်နေရာကို သိရှိပြီးနောက် အထက်ကမ္ဘာရှိ သန်မာလှသော ပုဂ္ဂိုလ်များ အားလုံးသည် အင်အားအလုံးအရင်းဖြင့် ချီတတ်တိုက်ခိုက်ခဲ့သော်လည်း၊ သွေးဝိညာဉ်ဂိုဏ်းမှ လူများသည် လွတ်မြောက်သွားနိုင်ခဲ့သည်။ ထိုအရာကို ကြည့်လျှင်ဖြင့် သွေးဝိညာဉ်ဂိုဏ်းသည် မည်မျှ စွမ်းအားကြီးမားကြောင်းကို ပြသရန် လုံလောက်ပေသည်။

"ဘာ... ဒီသွေးဝိညာဉ်ဂိုဏ်းက လူယုတ်မာတွေက ခုလို ပေါ်ပေါ်ထင်ထင် ထွက်လာရဲတယ်ပေါ့လေ... မင်းတို့ကို တိုက်ခိုက်ဖို့ မဟာမြင့်မြတ်နယ်မြေ ငါးခုကို ငါ ဆက်သွယ်မှာ မကြောက်ဘူးလား..."

လင်းထျန်းအန်သည် မတ်တတ်ရပ်လိုက်ပြီး အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေ၏။ သူ၏ ပြိုင်ဘက်သည် အင်မော်တယ် မဟာဧကရာဇ် ဖြစ်နေလျှင်ပင်၊ အနိုင်ရရန် အခွင့်အရေး မရှိလျှင်ပင် သူသည် လှုပ်ရှားရမည် ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ဆိုရလျှင်ဖြင့်၊ သူသည် ဖြောင့်မတ်သော လမ်းစဉ်က ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

သို့သော်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲက အားရပါးရ ရယ်မောလေသည်။

"ဟားဟားဟား... တကယ်လို့ မင်း ပြောချင်တယ်ဆိုရင်တော့ သွားပြောလိုက်လေ... ဒါပေမဲ့ မင်းရဲ့ လင်းမိသားစုကို မျိုးဖြုတ်ပစ်ဖို့ ငါ လှုပ်ရှားမှာ မဟုတ်ဘူးလို့ အာမမခံနိုင်ဘူးနော်... မဟာမြင့်မြတ်နယ်မြေ ငါးခုက လူတွေ သတိမထားမိခင်မှာ ဒီအရာတွေ အားလုံးကို လုပ်ဆောင်နိုင်တဲ့ စွမ်းရည် ငါ့မှာ ရှိတယ်ဆိုတာ မင်း သိပါတယ်..."

"ဒါ့အပြင် မင်းရဲ့ လင်းမိသားစုက အခု မျိုးဖြုတ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလေ..."

"အခု ငါက လင်းမိသားစုနဲ့အတူ မင်း ရှင်သန်နိုင်ဖို့နဲ့ အထက်ကမ္ဘာမှာ ထိပ်တန်း အင်အားစု တစ်ခု ဖြစ်လာဖို့ အခွင့်အရေး တစ်ခု ပေးနေတာပဲ..."

"မင်းရဲ့ လင်းမိသားစုကို မျိုးဖြုတ်မခံရစေချင်ဘူး မဟုတ်လား..."

တစ်ဖက်လူ၏ စကားများကို ကြားသောအခါ လင်းထျန်းအန်၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးသွားပြီး သူသည် အံကြိတ်ကာ 'ယုတ်မာလိုက်တာ' ဟူသော စကားတစ်ခွန်းကို ရေရွတ်လိုက်၏။

သို့သော်လည်း လက်ရှိ အခြေအနေနှင့် လင်းမိသားစုသည် အမှန်တကယ်ပင် ပျက်စီးကိန်း ဆိုက်နေပြီ ဖြစ်ကြောင်းကို နားလည်သွားသောအခါ နောက်ဆုံးတွင် လင်းထျန်းအန်အနေဖြင့် ခေါင်းငုံ့ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ..."

"ငါ ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာလား... ငါ့ရဲ့ သွေးကျွန် အဖြစ် ခံယူဖို့ မင်း သဘောတူလိုက်... အဲဒါဆို မင်းကို အင်မော်တယ် မဟာဧကရာဇ်အဆင့်ကို ဖောက်ထွက်နိုင်အောင်နဲ့ မင်းရဲ့ လင်းမိသားစုရဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ငါ ကူညီပေးမယ်... ဒါပေမဲ့ မင်းရဲ့ လင်းမိသားစုကို ငါ လိုအပ်တဲ့အခါ မင်းရဲ့ လင်းမိသားစုက တွန့်ဆုတ်မနေဘဲ ရှိပေးနိုင်မလား..."

သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲသည် တွန့်ဆုတ်မနေဘဲ ပြောလိုက်ပြီးနောက် သူ၏ ချီအငွေ့အသက်ကို ထုတ်လွှတ်လိုက်၏။

"ပြီးတော့ ငါ့ကို သစ္စာဖောက်ဖို့ တွေးတောင် မတွေးနဲ့... ငါက အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ပဲ... မဟာ မြင့်မြတ်အရှင်သခင် ငါးပါးက ငါ့ရှေ့မှာ ပေါ်လာရင်တောင်မှ သူတို့က ငါ့ပြိုင်ဘက် ဖြစ်လာချင်မှ ဖြစ်လာမှာ..."

"ဘာ..."

တစ်ဖက်လူ၏ စကားများကို ကြားပြီး ၎င်းထံမှ ထွက်ပေါ်လာသော ချီအငွေ့အသက်ကို ခံစားလိုက်ရချိန်တွင်၊ လင်းထျန်းအန်၏ အမူအရာသည် အလွန်အမင်း အံ့အားသင့်သွားသည်။ လက်ရှိ အထက်ကမ္ဘာတွင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် တစ်ယောက်မှ မရှိသေးချေ။ သို့သော် တစ်ဖက်လူသည် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားရှင် တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲက လှောင်ရယ် ရယ်လိုက်ပြီး ပြောလိုက်သည်။

"အကယ်၍ ငါတို့ သွေးဝိညာဉ်ဂိုဏ်းအတွက် မင်းက တက်တက်ကြွကြွ အလုပ်လုပ်ပေးမယ်ဆိုရင် အချိန်တန်ရင် မင်းလည်း အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားရှင် တစ်ဦး သေချာပေါက် ဖြစ်လာနိုင်တယ်... ဒါ့အပြင် အရင်တစ်ခေါက်က ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ရုတ်တရက် ဖောက်ထွက်သွားပြီး တိုက်ခိုက်လိုစိတ် မရှိခဲ့လို့သာပေါ့... အဲဒီလိုမှ မဟုတ်ရင် မင်းတို့ အထက်ကမ္ဘာရဲ့ အင်မော်တယ် မဟာဧကရာဇ် စွမ်းအားရှင်တွေက ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လက်ချက်နဲ့ မျိုးဖြုတ်ခံလိုက်ရတာ ကြာလှပြီ..."

သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲထံမှ ဤတုန်လှုပ်ဖွယ်ရာ သတင်းကို ကြားလိုက်ရသောအခါ လင်းထျန်းအန်၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ယင်လာတော့၏။

အတန်ကြာပြီးနောက် လင်းထျန်းအန်အနေဖြင့် သက်ပြင်းချရုံသာ တတ်နိုင်တော့ပြီး တစ်ဖက်လူကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"လက်အောက်ငယ်သား လင်းထျန်းအန်က သခင်ကို ဂါရဝပြုပါတယ်..."

အခန်း ၁၉၀ - ကျင့်စဉ်တစ်ခု၏ အရည်အသွေးကို ဆုံးဖြတ်ပေးသည်မှာ လူများသာ ဖြစ်ပြီး ကျင့်စဉ်ကိုယ်တိုင် မဟုတ်ပေ

အချိန်များက မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး ရှစ်နှစ်တာ ကာလသည် အလျင်အမြန် ကုန်ဆုံးသွားခဲ့၏။

လွန်ခဲ့သော ရှစ်နှစ်အတွင်း အောက်ကမ္ဘာမှ လီထျန်းရှဲ့သည် ချောမောသော လူငယ်လေး တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သော်လည်း သူ၏ မျက်ခုံးနှစ်ခုကြားရှိ မှဲ့က သူ့ကို ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေပုံ ပေါ်စေသည်။

ဤရှစ်နှစ်အတွင်း ဝူဟောက်သည် လီထျန်းရှဲ့ လိုအပ်သော ကျင့်စဉ်ကို အောင်မြင်စွာ တွက်ချက်ဖန်တီးနိုင်ခဲ့၏။

[မိစ္ဆာကျင့်စဉ် - မိုးကောင်းကင် ကိုးထပ်မှာ ငါတစ်ယောက်တည်းသာ အုပ်စိုးတယ်၊ ဖီဆန်တဲ့သူ မှန်သမျှ အညှာအတာမဲ့ သတ်ဖြတ်ခံရမယ်...]

သေချာသည်မှာ ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ကို လီထျန်းရှဲ့ထံ မလွှဲပြောင်းပေးမီ ဝူဟောက် လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ရှိသေး၏။

တစ်ချိန်တည်းမှာပင် ဝူမိသားစု၏ ကျင့်စဉ်ခန်းမ အတွင်း၌ မဟာဧကရာဇ်အဆင့်သို့ ကျင့်ကြံပြီးဖြစ်သော ဝူကျစ်ချန်သည် ဝူဟောက်ရောက်လာချိန်တွင် သူသည် ဗီဒီယိုများကို အပျင်းပြေ ကြည့်နေခဲ့သည်။

ထိုစဉ် ဝူဟောက်ရောက်ရှိလာသည်ကို မြင်လိုက်ရပြီးနောက် ဝူကျစ်ချန်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွား၏။

"ဘိုးဘေးကြီး... ဘာလို့ ပြန်ရောက်လာတာလဲ..."

"ဘာမှမဟုတ်ပါဘူး... ငါ အထက်ကမ္ဘာမှာ ကျင့်စဉ်စာအုပ် တစ်အုပ် ရှာတွေ့ခဲ့လို့ အဲဒါကို ကျင့်စဉ် အပိုင်းထဲ ထည့်လိုက်မလို့ပါ..."

ဝူဟောက်သည် လက်ဝှေ့ယမ်းပြလိုက်ပြီး ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ကို ဝူကျစ်ချန်ထံ ကမ်းပေးလိုက်သည်။ ရွှမ်ထျန်း မိစ္ဆာကျင့်စဉ် ဟူသော နာမည်ကို ကြည့်ကာ ဝူကျစ်ချန်သည် အတွေးနက်သွား၏။

သူ၏စိတ်ထဲတွင် ဤသို့ ပြောချင်မိသည်။

'ဘိုးဘေးကြီး... ကျွန်တော်တို့ ဝူမိသားစုထဲ မိစ္ဆာ လမ်းစဉ် ကျင့်စဉ်ကို ထည့်သွင်းတာ သိပ်ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး ထင်တယ်...'

သို့သော်လည်း သူသည် ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ကို စာရင်းထဲသို့ အလျင်အမြန် ထည့်သွင်းလိုက်၏။

[ဒင်... ပိုင်ရှင်မှ ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ကို တင်သွင်းလိုက်သည့်အတွက် ဂုဏ်ယူပါသည်... ရွှမ်ထျန်း မိစ္ဆာကျင့်စဉ် စောင်ရေ တစ်သောင်းကို လက်ခံရရှိပါသည်... ၎င်းတို့ကို ပေါင်းစပ်လိုပါသလား...]

"ပေါင်းစပ်လိုက်..."

[ဒင်... ပေါင်းစပ်မှု အောင်မြင်ပါသည်... ဂုဏ်ယူပါတယ် ပိုင်ရှင်... ကျင့်စဉ် ရွှမ်ထျန်းမှ မိစ္ဆာကျင့်စဉ်ကို ရရှိပါသည်...]

"ဪ ဟုတ်သားပဲ... နောက်ထပ် စာအုပ်တစ်အုပ် ရှိသေးတယ်..."

တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဝူဟောက်သည် နောက်ထပ် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ရာ ဝူကျစ်ချန်၏ အမူအရာမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။ ဝူ မိသားစု၏ တစ်ဦးတည်းသော ဘိုးဘေးကြီးဆိုသည့်အတိုင်း ၊ သူ၏ လုပ်ရပ်များသည် သူတို့ကဲ့သို့သော မျိုးဆက်သစ်များ၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်ကြောင်း သူ ကောက်ချက်ချနိုင်တော့သည်။

ဝူဟောက်သည် ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ကို ရရှိပြီးနောက် ချင်းလျန် မြင့်မြတ်နယ်မြေဆီသို့ ထွက်ခွာသွားတော့၏။

ဤအခိုက်အတန့်တွင် ချင်းလျန် မြင့်မြတ်နယ်မြေ၌ လီထိုက်ပိုင်သည် သူ၏ သားကို ကျင့်ကြံခြင်းဆိုင်ရာ လမ်းညွှန်မှုများ ပေးရန် ပြင်ဆင်နေသည်။ သူ့တွင် အချိန်သိပ်မရှိတော့ချေ။ သူသည် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မကြာမီ သူ၏ ကျင့်ကြံမှုကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

ထို့နောက် သူသည် အထက်ကမ္ဘာသို့ သွားရောက်မည် ဖြစ်၏။ သူ၏ ဇနီးနှင့် ကလေးကို ဘယ်အချိန် ပြန်တွေ့ရမည်ကို မသိသဖြင့် ၊ မထွက်ခွာမီ အရာအားလုံး အဆင်ပြေကြောင်း သေချာအောင် သူ လုပ်ဆောင်ရန် လိုအပ်သည်။

သို့သော်လည်း သူ၏ ဇနီး ဝူရွှယ်ယင်း၏ ပါရမီကလည်း ထိုနည်းတူ ကြောက်မက်ဖွယ် ကောင်းလှ၏။ သူမသည် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဆယ်စုနှစ် အနည်းငယ် အတွင်း တက်လှမ်းခြင်း အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရသည်။

ထိုဆယ်စုနှစ်များ အတွင်း သူသည် ချင်းလျန် ဂိုဏ်းကို တည်ထောင်ပြီး တည်ငြိမ်အောင် လုပ်ဆောင်ရန် လိုအပ်၏။

လီထိုက်ပိုင်နှင့် ဝူရွှယ်ယင်းတို့သည် လီထျန်းရှဲ့ကို ကျင့်ကြံခြင်းဆိုင်ရာ လမ်းညွှန်မှုများ ပေးရန် ပြင်နေစဉ်မှာပင် ဝူဟောက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားသည်။

သူသည် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဝူဟောက်သည် လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

"ငါ ဒီနေ့ ရောက်လာတာက ထျန်းရှဲ့ကို လမ်းညွှန်မှု ပေးဖို့ပဲ... ငါ လမ်းညွှန်မှုတွေ ပေးပြီးတာနဲ့ ထွက်သွားမယ်..."

ဝူဟောက်၏ စကားများကို ကြားသောအခါ လီထိုက်ပိုင် မတုံ့ပြန်နိုင်ခင်မှာပင် ဝူရွှယ်ယင်းက သူမ၏ သားကို ပြောလိုက်သည်။

"မြန်မြန် ဘိုးဘေးကြီးကို ကျေးဇူးတင်လိုက်လေ..."

"ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး..."

ထိုစကားကို ကြားသောအခါ လီထျန်းရှဲ့က လိမ္မာစွာဖြင့် ဝူဟောက်ကို ကျေးဇူးတင်လိုက်သည်။

ဝူဟောက်သည် လက်ချောင်း တစ်ချောင်းကို ပေါ့ပေါ့ပါးပါး ဆန့်တန်းလိုက်ပြီး ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ကို လီထျန်းရှဲ့၏ ခေါင်းထဲသို့ တိုက်ရိုက် ပို့လွှတ်ပေးလိုက်၏။

သို့သော်လည်း ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ကို စုပ်ယူပြီးနောက် လီထျန်းရှဲ့သည် တွန့်ဆုတ်နေပြီးမှ စတင် စကားပြောလာသည်။

"ဘိုးဘေးကြီး... တစ်ခုခု မှားနေသလိုပဲ... ဝိညာဉ်ချီကို စုပ်ယူရမှာ မဟုတ်ဘူးလား... ကျွန်တော်က ဘာလို့ မိစ္ဆာချီကို စုပ်ယူနေရတာလဲ..."

ဤစကားကို ကြားသောအခါ ဝူရွှယ်ယင်းနှင့် လီထိုက်ပိုင်တို့ နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ ဝူဟောက်ကို ကြည့်လိုက်ကြ၏။

ဝူဟောက်သည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အဲဒါက ထျန်းရှဲ့ မင်းရဲ့ခန္ဓာကိုယ်က ရွှမ်ထျန်း မိစ္ဆာခန္ဓာကိုယ် ဖြစ်နေလို့ပဲ... ဒါက မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံဖို့ အသင့်တော်ဆုံး ခန္ဓာကိုယ်ပဲ..."

"ဘိုးဘေး... အဲဒီလို လုံးဝ မလုပ်သင့်ဘူးနော်... မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံတာက ဒေါသကို အလွယ်တကူ ပေါက်ကွဲစေနိုင်ပြီး သတိမထားရင် ကိုယ့်ကိုယ်ကိုယ် အလွယ်တကူ ဆုံးရှုံးသွားစေနိုင်တယ်..."

ဝူရွှယ်ယင်းနှင့် လီထိုက်ပိုင်တို့ နှစ်ဦးစလုံးက တွန့်ဆုတ်မနေဘဲ ဝင်ပြောလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း ဝူဟောက်သည် လက်ဝှေ့ယမ်းပြလိုက်ပြီး သူတို့ကို ရှင်းပြလိုက်သည်။

"မိစ္ဆာ လမ်းစဉ် ကျင့်စဉ်တွေကို ကျင့်ကြံတဲ့အခါ ထိန်းချုပ်မှု လွတ်သွားဖို့ လွယ်ကူတယ်ဆိုပေမဲ့ အဲဒါက သူတို့က မူလကတည်းက မိစ္ဆာကျင့်စဉ်တွေနဲ့ မသင့်တော်လို့၊ ပြီးတော့ သင့်တော်တဲ့ ကျင့်စဉ်တွေ မရှိလို့ ဖြစ်ရတာ..."

"ထျန်းရှဲ့ကတော့ မတူဘူး... သူက ရွှမ်ထျန်း မိစ္ဆာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်... ပြီးတော့ ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ရဲ့ အကူအညီနဲ့ဆိုရင် ထျန်းရှဲ့က နှစ်တစ်သောင်းထက် မနည်းတဲ့ အချိန်အတွင်းမှာ အင်မော်တယ် မဟာဧကရာဇ် ဖြစ်လာလိမ့်မယ်... ပြီးတော့ အရမ်းကို တည်ငြိမ်တဲ့ သူတစ်ယောက် ဖြစ်လာမှာ... ထျန်းရှဲ့ အနေနဲ့ ထိန်းချုပ်မှု လွတ်သွားမှာကို စိုးရိမ်စရာ မလိုဘူး..."

ဝူဟောက်၏ စကားများကို ကြားသောအခါ လီထိုက်ပိုင်နှင့် ဝူရွှယ်ယင်းတို့သည် တွန့်ဆုတ်ကာ ယိမ်းယိုင်သွားကြသော်လည်း သဘောတူညီစွာ ခေါင်းညိတ်မည့်အစား လီထျန်းရှဲ့ကို ကြည့်ကာ ပြောလိုက်ကြ၏။

"ထျန်းရှဲ့...အဖေနဲ့ အမေက ဒီဆုံးဖြတ်ချက်ကို မင်းအပေါ်မှာပဲ လွှဲထားလိုက်မယ်..."

ဤစကားကို ကြားသောအခါ ထျန်းရှဲ့သည် သူ၏ ခေါင်းထဲရှိ ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်၏ ထူးခြားဆန်းကြယ်မှုကို ခံစားလိုက်ရသည်။ အတန်ကြာ စဉ်းစားပြီးနောက် ထျန်းရှဲ့သည် ခိုင်မာစွာ ခေါင်းညိတ််သဘောတူလိုက်၏။

"ဘိုးဘေး... ကျွန်တော် ရွှမ်ထျန်း မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံဖို့ ရွေးချယ်တယ်..."

"ကောင်းပြီ... ဒါက မင်း လိုအပ်တဲ့ သယံဇာတတွေပဲ... လျိုထျန်းရွှေအင်မော်တယ် အဆင့်ထိ ကျင့်ကြံဖို့ လုံလောက်တယ်..."

ဝူဟောက်သည် ပြုံး၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သိုလှောင်ကွင်း တစ်ခုကို လီထျန်းရှဲ့ထံ ကမ်းပေးလိုက်သည်။

အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံသူများက ဝိညာဉ်ကျောက်တုံးများ (အင်မော်တယ် ဝိညာဉ်ကျောက်တုံးများ) ကို အသုံးပြုကြသော်လည်း ၊ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံသူများသည် သဘာဝကျကျပင် မိစ္ဆာကျောက်တုံးများ (မိစ္ဆာဝိညာဉ်ကျောက်တုံးများ) ကို အသုံးပြုကြ၏။ သို့သော်လည်း အထက်ကမ္ဘာ တစ်ခုလုံးသည် မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူများကို အလွန်အမင်း ဆန့်ကျင်ကြသဖြင့် ဝူဟောက်အနေဖြင့် လုံလောက်သော မိစ္ဆာဝိညာဉ်ကျောက်တုံးများကို ရှာဖွေရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။

လမ်းညွှန်ချက်များ ပေးပြီးနောက် ဝူဟောက်သည် ထွက်ခွာရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပြီး လေးနက်စွာ ပြောလိုက်၏။

"ရွှမ်ထျန်း မိစ္ဆာခန္ဓာကိုယ်ကြောင့် အင်မော်တယ်တာအို ကျင့်စဉ်က ထျန်းရှဲ့ ကျင့်ကြံဖို့ မသင့်တော်ဘူး... ဝိညာဉ်ချီ အင်မော်တယ်ချီတွေ အထဲကို ဝင်သွားရင် သူ့ခန္ဓာကိုယ်က ငြင်းပယ်လိမ့်မယ်..."

"ဒါကြောင့် ထျန်းရှဲ့ကို အင်မော်တယ်တာအို ကျင့်စဉ်တွေ ကျင့်ကြံခိုင်းဖို့ မင်းတို့ တွေးတောင် မတွေးသင့်ဘူး... မိစ္ဆာ လမ်းစဉ် ကျင့်စဉ်တွေကသာ သူ့ရဲ့ တစ်ခုတည်းသော ထွက်ပေါက်ပဲ..."

သို့သော်လည်း ဝူရွှယ်ယင်းက တွန့်ဆုတ်နေပြီးမှ စတင် ပြောလာသည်။

"ဒါပေမဲ့ ဘိုးဘေး... အကောင်းနဲ့ အဆိုးက အတူတူ ရှင်သန်လို့ မရဘူးလေ... အကယ်၍ ဒီသတင်းသာ ပျံ့သွားရင် ထျန်းရှဲ့က မိစ္ဆာ လမ်းစဉ် ကျင့်စဉ်တွေကို ကျင့်ကြံနေတယ်ဆိုပြီး တစ်ယောက်ယောက်က ထျန်းရှဲ့ကို ပစ်မှတ်ထားလာမှာကို ကျွန်မ စိုးရိမ်တယ်..."

"ဟွန့်... ထျန်းရှဲ့ကို လက်ဖျားနဲ့တောင် လာထိရဲတယ်ပေါ့လေ... အဲဒီလိုဆိုရင် သူတို့ကို ငါနဲ့ အရင် ရင်ဆိုင်ခိုင်းလိုက်... ပြီးတော့ ဖြောင့်မတ်တဲ့ လမ်းစဉ် ဆိုတာက တကယ်ကို အဓိပ္ပာယ်မရှိတဲ့ စကားပဲ... မိစ္ဆာ လမ်းစဉ် ကျင့်စဉ်တွေမှာ ဆုံးဖြတ်ခွင့်မရှိဘူး... ကျင့်ကြံသူကသာ ကျင့်စဉ်တစ်ခုရဲ့ အရည်အသွေးကို ဆုံးဖြတ်နိုင်တာ..."

"ကောင်းကင်ဘုံမှာတောင်မှ ဖြောင့်မတ်တဲ့ ကျင့်စဉ်ဆိုတာ မရှိဘူး... သူက မိစ္ဆာ လမ်းစဉ်ရဲ့ အလုပ်တွေကို လုပ်ဖို့ မွေးဖွားလာခဲ့တာပဲ... ဒါကြောင့် မင်းတို့ စိုးရိမ်စရာ မလိုဘူး... ထျန်းရှဲ့က ဖြောင့်မတ်နေသရွေ့ ဒီရွှမ်ထျန်း မိစ္ဆာကျင့်စဉ်က ရွှမ်ထျန်း မိစ္ဆာကျင့်စဉ် မဟုတ်တော့ဘဲ ရွှမ်ထျန်း ဖြောင့်မတ်ခြင်း ကျင့်စဉ် ဖြစ်သွားမှာပဲ..."

ဝူဟောက်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး တွန့်ဆုတ်မနေဘဲ ပြောလိုက်၏။

ဤစကားကို ကြားသောအခါ ဝူရွှယ်ယင်းနှင့် လီထိုက်ပိုင်တို့၏ မျက်လုံးများသည် အချိန်အကြာကြီး ဖြေရှင်းမရခဲ့သော ပဟေဠိ တစ်ခုကို နောက်ဆုံးတွင် ဖြေရှင်းနိုင်သွားသကဲ့သို့ တောက်ပလာကြသည်။ သူတို့သည် ဝူဟောက်ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘေး... ကျွန်တော်တို့ အခု နားလည်ပါပြီ..."

"ကောင်းပြီ... အဲ့လိုဆိုရင် မင်းတို့ သုံးယောက်ကို ငါ ဆက်ပြီး မနှောင့်ယှက်တော့ဘူး... ပြီးတော့ မင်းတို့ နှစ်ယောက်လည်း အထက်ကမ္ဘာကို အမြန်ဆုံး တက်လှမ်းနိုင်အောင် လုပ်ကြဦး..."

ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် လှည့်ထွက်သွားတော့သည်။

ဝူဟောက် ထွက်သွားပြီးနောက် ဝူရွှယ်ယင်းသည် လီထျန်းရှဲ့အနီးသို့ လာကာ သူ၏ ခေါင်းကို လေးနက်စွာ ပွတ်သပ်ပေးရင်း ပြောလိုက်၏။

"ထျန်းရှဲ့... မင်းရဲ့ ဘိုးဘေးကြီး ပြောတာကို ကြားတယ် မဟုတ်လား... အခြားသူတွေက မင်းကို ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်အောင် လုပ်တာကို ခွင့်မပြုနဲ့... မင်းက လူကောင်း တစ်ယောက်ပဲ... နားလည်လား..."

"သား သိပါတယ် အမေ... ထျန်းရှဲ့ လူကောင်း တစ်ယောက် ဖြစ်စေရမယ်..."

လီထျန်းရှဲ့သည် သူ၏ လက်သီးဆုပ်လေးကို တင်းကျပ်စွာ ဆုပ်ကာ အလွန် လေးနက်စွာဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တို့ ရှိနေခဲ့သည်။

All Chapters