← Chapters

အခန်း (၁၃၆၉-၁၃၇၀)

Vol. 137 Ch. 1369-1370

အခန်း (၁၃၆၉-၁၃၇၀)

Vol. 137 Ch. 1369-1370

အခန်း (၁၃၆၉) - တားမြစ်နယ်မြေမှ အရုန်းအယင်းတိုက်ပွဲ

"မင်း ဆွေးနွေးရမှာက ငါနဲ့မဟုတ်ဘူး၊ သူနဲ့ပဲ"

ဖန့်ချန်သည် အရိုးဖြစ်တည်စေသော ကြာစိမ်းကို ပြန်သိမ်းလိုက်သည်။

သူ၏စကားသံအဆုံးသတ်သည်နှင့်တစ်ပြိုင်နက် ဖန့်ထျန်းဇွန် သည် သူ၏နောက်ကျောဘက်တွင် တိတ်ဆိတ်စွာ ရပ်နေလေပြီ။

ရှောင်ချန်ဟယ်မှာ ခဏမျှ ကြောင်အသွားသည်။

ဖန့်ထျန်းဇွန် မည်သည့်အချိန်တွင်၊ မည်သို့ပေါ်လာသည်ကို သူ လုံးဝရိပ်မိခြင်းမရှိချေ။

"ဒီလူက ဘယ်သူလဲ"

ရှောင်ချန်ဟယ်၏ မျက်နှာရိပ်မှာ ချက်ချင်းပင် လေးလံသွားသည်။

တစ်ဖက်လူသည် ဤမျှကာလပတ်လုံး ပုန်းအောင်းနေပြီးမှ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်ရာ စေတနာဖြင့်မဟုတ်သည်မှာ သေချာလှသည်။

ရှေ့တွင်ရှိနေသော ဖန့်ချန်ဆိုသည့် ကောင်လေးမှာ သူနှင့်ဆွေးနွေးရန် အစီအစဉ်မရှိဘဲ တခြားသူများကို တမင်တကာ လူစုခွဲလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် ရှောင်ချန်ဟယ်မှာ ကြောက်ရွံ့ခြင်းမရှိချေ။

သူသည် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

တစ်ဖက်လူကဲ့သို့ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးအနေဖြင့် အဆင့် ၁ မသေမျိုး တစ်ဦးကို အဘယ်သို့ ဖိတ်ခေါ်နိုင်ပါမည်နည်း။

အလွန်ဆုံးရှိလှလျှင် နောက်ထပ် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။

ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် နှစ်ဦးပေါင်းပြီး တက်လှမ်းခြင်းအဆင့် တစ်ဦးကို တိုက်ချင်သည်တဲ့လား လောကကြီးမှာ ဒီလောက် လွယ်ကူတဲ့ကိစ္စမျိုး ရှိပါ့မလား

ဖန့်ထျန်းဇွန် မှာမူ ရှောင်ချန်ဟယ်နှင့် စကားပြောရန် အစီအစဉ်မရှိသည့်အလား လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်။

ဟိန်းဟောက်နေသော မသေမျိုးစွမ်းအား များမှာ မသေမျိုးချည်နှောင်ကြိုး တစ်ချောင်းအလား ရုတ်တရက် ရစ်ပတ်စေ့ကျသွားသည်။

ရှောင်ချန်ဟယ်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ခြေချုပ်လက်ချုပ် အဖမ်းခံလိုက်ရကာ ဖန့်ချန်၏ ရှေ့မှောက်သို့ ပစ်ချခြင်းခံလိုက်ရသည်။

"မသေမျိုးစွမ်းအား အဆင့် ၁ မသေမျိုး "

ရှောင်ချန်ဟယ် ဆွံ့အသွားပြီး သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

တစ်ဖက်လူက တကယ်ပဲ အဆင့် ၁ မသေမျိုးတစ်ဦးကို ခေါ်ဆောင်လာခဲ့တာလား သို့သော် သူသည် ထိုပုဂ္ဂိုလ်ကို အဘယ်ကြောင့် တစ်ခါမျှ မမြင်ဖူးရသနည်း။

ဖန့်ချန်သည် ရှောင်ချန်ဟယ်၏ သိုလှောင်လက်စွပ်ကို သိမ်းယူလိုက်ပြီးနောက် သူ၏ကိုယ်ပေါ်မှ ပူလောင်နေသော ကျောက်စိမ်းပြားကိုပါ ယူလိုက်သည်။

ကျောက်စိမ်းပြား၏ ပစ္စည်းမှာ အနည်းငယ် ထူးခြားလှသည်။

၎င်းမှာ တစ်ပိုင်းတစ်စ ကြည်လင်နေပြီး အတွင်းထဲတွင် နီရဲသော အလင်းတန်းလေးတစ်ခု လှည့်လည်နေသည့်အလား ရှိနေသည်။

ယခုအခါ ကျောက်စိမ်းပြားမှ အပူလှိုင်းများ တဟုန်းဟုန်း ထွက်ပေါ်နေသည်။

ရှောင်ချန်ဟယ်သည် ထိုပစ္စည်းကို အသုံးပြု၍ နတ်ဆေးပင် ပေါ်ထွက်လာခြင်းကို ခန့်မှန်းခဲ့ခြင်းမှာ သေချာသလောက်ပင်။

"ဒီကျောက်စိမ်းပြားကို လုပ်တဲ့သူက အတွင်းထဲမှာ အဓိကကျတဲ့ သတင်းအချက်အလက်တွေ ထည့်သွင်းထားပုံရတယ်။ ဥပမာ မတူညီတဲ့ မသေမျိုးလမ်းစဉ်တွေနဲ့ လိုက်ဖက်တဲ့ နတ်ဆေးပင် အမျိုးအမည်တွေပေါ့။ ကျောက်စိမ်းပြား ကိုင်ဆောင်ထားတဲ့သူက နတ်ဆေးပင်ရဲ့ မူလဇာစ်မြစ်ကို မသိရင်တောင် ဒါဟာ နတ်ဆေးပင်ဖြစ်ကြောင်း ကျောက်စိမ်းပြားက အသိပေးနိုင်တယ်။ ဒါက လက်အောက်ငယ်သားတွေကို နတ်ဆေးပင်တွေ ရှာခိုင်းနိုင်သလို၊ တချို့ထူးခြားတဲ့ နတ်ဆေးပင် လမ်းစဉ်တွေကိုလည်း လျှို့ဝှက်ထားနိုင်တဲ့ နည်းလမ်းပဲ"

ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်

"ဒီကျောက်စိမ်းပြားက ဂုဏ်ပြုမှတ် ဘယ်လောက် ပေးရလဲ "

ရှောင်ချန်ဟယ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်နှာပေါ်တွင် အတင်းအကျပ် အပြုံးတစ်ခု ဖန်တီးကာ

"ဖန့်မိတ်ဆွေ ကြိုက်တယ်ဆိုရင် လက်ဆောင်အဖြစ် ယူလိုက်ပါဗျာ။ ဒီကျောက်စိမ်းပြားက ဂုဏ်ပြုမှတ် ၁၀၀ ပဲ ပေးရတာပါ၊ သိပ်မများပါဘူး"

"ခင်ဗျား ပြောပုံအရဆိုရင် ဒီပစ္စည်းက အခု ငါ့အပိုင် ဖြစ်နေပြီ မဟုတ်လား။ ခင်ဗျားက ငါ့ပစ္စည်းနဲ့ ငါ့ကို ကျေးဇူးဆပ်နေတာပဲ"

ဖန့်ချန်က ပြုံးလျက် ခေါင်းခါလိုက်ပြီး ဖန့်ထျန်းဇွန်ကို ရှောင်ချန်ဟယ်၏ သိုလှောင်လက်စွပ်အား ချက်ချင်း ချိပ်ပိတ်မှု ဖြိုခွင်းခိုင်းလိုက်သည်။

အတွင်းထဲတွင် မသေမျိုးကျောက်တုံး အနည်းငယ်သာ ရှိနေသည်ကို တွေ့ရသောအခါ သူသည် စိတ်ပျက်ဟန်ဖြင့် လက်ယမ်းလိုက်သည်

"သတ်လိုက်တော့"

"နေပါဦး... ငါက ဝမ်ရွှမ်ရဲ့..."

"မင်း ခုနကပဲ ပြောခဲ့တယ်လေ... ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ လူအနည်းငယ် သေတာက ဘာမှ မဟုတ်ဘူးဆိုတာကို"

ရှောင်ချန်ဟယ်သည် မသေမျိုးစွမ်းအားများဖြင့် ရုန်းမထွက်နိုင်အောင် ညှစ်ခြေခြင်းခံလိုက်ရကာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

ဤအရာအားလုံး ပြီးဆုံးသွားသောအခါ ဖန့်ထျန်းဇွန်မှာလည်း လေထုထဲသို့ ပျောက်ကွယ်သွားသည်။

တစ်နာရီခွဲခန့် ကြာသောအခါ မသေမျိုးလှေ နှစ်စင်းမှာ တစ်စင်းပြီးတစ်စင်း ပြန်လည်ရောက်ရှိလာသည်။

ယွီဝူရှီးနှင့် အခြားသူများသည် ထိုနေရာတွင် ဖန့်ချန် တစ်ဦးတည်းသာ ရှိနေပြီး ရှောင်ချန်ဟယ် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ထူးဆန်းသော မျက်နှာထားများ ဖြစ်သွားကြသည်။

သေချာသည်မှာ သူတို့ အများကြီး မစဉ်းစားမိကြချေ။

ရှောင်ချန်ဟယ်သည် ရွှင်ယိုရှေ့ပြေးအဖွဲ့နှင့် ဝေစုမခွဲချင်သဖြင့် တစ်ယောက်တည်း ထွက်ပြေးသွားပြီဟုသာ သူတို့ ထင်လိုက်ကြသည်။

ထိုသူ့ဆီတွင် ကိုယ်ပိုင် မသေမျိုးလှေတစ်စင်း ပါလာသည်မှာ သေချာသလောက်ပင်

"ရှောင်ချန်ဟယ် ဘယ်မှာလဲ "

ရွှင်ယိုရှေ့ပြေးအဖွဲ့၏ ခေါင်းဆောင်မှာ ထိတ်လန့်တကြားဖြင့် ဖန့်ချန်ကို ကြည့်ကာ မေးလိုက်သည်။

"သွားပြီလေ။ သူက မင်းတို့နဲ့ တကယ်ပဲ ဝေစုခွဲမယ်လို့ ထင်နေတာလား အဆင့် ၄ နတ်ဆေးပင်ရဲ့ တန်ဖိုးက ဘယ်လောက်လဲဆိုတာ ပြန်ရောက်ရင် စုံစမ်းကြည့်လိုက်ဦး။ အပြင်လောကမှာဆိုရင် အနည်းဆုံး မသေမျိုးကျောက်တုံး တစ်ထောင်ကျော် တန်တယ်။ ရှောင်ချန်ဟယ် ပြန်သွားမှာတောင် မဟုတ်တော့ဘူးလို့ ငါထင်တယ်၊ ပြန်သွားရင် ကျွယ်မင်နန်းတော်ကို ၇၀ ရာခိုင်နှုန်း ပေးသွင်းရဦးမှာကိုး"

ဖန့်ချန်က အေးအေးလူလူ ခေါင်းခါပြလိုက်သည်။

ရွှင်ယိုအဖွဲ့ဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကျိန်ဆဲသံများ ထွက်ပေါ်လာတော့သည်။

ဖန့်ချန်က မသေမျိုးလှေပေါ်တက်ကာ ထွက်ခွာရန် ပြင်လိုက်စဉ် ရွှင်ယိုအဖွဲ့ခေါင်းဆောင်၏ မျက်နှာရိပ်မှာ လှုပ်ရှားသွားပြီး အော်လိုက်သည်

"နေဦး "

"ရှောင်ချန်ဟယ်က ငါ့ကို တားနိုင်တာက သူက တက်လှမ်းခြင်းအဆင့် ဖြစ်လို့ပဲ။ မင်းလို ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကလည်း ငါ့ကို တားချင်တာလား "

ဖန့်ချန်က ထိုသူ၏ ခါးတွင်ချိတ်ထားသော အရောင်အဆင်းမရှိသည့် ကျောက်စိမ်းပြားကို တစ်ချက် ကြည့်လိုက်သည်။

တစ်ဖက်လူမှာ ခေတ္တ ဆွံ့အသွားသည်။

သူသည် ဖန့်ချန်၏ နောက်ခံအကြောင်းအချို့ကို သိထားသော်လည်း မလျှော့သောလေသံဖြင့်

"ငါက ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အလယ်ပိုင်းပဲ။ ငါ့အဖွဲ့သားတွေ အားလုံးကလည်း ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေပဲ။ ငါတို့ အားလုံးပေါင်းရင် မင်းလို အစောပိုင်း အဆင့်တစ်ယောက်ကို မနိုင်စရာ အကြောင်းမရှိဘူး"

"စမ်းကြည့်လို့ ရတာပဲလေ၊ ပါးစပ်နဲ့ပဲ မပြောနဲ့"

ဖန့်ချန်သည် မသေမျိုးလှေဆီသို့ ဆက်လက် ပျံသန်းသွားသည်။

ရွှင်ယိုအဖွဲ့ခေါင်းဆောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ဖန့်ချန်ကို မတားဆီးဝံ့တော့ဘဲ သူ ထွက်ခွာသွားသည်ကိုသာ ကြည့်နေလိုက်တော့သည်။

"အဖွဲ့ခေါင်းဆောင်... ဘာလို့ သူ့ကို မတားတာလဲ သူ့ဆီမှာ တခြား ရတနာကောင်းတွေ ရှိနိုင်သေးတယ်လေ"

"ဘာရှိမှာလဲ နတ်ဆေးပင်တောင် ရှောင်ချန်ဟယ် ယူသွားပြီဆိုမှတော့ ငါတို့အတွက် ဘာကျန်ဦးမှာလဲထပ်ပြောရရင် အဲဒီလူ ပြောတာလည်း မှန်တယ်။ သူက စစ်ဆေးပွဲမှာ ကြေးနီရောင် ကျောက်စိမ်းပြား ရထားတဲ့သူ၊ ပြီးတော့ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်လည်း ဖြစ်နေတော့ တကယ် တိုက်ရမယ်ဆိုရင် ငါတို့ဘက်က အနည်းဆုံး လူအချို့ သေရလိမ့်မယ်"

ရွှင်ယိုအဖွဲ့ခေါင်းဆောင်က ခေါင်းခါယမ်းကာ

"မသေချာတဲ့ အကျိုးအမြတ်အတွက်နဲ့ ဒီလောက်ကြီးတဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ မလိုဘူး"

"ဒါဆို ရှောင်ချန်ဟယ်ကို ဆက်ရှာဦးမှာလား"

"ဘာရှာမှာလဲ သူက ထွက်သွားနိုင်တယ်ဆိုကတည်းက သူ့ဆီမှာ ကိုယ်ပိုင် မသေမျိုးလှေ ပါလာလို့ပဲ။ သူက မသေမျိုးလှေလည်း ရှိတယ်၊ တက်လှမ်းခြင်းအဆင့်လည်း ဖြစ်နေတော့ ငါတို့ သွားရှာရင် ဘာလုပ်နိုင်မှာလဲ သွားသေရုံပဲ ရှိမှာပေါ့ ထားလိုက်တော့၊ တခြားနေရာ သွားကြည့်ရအောင် "

ရွှင်ယိုအဖွဲ့ခေါင်းဆောင်က စိတ်မရှည်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

... ...

မသေမျိုးလှေပေါ်တွင် ယွီဝူရှီးနှင့် အခြားသူများမှာ တိတ်ဆိတ်နေကြသည်။

မုံချင့်လင်မှာ ပါးစပ်လေး ဟလိုက်သော်လည်း ဖန့်ချန်ကို မည်သို့နှစ်သိမ့်ရမည်မှန်း မသိဖြစ်နေသည်။

ကြာနီနတ်မိမယ်ငယ်က အနားသို့ တိုးလာပြီး လေသံအေးအေးဖြင့်

"ကိစ္စမရှိပါဘူး၊ ဒါက ကျမတို့ရဲ့ ပထမဆုံးအကြိမ် စူးစမ်းမှုပဲလေ။ အခု အတွေ့အကြုံ ရသွားပြီဆိုတော့ နောက်တစ်ခါကျရင် ပိုပြီး သတိထားလို့ ရတာပေါ့"

လူတိုင်း၏ စိတ်ထဲတွင် သက်ပြင်းချမိကြသည်။

အဆင့် ၄ နတ်ဆေးပင်ဆိုသည်မှာ သူတို့သာ အဲဒီပစ္စည်းကို ဆုံးရှုံးလိုက်ရလျှင် သေလောက်အောင် နှမြောမိပေလိမ့်မည်။

ဖန့်ချန်သည် ခဏမျှ တွေးတောလိုက်ပြီးနောက် အရိုးဖြစ်တည်စေသော ကြာစိမ်း ကို ထုတ်ပြရန် ပြင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ပြန်ရောက်လို့ ဂုဏ်ပြုမှတ် လဲလှယ်တဲ့အခါမှာ ဒီပစ္စည်း မပျောက်သွားမှန်း သူတို့ သိသွားကြမှာ ဖြစ်သည်။

သို့သော် ထိုစဉ်မှာပင် ရှေ့ဘက်ရှိ ကြယ်တာရာများမှာ ပိုမို များပြားလာသည်ကို သတိထားမိလိုက်သည်။

"မမှန်တော့ဘူး... ဒါတွေက မသေမျိုးလှေတွေပဲ။ အုပ်စုလိုက်ကြီးတွေ... အနည်းဆုံးတော့... သောင်းနဲ့ချီပြီး ရှိမယ် "

လင်းယွမ်သည် မသေမျိုးလှေ၏ ရှေ့ဆုံးသို့ အပြေးအလွှား သွားကာ အဝေးသို့ လှမ်းကြည့်လိုက်ပြီးနောက် အသက်ရှူမှားသွားတော့သည်။

လူတိုင်း၏ မျက်နှာရိပ်မှာလည်း တစ်ခဏချင်းအတွင်း တည်ကြည်လေးနက်သွားသည်။

သောင်းနှင့်ချီသော မသေမျိုးလှေများသည် အကာအကွယ်အစီရင်များကို အသီးသီး ဖွင့်ထားကြရာ အာကာသဟင်းလင်းပြင်ထဲတွင် ကြယ်တာရာများအလား တောက်ပနေကြသည်။

ယခုအခါ ထိုမသေမျိုးလှေများသည် အချင်းချင်း တိုက်ခိုက်နေကြသော အရုန်းအယင်းတိုက်ပွဲ ထဲသို့ ရောက်ရှိနေကြပြီး၊ ရံဖန်ရံခါတွင် ကြောက်မက်ဖွယ်ကောင်းသော မှော်အတတ်များကြောင့် မသေမျိုးလှေများ ပျက်စီးသွားကြသည်ကို မြင်တွေ့နေရသည်။

အချို့သော မသေမျိုးလှေများမှာ မီးဟုန်းဟုန်း တောက်နေပြီး ခဏချင်းအတွင်း ပြာအဖြစ် ပြောင်းလဲသွားကြသည်။

"ဒါက ဘာဖြစ်တာလဲ ဘာလို့ ရုတ်တရက်ကြီး ဒီလို တိုက်ပွဲကြီး ဖြစ်နေရတာလဲ အဲဒီထဲမှာ ငါတို့ ကျွယ်မင်နန်းတော်က လူတွေရော ပါသလား"

လင်းယွမ်က တုန်တုန်ယင်ယင်နှင့် ရေရွတ်မိသည်။

သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ရှင်းလင်းလှသည်မှာ... အကယ်၍ သူတို့သာ ထိုတိုက်ပွဲထဲသို့ ပါဝင်သွားခဲ့လျှင် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရသည်ထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် အလွန်တရာ ခန့်ညားထည်ဝါသော မသေမျိုးလှေ အချို့ကို တွေ့မြင်နေရရာ ၎င်းတို့ကို မသေမျိုး များက တိုက်ရိုက် ထိန်းချုပ်ထားခြင်းမှာ သေချာသလောက်ပင်

"လှည့်ပြန်မယ်"

ဖန့်ချန်သည် မသေမျိုးလှေကို ချက်ချင်းပင် လှည့်ပြန်ရန် မောင်းနှင်လိုက်သည်။

ထို့နောက်တွင်တော့ သူတို့၏ နောက်ကွယ်ရှိ အရပ်မျက်နှာ အသီးသီးမှလည်း မသေမျိုးလှေ အုပ်စုကြီးများစွာ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရရာ အရေအတွက်မှာ မရေမတွက်နိုင်အောင်ပင်။

"ဘယ်သူမှ လှုပ်လှုပ်ရှားရှား မလုပ်နဲ့"

ဖန့်ချန်က လူတိုင်းကို မှာကြားလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် အစီရင်ကို နှိုးဆော်ကာ မသေမျိုးလှေပေါ်တွင် ကျွယ်မင်နန်းတော် ၏ အမှတ်အသားကို ထင်ရှားအောင် ပြသလိုက်သည်။

"ကျွယ်မင်နန်းတော်ကလား အတော်ပဲ၊ မင်းတို့ကို ငါတို့ သိမ်းသွင်းလိုက်ပြီ ။ ငါတို့နောက်ကို လိုက်ခဲ့ "

မလှမ်းမကမ်းမှ နဂါးနက်လှေ တစ်စင်း ပျံသန်းလာပြီး ထိုပေါ်မှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ဖန့်ချန်၏ အကြည့်မှာ စူးရှလှသည်။

ထိုမသေမျိုးလှေ၏ ရှေ့ဆုံးတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရသည်။

လီရှမ်းဇီလား

ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်

အခန်း (၁၃၇၀) - အောင်ပွဲခံ ကြွေးကြော်ရန်သာ တာဝန်ရှိသည်

လီရှမ်းဇီကဲ့သို့ အဆင့်အတန်းမြင့်မားသူတစ်ဦးအနေဖြင့် ဖန့်ချန်ကဲ့သို့ သာမန်လူငယ်လေးတစ်ဦးကို အာရုံစိုက်မည်မဟုတ်သော်လည်း၊ သူ၏ကိုယ်ပေါ်ရှိ ပူလောင်နေသော ကျောက်စိမ်းပြားကြောင့် ဖန့်ချန်ရှိရာဘက်သို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိသည်။

ချက်ချင်းပင် လီရှမ်းဇီ၏ ပုံရိပ်သည် ဖန့်ချန်တို့၏ မသေမျိုးလှေပေါ်သို့ ကိုယ်ယောင်ဖျောက် ပေါ်လာတော့သည်။

"မင်းတို့ဆီမှာ နတ်ဆေးပင်ပါလာတာလား ဘယ်နှစ်ဆင့်လဲ "

ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး အရိုးဖြစ်တည်စေသော ကြာစိမ်း ကို တိုက်ရိုက်ထုတ်ပြလိုက်ကာ

"ဒါက ဘယ်နှစ်ဆင့် နတ်ဆေးပင်လဲဆိုတာ ကျုပ်လည်း မသိပါဘူးဗျာ"

နဂါးနက်လှေကို ဝန်းရံထားသော မသေမျိုးလှေများသည်လည်း နဂါးနက်လှေနှင့်အတူ ဟင်းလင်းပြင်ထဲတွင် ရပ်တန့်သွားကြသည်။

မသေမျိုးလှေများစွာပေါ်ရှိ ကျင့်ကြံသူများသည် ဖန့်ချန်၏လက်ထဲမှ အရိုးဖြစ်တည်စေသော ကြာစိမ်းကို မြင်လိုက်ရသောအခါ တစ်ယောက်ပြီးတစ်ယောက် အသက်ရှူမှားမတတ် အံ့အားသင့်သွားကြတော့သည်။

"ဒါက အဆင့် ၄ နတ်ဆေးပင်ပဲ"

လီရှမ်းဇီ၏ မျက်ဝန်းများ တောက်ပသွားသည်။

၎င်းမှာ မည်သည့်လမ်းစဉ်အတွက် အသုံးပြုရသည့် နတ်ဆေးပင်ဖြစ်ကြောင်း ထုတ်မပြောသော်လည်း အဆင့်အတန်းကိုမူ အတည်ပြုပေးလိုက်သည်

"ဒါကို ဂုဏ်ပြုနန်းတော် မှာ မသေမျိုးကျောက်တုံး တစ်ထောင်နဲ့ လဲလှယ်လို့ရတယ်။ အဲဒီထဲက ခုနစ်ပုံကို အထက်ကို ပေးသွင်းရမှာဖြစ်ပြီး သုံးပုံကတော့ မင်းအပိုင်ပဲ၊ ဆိုလိုတာက မသေမျိုးကျောက်တုံး သုံးရာပေါ့။ အခု နံပါတ် (၁၅၇) တားမြစ်နယ်မြေမှာ အရုန်းအယင်းတိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ ဒီလိုနတ်ဆေးပင်မျိုး မင်းဆီမှာရှိနေတာက သိပ်ပြီး ထင်ပေါ်လွန်းတယ်။ အခြေအနေအရ ဒါကို ငါ့ကို အရင်ပေးထားလိုက်ပါ။ ဒီတိုက်ပွဲတွေပြီးလို့ ဂုဏ်ပြုနန်းတော်ကို ပြန်ရောက်မှ မသေမျိုးကျောက်တုံးတွေကို သွားထုတ်ယူလိုက်တော့"

လင်းယွမ်က မသိစိတ်ဖြင့် ဝင်ပြောလိုက်သည်

"နောက်မှ မသေမျိုးကျောက်တုံးတွေ ထုတ်လို့မရရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ခင်ဗျားက ဘယ်သူမို့လို့..."

"အတင့်ရဲလှချေလား ဒီပုဂ္ဂိုလ်က ကျွယ်မင်နန်းတော်ရဲ့ အမာခံကျင့်ကြံသူပဲ၊ သူပြောတဲ့စကားက လိမ်ညာပါ့မလား "

နောက်ထပ် ပုံရိပ်တစ်ခု မသေမျိုးလှေပေါ်သို့ ရောက်လာပြန်သည်။

ထိုသူကား သူတို့၏ တိုက်ရိုက်အထက်လူကြီး လင်းတုန်း ပင် ဖြစ်သည်။

ကျွယ်မင်နန်းတော်၏ အမာခံကျင့်ကြံသူ ဟုတ်လား

လင်းယွမ်နှင့် အခြားသူများမှာ ထိတ်လန့်သွားကြပြီး ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။

လီရှမ်းဇီက ဆက်လက်ရှင်းပြမနေတော့ဘဲ အရိုးဖြစ်တည်စေသော ကြာစိမ်းကို သိမ်းယူကာ နဂါးနက်လှေဆီသို့ ပြန်သွားပြီး စစ်မြေပြင်ဆီသို့ ဆက်လက်ဦးဆောင်သွားလေသည်။

"ဆရာ"

ဖန့်ချန်က လင်းတုန်းကို လက်အုပ်ချီ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"မင်းကတော့ ဟုတ်နေပြီပဲ။ ပါရမီလည်းရှိတယ်၊ ကံတရားလည်း ပါလာတယ်ပေါ့။ ပထမဆုံးအကြိမ် ခရီးထွက်တာတင် အဆင့် ၄ နတ်ဆေးပင်ကို ရှာတွေ့ခဲ့တာပဲ။ ဂုဏ်ပြုနန်းတော်ကို ပြန်ရောက်ရင် မသေမျိုးကျောက်တုံး သုံးရာ သွားထုတ်လိုက်ဦး"

လင်းတုန်းက ဖန့်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လင်းယွမ်တို့ကို တစ်ချက်ဝေ့ကြည့်ကာ

"မင်းတို့ စိတ်ချလက်ချနေကြပါ။ ကျွယ်မင်နန်းတော်ရဲ့ စည်းကမ်းတွေက အရမ်းကို တင်းကြပ်တယ်။ စည်းကမ်းဘောင်အတွင်းမှာဆိုရင် ဘယ်သူကမှ မင်းတို့ရဲ့ အကျိုးအမြတ်ကို မောင်ပိုင်စီးမှာမဟုတ်ဘူး။ အဲဒီပုဂ္ဂိုလ်ရဲ့ စကားကို မယုံရင်တောင် ငါ့စကားကတော့ အတည်ဖြစ်တယ် မဟုတ်လား "

"ဒါပေါ့... ဟုတ်ကဲ့ပါ ဆရာ"

လင်းယွမ်က ခေါင်းညိတ်ဝန်ခံလိုက်ရသည်။

"ဆရာ... နံပါတ် (၁၅၇) တားမြစ်နယ်မြေမှာ ဘာတွေဖြစ်နေတာလဲ ဘာလို့ မသေမျိုးလှေတွေ အများကြီး တိုက်ပွဲဖြစ်နေကြတာလဲ "

ဖန့်ချန်က အလျင်အမြန် မေးလိုက်သည်။

အရိုးဖြစ်တည်စေသော ကြာစိမ်းကို လီရှမ်းဇီ ယူသွားသော်လည်း ဤသည်မှာ ဖန့်ချန်အတွက် ကောင်းမွန်သောကိစ္စတစ်ခုပင်။

လီရှမ်းဇီနှင့် တစ်ကြိမ်ဆုံတွေ့ခွင့်ရခဲ့ပြီဖြစ်ရာ နောင်တွင် သူနှင့် ပိုမိုနီးကပ်ရန် အခွင့်အရေးရှိလာပေမည်။

"အခြေအနေအသေးစိတ်ကို ငါလည်း မသိသေးဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ ထူးခြားသူ အချို့ တားမြစ်နယ်မြေထဲမှာ ပေါ်လာတယ်လို့ ကြားရတယ်။ အဲဒီထဲက တစ်ယောက်နှစ်ယောက်ဆိုရင် အထက်နယ်မြေသုံးခုမှာတောင် နာမည်ကျော်ကြားတဲ့သူတွေပဲ၊ သူတို့ရဲ့ စွမ်းအားတွေက အရမ်းကို ထူးခြားဆန်းပြားတယ်"

လင်းတုန်းက မှာကြားလိုက်သည်

"မင်းတို့ ကျင့်ကြံခြင်းအဆင့်က မမြင့်သေးတော့ ငါတို့အနားမှာပဲ ကပ်လိုက်ခဲ့ကြ"

ပြောပြီးသည်နှင့် လင်းတုန်းသည် သူ၏ကိုယ်ပိုင် မသေမျိုးလှေဆီသို့ ပြန်သွားတော့သည်။

ထူးခြားသူတွေ ပေါ်လာတာလား

ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။

အကယ်၍ သူ၏ အရင်က ခန့်မှန်းချက်များသာ မှန်ကန်ခဲ့လျှင် လူသားဘုံကိုးခုမှ ထူးခြားသူများအားလုံးတွင် တူညီသော ရည်မှန်းချက်တစ်ခု ရှိပေလိမ့်မည်။

သူတို့လုပ်ဆောင်သမျှ အရာတိုင်းသည် မိစ္ဆာ များကို ပစ်မှတ်ထားခြင်း ဖြစ်နိုင်သည်။

သို့ဆိုလျှင် ထိုနံပါတ် (၁၅၇) တားမြစ်နယ်မြေထဲတွင် မိစ္ဆာ နှင့် ပတ်သက်သော ကိစ္စရပ်များ ဖြစ်ပေါ်နေခြင်းလော

ဖန့်ချန်၏ ယွမ်လုံနံပါတ်လှေသည်လည်း အုပ်စုကြီးနောက်မှ လိုက်ပါ၍ စစ်မြေပြင်ဆီသို့ ဦးတည်သွားသည်။

သူသည် ကြာနီနတ်မိမယ်ငယ်ကို မသေမျိုးလှေ မောင်းနှင်ခိုင်းထားပြီး သူကိုယ်တိုင်မှာမူ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေလိုက်သည်။

ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့ဘက်တွင်မူ ဝမ်ရွှမ်သည် ဖန့်ချန်တို့ထံမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရွှီချန့်ကို ပြုံးပြကာ

"ဒီဂျူနီယာလေးကတော့ ကံကောင်းခြင်းတွေ အပြည့်ပဲ။ ပထမဆုံး စူးစမ်းမှုမှာတင် အဆင့် ၄ နတ်ဆေးပင်ကို ရှာတွေ့ခဲ့တာဆိုတော့ ငါတို့ နံပါတ် (၄၃၂) နယ်မြေကြယ်စုရဲ့ စံချိန်ကိုတောင် ချိုးသွားပြီ ထင်တယ်"

ရွှီချန့်မှာလည်း ထူးဆန်းသော မျက်နှာထားဖြင့် အဆင့် ၄ နတ်ဆေးပင်ကနေ လဲလှယ်ရရှိမည့် ဂုဏ်ပြုမှတ်နှင့် မသေမျိုးကျောက်တုံးများကို တွေးတောရင်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။

"မသေမျိုးကျောက်တုံး သုံးရာ... စီနီယာအစ်ကို၊ ကျမတို့ ရွှမ်ဝမ်အဖွဲ့က နှစ်ပေါင်းများစွာ စူးစမ်းလာတာတောင် စုဆောင်းမိတဲ့ မသေမျိုးကျောက်တုံးတွေက ဒီနတ်ဆေးပင် တစ်ပင်စာလောက်တောင် မရှိသေးဘူး.."

ရွှီချန့်က တိုးတိုးလေး ရေရွတ်မိသည်။

"ဒါက စူးစမ်းရှာဖွေခြင်းရဲ့ ဆွဲဆောင်မှုပဲ။ ငါတို့ ကံတရားက အခုမှ ရောက်မလာသေးတာ၊ စောင့်ကြည့်ကြတာပေါ့။ ဒီတစ်ခေါက်မှာ အကျိုးအမြတ်တွေ အများကြီး ရနိုင်ကောင်းရဲ့။ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ရင် လီရှမ်းဇီရဲ့ ရှေ့ပြေးအဖွဲ့ထဲကိုတောင် ဝင်ခွင့်ရနိုင်တယ်။ ဒါက မသေမျိုးကျောက်တုံး သုံးရာထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်"

ဝမ်ရွှမ်သည် ရှေ့ဘက်ရှိ အလယ်ဗဟိုတွင် ဝန်းရံခံထားရသော နဂါးနက်လှေကို ကြည့်ရင်း သူ၏မျက်ဝန်းထဲတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေတော့သည်။

အမာခံတပည့်နောက်သို့ လိုက်ပါနိုင်မှသာ အမာခံတပည့်၏ အရာရာကို အနီးကပ် လေ့လာခွင့်ရမည်ဖြစ်ပြီး မိမိကိုယ်တိုင်လည်း အမာခံတပည့် ဖြစ်လာနိုင်မည့် အခွင့်အရေး ရှိမည် မဟုတ်ပါလား

လီရှမ်းဇီ၏ ဤအဖွဲ့တွင် မသေမျိုးလှေ တစ်ထောင်ကျော် ပါဝင်သည်။

သူ၏ နဂါးနက်လှေ စစ်မြေပြင်သို့ ရောက်ရှိသွားသောအခါ ယွီဝူရှီးတို့အတွက် အလွန်ရှုပ်ထွေးလှသည်ဟု ထင်ရသော တိုက်ပွဲအခြေအနေမှာ ရုတ်တရက် စနစ်တကျ ဖြစ်သွားတော့သည်။

တစ်နာရီမပြည့်မီမှာပင် အင်အားစု အချို့၏ မသေမျိုးလှေများသည် အသီးသီး ဆုတ်ခွာသွားကြသည်။

လီရှမ်းဇီသည် တိုက်ပွဲကြားထဲမှ လွတ်မြောက်လာသော၊ အနည်းငယ် ဖရိုဖရဲဖြစ်နေသည့် ရှေ့ပြေးအဖွဲ့များကို စုစည်းကာ နံပါတ် (၁၅၇) တားမြစ်နယ်မြေ၏ အတွင်းပိုင်းဆီသို့ ဆက်လက်ချီတက်သွားသည်။

"ဒါက အမာခံကျင့်ကြံသူရဲ့ စွမ်းဆောင်ရည်လား သူကိုယ်တိုင် လက်ဖျားနဲ့တောင် မတို့ရသေးဘူး၊ ဒီလောက်ကြီးမားတဲ့ အခြေအနေကို ထိန်းချုပ်လိုက်နိုင်တာပဲ"

ယွီဝူရှီးက တိုးတိုးလေး ရေရွတ်မိသည်။

ခုနက တိုက်ခိုက်သွားကြသူများမှာ လီရှမ်းဇီက အခြားနယ်မြေကြယ်စုများမှ ခေါ်ဆောင်လာသော ကျွမ်းကျင်သူများသာ ဖြစ်သည်။

လင်းတုန်းသည် ထိုသူများကြားတွင် အထင်ကရ မရှိလှချေ။

အဆင့် ၄ မသေမျိုးများသာမက အဆင့် ၅ မသေမျိုးများ၏ အရိပ်အယောင်များကိုပင် တွေ့မြင်ခဲ့ရသည်။

ထိုအဆင့် ၅ မသေမျိုးတစ်ဦး အစွမ်းပြလိုက်သည်နှင့် မသေမျိုးလှေ တစ်ရာကျော်မှာ တစ်ခဏချင်းအတွင်း ပျက်စီးသွားရသည်၊ သူ၏ လက်နက်စွမ်းအားမှာ အလွန်တရာ ရဲတင်းပြတ်သားလှပေသည်။

"ဟုတ်တယ်၊ အမာခံတပည့် ဖြစ်လာရင် ဒီလောက်အထိ အာဏာရှိတာပဲ။ အဆင့် ၅ မသေမျိုးကိုတောင် စိတ်ကြိုက် စေခိုင်းလို့ ရတာကိုး"

ကြာနီနတ်မိမယ်ငယ်က အေးစက်စွာ ဆိုလိုက်သည်။

"အမလေး... ငါ့ဆရာပြောတာ မမှားဘူးပဲ။ ငါသာ အမာခံတပည့် ဖြစ်လာရင် သူ့သမီး သုံးယောက်လုံးကို ငါနဲ့ ပေးစားမယ်တဲ့"

လင်းယွမ်၏ မျက်ဝန်းထဲတွင် အားကျစိတ်များဖြင့် ပြည့်နှက်နေသည်

"ငါသာ တကယ့် အကြီးအကဲ ဖြစ်လာရင် သူ့သမီး သုံးယောက်ကို ဘယ်ကြည့်တော့မလဲ။ အဲဒီကျရင် တစ်လောကလုံးက အလှပဂေးတွေကို ငါစိတ်ကြိုက် ရွေးချယ်ပြီး ဘယ်သူ့ကိုမဆို ငါ့ရဲ့ တာအိုအဖော် အဖြစ် ထားတော့မှာ"

"ဟဲဟဲ"

မုံချင့်လင်နှင့် ကြာနီနတ်မိမယ်ငယ်တို့က တစ်ပြိုင်နက်တည်း နှာခေါင်းရှုံ့လိုက်ကြသည်။

"အဖွဲ့ခေါင်းဆောင်... ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ "

ယွီဝူရှီးက ဖန့်ချန်ကို ကြည့်ကာ မေးလိုက်သည်။

"အဖွဲ့ကြီးနောက်က လိုက်ရင်း အခြေအနေကို စောင့်ကြည့်ရုံပဲ။ ထိပ်တိုက်ရင်ဆိုင်ဖို့ မကြိုးစားနဲ့။ ဒီလို တိုက်ပွဲမျိုးမှာ အနိမ့်ဆုံး အဆင့် ၁ မသေမျိုး ဖြစ်မှသာ တကယ်တမ်း အစွမ်းထုတ်နိုင်မှာ၊ ငါတို့ကတော့ အောင်ပွဲခံ ကြွေးကြော်ဖို့ ပဲ တာဝန်ရှိတယ်"

ဖန့်ချန်က ဆိုသည်။

လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး စိတ်သက်သာရာ ရသွားကြသည်။

ဖန့်ချန်အနေဖြင့် အခြေအနေကို မသုံးသပ်နိုင်ဘဲ ထိပ်တိုက်တိုးရန် ကြိုးစားမည်ကို သူတို့ အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်သည်။

"စီနီယာလင်းတုန်းတို့က အဲဒီအမာခံတပည့်ရဲ့ မသေမျိုးလှေပေါ်မှာ အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးဖို့ သွားကြပြီ"

လင်းယွမ်က လင်းတုန်းတို့ နဂါးနက်လှေဆီသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။

အဆင့် ၃ မသေမျိုးမှစ၍ အဆင့် ၄၊ အဆင့် ၅ မသေမျိုးများသာ ထိုနေရာသို့ သွားခွင့်ရှိကြသည်။

အဆင့် ၆ မသေမျိုး မပါလာဘူးဆိုတာက အမာခံတပည့် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ အဆင့် ၆ မသေမျိုးကိုတော့ စေခိုင်းဖို့ ခက်ခဲနေသေးတယ်ဆိုတဲ့ သဘောပဲ ဖန့်ချန်က စိတ်ထဲမှ တွေးတောလိုက်သည်။

ယခုအခါ အဖွဲ့ကြီးသည် အရှိန်ကို လျှော့ချလိုက်သည်။

မသေမျိုးလှေတစ်စင်းသည် သူတို့၏ ဘေးဘက်သို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

ထိုအဖွဲ့တွင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် တစ်ဦးနှင့် တာအိုပေါင်းစည်းခြင်းအဆင့် တစ်ဆယ်ကျော်သာ ပါဝင်သည်။

ယခုအခါ အသက် ၂၀ ခန့်သာ ရှိပုံရသော ထိုဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူက ဖန့်ချန်ကို ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်

"နံပါတ် (၄၃၂) နယ်မြေကြယ်စုက ဖန့်ချန်လား "

"မိတ်ဆွေက ဘယ်သူပါလဲ"

ဖန့်ချန်ကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။

"နံပါတ် (၄၃၁) နယ်မြေကြယ်စုက ယွီထျန်းကော် ပါ"

ယွီထျန်းကော်က ပြုံးလျက် မိတ်ဆက်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်... သူ့ခါးက ကျောက်စိမ်းပြားက ငွေဖြူရောင် ဗျ..."

လင်းယွမ်က ဖန့်ချန်ထံသို့ တိုးတိုးလေး သတိပေးလိုက်လေသည်။

All Chapters