← Chapters

အခန်း (၁၀၅-၁၀၈)

Vol. 6 Ch. 105-108

အခန်း (၁၀၅-၁၀၈)

Vol. 6 Ch. 105-108

Chapter 105 : အပြစ်တင်ခြင်း

ကျင်းယွင်ကျောင်းက မျက်လုံးစွေ၍ ကြည့်လိုက်သည်၊ အနည်းဆုံးတော့ ချောင်ဟုန်ယဲ့ကြောင့် သူမ မအံ့သြသွားမိပေ။

ချောင်ဟုန်ယဲ့သည် အသက်ငယ်သေး၍ အတွေ့အကြုံနည်းသော်လည်း သူမသည် ငယ်စဥ်ကပင် အမြဲ ဉာဏ်ကောင်း၏။ ထို့အပြင် ချောင်ဝေ့မင်နှင့် ယဲ့ချင်တို့အား သူမ၏ စံပြပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားရာ သူမသည် ပို၍ပင် ကလိမ်ကကျစ်ကကျတတ်လာခဲ့သည်။

အကယ်၍ ချောင်ဟုန်ယဲ့က သူမ၏ အပြစ်များကို ချက်ချင်းလက်ငင်း ဝန်ခံလိုက်မှသာ ကျင်းယွင်ကျောင်းသည် သူမနှင့်ပတ်သတ်၍ တစ်ခုခုမှားနေသည်ဟု အမှန်တကယ် ခံစားရလိမ့်မည်။

သို့ရာတွင် ချောင်ဟုန်ယဲ့၏ စကားဆုံးသည့်နောက် ကောင်းရှင်း၏ မျက်လုံးများက ဒေါသတကြီးဖြင့် သူမအား ကြည့်လာ၏။

“သူ ပေါက်ကရပြောနေတာတွေကို နားမထောင်နဲ့။ သူက ကျုပ်ရဲ့ လူစောင့်လုပ်ပေးဖို့ ကျုပ်ကို အယုံသွင်းခဲ့တာ။ အရင်က သူက ဒီကျင်းယွင်ကျောင်းကို ဆွဲချတဲ့နေရာမှာ ကူညီဖို့ ကျုပ်ကို ပိုက်ဆံတောင် ပေးခဲ့သေးတယ်”

ချောင်ဟုန်ယဲ့က မျက်ရည်ကျရမည့် အခွင့်အရေးကို လက်လွှတ်မခံပေ။

“ရှင်...ရှင် ဘယ်လိုများပြောလိုက်တာလဲ။ ဒီမတိုင်ခင်က ကျွန်မ ရှင့်ကို တစ်ခါပဲမြင်ဖူးတာ သေချာပါတယ်။ ကျွန်မက ရဲခေါ်တဲ့သူ မဟုတ်ဘူး။ ရှင် ကျွန်မကို မှားပြီး စွပ်စွဲလို့မရဘူး။ ရဲအရာရှိကြီးရှင့်။ ရှင်တို့ ရှင်းရှင်းလင်းလင်း စုံစမ်းရပါမယ်။ ကျင်းယွင်ကျောင်းက ကျွန်မရဲ့အစ်မပါ၊ ပြီးတော့ ဒီနှစ်ယောက်ကလည်း ကျွန်မနဲ့ တစ်ကျောင်းတည်းသားတွေပါ။ ကျွန်မက သူတို့ကို ဘာကြောင့် ဆန့်ကျင်ရမလဲ”

စူးချူ၏ ပါးများက အစွမ်းကုန် ဖောင်းကားနေ၏။ သူမသည် ဒေါသထွက်လွန်းသဖြင့် ဒေါသရေချိန်မှတ်ကိုပင် ကျော်သွားကာ သူမ၏ မျက်နှာက နီရဲမွန်းကြပ်နေသည်။

ချောင်ဟုန်ယဲ့ စိတ်ပျက်လက်ပျက် ငိုနေသည်အား မြင်သော ရဲအရာရှိအနည်းစုက သူမသည် နုနယ်၍ သိမ်မွေ့ရုံသာမကဘဲ သနားစရာကောင်း၍ နာခံမှုရှိသည်ဟု ခံစားသွားကြရသည်။ သူမက လိမ်ပြောနေသည်ဆ်ိုသော ဖြစ်နိုင်ချေအား သူတို့ အဘယ်သို့ တွေးလိမ့်မည်နည်း။

သူတို့သည် ဤလမ်းသရဲ ကောင်းရှင်းအား ပို၍ပင် မကျေမနပ်ဖြစ်လာကြ၏။ သူသည် အမှန်တကယ်ပင် မုန်းတီးမှု အာဃာသများစွာအား ဆုပ်ကိုင်ထားသည်။ ဤမိန်းမငယ်လေးသည် သူမ ရောက်လာချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဤအရှုပ်ထဲ ရောပါသွားသော်လည်း သူက သူမအား သူ၏ လူစောင့်ဖြစ်သည်ဟု ခေါင်းမာမာ ပြောဆိုနေ၏။ ဤသည်မှာ တိုင်းပြည်၏ ပန်းဖူးပန်းငုံလေးများအား လက်တွေ့ကျကျ ဖျက်ဆီးနေခြင်းပင်။

(T/N : တိုင်းပြည်၏ပန်းဖူးပန်းငုံလေးများ ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် ကလေးသူငယ်တွေပါ။)

“မိန်းကလေး၊ မင်း စိတ်ချပါ။ ငါတို့က သေချာပေါက် ဘယ်သူ့ကိုမှ မှားယွင်းစွပ်စွဲမှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်တစ်ခါ မင်း ဂရုစိုက်ဖို့လိုတယ်။ မင်း ဒီလိုလူဆိုးတွေနဲ့တွေ့ရင် ပထမဆုံး ရဲကို ဖုန်းခေါ်လိုက်တာက ပိုကောင်းတယ်။ ဒီနည်းနဲ့ နားလည်မှုလွဲတာကိုလည်း ရှောင်ရှားနိုင်တယ်”

အရာရှိက စကားပြောပြီးသည်နှင့် ကောင်းရှင်းအား ရဲကားထဲသို့ အတင်းထိုးထည့်လိုက်သည်။

ကောင်းရှင်း၏ နှလုံးသားထဲတွင် ခါးသီးမှုများပြည့်နှက်နေ၏။ ဤလူမိုက်အလုပ်အား လုပ်ကြသူများအတွက် ထောင်ထဲသို့ တစ်ခါမှ မဝင်ဖူးသူဆိုသည်မှာ တစ်ဆုပ်စာသာ ရှိသော်လည်း ယခုတွင်မူ သူသည် အထဲသို့ တည့်တည့်ကြီး လမ်းလျှောက်ဝင်မိခြင်း ဖြစ်သည်။ ရှက်စရာကောင်းလိုက်တာ။

ချောင်ဟုန်ယဲ့...ဤအပျက်မသည် အမှန်တကယ်ပင် သူ့အား လှည့်စားရဲသည်။ အချိန်ကုန်သက်သာစေရန် သူသည် ကျင်းယွင်ကျောင်း၏ အခန်းအား ပထမဆုံး အတည်ပြုခဲ့၏။ ဤမိနစ်အနည်းငယ်အတွင်း သူသည် ကျင်းယွင်ကျောင်း၏ အခန်းထဲရှိ အရာအားလုံးအား မြေလှန်၍ ရှာခဲ့သော်လည်း ဂျင်ဆင်းဟု ခေါ်သည့် အမှုန်ကလေးတစ်မှုန်ကိုပင် မမြင်ခဲ့ရချေ။ ထို့အပြင် သူသည် ပိုက်ဆံတစ်ပြားတောင်မှ မတွေ့ခဲ့ပေ၊ သူမသည် ပိုက်ဆံတစ်ပြားမှ မရှိသည့် သရဲတစ်ကောင်သာ ဖြစ်ရမည်။

ဤမိန်းမ (ချောင်ဟုန်ယဲ့) သည် သူ့ကို လိမ်ညာ၍ ကြိုးကိုင်ရန် ဂျင်ဆင်းအား ရည်ရွယ်ချက်ရှိရှိ သုံးခဲ့သည်။

ကောင်းရှင်းအား အဝေးသို့ ခေါ်သွားမှ ချောင်ဟုန်ယဲ့သည် စိတ်သက်သာရာ ရသွား၏။ သူမ ဤကဲ့သို့ ဖြစ်နေသည်အား မြင်သောအခါ ကျင်းယွင်ကျောင်းသည် အခြေအနေအား ရုတ်တရက် ရယ်ချင်သွားသည်။

ကောင်းရှင်း တစ်ယောက်တည်းကိုပဲ အပြစ်တွေပုံချလိုက်ရုံနဲ့ အရာအားလုံး အဆင်ပြေသွားပြီလို့ သူမက ထင်နေတာလား။ သူမသည် ထက်မြက်ကောင်း ထက်မြက်နိုင်သော်လည်း ကိုယ်ပိုင် စိတ်ကူးယဥ်ကမ္ဘာထဲတွင်သာ မွေ့လျော်နေခြင်းဖြစ်သည်။

အတိတ်ဘဝက ထောင်ထဲတွင် နှစ်အနည်းငယ်ကြာအောင် နေခဲ့ရစဥ်က သူမသည် အမှန်တကယ်ပင် ဥပဒေနှင့် ပတ်သတ်သည့် လူသိများသည့် ဗဟုသုတအချို့ကို သင်ယူခဲ့၏။ ကောင်းရှင်းမှာ မအောင်မြင်သော ဖောက်ထွင်းမှုအား ကြံစည်ခဲ့ခြင်းဖြစ်ရာ ကြီးမားသော ဆုံးရှုံးမှုကို လုံးဝမဖြစ်စေခဲ့ပေ။ ထို့အပြင် အိမ်ထဲ၌လည်း လူမရှိရာ သူသည် တစ်စုံတစ်ယောက်၏ အသက်ကိုလည်း မခြိမ်းခြောက်ခဲ့ပေ။ ထိုကဲ့သို့ အခြေအနေများအောက်တွင် သူ့အား ပြစ်ဒဏ်ချမှတ်ရန် မဖြစ်နိုင်ပေ။

အများဆုံးအနေဖြင့် သူသည် အချိန်တစ်ခုကြာအောင်သာ ထိန်းသိမ်းခံရလိမ့်မည်။ သူမအား လမ်းပိတ် နှောက်ယှက်ခဲ့သည့် ယခင်အမှုနှင့် ဆိုလျှင်တောင်မှ လုံးဝ မဖြစ်နိုင်သေးချေ။

ယခင်က သူမသည် ကောင်းရှင်း ပုန်းနေနိုင်သည့်အကြောင်းရင်းအား နားမလည်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အခြားလမ်းသရဲများကသာ ကောင်းရှင်း၏ တည်နေရာကို ရောင်းစားခဲ့ပါက သူတို့ ယခုအချိန်ထိတိုင်အောင် စောင့်နေရမည် မဟုတ်ပေ။

ကောင်းရှင်းက အရာအားလုံးကို တစာစာ ငြင်းပယ်နေသရွေ့ အမှုနှင့်ပတ်သတ်သော အခြားသူများ သို့မဟုတ် သက်သေများက သူ့ကို အတည်ပြုနိုင်မည် မဟုတ်ပေ။ သူ့အတွက် ထင်ရှားသော သက်သေမရှိ။ ထို့ကြောင့် သူမ၏ တင်သွင်းချက်သည် ခိုင်လုံပြည့်စုံသော အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။ အခြားတစ်နည်းဆိုရလျှင် ကောင်းရှင်းသည် အများဆုံးအနေဖြင့် ရဲများ၏ ထပ်ဆောင်း မှုခင်းများမှ အရံ သံသယရှိသူသာ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူသည် သိပ်မကြာမီအချိန်၌ ပြန်လွတ်လာလိမ့်မည်သာ။

ထိုအချိန်ကျ ချောင်ဟုန်ယဲ့ ပျော်နိုင်ဦးမည်လား။

ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား ထိုအကြောင်းနှင့် ပတ်သတ်၍ သတိပေးရအောင်အထိ ရက်ရောလွန်းမနေပေ။ သူမသည် ချောင်ဟုန်ယဲ့ဆီသို့ လျှောက်လာလိုက်ပြီး သူတို့ရှာနေသည့် ဂျင်ဆင်းမြစ်အား သူမ၏ အိတ်ထဲမှ ထုတ်ယူလိုက်သည်။

“ချောင်ဟုန်ယဲ့၊ ငါက စကားကို လှည့်ပတ်မပြောတတ်တဲ့ ပွင့်ပွင့်လင်းလင်းသမား တစ်ယောက်နော်။ နင် ဒါကို ရှာနေတာ မဟုတ်လား။ သနားစရာကောင်းတာက ငါက... နင်ကို မပေးချင်ဘူး”

ကျင်းယွင်ကျောင်းက သူမအား လှောင်ပြောင်ပြီးသည်နှင့် ဆက်ပြောလိုက်၏။

“ဒီလိုဂျင်ဆင်းအကြီးကြီးကို ငါ ဒီည ပြန်ရောက်တာနဲ့ တစ်ခုလုံးကို မီးအေးအေးနဲ့ နှပ်မယ်။ သူ့ရဲ့အရည်က အလှအပအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းပဲ။ ငါက ဒီဟာနဲ့ ငါ့ရဲ့မျက်နှာကို ပွတ်ပြီး အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းအနေနဲ့ သုံးမယ်ဆိုရင်တောင်မှ နင့်ကိုတော့ အမြစ်မွေးလေးတစ်မွေးကိုတောင် ထိခွင့်မပြုနိုင်ဘူး။ ကျေနပ်ရဲ့လား”

Chapter 106 : နစ်နာသူ

ကျင်းယွင်ကျောင်းသည် ဂျင်ဆင်းအား ချောင်ဟုန်ယဲ့၏ ရှေ့တွင် ထုတ်ပြလိုက်သည်။ လက်တစ်လှမ်းစာသာ ကွာခြား၍ ချောင်ဟုန်ယဲ့သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။

ပြပြီးသွားသောအခါ ကျင်းယွင်ကျောင်းသည် ပစ္စည်းအား သူမ၏ အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူမသည် ချောင်ဟုန်ယဲ့အား အေးအေးစက်စက် တစ်ချက်ပြုံးပြလိုက်ပြီးနောက် ကန်ကျင်းချန်၊ စူးချူ တို့နှင့်အတူ အပေါ်ထပ်သို့တက်ရန် လှည့်ထွက်သွားတော့၏။

ချောင်ဟုန်ယဲ့သည် သူမ၏ မျက်လုံးနှစ်ဖက်လုံး ဝိုင်းစက်နေသည်အထိ စူးစူးနစ်နစ် စိုက်ကြည့်နေသည်။ ကျင်းယွင်ကျောင်းက ဂျင်ဆင်းအား မျက်နှာတွင် ဘယ်လိုအသုံးပြုမည်ဟု ပြော၍ သူမအား အမှန်တကယ် အရှက်ခွဲရဲသည်အား သူမ, မယုံကြည်နိုင်သေးပေ။ တစ်နေ့တာလုံး စုပုံလာသော ထိတ်လန့်အံသြမှုများနှင့် ပေါင်းလိုက်သောအခါ ချောင်ဟုန်ယဲ့ သူမ၏ဦးနှောက်က ပေါက်ကွဲတော့မလို ခံစားနေရလေသည်။

သူမသည် ဂျင်ဆင်းကို မခိုးယူနိုင်ရုံသာမက ကောင်းရှင်း ကိုပါ အပြစ်ပြုမိခဲ့ပြီဖြစ်သည်။ ကောင်းရှင်းအား လှုပ်ရှားခိုင်းခဲ့သည့် အကြောင်းကို သူမ၏ အဖေအား ဖုံးကွယ်ထားခဲ့၏။ သို့သော် မနက်ဖြန်၌ သူမသည် အဖေဖြစ်သူအား ပြန်လည်တင်ပြရဦးမည်။ အကယ်၍ သူမ၏ အဖေသာ ကိုယ်တိုင်လှုပ်ရှားပြီး ဂျင်ဆင်းအား ခိုးယူရန် ကြိုးစားခဲ့ပါလျှင်...

သူသာ ခိုးယူရန် အစီအစဥ် အောင်မြင်ခဲ့ပါက အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သော်လည်း အကယ်၍ မအောင်မြင်ခဲ့ပါလျှင် ... သူမသည် ဤရုတ်တရက်ကံဆိုးမိုးမှောင်ကျမှုကို ခံနိုင်ရည်မရှိမည်အား ကြောက်ရွံ့မိ၏။

ထို့အပြင် ကျင်းယွင်ကျောင်းသည် ကြိုတင်ပြင်တင် တွက်ဆမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ အကယ်၍ သူမ၏ အဖေ လွှတ်လိုက်သောသူများလည်း ဤသို့အဖမ်းခံရပါက ထိုအချိန်တွင် သူမသည် သေချာပေါက် အဆုံးသတ်သွားလိမ့်မည်။

ချောင်ဟုန်ယဲ့၏ နှလုံးသားသည် အလွန်အမင်း ဗြောင်းဆန်နေ၍ ထိုအကြောင်းနှင့်ပတ်သတ်ပြီး သူမ ဘာလုပ်နိုင်မှန်း မသိတော့ချေ။

သူမသည် တိုက်ခန်းအိမ်ရာအား တစ်ချက်ကြည့်လိုက်ရင်း ထွက်လာခဲ့သည်။ လမ်းဘေးမှ ငြိမ်သက်နေသော မီးရောင်များက သူမ၏ အရိပ်အား အတော်လေး အထီးကျန်သည့်ပုံပေါ်နေစေ၏။ တိုက်ခန်းအိမ်ရာနှင့် တည်းခိုခန်းသည် လမ်းကျဥ်းလေးအနည်းငယ်သာ ခြားသော်လည်း ညအချိန်၌ ထိုလမ်းကျဥ်းလေးများတွင် လူများများစားစားမရှိချေ။ ချောင်ဟုန်ယဲ့သည် တည်းခိုခန်းအား လှမ်းမြင်လိုက်စဥ်မှာပင် စက္ကန့်ပိုင်းအတွင်း ဘေးသို့ဆွဲချခံလိုက်ရ၏။

“နင်တို့တွေ ဘာလုပ်တာလဲ”

ချောင်ဟုန်ယဲ့က သူမ၏ နောက်ရှိ ယောက်ျားသားအနည်းငယ်ကို ကြည့်၍ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူမ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာသည်။

သူတို့အား ဦးဆောင်လာသည့်သူမှာ အမှန်ပင် ဟွားဇယ်ဖြစ်၏။ သူ၏ မျက်လုံးများက ချောင်ဟုန်ယဲ့အား တစ်ကိုယ်လုံး စုံချည်ဆန်ချည် ကြည့်လိုက်ပြီး မရိုးသားသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

“ကောင်မလေး၊ မင်းက တကယ်ပဲ အတော်လေး လုပ်တတ်ကိုင်တတ်တာပဲကို။ ကောင်းရှင်းကိုတောင် လှည့်စားပြီး ထောင်ထဲ ထည့်ဖို့ တကယ်ကြီး စီစဥ်ခဲ့တာပဲ။ မင်းက ဒီလိုအကျင့်စရိုက်တွေနဲ့ ငါတို့လုပ်ငန်းထဲကသူ မဟုတ်တာ နှမြောစရာပဲ”

သူသည် ချောင်ဟုန်ယဲ့အား အချိန်တစ်ခုကြာအောင် နောက်ယောင်ခံလိုက်နေခဲ့သည်။ ထို့ကြောင့် အလိုအလျောက်ပင် သူသည် ယခုဖြစ်ပျက်ခဲ့သော ကိစ္စများအားလုံးကို မြင်တွေ့ခဲ့၏။

သူသည် ကျင်းယွင်ကျောင်းဟုခေါ်သော မိန်းကလေးသည် အတော်လေး ထက်မြက်သည်ဟု ဝန်မခံဘဲ မနေနိုင်သော်လည်း ဤချောင်ဟုန်ယဲ့သည်လည်း အများကြီး နောက်ကောက်ကျ မနေပေ။ ဤမတိုင်ခင်က သူမသည် ကောင်းရှင်းအား ကိစ္စများစွာ လုပ်ဆောင်ရန် အယုံသွင်းခိုင်းစေနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။

မမျှော်လင့်ဘဲ သူမသည် အတော်လေး ငယ်ရွယ်သေးရာ ဤကဲ့သို့သော ကြောက်ရွံ့မှုလေးတစ်ခုတည်းကြောင့် ကောင်းရှင်းအား ရောင်းစားလိုက်၏။ ထို ကောင်းရှင်း ဆိုသည့်ကောင်သည် ရန်ငြိုးအာဃာသများကို ဆုပ်ကိုင်ထားတတ်သော အဆိပ်ပြင်းသည့် မြွေတစ်ကောင်ဖြစ်သည်။ ဤကဲ့သို့သော အမှုအသေးစားလေးအတွက် သူသည် အများဆုံး ဆယ်ရက်ခန့်သာ အချုပ်အနှောင်ခံရမည် ဖြစ်၏။ သူ၏ ထိန်းသိမ်းခံရသော ကာလပြီးဆုံးသောအခါ ချောင်ဟုန်ယဲ့သည် ငိုချိန်ပင် ရှိမည်မဟုတ်တော့ချေ။

“ရှင်ပြောနေတာတွေ ကျွန်မ မသိဘူး”

ချောင်ဟုန်ယဲ့က ခေါင်းယမ်းလိုက်၏။ သူမ၏ မျက်နှာသည် ဖြူဖျော့နေလေသည်။

ဟွားဇယ်က သလိပ်များကို တစ်ချက် ထွေးထုတ်လိုက်၏။

“မစိုးရိမ်ပါနဲ့...ငါတို့ ဒီနေရာမှာ စိတ်ဝင်စားစရာလေးတွေ နည်းနည်း လုပ်ကြည့်ရုံပါ”

သူသည် ဟိုးအရင်ကတည်းက ကောင်းရှင်း၏ နည်းလမ်းများကို အလွန်အထင်သေးခဲ့သည်။ နောက်ဆုံးအကြိမ် အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီးနောက် ဟွားဇယ်သည် ကောင်းရှင်း၏ လွှမ်းမိုးသော နယ်ပယ်နှင့်အတူ ဝေစုများနှင့် အခွင့်အရေးများကို သိမ်းပိုက်နိုင်ခဲ့၏။ သို့သော် မမျှော်လင့်ဘဲ ကောင်းရှင်းက လုံလုံခြုံခြုံ ပုန်းရန် စီစဥ်နိုင်ခဲ့၍ အဖမ်းမခံခဲ့ရပေ။ သို့ရာတွင် ယခုအချိန်၌ သူ အဖမ်းခံလိုက်ရခြင်းသည် ကိစ္စကောင်းတစ်ခုဖြစ်သော်လည်း ခြေတစ်ဖက်တည်းနှင့် ရပ်တည်နေရသည့် ဒုက္ခိတတစ်ယောက်ကဲ့သို့ အချိန်အတော်ကြာကြာ ထိုအကောင် ဒုက္ခရောက်ပုန်းအောင်းနေသည်ကို မြင်ရခြင်းကလည်း အတော်လေး ပျော်စရာကောင်း၏။

“နင်တို့တွေ ဘာလိုချင်တာလဲ။ ငါ နင်တို့ကို လုံးဝမသိဘူး။ ကောင်းရှင်းနဲ့ ငါက လုံးဝပတ်သတ်မှုမရှိဘူး။ ငါလည်း နစ်နာသူတစ်ယောက်ပဲ”

ချောင်ဟုန်ယဲ့က ကတိုက်ကရိုက် တုံ့ပြန်လိုက်သည်။

သူတို့သည် ကောင်းရှင်း ရန်စခဲ့ဖူးသည့်သူများ ဖြစ်ရမည်။ သို့သော် အဘယ်ကြောင့် သူတို့က သူမ၏ခေါင်းပေါ် လွှဲချချင်နေသနည်း။ အား..

“ဟေး...ညီအစ်ကိုတို့၊ သူက သူ့ကိုယ်သူ နစ်နာသူလို့ စောဒကတက်နေတယ်”

ကောင်းရှင်းသည် ထိုမိန်းကလေးအား ပို၍ပင် အထင်သေးသွားသည်။ သူမသည် ရှိသင့်ရှိထိုက်သည့် သတ္တိပင် မရှိချေ။ သူက သရော်လိုက်ပြီး ဆက်ပြောလာ၏။

“ကောင်းရှင်းက မင်းကို သုံးနှစ်နီးပါး ကူညီခဲ့တာ မဟုတ်လား။ သူက မင်းအတွက် လူနည်းနည်းကို သီးသန့် ခြောက်လှန့်ပေးခဲ့တယ်။ သူတို့အားလုံးက အရွယ်မရောက်သေးဘူး။ အဆိုးဝါးဆုံးကတော့ တစ်ယောက်ကို သူ့ရဲ့ခြေထောက် ကျိုးသွားတဲ့အထိ ရိုက်ပစ်ခဲ့တာပဲ၊ အဲဒီသူက နောက်ဆက်တွဲ ဆိုးကျိုးတွေကို အခုထိတောင် ခံစားနေရတုန်း။ အဲဒီ မင်းရဲ့အစ်မဆိုရင်လည်း သူ့ဆီကနေ မုဒိမ်းကျင့်ခံရလုနီးပါးပဲ။ ဒါတောင်မှ မင်းရဲ့အစီအစဥ်က အပြစ်အနာအဆာမရှိဘူးလို့ မင်း တကယ်ကြီး တွေးနေသေးတာလား”

ဟွားဇယ်၏ စကားများကြောင့် ချောင်ဟုန်ယဲ့သည် ထိတ်လန့်လွန်းသဖြင့် စကားပင်မပြောရဲတော့ချေ။

သူမ, မနှစ်သက်သောသူများမှာ ကျင်းယွင်ကျောင်းတစ်ယောက်တည်း မဟုတ်ပေ။ ယခင်က သူမသည် ကျင်းယွင်ကျောင်းနှင့် တစ်အိမ်တည်း နေခဲ့သည်။ ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်း၏ ဘဝအား အချိန်တိုင်း ခက်ခဲအောင် လုပ်နိုင်ခဲ့သော်လည်း အခြားသူများကိုမူ ထိုသို့ မလုပ်နိုင်ပေ၊ ထို့ကြောင့် သူမ ကောင်းရှင်းအား အကူအညီသွားတောင်းခဲ့ရခြင်းဖြစ်၏။ သူသည် သူမ၏ တောင်းဆိုမှုကြောင့် လူအနည်းငယ်အား လျှို့ဝှက်၍ ရိုက်နှက်ပေးခဲ့သော်လည်း အရိုက်ခံခဲ့ရသူ တစ်ယောက်မှ သူမသည် တာဝန်ရှိသူဖြစ်ကြောင်းကို မသိခဲ့ပေ။

ကောင်းရှင်းနှင့် မိတ်ဆွေဖြစ်ပြီးနောက် သူမသည် သူမ ဆန္ဒရှိသမျှ အရာအားလုံးကို လုပ်နိုင်သည်ဟု ခံစားခဲ့ရသည်။ သူမ, မနှစ်သက်သူမှန်သမျှ ကံဆိုးမိုးမှောင်ကျလိမ့်မည်ပင်။ သူမသည် ဘေး၌ ထိုအကြောင်းကို သတိပြုမိနေသူများရှိနေလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ ကောင်းရှင်းက သူမ၏ လျှို့ဝှက်ချက်ကို ထိန်းပေးထားသရွေ့ ပြဿနာမရှိဟုသာ သူမ ယူဆခဲ့သည်။

Chaprer 107 : တာဝန်ပြီးဆုံးခြင်း

သူမ၏ ရှေ့တွင် ကောင်းရှင်းလုပ်ခဲ့သမျှ တစ်ခုချင်းစီကို ဟွားဇယ်က ထုတ်ဖော်ပြောကြားနေရာ ချောင်ဟုန်ယဲ့၏ နှလုံးသားမှာ ထုံအ၍ ရှပ်ထွေးလာ၏။ သူ့ကို ပါးစပ်ပိတ်အောင် ဘာလုပ်နိုင်မလဲဟုသာ တွေးနေမိတော့သည်။

ကောင်းရှင်းသည် အထက်ပါအကြောင်းအရာများအား အခြားသူများအား ဘယ်တော့မှ ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူပြောခဲ့ပါကလည်း မည်သူကမှ သူ့အား ယုံကြည်မည် မဟုတ်။ သို့သော် ဤလူများကတော့ ထုတ်ပြောမည်လား၊ မပြောဘူးလား ဆိုသည်ကို မည်သူမှ မသေချာ။ အကယ်၍ ကောလဟာလ အနည်းငယ်သာ ပျံ့နှံ့သွားပါက သူမ၏ ဘဝသည် ကျင်းယွင်ကျောင်းထက်ပင် ပို၍ ခါးသီးသွားမည်က အသေအချာပင်။

“ရှင် ဘာလိုချင်တာလဲ”

ချောင်ဟုန်ယဲ့သည် ယခုအချိန်၌ အလွန် လိုက်လိုက်လျောလျောရှိနေပြီး အင်မတန် နာခံတတ်သည့်အလားပင်။

ဟွားဇယ်က သူမ၏ မျက်နှာကို ဖျစ်ညှစ်လိုက်သော်လည်း သူသည် သိပ်စိတ်မဝင်စားပေ။

ဤမိန်းကလေးသည် ရည်မှန်းချက်ကြီးလွန်းပြီး သူမ၏ ရုပ်ရည်သွင်ပြင်က ဖော်ပြနေသော သူမ၏ အကြောင်းနှင့် လုံးဝမတူပေ။ (ရုပ်လေးနဲ့စိတ်နဲ့ တခြားစီလို့ ပြောတာပါ။) သူ၏ အကြိုက်သည် ထိုကဲ့သို့ သန်မာသောသူ မဟုတ်။

“ငါ့ရဲ့နောက်လိုက်ညီအစ်ကိုတို့၊ မင်းတို့ လုပ်ရမှာကို သိတယ်ဟုတ်”

အလုပ်ရှင်က ဓါတ်ပုံများနှင့်ပင် လုံလောက်သည်ဟု ရိုးရိုးရှင်းရှင်း တောင်းဆိုထားသည်။

ထို့နောက် ခဏအတွင်းမှာပင် သူမဘေးရှိလူများက ရှေ့သို့ တိုးလာကြပြီး သူမအား ထွက်မပြေးနိုင်စေရန် ချက်ချင်း ဝန်းရံလိုက်ကြသည်ကို မြင်လိုက်ရ၏။ သူတို့ထဲမှ တစ်ယောက်က ချောင်ဟုန်ယဲ့ဆီသို့ ချဥ်းကပ်လာပြီး သူမ၏ မေးစေ့ကို ဆွဲကာ နမ်းရန် ကြံလိုက်ဟန်ဖြင့် လျှာကို ထုတ်လိုက်သည်။

‘ချပ်’ ခနဲ မြည်သံထွက်ပေါ်လာပြီး ဟွားဇယ်က ဓါတ်ပုံတစ်ပုံ ရိုက်လိုက်၏။

သူက လေချွန်လိုက်သည်။ ကင်မရာရှုထောင့်နှင့် အဓိပ္ပါယ်နှစ်ခွထွက်နေခြင်းက မှန်ကန်၏။

“ဆက်လုပ်”

ဟွားဇယ်က သူ၏ ဖုန်းကင်မရာအား ချိန်ထားရင်း ရွှတ်နောက်နောက် ပြုံးနေသည်။ သို့ရာတွင် ချောင်ဟုန်ယဲ့၏ မျက်လုံးထဲ၌မူ သူသည် မကောင်းဆိုးဝါးနှင့် တူလှ၏။

ထိုအချိန်၌ သူမသည် အချိန်မီ မခုခံနိုင်တော့ပေ။ သို့သော် သနားစရာကောင်းသည်မှာ အခြားတစ်ယောက်ကလည်း သူမ၏ ပါးစပ်ကို ခပ်မြန်မြန် ပိတ်လိုက်သဖြင့် သူမသည် လုံးဝ မရုန်းကန်နိုင်ပေ။ တစ်ဖက်လူက လက်မောင်းကို လှမ်းဆွဲလိုက်ပြီး သူမ၏ ဂျာကင်အင်္ကျီကို အားသုံး၍ ဖြဲလိုက်ရာ ဖြူဝင်းသော ပခုံးသားများ ပေါ်ထွက်လာ၏။ ထိုလမ်းသရဲသည် သူကိုယ်တိုင်ပင် သူမ၏ ကုပ်ပိုးကို ဖိထားလိုက်ရာ ဟွားဇယ်က အခွင့်ကောင်းယူ၍ ဓါတ်ပုံများစွာ မရပ်မနားရိုက်ယူလိုက်သည်။

ထိုတလျှောက်လုံး ချောင်ဟုန်ယဲ့၏ နှလုံးသားမှာ အောက်သို့ ပြုတ်ကျနေတော့၏။

ဤကင်မရာရှုထောင့်များသည် ကြည့်သူများအား အထင်လွဲစေနိုင်ကြောင်း သူမ သိသည်။ အကယ်၍ ဤဓါတ်ပုံများသာ ပြန့်သွားလျှင် သူမသည် မြစ်ဝါမြစ်ထဲ ခုန်ချလျှင်တောင်မှ သန့်စင်တော့မည် မဟုတ်ပေ။

သနားဖို့ကောင်းသည်မှာ ကျင်းယွင်ကျောင်းက ယွမ်ငါးသောင်း သုံးထားသည်ဖြစ်၍ ဟွားဇယ်က သူ၏ လုပ်ငန်းကျင့်ဝတ်ကို လိုက်နာခဲ့သည်။ အလိုအလျောက်ပင် သူသည် အလုပ်ကို စိတ်ပါလက်ပါ လုပ်ကိုင်ပေး၍ ရိုးရှင်းသော ဓါတ်ပုံအချို့ရိုက်ပေးခဲ့၏။

ချောင်ဟုန်ယဲ့သည် ယောက်ျားများစွာ၏ လက်များအောက်မှ မရုန်းကန်နိုင်သေးချေ။ ထို့အပြင် တစ်ဖက်လူမှာ အရွယ်ရောက်ပြီးသားသူတစ်ယောက်ဖြစ်၍ အထင်အမြင်လွဲမှားမှုကို ဖြစ်စေနိုင်သော လုပ်ရပ်များနှင့်ပတ်သတ်၍ ဗဟုသုတပိုများ၏။ ထို့ကြောင့် အမှန်တကယ် ဖြစ်ပျက်နေသည်ဟု ထင်ရသော ဓါတ်ပုံများစွာ ရရှိလာသည်။ ချောင်ဟုန်ယဲ့၏ အမူအယာက ပူးပေါင်းမှုမရှိသည့်အချိန်တိုင်း တစ်ဖက်လူက သူမအား ဆွဲညှစ်ပစ်လိုက်၍ သူမအား အလိုလို နာကျင်သွားသည့် အမူအယာမျိုး ဖြစ်စေကာ ၎င်းက လူအများ၏ စိတ်ကူးများအား အရိုင်းဆန်သွားစေ၏။

သူတို့ ချောင်ဟုန်ယဲ့အား အနိုင်ကျင့်ပြီးသောအခါ အချိန်တစ်နာရီ၊ နှစ်နာရီခန့် ကြာသွားပြီဖြစ်သည်။ ချောင်ဟုန်ယဲ့သည် ထုံထုံထိုင်းထိုင်းသာ ခံစားနေရပြီး သူမအား ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းသွားသည့်အလား ခံစားချက်မျိုးပင်။

ဟွားဇယ်နှင့် ကျန်လူများသည် ကျေနပ်အားရစွာဖြင့် ထွက်ခွာကြသည်။ သို့သော် သူတို့ထွက်မသွားမီတွင် သူမအား အထက်အောက် လှန်လျော၍ ရှာဖွေသွားကြပြီး သူမ၌ ပါလာသမျှ ငွေသားအားလုံး ယူဆောင်သွားကြ၏။

ချောင်ဟုန်ယဲ့၏ စိတ်သည် စတင်၍ ပြိုလဲသွားပြီ၊ ယနေ့ အဘယ်ကြောင့် ဤကဲ့သို့ ပြောင်းလဲဖြစ်ပျက်သွားရသည်အား ရှုပ်ထွေးနေသည်။

သို့သော် သူမ, မသိလိုက်သည်မှာ သူမ တည်းခိုခန်းမှ ထွက်သွားကတည်းက လိုက်နေကြသော ဟွားဇယ်နှင့် ကျန်သည့် အပေါင်းအပါများက သူတို့ရိုက်သွားခဲ့သည့် ဓါတ်ပုံများတွင် အခြားဓါတ်ပုံတစ်ပုံကိုပါ ဖြည့်လိုက်သည် ဆိုသည်ကိုပင်။ တည်းခိုခန်း၏ အမည်က အထက်တွင် ရှင်းရှင်းလင်းလင်းပြသထားပြီး လုံးဝတိုက်ဆိုင်စွာပင် သူမက တစ်စုံတစ်ယောက်နှင့် ဘေးချင်းကပ် လမ်းလျှောက်နေသည့်ပုံပင်။ သူတို့ ခေတ္တတွေ့ဆုံနေသည့် ဓါတ်ပုံတစ်ပုံကိုလည်း ရိုက်ယူနိုင်ခဲ့သည်။

“ငါတို့ အလုပ်ပြီးသွားပြီ။ ဒီနေ့ရဲ့တာဝန်က အခု ပြီးပြီ”

ဟွားဇယ်က စီးကရက်တစ်လိပ်ကို နှုတ်ခမ်းကြားညှပ်လိုက်ပြီးနောက် အရိုင်းဆန်စွာ ပြုံးလိုက်သည်။

ထို့နောက် ထိုဓါတ်ပုံများအား ကျင်းယွင်ကျောင်း၏ ဖုန်းထဲသို့ ခပ်မြန်မြန် ပို့ပေးလိုက်၏။ ဟွားဇယ်၏ လက်ရာများကို ကြည့်ရင်း ကျင်းယွင်ကျောင်းသည်ပင် သူ၏ ကျွမ်းကျင်မှုအား မလေးစားပဲ မနေနိုင်ချေ။

“မင်း ကျေနပ်ရဲ့လား”

ဖုန်းမှတဆင့် ဆက်သွယ်နေခြင်းဖြစ်သော်လည်း ဟွားဇယ်၏ လေသံက ပုံမှန်အတိုင်း အနည်းငယ် ကရော်ကမယ်ဖြစ်နေဆဲပင်။

ကျင်းယွင်ကျောင်းက သူမ၏ အသံကို သြလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ကျုပ် ခင်ဗျားကို ဒီပုံတွေကို ကျုပ်အစီအစဥ်ဆွဲထားတဲ့လူတွေဆီကို ပို့စေချင်တယ်။ သူတို့ ဒါတွေကို မတော်တဆ မြင်သွားသလိုမျိုးဖြစ်အောင် သေချာလုပ်ပေးရမယ်”

“ပြဿနာရှိလို့လား”

ကျင်းယွင်ကျောင်း ဆက်ပြောသည်အား မကြားရသေးမီ ဟွားဇယ်က မျက်မှောင်ကြုတ်လိုက်၏။

“ကျုပ် ညွှန်ကြားတဲ့အတိုင်း ခင်ဗျားလုပ်ပြီးတာနဲ့ ခင်ဗျားကို ယွမ်တစ်သောင်း ထပ်ပြီးပေးမယ်။ ဒီနေ့ကစပြီး သူ့ကို စောင့်ကြည့်ဖို့ ခင်ဗျားရဲ့လူအချို့ကို ပို့ပေးစေချင်တယ်။ သူ ဘယ်သူနဲ့ တွေ့တယ်၊ ဘာတွေလုပ်တယ်၊ အရာအားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ အသေးစိတ်သိဖို့ လိုအပ်တယ်”

သူမ၏ ညွှန်ကြားချက် ဆုံးသောအခါ ဟွားဇယ်သည် ဤဖုန်းထဲမှ ကောင်ငယ်လေးအား ပို၍ပင် စိတ်ဝင်စားလာ၏။

“ရတာပေါ့”

ဟွားဇယ်က သွက်သွက်လက်လက်ပင် သဘောတူလိုက်သည်။

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းလေးများက တွန့်ကွေးသွားကာ ပြုံးယောင်သမ်းသွား၏။

Chapter 108 : ပိုးကောင်ငယ်လေးများကြားမှ ဘုရင်ကြီး

သူမသည် ဤဓါတ်ပုံများအား မကူးဘဲ သူတို့အား အပြင်သို့ မဖြန့်စေချင်သည့် အကြောင်းအရင်းမှာ ချောင်ဟုန်ယဲ့အား လူအများက သူမ၏ အကြောင်းကို သက်သေမရှိဘဲ အဓိပ္ပါယ်မရှိ လျှောက်ပြောကြသည့် ခံစားချက်ကို ခံစားစေလိုသောကြောင့် ဖြစ်သည်။

ထို့အပြင် ထိုဓါတ်ပုံများထဲမှ တစ်ပုံသာ ကျောင်းဖော်တစ်ဦး၏ လက်ထဲသို့ ရောက်သွားပါက ဤကိစ္စသည် ဆရာ၊ ဆရာမများ၏ အာရုံစိုက်မှုကို နိုးထစေလိမ့်မည်ပင်။ ထိုသို့သာ ဖြစ်သွားပါက ချောင်ဟုန်ယဲ့၏ ဂုဏ်သတင်း ပျက်ဆီးသွားမည်ဖြစ်သော်လည်း ပို၍အရေးကြီးသည်မှာ ကျောင်းနှင့် မသက်ဆိုင်သောသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ကြသော အရေအတွက်များပါ တိုးလာလိမ့်မည်ဖြစ်သည်။ စင်စစ် ချောင်ဟုန်ယဲ့သည် အသက်မပြည့်သေးသူတစ်ယောက် ဖြစ်နေဆဲပင်။

ဖုန်းချပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏ နေ့စဥ်လုပ်ရိုးလုပ်စဥ် လမ်းကြောင်းအတိုင်း ပြန်သွားခဲ့ပြီး ဆေးပညာ သင်ယူရန် နေရာလွတ်နယ်မြေထဲသို့ ဝင်လာခဲ့သည်။

ပထမ ကျောက်စိမ်းအပိုင်းအတွင်းမှ အချက်အလက်များကို အကုန်အစင် စုပ်ယူပြီးနောက် သူမသည် ဒုတိယအပိုင်းက အများကြီး ပိုလွယ်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ သင်ယူမှုနှုန်းသည်လည်း ယခင်ကနှင့်ယှဥ်လျှင် တိုးတက်လာသည်။

သူမ၏ နေရာလွတ်နယ်မြေထဲရှိ အရာအားလုံးသည် စည်ပင်ရှင်သန်နေပြီး ဆေးဖက်ဝင်အပင်များ၏ ရနံ့များဖြင့် ပြည့်နေ၏။ ဆေးရနံ့သည် လူတို့အား သူတို့၏စိတ်အာရုံသည် ပို၍ ကြည်လင်ကာ ထက်မြက်လာသကဲ့သို့ ခံစားရစေပုံပေါ်သည်။

သို့ရာတွင် ကျင်းယွင်ကျောင်း ပေါ်လာသည့်အခိုက်၌ အပြာရောင် ရေခဲပြာရောင် နေရာလွတ်ပိုးကောင်လေးတစ်ကောင်သည် မြေဆီလွှာထဲမှ တိုးထွက်လာ၏။ အကောင်ငယ်လေးသည် သူမ မြင်ခဲ့ရသည့် ပထမဆုံးအကြိမ်နဲ့ယှဥ်ပါက အများကြီး ပို၍ ဝဖီးလာသည်။ ၎င်းက သူမ ကိုယ်ခံပညာလေ့ကျင့်နေသည်ကို မြင်သောအခါ ၎င်း၏ အသားများ ပြည့်နေသော ခန္ဓာကိုယ်လေးက သူမ၏ လှုပ်ရှားမှုများအတိုင်းလိုက်၍ တလူးလူး တလွန့်လွန့်ဖြစ်နေ၏။ မြင်ကွင်းမှာ အမှန်ပင် ရယ်စရာကောင်းလှသည်။

ကျင်းယွင်ကျောင်း၏ ဤပိုးကောင်ငယ်လေးသည် သူမနှင့် မကြာခဏဆိုသလို တွေ့ဖူးနေ၍ ဤတစ်ကောင်မှာ ကျန်သောအကောင်လေးများနှင့် မတူကြောင်း သူမ တဖြည်းဖြည်း သိရှိလာခဲ့၏။ ၎င်း၏ အရောင်မှာ ပို၍ ကြည်လင်နေပြီး အရွယ်အစားကလည်း အနည်းငယ်ပိုကြီးသည်။ အမြီး၏ အဆုံးတွင် အပြာရောင်ကွင်းလေးရှိပြီး ၎င်းကို စက်ဝိုင်းပုံစံရစ်ပတ်ထားသည့်အလားပင်။ ထို့အပြင် အခြားသော ပိုးကောင်ငယ်လေးများအားလုံးကလည်း ၎င်းကို နာခံမှုရှိပုံရပြီး ပိုးကောင်ငယ်လေးများကြားမှ ဘုရင်ကြီးကဲ့သို့ပင်။

သူမ၏ နေရာလွတ်နယ်မြေအတွင်း၌ အချိန်က ပို၍နှေးကွေးစွာ ဖြတ်သန်းနေသောကြောင့် သူမ၏ ပျင်းရိမှုများကို ပြေပျောက်စေသည့် ဤအကောင်ပေါက်စလေးအား ကျေးဇူးတင်ရပေမည်။

“ပေါက်စလေး၊ ငါ မင်းကို နာမည်တစ်ခုပေးမယ်ဆိုရင် ဘယ်လိုလဲ”

ကျင်းယွင်ကျောင်းက ခေါင်းငဲ့ကြည့်လိုက်ပြီး ပိုးကောင်ငယ်လေးအား ခေါင်းညိတ်ပြ၍ မေးလိုက်ကာ သူမ၏ ဘေးတွင် ရှိသော ကျောက်တုံးစားပွဲပေါ်သို့ တင်ပေးလိုက်၏။

ဤပိုးကောင်လေးသည် ကျင်းယွင်ကျောင်း၏ သွေးအဆီအနှစ်ကို စုပ်ယူထားသောကြောင့် သူမအား ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုထားသည်။ ထို့ကြောင့် ၎င်းက သူမ၏ စကားများကို နားလည်နေသည်က သဘာဝပင်။ သူမသည် ၎င်း၏ ခန္ဓာကိုယ်လေးက တစောင်းထောင်သွားပြီး သဘောတူညီမှုကို ပြသည့်အနေဖြင့် အပေါ်အောက် ယိမ်းထိုးပြနေသည်အား မြင်လိုက်ရ၏။

(T/N : လှဲနေရာက ထထောင်ပြီး ခေါင်းငြိမ့်ပြသလိုလေး >

All Chapters