ကျင်းယွင်ကျောင်းဆိုသူက အတိတ်ဘဝတုန်းက တစ်ကိုယ်တည်း အထီးကျန်စွာနဲ့ပဲ ထောင်ထဲမှာ ဆုံးပါးသွားခဲ့ရတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် အခွင့်အရေးအနေနဲ့ အသက်ဆယ့်ငါးနှစ်အရွယ်မှာ ပြန်လည်မွေးဖွားလာတယ်။ ပြန်လည်မွေးဖွားခြင်းနဲ့အတူ အရင်ဘဝက သူမကို ဆိုးရွားတဲ့အခြေအနေရောက်အောင် တွန်းပို့ခဲ့သူတွေကို ကလဲ့စားချေလက်တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အရင်ဘဝက ကျန်းယွင်ကျောင်းကို အခုလိုအခြေအနေဖြစ်စေခဲ့တာက သူ့အမေဆုံးပါးသွားတဲ့အချိန်ကနေ စခဲ့တယ်လို့ ပြောရမယ်။ တကယ်တော့ ကျန်းယွင်ကျောင်းအမေဆိုသူက အမေရင်းတော့မဟူတ်ဘူး...ယွင်ကျောင်းကိုမွေးစားထားတာ။ သူမရဲ့မွေးစားအမေဆုံးပြီးတဲ့နောက်မှာ ပထွေးဆိုသူက သူမကို မတရားပြုဖို့လုပ်တဲ့အချိန် သူမဘက်ကပြန်လည်ခုခံရင်း ပထွေးကိုသတ်မိသွားခဲ့တယ်။ အဲဒီမှာ ပထွေးဘက်ကပါလာတဲ့ သား၊သမီးနှစ်ယောက်က ကိစ္စကို အဖြူ၊ အမည်းလုပ်ပြီးတော့ ယွင်းကျောင်းကို ထောင်ထဲပို့လိုက်တာကြောင့် သူမရဲ့အရင်ဘဝက အခုလိုအဆုံးသတ်သွားခဲ့ရတာပါပဲ။ ဒါဆို ယွင်ကျောင်းတစ်ယောက် ဘယ်လိုလက်တုံ့ပြန်သွားမလဲ။ နောက်ပြီး သူမမိသားစုအရင်းရဲ့ ဇာစ်မြစ်အမှန်ကရော ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ဖတ်ရှူရမှာဖြစ်ပါတယ်။

