အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉)- သေခြင်းရှင်ခြင်းတံခါးကို ဖျက်သိမ်းပြီးနောက် သေခြင်းရှင်ခြင်းတံခါး၏ အစစ်အမှန်အမွေဆက်ခံသူ
"သေခြင်းရှင်ခြင်းတံခါးကို ဖျက်သိမ်းမယ် ဟုတ်လား..."
လင်းရီ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့်ရှိနေခဲ့သည်။
"မှန်တယ်..."
"သေခြင်းရှင်ခြင်းတံခါးက သေခြင်းရှင်ခြင်းလမ်းစဉ်ကို ကျင့်ကြံတယ်၊ ဒီတာအိုက နောက်ဆုံးမှာ အထူးခေတ်တစ်ခုရဲ့ ထုတ်ကုန်တစ်ခု၊ ပုံပျက်နေတဲ့ ကျင့်ကြံခြင်း နည်းလမ်းတစ်ခုပဲ..."
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီခေတ်တုန်းက အခြေခံအုတ်မြစ်မရှိလို့ ကျင့်ကြံခြင်း လမ်းစဉ်ထဲ ဝင်လို့မရတဲ့ သူတွေ အရမ်းများခဲ့တာကိုး..."
"သေခြင်းရှင်ခြင်း လမ်းစဉ်က အခြေခံအုတ်မြစ်အပေါ်မှာ မမူတည်ဘူး၊ လူတိုင်းကို ရွေးချယ်ခွင့် တစ်ခု ပေးခဲ့တယ်..."
"ဒါပေမဲ့ အခုတော့ မတူတော့ဘူး..."
"ဝိညာဉ်ကုန်းမြေကဂိုဏ်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီး တာအိုတစ်ရာက ယှဉ်ပြိုင်နေကြပြီ၊ အခြေခံအုတ်မြစ်မရှိတဲ့ သူတွေတောင် ရွေးချယ်စရာတွေ ပိုများလာပြီ၊ သူတို့က ကျင့်ကြံခွင့် အခွင့်အရေးလေးတစ်ခုအတွက် သူတို့ရဲ့ အသက်ကို တကယ်စွန့်စရာ မလိုတော့ဘူး..."
"သေခြင်းရှင်ခြင်းတံခါး ဖယ်ရှားခံရတာက သမိုင်းရဲ့ မလွှဲမရှောင်သာတဲ့ အချက်တစ်ခုပဲ..."
ထန်ကျင်းကျုံးက အလျင်စလိုမရှိဘဲ ပြောလိုက်ပြီး သေခြင်းရှင်ခြင်းတံခါး၏ အတက်အကျများကို ဂရုမစိုက်ပုံ ရလေသည်။
လင်းရီက တိတ်ဆိတ်သွားခဲ့၏။
ယင်းက အမှန်ပင် ဖြစ်သည်။
ကမ္ဘာကြီးသည် ဖွံ့ဖြိုးတိုးတက်လာနေပြီး ကျင့်ကြံသူများ၏ ဥပဒေဿများကလည်း တိုးတက်လာနေပေသည်။
လူတစ်ယောက် ဗိုက်ဆာနေချိန်တွင် သူ့၌ ဗိုက်ဘယ်လို ဖြည့်ရမလဲဆိုသော စိုးရိမ်ပူပန်မှု တစ်ခုတည်းသာ ရှိပေသည်။
သေခြင်းရှင်ခြင်းတံခါး ထွက်ပေါ်လာခြင်းကလည်း ထိုကဲ့သို့ပင် ဖြစ်၏။
ဝိညာဉ်ကုန်းမြေမှ သက်ရှိများတွင် ကျင့်ကြံခြင်း နည်းလမ်းများမရှိခဲ့ဘဲ သူတို့၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ ကျင့်ကြံခြင်း လမ်းစဉ်အတွင်းသို့ မည်သို့ ဝင်ရောက်ရမည်နည်းဆိုခြင်းသာ ဖြစ်ခဲ့သည်။
ဤအကြောင်းရင်းကြောင့်ပင် သေခြင်းရှင်ခြင်းတံခါး ကို ပထမဆုံး တည်ထောင်ချိန်တွင် လူမြောက်မြားစွာ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။
လူတိုင်းသည် ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းရန် အိပ်မက်ကို မက်ခဲ့ကြ၏။
ကျင့်ကြံခွင့်တစ်ခုအတွက် သူတို့၏ အသက်ကို စွန့်လွှတ်ရန်ပင် ဖြစ်သည်။
သို့သော် ခေတ်ကာလများကတော့ ရှေ့သို့ ရွေ့လျားနေဆဲပင်။
ဤခေတ်တွင် သေခြင်းရှင်ခြင်းတံခါးကို မလိုအပ်တော့ချေ။
ဤသည်မှာ အလွန်ရက်စက်လှသော အမှန်တရားတစ်ခုပင်ဖြစ်သည်။
ဂိုဏ်းသည် ဟောင်းနွမ်းပျက်စီးနေပြီး အဖွဲ့ဝင်များလည်း နည်းပါးလှ၏။
ဤသည်က ထိုအချက်ကို သက်သေပြနေနှင့်ပြီးဖြစ်သည်။
သို့သော်လည်း လင်းရီအား အံ့အားသင့်စေခဲ့သည်မှာ သေခြင်းရှင်ခြင်းတံခါး၏ သဘောထားပင် ဖြစ်ပေသည်။
သူတို့သည် သေခြင်းရှင်ခြင်းတံခါး ကျဆင်းသွားခြင်းအတွက် ညည်းညူခြင်း မရှိခဲ့ကြဘဲ တစ်ချိန်က အဆုံးမရှိသော တောက်ပတဲ့ အလင်းရောင်ကို ပိုင်ဆိုင်ခဲ့သည့် ဤဂိုဏ်းကို ဖျက်သိမ်းရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
"တကယ်တော့ မင်း ဂရုစိုက်စရာ မလိုပါဘူး..."
"သေခြင်းရှင်ခြင်းတံခါးက မရှိတော့ပေမယ့် ငါတို့မှာလည်း ငါတို့ရဲ့ ဂုဏ်ကျက်သရေတွေ ရှိခဲ့ပါတယ်..."
"ငါတို့က တစ်ချိန်တုန်းက အံ့ဖွယ်တွေကို ဖန်တီးခဲ့ဖူးတယ်..."
"ရှည်လျားတဲ့ သမိုင်းရေစီးကြောင်းကြီးထဲမှာ ငါတို့ရဲ့ သေခြင်းရှင်ခြင်းတံခါးက လျစ်လျူရှုလို့ မရနိုင်တဲ့ လှိုင်းလုံးတစ်ခုပဲ..."
"ဒီလောက်ဆို လုံလောက်နေပါပြီ..."
ထန်ကျင်းကျုံးက ထပ်မံ ပြောလိုက်၏။
"ဒီမျိုးဆက်သစ်က နှမြောဖို့ ကောင်းတယ်လို့ ခံစားရရုံပါ..."
"သေခြင်းရှင်ခြင်းတံခါးက ခေတ်နဲ့ မကိုက်ညီတော့တာ မှန်ပေမယ့် သေခြင်းရှင်ခြင်းလမ်းစဉ်က တကယ့်ကို ထူးခြားတယ်၊ ဒီလိုမျိုး မြုပ်နှံခံလိုက်ရတာက တကယ့်ကို နှမြောစရာပဲ..."
လင်းရီက နောင်တရစွာဖြင့် ပြောလိုက်သည်။
"ဖျက်သိမ်းခံရတာက သေခြင်းရှင်ခြင်းတံခါး တစ်ခုတည်းပါ..."
"သေခြင်းရှင်ခြင်းလမ်းစဉ်ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုဖြစ်ပြီး အမြဲတမ်း တည်တံ့နေမှာပါ..."
"ငါတို့က အရင်လို ရက်စက်တဲ့ နည်းလမ်းနဲ့ တပည့်တွေကို မကျင့်ကြံပေးတော့တာပါပဲ..."
"အကယ်၍ ငါတို့ တကယ်ပဲ အရှုံးပေးချင်ခဲ့ရင် ငါတို့ သေခြင်းရှင်ခြင်းတံခါး ရဲ့ သဘောသဘာဝအရ စီနီယာတွေက သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးကို ချန်ထားရစ်ခဲ့မှာ မဟုတ်ဘူး..."
"ခေတ်ကာလတွေက ဖွံ့ဖြိုးတိုးတက်လာနေပြီး ဝိညာဉ်ကုန်းမြေကလည်း ပြောင်းလဲနေတယ်..."
"တစ်နေ့ကျရင် ဝိညာဉ်ကုန်းမြေကနေ သေခြင်းရှင်ခြင်းလမ်းစဉ်ရဲ့ ပြိုင်ဘက်ကင်း အခြေခံအုတ်မြစ်တစ်ခု ထွက်ပေါ်လာလိမ့်မယ်..."
"အဲဒါက ငါတို့ သေခြင်းရှင်ခြင်းတံခါးရဲ့ စစ်မှန်တဲ့ အမွေဆက်ခံသူ ဖြစ်လာလိမ့်မယ်..."
"သေခြင်းရှင်ခြင်းအမွေအနှစ်ကို ပြီးပြည့်စုံအောင် လုပ်ပြီး သေခြင်းရှင်ခြင်းရဲ့ အားနည်းချက်တွေကို ပြုပြင်ပြောင်းလဲဖို့ပဲ..."
"ဒီလောက်ဆို လုံလောက်ပြီ..."
ထန်ကျင်းကျုံးက ပြောလိုက်၏။
"ဒါကြောင့် ငါတို့က စောင့်ဆိုင်းနေခဲ့တာ..."
"အဲဒီလို လူမျိုးကို စောင့်ဆိုင်းနေခဲ့တာ..."
"မမျှော်လင့်ဘဲ သူက ဒီနေ့ ရောက်လာခဲ့ပြီ..."
"မင်း.. လင်းရီက နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက် ရဲ့ ထိပ်ဆုံးမှာရှိတဲ့ ပြိုင်ဘက်ကင်း အခြေခံအုတ်မြစ်ဖြစ်ပြီး တာအိုအားလုံးမှာ ကျွမ်းကျင်တယ်..."
"မင်းက သေခြင်းရှင်ခြင်းတံခါးထဲဝင်ဖို့ ဆန္ဒရှိတာက ငါတို့ကို ကြီးမားတဲ့ အံ့သြမှုကြီးတစ်ခု ပေးလိုက်တာလို့ ပြောလို့ရတယ်..."
ဖူကန်းရှန်းက အလွန်အမင်း ကျေနပ်နေခဲ့သည်။
သေခြင်းရှင်ခြင်းတံခါးတွင် အစွမ်းအထက်ဆုံး သူများထဲမှ တစ်ဦးအနေဖြင့် သေခြင်းရှင်ခြင်းတံခါး ၏ အမွေအနှစ်ကို သမိုင်းရေစီးကြောင်းထဲတွင် တကယ် ပျောက်ကွယ်သွားစေရန် သူ သဘာဝကျကျပင် အလိုမရှိခဲ့ချေ။
"ဒါပေမဲ့ ဒီမျိုးဆက်သစ်က အဲဒီသေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးကို ဖြတ်ကျော်နိုင်ချင်မှ ဖြတ်ကျော်နိုင်မှာပါ..."
လင်းရီက သက်ပြင်းချလိုက်၏။
သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးမှာ သေခြင်းရှင်ခြင်းတံခါး၏ ဆရာဘိုးဘေး ချန်ထားရစ်ခဲ့သော စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။
လင်းရီသည် မိမိကိုယ်မိမိ ယုံကြည်မှု ရှိသော်လည်း သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးကို အထင်သေးမည် မဟုတ်ချေ။
"မင်း မဖြတ်ကျော်နိုင်ရင် ငါတို့ ဖြတ်ကျော်ပေးလို့ ရတယ်..."
ထန်ကျင်းကျုံးက အပြုံးဖြင့် ပြောလိုက်သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ..."
လင်းရီ ဇဝေဇဝါ ဖြစ်သွားခဲ့၏။
"ငါတို့ သေခြင်းရှင်ခြင်းတံခါးမှာ ယင်နဲ့ယန်သေခြင်းရှင်ခြင်း ပုံစံလို့ခေါ်တဲ့ နည်းလမ်းတစ်ခု ရှိတယ်..."
"ဒီနည်းလမ်းကို ငါတို့ သေခြင်းရှင်ခြင်းတံခါးက ဖန်တီးခဲ့တာ မဟုတ်ဘဲ ကျိုးယွင်က ကွန်ဖြူးရှပ် တာအိုကို အခြေခံပြီး သေခြင်းရှင်ခြင်း လမ်းစဉ်နဲ့ ပေါင်းစပ်ဖန်တီးခဲ့တာ..."
ထန်ကျင်းကျုံးက ရှင်းပြလိုက်သည်။
"ဆရာကျိုးယွင် ဖန်တီးခဲ့တဲ့ နည်းလမ်း ဟုတ်လား..."
လင်းရီ၏ နှလုံးသား လှုပ်ရှားသွားခဲ့သည်။
"ဂိုဏ်းချုပ်ထန်ပြောတဲ့ ကျေးဇူးဆိုတာ ဒါကနေ မြစ်ဖျားခံတာလား..."
"အတိအကျပဲ..."
"တောင်သခင်ကျိုးဟာ သူ့ရဲ့ ပြိုင်ဘက်ကင်းပါရမီနဲ့အတူ အင်မော်တယ်ပြောင်းပြန် အဆင့်သုံးဆင့်ကို ချိုးဖျက်ဖို့ နည်းလမ်းရှာဖွေဖို့ ငါတို့ သေခြင်းရှင်ခြင်းတံခါးကို တစ်ခါ ရောက်လာခဲ့ဖူးတယ်၊ သူက သုံးလကြာ တာအိုအကြောင်း ဆွေးနွေးငြင်းခုံခဲ့ပြီး ဒီ ယင်နဲ့ယန် သေခြင်းရှင်ခြင်း ပုံစံကို ဖန်တီးခဲ့တယ်..."
"သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးမတိုင်ခင် ငါတို့ ခုနစ်ယောက်က ယင်နဲ့ ယန် သေခြင်းရှင်ခြင်း ပုံစံကို ဖော်ဆောင်လိမ့်မယ်..."
"ဒီနည်းလမ်းမှာ ကြီးမားတဲ့ အားသာချက် နှစ်ခုရှိတယ်..."
"ပထမအချက်က သေခြင်းရှင်ခြင်းပုံစ ရဲ့ စွမ်းအားကို မင်းဆီ ပေးအပ်လိမ့်မယ်၊ ပြီးတော့ ငါတို့ ခုနစ်ယောက်ရဲ့ သေခြင်းရှင်ခြင်း လမ်းစဉ်နဲ့ ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှုတွေကို မင်း ရရှိလိမ့်မယ်..."
"ငါတို့ သေခြင်းရှင်ခြင်းတံခါးရဲ့ အမွေဆက်ခံသူ ဖြစ်လာလိမ့်မယ်..."
"ဒုတိယအချက်က ယင်နဲ့ယန် သေခြင်းရှင်ခြင်းပုံစံက ခုနစ်ယောက် ပေါင်းစပ်ထားတဲ့ အရာတစ်ခုပဲ..."
"သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးရဲ့ စွမ်းအားကို ငါတို့ ခုနစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေဆီ ရွှေ့ပြောင်းပေးနိုင်တယ်၊ ပြီးတော့ သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါး ကို ကျော်လွှားနိုင်ဖို့ မင်းကို ငါတို့ ကူညီပေးလိမ့်မယ်..."
ဖူကန်းရှန်းက စိတ်အားထက်သန်သော မျက်လုံးများဖြင့် ပြောလိုက်၏။
"သေခြင်းရှင်ခြင်းတံခါးရဲ့ အမွေဆက်ခံသူ ဖြစ်လာမယ် ဟုတ်လား..."
"စီနီယာခုနစ်ယောက်က သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးကို ချိုးဖျက်ပေးမယ် ဟုတ်လား..."
လင်းရီက အံ့အားသင့်သွားခဲ့သည်။
"အတိအကျပဲ..."
"ငါတို့က သေခြင်းရှင်ခြင်းတံခါးကို ဖျက်သိမ်းဖို့ စီစဉ်ထားပေမယ့် သူ့ရဲ့ အမွေအနှစ် ကို သမိုင်းရေစီးကြောင်းထဲ ပျောက်ကွယ်သွားဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး..."
"သဘာဝကျကျပဲ ငါတို့မှာ အမွေဆက်ခံသူ တစ်ယောက် လိုအပ်တယ်..."
"ရယ်စရာကောင်းတာက ငါတို့ သေခြင်းရှင်ခြင်းတံခါးရဲ့ မူလရည်ရွယ်ချက်က ခွဲခြားဆက်ဆံမှု မရှိဘဲ သင်ကြားပေးဖို့ပဲ၊ ဒါမှ အခြေခံအုတ်မြစ်မရှိတဲ့သူတွေတောင် ကျင့်ကြံနိုင်မှာ..."
"အခုတော့ အဲ့ဒီအမွေဆက်ခံသူက ပြိုင်ဘက်ကင်း အခြေခံအုတ်မြစ် ဖြစ်နေရမယ်တဲ့..."
"ဒါမှမဟုတ်ရင် ငါတို့ရဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေကို အပြည့်အဝ အမွေဆက်ခံဖို့ ခက်ခဲလိမ့်မယ်..."
"မင်း မတိုင်ခင်က ငါတို့ ကျိုးယွင်ကို ရွေးချယ်ခဲ့တယ်..."
"ဒါပေမဲ့ အဲဒီတုန်းက ကျိုးယွင်မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ ငါတို့ကို ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်ခဲ့တယ်..."
"ငါတို့ တကယ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားတဲ့ တစ်နေ့ကျရင် သူကိုယ်တိုင် လာခဲ့မယ်လို့ပဲ ပြောခဲ့တယ်..."
"ဒါပေမဲ့ ကျိုးယွင်ကိုယ်တိုင်မလာဘဲ မင်းကို လွှတ်လိုက်မယ်လို့ ငါတို့ မမျှော်လင့်ထားခဲ့ဘူး..."
"မင်းရဲ့ ကျင့်ကြံခြင်းက နည်းနည်း နိမ့်ကျနေပေမယ့် တာအိုတစ်ရာလုံးမှာ မင်းရဲ့ အခြေခံအုတ်မြစ်က ပြိုင်ဘက်ကင်းပဲ၊ ဒီလောကမှာ မင်းထက် ပိုကောင်းတဲ့ အခြေခံအုတ်မြစ် ရှိတဲ့သူ ဘယ်သူမှမရှိဘူး..."
ထန်ကျင်းကျုံးက လင်းရီအား စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
လင်းရီ ရောက်ရှိလာခြင်းနှင့်အတူ သေခြင်းရှင်ခြင်းတံခါး ၏ အမွေဆက်ခံသူကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါး သည်လည်း အလင်းရောင်ကို တစ်ဖန် ပြန်လည် မြင်တွေ့ရတော့မည် ဖြစ်၏။
သူတို့ ရှစ်ယောက်သည်လည်း လှည့်စားကာ အသက်တံခါးနှင့် သေခြင်းစံအိမ်အတွင်းသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်ရာ သူတို့၏ စပ်စုလိုစိတ်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး တကယ်ကို ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင် ပစ်ချလိုက်နိုင်ခြင်းပင် ဖြစ်ပေသည်။
"ဒီလိုဆိုရင်တော့ ဒီမျိုးဆက်သစ်က စမ်းကြည့်ဖို့ ဆန္ဒရှိပါတယ်..."
"အကယ်၍ အနာဂတ်မှာ အခွင့်အရေး ရခဲ့ရင် ဒီမျိုးဆက်သစ်က သေခြင်းရှင်ခြင်းတံခါးရဲ့ အမွေအနှစ်ကို သေချာပေါက် ဆက်လက် ထိန်းသိမ်းသွားပါ့မယ်..."
လင်းရီက လေးနက်သော အမူအရာဖြင့် လေးစားစွာ ဦးညွှတ်လိုက်သည်။
"ဒါပေမဲ့ အဲဒီမတိုင်ခင် မင်းကို သတိပေးစရာတစ်ခုရှိတယ်..."
ဖူကန်းရှန်းက ပြောလိုက်၏။
"ညွှန်ကြားပါစီနီယာ..."
လင်းရီက ခေါင်းညိတ်လိုက်သည်။
"ဒီတစ်ကြိမ်မှာ အသက်တံခါးနှင့် သေခြင်းစံအိမ်ကိုဖွင့်ဖို့ ငါတို့ အစွမ်းကုန် ကြိုးစားသွားမယ်..."
"ဒါကြောင့် ယင်နဲ့ယန် သေခြင်းရှင်ခြင်းပုံစံကို ဖော်ဆောင်တဲ့အခါ ဘာပဲဖြစ်ဖြစ် မင်း အာရုံစိုက်ထားရမယ်၊ မင်းရဲ့ စိတ်ကို အနှောင့်အယှက် အဖြစ်မခံနဲ့..."
"ငါတို့ သေခြင်းရှင်ခြင်းအဆောင် တွေအောက်မှာ သေသွားရင်တောင်မှပဲ..."
ဖူကန်းရှန်းက လင်းရီအား လေးနက်စွာ ကြည့်လိုက်၏။
လင်းရီ၏ နှလုံးသား တုန်ခါသွားခဲ့သည်။
သေခြင်းရှင်ခြင်းတံခါး မှ လူများသည် အဆိုးရွားဆုံး အခြေအနေအတွက် ပြင်ဆင်ထားပြီး ဖြစ်ပုံရပေသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သေခြင်းတရားကို မကြောက်ရွံ့သော အရူးတစ်သိုက်ပင်ဖြစ်သည် မဟုတ်ပါလား။
"ကဲပါ... သူ့ကို ဘာလို့ အကြောင်းပြချက် မရှိဘဲ လိုက်ခြောက်လှန့်နေတာလဲ..."
"စိတ်မပူပါနဲ့၊ ငါတို့မှာ ဒီသေခြင်းရှင်ခြင်း အဆောင်တွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိပါတယ်၊ ငါတို့က သေမှာကို မကြောက်ပေမယ့် ငါတို့ရဲ့ အသက်ကိုလည်း အတန်ဖိုးထားဆုံးပါပဲ..."
အကြီးအကဲ ခုနစ်ယောက်အနက် ပြေပြစ်ပြီး ကျက်သရေရှိသော အမျိုးသမီးသည် ထိန်းချုပ်မရတော့ဘဲ နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်။
"ဒီမျိုးဆက်သစ်က အစွမ်းကုန် ကြိုးစားသွားပါ့မယ်..."
လင်းရီက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
"ဒါဆိုရင် ဒီနေ့ ဒီယင်နဲ့ယန် သေခြင်းရှင်ခြင်းပုံစံနဲ့ အသက်တံခါးနှင့် သေခြင်းစံအိမ်ကိုဖွင့်ဖို့ ငါတို့ ကူညီပေးမယ်..."
ဝှစ်!
သူတို့ ခုနစ်ဦး စကားပြောနေစဉ်မှာပင် တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်မှ တာအိုစည်းချက်များ ပေါက်ကွဲထွက်လာခဲ့သည်။
အဖြူရောင် ရှင်သန်ခြင်းလမ်းစဉ်။
အနက်ရောင် သေဆုံးခြင်းလမ်းစဉ်။
မဟာတာအိုစွမ်းအားနှစ်ခု ယှက်နွယ်သွားကာ လင်းရီအား ပင့်တင်ပေးလိုက်သော ယင်နှင့် ယန် ပုံစံတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
အခန်း (၇၀)- သားလိမ္မာလေး၊ ဆရာဘိုးဘေး၊ ဘာလို့ မသေသေးတာလဲ။
သေခြင်းရှင်ခြင်းလမ်းစဉ်သည် ယင်နှင့် ယန် သေခြင်းရှင်ခြင်းပုံစံ အတွင်းမှနေ၍ ထိုးထွက်လာကာ ဝိညာဉ်ရေးရာ နိုးထမှုတစ်ခုကဲ့သို့ လင်းရီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
၎င်းက လင်းရီအား လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် သေခြင်းရှင်ခြင်း မဟာတာအိုကို နားလည်သဘောပေါက်စေခဲ့သည်။
ဤသည်မှာ သေခြင်းရှင်ခြင်းတံခါး အကြီးအကဲ ခုနစ်ယောက်၏ သေခြင်းရှင်ခြင်း လမ်းစဉ်အပေါ် အပြည့်အဝ နားလည်သဘောပေါက်မှုပင် ဖြစ်လေသည်။
တာအိုပုံစံကို အမွေအနှစ် အဖြစ် အသုံးပြုကာ ၎င်းကို လင်းရီအား အပြည့်အဝ ပေးအပ်ခဲ့ခြင်းဖြစ်၏။
မှေးမှိန်သော ယင်နှင့်ယန် အဆောင်တစ်ခုသည် လင်းရီ၏ နဖူးပေါ်တွင် ပေါ်လာပြီး အံ့မခန်း အမြန်နှုန်းဖြင့် အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရိုးရှင်းတယ်။
ရက်စက်တယ်။
ဤသည်မှာ အတင်းအကျပ် ခွံ့ကျွေးကာ တာအိုကို လက်ဆင့်ကမ်းသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။
၎င်းက လူခုနစ်ဦး၏ သေခြင်းရှင်ခြင်း လမ်းစဉ်ကို လင်းရီ၏ ခန္ဓာကိုယ်အတွင်းသို့ စုစည်းလိုက်ပြီး အမွေဆက်ခံခြင်း အဆောင်တစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့၏။
၎င်းက အနာဂတ်တွင် လင်းရီအား ဖြည်းဖြည်းချင်း နားလည်သဘောပေါက်ခွင့် ပေးပေလိမ့်မည်။
နေ့စဉ်နှင့်အမျှ သေခြင်းရှင်ခြင်း မဟာတာအိုအပေါ် လင်းရီ၏ နားလည်သဘောပေါက်မှုက ပိုမို နက်ရှိုင်းလာမည် ဖြစ်သည်။
နောက်ဆုံးတွင် သူသည် လူခုနစ်ဦးကို ကျော်လွန်ကာ သေခြင်းရှင်ခြင်း လမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်၏။
ဝှစ်!
ထန်ကျင်းကျုံးက ကောင်းကင်ယံသို့ ပျံတက်သွားရာ သူ၏ နဖူးပေါ်တွင် သင်္ကေတတစ်ခု ပေါ်လာပြီး ကြီးမားလှသော သေခြင်းရှင်ခြင်းချီများကို ထုတ်လွှတ်ကာ ယင်နှင့်ယန် သေခြင်းရှင်ခြင်းပုံစံအတွင်းရှိ သေခြင်းရှင်ခြင်းချီများ၏ ဟန်ချက်ကို ထိန်းသိမ်းပေးထားလေသည်။
"တောင်သခင်လင်းရီ၊ ငါတို့ အဆောင်ခုနစ်ခုကို ဖွင့်တော့မယ်..."
"မှတ်ထားပါ၊ သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးကို ငါတို့ရဲ့ ခန္ဓာကိုယ်တွေဆီ ရွှေ့ပြောင်းပေးလိုက်ပါ..."
ဖူကန်းရှန်းက သတိပေးစကား ပြောလိုက်၏။
လင်းရီက တိတ်ဆိတ်နေပြီး အနည်းငယ်မျှသာ ခေါင်းညိတ်ပြလိုက်သည်။
"ဝှစ်..."
လူခုနစ်ဦးက သူတို့၏ လက်ဝါးများကို လှန်လိုက်ရာ အနက်ရောင် နတ်ဘုရား အဆောင်တစ်ခုစီ သူတို့လက်ထဲတွင် ထွက်ပေါ်လာခဲ့၏။
"သွားစမ်း..."
ခုနစ်ဦးအနက်မှ အမျိုးသမီးက သူမ၏ ကျောက်စိမ်းလက်ချောင်းဖြင့် ညွှန်ပြလိုက်ရာ သူမ လက်ထဲရှိ သေခြင်းရှင်ခြင်း အဆောင် သည် လင်းရီဆီသို့ ပျံသန်းသွားခဲ့သည်။
ခုနစ်ဦးလုံးကို အံ့အားသင့်သွားစေသည်မှာ လင်းရီသည် သေခြင်းရှင်ခြင်း အဆောင်ကို ပြန်လည် မရွှေ့ပြောင်းဘဲ သူ၏ နဖူးပေါ်သို့ ကျဆင်းခွင့်ပြုလိုက်ခြင်းပင် ဖြစ်လေသည်။
"တောင်သခင်လင်းရီ... မင်း..."
သေခြင်းရှင်ခြင်းတံခါးမှ အဖွဲ့ဝင် ရှစ်ဦးလုံး၏ အမူအရာ ပြောင်းလဲသွားခဲ့၏။
သို့သော်လည်း ထိုရှစ်ဦးသည် နောက်ဆုံးတွင် သေခြင်းရှင်ခြင်း လမ်းစဉ်၏ စွမ်းအားရှင်များ ဖြစ်ကြရာ သူတို့သည် ယင်နှင့်ယန် သေခြင်းရှင်ခြင်းပုံစံကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပေသည်။
"ဒုက္ခပဲ..."
"တောင်သခင်လင်းရီက သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးကို ကိုယ်တိုင် ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာပဲ..."
"ငါတို့ အရာအားလုံးကို တွက်ချက်ခဲ့ပေမယ့် အချက်တစ်ချက်ကိုတော့ လျစ်လျူရှုမိသွားတယ်၊ တောင်သခင်လင်းရီက ကျိုးယွင် အသိအမှတ်ပြုထားတဲ့ သူပဲ..."
"သူ့ရဲ့ စရိုက်ကလည်း သဘာဝကျကျပဲ သူနဲ့ ဆင်တူနေမှာပေါ့..."
"တခြားသူတွေက သူ့အတွက် သေပေးမှာကို သူက ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ..."
"မှန်တယ်..."
"တကယ်တော့ ကိစ္စမရှိပါဘူး၊ သူ လုပ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာအတွင်းမှာ လုပ်သရွေ့ သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးက အသက်အန္တရာယ် မရှိနိုင်ပါဘူး..."
"တောင်သခင်လင်းရီက စမ်းကြည့်ချင်နေမှတော့ သူ့ကို စမ်းခွင့်ပေးလိုက်ပါ..."
"အဆိုးဆုံး အခြေအနေကြုံလာရင် ငါတို့ အစကနေ ပြန်စလို့ ရတာပဲ..."
ထိုရှစ်ဦး ခဏတာ တွေးတောလိုက်ပြီးနောက် စိတ်သက်သာရာ ရသွားကြ၏။
သို့သော်လည်း အလွန် လျင်မြန်စွာပင် ထိုရှစ်ဦး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဝှစ်!
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှင်သန်ခြင်း တာအိုသည် လင်းရီ၏ ခေါင်းပေါ်တွင် ပွင့်လန်းလာပြီး ရှင်သန်ခြင်းအဆောင်တစ်ခုအဖြစ် စုစည်းသွားခဲ့၏။
"သေဆုံးခြင်းအဆောင်က ရှင်သန်ခြင်း အဆောင်အဖြစ် ပြောင်းလဲသွားတယ်..."
"တောင်သခင်လင်းရီက ပထမကပ်ဘေးကို ဖြတ်ကျော်သွားပြီလား..."
ရှစ်ဦးလုံး အံ့သြမှင်သက်သွားကြသည်။
သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါး။
ပထမကပ်ဘေးက မခက်ခဲလှချေ။
သေခြင်းရှင်ခြင်းလမ်းစဉ်အပေါ် အနည်းငယ် နားလည်သဘောပေါက်မှု ရှိရုံဖြင့် လူအများစု ဖြတ်ကျော်နိုင်ကြပေသည်။
သို့သော် လင်းရီ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းနေ၏။
"ငါ မှတ်မိတာ မမှားဘူးဆိုရင် ဒီပထမကပ်ဘေးကို အမြန်ဆုံး ဖြတ်ကျော်နိုင်ခဲ့တဲ့သူက နံ့သာတိုင်တစ်တိုင်စာ အချိန်ယူခဲ့ရတာ မဟုတ်လား..."
ဖူကန်းရှန်းက မျက်ခုံးပင့်လိုက်သည်။
"တတိယဂိုဏ်းချုပ်က နံ့သာတိုင်တစ်တိုင်စာ အချိန်ယူခဲ့ရတာ..."
ထန်ကျင်းကျုံးက လက်ယှက်ကာ ပြောလိုက်၏။
သေခြင်းရှင်ခြင်းတံခါး၏ တတိယဂိုဏ်းချုပ်သည် သေမင်းကို ဖိတ်ခေါ်ခြင်း ပါရမီတွင် ဆရာဘိုးဘေးထက်ပင် ပိုမို ကြီးမားလှပေသည်။
သူသည် အရင်တုန်းက သေခြင်းရှင်ခြင်း လမ်းစဉ်မှတစ်ဆင့် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ကို အောင်မြင်လုနီးပါး ဖြစ်ခဲ့၏။
သူ ကောင်းကင်ဘုံသို့ မတက်လှမ်းနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ မစွမ်းဆောင်နိုင်၍ မဟုတ်ဘဲ... အရေးကြီးသော အချိန်တွင် တတိယ ဂိုဏ်းချုပ်က သေမင်းကို နောက်တစ်ကြိမ် ထပ်မံ ဖိတ်ခေါ်ခဲ့သောကြောင့် ဖြစ်သည်။
သူက ကောင်းကင်ဘုံနယ်ပယ်၏ တံခါးကို သွားရောက် စိန်ခေါ်ခဲ့ခြင်းပင်ဖြစ်၏။
ထို့နောက်တွင်တော့ နောက်ဆက်တွဲဆိုတာ မရှိတော့ချေ။
ဤသည်မှာ ဝိညာဉ်ကုန်းမြေ သမိုင်းတစ်လျှောက်တွင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သော ပြီးပြည့်စုံခြင်းအဆင့်ရှိ တစ်ဦးတည်းသော မြေကမ္ဘာအင်မော်တယ်ပင် ဖြစ်လေသည်။
ယခု ကြည့်ရသည်မှာ သေခြင်းရှင်ခြင်း မဟာတာအို၏ ပါရမီတွင် လင်းရီသည် တတိယ ဂိုဏ်းချုပ်ထက်ပင် ပိုမို အစွမ်းထက်နေပုံ ရပေသည်။
ဝှစ်!
လင်းရီ ပထမကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် နောက်ထပ် သေခြင်းရှင်ခြင်း အဆောင်တစ်ခု ထွက်ပေါ်လာပြီး လင်းရီ၏ နဖူးပေါ်သို့ ကျရောက်သွားခဲ့၏။
သေဆုံးခြင်းအဆောင်သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရှင်သန်ခြင်း အဆောင်အဖြစ် ပြောင်းလဲသွားကာ လင်းရီ၏ ခေါင်းပေါ်တွင် ဝဲပျံနေခဲ့သည်။
"မဟုတ်ဘူး... ဒီ သေခြင်းရှင်ခြင်း အဆောင်က ပျက်နေတာလား..."
ထန်ကျင်းကျုံးလည်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။
သေခြင်းရှင်ခြင်းတံခါး၏ အကြီးအကဲ ခုနစ်ယောက်လုံးလည်း သူတို့၏ ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ဝှစ်!
တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်...
သေခြင်းရှင်ခြင်းအဆောင် ငါးခုဆက်တိုက် မည်သည့် သည်းထိတ်ရင်ဖိုမှုမှမရှိဘဲ ရှင်သန်ခြင်း အဆောင်များအဖြစ် ပြောင်းလဲသွားပြီး ပျံသန်းသွားရာ သေခြင်းရှင်ခြင်းတံခါးမှ အဖွဲ့ဝင် ရှစ်ဦးလုံး အံ့သြမှင်သက်ကျန်ရစ်ခဲ့ရ၏။
"မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူက အဆင့်ငါးဆင့်ကို ချိုးဖျက်သွားတယ်လား..."
"အရင်တုန်းက ငါက အဆင့်လေးဆင့်ကို မနည်းချိုးဖျက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တာ၊ သူက အခု အဆင့်ငါးဆင့်ကို ချိုးဖျက်သွားပြီလား..."
"မင်းက အဆင့်လေးဆင့်ကို ဖြတ်ကျော်ခဲ့တာ၊ ငါက အဆင့်သုံးဆင့်ပဲ ဖြတ်ကျော်ခဲ့တာ..."
"ငါက သေခြင်းရှင်ခြင်း လမ်းစဉ်ကို ဒီလောက် အကြာကြီး ကျင့်ကြံလာခဲ့တာတောင် လင်းရီလောက် မကောင်းသေးဘူးလား..."
သေခြင်းရှင်ခြင်းတံခါး ၏ စွမ်းအားရှင် ရှစ်ဦးလုံး သူတို့၏ အသက်တာကို သံသယဝင်လာကြလေသည်။
ဝှစ်!
ထိုရှစ်ဦး တုန်လှုပ်နေဆဲ အချိန်မှာပင် ဆဋ္ဌမမြောက် သေခြင်းရှင်ခြင်း အဆောင် သည် လင်းရီ၏ နဖူးပေါ်သို့ ပျံသန်းဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
"ဆဋ္ဌမအဆင့်ပဲ..."
"အဘိုးကြီးထန်၊ ဒီမှာ မင်းတစ်ယောက်တည်းပဲ ပဉ္စမအဆင့်ကို ဖြတ်ကျော်ခဲ့ဖူးတာ၊ ဒီဆဋ္ဌမအဆင့်က ဘာလဲ..."
သေခြင်းရှင်ခြင်းတံခါး ၏ အကြီးအကဲ ခုနစ်ယောက်လုံး ထန်ကျင်းကျုံးအား ကြည့်လိုက်ကြသည်။
"သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ ဆရာဘိုးဘေးနဲ့အတူ ဝိုင်သောက်ရတာ..."
ထန်ကျင်းကျုံးက ပြောလိုက်၏။
"ဆရာဘိုးဘေးနဲ့အတူ ဝိုင်သောက်ရတာ ဟုတ်လား..."
သေခြင်းရှင်ခြင်းတံခါး ၏ အကြီးအကဲ ခုနစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
"ဆဋ္ဌမမြောက် သေခြင်းရှင်ခြင်းအဆောင် ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒက သေခြင်းရှင်ခြင်း အဆောင် ရဲ့ ဟင်းလင်းပြင်ထဲကို ဝင်ရောက်သွားတယ်..."
"အထဲမှာ ဆရာဘိုးဘေးရဲ့ စိတ်ဆန္ဒနဲ့ ဝိုင်ခုနစ်ခွက်ရှိတယ်..."
"ဆရာဘိုးဘေးရဲ့ အဆိုအရ ခွက်ခုနစ်ခွက်ထဲက ခြောက်ခွက်က ဝိုင်ကောင်းတွေဖြစ်ပြီး တစ်ခွက်ကတော့ အဆိပ်ခတ်ထားတဲ့ ဝိုင်ပဲ၊ အဲဒါကို သောက်တာက သေခြင်းပဲ..."
"ဝိုင်ခုနစ်ခွက်လုံးက အနံ့ကို ရှူကြည့်တာပဲဖြစ်ဖြစ်၊ အရောင်ကို ကြည့်တာပဲဖြစ်ဖြစ် ဘယ်ခွက်က အဆိပ်ခတ်ထားတယ်ဆိုတာကို ခွဲခြားလို့ မရဘူး..."
"သူကိုယ်တိုင်လည်း မသိဘူး..."
"စိန်ခေါ်တဲ့သူက အရင်ရွေးရတယ်..."
"ငါနဲ့ ဆရာဘိုးဘေးက ခြောက်ခွက် ဆက်တိုက် သောက်ခဲ့ကြတယ်၊ နောက်ဆုံး တစ်ခွက်ပဲ ကျန်တော့တဲ့အချိန်မှာ ငါ ကြောက်သွားခဲ့တယ်..."
ထန်ကျင်းကျုံးသည် ထိုအဆင့်၏ အကြောင်းအရာကို ပြန်လည် သတိရလိုက်ပြီး သူ၏ အမူအရာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ဝိုင်ခုနစ်ခွက်။
ပထမတစ်ခွက်တွင် ထန်ကျင်းကျုံးသည် မယုံနိုင်လောက်အောင် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
သာမန်လူတစ်ယောက်ဆိုလျှင် ပထမတစ်ခွက်မှာ သေဆုံးနိုင်ခြေ သတ္တမပုံ တစ်ပုံ ရှိသည်ဟု သဘာဝကျကျပင် တွေးတောပေလိမ့်မည်။
သို့သော် လက်တွေ့တွင်တော့ ငါးဆယ်-ငါးဆယ်သာ ဖြစ်၏။
အသက်ရှင်မလား၊ သေမလား။
ဤသည်မှာ သေခြင်းရှင်ခြင်းတံခါး၏ မည်သည့်တပည့်ကိုမဆို စိတ်လှုပ်ရှားစေရန် လုံလောက်နေပေသည်။
ဒုတိယတစ်ခွက်ကိုတော့ ဆရာဘိုးဘေးက မျက်ခုံးတစ်ချက်မျှ မတွန့်ဘဲ အကုန်သောက်ချလိုက်၏။
သူတို့နှစ်ယောက်လုံး အဆင်ပြေနေခဲ့သည်။
တတိယတစ်ခွက်တွင် ဖိအားများ နှစ်ဆ တိုးလာခဲ့၏။
ငါးဆယ်-ငါးဆယ် ဖြစ်နေသေးသော်လည်း သေခြင်းတရားနှင့် ကြီးမားသော ခြေလှမ်းတစ်လှမ်း ပိုမို နီးကပ်သွားခဲ့သည်။
ထန်ကျင်းကျုံး၏ လက်က အနည်းငယ် တုန်ယင်နေခဲ့၏။
စတုတ္ထတစ်ခွက်တွင် ဆရာဘိုးဘေးသည် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။
ပဉ္စမတစ်ခွက်တွင် ထန်ကျင်းကျုံးသည် လဝက်ခန့် တုံ့ဆိုင်းနေခဲ့၏။
သို့သော် သူက ရက်စက်သော လူတစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
သူ ဆက်သွားခဲ့သည်။
ရလဒ်အနေဖြင့် ဆဋ္ဌမတစ်ခွက် အပြီးတွင်လည်း ဆရာဘိုးဘေး သေမသွားခဲ့ချေ။
ဤအချိန်တွင် ထန်ကျင်းကျုံး အလှည့်ရောက်သောအခါ သူ ပြာယာခတ်သွားခဲ့၏။
သူက သားသမီးဝတ္တရား မကျေပွန်သူ တစ်ယောက် ဖြစ်နေ၍ မဟုတ်ပေ။ သူသည် ဆရာဘိုးဘေးအား ဤမျှလောက် သေစေချင်သည့် ဆန္ဒ တစ်ခါမျှ မရှိခဲ့ဖူးချေ။
အခုတော့ တစ်ခွက်ပဲ ကျန်တော့တယ်၊ ကျက်သရေမရှိလိုက်တာ...
ဒီအရာက ရာခိုင်နှုန်းပြည့် အဆိပ်ဝိုင်ပဲ....
သေခြင်းရှင်ခြင်းတံခါးက သေမင်းကို ဖိတ်ခေါ်ရတာ နှစ်သက်ပြီး အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကြားက ခံစားချက်ကို ရှာဖွေရတာ နှစ်သက်ပေမယ့် သူတို့က အရူးတွေမှ မဟုတ်တာ။
သေဆုံးနှုန်း ရာခိုင်နှုန်းပြည့် ရှိနေမှတော့ သရဲတောင် သောက်ရဲမှာ မဟုတ်ဘူး။
"ဒါဆို ပထမ ခြောက်ခွက်အပြီးမှာ ဆရာဘိုးဘေး မသေဘူးဆိုရင် စိန်ခေါ်တဲ့သူက နောက်ဆုံး တစ်ခွက်ကို သောက်ရမှာပေါ့..."
"အရှုံးပေးမလား၊ သေမလား..."
"ဒီအဆင့်က ကံကိုပဲ အားကိုးရတဲ့ ဖြေရှင်းလို့မရတဲ့ ပဟေဠိတစ်ခုလား..."
ဖူကန်းရှန်းက မျက်မှောင်ကြုတ်လိုက်သည်၊ ဤကဲ့သို့ အခြေအနေမျိုးကို မည်သို့ ဖြတ်ကျော်နိုင်မည်နည်း။
"စိတ်ဝင်စားစရာပဲ..."
ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌ ထွက်ပေါ်လာသော ပုံရိပ်နှင့် ဝိုင်ခုနစ်ခွက်ကို ကြည့်ကာ လင်းရီ၏ မျက်လုံးများက အရောင်လင်းသွားခဲ့၏။
ထိုပုံရိပ်မှာ သဘာဝကျကျပင် သေခြင်းရှင်ခြင်းတံခါး ၏ ဆရာဘိုးဘေး၊ သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ ပင် ဖြစ်လေသည်။
ဝိုင်ခုနစ်ခွက်။
ခွက်အားလုံး၏ အဝကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် ပိတ်ဆို့ထား၏။
ဝိုင်တာအို၏ ဖန်တီးရှင် ဖြစ်သော လင်းရီပင်လျှင် ဤခုနစ်ခွက်အနက် မည်သည့်ခွက်တွင် အဆိပ်ခတ်ထားသည်ကို ခွဲခြားမသိနိုင်ချေ။
"ကစားချင်လား..."
"မင်းရဲ့ ကံကို မင်း စမ်းကြည့်လို့ ရတယ်..."
"မကစားချင်ရင်တော့ တိုက်ရိုက် နုတ်ထွက်လို့ ရတယ်..."
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ က လင်းရီအား ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်၏။
"စီနီယာ၊ ခင်ဗျား မှားနေပြီ..."
"သေခြင်းရှင်ခြင်း လမ်းစဉ်က ဘယ်တုန်းကမှ ကံအပေါ် မမူတည်ခဲ့ဘူး..."
ဤစကားကို ကြားသောအခါ လင်းရီ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။